For..

By Gael_2001

549K 37.9K 3.9K

မင်း အဆင်ပြေဖို့အတွတ် ငါ နာကျင်ပေးရလဲ ဖြစ်တယ် ကိုကို။ More

For...
For...
For...
For...
For..
For..
For...
For...
For...
For...
For...
For...
For....
For..
For...
For...
For...
For....
For...
For..
For...
For...
For...
For..
For...
For...
For...⚠⚠⚠
For...
For...
For..
For...
For...
For...
For...
For..
For...
For...
For...
For..
For..
For..
For...⚠️⚠️⚠️
For..
For...
For...⚠⚠⚠
For...
For...⚠⚠⚠
For...
For...⚠⚠⚠
For...
Final

For...

11.1K 738 120
By Gael_2001

*ရိပေါ်ရေ ဒီနေ့ကစပြီး ညပိုင်း မင်းနဲ့အတူ အလုပ်တွဲလုပ်မယ့် အသစ်လေး ရပြီဟ*

ဆိုင်က အကိုတစ်ယောက်သည် ရိပေါ် ဝင်လာတာမြင်တာနှင့် အားရဝမ်းသာ ပြောလေသည်။ အမှန်က ရိပေါ်ကိုယ်တိုင်လဲ ပျော်သည်။ ညဆို သူတစ်ယောက်ထဲပဲ ရှိကာ အခြားသူတွေကကျရှေ့ထွက်စရာမှ မလိုပဲ။

ရိပေါ် လွယ်လာသည့် အိတ်ကို သွားတင်ကာ ဝတ်စုံလဲလိုက်ပြီး

*ဟုတ်လား ကော။ ဘယ်သူလဲ*

*ဒီမှာလေ Lameတဲ့*

ပေထင်ကောက ကောင်လေးတစ်ယောက်ကို ရိပေါ်ရှေ့ ခေါ်လာလေသည်။ ပုံစံက ဖြူဖြူနုနုလေး။ ရိပေါ်ထက်လဲ အရပ်နိမ့်သည်။ မျက်နှာလေးက ပြုံးနေကာ ကြည့်လိုက်လျှင်ကို အေးချမ်းနေ၏။

ရိပေါ် အဖော်ကောင်းလေး ရသွား၍ ဝမ်းသာသွားသည်။

*ဝမ်ရိပေါ်ပါ*

*Lameပါ ညီ*

ရိပေါ်လက်ကို ဆွဲကာ နှုတ်ဆက်လိုက်သည့်သူကြောင့် ရိပေါ်မျက်ခုံးပင့်ကာ ပေထင်ကောတို့ကို ကြည့်လိုက်သည်။ ကောတို့က ရယ်လာကာ

*Lameက ၂၉နှစ်ရှိပြီကွ။ မထင်ရဘူးမလား*

*ဝေါင်း..တကယ်မထင်ရတာဗျာ*

ရိပေါ် တကယ်အံ့ဩသွားတာပင်။၂၉နှစ်သာ ပြောသည် ရုပ်လေးက ကလေးရုပ်လေးတောင် မပျောက်သေးပေ။ ရိပေါ်ကို ရယ်ပြကာ ခေါင်းညိမ့်လာသည့် သူက တကယ့်ကို အေးအေးချမ်းချမ်းလေးပင်။ ကြည့်ရတာ စကားတွေဘာတွေလဲ အချင်းပွားရတာ ကြိုက်သည့်ပုံမပေါ်။

*ကဲ..ဒါဆို အလုပ်စလုပ်ကြတော့မလားဟေ*

ပေထင်ကော စလိုက်သည်နှင့် အားလုံး ကိုယ့်အလုပ်ကို အသီးသီး တာဝန်ယူကြလေ၏။ Lameက အဝတ်အစားလဲနေ၍ ရိပေါ် ထိုအနား သွားရပ်ကာ

*အကူအညီလိုရင် ကျွန်တော့်ကို ပြောနော် ကော*

*ကျေးဇူး ရိပေါ်*

ရိပေါ်ကို လှည့်ရယ်ပြကာ အဝတ်အစားကို ခပ်သုတ်သုတ်လဲ ပြီး ဝတ်နေလေသည်။ ရိပေါ်ကတော့ သူ့အဖော်ရ၍ ပျော်နေသည်။

Lameသည် တော်တော်လေးသွက်သည်။ အလုပ်ဆိုလဲ ရိပေါ်ကို သိပ်မခိုင်း။ သူပဲ လုပ်သွားကာ ရိပေါ်ကို နားစေလေသည်။ မတတ်သာမှသာ ကူခိုင်းလေ၏။

*Ice-coffeeတစ်ခွက်*

*ဟုတ်ကဲ့ ခနစောင့်ပေးပါခင်ဗျ*

Lameရောက်လာသည့် ဧည့်သည်ကို မော့ကြည့်လိုက်သည်နှင့် ကမ္ဘာပျက်သွားသလိုပင်။ သူ..။ သူကလဲ အံ့ဩသွားသလို Lameကို မော့ကြည့်လာသည်။ ပြီးနောက် မျက်ခုံးတွေ စုကြုံ့သွားကာ အလိုမကျသလို ဖြစ်သွားလေသည်။ ဒါကတော့ သူသည် Lameနဲ့တွေ့တိုင်း ထိုလို အလိုမကျသည့် မျက်နှာ ဖြစ်နေကြပင်။

သူက ကျစ် ခနဲစုပ်သပ်ကာ ကောင်တာဘက် လှမ်းကြည့်နေ၍ Lameပါ ယောင်ပြီး လိုက်ကြည့်လိုက်သည်။ သူက ဖြတ်ခနဲ ပြန်လှည့်လာကာ ခပ်ကြိတ်ကြိတ်အသံဖြင့် သတိပေးသလို ပြောလာ၍ Lameပင် အံ့ဩမိသည်။

