ချစ်ခြင်းသက်​သေ ဉာဏ်ကလိမ် | ခ...
By zinc_popcorn
299K 36.7K 3.3K
First Chapter Published : Nov 19 2020 Last Chapter Published : Dec 29 2020💌 စိန်ပလိန်တိန် မုန့်လင်မယား မှား... More
အမှာစာ/ အမွာစာ
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Tasaungtine Special🥳
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Today is my Birthday🥳🙆🏻‍♀️
Part-30
Part-31
Part-32
Part-33
Part-34
Ending
​ကျေးဇူးတင်ခြင်း💌
Extra-1
Extra-2
Extra-3
Extra-4 (Ending)
Gifts for you guys💖❣
Special Extra-1
Special Extra-2
Special Extra-3
Special Extra-4
About Second Edition!
Book Cover & Gifts for Sec edition!
About Preorder!
Preorder Now!
🎀နှစ်သစ်လက်​ဆောင်🎀
Special Extra-5(Ending)
2.7K 238 12
By zinc_popcorn
Unicode...
"၄၅၀၀ ယူ" (​သော်ကြီး)
ကျွန်​တော် ​ပေါင်တစ်ဖက်​ပေါ် မုန်စိမ်း​ပေါင်းကိုတင်ထားရင်း လက်တစ်ဖက်တည်းနဲ့ ​သော်ကြီး​ပေးတဲ့၅၀၀၀တန်ကိုယူပြီး အအမ်း၅၀၀ပြန်​ပေးလိုက်တယ်။
ဆိုင်မှာလူကျ​နေချိန်မို့ စားဖိုမှူးခခနဲ့ငထွန်းတို့ ​ရှေ့ကိုထွက်မလာနိုင်တဲ့အချိန်​ပေါ့။ ​သော်ကြီး၊ ဝဏ္ဏနဲ့ မြတ်သူတို့လည်း​ ​အော်ဒါ​တွေနဲ့ကိုလက်မလည်။
ကံ​ကောင်းတာက မုန့်စိမ်း​​ပေါင်း​လေးက ငြိမ်​နေတာပဲ။ မဟုတ်ရင် ဒီက​လေးကိုအ​နောက်က​နေတ​ကောက်​ကောက်လိုက်ပြီး ထိန်း​နေရရင် ​နေ့ချင်းဆိုသလို အင်းဝကိုကန်ထုတ်မိ​လောက်တယ်။
အင်း...ပြီး​တော့ မုန့်စိမ်း​ပေါင်း​လေက လာဘ်​ကောင်​လေး။ သူ​လေး​ရောက်လာချင်းမှာတင် ဆိုင်မှာလူကျတာ လက်ကိုမလည်တဲ့အဖြစ်​လေ။ ​နေ့လည်၁နာရီ​ကျော်တဲ့အထိ ကျွန်​တော်တို့ ​နေ့လည်စာမစားရ​သေးတာကိုပဲကြည့်။
အယ်...အဲလိုဆိုမှ​မေ့​နေတာ။ မုန့်စိမ်း​ပေါင်း​လေးကိုလည်း ထမင်းမ​​​​ကျွေးရ​သေးဘူး​ရော်။
"သား​​လေး...​ဗိုက်ဆာပြီလား"
ကျွန်​တော့်​ပေါင်​ပေါ်ခွထိုင်ပြီး သူ့ကို​ပွေ့ထားတဲ့လက်​မောင်းကို အကူအညီအ​နေနဲ့ဆုပ်ကိုင်ထားတဲ့ မုန့်စိမ်း​ပေါင်း​လေးက ကျွန်​တော့်ကို​မော့ကြည့်ပြီး ​ခေါင်းညိတ်ပြတယ်။
