แ€žแ€›แ€ฒแ€›แ€ฌแ€‡แ€แ€„แ€นแ€™แ€บแ€ฌแ€ธแ€‘แ€ฒแŒแ€แ€บแ€…แ€นแ€€แ€ผแ€บแ€™แ€นแ€ธแ€แ€„แ€น...

By Hot_Tofu1

362K 53.5K 5.9K

Myanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are... More

Introduction {Z}
Introduction {U}
แ€กแ€แ€ผแ€ฒ แ , แ.แ { Z }
แ€กแ€แ€ฝแ€ฒ แ , แ.แ { U }
แ.แ‚ {Z}
แ.แ‚ {U}
แ‚.แ {Z}
แ‚.แ {U}
แ‚.แ‚ {Z}
แ‚.แ‚ {U}
แƒ.แ {Z}
แƒ.แ {U}
แƒ.แ‚ {Z}
แƒ.แ‚ {U}
แ„.แ {Z}
แ„.แ {U}
แ„.แ‚ {Z}
แ„.แ‚ {U}
แ….แ {Z}
แ….แ {U}
แ….แ‚ {Z}
แ….แ‚ {U}
แ†.แ {Z}
แ†.แ {U}
แ†.แ‚ {U}
แ†.แ‚ {Z}
แ‡.แ {Z}
แ‡.แ {U}
แ‡.แ‚ {Z}
แ‡.แ‚ {U}
แˆ.แ {Z}
แˆ.แ {U}
แˆ.แ‚ {Z}
แˆ.แ‚ {U}
แ‰.แ {Z}
แ‰.แ {U}
แ‰.แ‚ {Z}
แ‰.แ‚ {U}
แแ€.แ {Z}
แแ€.แ {U}
แแ€.แ‚ {Z}
แแ€.แ‚ {U}
แแ.แ {Z}
แแ.แ {U}
แแ.แ‚ {Z}
แแ.แ‚ {U}
แแ‚ {Z}
แแ‚ {U}
แแƒ.แ {Z}
แแƒ.แ {U}
แแƒ.แ‚ {Z}
แแƒ.แ‚ {U}
แแ„.แ {Z}
แแ„.แ {U}
แแ„.แ‚ {Z}
แแ„.แ‚ {U}
แแ….แ {Z}
แแ….แ {U}
แแ….แ‚ {Z}
แแ….แ‚ {U}
แแ….แƒ {Z}
แแ….แƒ {U}
แแ†.แ {Z}
แแ†.แ {U}
แแ†.แ‚ {Z}
แแ†.แ‚ {U}
แ€กแ€แ€ผแ€ฒ แ‚ , แแ‡.แ {Z}
แ€กแ€แ€ฝแ€ฒแ‚ , แแ‡.แ {U}
แแ‡.แ‚ {Z}
แแ‡.แ‚ {U}
แแˆ.แ {Z}
แแˆ.แ {U}
แแˆ.แ‚ {Z}
แแ‰ {Z}
แแ‰ {U}
แ‚แ€ {Z}
แ‚แ€ {U}
แ‚แ.แ {Z}
แ‚แ.แ {U}
แ‚แ.แ‚ {Z}
แ‚แ.แ‚ {U}
แ‚แ‚.แ {Z}
แ‚แ‚.แ {U}
แ‚แ‚.แ‚ {Z}
แ‚แ‚.แ‚ {U}
แ‚แ‚.แƒ {Z}
แ‚แ‚.แƒ {U}
แ‚แƒ.แ {Z}
แ‚แƒ.แ {U}
แ‚แƒ.แ‚ {Z}
แ‚แƒ.แ‚ {U}
แ‚แ„.แ {Z}
แ‚แ„.แ {U}
แ‚แ„.แ‚ {Z}
แ‚แ„.แ‚ {U}
แ‚แ….แ {Z}
แ‚แ….แ {U}
แ‚แ….แ‚ {Z}
แ‚แ….แ‚ {U}
แ‚แ†.แ {Z}
แ‚แ†.แ {U}
แ‚แ†.แ‚ {Z}
แ‚แ†.แ‚ {U}
แ‚แ‡.แ {Z}
แ‚แ‡.แ {U}
แ‚แ‡.แ‚ {Z}
แ‚แ‡.แ‚ {U}
แ‚แˆ.แ‚ {Z}
แ‚แˆ.แ {Z}
แ‚แ‰.แ {Z}
แ‚แˆ.แ {U}
แ‚แˆ.แ‚ {U}
แ‚แ‰.แ {U}
แ‚แ‰.แ‚ {Z}
แ‚แ‰.แ‚ {U}
แƒแ€ {Z}
แƒแ€ {U}
แƒแ {Z}
แƒแ {U}
แ€กแ€แ€ผแ€ฒ แ‚, แƒแ‚ {Z} แ€‡แ€ฌแ€แ€นแ€žแ€ญแ€™แ€นแ€ธ
แ€กแ€แ€ฝแ€ฒ แ‚, แƒแ‚ {U} แ€‡แ€ฌแ€แ€บแ€žแ€ญแ€™แ€บแ€ธ

