"Hey! Min.." [Completed]

By Marry-Love

42.6K 5.5K 1.4K

လူတွေက တစ်ယောက်တစ်မျိုးစီ ရူးနေကြတယ်ဆိုရင်... ကိုယ်ကတော့ မင်းကိုရူးမယ်....။ >>Uni+Zawgi<< More

(1)
(2)
(3)
(4)
(5)
(6)
(7)
(8)
(9)
-
(10)
(11)
(12)
(13)
(14)
(15)
(16)
(17)
(19)
(20) Part-1🌼
(20) Part-2🌼
(21)
(22)
(23)
(24)
(25) Part-1
(25) Part-2
🌼(26)🌼
(27)
(28)🌙
(29)
(30)
(31)
(32) Part-1
(32) Part-2
🌱(33) 🌱
🕊️(34)🕊️
(35) Part-1
(35) Part-2
🌼(36)🌼
🌸(37)🌸
🌸Ending🌸 Life Goes On...
🌸Ending-2🌸 (Unicode)
🌸Ending-2🌸 (Zawgi)
Extra🌸 Unicode
Extra🌸 (Zawgi)
🌻 Extra-2 🌻
❤️ Extra-3 ❤️

(18)

853 120 24
By Marry-Love


Jungkookကသဘောတူခြင်းဖြင့်
သိကျွမ်းခဲ့ရသော ကောင်လေးဟာ ဆိုးတော့မဆိုးလှ.။ ပန်းခြံပိုင်ရှင်၏သားဖြစ်ပြီး ဖွင့်ပွဲကိုဖိတ်လာ၍ နှစ်ယောက်သားအတူလိုက်ခဲ့ကြသည်.။ သူ့ဘက်ကနေအပျင်းပြေတွဲကြမလားဟူသည့် ခပ်ပေါ့ပေါ့တောင်းဆိုမှုမှာ ဘာရယ်ညာရယ်မပြော ကောင်လေးကလည်းအီစီကလီထု၍ သိပ်ကောင်းသည်.။

သူ့အားဘယ်လောက်တောင် မိန်းမတွေထက်ယောက်ျားတွေကတမ်းတမ်းစွဲကြကြောင်း...သူတို့မိသားစုဟာ ဘယ်လောက်ကျိကျိတက်ကြောင်း...တခြားလူဆိုရင်တော့မူနေမှာမှန်ပေမယ့် Hoseokလိုလူမျိုးကတော့ နှစ်ခါစဥ်းစားစရာမလိုသည့်လူဖြစ်နေကြောင်းတွေကို မမောနိုင်မပန်းနိုင်ပြောပြနေခြင်းအား အပျင်းလည်းပြေ၍ ကြွားလုံးထုတ်မှုတွေကိုမေးထောက်ကာ နားထောင်နေလိုက်သည်.။

နားညီးသည့် ဒဏ်ကိုတော့မခံနိုင်သော်ငြား
ကိုယ်ကအသုံးချဖို့ရည်ရွယ်ထားသူမို့
ဒီလောက်လေးတော့ စိတ်ရှည်ပေးဖြစ်သည်.။ ကောင်လေးကလည်း တကယ်ကိုလှပါသည်။ ဆံပင်ပန်းရောင်တွေကို တစ်မိနစ်ခြားတစ်ခါသပ်တင်နေသလား ထင်ရပြီး နှုတ်ခမ်းထူထူတွေကို ဆူရင်းထော်ရင်း ပေါက်ပေါက်ဖောက်နေရှာသည်.။

" အဲ့လိုမျိုးဆို သိပ်စိတ်ရှုပ်တာပဲ.။
ကျွန်တော်ကလည်း လှတော့လေ..ဟုတ်တယ်မလား"

"ဒါပေါ့...Jiminက သိပ်ကိုလှတာ.။ အဲ့ဒါကြောင့်လည်း ကို်ယ်ကသဘောကျတာပေါ့."

ကျေနပ်သလိုပြုံးရယ်သွားခြင်းအား အသည်းယားလာ၍ ဆံပင်ခပ်ရှုပ်ရှုပ်လေးတွေကို ထိုးဖွကာ စမိနေတုန်း

" Jung Hoseok!!!!! "

ရုတ်တရက် ဘယ်ဆီကမှန်းမသိ ဟိန်းထွက်လာသည့်အသံနက်ကြီးတွင်
Jiminမျက်လုံးလေးတွေဝိုင်းသွားပြီး ခန္ဓာကိုယ်လေးလည်းသိမ့်ခနဲတုန်သွားသလို Hoseokလက်တွေလည်း ပန်းရောင်ဆံပင်တွေထဲကနေ ဖျတ်ကနဲ ခွါထွက်သွားသည်.။

ခေါင်းထဲသွေးဆောင့်တက်သွားသလိုဖြစ်ရခြင်းက သူ့ကိုအမဲဖြတ်မလိုကြည့်နေသည့်Min Yoongiကြောင့်ဖြစ်သည်.။ အသံဘယ်လောက်အောင်သလဲမေး Jeon JungKookနားကြပ်ထဲကသီချင်းသံကိုတောင်လွှမ်းမိုးနိုင်သည်အထိပင်.။

"​ Ho! သူကဘယ်သူလဲ."

Jiminကအသံသေးသေးလေးဖြင့်ကပ်တိုးလေးမေးလာသည်ကို ပြန်မဖြေနိုင်အား.။ စူးစူးရဲရဲမျက်လုံးတွေကို သူကိုယ်တိုင်လည်း​ လန့်သွားရတာကြောင့်ဖြစ်သည်..။

"J...ဘယ်သူလဲသူက."

မျက်လုံးနက်နက်တွေကိုပြိုင်ကြည့်နေရင်း Hoseokကိုယ်တိုင်လည်းဒေါသထွက်လာသည်.။ သူ့ကို ဒီလိုလာအော်နေစရာအကြောင်း ဘယ်မှာရှိလို့လဲ.။ Min Yoongiက အဆန်း.။

"ဘာလာအရူးထနေတာလဲ!!!"

မလျော့သောလေသံဖြင့်ပြန်အော်လိုက်တော့
သူ့ဆီကိုခြေလှမ်းကြဲကြီးများဖြင့်လျှောက်လာသူဟာ အနားရောက်တော့ လက်ကိုဆောင့်ဆွဲလိုက်တာကြောင့် နာသွားရသည်။

"နာတယ်..လွှတ်စမ်း!! ငါ့အသားကို မထိနဲ့ !!!."

"ဘာလုပ်နေတာလဲ မင်း.။
မင်းလုပ်ရပ်တွေ ရပ်တန်းကရပ်လိုက်တော့နော် Jung Hoseok!!"

ခပ်သြသြအော်လိုက်သံကြီးတွင် အဆိုးအဆာကငြိမ်ကျသွားသည်.။ လန့်သွားသည်လား ရှက်သွားသည်လားမသဲကွဲစွာ Jiminတို့ဘက်သို့လည်း ဝေ့ကြည့်လိုက်သည်။ အနောက်မှာတော့ Jiminက JungKookဘေးနားသို့ အော်တိုကပ်သွားသည်.။

Jeonသည် ဘယ်သူဘယ်ဝါရယ်မသိ
ဘလိုင်းကြီး လာကြမ်းရမ်းနေသူကြောင့် ဝင်မပါဘဲ မနေနိုင်တော့။

"ဒီမှာ..ခင်ဗျားကဘယ်သူလဲ.။ ကျွန်တော့်သူငယ်ချင်းကို လွှတ်!!"

"JK...မင်း Jiminကိုပြန်လိုက်ပို့ပေးလိုက်.။
ငါ့ပြဿနာ ငါရှင်းမယ်."

"J !!"

"ရတယ်. သွား..ငါဘာမှမဖြစ်ဘူး."

ဘာမှမဖြစ်ဘူးဆိုနေသူဟာ မျက်ရည်အဝိုင်းသားနှင့်မို့ အခြောက်တိုက်လာကြမ်းရမ်းနေသူဟာ ဘယ်သူဖြစ်ကြောင်းကို ဉာဏ်ပြေးသူ JungKookက ချက်ချင်းသိလိုက်သည်.။
ထို့နောက် ခုံပေါ်မှအိတ်ကိုကောက်ကာ Hoseokလက်ထဲထည့်ပေးပြီးနောက် Min Yoongiကို ဆိုင်ကြည့်လိုက်ပြီး...

" ဘာမှမသိဘဲနဲ့ Jကို နောက်တစ်ခါ ဒီလိုမျိုး အော်ဟစ်ပြီး နှိပ်စက်ရဲနှိပ်စက်ကြည့်။ ..ခင်ဗျားနဲ့ကျုပ်နဲ့အတွေ့ပဲ.။ J...အိတ်ထဲမှာဆေးတွေရှိတယ်. တစ်ခုခုဆိုဖုန်းဆက်လိုက်."

"အင်း..."

သူဌေးသားအနုအရွလေးဟာ ဒီလိုမျိုးတွေ
တစ်ခါမှမကြုံဖူး၍လားမသိ.။ ကြောက်စိတ်ကြောင့်တုန်ရီနေကာ JungKookဆွဲခေါ်ရာ​နောက်သို့ လည်ပြန်ပါသွားရသည်.။

ထိုအခါ Hoseokသည် အားနာသည့်စိတ်တွေရော..ရှုပ်လာသည့်စိတ်တွေရောဖြင့် နှလုံးခုန်မြန်လာကာ Yoongi လက်ထဲကနေ သူ့လက်ကိုအားနှင့်ရုန်းချလိုက်ပြီးနောက် Minပါးပြင်ကို လက်သီးဖြင့် ထိုးလိုက်မိတော့သည်.။ ဒါဒုတိယအကြိမ်မြောက် သူ့ဘက်ကပဲကိုယ်ထိလက်ရောက်ကျူးလွန်ဖူးခြင်း.။ မတတ်နိုင်ဘူး...ထိန်းပေမယ့်လည်း မကြာသေးခင်ကမှ သံကြိုးတွေထဲကနေ ပူပူနွေးနွေးလွတ်မြောက်ထားရသူမို့ ဒီအချိန်မှာ စိတ်တွေကလွတ်သွားရင် ထိန်းမရသိမ်းမရ မိုင်ကုန်ပင် ဖြစ်သည်။

"မင်းမျက်နှာကိုမြင်ရတာ ပူလောင်တယ်!!! ငါ့အနားက ထွက်သွားစမ်းပါ!! မင်းကို ရူးမတတ်ကို မုန်းလွန်းလို့ အသံနဲ့တင် ငါ့ရင်တစ်ခုလုံး မီးလောင်နေသလို ပူလွန်းလို့ နောက်နောင် ငါ့ရှေ့ကို ဘယ်တော့မှ ပေါ်မလာနဲ့!!"

