ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင...

Від Joyareans

39.8K 4.2K 163

Author - Joyareans🐰🥕 English name -The resurrection mission(system 1061)👾 Cover photo crd Own creation 📝 ... Більше

Introduction
Secondchance
Arc1 characters
Arc 1.1 အန်းရီချန်း
Arc 1.2 အန်းရီချန်း
Arc 1.3 အန်းရီချန်း
Arc 1.4 အန်းရီချန်း
Arc 1.5 အန်းရီချန်း
Arc 1.6 အန်းရီချန်း
Arc 1.7 အန်းရီချန်း
Arc 1.8 အန်းရီချန်း
Arc 1.9 အန်ရီချန်း
Arc 1.10 အန်းရီချန်း
Arc 1.11 အန်းရီချန်း
Arc 1.12 အန်းရီချန်း
Arc 1.13 အန်းရီချန်း
Arc 1.14 အန်းရီချန်း
Arc 1.15 အန်းရီချန်း
Arc 1.17 အန်းရီချန်း

Arc 1.16 အန်းရီချန်း

1.6K 205 11
Від Joyareans

Unicode

အပိုင်း(၁၆) : အန်းအကြီးအကဲ

ဒုတိယဇာတ်လိုက်လေးဟာ သူမရဲ့ဒဏ်ရာဟာ သူ့အပြစ်မကင်းဟု ခံယူထားသည်မို့ မနက်တိုင်း စတော်ဘယ်ရီကိတ်မုန့်ဆိုင်လေးမှာ သူမကို စောင့်နေခဲ့တယ်။ သူမဟာအမြဲ စတော်ဘယ်ရီကိတ်ဆိုင်လေးနားရောက်လျှင် ကားပေါ်ကဆင်းပြီး စတော်ဘယ်ရီကိတ်လေးအမြဲစားလေ့ရှိတယ်ဆိုတာ သူသိခဲ့တယ်။ ဒါကြောင့် ထိုဆိုင်လေးမှာသူမကို စောင့်နေမယ်လို့ပြောခဲ့ပြီး သူမကို သူ့ရဲ့စက်ဘီးနဲ့ကျောင်းဝန်းထိ တင်ခေါ်သွားမယ်လို့ပြောခဲ့တယ်။

ဒါ့အပြင် သူမကိုတစ်ပတ်တိတိ စတော်ဘယ်ရီကိတ် ဝယ်ကျွေးမယ်လဲပြောခဲ့တယ်။ ရှီအာဟာ စတော်ဘယ်ရီကိတ်ဝယ်ကျွေးမယ့်အချက်ကို ငြင်းခဲ့တယ်။

ဒုတိယဇာတ်လိုက်လေးဟာ လောလောဆယ် အချိန်ပိုင်းအလုပ်တွေနဲ့လုံးပန်းနေရတာ ဘဝအတွက်ရုန်းကန်နေရတဲ့အပြင် ယဲ့အဖွားရဲ့ ဆေးဖိုးကိုပါရှာနေသူမို့ သူမဟာ ထိုကောင်လေးရဲ့ပင်ပင်ပန်းပန်းရှာထားတဲ့ ပိုက်ဆံလေးနဲ့ဝယ်ကျွေးတဲ့ စတော်ဘယ်ရီကိတ်ကို စားဝင်မှာမဟုတ်ဘူး။

ဒါကြောင့်သူမဟာ အပြင်းအထန်ငြင်းဆိုခဲ့ပြီး သူမကို စာသင်ခန်းထိလမ်းလျှောက်သွားဖို့ ကူညီရန် အကူအညီတောင်းခဲ့ပြီး ကန်တင်းသွားရင်လဲ ကန်တင်းထိသွားဖို့ကူညီရန်သာ အကူအညီတောင်းခဲ့တယ်။ ဒါတောင် ထိုကောင်ငယ်လေးဟာ သန့်စင်ခန်းရှေ့ထိလိုက်ပို့ပေးမယ်ဟု အတင်းတောင်းဆိုသည်။ ထိုကောင်လေးရဲ့ စိတ်တွင်းမှာ သူမကို ကူညီချင်နေသည်သာ ဖြစ်သည်။

ဒါဟာသူမကိုအခက်တွေ့ရုံတင်မက ကျောင်းသူများဟာ ကောင်လေးကို နှာဗူးကောင်ဟု ဘွဲ့တပ်သွားမည်လေ။ ထိုအရာတွေကို သူစဉ်းစားမိပုံမပေါ်။ သူမဟာထိုအချက်ကို အသည်းအသန် ကန့်ကွက်ခဲ့သည်။

တစ်ပတ်အတောအတွင်း သူမရဲ့ ခြေထောက်ဟာလဲ အလျင်အမြန်သက်သာလာခဲ့သည်။ ထူးဆန်းသည်မှာ ဇာတ်လိုက်မဟာ ဒီအတောအတွင်း အရမ်းငြိမ်နေခဲ့တယ်။ ဘာတွေကြံစည်နေလဲ သူမမသိပေ။ သို့ပေမယ့်သူမဟာ သတိကြီးကြီးထားဖို့လိုအပ်တယ်။

ဒုတိယဇာတ်လိုက်လေးဟာလဲ သူမရဲ့ခြေထောက်ပြန်လည်ကောင်းမွန်လာပြီးသည့်နောက်တောင် ကျောင်းလာချိန်တိုင်း စတော်ဘယ်ရီဆိုင်လေးတွင် သူမကို အမြဲစောင့်နေခဲ့တယ်။ ဒါဟာသူ့တာဝန်တစ်ခုလိုမျိူး မပျက်မကွက်လုပ်ခဲ့တယ်။ သူမအတွက် သူမအပေါ် ထိုကောင်လေးရဲ့ ဂရုစိုက်မှုဟာ အတော်အတန် အသားကျနေပြီ။ မနက်တိုင်း သူမဟာ ဒုတိယဇာတ်လိုက်ရဲ့ စက်ဘီးနောက်တွင် အမြဲလိုက်ပါသွားခဲ့တယ်။

ထိုမြင်ကွင်းကို နေ့တိုင်းမြင်နေရတဲ့ ဇာတ်လိုက်ဟာ စိတ်ထဲတွင် လုံးဝဘဝင်မကျတော့ပါ။ သူရဲ့ ပြဿနာမလေးဟာ ဆင်းရဲသားကောင်ရဲ့ စက်ဘီးနောက်ကနေ လိုက်စီးနေတာ သူ့ကို ဒေါသဖြစ်စေတယ်။ မနာလိုမှုလဲဖြစ်စေတယ်။ ဇာတ်လိုက်ဟာ သူ့ရဲ့ထူးဆန်းနေတဲ့ ခံစားချက်ကို ကိုယ်တိုင်သတိမထားမိခဲ့ပါဘူး။ ဇာတ်လိုက် ဒေါသဖြစ်နေချိန်မှာ အရှေ့ခန်းက ဒါရိုက်ဘာဟာ ကြောက်လွန်းလို့ အသံပင်မထွက်ရဲခဲ့ပါဘူး။