แแˆ.แ‚ {U}

2.8K 568 88
By Hot_Tofu1

Rumble—

ဒရိုင်ဘာသည်ကားအားစက်နိုးကာ
ဂိုထောင်ထဲမှမောင်းထွက်သွားတော့
သည်။ကားထိုင်ခုံအနောက်ထဲတွင်
ထိုင်နေသည့်ယွင်းယူသည်သူ၏
ရင်ဘတ်အိတ်ကပ်ထဲမှဘယက်လေး
တစ်ခုကိုဆွဲထုတ်ကာလှန်ဖွင့်လိုက်ချိန်
အထဲထဲတွင်ဓာတ်ပုံတစ်ပုံရှိနေလေသည်။

ထိုဓာတ်ပုံမှာအလုပ်သမားယူနီဖောင်း
ဝတ်စုံအားဝတ်ဆင်ထားသည့်ဆံပင်
အနက်ရောင်ပိုင်ရှင်မျက်ဝန်းအမည်း
လေးများဖြင့်ချောမောလှပသော
လူငယ်လေးတစ်ယောက်ဖြစ်ပြီး
ထိုကောင်ငယ်လေး၏အပြုံးသည်
အလွန်တောက်ပကာညို့ယူ
ဖမ်းစားထားနိုင်လှသည်။

ယွင်းယူ၏အမြဲလိုလိုအေးစက်ကာ
မပြောင်းလဲသောမျက်လုံးများသည်
သိမ်မွေ့ခြင်းများနှင့်ပြည့်နှက်သွားခဲ့
သည်။ထို့နောက်ဘယက်ထဲမှ
ကောင်ငယ်လေး၏အပြုံးကို
နူးညံ့ညင်သာစွာပွတ်သပ်ရင်းသူ၏
နှုတ်ခမ်းဖျားများသည်လည်း
မသိမသာတွန့်ကွေးသွားတော့သည်။

ထိုကောင်လေးသည်၊ဒီဘဝတွင်
သူအချစ်ရဆုံးလူသားဖြစ်သည်။

မကြာခင်မှာတင်၊သူတို့အတူတူ
ထာဝရရှိနိုင်ကြတော့မှာဖြစ်သည်။

"ရပ်"

ယွင်းယူသည်ဒရိုင်ဘာကိုလမ်းထောင့်
တွင်ပါကင်ထိုးရန်အမိန့်ပေးလိုက်သည်။
ထို့နောက်ကားမှန်တံခါးအားချကာ
သိပ်မဝေးကွာသည့်နေရာတွင်ရှိနေ
သည့်အိမ်ပြုပြင်ရေးစင်တာကို
လှမ်းကြည့်လိုက်သည်။

သူ၏ကောင်ငယ်လေးသည်
အရင်ကလိုဘဲစိတ်သောက
ရောက်နေသည့်မျက်နှာဖြင့်
ကိရိယာပုံးထဲမှပစ္စည်းများကို
အသုံးပြုကာဟိုကလိဒီကလိ
လုပ်နေတုန်းဘဲလား?

အိမ်ပြုပြင်ရေးစင်တာထဲသို့
လူများစွာဝင်လိုက်ထွက်လိုက်
လုပ်နေခဲ့တာတောင်မှသူရင်းနှီး
နေသည့်ပုံရိပ်လေးသည်
ပျောက်ဆုံးနေခဲ့သည်။

ယွင်းယူမျက်နှာတစ်ခုလုံးရုတ်တရပ်
အလွန်မှုန်မှိုင်းသွားတော့သည်။

~

"ဒါလင်၊ဒီ outfit လေးဆိုရင်
ရောဘယ်လိုလဲ?
ဒါလင် ကြိုက်လားဟင်?"

လှပသောအမျိုးသမီးသည်
အနီရောင် tulle dress အား
ဝတ်ဆင်ကာလိပ်ပြာလေးများ
လိုလှည့်ပတ်ရင်းကလူမြူဆွယ်
သည့်အကြည့်များဖြင့်စိုက်ကြည့်
ကာမေးလိုက်သည်။


ယောင်းယီကတော့သူ၏ခေါင်းကို
ကုတ်ရင်း၊ထိုလှပသောအမျိုးသမီး
၏ကလေးများကိုစားထားသလိုဖြစ်
နေသည့်ပတ္တမြားရောင်နှုတ်ခမ်းနီရောင်
ကိုမကြည့်မိစေရန်အတော်ကြိုးစားကာ
လျစ်လျုရှုနေရသည်။
ထို့နောက်သူ၏သတ္တိများကိုပြန်လည်
စုစည်းကာပြောလိုက်သည်။

"ကြည့်-ကြည့်ကောင်းပါတယ်"

ကောင်းပါတယ်၊သရဲလိုကြောက်စရာ။
ဘာလို့များသူမသည်သူ၏အသက်ကို
နှုတ်ယူတော့မည့်မကောင်းဆိုးဝါးသဖွယ်
ဝတ်စားဆင်ယင်ထားပါသနည်း!?

