[Unicode]
ဝမ်မုနိုင်းနိုင်းနှင့် သွေးနှောကပြားဆယ်လီ
အခန်းထဲမှာတော့ ဆုရှောင်းနိုသည် ဖုန်းတစ်ခုကို လက်ခံ စကားပြောနေရသည်။ ဒီတစ်ခေါက်ကတော့ ကျုံးလီဖုန်းပိုင်ဆီက ဖုန်းဝင်လာခဲ့တာဖြစ်သည်။
"ငါ မင်းရဲ့ မတော်တဆဖြစ်တဲ့ ဗီဒီယိုကို တွေ့လိုက်ရတယ်။ငါ့နှလုံးသားလေးတောင် ကွဲအက်သွားသလိုပဲ!" ဒါရိုက်တာကျုံးကတော့ စိတ်ပိုင်းဆိုင်ရာခံစားချက်တွေနဲ့ ပတ်သတ်လာရင် အများကြီးအတွေ့အကြုံရှိလေသည်။
ဆုနို သူ့ရဲ့ မံမီခြေထောက်ကိုကြည့်ပြီး သက်ပြင်းချလိုက်ရင်း သူ့ချစ်သူနဲ့ မတွေ့ရတဲ့ဘဝက ကြီးမားတဲ့ကော်ဖီစားပွဲ တစ်လုံးနဲ့တူတယ် ဆိုတာကို မတွေးမိဘဲ မနေနိုင်ပေ။
ကျုံးလီဖုန်းပိုင်ကတော့ အန်ချင်စရာ စကားလုံးတွေကို ဆက်ပြီး ပြောနေသည်။ မုချိုး သူ့ဘေးနားမှာ ရပ်နေရင်း သူ့ရဲ့မျက်လုံးများက ပူလာရသည်။
သူ့အပေါ်မှာသာ ဒီလောက်လေးသာ ဂရုစိုက်ပေးကြည့်ပါလား,? မာ*လာတဲ့အထိ အရမ်းကို ပျော်ရွှင်သွားရမှာပဲ!
ဟုတ်ပါတယ်.....မစ္စတာဥက္ကဌကြီးက အရမ်းကို ပွင့်လင်းပြီး တည့်တိုးဆန်တဲ့သူပင်။
"ခင်ဗျားက ဘာလို့ ကျွန်တော့်အိမ်ထဲမှာ ရှိနေရသေးတာလဲ!" သူ ဖုန်းပြောပြီးတာနဲ့ ကျုံးလီဖုန်းပိုင်သည် ချက်ချင်းပင် မပျော်မရွှင် ဖြစ်သွားတော့သည်။ "လွန်ခဲ့တဲ့ငါးမိနစ်ကပဲ ခင်ဗျားကို နှုတ်ဆက်ပြီးပြီလေ!"
"ကောင်းကင်ကြီးက မှောင်နေပြီ။ တစ်ယောက်ထဲ အိမ်ပြန်ရမှာ ကြောက်တယ်" မုချိုးက လုံးဝ အရှက်မရှိတဲ့ သူတစ်ယောက်ပင်။ ကျုံးလီဖုန်းပိုင်သည် အန်ချင်သလိုဖြစ်နေရပြီး လုံးဝရွံရှာမုန်းတီးနေရတဲ့စိတ်ကို သည်းခံနေရသည်။
"ကိုယ့်ကို ဒီမှာ နေခွင့်ပြုပြီး အခန်းပို ဌားပေးလို့ ကျေးဇူးတင်ပါတယ်" မုချိုး တစ်ဖက်လူရဲ့ ခွင့်ပြုချက်မရှိဘဲ ဆုံးဖြတ်တဲ့နေရာမှာတော့ အလွန်ပဲတော်လှသည်။
"အခန်းပိုမှာ အိပ်လို့ရတယ်လို့ ကျွန်တော် မပြောခဲ့ဖူးဘူး!" ကျုံးလီဖုန်းပိုင် ဒေါသထွက်လာရသည်။
အရှက်မရှိတဲ့အပြုအမူတွေကို ထပ်လုပ်ရဲသေးတယ်ပေါ့!
"ဒါဆိုရင် မာစတာအိပ်ခန်းမှာ ကိုယ့်ကို အိပ်စေချင်တာလား?" မုချိုးသည် တစ်ဖက်လူလေးက တုန်ရီစွာဒေါသထွက်နေသည်ကို ကြည့်ပြီး ပျော်ရွှင်လာတော့သည်။
"..........."
ကျုံးလီဖုန်းပိုင် သူ့မျက်နှာကိုလက်ဝါးနဲ့အုပ်ထားရုံသာတတ်နိုင်တော့သည်။ "အခုပဲ ဧည့်သည်ခန်းမှာသွားနေလိုက်ပါတော့" ရူးသွပ်နေတဲ့လူတစ်ယောက်နဲ့စကားပြောဖို့ ဘာအကြောင်းမှမရှိဘူး!
ဥက္ကဌမု၏စိတ်အခြေအနေက ချက်ချင်းပင် မြင့်တက်သွားတော့သည်။
ညဉ့်ဦးပိုင်း၌ မိုးကြိုးတွေပစ်,လျှပ်စီးလျက်နေကာ,သူတို့ရဲ့အသံတွေက ကျယ်လွန်းလို့ ကောင်းကင်ကို နှစ်ခြမ်းခွဲတော့မည့် အတိုင်းပင်!
ကောင်းကင်ဘုံကတောင် ငါ့ကိုကူညီနေတာကို ငါက လမ်းတစ်ဝက်မှာရပ်လိုက်စရာ ဘာအကြောင်းမရှိဘူး။ မုချိုး ခေါင်းအုံးကိုကောက်မကာ အိပ်ခန်းဆီကိုတည့်တည့်မပြေးခင် သူ့နှလုံးသားထဲမှာအရူးတစ်ယောက်လို ရယ်မောလိုက်သည်။
"အား! ခင်ဗျားရူးနေလား!" ကျုံးလီဖုန်းပိုင်ကိုပင် အိပ်မက်ကနေတောင် နိုးထစေခဲ့သည်။
"မိုးခြိမ်းသံက ကြောက်စရာကောင်းလွန်းလို့ပါ!" မုချိုးရဲ့အကြောင်းပြချက်က အရမ်းကိုအဓိပ္ပာယ်ရှိသောကြောင့် ထိုလူက စိတ်လှုပ်ရှားစွာဖြင့် စောင်ထဲကို တိုး၀င်သွားပြီး သူ့ကိုရေဘဝဲတစ်ကောင်ကဲ့သို့ ကပ်တွယ်လိုက်သည်။
"ခင်ဗျားကို ဒေါသထွက်ရလွန်းလို့ ကျွန်တော်သေရတော့မှာသေချာတယ် ... " ကျုံးလီဖုန်းပိုင် အသက်ကို ခက်ခက်ခဲခဲ ရှူနေရသည်။
"ကိုယ်အိပ်ပျော်နေပြီ!" မုချိုး သူ့မျက်လုံးတွေကို ပိတ်လိုက်ပြီး "ပြောချင်တဲ့အကြောင်းအရာတစ်ခုခုရှိရင် မနက်ဖြန်အထိစောင့်မှရမယ်"
"ကျွန်တော်ရဲ့ ဘယ်အပိုင်းတွေကို သဘောကျတာလဲ?" ကျုံးလီဖုန်းပိုင် နားမလည်နိုင်ပေ။ သူတို့က မတူညီတဲ့ ကမ္ဘာ,မတူညီတဲ့ အသိုင်းအဝိုင်းကလူတွေလေ!
"မင်းရဲ့အရာအားလုံးကိုပဲ" မုချိုး သူ့ကို တင်းကျပ်စွာဖက်ထားပြီး စိတ်ထက်သန်စွာ ပြောလိုက်သည်။
"ဒါပေမယ့် ခင်ဗျားကိုလုံးဝမကြိုက်ဘူး!" ကျုံးလီဖုန်းပိုင် မျက်ရည်မကျဘဲ ငိုကြွေးမိ၏။
ဒါက ပြောချင်တဲ့ အဓိကအချက်ပဲ!
ဒီစကားရဲ့ သက်ရောက်မှုက ပြင်းထန်ပေမယ့်လည်း.....သူတို့နှစ်ဦးရဲ့ ပထမဆုံးတွေ့ဆုံတဲ့ အကြိမ်ကနေ စပြီး ထပ်ခါထပ်ခါပြောနေခဲ့တာပဲလေ။ ဒါ့ကြောင့် မုချိုး သိပ်ပြီး မခံစားရပေ။ အဲဒီအစားသူ့ကိုယ်သူသာ စျေးဗန်းခင်းလိုက်သည်။ "ကိုယ့်မှာ ရေတွက်လို့တောင်မနိုင်တဲ့ ကောင်းတဲ့အချက်တွေရှိပါတယ်"
"ဘာတွေလဲ?" သူ ဘယ်လိုမှမအိပ်ပျော်နိုင်တော့သဖြင့် ကျုံးလီဖုန်းပိုင် သူ့ကို ပြတ်ပြတ်သားသားလှည့်ကြည့်လိုက်သည်။
မုချိုးရဲ့မျက်လုံးများက အနည်းငယ်မှောင်သွားရသည်။
“ အိုး!” ကျုံးလီဖုန်းပိုင်ရဲ့ သတိပေးချက်တွေက တစ်ခုပြီးတစ်ခုမြည်သွားတော့သည်။ "ခင်ဗျား ကျွန်တော့်ကို မသင့်တော်တာတစ်ခုခုလုပ်လိုက်မယ်ဆိုရင် ခင်ဗျားကိုသင်းကွပ်ပစ်မယ်!"
