For..

By Gael_2001

549K 37.9K 3.9K

မင်း အဆင်ပြေဖို့အတွတ် ငါ နာကျင်ပေးရလဲ ဖြစ်တယ် ကိုကို။ More

For...
For...
For...
For...
For..
For..
For...
For...
For...
For...
For...
For...
For....
For..
For...
For...
For...
For....
For...
For..
For...
For...
For...
For..
For...
For...
For...⚠⚠⚠
For...
For...
For..
For...
For...
For...
For...
For..
For...
For...
For...
For..
For..
For..
For...⚠️⚠️⚠️
For..
For...
For...⚠⚠⚠
For...
For...⚠⚠⚠
For...
For...⚠⚠⚠
For...
Final

For...

11.6K 826 156
By Gael_2001

*ဒီပရောဂျက်ကို ကွမ့်ကျွင်း မင်း တာဝန်ယူလိုက်*

တိတ်ဆိတ်နေသည့် ရှောင်းကျန့်၏ရုံးခန်းအတွင်း တိကျပြတ်သားသည့် ရှောင်းကျန့် အသံက ထွက်လာလေသည်။ ကွမ့်ကျွင်းဘော့စ်ကို ကြည့်လိုက်ကာ

*ဟုတ်ကဲ့ပါ ဘော့စ်*

*မရဘူး*

ဝမ်ရိပေါ်ဆီမှ ထွက်ပေါ်လာသော စကားသံကြောင့် ကွမ့်ကျွင်း လန့်ပင် လန့်သွားသည်။ ဒါ သူဋေးကို ပြောသည့် အတွင်းရေးမှူး၏ လေသံတဲ့။ ကွမ့်ကျွင်း ဘော့စ်ကို ကြည့်လိုက်တော့ မျက်မှောင်ကြီး စုကြုံ့ထားလေသည်။

*ဒီပရောဂျက်က ကျွန်တော်တာဝန်ယူထားတာမလို့ ကျွန်တော်ပဲ လက်စသတ်ပါရစေ ဘော့စ်*

*မရဘူး*

ဒီတစ်ခါက ဘော့စ်၏ အော်သံပင်။ ကွမ့်ကျွင်းကတော့ မူမမှန်သည့် အခြေအနေကြောင့် ဖာသိဖာသာပဲ နေနေသည်။ တော်ကြာ ပဲလှော်ကြား ဆားညှပ်နေမှဖြင့်။

*ကျွန်တော် ဒီပရောဂျက်ကို ဘာ်သူ့ကိုမှ လွှဲမပေးချင်ဘူး ဘော့စ်။ အဲ့တာမို့ ကျွန်တော်ပဲ ဆက်လုပ်ပါရစေ*

*မရဘူးဆို မရဘူးကွာ။ ငါ မင်း ဘော့စ်နော်*

အခြေအနေက ပြင်းထန်လာ၍ ကွမ့်ကျွင်း သူဋေးကိုတစ်လှည့် ဝမ်ရိပေါ်ကို တစ်လှည့်ကြည့်လိုက်သည်။ ဒီလောက်စိတ်တိုနေသည့် သူဋေးကို ဂရုမစိုက်ပဲ လုပ်ချင်တာကိုသာ ပြောနေသည့် ရိပေါ်ကိုလဲ စိတ်ထဲက ချီးကျူးလိုက်၏။

ဘော့စ်ကလဲ စိတ်တိုနေမှန်း သိသာစွာ လည်စေ့က အပေါ်အောက် လှုပ်ရှားနေပြီ အတွင်းရေးမှူးကို ကြည့်နေသည်မှာ ပြာကျမတတ်ပင်။ ထိုအကြည့်တွေကို မမြင်ယောင်ဆောင်နေသည့် အတွင်းရေးမှူးက အာဂသတ္တိပင်။

*ဒါဆို အလုပ်ထွက်ပါရစေ*

*ဘာကွ..!*

ဝုန်းခနဲ စားပွဲကို ထုကာ အော်လာသည့် သူဋေးကြောင့် ကွမ့်ကျွင်း လက်ဖျားတွေ အေးလာသည်။ သူဋေးကိုပင် မကြည့်ရဲတော့ပဲ ခေါင်းသာငုံ့နေမိ၏။ အတွင်းရေးမှူးကတော့ ဘာမှမဖြစ်သလိုပင်။ ကြည့်ရတာ သူဋေးနဲ့ အတွင်းရေးမှူး၏ ဆက်ဆံရေးသည် ကွမ့်ကျွင်း ထင်သလို ဖြစ်နေနိုင်သည်။

ဘာလို့ဆို အခုလို စိတ်တိုနေသည့် ဘော့စ်အား ဘာမှမဖြစ်သလို မကြောက်ပဲ စကားရပ်ပြောနေနိုင်ကထဲက ကွမ့်ကျွင်း သိလိုက်ပြီ။

*ဘော့စ် လုပ်ချင်ရာလုပ်ပါ။ ဒီပရောဂျက်မှ ကျွန်တော်မှ မလုပ်ရရင် အလုပ်ထွက်ပါ့မယ်*

*ဟ..ဝမ်ရိပေါ်*

မထုံတတ်တေးဖြင့် ရပ်နေသည့် ဝမ်ရိပေါ် ပုံစံက ကိုင်ပေါက်ပစ်ချင်စရာ။ ရှောင်းကျန့် ဒေါသထွက်လွန်း၍ ဝမ်ရိပေါ်ကို အမှန်ပင် ကိုင်ပေါက်ပစ်ချင်နေပြီ။