သူမတို့ဟာ နေ့လည်စာ ၄၅မိနစ်ရတဲ့အချိန်မှာလဲ ကန်တင်းတူတူသွားပြီး နေ့လည်စာတူတူစားတတ်တယ်။ ဒီနေ့လည်မှာ သူမဟာ ဒုတိယဇာတ်လိုက်ကို နေ့လည်စာဝယ်ကျွေးပါရစေလို့ တောင်းဆိုလိုက်တယ်။ ဒုတိယဇာတ်လိုက်ဟာ ဆင်းရဲတဲ့ကောင်လေးဖြစ်တယ်။ ဒါ့အပြင်သူဟာ မာနရှိတဲ့ကောင်ငယ်လေးဖြစ်ပြီး တစ်ပါးသူရဲ့ပစ္စည်းကို မဟားတရား ယူတတ်တဲ့စိတ်ထားမရှိပေ။ ထို့ကြောင့် စျေးကြီးတာကို မှာစားမှာ မဟုတ်ဖူးဆိုတာ သူမကျိန်းသေသိတယ်။ ဒါ့ကြောင့်သူမဟာ သူမကိုယ်တိုင်ပဲ ဟော့ပေါ့ပွဲကြီးမှာလိုက်တယ်။ သူမတို့နှစ်ယောက်အတွက်တကယ်ကို လုံလောက်ပါတယ်။

သူမဟာ ဟော့ပေါ့အိုးထဲက အစိမ်းရောင် ဟင်းနုနွယ်ရွှက်တွေကို မြင်တော့ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့တယ်။

သူမဒါကို မကြိုက်ဘူး?

သူမရဲ့ လျှပ်တပြတ် အမူအရာတွေကို နဲနဲလေးမှ အလွတ်မခံပဲ လေ့လာနေတဲ့ ဒုတိယဇာတ်လိုက်ဟာ

ဘယ်အရာက သူမကို အလိုမကျစေတာ ?

သူဟာ ဟော့ပေါ့အိုးကို စူးရှတဲ့ မျက်ဝန်းတွေနဲ့ စိုက်ကြည့်ပြီးနောက်"ဟင်းနုနွယ်ရွှက်ကို သဘောမကျဘူးလား?" သူဟာ ဖြစ်နိုင်ချေအရှိဆုံး စကားလုံးကို မေးလိုက်တယ်

". . ." သူမရဲ့ ငုံ့နေတဲ့ခေါင်းလေးဟာ ထောင်လာပြီး သူမကို စူးရှပြီး ထက်မြက်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတဲ့ သူမရှေ့က ကောင်လေးကို ပြန်ကြည့်လိုက်တယ်။ ပြီးတဲ့နောက် သူမဟာ ကြက်ပေါက်လေးဟာ အစာကို တဆက်ဆက်ကောက်ယူနေသလို ခေါင်းလေးကို ညိမ့်ပြလိုက်တယ်။ သူမရဲ့ အမူဟာ သူ့ရင်ကို နူးညံ့သွားစေတယ်။

သူဟာ အပြုံးဟုယူဆရလောက်တဲ့ အပြုံးကို ပြုံးလိုက်ပြီးနောက် တူကိုကိုင်ကာ ဟော့ပေါ့အိုးထဲက အစိမ်းရောင်ဟင်းနုနွယ်ရွက်တွေကို ပန်းကန်အလွတ်တစ်ခုထဲသို့ ထည့်ကာ အိုးထဲက ရှိသမျှသော အရွှက်တွေကို ဖယ်ရှားလိုက်တယ်။

သူမဟာ သူ့ရဲ့ လှုပ်ရှားမှု အသေးစိတ်ကို မျက်တောင်မခက်ပဲ ကြည့်နေခဲ့တယ်။ သူမရှေ့က ကောင်ငယ်လေးဟာ ရင့်ကျက်ပြီး လူလိမ်မာလေးတစ်ယောက်ဆိုတာ သူနှင့်မတွေ့ခင်ကတည်း သိခဲ့သည်။ သို့ပေမယ့် ထိုကောင်လေးရဲ့ အပြုအမူတွေက လူကြီးလူကောင်းဆန်ရုံမက အရမ်းကို အနုစိတ်ဆန်လွန်းတယ်။ သူဟာ သက်ရှိပန်းပုရုပ်လေးနဲ့တူတယ်။ နူးညံ့နွေးထွေးတယ်။ သူမရှေ့က ကောင်လေးကို ကြည့်ရင်း သူမရဲ့ပါးလေးတွေဟာလဲ အပျိုဖြန်းလေးလို ရှက်သွေးဖြာရဲတတ်နေတယ်။

လက်ရှိမှာ သူမဟာ သူမကိုယ်သူမ၂၃နှစ်ဟု ခံယူထားပုံမပေါ်ဘူး။ သူမဟာ ၁၈နှစ်အရွှယ်ကောင်မလေးဟု လက်ခံထားပုံပေါ်သည်။ သူမရဲ့ မပျော်ရွှင်ခဲ့ရတဲ့ အထက်တန်းကျောင်းသူ ဘဝကို ဒီကမ္ဘာမှာတော့ ပျော်ရွှင်စွာဖြတ်သန်းမယ်လို့ စိတ်ကူးထားပုံပေါ်သည်။ ငယ်ရွှယ်တဲ့ လူငယ်လေးတွေရဲ့ လွတ်လပ်မှုကို ပျော်ပျော်ကြီး ခံစားလိုက်စမ်းပါ။

ဒီနေ့ဟာ ကျောင်းပိတ်ရက်ဖြစ်တယ်။ သို့နှင့် သူမ မမျှော်လင့်ထားတဲ့ ဖုန်းcall တို့ လက်ခံရရှိခဲ့တယ်။ နောက်ဆုံးတော့ သူမရဲ့ စကားဟာ အသုံးဝင်သွားခဲ့တယ်။ အန်းအကြီးအကဲဟာ သူမနှင့်တွေ့ဆုံဖို့ ချိန်းဆိုခဲ့တယ်။