*ခင်ဗျား ရိပေါ်နားက ဝေးဝေးနေ။ ဘာဖြစ်ချင်လို့ ခင်ဗျား ကျွန်တော့်နောက်ပဲ လိုက်နေရတာလဲ။ စောက်ရှက်မရှိဘူးလား*

Lameမျက်နှာက ဖြန်းခနဲ ပူနွေးသွားသည်။ အတိအကျဆိုလျှင် ရှက်သွားတာ။ တူညီတဲ့ ယောကျာ်းတစ်ယောက်ရှေ့မှာပင် ၂ခါတိတိ စော်ကားခံခဲ့ရတာ။ သူ့ရှေ့က ထွက်လာတော့လဲ ခုထိ သူ့ကို လိုက်နှောင့်ယှက်နေတယ်လို့ ထင်နေတုန်းပင်။

သူ့ကို Lameဘယ်တုန်းကမှ မနှောင့်ယှက်ခဲ့ဖူးပါ။ ယောင်ပြီး တွေတွေကြီး ရပ်နေ၍ သူကပင် ဒေါသတကြီး ဆိုလာပြန်သည်။

*သွားလေ ဘာရပ်လုပ်နေတာလဲ။ မှာထားတာကို ဝမ်ရိပေါ်ကိုပဲ လာပို့ခိုင်း။ ခင်ဗျားမျက်နှာကို မမြင်ချင်ဘူး*

Lame ခေါင်းသာ ညိမ့်ပြခဲ့ကာ ရိပေါ်ကိုသာ သူ့အနား စေလွှတ်လိုက်သည်။ အဝေးက ကြည့်လျှင်တောင် မြင်နေရသည့် သူ့အပြုံးတွေ။ သူ့အပြုံးကို မြင်ချင်လျှင် အဝေးက ကြည့်မှသာလျှင် မြင်ရသည့် Lame။ သူ့ကိုဆိုလျှင် ခါးခါးသီးသီး မုန်းပြီး ပစ်ပစ်ခါခါ လုပ်နေကြမို့ မနာတတ်တော့ပေမယ့် စောက်ရှက်က တစ်စက်မှမရှိဘူး၊ ခင်ဗျား ယောကျာ်းမဟုတ်ဘူးလားဟု အပြောခံရသည့် နေ့မှာပင် Lame အဖွားအိမ်က ထွက်လာခဲ့သည်။

Lameသူ့ကို ချစ်မိတာ အစော်ကားခံရဖို့၊ အနှိမ်ခံရဖို့ မဟုတ်ခဲ့ဘူး။ ထိုနေ့ကနေ ပြန်မတွေ့တာ အခုဆို တစ်လတင်းတင်း ပြည့်သည့်နေ့ သူ့ကို ပြန်တွေ့ခဲ့သည်။ ထုံးစံအတိုင်း မကြည်ဖြူသလို အပြုအမူတွေ။

*ချွမ့်ဟွေးက ငဂျစ်ကောင်*

ရိပေါ်က ရယ်ကာ သူ့အနား လာပြော၍ ရယ်သာရယ်ပြလိုက်သည်။ ချွမ့်ဟွေးသည် ငဂျစ်ကောင်၊ အဆိုးကောင် ပြီးတော့ မုန်းချင်စရာကောင်းလောက်အောင် ချစ်ဖို့ကောင်းတဲ့သူဆိုတာ သူ သိတာပေါ့။

*သိတာကြာပြီလား ရိပေါ်*

*ချွမ့်ဟွေးနဲ့လား။ မကြာသေးပါဘူး။ လပိုင်းတောင်မရှိသေးဘူး။ ဘာဖြစ်လို့လဲ ကော*

Lameခေါင်းအသာခါပြကာ

*ဘာမှမဖြစ်ပါဘူး ရိပေါ်လေးရ။ ရိပေါ်တို့နှစ်ယောက်ကို ကြည့်ရတာ အရမ်းcloseဖြစ်လို့ မေးကြည့်လိုက်တာ*

*ချွမ့်ဟွေးက ငချွဲကောင် ကောရ။ ကျွန်တော့် ညီလေးလိုပဲ ဒီကောင်က။ အလုပ်က အတူတူပဲလေ*

*အော်..*

သူ အော် ဟုရေရွတ်လိုက်ရင်း ရိပေါ်ကိုပါ ပြုံးပြလိုက်ကာ အလုပ်ဆက်လုပ်လိုက်သည်။ ချွမ့်ဟွေးအကြောင်းတွေကို ထပ်မသိမိအောင် ကြိုးစားရမည်။ သူ့ဘဝထဲက ချွမ့်ဟွေးကို ထုတ်ပစ်ရမည်။ Lame သူထိုင်နေသည့် နေရာကို လှမ်းကြည့်မိတော့ ရိပေါ်နှင့်သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည့် ချွမ့်ဟွေး။

Lame မမြင်ယောင်ဆောင်ကာသာ အကြည့်လွှဲလိုက်ပြီး လုပ်စရာရှိတာ ဆက်လုပ်နေလိုက်သည်။ အရင်က ချွမ့်ဟွေးကသာ ဘဝဖြစ်ခဲ့တဲ့ကောင် မဟုတ်တော့ဘူးဆိုတာ သူ သိအောင်ပြရမည်။

အလုပ်သိမ်းချိန်ရောက်ပြီမို့ ရိပေါ်နှင့်အတူ Lame အပြင်ထွက်လာခဲ့သည်။ ခနအကြာ ရိပေါ် စီးရမည့် ကားက ရောက်လာလေသည်။ Lameက ခြေလျင်ပြန်လို့ရသည်အထိ နီးသည်မို့ ကားမစောင့်ရ။

