Fish Upon the Sky

By linn_slln511

5.9K 178 20

ကျွန်တော်နာမည်က ပီ ကျွန်တော်မှာကြိတ်ကြိုက်နေရတဲ့လူတစ်ယောက်ရှိတယ် သူ့နာမည်ကမာနန်း မာနန်းကအရမ်းချော၊ပေါ်ပြူလာဖ... More

Fish Upon the Sky
အပိုင်း 1 ပြောင်းလဲမှု
အပိုင်း 2
အပိုင်း 3
အပိုင်း 4 ကစ်တီအဖွဲ့ နှင့် ပီ
အပိုင်း 5
အပိုင်း 6
အပိုင်း 8
အပိုင်း 9
အပိုင်း 10
အပိုင်း 11 အို...လူယုတ်မာ
အပိုင်း 12
အပိုင်း 13
အပိုင်း 14
အပိုင်း 15 အတွဲတစ်တွဲအားပေးစားခြင်း

အပိုင်း 7

126 8 1
By linn_slln511

ရေချိုးပြီးခါစပီက မခြောက်သေးသောခေါင်းကိုသပတ်ဖြင့်ယူကာသုတ်လိုက်သည်
ပီ၏ကုတင်ပေါ်တွင် ဒီနေ့ဝတ်ခဲ့သောအဝတ်များကအထပ်လိုက်ရှိနေသည်
ပီကဝတ်ပြီးသားအဝတ်များကိုရှင်းလင်းလိုက်သည်
ပီယူလိုက်သောအဝတ်များ၏အောက်တွင် လက်ကိုင်ပဝါလေးတစ်ခုရှိနေလေသည်
ထိုလက်ကိုင်ပဝါလေးသည် ပီဟာမဟုတ်ပါ
ပီကထိုလက်ကိုင်ပဝါလေးကိုကောက်ကိုင်လိုက်သည်
ပီရဲ့ခေါင်းထဲတွင် နေ့လည်ကဖြစ်ပျက်ခဲ့သောအဖြစ်အပျက်များကတဝဲလည်လည်
ပီကထိုလက်ကိုင်ပဝါလေးကိုကိုင်ရင်း ကုတင်ပေါ်မှာထိုင်လိုက်သည်
ထို့နောက် နေ့လည်ကဆက်သရားပြောသွားသောစကားများကစဥ်းစားစရာမလိုပဲခေါင်းထဲအစီအရီဝင်လာသည်

လွန်ခဲ့သောနေ့ဝက်ခန့်က

အပူရှပ်နေခဲ့သော ခပ်မိုက်မိုက်ကောင်လေးပီသည် မြက်ခင်းစိမ်းစိမ်းများပေါ်တွင်ထိုင်နေသည်
ရှားရှားပါးပါးတိုက်ခတ်လာသောလေအေးလေးကတောင် ပီကိုအေးချမ်းမှုမပေးနိုင်သေးပါ
ပီ၏တစ်ကိုယ်လုံးမှာ အပြင်းအထန်လေ့ကျင့်နေသောအားကစားသမားများကဲ့သို့ ချွေးများရွဲစိုနေသည်
သို့သော် ပီဆွဲဆောင်မှုရှိနေဆဲဆိုတာကိုငြင်းမရပါချေ

ရုတ်တရက် ပီ၏လည်ပင်းဆီသို့လက်ကိုင်ပဝါလေးတစ်ခုကိုင်ထားသောလက်တစ်ဖက်က ကျရောက်လာသည်
ပီမကြိုက်သော်လည်း ပြန်ပြောချင်စိတ်ကုန်နေပြီဖြစ်သည်

''သက်သာလာပြီလား ပါးတွေကရဲနေတုန်းပဲ''
မော့ရဲ့ပါးစပ်ကပြောနေပေမယ့် လက်ကတော့ ချွေးသုတ်ပေးနေတာမပြတ်ပါချေ

''ရော့''
မော့ကအအေးပုလင်းကိုပီကိုကမ်းပေးနေတယ်

''သန်မာချင်ယောင်မဆောင်ပါနဲ့ အအေးကိုအေးနေတုန်းသောက်လိုက် သောက်ပြီးရင်လန်းသွားလိမ့်မယ်''

ပီအအေးကိုလှမ်းယူခြင်းမရှိသလို ပြန်လည်းမပြောပါ

မော့က ပြန်မပြောနားမထောင်လုပ်နေတဲ့ပီရဲ့လည်ပင်းနဲ့ရင်ဘတ်ကို အအေးရဲ့အေးစက်မှုနဲ့မိတ်ဆက်ပေးလိုက်တယ်

''မင်းသောက်မှာလား မသောက်ဖူးလား''