"ဒါဆိုရင် မင်း,ကိုယ့်ကိုဒီလိုမျက်လုံးတွေနဲ့မကြည့်တာပိုကောင်းမယ်"
မုချိုးသည် သားရဲဆန်ဆန် ခုန်အုပ်ပြီး သူ့ရဲ့ အဝတ်တွေကို ဆွဲဖြဲကာ ပြင်းပြင်းရှရှရှိတဲ့ အချစ်တွေကို ဖန်တီးလိုက်ချင်သည်။ သူ မထိန်းနိုင်တော့ဘဲ သူ့မျက်လုံးထဲတွင် ရာဂမီးတွေ တောက်လောင်နေပြီး သူ့ရည်ရွယ်ချက်တွေကို ဖွင့်ဟပြနေသလိုပင်။
အဲ့ဒါနဲ့ပဲ ကျုံးလီဖုန်းပိုင်တစ်ယောက် ပြတ်ပြတ်သားသားပင် ပြန်လှည့်ကာ သူကို နောက်ကျော ပေးထားလိုက်ရသည်။
ဒါ တကယ်ကိုကြောက်စရာကောင်းလွန်းတယ်!
"ကိုယ်တို့ ဘာအကြောင်းပြောနေတာလဲ?" ဖြစ်ပျက်သွားပြီးနောက် မုချိုးသည် သူတို့ပြောနေခဲ့သည့်စကားစများကို မေ့သွားလေသည်။
ကျုံးလီဖုန်းပိုင်က “ခင်ဗျားမှာကောင်းတဲ့အချက်တွေရှိတယ်ဆိုတဲ့ အကြောင်းရောက်နေပြီ” အဲ့ဒါတွေက ရှိတောင်မရှိဘဲနဲ့များ!
"ကိုယ်မှာပိုက်ဆံရှိတယ်၊ မင်းကိုလည်း ဂရုစိုက်နိုင်တယ်" ဥက္ကဌမု၏အဖြေက ညစ်ညမ်းတဲ့သူဌေးတစ်ဦးရဲ့ စရိုက်အတိုင်းပင်။
ကျုံးလီဖုန်းပိုင် သူ့မျက်လုံးတွေကို တိတ်တဆိတ်,လှန်လိုက်၏။ ဒီလိုတွေပဲ လာမှာဆိုတာ သိသားပဲ !
“ကိုယ်က ဟင်းချက်နိုင်တယ်။ ကိုယ် မင်းကိုအရမ်းဂရုစိုက်နိုင်တယ်" မုချိုး ဆက်ပြောသည်။
ဒါကဂုဏ်ယူစရာမှမဟုတ်တာ! ကျုံးလီဖုန်းပိုင် အထင်မကြီးပေ။
“မင်းပင်ပန်းတဲ့အခါ ကိုယ် မင်းကိုနှိပ်ပေးနိုင်တယ်။ မင်းစိတ်ညစ်နေရင်လည်း ကိုယ် မင်းကိုခရီးခေါ်သွားပေးနိုင်တယ်။ ကုန်ကုန်ပြောရရင်ကွာ....ကိုယ်က မင်းကို ပျော်ရွှင်စေမှာသေချာပါတယ် ”
မုချိုး သူ့ကိုအနောက်ကနေပွေ့ဖက်လိုက်သည်။ "ကိုယ့်ကို အခွင့်အရေးတစ်ခုလောက် ပေးကြည့်ပါလား?"
သူက ဒီလောက်နူးညံ့တဲ့စကားတွေကို ပြောနိုင်ပါ့မလား?
ကျုံးလီဖုန်းပိုင်ကတော့ သူက ချာတူးလန်နေတဲ့ ညစ်ညမ်းစာအုပ်ထဲက စာကြောင်းတွေကို ကျက်လာပြီး ပြန်ပြောနေတယ်ဟုထင်ပြီး စိတ်ထဲကနေ နှာခေါင်းရှုံ့လိုက်သည်။
မုချိုးသည် တစ်ဖက်လူက ဘာမှမပြောဘဲနေတာကိုမြင်တာနဲ့ 'ဆိတ်ဆိတ်နေခြင်းက ခွင့်ပြုတယ်'ဆိုတဲ့ လူတစ်မျိုးကို တွေးမိသွားပြီး တစ်ဖက်လူကို ပြတ်သားစွာဖြင့် ဆွဲလှန်လိုက်ပြီး နမ်းလိုက်သည်။
ဖာ့ခ်!! ကျုံးလီဖုန်းပိုင်၏မျက်လုံးများသည် ညစာပန်းကန်ပြားအရွယ်အစားအထိ ကျယ်သွားတော့သည်။
အခု!
ဘာဖြစ်!
သွား!
တာလဲ!
သူ အတင်းအကြပ်နမ်းခံလိုက်ရတယ်!အား!!!!
အလိုမတူတဲ့အနမ်းတစ်ခု!
သူ စိတ်ပျက်သွားပြီးသူ့ဒူးခေါင်းကို အလင်းရဲ့အမြန်နှုန်းနဲ့ မလိုက်လေသည်။
"အား!!!" ဥက္ကဌမု စိတ်ပျက်လက်ပျက်ဖြင့် အော်ဟစ်လိုက်ပြီး သူရဲ့ ထွားကျိုင်းတဲ့ခန္ဓာကိုယ်ကြီးသည် တဖက်သူအပေါ်မှ လိမ့်ကျသွားကာ....သူ့လက်နှစ်ဖက်လုံးကလည်း အဲ့ဒီနေရာ*ကို အုပ်ထားရတော့သည်။
"ခင်ဗျား....ကျုပ်ကိုနမ်းရဲတယ်ပေါ့လေ !!"
ကျုံးလီဖုန်းပိုင် အိပ်ရာဘေးက ညအိပ်မီးကို ဖွင့်လိုက်ပြီး သူ့စိတ်ထဲမှာလည်း ထိတ်လန့်မှုနှင့်ဒေါသတို့က တပြိုင်နက်တည်း ကန့်လန့်ဖြတ်ပြေးသွားသည်။
မုချိုး၏မျက်လုံးများက နီရဲလာကာ ယောကျ်ားဆန်ဆန် သည်းခံဖို့ ကြိုးစားလိုက်သည်။ ဒါပေမယ့်လည်း အခုအချိန်မှာ ယောကျ်ားပီသဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ဘာလို့လဲဆိုတော့ ဒါကအရမ်းနာကျင်လွန်းလို့ပေါ့။ သူ့တစ်ကိုယ်လုံး အသက်ရှူကျပ်သွားသလို ခံစားလိုက်ရ၏။
"ခင်ဗျားကို စားသုံးသူအသင်းမှာ တရားစွဲမယ် "
အနုပညာရှင်လူငယ်လေးတွေရဲ့ အတွေးတွေကတော့ တကယ့်ကိုထူးခြားပါ၏။
"မင်း ကိုယ့်အတွက် အရင်ဆုံး ၁၂၀ ကို ဖုန်းခေါ်ပေးသင့်တယ် " မုချိုး သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံး အားမရှိစွာ လှဲချလိုက်ပြီး နောက်ဆုံးမှာတော့ အသက်ပြန်ရှူလို့ရတော့သည်။
သူ ဘာကြောင့် ပိုပြီးညင်ညင်သာသာ မလုပ်နိုင်ရတာလဲ!
ကျုံးလီဖုန်းပိုင် သူ့ကို အာရုံစိုက်ဖို့ စိတ်မဝင်စားတော့ဘဲ အိပ်ယာပေါ် ပြန်လှဲချလိုက်သည်။
ဒူးခေါင်းရဲ့ အကျိုးသက်ရောက်မှုကတော့ ရှင်းရှင်းပင်။မုချိုး တစ်ညလုံး ခံစားလိုက်ရပြီး သူ့ကိုထပ်ပြီး မနှောင့်ယှက်ရဲတော့ပေ။
နောက်တစ်နေ့မနက်ရောက်တော့ သူတို့နှစ်ယောက်သည် ဆုနိုရဲ့ လက်ရှိအခြေအနေအကြောင်းတင်ဆက်နေတဲ့ သတင်းကိုကြည့်ရင်း မနက်စာ,စားနေကြသည်။အဲ့ဒီအချိန်မှာပဲ တစ်စုံတစ်ယောက်က တံခါးခေါက်လာခဲ့သည်။
"ကိုယ် သွားဖွင့်လိုက်မယ်!" အရမ်းကို အလုပ်ကြိုးစားတတ်တဲ့ မုချိုးပါပဲ။
"ခင်ဗျားကို နေရာကနေ ရွှေ့ခွင့်မပြုနိုင်ဘူး!" ကျုံးလီဖုန်းပိုင် သူ့ကိုချက်ချင်းတားလိုက်သည်။
ပြောရရင် သူကနာမည်ကြီးတစ်ယောက်လေ။ အကယ်၍ သတင်းထောက်တစ်ယောက်က မုချိုးကို သူ့အိမ်ထဲမှာတွေ့သွားရင် သူက ညစ်ပတ်တဲ့သူဌေးနဲ့ဆက်နွှယ်နေတယ်လို့ အပြောခံရပြီး သူသေသွားနိုင်တယ်။ သူ့ရဲ့အနုပညာအရည်အသွေးတွေကလည်း ကျိန်းသေပေါက် ကျဆင်းသွားလိမ့်မယ်!
မုချိုးကတော့ စိတ်ခံစားချက်ပြင်းပြနေသည့် မျက်လုံးများဖြင့် သူသွားရာတစ်လျှောက် လိုက်ကြည့်တော့သည်။
"ဒါရိုက်တာကျုံးလား?" Deliသမားက နှင်းဆီပန်းစည်းကြီးတစ်ခုကို ကိုင်ထားသည်။
"........."
ဒါက ဘယ်လိုအခြေအနေမျိုးလဲ! ကျုံးလီဖုန်းပိုင် စိတ်ရှုပ်သွားရကာ သူ စားပွဲခုံရှိရာဘက် ကိုလှည့်ကြည့်လိုက်၏။ သူ ပထမဆုံးသူတွေးတာက အဲဒီနေရာမှာထိုင်နေတဲ့လူရဲ့ကြံစည်မှုပဲပေါ့!