အရှိန်ဟာ ယောက်ျားတစ်ယောက်က
ကြမ်းပြင်ပေါ်လဲကျသွားရတဲ့အထိ
ပြင်းပါသည်.။ ဒေါသတကြီးအော်ပြောလိုက်သူကို Yoongiက မော့ကြည့်ကာ လှိုက်ခနဲဝမ်းနည်းသွားရသည်.။ ပထမတစ်ခါအထိုးခံခဲ့ရတုန်းကလည်း Minဟာလူမသိသူမသိ ဝမ်းနည်းခဲ့ရတာပဲ..။ အခုလည်း မခြားနားသွားပါ။

"မသွားနိုင်ဘူး!! ငါသွားလိုက်ရင် မင်းကနောက်အကောင်တွေနဲ့ထပ်ရှုပ်နေမှာပေါ့...
မင်း မရှက်ဘူးလား!! လူပေါင်းစုံနဲ့ တွဲပြီး လူမြင်ကွင်းထဲ ဖြစ်ချင်တိုင်းဖြစ်နေတာကို ငါဘယ်လိုစိတ်နဲ့ ကြည့်နေရမှာလဲ။"

ဒါ ဘယ်လိုရယ်စရာစကားတွေလဲ.။
Hoseok အံ့သြလွန်း၍ သတိလက်လွတ် ရယ်မိသွားသည်.။ မရှက်ဘူးလားမေးရအောင်က ရှက်စရာဘယ်မှာရှိနေသည်မသိ..သူဟာ အဆင့်မရှိသည့်လူပဲလေ..။ ဒါကို မြင့်မြတ်သူကြီးက ကိုယ်တိုင်ပဲပြောခဲ့ပြီး မေ့နေလေသလား.။

"မတွေ့ရတဲ့ရက်တွေအတွင်း မုန်းစရာကောင်းနေရုံတင်မကဘူး။ မင်းက ရယ်ပါရယ်ရလာတာပဲ။ ငါ့ဟာငါဘယ်လိုနေနေ ဘာဖြစ်လဲ။ နောက်အကောင်တွေနဲ့ထပ်ရှုပ်ရုံမကလို့ အတူပဲအိပ်အိပ် မင်းနဲ့ နည်းနည်းလေးမှ မဆိုင်ဘူး။ မလိုအပ်ဘဲ ငါ့ကိုပိုင်ဆိုးပိုင်နင်းတွေ လာမလုပ်ပြနဲ့.။ ထပ်ပြီး ဟန်ဆောင်နေတာဆိုရင် ဒီနေရာမှာ ငါ့အစ်ကို ရှိနေလို့လား.."

"Seok တိတ်စမ်း!!! အဲ့လိုမဟုတ်ဘူး။ မင်းစိတ်ထင်တာတွေလျှောက်​ပြောမနေနဲ့."

အစကတည်းက ချော့ဖို့ရည်ရွယ်ထားကာမှ
ခါးခါးသီးသီးဖြစ်နေသူကို သူကပါ ပေါက်ကွဲနေမိတော့ Yoongiလေပူတွေကိုမှုတ်ထုတ်ကာ ဆံပင်ကိုထိုးဖွပစ်မိသည်.။
ပြိုင်အော်နေရင်လည်းအခြေအနေက
ဒီ့ထက်ပိုဆိုးလာရုံအပြင်မရှိတာမို့ စိတ်ကိုလျှော့ချလိုက်ကာ လဲကျနေရာကနေ ကိုယ်ဟန်ကိုပြင်လျက်ဒူးထောက်လိုက်သည်.။ ထို့နောက် သက်ပြင်းကို ခပ်ဆွဲဆွဲရှိုက်လိုက်ကာ

"ကိုယ်မင်းကိုတောင်းပန်မလို့ တောင်းပန်ချင်လို့ပါ.."

ဘဝမှာ ဘယ်သူ့ကိုမှဒီလောက် ညှိုးညှိုးငယ်ငယ်မတိုးလျှိုးဖူးခဲ့.။ Minဟာ အမြင့်မှာပဲ ကျော့ကျော့လေးအရို့ကျိုးခံနေလာခဲ့သူမို့ သူတစ်ပါးကိုစိတ်ရင်းနှင့် တိုးလျှိုးရခြင်းဟာ သူ့ဘဝသက်တမ်းတစ်လျှောက် တွေးတောင်မတွေးခဲ့ဖူးသည့် လုပ်ရပ်.။

Hoseokမျက်လုံးတွေလှုပ်ခတ်ကုန်သည်.။
အခုချိန်မှာ ဒီလူ့အပေါ်အမျှင်တန်းစရာကျန်သေးတာ မကျန်သေးတာတွေအရေးမကြီး.။
သူခံစားခဲ့ရသလို ပြန်ခံစားစေချင်သည့်စိတ်သာရှိနေသည်.။ အခုတော့လည်း သူကဘာမှမလုပ်ရသေးခင် ဒူးလာထောက်ကာ ဇာတ်နာပြနေသူကို ဒေါသတွေနဲ့ ငုံ့ကြည့်လိုက်သည်။

"ဒါဘာလုပ်နေတာလဲ. ပြန်ထစမ်း!!
Min Yoongiက အဆင့်မရှိတဲ့ကောင်ရှေ့ဒူးထောက်နေရတာ တန်လို့လား...။ အရူးထမနေနဲ့ "

"မဟုတ်ဘူး..ဟန်ဆောင်ခဲ့တာ...Kim Namjoonရှေ့ပြောခဲ့တာတွေအားလုံးက ကိုယ်ဟန်ဆောင်ခဲ့တာပါ.."

"ဟက်! အဲ့လိုပြောကြေးဆို အရင်ကငါမင်းနဲ့သာယာခဲ့တာတွေလည်း ဟန်ဆောင်ခဲ့တာပဲ.။ ငါ့စိတ်သာယာမှုအတွက်ပဲမင်းကိုအသုံးချခဲ့တာ..အခုဘာမှဖြစ်ချင်မနေဘူး.။ မင်းကို ဟောင်းလို့ မလိုချင်တော့လို့ ငါ့အကန့်ထဲကနေလွှင့်ပစ်လိုက်တာကြာပြီ..ဒါကြောင့် သွားလိုက်တော့"

"ဘာ..."

အောင်နိုင်သူလို စူးစူးရဲရဲငုံ့ကြည့်နေသူဟာ
ယောက်ျားတစ်ယောက်၏ ဒေါသရိပ်တွေအပြည့်.။ ​အေးစက်ပြီးကြောက်စရာကောင်းလွန်း၍ Min လက်သီးတွေဆုပ်မိသွားသည်.။ ခက်ထန်နေသည့်မျက်နှာပေါ်မှာက အခုချက်ချင်းသူ့ကို ထသတ်ချင်ရင်တောင်သတ်ပစ်နိုင်သည့် အရောင်တွေဖြတ်ပြေးနေသည်.။

"ငါတောင်းပန်နေတယ်လေ...ငါတကယ် Kim Namjoonကိုနိုင်ချင်ရုံသက်သက်နဲ့ဟန်ဆောင်ခဲ့တယ်လို့ပြောနေတယ်မလား...မင်းယုံအောင်ဘယ်လိုပြောရတော့မလဲ ​.."

ကိုယ့်ပါးကိုယ်သာမနားတမ်းရိုက်ပစ်လိုက်ချင်တော့သည်.။ အတတ်နိုင်ဆုံးစိတ်ကိုထိန်းရန်ကြိုးစားနေသော်လည်း အဆိုးအဆာဟာ သိပ်ကိုဆိုးဝါးလွန်းနေတော့ သူက အကြီးဆိုသည့်မာနကလေးဖြင့် အလျှော့ပေးချင်သည့်စိတ်...ရိုင်းစိုင်းမှုတွေကြောင့် အလျှော့ပေးရန်ခက်ခဲသည့်စိတ်တွေကြား အလူးအလဲလမ်းပျောက်နေရသည်.။

လွမ်းရလွန်း၍ ပြန်တွေ့ရတော့လည်း
ပွေ့ဖက်ထားချင်စိတ်ဟာ ရင်ထဲကနေ ကန်ထွက်နေသည်.။

"မှားခဲ့တာကို ငါသိလို့.။ မင်းနဲ့ဝေးနေရတာ ငါမနေနိုင်လို့ ငါ့ကိုယ်ငါဘယ်သူဆိုတာတောင်မေ့ထားပြီး တောင်းပန်နေတယ်မလား။ မင်း သဘောပေါက်သင့်နေပြီထင်ပါတယ်..."