*အေး ဟိုကောင်နဲ့ ထပ်ပြီး ပလူးပလဲ နေရင် မင်းငါ့အကြောင်း သိတယ်နော်။ ငါကြမ်းမှ မင်း ထပ်စိတ်မဆိုးနဲ့*

*အဟွတ်..အဟွတ်*

ရှောင်းကျန့်၏ စကားကြောင့် ကွမ့်ကျွင်းမှာ မျက်နှာကြီးရဲပြီး ချောင်းတွေသီးသည်မှာ မရပ်မနား။ ထိုအခါမှပင် နှစ်ယောက်လုံး ကွမ့်ကျွင်းရှိနေမှန်း သတိရတော့သည်။ အစက နှစ်ယောက်လုံး အနိုင်လုနေ၍ ကွမ့်ကျွင်းကို သတိမထားမိကြ။

ရိပေါ် မျက်နှာလေးက ရဲတွတ်သွားကာ မနေတတ်သလို ဖြစ်သွားလေ၏။ ကွမ့်ကျွင်းက သူတို့နှစ်ယောက် အခြေအနေကို သိသား၍ အနေရခက်သွားသည်ထင်။ ရှောင်းကျန့် နက်ခ်တိုင်ကို အသာဆွဲဖြည်ကာ

*ကွမ့်ကျွင်း မင်း ခနအပြင်ထွက်*

*ဟုတ်..ဟုတ်ကဲ့ပါ ဘော့စ်*

ကွမ့်ကျွင်းထွက်သွားသည်နှင့် ရှောင်းကျန့်သည် ရိပေါ်အနား ရောက်လာကာ ရိပေါ်၏ လက်နှစ်ဖက်လုံးကို ဆွဲယူပြီး နက်ခ်တိုင်ဖြင့် ချည်နှောင်ပစ်သည်။

*ဘာလုပ်တာလဲ ရှောင်းကျန့်။ ငါ့ကို လွှတ်ပေးစမ်း*

*အာ့*

ရိပေါ် အထိတ်တလန့်ရုန်းပေမယ့် ရှောင်းကျန့်က ဂရုမစိုက်ပေ။ ရိပေါ်၏ လက်အား ချည်နှောင်ပြီးသည်နှင့် အနောက်က စားပွဲတွင် ဝုန်းခနဲ မြည်အောင်ဆွဲကပ်ပစ်ကာ လက်တွေကို အပေါ်သို့ မြှောက်စေလိုက်ပြီး ရှောင်းကျန့်၏ လက်တစ်ဖက်သည် ရိပေါ်၏ ခါးအား ခပ်တင်းတင်း သိမ်းဖက်ပစ်သည်။

ပြီးနောက် နှုတ်ခမ်းချင်း ပူးကပ်ပစ်ပေမယ့် ရိပေါ်က ဘေးသို့ တိမ်းစောင်းပစ်လေသည်။ ရှောင်းကျန့် လက်တစ်ဖက်ကို အသုံးပြုကာ ရိပေါ်၏ မျက်နှာအား သူ့ဘက်အသာဆွဲလှည့်ကာ နှုတ်ခမ်းချင်း မထိတထိ ကပ်ထားလေ၏။

*ဟိုကောင်နဲ့ ရယ်မောပြီး တွဲမြင်ရရင် ငါ မင်းကို ဘာလုပ်မိမယ် မသိဘူးနော် ဝမ်ရိပေါ်*

ရိပေါ် မျက်ဝန်းတွေက စူးရဲသွားသည်။ ရှောင်းကျန့်သည် သူ့အား အထင်သေးလွန်းသည်။ ရှောင်းကျန့်အား ရွဲ့ချင်သည့် စိတ်က ရိပေါ်ထံ တိုးဝင်လာလေသည်။

*မင်းနဲ့ငါက ဘာမှမဆိုင်တော့ဘူး ရှောင်းကျန့်*

စကားပြောလိုက်တိုင်း ထိစပ်သွားသည့် နှုတ်ခမ်းတွေ။ ရိပေါ် ခပ်စစအပြုံးဖြင့် ကြည့်လိုက်သည်နှင့် ရှောင်းကျန့် မျက်ဝန်းတွေက သားရဲတစ်ကောင်အလား။

*ဟင့်..*

မထင်မှတ်ထားတာ လုပ်လိုက်၍ ရိပေါ်တစ်ကိုယ်လုံး ပျော့ခွေသွားမတတ်ပင်။ ရှောင်းကျန့်သည် ရိပေါ်၏ နှုတ်ခမ်းလေးအား လျှာဖြင့် သိမ်းလျက်လိုက်ခြင်းဖြစ်သည်။ တဖြတ်ဖြတ် ခတ်နေသည့် ရိပေါ်၏ မျက်ဝန်းတွေကို ရှောင်းကျန့်သေချာစိုက်ကြည့်ကာ

*ငါက မင်းနဲ့အတူအိပ်ထားတဲ့ကောင်နော်။ အဲ့တာမှမဆိုင်သေးဘူးဆိုရင်လဲ ငါ အခု ဆိုင်အောင် လုပ်လိုက်လို့ရသေးတယ်*

ရိပေါ်၏ ရင်ဘတ်က ကြယ်သီးတွေကို အသာဖြုတ်နေ၍ရိပေါ်ကြက်သီးထလာ၏။ အတွေးတွေကလဲ မနေ့တနေ့က အတိတ်ထဲ ပြန်ရောက်သွားသည်။ ဒီအခန်းထဲမှာပဲ ရှောင်းကျန့် သူ့ကို ရယူခဲ့တာ။