သူမဟာ အဖြူရောင် ဂါဝန်လေးကို ရွှေးချယ်လိုက်တယ်။ ဇာပန်းပွင့်လေးတွေဟာ ဂါဝန်လေးရဲ့အလှကို ထောက်ပံ့ပေးနေပြီး ဖြူစင်ခြင်းကို ဖော်ပြတဲ့ အဖြူရောင် ဂါဝန်လေးကို သူမ ဝတ်ဆင်ထားတယ်။ အဖြူရောင်လေးဟာ သူမအတွက် ဖြစ်တည်လာသလိုမျိုး သူမဟာ အဖြူလေးနဲ့မှ ပိုကျက်သရေရှိပြီး တည်ငြိမ်အေးချမ်းတယ်။ သူမရဲ့ကျောက်စိမ်းလိုကြည်ပြီးဖြူနေတဲ့ အသားအရေနဲ့ အဖြူရောင်လေးတို့ ပေါင်းစပ်လိုက်လျှင် မိုးပေါ်က ကျလာတဲ့ နတ်သမီးလေးလို။

အသက်ကြီးသူတစ်ယောက်နဲ့ ပြောဆိုဆက်ဆံရမယ့် သူမဟာ တည်ငြိမ်ရင့်ကျက်ဖို့လိုအပ်တယ်။ ပထမဆုံးတွေ့ဆုံမှုကတည်းက ကောင်းမွန်တဲ့အမြင်ကို ရရှိဖို့လိုအပ်တယ်။

သူမရဲ့ လှုပ်ရှားမှုတိုင်းဟာ နူးညံ့ပြီး မဟာဆန်တယ်။ လှပနူးညံ့တဲ့ မိန်းမပျိုလေးဟာ ယခုတော့ ရင့်ကျက်ပြီး တည်ငြိမ်စွာ ကျက်သရေရှိတဲ့ အမျိုးသမီးလေး ဖြစ်လို့နေပြီ။ ဒီပုံစံက သူမရဲ့ မူလကမ္ဘာအစစ်က သူမရဲ့ ပုံစံဖြစ်တယ်။ ရှီအာဟာ မှန်ထဲက သူမရဲ့ ပုံရိပ်လေးကို စူးရှတဲ့ စိန်ပြာရောင်မျက်လုံးတွေနဲ့ စူးရှစွာကြည့်လိုက်ပြီး သူမရဲ့ပုံရိပ်ကို အမှန်တကယ် သဘောကျလို့နေတယ်။

ရှီအာဟာ သူမရှေ့က မိန်းမပျိုလေးကို ပုံဖော်ရမယ်ဆိုရင် သူမဟာ အေးချမ်းတယ်။ လူတိုင်းရဲ့ရင်ကို အေးမြစေတယ်။ တည်ငြိမ်တယ်။ ရင့်ကျက်တယ်။ အထူးသဖြင့် ဖြူစင်ခြင်း နတ်ဘုရားမလေး နဲ့တူတယ်။ ရှီအာဟာ မှန်ရှေ့က အလှလေးဖြစ်တဲ့ သူမကိုယ်သူမ ဉပမာ မျိုးစုံနဲ့ စိတ်တိုင်းကျ ပုံဖော်နေခဲ့တယ်။

လှပတဲ့ ဖိနပ်လေးတွေဟာ မိန်းမလှလေးတွေကို ကောင်းမွန်တဲ့နေရာကို ခေါ်သွားပေးတတ်ကြတယ်။ ဒါကို ရှင်တို့ကြားဖူးကြလား?

သူမဟာ ထိပ်ချွန်နေတဲ့ ဒေါက်ဖိနပ် လှလှလေးကို သူမရဲ့ သွေးပန်းရောင်လေးတွေ နဲ့ နူးညံ့စွာလှနေတဲ့ သူမရဲ့ ခြေဖဝါးလေးမှာ ဆင်မြန်းတယ်။ လမ်းလျှောက်ရာတွင်လည်း ကြွရွှနေပြီး ပေါ့ပါးနေကာ ကြောင်လေးတစ်ကောင်နှယ်။

ရှင်တို့မြင်ဖူးကြလား?

သူမဟာ အရင်ဘဝက မော်ဒယ်တစ်ယောက်ဖြစ်ခဲ့ဖူးတာကို မေ့ထားလို့မရဘူး။

သူမရဲ့ စီးနေကြ super carလေးကို ကိုယ်တိုင်မောင်းပြီး ချိန်းဆိုထားတဲ့ နေရာကို မိနစ်အနည်းငယ်လောက် စောရောက်နေစေရန် နွမ်အိမ်တော်မှ စောစောထွက်ခဲ့တယ်။ လူကြီးတစ်ယောက်ကို စောင့်ခိုင်းတာဟာ သဘာဝမကျပေ။ ထို့ကြောင့် လူငယ်ဖြစ်တဲ့ သူမဟာ စောစောထွက်ခဲ့တယ်။

၄၅မိနစ်လောက်ကြာတော့ ချိန်းဆိုထားတဲ့ နေရာကို ရောက်ရှိခဲ့တယ်။

ရှေးခေတ်အပြင်အဆင်နှင့် တိတ်ဆိတ်ကာ လူလုပ်ရေတံခွန်မှ ရေစီးကျသံကို ကြားနေရတယ်။ ဒါ့အပြင် ကုချင်တီးခတ်နေတဲ့ အေးမြတဲ့ အသံကိုလဲ ကြားနေရတယ်။ ကြားရသူတိုင်းကို စိတ်ချမ်းမြေ့စေတယ်။ ထိုစားသောက်ဆိုင်ဟာ သီးသန့်ခန်းတွေနဲ့သာဖြစ်ပြီး စားသုံးသူတွေကို ရှေးခေတ်ရောက်နေသွားစေတဲ့ ခံစားချက်ကို ပေးစွမ်းတယ်။

ကြိုတင်ဘိုကင်လုပ်ထားတဲ့ သီးသန့်ခန်းကို စားပွဲထိုးမှ လိုက်ပြခဲ့တယ်။ သူမဟာ စားပွဲထိုးလေးနောက်သို့ လိုက်သွားခဲ့ပြီး သီးသန့်ခန်းထဲမှာ ထိုင်စောင့်နေခဲ့တယ်။ သူမရောက်ရှိပြီး ၅မိနစ်အကြာမှာပဲ သက်ကြီးပိုင်း အဖိုးအိုဟာ သီးသန့်ခန်းထဲသို့ ဝင်လာခဲ့တယ်။