Hoseokက ဟွန့်ခနဲရယ်သွေးသည်.။ အပိုစာသားတွေလာရွတ်ပြနေတာ နားထောင်လို့တော့ကောင်းရှာသည်.။ ဘာပြန်ပြောရမှန်းမသိ၍ စက္ကန့်ပိုင်းလောက် ခေါင်းသုံးလိုက်ပြီး အတွေးတစ်ခုဝင်လာပြီးနောက် ဒူးထောက်နေသည့် သနားစရာလူ၏မျက်နှာနားတိုးကာ စကားအချို့ပြောလိုက်သည်.။

"ဒါဆို...အလုပ်နဲ့သက်သေပြ...။
မစွန့်လွှတ်နိုင်ရင်..ငါ့ကိုလက်ထပ်.။ ငါ့အစ်ကိုရှေ့မှာ အခုလိုပဲ ဒူးထောက်ပြီး ငါ့ကိုတောင်း..။ ဘယ်လိုလဲ လုပ်ရဲလား"

ရယ်သွေးလေးလွှမ်းကာ ပေါ့ပျက်ပျက်​သာ သူပြောသည်။

Jung Hoseokက လက်ထပ်ခြင်းဟူသည့် အဓိပ္ပါယ်ကိုရော သေသေချာချာနားလည်ရဲ့လား..။ မျက်နှာကိုအနီးကပ်ကြီး အစုံအဆန်ကြည့်ကာ လှပနက်နဲလွန်းသည့်ဘဝနှစ်ခုပေါင်းစပ်ခြင်းဆိုတာကိုပြက်ရယ်ပြုနေပုံအား သူလက်မခံနိုင်.။ လှောင်ပြုံးပြုံးနေသည့်မျက်နှာလေးကိုမော့ကြည့်နေရင်းက ရင်ထဲ တဆစ်ဆစ် အောင့်မျက်လာသည်.။

"​ဘာလို့တိတ်နေတာလဲ. မလုပ်နိုင်ဘူးမလား။ အဲ့ဒါဆို ငါ့ကိုလွှတ်ထား.လာမနွယ်နဲ့။ နောက်တစ်ခါ ထပ်နှောင့်ယှက်ရင် သေအောင်ရိုက်သတ်ပစ်မယ်!!!"

မာန်ပါပါနှင့်ခပ်ပြတ်ပြတ် ပြောဆိုပြီးနောက်
စိတ်ပျက်စရာကောင်းသော ခစားမှုတွေရှေ့ကနေခပ်မြန်မြန်ထွက်လာခဲ့သည်.။ ဘယ်လောက်ပဲ အမဲဖြတ်ချင်သည်ဆိုဆို ညှိုးငယ်နေသည့်မျက်ဝန်းကျဥ်းတွေကိုမြင်ရတော့လည်း Jung Hoseokဟာ Jung Hoseokပါပဲ...။

ခုန်ပေါက်ဗြောင်းဆန်နေသည့်ရင်တွင်းနေရာက ဆေးသောက်မှရတော့မှာကို အချက်ပြနေသဖြင့် JungKookက အရေးပေါ်ဆေးဘူးတွေကိုသေချာဂရုတစိုက်ထည့်ပေးထားသည့် အိတ်ကိုကျစ်ကျစ်ပါအောင်ဆွဲကိုင်ကာ လမ်းလျှောက်နေရတာတောင်အဆင်မပြေချင်.။

ရှည်လျားလွန်းသည့် ရေကူးကန်ကြီးဘေးကနေ ဒေါသများဖြင့်ဖြတ်လျှောက်လာပြီးနောက် တော်တော်ဝေးဝေးအရောက်တွင် အနောက်မှခြေသံတွေကိုကြားလိုက်ရတာကြောင့် လှည့်ကြည့်ဖို့ပြင်လိုက်စဥ်မှာ လက်တစ်ဖက်ကနေ ကြမ်းကြမ်းတမ်းတမ်းဆွဲလှည့်ခြင်းကိုခံလိုက်ရသည်.။ ဖျတ်ကနဲရုန်းချကာကြည့်လိုက်မိတော့ သူပါပဲ။

"မင်း!!"

"ငါလုပ်ရဲတယ် Seok. ငါမင်းကိုလက်ထပ်မယ်.။ ဒါမှ မင်းဒီလိုတွေထပ်ရှုပ်လို့မရတော့အောင် ငါ့ပိုင်ဆိုင်မှုအဖြစ်နဲ့ငါ့အနားမှာပဲ ထားလို့ရတော့မှာ.."

Hoseokဟာ တည်တင်းနေရာမှ မျက်နှာအရင့် တစ်ချက်လျော့ကျသွားသည်.။ ထင်မထားသောစကားမို့ အံ့သြမှင်သက်ခြင်းတွေ..ထုံထိုင်းခြင်းတွေဆိုတာ မျက်လုံးအိမ်မှာအပြည့်.။ လက်ထပ်ပြီးရင် ဘာဆက်ဖြစ်မှာလဲ...။ အငြှိုးမပြေနိုင်သောစိတ်တွေဟာလည်း ထုနဲ့ထည်နဲ့မို့ ထိုအိမ်ထောင်ရေးဟာ ဖြောင့်ဖြူးမှာတော့မဟုတ်ပါ။

အိမ်ထောင်သည်ဘဝကို စာချုပ်လေးတစ်ခုနဲ့ ခြေချုပ်မိအောင်လုပ်မည်ဆိုလျှင် သူကလည်း မြင့်မြတ်သူကြီးအသိုင်းအဝိုင်းမှာ  Min Yoongi၏ အမျိုးသားဟာ ဘယ်လောက်ဆိုးဝါးကြောင်း...Min Yoongiတောင် ဘာမှမလုပ်နိုင်ဘဲ ထိုင်ကြည့်္နေရကြောင်းတွေကို အရသာခံ နားထောင်ပြီး အရှက်ခွဲပစ်လိုက်မည်။ ရောဂါကိစ္စကိုလည်း Minအိမ်တော်မှာ အခန့်သားနေထိုင်ရင်း ဆက်လက်အကောင်အထည်ဖော်နိုင်ကာ တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြင့် မမြင်ရသေးသော ထက်မြက်သူကြီး၏စိတ်ဆင်းရဲမှုတွေကိုမြင်ယောင်မိတော့ ပျော်လာသည်..။

"အဟွန်း စမ်းရဲရင်စမ်းကြည့်လေ...ပျော်စရာအိမ်ထောင်ရေးလေး ဖြစ်လာမယ်လို့တော့မထင်နဲ့။ နည်းနည်းလေးမှ မထင်နဲ့။ ဒီလိုဆိုရင်တောင် လက်ထပ်ဦးမှာလား။"

"ငါ ယောက်ျား..​ပြောပြီးသားစကားကို ဘယ်တော့မှ ပြန်မပြင်ဘူး.."

"ကြိုက်တယ်.။ သနားလို့သာလက်ခံရတယ်..မင်းကိုခံစားလို့မရတော့တာတော့အမှန်ပဲ.။ ပြောလို့ပြီးရင် ငါ့ရှေ့ကဖယ်တော့"

"နေဦး...ငါပြောလို့မပြီးသေးဘူး."

လက်ကောက်ဝတ်ဖြူဖြူကိုလှမ်းဆွဲတော့ချက်ချင်း ဖြတ်ရိုက်ခံလိုက်ရကာ တစ်ဆက်တည်းရင်ဘတ်ကိုပါအကန်ခံလိုက်ရခြင်းတွင်  အနောက်ကိုယိုင်ကျသွားရသည်.။ ဘယ်နေရာက ဘယ်ကလီစာတွေကိုထိသွားမှန်းမသိ. အသက်ရှူကြပ်သွားသည့်အတွက် Yoongiမျက်နှာ ထိန်းမရနိုင်အောင် ရှုံ့မဲ့သွားသည်.။

"MD!"

အတွင်းရေးမှူးက အခြေအနေမဟန်တော့ပြေးလာသည့်အခါ Hoseokက ဘာမှမပြောဘဲ စိတ်ရှိတိုင်းပေါက်ကွဲပြီးသော် ထွက်သွားခဲ့သည်။ အတွင်းရေးမှူးသည် MDနှင့်Hoseokတို့ပတ်သက်မှုကိုသိထားသူဖြစ်တာမို့ MDအထိုးခံရကတည်းက ဝင်မပါဘဲကြိတ်မှိတ်ကြည့်နေခဲ့ရသည်.။ ရင်ဘတ်ကိုဖိကာ ငိုတော့မလိုဖြစ်နေသည့်MDပုံစံအား တစ်ခါမှလည်းမမြင်ဖူး၍ သနားလာမိကာ ဒီတစ်ခါတော့ အကိုလေးက တကယ်ကိုလွန်သည်.။

"ရရဲ့လား...ဘာဖြစ်သွားတာလဲ ရင်ဘတ်က."

"ရတယ်..ရတယ်. ငါ့ကိုအိမ်ကိုပဲပြန်လိုက်ပို့ပေး."

"ဖြစ်ပါ့မလား...MDပုံစံကဆေးရုံသွားမှရမယ်ထင်တယ်နော်.."

" ငါပြောတာကိုပဲနားထောင်..ဘယ်မှမသွားချင်ဘူး အိမ်ကိုပဲလိုက်ပို့..."

"ဟုတ်ဟုတ်.."

နာကျင်တာကသက်သက်.။ ခေါင်းမာတာကလည်းမာတာမို့ ဒီတစ်ခါလည်း MDဆန္ဒ.MD စိတ်တိုင်းကျသာဖြစ်ခဲ့ရပြန်သည်.။

>>>>>>>>>>>>>

"ငါကိုင်ပေါက်ချင်လာပြီနော် Park Jimin..။ငိုလို့မပြီးတော့ဘူးလား.."

လမ်းတဝက်မှာကားရပ်ခိုင်းကာ ကျကျနနထိုင်ငိုနေသည့် Jiminကို Jeonတကယ်လက်ဖျားခါသည်.။

လန့်တာကလည်းလန့်ပေါ့ ဘာငိုစရာပါလဲ.။ သူကလည်း သူ့လူနာတွေငိုတာကိုပဲချော့တတ်သည်.။ လူကောင်းတွေငိုတာကိုတော့ အထူးအဆန်းတစ်ခုလိုထိုင်ကြည့်ရုံကလွဲ ဘာမှမလုပ်ပေးတတ်.။ လမ်းမဘေးတွင် ပုံ့ပုံ့လေးထိုင်ချကာငိုနေသည့်အကောင်ပေါက်ကို ကားခေါင်မိုးပေါ်ကနေထိုင်ကြည့်ရင်း အသည်းပေါက်လာသည်.။

"တိတ်တိတ်နေလေ.ကိုယ့်ဘာသာကိုယ်အေးဆေးမငိုရဘူး ဘာဖြစ်နေတာလဲ.။ စိတ်မရှည်ရင် JungKookပြန်တော့."