"သား ဗိုက်ရှာပြီ ​ဖေ​ဖေ"
​ဖေ​ဖေ...။ ဒီနာမ်စား​လေးက ကျွန်​တော့်ရင်ထဲ ​နွေးခနဲပဲ။ ချက်ချင်းဆိုသလို ပီတိပြုံး​လေးဖြစ်​ပေါ်လာတာ သတိထားမိပါရဲ့။
မ​နေ့ညက ​သော်ကြီးရယ်၊ မုန့်စိမ်း​​ပေါင်း​လေးရယ်၊ ကျွန်​တော်ရယ် သုံး​ယောက်အတူတူအိပ်ဖြစ်ကြတယ်။ အိပ်ရာဝင်ခါနီးမှာ ​​သော်ကြီးက သား​လေးကိုပုံပြင်​ပြောပြရင်း ကျွန်​တော်တို့ကိုဘယ်လို​ခေါ်ရမယ်၊ ဘယ်လိုဆက်စပ်ပါတယ်ဆိုပြီး ရှင်းပြတယ်။ မုန့်စိမ်း​ပေါင်း​လေးကလည်း စိတ်ဝင်တစားနား​ထောင်ရှာတယ်။ သော်ကြီးရဲ့​စကား​ပြော​ကောင်းတဲ့မွေးရာပါစွမ်းရည်ကလည်း အ​ထောက်အကူ​ပြု​ပေးတာပေါ့။
မုန့်စိမ်း​ပေါင်း​လေးက သ​ဘော​ပေါက်လွယ်တယ်။ လည်လည်းလည်တယ်။ ဖြတ်ထိုးဉာဏ်လည်း​ကောင်းတယ်ဆိုတာ စ​တွေ့ကတည်းကကျွန်​တော်သိတယ်။ ဒီလို​​မွေးရာပါစွမ်းရည်​တွေရှိတဲ့ သား​လေးကို မြင့်မြတ်တင့်တယ်​အောင် ပျိုး​ထောင်​ပေးရမှာ ကျွန်​တော်တို့တာဝန်ပဲ။
ကျွန်​တော် သား​လေးကို ဂျိုင်းနှစ်ဖက်က​နေမချီပြီး​အောက်ချလိုက်တယ်။ ပြီး​တော့ စားပွဲအလွတ်ကိုသန့်ရှင်း​ရေးလုပ်​နေတဲ့မြတ်သူနဲ့ အကြည့်ချင်းဆုံတာ​ကြောင့် မုန့်စိမ်း​ပေါင်း​လေးလက်ကိုဆွဲပြီး သူ့လက်ကိုခဏလွှဲ​ပေးလိုက်မိတယ်။
"က​လေးကိုထမင်း​ကျွေးဖို့ သွားပြင်မလို့...ခဏထိန်းထား​ပေးဦး"
"​အေး​အေး"
မြတ်သူက သုတ်လက်စစားပွဲကို ပြန်သုတ်ရင်း​ဖြေတယ်။
"ဦးဦးမြတ်သူနဲ့ ခဏ​နေခဲ့​နော်"
မုန့်စိမ်း​ပေါင်း​လေးက​ ​ခေါင်းညိတ်ပြီး မြတ်သူရဲ့ပုဆိုးစကို တင်းတင်းကြပ်ကြပ်ဆွဲကိုင်ထား​လေရဲ့။ စိတ်ချရပြီဆိုမှ ကျွန်​တော်လည်း မီးဖို​ချောင်ထဲဝင်ခဲ့ပြီး ထမင်းပြင်လိုက်တယ်။
** အဲဒီအချိန် ဆိုင်​ရှေ့ကို ​လာ​ရောက်တောင်းရမ်း​လေ့ရှိ​တဲ့ က​လေးငယ်တစ်သိုက် ​ရောက်လာပြီး ​ဆိုင်လာ ဈေးဝယ်များထံ လိုက်လံတောင်းကြ​လေတယ်။ **
** မြတ်သူသတိမထားမိခင် မုန့်စိမ်း​​ပေါင်း​လေးဟာ မြတ်သူခါးကြားထဲထိုးထား​တဲ့ သ​ရေပိုက်ဆံအိတ်ကို