"ဒါနဲ့ မဒမ်ကျန်း၊ကျွန်တော့်မှာ
အဝတ်အစားအိတ်ဖြည်ဖို့ကျန်သေး..."

"အိုခေပါ~ (မ)ကို ချိုင်အာ[2]
လို့ဘဲခေါ်လို့ရပါတယ်~"

[2] အာ ဆိုသည့်စကားလုံးအား
တစ်စုံတစ်ယောက်ရဲ့နာမည်
နောက်၌ကပ်၍ခေါ်ဝေါ်ခြင်း
သည်ထိုလူနှင့်ရင်းနှီးခြင်းသို့မဟုတ်
ခင်မင်သိကျွမ်းခြင်းဖြစ်ကြောင်း
ပြသပါသည်။ပုံမှန်အားဖြင့်
ကလေးတွေ၊မိသားစုဝင်တွေ၊
ချစ်သူတွေအချင်းချင်းခေါ်ဝေါ်
လေ့ရှိပါတယ်။

ကျန်းချိုင်ဟုအမည်ရသော
ထိုလှပသည့်အမျိုးသမီးသည်
ယောင်းယီအပေါ်သို့ကလူသည့်
သဏ္ဋာန်ဖြင့်ယိုင်လဲှကာ၊ခါးကို
ပွေ့ဖက်လိုက်တော့သည်။

!!!

ယောင်းယီ၏အထိမခံနိုင်ဆုံးသော
နေရာသည်သူ၏ခါးနောက်ဘက်ပိုင်း
ဖြစ်သည့်အလျောက်ချက်ချင်းကို
တစ်ကိုယ်လုံးပျော့ခွေသွားပြီးသူမ
ကိုခါမထုတ်လိုက်ခင်ကြက်သီး
မွေးညင်းများထသွားတော့သည်။
ယောင်းယီဝန်လေးစွာသူ၏
လည်ချောင်းကိုရှင်း၍ပြောလိုက်သည်။

"အဟမ်း ကောင်းပါပြီ၊ချိုင်အာ...
ကျွန်တော့်အနေနဲ့အဝတ်စားထုတ်
တွေဖြည်ဖို့ကျန်သေးတယ်။မနေ့ည
ကအောက်ထပ်ကတစ်ယောက်ယောက်
ကြားသွားမှာကိုစိုးရိမ်နေတာနဲ့ဘဲ
ကျွန်တော့်အိတ်ထဲကပစ္စည်းတွေကို
ဘာတစ်ခုမှအပြင်မထုတ်ရသေးဘူး။"

ကျန်းချိုင်သည်ယောင်းယီ၏
လက်မောင်းကိုရင်းနှီးစွာ
ပွေ့ဖက်ရင်းသူမ၏မျက်လုံးများ
သည်ချစ်ခြင်းမေတ္တာများဖြင့်
ပြည့်နှက်နေခဲ့သည်။

"ဒါလင့်ကို (မ)ကူညီပြီး
ဖြည်ပေးမှာပေါ့။ပြီးတော့
လေဒီအိမ်ရဲ့အသံစနစ်က
အရမ်းကောင်းတယ်။
အောက်မှာရှိနေတဲ့လူဆို
အပေါ်ထပ်ကဘာအသံကိုမှ
ကြားရမှာမဟုတ်ဘူး။ဒါပေမဲ့
အခုထပ်ခိုးထဲမှာနေတယ်
ဆိုရင်တော့အောက်ထပ်က
အသံတွေကိုကြားနိုင်တယ်။"

"ဒါဆို၊ကျွန်တော်မီးဖွင့်လို့ရောရလား?"

ယောင်းယီယခုချိန်စိတ်အပူဆုံးအရာ
မှာသူအနေဖြင့်ညဖက်၌မီးဖွင့်ရမရ
သာဖြစ်သည်။မီးများပိတ်ထားပါက
အခန်းသည်အလွန်မှောင်မည်းနေပြီး
မီးဖွင့်လိုက်ပါကလည်း၊အလင်းများ
အခန်းပြင်သို့ထွက်သွားမည်ကို
ကြောက်နေမိသည်။

"ရပါတယ်။အဲ့အဖိုးကြီးမမြင်နိုင်
ပါဘူး။အက်ကြောင်းလေးကလည်း
သေးသေးလေးဘဲဟာ။ပြီးတော့
သူအခန်းမျက်နှာကျက်မှာလည်း
မီးလုံးတွေရှိသေးတာဆိုတော့
ဖုံးရလွယ်ပါတယ်!"