ရေဆာနေတဲ့ပီကဒီတစ်ခါမှာဝေခွဲရခက်နေတယ်
ဒါပေမယ့် မော့ကအအေးပုလင်းကိုဖွင့်လိုက်ပြီးတော့ သောက်မယ်ဟန်ပြင်လိုက်တော့မနေနိုင်စွာ ပီရဲ့လက်ကလှမ်းတားဖြစ်တယ်
ပီကအအေးပုလင်းကိုယူလိုက်ပြီး မော့သောက်လိုက်တယ်

''ရပါတယ် ကျေးဇူးတင်စကားပြောဖို့မလိုပါဖူး''

''ငါလည်းဘာမှမပြောရသေးပါဖူး''

''ဒါပေမယ့်မင်းမျက်လုံးတွေကပြောနေတယ်လေ ကျေးဇူးတင်ပါတယ်တဲ့''

''ကျေးဇူးတင်တယ်တဲ့လား ငါ့အတွက်အရမ်းကိုရှက်ဖို့ကောင်းတာလေ မာနန်းကလည်းအဲ့မှာရှိနေတာကို
ငါမင်းကိုမအော်လိုက်တာတောင်မင်းကံကောင်းတယ်နော်''

''လုပ်ပါ အော်လိုက်လို့ရပါတယ် မင်းလက်သီးနဲ့ထိုးချင်လည်းရတယ်နော် ငါ့ကိုခွင့်လွှတ်မယ်ဆို မင်းကြိုက်တာလုပ်လို့ရတယ်''

မော့ကပြောရင်းနဲ့ ပီရဲ့လက်ကိုကိုင်ပြီးသူ့ပါးကို ကလေးတွေစသလိုမျိုးထိုးတယ်

''ငါ..... မင်းကိုအဲ့နေ့ကစိတ်မကောင်းဖြစ်အောင်လုပ်မိလို့ ခွင့်လွှတ်မှုလိုချင်တယ်''

''ဘာလို့မင်းကငါခွင့်လွှတ်တာကိုတအားလိုချင်နေရတာလဲ''

''ဘာလို့ဆို ငါမင်းသူငယ်ချင်းဖြစ်ချင်လို့ပေါ့
မင်းငါ့ကိုစိတ်ဆိုးနေရင် ငါတို့သူငယ်ချင်းလုပ်လို့မရဖူးလေ''

''ငါမင်းနဲ့သူငယ်ချင်းမဖြစ်ချင်ဖူးလို့ပြောပြီးပြီလေ''

''ဒါပေမယ့်ငါကဖြစ်ချင်တယ်လေ
ပြီးတော့ မင်းကိုလည်း ငါနဲ့သူငယ်ချင်းဖြစ်ချင်လာအောင်လုပ်မယ်''

မင်းကတကယ်ငါနဲ့သူငယ်ချင်းဖြစ်ချင်တာလား
ပီကလက်ကိုင်ပဝါလေးကိုအချိန်အတော်ကြာအောင်စိုက်ကြည့်ရင်း တစ်စုံတစ်ခုကိုတွေးတောနေခဲ့တယ်

မနက်ခင်းရဲ့ရောင်ခြည်ကပီတို့အိမ်ကိုကျရောက်လာပြီဖြစ််တယ်
ပီကသွားတိုက်ဆေးကိုသွားတိုက်တံပေါ်ညှစ်ထည့်လိုက်တယ်
သွားဆေးကျောင်းသားလေးက သွားတိုက်နည်းအမှန်အတိုင်းသွားကိုသေချာဂရုစိုက်ပြီးတိုက်နေတယ်
သွားတိုက်ရင်းနဲ့တောင် မော့ရဲ့စကားတွေကနားထဲရောက်လာပြန်တယ်

''ငါမင်းသူငယ်ချင်းဖြစ်ချင်လို့''

''ငါမင်းနဲ့သူငယ်ချင်းမဖြစ်ချင်ဖူးလို့ပြောပြီးပြီလေ''

''ဒါပေမယ့်ငါကဖြစ်ချင်တယ်လေ
ပြီးတော့ မင်းကိုလည်း ငါနဲ့သူငယ်ချင်းဖြစ်ချင်လာအောင်လုပ်မယ်''

ပီကစိတ်ရှုပ်စွာခေါင်းကိုကုပ်လိုက်တယ်
ဒါပေမယ့်ပီရဲ့နားထဲမှာကြားယောင်လာတဲ့စကားသံတွေကိုပီဖယ်ထုတ်ဖို့မတတ်နိုင်ဖူး

မင်းကိုလည်း ငါနဲ့သူငယ်ချင်းဖြစ်ချင်လာအောင်လုပ်မယ်........

မဟုတ်ဖူး......................