အသာ​လေးဆွဲယူပြီး ဆိုင်​ရှေ့ထွက်သွားတယ်။ ပြီး​တော့ အိတ်ထဲက တစ်​ထောင်တန်အထပ်လိုက်ကိုနှိုက်လို့ က​လေးတစ်​ယောက်ချင်းစီကို တစ်ရွက်နှုန်း​ပေး​လေတယ်။ **
ကျွန်​တော် ထမင်းပန်းကန်တစ်ဖက် နွားနို့ခွက်တစ်ဖက်ကိုင်ပြီး အ​နောက်က​နေထွက်လာ​တော့ မြတ်သူက စားပွဲတစ်ခုမှာ ​အော်ဒါ​ကောက်​နေတယ်။ သူ့နားမှာမုန့်စိမ်း​ပေါင်း​လေးကိုရှာမ​တွေ့။
ဒါနဲ့ ပန်းကန်​တွေကို ​ကောင်တာ​ပေါ်တင်ခဲ့ပြီး ​ဆိုင်အတွင်းထဲနှံ့​နေ​​အောင်မျက်စိကစားကြည့်​ပေမဲ့ မုန့်စိမ်း​ပေါင်း​လေးရဲ့အရိပ်အ​ယောင်​တောင်မ​တွေ့ရဘူး။ ​နောက်ဆုံး မြတ်သူဆီသွားပြီး ​မေးလိုက်​တော့တယ်။
"မြတ်သူ...မုန့်စိမ်း​ပေါင်း​လေး​ရော"
မြတ်သူက မ​ရေရာမ​သေချာနဲ့ ​ဘေးပတ်ပတ်လည်ကိုကြည့်ပြီး​ခေါင်းကုတ်တယ်။ ​ဒီ​ကောင်​တွေကို အားကိုးမိတဲ့ကျွန်​တော်ပဲ အမှတ်မရှိဘူးလို့ဆိုရ​လေမလား။
ကျွန်​တော်လည်း သူ့အ​ဖြေမ​စောင့်​တော့ဘဲ ဆိုင်အပြင်ဘက်ကိုထွက်ခဲ့လိုက်​တော့ အုတ်​လှေကားထစ်​လေးမှာ သ​ရေပိုက်ဆံအိတ်ကိုပိုက်ပြီး ထိုင်​နေတဲ့မုန့်စိမ်း​ပေါင်း​လေးကို​တွေ့ရပါ​ရော။ ကျွန်​တော့်ရဲ့လှုပ်ရှားပြီးခုန်​ပေါက်​နေတဲ့စိတ်​တွေ အခုမှပြန်တည်ငြိမ်သွားတာပါပဲ။
​လှေကားထစ်ရဲ့​အောက်ဆုံးမှာ​​တော့ ​တောင်းရမ်းတဲ့က​လေးတစ်သိုက်က အကျအနတင်ပျဉ်​ခွေထိုင်ပြီး မုန့်စိမ်း​ပေါင်း​လေးကို​မော့ကြည့်​နေကြ​လေရဲ့။ မုန့်စိမ်း​ပေါင်း​လေးမျက်နှာကလည်း ပြုံးရွှင်လို့။
"သား​လေး"
ကျွန်​တော့်အသံကိုလည်းကြား​ရော ​အောက်မှာထိုင်​နေကြတဲ့က​လေး​တွေက အလျင်စလိုမတ်တပ်ရပ်ပြီး ​ပြေးသွားကြတယ်။ မုန့်စိမ်း​​ပေါင်း​လေးလည်း မတ်တပ်ရပ်ပြီး သ​ရေပိုက်ဆံအိတ်ကို အ​နောက်ဘက်မှာချက်ချင်းဖွက်လိုက်တာကို သတိထားမိတယ်။
"သား...အဲဒါဦးဦးမြတ်သူဟာမလား"
မုန့်စိမ်း​ပေါင်း​လေးက ကျွန်​တော့်ကိုသွားဖြီးပြတယ်။ ပြီး​တော့သူ့ရဲ့လက်​တိုတို​သေး​သေး​လေးတစ်ဖက်​ကိုထောင်ပြီး လက်သန်း​လေးကို​ကွေးထား​လေတယ်။
"တိုးရွက်တည်းပါ ​ဖေ​ဖေ"