"ငါကရော နေချင်နေတယ်ထင်လို့လား.။ မင်းကိုထားခဲ့ရင် J ငါ့ကိုပြဿနာရှာမှာစိုးလို့နေနေရတာ. နားတွေကတော်တော်ညီးနေပြီ."

"အဲ့လူက ဘယ်သူလဲလို့!! ဘာလို့Hoကိုလာအော်နေတာလဲ. တစ်လမ်းလုံးမေးလာတာ JungKookလုံးဝမဖြေသေးဘူးနော်."

လူကောင်သေးသေးလေးနှင့် တော်တော်လည်းအော်နိုင်ပါသည်.။ နှစ်ယောက်သားက ဝေးနေတာတောင် တစ်ချက်တစ်ချက်ထအော်လိုက်လျှင် နားထဲမှာ စူးခနဲ.စူးခနဲ.။

" သူ့ရည်းစားဟောင်းဟေ့!! မသိချင်ပါနဲ့ဆိုမှ လျှာကိုရှည်တယ်.။ သိတော့မင်းက ဘာလုပ်မလို့လဲ."

"ဘာ! ရည်းစားဟောင်း.."

အနားကိုလှစ်ခနဲရောက်လာကာ မျက်လုံးပြူးလေးတွေဖြင့်မော့ကြည့်လျက် မေးလာသည်။ ငုံ့ကြည့်လိုက်သည့်ခဏ Jeonမင်သက်သွားတာလား ဘာရယ်မသိ.။ သူမြင်နေရတာသည် အရည်လဲ့နေသည့်မျက်လုံးလေးတွေရယ်...မျက်ရည်အလူးလူးမျက်နှာရဲရဲလေးရယ်...သပ်လွန်း၍ ဖရိုဖရဲပွယောင်းနေသည့် ပန်းရောင်ဆံပင်လေးတွေရယ်...စိုစွတ်နေသည့်ပန်းနုရောင်နှုတ်ခမ်းဖူးဖူးတွေပါမကျန် မျက်ရည်စတွေ ကပ်ငြိနေသည့် မျက်တောင်စိပ်လေးတွေအထိ Park Jimin၏ အစိတ်အပိုင်းအားလုံးသည် မယုံနိုင်လောက်အောင် လှနေသည်။

မှန်သောစကားဆိုရလျှင် Park Jiminဟာ အမှန်တကယ်ပင် ယောက်ျားတန်မဲ့လှနေခြင်းပါ...။ သို့သော်
ထိုအလှဟာ Jeonအတွက်ကြောက်စရာလည်းကောင်းနေပြန်သည်။

လောက ကိလေသာကိစ္စတွေနဲ့ပတ်သက်လာလျှင် စာလုံးတောင်မပေါင်းတတ်သည့်Jeon JungKook၏ တဏှာမဲ့ခြင်းစာမျက်နှာတွေမှာ ပထမဦးဆုံး မရိုးမယွစိတ်ဖြင့်ငေးမိသွားတာက အခုပဲ ယောက်ျားတစ်ယောက်ကိုဖြစ်နေသည်.။

ချက်ချင်းစိတ်ရှုပ်နေသည့်မျက်လုံးတွေကနေ မသိလိုက်ပဲနဲ့ Jeonမျက်လုံးဝိုင်းကြီးတွေဟာ အရောင်မဲ့သွားသည်.။ မမြင်ဖူးသည့်အရာတစ်ခုကို အထူးတဆန်းကြည့်မိသည့်နှယ် Jeonဟာ ကလေးတစ်ယောက်လို ပန်းနုရောင်အလှတရားတွေထဲ လက်ပစ်ကူးလျက်ရှိနေသည်။

ထို့နောက် လေအဝေ့တစ်ချက် ဖျတ်ခနဲအသိဝင်လာပုံတွင် Jeonမျက်ခုံးတန်းတွေ တွန့်ချိုးသွားကာ-

"Park Jimin!! မင်း ငါ့ကိုဘာလုပ်လိုက်တာလဲ.."

"ဘာလဲ..ဘာလုပ်နေလို့လဲ..."

ဟာတာတာနှင့်မောပန်းလာသည့်ရင်ဘတ်ကိုဖိကာ Jeon JungKookသည်ဆောက်တည်ရာမရစွာပဲ ဘုမသိဘမသိလေးကိုလက်ညှိုးထိုး၍ အဓိပ္ပါယ်မဲ့ စွပ်စွဲသည်.။

"ငါ့ကိုအဲ့လိုမျိုးလှန်မကြည့်စမ်းနဲ့..မင်းမျက်လုံးတွေကိုမကြိုက်ဘူး.."

"ဘယ်လို?? လှန်မကြည့်စေချင်ရင် JungKookအောက်ကိုဆင်းခဲ့လေ. အပေါ်ကလူကိုလှန်မကြည့်လို့ ကျုပ် ဘယ်လိုကြည့်ရမလဲ.ဟောဒီလို ငုံ့ကြည့်စေချင်တာလား"

မြေကြီးထဲကိုခေါင်းစိုက်မတတ်ငုံ့ပြကာ Jiminကရွဲ့တော့ JungKookထပ်ကြောင်ရပြန်သည်.။ အမူအရာတစ်ခုချင်းစီသည် ဖမ်းဆုပ်ကာအိတ်ကပ်ထဲထည့်သိမ်းပစ်ချင်စရာတွေမို့ ဘာမှန်းမသိသည့်ပုံပျက်ပန်းပျက်စိတ်တစ်မျိုးမှာ Park Jiminကိုကြည့်လေ ပိုပြီးမောပန်းလာလေဖြစ်သည့်အတွက် အမိုးပေါ်ကနေခုန်ဆင်းလိုက်တော့သည်.။

"ပြန်မယ်...တက်."

"မပြန်ချင်သေးပါဘူး..."

"အာ့ဆိုလည်းနေခဲ့."

ကားစက်ကောက်နှိုးကာ ဂီယာပါထိုးလိုက်တော့ သူလေး နေနိုင်ပုံမရပါ. ဂျစ်ကလည်းဂျစ်ချင် ကျန်ခဲ့မှာလည်းစိုး၍ မတတ်သာသည့်အဆုံး မျက်စောင်းဝင့်ကာ ကားပေါ်သို့ ရောက်လာသည်.။

" ငါ့မျက်လုံးကိုများမကြိုက်ဘူးတဲ့..ဒီ လောက်လှတာကို သူကများ.."

"နားညီးတယ်..."

"မဟုတ်လို့လား!! လှတယ်လေ အရမ်းကိုလှတာ သေချာလည်း ကြည့်စမ်းပါဦး.."

ဆောင့်အောင့်ထွက်လာသည့်ရန်တွေ့သံလေးကြောင့် နောက်တစ်ကြိမ်လှည့်ကြည့်လိုက်တော့ မျက်နှာရဲရဲလေးကကြောက်စရာကောင်းစွာကြိုဆိုနေပြန်တာမို့ ဆတ်ကနဲမျက်နှာလွှဲလိုက်ရပြန်သည်.။

ဘာမဟုတ်တဲ့ဟာလေးအတွက်နဲ့များ မဟုတ်မဟတ်ခံစားချက်တွေနဲ့ ကမ္ဘာပျက်နေရတော့ Jeon JungKookတို့လောကကြီးကို ဇောက်ထိုးလုပ်ပစ်ချင်နေပြီ.။

တစ်လမ်းလုံး Park Jiminမျက်နှာကိုမကြည့်ရဲသည့်စိတ်ဖြင့် မျက်နှာတလွှဲလွှဲနဲ့ပဲရန်ဆက်ဖြစ်လာရသည်.။ မဲ့ကာရွဲ့ကာဖြင့် သူ့ကိုယ်သူ Over Confident အထာတွေမှာ ကြည့်မဝသည့်စိတ်တွေကလည်း ဂယောက်ဂယက်.။

Park Jiminက တကယ့်အာရုံ။
ဖြူစင်ခြင်းတွေမှာ သူ့အတွက် အန္တရာယ်တွေလည်း ပါနေသည်။

==============

Supporting sceneလေးတွေ ထည့်ရေးနေတာကို နားလည်ပေးကြပါနော်...ကျုပ်Ficကိုဖတ်ရင် OTPအစွဲမရှိတာကပိုအဆင်ပြေမှာပါ...

ဒီအပိုင်းကိုစိတ်တွေ ထွေနေလို့ ကောင်းကောင်းမရေးနိုင်ဘူးဖြစ်သွားတယ်..

အဆင်ပြေရဲ့လား..

