"ဟောက် ရွှမ်း"
"ကျိရန်"
သိမ်းဖက်ခြင်းခံလိုက်ရသည့်အခိုက်အတန့်...။ဒါကအိမ်မက်မဟုတ်ဘူးဆိုတာကိုသက်သေပြသည့်အထိအတွေ့..။သူ့ကိုရင်ခွင်ထဲမှာနစ်မြုပ်နေအောင် ဖက်ထားသူက ချစ်လှစွာသော
ဝမ်ဟောက်ရွှမ်းပင်။
ကျောင်းကပြန်ရောက်ရောက်ချင်း ဝင်လာတဲ့ဖုန်းအဝင် callတစ်ခုက စိတ်အစုံကိုတုန်လှုပ်စေခဲ့သည်။ ခေါ်သူကင်းမဲ့နေတဲ့ ဒီနံပါတ်လေးရဲ့ contact က "My essential ".။
"ငါ့ကိုလာတွေ့ပါ"ဆိုတဲ့စကားတစ်ခွန်းနဲ့တင် အကျီတောင်မလဲနိုင်ဘဲ သူရှိနေတဲ့နေရာဆီအပြေးလာခဲ့ရတာ။
"ဟောက်ရွှမ်း မင်းပိန်သွားလိုက်တာ"
ပါးပြင်နွေးနွေးစီ လက်ဖြင့်အုပ်ကိုင်ရင်း မေးလိုက်မိတယ် ။ ငါ့ကိုသတိရတယ်မလား လို့တော့မမေးမိ။ ဒါကြောင့်..ဒီနေ့အလိုလိုပျော်နေမိတာလား...? သူ့ကြောင့်လေ..။
"အင်း မင်းကိုလွမ်းလို့ "
မေးတာတစ်တစ် ခြားဖြေတာတစ်ခြားရယ်ပါ။ဘယ်လိုပင်ဖြစ်စေကာမူ သူ့မျက်နှာလေး ပိုပြုံးရယ်သွားသည်။ပါး,ကိုအဆုံးစွန်ထိဆန့်ကျင်ပြီး သူ့ရဲ့လက်ကိုဘဲတွဲသွားမယ်လို့ ယတိပြတ်ဆုံးဖြတ်ပြီးပြီ။လွမ်းခဲ့ရတာ သူ့အသံ ၊သူ့ရဲ့ ဂရုစိုက်မှုလေးတွေ။
"အလည်လာတာလား.. "
အပြီးပြန်လာတာလို့ဖြေစေချင်မိတယ်။ သူ့ဆီက ပြန်ဖြေစကားကို ရင်တလှပ်လှပ်နှင့်စောင့်နေရသည်မှာ စားမေးပွဲအစစ်ခံနေရတဲ့ကျောင်းသားလိုပင်။ လက်တွေကို ဆုပ်ကိုင်ပြီး ပွတ်လာတယ်။ပြီးတော့ သူရယ်ပြတယ်။
"ငါမင်းကိုချစ်တယ်... ငါ့ကိုလက်ထပ်ပါကျိရန်"
ဝမ်းသာလို့ကျတဲ့မျက်ရည် ။ အမျှော်လင့်ခဲ့ဆုံးစကားအပြင် လက်ထပ်ပါတဲ့လား။ငြင်းဆန်နိုင်စွမ်းမရှိလောက်အောင် မင်းဆိုတဲ့ဖြစ်တည်မှုမှာ အခြေချထားပြီးသားပါ။
"အင်း...ငါလဲမင်းကိုချစ်တယ် ငါတို့လက်ထပ်ကြမယ်"
ကျိရန်ရဲ့အဖြေလေးအဆုံးမှာ ဆွေ့ခနဲ့ကောက်ပွေ့ခံရပြီး လေထဲမှာဝဲပျံသွားရသည်။ ရန်ခုန်သံစည်းချက်ညီတဲ့နှလုံးသား နှစ်စုံ ပေါင်းစည်းခြင်းက သိပ်ကိုလှတယ်။
_________________
"ကလေးတွေကိစ္စအကုန်လုံးလဲစီစဥ်ပြီးသားဆိုတော့ မဂ်လာရက် ရွေးလိုက်ကြရအောင်"
"ဗျာ !"
