တွယ်ကပ်ရန်ကူးပြောင်းလို့လာ[Co...

By zuriiiiii8

180K 29.1K 808

-အစ်ကိုဘာတွေပဲလုပ်လုပ် အစ်ကိုက အစ်ကိုပဲ။ ကျွန်တော့် နှလုံးသားထဲမှာ သဘောအကျရ ဆုံး ဂိုဏ်းတူအစ်ကိုဝမ် ဖြစ်န... More

Synopsis
အခန်း(၁)
အခန်း(၂)
အခန်း(၃)
အခန်း(၄)
အခန်း(၅)
အခန်း(၇)
အခန်း(၈)
အခန်း(၉)
အခန်း(၁၀)
အခန်း(၁၁)
အခန်း(၁၂)
အခန်း(၁၃)
အခန်း(၁၄)
အခန်း(၁၅)
အခန်း(၁၆)
အခန်း(၁၇)
အခန်း(၁၈)
အခန်း(၁၉)
အခန်း(၂၀)
အခန်း (၂၁)(၁)
အခန်း(၂၁)(၂)
အခန်း(၂၂)
အခန်း(၂၃)
အခန်း(၂၄)
အခန်း(၂၅)
အခန်း(၂၆)
အခန်း(၂၇)
အခန်း(၂၈)
အခန်း(၂၉)
အခန်း(၃၀)
အခန်း(၃၁)
အခန်း(၃၂)
အခန်း(၃၃)
အခန်း(၃၄)
အခန်း(၃၅)
အခန်း(၃၆)
အခန်း(၃၇)
အခန်း(၃၈)
အခန်း(၃၉)(၁)
အခန်း(၃၉)(၂)
အခန်း(၄၀)
အခန်း(၄၁)
အခန်း(၄၂)
အခန်း(၄၃)
အခန်း(၄၄)
အခန်း(၄၅)
အခန်း(၄၆)
အခန်း(၄၇)
အခန်း(၄၈)
အခန်း(၄၉)
အခန်း(၅၀)
အခန်း(၅၁)
အခန်း(၅၂)
အခန်း(၅၃)
အခန်း(၅၄)
အခန်း(၅၅)
အခန်း(၅၆)
အခန်း(၅၇)
အခန်း(၅၈)
အခန်း(၅၉)
အခန်း(၆၀)
အခန်း(၆၁)
အခန်း(၆၂)
အခန်း(၆၃)
အခန်း(၆၄)
အခန်း(၆၅)
အခန်း(၆၆)
အခန်း(၆၇)
အခန်း(၆၈)
အခန်း (၆၉)
အခန်း(၇၀)
အခန်း (၇၁)
အခန်း(၇၂)
အခန်း (၇၃)
အခန်း(၇၄)
အခန်း(၇၅)
အခန်း(၇၆)
အခန်း(၇၇)(၁)
အခန်း(၇၇)(၂)
အခန်း(၇၈)
အခန်း(၇၉)(၁)
အခန်း(၇၉)(၂)
အခန်း(၈၀)
အခန်း(၈၁)
အခန်း(၈၂) (ဇာတ်သိမ်း)
from author
farewell

အခန်း(၆)

3K 600 4
By zuriiiiii8

< မိစ္ဆာသားရဲတွေကိုရှင်းဖို့နှစ်ယောက်အတူပူးပေါင်းကြမယ် >

ဝမ်ရွှမ့်အကြည့်များမှာထိုလက်ကောက်အား
နှံ့စပ်နေအောင်ကြည့်ရှုပြီးအဆောင်ပေါ်သို့
ကျရောက်သွားခဲ့သည်။ထို့နောက်အံ့သြသွား
ခဲ့ရ၏။

မူလကတော့ထိုအဆောင်လက်ဖွဲ့၌ကြောက်
စရာကောင်းအောင်အစွမ်းကြီးသောဝှက်ဖဲ
တခုခုရှိလိမ့်မည်ဟုထင်ခဲ့သော်လည်းလက်
တွေ့တွင်တော့ဗလာနတ္ထိအဆောင်လက်ဖွဲ့
တစ်ခုသာဖြစ်နေခဲ့သည်။

ဗလာနတ္ထိအဆောင်လက်ဖွဲ့ဆိုသည့်အတိုင်းမည်သည့်မှော်စွမ်းအင်မျိုးမှမထည့်သွင်းရ
သေးသောလက်နက်မျိုးဖြစ်လေသည်။မည်
သည့်ခွန်အားမှမပါဘဲအချည်းနှီးဗလာပေါက်
သာ​ဖြစ်ခဲ့၏။ထိုအပေါက်ငယ်သည်ပင်လျှင်အခြားအဆောင်များထက်တော့ပြုလုပ်ရန်လွယ်ကူမည်မဟုတ်ဘဲကုန်ကျငွေသည်လည်းနည်းမည်တော့မဟုတ်ချေ။သို့သော်
တိုက်ပွဲအလယ်၌ထိုအရာအားဆွဲထုတ်လိုက်
ခြင်းကအကူအညီတစ်ခုဖြစ်နိုင်မည်မဟုတ်
ကြောင်းတော့သိသာလှသည်။

ဝမ်ရွှမ်ထိုကဲ့သို့တွေးလိုက်ပြီးကျန်းရီကတော့သူရှေ့တွင်အဆောင်လက်ဖွဲ့ကိုကိုင်ထားဆဲ
ဖြစ်၏။

"ဆရာတူအစ်ကို"

ကျန်းရီကနောက်ပြန်လှည့်ကြည့်ပြီးရိုးသားစွာအကူအညီတောင်းလာခဲ့သည်။

"ကျေးဇူးပြုပြီးအစ်ကိုရဲ့အထောက်အပံ့ငှား
ပေးပါ"

သူဘာလုပ်ရန်ကြံစည်နေသည်ကိုဝမ်ရွှမ်
ချက်ချင်းနားလည်လိုက်သော်လည်းနား
လည်မှုများလွဲနေသလောဟူသည့်အတွေး
​​ဖြင့်မေးခွန်းထုတ်လိုက်၏။

"မင်းဆိုလိုတာက....?"

"ဟိုးတုန်းကအစ်ကိုရဲ့'ရေခဲလွှာဓားသွား'နည်း
စနစ်နဲ့ပတ်သတ်ပြီးအနောက်ပိုင်း'နင်'ပြည်
ထောင်တစ်ခုလုံးချီးကျူးခဲ့ကြတယ်။ဒီဆရာ
တူညီလေးကလဲအစ်ကို့ရဲ့အဲ့ဒီနည်းစနစ်ကို
မြင်ဖူးချင်ခဲ့တာကြာပါပြီ"

ကျန်းရီကထိုစကားများအားပြုံးရင်းပြောခဲ့
သည်။

သူတစ်ကယ်ကြီးပြောနေတာလား??ဝမ်ရွှမ်
သည်ထိုအရာအားအဓိပ္ပါယ်မဲ့သောကိစ္စတစ်
ခုဟုသာခံစားလိုက်ရ၏။

​'ရေခဲလွှာဓားသွား'နည်းစနစ်မှာ'ရေ'နည်းစနစ်
ပေါင်းများစွာထဲတွင်အသုံးအများဆုံးဖြစ်
သည်။အခြေခံတည်ထောင်ခြင်းကျင့်ကြံသူ
များမှာ၎င်းနည်းစနစ်ကိုမကြာခဏသုံးလေ့ရှိ၏။အခြေခံတည်ထောင်ခြင်းအဆင့်အား
ဝမ်ရွှမ်ကျော်ဖြတ်ပြီးခဲ့သောအရင်တစ်ချိန်က
ရရှိခဲ့သည့်နည်းစနစ်သုံးခုထဲမှတစ်ခုမှာထို
'ရေခဲလွှာဓားသွား'နည်းစနစ်ပင်ဖြစ်သည်။

ထိုနည်းစနစ်အားဝမ်ရွှမ်ဆင့်ခေါ်အသုံးပြုသည့်အခါအခြားသူများထက်အဆပေါင်းများစွာပိုမိုအင်အားကောင်းခဲ့၏။ထို့ကြောင့်ဤ
နည်းစနစ်ကိုဝမ်ရွှမ်သဘောကျပြီးမကြာခဏ
သုံးလေ့ရှိမှန်းပြောစရာတောင်မလိုပါချေ။
နှစ်ပေါင်းများစွာအသုံးပြုပြီးနောက်၎င်း၏
စွမ်းအားမှာပိုမိုအားကောင်းလာခဲ့ပြီးထိုအရင်
အချိန်များတွင်ဝမ်ရွှမ်၏ထိပ်တန်းနည်းစနစ်များထဲမှတစ်ခုဖြစ်ခဲ့ဖူးသည်။

မည်သို့ပင်ဖြစ်စေ၎င်းမှာအခြေခံတည်ထောင်
ခြင်းအဆင့်အတွက်နည်းစနစ်သာဖြစ်၏။
ယွမ်စုစည်းခြင်းအဆင့်ကျင့်ကြံသူအတွက်
ဆိုလျှင်တော့ဤပြသနာအားဖြေရှင်းရန်
နည်းလမ်းပေါင်းများစွာရှိသေးသည်။

"အဲ့တာကဖြုန်းတီးတာပဲဖြစ်လိမ့်မယ်"

ကျန်းရီကဤတစ်ကြိမ်တွင်တော့ဘာမှပြန်မ
ပြောဘဲပြုံးရင်းအဆောင်လက်ဖွဲ့ကိုဝမ်ရွှမ့်
မျက်စိရှေ့တွင်ကိုင်ထားဆဲဖြစ်၏။

ဝမ်ရွှမ်ခဏမျှတုံ့ဆိုင်းသွားပြီးအနက်ရောင်
ချပ်ဝတ်တန်ဆာများဖြင့်မိစ္ဆာသားရဲအား
လှမ်းကြည့်လိုက်သည်။ရင်ဆိုင်ရန်အသင့်ဖြစ်နေသကဲ့သို့လည်ချောင်းမှထွက်လာသော
ဟိန်းဟောက်သံကြီးသည်အလွန်တရာမှ
ကြောက်ဖို့ကောင်းလှပြီးသူတို့နှစ်ဦးကိုမမှိတ်
မသုန်စူးစိုက်ကြည့်နေလေ၏။

မရင်းနှီးသောကျင့်ကြံသူနှစ်ဦးနှင့်ရင်ဆိုင်ရ
သောအခါထိုသတ္တဝါကြီးသည်လည်းတဇွတ်ထိုးရှေ့မတိုးဘဲစောင့်ဆိုင်းရန်သာရွေးချယ်ခဲ့ပုံရသည်။