Zawgi

Jungkookကသေဘာတူျခင္းျဖင့္
သိကြၽမ္းခဲ့ရေသာ ေကာင္ေလးဟာ ဆိုးေတာ့မဆိုးလွ.။ ပန္းၿခံပိုင္ရွင္၏သားျဖစ္ၿပီး ဖြင့္ပြဲကိုဖိတ္လာ၍ ႏွစ္ေယာက္သားအတူလိုက္ခဲ့ၾကသည္.။ သူ႕ဘက္ကေနအပ်င္းေျပတြဲၾကမလားဟူသည့္ ခပ္ေပါ့ေပါ့ေတာင္းဆိုမႈမွာ ဘာရယ္ညာရယ္မေျပာ ေကာင္ေလးကလည္းအီစီကလီထု၍ သိပ္ေကာင္းသည္.။

သူ႕အားဘယ္ေလာက္ေတာင္ မိန္းမေတြထက္ေယာက္်ားေတြကတမ္းတမ္းစြဲၾကေၾကာင္း...သူတို႔မိသားစုဟာ ဘယ္ေလာက္က်ိက်ိတက္ေၾကာင္း...တျခားလူဆိုရင္ေတာ့မူေနမွာမွန္ေပမယ့္ Hoseokလိုလူမ်ိဳးကေတာ့ ႏွစ္ခါစဥ္းစားစရာမလိုသည့္လူျဖစ္ေနေၾကာင္းေတြကို မေမာနိုင္မပန္းနိုင္ေျပာျပေနျခင္းအား အပ်င္းလည္းေျပ၍ ႂကြားလုံးထုတ္မႈေတြကိုေမးေထာက္ကာ နားေထာင္ေနလိုက္သည္.။

နားညီးသည့္ ဒဏ္ကိုေတာ့မခံနိုင္ေသာ္ျငား
ကိုယ္ကအသုံးခ်ဖိဳ႕ရည္႐ြယ္ထားသူမို႔
ဒီေလာက္ေလးေတာ့ စိတ္ရွည္ေပးျဖစ္သည္.။ ေကာင္ေလးကလည္း တကယ္ကိုလွပါသည္။ ဆံပင္ပန္းေရာင္ေတြကို တစ္မိနစ္ျခားတစ္ခါသပ္တင္ေနသလား ထင္ရၿပီး ႏႈတ္ခမ္းထူထူေတြကို ဆူရင္းေထာ္ရင္း ေပါက္ေပါက္ေဖာက္ေနရွာသည္.။

" အဲ့လိုမ်ိဳးဆို သိပ္စိတ္ရႈပ္တာပဲ.။
ကြၽန္ေတာ္ကလည္း လွေတာ့ေလ..ဟုတ္တယ္မလား"

"ဒါေပါ့...Jiminက သိပ္ကိုလွတာ.။ အဲ့ဒါေၾကာင့္လည္း ကို္ယ္ကသေဘာက်တာေပါ့."

ေက်နပ္သလိုၿပဳံးရယ္သြားျခင္းအား အသည္းယားလာ၍ ဆံပင္ခပ္ရႈပ္ရႈပ္ေလးေတြကို ထိုးဖြကာ စမိေနတုန္း

" Jung Hoseok!!!!! "

႐ုတ္တရက္ ဘယ္ဆီကမွန္းမသိ ဟိန္းထြက္လာသည့္အသံနက္ႀကီးတြင္
Jiminမ်က္လုံးေလးေတြဝိုင္းသြားၿပီး ခႏၶာကိုယ္ေလးလည္းသိမ့္ခနဲတုန္သြားသလို Hoseokလက္ေတြလည္း ပန္းေရာင္ဆံပင္ေတြထဲကေန ဖ်တ္ကနဲ ခြါထြက္သြားသည္.။

ေခါင္းထဲေသြးေဆာင့္တက္သြားသလိုျဖစ္ရျခင္းက သူ႕ကိုအမဲျဖတ္မလိုၾကည့္ေနသည့္Min Yoongiေၾကာင့္ျဖစ္သည္.။ အသံဘယ္ေလာက္ေအာင္သလဲေမး Jeon JungKookနားၾကပ္ထဲကသီခ်င္းသံကိုေတာင္လႊမ္းမိုးနိုင္သည္အထိပင္.။

"​ Ho! သူကဘယ္သူလဲ."

Jiminကအသံေသးေသးေလးျဖင့္ကပ္တိုးေလးေမးလာသည္ကို ျပန္မေျဖနိုင္အား.။ စူးစူးရဲရဲမ်က္လုံးေတြကို သူကိုယ္တိုင္လည္း​ လန့္သြားရတာေၾကာင့္ျဖစ္သည္..။

"J...ဘယ္သူလဲသူက."

မ်က္လုံးနက္နက္ေတြကိုၿပိဳင္ၾကည့္ေနရင္း Hoseokကိုယ္တိုင္လည္းေဒါသထြက္လာသည္.။ သူ႕ကို ဒီလိုလာေအာ္ေနစရာအေၾကာင္း ဘယ္မွာရွိလို႔လဲ.။ Min Yoongiက အဆန္း.။

"ဘာလာအ႐ူးထေနတာလဲ!!!"

မေလ်ာ့ေသာေလသံျဖင့္ျပန္ေအာ္လိုက္ေတာ့
သူ႕ဆီကိုေျခလွမ္းႀကဲႀကီးမ်ားျဖင့္ေလွ်ာက္လာသူဟာ အနားေနာက္ေတာ့ လက္ကိုေဆာင့္ဆြဲလိုက္တာေၾကာင့္ နာသြားရသည္။

"နာတယ္..လႊတ္စမ္း!! ငါ့အသားကို မထိနဲ႕ !!!."

"ဘာလုပ္ေနတာလဲ မင္း.။
မင္းလုပ္ရပ္ေတြ ရပ္တန္းကရပ္လိုက္ေတာ့ေနာ္ Jung Hoseok!!"

ခပ္ၾသၾသေအာ္လိုက္သံႀကီးတြင္ အဆိုးအဆာကၿငိမ္က်သြားသည္.။ လန့္သြားသည္လား ရွက္သြားသည္လားမသဲကြဲစြာ Jiminတို႔ဘက္သို႔လည္း ေဝ့ၾကည့္လိုက္သည္။ အေနာက္မွာေတာ့ Jiminက JungKookေဘးနားသို႔ ေအာ္တိုကပ္သြားသည္.။

Jeonသည္ ဘယ္သူဘယ္ဝါရယ္မသိ
ဘလိုင္းႀကီး လာၾကမ္းရမ္းေနသူေၾကာင့္ ဝင္မပါဘဲ မေနနိုင္ေတာ့။

"ဒီမွာ..ခင္ဗ်ားကဘယ္သူလဲ.။ ကြၽန္ေတာ့္သူငယ္ခ်င္းကို လႊတ္!!"

"JK...မင္း Jiminကိုျပန္လိုက္ပို႔ေပးလိုက္.။
ငါ့ျပႆနာ ငါရွင္းမယ္."

"J !!"

"ရတယ္. သြား..ငါဘာမွမျဖစ္ဘူး."

ဘာမွမျဖစ္ဘူးဆိုေနသူဟာ မ်က္ရည္အဝိုင္းသားႏွင့္မို႔ အေျခာက္တိုက္လာၾကမ္းရမ္းေနသူဟာ ဘယ္သူျဖစ္ေၾကာင္းကို ဉာဏ္ေျပးသူ JungKookက ခ်က္ခ်င္းသိလိုက္သည္.။
ထို႔ေနာက္ ခုံေပၚမွအိတ္ကိုေကာက္ကာ Hoseokလက္ထဲထည့္ေပးၿပီးေနာက္ Min Yoongiကို ဆိုင္ၾကည့္လိုက္ၿပီး...

" ဘာမွမသိဘဲနဲ႕ Jကို ေနာက္တစ္ခါ ဒီလိုမ်ိဳး ေအာ္ဟစ္ၿပီး ႏွိပ္စက္ရဲႏွိပ္စက္ၾကည့္။ ..ခင္ဗ်ားနဲ႕က်ဳပ္နဲ႕အေတြ႕ပဲ.။ J...အိတ္ထဲမွာေဆးေတြရွိတယ္. တစ္ခုခုဆိုဖုန္းဆက္လိုက္."

"အင္း..."

သူေဌးသားအႏုအ႐ြေလးဟာ ဒီလိုမ်ိဳးေတြ
တစ္ခါမွမႀကဳံဖူး၍လားမသိ.။ ေၾကာက္စိတ္ေၾကာင့္တုန္ရီေနကာ JungKookဆြဲေခၚရာ​ေနာက္သို႔ လည္ျပန္ပါသြားရသည္.။

ထိုအခါ Hoseokသည္ အားနာသည့္စိတ္ေတြေရာ..ရႈပ္လာသည့္စိတ္ေတြေရာျဖင့္ ႏွလုံးခုန္ျမန္လာကာ Yoongi လက္ထဲကေန သူ႕လက္ကိုအားႏွင့္႐ုန္းခ်လိဳက္ၿပီးေနာက္ Minပါးျပင္ကို လက္သီးျဖင့္ ထိုးလိုက္မိေတာ့သည္.။ ဒါဒုတိယအႀကိမ္ေျမာက္ သူ႕ဘက္ကပဲကိုယ္ထိလက္ေရာက္က်ဴးလြန္ဖူးျခင္း.။ မတတ္နိုင္ဘူး...ထိန္းေပမယ့္လည္း မၾကာေသးခင္ကမွ သံႀကိဳးေတြထဲကေန ပူပူႏြေးႏြေးလြတ္ေျမာက္ထားရသူမို႔ ဒီအခ်ိန္မွာ စိတ္ေတြကလြတ္သြားရင္ ထိန္းမရသိမ္းမရ မိုင္ကုန္ပင္ ျဖစ္သည္။

"မင္းမ်က္ႏွာကိုျမင္ရတာ ပူေလာင္တယ္!!! ငါ့အနားက ထြက္သြားစမ္းပါ!! မင္းကို ႐ူးမတတ္ကို မုန္းလြန္းလို႔ အသံနဲ႕တင္ ငါ့ရင္တစ္ခုလုံး မီးေလာင္ေနသလို ပူလြန္းလို႔ ေနာက္ေနာင္ ငါ့ေရွ႕ကို ဘယ္ေတာ့မွ ေပၚမလာနဲ႕!!"