ဒီအချိန်မှာ မုချိုးဆိုတဲ့ကောင် ရယ်နေလောက်ပြီ။ သူ့ရဲ့ ယုတ်မာတဲ့ ဇာတ်လမ်းက အဆင်ပြေပြေရှိနေတာကို ဂုဏ်ပြုနေရောပေါ့!
မနက်ခင်းမှာ နှင်းဆီပန်းတွေပို့တာက တကယ်ကို ဒိတ်အောက်နေတဲ့နည်းလမ်းပဲ။ ဒါကြောင့် သူ လက်မခံချင်ခဲ့ပေ။ထို့ကြောင့် ကျုံးလီဖုန်းပိုင်က "ငါလက်မခံဘူး" ဟု အေးစက်စွာပြောလိုက်သည်။
“ဒါဆို လူကြီးမင်း လက်ခံဖို့ငြင်းဆို,ဆိုတဲ့ဘေးနားမှာ ကျေးဇူးပြုပြီးလက်မှတ်ထိုးပေးပါ ”
deliသမားက ဒီအခြေအနေမျိုးကို ကြုံဖူးမှန်းသိသာပြီး ဘောပင်ကို တည်ငြိမ်စွာပေးလိုက်သည်။
ဒါရိုက်တာကျုံး သူ့စိတ်ထဲမှာ ပျော်ပွဲရွှင်ပွဲအကလေးတစ်ခုကိုကပြရင်း လန်းလန်းဆန်းဆန်း တက်တက်ကြွကြွနဲ့လက်မှတ်ထိုးပေးလိုက်သည်။ ထို့နောက် သူ လက်ဗလာနဲ့ ထမင်းစား,စားပွဲဆီကို ပြန်လာခဲ့သည်။
"အဲဒါဘယ်သူလဲ?" မုချိုး မေးလိုက်သည်။
ခင်ဗျားသိပြီးသားကို ဒီလိုမေးတာက တကယ်ကို အလိမ်အညာတွေပဲနော်။ ကျုံးလီဖုန်းပိုင် သစ်သီးဖျော်ရည်ကို တစ်ငုံသောက်လိုက်ပြီး မေးလိုက်သည်။
"ခင်ဗျား ဘယ်လိုထင်လဲ?"
ကိုယ်ထင်တာ?
မုချိုး ခဏတာ ကြောင်အသွားပြီးနောက် စိတ်လှုပ်ရှားလာရသည်။
အခု သူတို့က ချစ်သူတွေကစားကြတဲ့ ခန့်မှန်းတဲ့ကစားနည်းကိုကစားနေကြတာလား? ဒီကစားနည်းက ခံစားချက်တွေ တိုးတက်လာဖို့အတွက် အရမ်းကောင်းတယ်။
ဒါကြောင့် သူ စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။
“ကိုယ် ဘယ်နှစ်ခါမှန်းလို့ရလဲ?”
"တစ်ခါပဲ" ကျုံးလီဖုန်းပိုင်သည်လည်း လူလိမ်စီးပွားရေးသမားတစ်ယောက်လို ညစ်လိုက်သည်။
“ကိုယ် မှန်တယ်ဆိုရင် ဆုရမှာလား?”မုချိုး အရှုံးမပေးဘဲ သူရဲ့ပထမဆုံးဆုရမည့် အခွင့်အရေးကိုဆုပ်ကိုင်လိုက်သည်။
“ မရဘူး!” ကျုံးလီဖုန်းပိုင် လက်မခံပေ။
သူ အတော်လေး စိတ်ပျက်သွားပေမယ့်လည်း....သူ ဒါကိုလည်း လက်ခံနိုင်ပါတယ်။
မုချိုး ခဏစဥ်းစားပြီး ပြောလိုက်သည် “ အဲဒါ deliသမားပဲ ဖြစ်ရမယ်”
သူမှန်သွားမယ်လို့ သူမထင်ခဲ့ဘူး,ဒါပေမယ့် တကယ်ကြီး မှန်သွားတယ်ဟ!!ဒါဆို ဒီပန်းတွေက မုချိုးဆီကပဲ ဆိုတာ သေချာသွားပြီ!နှင်းဆီပြာ ဖြစ်ဖြစ် ဘာကြီးပဲဖြစ်ဖြစ် တော်တော်လေးကို အလွန်အကျွံသုံးထားတာပဲ!
ကျုံးလီဖုန်းပိုင် တည်ငြိမ်စွာဖြင့် "ကျွန်တော် ငြင်းလိုက်တယ်"
"တကယ်ပဲ deliသမားလား?" မုချိုး ဒီမေးခွန်းက အရမ်းလွယ်မှန်းသိရင် ဆုကို အတင်းတောင်းလိုက်
သင့်တယ် လို့ တွေးမိသည်။
ကျုံးလီဖုန်းပိုင်သည် တစ်ဖက်လူရဲ့မျက်နှာပေါ်မှာ စိတ်ဓါတ်ကျသွားသည့် အမူအယာမျိုးကို အသည်းအသန်မြင်ချင်နေပြီ။ ဒါပေမယ့် မုချိုးက ပေါင်မုန့်တစ်ချပ်ကို မေပယ်သကြားရည် ဆမ်းလိုက်ပြီး သူ့ပန်းကန်ထဲကို ထည့်ပေးလိုက်သည်။
"များများစားသင့်တယ်။ မင်းက ပိန်လွန်းတယ်"
သူက deliသမားအကြောင်းကို လုံးဝစိတ်မဝင်စားသလို ဟန်ဆောင်နေတယ်! ဒါ အဓိပ္ပါယ်မရှိဘူး!
ကျုံးလီဖုန်းပိုင် ပေါင်မုန့်ကို ပါးစပ်အပြည့် ဆွဲဖဲ့လိုက်ပြီး သူ့ဆီ စာတစ်ဆောင် ဝင်နေတာကို တွေ့လိုက်ရသည် -- ငါ မင်းဆီ ပို့လိုက်တဲ့ ပန်းတွေကို ကြိုက်လား?ယဲ့ဖုန်းဝူ ပို့လိုက်တဲ့ပန်းတွေလေ--
ခဏ!ယဲ့ဖုန်းဝူ!
ယဲ့!ဖုန်း!ဝူ!
ယဲ့ဖုန်းဝူ......အား!!!
နာမည်ကြီးအနုပညာရှင်, ကပြားယဲ့ဖုန်းဝူ!
နှစ်ပေါင်းများစွာ သူ မျက်စိနဲ့စောင့်ကြည့်လာရတဲ့သူ!
နောက်ရိုက်မယ့် သူ့ရဲ့ရုပ်ရှင်မှာ ခေါင်းဆောင်မင်းသား အဖြစ် သရုပ်ဆောင်ခိုင်းချင်တဲ့သူ!
ဒါရိုက်တာကျုံး ချက်ချင်းပင် ဆွံအသွားရသည်။ အဲ့ဒီ ပန်းစည်းကြီးက မုချိုးဆီက မဟုတ်ဘူးပေါ့!
သူက ယဲ့ဖုန်းဝူဆီက လက်ဆောင်ကို ငြင်းလိုက်တယ်!
သူ့ဘက်ကလည်း သူ့ရဲ့ရုပ်ရှင်ကမ်းလှမ်းမှုကို ဒေါသတကြီးနဲ့လုံးဝငြင်းပယ်လိုက်မှာပဲ။ ဒါဆိုရင် သူ သုံးလကျော်လောက် ပြင်ဆင်ခဲ့ရတဲ့ ကိစ္စတွေက အရာမထင်တော့ဘူးပေါ့!ဒါ တုန်လှုပ်ခြောက်ခြားစရာပဲ!
"အဆင်ပြေရဲ့လား?" မုချိုး သူ့ကို စိုးရိမ်တကြီး ကြည့်နေသည်။
ကျုံးလီဖုန်းပိုင် ဒေါသတကြီးဖြင့် ဥက္ကဌမုဆီကို လှည့်လိုက်ပြီး ပြောလိုက်သည်။ "ဒီပန်းတွေက ခင်ဗျားဆီက မဟုတ်ဘူး!"
"ဘာပန်းတွေလဲ?" မုချိုး တွေဝေသွားပြီး အဲဒီနောက် အပျော်လွန်သွားတော့သည်။
"မင်းက ကိုယ့်ကို ပန်းပေးစေချင်တာလား?" သူ အစောကြီးကတည်းက ပြောသင့်တယ်!သူ့အတွက်ဆို ပန်းခြံကြီး တစ်ခုလုံးပါ ပေးနိုင်တယ်!
“တစ်ခုမှ မလိုချင်ဘူး!"ကျုံးလီဖုန်းပိုင် ယဲ့ဖုန်းဝူကို ဘယ်လိုရှင်းပြရင်ကောင်းမလဲ ဆိုတာကို စဥ်းစားနေရင်းနဲ့ သူ့ကမ်းလှမ်းချက်ကို ငြင်းလိုက်၏။
"အမဲသား များများစား" မုချိုး ဆန်းဝှေ့ချ်တစ်ခုကို ပေးလိုက်သည်။ ကျုံးလီဖုန်းပိုင် ယဲ့ဖုန်းဝူအကြောင်းကို စဥ်းစားနေရင်းနဲ့ ဆန်းဝှေချ်ကို ကိုက်ချလိုက်သည်။
"ဘယ်သူဆီက စာလဲ? " မုချိုး မျက်မှောင်ကျုံ့လိုက်သည်။
ဒါရိုက်တာကျုံး ဘာလုပ်ရမယ်ဆိုတာကို သိသွားပြီး ရေချိုးခန်းထဲကို ဝင်ပြီး သူ့ဆီ ဖုန်းခေါ်လိုက်သည်။
မုချိုး အပြင်ကနေ ဘာသံမှ မကြားရပေ။
ဒီအခြေအနေကို ကိုင်တွယ်ဖို့ အပြင်ကနေပဲ သူ့သူငယ်ချင်းဆီကို အကူအညီတောင်းဖို့သာ စဥ်းစားနိုင်တော့တာမို့ သူ အိုးရန်လုံဆီကို ဖုန်းခေါ်လိုက်သည်။
သူမသိတဲ့အချက်ကတော့ ဒီသူငယ်ချင်းက အခု အရမ်းကိုစိတ်အခြေအနေ ကောင်းမနေတာပဲ။ ဒါကြောင့် သူ ကိစ္စတစ်ခုလုံးကိုကြားပြီးတဲ့နောက် ပြန်ပြောဖို့တောင် မစဉ်းစားခဲ့ဘဲ....“ဒါက မင်းရဲ့ အချစ်ပြိုင်ဘက်ဆီက စာပဲဖြစ်ရမယ်”
"ဘာ?!" မုချိုး ချက်ချင်းပင် ပူထူသွားရသည်။"မင်း ဘယ်လိုလုပ်ပြီး အဲ့လိုထင်တာလဲ!"