ဤရပ်တန့်နေမှုကဝမ်ရွှမ့်အားမဆင်မခြင်ပြု
လုပ်ရန်တွန့်ဆုတ်စေခဲ့သည်။လက်ချောင်းလေးအနည်းငယ်လှုပ်မိလျှင်တောင်ထိုသတ္တဝါကြီးမှာချပ်ဝတ်တန်တာအပြည့်နှင့်အကြေးခွံကြီးကိုမြှင့်ပြီးဝမ်ရွှမ်လက်မြှောက်လိုက်လျှင်တော့ကိုယ်ကိုကွေးကာချက်ချင်းပြေးခုန်အုပ်​တေ့ာမည့်အနေအထားမျိုးတွင်ရှိနေခဲ့သည်။ဤရှေ့မတိုးသာ​သည့်အခြေအနေ
ကတိုက်ရိုက်တိုက်ခိုက်ခြင်းထက်ပင်ဝမ်ရွှမ့်ကိုပိုအာရုံနောက်စေခဲ့သည်။

ဝမ်ရွှမ်လည်းဘာမှမလုပ်နိုင်သည့်အတွက်
သက်ပြင်းသာချလိုက်၏။ထို့နောက်သူ့
လက်ချောင်းများဖြင့်လေထဲ၌မျဥ်းကြောင်း
တစ်ခုဆွဲလိုက်သည်။ဝိဥာဥ်စွမ်းအင်များမှာ
ချက်ချင်းဆိုသလိုပင်သူ့လက်ချောင်းထိပ်မှ
ထွက်ပေါ်လာပြီးထိုဗလာနတ္ထိအ​ဆောင်လက်
ဖွဲ့ထဲသို့နစ်ဝင်သွားခဲ့သည်။မျှော်လင့်ချက်
ကင်းသောကိစ္စတစ်ခုဖြစ်သော်လည်းချီသန့်
စင်ခြင်းအဆင့်၌သာရှိသေးသည့်ထိုဆရာတူ
ညီလေးအတွက်တော့ဘာမျှမရှိတာထက်စာ
လျှင်ဤနည်းလမ်းကပိုကောင်းသည်ဟုပြော
နိုင်၏။

သူမျှော်လင့်မထားသောအရာသည်ကားဤ
အဆောင်လက်ဖွဲ့မှာ'ရေခဲလွှာဓားသွား'နည်း
စနစ်ကိုချက်ချင်းလက်ခံခဲ့သည်။ကျန်းရီက
ဖျတ်ခနဲပြုံးပြီးနောက်ချက်ချင်းလှည့်လိုက်
ပြီးထိုသတ္တဝါကြီး၏ဘေးဘက်သို့ဦးတည်
သွားခဲ့သည်။

"မင်း....!!!"

ဝမ်ရွှမ်၏မျက်နှာအမူအယာမှာပြောင်းလဲသွားပြီးချက်ချင်းဆိုသလိုပင်အော်ဟစ်လိုက်
၏။

"မင်းကိုယ်မင်းသေအောင်လုပ်နေတာလား?
ပြန်လာခဲ့စမ်း!!!"

သူအမှန်တကယ်ပင်ထိုကောင်လေးကိုပြေးဆွဲလိုက်ချင်မိသည်။သို့သော်သူလှုပ်လိုက်သည်နှင့်အရှေ့မှသတ္တဝါကြီးသည်လည်းလှုပ်ရှားလာချေမည်။

မမျှော်လင့်ထားစွာပင်အကယ်၍ဝမ်ရွှမ်မ
လှုပ်ခဲ့လျှင်ထိုသတ္တဝါကြီးမှာတုတ်တုတ်မျှ
မလှုပ်သည့်အပြင်ကျန်းရီကိုလည်းတစ်ချက်လေးတောင်လှည့်မကြည့်ခဲ့ပေ။

"ဆရာတူအစ်ကို....စိတ်မပူပါနဲ့ "

ကျန်းရီ၏မျက်နှာအမူအယာမှာတည်ငြိမ်ပြီး
အဆောင်လက်ဖွဲ့ကိုကိုင်လျက်ဘေးဘက်တွင်
ရပ်နေ၏။

"အစ်ကိုနဲ့ပတ်သတ်ပြီးသဘာဝမကျတဲ့
အကြောက်တရားမျိုးအဲ့ဒီအကောင်ကြီးမှာ
ရှိနေတယ် "

အဲ့တာကအမှန်ပဲ။ဝမ်ရွှမ်ကိုယ်တိုင်လည်းအဲ့ဒီ
အရာကိုရှာတွေ့ခဲ့တယ်။ပြင်းထန်သောအ
ကြောက်တရားကတစ်နည်းနည်းဖြင့်ထူးဆန်း
နေပြီးဝမ်ရွှမ်သည်လည်းအံ့သြမှုကိုမခံစားခဲ့
ရပေ။သူမှတ်မိနိုင်လောက်သည့်အရွယ်မှစ
၍မိစ္ဆာသားရဲတိုင်းကသူ့ကိုမြင်လျှင်ထိုကဲ့သို့
အမြဲပြုမူတတ်ကြသည်။
(note/ ဝမ်ရွှမ်မလှုပ်ရင်မလှုပ်ရဲဘဲဝမ်ရွှမ့်ကို
ကြောက်တာ၊တစ်နည်း'ရှိန်'နေတယ်ပေါ့)

"ဆရာတူအစ်ကို "

ကျန်းရီကဆက်မေးလာခဲ့သည်။

"ဒီမိစ္ဆာသားရဲကဘာအမျိုးအစားလဲဆိုတာ
မှတ်မိပြီလား?"

ဝမ်ရွှမ်သည်ထိုမိစ္ဆာသားရဲ၏ရက်စက်ကြမ်း
တမ်းသောအသွင်အပြင်ကိုကြည့်ပြီးနောက်
နှဖူးအလယ်တည့်တည့်ကိုကြည့်လိုက်၏။

"မျက်စိသုံးလုံးအနက်ရောင်ချပ်ဝတ်သားရဲ! ဟုတ်တာပေါ့...ငါမှတ်မိပြီ"

ကျန်းရီကခေါင်းညိတ်ရင်းပြန်ပြောလာ၏။

"အစ်ကိုမှတ်မိသွားပြီဆိုထဲကဒီအကောင်ကြီး
ကိုကိုင်တွယ်ဖို့ပိုလွယ်တော့မှာပါ"

မျက်စိသုံးလုံးအနက်ရောင်ချပ်ဝတ်သားရဲ။
ထိုတတိယမြောက်မျက်လုံးသည်နှဖူး၏
အလယ်တည့်တည့်အကြေးခွံတွင်တောက်ပ
နေခဲ့ပြီးတစ်ချိန်ထဲမှာပင်ထိုတောက်ပသော
အကြေးခွံနေရာက၎င်း၏ဆိုးရွားသောအား
နည်းချက်တည်နေရာပင်ဖြစ်သည်။

"စိတ်ရှုပ်အောင်လုပ်နေတာရပ်လိုက်စမ်း"

ဝမ်ရွှမ်မျက်မှောင်ကြုံ့ရင်းသတိပေးလိုက်
၏။

"အဲ့ဒါကထင်သလောက်မလွယ်ဘူး"

၎င်း၌အားနည်းချက်ရှိသော်လည်းမျက်စိသုံး
လုံးအနက်ရောင်ချပ်ဝတ်သားရဲမှာယွမ်စု
စည်းခြင်းအဆင့်ကျင့်ကြံသူနှင့်ညီမျှပြီးအ
ဆင့်၃မိစ္ဆာသားရဲဖြစ်၏။ထို့အပြင်၎င်း၏
အားနည်းချက်ကိုကာကွယ်ရန်ကိုယ်ပိုင်နည်း
လမ်းများလည်းရှိနေသေးသည်။အတိုချုပ်
ဆိုရသော်၎င်းသည်'အစားထိုးမျက်လုံး'အား
ဖန်တီးနိုင်ပြီးရမ်းကားကြမ်းတမ်းသောအချိန်
မျိုးတွင်၎င်း၏အားနည်းချက်ကိုထိုတောက်ပ
နေသောအကြေးခွံမှရွှေ့နိုင်ပြီး'အစားထိုး
မျက်လုံး'ထဲတွင်ဝှက်ထားနိုင်သည်။

"စိတ်မပူပါနဲ့"

ကျန်းရီကပူပင်မှုမရှိဘဲပြုံးရင်းစကားပြော
လာ၏။

"အဲ့ဒီအကြောင်းကျွန်တော်သိပြီးသားပါ။
ဒါပေမယ့်ကျွန်တော်တို့ဘက်မှာလူနှစ်ယောက်​တောင်ရှိတယ်မဟုတ်လား..?"

လူနှစ်ယောက်?
ထိုစကားအားကြားသည်နှင့်တစ်ဖက်လူကြံ
စည်နေသောအကြံအားနားလည်လိုက်ပြီး
"ရယ်စရာပဲ.."ဟူသောစကားကလျှာဖျားသို့ချက်ချင်းတွဲလဲခိုလာ၏။

တောထဲ၌လေပြင်းရုတ်တရက်တိုက်ခတ်သွားခဲ့သည်။ထိုလေပြင်းကိုသုံးကာကျန်းရီသည်သူ၏ခြေဖျားကိုမြေကြီးပေါ်ဖိနင်းလိုက်ပြီးထိုမိစ္ဆာသားရဲထံတစ်ဟုန်ထိုးပြေးဝင်သွားလိုက်သည်။သူ၏လက်တစ်ဘက်တွင်'ရေခဲလွှာဓားသွား'အဆောင်လက်ဖွဲ့ကိုကျစ်ကျစ်လစ်လစ်ဆုပ်ကိုင်ထားခဲ့၏။သူ၏ဝတ်ရုံအနားစနှစ်ဖက်စလုံးမှာမီးတောက်ထဲသို့တိုးဝင်တော့မည့်ပိုးဖလံလေးအလားယိမ်းထိုးလွင့်မျောလျက်ရှိသည်။

"ပြန်လာခဲ့!!!!"

ဤတစ်ကြိမ်တွင်တော့ဝမ်ရွှမ်အလွန်အမင်း
ကြောက်လန့်သွားပြီးသူ့မျက်နှာလည်းဖြူဖျော့လာခဲ့သည်။မိစ္ဆာသားရဲ၏တုံ့ပြန်နိုင်ချေ
ကိုလုံးဝဂရုမစိုက်အားတော့ဘဲတစ်ဖက်လူ
ကိုတားရန်ကြိုးစားဖို့အတွက်ရှေ့သို့ပြေးလာ
ခဲ့၏။

သို့သော်ကျန်းရီ၏လှုပ်ရှားမှုများမှာအလွန်
လျင်မြန်လှပြီးသူ့ကိုယ်သူ'ကိုယ်ဖော့'နည်း
စနစ်ကိုတောင်သုံးခဲ့သေးသည်။မျက်စိတစ်
မှိတ်အတွင်းမှာပင်ကျန်းရီသည်မိစ္ဆာသားရဲ၏
ရှေ့သို့ရောက်နှင့်ပြီးဖြစ်သည်။

မိစ္ဆာသားရဲမှာဟိန်းဟောက်ရင်းသူ၏ကြံ့ခိုင်
လှသောအမြီးကိုပါလွှဲယမ်းလိုက်၏။ချွန်ထက်သောဆူးချွန်များပါရှိသည့်အမြီးသည်
ကျန်းရီ၏ကိုယ်ကိုခါးမှတဆင့်ထက်ပိုင်းဖြတ်
ပစ်တော့မည့်အလားကြောက်စရာကောင်းလှ
သည်။

သူကအရူးပဲ!!သူတကယ်ရူးနေတာပဲ!!!!