အရွိန္ဟာ ေယာက္်ားတစ္ေယာက္က
ၾကမ္းျပင္ေပၚလဲက်သြားရတဲ့အထိ
ျပင္းပါသည္.။ ေဒါသတႀကီးေအာ္ေျပာလိုက္သူကို Yoongiက ေမာ့ၾကည့္ကာ လွိုက္ခနဲဝမ္းနည္းသြားရသည္.။ ပထမတစ္ခါအထိုးခံခဲ့ရတုန္းကလည္း Minဟာလူမသိသူမသိ ဝမ္းနည္းခဲ့ရတာပဲ..။ အခုလည္း မျခားနားသြားပါ။

"မသြားနိုင္ဘူး!! ငါသြားလိုက္ရင္ မင္းကေနာက္အေကာင္ေတြနဲ႕ထပ္ရႈပ္ေနမွာေပါ့...
မင္း မရွက္ဘူးလား!! လူေပါင္းစုံနဲ႕ တြဲၿပီး လူျမင္ကြင္းထဲ ျဖစ္ခ်င္တိုင္းျဖစ္ေနတာကို ငါဘယ္လိုစိတ္နဲ႕ ၾကည့္ေနရမွာလဲ။"

ဒါ ဘယ္လိုရယ္စရာစကားေတြလဲ.။
Hoseok အံ့ၾသလြန္း၍ သတိလက္လြတ္ ရယ္မိသြားသည္.။ မရွက္ဘူးလားေမးရေအာင္က ရွက္စရာဘယ္မွာရွိေနသည္မသိ..သူဟာ အဆင့္မရွိသည့္လူပဲေလ..။ ဒါကို ျမင့္ျမတ္သူႀကီးက ကိုယ္တိုင္ပဲေျပာခဲ့ၿပီး ေမ့ေနေလသလား.။

"မေတြ႕ရတဲ့ရက္ေတြအတြင္း မုန္းစရာေကာင္းေန႐ုံတင္မကဘူး။ မင္းက ရယ္ပါရယ္ရလာတာပဲ။ ငါ့ဟာငါဘယ္လိုေနေန ဘာျဖစ္လဲ။ ေနာက္အေကာင္ေတြနဲ႕ထပ္ရႈပ္႐ုံမကလို႔ အတူပဲအိပ္အိပ္ မင္းနဲ႕ နည္းနည္းေလးမွ မဆိုင္ဘူး။ မလိုအပ္ဘဲ ငါ့ကိုပိုင္ဆိုးပိုင္နင္းေတြ လာမလုပ္ျပနဲ႕.။ ထပ္ၿပီး ဟန္ေဆာင္ေနတာဆိုရင္ ဒီေနရာမွာ ငါ့အစ္ကို ရွိေနလို႔လား.."

"Seok တိတ္စမ္း!!! အဲ့လိုမဟုတ္ဘူး။ မင္းစိတ္ထင္တာေတြေလွ်ာက္​ေျပာမေနနဲ႕."

အစကတည္းက ေခ်ာ့ဖို႔ရည္႐ြယ္ထားကာမွ
ခါးခါးသီးသီးျဖစ္ေနသူကို သူကပါ ေပါက္ကြဲေနမိေတာ့ Yoongiေလပူေတြကိုမႈတ္ထုတ္ကာ ဆံပင္ကိုထိုးဖြပစ္မိသည္.။
ၿပိဳင္ေအာ္ေနရင္လည္းအေျခအေနက
ဒီ့ထက္ပိုဆိုးလာ႐ုံအျပင္မရွိတာမို႔ စိတ္ကိုေလွ်ာ့ခ်လိဳက္ကာ လဲက်ေနရာကေန ကိုယ္ဟန္ကိုျပင္လ်က္ဒူးေထာက္လိုက္သည္.။ ထို႔ေနာက္ သက္ျပင္းကို ခပ္ဆြဲဆြဲရွိုက္လိုက္ကာ

"ကိုယ္မင္းကိုေတာင္းပန္မလို႔ ေတာင္းပန္ခ်င္လို႔ပါ.."

ဘဝမွာ ဘယ္သူ႕ကိုမွဒီေလာက္ ညွိုးညွိုးငယ္ငယ္မတိုးလွ်ိုးဖူးခဲ့.။ Minဟာ အျမင့္မွာပဲ ေက်ာ့ေက်ာ့ေလးအရို႔က်ိဳးခံေနလာခဲ့သူမို႔ သူတစ္ပါးကိုစိတ္ရင္းႏွင့္ တိုးလွ်ိုးရျခင္းဟာ သူ႕ဘဝသက္တမ္းတစ္ေလွ်ာက္ ေတြးေတာင္မေတြးခဲ့ဖူးသည့္ လုပ္ရပ္.။

Hoseokမ်က္လုံးေတြလႈပ္ခတ္ကုန္သည္.။
အခုခ်ိန္မွာ ဒီလူ႕အေပၚအမွ်င္တန္းစရာက်န္ေသးတာ မက်န္ေသးတာေတြအေရးမႀကီး.။
သူခံစားခဲ့ရသလို ျပန္ခံစားေစခ်င္သည့္စိတ္သာရွိေနသည္.။ အခုေတာ့လည္း သူကဘာမွမလုပ္ရေသးခင္ ဒူးလာေထာက္ကာ ဇာတ္နာျပေနသူကို ေဒါသေတြနဲ႕ ငုံ႕ၾကည့္လိုက္သည္။

"ဒါဘာလုပ္ေနတာလဲ. ျပန္ထစမ္း!!
Min Yoongiက အဆင့္မရွိတဲ့ေကာင္ေရွ႕ဒူးေထာက္ေနရတာ တန္လို႔လား...။ အ႐ူးထမေနနဲ႕ "

"မဟုတ္ဘူး..ဟန္ေဆာင္ခဲ့တာ...Kim Namjoonေရွ႕ေျပာခဲ့တာေတြအားလုံးက ကိုယ္ဟန္ေဆာင္ခဲ့တာပါ.."

"ဟက္! အဲ့လိုေျပာေၾကးဆို အရင္ကငါမင္းနဲ႕သာယာခဲ့တာေတြလည္း ဟန္ေဆာင္ခဲ့တာပဲ.။ ငါ့စိတ္သာယာမႈအတြက္ပဲမင္းကိုအသုံးခ်ခဲ့တာ..အခုဘာမွျဖစ္ခ်င္မေနဘူး.။ မင္းကို ေဟာင္းလို႔ မလိုခ်င္ေတာ့လို႔ ငါ့အကန့္ထဲကေနလႊင့္ပစ္လိုက္တာၾကာၿပီ..ဒါေၾကာင့္ သြားလိုက္ေတာ့"

"ဘာ..."

ေအာင္နိုင္သူလို စူးစူးရဲရဲငုံ႕ၾကည့္ေနသူဟာ
ေယာက္်ားတစ္ေယာက္၏ ေဒါသရိပ္ေတြအျပည့္.။ ​ေအးစက္ၿပီးေၾကာက္စရာေကာင္းလြန္း၍ Min လက္သီးေတြဆုပ္မိသြားသည္.။ ခက္ထန္ေနသည့္မ်က္ႏွာေပၚမွာက အခုခ်က္ခ်င္းသူ႕ကို ထသတ္ခ်င္ရင္ေတာင္သတ္ပစ္နိုင္သည့္ အေရာင္ေတြျဖတ္ေျပးေနသည္.။

"ငါေတာင္းပန္ေနတယ္ေလ...ငါတကယ္ Kim Namjoonကိုနိုင္ခ်င္႐ုံသက္သက္နဲ႕ဟန္ေဆာင္ခဲ့တယ္လို႔ေျပာေနတယ္မလား...မင္းယုံေအာင္ဘယ္လိုေျပာရေတာ့မလဲ ​.."

ကိုယ့္ပါးကိုယ္သာမနားတမ္းရိုက္ပစ္လိုက္ခ်င္ေတာ့သည္.။ အတတ္နိုင္ဆုံးစိတ္ကိုထိန္းရန္ႀကိဳးစားေနေသာ္လည္း အဆိုးအဆာဟာ သိပ္ကိုဆိုးဝါးလြန္းေနေတာ့ သူက အႀကီးဆိုသည့္မာနကေလးျဖင့္ အေလွ်ာ့ေပးခ်င္သည့္စိတ္...ရိုင္းစိုင္းမႈေတြေၾကာင့္ အေလွ်ာ့ေပးရန္ခက္ခဲသည့္စိတ္ေတြၾကား အလူးအလဲလမ္းေပ်ာက္ေနရသည္.။

လြမ္းရလြန္း၍ ျပန္ေတြ႕ရေတာ့လည္း
ေပြ႕ဖက္ထားခ်င္စိတ္ဟာ ရင္ထဲကေန ကန္ထြက္ေနသည္.။

"မွားခဲ့တာကို ငါသိလို႔.။ မင္းနဲ႕ေဝးေနရတာ ငါမေနနိုင္လို႔ ငါ့ကိုယ္ငါဘယ္သူဆိုတာေတာင္ေမ့ထားၿပီး ေတာင္းပန္ေနတယ္မလား။ မင္း သေဘာေပါက္သင့္ေနၿပီထင္ပါတယ္..."

Hoseokက ဟြန့္ခနဲရယ္ေသြးသည္.။ အပိုစာသားေတြလာ႐ြတ္ျပေနတာ နားေထာင္လို႔ေတာ့ေကာင္းရွာသည္.။ ဘာျပန္ေျပာရမွန္းမသိ၍ စကၠန့္ပိုင္းေလာက္ ေခါင္းသုံးလိုက္ၿပီး အေတြးတစ္ခုဝင္လာၿပီးေနာက္ ဒူးေထာက္ေနသည့္ သနားစရာလူ၏မ်က္ႏွာနားတိုးကာ စကားအခ်ိဳ႕ေျပာလိုက္သည္.။

"ဒါဆို...အလုပ္နဲ႕သက္ေသျပ...။
မစြန့္လႊတ္နိုင္ရင္..ငါ့ကိုလက္ထပ္.။ ငါ့အစ္ကိုေရွ႕မွာ အခုလိုပဲ ဒူးေထာက္ၿပီး ငါ့ကိုေတာင္း..။ ဘယ္လိုလဲ လုပ္ရဲလား"

ရယ္ေသြးေလးလႊမ္းကာ ေပါ့ပ်က္ပ်က္​သာ သူေျပာသည္။

Jung Hoseokက လက္ထပ္ျခင္းဟူသည့္ အဓိပၸါယ္ကိုေရာ ေသေသခ်ာခ်ာနားလည္ရဲ႕လား..။ မ်က္ႏွာကိုအနီးကပ္ႀကီး အစုံအဆန္ၾကည့္ကာ လွပနက္နဲလြန္းသည့္ဘဝႏွစ္ခုေပါင္းစပ္ျခင္းဆိုတာကိုျပက္ရယ္ျပဳေနပုံအား သူလက္မခံနိုင္.။ ေလွာင္ၿပဳံးၿပဳံးေနသည့္မ်က္ႏွာေလးကိုေမာ့ၾကည့္ေနရင္းက ရင္ထဲ တဆစ္ဆစ္ ေအာင့္မ်က္လာသည္.။

"​ဘာလို႔တိတ္ေနတာလဲ. မလုပ္နိုင္ဘူးမလား။ အဲ့ဒါဆို ငါ့ကိုလႊတ္ထား.လာမႏြယ္နဲ႕။ ေနာက္တစ္ခါ ထပ္ႏွောင့္ယွက္ရင္ ေသေအာင္ရိုက္သတ္ပစ္မယ္!!!"