*ကောရေ ကျွန်တော်သွားပြီနော်*

*ဂရုစိုက်ပြန်အုံး ရိပေါ်*

Lame ရိပေါ်ကို နှုတ်ဆက်လိုက်ကာ ရိပေါ် မြင်ကွင်းထဲက ပျောက်သွားမှပင် ကိုယ်ပြန်ရမယ့် လမ်းသို့ ပြန်ဦးတည်ရသည်။ ညကနည်းနည်းနက်နေ၍ လမ်းမီးတိုင်က ကျိုးတိုးကျဲတဲအလင်းရောင်ဖြင့်သာ ရှေ့ဆက်နေရသည်။ အရင်က အရမ်းကြောက်ခဲ့သည့်ကောင် Lameဆိုသည့်ကောင်သည် သေဆုံးသွားခဲ့ပြီ။

အဝတ်တစ်ထည်၊ ကိုယ်တစ်ခုနှင့် လက်ထဲ စုဆောင်းထားသည့် ငွေနည်းနည်းကို ဆုပ်ကိုင်ကာ အဖွားအိမ်ပေါ်က ဆင်းခဲ့ရသည့်နေ့ကို မမေ့သေး။ အဖွားကို တွေ့ချင်လို့ သွားလျှင်တောင် ခင်ဗျားက ပိုင်းလုံး ဆိုတာမျိုး ထပ်မကြားချင်၍ ထိုခမ်းနားထည်ဝါသည့် လူတွေနေသည့်အသိုင်းအဝိုင်းထဲ ထပ်မဝင်ချင်တော့ပါ။

အဖွားတို့၊ အန်ကယ်တို့က သူ့အပေါ်ကောင်းပေမယ့် ချွမ့်ဟွေးရှိသည့်နေရာဆို တစ်နေရာလေးမှပင် သူ နေချင်စိတ်မရှိတော့။ ချွမ့်ဟွေးနဲ့ ဆုံခဲ့မိတာလဲ နောင်တရသည်။ ချစ်မိတာကိုလဲ နောင်တရသည်။  သူ ဒီရက်တွေ ဘယ်လောက်တောင် ပင်ပန်းလဲ သူကိုယ်တိုင်သာသိသည်။ အသက်ဆက်မရှင်ချင်တော့လောက်အောင်ထိကို ပင်ပန်းနေခဲ့၏။

အလုပ်တစ်ခုရဖို့ ကလပ်တွေထိတောင် သူ အလုပ်လျှောက်ခဲ့သည်။ အလုပ်ရတော့လဲ ထိကပါးရိကပါးကောင်တွေကြောင့် အဆင်မပြေပဲ အလုပ်ထွက်ခဲ့ရသည်အထိ။ ဒီအလုပ်လေးက အသိအကိုတစ်ယောက်၏ လမ်းညွှန်မှုကြောင့် ရောက်ခဲ့ခြင်းဖြစ်သည်။ အတူတူကျသည့် အကိုတွေက ကောင်းတော့လဲ ပြဿနာက သူ့အလိုလို ရောက်လာပြန်သည်။

*ဟူးစ်..!*

လေပူတွေ မှုတ်ထုတ်ကာ ရှေ့ကို ဆက်လျှောက်လာတော့ မြင်လိုက်ရသည့် ကားမီးရောင်ကြောင့် မျက်လုံးကို လက်နဲ့အသာကွယ်ကာ ကြည့်လိုက်သည်။ ဒီလမ်းက လူရှင်းသည့်အတွတ် သူ့ကို သတ်သွားလဲ ဘယ်သူမှသိမည်မဟုတ်။

*ချွမ့်ဟွေး..!*

Lame၏ တိုးသဲ့သဲ့အသံလေး ထွက်လာသည်။ ကားဘော်ဒီကိုမှီကာ ရပ်စောင့်နေသည့် ချွမ့်ဟွေး။ လက်ကလဲ စီးကရက်ကို ကိုင်ထားကာ မီးခိုးငွေ့တွေကို မှုတ်ထုတ်နေလေသည်။ ဒါက သူ ဆေးလိပ်နံ့မကြိုက်သည်နှင့် ‌ဆေးလိပ်မကြိုက်သည်ကို သိ၍ တမင်လုပ်လိုက်ခြင်းပင်။

*အာ့..!မင်း ဘာလုပ်တာလဲ*

*အဲ့ဒါက ကျုပ်မေးရမှာ.!*

မမြင်ချင်ယောင်ဆောင်ကာ ဆက်သွားမလို ပြင်လိုက်ပေမယ့် လက်မောင်းကို အားနဲ့ဆောင့်ဆွဲခံလိုက်ရ၍ lame၏ ကိုယ်ထည်လေးက ကားနဲ့ဆောင့်မိသွားကာ အာ့ ခနဲပင် အော်မိသွား၏။

*ခင်ဗျားဘာလို့ ကိုကို့အနားကို ကပ်နေတာလဲ။ ဘာလဲ ကျွန်တော့်ကို မရလို့ ကျွန်တော့်နောက်ကြောင်းလှန်ပြီး ဒရာမာ ခင်းမလို့လား*

*မင်း မမိုက်ရိုင်းနဲ့ ချွမ့်ဟွေး။ ငါ မင်းအကြောင်းတွေ စိတ်လဲမဝင်စားဘူး။ သိလဲမသိချင်ဘူး..ဖယ်ကွာ*

ကားဘော်ဒီတွင် lameကို ကပ်ထားကာ အပေါ်ကနေ အုပ်မိုးထားသည့် ချွမ့်ဟွေးကြောင့် သူ့ရင်ဘတ်ကြီးကို တွန်းထုတ်နေပေမယ့် အချည်းနှီးပင်။ ချွမ့်ဟွေး မျက်နှာက ငုံ့ကျလာ၍ ခေါင်းကို တစ်ဖက်သို့ တိမ်းစောင်းပစ်သည်။

*ကျုပ် အမြဲထိုင်နေတဲ့ဆိုင်အထိပါ လိုက်ပြီးအလုပ်လုပ်နေတာ။ ကျုပ်ကို စိတ်မဝင်စားတာလား..ဒါမှမဟုတ် ကျုပ်ဆီမှာ ထပ်ပြီးခံချင်သေးလို့လား*