ရိပေါ် ရင်ဘတ်တွေနှင့် လည်တိုင်ကို တဖွဖွနမ်းနေသည့် ရှောင်းကျန့်ကြောင့် ရိပေါ် ချည်နှောင်ခံထားရသည့် လက်တွေဖြင့် ရှောင်းကျန့်ခန္ဓာကိုယ်ကြီးကို အသာတွန်းလိုက်သည်။ မော့ကြည့်လာသည့် ရှောင်းကျန့်၏ အပြုံးတွင် ခနဲ့တဲ့တဲ့ အပြုံးများ။

*မလုပ်နဲ့..ငါ တောင်းပန်ပါတယ်*

*အဲ့တာဆို လိမ်လိမ်မာမာနေ ဝမ်ရိပေါ်။ ငါက အရင်ကသာ ဆိုးတဲ့ကလေးတွေကိုချစ်တာ။ အခုတော့ လိမ္မာတဲ့ ကလေးတွေကိုပဲ ချစ်တော့တာ*

ရိပေါ်နားရွက်အနား ကပ်ကာ ပြောလာသည့် စကားသံအချို့။ ရိပေါ် ခေါင်းညိမ့်ပြလိုက်သည်။ တစ်ကယ်ပင် ရိပေါ် တစ်ခုခုပြောလိုက်လျှင် ဒီနေရာမှာပဲ တစ်ခုခုဖြစ်သွားနိုင်၏။ ရိပေါ် စိတ်ထဲမှာ ရှောင်းကျန့်ကို စွန့်လွှတ်လိုက်တာ မနေ့တစ်နေ့ထဲကမို့ သူ ဘာမှ ဆက်ပြောချင်စိတ်မရှိတော့။ သူ့ဘဝက ရှောင်းကျန့် လက်ထဲမှာ။

ရှောင်းကျန့်ဆီတွင် သူလက်မြောက်ဖို့ ကြိုးစားတိုင်း ရှောင်းကျန့်သည် ရိပေါ်အား သူ့အနားသို့ ပြန်ပြန်ခေါ်ထားတာ ဘာကြောင့်လဲဟု ရိပေါ်အော်မေးပစ်ချင်မိ၏။

____________________________

*ဒါ မနေ့က ကျွန်တော်အစမ်းပုံတူယူထားတာ ကိုကို*

ရိပေါ် ချွမ့်ဟွေးကို တစ်ကယ်ပင် ညီလေးလို ခံစားနေရလေပြီ။ စသိတာမှ နှစ်ရက်ထဲသာ ရှိသေးပေမယ့် ကိုကို ဆိုတာ ပါးစပ်ကမချပဲ လုပ်ရည်ကိုင်ရည်လဲ ရှိသည်။ပုံစံက ဂျစ်ကန်ကန်နိုင်ပေမယ့် တကယ်တော်တဲ့ ကလေးပဲ။

*အိုခေ ဒါဆို အကို ဒီပုံစံကို ခနယူကြည့်မယ်နော်*

ချွမ့်ဟွေးလက်ထဲက MacBookကို ရိပေါ် ယူလိုက်ကာ ထိုကောင်လေး လုပ်ထားသည့် ပုံစံကို ကြည့်လိုက်သည်။ လှသည်။ လှတာကိုမှ အတော်ပင်လှသည်။ ဒါက သူတို့နှစ်ယောက်ထဲ တော်လို့တော့မဟုတ်။ ဒီဖိုင်းဌာနဘက်ကလူတွေ၏ အစွမ်းအဆတွေလဲ ပါသေးသည်။

*အရမ်းမိုက်တယ် ချွမ့်ဟွေး*

ရိပေါ် တကယ်ပင် ချီးကျူးလိုက်မိသည်။ အခုက အပြင်ပန်းပုံစံပဲ ရှိသေးသည်မို့ အတွင်းပိုင်းက ကျန်သေးသည်။ ပြီးတော့ ဘားဂျက်နဲ့ လောက်အောင် လုပ်ရမည်မလား။

*ဒါနဲ့..*

ရိပေါ်ကို ကြည့်ရင်း စကားရပ်သွားသည့် ချွမ့်ဟွေးကြောင့် ရိပေါ် ဘာလဲဆိုသည့် သဘောဖြင့် မျက်ခုံးလေး ပင့်ပြလိုက်သည်။

ထိုအခါမှ ရိပေါ်ကို စုန်ဆန်ခတ် ကြည့်လာကာ

*မနေ့က ဘာလို့ ကိုကို အလုပ်မလာတာလဲ*

*အော်..အဲ့တာက ငါ နေမကောင်းလို့ပါ။ အခုက သက်သာသွားပြီ*

ချွမ့်ဟွေး စိတ်ပူမည်စိုး၍ ရိပေါ် တစ်ခါထဲ ဖြေရှင်းလိုက်သည်။ ရိပေါ်နဲ့ သိတာမကြာသေးပေမယ့် ရိပေါ်၏အပေါ်တွင် ဒီကောင်လေး တကယ်ခင်တွယ်မှန်း ရိပေါ် သိသည်။

*ဟုတ်..ဒါနဲ့ ဟိုတနေ့က နေ့လည်စာ အတူမစားရတော့ ဒီနေ့တော့ အတူစားမယ်မလား ကိုကို*

မျက်လုံးရွှဲကြီးတွေဖြင့် ကြည့်ကာ တောင်းဆိုလာသည့် ချွမ့်ဟွေးကြောင့် ရိပေါ် သဘောတကျပင် ရယ်မိလိုက်၏။ ရှောင်းကျန့်နဲ့ စိတ်ညစ်လာသမျှသည် ဒီကောင်လေးကြောင့် အနည်းငယ် ပြေပျောက်သွားရ၏။