"သာမာန်လူတွေက သူတို့ရဲ့ဧည့်သည်တွေရှေ့မှာဖုန်းဆက်ကြမှာပဲလေ။ သူက ဘာလို့ဖုန်းလေးခေါ်ဖို့လောက်နဲ့ ရေချိုးခန်းထဲကို၀င်သွားဖို့လိုတာလဲ?" အိုးရန်လုံ ပြောလိုက်သည်။
"မင်း အကောင်းဆုံးကို ကြိုမျှော်လင့်ထားရင် ပိုကောင်းမယ်။နှုတ်ဆက်ပါတယ်" ထို့နောက် သူ ဖုန်းချလိုက်သည်။
သူက တကယ်ကို တာဝန်မဲ့လွန်းတာပဲ။ ဒါပေမယ့်လည်း သူရဲ့ ခန့်မှန်းချက်တွေက တစ်နည်းမဟုတ် တစ်နည်း မှန်တတ်တယ်!ဒါကြောင့် ဘဝဆိုတာ ချာတူးလန်နေတဲ့ ဇာတ်ညွှန်းတွေနဲ့ ပြည့်နှက်နေတယ်လို့ ပြောကြတာပဲ!
ငါးမိနစ်ကြာတော့ ကျုံးလီဖုန်းပိုင် ရေချိုးခန်းထဲကနေ ထွက်လာခဲ့တော့သည်။
အဲ့ဒီအချိန်အတွင်းမှာပဲ မုချိုးတစ်ယောက် သူ့ဦးနှောက်ထဲမှာ မရေမတွက်နိုင်တဲ့ အချစ်ပြိုင်ဘက်တွေကို ဖန်းတီးပြီးနေပြီ ဖြစ်သည်။ သေတဲ့အထိ ရိုက်နှက်ချင်နေတဲ့ ပုံပင်။
"ခင်ဗျား ဘာတွေ တွေးနေတာလဲ?" ကျုံးလီဖုန်းပိုင်သည် ရှားရှားပါးပါး မူချိုးကို အရင်စမေးလိုက်သည်။ အခုအချိန်မှာတော့ သူသည် အလွန်ကို စိတ်အခြေအနေကောင်းနေတဲ့အတွက် ဂရုစိုက်မှုတစ်မျိုးမျိုးကို ပြသလိုက်၏။
ဥက္ကဌမုတစ်ယောက် လက်ရှိအချိန်ကို ပြန်ရောက်လာပြီး သူ့ရဲ့တောက်ပတဲ့ပန်းနုရောင်ပါးပြင်လေးတွေကိုကြည့်ပြီး 'စစ်မှန်တဲ့အချစ်က ပါးပြင်ကိုနီမြန်းစေခဲ့တယ်' လို့တွေးမိကာ သူ မချင့်မရဲဖြစ်မိသည်။
သူ့ကို ဒီလိုမျိုးမလုပ်သင့်ဘူး! '
"ယဲ့ဖုန်းဝူက နောက်ရုပ်ရှင်မှာ အဓိက ဇာတ်ကောင်အဖြစ် ပါမယ်လို့ သဘောတူလိုက်ပြီ!"ကျုံးလီဖုန်းပိုင် သတင်းကောင်းကို မျှဝေဖို့ တစ်စုံတစ်ယောက်ကို အရမ်းလိုအပ်နေသည်။
"ခုန ဖုန်းခေါ်တဲ့သူက အဲ့လူလား?" မုချိုး အေးစက်စွာ မေးလိုက်သည်။
ဒီလို အချိန်မျိုးမှာ တည်ငြိမ်နေရမယ်!
ကျုံးလီဖုန်းပိုင် ခေါင်းညိမ့်ပြပြီး ပြောလိုက်သည်။ "သူလွယ်လွယ်ကူကူနဲ့ သဘောတူလိုက်မယ်လို့ ထင်တောင်မထင်ထားဘူး။ သူက လူကောင်းတစ်ယောက်ပဲ"
ဒါရိုက်တာကျုံးရဲ့ ပျော်နေသည့်ပုံလေးကို ကြည့်ရင်း ဥက္ကဌမု သူ့ပါးစပ်ထဲမှာ ချဥ်လာရကာ ယဲ့ဖုန်းဝူဆိုတဲ့ကောင်ကို ဆွဲထုတ်ပြီး ရိုက်နှက်ပစ်လိုက်ချင်မိသည်။ သူ့နှလုံးသားလေးက တမြေ့မြေ့ လောင်ကျွမ်းနေရပြီလေ!
သူတို့ မနက်စာ,စားပြီးတော့ မုချိုး ကျုံးလီဖုန်းပိုင်ကို ရိုက်ကူးရေးနေရာကို လိုက်ပို့ပေးခဲ့သည်။ အဲ့ဒီနောက် သူ ကုမ္ပဏီကို သွားမယ့်အစား လမ်းဘေးတစ်နေရာမှာ ကားရပ်ပြီးတော့ သတင်းအချက်အလက်တစ်ချို့ကို ရှာလိုက်သည်။
ယဲ့ဖုန်းဝူ....နိုင်ငံသားခြောက်မျိုး(တရုတ်,ဂျပန်,စပိန်,ပေါ်တူဂီ,အမေရိကန်,အဂ်လန်)နဲ့ ပေါင်းစပ်ထားတဲ့ ကပြား......သူက ဘတ်ဂျက်မြင့်တဲ့ လိင်တူရုပ်ရှင်နဲ့ စပြီး ပွဲဦးထွက်ခဲ့ရာ ချက်ချင်းမှာပင် နာမည်ကြီးတစ်ယောက် ဖြစ်လာခဲ့.......နေပါအုံး, ဘတ်ဂျက်မြင့်တဲ့ လိင်တူရုပ်ရှင်နဲ့?
မုချိုး လင့်ခ်ထဲကို ပြတ်ပြတ်သားသားဝင်လိုက်သည်။
ဘာလဲဟ?
"LAY နှလုံးသားကို အရှက်ခွဲခြင်း " ဒီနာမည်ကြီးက ဘာနာမည်ကြီးလဲ!
ဝတ်စုံပြည့်ဝတ်ထားပြီး ယောကျ်ားဆန်ဆန် ချောမောသည့် ယောက်ျားတစ်ယောက်က ဆေးပြင်းလိပ်ကို မီးညှိနေသည့် ပုံရိပ်က ဖန်သားပြင်ပေါ်မှာ ပေါ်လာခဲ့သည်။ နတ်သမီးပုံပြင်တွေထဲက မင်းသားတစ်ပါးလိုရုပ်ရည်ရှိတဲ့သူ့ရဲ့မျက်နှာကို ကြည့်ပြီး ဥက္ကဌမုတစ်ယောက် မနာလို ၀န်တိုမှုကိုလည်း အတော်လေး ခံစားနေရကာ သူ ချောတာကို လက်မခံချင်ဘဲ လက်ခံရတော့သည်....
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
ဝမ္မုႏိုင္းႏိုင္းႏွင့္ ေသြးေႏွာကျပားဆယ္လီ
အခန္းထဲမွာေတာ့ ဆုေ႐ွာင္းႏိုသည္ ဖုန္းတစ္ခုကို လက္ခံ စကားေျပာေနရသည္။ ဒီတစ္ေခါက္ကေတာ့ က်ံဳးလီဖုန္းပိုင္ဆီက ဖုန္းဝင္လာခဲ့တာျဖစ္သည္။
"ငါ မင္းရဲ႕ မေတာ္တဆျဖစ္တဲ့ ဗီဒီယိုကို ေတြ႕လိုက္ရတယ္။ငါ့ႏွလုံးသားေလးေတာင္ ကြဲအက္သြားသလိုပဲ!" ဒါ႐ိုက္တာက်ံဳးကေတာ့ စိတ္ပိုင္းဆိုင္ရာခံစားခ်က္ေတြနဲ႔ ပတ္သတ္လာရင္ အမ်ားႀကီးအေတြ႕အၾကဳံ႐ွိေလသည္။
ဆုႏို သူ႕ရဲ႕ မံမီေျခေထာက္ကိုၾကည့္ၿပီး သက္ျပင္းခ်လိုက္ရင္း သူ႕ခ်စ္သူနဲ႔ မေတြ႕ရတဲ့ဘဝက ႀကီးမားတဲ့ေကာ္ဖီစားပြဲ တစ္လုံးနဲ႔တူတယ္ ဆိုတာကို မေတြးမိဘဲ မေနႏိုင္ေပ။
က်ံဳးလီဖုန္းပိုင္ကေတာ့ အန္ခ်င္စရာ စကားလုံးေတြကို ဆက္ၿပီး ေျပာေနသည္။ မုခ်ိဳး သူ႕ေဘးနားမွာ ရပ္ေနရင္း သူ႕ရဲ႕မ်က္လုံးမ်ားက ပူလာရသည္။
သူ႕အေပၚမွာသာ ဒီေလာက္ေလးသာ ဂ႐ုစိုက္ေပးၾကည့္ပါလား,? မာ*လာတဲ့အထိ အရမ္းကို ေပ်ာ္႐ႊင္သြားရမွာပဲ!