*မင်း..မင်း..!*

Lameဝမ်းနည်းကာ ရင်ဘတ်ထဲ အလုံးကြီးစို့တက်လာ၍ ဘာမှပင်မပြောနိုင်ပဲ မျက်ရည်တွေ ကျနေသည်။ ခနဲ့တဲ့တဲ့အပြုံးတွေနဲ့ ချွမ့်ဟွေး၏ မျက်နှာဟာ ကုပ်ဆွဲချင်စရာ။ သို့ပေမယ့် ဘာမှမလုပ်မိ။ သူ ချွမ့်ဟွေးအသားနဲ့တောင် မထိချင်တော့။

*ငါက မင်းနေတဲ့နေရာကို လာတာမဟုတ်ဘူး ချောင်ချွမ့်ဟွေး။ မင်းသာ ငါ နေတဲ့နေရာကို ရောက်လာတာ။ ငါက မင်းနောက်လိုက်တာ မဟုတ်ဘူး။ မင်းက ငါ့နောက်လိုက်နေတာ*

တုန်ယင်နေသည့်အသံဖြင့် Lameအော်ဟစ်ပစ်သည်။ ပျက်သွားသည့် ချွမ့်ဟွေးမျက်နှာက ထိန်းမရခြင်းနှင့်အတူ လက်တစ်ဖက်မြှောက်လာ၍ သူ မျက်လုံးမှိတ်ထားလိုက်သည်။ သို့ပေမယ့် ရိုက်ချက်က မျက်နှာပေါ်သို့ ကျမလာ။

သူ မျက်လုံးဖွင့်ကြည့်လိုက်တော့ စူးရဲစွာ ကြည့်နေသည့်သူ။ ချွမ့်ဟွေးကို ‌မျက်ရည်တွေဖြင့် ပြန်ကြည့်ကာ

*မင်း ကိုကိုဆိုတာကိုလဲ ငါမသိဘူး ချွမ့်ဟွေး။ ငါ သိရင်လဲ သူနဲ့ဝေးဝေးနေမှာ*

*မလိုဘူး..!*

ချက်ချင်းပြောင်းလဲသွားသည့် ချွမ့်ဟွေးကြောင့် Lame ဘာလဲ ဆိုပြီး ကြည့်လိုက်သည်။ ချွမ့်ဟွေး၏ လက်တစ်ဖက်က သူ့ပါးပြင်ကို အသာပွတ်သပ်နေကာ

*ခင်ဗျားသာ အချိုးမပြေရင် ကျွန်တော်က သတ်ပစ်လိုက်လို့ရတယ်။ ဒါပေမယ့် အခုလို အားနည်းပြီး စောက်ရမ်းသနားစရာကောင်းနေတဲ့ ခင်ဗျားကြောင့် မလုပ်သေးဘူး*

Lameဒေါသထွက်လွန်း၍ အသားတွေ တုန်နေသည်အထိ။ ချွမ့်ဟွေး သူ့ကိုစော်ကားတာတွေ များနေသလို ဟိုး အောက်ဆုံးထိ ဆွဲချနေပြန်သည်။

*ဒါပေမယ့် ကိုကို့အနားမှာ ပလူးပလဲ ပုံစံတွေမြင်ရင် ခင်ဗျားအသက်ကို ဘုရားဆီ လှူထားလိုက်*

*မင်းပြောချင်တာ ဒါဘဲမလား ချွမ့်ဟွေး။ ငါ့ကို သွားခွင့်ပြုပါတော့*

ချွမ့်ဟွေး အသာတကြည်ပင် ထိုလူ့ကို သွားခိုင်းလိုက်သည်။ တကယ်ကို ထိုလူ့၏ ပုံစံက စောက်ရမ်း သနားစရာ ကောင်းနေ၍။ စောနက ရိုက်လိုက်ချင်ပေမယ့် မျက်ဝန်းတွေမှိတ်ကာ တဆက်ဆက်တုန်နေသည့် ခန္ဓကိုာယ်ကြောင့် မလုပ်ဖြစ်လိုက်။ ချွမ့်ဟွေးဆီတွင် အမြဲရှုံးနေသူမို့ လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

ခေါင်းငုံ့ကာ လျှောက်နေသည့် ထိုလူ့ကြောင့် ချွမ့်ဟွေး အကြာကြီးရပ်ကြည့်နေသည်။ ခနနေမှ အမှောင်ထဲ ဝိုးတဝါး လျှောက်နေသည့် ထိုလူ့ကို သနား၍ အနောက်က လိုက်လာခဲ့သည်။

မပတ်သတ်ချင်သည့်တိုင် ထိုလူသည် သူ့အိပ်ယာပေါ်တွင် သူ့အား အရှုံးပေးခဲ့ရသူ တစ်ယောက်မို့ ပတ်သတ်မှု တစ်ခုက ရှိနေခဲ့သည်။

___________________ဆက်ရန်_______________









*ရိေပၚေရ ဒီေန႔ကစၿပီး ညပိုင္း မင္းနဲ႔အတူ အလုပ္တြဲလုပ္မယ့္ အသစ္ေလး ရၿပီဟ*

ဆိုင္က အကိုတစ္ေယာက္သည္ ရိေပၚ ဝင္လာတာျမင္တာႏွင့္ အားရဝမ္းသာ ေျပာေလသည္။ အမွန္က ရိေပၚကိုယ္တိုင္လဲ ေပ်ာ္သည္။ ညဆို သူတစ္ေယာက္ထဲပဲ ရွိကာ အျခားသူေတြကက်ေရွ႕ထြက္စရာမွ မလိုပဲ။