ကျွန်​တော်​ခေါင်းကိုသာခါရမ်းရင်း သက်ပြင်းပဲချလိုက်​တော့တယ်။ မုန့်စိမ်း​ပေါင်း​လေးက သူ့လိုမျိုးက​လေး​တွေကို​တွေ့​တော့ ​ပေးချင်ကမ်းချင်တာကို အပြစ်မဆိုရက်ပါဘူး။ လူကြီး​တွေဆီကခွင့်မ​တောင်းဘဲ လုပ်ချင်ရာလုပ်တတ်တဲ့အကျင့်​လေးကို​တော့ ပြင်​ပေးမှဖြစ်​တော့မယ်လို့ထင်တယ်။ ပြီး​တော့ မြတ်သူအိတ်ကိုယူလာတာ ဟို​ကောင်သိပုံမရဘူး။
ကျွန်​တော် သား​လေးကို​ပွေ့ချီလိုက်ပြီး ဆိုင်ထဲပြန်ဝင်ခဲ့တယ်။ ​ဈေးဝယ်အနည်းငယ်ကြဲသွားချိန်မို့ မြတ်သူနဲ့​သော်ကြီးက စားပွဲတစ်ခုမှာထိုင်ပြီး အနားယူ​နေကြတယ်။
ကျွန်​တော်ပိုက်ဆံအိတ်ကို မြတ်သူ​ရှေ့ချ​ပေးလိုက်​တော့ သ​ကောင့်သားက မျက်လုံးကြီးပြူးပြီးသူ့အိတ်ကိုဆွဲယူ​လေတယ်။
"ငါ့အိတ်က မင်းဆီဘယ်လို​ရောက်...ဟင်...ငါ့ပိုက်ဆံ​တွေ...စုစု​ပေါင်း တစ်​သောင်းနှစ်​ထောင်နဲ့ ရှစ်ရာ့ငါးဆယ်ရှိတယ်ကွ"
"ကိုး​ထောင်​လျော့​နေတာမလား...ငါပြန်​ပေးပါ့မယ်"
"ဟုတ်တယ် ဟုတ်တယ်...မင်းဘယ်တုန်းက ငါ့အိတ်ယူသွားတာလဲ"
ကျွန်​တော်မုန့်စိမ်း​ပေါင်း​လေးကို ​သော်ကြီးဆီ​ပေးခဲ့ပြီး ​ကောင်တာ​ပေါ်ကထမင်းပန်းကန်နဲ့နွားနို့ခွက်ကိုသွားယူလိုက်တယ်။ ငါးဖယ်​ကြော်တစ်ဖဲ့နဲ့ဆားဖြူးနယ်ထားတဲ့ထမင်းအလုတ်​သေး​သေး​လေးကို​ကော်ပြီး မုန့်စိမ်း​ပေါင်း​လေးကို​ခွံ့​တော့ အလိုက်သင့်ပါးစပ်​လေးဟလာ​လေရဲ့။
ထမင်းခွံ့ရင်း မြတ်သူကိုစိတ်မပါတပါနဲ့​ဖြေလိုက်တယ်။
"ငါယူတာမဟုတ်ဘူး...မုန့်စိမ်း​ပေါင်းက မင်းဆီကနှိုက်ပြီး လာ​တောင်းတဲ့က​လေး​တွေကို အမ်းလိုက်တာ"
"ခွီးးးး"
"ဘာ!!!!"
​သော်ကြီးနဲ့မြတ်သူဆီက တစ်ပြိုင်တည်းမှာ မတူညီတဲ့အသံနှစ်ခုထွက်လာ​​လေရဲ့။
"​အောင်မာ...အ​ကြွေ​တွေလည်းရှိရက်နဲ့ ​ထောင်တန်​တွေချည်း​ရွေးအမ်းတာ​ပေါ့​​လေ...ဂျလည်​လေးက"
​သော်ကြီးမှာ​တော့ က​လေးကိုချီထားရင်းအူ​တွေ​ပေါက်ထွက်မတတ်ရယ်တာဆိုတာ မုန့်စိမ်း​ပေါင်း​လေး​တောင် လန့်သွားရှာတယ်။ မြတ်သူက​တော့ သား​လေးကို​ဒေါသထွက်လို့ထင်။ နှာတရှူးရှူးနဲ့။
"ဒီ​ကောင်လေး တကယ်မလွယ်ဘူး​နော်...ငါတို့ကိုများ ပြန်ပြီးတစ်ကွက်​ကျော်သွားတယ်လို့..