ဟုတ္ပါတယ္.....မစၥတာဥကၠဌႀကီးက အရမ္းကို ပြင့္လင္းၿပီး တည့္တိုးဆန္တဲ့သူပင္။
"ခင္ဗ်ားက ဘာလို႔ ကြၽန္ေတာ္႕အိမ္ထဲမွာ ႐ွိေနရေသးတာလဲ!" သူ ဖုန္းေျပာၿပီးတာနဲ႔ က်ံဳးလီဖုန္းပိုင္သည္ ခ်က္ခ်င္းပင္ မေပ်ာ္မ႐ႊင္ ျဖစ္သြားေတာ့သည္။ "လြန္ခဲ့တဲ့ငါးမိနစ္ကပဲ ခင္ဗ်ားကို ႏႈတ္ဆက္ၿပီးၿပီေလ!"
"ေကာင္းကင္ႀကီးက ေမွာင္ေနၿပီ။ တစ္ေယာက္ထဲ အိမ္ျပန္ရမွာ ေၾကာက္တယ္" မုခ်ိဳးက လုံးဝ အ႐ွက္မ႐ွိတဲ့ သူတစ္ေယာက္ပင္။ က်ံဳးလီဖုန္းပိုင္သည္ အန္ခ်င္သလိုျဖစ္ေနရၿပီး လုံးဝ႐ြံ႐ွာမုန္းတီးေနရတဲ့စိတ္ကို သည္းခံေနရသည္။
"ကိုယ့္ကို ဒီမွာ ေနခြင့္ျပဳၿပီး အခန္းပို ဌားေပးလို႔ ေက်းဇူးတင္ပါတယ္" မုခ်ိဳး တစ္ဖက္လူရဲ႕ ခြင့္ျပဳခ်က္မ႐ွိဘဲ ဆုံးျဖတ္တဲ့ေနရာမွာေတာ့ အလြန္ပဲေတာ္လွသည္။
"အခန္းပိုမွာ အိပ္လို႔ရတယ္လို႔ ကြၽန္ေတာ္ မေျပာခဲ့ဖူးဘူး!" က်ံဳးလီဖုန္းပိုင္ ေဒါသထြက္လာရသည္။
အ႐ွက္မ႐ွိတဲ့အျပဳအမူေတြကို ထပ္လုပ္ရဲေသးတယ္ေပါ့!
"ဒါဆိုရင္ မာစတာအိပ္ခန္းမွာ ကိုယ့္ကို အိပ္ေစခ်င္တာလား?" မုခ်ိဳးသည္ တစ္ဖက္လူေလးက တုန္ရီစြာေဒါသထြက္ေနသည္ကို ၾကည့္ၿပီး ေပ်ာ္႐ႊင္လာေတာ့သည္။
"..........."
က်ံဳးလီဖုန္းပိုင္ သူ႕မ်က္ႏွာကိုလက္ဝါးနဲ႔အုပ္ထား႐ုံသာတတ္ႏိုင္ေတာ့သည္။ "အခုပဲ ဧည့္သည္ခန္းမွာသြားေနလိုက္ပါေတာ့" ႐ူးသြပ္ေနတဲ့လူတစ္ေယာက္နဲ႔စကားေျပာဖို႔ ဘာအေၾကာင္းမွမ႐ွိဘူး!
ဥကၠဌမု၏စိတ္အေျခအေနက ခ်က္ခ်င္းပင္ ျမင့္တက္သြားေတာ့သည္။
ညဥ့္ဦးပိုင္း၌ မိုးႀကိဳးေတြပစ္,လွ်ပ္စီးလ်က္ေနကာ,သူတို႔ရဲ႕အသံေတြက က်ယ္လြန္းလို႔ ေကာင္းကင္ကို ႏွစ္ျခမ္းခြဲေတာ့မည့္ အတိုင္းပင္!
ေကာင္းကင္ဘုံကေတာင္ ငါ့ကိုကူညီေနတာကို ငါက လမ္းတစ္ဝက္မွာရပ္လိုက္စရာ ဘာအေၾကာင္းမ႐ွိဘူး။ မုခ်ိဳး ေခါင္းအုံးကိုေကာက္မကာ အိပ္ခန္းဆီကိုတည့္တည့္မေျပးခင္ သူ႕ႏွလုံးသားထဲမွာအ႐ူးတစ္ေယာက္လို ရယ္ေမာလိုက္သည္။
"အား! ခင္ဗ်ား႐ူးေနလား!" က်ံဳးလီဖုန္းပိုင္ကိုပင္ အိပ္မက္ကေနေတာင္ ႏိုးထေစခဲ့သည္။
"မိုးၿခိမ္းသံက ေၾကာက္စရာေကာင္းလြန္းလို႔ပါ!" မုခ်ိဳးရဲ႕အေၾကာင္းျပခ်က္က အရမ္းကိုအဓိပၸာယ္႐ွိေသာေၾကာင့္ ထိုလူက စိတ္လႈပ္႐ွားစြာျဖင့္ ေစာင္ထဲကို တိုး၀င္သြားၿပီး သူ႕ကိုေရဘဝဲတစ္ေကာင္ကဲ့သို႔ ကပ္တြယ္လိုက္သည္။
"ခင္ဗ်ားကို ေဒါသထြက္ရလြန္းလို႔ ကြၽန္ေတာ္ေသရေတာ့မွာေသခ်ာတယ္ ... " က်ံဳးလီဖုန္းပိုင္ အသက္ကို ခက္ခက္ခဲခဲ ႐ွဴေနရသည္။
"ကိုယ္အိပ္ေပ်ာ္ေနၿပီ!" မုခ်ိဳး သူ႕မ်က္လုံးေတြကို ပိတ္လိုက္ၿပီး "ေျပာခ်င္တဲ့အေၾကာင္းအရာတစ္ခုခု႐ွိရင္ မနက္ျဖန္အထိေစာင့္မွရမယ္"
"ကြၽန္ေတာ္ရဲ႕ ဘယ္အပိုင္းေတြကို သေဘာက်တာလဲ?" က်ံဳးလီဖုန္းပိုင္ နားမလည္ႏိုင္ေပ။ သူတို႔က မတူညီတဲ့ ကမ႓ာ,မတူညီတဲ့ အသိုင္းအဝိုင္းကလူေတြေလ!
"မင္းရဲ႕အရာအားလုံးကိုပဲ" မုခ်ိဳး သူ႕ကို တင္းက်ပ္စြာဖက္ထားၿပီး စိတ္ထက္သန္စြာ ေျပာလိုက္သည္။
"ဒါေပမယ့္ ခင္ဗ်ားကိုလုံးဝမႀကိဳက္ဘူး!" က်ံဳးလီဖုန္းပိုင္ မ်က္ရည္မက်ဘဲ ငိုေႂကြးမိ၏။
ဒါက ေျပာခ်င္တဲ့ အဓိကအခ်က္ပဲ!
ဒီစကားရဲ႕ သက္ေရာက္မႈက ျပင္းထန္ေပမယ့္လည္း.....သူတို႔ႏွစ္ဦးရဲ႕ ပထမဆုံးေတြ႕ဆုံတဲ့ အႀကိမ္ကေန စၿပီး ထပ္ခါထပ္ခါေျပာေနခဲ့တာပဲေလ။ ဒါ့ေၾကာင့္ မုခ်ိဳး သိပ္ၿပီး မခံစားရေပ။ အဲဒီအစားသူ႕ကိုယ္သူသာ ေစ်းဗန္းခင္းလိုက္သည္။ "ကိုယ့္မွာ ေရတြက္လို႔ေတာင္မႏိုင္တဲ့ ေကာင္းတဲ့အခ်က္ေတြ႐ွိပါတယ္"
"ဘာေတြလဲ?" သူ ဘယ္လိုမွမအိပ္ေပ်ာ္ႏိုင္ေတာ့သျဖင့္ က်ံဳးလီဖုန္းပိုင္ သူ႕ကို ျပတ္ျပတ္သားသားလွည့္ၾကည့္လိုက္သည္။
မုခ်ိဳးရဲ႕မ်က္လုံးမ်ားက အနည္းငယ္ေမွာင္သြားရသည္။
“ အိုး!” က်ံဳးလီဖုန္းပိုင္ရဲ႕ သတိေပးခ်က္ေတြက တစ္ခုၿပီးတစ္ခုျမည္သြားေတာ့သည္။ "ခင္ဗ်ား ကြၽန္ေတာ္႕ကို မသင့္ေတာ္တာတစ္ခုခုလုပ္လိုက္မယ္ဆိုရင္ ခင္ဗ်ားကိုသင္းကြပ္ပစ္မယ္!"
"ဒါဆိုရင္ မင္း,ကိုယ့္ကိုဒီလိုမ်က္လုံးေတြနဲ႔မၾကည့္တာပိုေကာင္းမယ္"
မုခ်ိဳးသည္ သားရဲဆန္ဆန္ ခုန္အုပ္ၿပီး သူ႕ရဲ႕ အဝတ္ေတြကို ဆြဲၿဖဲကာ ျပင္းျပင္း႐ွ႐ွ႐ွိတဲ့ အခ်စ္ေတြကို ဖန္တီးလိုက္ခ်င္သည္။ သူ မထိန္းႏိုင္ေတာ့ဘဲ သူ႕မ်က္လုံးထဲတြင္ ရာဂမီးေတြ ေတာက္ေလာင္ေနၿပီး သူ႕ရည္႐ြယ္ခ်က္ေတြကို ဖြင့္ဟျပေနသလိုပင္။
အဲ့ဒါနဲ႔ပဲ က်ံဳးလီဖုန္းပိုင္တစ္ေယာက္ ျပတ္ျပတ္သားသားပင္ ျပန္လွည့္ကာ သူကို ေနာက္ေက်ာ ေပးထားလိုက္ရသည္။
ဒါ တကယ္ကိုေၾကာက္စရာေကာင္းလြန္းတယ္!
