ဒုံဆူသည် အဓမ္မကျင့်ခံရသည့် မိန်းကလေးတစ်ယောက်လို ရုံးခန်းထဲက ဆိုဖာမှာ ထိုင်ရင်း တရှုံ့ရှုံ့လုပ်ကာ ငိုနေသည်။ ငိုနေရင်းနဲ့သာ ဂျွန်ဆန်း ၏ အာရုံတွေ သူ့ထံရောက်လာလိမ့်မလားဟု ခဏခဏ ခိုးကြည့်တတ်သေးသည်။
"အမယ်လေး ကောင်းကြသေးရဲ့လား ဆောလုပ်ငန်းစုရဲ့ အသစ်စက်စက် CEO ကြီးက ကျွန်တော့်ကို စားပြီးနားမလည်လုပ်တယ် ကျွန်တော့်ကို အပျော်ကြံတယ်
ကြားလို့မှ ကောင်းကြသေးရဲ့လား ''
အသံပါဝါကောင်းမွန်လှသည့် ဘတ်ဒုံဆူကြောင့် Kitty မှာ ရှောင်ကျန့်ကျွေးထားသည့် အာလူးကြော်ဘူးတောင်ပြုတ်ကျမတတ်ပင် ။
ထို့နောက် အာလူးကြော်ဘူးလေးအား ပိုက်ကာ ခပ်ဝေးဝေးကို လစ်ပြေးတော့သည်။
"ရား ဘတ်ဒုံဆူ တော်တော့ ခင်ဗျားအပေါက်ကို ကိုယ်တိုင်ပိတ်မလား ကျွန်တော်လာပိတ်ရမလား တစ်ခုရွေး ''
ဂျွန်ဆန်း၏ ဒေါသမပါသော ဆူပူသံကြောင့် လုပ်ယူထားသည်မျက်ရည်အတုတွေနှင့် ဘတ်ဒုံဆူ က ပြဲပြဲစင်အောင် ပို၍ အော်ငိုသည်။
"မြင်လား မြင်ကြရဲ့လား CEO က ကျွန်တော့်ကို နိုပ်စက်နေပါတယ် ''
"ကျစ် ဘယ်လိုဖြစ်နေတာလဲ ဘတ်ဒုံဆူ တကယ်လည်းမဟုတ်ဘဲနဲ့ အာပြဲကြီးနဲ့ ထထအော်နေတာ ''
"အခုတော့ ငြိုငြင်တာပေါ့ အရင်က ကန်ရေပြင်ကိုတိုင်တည်ပြီး ချစ်ပါတယ်ဆိုပြီးအော်ပြောခဲ့တာ ဘယ်သူလဲ အခုလက်ထပ်မယ်ဆိုကာရှိသေး သူများကို အော်နေပြီ ''
"ဘတ်ဒုံဆူရေ ဒီလောက်နဲ့ပဲ တော်ပါတော့ဟယ် ငါစိတ်တွေတကယ်ညစ်လာပြီဟဲ့ကမရဲ့''
"ကမရယ် လက်ထပ်မယ်လို့ပြောလေ အဲ့တာဆို ''
T.N:ရှိပြီလား ကိုယ်ပေါရင်လိုက်ပေါမယ့်ဘဲမျိုး :)
"ဟုတ်ပြီ ဟုတ်ပြီ လက်ထပ်ကြမယ် ကျေနပ်ပြီလား ''
ဒုံဆူက ချက်ချင်း ပုံစံပြောင်းသွားကာ ခုနက ပေါတောတော ပုံစံ နဲ့ လားလားမျှမဆိုင်။
လက်သီးလက်မောင်းတန်းကာ လေထဲကို လက်သီးတစ်ချက် ပစ်ခွင်းပြီး အော်လိုက်သည်။
"ရေး..ဆောဂျွန်ဆန်းက ငါ့ကို လက်ထပ်မယ်တဲ့ ''
ပြေးလာပြီး ပွေ့ချီလိုက်တဲ့ ချစ်သူကြောင့် ဂျွန်ဆန်းမှာ အလန့်တကြား ဒုံဆူ့လည်ပင်းကို ဖက်လိုက်သည် ။
...............