အာမေဍိတ် နှစ်ခုဟာ မတိုင်ပင်ပါဘဲနဲ့ ကျယ်လောင်စွာပြိုင်တူပေါ်ထွက်လာသည်။ အပ်ကျသံမကြားရအောင်တိတ်ဆိတ်နေတဲ့အခန်းလေးက ရှောင်မားရဲ့စကားအပြီးမှာ အသက်ဝင်လာသည်။ဝမ်မားက ပြုံးလျက်သာ။ ရှောင်ပါးကတော့ ဟင်းပွဲအမယ်များကိုမြည်းနေသည်။
"ရှောင်းကတော် အဆင်ပြေတဲ့ရက်ကိုသာရွေးလိုက်ပါ"
"ခမည်းခမက်တွေဘဲ ဖြစ်တော့မယ် အခေါ်ဝေါ်တွေပြောင်းလဲ ကြရအောင်နော့် "
ရှောင်မားရဲ့ဖော်ရွေတဲ့အပြုံးနဲ့စကားတွေကို ဝမ်မားက ပြုံးရင်းခေါင်းလေးတညိမ့်ညိမ့်။ ဒီအခြေနေကိုနားမလည်နိုင်သေးတဲ့ ဘေးချင်းကပ်ထိုင် ပြီးလက်တွဲထားတဲ့ကောင်လေးနှစ်ယောက်။
သားယောကျာ်းလေးက လိင်တူယောကျာ်းလေးတစ်ယောက်ကိုခုံမင်နှစ်သက်နေသည်ကို မိခင်ဖြစ်သူ သိလျှင်ရင်ထုမနာဖြစ်မည်စိုး၍တောင် သူမားကိုပြောမပြထားခဲ့တာ။ အခုတော့ သူနဲ့Bunnyက စေ့စပ်တဲ့အဆင့်ကို ခုန်ပျံကျော်လွှားပြီး လက်ထပ်ရက်တောင်ရွေးနေရပြီ။
ဘာတွေဘယ်လိုဖြစ်ကုန်တယ်ဆိုတာ ရှင်းပြပေးပါဆိုတဲ့ အကြည့်နဲ့ သက်ဆိုင်သူကိုကြည့်မိတော့ အူကြောင်ကြောင်မျက်နှာပေးလေးနဲ့ မားတို့ကိုကြည့်နေသည်မှာ ချစ်စရာကြီးပင်။
"လက်ထပ်ရက်ကို ဒီလဘဲထားကြရအောင် ဖိတ်စာရိုက်လိုက်ရင်အကုန်ပြီးပြီ..ကျန်တာအကုန်ပြင်ဆင်ပြီးသားဆိုတော့ "
"မား သားနဲ့ကလေးက လက်ထပ်ရမယ်"
လက်တွေကို တင်းတင်းဆုပ်ကိုင်လို့ မယုံသလိုဝင်မေးမိသည်။ ကလေးတို့ဝင်လာကတည်းက အာဆေးမိသလို ငြိမ်ပြီးမားတို့ပြောသမျှထိုင်နားထောင်လာခဲ့တာ။ ကလေးလက်လေးတွေကို အောက်ကနေလှမ်းဆုပ်ကိုင်ဖို့တော့မမေ့လျော့။
သူတို့ထင်တာ သူတို့အကြောင်းသိသွားလို့ ကလေးတို့သားအမိကို ခေါ်ပြီး ရက်ရက်စက်စက်စကားလုံးတွေနဲ့ထိုးနှက်မယ်ထင်တာ။ အထင်နဲ့အမြင်တစ်လွဲစီသာ။ ဘာဘဲပြောပြော ဆူးငြောင့်ခလုတ် အနည်းငယ်တောင်မရှိဘဲအဆင်ပြေနေတာ ကံကောင်းလိုက်လေခြင်း။
"အကုန်သိတယ်..မသိချင်ယောင်ဆောင်ထားကြတာ.. ဒီအဘွားကြီးတွေမသိလောက်ပါဘူးဆိုပြီးလျှိုထားကြတာ."