ထိုအဖိုးအိုဟာ အသက်ကြီးနေပေမယ့်လဲ နုပျိုတယ်လို့ပြောရမည်။ ထိုအဖိုးအိုရဲ့ပုံစံအရ တွက်ချက်မယ်ဆိုလျှင် ထိုအဖိုးအိုဟာ အသက်၅၀ကျော်သာဖြစ်လိမ့်မည်။ သို့ပေမယ့် တကယ့်စင်စစ် အသက်အရွှယ်မှာ ၆၀ကျော် ၇၀နီးပါး ဖြစ်သည်။ ထို့နောက်သူမဟာ ထိုအဖိုးအိုဝင်လာသည်နှင့် မတ်တပ်ရပ်ကာ နှုတ်ဆက်လိုက်တယ်။ သူမဟာ သူမရှေ့က အဖိုးအိုကို ဘယ်သူဘယ်ဝါမှန်း သေချာမသိပေမယ့် ထိုအဖိုးအိုဟာ အန်းအကြီးအကဲဖြစ်မည်ဆိုတာ သေချာသည်။

"မင်္ဂလာပါ လူကြီးမင်း ကျွန်မက နွမ်ရှီအာပါ" သူမဟာ ဘယ်သူဘယ်ဝါ အတိအကျမသိသေးသည်မို့ လူကြီးမင်းဟုသာ ခေါ်လိုက်လေတယ်။

အဖိုးအိုရှေ့က အဖြူရောင်မိန်းမငယ်လေးဟာ အခက်အခဲတွေကို ကြုံတွေ့ပြီးပြီ။ အခက်ခဲဆုံးအရာတွေကို ကျော်ဖြတ်ပြီးပြီ။
ပြဿနာပေါင်းစုံကို ကျော်လွှားခဲ့ပြီးပြီ။ ပြဿနာအကြီးကြီးကိုတောင် သူမဟာ စမ်းရေလေးလို တည်ငြိမ်စွာ အပြုံးမပျက် ဖြေရှင်းနေမည်။ ဘဝရဲ့ ခက်ခဲတဲ့ ပြဿနာ ပင်လယ်ကြီးရဲ့ ကမ်းစပ်မှာ မတုန်မလှုပ်ပဲ တည်ငြိမ်နေတဲ့ ကျောက်အကြည်လေးတစ်လုံးလို။ ပင်လယ်ရေတွေဟာ ထိုကျောက်အကြည်ကို တိုက်စား ရိုက်ခတ်ကောင်း ရိုက်ခတ်နိုင်လိမ့်မယ်။ ဒါပေမယ့်သူမဟာ သူမရဲ့ ပုံစံလေးအတိုင်း ကြည်တောက်နေအုံးမှာ။ သူမရဲ့အရှိန်အဝါတွေဟာ တစ်ဖက်လူကို စိတ်သက်သာရာရစေတယ်။

"ဒီလူအိုကြီးက အန်းဂိုဏ်းရဲ့အကြီးအကဲပဲ" အဖိုးကြီးအန်းဟာ နှုတ်ဆက်လိုက်ရင်း ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီးနောက် "နွမ်မျိုးရိုးရဲ့ ဆက်ခံသူ စကားကို ဒီလူအိုကြီးစိတ်ဝင်စားမိသား"
"ပျောက်ဆုံးနေတဲ့ ရတနာလေးရှိတဲ့နေရာကို သိတယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ ဒီအဖိုးကြီးကို ရှင်းပြပေးနိုင်မလား"

သူမဟာ နူးညံ့ပြီး ကျက်သရေရှိတဲ့ အပြုံးလေးကို ပြုံးလိုက်ပြီး "အန်းအကြီးအကဲက အလျင်လိုနေတာပါပဲ..ကျွန်မဆိုလိုတာက.." သူမ ခေတ္တခနလောက် တိတ်ဆိတ်သွားပြီးနောက် ပြန်ပြောလာတယ် "အန်းဂိုဏ်းရဲ့ ဆက်ခံသူရှိတဲ့နေရာ ကျွန်မသိတယ်"

"နွမ်သခင်မလေးရဲ့ စကားက မင်းကိုယ်တိုင်အပေါ်ရော နွမ်ဂိုဏ်းအပေါ် အန္တာရယ်ကျရောက်နိုင်တယ်ဆိုတာ မင်းသဘော ပေါက်ရဲ့လား" လူအိုကြီးအန်းဟာ အန္တာရယ်ကို လက်ယက်ခေါ်နေတဲ့ သူမကိုယ်သူမ မသိတာလား ဆိုတာကို သိချင်မိတယ်။

သူမဟာ နူးညံ့တည်ငြိမ်တဲ့ အပြုံးလေးကို ဆင်မြန်းထားဆဲပင်။
"ကျွန်မသိပါတယ် ကျွန်မက တရားခံဖြစ်သွားနိုင်တယ်ဆိုတာကိုပေါ့" "ဘယ်ဟုတ်ပါ့မလဲ နွမ်ဂိုဏ်းတစ်ခုလုံးကို တရားခံဖြစ်သွားနိုင်တာပေါ့" သူမဟာ ဒီလိုကိစ္စကြီးကို ဘာမှမဖြစ်သလို တည်ငြိမ်စွာပြောနေတယ်။ သူမရဲ့ မျက်ဝန်းတွေဟာလဲ လောဘကင်းရှင်းတယ်။ ဒေါသဆိုတဲ့ အမည်ခံအရိပ်အယောင်တစ်ခုတောင် မရှိဘူး။

ဒါဟာ အန်းအကြီးအကဲကို သဘောကျစေခဲ့တယ်။

Zawgyi

အပိုင္း(၁၆) : အန္းအႀကီးအကဲ

ဒုတိယဇာတ္လိုက္ေလးဟာ သူမရဲ႕ဒဏ္ရာဟာ သူ႕အျပစ္မကင္းဟု ခံယူထားသည္မို႔ မနက္တိုင္း စေတာ္ဘယ္ရီကိတ္မုန႔္ဆိုင္ေလးမွာ သူမကို ေစာင့္ေနခဲ့တယ္။ သူမဟာအၿမဲ စေတာ္ဘယ္ရီကိတ္ဆိုင္ေလးနားေရာက္လွ်င္ ကားေပၚကဆင္းၿပီး စေတာ္ဘယ္ရီကိတ္ေလးအၿမဲစားေလ့ရွိတယ္ဆိုတာ သူသိခဲ့တယ္။ ဒါေၾကာင့္ ထိုဆိုင္ေလးမွာသူမကို ေစာင့္ေနမယ္လို႔ေျပာခဲ့ၿပီး သူမကို သူ႕ရဲ႕စက္ဘီးနဲ႕ေက်ာင္းဝန္းထိ တင္ေခၚသြားမယ္လို႔ေျပာခဲ့တယ္။