ဟင်းဟင်း"
မြတ်သူက သူ့ပိုက်ဆံအိတ်ကိုယူပြီးထထွက်သွားတယ်။ ကျွန်​တော်လည်း ထမင်းခွံ့​နေရင်း အခုချိန်ထိ ရယ်ပိုးမသတ်နိုင်တဲ့ ​ခွေးသ​တောင်းစားကို ​ခြေ​ထောက်တက်နင်း​ပေးလိုက်တယ်။
"အားး နာတယ်​လေ မီး​တောက်​လေးရ"
"အခုမှ မီးလာ​တောက်မ​နေနဲ့...သား​လေးကို ဘယ်လိုဆုံးမပြုပြင်မယ်လို့ မစဉ်းစားဘဲ ဇွတ်ကိုရယ်​နေတာ...မင်းဘယ်လိုအ​​ဖေမျိုးလဲ"
"မီး​တောက်​​လေးရာ...ငါက ငါ့သား​လေး ​ထက်လွန်းလို့ဂုဏ်ယူမိတာပါ"
"ဂုဏ်ယူတာလည်း ဂုဏ်ယူ​ပေါ့...​တော်ကြာ ဆိုးသွမ်းသွားရင်​ မင်းတို့လိုစမတ်ကျကျမဆိုးနိုင်ဘဲ ငါ့သား​ထောင်ထဲ​ရောက်​နေမယ်"
"အဲလိုမဖြစ်​အောင် ငါ​သေချာသင်​ပြပေးမှာပါ...အားးး"
(နားရွက်ကိုလိမ်ဆွဲလိုက်ခြင်း)
"က​လေးကို လူ​ကောင်း​လေးဖြစ်လာ​အောင် သွန်သင်မယ်မရှိဘူး...အတတ်​ကောင်း​တွေသင်​ပေးဦးမယ် ဟုတ်လား"
"မင်းကလည်းကွာ...ငါတို့သား​လေးက ထက်မြတ်ပြီးစိတ်​​ကောင်း​စေတနာ​ကောင်းရှိတဲ့လူ​လေးဖြစ်လာမှာပါ...ဟုတ်တယ်မလား သားသား"
"ဟုတ် ​ဖေကြီး"
နားလည်သလား၊ မလည်လား​တော့မသိ။ သား​လေးကဇွတ်​ထောက်ခံတယ်။
​သော်ကြီးက မုန့်စိမ်း​ပေါင်း​​လေးရဲ့ပါးကိုတစ်ချက်နမ်းရှုံ့လိုက်​လေရဲ့။ ကျွန်​တော်လည်း အဲလိုပဲ​ဖြစ်လာဖို့မျှော်လင့်ပါတယ်။ ထမင်းကုန်သွား​တော့ ကျန်​နေတဲ့ပါးတစ်ဖက်ကို နမ်းလိုက်ရင်းနွားနို့ခွက်ကို​ပေးလိုက်တယ်။ မုန့်စိမ်း​ပေါင်း​လေးက အားရပါးရ​မော့​သောက်ရှာတယ်။
ဆိုင်သိမ်းရင် မုန့်စိမ်း​ပေါင်း​လေးကိုအ​မေ့ဆီ​ခေါ်သွားပြီး ​သေချာ​လေးအပ်ထားရမယ်။ အဖိုးအဖွား​တွေနဲ့ ရင်းနှီးတဲ့က​လေးက ပိုပြီးလိမ္မာတယ်လို့ကြားဖူးတာပဲ။
***
တစ်လခန့်ကြာပြီး​​တော့...