ကျန်းချိုင်သည်သူမ၏ပါးစပ်ကို
အုပ်၍ပြုံးလိုက်သည်။ထို့နောက်
သူမချစ်သူလေး၏ချောမွတ်ကာ
မို့မောက်နေသောပါးလေးများကို
စွဲလမ်းတက်မက်စွာငေးစိုက်
ကြည့်ရင်းသူမ၏နှလုံးသားထဲ၌
အချစ်များလျှံကျလာတော့သည်။
ချစ်သူလေးကိုကြည့်လေကြည့်လေ
ကြည့်မဝဖြစ်လာလေဟုသူမခံစား
ရသည်။

ဘယ်လိုတောင်သူမချစ်သူလေးသည်
အရမ်းကြည့်ကောင်းနေရတာလဲ?
သူမ၏ချစ်သူလေးကိုအခြားဘယ်သူ
မှမမြင်တွေ့နိုင်စေရန်လူတွေအားလုံး
နှင့်ဝေးရာဆီတွင်ထာဝရတကယ်
ပိတ်ထားချင်မိသည်။

ယောင်းယီကတော့ကျန်းချိုင်၏
ထိကပ်မှုကိုဆက်မသည်းမခံနိုင်
တော့ပေ။ထို့ကြောင့်ကျန်းချိုင်၏
လက်အားခါချကာသူ၏မျက်နှာ
သည်တောင့်တင်းသွားတော့သည်။

"အမ်၊ကျွန်တော်တောင်းပန်ပါတယ်။
ဒါပေမဲ့ကျေးဇူးပြုပြီးသိပ်မကပ်ပေး
လို့ရမလား။ကျွန်-ကျွန်တော့်ကို
သက်တောင့်သက်သာမဖြစ်စေလို့ပါ"

ကျန်းချိုင်သည်နှလုံးသားထဲ၌
ချဉ်သည့်ခံစားချက်များနှင့်အတူ
သူမ၏လက်များခါထုတ်ခံလိုက်
ရသည်ကိုစိုက်ကြည့်နေခဲ့သည်။
သို့သော်လည်းသူမသည်ပြုံးနေဆဲ
ဖြစ်ပြီးပြောလိုက်သည်။

"ကောင်းပါပြီ၊(မ)သိပါတယ်၊
အချစ်ရယ်။အချစ်ကအရမ်း
ရှက်တတ်တဲ့လူဆိုတာကို။
ဒါပေမဲ့ကိစ္စမရှိပါဘူး၊(မ)ကို
အချစ်ဘက်ကလိုလိုလားလားနဲ့
လက်ခံလာမဲ့အချိန်အထိစောင့်
ဆိုင်းနိုင်ပါတယ်"

ယောင်းယီ: “…”

ဘာလို့သူ့ကိုလုံးဝစက်ဆုပ်ဖွယ်
ကောင်းတဲ့လူတစ်ယောက်အဖြစ်
ခံစားရအောင်လုပ်ရတာလဲ?

ကျန်းချိုင်၏မျက်လုံးများအား
တိုက်ရိုက်အကြည့်ချင်းမဆုံရဲ
သည့်အတွက်ယောင်းယီ
ကသိကအောက်ဖြစ်စွာသူ၏
မျက်လုံးများကိုဝေ့ဝိုက်လိုက်သည်။

အဆုံးမှာတော့၊ယခုသဘောတူညီမှုသည်
လူကျင့်ဝတ်နှင့်ကိုက်ညီစွာ
လုပ်ဆောင်ခဲ့ခြင်းမဟုတ်ပေ။
သူအနေဖြင့်ငွေကိုလက်ခံရယူ
ပြီးပြီဖြစ်သည်။ထို့ကြောင့်
သူဘက်မှယခုချမ်းသာသည့်
အမျိုးသမီးကိုကောင်းမွန်စွာ
ပြန်လည်ဆက်ဆံရမည်ဖြစ်သည်။
သူအနေဖြင့်အရမ်းကြီးအေးစက်
ကာခပ်ခွာခွာနေလို့မရနိုင်ပေ။

ထိုအကြောင်းကိုတွေးလိုက်ရုံနှင့်တင်
ယောင်းယီအပြစ်ရှိသလိုခံစားလာရသည်။

နောက်တစ်နေ့ရောက်သည့်အခါ
တစ်နေ့လုံးကျန်းချိုင်အပေါ်၌
နူးညံ့နိုင်သမျှနူးညံညင်သာစွာ
ဆက်ဆံခဲ့သည့်အတွက်သူမ
အားစိတ်ကျေနပ်အံဩသွား
စေကာသူမ၏ပါးလေးများပင်
အနီရောင်သမ်း၍အချစ်များ
သည်ပင်ပိုပိုပြီးခိုင်မာလာတော့
သည်။