ဒါ့အျပင္ သူမကိုတစ္ပတ္တိတိ စေတာ္ဘယ္ရီကိတ္ ဝယ္ေကြၽးမယ္လဲေျပာခဲ့တယ္။ ရွီအာဟာ စေတာ္ဘယ္ရီကိတ္ဝယ္ေကြၽးမယ့္အခ်က္ကို ျငင္းခဲ့တယ္။

ဒုတိယဇာတ္လိုက္ေလးဟာ ေလာေလာဆယ္ အခ်ိန္ပိုင္းအလုပ္ေတြနဲ႕လုံးပန္းေနရတာ ဘဝအတြက္႐ုန္းကန္ေနရတဲ့အျပင္ ယဲ့အဖြားရဲ႕ ေဆးဖိုးကိုပါရွာေနသူမို႔ သူမဟာ ထိုေကာင္ေလးရဲ႕ပင္ပင္ပန္းပန္းရွာထားတဲ့ ပိုက္ဆံေလးနဲ႕ဝယ္ေကြၽးတဲ့ စေတာ္ဘယ္ရီကိတ္ကို စားဝင္မွာမဟုတ္ဘူး။

ဒါေၾကာင့္သူမဟာ အျပင္းအထန္ျငင္းဆိုခဲ့ၿပီး သူမကို စာသင္ခန္းထိလမ္းေလွ်ာက္သြားဖို႔ ကူညီရန္ အကူအညီေတာင္းခဲ့ၿပီး ကန္တင္းသြားရင္လဲ ကန္တင္းထိသြားဖို႔ကူညီရန္သာ အကူအညီေတာင္းခဲ့တယ္။ ဒါေတာင္ ထိုေကာင္ငယ္ေလးဟာ သန့္စင္ခန္းေရွ႕ထိလိုက္ပို႔ေပးမယ္ဟု အတင္းေတာင္းဆိုသည္။ ထိုေကာင္ေလးရဲ႕ စိတ္တြင္းမွာ သူမကို ကူညီခ်င္ေနသည္သာ ျဖစ္သည္။

ဒါဟာသူမကိုအခက္ေတြ႕႐ုံတင္မက ေက်ာင္းသူမ်ားဟာ ေကာင္ေလးကို ႏွာဗူးေကာင္ဟု ဘြဲ႕တပ္သြားမည္ေလ။ ထိုအရာေတြကို သူစဥ္းစားမိပုံမေပၚ။ သူမဟာထိုအခ်က္ကို အသည္းအသန္ ကန့္ကြက္ခဲ့သည္။

တစ္ပတ္အေတာအတြင္း သူမရဲ႕ ေျခေထာက္ဟာလဲ အလ်င္အျမန္သက္သာလာခဲ့သည္။ ထူးဆန္းသည္မွာ ဇာတ္လိုက္မဟာ ဒီအေတာအတြင္း အရမ္းၿငိမ္ေနခဲ့တယ္။ ဘာေတြႀကံစည္ေနလဲ သူမမသိေပ။ သို႔ေပမယ့္သူမဟာ သတိႀကီးႀကီးထားဖို႔လိုအပ္တယ္။

ဒုတိယဇာတ္လိုက္ေလးဟာလဲ သူမရဲ႕ေျခေထာက္ျပန္လည္ေကာင္းမြန္လာၿပီးသည့္ေနာက္ေတာင္ ေက်ာင္းလာခ်ိန္တိုင္း စေတာ္ဘယ္ရီဆိုင္ေလးတြင္ သူမကို အၿမဲေစာင့္ေနခဲ့တယ္။ ဒါဟာသူ႕တာဝန္တစ္ခုလိုမ်ိဴး မပ်က္မကြက္လုပ္ခဲ့တယ္။ သူမအတြက္ သူမအေပၚ ထိုေကာင္ေလးရဲ႕ ဂ႐ုစိုက္မႈဟာ အေတာ္အတန္ အသားက်ေနၿပီ။ မနက္တိုင္း သူမဟာ ဒုတိယဇာတ္လိုက္ရဲ႕ စက္ဘီးေနာက္တြင္ အၿမဲလိုက္ပါသြားခဲ့တယ္။

ထိုျမင္ကြင္းကို ေန႕တိုင္းျမင္ေနရတဲ့ ဇာတ္လိုက္ဟာ စိတ္ထဲတြင္ လုံးဝဘဝင္မက်ေတာ့ပါ။ သူရဲ႕ ျပႆနာမေလးဟာ ဆင္းရဲသားေကာင္ရဲ႕ စက္ဘီးေနာက္ကေန လိုက္စီးေနတာ သူ႕ကို ေဒါသျဖစ္ေစတယ္။ မနာလိုမႈလဲျဖစ္ေစတယ္။ ဇာတ္လိုက္ဟာ သူ႕ရဲ႕ထူးဆန္းေနတဲ့ ခံစားခ်က္ကို ကိုယ္တိုင္သတိမထားမိခဲ့ပါဘူး။ ဇာတ္လိုက္ ေဒါသျဖစ္ေနခ်ိန္မွာ အေရွ႕ခန္းက ဒါရိုက္ဘာဟာ ေၾကာက္လြန္းလို႔ အသံပင္မထြက္ရဲခဲ့ပါဘူး။

သူမတို႔ဟာ ေန႕လည္စာ ၄၅မိနစ္ရတဲ့အခ်ိန္မွာလဲ ကန္တင္းတူတူသြားၿပီး ေန႕လည္စာတူတူစားတတ္တယ္။ ဒီေန႕လည္မွာ သူမဟာ ဒုတိယဇာတ္လိုက္ကို ေန႕လည္စာဝယ္ေကြၽးပါရေစလို႔ ေတာင္းဆိုလိုက္တယ္။ ဒုတိယဇာတ္လိုက္ဟာ ဆင္းရဲတဲ့ေကာင္ေလးျဖစ္တယ္။ ဒါ့အျပင္သူဟာ မာနရွိတဲ့ေကာင္ငယ္ေလးျဖစ္ၿပီး တစ္ပါးသူရဲ႕ပစၥည္းကို မဟားတရား ယူတတ္တဲ့စိတ္ထားမရွိေပ။ ထို႔ေၾကာင့္ ေစ်းႀကီးတာကို မွာစားမွာ မဟုတ္ဖူးဆိုတာ သူမက်ိန္းေသသိတယ္။ ဒါ့ေၾကာင့္သူမဟာ သူမကိုယ္တိုင္ပဲ ေဟာ့ေပါ့ပြဲႀကီးမွာလိုက္တယ္။ သူမတို႔ႏွစ္ေယာက္အတြက္တကယ္ကို လုံေလာက္ပါတယ္။

သူမဟာ ေဟာ့ေပါ့အိုးထဲက အစိမ္းေရာင္ ဟင္းႏုႏြယ္႐ႊက္ေတြကို ျမင္ေတာ့ အနည္းငယ္ မ်က္ေမွာင္ၾကဳတ္သြားခဲ့တယ္။

သူမဒါကို မႀကိဳက္ဘူး?