ခေါင်းအစခြေအဆုံးအေးစက်တောင့်တင်းနေ
သောခံစားမှုများဖြင့်ထိုမြင်ကွင်းအားဝမ်ရွှမ်
မျက်လုံးပြူးလျက်သာကြည့်နေမိ၏။

သူတစ်စုံတစ်ခုလုပ်ချင်သော်လည်းမိစ္ဆာသား
ရဲ၏အရှေ့ခြေစွယ်နှစ်ချောင်းကသူ့ခေါင်းရှေ့ကိုလွှဲယမ်းလာပြီးရှောင်စေရန်အတင်းဖိအား
ပေးလျက်ရှိသည်။

ဝမ်ရွှမ်ရှောင်နေစဥ်မှာပင်မိစ္ဆာသားရဲ၏ဆူး
ချွန်များပါဝင်သည့်အမြီးအဖျားပိုင်းမှာ
ကျန်းရီ၏အဝတ်များကိုဆုတ်ဖြဲခဲ့ပြီးဖြစ်
သည်။

သို့သော်ထိုအခိုက်အတန့်မတိုင်မီကျန်းရီက
သူ၏ခြေချောင်းများနှင့်မြေကြီးကိုအသာ
အယာနင်းလိုက်ပြီး'ကိုယ်ဖော့'နည်းစနစ်
မှာပေါ့ပါးလျင်မြန်စွာအားကောင်းကောင်း
ဖြင့်ခုန်ထွက်သွားသည်။ကိုယ်ခန္ဓာစွင့်လျှက်
လေထဲတွင်မျောလွင့်နေသောကျန်းရီ၏အ
သွင်အပြင်မှာအလွန်လှပသောပေါင်းကူးတံ
တားပမာထင်မှတ်ရ၏။ဤတစ်ကြိမ်တွင်
မိစ္ဆာသားရဲ၏အမြီးလွှဲယမ်းလိုက်ခြင်းက
အဝတ်များကိုဆုတ်ဖြဲမိယုံသာမကဘဲအရည်
ပြားကိုပါပွတ်ဆွဲမိသွားကာရှောင်ရှားရန်ကျဥ်းမြောင်းခက်ခဲလှ၏။

ကျန်းရီ၌လျှင်မြန်ခြင်းနှင့်အရှိန်လျှော့ခြင်းတို့သာမရှိပါလျှင်ထိုနေရာတွင်ထက်ပိုင်းပြတ်သွားမည်မှာအသေအချာပင်။ဤခုန်လွှား
လိုက်ခြင်းကအလွန်အချိန်ကိုက်ဖြစ်လှသော်
လည်းအလွန်အန္တရာယ်များသည်။ဝမ်ရွှမ်
သည်ကြောက်လန့်မှုကြောင့်ချွေးစေးများပင်
ထွက်လာ၏။

သို့သော်ကျန်းရီမှာဤအနီးကပ်အန္တရာယ်မှ
မရှောင်လွှဲသာသေးဘဲနောက်ဆုတ်ရန်မည်
သည့်နည်းလမ်းမျိုးမှလည်းရှိမနေပါချေ။
ကျန်းရီသည်လက်ဖဝါးဖြင့်မြေပြင်အားရိုက်ချပြီးနောက်တစ်ကြိမ်ပြန်ခုန်တက်သွား၏။

တုံ့ဆိုင်းမှုတစိုးတစိမျှမရှိပါဘဲမြှားတစ်စင်း
ပမာတစ်ဟုန်ထိုးပြေးနေဆဲဖြစ်ပြီးသူ၏လက်
ဖျားလေးများမှာထိုမိစ္ဆာသားရဲကြီး၏အနက်
ရောင်ချပ်ဝတ်အကြေးခွံများဖြင့်ထိမိလုနီး
ပါးပင်။

လက်နှစ်ချောင်းဖြင့်ညှပ်ရင်းကိုင်ဆောင်
ထားသည့်အဆောင်လက်ဖွဲ့ကိုကြည့်ရင်း
ကျန်းရီဘာကိုလုပ်ချင်မှန်းဝမ်ရွှမ်သိသည်။

ဤ'မျက်စိသုံးလုံးအနက်ရောင်ချပ်ဝတ်'
သားရဲ၌အလွန်ဆိုးဝါးလှသောအားနည်းချက်
ရှိသည်။ထိုအားနည်းချက်မှာနှဖူးတည့်တည့်
ရှိတောက်ပနေသာအကြေးခွံဖြစ်သည့်အပြင်
ကိုယ်ပေါ်ရှိ'အစားထိုးမျက်လုံး'၌ဝှက်ထား
သည့်အရာလည်းဖြစ်သည်။သူတို့နှစ်ဦးစလုံး
တစ်ချိန်တည်းတွင်ထိုနေရာအားထိုးနှက်နိုင်
ပါက​ယေဘုယျအားဖြင့်သူတို့နှစ်ဦးစလုံး
အနိုင်ပိုင်းနိုင်ပေမည်။

"အရူးလေး!!"

ဝမ်ရွှမ်ကျိန်ဆဲယုံသာတတ်နိုင်လိုက်၏။

ယေဘုယျအားဖြင့်ဆိုရသော်ထိုအစီအစဥ်မှာ
ကောင်းသောအစီအစဥ်တစ်ခုဟုထင်ရသော်
လည်း'မျက်စိသုံးလုံးအနက်ရောင်ချပ်ဝတ်'
သားရဲ၏'အစားထိုးမျက်လုံး'တည်နေရာအတိအကျမှာတစ်ကောင်နှင့်တစ်ကောင်မတူဘဲကွဲပြားတတ်ကြသည်။'အစားထိုးမျက်လုံး'
ရဲ့တည်နေရာကိုမသိရင်ဒီအကြံကသေလမ်း
သွားရမယ့်အစီအစဥ်မျိုးပဲ!

မိစ္ဆာသားရဲမှာရှေ့ခြေနှစ်ချောင်းဖြင့်မြေကြီး
ကိုတူးဆွနေပြီးအမှိုက်သရိုက်များနှင့်ရွက်ကြွေများအားကန်ကျောက်လိုက်၏။အကြိမ်
ကြိမ်လွဲချော်နေသောပစ်မှတ်ကြောင့်ဒေါသူ
ပုန်ထလျက်​ရှိပြီးကျယ်လောင်စွာဟိန်း
ဟောက်လိုက်သောအခါ၎င်း၏တောင်ကဲ့သို့
ကြီးမားလှသောခန္ဓာကိုယ်ကြီးမှာဒေါသတကြီးလှုပ်ခါသွားခဲ့သည်။၎င်း၏ပါးစပ်မှကျလာသောသွားရည်တွင်အက်စစ်ဓာတ်တစ်မျိုးလဲပါနေသေးပြန်သည်။

ဝမ်ရွှမ်အလျင်အမြန်လှုပ်ရှားလိုက်၏။ထို
အက်စစ်ဓာတ်ကြောင့်ထိခိုက်ဒဏ်ရာမရခဲ့
သော်လည်းသူနှင့်ကျန်းရီကိုတော့လုံးလုံး
လျားလျားပိုင်းခြားခဲ့သည်။ဤရှုပ်ထွေးလှ
အခြေအနေတွင်ကျန်းရီ၏အသွင်အပြင်မှာ
ဝမ်ရွှမ့်အာရုံအောက်မှပျောက်ရှသွားခဲ့တော့
သည်။နောက်ဆုံးတွင်တော့ထိုသတ္တဝါကြီး
၏ကြီးမားသောခန္ဓာကိုယ်ဖြင့်ဖိချေနှိပ်စက်
ခြင်းခံနေရသောကျန်းရီကိုပထမဆုံးမြင်
လိုက်ရ၏။

ငါ့မှာတခြားရွေးချယ်စရာဘာရှိသေးလဲ?
ဘာမှမရှိဘူးပဲ!!!!

လျှပ်တစ်ပြက်အတွင်းဝမ်ရွှမ့်လက်ချောင်းထိပ်မှအပြာရောင်အလင်းတန်းတစ်ခုပေါ်
ထွက်လာခဲ့သည်။

'ရေခဲလွှာဓားသွား'နည်းစနစ်၏လျင်မြန်မှုမှာ
မယုံနိုင်စရာကောင်းလှသည်။နည်းစနစ်အား
လုံးထဲတွင်၎င်းကိုထိပ်တန်းနည်းစနစ်ဆယ်ခု
ထဲမှတစ်ခုဟုပင်သတ်မှတ်နိုင်သည်။ဝမ်ရွှမ့်
၏'ရေခဲလွှာဓားသွား'နည်းစနစ်မှာလျှပ်စီး
ထက်တောင်ပိုမြန်ပြီးအချိန်ခဏလေးအတွင်း
၌ပင်လက်ချောင်းထိပ်မှပေါ်ပေါက်လာကာ
မိစ္ဆာသားရဲ၏နှဖူးအလယ်တည့်တည့်ကိုပင်
ကြမ်းကြမ်းတမ်းတမ်းရိုက်နှက်ခဲ့မိပြီးဖြစ်
လေသည်။

ထိုမိစ္ဆာသားရဲ၌အားနည်းချက်ကိုရွှေ့ပြောင်း
ရန်အခွင့်အရေးမျိုးရှိမနေဖို့အတွက်သာ
ဝမ်ရွှမ်ဆုတောင်းနေခဲ့မိသည်။

သို့သော်'ရေခဲလွှာဓားသွား'နည်းစနစ်နှင့်
တောက်ပနေသောအကြေးခွံတို့ထိလိုက်မိ
သည့်အချိန်မှာတင်သူ၏ဆုတောင်းမှာအ
ချည်းနှီးသာဖြစ်ခဲ့မှန်းဝမ်ရွှမ်သဘောပေါက်
လိုက်၏။'ရေခဲလွှာဓားသွား'မှာသံဖြင့်ပြုလုပ်
ထားသောချပ်ဝတ်တန်ဆာကိုရိုက်မိသကဲ့သို့
'ကလင်န်'ဟူသောအသံသာထွက်ပေါ်လာပြီး
ရှေ့ဆက်မတိုးဘဲရပ်သွားခဲ့သည်။

ကယ်ဖို့အခွင့်အရေးတကယ်ပဲမရှိတော့ဘူး
လားကွာ??