"ဘာ တကယ်ပြောနေတာလား ဂျွန်ဆန်းက လက်ထပ်တော့မယ် မဖြစ်နိုင်တာ ''
ဟာမင်ယောင်းသည် ကြားလိုက်ရသောစကားကြောင့် လက်ထဲက ကိတ်မုန့်ဗန်းလေးမှာ တုန်ယင်သွားရသည်။ ကိတ်မုန့်ဆိုင်မှာ အလုပ်လုပ်နေရင်း နောက်နားကျကျမှ မိန်းကလေးနှစ်ဦး ပြောနေကြတာကို ကြားလိုက်ရခြင်းဖြစ်သည်။
"ဟုတ်တယ် သူက အဲ့လူနဲ့တတွဲတွဲလုပ်နေတာကြာသေးတာမဟုတ်ဘူးတဲ့ ရုံးခန်းထိတောင် အဲ့လူက လာတတ်တာတဲ့ ''
"သူက ကျောင်းမှာတုန်းက သူ့သူငယ်ချင်း ဟိုတစ်ယောက်လေ စာတော်တဲ့တစ်ယောက် ''
"ဟာမင်ယောင်းလား ''
"အေး ဟုတ်တယ် ဟာမင်ယောင်းကို သဘောကျတယ်လို့ ဖွင့်ပြောဖူးတယ်တဲ့''
"ဟာမင်ယောင်းက အဖြောင့်ကြီးလေ သူငယ်ချင်းသံယောဇဉ်တောင်မထောက်ဘူး လူကြားထဲမှာ အပြတ်ငြင်းပစ်တာလေ ''
"ဟုတ်လား အဲ့နေ့က ငါကျောင်းမလာဘူးထင်တယ် မသိလိုက်ဘူးဆိုတော့ အဲ့တာတွေထားပါတော့ ဒါနဲ့ နင့်သတင်းက သေချာလို့လား ''
" အတိအကျပဲနော် ငါ့အစ်မက ဆောဂျွန်ဆန်း တို့ လုပ်ငန်းစုမှာ အလုပ်လုပ်တာလေ ''
"Woww ငါတို့ Group Chat မှာ သတင်းလွှင့်လိုက်တော့မယ် သိတယ်မလား Fujo မတစ်သိုက်ကတော့ Support ဖို့ အသည်းအသန် ဖြစ်နေကြမှာ ''
"အင်း ငါတို့ ထွက်လာတာ ကြာနေပြီ ပြန်ကြရအောင် စား စား ''
"အင်း ''
ထိုမိန်းကလေးနှစ်ယောက်သည် ကျောင်းထဲက ယောကျာ်းလေးတွေမကြိုက်တဲ့ FA မတွေဖြစ်သည်။ အားတိုင်းယောကျာ်းတွေကိုယောကျ်ားပေးစားနေတဲ့သူမတို့ကြောင့် ဘယ်သူကမှ သူတို့ကို မကြိုက်ရဲကြပေ။
ဟာမင်ယောင်းသည် လေးလံနေသောခြေလှမ်းများနှင့် အလုပ်ကို ဆက်လုပ်နေလိုက်သည်။
သူ တကယ်ပဲ ဂျွန်ဆန်းကို ဆုံးရှုံးလိုက်ရပြီလား ~~~
..............
ညဘက်သို့ရောက်လုလု အမှောင်ရီပျိုးစအချိန် မြို့ပြရဲ့ ညချမ်းက မီးရောင်တွေနဲ့ လှပနေသည်။
ထိုအလှအပတွေအားကျောခိုင်းလျက် မှိန်ပျပျမီးတိုင်တွေကြားမှာ ခေါင်းငုံ့ကာ လမ်းလျှောက်ရင်း အိမ်ပြန်လမ်းအား ကြည့်မိသည်။
ထိုစဉ်မှာ ကြားလိုက်ရတဲ့အသံက သူမမျှော်လင့်ရဲတော့သည့် ဂျွန်ဆန်းရဲ့ချိုသာတဲ့အသံလေး။
"ဟာမင်ယောင်း ''
"ဂျွန်ဆန်း ''
တစ်ယောက်တည်းမဟုတ်ဘဲ ဘေးမှာ လူတစ်ယောက်ပါ ရပ်နေသည့် ဂျွန်ဆန်းကို သူပြေးဖက်ချင်ပေမယ့် သူ့မှာ အခွင့်အရေးမရှိတော့။
.
.
.
.
.
တိုက်ခန်းသို့သာ ခေါ်လာပြီး ဧည့်ခန်းမှာ Coffee တစ်ခွက်စီနဲ့ ဟာမင်ယောင်းက ဧည့်ခံသည်။
"အားတော့နာပါတယ် အိမ်ခန်းက အရမ်းကျဉ်းတော့ အဆင်မပြေမှာစိုးမိပါတယ်''
" မဟုတ်တာ ရပါတယ် ငါ့ရဲ့ မင်္ဂလာပွဲ ကို မင်းလာရမယ်နော်
ဟာမင်ယောင်း ပြီးတော့ ဟေးရင်ကိုလည်း ငါက ဖိတ်တယ်လို့ မင်းတို့နှစ်ယောက် အတူတူ တက်မယ်မလား ''
စိတ်မသက်မသာပြော လာတဲ့ ဟာမင်ယောင်းကို သက်တောင့်သက်သာဖြစ်တဲ့ စကားကို ဂျွန်ဆန်းက ရွေးပြောရင်း ဇာတ်လိုက်မနဲ့ အခြေအနေကိုပါ စကားနိူက်ကြည့်လိုက်သည်။
"ငါ ငါက သူနဲ့ ပြတ်သွားပြီ ''
".....''