သူမ၏ပုံစံကိုကြည့်ရသည်မှာ
အချစ်များဖြင့်ရေလောင်း
ပေါင်းသင်းခံထားရသည့်
အထိမခံနိုင်သောပန်းလေး
တစ်ပွင့်လိုပင်။

မကြာခင်ညရောက်သွားတော့သည်။

ကားသည်ဂိုထောင်ထဲသို့အချိန်မှန်မှန်
ထိုးရပ်သွားခဲဲ့သည်။ယောင်းယီသည်
ထပ်ခိုးထဲ၌မီးများဖွင့်ရင်းကုတင်ပေါ်
၌ထိုင်ကာဂိမ်းဆော့နေခဲ့သည်။

ယခုဈေးကြီးသည့် laptop သည်
ချမ်းသာသည့်အမျိုးသမီးမှသူ့
အားပျင်းနေသည့်အချိန်ဂိမ်းများ
ဆော့ကစား၍အချိန်ဖြုန်းရန်
ဝယ်ပေးခဲ့ခြင်းဖြစ်သည်။

သေးငယ်ကာချောင်ကျသည့်
အင်တာနက်ကဖေးဆိုင်လေး
ထဲတွင်ဂိမ်းဆော့နိုင်ရန်ပိုက်ဆံ
လေးအနည်းငယ်သာသုံးနိုင်
သည့်ယောင်းယီလိုလူအတွက်
ကတော့၊ယခုကွန်ပျုတာ၏
ဆွဲဆောင်နိုင်အားသည်အခြား
အရာများ၌အားကောင်းနေခဲ့သည်။
ဂိမ်းထဲ၌သာတစ်ချိန်လုံးအာရုံစိုက်
နေခဲ့သည့်အတွက်၊သူ၏အစာကို
တောင်မစားနိုင်တော့ပေ။

“Slurp—”

သကြားဆိုဒါအားပိုက်မှတဆင့်
ယူသောက်လိုက်ပြီးသည့်
နောက်ယောင်းယီဆက်လက်ပြီး
အဆက်မပြတ်ဂိမ်းဆော့ရင်း
သူ့ကိုယ်သူနတ်စည်းစိမ်းခံစား
နေရသလိုမျိုးဘဝတွင်နေနေ
ရသည်ဟုခံစားနေရသည်။

ယခုလိုနေ့မျိုးသည်သူ့ဘဝ
တစ်လျှောက်လုံးမျှော်လင့်
တောင့်တနေခဲ့ရသည့်ဘဝမျိုး
ဖြစ်သည်။ဟားဟား၊တကယ်
ကိုပြီးပြည့်စုံတာဘဲ!

သိပ်မကြာသေးခင်ကမှအတော်လေး
နာမည်ကြီးနေသည့် multiplayer
counterterrorist FPS[3] ပွဲကို
အနိုင်ယူပြီးချိန်မှာတော့ယောင်းယီ၏
ယောက်ျားဆန်လှသောမျက်နှာပေါ်တွင်
အလွန်ဂုဏ်ယူနေသည့်အပြုံးသည်
တောက်ပစွာဖြစ်တည်သွားပြီးနောက်
ရီမောလိုက်မိသည်။ဤသို့ဖြင့်သူ၏
အသံသည်လည်းတဖြည်းဖြည်းချင်း
စီကျယ်လောင်လာတော့သည်။

သုံးလွှာရှိအိပ်ခန်းထဲတွင်
ယွင်းယူသည်သူ၏ဘယက်ထဲမှ
ပုံလေးကိုမှုန်သုန်စွာစိုက်ကြည့်ရင်း
သူ၏မျက်လုံးများထဲမှအချစ်နှင့်
ပိုင်ဆိုင်လိုစိတ်များသည်အဆုံးမရှိ
နက်ရှိုင်းလာတော့သည်။

ထိုအချိန်ရုတ်တရပ်ဘယ်နေရာကနေ
ထွက်လာမှန်းမသိသည့်ရီမောသံ
တစ်ခုကိုကြားလိုက်ရသည့်အခါ
ယွင်းယူမိန်းမောတွေဝေသွားတော့သည်။
ထိုရီသံသည်ကောင်ငယ်လေး၏
အသံနှင့်တထပ်တည်း
ထပ်တူညီနေခဲ့သည်။