''မင်းစကားမပြောခင်ဘာလို့တံတွေးမထွေးတာလဲ''
ပီရဲ့ပါးစပ်ထဲကသွားတိုက်ဆေးတွေစင်ခံလိုက်ရတဲ့ဒူရမ်ကတိုချင်နေတဲ့စိတ်ကိုမနည်းထိန်းချုပ်ပြီးပြောတယ်

''အိုး ဒူရမ်''

''အေး ငါပဲ ငါရဲ့ချောမောလှတဲ့မျက်နှာလေးကိုသတိမထားမိဖူးလား
ဟုတ်သားပဲ မင်းလည်းအခုချောမောတဲ့ကောင်လေးဖြစ်နေပြီပဲ
ဘယ်လိုလဲ မာနန်းနဲ့ဘယ်လိုဖြစ်တော့မှာလဲ အဆင်ပြေလား''

''ဘောကိုအဆင်ပြေရမှာလား သူနဲ့ငါစကားတောင်မပြောရသေးဖူး ကိုလတ် ငါဘယ်လိုလုပ်ရမလဲ ငါအရှက်ကွဲတာကိုသူမြင်သွားတာလေ ငါဘာလုပ်ရမလဲ ငါသူ့ကိုကြည့်တောင်မကြည့်ရဲတော့ဖူး ကယ်ပါဦး ကိုလတ်''
ပီကသူ့ဖြစ်ပျက်ခဲ့တာတွေကိုပြန်မြင်ယောင်လာပြီးတော့ အထိတ်တလန့်နဲ့ဒူရမ်ကိုကိုင်လှုပ်ပြီးပြောတယ်

''ပထမဆုံး ငါ့ကိုကိုင်လှုပ်နေတာကိုရပ်လိုက်တော့ ငါကနွားနို့ဘူးမဟုတ်ဖူး
ငါ့မှာအစီအစဥ်ရှိတယ် ဒီမှာကြည့်''
ဒူရမ်ကfacebookမှာကြေငြာထားတဲ့clubတစ်ခုကပါတီပွဲအကြောင်းရေးထားတဲ့ကြော်ငြာစာရွက်ကိုထုတ်ပြလိုက်တယ်

''blind in love အဲ့တာဘာလဲ ကိုလတ်''

''ပါတီပွဲတစ်ခုလေ
မင်းနေ့တိုင်းတစ်ခုခုဖြစ်နေတာပဲမလား ဒီပါတီကအမှောင်ထဲမှာ မီးလုံးတွေမရှိဖူး''

''မီးလုံးတွေမရှိတော့ဘယ်လိုလုပ်မြင်မှာလဲ''

''သူ့အဘောတရားကိုဖတ်ကြည့်လေ
မျက်လုံးကမမြင်နိုင်ပေမယ့် နှလုံးသားကခံစားလို့ရတယ်
မင်းကြိုက်တာကိုစကားသွားပြောပြီးတော့လိုက်လို့ရပြီပေါ့''

''အဲ့တာငါကဘာလုပ်ရမှာလဲ''

''ငါ့ရဲ့ချစ်ညီလေးရယ် မင်းကအချစ်နဲ့တွေ့တော့တော်တော်တုံးအတာပဲ
မင်းပဲပြောတော့ မာနန်းကိုကြည့်တောင်မကြည့်ရဲဖူးဆို
သွား အဲ့ဒီပါတီပွဲကိုသွား ပြီးတေ့သူနဲ့နှလုံးသားချင်းစကားပြောကြည့်လိုက်
မင်းကသူ့မျက်နှာကိုမမြင်ရဖူးဆိုတော့ မင်းစိတ်လှုပ်ရှားနေတာ50%လောက်တော့လျော့ကျသွားမှာပေါ့
မင်းမာနန်းကိုပါတီပွဲကိုခေါ်သွားနိုင်ရင် မင်းကသူ့ကောင်လေးဖြစ်ပြီဆိုတာ99.99%လောက်သေချာတယ်''

''မိုက်လိုက်တာ မာနန်းကိုပါတီပွဲသွားဖို့ငါဘာမဆိုလုပ်မယ်
ချစ်လိုက်တာ ကိုလတ်ရာ''

ပီကအရမ်းပျော်သွားပြီးတော့ သူနဲ့မာနန်းရဲ့အချစ်ဇာတ်လမ်းလေးကဖြောင့်ဖြူးနေပြီဆိုတာသေချာသိလိုက်တယ်

နောက်တစ်နေ့မနက်ကျတော့ပီကကျောင်းကိုအစောကြီးရောက်အောင်သွားတယ်
သူ့ဌာနကိုသွားတယ်လို့ထင်နေတယ်မလား မဟုတ်ပါဖူး
ကျန်းမာရေးသိပ္ပံဌာနကမာနန်းဆီကိုသွားတာပါ
မာနန်းရဲ့အတန်းရှေ့မှာစောစောရောက်နေရင် သူအတန်းမတတ်ခင်တွေ့နိုင်မယ်လို့ပီကတွေးထားတယ်