"အဲ့လိုမဟုတ်ပါဘူး ရှောင်မား"
ရိပေါ်က ခေါင်းလေးတခါခါနဲ့ ယောက်ခမလောင်းရဲ့စကားကို ပြာပြာသလဲ ငြင်းရှာသည်။ ရှောင်းကျန့်က သူ့မားကိုကြည့်ပြီး ပြုံးတယ်။
"သားတို့ကိုသဘောတူတယ်ပေါ့နော် မားတကယ်လား"
"ရှေ့မှီနောက်မှီတွေပါတော်...မားတို့ ငယ်ငယ်ကနှစ်အိမ့်တစ်အိအိမ်လိုနေလာခဲ့ကြတာ..ညီအစ်မရင်းတွေမခြားပါဘဲ..အိမ်ထောင်ကိုယ်စီကျပြီး မားတို့ကွဲသွားကြတာ မားတို့ကတိတွေထားခဲ့ကြဖူးတယ်"
ေရှာင်မားကအကြောင်းစုံရှင်းပြနေရင်း ဝမ်မားဘက်ကိုကြည့်ရင်း ပြုံးတယ်။ အပြုံးပန်းတွေဝေဆာနေတဲ့ မားနှစ်ယောက်မျက်နှာက ပကတိအေးချမ်းလှသည်။ရှောင်မားစကားကိုဝမ်မားကဆက်သည်။
"မွေးလာတဲ့ကလေးတွေကြရင် လက်ထပ်ပေးကြမယ်ဆိုတဲ့ကတိ..အဲ့ကြောင့်လဲမားတို့ပြန်တွေ့ပြီးကတည်းက သားတို့ကိစ္စကိုစီစဥ်နေကြတာ..သားတို့ချင်းမေတ္တာမျှနေကြတယ်ဆိုတော့ပိုပြီးအဆငိပြေသွားတာပေါ့"
"မား.."
ရိပေါ်ကသူ့မားကိုကြည့်ပြီး တွေတွေလေးခေါ်တယ်။မယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့ကြည့်တယ်။ ဝမ်မားရဲ့လက်တွေက ရိပေါ်ခေါင်းလေးပေါ်မှာပွတ်သပ်လာသည်။
"ဒီလကုန်ဘဲလက်ထပ်ပေးလိုက်ကြရင် မကောင်းဘူးလား"
ဟင်းအမယ်တွေလိုက်မြည်းတာဝသွားမှ စကားဆိုသည့်ရှောင်ပါးရယ်ပါ။
"ဒါဆိုဒီလကုန်ပေါ့ "
ရယ်သံတွေပျံလွင့်နေတဲ့ ဒီအခန်းလေးထဲမှာ အတိုင်းအဆမသိ ပျော်ရွှင်နေကြတဲ့ကောင်လေးနှစ်ယောက်ဟာ အတွေးကိုယ်စီနဲ့ လက်လေးတွေကိုပိုယှက်နွယ်ရင်း တစ်ယောကိုတစ်ယောက်
မြတ်နိုး ခြင်းများစွာပါဝင်တဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့ကြပါသည်။
_______________
"သားရီး."