*ငါက နေ့လည်စာ အိမ်ပြန်စားမှာ။ မင်းနဲ့ အတူမစားဘူး*

*ကိုကိုကဗျာ..လုပ်ပြန်ပြီ*

နှုတ်ခမ်းကြီးစူကာ ငိုမလိုပြောလာသည့် ချွမ့်ဟွေးကြောင့် ရိပေါ် အသံတွေ ထွက်သည်အထိပင် ရယ်ပစ်သည်။ ချွမ့်ဟွေး၏ ကြီးမားသော ခန္ဓာကိုယ်နှင့် ရှည်လျားမြင့်မားသော အရပ်ကြီးကိုမှ အားမနာ ရိပေါ်ကို ချွဲနေပုံမှာ မျက်လုံးထဲမှာ ကိုးလိုးကန့်လန့်ဖြစ်ပြီး ရယ်ချင်စရာအတိပင်။

ရိပေါ် သဘောတကျရယ်လိုက်ရ၍ မျက်ဝန်းမှမျက်ရည်စတွေပင် ထွက်လာသည်အထိ။ ရိပေါ်စိတ်ထဲ တွေးလိုက်မိသည်ကလဲ ချွမ့်ဟွေးလို ညီလေးတစ်ယောက်သာ ရှိရင် ရိပေါ်ဘဝက ပျင်းစရာ ကောင်းမည်မဟုတ်။

*စတာ..စတာ။ မင်းနဲ့ပဲ အတူစားမယ် ဟုတ်ပြီလား*

*အား အဲ့တာမို့ ကိုကို့ကို ချစ်နေရတာဗျ*

ရိပေါ်ကို သိုင်းဖက်ကာ ပြောလာသည့် ချွမ့်ဟွေးကြောင့် ရိပေါ် ရယ်ရင်းပင် ချွမ့်ဟွေးခေါင်းလေးကို ပွတ်သပ်လိုက်သည်။

*အေးပါ အေးပါ မင်းပဲချွဲ*

ရိပေါ်တို့ကို အပြင်ကနေ ရပ်ကြည့်နေသည့် ရှောင်းကျန့်မှာ လည်ပင်းကြောကြီးတွေ‌ထောင်ပြီး လက်သီးဆုပ်ထားသည်မှာ ကျစ်နေသည်။ ကွမ့်ကျွင်း ဘော့စ်နဲ့ တရုတ်ကိုလိုက်လာမိတာ အခါခါမှားမှန်း ခုမှပင် နောင်တရတော့သည်။

*ဘော့စ် ဂျ..ဂျပန်က ဧည့်သည်တွေနဲ့ တွေ့ဖို့ အချိန်နီးနေပါပြီ*

ကွမ့်ကျွင်း ကြောက်ကြောက်လန့်လန့်နဲ့ ပြောလိုက်သည်။ ဖြတ်ခနဲ ကြည့်လာသည့် အကြည့်တွေက လူသတ်ချင်နေမှန်း သိသာနေသည်။

*အခုချိန်က အဲ့ကိစ္စက စောက်ရမ်းအရေးကြီးတယ်လို့ မင်းထင်နေတာလား ဟမ်..!*

*မ..မဟုတ်ပါဘူး ဘော့စ်*

ဘာမှမဆိုင်ပဲ ကွမ့်ကျွင်းမှာ မျက်နှာတည်ကြီးဖြင့် အော်ခံလိုက်ရ၍ ‌ဒူးတွေပင် တုန်လာသည်။ အရေးကြီးလားတဲ့။ အရေးကြီးတာပေါ့ ဘော့စ်ရယ်ဟု ထပ်ထွက်လျှင် အခုအလွှာကနေ အောက်ကို ပစ်ချခံရနိုင်ချေရှိနေသည်။

*ဒီပရောဂျက်ကို ငါ Cancelလုပ်ချင်နေပြီ။ ဝမ်ရိပေါ် ...!ဝမ်ရိပေါ်..!*

အတွင်းရေးမှူး နာမည်ကို ခေါ်ကာ ဒေါသထွက်နေသည့် ဘော့စ်ကြောင့် ကွမ့်ကျွင်း အထဲကို လှမ်းကြည့်လိုက်တော့ ဝမ်ရိပေါ် လည်တိုင်ကို သိုင်းဖက်ထားသည့် Shou group၏ သားပင်။

ကြည့်ရတာ ဘော့စ် သဝန်တိုနေတာထင်သည်။ ဘော့စ်နဲ့ဝမ်ရိပေါ်က တစ်ယောက်နဲ့တစ်ယောက် သဘောကျနေပေမယ့် ဖွင့်ပြောကြပုံမရ။ ကွမ့်ကျွင်း စိတ်ထဲကနေ တိတ်တိတ်လေး ပြောလိုက်သည်။

ချစ်ရင် ဖွင့်ပြောလိုက်လေ ဘော့စ် ဆိုပြီး။

______________ဆက်ရန်____________










*ဒီပေရာဂ်က္ကို ကြမ့္ကၽြင္း မင္း တာဝန္ယူလိုက္*

တိတ္ဆိတ္ေနသည့္ ေရွာင္းက်န႔္၏႐ုံးခန္းအတြင္း တိက်ျပတ္သားသည့္ ေရွာင္းက်န႔္ အသံက ထြက္လာေလသည္။ ကြမ့္ကၽြင္းေဘာ့စ္ကို ၾကည့္လိုက္ကာ

*ဟုတ္ကဲ့ပါ ေဘာ့စ္*

*မရဘူး*

ဝမ္ရိေပၚဆီမွ ထြက္ေပၚလာေသာ စကားသံေၾကာင့္ ကြမ့္ကၽြင္း လန႔္ပင္ လန႔္သြားသည္။ ဒါ သူေဋးကို ေျပာသည့္ အတြင္းေရးမွူး၏ ေလသံတဲ့။ ကြမ့္ကၽြင္း ေဘာ့စ္ကို ၾကည့္လိုက္ေတာ့ မ်က္ေမွာင္ႀကီး စုၾကဳံ႕ထားေလသည္။