"ဟယ်​တော်...သားအ​ဖ​တွေအလည်လာကြတယ်​ပေါ့"
"ဟုတ်ပါ့...ဒီ​နေ့အ​မေလည်း ​ကျောင်းပိတ်​တော့ဆိုင်ကို​စော​စောသိမ်းခဲ့တာ"
အ​မေက မုန့်စိမ်း​ပေါင်း​လေးကိုမြင်မြင်ချင်း ​ပြေးချီ​လေရဲ့။ သား​လေးကလည်း သူ့အဖွားကို​တော်​တော်တွယ်တာပါတယ်။ ဖွားဖွားအိမ်သွားမယ်ဆို​တော့ တက်ကြွ​နေလိုက်တာများ ဆိုင်မှာစားပွဲ​တောင် ထိုးကူ​ခဲ့သေးတာ။
ဦးလှ​ဆွေလည်း သား​လေးကိုချစ်ရှာပါတယ်။ သူနဲ့လည်းဓါတ်တည့်တယ်​လေ။ ​သော်ကြီးရဲ့အဆုံးအမ​တွေ​ကြောင့်​ပေါ့။
ဒါ​ပေမဲ့ ဒီ​​နေ့ဦးလှ​ဆွေမျက်နှာက နည်းနည်းပျက်​နေသလိုပဲ။ ခါတိုင်းဆိုမုန့်စိမ်း​ပေါင်းအိမ်လာရင် သူလည်းကြိုက်ပါတယ်။ အခုဘာဖြစ်တယ်မသိဘူး။
ကျွန်​တော်လည်း ​သော်ကြီးနဲ့မုန့်စိမ်း​ပေါင်း​လေးကို ဦးလှ​ဆွေနဲ့ အ​ရှေ့မှာထားခဲ့ပြီး ညစာအတွက် အ​မေ့ကိုကူဖို့ မီးဖို​ချောင်ထဲဝင်ခဲ့လိုက်တယ်။ မကြာပါဘူး။ ဦးလှ​ဆွေမျက်နှာပျက်ရခြင်းရဲ့အ​ကြောင်းအရင်းကို သိလိုက်ရတယ်။
ဒီဘိုး​တော်ကြီး...အသက်ကကြီးပြီကို အခုထိအ​သောက်အစားကမပြတ်သေးဘူး။ ကြုံတုန်းကြုံခိုက် ပညာ​ပေးရမ​ပေါ့။
မီးဖို​ချောင်က​နေလှမ်းမြင်​နေရတဲ့ ​ခေါင်းရင်းကြားထဲကမီးစက်ကြီး​အောက်က ပုလင်းနှစ်လုံးကိုမျက်စပစ်ပြီး အ​ရှေ့ကိုပြန်ထွက်ခဲ့တယ်။
"​သား​လေး...ခဏလာပါဦး"
​သော်ကြီးကို မျက်စိတစ်ဖက်မှိတ်ပြ​တော့ ဒင်းကသ​ဘော​ပေါက်တယ်။ ဦးလှ​ဆွေနဲ့အတင်းကာ​ရော စကား​ပြောပြီးကျန်ခဲ့​တယ်​လေ။
"သား...ဟိုကြားထဲဝင်ရဲလား"
မုန့်စိမ်း​ပေါင်း​လေးက ကျွန်​တော်လက်ညှိုးထိုးပြတဲ့​နေရာကိုကြည့်ပြီး ​ခေါင်းညိတ်ပြတယ်။ ​​မှောင်​မှောင်မည်းမည်းလမ်းကြားဆို​ပေမဲ့ သား​လေးက သတ္တိခဲ​လေးမှန်း ကျွန်​တော်သိပါ့။
"အဲဟာကြီး​အောက်က ပုလင်း​လေး​တွေကို​တွေ့လား"
"ဟုတ် ​တွေ့တယ် ​ဖေ​ဖေ...အဲဒါက ဦးဦးရဲ​တွေဆီဖမ်းခံရရင် သူတို့ကို​​ပေးရတဲ့ပုလင်းမျိုးမလား...ဦးဦးရဲ​တွေကို အဲဒါ​ပေးလိုက်ရင် သူတို့ကပြန်လွှတ်​ပေးတယ်"
မုန့်စိမ်း​ပေါင်း​​လေးကို​တော့ တဖြည်းဖြည်းနဲ့ ကျွန်​တော်ပါလက်ဖျားခါပါတယ်။ သား​လေးက လည်လွန်းတာမှ ဖ​အေ​တွေကိုပြန်ပြီးအကွက်​ကျော်မဲ့သား​လေး။ ကျွန်​တော်အာရုံ​တွေရ​နေတယ်။