သူမရဲ႕ လွ်ပ္တျပတ္ အမူအရာေတြကို နဲနဲေလးမွ အလြတ္မခံပဲ ေလ့လာေနတဲ့ ဒုတိယဇာတ္လိုက္ဟာ

ဘယ္အရာက သူမကို အလိုမက်ေစတာ ?

သူဟာ ေဟာ့ေပါ့အိုးကို စူးရွတဲ့ မ်က္ဝန္းေတြနဲ႕ စိုက္ၾကည့္ၿပီးေနာက္"ဟင္းႏုႏြယ္႐ႊက္ကို သေဘာမက်ဘဴးလား?" သူဟာ ျဖစ္နိုင္ေခ်အရွိဆုံး စကားလုံးကို ေမးလိုက္တယ္

". . ." သူမရဲ႕ ငုံ႕ေနတဲ့ေခါင္းေလးဟာ ေထာင္လာၿပီး သူမကို စူးရွၿပီး ထက္ျမက္တဲ့ မ်က္ဝန္းေတြနဲ႕ ၾကည့္ေနတဲ့ သူမေရွ႕က ေကာင္ေလးကို ျပန္ၾကည့္လိုက္တယ္။ ၿပီးတဲ့ေနာက္ သူမဟာ ၾကက္ေပါက္ေလးဟာ အစာကို တဆက္ဆက္ေကာက္ယူေနသလို ေခါင္းေလးကို ညိမ့္ျပလိုက္တယ္။ သူမရဲ႕ အမူဟာ သူ႕ရင္ကို ႏူးညံ့သြားေစတယ္။

သူဟာ အၿပဳံးဟုယူဆရေလာက္တဲ့ အၿပဳံးကို ၿပဳံးလိုက္ၿပီးေနာက္ တူကိုကိုင္ကာ ေဟာ့ေပါ့အိုးထဲက အစိမ္းေရာင္ဟင္းႏုႏြယ္႐ြက္ေတြကို ပန္းကန္အလြတ္တစ္ခုထဲသို႔ ထည့္ကာ အိုးထဲက ရွိသမွ်ေသာ အ႐ႊက္ေတြကို ဖယ္ရွားလိုက္တယ္။

သူမဟာ သူ႕ရဲ႕ လႈပ္ရွားမႈ အေသးစိတ္ကို မ်က္ေတာင္မခက္ပဲ ၾကည့္ေနခဲ့တယ္။ သူမေရွ႕က ေကာင္ငယ္ေလးဟာ ရင့္က်က္ၿပီး လူလိမ္မာေလးတစ္ေယာက္ဆိုတာ သူႏွင့္မေတြ႕ခင္ကတည္း သိခဲ့သည္။ သို႔ေပမယ့္ ထိုေကာင္ေလးရဲ႕ အျပဳအမူေတြက လူႀကီးလူေကာင္းဆန္႐ုံမက အရမ္းကို အႏုစိတ္ဆန္လြန္းတယ္။ သူဟာ သက္ရွိပန္းပု႐ုပ္ေလးနဲ႕တူတယ္။ ႏူးညံ့ႏြေးေထြးတယ္။ သူမေရွ႕က ေကာင္ေလးကို ၾကည့္ရင္း သူမရဲ႕ပါးေလးေတြဟာလဲ အပ်ိဳျဖန္းေလးလို ရွက္ေသြးျဖာရဲတတ္ေနတယ္။

လက္ရွိမွာ သူမဟာ သူမကိုယ္သူမ၂၃ႏွစ္ဟု ခံယူထားပုံမေပၚဘူး။ သူမဟာ ၁၈ႏွစ္အ႐ႊယ္ေကာင္မေလးဟု လက္ခံထားပုံေပၚသည္။ သူမရဲ႕ မေပ်ာ္႐ႊင္ခဲ့ရတဲ့ အထက္တန္းေက်ာင္းသူ ဘဝကို ဒီကမၻာမွာေတာ့ ေပ်ာ္႐ႊင္စြာျဖတ္သန္းမယ္လို႔ စိတ္ကူးထားပုံေပၚသည္။ ငယ္႐ႊယ္တဲ့ လူငယ္ေလးေတြရဲ႕ လြတ္လပ္မႈကို ေပ်ာ္ေပ်ာ္ႀကီး ခံစားလိုက္စမ္းပါ။

ဒီေန႕ဟာ ေက်ာင္းပိတ္ရက္ျဖစ္တယ္။ သို႔ႏွင့္ သူမ မေမွ်ာ္လင့္ထားတဲ့ ဖုန္းcall တို႔ လက္ခံရရွိခဲ့တယ္။ ေနာက္ဆုံးေတာ့ သူမရဲ႕ စကားဟာ အသုံးဝင္သြားခဲ့တယ္။ အန္းအႀကီးအကဲဟာ သူမႏွင့္ေတြ႕ဆုံဖို႔ ခ်ိန္းဆိုခဲ့တယ္။

သူမဟာ အျဖဴေရာင္ ဂါဝန္ေလးကို ေ႐ႊးခ်ယ္လိုက္တယ္။ ဇာပန္းပြင့္ေလးေတြဟာ ဂါဝန္ေလးရဲ႕အလွကို ေထာက္ပံ့ေပးေနၿပီး ျဖဴစင္ျခင္းကို ေဖာ္ျပတဲ့ အျဖဴေရာင္ ဂါဝန္ေလးကို သူမ ဝတ္ဆင္ထားတယ္။ အျဖဴေရာင္ေလးဟာ သူမအတြက္ ျဖစ္တည္လာသလိုမ်ိဳး သူမဟာ အျဖဴေလးနဲ႕မွ ပိုက်က္သေရရွိၿပီး တည္ၿငိမ္ေအးခ်မ္းတယ္။ သူမရဲ႕ေက်ာက္စိမ္းလိုၾကည္ၿပီးျဖဴေနတဲ့ အသားအေရနဲ႕ အျဖဴေရာင္ေလးတို႔ ေပါင္းစပ္လိုက္လွ်င္ မိုးေပၚက က်လာတဲ့ နတ္သမီးေလးလို။