ဝမ်ရွှမ့်နှလုံးသားလေးထိုင်းမှိုင်းသွားသည့်
အချိန်မှာပင်ထိုမိစ္ဆာသားရဲ၏အစာအိမ်
အောက်မှအပြာရောင်အလင်းတန်းထွက်ပေါ်
လာခဲ့သည်။၎င်းမှာအဆောင်လက်ဖွဲ့ဖြစ်နေ
ခဲ့၏။

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းအကြားစက္ကန့်
ပိုင်းလေးအတွင်းတစ်ချိန်ထဲ၌ဝမ်ရွှမ်လည်း
လှုပ်ရှားခဲ့ပြီးကျန်းရီသည်လည်းအဆောင်
လက်ဖွဲ့ကိုသုံးကာ'ရေခဲလွှာဓားသွား'ကိုဆင့်
ခေါ်ခဲ့ပြီးမိစ္ဆာသားရဲ၏ဝမ်းဗိုက်ကိုအောက်
ခြေမှစ၍အထက်အထိထိုးဖောက်သွားစေခဲ့
သည်။

ဒါဆိုသူ့အကြံကနှစ်ဖက်ညှပ်တိုက်ဖို့ပေါ့.....
ဘယ်လိုပဲဖြစ်ဖြစ် 'အစားထိုးမျက်လုံး'ကို
တကယ်ထိဖို့အဲ့တာကဖြစ်နိုင်ပါ့မလား?

သို့သော်လည်းဤတစ်ကြိမ်တွင်တော့'ရေခဲ
လွှာဓားသွား'ကမိစ္ဆာသားရဲ၏ဝမ်းဗိုက်ကိုထိ
မှန်ပြီး"ချွှီး"ဟူသောအသံထွက်ပေါ်နှင့်အတူ
အခိုင်အမာထိုးဖောက်သွားခဲ့သည်။

ထိုအသံအားကြားလိုက်ရသောအခါဝမ်ရွှမ့်
၏စိုးရိန်စိတ်အပြည့်ဖြင့်မျက်နှာမှာမယုံနိုင်
လောက်အောင်အံ့အားသင့်သောအမူအယာသို့ပြောင်းလဲသွားခဲ့သည်။မိစ္ဆာသားရဲ၏ဝမ်း
ဗိုက်မှသွေးများဖြာကျလာပြီးမြေပြင်တစ်ခု
လုံးကိုသွေးချင်းချင်းနီသွားစေခဲ့သည်။

ထိုမိစ္ဆာသားရဲ၏နောက်ဆုံးဟိန်းဟောက်သံ
မှာအလွန်ပင်စက်ဆုပ်ဖွယ်ကောင်းလှသည်။

ထို့နောက်၎င်း၏ကြီးမားသောခန္ဓာကိုယ်ကြီး
မှာမြေပြင်ပေါ်သို့လျှင်မြန်စွာပြိုလဲကျသွားတော့သည်။ဤမျှလေးလံသောအရာနှင့်
မြေကြီးတို့ရိုက်ခတ်မိသောအခါကျယ်လောင်
သောတုန်ခါသံကြီးပါပေါ်ထွက်လာခဲ့သည်။
အနည်းငယ်မျှပင်ရုန်းကန်နိုင်စွမ်းမရှိတော့ဘဲ
တစ်ခဏအတွင်းသေဆုံးသွားခဲ့တော့သည်။

ဝမ်ရွှမ်အံ့သြတကြီးကြည့်နေရင်းအခုဖြစ်
ပျက်သွားသမျှကိုတောင်နားမလည်နိုင်တော့
ဘူး။

ဒီလို....ဒီလိုပုံစံနဲ့ပစ်မှတ်ကိုတကယ်ကြီးအနိုင်
ပိုင်းနိုင်ခဲ့ပြီလား?

တကယ်အမှန်ပဲလား?

ခဏတာအေးခဲတုံ့ဆိုင်းပြီးနောက်ဝမ်ရွှမ့်၏
အမူအယာမှာနောက်တစ်ကြိမ်ပြောင်းလဲခဲ့ရ
ပြန်သည်။နောက်ဆုံးတွင်တော့သူကျယ်
လောင်စွာအော်ဟစ်လိုက်လေသည်။

"ဆရာတူညီလေး!!!"

မိစ္ဆာသားရဲကြီးသေသွားတဲ့အချိန်မှာကျန်းရီကဝမ်းဗိုက်အောက်မှာရှိနေမှန်းသူရှင်းရှင်း
လင်းလင်းမြင်ခဲ့ရတယ်။

ဝမ်ရွှမ်အလျင်အမြန်ပြေးသွားပြီးမိစ္ဆာသားရဲ
ကြီး၏ကိုယ်ကိုလှည့်ပတ်လိုက်ကာအခြားတစ်ဖက်၌စက်ဝိုင်းသဏ္ဍာန်ဝိုက်ချလိုက်၏။
အနီရောင်သန်းနေသည့်ကြိုးစ၏အစွန်တစ်ဖက်အ​ပြင်သို့ထွက်နေသည်ကိုအသေ
အချာမြင်လိုက်ရသည်။သို့သော်ထိုကောင်
လေး၏ခန္ဓာကိုယ်မှာမိစ္ဆာသားရဲအောက်၌
တင်းကျပ်စွာဖိကြိတ်ခံထားရသည်။

ဝမ်ရွှမ်အလျင်အမြန်ပင်'နေရာရွှေ့ပြောင်း'
နည်းစနစ်ကိုသုံးကာရုပ်အလောင်းကြီးကို
အဝေးသို့ပို့ပစ်လိုက်ပြီးသွေးအိုင်အလယ်၌
မျက်လုံးများမှိတ်ကာလဲနေသောကောင်ငယ်လေးကိုမြင်လိုက်ရလေသည်။

"ဆရာတူညီလေးကျန်း!"

ဝမ်ရွှမ်လက်ကိုဆန့်၍သွေးအိုင်ထဲမှကောင်လေးကိုဆွဲထုတ်လိုက်ရင်းဤတစ်ကြိမ်တွင်
တော့သူ၏ခြေလက်များမှာရေခဲပမာအေး
စက်နေသည်ကိုပါခံစားလိုက်ရ၏။

ဒီခရီးလမ်းတစ်လျှောက်လုံးသူ့ရဲ့ဂိုဏ်းက
ဆရာတူညီလေးနဲ့အတူတူအဖော်ပြုရင်း
ရောက်လာခဲ့တယ်။တစ်ဖက်လူကိုသေသေ
ချာချာကာကွယ်ပေးခဲ့သင့်ပေမယ့်အဲ့ဒီအစား
တစ်ဖက်လူဒီလိုအခြေအနေအထိလဲကျသွား
တာကိုကူရာကယ်ရာမဲ့ကြည့်နေခဲ့မိတယ်။
သြချရလောက်အောင်ကိုသူတာဝန်မကျေခဲ့မိ
ဘူးပဲ...

ထိုကောင်လေးအားအသေအချာစစ်ဆေးပြီး
နောက်မည်သည့်ဒဏ်ရာမှမရှိကြောင်းနှင့်
သွေးများသည်လည်းမိစ္ဆာသားရဲ၏သွေးများ
ဖြစ်ကြောင်းသိလိုက်ရသည့်အချိန်တွင်တော့
ဝမ်ရွှမ်စိတ်သက်သာရာရသွားတော့သည်။

ထိုအချိန်တွင်ကောင်လေး၏ပါးလှပ်ရှည်
လျားလှသောမျက်တောင်များလှုပ်လာပြီးသတိလစ်နေရာမှသတိပြန်လည်လာခဲ့၏။

ဝမ်ရွှမ့်လက်နှစ်ဖက်စလုံးမှာကျန်းရီ၏ပခုံး
များအားကိုင်ထားရင်းကိုယ်ကိုမတ်ထားပေး
ခဲ့သည်။သို့သော်ထိုအရာအားသတိထားမိ
လိုက်သောအခါလျင်လျင်မြန်မြန်ပင်လွှတ်ချ
လျှက်တစ်ဖက်လူအားမြေပြင်ပေါ်သို့ပြန်ပြုတ်ကျသွားစေခဲ့၏။ထို့နောက်အလျင်အ
မြန်ထပြီး8ကျန်းလောက်အကွာတွင်မတ်တပ်
ရပ်နေလိုက်သည်။
(note/8ကျန်း=26မီတာ)

မှိတ်တုတ်မှိတ်တုတ်ဖြင့်မျက်တောင်ပုတ်ခတ်
ရင်းသတိပြန်လည်လာပြီးနောက်သူ၏အခြေ
အနေမှာအစပိုင်းကထက်ပိုမိုကောင်းမွန်လာခဲ့
သည်။မိစ္ဆာသားရဲအလောင်းအားတဖြည်း
ဖြည်းလှည့်ကြည့်လိုက်၏။အချိန်ကြာမြင့်စွာ
ကြည့်ပြီးနောက်ရုတ်တရက်ရယ်မောကာ

"ကျွန်တော်လုပ်နိုင်ခဲ့ပြီ!ကျွန်တော်တကယ်လုပ်နိုင်ခဲ့ပြီ!'

တစ်ခဏတာရယ်မောပြီးနောက်ဝမ်ရွှမ်က
ဘေးဘက်တွင်ရပ်လျှက်သူ့အားအေးစက်စွာ
စိုက်ကြည့်နေသည်ကိုသတိထားမိလိုက်သည်။လျင်မြန်စွာပါးစပ်ပိတ်လိုက်ကာယခင်
တည်းကရှိခဲ့သောသူ၏တည်ငြိမ်သောအ
သွင်သဏ္ဍာန်သို့မျက်နှာတည်လိုက်ပြီးဂရု
မစိုက်စွာစကားပြောလာ၏။

"အဆင့်3 မိစ္ဆာသားရဲကတကယ်အထင်ကြီး
စရာပဲနော်"

ဟန်ဆောင်ပြန်ပြီ...ဆက်ပြီးဟန်ဆောင်နေ
လိုက်..

ဝမ်ရွှမ်ထိုကောင်လေးအားအေးစက်စွာစိုက်
ကြည့်ရင်းစစ်ဆေးမိသောအခါထိုကောင်
လေး၏လက်ချောင်းများအနည်းငယ်တုန်
ယင်နေသည်ကိုတွေ့လိုက်ရပြီးလှောင်ပြောင်
သရော်လိုက်၏။

"ငါကမင်းဒါကြီးကိုကြောက်ရကောင်းမှန်း
မသိဘူးတောင်ထင်နေတာ"

-----------------------------------------------------------------

< မိစၧာသားရဲေတြကို႐ွင္းဖို႔ႏွစ္ေယာက္အတူပူး
ေပါင္းၾကမယ္ >

ဝမ္႐ႊမ့္အၾကည့္မ်ားမွာထိုလက္ေကာက္အား
ႏွံ႔စပ္ေနေအာင္ၾကည့္႐ႈၿပီးအေဆာင္ေပၚသို႔
က်ေရာက္သြားခဲ့သည္။ထို႔ေနာက္အံ့ၾသသြား
ခဲ့ရ၏။

မူလကေတာ့ထိုအေဆာင္လက္ဖြဲ႕၌ေၾကာက္
စရာေကာင္းေအာင္အစြမ္းႀကီးေသာဝွက္ဖဲ
တခုခု႐ွိလိမ့္မည္ဟုထင္ခဲ့ေသာ္လည္းလက္
ေတြ႕တြင္ေတာ့ဗလာနတၳိအေဆာင္လက္ဖြဲ႕
တစ္ခုသာျဖစ္ေနခဲ့သည္။