ရိေပၚ လြယ္လာသည့္ အိတ္ကို သြားတင္ကာ ဝတ္စုံလဲလိုက္ၿပီး

*ဟုတ္လား ေကာ။ ဘယ္သူလဲ*

*ဒီမွာေလ Lameတဲ့*

ေပထင္ေကာက ေကာင္ေလးတစ္ေယာက္ကို ရိေပၚေရွ႕ ေခၚလာေလသည္။ ပုံစံက ျဖဴျဖဴႏုႏုေလး။ ရိေပၚထက္လဲ အရပ္နိမ့္သည္။ မ်က္ႏွာေလးက ျပဳံးေနကာ ၾကည့္လိုက္လၽွင္ကို ေအးခ်မ္းေန၏။

ရိေပၚ အေဖာ္ေကာင္းေလး ရသြား၍ ဝမ္းသာသြားသည္။

*ဝမ္ရိေပၚပါ*

*Lameပါ ညီ*

ရိေပၚလက္ကို ဆြဲကာ ႏွုတ္ဆက္လိုက္သည့္သူေၾကာင့္ ရိေပၚမ်က္ခုံးပင့္ကာ ေပထင္ေကာတို႔ကို ၾကည့္လိုက္သည္။ ေကာတို႔က ရယ္လာကာ

*Lameက ၂၉ႏွစ္ရွိၿပီကြ။ မထင္ရဘူးမလား*

*ေဝါင္း..တကယ္မထင္ရတာဗ်ာ*

ရိေပၚ တကယ္အံ့ဩသြားတာပင္။၂၉ႏွစ္သာ ေျပာသည္ ႐ုပ္ေလးက ကေလး႐ုပ္ေလးေတာင္ မေပ်ာက္ေသးေပ။ ရိေပၚကို ရယ္ျပကာ ေခါင္းညိမ့္လာသည့္ သူက တကယ့္ကို ေအးေအးခ်မ္းခ်မ္းေလးပင္။ ၾကည့္ရတာ စကားေတြဘာေတြလဲ အခ်င္းပြားရတာ ႀကိဳက္သည့္ပုံမေပၚ။

*ကဲ..ဒါဆို အလုပ္စလုပ္ၾကေတာ့မလားေဟ*

ေပထင္ေကာ စလိုက္သည္ႏွင့္ အားလုံး ကိုယ့္အလုပ္ကို အသီးသီး တာဝန္ယူၾကေလ၏။ Lameက အဝတ္အစားလဲေန၍ ရိေပၚ ထိုအနား သြားရပ္ကာ

*အကူအညီလိုရင္ ကၽြန္ေတာ့္ကို ေျပာေနာ္ ေကာ*

*ေက်းဇူး ရိေပၚ*

ရိေပၚကို လွည့္ရယ္ျပကာ အဝတ္အစားကို ခပ္သုတ္သုတ္လဲ ၿပီး ဝတ္ေနေလသည္။ ရိေပၚကေတာ့ သူ႔အေဖာ္ရ၍ ေပ်ာ္ေနသည္။

Lameသည္ ေတာ္ေတာ္ေလးသြက္သည္။ အလုပ္ဆိုလဲ ရိေပၚကို သိပ္မခိုင္း။ သူပဲ လုပ္သြားကာ ရိေပၚကို နားေစေလသည္။ မတတ္သာမွသာ ကူခိုင္းေလ၏။

*Ice-coffeeတစ္ခြက္*

*ဟုတ္ကဲ့ ခနေစာင့္ေပးပါခင္ဗ်*

Lameေရာက္လာသည့္ ဧည့္သည္ကို ေမာ့ၾကည့္လိုက္သည္ႏွင့္ ကမၻာပ်က္သြားသလိုပင္။ သူ..။ သူကလဲ အံ့ဩသြားသလို Lameကို ေမာ့ၾကည့္လာသည္။ ၿပီးေနာက္ မ်က္ခုံးေတြ စုၾကဳံ႕သြားကာ အလိုမက်သလို ျဖစ္သြားေလသည္။ ဒါကေတာ့ သူသည္ Lameနဲ႔ေတြ႕တိုင္း ထိုလို အလိုမက်သည့္ မ်က္ႏွာ ျဖစ္ေနၾကပင္။

သူက က်စ္ ခနဲစုပ္သပ္ကာ ေကာင္တာဘက္ လွမ္းၾကည့္ေန၍ Lameပါ ေယာင္ၿပီး လိုက္ၾကည့္လိုက္သည္။ သူက ျဖတ္ခနဲ ျပန္လွည့္လာကာ ခပ္ႀကိတ္ႀကိတ္အသံျဖင့္ သတိေပးသလို ေျပာလာ၍ Lameပင္ အံ့ဩမိသည္။

*ခင္ဗ်ား ရိေပၚနားက ေဝးေဝးေန။ ဘာျဖစ္ခ်င္လို႔ ခင္ဗ်ား ကၽြန္ေတာ့္ေနာက္ပဲ လိုက္ေနရတာလဲ။ ေစာက္ရွက္မရွိဘူးလား*

Lameမ်က္ႏွာက ျဖန္းခနဲ ပူေႏြးသြားသည္။ အတိအက်ဆိုလၽွင္ ရွက္သြားတာ။ တူညီတဲ့ ေယာက်ာ္းတစ္ေယာက္ေရွ႕မွာပင္ ၂ခါတိတိ ေစာ္ကားခံခဲ့ရတာ။ သူ႔ေရွ႕က ထြက္လာေတာ့လဲ ခုထိ သူ႔ကို လိုက္ေႏွာင့္ယွက္ေနတယ္လို႔ ထင္ေနတုန္းပင္။

သူ႔ကို Lameဘယ္တုန္းကမွ မေႏွာင့္ယွက္ခဲ့ဖူးပါ။ ေယာင္ၿပီး ေတြေတြႀကီး ရပ္ေန၍ သူကပင္ ေဒါသတႀကီး ဆိုလာျပန္သည္။