*ဒီပေရာဂ်က္က ကၽြန္ေတာ္တာဝန္ယူထားတာမလို႔ ကၽြန္ေတာ္ပဲ လက္စသတ္ပါရေစ ေဘာ့စ္*

*မရဘူး*

ဒီတစ္ခါက ေဘာ့စ္၏ ေအာ္သံပင္။ ကြမ့္ကၽြင္းကေတာ့ မူမမွန္သည့္ အေျခအေနေၾကာင့္ ဖာသိဖာသာပဲ ေနေနသည္။ ေတာ္ၾကာ ပဲေလွာ္ၾကား ဆားညႇပ္ေနမွျဖင့္။

*ကၽြန္ေတာ္ ဒီပေရာဂ်က္ကို ဘာ္သူ႔ကိုမွ လႊဲမေပးခ်င္ဘူး ေဘာ့စ္။ အဲ့တာမို႔ ကၽြန္ေတာ္ပဲ ဆက္လုပ္ပါရေစ*

*မရဘူးဆို မရဘူးကြာ။ ငါ မင္း ေဘာ့စ္ေနာ္*

အေျခအေနက ျပင္းထန္လာ၍ ကြမ့္ကၽြင္း သူေဋးကိုတစ္လွည့္ ဝမ္ရိေပၚကို တစ္လွည့္ၾကည့္လိုက္သည္။ ဒီေလာက္စိတ္တိုေနသည့္ သူေဋးကို ဂ႐ုမစိုက္ပဲ လုပ္ခ်င္တာကိုသာ ေျပာေနသည့္ ရိေပၚကိုလဲ စိတ္ထဲက ခ်ီးက်ဴးလိုက္၏။

ေဘာ့စ္ကလဲ စိတ္တိုေနမွန္း သိသာစြာ လည္ေစ့က အေပၚေအာက္ လွုပ္ရွားေနၿပီ အတြင္းေရးမွူးကို ၾကည့္ေနသည္မွာ ျပာက်မတတ္ပင္။ ထိုအၾကည့္ေတြကို မျမင္ေယာင္ေဆာင္ေနသည့္ အတြင္းေရးမွူးက အာဂသတၱိပင္။

*ဒါဆို အလုပ္ထြက္ပါရေစ*

*ဘာကြ..!*

ဝုန္းခနဲ စားပြဲကို ထုကာ ေအာ္လာသည့္ သူေဋးေၾကာင့္ ကြမ့္ကၽြင္း လက္ဖ်ားေတြ ေအးလာသည္။ သူေဋးကိုပင္ မၾကည့္ရဲေတာ့ပဲ ေခါင္းသာငုံ႔ေနမိ၏။ အတြင္းေရးမွူးကေတာ့ ဘာမွမျဖစ္သလိုပင္။ ၾကည့္ရတာ သူေဋးနဲ႔ အတြင္းေရးမွူး၏ ဆက္ဆံေရးသည္ ကြမ့္ကၽြင္း ထင္သလို ျဖစ္ေနနိုင္သည္။

ဘာလို႔ဆို အခုလို စိတ္တိုေနသည့္ ေဘာ့စ္အား ဘာမွမျဖစ္သလို မေၾကာက္ပဲ စကားရပ္ေျပာေနနိုင္ကထဲက ကြမ့္ကၽြင္း သိလိုက္ၿပီ။

*ေဘာ့စ္ လုပ္ခ်င္ရာလုပ္ပါ။ ဒီပေရာဂ်က္မွ ကၽြန္ေတာ္မွ မလုပ္ရရင္ အလုပ္ထြက္ပါ့မယ္*

*ဟ..ဝမ္ရိေပၚ*

မထုံတတ္ေတးျဖင့္ ရပ္ေနသည့္ ဝမ္ရိေပၚ ပုံစံက ကိုင္ေပါက္ပစ္ခ်င္စရာ။ ေရွာင္းက်န႔္ ေဒါသထြက္လြန္း၍ ဝမ္ရိေပၚကို အမွန္ပင္ ကိုင္ေပါက္ပစ္ခ်င္ေနၿပီ။

*ေအး ဟိုေကာင္နဲ႔ ထပ္ၿပီး ပလူးပလဲ ေနရင္ မင္းငါ့အေၾကာင္း သိတယ္ေနာ္။ ငါၾကမ္းမွ မင္း ထပ္စိတ္မဆိုးနဲ႔*

*အဟြတ္..အဟြတ္*

ေရွာင္းက်န႔္၏ စကားေၾကာင့္ ကြမ့္ကၽြင္းမွာ မ်က္ႏွာႀကီးရဲၿပီး ေခ်ာင္းေတြသီးသည္မွာ မရပ္မနား။ ထိုအခါမွပင္ ႏွစ္ေယာက္လုံး ကြမ့္ကၽြင္းရွိေနမွန္း သတိရေတာ့သည္။ အစက ႏွစ္ေယာက္လုံး အနိုင္လုေန၍ ကြမ့္ကၽြင္းကို သတိမထားမိၾက။

ရိေပၚ မ်က္ႏွာေလးက ရဲတြတ္သြားကာ မေနတတ္သလို ျဖစ္သြားေလ၏။ ကြမ့္ကၽြင္းက သူတို႔ႏွစ္ေယာက္ အေျခအေနကို သိသား၍ အေနရခက္သြားသည္ထင္။ ေရွာင္းက်န႔္ နက္ခ္တိုင္ကို အသာဆြဲျဖည္ကာ