ကြားလေဝင်ဖို့နေရာမရှိလောက်အောင် တင်းကြပ်စွာဖက်တွယ်လိုက်တဲ့ သူငယ်ချင်းနှစ်ယောက်။ကျိရန်မျက်နှာက ပြုံးလို့နေသည်။ဒီလိုမြင်ကွင်းလေးမျိုး မတွေ့ရတာကြာပါရော့လား။
"မင်းအသားတွေတောင်ပိုဖြူလာတယ်"
ရိပေါ်က ဟောက်ရွှမ်းက ရေစုန်ရေဆန် လိုက်ကြည့်ပြီး ပခုံးကိုကိုင်လို့ ပြောတယ်။
"ဒါပေါ့ကွ ငါပြာပါတယ် မင်းကိုအကြောပေးထားတာပါဆို"
"ဟက်..မင်းကတော့ အကျင့်တွေကအရင်တိုင်းဘဲ"
ရယ်ရယ်မောမောနဲ့ ပြောနေကြတဲ့စကားဝိုင်းလေးဆီ အရိပ်တစ်ခုကျရောက်လို့လာတယ်။
"ကလေးငယ် "
"ဗျာ့... Bunny ဘယ်လိုလုပ်"
ကျိရန်နားကို ဟောက်ရွှမ်းကို ပြေးကပ်ပြီး ကျွန်တော်တို့ကိုကြည့်ပြီး တီးတိုးမေးနေပုံရသည်။ ကျိရန်က ပြုံးစိစိကြီးနဲ့ သူ့အချစ်တော်ကိုရှင်းပြနေပြီ။
"ကိုယ် ကလေးငယ်ကိုနေ့လည်လာကြိုမယ်လို့ပြောထားတယ်လေ ဝတ်စုံသွားရွေးရမှာလေ"
"အာ..ဟုတ်သားဘဲ မေ့သွားတာ ဒီမှာလေ ဟောက်ရွှမ်း Bunnyသိတယ်မလား"
ဟောက်ရွှမ်းက နေ့လည်ထမင်းစားနားချိန် ရောက်ချလာတာနဲ့ Bunnyလာကြိုမယ်ဆိုတာမေ့ပြီး ကန်တင်းကိုရောက်သွား ကြတာ။ကျိရန်က ကြိုပြောပြထားလို့အကြောင်းစုံနီးပါးကိုသိထားပြီးပြီ။ ဟောက်ရွှမ်းပါးခွင့်ပြုလာပါစေလို့ဘဲ ဆုတောင်းကြရုံပေါ့။ ဒီလိုတွေယှဥ်ကြည့်တော့ ကိုယ့်ရဲ့ကံကောင်းမှုအတွက် ကျေနပ်မိတယ်။
"ကျွန်တော်က ရိပေါ်ရဲ့သူငယ်ချင်းတစ်ဖြစ်လဲ ကျိရန်ရဲ့ကောင်လေး ဝမ်ဟောက်ရွှမ်းပါ"
ဟောက်ရွှမ်းရဲ့ရွတ်နောက်နောက်စကားကြောင့် ကျိရန် မျကိနှာလေးကရဲလို့သွားသည်။ရှောင်းကျန့်က သူ့ပင်ကိုင်အပြုံးတွေနဲ့ ပြုံးရင်း လက်ဆွဲနှုတ်ဆက်တယ်။
"Bunnyသွားကြမယ်လေ နောက်ကြနေလိမ့်မယ်"
"ဘယ်သွားကြမှာလဲ အကိုရှောင်း"
ဟောက်ရွှမ်းရဲ့အမေးကို ရှောင်းကျန့်က လက်ထဲက ပါလာတဲ့ဖိတ်စာလေးတစ်စောင်ကမ်းပေးရင်း
"အကိုတို့ wedding dress သွားရွေးကြမလို့လေ ညီတို့လာဖြစ်အောင်လာရမယ်နော် "