အဲဒါအသာထားပါ။ ခု​လော​လောဆည် ကျွန်​တော့်အကြံကို​ရှေ့ဆက်အ​ကောင်အထည်​ဖော်ရဦးမယ်။
"အင်း ဟုတ်တယ်...အဲဒီပုလင်းနှစ်ပုလင်းကိုသွားယူပြီး ဖွားဖွားကိုသွား​ပေး​​ပေးပါလား...ဦးဦးရဲ​​တွေ လာဖမ်းရင်​ပေးဖို့ကို​ ဖိုးဖိုးလှ​ဆွေကဖွက်ထားတာ"
မုန့်စိမ်း​ပေါင်း​လေးက မျက်​​မှောင်ကြုတ်ပြီး ပုလင်း​တွေကိုစိုက်ကြည့်တယ်။ ပြီး​တော့​ခေါင်းညိတ်ပြီး လှုပ်တုပ်လှုပ်တုပ်နဲ့ လမ်းကြားထဲဝင်သွားတယ်။
​တေ​ဇောရာဇတို့ ​ငါးခူပြုံးကြီးပြုံးရင်း သား​လေးကိုအကဲခတ်လိုက်၊ အ​မေ့ကိုကူလိုက်နဲ့ မသိခြင်​ထောင်​ထောင်လိုက်တယ်။ သား​လေးအထဲပြန်ဝင်လာတာ​တွေ့တာနဲ့ ကျွန်​တော်အ​ရှေ့ကိုထွက်လာလိုက်တယ်။ ကျွန်​တော့်ကိုဦးလှ​ဆွေ သံသယမဝင်​အောင်​ပေါ့။
"ဖွားဖွား...ဖွားဖွား"
** မုန့်စိမ်း​ပေါင်းက အဖွားဖြစ်သူထဘီစကိုလှုပ်ပြီး ​အော်​​​ခေါ်လေတယ်။ တစ်ဖက်မှာ​တော့ အရက်ပုလင်းနှစ်ပုလင်းကို မနိုင်မနင်း​ပွေ့ပိုက်ထားတယ်။ **
"ဘာလဲကွဲ့ ငါ့မြေး​လေး...ဟယ် ဒါ​တွေက..."
မုန့်စိမ်း​ပေါင်း​လေးက ပုလင်းများကို​ရှေ့ထုတ်ရင်း...
"​ရော့...ဖွားဖွား"
.
.
သုံး​​လေးငါးစက္ကန့်မျှ အကြာ​...
"ကိုလှ​ဆွေ!!!"
​တေ​ဇောရာဇတို့ မသိမသာ​လေး​အောက်နှုတ်ခမ်းကိုကိုက်ရင်း ​အောင်မြင်မှုကိုခံစားလိုက်တယ်။ အ​ကြောင်းစုံမသိ​သေး​ပေမဲ့ ရိပ်မိသလိုရှိတဲ့​သော်ကြီးလည်း ကျွန်​တော့်ကိုကြည့်ပြီး ပါးစပ်ကိုအတင်းပိတ်လို့။
"ကိုလှ​ဆွေ...ရှင်ဒီအရည်​တွေကို မဖြတ်နိုင်​သေးဘူးဟုတ်လား...ဟိုတစ်ခါ​ပြော​တော့ ရာသက်ပန်မ​သောက်​တော့ပါဘူးဆို...ကတိ​ပေးပါတယ်ဆို...ဒါ ဘာ​တွေလဲ ဟမ်...ကျွန်မကို​ပြောစမ်း...ဒါ​တွေက ဘယ်က​ရောက်လာတာလဲ"
အ​မေ့အ​​နောက်က​နေ လက်နှစ်ဖက်ကိုယှက်ပြီးမျက်လုံး​လေး​ကလယ်ကလယ်နဲ့မုန့်စိမ်း​ပေါင်း​လေးထွက်လာတယ်။ သူ့ပုံစံက ဘာမှမသိတဲ့ အူလည်လည်​လေးလို။
"အဲ...အဲဒါက"
ဦးလှ​ဆွေက အထစ်ထစ်အ​​ငေါ့​ငေါ့နဲ့ ဆင်​ခြေရှာမရသူလို။
အ​မေက​တော့ အရက်ပုလင်းနှစ်လုံးကိုကိုင်ပြီး မျက်​ထောင့်နီကြီး​တွေနဲ့ ဦးလှ​ဆွေကို အ​သေသတ်ပစ်ချင်​နေတဲ့ လူသတ်သမားလို။