"သဘောထားချင်းမတိုက်ဆိုင်လို့ပါ ''
ဘာလို့လဲဆိုတဲ့ ဂျွန်ဆန်းရဲ့မျက်ဝန်းတွေကမေးခွန်းကို နားလည်နေသည့်အလား မင်ယောင်းက ဖြေသည်။
ဒါပေမယ့် မင်းအတွက်နဲ့ပြဿနာတက်ခဲ့ကြတာပါ ဂျွန်ဆန်း လို့တော့ မင်ယောင်း မပြောတော့ပေ။
"အာ အင်း ငါမိတ်ဆက်ပေးရအုန်းမယ်
ဒါ ငါ့ရဲ့ သတို့သားလောင်း ဘတ်ဒုံဆူ တဲ့ ''
"အော် အင်း တွေ့ရတာဝမ်းသာပါတယ် ဟာမင်ယောင်း ပါ ''
"အင်း ဝမ်းသာပါတယ် ဟာမင်ယောင်းကို ကျွန်တော်တို့ မင်္ဂလာပွဲကိုတက်ရောက်ဖို့မျှော်လင့်ပါတယ် ''
ဒုံဆူရဲ့အသံက အေးစက်မနေသလို ဖော်ရွေတာမျိုးလည်းမဟုတ်ပေ။
"ဟို ဘာလို့ အလျင်အမြန်ကြီး မင်္ဂလာပွဲဖြစ်သွားတာလဲ ''
"ကျွန်တော်က သူ့ကို စိတ်မချလို့ပါ အဲ့တာကြောင့် အတင်းပူဆာပြီး လက်ထပ်ဖို့ ပြောရတာ ဟာမင်ယောင်း သိမှာပါ ဂျွန်ဆန်းကို လိုချင်တဲ့သူတွေက အရမ်းများတာလေ ''
"မဟုတ်ဘူး ငါက လက်ထပ်ချင်တာလေအဲ့တာကြောင့် သူက နူတ်ခမ်းနီမလေးတွေဝိုင်းဝိုင်းလည်နေတာ အဲ့တာကြောင့်''
ဒုံဆူ စကားကို ပိုရန်ကောဟူသောသဘောဆောင်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး ပေါင်တွင်းကြောကိုဆွဲလိမ်ကာ ဂျွန်ဆန်းက ဝင်ပြောလိုက်သည်။
Kitty မှာ မျက်စိနောက်လာရသည်။
'ဘယ်နှယ့် ဇာတ်လိုက်မှာ စိတ်ညစ်နေရပါတယ်ဆို သူတို့က လာပြီး ပလူးကျီစယ် လှောင်ပြောင်ကြတယ် ဆော်ကားသလိုခံစားရတယ် ငါမင်းကိုကိုယ်ချင်းစာပါတယ် ဟာမင်ယောင်းရယ် ဒါပေမယ့် ပိစိလေးပဲ တကယ့်ကို ပိစိလေးပဲ ကိုယ်ချင်းစာတာပါ '
ဟာမင်ယောင်း မှာ ရယ်ပြရမလား ငိုပြရမလား ဘာလားမသိတော့ပေ။ သူ့မှာ ဂျွန်ဆန်းကို ဆုံးရှုံးရတာ ကြောင့် ဝမ်းနည်းနေစဉ် ဗြုန်းစားကြီး ထိုလူသားက ရောက်လာကာ သူ့လက်ထပ်ရမည့်သတို့သားကြီးအားကြော်ငြာဝင်နေသည့် အတွက်ကြောင့် ဖြစ်သည်။
နောက်ဆုံးတော့ သူ့၏ ကြောင်တောင်တောင် သနားစဖွယ် ပုံစံကြောင့် ဂျွန်ဆန်း နဲ့ ဒုံဆူလည်း နူတ်ဆက်ပြီး ပြန်လာခဲ့တော့သည်။
.............