ကမ်းပေးတဲ့ဖိတ်စာကို ပြာပြာသလဲ ဖွင့်ဖတ်ကြည့်နေတဲ့ ပူပူနွေးနွေး စုံတွဲလေးက ဖိတ်စာအဆုံးမှာ ပါးစပ်လေးတွေဟ လို့ ရိပေါ်ကိုလှမ်းကြည့်ကြတယ်။ရိပေါ်က ခေါင်းကို မြေကြီးထဲစိုက်မတတ်ငုံ့ထားတယ်။
"ဒါ..ဒါပေါ့ အကိုရှောင်းရာ လာရမှာပေါ့ ကျွန်တော်တို့ အချစ်ဆုံးသူငယ်ချင်းရဲ့ မဂ်လာပွဲဘဲဟာ"
ဖိတ်စာကိုပြန်ပိတ်ရင်း ဆိုလာတဲ့ဟောက်ရွှမ်းစကားကို ကျိရန်ကခေါင်းလေးတညိမ့်ညိမ့်နဲ့ထောက်ခံရှာသည်။ ငါတို့သူငယ်ချင်းလေး လင်ရသွားရှာပြီ ဆိုပြီး နှမြောအကြည့်လေးနဲ့ ရိပေါ်ကိုတစ်လှာ့်ပြန်ကြည့်ကြသေးတယ်။
"ဖိတ်စာကတစ်စောင်ထဲပါလာတယ် ညီပါရောက်နေတာမသိတော့ "
"ရပါတယ် ကျွန်တော်တို့က ချစ်သူတွေပါ"
ကြုံတိုင်း ရယ်ကျဲကျဲနဲ့ ဂုဏ်ယူစွာကြွားလုံးထုတ်တဲ့
ဟောက်ရွှမ်းကို ကျိရန်က တံတောင်ဖြင့်တွတ်ရတော့သည်။ဒီဟောက်ရွှမ်းဟာလေ ပိုကိုပိုတယ်။
"Bunnyသွားရအောင်လေ "
သူငယ်ချင်းနှစ်ယောက်ရှေ့မှာ ရှက်အမ်းအမ်းဖြစ်နေတဲ့ရိပေါ်က
သွားရန် တာဆူလို့နေပြီ။
"ညီတို့ အကိုတို့ကိုခွင့်ပြုအုန်း "
"ဟုတ်ကဲ့အကိုရှောင်း " "ဟုတ်ကဲ့"
ပြိုင်တူထွက်လာတဲ့ အဖြေကြားတာနဲ့ ရိပေါ်တစ်ယောက် သူ့လူကြီးကိုတောင်မစောင့်ဘဲ ပြေးသွားပါတော့တယ်။ ပြေးသွားတဲ့ ကောင်လေးနောက်ကို ခြေလှမ်းကျဲ ကြီးတွေနဲ့လိုက်ရင်း အသည်းယားနေတဲ့ သူကရှောင်းကျန့်ရယ်ပါ။
>>>>
Wedding dressဆိုင်မှာ တစ်စုံပြီးတစ်စုံစိတ်တိုင်း မကျချင်းလဲနေရတာ ရိပေါ်ပင်ပန်းလာပြီ။ သူ့အနာဂတ်သတို့သားလောင်းကြီးကတော့ ခုံမှာမိန့်မိန့်ကြီးထိုင်ပြီး ကြည့်နေတယ်။
ဘာလို့ မဝတ်ကြည့်တာလဲမေးတော့ ကလေးငယ်နဲ့လိုက်မဲ့ဝတ်စုံကို ကိုယ်ကလိုက်ဝတ်မှာတဲ့။
ကိုယ့်ကိုဦးစားပေးတာကို ကျေနပ်မိပေမယ် ့ အခုတစ်စုံတစ်ပြီးတစ်စုံလဲတာကြာလာတော့ ချွေးတောင်ထွက်လာပြီ။ ဒီတစ်ခါ မှမကြိုက်သေးရင် ထပ်မလဲဘဲ ပြန်တော့မယ်လို့တေးထားလိုက်တယ်။