*ကြမ့္ကၽြင္း မင္း ခနအျပင္ထြက္*

*ဟုတ္..ဟုတ္ကဲ့ပါ ေဘာ့စ္*

ကြမ့္ကၽြင္းထြက္သြားသည္ႏွင့္ ေရွာင္းက်န႔္သည္ ရိေပၚအနား ေရာက္လာကာ ရိေပၚ၏ လက္ႏွစ္ဖက္လုံးကို ဆြဲယူၿပီး နက္ခ္တိုင္ျဖင့္ ခ်ည္ေႏွာင္ပစ္သည္။

*ဘာလုပ္တာလဲ ေရွာင္းက်န႔္။ ငါ့ကို လႊတ္ေပးစမ္း*

*အာ့*

ရိေပၚ အထိတ္တလန႔္႐ုန္းေပမယ့္ ေရွာင္းက်န႔္က ဂ႐ုမစိုက္ေပ။ ရိေပၚ၏ လက္အား ခ်ည္ေႏွာင္ၿပီးသည္ႏွင့္ အေနာက္က စားပြဲတြင္ ဝုန္းခနဲ ျမည္ေအာင္ဆြဲကပ္ပစ္ကာ လက္ေတြကို အေပၚသို႔ ေျမႇာက္ေစလိုက္ၿပီး ေရွာင္းက်န႔္၏ လက္တစ္ဖက္သည္ ရိေပၚ၏ ခါးအား ခပ္တင္းတင္း သိမ္းဖက္ပစ္သည္။

ၿပီးေနာက္ ႏွုတ္ခမ္းခ်င္း ပူးကပ္ပစ္ေပမယ့္ ရိေပၚက ေဘးသို႔ တိမ္းေစာင္းပစ္ေလသည္။ ေရွာင္းက်န႔္ လက္တစ္ဖက္ကို အသုံးျပဳကာ ရိေပၚ၏ မ်က္ႏွာအား သူ႔ဘက္အသာဆြဲလွည့္ကာ ႏွုတ္ခမ္းခ်င္း မထိတထိ ကပ္ထားေလ၏။

*ဟိုေကာင္နဲ႔ ရယ္ေမာၿပီး တြဲျမင္ရရင္ ငါ မင္းကို ဘာလုပ္မိမယ္ မသိဘူးေနာ္ ဝမ္ရိေပၚ*

ရိေပၚ မ်က္ဝန္းေတြက စူးရဲသြားသည္။ ေရွာင္းက်န႔္သည္ သူ႔အား အထင္ေသးလြန္းသည္။ ေရွာင္းက်န႔္အား ရြဲ႕ခ်င္သည့္ စိတ္က ရိေပၚထံ တိုးဝင္လာေလသည္။

*မင္းနဲ႔ငါက ဘာမွမဆိုင္ေတာ့ဘူး ေရွာင္းက်န႔္*

စကားေျပာလိုက္တိုင္း ထိစပ္သြားသည့္ ႏွုတ္ခမ္းေတြ။ ရိေပၚ ခပ္စစအျပဳံးျဖင့္ ၾကည့္လိုက္သည္ႏွင့္ ေရွာင္းက်န႔္ မ်က္ဝန္းေတြက သားရဲတစ္ေကာင္အလား။

*ဟင့္..*

မထင္မွတ္ထားတာ လုပ္လိုက္၍ ရိေပၚတစ္ကိုယ္လုံး ေပ်ာ့ေခြသြားမတတ္ပင္။ ေရွာင္းက်န႔္သည္ ရိေပၚ၏ ႏွုတ္ခမ္းေလးအား လၽွာျဖင့္ သိမ္းလ်က္လိုက္ျခင္းျဖစ္သည္။ တျဖတ္ျဖတ္ ခတ္ေနသည့္ ရိေပၚ၏ မ်က္ဝန္းေတြကို ေရွာင္းက်န႔္ေသခ်ာစိုက္ၾကည့္ကာ

*ငါက မင္းနဲ႔အတူအိပ္ထားတဲ့ေကာင္ေနာ္။ အဲ့တာမွမဆိုင္ေသးဘူးဆိုရင္လဲ ငါ အခု ဆိုင္ေအာင္ လုပ္လိုက္လို႔ရေသးတယ္*

ရိေပၚ၏ ရင္ဘတ္က ၾကယ္သီးေတြကို အသာျဖဳတ္ေန၍ရိေပၚၾကက္သီးထလာ၏။ အေတြးေတြကလဲ မေန႔တေန႔က အတိတ္ထဲ ျပန္ေရာက္သြားသည္။ ဒီအခန္းထဲမွာပဲ ေရွာင္းက်န႔္ သူ႔ကို ရယူခဲ့တာ။

ရိေပၚ ရင္ဘတ္ေတြႏွင့္ လည္တိုင္ကို တဖြဖြနမ္းေနသည့္ ေရွာင္းက်န႔္ေၾကာင့္ ရိေပၚ ခ်ည္ေႏွာင္ခံထားရသည့္ လက္ေတြျဖင့္ ေရွာင္းက်န႔္ခႏၶာကိုယ္ႀကီးကို အသာတြန္းလိုက္သည္။ ေမာ့ၾကည့္လာသည့္ ေရွာင္းက်န႔္၏ အျပဳံးတြင္ ခနဲ႔တဲ့တဲ့ အျပဳံးမ်ား။

*မလုပ္နဲ႔..ငါ ေတာင္းပန္ပါတယ္*

*အဲ့တာဆို လိမ္လိမ္မာမာေန ဝမ္ရိေပၚ။ ငါက အရင္ကသာ ဆိုးတဲ့ကေလးေတြကိုခ်စ္တာ။ အခုေတာ့ လိမၼာတဲ့ ကေလးေတြကိုပဲ ခ်စ္ေတာ့တာ*