ထို့ကြောင့်သူ၏ခေါင်းကို
ဆတ်ကနည်းမော့ကာ
နေရာအနှံ့လိုက်လံရှာဖွေ
တော့သည်။လှေကားထစ်
များမှပင်ပြေးဆင်းကာ
အကြိမ်အနည်းငယ်ခြေချော်
လဲမတတ်ဖြစ်ခဲ့သည့်ကြားမှ
အလွှာအနှံ့ရှာဖွေပြီးချိန်မှာတောင်
ဘာဆိုဘာမှထွက်မလာခဲ့ပေ။
အဆုံးတွင်ဝမ်းနည်းပက်လက်
ဖြစ်ကာ၊ဒုတိယထပ်ဧည့်ခန်းလေး
ထဲရှိဆိုဖာပေါ်တွင်ထိုင်ရင်းသူ၏
လက်ထဲမှကြေးဘယက်လေးကို
လက်မဖြင့်ပွတ်သပ်နေခဲ့သည်။

"ဘယ်..တွေရောက်နေသလဲကွယ်?"

ကောင်ငယ်လေးကိုဘယ်မှာမှ
ရှာမတွေ့ခဲ့ပေ။ထိုကောင်လေး
သည်မနေ့ကတင်နှုတ်ထွက်စာ
တင်သွားခဲ့ပြီးဒီတိုင်းပျောက်ကွယ်
သွားခဲ့သည်။

ယွင်းယူသူချစ်ရပါသောချစ်သူလေး
အားအစအနရှာမရအောင်ကိုဆုံးရှုံး
ခဲ့ရသည်။ထို့ကြောင့်သူ၏နဂိုထဲက
အားနည်းသောနှလုံးသည်ယခုလွန်ကဲ
သည့်နာကျင်မှုဒဏ်ကိုခံနိုင်ရန်
အတော်လေးရုန်းကန်နေရသည်။
သူ၏ရင်ဘတ်ထဲမှဟာတာတာ
ခံစားချက်ကြီးကိုဘာနဲ့မှ
မဖြည့်ဆည်းနိုင်တော့ပေ။

သူအတော်လေးမာနကြီးခဲ့လို့များလား...

သူ၏အစီအစဉ်သည်ကောင်လေး
အကူအညီအလိုအပ်ဆုံးအချိန်ကျမှ
ထွက်ပေါ်ကာအကူအညီပေး၍ထို
ကောင်ငယ်လေး၏နှလုံးသားကို
အနိုင်ယူမည်ဟုကိုယ်ကိုယ်ကိုယ်
အထင်ကြီးရင်းယုံကြည်နေမိခဲ့သည်....

ထိုကောင်လေးကိုသုံးရက်အတွင်း
လက်ထပ်ခွင့်တောင်းယူရန်ပင်
အသေအချာအစီအစဉ်ချပြီးသား
ဖြစ်သည်။

Damn it! ! !

ယွင်းယူ၏အပြင်လူများအား
တွေ့ဆုံသည့်အချိန်ဖုံးကွယ်
ထားခဲ့သောမျက်နှာဖုံးသည်
လုံးဝကိုကွာကျသွားခဲ့ပြီဖြစ်သည်။
သူ၏မျက်လုံးများသည်
ပိုင်ဆိုင်လိုသည့်အချစ်များ
ဖြင့်ပြည့်နှက်နေခဲ့ပြီး၊လက်ထဲမှ
ဘယက်ကိုမြဲမံစွာဆုပ်ကိုင်ရင်း
သူ၏နှလုံးမှရုတ်တရပ်စူးရှသည့်
နာကျင်မှုကိုခံစားလိုက်ရသည့်
အတွက်အံ့ကြိတ်လိုက်မိသည်။

မျက်ခုံးများတွန့်ကွေးသွားပြီး
အကျင့်အတိုင်းသူနှင့်မကွာ
အမြဲတမ်းတစ်ပါတည်း
သယ်ဆောင်ထားသည့်
ဆေးဗူးကိုထုတ်ကာဆေးပြားအချို့
အားမြိုချလိုက်တော့သည်။ထို့နောက်
သူ၏မျက်လုံးများကိုပိတ်ရင်းဆိုဖာ
ပေါ်၌သူ၏ကျောအားမှီချလိုက်သည်။

အချိန်အတော်ကြာမှသာ
သူ၏ရင်ဘတ်ထဲမှနာကျင်မှုသည်
ပျောက်ကွယ်သွားပြီးသူ၏ပုံမှန်
အတိုင်းမထုံတက်သေးတသီး
တသန့်ပုံစံပြန်ဖြစ်သွားတော့သည်။
ထို့နောက်ဘယက်အားဘေးသို့ချကာ
မတ်တပ်ရပ်၍သုံးလွှာရှိအိပ်ခန်းဆီသို့
ပြန်ရန်မတ်တပ်ထရပ်လိုက်သည်။