ယခု ရှောင်းကျန့်က ဒုံဆူရဲ့အိမ်ကိုရောက်နေတာဖြစ်သည် ။ မကြာခင် လက်ထပ်ကြတော့မည့် သူတို့နှစ်ဦးကို မိဘတွေကလွှတ်ထားကြသည်။
ညကောင်းကင်ရဲ့လင်းလက်သောကြယ်ပွင့်တို့အား ငေးမောကာ လက်ထဲက ဝိုင်ခွက်ကို မော့သောက်လိုက်သည်။ ထို့နောက် ဒုံဆူထံ ဖန်ခွက်လေးကို ထိုးပေးကာ ဝိုင်ထပ်ထည့်ခိုင်းလိုက်ရင်း သိချင်နေသော အကြောင်းအရာကို စပ်စုကြည့်သည်။
"ဘတ်ဒုံဆူ ခင်ဗျား မိဘတွေကိုသတ်တဲ့သူတွေကိုသိပြီဆို မလှုပ်ရှားသေးဘူးလား
ဒါမှမဟုတ် ကျေအေးလိုက်တာလား ''
"ကိုယ်ကဘာလို့ ကျေအေးရမှာလဲ ဒါနဲ့ မင်းလေးက ကိုယ်ဘယ်သူလဲ ဆိုတာ သိနေတာလား ''
ဝိုင်ထည့်ပေးရင်း ဒုံဆူက အံ့သြနေသယောင်မျက်ဝန်းနဲ့ မျက်ခုံးပင့်ကာ ပြန်မေးလာသည် ။ ခပ်ပါးပါးအပြုံးကိုလည်း ဆင်မြန်းထားသေးသည်။
"သိတာပေါ့ မျက်နှာဖုံးနဲ့လက်သရမ်းတဲ့နှာဘူးကြီးလေ ''
"ဘယ်လို ဘယ်လို ဘာကြီး ''
"နှာဘူးကြီး လို့ အ ''
"နှာဘူးဆိုတာ ဘာလဲ သက်သေပြရမလား ကလေး ''
တင်ပါးလုံးလေးကို ညစ်ကိုင်ဆုပ်နယ်ခံလိုက်ရပြီး နားဖျားကို တိုးဝင်လာတဲ့စကားသံကြောင့် ရှောင်းကျန့် တံတွေးကို အသာမျိုချကာ ခေါင်းရမ်းပြလိုက်သည်။
"မ မပြနဲ့ မ မသိချင်ဘူး မှားလို့ သိပြီးသား ''
"အိုး သိနေတယ် ကောင်းတာပေါ့ သင်စရာမလိုတော့ဘူးလေ ''
"တော်တော့ မစနဲ့ ခုနက စကားပြန်ဆက်
ခင်ဗျား မိဘတွေကို သတ်တဲ့သူတွေကို ဘယ်လိုကိုင်တွယ်မှာလဲ ''
"ဖြေးဖြေးပေါ့ ကလေးရာ အချိန်တွေရှိပါတယ် ''
"သူတို့ကို သတ်မှာလား ''
"မသတ်ပါဘူး ဘာလို့ သတ်ရမှာလဲ သေသွားရင် ကိစ္စပြတ်ပြီလေ ပျော်စရာဘယ်ကောင်းပါ့မလဲ အသက်ရှင်လျက်နဲ့ သေအောင်လုပ်မှာ ''
"ရား ဘတ်ဒုံဆူ စကားကို ကောင်းကောင်းပြော ''
ရှောင်းကျန့်က အော်ပြောရင်း တင်ပါးအား အသားယူနေသော ဒုံဆူ လက်ကို
ရိုက်ပစ်လိုက်သည်။
ဒုံဆူမှာ အခုလို အာပြဲကြီးနဲ့ အော်ပြီး သူ့အပေါ်မှာ အကြောက်တရားကင်းမဲ့တဲ့ အားတိုင်းလက်ပါနေတဲ့ ချစ်သူလေးကို အသက်ထက်ပင်ပိုချစ်ရပါသည်။
ဒီနေ့လည်း ဘာရယ်မဟုတ်ပါဘူး ပျင်းလို့ ရေးတင်လိုက်တာ တိုတယ်မပြောနဲ့နော် ဖတ်ပြီးရင် Vote ခဲ့ကြအုန်း