ဗလာနတၳိအေဆာင္လက္ဖြဲ႕ဆိုသည့္အတိုင္းမည္သည့္ေမွာ္စြမ္းအင္မ်ိဳးမွမထည့္သြင္းရ
ေသးေသာလက္နက္မ်ိဳးျဖစ္ေလသည္။မည္
သည့္ခြန္အားမွမပါဘဲအခ်ည္းႏွီးဗလာေပါက္
သာျဖစ္ခဲ့၏။ထိုအေပါက္ငယ္သည္ပင္လွ်င္အျခားအေဆာင္မ်ားထက္ေတာ့ျပဳလုပ္ရန္လြယ္ကူမည္မဟုတ္ဘဲကုန္က်ေငြသည္လည္းနည္းမည္ေတာ့မဟုတ္ေခ်။သို႔ေသာ္
တိုက္ပြဲအလယ္၌ထိုအရာအားဆြဲထုတ္လိုက္
ျခင္းကအကူအညီတစ္ခုျဖစ္ႏိုင္မည္မဟုတ္
ေၾကာင္းေတာ့သိသာလွသည္။

ဝမ္႐ႊမ္ထိုကဲ့သို႔ေတြးလိုက္ၿပီးက်န္းရီကေတာ့သူေ႐ွ႕တြင္အေဆာင္လက္ဖြဲ႕ကိုကိုင္ထားဆဲ
ျဖစ္၏။

"ဆရာတူအစ္ကို"

က်န္းရီကေနာက္ျပန္လွည့္ၾကည့္ၿပီး႐ိုးသားစြာအကူအညီေတာင္းလာခဲ့သည္။

"ေက်းဇူးျပဳၿပီးအစ္ကိုရဲ႕အေထာက္အပံ့ငွား
ေပးပါ"

သူဘာလုပ္ရန္ၾကံစည္ေနသည္ကိုဝမ္႐ႊမ္
ခ်က္ခ်င္းနားလည္လိုက္ေသာ္လည္းနား
လည္မႈမ်ားလြဲေနသေလာဟူသည့္အေတြး
ျဖင့္ေမးခြန္းထုတ္လိုက္၏။

"မင္းဆိုလိုတာက....?"

"ဟိုးတုန္းကအစ္ကိုရဲ႕'ေရခဲလႊာဓားသြား'နည္း
စနစ္နဲ႔ပတ္သတ္ၿပီးအေနာက္ပိုင္း'နင္'ျပည္
ေထာင္တစ္ခုလုံးခ်ီးက်ဴးခဲ့ၾကတယ္။ဒီဆရာ
တူညီေလးကလဲအစ္ကို႔ရဲ႕အဲ့ဒီနည္းစနစ္ကို
ျမင္ဖူးခ်င္ခဲ့တာၾကာပါၿပီ"

က်န္းရီကထိုစကားမ်ားအားျပဳံးရင္းေျပာခဲ့
သည္။

သူတစ္ကယ္ႀကီးေျပာေနတာလား??ဝမ္႐ႊမ္
သၫ်ထိုအရာအားအဓိပ္ပါယ်မဲ့ေသာကိစ္စတဈ
ခုဟုသာခံစားလိုက္ရ၏။

'ေရခဲလႊာဓားသြား'နည္းစနစ္မွာ'ေရ'နည္းစနစ္
ေပါင္းမ်ားစြာထဲတြင္အသုံးအမ်ားဆုံးျဖစ္
သည္။အေျခခံတည္ေထာင္ျခင္းက်င့္ၾကံသူ
မ်ားမွာ၎နည္းစနစ္ကိုမၾကာခဏသုံးေလ့႐ွိ၏။အေျခခံတည္ေထာင္ျခင္းအဆင့္အား
ဝမ္႐ႊမ္ေက်ာ္ျဖတ္ၿပီးခဲ့ေသာအရင္တစ္ခ်ိန္က
ရ႐ွိခဲ့သည့္နည္းစနစ္သုံးခုထဲမွတစ္ခုမွာထို
'ေရခဲလႊာဓားသြား'နည္းစနစ္ပင္ျဖစ္သည္။

ထိုနည္းစနစ္အားဝမ္႐ႊမ္ဆင့္ေခၚအသုံးျပဳသည့္အခါအျခားသူမ်ားထက္အဆေပါင္းမ်ားစြာပိုမိုအင္အားေကာင္းခဲ့၏။ထို႔ေၾကာင့္ဤ
နည္းစနစ္ကိုဝမ္႐ႊမ္သေဘာက်ၿပီးမၾကာခဏ
သုံးေလ့႐ွိမွန္းေျပာစရာေတာင္မလိုပါေခ်။
ႏွစ္ေပါင္းမ်ားစြာအသုံးျပဳၿပီးေနာက္၎၏
စြမ္းအားမွာပိုမိုအားေကာင္းလာခဲ့ၿပီးထိုအရင္
အခ်ိန္မ်ားတြင္ဝမ္႐ႊမ္၏ထိပ္တန္းနည္းစနစ္မ်ားထဲမွတစ္ခုျဖစ္ခဲ့ဖူးသည္။

မည္သို႔ပင္ျဖစ္ေစ၎မွာအေျခခံတည္ေထာင္
ျခင္းအဆင့္အတြက္နည္းစနစ္သာျဖစ္၏။
ယြမ္စုစည္းျခင္းအဆင့္က်င့္ၾကံသူအတြက္
ဆိုလွ်င္ေတာ့ဤျပသနာအားေျဖ႐ွင္းရန္
နည္းလမ္းေပါင္းမ်ားစြာ႐ွိေသးသည္။

"အဲ့တာကျဖဳန္းတီးတာပဲျဖစ္လိမ့္မယ္"

က်န္းရီကဤတစ္ႀကိမ္တြင္ေတာ့ဘာမွျပန္မ
ေျပာဘဲျပဳံးရင္းအေဆာင္လက္ဖြဲ႕ကိုဝမ္႐ႊမ့္
မ်က္စိေ႐ွ႕တြင္ကိုင္ထားဆဲျဖစ္၏။

ဝမ္႐ႊမ္ခဏမွ်တုံ႔ဆိုင္းသြားၿပီးအနက္ေရာင္
ခ်ပ္ဝတ္တန္ဆာမ်ားျဖင့္မိစၧာသားရဲအား
လွမ္းၾကည့္လိုက္သည္။ရင္ဆိုင္ရန္အသင့္ျဖစ္ေနသကဲ့သို႔လည္ေခ်ာင္းမွထြက္လာေသာ
ဟိန္းေဟာက္သံႀကီးသည္အလြန္တရာမွ
ေၾကာက္ဖို႔ေကာင္းလွၿပီးသူတို႔ႏွစ္ဦးကိုမမွိတ္
မသုန္စူးစိုက္ၾကည့္ေနေလ၏။

မရင္းႏွီးေသာက်င့္ၾကံသူႏွစ္ဦးႏွင့္ရင္ဆိုင္ရ
ေသာအခါထိုသတၱဝါႀကီးသည္လည္းတဇြတ္ထိုးေ႐ွ႕မတိုးဘဲေစာင့္ဆိုင္းရန္သာေ႐ြးခ်ယ္ခဲ့ပုံရသည္။

ဤရပ္တန္႔ေနမႈကဝမ္႐ႊမ့္အားမဆင္မျခင္ျပဳ
လုပ္ရန္တြန္႔ဆုတ္ေစခဲ့သည္။လက္ေခ်ာင္းေလးအနည္းငယ္လႈပ္မိလွ်င္ေတာင္ထိုသတၱဝါႀကီးမွာခ်ပ္ဝတ္တန္တာအျပည့္ႏွင့္အေၾကးခြံႀကီးကိုျမႇင့္ၿပီးဝမ္႐ႊမ္လက္ေျမႇာက္လိုက္လွ်င္ေတာ့ကိုယ္ကိုေကြးကာခ်က္ခ်င္းေျပးခုန္အုပ္ေတ့ာမည့္အေနအထားမ်ိဳးတြင္႐ွိေနခဲ့သည္။ဤေ႐ွ႕မတိုးသာသည့္အေျခအေန
ကတိုက္႐ိုက္တိုက္ခိုက္ျခင္းထက္ပင္ဝမ္႐ႊမ့္ကိုပိုအာ႐ုံေနာက္ေစခဲ့သည္။

ဝမ္႐ႊမ္လည္းဘာမွမလုပ္ႏိုင္သည့္အတြက္
သက္ျပင္းသာခ်လိုက္၏။ထို႔ေနာက္သူ႕
လက္ေခ်ာင္းမ်ားျဖင့္ေလထဲ၌မ်ဥ္းေၾကာင္း
တစ္ခုဆြဲလိုက္သည္။ဝိဥာဥ္စြမ္းအင္မ်ားမွာ
ခ်က္ခ်င္းဆိုသလိုပင္သူ႕လက္ေခ်ာင္းထိပ္မွ
ထြက္ေပၚလာၿပီးထိုဗလာနတၳိအေဆာင္လက္
ဖြဲ႕ထဲသို႔နစ္ဝင္သြားခဲ့သည္။ေမွ်ာ္လင့္ခ်က္
ကင္းေသာကိစၥတစ္ခုျဖစ္ေသာ္လည္းခ်ီသန္႔
စင္ျခင္းအဆင့္၌သာ႐ွိေသးသည့္ထိုဆရာတူ
ညီေလးအတြက္ေတာ့ဘာမွ်မ႐ွိတာထက္စာ
လွ်င္ဤနည္းလမ္းကပိုေကာင္းသည္ဟုေျပာ
ႏိုင္၏။

သူေမွ်ာ္လင့္မထားေသာအရာသည္ကားဤ
အေဆာင္လက္ဖြဲ႕မွာ'ေရခဲလႊာဓားသြား'နည္း
စနစ္ကိုခ်က္ခ်င္းလက္ခံခဲ့သည္။က်န္းရီက
ဖ်တ္ခနဲျပဳံးၿပီးေနာက္ခ်က္ခ်င္းလွည့္လိုက္
ၿပီးထိုသတၱဝါႀကီး၏ေဘးဘက္သို႔ဦးတည္
သြားခဲ့သည္။

"မင္း....!!!"

ဝမ္႐ႊမ္၏မ်က္ႏွာအမူအယာမွာေျပာင္းလဲသြားၿပီးခ်က္ခ်င္းဆိုသလိုပင္ေအာ္ဟစ္လိုက္
၏။

"မင္းကိုယ္မင္းေသေအာင္လုပ္ေနတာလား?
ျပန္လာခဲ့စမ္း!!!"