အမှောင်ထဲတွင်တံခါးတစ်ချပ်သည်
အနည်းငယ်ဟကာတိတ်တဆိတ်
ပွင့်သွားပြီးနောက်ပြန်လည်
ပိတ်သွားတော့သည်။
ငယ်ရွယ်နုပျိုမှုများကို
ထိန်းသိမ်းထားနိုင်ဆဲဖြစ်သည့်
လှပသောအမျိုးသမီးသည်
သူမ၏လက်ထဲမှဗူးဒူးအရုပ်အား
အောင်ပွဲခံသည့်အလား
ဆုပ်ညစ်လိုက်ပြီးအရုပ်၏
အမူအရာသည်ဖြည်းညင်းစွာ
နာကျင်မှုများဖြင့်ပြည့်နှက်သွား
သည်ကိုစိုက်ကြည့်ရင်းသူမသည်
မှုန်မှိုင်းစွာအေးစက်စက်ပြုံး
သွားတော့သည်။

စောင့်ကြည့်နေလိုက်စမ်းပါ။

ဒီနေ့ကစလို့သုံးရက်အတွင်း
နင့်ဘဝအဆုံးသတ်စေရမယ်။

thoughts of tofu:

အခုဝတ္ထုထဲကဖြစ်ရပ်လိုမျိုး
အပြင်မှာတကယ်ရှိခဲ့သလား
ဆိုတာကိုသိချင်နေကြတဲ့
Reader တွေအတွက်
အဖြေကတော့....

United States မှာ
တကယ်ဖြစ်ခဲ့ဖူးပါတယ်။

https://www.atlasobscura.com/articles/the-married-woman-who-kept-her-lover-in-the-attic

ပိုပြီးစုံစုံလင်လင်သိချင်တယ်ဆိုရင်
တော့ရှာဖတ်ကြည့်လို့ရပါတယ်။

~

ဒီလက suicide prevention
month ဖြစ်တဲ့အတွက်အခု
ဖတ်နေတဲ့ reader လေးတွေ
ထဲမှာတစ်ခုခုကြောင့်
အဆုံးသတ်ချင်လိုက်တဲ့လူတွေ
(ဒါမှမဟုတ်)
တစ်ယောက်တည်းအရမ်း
အထီးကျန်ပြီးပင်ပန်းနေတဲ့လူတွေ
ရှိရင်ပြောပြချင်ပါတယ်။

အခုချိန်အထိအဆုံးမသတ်
သေးဘဲအားတင်းပေးထားတဲ့
အတွက်ကျေးဇူးအများကြီး
တင်ပါတယ်။

အများကြီးအားမပေးတတ်ပင်မဲ့
ဆက်ပြီးအားတင်းထားပေးပါ။

အရမ်းခက်ခဲနေတယ်ဆိုရင်
တောင်လက်မလျှော့လိုက်ပါနဲ့...
အဆုံးထိအားတင်းပြီး
ဆက်လျှောက်ပေးပါ။
အသက်ရှုရတာအရမ်း
နာကျင်နေရင်တောင်
ဘေးမှာဘယ်သူမှရှိမနေ
တော့ရင်တောင်ဘာဘဲဖြစ်ဖြစ်
ဆက်ပြီးရှင်သန်နေပေးပါ။

လုံလောက်ပါတယ်။
မင်းကလုံလောက်တာ
ထက်အများကြီးပိုပါတယ်။

အဖိုးတန်ပါတယ်။
ဘယ်သူမှမပြောရင်တောင်
မင်းကတို့ဖူးအတွက်အရမ်း
အဖိုးတန်ပါတယ်။

မင်းကလွယ်လွယ်နဲ့အစား
ထိုးလို့မရတဲ့လူမျိုးပါ။
နေ့ရက်တိုင်းခက်ခဲနေတဲ့
ကြားထဲကနေရအောင်
အသက်ရှင်နေပေးခဲ့တဲ့
မင်းအတွက်တို့ဖူးတကယ်
ဂုဏ်ယူပါတယ်။

အနားယူချင်သလောက်
ယူပါ။နောက်ကောက်ကျ
ကျန်နေခဲ့ပြီးမတွေးပါနဲ့...

ကိုယ့်ကိုယ့်ကိုအရမ်းကြီး
လည်းဖိအားမပေးပါနဲ့။
မင်းကတို့ဖူးမြင်ဖူးသမျှ
ထဲမှာအတော်ဆုံးလူပါ။

ဒါကြောင့်နေ့ရက်တွေကို
အပြုံးကြီးကြီးနဲ့ရင်ဆိုင်
လိုက်စမ်းပါ။မင်းနောက်မှာ
ဘယ်သူမှရှိမနေရင်တောင်
တို့ဖူးအမြဲတမ်းရှိနေပေးပါ့မယ်။