အသက္ႀကီးသူတစ္ေယာက္နဲ႕ ေျပာဆိုဆက္ဆံရမယ့္ သူမဟာ တည္ၿငိမ္ရင့္က်က္ဖို႔လိုအပ္တယ္။ ပထမဆုံးေတြ႕ဆုံမႈကတည္းက ေကာင္းမြန္တဲ့အျမင္ကို ရရွိဖို႔လိုအပ္တယ္။

သူမရဲ႕ လႈပ္ရွားမႈတိုင္းဟာ ႏူးညံ့ၿပီး မဟာဆန္တယ္။ လွပႏူးညံ့တဲ့ မိန္းမပ်ိဳေလးဟာ ယခုေတာ့ ရင့္က်က္ၿပီး တည္ၿငိမ္စြာ က်က္သေရရွိတဲ့ အမ်ိဳးသမီးေလး ျဖစ္လို႔ေနၿပီ။ ဒီပုံစံက သူမရဲ႕ မူလကမၻာအစစ္က သူမရဲ႕ ပုံစံျဖစ္တယ္။ ရွီအာဟာ မွန္ထဲက သူမရဲ႕ ပုံရိပ္ေလးကို စူးရွတဲ့ စိန္ျပာေရာင္မ်က္လုံးေတြနဲ႕ စူးရွစြာၾကည့္လိုက္ၿပီး သူမရဲ႕ပုံရိပ္ကို အမွန္တကယ္ သေဘာက်လိဳ႕ေနတယ္။

ရွီအာဟာ သူမေရွ႕က မိန္းမပ်ိဳေလးကို ပုံေဖာ္ရမယ္ဆိုရင္ သူမဟာ ေအးခ်မ္းတယ္။ လူတိုင္းရဲ႕ရင္ကို ေအးျမေစတယ္။ တည္ၿငိမ္တယ္။ ရင့္က်က္တယ္။ အထူးသျဖင့္ ျဖဴစင္ျခင္း နတ္ဘုရားမေလး နဲ႕တူတယ္။ ရွီအာဟာ မွန္ေရွ႕က အလွေလးျဖစ္တဲ့ သူမကိုယ္သူမ ဉပမာ မ်ိဳးစုံနဲ႕ စိတ္တိုင္းက် ပုံေဖာ္ေနခဲ့တယ္။

လွပတဲ့ ဖိနပ္ေလးေတြဟာ မိန္းမလွေလးေတြကို ေကာင္းမြန္တဲ့ေနရာကို ေခၚသြားေပးတတ္ၾကတယ္။ ဒါကို ရွင္တို႔ၾကားဖူးၾကလား?

သူမဟာ ထိပ္ခြၽန္ေနတဲ့ ေဒါက္ဖိနပ္ လွလွေလးကို သူမရဲ႕ ေသြးပန္းေရာင္ေလးေတြ နဲ႕ ႏူးညံ့စြာလွေနတဲ့ သူမရဲ႕ ေျခဖဝါးေလးမွာ ဆင္ျမန္းတယ္။ လမ္းေလွ်ာက္ရာတြင္လည္း ႂကြ႐ႊေနၿပီး ေပါ့ပါးေနကာ ေၾကာင္ေလးတစ္ေကာင္ႏွယ္။

ရွင္တို႔ျမင္ဖူးၾကလား?

သူမဟာ အရင္ဘဝက ေမာ္ဒယ္တစ္ေယာက္ျဖစ္ခဲ့ဖူးတာကို ေမ့ထားလို႔မရဘူး။

သူမရဲ႕ စီးေနၾက super carေလးကို ကိုယ္တိုင္ေမာင္းၿပီး ခ်ိန္းဆိုထားတဲ့ ေနရာကို မိနစ္အနည္းငယ္ေလာက္ ေစာေရာက္ေနေစရန္ ႏြမ္အိမ္ေတာ္မွ ေစာေစာထြက္ခဲ့တယ္။ လူႀကီးတစ္ေယာက္ကို ေစာင့္ခိုင္းတာဟာ သဘာဝမက်ေပ။ ထို႔ေၾကာင့္ လူငယ္ျဖစ္တဲ့ သူမဟာ ေစာေစာထြက္ခဲ့တယ္။

၄၅မိနစ္ေလာက္ၾကာေတာ့ ခ်ိန္းဆိုထားတဲ့ ေနရာကို ေရာက္ရွိခဲ့တယ္။

ေရွးေခတ္အျပင္အဆင္ႏွင့္ တိတ္ဆိတ္ကာ လူလုပ္ေရတံခြန္မွ ေရစီးက်သံကို ၾကားေနရတယ္။ ဒါ့အျပင္ ကုခ်င္တီးခတ္ေနတဲ့ ေအးျမတဲ့ အသံကိုလဲ ၾကားေနရတယ္။ ၾကားရသူတိုင္းကို စိတ္ခ်မ္းေျမ့ေစတယ္။ ထိုစားေသာက္ဆိုင္ဟာ သီးသန့္ခန္းေတြနဲ႕သာျဖစ္ၿပီး စားသုံးသူေတြကို ေရွးေခတ္ေရာက္ေနသြားေစတဲ့ ခံစားခ်က္ကို ေပးစြမ္းတယ္။

ႀကိဳတင္ဘိုကင္လုပ္ထားတဲ့ သီးသန့္ခန္းကို စားပြဲထိုးမွ လိုက္ျပခဲ့တယ္။ သူမဟာ စားပြဲထိုးေလးေနာက္သို႔ လိုက္သြားခဲ့ၿပီး သီးသန့္ခန္းထဲမွာ ထိုင္ေစာင့္ေနခဲ့တယ္။ သူမေရာက္ရွိၿပီး ၅မိနစ္အၾကာမွာပဲ သက္ႀကီးပိုင္း အဖိုးအိုဟာ သီးသန့္ခန္းထဲသို႔ ဝင္လာခဲ့တယ္။