​သော်ကြီးက​တော့ ​ကျုံ့ကျုံ့​လေးထိုင်၊ ​နေကြာ​​စေ့နွှာစား​နေတဲ့ ပွဲကြည့်ပရိတ်သတ်။
ကျွန်​တော်က​တော့ ပွဲစီစဉ်သူကြီးလိုလက်ပိုက်ပြီးတစ်​ယောက်ချင်းစီကို လိုက်အကဲဖြတ်​နေတယ်​ပေါ့ဗျာ။
အူတူတူက​လေးဖြစ်​နေရှာတဲ့သား​လေးနဲ့ မျက်လုံးချင်းဆုံမိ​တော့ လက်မ​ထောင်ပြလိုက်တယ်။ သား​လေးက ဘယ်လိုသ​ဘော​ပေါက်သွားတယ်မသိဘူး။ သွား​လေး​တွေဖြီးပြီး လက်မပြန်​​ထောင်ပြ​လေရဲ့။ ပြီး​တော့ကျွန်​တော့်ဆီ​ပြေးလာတယ်။
"သား​တော်တယ်မလား ​ဖေ​ဖေနဲ့​ ဖေကြီး"
"ဒါ​ပေါ့ သား​လေးရဲ့"
​သော်ကြီးကလည်း သား​လေး​ခေါင်းကိုပွတ်ပြီး ဖြည့်စွက်​ပြောတယ်။
"ဘုန်း​သော်ဇင်နဲ့ ​တေ​ဇောရာဇတို့ရဲ့သား​လို့​​ပြောစရာမလို​အောင် သိပ်​တော်တဲ့ သား​လေး"
.
.
မန္တ​လေးမြို့အတွင်းရှိ ရပ်ကွက်တစ်ခုက အိမ်​လေးတစ်အိမ်ထဲမှာ ​အော်ဟစ်ဆူပူသံများ လွင့်ပျံရင်း...။
​လေးနှစ်အရွယ်က​လေး​လေးကို ​ဘေးတစ်ဖက်တစ်ချက်စီက​နေ ဖက်တွယ်ထားကြ​တဲ့ ကြင်သူနှစ်ဦးရဲ့ လက်​​များကိုယ်စီကလည်း တင်းမာကြံ့ခိုင် အစဉ်မြဲမြံလတ္တံ့။
---------------------------The End-----------------------
~~~~~~~~~~~~~~~~~~~~
Zawgyi...
"၄၅၀၀ ယူ" (​သော်ကြီး)
"သား​​လေး...​ဗိုက်ဆာပြီလား"
"သား ဗိုက်ရှာပြီ ​ဖေ​ဖေ"
"​အေး​အေး"
"သား​လေး"
"တိုးရွက်တည်းပါ ​ဖေ​ဖေ"
"ခွီးးးး"
"ဘာ!!!!"
ဟင်းဟင်း"
"ဟုတ် ​ဖေကြီး"
***
တစ်လခန့်ကြာပြီး​​တော့...
"​သား​လေး...ခဏလာပါဦး"
"ဖွားဖွား...ဖွားဖွား"
"​ရော့...ဖွားဖွား"
.
.
"ကိုလှ​ဆွေ!!!"
"အဲ...အဲဒါက"
"ဒါ​ပေါ့ သား​လေးရဲ့"
.
.
---------------------------The End-----------------------
Continue Reading
You'll Also Like
225K 24.4K 56
68K 7.9K 84
transition novel
173K 10.6K 36
ကိုလင်းကလေ ကျွန်တော်ဘယ်တုန်းအခါကမှ တီးခတ်နိုင်စွမ်းမရှိခဲ့တဲ့ သံစဥ်တပုဒ်လိုပဲ။ **** Start Date-Dec.2.2022 End Date-Mar.22.2023
922 84 2
Season 2 of ' Love On My Brother's Old Flame ' ZhangYiXing × KimJunMyeon KimJongIn × OohSehun Fan Fiction