Love you kiddo.
ရေများများသောက်ပြီး
အိပ်ရေးဝအောင်အိပ်ရမယ်နော်။



Continue Reading

You'll Also Like

290K 55.7K 89
Author - Cyan Wings ( ้’่‰ฒ็พฝ็ฟผ ) Chapters - 42 + 5 extras ( completed ) I do not own this story . All credit goes to original authors.
74.3K 9.1K 65
แ€žแ€›แ€ฒแ€”แ€พแ€ญแ€™แ€บแ€”แ€„แ€บแ€ธแ€แ€ฒแ€ท แ€™แ€ญแ€žแ€ฌแ€ธแ€…แ€ฏแ€€แ€†แ€„แ€บแ€ธแ€žแ€€แ€บแ€œแ€ฌแ€แ€ฒแ€ท แ€แ€™แ€บแ€แ€ปแ€”แ€บแ€ธแ€†แ€ญแ€ฏแ€แ€ฒแ€ท แ€€แ€ฑแ€ฌแ€„แ€บแ€œแ€ฑแ€ธแ€Ÿแ€ฌ แ€žแ€›แ€ฒแ€แ€…แ€บแ€€แ€ฑแ€ฌแ€„แ€บแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ท แ€€แ€ปแ€ญแ€”แ€บแ€…แ€ฌแ€™แ€ญแ€žแ€ฝแ€ฌแ€ธแ€•แ€ผแ€ฎแ€ธ แ€™แ€ญแ€žแ€ฌแ€ธแ€…แ€ฏแ€กแ€™แ€ฝแ€ฑแ€€แ€ญแ€ฏ แ€™แ€†แ€€แ€บแ€แ€ถแ€”แ€ญแ€ฏแ€„แ€บแ€แ€ฒแ€ทแ€•แ€ซแ€˜แ€ฐแ€ธ... แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ท แ€กแ€™แ€พ...
306K 14.3K 54
แ€™แ€„แ€บแ€ธแ€†แ€ญแ€ฏแ€ธแ€แ€ปแ€„แ€บแ€žแ€œแ€ฑแ€ฌแ€€แ€บ แ€†แ€ญแ€ฏแ€ธแ€…แ€™แ€บแ€ธแ€•แ€ซ แ€žแ€ฒแ€„แ€šแ€บแ€œแ€ฑแ€ธแ€›แ€šแ€บ แ€แ€…แ€บแ€แ€ฏแ€•แ€ฒ แ€ฅแ€ฎแ€ธแ€†แ€ญแ€ฏแ€แ€ฒแ€ทแ€„แ€ซแ€ทแ€€แ€ญแ€ฏแ€™แ€ฑแ€ทแ€™แ€žแ€ฝแ€ฌแ€ธแ€›แ€„แ€บแ€›แ€•แ€ผแ€ฎ ๐Ÿ’—๐Ÿ’—แ€™แ€ฏแ€แ€บแ€ธแ€…แ€ฑแ€แ€”แ€บ๐Ÿ’—๐Ÿ’— แ€€แ€™แ€นแ€˜แ€ฌแ€แ€ฝแ€ฑ แ€กแ€†แ€€แ€บแ€†แ€€แ€บแ€•แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€žแ€ฝแ€ฌแ€ธแ€™แ€šแ€บแ€†แ€ญแ€ฏแ€›แ€„แ€บแ€แ€ฑแ€ฌแ€„แ€บ แ€žแ€ฌแ€ธแ€›แ€ฒแ€ท...
236K 40.5K 102
[แ€แ€…แ€บแ€€แ€™แ€นแ€˜แ€ฌแ€œแ€ฏแ€ถแ€ธแ€€ แ€™แ€„แ€บแ€ธแ€€แ€ญแ€ฏ แ€กแ€”แ€ญแ€ฏแ€„แ€บแ€€แ€ปแ€„แ€ทแ€บแ€€แ€ผแ€แ€šแ€บแŠ แ€™แ€ฏแ€”แ€บแ€ธแ€แ€ฎแ€ธแ€€แ€ผแ€แ€šแ€บแŠ แ€”แ€ฑแ€ฌแ€€แ€บแ€•แ€ผแ€ฎแ€ธ แ€™แ€„แ€บแ€ธแ€€แ€ญแ€ฏ แ€แ€ฝแ€ฒแ€แ€ผแ€ฌแ€ธแ€†แ€€แ€บแ€†แ€ถแ€€แ€ผแ€แ€šแ€บแŠ แ€’แ€ซแ€•แ€ฑแ€™แ€ฒแ€ท แ€™แ€„แ€บแ€ธแ€›แ€ฒแ€ทแ€€แ€™แ€นแ€˜แ€ฌแ€€แ€ผแ€ฎแ€ธแ€€ แ€žแ€ฐแ€ทแ€€แ€ผแ€ฑแ€ฌแ€„แ€ทแ€บแ€•แ€ฒ แ€แ€ฑแ€ฌแ€€แ€บแ€•แ€œแ€ฌแ€แ€ฒแ€ทแ€แ€šแ€บแ‹ แ€„...