ထိုအဖိုးအိုဟာ အသက္ႀကီးေနေပမယ့္လဲ ႏုပ်ိဳတယ္လို႔ေျပာရမည္။ ထိုအဖိုးအိုရဲ႕ပုံစံအရ တြက္ခ်က္မယ္ဆိုလွ်င္ ထိုအဖိုးအိုဟာ အသက္၅၀ေက်ာ္သာျဖစ္လိမ့္မည္။ သို႔ေပမယ့္ တကယ့္စင္စစ္ အသက္အ႐ႊယ္မွာ ၆၀ေက်ာ္ ၇၀နီးပါး ျဖစ္သည္။ ထို႔ေနာက္သူမဟာ ထိုအဖိုးအိုဝင္လာသည္ႏွင့္ မတ္တပ္ရပ္ကာ ႏႈတ္ဆက္လိုက္တယ္။ သူမဟာ သူမေရွ႕က အဖိုးအိုကို ဘယ္သူဘယ္ဝါမွန္း ေသခ်ာမသိေပမယ့္ ထိုအဖိုးအိုဟာ အန္းအႀကီးအကဲျဖစ္မည္ဆိုတာ ေသခ်ာသည္။

"မဂၤလာပါ လူႀကီးမင္း ကြၽန္မက ႏြမ္ရွီအာပါ" သူမဟာ ဘယ္သူဘယ္ဝါ အတိအက်မသိေသးသည္မို႔ လူႀကီးမင္းဟုသာ ေခၚလိုက္ေလတယ္။

အဖိုးအိုေရွ႕က အျဖဴေရာင္မိန္းမငယ္ေလးဟာ အခက္အခဲေတြကို ႀကဳံေတြ႕ၿပီးၿပီ။ အခက္ခဲဆုံးအရာေတြကို ေက်ာ္ျဖတ္ၿပီးၿပီ။
ျပႆနာေပါင္းစုံကို ေက်ာ္လႊားခဲ့ၿပီးၿပီ။ ျပႆနာအႀကီးႀကီးကိုေတာင္ သူမဟာ စမ္းေရေလးလို တည္ၿငိမ္စြာ အၿပဳံးမပ်က္ ေျဖရွင္းေနမည္။ ဘဝရဲ႕ ခက္ခဲတဲ့ ျပႆနာ ပင္လယ္ႀကီးရဲ႕ ကမ္းစပ္မွာ မတုန္မလႈပ္ပဲ တည္ၿငိမ္ေနတဲ့ ေက်ာက္အၾကည္ေလးတစ္လုံးလို။ ပင္လယ္ေရေတြဟာ ထိုေက်ာက္အၾကည္ကို တိုက္စား ရိုက္ခတ္ေကာင္း ရိုက္ခတ္နိုင္လိမ့္မယ္။ ဒါေပမယ့္သူမဟာ သူမရဲ႕ ပုံစံေလးအတိုင္း ၾကည္ေတာက္ေနအုံးမွာ။ သူမရဲ႕အရွိန္အဝါေတြဟာ တစ္ဖက္လူကို စိတ္သက္သာရာရေစတယ္။

"ဒီလူအိုႀကီးက အန္းဂိုဏ္းရဲ႕အႀကီးအကဲပဲ" အဖိုးႀကီးအန္းဟာ ႏႈတ္ဆက္လိုက္ရင္း ထိုင္ခုံတြင္ ဝင္ထိုင္လိုက္ၿပီးေနာက္ "ႏြမ္မ်ိဳးရိုးရဲ႕ ဆက္ခံသူ စကားကို ဒီလူအိုႀကီးစိတ္ဝင္စားမိသား"
"ေပ်ာက္ဆုံးေနတဲ့ ရတနာေလးရွိတဲ့ေနရာကို သိတယ္ဆိုတာ ဘာအဓိပ္ပါယ်လဲ ဒီအဖိုးႀကီးကို ရွင္းျပေပးနိုင္မလား"

သူမဟာ ႏူးညံ့ၿပီး က်က္သေရရွိတဲ့ အၿပဳံးေလးကို ၿပဳံးလိုက္ၿပီး "အန္းအႀကီးအကဲက အလ်င္လိုေနတာပါပဲ..ကြၽန္မဆိုလိုတာက.." သူမ ေခတၱခနေလာက္ တိတ္ဆိတ္သြားၿပီးေနာက္ ျပန္ေျပာလာတယ္ "အန္းဂိုဏ္းရဲ႕ ဆက္ခံသူရွိတဲ့ေနရာ ကြၽန္မသိတယ္"

"ႏြမ္သခင္မေလးရဲ႕ စကားက မင္းကိုယ္တိုင္အေပၚေရာ ႏြမ္ဂိုဏ္းအေပၚ အႏၱာရယ္က်ေရာက္နိုင္တယ္ဆိုတာ မင္းသေဘာ ေပါက္ရဲ႕လား" လူအိုႀကီးအန္းဟာ အႏၱာရယ္ကို လက္ယက္ေခၚေနတဲ့ သူမကိုယ္သူမ မသိတာလား ဆိုတာကို သိခ်င္မိတယ္။

သူမဟာ ႏူးညံ့တည္ၿငိမ္တဲ့ အၿပဳံးေလးကို ဆင္ျမန္းထားဆဲပင္။
"ကြၽန္မသိပါတယ္ ကြၽန္မက တရားခံျဖစ္သြားနိုင္တယ္ဆိုတာကိုေပါ့" "ဘယ္ဟုတ္ပါ့မလဲ ႏြမ္ဂိုဏ္းတစ္ခုလုံးကို တရားခံျဖစ္သြားနိုင္တာေပါ့" သူမဟာ ဒီလိုကိစၥႀကီးကို ဘာမွမျဖစ္သလို တည္ၿငိမ္စြာေျပာေနတယ္။ သူမရဲ႕ မ်က္ဝန္းေတြဟာလဲ ေလာဘကင္းရွင္းတယ္။ ေဒါသဆိုတဲ့ အမည္ခံအရိပ္အေယာင္တစ္ခုေတာင္ မရွိဘူး။

ဒါဟာ အန္းအႀကီးအကဲကို သေဘာက်ေစခဲ့တယ္။

Продовжити читання

Вам також сподобається

Gonna Be Mine Від j

Фанфіки

586K 65.9K 34
6 years later,he found his wife(husband).
59K 15.4K 54
💚❤ පෙරවදන් කුමකටද...... පසු වදනින් මුණගැසෙන තුරු.......❤💚 🆃︎🅷︎🅴︎ 🅸︎🅽︎🅵︎🅸︎🅽︎🅸︎🆃︎🆈︎...........❤️‍🔥❤️‍🔥
271K 6.3K 28
Only one ML နေခန့်မင်းသစ် Age- 24 Height 6' "Sun"ဆောက်လုပ်​ရေး company ရဲ့ တစ်ဦးတည်းသောသားဖြစ်ပြီး မိဘအလိုလိုက်ထား၍ ဆိုးသွမ်းနေသူ မိန်းကလေးတွေကြားရေ...
4.2K 728 17
Jungkook Atlas Francis - Taehyung Rowan Elliot