သူအမွန္တကယ္ပင္ထိုေကာင္ေလးကိုေျပးဆြဲလိုက္ခ်င္မိသည္။သို႔ေသာ္သူလႈပ္လိုက္သည္ႏွင့္အေ႐ွ႕မွသတၱဝါႀကီးသည္လည္းလႈပ္႐ွားလာေခ်မည္။

မေမွ်ာ္လင့္ထားစြာပင္အကယ္၍ဝမ္႐ႊမ္မ
လႈပ္ခဲ့လွ်င္ထိုသတၱဝါႀကီးမွာတုတ္တုတ္မွ်
မလႈပ္သည့္အျပင္က်န္းရီကိုလည္းတစ္ခ်က္ေလးေတာင္လွည့္မၾကည့္ခဲ့ေပ။

"ဆရာတူအစ္ကို....စိတ္မပူပါနဲ႔ "

က်န္းရီ၏မ်က္ႏွာအမူအယာမွာတည္ၿငိမ္ၿပီး
အေဆာင္လက္ဖြဲ႕ကိုကိုင္လ်က္ေဘးဘက္တြင္
ရပ္ေန၏။

"အစ္ကိုနဲ႔ပတ္သတ္ၿပီးသဘာဝမက်တဲ့
အေၾကာက္တရားမ်ိဳးအဲ့ဒီအေကာင္ႀကီးမွာ
႐ွိေနတယ္ "

အဲ့တာကအမွန္ပဲ။ဝမ္႐ႊမ္ကိုယ္တိုင္လည္းအဲ့ဒီ
အရာကို႐ွာေတြ႕ခဲ့တယ္။ျပင္းထန္ေသာအ
ေၾကာက္တရားကတစ္နည္းနည္းျဖင့္ထူးဆန္း
ေနၿပီးဝမ္႐ႊမ္သည္လည္းအံ့ၾသမႈကိုမခံစားခဲ့
ရေပ။သူမွတ္မိႏိုင္ေလာက္သည့္အ႐ြယ္မွစ
၍မိစၧာသားရဲတိုင္းကသူ႕ကိုျမင္လွ်င္ထိုကဲ့သို႔
အၿမဲျပဳမူတတ္ၾကသည္။
(note/ဝမ္႐ႊမ္မလႈပ္ရင္မလႈပ္ရဲဘဲဝမ္႐ႊမ့္ကို
ေၾကာက္တာ၊တစ္နည္း'႐ွိန္'ေနတယ္ေပါ့)

"ဆရာတူအစ္ကို "

က်န္းရီကဆက္ေမးလာခဲ့သည္။

"ဒီမိစၧာသားရဲကဘာအမ်ိဳးအစားလဲဆိုတာ
မွတ္မိၿပီလား?"

ဝမ္႐ႊမ္သည္ထိုမိစၧာသားရဲ၏ရက္စက္ၾကမ္း
တမ္းေသာအသြင္အျပင္ကိုၾကည့္ၿပီးေနာက္
ႏွဖူးအလယ္တည့္တည့္ကိုၾကည့္လိုက္၏။

"မ်က္စိသုံးလုံးအနက္ေရာင္ခ်ပ္ဝတ္သားရဲ! ဟုတ္တာေပါ့...ငါမွတ္မိၿပီ"

က်န္းရီကေခါင္းညိတ္ရင္းျပန္ေျပာလာ၏။

"အစ္ကိုမွတ္မိသြားၿပီဆိုထဲကဒီအေကာင္ႀကီး
ကိုကိုင္တြယ္ဖို႔ပိုလြယ္ေတာ့မွာပါ"

မ်က္စိသုံးလုံးအနက္ေရာင္ခ်ပ္ဝတ္သားရဲ။
ထိုတတိယေျမာက္မ်က္လုံးသည္ႏွဖူး၏
အလယ္တည့္တည့္အေၾကးခြံတြင္ေတာက္ပ
ေနခဲ့ၿပီးတစ္ခ်ိန္ထဲမွာပင္ထိုေတာက္ပေသာ
အေၾကးခြံေနရာက၎၏ဆိုး႐ြားေသာအား
နည္းခ်က္တည္ေနရာပင္ျဖစ္သည္။

"စိတ္႐ႈပ္ေအာင္လုပ္ေနတာရပ္လိုက္စမ္း"

ဝမ္႐ႊမ္မ်က္ေမွာင္ၾကဳံ႕ရင္းသတိေပးလိုက္
၏။

"အဲ့ဒါကထင္သေလာက္မလြယ္ဘူး"

၎၌အားနည္းခ်က္႐ွိေသာ္လည္းမ်က္စိသုံး
လုံးအနက္ေရာင္ခ်ပ္ဝတ္သားရဲမွာယြမ္စု
စည္းျခင္းအဆင့္က်င့္ၾကံသူႏွင့္ညီမွ်ၿပီးအ
ဆင့္၃မိစၧာသားရဲျဖစ္၏။ထို႔အျပင္၎၏
အားနည္းခ်က္ကိုကာကြယ္ရန္ကိုယ္ပိုင္နည္း
လမ္းမ်ားလည္း႐ွိေနေသးသည္။အတိုခ်ဳပ္
ဆိုရေသာ္၎သည္'အစားထိုးမ်က္လုံး'အား
ဖန္တီးႏိုင္ၿပီးရမ္းကားၾကမ္းတမ္းေသာအခ်ိန္
မ်ိဳးတြင္၎၏အားနည္းခ်က္ကိုထိုေတာက္ပ
ေနေသာအေၾကးခြံမွေ႐ႊ႕ႏိုင္ၿပီး'အစားထိုး
မ်က္လုံး'ထဲတြင္ဝွက္ထားႏိုင္သည္။

"စိတ္မပူပါနဲ႔"

က်န္းရီကပူပင္မႈမ႐ွိဘဲျပဳံးရင္းစကားေျပာ
လာ၏။

"အဲ့ဒီအေၾကာင္းကြၽန္ေတာ္သိၿပီးသားပါ။
ဒါေပမယ့္ကြၽန္ေတာ္တို႔ဘက္မွာလူႏွစ္ေယာက္ေတာင္႐ွိတယ္မဟုတ္လား..?"

လူႏွစ္ေယာက္?
ထိုစကားအားၾကားသည္ႏွင့္တစ္ဖက္လူၾကံ
စည္ေနေသာအၾကံအားနားလည္လိုက္ၿပီး
"ရယ္စရာပဲ.."ဟူေသာစကားကလွ်ာဖ်ားသို႔ခ်က္ခ်င္းတြဲလဲခိုလာ၏။

ေတာထဲ၌ေလျပင္း႐ုတ္တရက္တိုက္ခတ္သြားခဲ့သည္။ထိုေလျပင္းကိုသုံးကာက်န္းရီသည္သူ၏ေျခဖ်ားကိုေျမႀကီးေပၚဖိနင္းလိုက္ၿပီးထိုမိစၧာသားရဲထံတစ္ဟုန္ထိုးေျပးဝင္သြားလိုက္သည္။သူ၏လက္တစ္ဘက္တြင္'ေရခဲလႊာဓားသြား'အေဆာင္လက္ဖြဲ႕ကိုက်စ္က်စ္လစ္လစ္ဆုပ္ကိုင္ထားခဲ့၏။သူ၏ဝတ္႐ုံအနားစႏွစ္ဖက္စလုံးမွာမီးေတာက္ထဲသို႔တိုးဝင္ေတာ့မည့္ပိုးဖလံေလးအလားယိမ္းထိုးလြင့္ေမ်ာလ်က္႐ွိသည္။

"ျပန္လာခဲ့!!!!"

ဤတစ္ႀကိမ္တြင္ေတာ့ဝမ္႐ႊမ္အလြန္အမင္း
ေၾကာက္လန္႔သြားၿပီးသူ႕မ်က္ႏွာလည္းျဖဴေဖ်ာ့လာခဲ့သည္။မိစၧာသားရဲ၏တုံ႔ျပန္ႏိုင္ေခ်
ကိုလုံးဝဂ႐ုမစိုက္အားေတာ့ဘဲတစ္ဖက္လူ
ကိုတားရန္ႀကိဳးစားဖို႔အတြက္ေ႐ွ႕သို႔ေျပးလာ
ခဲ့၏။

သို႔ေသာ္က်န္းရီ၏လႈပ္႐ွားမႈမ်ားမွာအလြန္
လ်င္ျမန္လွၿပီးသူ႕ကိုယ္သူ'ကိုယ္ေဖာ့'နည္း
စနစ္ကိုေတာင္သုံးခဲ့ေသးသည္။မ်က္စိတစ္
မွိတ္အတြင္းမွာပင္က်န္းရီသည္မိစၧာသားရဲ၏
ေ႐ွ႕သို႔ေရာက္ႏွင့္ၿပီးျဖစ္သည္။

မိစၧာသားရဲမွာဟိန္းေဟာက္ရင္းသူ၏ၾကံ့ခိုင္
လွေသာအၿမီးကိုပါလႊဲယမ္းလိုက္၏။ခြၽန္ထက္ေသာဆူးခြၽန္မ်ားပါ႐ွိသည့္အၿမီးသည္
က်န္းရီ၏ကိုယ္ကိုခါးမွတဆင့္ထက္ပိုင္းျဖတ္
ပစ္ေတာ့မည့္အလားေၾကာက္စရာေကာင္းလွ
သည္။

သူကအ႐ူးပဲ!!သူတကယ္႐ူးေနတာပဲ!!!!

ေခါင္းအစေျခအဆုံးေအးစက္ေတာင့္တင္းေန
ေသာခံစားမႈမ်ားျဖင့္ထိုျမင္ကြင္းအားဝမ္႐ႊမ္
မ်က္လုံးျပဴးလ်က္သာၾကည့္ေနမိ၏။

သူတစ္စုံတစ္ခုလုပ္ခ်င္ေသာ္လည္းမိစၧာသား
ရဲ၏အေ႐ွ႕ေျခစြယ္ႏွစ္ေခ်ာင္းကသူ႕ေခါင္းေ႐ွ႕ကိုလႊဲယမ္းလာၿပီးေ႐ွာင္ေစရန္အတင္းဖိအား
ေပးလ်က္႐ွိသည္။

ဝမ္႐ႊမ္ေ႐ွာင္ေနစဥ္မွာပင္မိစၧာသားရဲ၏ဆူး
ခြၽန္မ်ားပါဝင္သည့္အၿမီးအဖ်ားပိုင္းမွာ
က်န္းရီ၏အဝတ္မ်ားကိုဆုတ္ၿဖဲခဲ့ၿပီးျဖစ္
သည္။

သို႔ေသာ္ထိုအခိုက္အတန္႔မတိုင္မီက်န္းရီက
သူ၏ေျခေခ်ာင္းမ်ားႏွင့္ေျမႀကီးကိုအသာ
အယာနင္းလိုက္ၿပီး'ကိုယ္ေဖာ့'နည္းစနစ္
မွာေပါ့ပါးလ်င္ျမန္စြာအားေကာင္းေကာင္း
ျဖင့္ခုန္ထြက္သြားသည္။ကိုယ္ခႏၶာစြင့္လွ်က္
ေလထဲတြင္ေမ်ာလြင့္ေနေသာက်န္းရီ၏အ
သြင္အျပင္မွာအလြန္လွပေသာေပါင္းကူးတံ
တားပမာထင္မွတ္ရ၏။ဤတစ္ႀကိမ္တြင္
မိစၧာသားရဲ၏အၿမီးလႊဲယမ္းလိုက္ျခင္းက
အဝတ္မ်ားကိုဆုတ္ၿဖဲမိယုံသာမကဘဲအရည္
ျပားကိုပါပြတ္ဆြဲမိသြားကာေ႐ွာင္႐ွားရန္က်ဥ္းေျမာင္းခက္ခဲလွ၏။