ကျွန်တော်ထွက်လာတော့ ထိုင်နေရာကနေ မျက်တောင် တောင်မခတ်ဘဲ ကြည့်ရင်း ထရပ်လာတယ်။
"ကလေးငယ်နဲ့ လိုက်တယ် "
မှဲ့နက်လေးထင်းနေအောင်ထိရယ်လာတဲ့ Bunny အပြုံးက ကျွန်တော့်ကိုအမောပြေစေပါသည်။ကျွန်တော်နဲ့ ဆင်တူရိုးမားဝတ်စုံကိုဝတ်လာတဲ့ Bunny က ခန့်ညားလွန်းတဲ့လူကြီး။
Couple dressလိုချင်ပေမဲ့ အဆင်သင့်မရှိတဲ့အတွက်ကြောင့်ဆင်တူမဲ့ဝတ်စုံတွေကို ညှိယူထားတာကြောင့် လိုက်ဖက်ပါသည်။
"ကျွန်တော့်လူကြီးက အချောဘဲ"
ကိုယ်အ ပြည့်ပေါ်တဲ့မှန်ရှေ့မှာ နှစ်ယောက်ယှဥ်ရပ်လို့ တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်း ပြုံးမိကြတယ်။
Bunnyသာအနားမှာရှိရင် ကျွန်တော့်ဘဝက ပျော်စရာတွေ
ချည့်သာ။
__________________
Wedding Day 💛
၉ နာရီ ၃၀ မိနစ်။
"ဟျောင့် မင်းဘာစားထားလဲ "
"ဘာမှမစားဝင်ပါဘူးကွာ"
နောက်မှာရပ်နေတဲ့ဟောက်ရွှမ်းကို မှန်ထဲကနေသာကြည့်ရင်းဖြေမိတယ်။မနေ့ညကဆို အိပ်လို့တောင်မပျော်။ ဘာမှလဲမစားချင်ပါ အလိုလိုကိုဗိုက်တွေပြည့်နေသည်။
"ရိပေါ် ရော့ဒါလေးစားထား"
ကျိရန်က မုန့်သွားယူလာပြီး ကိတ်မုန့်အနည်းငယ်ပါးစပ်ထဲ
ထည့်လို့ကျွေးတယ်။ထိုကိတ်မုန့်ကိုသာ ညက်နေတဲ့အထိ ဝါးရင်း စိတ်လှုပ်ရှားတာကို ထိန်းချုပ်နေရတယ်။
"Bunny နဲ့မတွေ့ရသေးဘူးလား"
"ဟာ့..ငါ့ကောင် မင်းလင်ရမှာပါ ခနတော့သည်းခံပါအုန်း "
"မင်းကလဲ ငါက ဒီတိုင်းမေးတာပါ"
ရိပေါ်ရဲ့လည်တိုင်က ဖဲ ပြားလေးကို သေချာချည်ပေးနေတဲ့
ကျိရန်က တော့ပွဲကြည့်အနေနဲ့သာ ရယ်လို့နေသည်။
"၂၅မိနစ်လောက်ဘဲလိုပါတော့တယ်ကွ မင်းသတို့သားလောင်ကိုတွေ့ရတော့မှာပါ "
ရယ်သံတွေဖုံးလွှမ်းသွားတဲ့ အခန်းငယ်လေးနား အကြောင်းပြချက်အမျိုးမျိုးနဲ့ ခေါက်တုံ့ခေါက်ပြန်လျှောက်နေတဲ့ သတို့သားလောင်းတစ်ယောက်လဲရှိလို့နေတယ်ဆိုတာကိုတော့ ဘယ်သူမှမသိလိုက်ကြပါ။
၁၀ နာရီအတိဆိုတာ မဂ်လာခန်းမ မှာနေရာယူဖို့ ပြောနေပြီ။