*သြားေလ ဘာရပ္လုပ္ေနတာလဲ။ မွာထားတာကို ဝမ္ရိေပၚကိုပဲ လာပို႔ခိုင္း။ ခင္ဗ်ားမ်က္ႏွာကို မျမင္ခ်င္ဘူး*

Lame ေခါင္းသာ ညိမ့္ျပခဲ့ကာ ရိေပၚကိုသာ သူ႔အနား ေစလႊတ္လိုက္သည္။ အေဝးက ၾကည့္လၽွင္ေတာင္ ျမင္ေနရသည့္ သူ႔အျပဳံးေတြ။ သူ႔အျပဳံးကို ျမင္ခ်င္လၽွင္ အေဝးက ၾကည့္မွသာလၽွင္ ျမင္ရသည့္ Lame။ သူ႔ကိုဆိုလၽွင္ ခါးခါးသီးသီး မုန္းၿပီး ပစ္ပစ္ခါခါ လုပ္ေနၾကမို႔ မနာတတ္ေတာ့ေပမယ့္ ေစာက္ရွက္က တစ္စက္မွမရွိဘူး၊ ခင္ဗ်ား ေယာက်ာ္းမဟုတ္ဘူးလားဟု အေျပာခံရသည့္ ေန႔မွာပင္ Lame အဖြားအိမ္က ထြက္လာခဲ့သည္။

Lameသူ႔ကို ခ်စ္မိတာ အေစာ္ကားခံရဖို႔၊ အႏွိမ္ခံရဖို႔ မဟုတ္ခဲ့ဘူး။ ထိုေန႔ကေန ျပန္မေတြ႕တာ အခုဆို တစ္လတင္းတင္း ျပည့္သည့္ေန႔ သူ႔ကို ျပန္ေတြ႕ခဲ့သည္။ ထုံးစံအတိုင္း မၾကည္ျဖဴသလို အျပဳအမူေတြ။

*ခၽြမ့္ေဟြးက ငဂ်စ္ေကာင္*

ရိေပၚက ရယ္ကာ သူ႔အနား လာေျပာ၍ ရယ္သာရယ္ျပလိုက္သည္။ ခၽြမ့္ေဟြးသည္ ငဂ်စ္ေကာင္၊ အဆိုးေကာင္ ၿပီးေတာ့ မုန္းခ်င္စရာေကာင္းေလာက္ေအာင္ ခ်စ္ဖို႔ေကာင္းတဲ့သူဆိုတာ သူ သိတာေပါ့။

*သိတာၾကာၿပီလား ရိေပၚ*

*ခၽြမ့္ေဟြးနဲ႔လား။ မၾကာေသးပါဘူး။ လပိုင္းေတာင္မရွိေသးဘူး။ ဘာျဖစ္လို႔လဲ ေကာ*

Lameေခါင္းအသာခါျပကာ

*ဘာမွမျဖစ္ပါဘူး ရိေပၚေလးရ။ ရိေပၚတို႔ႏွစ္ေယာက္ကို ၾကည့္ရတာ အရမ္းcloseျဖစ္လို႔ ေမးၾကည့္လိုက္တာ*

*ခၽြမ့္ေဟြးက ငခၽြဲေကာင္ ေကာရ။ ကၽြန္ေတာ့္ ညီေလးလိုပဲ ဒီေကာင္က။ အလုပ္က အတူတူပဲေလ*

*ေအာ္..*

သူ ေအာ္ ဟုေရရြတ္လိုက္ရင္း ရိေပၚကိုပါ ျပဳံးျပလိုက္ကာ အလုပ္ဆက္လုပ္လိုက္သည္။ ခၽြမ့္ေဟြးအေၾကာင္းေတြကို ထပ္မသိမိေအာင္ ႀကိဳးစားရမည္။ သူ႔ဘဝထဲက ခၽြမ့္ေဟြးကို ထုတ္ပစ္ရမည္။ Lame သူထိုင္ေနသည့္ ေနရာကို လွမ္းၾကည့္မိေတာ့ ရိေပၚႏွင့္သူ႔ကို စူးစူးဝါးဝါး စိုက္ၾကည့္ေနသည့္ ခၽြမ့္ေဟြး။

Lame မျမင္ေယာင္ေဆာင္ကာသာ အၾကည့္လႊဲလိုက္ၿပီး လုပ္စရာရွိတာ ဆက္လုပ္ေနလိုက္သည္။ အရင္က ခၽြမ့္ေဟြးကသာ ဘဝျဖစ္ခဲ့တဲ့ေကာင္ မဟုတ္ေတာ့ဘူးဆိုတာ သူ သိေအာင္ျပရမည္။

အလုပ္သိမ္းခ်ိန္ေရာက္ၿပီမို႔ ရိေပၚႏွင့္အတူ Lame အျပင္ထြက္လာခဲ့သည္။ ခနအၾကာ ရိေပၚ စီးရမည့္ ကားက ေရာက္လာေလသည္။ Lameက ေျခလ်င္ျပန္လို႔ရသည္အထိ နီးသည္မို႔ ကားမေစာင့္ရ။

*ေကာေရ ကၽြန္ေတာ္သြားၿပီေနာ္*

*ဂ႐ုစိုက္ျပန္အုံး ရိေပၚ*

Lame ရိေပၚကို ႏွုတ္ဆက္လိုက္ကာ ရိေပၚ ျမင္ကြင္းထဲက ေပ်ာက္သြားမွပင္ ကိုယ္ျပန္ရမယ့္ လမ္းသို႔ ျပန္ဦးတည္ရသည္။ ညကနည္းနည္းနက္ေန၍ လမ္းမီးတိုင္က က်ိဳးတိုးက်ဲတဲအလင္းေရာင္ျဖင့္သာ ေရွ႕ဆက္ေနရသည္။ အရင္က အရမ္းေၾကာက္ခဲ့သည့္ေကာင္ Lameဆိုသည့္ေကာင္သည္ ေသဆုံးသြားခဲ့ၿပီ။