Zawgyi
ဒုံဆူသည္ အဓမၼက်င့္ခံရသည့္ မိန္းကေလးတစ္ေယာက္လို ႐ုံးခန္းထဲက ဆိုဖာမွာ ထိုင္ရင္း တရႈံ႕ရႈံ႕လုပ္ကာ ငိုေနသည္။ ငိုေနရင္းနဲ႕သာ ဂြၽန္ဆန္း ၏ အာ႐ုံေတြ သူ႕ထံေရာက္လာလိမ့္မလားဟု ခဏခဏ ခိုးၾကည့္တတ္ေသးသည္။
"အမယ္ေလး ေကာင္းၾကေသးရဲ႕လား ေဆာလုပ္ငန္းစုရဲ႕ အသစ္စက္စက္ CEO ႀကီးက ကြၽန္ေတာ့္ကို စားၿပီးနားမလည္လုပ္တယ္ ကြၽန္ေတာ့္ကို အေပ်ာ္ႀကံတယ္
ၾကားလို႔မွ ေကာင္းၾကေသးရဲ႕လား ''
အသံပါဝါေကာင္းမြန္လွသည့္ ဘတ္ဒုံဆူေၾကာင့္ Kitty မွာ ေရွာင္က်န့္ေကြၽးထားသည့္ အာလူးေၾကာ္ဘူးေတာင္ျပဳတ္က်မတတ္ပင္ ။
ထို႔ေနာက္ အာလူးေၾကာ္ဘူးေလးအား ပိုက္ကာ ခပ္ေဝးေဝးကို လစ္ေျပးေတာ့သည္။
"ရား ဘတ္ဒုံဆူ ေတာ္ေတာ့ ခင္ဗ်ားအေပါက္ကို ကိုယ္တိုင္ပိတ္မလား ကြၽန္ေတာ္လာပိတ္ရမလား တစ္ခုေ႐ြး ''
ဂြၽန္ဆန္း၏ ေဒါသမပါေသာ ဆူပူသံေၾကာင့္ လုပ္ယူထားသည္မ်က္ရည္အတုေတြႏွင့္ ဘတ္ဒုံဆူ က ၿပဲၿပဲစင္ေအာင္ ပို၍ ေအာ္ငိုသည္။
"ျမင္လား ျမင္ၾကရဲ႕လား CEO က ကြၽန္ေတာ့္ကို နိုပ္စက္ေနပါတယ္ ''
"က်စ္ ဘယ္လိုျဖစ္ေနတာလဲ ဘတ္ဒုံဆူ တကယ္လည္းမဟုတ္ဘဲနဲ႕ အာၿပဲႀကီးနဲ႕ ထထေအာ္ေနတာ ''
"အခုေတာ့ ၿငိဳျငင္တာေပါ့ အရင္က ကန္ေရျပင္ကိုတိုင္တည္ၿပီး ခ်စ္ပါတယ္ဆိုၿပီးေအာ္ေျပာခဲ့တာ ဘယ္သူလဲ အခုလက္ထပ္မယ္ဆိုကာရွိေသး သူမ်ားကို ေအာ္ေနၿပီ ''
"ဘတ္ဒုံဆူေရ ဒီေလာက္နဲ႕ပဲ ေတာ္ပါေတာ့ဟယ္ ငါစိတ္ေတြတကယ္ညစ္လာၿပီဟဲ့ကမရဲ႕''
"ကမရယ္ လက္ထပ္မယ္လို႔ေျပာေလ အဲ့တာဆို ''
T.N:ရွိၿပီလား ကိုယ္ေပါရင္လိုက္ေပါမယ့္ဘဲမ်ိဳး :)
"ဟုတ္ၿပီ ဟုတ္ၿပီ လက္ထပ္ၾကမယ္ ေက်နပ္ၿပီလား ''
ဒုံဆူက ခ်က္ခ်င္း ပုံစံေျပာင္းသြားကာ ခုနက ေပါေတာေတာ ပုံစံ နဲ႕ လားလားမွ်မဆိုင္။
လက္သီးလက္ေမာင္းတန္းကာ ေလထဲကို လက္သီးတစ္ခ်က္ ပစ္ခြင္းၿပီး ေအာ္လိုက္သည္။
"ေရး..ေဆာဂြၽန္ဆန္းက ငါ့ကို လက္ထပ္မယ္တဲ့ ''
ေျပးလာၿပီး ေပြ႕ခ်ီလိုက္တဲ့ ခ်စ္သူေၾကာင့္ ဂြၽန္ဆန္းမွာ အလန့္တၾကား ဒုံဆူ႕လည္ပင္းကို ဖက္လိုက္သည္ ။
...............