ပါးမရှိတော့တဲ့ ကျွန်တော့်အဖို့ ကျိရန်ပါးက ပါးနေရာကိုအစားထိုးဝင်ယူပေးရှာသည်။အေးစက်နေတဲ့ ကျွန်တော့်လက်တွေကို ကျိရန်ပါးက ဆုပ်ကိုင်လို့ စိတ်လျော့ထားဖို့ပြောတယ်။
နှစ်ဖက်မိတ်ဆွေအသိနည်းနည်းနဲ့ အကျဥ်းရုံးလုပ်ဖြစ်တဲ့
ဒီမဂ်လာပွဲမှာ ကျွန်တော်တို့နှစ်ယောက်ကို ကဲ့ရဲ့ရှုံံချမည့်လူမရှိ။ အကယ်၍ရှိခဲ့မည်ဆိုရင်တောင် ဂရုမစိုက်ပါ ကျွန်တော်တို့နှစ်ယောက်က ယောကျာ်းလေးတွေဖြစ်နေသာကလွဲလို့ စစ်မှန်တဲ့ချစ်ခြင်းတွေနဲ့ချစ်ခဲ့ကြတာ။
"သတို့သား ရှောင်ရှောင်းကျန့် နေရာယူပေးပါ "
ခန့်ညယးတဲ့ Bunnyက ပင်ကိုယ်ခြေလှမ်းကျဲ ကျဲတွေနဲ့ နေရာယူလိုက်ပြီ။လက်ခုပ်သံတွေကလဲ ဟိန်းလို့။ကျွန်တော့်လူကြီးကိုငေးနေတုန်းမှာ ဂါဝန်အဖြူလေးနဲ့ အဲလစ်က ပန်းခြင်းလေးကိုင်ပြီး ကျွန်တော်တို့ရှေ့ကိုလာရပ်တယ်။
"ကိုကို "
သွားလေးတွေပေါ်အောင်ရယ်ရင်း လှည့်ခေါ်လာတဲ့ အဲလစ်ပါးလေးကိုခပ်ဖွဖွဆွဲလိုက်တယ်။ ဒီကလေးမလေးက သူတို့ရဲ့ အဓိပ္ပါယ်ရှိတဲ့နေ့လေးမှာ အဓိကဇာတ်ဆောင်နေရာကမပါမဖြစ်။
"သတို့သား ဝမ်ရိပေါ် နေရာယူပေးပါ "
နာမည်ကြားတာနဲ့ ကိုယ်ကဆတ်ခနဲ။ကျိရန်ပါးက လက်ကိုပုတ်လို့ ပြုံးပြတယ်။ အဲလစ် ရှေ့ကနေစထွက်သွားတာနဲ့ နောက်နေလိုက်ရတယ်။
ပန်းခင်းလမ်းကိုလျှာက်လာတဲ့ ကျွန်တော့်မြတ်နိုးရာလေးကို ပိုင်ဆိုင်ရတော့မယ်ဆိုတဲ့အသိက ကမ္ဘာပေါ်မှာအပျော်ဆုံးလူသားလို့ကြွေးကြော်ချင်လောက်အောင်ပင် ။
ကျွန်တော့်လက်ထဲ ကိုလွှဲပေးလာတဲ့ ကလေးငယ်ရဲ့လက်လေးကို ဆုပ်ကိုင်လိုက်တယ်။ ဒီလက်လေးကို ဘယ်တော့မှကျွန်တော်လွတ်မှာမဟုတ်တော့ဘူး။
" သတိုးသား ရှောင်းကျန့် သည် သတို့သား ဝမ်ရိပေါ် အပေါ် သစ္စာရှိရှိပေါင်းသင်းပါမည်လော "
"ပေါင်းသင်းပါမည်ဟု ကတိသစ္စာပြုပါသည်"
အကြည့်ချင်းဆုံလို့ ကတိသစ္စာဆိုသည့် Bunny ကြောင့်ရင်ခုန်ရပြန်ပါသည်။
"သတို့သား ဝမ်ရိပေါ်သည် သတို့သားရှောင်းကျန့် အပေါ် သစ္စာရှိရှိ ပေါင်းသင်းပါမည်လော "