ရိေပၚနားရြက္အနား ကပ္ကာ ေျပာလာသည့္ စကားသံအခ်ိဳ႕။ ရိေပၚ ေခါင္းညိမ့္ျပလိုက္သည္။ တစ္ကယ္ပင္ ရိေပၚ တစ္ခုခုေျပာလိုက္လၽွင္ ဒီေနရာမွာပဲ တစ္ခုခုျဖစ္သြားနိုင္၏။ ရိေပၚ စိတ္ထဲမွာ ေရွာင္းက်န႔္ကို စြန႔္လႊတ္လိုက္တာ မေန႔တစ္ေန႔ထဲကမို႔ သူ ဘာမွ ဆက္ေျပာခ်င္စိတ္မရွိေတာ့။ သူ႔ဘဝက ေရွာင္းက်န႔္ လက္ထဲမွာ။

ေရွာင္းက်န႔္ဆီတြင္ သူလက္ေျမာက္ဖို႔ ႀကိဳးစားတိုင္း ေရွာင္းက်န႔္သည္ ရိေပၚအား သူ႔အနားသို႔ ျပန္ျပန္ေခၚထားတာ ဘာေၾကာင့္လဲဟု ရိေပၚေအာ္ေမးပစ္ခ်င္မိ၏။

____________________________

*ဒါ မေန႔က ကၽြန္ေတာ္အစမ္းပုံတူယူထားတာ ကိုကို*

ရိေပၚ ခၽြမ့္ေဟြးကို တစ္ကယ္ပင္ ညီေလးလို ခံစားေနရေလၿပီ။ စသိတာမွ ႏွစ္ရက္ထဲသာ ရွိေသးေပမယ့္ ကိုကို ဆိုတာ ပါးစပ္ကမခ်ပဲ လုပ္ရည္ကိုင္ရည္လဲ ရွိသည္။ပုံစံက ဂ်စ္ကန္ကန္နိုင္ေပမယ့္ တကယ္ေတာ္တဲ့ ကေလးပဲ။

*အိုေခ ဒါဆို အကို ဒီပုံစံကို ခနယူၾကည့္မယ္ေနာ္*

ခၽြမ့္ေဟြးလက္ထဲက MacBookကို ရိေပၚ ယူလိုက္ကာ ထိုေကာင္ေလး လုပ္ထားသည့္ ပုံစံကို ၾကည့္လိုက္သည္။ လွသည္။ လွတာကိုမွ အေတာ္ပင္လွသည္။ ဒါက သူတို႔ႏွစ္ေယာက္ထဲ ေတာ္လို႔ေတာ့မဟုတ္။ ဒီဖိုင္းဌာနဘက္ကလူေတြ၏ အစြမ္းအဆေတြလဲ ပါေသးသည္။

*အရမ္းမိုက္တယ္ ခၽြမ့္ေဟြး*

ရိေပၚ တကယ္ပင္ ခ်ီးက်ဴးလိုက္မိသည္။ အခုက အျပင္ပန္းပုံစံပဲ ရွိေသးသည္မို႔ အတြင္းပိုင္းက က်န္ေသးသည္။ ၿပီးေတာ့ ဘားဂ်က္နဲ႔ ေလာက္ေအာင္ လုပ္ရမည္မလား။

*ဒါနဲ႔..*

ရိေပၚကို ၾကည့္ရင္း စကားရပ္သြားသည့္ ခၽြမ့္ေဟြးေၾကာင့္ ရိေပၚ ဘာလဲဆိုသည့္ သေဘာျဖင့္ မ်က္ခုံးေလး ပင့္ျပလိုက္သည္။

ထိုအခါမွ ရိေပၚကို စုန္ဆန္ခတ္ ၾကည့္လာကာ

*မေန႔က ဘာလို႔ ကိုကို အလုပ္မလာတာလဲ*

*ေအာ္..အဲ့တာက ငါ ေနမေကာင္းလို႔ပါ။ အခုက သက္သာသြားၿပီ*

ခၽြမ့္ေဟြး စိတ္ပူမည္စိုး၍ ရိေပၚ တစ္ခါထဲ ေျဖရွင္းလိုက္သည္။ ရိေပၚနဲ႔ သိတာမၾကာေသးေပမယ့္ ရိေပၚ၏အေပၚတြင္ ဒီေကာင္ေလး တကယ္ခင္တြယ္မွန္း ရိေပၚ သိသည္။

*ဟုတ္..ဒါနဲ႔ ဟိုတေန႔က ေန႔လည္စာ အတူမစားရေတာ့ ဒီေန႔ေတာ့ အတူစားမယ္မလား ကိုကို*

မ်က္လုံးရႊဲႀကီးေတြျဖင့္ ၾကည့္ကာ ေတာင္းဆိုလာသည့္ ခၽြမ့္ေဟြးေၾကာင့္ ရိေပၚ သေဘာတက်ပင္ ရယ္မိလိုက္၏။ ေရွာင္းက်န႔္နဲ႔ စိတ္ညစ္လာသမၽွသည္ ဒီေကာင္ေလးေၾကာင့္ အနည္းငယ္ ေျပေပ်ာက္သြားရ၏။