မာန္ပါပါႏွင့္ခပ္ျပတ္ျပတ္ ေျပာဆိုၿပီးေနာက္
စိတ္ပ်က္စရာေကာင္းေသာ ခစားမႈေတြေရွ႕ကေနခပ္ျမန္ျမန္ထြက္လာခဲ့သည္.။ ဘယ္ေလာက္ပဲ အမဲျဖတ္ခ်င္သည္ဆိုဆို ညွိုးငယ္ေနသည့္မ်က္ဝန္းက်ဥ္းေတြကိုျမင္ရေတာ့လည္း Jung Hoseokဟာ Jung Hoseokပါပဲ...။

ခုန္ေပါက္ေျဗာင္းဆန္ေနသည့္ရင္တြင္းေနရာက ေဆးေသာက္မွရေတာ့မွာကို အခ်က္ျပေနသျဖင့္ JungKookက အေရးေပၚေဆးဘူးေတြကိုေသခ်ာဂ႐ုတစိုက္ထည့္ေပးထားသည့္ အိတ္ကိုက်စ္က်စ္ပါေအာင္ဆြဲကိုင္ကာ လမ္းေလွ်ာက္ေနရတာေတာင္အဆင္မေျပခ်င္.။

ရွည္လ်ားလြန္းသည့္ ေရကူးကန္ႀကီးေဘးကေန ေဒါသမ်ားျဖင့္ျဖတ္ေလွ်ာက္လာၿပီးေနာက္ ေတာ္ေတာ္ေဝးေဝးအေရာက္တြင္ အေနာက္မွေျခသံေတြကိုၾကားလိုက္ရတာေၾကာင့္ လွည့္ၾကည့္ဖို႔ျပင္လိုက္စဥ္မွာ လက္တစ္ဖက္ကေန ၾကမ္းၾကမ္းတမ္းတမ္းဆြဲလွည့္ျခင္းကိုခံလိုက္ရသည္.။ ဖ်တ္ကနဲ႐ုန္းခ်ကာၾကည့္လိုက္မိေတာ့ သူပါပဲ။

"မင္း!!"

"ငါလုပ္ရဲတယ္ Seok. ငါမင္းကိုလက္ထပ္မယ္.။ ဒါမွ မင္းဒီလိုေတြထပ္ရႈပ္လို႔မရေတာ့ေအာင္ ငါ့ပိုင္ဆိုင္မႈအျဖစ္နဲ႕ငါ့အနားမွာပဲ ထားလို႔ရေတာ့မွာ.."

Hoseokဟာ တည္တင္းေနရာမွ မ်က္ႏွာအရင့္ တစ္ခ်က္ေလ်ာ့က်သြားသည္.။ ထင္မထားေသာစကားမို႔ အံ့ၾသမွင္သက္ျခင္းေတြ..ထုံထိုင္းျခင္းေတြဆိုတာ မ်က္လုံးအိမ္မွာအျပည့္.။ လက္ထပ္ၿပီးရင္ ဘာဆက္ျဖစ္မွာလဲ...။ အျငႇိုးမေျပနိုင္ေသာစိတ္ေတြဟာလည္း ထုနဲ႕ထည္နဲ႕မို႔ ထိုအိမ္ေထာင္ေရးဟာ ေျဖာင့္ျဖဴးမွာေတာ့မဟုတ္ပါ။

အိမ္ေထာင္သည္ဘဝကို စာခ်ဳပ္ေလးတစ္ခုနဲ႕ ေျခခ်ဳပ္မိေအာင္လုပ္မည္ဆိုလွ်င္ သူကလည္း ျမင့္ျမတ္သူႀကီးအသိုင္းအဝိုင္းမွာ  Min Yoongi၏ အမ်ိဳးသားဟာ ဘယ္ေလာက္ဆိုးဝါးေၾကာင္း...Min Yoongiေတာင္ ဘာမွမလုပ္နိုင္ဘဲ ထိုင္ၾကည့္္ေနရေၾကာင္းေတြကို အရသာခံ နားေထာင္ၿပီး အရွက္ခြဲပစ္လိုက္မည္။ ေရာဂါကိစၥကိုလည္း Minအိမ္ေတာ္မွာ အခန့္သားေနထိုင္ရင္း ဆက္လက္အေကာင္အထည္ေဖာ္နိုင္ကာ တစ္ခ်က္ခုတ္ႏွစ္ခ်က္ျပတ္ျဖင့္ မျမင္ရေသးေသာ ထက္ျမက္သူႀကီး၏စိတ္ဆင္းရဲမႈေတြကိုျမင္ေယာင္မိေတာ့ ေပ်ာ္လာသည္..။

"အဟြန္း စမ္းရဲရင္စမ္းၾကည့္ေလ...ေပ်ာ္စရာအိမ္ေထာင္ေရးေလး ျဖစ္လာမယ္လို႔ေတာ့မထင္နဲ႕။ နည္းနည္းေလးမွ မထင္နဲ႕။ ဒီလိုဆိုရင္ေတာင္ လက္ထပ္ဦးမွာလား။"

"ငါ ေယာက္်ား..​ေျပာၿပီးသားစကားကို ဘယ္ေတာ့မွ ျပန္မျပင္ဘူး.."

"ႀကိဳက္တယ္.။ သနားလို႔သာလက္ခံရတယ္..မင္းကိုခံစားလို႔မရေတာ့တာေတာ့အမွန္ပဲ.။ ေျပာလို႔ၿပီးရင္ ငါ့ေရွ႕ကဖယ္ေတာ့"

"ေနဦး...ငါေျပာလို႔မၿပီးေသးဘူး."

လက္ေကာက္ဝတ္ျဖဴျဖဴကိုလွမ္းဆြဲေတာ့ခ်က္ခ်င္း ျဖတ္ရိုက္ခံလိုက္ရကာ တစ္ဆက္တည္းရင္ဘတ္ကိုပါအကန္ခံလိုက္ရျခင္းတြင္  အေနာက္ကိုယိုင္က်သြားရသည္.။ ဘယ္ေနရာက ဘယ္ကလီစာေတြကိုထိသြားမွန္းမသိ. အသက္ရႉၾကပ္သြားသည့္အတြက္ Yoongiမ်က္ႏွာ ထိန္းမရနိုင္ေအာင္ ရႈံ႕မဲ့သြားသည္.။

"MD!"

အတြင္းေရးမႉးက အေျခအေနမဟန္ေတာ့ေျပးလာသည့္အခါ Hoseokက ဘာမွမေျပာဘဲ စိတ္ရွိတိုင္းေပါက္ကြဲၿပီးေသာ္ ထြက္သြားခဲ့သည္။ အတြင္းေရးမႉးသည္ MDႏွင့္Hoseokတို႔ပတ္သက္မႈကိုသိထားသူျဖစ္တာမို႔ MDအထိုးခံရကတည္းက ဝင္မပါဘဲႀကိတ္မွိတ္ၾကည့္ေနခဲ့ရသည္.။ ရင္ဘတ္ကိုဖိကာ ငိုေတာ့မလိုျဖစ္ေနသည့္MDပုံစံအား တစ္ခါမွလည္းမျမင္ဖူး၍ သနားလာမိကာ ဒီတစ္ခါေတာ့ အကိုေလးက တကယ္ကိုလြန္သည္.။

"ရရဲ႕လား...ဘာျဖစ္သြားတာလဲ ရင္ဘတ္က."

"ရတယ္..ရတယ္. ငါ့ကိုအိမ္ကိုပဲျပန္လိုက္ပို႔ေပး."

"ျဖစ္ပါ့မလား...MDပုံစံကေဆး႐ုံသြားမွရမယ္ထင္တယ္ေနာ္.."

" ငါေျပာတာကိုပဲနားေထာင္..ဘယ္မွမသြားခ်င္ဘူး အိမ္ကိုပဲလိုက္ပို႔..."

"ဟုတ္ဟုတ္.."

နာက်င္တာကသက္သက္.။ ေခါင္းမာတာကလည္းမာတာမို႔ ဒီတစ္ခါလည္း MDဆႏၵ.MD စိတ္တိုင္းက်သာျဖစ္ခဲ့ရျပန္သည္.။

>>>>>>>>>>>>>

"ငါကိုင္ေပါက္ခ်င္လာၿပီေနာ္ Park Jimin..။ငိုလို႔မၿပီးေတာ့ဘူးလား.."

လမ္းတဝက္မွာကားရပ္ခိုင္းကာ က်က်နနထိုင္ငိုေနသည့္ Jiminကို Jeonတကယ္လက္ဖ်ားခါသည္.။

လန့္တာကလည္းလန့္ေပါ့ ဘာငိုစရာပါလဲ.။ သူကလည္း သူ႕လူနာေတြငိုတာကိုပဲေခ်ာ့တတ္သည္.။ လူေကာင္းေတြငိုတာကိုေတာ့ အထူးအဆန္းတစ္ခုလိုထိုင္ၾကည့္႐ုံကလြဲ ဘာမွမလုပ္ေပးတတ္.။ လမ္းမေဘးတြင္ ပုံ႕ပုံ႕ေလးထိုင္ခ်ကာငိုေနသည့္အေကာင္ေပါက္ကို ကားေခါင္မိုးေပၚကေနထိုင္ၾကည့္ရင္း အသည္းေပါက္လာသည္.။

"တိတ္တိတ္ေနေလ.ကိုယ့္ဘာသာကိုယ္ေအးေဆးမငိုရဘူး ဘာျဖစ္ေနတာလဲ.။ စိတ္မရွည္ရင္ JungKookျပန္ေတာ့."