က်န္းရီ၌လွ်င္ျမန္ျခင္းႏွင့္အ႐ွိန္ေလွ်ာ့ျခင္းတို႔သာမ႐ွိပါလွ်င္ထိုေနရာတြင္ထက္ပိုင္းျပတ္သြားမည္မွာအေသအခ်ာပင္။ဤခုန္လႊား
လိုက္ျခင္းကအလြန္အခ်ိန္ကိုက္ျဖစ္လွေသာ္
လည္းအလြန္အႏၲရာယ္မ်ားသည္။ဝမ္႐ႊမ္
သည္ေၾကာက္လန္႔မႈေၾကာင့္ေခြၽးေစးမ်ားပင္
ထြက္လာ၏။

သို႔ေသာ္က်န္းရီမွာဤအနီးကပ္အႏၲရာယ္မွ
မေ႐ွာင္လႊဲသာေသးဘဲေနာက္ဆုတ္ရန္မည္
သည့္နည္းလမ္းမ်ိဳးမွလည္း႐ွိမေနပါေခ်။
က်န္းရီသည္လက္ဖဝါးျဖင့္ေျမျပင္အား႐ိုက္ခ်ၿပီးေနာက္တစ္ႀကိမ္ျပန္ခုန္တက္သြား၏။

တုံ႔ဆိုင္းမႈတစိုးတစိမွ်မ႐ွိပါဘဲျမႇားတစ္စင္း
ပမာတစ္ဟုန္ထိုးေျပးေနဆဲျဖစ္ၿပီးသူ၏လက္
ဖ်ားေလးမ်ားမွာထိုမိစၧာသားရဲႀကီး၏အနက္
ေရာင္ခ်ပ္ဝတ္အေၾကးခြံမ်ားျဖင့္ထိမိလုနီး
ပါးပင္။

လက္ႏွစ္ေခ်ာင္းျဖင့္ညႇပ္ရင္းကိုင္ေဆာင္
ထားသည့္အေဆာင္လက္ဖြဲ႕ကိုၾကည့္ရင္း
က်န္းရီဘာကိုလုပ္ခ်င္မွန္းဝမ္႐ႊမ္သိသည္။

ဤ'မ်က္စိသုံးလုံးအနက္ေရာင္ခ်ပ္ဝတ္'
သားရဲ၌အလြန္ဆိုးဝါးလွေသာအားနည္းခ်က္
႐ွိသည္။ထိုအားနည္းခ်က္မွာႏွဖူးတည့္တည့္
႐ွိေတာက္ပေနသာအေၾကးခြံျဖစ္သည့္အျပင္
ကိုယ္ေပၚ႐ွိ'အစားထိုးမ်က္လုံး'၌ဝွက္ထား
သည့္အရာလည္းျဖစ္သည္။သူတို႔ႏွစ္ဦးစလုံး
တစ္ခ်ိန္တည္းတြင္ထိုေနရာအားထိုးႏွက္ႏိုင္
ပါကေယဘုယ်အားျဖင့္သူတို႔ႏွစ္ဦးစလုံး
အႏိုင္ပိုင္းႏိုင္ေပမည္။

"အ႐ူးေလး!!"

ဝမ္႐ႊမ္က်ိန္ဆဲယုံသာတတ္ႏိုင္လိုက္၏။

ေယဘုယ်အားျဖင့္ဆိုရေသာ္ထိုအစီအစဥ္မွာ
ေကာင္းေသာအစီအစဥ္တစ္ခုဟုထင္ရေသာ္
လည္း'မ်က္စိသုံးလုံးအနက္ေရာင္ခ်ပ္ဝတ္'
သားရဲ၏'အစားထိုးမ်က္လုံး'တည္ေနရာအတိအက်မွာတစ္ေကာင္ႏွင့္တစ္ေကာင္မတူဘဲကြဲျပားတတ္ၾကသည္။'အစားထိုးမ်က္လုံး'
ရဲ႕တည္ေနရာကိုမသိရင္ဒီအၾကံကေသလမ္း
သြားရမယ့္အစီအစဥ္မ်ိဳးပဲ!

မိစၧာသားရဲမွာေ႐ွ႕ေျခႏွစ္ေခ်ာင္းျဖင့္ေျမႀကီး
ကိုတူးဆြေနၿပီးအမိႈက္သ႐ိုက္မ်ားႏွင့္႐ြက္ေႂကြမ်ားအားကန္ေက်ာက္လိုက္၏။အႀကိမ္
ႀကိမ္လြဲေခ်ာ္ေနေသာပစ္မွတ္ေၾကာင့္ေဒါသူ
ပုန္ထလ်က္႐ွိၿပီးက်ယ္ေလာင္စြာဟိန္း
ေဟာက္လိုက္ေသာအခါ၎၏ေတာင္ကဲ့သို႔
ႀကီးမားလွေသာခႏၶာကိုယ္ႀကီးမွာေဒါသတႀကီးလႈပ္ခါသြားခဲ့သည္။၎၏ပါးစပ္မွက်လာေသာသြားရည္တြင္အက္စစ္ဓာတ္တစ္မ်ိဳးလဲပါေနေသးျပန္သည္။

ဝမ္႐ႊမ္အလ်င္အျမန္လႈပ္႐ွားလိုက္၏။ထို
အက္စစ္ဓာတ္ေၾကာင့္ထိခိုက္ဒဏ္ရာမရခဲ့
ေသာ္လည္းသူႏွင့္က်န္းရီကိုေတာ့လုံးလုံး
လ်ားလ်ားပိုင္းျခားခဲ့သည္။ဤ႐ႈပ္ေထြးလွ
အေျခအေနတြင္က်န္းရီ၏အသြင္အျပင္မွာ
ဝမ္႐ႊမ့္အာ႐ုံေအာက္မွေပ်ာက္႐ွသြားခဲ့ေတာ့
သည္။ေနာက္ဆုံးတြင္ေတာ့ထိုသတၱဝါႀကီး
၏ႀကီးမားေသာခႏၶာကိုယ္ျဖင့္ဖိေခ်ႏွိပ္စက္
ျခင္းခံေနရေသာက်န္းရီကိုပထမဆုံးျမင္
လိုက္ရ၏။

ငါ့မွာတျခားေ႐ြးခ်ယ္စရာဘာ႐ွိေသးလဲ?
ဘာမွမ႐ွိဘူးပဲ!!!!

လွ်ပ္တစ္ျပက္အတြင္းဝမ္႐ႊမ့္လက္ေခ်ာင္းထိပ္မွအျပာေရာင္အလင္းတန္းတစ္ခုေပၚ
ထြက္လာခဲ့သည္။

'ေရခဲလႊာဓားသြား'နည္းစနစ္၏လ်င္ျမန္မႈမွာ
မယုံႏိုင္စရာေကာင္းလွသည္။နည္းစနစ္အား
လုံးထဲတြင္၎ကိုထိပ္တန္းနည္းစနစ္ဆယ္ခု
ထဲမွတစ္ခုဟုပင္သတ္မွတ္ႏိုင္သည္။ဝမ္႐ႊမ့္
၏'ေရခဲလႊာဓားသြား'နည္းစနစ္မွာလွ်ပ္စီး
ထက္ေတာင္ပိုျမန္ၿပီးအခ်ိန္ခဏေလးအတြင္း
၌ပင္လက္ေခ်ာင္းထိပ္မွေပၚေပါက္လာကာ
မိစၧာသားရဲ၏ႏွဖူးအလယ္တည့္တည့္ကိုပင္
ၾကမ္းၾကမ္းတမ္းတမ္း႐ိုက္ႏွက္ခဲ့မိၿပီးျဖစ္
ေလသည္။

ထိုမိစၧာသားရဲ၌အားနည္းခ်က္ကိုေ႐ႊ႕ေျပာင္း
ရန္အခြင့္အေရးမ်ိဳး႐ွိမေနဖို႔အတြက္သာ
ဝမ္႐ႊမ္ဆုေတာင္းေနခဲ့မိသည္။

သို႔ေသာ္'ေရခဲလႊာဓားသြား'နည္းစနစ္ႏွင့္
ေတာက္ပေနေသာအေၾကးခြံတို႔ထိလိုက္မိ
သည့္အခ်ိန္မွာတင္သူ၏ဆုေတာင္းမွာအ
ခ်ည္းႏွီးသာျဖစ္ခဲ့မွန္းဝမ္႐ႊမ္သေဘာေပါက္
လိုက္၏။'ေရခဲလႊာဓားသြား'မွာသံျဖင့္ျပဳလုပ္
ထားေသာခ်ပ္ဝတ္တန္ဆာကို႐ိုက္မိသကဲ့သို႔
'ကလင္န္'ဟူေသာအသံသာထြက္ေပၚလာၿပီး
ေ႐ွ႕ဆက္မတိုးဘဲရပ္သြားခဲ့သည္။

ကယ္ဖို႔အခြင့္အေရးတကယ္ပဲမ႐ွိေတာ့ဘူး
လားကြာ??

ဝမ္႐ႊမ့္ႏွလုံးသားေလးထိုင္းမိႈင္းသြားသည့္
အခ်ိန္မွာပင္ထိုမိစၧာသားရဲ၏အစာအိမ္
ေအာက္မွအျပာေရာင္အလင္းတန္းထြက္ေပၚ
လာခဲ့သည္။၎မွာအေဆာင္လက္ဖြဲ႕ျဖစ္ေန
ခဲ့၏။

႐ွင္သန္ျခင္းႏွင့္ေသဆုံးျခင္းအၾကားစကၠန္႔
ပိုင္းေလးအတြင္းတစ္ခ်ိန္ထဲ၌ဝမ္႐ႊမ္လည္း
လႈပ္႐ွားခဲ့ၿပီးက်န္းရီသည္လည္းအေဆာင္
လက္ဖြဲ႕ကိုသုံးကာ'ေရခဲလႊာဓားသြား'ကိုဆင့္
ေခၚခဲ့ၿပီးမိစၧာသားရဲ၏ဝမ္းဗိုက္ကိုေအာက္
ေျခမွစ၍အထက္အထိထိုးေဖာက္သြားေစခဲ့
သည္။

ဒါဆိုသူ႕အၾကံကႏွစ္ဖက္ညႇပ္တိုက္ဖို႔ေပါ့.....
ဘယ္လိုပဲျဖစ္ျဖစ္ 'အစားထိုးမ်က္လုံး'ကို
တကယ္ထိဖို႔အဲ့တာကျဖစ္ႏိုင္ပါ့မလား?