*ငါက ေန႔လည္စာ အိမ္ျပန္စားမွာ။ မင္းနဲ႔ အတူမစားဘူး*

*ကိုကိုကဗ်ာ..လုပ္ျပန္ၿပီ*

ႏွုတ္ခမ္းႀကီးစူကာ ငိုမလိုေျပာလာသည့္ ခၽြမ့္ေဟြးေၾကာင့္ ရိေပၚ အသံေတြ ထြက္သည္အထိပင္ ရယ္ပစ္သည္။ ခၽြမ့္ေဟြး၏ ႀကီးမားေသာ ခႏၶာကိုယ္ႏွင့္ ရွည္လ်ားျမင့္မားေသာ အရပ္ႀကီးကိုမွ အားမနာ ရိေပၚကို ခၽြဲေနပုံမွာ မ်က္လုံးထဲမွာ ကိုးလိုးကန္႔လန႔္ျဖစ္ၿပီး ရယ္ခ်င္စရာအတိပင္။

ရိေပၚ သေဘာတက်ရယ္လိုက္ရ၍ မ်က္ဝန္းမွမ်က္ရည္စေတြပင္ ထြက္လာသည္အထိ။ ရိေပၚစိတ္ထဲ ေတြးလိုက္မိသည္ကလဲ ခၽြမ့္ေဟြးလို ညီေလးတစ္ေယာက္သာ ရွိရင္ ရိေပၚဘဝက ပ်င္းစရာ ေကာင္းမည္မဟုတ္။

*စတာ..စတာ။ မင္းနဲ႔ပဲ အတူစားမယ္ ဟုတ္ၿပီလား*

*အား အဲ့တာမို႔ ကိုကို႔ကို ခ်စ္ေနရတာဗ်*

ရိေပၚကို သိုင္းဖက္ကာ ေျပာလာသည့္ ခၽြမ့္ေဟြးေၾကာင့္ ရိေပၚ ရယ္ရင္းပင္ ခၽြမ့္ေဟြးေခါင္းေလးကို ပြတ္သပ္လိုက္သည္။

*ေအးပါ ေအးပါ မင္းပဲခၽြဲ*

ရိေပၚတို႔ကို အျပင္ကေန ရပ္ၾကည့္ေနသည့္ ေရွာင္းက်န႔္မွာ လည္ပင္းေၾကာႀကီးေတြ‌ေထာင္ၿပီး လက္သီးဆုပ္ထားသည္မွာ က်စ္ေနသည္။ ကြမ့္ကၽြင္း ေဘာ့စ္နဲ႔ တ႐ုတ္ကိုလိုက္လာမိတာ အခါခါမွားမွန္း ခုမွပင္ ေနာင္တရေတာ့သည္။

*ေဘာ့စ္ ဂ်..ဂ်ပန္က ဧည့္သည္ေတြနဲ႔ ေတြ႕ဖို႔ အခ်ိန္နီးေနပါၿပီ*

ကြမ့္ကၽြင္း ေၾကာက္ေၾကာက္လန႔္လန႔္နဲ႔ ေျပာလိုက္သည္။ ျဖတ္ခနဲ ၾကည့္လာသည့္ အၾကည့္ေတြက လူသတ္ခ်င္ေနမွန္း သိသာေနသည္။

*အခုခ်ိန္က အဲ့ကိစၥက ေစာက္ရမ္းအေရးႀကီးတယ္လို႔ မင္းထင္ေနတာလား ဟမ္..!*

*မ..မဟုတ္ပါဘူး ေဘာ့စ္*

ဘာမွမဆိုင္ပဲ ကြမ့္ကၽြင္းမွာ မ်က္ႏွာတည္ႀကီးျဖင့္ ေအာ္ခံလိုက္ရ၍ ‌ဒူးေတြပင္ တုန္လာသည္။ အေရးႀကီးလားတဲ့။ အေရးႀကီးတာေပါ့ ေဘာ့စ္ရယ္ဟု ထပ္ထြက္လၽွင္ အခုအလႊာကေန ေအာက္ကို ပစ္ခ်ခံရနိုင္ေခ်ရွိေနသည္။

*ဒီပေရာဂ်က္ကို ငါ Cancelလုပ္ခ်င္ေနၿပီ။ ဝမ္ရိေပၚ ...!ဝမ္ရိေပၚ..!*

အတြင္းေရးမွူး နာမည္ကို ေခၚကာ ေဒါသထြက္ေနသည့္ ေဘာ့စ္ေၾကာင့္ ကြမ့္ကၽြင္း အထဲကို လွမ္းၾကည့္လိုက္ေတာ့ ဝမ္ရိေပၚ လည္တိုင္ကို သိုင္းဖက္ထားသည့္ Shou group၏ သားပင္။

ၾကည့္ရတာ ေဘာ့စ္ သဝန္တိုေနတာထင္သည္။ ေဘာ့စ္နဲ႔ဝမ္ရိေပၚက တစ္ေယာက္နဲ႔တစ္ေယာက္ သေဘာက်ေနေပမယ့္ ဖြင့္ေျပာၾကပုံမရ။ ကြမ့္ကၽြင္း စိတ္ထဲကေန တိတ္တိတ္ေလး ေျပာလိုက္သည္။

ခ်စ္ရင္ ဖြင့္ေျပာလိုက္ေလ ေဘာ့စ္ ဆိုၿပီး။

______________ဆက္ရန္____________










Continue Reading

You'll Also Like

4.3K 135 15
A homeless girl comes across a tomb in a cemetery belonging to a man she'd never heard of before? He asked to take her home to him and she goes, but...
2.9K 134 39
English version from Original story "Wedding Dress" Don't forget to follow me :) Indonesia Ver. Start : 20 July 2017 End : 31 January 2018 English Ve...
34.2K 2.6K 21
Хэний ч үл хүрэм дархан цаазат түүний хүн
31.3K 377 4
❛ he set fire to the world around him but 𝒏𝒆𝒗𝒆𝒓 let a flame touch her. ❜