"ငါကေရာ ေနခ်င္ေနတယ္ထင္လို႔လား.။ မင္းကိုထားခဲ့ရင္ J ငါ့ကိုျပႆနာရွာမွာစိုးလို႔ေနေနရတာ. နားေတြကေတာ္ေတာ္ညီးေနၿပီ."

"အဲ့လူက ဘယ္သူလဲလို႔!! ဘာလို႔Hoကိုလာေအာ္ေနတာလဲ. တစ္လမ္းလုံးေမးလာတာ JungKookလုံးဝမေျဖေသးဘူးေနာ္."

လူေကာင္ေသးေသးေလးႏွင့္ ေတာ္ေတာ္လည္းေအာ္နိုင္ပါသည္.။ ႏွစ္ေယာက္သားက ေဝးေနတာေတာင္ တစ္ခ်က္တစ္ခ်က္ထေအာ္လိုက္လွ်င္ နားထဲမွာ စူးခနဲ.စူးခနဲ.။

" သူ႕ရည္းစားေဟာင္းေဟ့!! မသိခ်င္ပါနဲ႕ဆိုမွ လွ်ာကိုရွည္တယ္.။ သိေတာ့မင္းက ဘာလုပ္မလို႔လဲ."

"ဘာ! ရည္းစားေဟာင္း.."

အနားကိုလွစ္ခနဲေရာက္လာကာ မ်က္လုံးျပဴးေလးေတြျဖင့္ေမာ့ၾကည့္လ်က္ ေမးလာသည္။ ငုံ႕ၾကည့္လိုက္သည့္ခဏ Jeonမင္သက္သြားတာလား ဘာရယ္မသိ.။ သူျမင္ေနရတာသည္ အရည္လဲ့ေနသည့္မ်က္လုံးေလးေတြရယ္...မ်က္ရည္အလူးလူးမ်က္ႏွာရဲရဲေလးရယ္...သပ္လြန္း၍ ဖရိုဖရဲပြေယာင္းေနသည့္ ပန္းေရာင္ဆံပင္ေလးေတြရယ္...စိုစြတ္ေနသည့္ပန္းႏုေရာင္ႏႈတ္ခမ္းဖူးဖူးေတြပါမက်န္ မ်က္ရည္စေတြ ကပ္ၿငိေနသည့္ မ်က္ေတာင္စိပ္ေလးေတြအထိ Park Jimin၏ အစိတ္အပိုင္းအားလုံးသည္ မယုံနိုင္ေလာက္ေအာင္ လွေနသည္။

မွန္ေသာစကားဆိုရလွ်င္ Park Jiminဟာ အမွန္တကယ္ပင္ ေယာက္်ားတန္မဲ့လွေနျခင္းပါ...။ သို႔ေသာ္
ထိုအလွဟာ Jeonအတြက္ေၾကာက္စရာလည္းေကာင္းေနျပန္သည္။

ေလာက ကိေလသာကိစၥေတြနဲ႕ပတ္သက္လာလွ်င္ စာလုံးေတာင္မေပါင္းတတ္သည့္Jeon JungKook၏ တဏွာမဲ့ျခင္းစာမ်က္ႏွာေတြမွာ ပထမဦးဆုံး မရိုးမယြစိတ္ျဖင့္ေငးမိသြားတာက အခုပဲ ေယာက္်ားတစ္ေယာက္ကိုျဖစ္ေနသည္.။

ခ်က္ခ်င္းစိတ္ရႈပ္ေနသည့္မ်က္လုံးေတြကေန မသိလိုက္ပဲနဲ႕ Jeonမ်က္လုံးဝိုင္းႀကီးေတြဟာ အေရာင္မဲ့သြားသည္.။ မျမင္ဖူးသည့္အရာတစ္ခုကို အထူးတဆန္းၾကည့္မိသည့္ႏွယ္ Jeonဟာ ကေလးတစ္ေယာက္လို ပန္းႏုေရာင္အလွတရားေတြထဲ လက္ပစ္ကူးလ်က္ရွိေနသည္။

ထို႔ေနာက္ ေလအေဝ့တစ္ခ်က္ ဖ်တ္ခနဲအသိဝင္လာပုံတြင္ Jeonမ်က္ခုံးတန္းေတြ တြန့္ခ်ိဳးသြားကာ-

"Park Jimin!! မင္း ငါ့ကိုဘာလုပ္လိုက္တာလဲ.."

"ဘာလဲ..ဘာလုပ္ေနလို႔လဲ..."

ဟာတာတာႏွင့္ေမာပန္းလာသည့္ရင္ဘတ္ကိုဖိကာ Jeon JungKookသည္ေဆာက္တည္ရာမရစြာပဲ ဘုမသိဘမသိေလးကိုလက္ညွိုးထိုး၍ အဓိပၸါယ္မဲ့ စြပ္စြဲသည္.။

"ငါ့ကိုအဲ့လိုမ်ိဳးလွန္မၾကည့္စမ္းနဲ႕..မင္းမ်က္လုံးေတြကိုမႀကိဳက္ဘူး.."

"ဘယ္လို?? လွန္မၾကည့္ေစခ်င္ရင္ JungKookေအာက္ကိုဆင္းခဲ့ေလ. အေပၚကလူကိုလွန္မၾကည့္လို႔ က်ဳပ္ ဘယ္လိုၾကည့္ရမလဲ.ေဟာဒီလို ငုံ႕ၾကည့္ေစခ်င္တာလား"

ေျမႀကီးထဲကိုေခါင္းစိုက္မတတ္ငုံ႕ျပကာ Jiminက႐ြဲ႕ေတာ့ JungKookထပ္ေၾကာင္ရျပန္သည္.။ အမူအရာတစ္ခုခ်င္းစီသည္ ဖမ္းဆုပ္ကာအိတ္ကပ္ထဲထည့္သိမ္းပစ္ခ်င္စရာေတြမို႔ ဘာမွန္းမသိသည့္ပုံပ်က္ပန္းပ်က္စိတ္တစ္မ်ိဳးမွာ Park Jiminကိုၾကည့္ေလ ပိုၿပီးေမာပန္းလာေလျဖစ္သည့္အတြက္ အမိုးေပၚကေနခုန္ဆင္းလိုက္ေတာ့သည္.။

"ျပန္မယ္...တက္."

"မျပန္ခ်င္ေသးပါဘူး..."

"အာ့ဆိုလည္းေနခဲ့."

ကားစက္ေကာက္ႏွိုးကာ ဂီယာပါထိုးလိုက္ေတာ့ သူေလး ေနနိုင္ပုံမရပါ. ဂ်စ္ကလည္းဂ်စ္ခ်င္ က်န္ခဲ့မွာလည္းစိုး၍ မတတ္သာသည့္အဆုံး မ်က္ေစာင္းဝင့္ကာ ကားေပၚသို႔ ေရာက္လာသည္.။

" ငါ့မ်က္လုံးကိုမ်ားမႀကိဳက္ဘူးတဲ့..ဒီ ေလာက္လွတာကို သူကမ်ား.."

"နားညီးတယ္..."

"မဟုတ္လို႔လား!! လွတယ္ေလ အရမ္းကိုလွတာ ေသခ်ာလည္း ၾကည့္စမ္းပါဦး.."

ေဆာင့္ေအာင့္ထြက္လာသည့္ရန္ေတြ႕သံေလးေၾကာင့္ ေနာက္တစ္ႀကိမ္လွည့္ၾကည့္လိုက္ေတာ့ မ်က္ႏွာရဲရဲေလးကေၾကာက္စရာေကာင္းစြာႀကိဳဆိုေနျပန္တာမို႔ ဆတ္ကနဲမ်က္ႏွာလႊဲလိုက္ရျပန္သည္.။

ဘာမဟုတ္တဲ့ဟာေလးအတြက္နဲ႕မ်ား မဟုတ္မဟတ္ခံစားခ်က္ေတြနဲ႕ ကမၻာပ်က္ေနရေတာ့ Jeon JungKookတို႔ေလာကႀကီးကို ေဇာက္ထိုးလုပ္ပစ္ခ်င္ေနၿပီ.။

တစ္လမ္းလုံး Park Jiminမ်က္ႏွာကိုမၾကည့္ရဲသည့္စိတ္ျဖင့္ မ်က္ႏွာတလႊဲလႊဲနဲ႕ပဲရန္ဆက္ျဖစ္လာရသည္.။ မဲ့ကာ႐ြဲ႕ကာျဖင့္ သူ႕ကိုယ္သူ Over Confident အထာေတြမွာ ၾကည့္မဝသည့္စိတ္ေတြကလည္း ဂေယာက္ဂယက္.။

Park Jiminက တကယ့္အာ႐ုံ။
ျဖဴစင္ျခင္းေတြမွာ သူ႕အတြက္ အႏၱရာယ္ေတြလည္း ပါေနသည္။

==============

Supporting sceneေလးေတြ ထည့္ေရးေနတာကို နားလည္ေပးၾကပါေနာ္...က်ဳပ္Ficကိုဖတ္ရင္ OTPအစြဲမရွိတာကပိုအဆင္ေျပမွာပါ...

ဒီအပိုင္းကိုစိတ္ေတြ ေထြေနလို႔ ေကာင္းေကာင္းမေရးနိုင္ဘူးျဖစ္သြားတယ္..

အဆင္ေျပရဲ႕လား..

Continue Reading

You'll Also Like

2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
24.2K 3K 34
အချစ်ဉီးမို့ရူးနေအောင်ချစ်သည်။ အချစ်ဉီးမို့ရူးနေအောင်ချစ်ခဲ့ဖူးသည်။ အခ်စ္ဉီးမို႔႐ူးေနေအာင္ခ်စ္သည္။ အခ်စ္ဉီးမို႔႐ူးေနေအာင္ခ်စ္ခဲ့ဖူးသည္။
229K 37.6K 99
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .
558K 46.2K 30
ပတ္ဂ်ီမင္က မင္ယြန္ဂီအပိုင္!! 🔇 Silence 🔇 [YoonMin] [Completes]•✓