ပီကဖုန်းကိုထုတ်လိုက်ပြီးကင်မရာကိုဖွင့်လိုက်တယ်
ဖုန်းထဲကသူ့ပုံရိပ်ကိုကြည့်လိုက်ရင်းရေရွတ်လိုက်တယ်

''ငါတော်တော်မိုက်တာပဲ''

အဲ့အချိန်မှာမပြောဖြစ်တာကြာနေပြီဖြစ်တဲ့သူ့ရဲ့တစ်ယောက်တည်းသောသူငယ်ချင်းလေးကစာပို့လာတယ်

ဌာနအနီးကကောင်လေး- မင်းပုံစံပြောင်းလိုက်ပြီလို့ငါကြားတယ်

ပီ- မင်းဘယ်လိုသိတာလဲ

ဌာနအနီးကကောင်လေး- ငါကတော်လို့လေ

ပီ- မင်းကတော်ပေမယ့်ငါကမိုက်တယ်လေ ကြည့်ချင်လား

ဌာနအနီးကကောင်လေး- ကဲလိုက်တာ

ပီ- မင်းငါ့ကိုမိုက်တယ်လို့ပြောချင်နေမှန်းငါသိပါတယ် ပြောလိုက်ပါ မရှက်ပါနဲ့

ဌာနအနီးကကောင်လေး- သွေးနားထင်ရောက်နေတော့တာပဲနော်

ပီ- အခုပဲပြောလိုက်စမ်းပါ ငါ့ကိုချီးကျူးလိုက်လေ

ဌာနအနီးကကောင်လေး- ဟုတ်ပါပြီ မင်းကမိုက်လိုက်တာ ပျော်ပြီမလား

ပီ- ငါကပုံထဲမှာထက်အပြင်မှာပိုမိုက်တယ် မင်းတွေ့ချင်လား

ဌာနအနီးကကောင်လေး- မင်းငါ့ကိုတွေ့ဖူးချင်နေတယ်ဆိုတာဝန်ခံလိုက်စမ်းပါ

ပီ- မင်းကရောမတွေ့ချင်ဖူးလား

ဌာအနီးကကောင်လေး- မတွေ့ချင်ပါဘူး

ပီ- ဘာလို့မတွေ့ချင်တာလဲ မင်းကငါ့ကိုfriend request အရင်ပို့တဲ့သူလေ

ဌာနအနီးကကောင်လေး- ငါတို့မတွေ့လည်းသူငယ်ချင်းဖြစ်လို့ရတာပဲလေ ငါကမင်းရဲ့သူငယ်ချင်းပဲဖြစ်ချင်တာ

ပီကသူပြောတာကိုနားထောင်ရင်း ဘာလို့မှန်းမသိဘဲမော့ရဲ့စကားတွေကနားထဲမှာပြန်ကြားယောင်လာတယ်

''ငါမင်းနဲ့သူငယ်ချင်းမဖြစ်ချင်ပါဖူးဆို''

''ဒါပေမယ့်ငါကဖြစ်ချင်တယ်လေ
ပြီးတော့ မင်းကိုလည်း ငါနဲ့သူငယ်ချင်းဖြစ်ချင်လာအောင်လုပ်မယ်''

ဌာနအနီးကကောင်လေး- ဟေး ဘာလို့စကားမပြောတော့တာလဲ

ပီ- မင်းကတကယ်ကို ဘယ်သူလဲ

သူကတကယ်ဘယ်သူပါလိမ့်........

@linn_slln511
take care and love u all na💙

*Zawgyi*






''ရော့''


















မနက်ခင်းရဲ့ရောင်ခြည်ကပီတို့အိမ်ကိုကျရောက်လာပြီဖြစ်တယ်






မဟုတ်ဖူး......................


''အိုး ဒူရမ်''






''ပါတီပွဲတစ်ခုလေ





ချစ်လိုက်တာ ကိုလတ်ရာ''




''ငါတော်တော်မိုက်တာပဲ''



ပီ- မင်းဘယ်လိုသိတာလဲ



















သူကတကယ်ဘယ်သူပါလိမ့်........

@linn_slln511

Continue Reading

You'll Also Like

2.7M 67.3K 123
Imagines and Oneshots from the Harry Potter Universe ✧₊⁺ Draco Malfoy, Mattheo Riddle, Theodore Nott, Lorenzo Berkshire, Pansy Parkinson, Tom Riddle...
1.9M 83.3K 127
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
1.4M 32.1K 60
In which Daniel Ricciardo accidentally adds a stranger into his F1 group chat instead of Carlos Sainz.
97.7K 2K 35
🔞🔞🔞 You R@ped me you are a sinner i will expose you in front of this world MR JEON JUNGKOOK.... .................................... He is taking...