"ကိုယ္တို႔ ဘာအေၾကာင္းေျပာေနတာလဲ?" ျဖစ္ပ်က္သြားၿပီးေနာက္ မုခ်ိဳးသည္ သူတို႔ေျပာေနခဲ့သည့္စကားစမ်ားကို ေမ့သြားေလသည္။
က်ံဳးလီဖုန္းပိုင္က “ခင္ဗ်ားမွာေကာင္းတဲ့အခ်က္ေတြ႐ွိတယ္ဆိုတဲ့ အေၾကာင္းေရာက္ေနၿပီ” အဲ့ဒါေတြက ႐ွိေတာင္မ႐ွိဘဲနဲ႔မ်ား!
"ကိုယ္မွာပိုက္ဆံ႐ွိတယ္၊ မင္းကိုလည္း ဂ႐ုစိုက္ႏိုင္တယ္" ဥကၠဌမု၏အေျဖက ညစ္ညမ္းတဲ့သူေဌးတစ္ဦးရဲ႕ စ႐ိုက္အတိုင္းပင္။
က်ံဳးလီဖုန္းပိုင္ သူ႕မ်က္လုံးေတြကို တိတ္တဆိတ္,လွန္လိုက္၏။ ဒီလိုေတြပဲ လာမွာဆိုတာ သိသားပဲ !
“ကိုယ္က ဟင္းခ်က္ႏိုင္တယ္။ ကိုယ္ မင္းကိုအရမ္းဂ႐ုစိုက္ႏိုင္တယ္" မုခ်ိဳး ဆက္ေျပာသည္။
ဒါကဂုဏ္ယူစရာမွမဟုတ္တာ! က်ံဳးလီဖုန္းပိုင္ အထင္မႀကီးေပ။
“မင္းပင္ပန္းတဲ့အခါ ကိုယ္ မင္းကိုႏွိပ္ေပးႏိုင္တယ္။ မင္းစိတ္ညစ္ေနရင္လည္း ကိုယ္ မင္းကိုခရီးေခၚသြားေပးႏိုင္တယ္။ ကုန္ကုန္ေျပာရရင္ကြာ....ကိုယ္က မင္းကို ေပ်ာ္႐ႊင္ေစမွာေသခ်ာပါတယ္ ”
မုခ်ိဳး သူ႕ကိုအေနာက္ကေနေပြ႕ဖက္လိုက္သည္။ "ကိုယ့္ကို အခြင့္အေရးတစ္ခုေလာက္ ေပးၾကည့္ပါလား?"
သူက ဒီေလာက္ႏူးညံ့တဲ့စကားေတြကို ေျပာႏိုင္ပါ့မလား?
က်ံဳးလီဖုန္းပိုင္ကေတာ့ သူက ခ်ာတူးလန္ေနတဲ့ ညစ္ညမ္းစာအုပ္ထဲက စာေၾကာင္းေတြကို က်က္လာၿပီး ျပန္ေျပာေနတယ္ဟုထင္ၿပီး စိတ္ထဲကေန ႏွာေခါင္း႐ႈံ႕လိုက္သည္။
မုခ်ိဳးသည္ တစ္ဖက္လူက ဘာမွမေျပာဘဲေနတာကိုျမင္တာနဲ႔ 'ဆိတ္ဆိတ္ေနျခင္းက ခြင့္ျပဳတယ္'ဆိုတဲ့ လူတစ္မ်ိဳးကို ေတြးမိသြားၿပီး တစ္ဖက္လူကို ျပတ္သားစြာျဖင့္ ဆြဲလွန္လိုက္ၿပီး နမ္းလိုက္သည္။
ဖာ့ခ္!! က်ံဳးလီဖုန္းပိုင္၏မ်က္လုံးမ်ားသည္ ညစာပန္းကန္ျပားအ႐ြယ္အစားအထိ က်ယ္သြားေတာ့သည္။
အခု!
ဘာျဖစ္!
သြား!
တာလဲ!
သူ အတင္းအၾကပ္နမ္းခံလိုက္ရတယ္!အား!!!!
အလိုမတူတဲ့အနမ္းတစ္ခု!
သူ စိတ္ပ်က္သြားၿပီးသူ႕ဒူးေခါင္းကို အလင္းရဲ႕အျမန္ႏႈန္းနဲ႔ မလိုက္ေလသည္။
"အား!!!" ဥကၠဌမု စိတ္ပ်က္လက္ပ်က္ျဖင့္ ေအာ္ဟစ္လိုက္ၿပီး သူရဲ႕ ထြားက်ိဳင္းတဲ့ခႏၶာကိုယ္ႀကီးသည္ တဖက္သူအေပၚမွ လိမ့္က်သြားကာ....သူ႕လက္ႏွစ္ဖက္လုံးကလည္း အဲ့ဒီေနရာ*ကို အုပ္ထားရေတာ့သည္။
"ခင္ဗ်ား....က်ဳပ္ကိုနမ္းရဲတယ္ေပါ့ေလ !!"
က်ံဳးလီဖုန္းပိုင္ အိပ္ရာေဘးက ညအိပ္မီးကို ဖြင့္လိုက္ၿပီး သူ႕စိတ္ထဲမွာလည္း ထိတ္လန္႔မႈႏွင့္ေဒါသတို႔က တၿပိဳင္နက္တည္း ကန္႔လန္႔ျဖတ္ေျပးသြားသည္။
မုခ်ိဳး၏မ်က္လုံးမ်ားက နီရဲလာကာ ေယာက်္ားဆန္ဆန္ သည္းခံဖို႔ ႀကိဳးစားလိုက္သည္။ ဒါေပမယ့္လည္း အခုအခ်ိန္မွာ ေယာက်္ားပီသဖို႔ ဘယ္လိုမွ မျဖစ္ႏိုင္ဘူးေလ။ ဘာလို႔လဲဆိုေတာ့ ဒါကအရမ္းနာက်င္လြန္းလို႔ေပါ့။ သူ႕တစ္ကိုယ္လုံး အသက္႐ွဴက်ပ္သြားသလို ခံစားလိုက္ရ၏။
"ခင္ဗ်ားကို စားသုံးသူအသင္းမွာ တရားစြဲမယ္ "
အႏုပညာ႐ွင္လူငယ္ေလးေတြရဲ႕ အေတြးေတြကေတာ့ တကယ့္ကိုထူးျခားပါ၏။
"မင္း ကိုယ့္အတြက္ အရင္ဆုံး ၁၂၀ ကို ဖုန္းေခၚေပးသင့္တယ္ " မုခ်ိဳး သူ႕ရဲ႕ခႏၶာကိုယ္တစ္ခုလုံး အားမ႐ွိစြာ လွဲခ်လိုက္ၿပီး ေနာက္ဆုံးမွာေတာ့ အသက္ျပန္႐ွဴလို႔ရေတာ့သည္။
သူ ဘာေၾကာင့္ ပိုၿပီးညင္ညင္သာသာ မလုပ္ႏိုင္ရတာလဲ!
က်ံဳးလီဖုန္းပိုင္ သူ႕ကို အာ႐ုံစိုက္ဖို႔ စိတ္မဝင္စားေတာ့ဘဲ အိပ္ယာေပၚ ျပန္လွဲခ်လိုက္သည္။
ဒူးေခါင္းရဲ႕ အက်ိဳးသက္ေရာက္မႈကေတာ့ ႐ွင္း႐ွင္းပင္။မုခ်ိဳး တစ္ညလုံး ခံစားလိုက္ရၿပီး သူ႕ကိုထပ္ၿပီး မေႏွာင့္ယွက္ရဲေတာ့ေပ။
ေနာက္တစ္ေန႔မနက္ေရာက္ေတာ့ သူတို႔ႏွစ္ေယာက္သည္ ဆုႏိုရဲ႕ လက္႐ွိအေျခအေနအေၾကာင္းတင္ဆက္ေနတဲ့ သတင္းကိုၾကည့္ရင္း မနက္စာ,စားေနၾကသည္။အဲ့ဒီအခ်ိန္မွာပဲ တစ္စုံတစ္ေယာက္က တံခါးေခါက္လာခဲ့သည္။
"ကိုယ္ သြားဖြင့္လိုက္မယ္!" အရမ္းကို အလုပ္ႀကိဳးစားတတ္တဲ့ မုခ်ိဳးပါပဲ။
"ခင္ဗ်ားကို ေနရာကေန ေ႐ႊ႕ခြင့္မျပဳႏိုင္ဘူး!" က်ံဳးလီဖုန္းပိုင္ သူ႕ကိုခ်က္ခ်င္းတားလိုက္သည္။
ေျပာရရင္ သူကနာမည္ႀကီးတစ္ေယာက္ေလ။ အကယ္၍ သတင္းေထာက္တစ္ေယာက္က မုခ်ိဳးကို သူ႕အိမ္ထဲမွာေတြ႕သြားရင္ သူက ညစ္ပတ္တဲ့သူေဌးနဲ႔ဆက္ႏႊယ္ေနတယ္လို႔ အေျပာခံရၿပီး သူေသသြားႏိုင္တယ္။ သူ႕ရဲ႕အႏုပညာအရည္အေသြးေတြကလည္း က်ိန္းေသေပါက္ က်ဆင္းသြားလိမ့္မယ္!
မုခ်ိဳးကေတာ့ စိတ္ခံစားခ်က္ျပင္းျပေနသည့္ မ်က္လုံးမ်ားျဖင့္ သူသြားရာတစ္ေလွ်ာက္ လိုက္ၾကည့္ေတာ့သည္။
"ဒါ႐ိုက္တာက်ံဳးလား?" Deliသမားက ႏွင္းဆီပန္းစည္းႀကီးတစ္ခုကို ကိုင္ထားသည္။
"........."
ဒါက ဘယ္လိုအေျခအေနမ်ိဳးလဲ! က်ံဳးလီဖုန္းပိုင္ စိတ္႐ႈပ္သြားရကာ သူ စားပြဲခုံ႐ွိရာဘက္ ကိုလွည့္ၾကည့္လိုက္၏။ သူ ပထမဆုံးသူေတြးတာက အဲဒီေနရာမွာထိုင္ေနတဲ့လူရဲ႕ၾကံစည္မႈပဲေပါ့!