အဝတ္တစ္ထည္၊ ကိုယ္တစ္ခုႏွင့္ လက္ထဲ စုေဆာင္းထားသည့္ ေငြနည္းနည္းကို ဆုပ္ကိုင္ကာ အဖြားအိမ္ေပၚက ဆင္းခဲ့ရသည့္ေန႔ကို မေမ့ေသး။ အဖြားကို ေတြ႕ခ်င္လို႔ သြားလၽွင္ေတာင္ ခင္ဗ်ားက ပိုင္းလုံး ဆိုတာမ်ိဳး ထပ္မၾကားခ်င္၍ ထိုခမ္းနားထည္ဝါသည့္ လူေတြေနသည့္အသိုင္းအဝိုင္းထဲ ထပ္မဝင္ခ်င္ေတာ့ပါ။

အဖြားတို႔၊ အန္ကယ္တို႔က သူ႔အေပၚေကာင္းေပမယ့္ ခၽြမ့္ေဟြးရွိသည့္ေနရာဆို တစ္ေနရာေလးမွပင္ သူ ေနခ်င္စိတ္မရွိေတာ့။ ခၽြမ့္ေဟြးနဲ႔ ဆုံခဲ့မိတာလဲ ေနာင္တရသည္။ ခ်စ္မိတာကိုလဲ ေနာင္တရသည္။  သူ ဒီရက္ေတြ ဘယ္ေလာက္ေတာင္ ပင္ပန္းလဲ သူကိုယ္တိုင္သာသိသည္။ အသက္ဆက္မရွင္ခ်င္ေတာ့ေလာက္ေအာင္ထိကို ပင္ပန္းေနခဲ့၏။

အလုပ္တစ္ခုရဖို႔ ကလပ္ေတြထိေတာင္ သူ အလုပ္ေလၽွာက္ခဲ့သည္။ အလုပ္ရေတာ့လဲ ထိကပါးရိကပါးေကာင္ေတြေၾကာင့္ အဆင္မေျပပဲ အလုပ္ထြက္ခဲ့ရသည္အထိ။ ဒီအလုပ္ေလးက အသိအကိုတစ္ေယာက္၏ လမ္းညႊန္မွုေၾကာင့္ ေရာက္ခဲ့ျခင္းျဖစ္သည္။ အတူတူက်သည့္ အကိုေတြက ေကာင္းေတာ့လဲ ျပႆနာက သူ႔အလိုလို ေရာက္လာျပန္သည္။

*ဟူးစ္..!*

ေလပူေတြ မွုတ္ထုတ္ကာ ေရွ႕ကို ဆက္ေလၽွာက္လာေတာ့ ျမင္လိုက္ရသည့္ ကားမီးေရာင္ေၾကာင့္ မ်က္လုံးကို လက္နဲ႔အသာကြယ္ကာ ၾကည့္လိုက္သည္။ ဒီလမ္းက လူရွင္းသည့္အတြတ္ သူ႔ကို သတ္သြားလဲ ဘယ္သူမွသိမည္မဟုတ္။

*ခၽြမ့္ေဟြး..!*

Lame၏ တိုးသဲ့သဲ့အသံေလး ထြက္လာသည္။ ကားေဘာ္ဒီကိုမွီကာ ရပ္ေစာင့္ေနသည့္ ခၽြမ့္ေဟြး။ လက္ကလဲ စီးကရက္ကို ကိုင္ထားကာ မီးခိုးေငြ႕ေတြကို မွုတ္ထုတ္ေနေလသည္။ ဒါက သူ ေဆးလိပ္နံ့မႀကိဳက္သည္ႏွင့္ ‌ေဆးလိပ္မႀကိဳက္သည္ကို သိ၍ တမင္လုပ္လိုက္ျခင္းပင္။

*အာ့..!မင္း ဘာလုပ္တာလဲ*

*အဲ့ဒါက က်ဳပ္ေမးရမွာ.!*

မျမင္ခ်င္ေယာင္ေဆာင္ကာ ဆက္သြားမလို ျပင္လိုက္ေပမယ့္ လက္ေမာင္းကို အားနဲ႔ေဆာင့္ဆြဲခံလိုက္ရ၍ lame၏ ကိုယ္ထည္ေလးက ကားနဲ႔ေဆာင့္မိသြားကာ အာ့ ခနဲပင္ ေအာ္မိသြား၏။

*ခင္ဗ်ားဘာလို႔ ကိုကို႔အနားကို ကပ္ေနတာလဲ။ ဘာလဲ ကၽြန္ေတာ့္ကို မရလို႔ ကၽြန္ေတာ့္ေနာက္ေၾကာင္းလွန္ၿပီး ဒရာမာ ခင္းမလို႔လား*

*မင္း မမိုက္ရိုင္းနဲ႔ ခၽြမ့္ေဟြး။ ငါ မင္းအေၾကာင္းေတြ စိတ္လဲမဝင္စားဘူး။ သိလဲမသိခ်င္ဘူး..ဖယ္ကြာ*

ကားေဘာ္ဒီတြင္ lameကို ကပ္ထားကာ အေပၚကေန အုပ္မိုးထားသည့္ ခၽြမ့္ေဟြးေၾကာင့္ သူ႔ရင္ဘတ္ႀကီးကို တြန္းထုတ္ေနေပမယ့္ အခ်ည္းႏွီးပင္။ ခၽြမ့္ေဟြး မ်က္ႏွာက ငုံ႔က်လာ၍ ေခါင္းကို တစ္ဖက္သို႔ တိမ္းေစာင္းပစ္သည္။

*က်ဳပ္ အျမဲထိုင္ေနတဲ့ဆိုင္အထိပါ လိုက္ၿပီးအလုပ္လုပ္ေနတာ။ က်ဳပ္ကို စိတ္မဝင္စားတာလား..ဒါမွမဟုတ္ က်ဳပ္ဆီမွာ ထပ္ၿပီးခံခ်င္ေသးလို႔လား*