"ဘာ တကယ္ေျပာေနတာလား ဂြၽန္ဆန္းက လက္ထပ္ေတာ့မယ္ မျဖစ္နိုင္တာ ''
ဟာမင္ေယာင္းသည္ ၾကားလိုက္ရေသာစကားေၾကာင့္ လက္ထဲက ကိတ္မုန့္ဗန္းေလးမွာ တုန္ယင္သြားရသည္။ ကိတ္မုန့္ဆိုင္မွာ အလုပ္လုပ္ေနရင္း ေနာက္နားက်က်မွ မိန္းကေလးႏွစ္ဦး ေျပာေနၾကတာကို ၾကားလိုက္ရျခင္းျဖစ္သည္။
"ဟုတ္တယ္ သူက အဲ့လူနဲ႕တတြဲတြဲလုပ္ေနတာၾကာေသးတာမဟုတ္ဘူးတဲ့ ႐ုံးခန္းထိေတာင္ အဲ့လူက လာတတ္တာတဲ့ ''
"သူက ေက်ာင္းမွာတုန္းက သူ႕သူငယ္ခ်င္း ဟိုတစ္ေယာက္ေလ စာေတာ္တဲ့တစ္ေယာက္ ''
"ဟာမင္ေယာင္းလား ''
"ေအး ဟုတ္တယ္ ဟာမင္ေယာင္းကို သေဘာက်တယ္လို႔ ဖြင့္ေျပာဖူးတယ္တဲ့''
"ဟာမင္ေယာင္းက အေျဖာင့္ႀကီးေလ သူငယ္ခ်င္းသံေယာဇဥ္ေတာင္မေထာက္ဘူး လူၾကားထဲမွာ အျပတ္ျငင္းပစ္တာေလ ''
"ဟုတ္လား အဲ့ေန႕က ငါေက်ာင္းမလာဘူးထင္တယ္ မသိလိုက္ဘူးဆိုေတာ့ အဲ့တာေတြထားပါေတာ့ ဒါနဲ႕ နင့္သတင္းက ေသခ်ာလို႔လား ''
" အတိအက်ပဲေနာ္ ငါ့အစ္မက ေဆာဂြၽန္ဆန္း တို႔ လုပ္ငန္းစုမွာ အလုပ္လုပ္တာေလ ''
"Woww ငါတို႔ Group Chat မွာ သတင္းလႊင့္လိုက္ေတာ့မယ္ သိတယ္မလား Fujo မတစ္သိုက္ကေတာ့ Support ဖို႔ အသည္းအသန္ ျဖစ္ေနၾကမွာ ''
"အင္း ငါတို႔ ထြက္လာတာ ၾကာေနၿပီ ျပန္ၾကရေအာင္ စား စား ''
"အင္း ''
ထိုမိန္းကေလးႏွစ္ေယာက္သည္ ေက်ာင္းထဲက ေယာက်ာ္းေလးေတြမႀကိဳက္တဲ့ FA မေတြျဖစ္သည္။ အားတိုင္းေယာက်ာ္းေတြကိုေယာက်္ားေပးစားေနတဲ့သူမတို႔ေၾကာင့္ ဘယ္သူကမွ သူတို႔ကို မႀကိဳက္ရဲၾကေပ။
ဟာမင္ေယာင္းသည္ ေလးလံေနေသာေျခလွမ္းမ်ားႏွင့္ အလုပ္ကို ဆက္လုပ္ေနလိုက္သည္။
သူ တကယ္ပဲ ဂြၽန္ဆန္းကို ဆုံးရႈံးလိုက္ရၿပီလား ~~~
..............
ညဘက္သို႔ေရာက္လုလု အေမွာင္ရီပ်ိဳးစအခ်ိန္ ၿမိဳ႕ျပရဲ႕ ညခ်မ္းက မီးေရာင္ေတြနဲ႕ လွပေနသည္။
ထိုအလွအပေတြအားေက်ာခိုင္းလ်က္ မွိန္ပ်ပ်မီးတိုင္ေတြၾကားမွာ ေခါင္းငုံ႕ကာ လမ္းေလွ်ာက္ရင္း အိမ္ျပန္လမ္းအား ၾကည့္မိသည္။
ထိုစဥ္မွာ ၾကားလိုက္ရတဲ့အသံက သူမေမွ်ာ္လင့္ရဲေတာ့သည့္ ဂြၽန္ဆန္းရဲ႕ခ်ိဳသာတဲ့အသံေလး။
"ဟာမင္ေယာင္း ''
"ဂြၽန္ဆန္း ''
တစ္ေယာက္တည္းမဟုတ္ဘဲ ေဘးမွာ လူတစ္ေယာက္ပါ ရပ္ေနသည့္ ဂြၽန္ဆန္းကို သူေျပးဖက္ခ်င္ေပမယ့္ သူ႕မွာ အခြင့္အေရးမရွိေတာ့။
.
.
.
.
.
တိုက္ခန္းသို႔သာ ေခၚလာၿပီး ဧည့္ခန္းမွာ Coffee တစ္ခြက္စီနဲ႕ ဟာမင္ေယာင္းက ဧည့္ခံသည္။
"အားေတာ့နာပါတယ္ အိမ္ခန္းက အရမ္းက်ဥ္းေတာ့ အဆင္မေျပမွာစိုးမိပါတယ္''
" မဟုတ္တာ ရပါတယ္ ငါ့ရဲ႕ မဂၤလာပြဲ ကို မင္းလာရမယ္ေနာ္
ဟာမင္ေယာင္း ၿပီးေတာ့ ေဟးရင္ကိုလည္း ငါက ဖိတ္တယ္လို႔ မင္းတို႔ႏွစ္ေယာက္ အတူတူ တက္မယ္မလား ''
စိတ္မသက္မသာေျပာ လာတဲ့ ဟာမင္ေယာင္းကို သက္ေတာင့္သက္သာျဖစ္တဲ့ စကားကို ဂြၽန္ဆန္းက ေ႐ြးေျပာရင္း ဇာတ္လိုက္မနဲ႕ အေျခအေနကိုပါ စကားနိူက္ၾကည့္လိုက္သည္။
"ငါ ငါက သူနဲ႕ ျပတ္သြားၿပီ ''
".....''