ဒီအခ်ိန္မွာ မုခ်ိဳးဆိုတဲ့ေကာင္ ရယ္ေနေလာက္ၿပီ။ သူ႕ရဲ႕ ယုတ္မာတဲ့ ဇာတ္လမ္းက အဆင္ေျပေျပ႐ွိေနတာကို ဂုဏ္ျပဳေနေရာေပါ့!
မနက္ခင္းမွာ ႏွင္းဆီပန္းေတြပို႔တာက တကယ္ကို ဒိတ္ေအာက္ေနတဲ့နည္းလမ္းပဲ။ ဒါေၾကာင့္ သူ လက္မခံခ်င္ခဲ့ေပ။ထို႔ေၾကာင့္ က်ံဳးလီဖုန္းပိုင္က "ငါလက္မခံဘူး" ဟု ေအးစက္စြာေျပာလိုက္သည္။
“ဒါဆို လူႀကီးမင္း လက္ခံဖို႔ျငင္းဆို,ဆိုတဲ့ေဘးနားမွာ ေက်းဇူးျပဳၿပီးလက္မွတ္ထိုးေပးပါ ”
deliသမားက ဒီအေျခအေနမ်ိဳးကို ၾကဳံဖူးမွန္းသိသာၿပီး ေဘာပင္ကို တည္ၿငိမ္စြာေပးလိုက္သည္။
ဒါ႐ိုက္တာက်ံဳး သူ႕စိတ္ထဲမွာ ေပ်ာ္ပြဲ႐ႊင္ပြဲအကေလးတစ္ခုကိုကျပရင္း လန္းလန္းဆန္းဆန္း တက္တက္ႂကြႂကြနဲ႔လက္မွတ္ထိုးေပးလိုက္သည္။ ထို႔ေနာက္ သူ လက္ဗလာနဲ႔ ထမင္းစား,စားပြဲဆီကို ျပန္လာခဲ့သည္။
"အဲဒါဘယ္သူလဲ?" မုခ်ိဳး ေမးလိုက္သည္။
ခင္ဗ်ားသိၿပီးသားကို ဒီလိုေမးတာက တကယ္ကို အလိမ္အညာေတြပဲေနာ္။ က်ံဳးလီဖုန္းပိုင္ သစ္သီးေဖ်ာ္ရည္ကို တစ္ငုံေသာက္လိုက္ၿပီး ေမးလိုက္သည္။
"ခင္ဗ်ား ဘယ္လိုထင္လဲ?"
ကိုယ္ထင္တာ?
မုခ်ိဳး ခဏတာ ေၾကာင္အသြားၿပီးေနာက္ စိတ္လႈပ္႐ွားလာရသည္။
အခု သူတို႔က ခ်စ္သူေတြကစားၾကတဲ့ ခန္႔မွန္းတဲ့ကစားနည္းကိုကစားေနၾကတာလား? ဒီကစားနည္းက ခံစားခ်က္ေတြ တိုးတက္လာဖို႔အတြက္ အရမ္းေကာင္းတယ္။
ဒါေၾကာင့္ သူ စိတ္လႈပ္႐ွားစြာျဖင့္ ေမးလိုက္သည္။
“ကိုယ္ ဘယ္ႏွစ္ခါမွန္းလို႔ရလဲ?”
"တစ္ခါပဲ" က်ံဳးလီဖုန္းပိုင္သည္လည္း လူလိမ္စီးပြားေရးသမားတစ္ေယာက္လို ညစ္လိုက္သည္။
“ကိုယ္ မွန္တယ္ဆိုရင္ ဆုရမွာလား?”မုခ်ိဳး အ႐ႈံးမေပးဘဲ သူရဲ႕ပထမဆုံးဆုရမည့္ အခြင့္အေရးကိုဆုပ္ကိုင္လိုက္သည္။
“ မရဘူး!” က်ံဳးလီဖုန္းပိုင္ လက္မခံေပ။
သူ အေတာ္ေလး စိတ္ပ်က္သြားေပမယ့္လည္း....သူ ဒါကိုလည္း လက္ခံႏိုင္ပါတယ္။
မုခ်ိဳး ခဏစဥ္းစားၿပီး ေျပာလိုက္သည္ “ အဲဒါ deliသမားပဲ ျဖစ္ရမယ္”
သူမွန္သြားမယ္လို႔ သူမထင္ခဲ့ဘူး,ဒါေပမယ့္ တကယ္ႀကီး မွန္သြားတယ္ဟ!!ဒါဆို ဒီပန္းေတြက မုခ်ိဳးဆီကပဲ ဆိုတာ ေသခ်ာသြားၿပီ!ႏွင္းဆီျပာ ျဖစ္ျဖစ္ ဘာႀကီးပဲျဖစ္ျဖစ္ ေတာ္ေတာ္ေလးကို အလြန္အကြၽံသုံးထားတာပဲ!
က်ံဳးလီဖုန္းပိုင္ တည္ၿငိမ္စြာျဖင့္ "ကြၽန္ေတာ္ ျငင္းလိုက္တယ္"
"တကယ္ပဲ deliသမားလား?" မုခ်ိဳး ဒီေမးခြန္းက အရမ္းလြယ္မွန္းသိရင္ ဆုကို အတင္းေတာင္းလိုက္
သင့္တယ္ လို႔ ေတြးမိသည္။
က်ံဳးလီဖုန္းပိုင္သည္ တစ္ဖက္လူရဲ႕မ်က္ႏွာေပၚမွာ စိတ္ဓါတ္က်သြားသည့္ အမူအယာမ်ိဳးကို အသည္းအသန္ျမင္ခ်င္ေနၿပီ။ ဒါေပမယ့္ မုခ်ိဳးက ေပါင္မုန္႔တစ္ခ်ပ္ကို ေမပယ္သၾကားရည္ ဆမ္းလိုက္ၿပီး သူ႕ပန္းကန္ထဲကို ထည့္ေပးလိုက္သည္။
"မ်ားမ်ားစားသင့္တယ္။ မင္းက ပိန္လြန္းတယ္"
သူက deliသမားအေၾကာင္းကို လုံးဝစိတ္မဝင္စားသလို ဟန္ေဆာင္ေနတယ္! ဒါ အဓိပၸါယ္မ႐ွိဘူး!
က်ံဳးလီဖုန္းပိုင္ ေပါင္မုန္႔ကို ပါးစပ္အျပည့္ ဆြဲဖဲ့လိုက္ၿပီး သူ႕ဆီ စာတစ္ေဆာင္ ဝင္ေနတာကို ေတြ႕လိုက္ရသည္ -- ငါ မင္းဆီ ပို႔လိုက္တဲ့ ပန္းေတြကို ႀကိဳက္လား?ယဲ့ဖုန္းဝူ ပို႔လိုက္တဲ့ပန္းေတြေလ--
ခဏ!ယဲ့ဖုန္းဝူ!
ယဲ့!ဖုန္း!ဝူ!
ယဲ့ဖုန္းဝူ......အား!!!
နာမည္ႀကီးအႏုပညာ႐ွင္, ကျပားယဲ့ဖုန္းဝူ!
ႏွစ္ေပါင္းမ်ားစြာ သူ မ်က္စိနဲ႔ေစာင့္ၾကည့္လာရတဲ့သူ!
ေနာက္႐ိုက္မယ့္ သူ႕ရဲ႕႐ုပ္႐ွင္မွာ ေခါင္းေဆာင္မင္းသား အျဖစ္ သ႐ုပ္ေဆာင္ခိုင္းခ်င္တဲ့သူ!
ဒါ႐ိုက္တာက်ံဳး ခ်က္ခ်င္းပင္ ဆြံအသြားရသည္။ အဲ့ဒီ ပန္းစည္းႀကီးက မုခ်ိဳးဆီက မဟုတ္ဘူးေပါ့!
သူက ယဲ့ဖုန္းဝူဆီက လက္ေဆာင္ကို ျငင္းလိုက္တယ္!
သူ႕ဘက္ကလည္း သူ႕ရဲ႕႐ုပ္႐ွင္ကမ္းလွမ္းမႈကို ေဒါသတႀကီးနဲ႔လုံးဝျငင္းပယ္လိုက္မွာပဲ။ ဒါဆိုရင္ သူ သုံးလေက်ာ္ေလာက္ ျပင္ဆင္ခဲ့ရတဲ့ ကိစၥေတြက အရာမထင္ေတာ့ဘူးေပါ့!ဒါ တုန္လႈပ္ေျခာက္ျခားစရာပဲ!
"အဆင္ေျပရဲ႕လား?" မုခ်ိဳး သူ႕ကို စိုးရိမ္တႀကီး ၾကည့္ေနသည္။
က်ံဳးလီဖုန္းပိုင္ ေဒါသတႀကီးျဖင့္ ဥကၠဌမုဆီကို လွည့္လိုက္ၿပီး ေျပာလိုက္သည္။ "ဒီပန္းေတြက ခင္ဗ်ားဆီက မဟုတ္ဘူး!"
"ဘာပန္းေတြလဲ?" မုခ်ိဳး ေတြေဝသြားၿပီး အဲဒီေနာက္ အေပ်ာ္လြန္သြားေတာ့သည္။
"မင္းက ကိုယ့္ကို ပန္းေပးေစခ်င္တာလား?" သူ အေစာႀကီးကတည္းက ေျပာသင့္တယ္!သူ႕အတြက္ဆို ပန္းျခံႀကီး တစ္ခုလုံးပါ ေပးႏိုင္တယ္!