*မင္း..မင္း..!*

Lameဝမ္းနည္းကာ ရင္ဘတ္ထဲ အလုံးႀကီးစို႔တက္လာ၍ ဘာမွပင္မေျပာနိုင္ပဲ မ်က္ရည္ေတြ က်ေနသည္။ ခနဲ႔တဲ့တဲ့အျပဳံးေတြနဲ႔ ခၽြမ့္ေဟြး၏ မ်က္ႏွာဟာ ကုပ္ဆြဲခ်င္စရာ။ သို႔ေပမယ့္ ဘာမွမလုပ္မိ။ သူ ခၽြမ့္ေဟြးအသားနဲ႔ေတာင္ မထိခ်င္ေတာ့။

*ငါက မင္းေနတဲ့ေနရာကို လာတာမဟုတ္ဘူး ေခ်ာင္ခၽြမ့္ေဟြး။ မင္းသာ ငါ ေနတဲ့ေနရာကို ေရာက္လာတာ။ ငါက မင္းေနာက္လိုက္တာ မဟုတ္ဘူး။ မင္းက ငါ့ေနာက္လိုက္ေနတာ*

တုန္ယင္ေနသည့္အသံျဖင့္ Lameေအာ္ဟစ္ပစ္သည္။ ပ်က္သြားသည့္ ခၽြမ့္ေဟြးမ်က္ႏွာက ထိန္းမရျခင္းႏွင့္အတူ လက္တစ္ဖက္ေျမႇာက္လာ၍ သူ မ်က္လုံးမွိတ္ထားလိုက္သည္။ သို႔ေပမယ့္ ရိုက္ခ်က္က မ်က္ႏွာေပၚသို႔ က်မလာ။

သူ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ စူးရဲစြာ ၾကည့္ေနသည့္သူ။ ခၽြမ့္ေဟြးကို ‌မ်က္ရည္ေတြျဖင့္ ျပန္ၾကည့္ကာ

*မင္း ကိုကိုဆိုတာကိုလဲ ငါမသိဘူး ခၽြမ့္ေဟြး။ ငါ သိရင္လဲ သူနဲ႔ေဝးေဝးေနမွာ*

*မလိုဘူး..!*

ခ်က္ခ်င္းေျပာင္းလဲသြားသည့္ ခၽြမ့္ေဟြးေၾကာင့္ Lame ဘာလဲ ဆိုၿပီး ၾကည့္လိုက္သည္။ ခၽြမ့္ေဟြး၏ လက္တစ္ဖက္က သူ႔ပါးျပင္ကို အသာပြတ္သပ္ေနကာ

*ခင္ဗ်ားသာ အခ်ိဳးမေျပရင္ ကၽြန္ေတာ္က သတ္ပစ္လိုက္လို႔ရတယ္။ ဒါေပမယ့္ အခုလို အားနည္းၿပီး ေစာက္ရမ္းသနားစရာေကာင္းေနတဲ့ ခင္ဗ်ားေၾကာင့္ မလုပ္ေသးဘူး*

Lameေဒါသထြက္လြန္း၍ အသားေတြ တုန္ေနသည္အထိ။ ခၽြမ့္ေဟြး သူ႔ကိုေစာ္ကားတာေတြ မ်ားေနသလို ဟိုး ေအာက္ဆုံးထိ ဆြဲခ်ေနျပန္သည္။

*ဒါေပမယ့္ ကိုကို႔အနားမွာ ပလူးပလဲ ပုံစံေတြျမင္ရင္ ခင္ဗ်ားအသက္ကို ဘုရားဆီ လွူထားလိုက္*

*မင္းေျပာခ်င္တာ ဒါဘဲမလား ခၽြမ့္ေဟြး။ ငါ့ကို သြားခြင့္ျပဳပါေတာ့*

ခၽြမ့္ေဟြး အသာတၾကည္ပင္ ထိုလူ႔ကို သြားခိုင္းလိုက္သည္။ တကယ္ကို ထိုလူ႔၏ ပုံစံက ေစာက္ရမ္း သနားစရာ ေကာင္းေန၍။ ေစာနက ရိုက္လိုက္ခ်င္ေပမယ့္ မ်က္ဝန္းေတြမွိတ္ကာ တဆက္ဆက္တုန္ေနသည့္ ခႏၶကိုာယ္ေၾကာင့္ မလုပ္ျဖစ္လိုက္။ ခၽြမ့္ေဟြးဆီတြင္ အျမဲရွုံးေနသူမို႔ လႊတ္ေပးလိုက္ျခင္း ျဖစ္သည္။

ေခါင္းငုံ႔ကာ ေလၽွာက္ေနသည့္ ထိုလူ႔ေၾကာင့္ ခၽြမ့္ေဟြး အၾကာႀကီးရပ္ၾကည့္ေနသည္။ ခနေနမွ အေမွာင္ထဲ ဝိုးတဝါး ေလၽွာက္ေနသည့္ ထိုလူ႔ကို သနား၍ အေနာက္က လိုက္လာခဲ့သည္။

မပတ္သတ္ခ်င္သည့္တိုင္ ထိုလူသည္ သူ႔အိပ္ယာေပၚတြင္ သူ႔အား အရွုံးေပးခဲ့ရသူ တစ္ေယာက္မို႔ ပတ္သတ္မွု တစ္ခုက ရွိေနခဲ့သည္။

___________________ဆက္ရန္_______________











Continue Reading

You'll Also Like

816K 37.8K 59
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
4.3K 135 15
A homeless girl comes across a tomb in a cemetery belonging to a man she'd never heard of before? He asked to take her home to him and she goes, but...
120K 3.4K 43
Korra is a new kid to Republic City High. She instantly clicks with Asami's new friend group. While Korra is all smiles and bouncy around them she ha...
31.3K 377 4
❛ he set fire to the world around him but 𝒏𝒆𝒗𝒆𝒓 let a flame touch her. ❜