သို႔ေသာ္လည္းဤတစ္ႀကိမ္တြင္ေတာ့'ေရခဲ
လႊာဓားသြား'ကမိစၧာသားရဲ၏ဝမ္းဗိုက္ကိုထိ
မွန္ၿပီး"ခႊၽီး"ဟူေသာအသံထြက္ေပၚႏွင့္အတူ
အခိုင္အမာထိုးေဖာက္သြားခဲ့သည္။

ထိုအသံအားၾကားလိုက္ရေသာအခါဝမ္႐ႊမ့္
၏စိုးရိန္စိတ္အျပည့္ျဖင့္မ်က္ႏွာမွာမယုံႏိုင္
ေလာက္ေအာင္အံ့အားသင့္ေသာအမူအယာသို႔ေျပာင္းလဲသြားခဲ့သည္။မိစၧာသားရဲ၏ဝမ္း
ဗိုက္မွေသြးမ်ားျဖာက်လာၿပီးေျမျပင္တစ္ခု
လုံးကိုေသြးခ်င္းခ်င္းနီသြားေစခဲ့သည္။

ထိုမိစၧာသားရဲ၏ေနာက္ဆုံးဟိန္းေဟာက္သံ
မွာအလြန္ပင္စက္ဆုပ္ဖြယ္ေကာင္းလွသည္။

ထို႔ေနာက္၎၏ႀကီးမားေသာခႏၶာကိုယ္ႀကီး
မွာေျမျပင္ေပၚသို႔လွ်င္ျမန္စြာၿပိဳလဲက်သြားေတာ့သည္။ဤမွ်ေလးလံေသာအရာႏွင့္
ေျမႀကီးတို႔႐ိုက္ခတ္မိေသာအခါက်ယ္ေလာင္
ေသာတုန္ခါသံႀကီးပါေပၚထြက္လာခဲ့သည္။
အနည္းငယ္မွ်ပင္႐ုန္းကန္ႏိုင္စြမ္းမ႐ွိေတာ့ဘဲ
တစ္ခဏအတြင္းေသဆုံးသြားခဲ့ေတာ့သည္။

ဝမ္႐ႊမ္အံ့ၾသတႀကီးၾကည့္ေနရင္းအခုျဖစ္
ပ်က္သြားသမွ်ကိုေတာင္နားမလည္ႏိုင္ေတာ့
ဘူး။

ဒီလို....ဒီလိုပုံစံနဲ႔ပစ္မွတ္ကိုတကယ္ႀကီးအႏိုင္
ပိုင္းႏိုင္ခဲ့ၿပီလား?

တကယ္အမွန္ပဲလား?

ခဏတာေအးခဲတုံ႔ဆိုင္းၿပီးေနာက္ဝမ္႐ႊမ့္၏
အမူအယာမွာေနာက္တစ္ႀကိမ္ေျပာင္းလဲခဲ့ရ
ျပန္သည္။ေနာက္ဆုံးတြင္ေတာ့သူက်ယ္
ေလာင္စြာေအာ္ဟစ္လိုက္ေလသည္။

"ဆရာတူညီေလး!!!"

မိစၧာသားရဲႀကီးေသသြားတဲ့အခ်ိန္မွာက်န္းရီကဝမ္းဗိုက္ေအာက္မွာ႐ွိေနမွန္းသူ႐ွင္း႐ွင္း
လင္းလင္းျမင္ခဲ့ရတယ္။

ဝမ္႐ႊမ္အလ်င္အျမန္ေျပးသြားၿပီးမိစၧာသားရဲ
ႀကီး၏ကိုယ္ကိုလွည့္ပတ္လိုက္ကာအျခားတစ္ဖက္၌စက္ဝိုင္းသ႑ာန္ဝိုက္ခ်လိုက္၏။
အနီေရာင္သန္းေနသည့္ႀကိဳးစ၏အစြန္တစ္ဖက္အျပင္သို႔ထြက္ေနသည္ကိုအေသ
အခ်ာျမင္လိုက္ရသည္။သို႔ေသာ္ထိုေကာင္
ေလး၏ခႏၶာကိုယ္မွာမိစၧာသားရဲေအာက္၌
တင္းက်ပ္စြာဖိႀကိတ္ခံထားရသည္။

ဝမ္႐ႊမ္အလ်င္အျမန္ပင္'ေနရာေ႐ႊ႕ေျပာင္း'
နည္းစနစ္ကိုသုံးကာ႐ုပ္အေလာင္းႀကီးကို
အေဝးသို႔ပို႔ပစ္လိုက္ၿပီးေသြးအိုင္အလယ္၌
မ်က္လုံးမ်ားမွိတ္ကာလဲေနေသာေကာင္ငယ္ေလးကိုျမင္လိုက္ရေလသည္။

"ဆရာတူညီေလးက်န္း!"

ဝမ္႐ႊမ္လက္ကိုဆန္႔၍ေသြးအိုင္ထဲမွေကာင္ေလးကိုဆြဲထုတ္လိုက္ရင္းဤတစ္ႀကိမ္တြင္
ေတာ့သူ၏ေျခလက္မ်ားမွာေရခဲပမာေအး
စက္ေနသည္ကိုပါခံစားလိုက္ရ၏။

ဒီခရီးလမ္းတစ္ေလွ်ာက္လုံးသူ႕ရဲ႕ဂိုဏ္းက
ဆရာတူညီေလးနဲ႔အတူတူအေဖာ္ျပဳရင္း
ေရာက္လာခဲ့တယ္။တစ္ဖက္လူကိုေသေသ
ခ်ာခ်ာကာကြယ္ေပးခဲ့သင့္ေပမယ့္အဲ့ဒီအစား
တစ္ဖက္လူဒီလိုအေျခအေနအထိလဲက်သြား
တာကိုကူရာကယ္ရာမဲ့ၾကည့္ေနခဲ့မိတယ္။
ၾသခ်ရေလာက္ေအာင္ကိုသူတာဝန္မေက်ခဲ့မိ
ဘူးပဲ...

ထိုေကာင္ေလးအားအေသအခ်ာစစ္ေဆးၿပီး
ေနာက္မည္သည့္ဒဏ္ရာမွမ႐ွိေၾကာင္းႏွင့္
ေသြးမ်ားသည္လည္းမိစၧာသားရဲ၏ေသြးမ်ား
ျဖစ္ေၾကာင္းသိလိုက္ရသည့္အခ်ိန္တြင္ေတာ့
ဝမ္႐ႊမ္စိတ္သက္သာရာရသြားေတာ့သည္။

ထိုအခ်ိန္တြင္ေကာင္ေလး၏ပါးလွပ္႐ွည္
လ်ားလွေသာမ်က္ေတာင္မ်ားလႈပ္လာၿပီးသတိလစ္ေနရာမွသတိျပန္လည္လာခဲ့၏။

ဝမ္႐ႊမ့္လက္ႏွစ္ဖက္စလုံးမွာက်န္းရီ၏ပခုံး
မ်ားအားကိုင္ထားရင္းကိုယ္ကိုမတ္ထားေပး
ခဲ့သည္။သို႔ေသာ္ထိုအရာအားသတိထားမိ
လိုက္ေသာအခါလ်င္လ်င္ျမန္ျမန္ပင္လႊတ္ခ်
လွ်က္တစ္ဖက္လူအားေျမျပင္ေပၚသို႔ျပန္ျပဳတ္က်သြားေစခဲ့၏။ထို႔ေနာက္အလ်င္အ
ျမန္ထၿပီး8က်န္းေလာက္အကြာတြင္မတ္တပ္
ရပ္ေနလိုက္သည္။
(note/8က်န္း=26မီတာ)

မွိတ္တုတ္မွိတ္တုတ္ျဖင့္မ်က္ေတာင္ပုတ္ခတ္
ရင္းသတိျပန္လည္လာၿပီးေနာက္သူ၏အေျခ
အေနမွာအစပိုင္းကထက္ပိုမိုေကာင္းမြန္လာခဲ့
သည္။မိစၧာသားရဲအေလာင္းအားတျဖည္း
ျဖည္းလွည့္ၾကည့္လိုက္၏။အခ်ိန္ၾကာျမင့္စြာ
ၾကည့္ၿပီးေနာက္႐ုတ္တရက္ရယ္ေမာကာ

"ကြၽန္ေတာ္လုပ္ႏိုင္ခဲ့ၿပီ!ကြၽန္ေတာ္တကယ္လုပ္ႏိုင္ခဲ့ၿပီ!'

တစ္ခဏတာရယ္ေမာၿပီးေနာက္ဝမ္႐ႊမ္က
ေဘးဘက္တြင္ရပ္လွ်က္သူ႕အားေအးစက္စြာ
စိုက္ၾကည့္ေနသည္ကိုသတိထားမိလိုက္သည္။လ်င္ျမန္စြာပါးစပ္ပိတ္လိုက္ကာယခင္
တည္းက႐ွိခဲ့ေသာသူ၏တည္ၿငိမ္ေသာအ
သြင္သ႑ာန္သို႔မ်က္ႏွာတည္လိုက္ၿပီးဂ႐ု
မစိုက္စြာစကားေျပာလာ၏။

"အဆင့္3 မိစၧာသားရဲကတကယ္အထင္ႀကီး
စရာပဲေနာ္"

ဟန္ေဆာင္ျပန္ၿပီ...ဆက္ၿပီးဟန္ေဆာင္ေန
လိုက္..

ဝမ္႐ႊမ္ထိုေကာင္ေလးအားေအးစက္စြာစိုက္
ၾကည့္ရင္းစစ္ေဆးမိေသာအခါထိုေကာင္
ေလး၏လက္ေခ်ာင္းမ်ားအနည္းငယ္တုန္
ယင္ေနသည္ကိုေတြ႕လိုက္ရၿပီးေလွာင္ေျပာင္
သေရာ္လိုက္၏။

"ငါကမင္းဒါႀကီးကိုေၾကာက္ရေကာင္းမွန္း
မသိဘူးေတာင္ထင္ေနတာ"

-----------------------------------------------------------------









































Continue Reading

You'll Also Like

126K 11.7K 200
ဘာသာပြန်သူထံမှ ခွင့်ပြုချက်ရပြီး အကျဉ်းချုပ်.... ကျွင်းရှောင်ယောက်ဟာ လျှို့ဝှက်ဆန်းကျယ်တဲ့ကမ္ဘာကို ရောက်ရှိသွားပြီးနောက် ရှေးဟောင်းမျိုးနွယ်ကြီးတစ်ခု...
21.6K 2.1K 38
သူမက သူမရဲ့ချစ်သူနဲ့တူ ရှိနေမယ်လို့တွေးပြီး မိဘမဲ့အဖြစ်ကူးပြောင်းလာခဲ့ပေမယ့် တစ်ခဏလေးအတွင်းမှာပဲ သူမရဲ့ ကမ္ဘာကြီးပျက်စီးသွားရတယ်။ အမွေဆက်ခံသူဆိုတဲ့နေ...
50.6K 4K 70
edited April 18/2022 ၀တ္ထုလေးနဲ့ #တာအိုရေစက် ဆုံခဲ့တော့ review လေး တစ်ခုကို ဘာသာပြန် ရေးပေးလိုက်ပါတယ်ဗျ။ မူရင်း၀တ္ထုအောက်မှာ ပရိတ်သတ်တစ်ယောက် English...
16.1K 2.1K 6
Original author-象八亿 English translator-8oni I got the permission from the English translator. I don't own any part of this story.This is just fun t...