(19)

1K 129 27
                                    


"ဘာ!! မင်း ငါ့ကိုလာနောက်မနေနဲ့..Seok"

မယုံချင်၍သာ ပြောနေရသည်.။
မေးလေးထောက်လျက် သူ့အား အေးအေးလူလူ ကြည့်နေသော Hoseokသည် နောက်နေပုံလည်းတစ်စက်မှမပေါ်။ နေပြန်ကောင်းလာသည့်နောက်ပိုင်း မထီမဲ့မြင်ဒီဇိုင်းများဖြင့် အိမ်ကပ်သည်မရှိဘဲ အခုလည်း အဓိပ္ပါယ်မရှိသောစကားတွေကို လာပြောနေပြန်သည်.။ Min Yoongiနဲ့လက်ထပ်မယ်တဲ့.။ ဘယ်လိုအခြေအမြစ်မရှိသည့်စကားကို သူပြောနေသည်လဲ..။

"နောက်တဲ့ပုံပေါက်နေလို့လား..."

"မဖြစ်နိုင်တာတွေမပြောနဲ့ Seokရာ."

"မဖြစ်နိုင်စရာ ဘာမှမရှိဘူး။ သူ့ကိုယူလိုက်လို့ Hyungရှုံးမှာစိုးနေရင် အဲ့အတွက်..စိတ်ချ..။ အဓိကက Hyungမရှုံးဖို့ပဲမလား."

"Jung Hoseok!!!"

သူအော်လိုက်သည်ကို မျက်လုံးတစ်ချက်လှန်ကြည့်ကာ မျက်နှာသေဖြင့်တုံ့ပြန်လေသည်.။ Seokဟာ Min Yoongiကိုသူရှုံးမှာစိုး၍ တားနေတယ်များထင်နေသလားမသိ.။ အခုနောက်ပိုင်း Hoseokက ပြန်မပြော နားမထောင်. Jeon JungKookနဲ့ပေါင်းပြီးနောက်ပိုင်း သိပ်ထင်ရာစိုင်းတတ်လာသည်။

"ငါ့ကိုမှန်မှန်ပြော...မင်းကို Min Yoongiဘာတွေအကြပ်ကိုင်ထားလို့လဲ."

"ဟား ဘာတွေအကြပ်ကိုင်ရမှာလဲ.။
ကျွန်တော်အရူးမှမဟုတ်တာ.။ လိုချင်လို့ကို ယူမှာ.။ ဒုက္ခတွေပေးမလို့လေ..Hyungလည်းကြိုက်တယ်မလား.."

"ကျစ်** မင်းအကြောင်းပြချက်ကမဟုတ်သေးပါဘူး.။ ဒုက္ခပေးချင်တာနဲ့ သူ့ကိုလက်ထပ်စရာအထိ ဘာမှမလိုဘူး.နည်းနည်းပါးပါးစဥ်းစားဦး.."

"စဥ်းစားစရာမလိုဘူး.! ဆုံးဖြတ်ပြီးပြီ.။ ကျွန်တော်သူ့ကိုယူမှဖြစ်မှာ..။ Hyungကိုလည်း တောင်းဆိုနေတာမဟုတ်ဘူး. ဒီတိုင်းသိအောင်ပြောပြထားရုံပဲ.."

"ဟေ့ကောင်!! မင်း တော်တော့နော်...နေမကောင်းလို့ဘာမှသိပ်မပြောဘဲနေနေတာကို ရောင့်တက်မလာနဲ့.။"

"မတော်နိုင်ဘူး။ သိတယ်..Jung Hoseokကအများကြီးသိတယ် မသိတာဘာမှမရှိဘူး.။ ဒီကိစ္စက ဆုံးဖြတ်ထားပြီးသား..ပြန်ပြင်မှာလည်းမဟုတ်လို့ Hyungတားနေလည်းအပိုပဲလို့ပြောနေတာ.."

"Hey! Min.."  [Completed]Where stories live. Discover now