"ပေါင်းသင်းပါမည်ဟု ကတိသစ္စာပြုပါသည်"
"သတို့သားအချင်းချင်း ဂါရဝပြုကြပါ"
တစ်ယောက်ကိုတစ်ယောက် ၉၀ ဒီဂရီစီညွှတ်ကိုင်းရင်း ဂါရဝပြုလိုက်ကြတယ်။
" မိဘဆွေမျိုးတေကို ဂါရဝပြုကြပါ "
နှစ်ယောက်အတူယှဥ်ရပ်လို့ ဂါရဝပြုလိုက်ကြပြီးတာနဲ့ ဆင်တူလက်စွပ်လေးနှစ်ကွင်းကို ကျိရန်က ယူလို့လာသည်။ တစ်ယောက်ကိုတစိယောက် လက်သန်းကြွယ်မှာ ဝတ်ပေးတော့
လက်ခုပ်သံတွေက နေရာယူကြတုန်းကထက်နှစ်ဆပိုကျယ်လာပြီး
"နမ်းပါ နမ်းပါ! !"
ကျွန်တော့်ရဲ့လည်တိုင်ကို ခပ်ဖွဖွကိုင်လို့နှုတ်ခမ်းပါး နွေးနွေးကထိကပ်လာတယ်။ သူ့ခါးလေးကို ဖက်တွယ်ရင်း နူးညံ့ကြည်နူးဖို့အကောင်းဆုံး အနမ်းကိုဖလှယ်လိုက်တယ်။
"ဟေးးး ဖြောင်းဖြောင်း!!"
အနမ်းတွေရပ်တန့်သွားတာနဲ့ လက်ခုပ်တွေတီးတဲ့သူကတီး တရွှီးရွှီးနဲ့ လေတွေထချွန်တဲ့သူကချွန်နဲ့ စည်ကားသွားတယ်။
ကျွန်တော့်နားဆီတိုးကပ်လာတဲ့ Bunny က
"အသက်တွေကြီးသွားပြီး ကိုယ့်ရဲ့နေဝင်ချိန်အထိ ကလေးငယ်ရဲ့အနားမှာ ရှင်သန်သွားပါရစေ"
Bunny ရဲ့ ခါးသွယ်သွယ်ကို တင်းကြပိစွာဖက်တွယ်ရင်း ဝမ်းသာလို့ကျဆင်းလာတဲ့မျက်ရည်တွေကိုလျစ်လျူရှုလိုက်တယ်။
"Bunny ရဲ့အရိပ်အောက်မှာ ထာဝရခိုလှုံပါရစေ"
"ချစ်တယ် ကလေးငယ်~ "
"ချစ်တယ် Buuny ~"
ကြားလေမဝင်နိုင်တဲ့ ခန္ဓာကိုယ်နှစ်ခုပူးကပ်နေမှုကြားမှာ တစ်ယောက်နှလုံးခုန်သံကို တစ်ယောက်ခံစားမိစေပါသည်။
ကျွန်တော်တို့နှစ်ယောက်ရဲ့ ကိုယ်ပိုင်ကမ္ဘာငယ်လေးကို စတင်စေတဲ့ ဤရက်စွဲလေးက နှလုံးသားဗဟိုတည့်
တည့်ဆီမှာ စူးစူးနစ်နစ် ကိန်းအောင်းသွားပါတော့တယ်။
ပြီးပါပြီ။
_______________
2869 words ~
CL ကိုချစ်ပေးကြတဲ့တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ဲ။စောင့်ဖတ်ပေးတဲ့ readerလေးတွေကော blind reader လေးတွေကော တကယ်တကယ်ကိုချစ်ပါတယ်။ အားလုံးအစစအရာရာဂရုစိုက်ကြပါနော်... ❤💛💚