"သေဘာထားခ်င္းမတိုက္ဆိုင္လို႔ပါ ''
ဘာလို႔လဲဆိုတဲ့ ဂြၽန္ဆန္းရဲ႕မ်က္ဝန္းေတြကေမးခြန္းကို နားလည္ေနသည့္အလား မင္ေယာင္းက ေျဖသည္။
ဒါေပမယ့္ မင္းအတြက္နဲ႕ျပႆနာတက္ခဲ့ၾကတာပါ ဂြၽန္ဆန္း လို႔ေတာ့ မင္ေယာင္း မေျပာေတာ့ေပ။
"အာ အင္း ငါမိတ္ဆက္ေပးရအုန္းမယ္
ဒါ ငါ့ရဲ႕ သတို႔သားေလာင္း ဘတ္ဒုံဆူ တဲ့ ''
"ေအာ္ အင္း ေတြ႕ရတာဝမ္းသာပါတယ္ ဟာမင္ေယာင္း ပါ ''
"အင္း ဝမ္းသာပါတယ္ ဟာမင္ေယာင္းကို ကြၽန္ေတာ္တို႔ မဂၤလာပြဲကိုတက္ေရာက္ဖို႔ေမွ်ာ္လင့္ပါတယ္ ''
ဒုံဆူရဲ႕အသံက ေအးစက္မေနသလို ေဖာ္ေ႐ြတာမ်ိဳးလည္းမဟုတ္ေပ။
"ဟို ဘာလို႔ အလ်င္အျမန္ႀကီး မဂၤလာပြဲျဖစ္သြားတာလဲ ''
"ကြၽန္ေတာ္က သူ႕ကို စိတ္မခ်လိဳ႕ပါ အဲ့တာေၾကာင့္ အတင္းပူဆာၿပီး လက္ထပ္ဖို႔ ေျပာရတာ ဟာမင္ေယာင္း သိမွာပါ ဂြၽန္ဆန္းကို လိုခ်င္တဲ့သူေတြက အရမ္းမ်ားတာေလ ''
"မဟုတ္ဘူး ငါက လက္ထပ္ခ်င္တာေလအဲ့တာေၾကာင့္ သူက ႏူတ္ခမ္းနီမေလးေတြဝိုင္းဝိုင္းလည္ေနတာ အဲ့တာေၾကာင့္''
ဒုံဆူ စကားကို ပိုရန္ေကာဟူေသာသေဘာေဆာင္သည့္ အၾကည့္ျဖင့္ ၾကည့္လိုက္ၿပီး ေပါင္တြင္းေၾကာကိုဆြဲလိမ္ကာ ဂြၽန္ဆန္းက ဝင္ေျပာလိုက္သည္။
Kitty မွာ မ်က္စိေနာက္လာရသည္။
'ဘယ္ႏွယ့္ ဇာတ္လိုက္မွာ စိတ္ညစ္ေနရပါတယ္ဆို သူတို႔က လာၿပီး ပလူးက်ီစယ္ ေလွာင္ေျပာင္ၾကတယ္ ေဆာ္ကားသလိုခံစားရတယ္ ငါမင္းကိုကိုယ္ခ်င္းစာပါတယ္ ဟာမင္ေယာင္းရယ္ ဒါေပမယ့္ ပိစိေလးပဲ တကယ့္ကို ပိစိေလးပဲ ကိုယ္ခ်င္းစာတာပါ '
ဟာမင္ေယာင္း မွာ ရယ္ျပရမလား ငိုျပရမလား ဘာလားမသိေတာ့ေပ။ သူ႕မွာ ဂြၽန္ဆန္းကို ဆုံးရႈံးရတာ ေၾကာင့္ ဝမ္းနည္းေနစဥ္ ျဗဳန္းစားႀကီး ထိုလူသားက ေရာက္လာကာ သူ႕လက္ထပ္ရမည့္သတို႔သားႀကီးအားေၾကာ္ျငာဝင္ေနသည့္ အတြက္ေၾကာင့္ ျဖစ္သည္။
ေနာက္ဆုံးေတာ့ သူ႕၏ ေၾကာင္ေတာင္ေတာင္ သနားစဖြယ္ ပုံစံေၾကာင့္ ဂြၽန္ဆန္း နဲ႕ ဒုံဆူလည္း ႏူတ္ဆက္ၿပီး ျပန္လာခဲ့ေတာ့သည္။
.............