“တစ္ခုမွ မလိုခ်င္ဘူး!"က်ံဳးလီဖုန္းပိုင္ ယဲ့ဖုန္းဝူကို ဘယ္လို႐ွင္းျပရင္ေကာင္းမလဲ ဆိုတာကို စဥ္းစားေနရင္းနဲ႔ သူ႕ကမ္းလွမ္းခ်က္ကို ျငင္းလိုက္၏။
"အမဲသား မ်ားမ်ားစား" မုခ်ိဳး ဆန္းေဝွ႔ခ်္တစ္ခုကို ေပးလိုက္သည္။ က်ံဳးလီဖုန္းပိုင္ ယဲ့ဖုန္းဝူအေၾကာင္းကို စဥ္းစားေနရင္းနဲ႔ ဆန္းေဝွခ်္ကို ကိုက္ခ်လိုက္သည္။
"ဘယ္သူဆီက စာလဲ? " မုခ်ိဳး မ်က္ေမွာင္က်ံဳ႕လိုက္သည္။
ဒါ႐ိုက္တာက်ံဳး ဘာလုပ္ရမယ္ဆိုတာကို သိသြားၿပီး ေရခ်ိဳးခန္းထဲကို ဝင္ၿပီး သူ႕ဆီ ဖုန္းေခၚလိုက္သည္။
မုခ်ိဳး အျပင္ကေန ဘာသံမွ မၾကားရေပ။
ဒီအေျခအေနကို ကိုင္တြယ္ဖို႔ အျပင္ကေနပဲ သူ႕သူငယ္ခ်င္းဆီကို အကူအညီေတာင္းဖို႔သာ စဥ္းစားႏိုင္ေတာ့တာမို႔ သူ အိုးရန္လုံဆီကို ဖုန္းေခၚလိုက္သည္။
သူမသိတဲ့အခ်က္ကေတာ့ ဒီသူငယ္ခ်င္းက အခု အရမ္းကိုစိတ္အေျခအေန ေကာင္းမေနတာပဲ။ ဒါေၾကာင့္ သူ ကိစၥတစ္ခုလုံးကိုၾကားၿပီးတဲ့ေနာက္ ျပန္ေျပာဖို႔ေတာင္ မစဥ္းစားခဲ့ဘဲ....“ဒါက မင္းရဲ႕ အခ်စ္ၿပိဳင္ဘက္ဆီက စာပဲျဖစ္ရမယ္”
"ဘာ?!" မုခ်ိဳး ခ်က္ခ်င္းပင္ ပူထူသြားရသည္။"မင္း ဘယ္လိုလုပ္ၿပီး အဲ့လိုထင္တာလဲ!"
"သာမာန္လူေတြက သူတို႔ရဲ႕ဧည့္သည္ေတြေ႐ွ႕မွာဖုန္းဆက္ၾကမွာပဲေလ။ သူက ဘာလို႔ဖုန္းေလးေခၚဖို႔ေလာက္နဲ႔ ေရခ်ိဳးခန္းထဲကို၀င္သြားဖို႔လိုတာလဲ?" အိုးရန္လုံ ေျပာလိုက္သည္။
"မင္း အေကာင္းဆုံးကို ႀကိဳေမွ်ာ္လင့္ထားရင္ ပိုေကာင္းမယ္။ႏႈတ္ဆက္ပါတယ္" ထို႔ေနာက္ သူ ဖုန္းခ်လိုက္သည္။
သူက တကယ္ကို တာဝန္မဲ့လြန္းတာပဲ။ ဒါေပမယ့္လည္း သူရဲ႕ ခန္႔မွန္းခ်က္ေတြက တစ္နည္းမဟုတ္ တစ္နည္း မွန္တတ္တယ္!ဒါေၾကာင့္ ဘဝဆိုတာ ခ်ာတူးလန္ေနတဲ့ ဇာတ္ၫႊန္းေတြနဲ႔ ျပည့္ႏွက္ေနတယ္လို႔ ေျပာၾကတာပဲ!
ငါးမိနစ္ၾကာေတာ့ က်ံဳးလီဖုန္းပိုင္ ေရခ်ိဳးခန္းထဲကေန ထြက္လာခဲ့ေတာ့သည္။
အဲ့ဒီအခ်ိန္အတြင္းမွာပဲ မုခ်ိဳးတစ္ေယာက္ သူ႕ဦးေႏွာက္ထဲမွာ မေရမတြက္ႏိုင္တဲ့ အခ်စ္ၿပိဳင္ဘက္ေတြကို ဖန္းတီးၿပီးေနၿပီ ျဖစ္သည္။ ေသတဲ့အထိ ႐ိုက္ႏွက္ခ်င္ေနတဲ့ ပုံပင္။
"ခင္ဗ်ား ဘာေတြ ေတြးေနတာလဲ?" က်ံဳးလီဖုန္းပိုင္သည္ ႐ွား႐ွားပါးပါး မူခ်ိဳးကို အရင္စေမးလိုက္သည္။ အခုအခ်ိန္မွာေတာ့ သူသည္ အလြန္ကို စိတ္အေျခအေနေကာင္းေနတဲ့အတြက္ ဂ႐ုစိုက္မႈတစ္မ်ိဳးမ်ိဳးကို ျပသလိုက္၏။
ဥကၠဌမုတစ္ေယာက္ လက္႐ွိအခ်ိန္ကို ျပန္ေရာက္လာၿပီး သူ႕ရဲ႕ေတာက္ပတဲ့ပန္းႏုေရာင္ပါးျပင္ေလးေတြကိုၾကည့္ၿပီး 'စစ္မွန္တဲ့အခ်စ္က ပါးျပင္ကိုနီျမန္းေစခဲ့တယ္' လို႔ေတြးမိကာ သူ မခ်င့္မရဲျဖစ္မိသည္။
သူ႕ကို ဒီလိုမ်ိဳးမလုပ္သင့္ဘူး! '
"ယဲ့ဖုန္းဝူက ေနာက္႐ုပ္႐ွင္မွာ အဓိက ဇာတ္ေကာင္အျဖစ္ ပါမယ္လို႔ သေဘာတူလိုက္ၿပီ!"က်ံဳးလီဖုန္းပိုင္ သတင္းေကာင္းကို မွ်ေဝဖို႔ တစ္စုံတစ္ေယာက္ကို အရမ္းလိုအပ္ေနသည္။
"ခုန ဖုန္းေခၚတဲ့သူက အဲ့လူလား?" မုခ်ိဳး ေအးစက္စြာ ေမးလိုက္သည္။
ဒီလို အခ်ိန္မ်ိဳးမွာ တည္ၿငိမ္ေနရမယ္!
က်ံဳးလီဖုန္းပိုင္ ေခါင္းညိမ့္ျပၿပီး ေျပာလိုက္သည္။ "သူလြယ္လြယ္ကူကူနဲ႔ သေဘာတူလိုက္မယ္လို႔ ထင္ေတာင္မထင္ထားဘူး။ သူက လူေကာင္းတစ္ေယာက္ပဲ"
ဒါ႐ိုက္တာက်ံဳးရဲ႕ ေပ်ာ္ေနသည့္ပုံေလးကို ၾကည့္ရင္း ဥကၠဌမု သူ႕ပါးစပ္ထဲမွာ ခ်ဥ္လာရကာ ယဲ့ဖုန္းဝူဆိုတဲ့ေကာင္ကို ဆြဲထုတ္ၿပီး ႐ိုက္ႏွက္ပစ္လိုက္ခ်င္မိသည္။ သူ႕ႏွလုံးသားေလးက တေျမ့ေျမ့ ေလာင္ကြၽမ္းေနရၿပီေလ!
သူတို႔ မနက္စာ,စားၿပီးေတာ့ မုခ်ိဳး က်ံဳးလီဖုန္းပိုင္ကို ႐ိုက္ကူးေရးေနရာကို လိုက္ပို႔ေပးခဲ့သည္။ အဲ့ဒီေနာက္ သူ ကုမၸဏီကို သြားမယ့္အစား လမ္းေဘးတစ္ေနရာမွာ ကားရပ္ၿပီးေတာ့ သတင္းအခ်က္အလက္တစ္ခ်ိဳ႕ကို ႐ွာလိုက္သည္။
ယဲ့ဖုန္းဝူ....ႏိုင္ငံသားေျခာက္မ်ိဳး(တ႐ုတ္,ဂ်ပန္,စပိန္,ေပၚတူဂီ,အေမရိကန္,အဂ္လန္)နဲ႔ ေပါင္းစပ္ထားတဲ့ ကျပား......သူက ဘတ္ဂ်က္ျမင့္တဲ့ လိင္တူ႐ုပ္႐ွင္နဲ႔ စၿပီး ပြဲဦးထြက္ခဲ့ရာ ခ်က္ခ်င္းမွာပင္ နာမည္ႀကီးတစ္ေယာက္ ျဖစ္လာခဲ့.......ေနပါအုံး, ဘတ္ဂ်က္ျမင့္တဲ့ လိင္တူ႐ုပ္႐ွင္နဲ႔?
မုခ်ိဳး လင့္ခ္ထဲကို ျပတ္ျပတ္သားသားဝင္လိုက္သည္။
ဘာလဲဟ?
"LAY ႏွလုံးသားကို အ႐ွက္ခြဲျခင္း " ဒီနာမည္ႀကီးက ဘာနာမည္ႀကီးလဲ!
ဝတ္စုံျပည့္ဝတ္ထားၿပီး ေယာက်္ားဆန္ဆန္ ေခ်ာေမာသည့္ ေယာက်္ားတစ္ေယာက္က ေဆးျပင္းလိပ္ကို မီးညႇိေနသည့္ ပုံရိပ္က ဖန္သားျပင္ေပၚမွာ ေပၚလာခဲ့သည္။ နတ္သမီးပုံျပင္ေတြထဲက မင္းသားတစ္ပါးလို႐ုပ္ရည္႐ွိတဲ့သူ႕ရဲ႕မ်က္ႏွာကို ၾကည့္ၿပီး ဥကၠဌမုတစ္ေယာက္ မနာလို ၀န္တိုမႈကိုလည္း အေတာ္ေလး ခံစားေနရကာ သူ ေခ်ာတာကို လက္မခံခ်င္ဘဲ လက္ခံရေတာ့သည္....