ယခု ေရွာင္းက်န့္က ဒုံဆူရဲ႕အိမ္ကိုေရာက္ေနတာျဖစ္သည္ ။ မၾကာခင္ လက္ထပ္ၾကေတာ့မည့္ သူတို႔ႏွစ္ဦးကို မိဘေတြကလႊတ္ထားၾကသည္။
ညေကာင္းကင္ရဲ႕လင္းလက္ေသာၾကယ္ပြင့္တို႔အား ေငးေမာကာ လက္ထဲက ဝိုင္ခြက္ကို ေမာ့ေသာက္လိုက္သည္။ ထို႔ေနာက္ ဒုံဆူထံ ဖန္ခြက္ေလးကို ထိုးေပးကာ ဝိုင္ထပ္ထည့္ခိုင္းလိုက္ရင္း သိခ်င္ေနေသာ အေၾကာင္းအရာကို စပ္စုၾကည့္သည္။
"ဘတ္ဒုံဆူ ခင္ဗ်ား မိဘေတြကိုသတ္တဲ့သူေတြကိုသိၿပီဆို မလႈပ္ရွားေသးဘူးလား
ဒါမွမဟုတ္ ေက်ေအးလိုက္တာလား ''
"ကိုယ္ကဘာလို႔ ေက်ေအးရမွာလဲ ဒါနဲ႕ မင္းေလးက ကိုယ္ဘယ္သူလဲ ဆိုတာ သိေနတာလား ''
ဝိုင္ထည့္ေပးရင္း ဒုံဆူက အံ့ၾသေနသေယာင္မ်က္ဝန္းနဲ႕ မ်က္ခုံးပင့္ကာ ျပန္ေမးလာသည္ ။ ခပ္ပါးပါးအၿပဳံးကိုလည္း ဆင္ျမန္းထားေသးသည္။
"သိတာေပါ့ မ်က္ႏွာဖုံးနဲ႕လက္သရမ္းတဲ့ႏွာဘူးႀကီးေလ ''
"ဘယ္လို ဘယ္လို ဘာႀကီး ''
"ႏွာဘူးႀကီး လို႔ အ ''
"ႏွာဘူးဆိုတာ ဘာလဲ သက္ေသျပရမလား ကေလး ''
တင္ပါးလုံးေလးကို ညစ္ကိုင္ဆုပ္နယ္ခံလိုက္ရၿပီး နားဖ်ားကို တိုးဝင္လာတဲ့စကားသံေၾကာင့္ ေရွာင္းက်န့္ တံေတြးကို အသာမ်ိဳခ်ကာ ေခါင္းရမ္းျပလိုက္သည္။
"မ မျပနဲ႕ မ မသိခ်င္ဘူး မွားလို႔ သိၿပီးသား ''
"အိုး သိေနတယ္ ေကာင္းတာေပါ့ သင္စရာမလိုေတာ့ဘူးေလ ''
"ေတာ္ေတာ့ မစနဲ႕ ခုနက စကားျပန္ဆက္
ခင္ဗ်ား မိဘေတြကို သတ္တဲ့သူေတြကို ဘယ္လိုကိုင္တြယ္မွာလဲ ''
"ေျဖးေျဖးေပါ့ ကေလးရာ အခ်ိန္ေတြရွိပါတယ္ ''
"သူတို႔ကို သတ္မွာလား ''
"မသတ္ပါဘူး ဘာလို႔ သတ္ရမွာလဲ ေသသြားရင္ ကိစၥျပတ္ၿပီေလ ေပ်ာ္စရာဘယ္ေကာင္းပါ့မလဲ အသက္ရွင္လ်က္နဲ႕ ေသေအာင္လုပ္မွာ ''
"ရား ဘတ္ဒုံဆူ စကားကို ေကာင္းေကာင္းေျပာ ''
ေရွာင္းက်န့္က ေအာ္ေျပာရင္း တင္ပါးအား အသားယူေနေသာ ဒုံဆူ လက္ကို
ရိုက္ပစ္လိုက္သည္။
ဒုံဆူမွာ အခုလို အာၿပဲႀကီးနဲ႕ ေအာ္ၿပီး သူ႕အေပၚမွာ အေၾကာက္တရားကင္းမဲ့တဲ့ အားတိုင္းလက္ပါေနတဲ့ ခ်စ္သူေလးကို အသက္ထက္ပင္ပိုခ်စ္ရပါသည္။
ဒီေန႕လည္း ဘာရယ္မဟုတ္ပါဘူး ပ်င္းလို႔ ေရးတင္လိုက္တာ တိုတယ္မေျပာနဲ႕ေနာ္ ဖတ္ၿပီးရင္ Vote ခဲ့ၾကအုန္း