A letter to A boy who is not...

By ThomasFionaMo

64.1K 4.3K 230

စာတစ်စောင်ရောက်တယ်တဲ့။ ယောကျ်ားလေးတွေချည်းနေတဲ့အိမ်ကို ကောင်လေးမဟုတ်တဲ့ ကောင်လေးဆိုတဲ့နာမည်နဲ့။ " ...... " စာ... More

part 1(unicode)
Part 2(Unicode )
Part 3(unicode) 18+
Part 4(Unicode )
Part 5(Unicode )
part 6(Unicode )
Part 7(Unicode)
Part 8(Unicode)
Part 9(unicode)
Part 10(Unicode )
Part 11(Unicode )
Part 12(Unicode )
part 13(Unicode )
Part 14(Unicode )
Part -15(Unicode )
A letter to A boy who is not a boy
Part 16(Unicode )
Part 17(Unicode )
Part 18(unicode)
Part 19(unicode )
Part 20(Unicode )
Final (unicode )
Extra(Unicode )
part 1(zawgyi)
part 2(zawgyi)
Part3(zawgyi)18+
Part 4 (zawgyi)
Part 5(Zawgyi)
Part 6(zawgyi)
Part 7(Zawgyi)
part 8(zawgyi)
part 9(zawgyi)
part 10(zawgyi)
Part 11(Zawgyi )
Part 12(zawgyicode )
Part 14(Zawgyi )
Part 15(Zawgyi )
Part16(Zawgyi )
Part -17(Zawgyi )
Part 18(Zawgyi )
Part19(Zawgyi )
Part20(Zawgyi )
Final(Zawgyi )
Extra (zawgyi )

part 13(Zawgyi )

303 33 3
By ThomasFionaMo

အချိန်တွေကြာလာတာနဲ့အမျှ အာကာမင်းထက်နဲ့ ယုယမေတို့ မောင်နှမအရင်းတွေသဖွယ် သံယောဇဉ် တွယ်လာကြသည်။
အိမ်ထဲက အပြင်မထွက်သော အာကာနှင့် အိမ်မကပ်သော ယုယ တို့သည်
အပေးအယူတည့်ကာ အဆင်ပြေလွန်းခဲ့သည်။

လူတစ်စုက နေ့စဉ် သတင်းစာထဲ လူပျောက်ထည့်နေတာကလွဲရင်၊
လူတစ်စုကို သိပ်သတိရတာကလွဲရင်၊
တစ်ယောက်သောသူကိုသိပ်လွမ်းမိတာကလွဲရင်
ယုယမေသည် တက်နိုင်သမျှ အာကာအား ပျော်ရွှင်စေဖို့
ကူညီပေးခဲ့ပါသည်။

" မသွားချင်ပါဘူးညီမလေးရယ်"

" အဲ့လိုပဲ တစ်သက်လုံးအိမ်ထဲမှာပဲ နေနေလို့မှ မရတာ။
အခုဟာက ဘယ်မှလည်းမဟုတ်ဘူး။
ဒီရက်ကွက်နားလေးတင် မုန့်သွားစားရုံပဲကို။
လုပ်ပါ ကိုကိုရယ် ရင်ဆိုင်လိုက်စမ်းပါ။
ကိုကိုက သတ္တိရှိပါတယ်"

အမြဲတမ်း အိမ်ထဲ ပုန်းနေလို့ ယုယက အပြင်ထွက် ရန်ခေါ်ခြင်းပါ။
သို့ပေမဲ့ အာကာ အပြင်ထွက်ရန် အဆင်သင့်မဖြစ်သေး။
ယုယစီစဉ်ပေးသော နေကာမျက်မှန် ရယ်၊ လျှာထိုးဦးထုတ်ရယ်၊ ဟူဒီအပြာရောင်လေးနဲ့ ခေတ်လူငယ်တွေလို အသွင်ဖြစ်စေရန် ဝတ်ဆင်လိုက်ပြီး
ဒီရောက်ထဲက ပထမဆုံး အပြင်ထွက်ဖို့ ဖြစ်လာခဲ့သည်။

"ဘယ်သူမှမတွေ့ပါဘူး"

ကံဆိုသည်မှာလည်း အဆန်းသားမဟုတ်ပေဘူးလား။
တိုက်အောက်ဆင်းသည်နှင့်တပြိုင်နက်
ယုယကို တစိမ်းအမျိုးသားနှင့်တွေ့လိုက်သည်မို့
ထူးဆန်းသော အကြည့်နဲ့ ကြည့်နေကြသော လူတွေရဲ့မျက်ဝန်းများကို ဦးစွာရှောင်ရတော့သည်။

တစ်ယောက်ယောက်ကများ တွေ့သွားခဲ့ရင် ဟုသော အသိက
ခေါင်းထဲကိုစောင့်ဝင်လာသည်။

ဒီလို ရပ်ကွက် လေးထဲက
ပီဇာ ဆိုင်လေးထဲဝင်ပြီး မောင်နှမနှစ်ယောက် ပီဇာစားဖို့လုပ်သည်။

" ဒီမှာ ခဏစောင့်နေနော်
ညီမလေး သန့်စင်ခန်းခဏသွားမယ်"

ခေါင်းညိတ် ပြလိုက်တော့ ပေါ့ပါးစွာပဲ ထပြေးသွားသည့်ယုယမေသည်
ဆေးလိပ်သောက်ရန်ဖြစ်ကြောင်း အာကာရိပ်မိလိုက်ပြီ။

ထိုင်နေရင်းနဲ့ မှာထားတာတွေ ရောက်မလာသေးတာမို့
အာကာ လည်း ထကာ ရေသွားမှာမည်အလုပ်

" အိုး.."

လူတစ်ယောက်က ပြေးလာပြီး အာကာနဲ့ တည့်တိုးဝင်တိုက်လိုက်သည်။

"တောင်းပန်ပါတယ် ခင်မျ ။ ကျွန်တော့်အသိနဲ့တွေ့ လိုက်လို့ လောသွားလို့ပါ"

မိန်းကလေး အသံလေးနဲ့ အဲ့လူငယ်လေးက ပုပုသေးသေးလေး။
ထိုအသံလေးအား အာကာမှတ်မိနေပြီ။
ခေါင်းမော့မကြည့်ရဲပဲ အောက်စိုက်ထားရင်းခေါင်းရမ်းပြလိုက်မိသည်။

"ဘာမှမဖြစ်ဘူးဆိုရင် "

သူ့ကို လက်ကာပြလိုက်သည်။
သူဘာတွေလောနေတာလည်း မသိပေမယ့် ခုချိန်ထိ အာကာကို မမှတ်မိသေးတာကြောင့်
ကျေးဇူး တင်ရမည်။

အနားကနေ သူပြေးထွက်သွားမှ မရဲတရဲလေး မော့ကြည့်မိသည်။

"ဟူး.. တော်ပါသေးရဲ့ အမလေး"

စူးရှ မရှိတော့တာသေချာမှ ခေါင်းမော့ပြီး အသက်ဝဝရှူမည်အလုပ်
အာကာရှေ့တည့်တည့် လာရပ်နေသော လူတစ်ယောက်။

"ညီ.."

လင်းလတ်ထက်သာ။

"ဘယ်လောက် အပုန်းကောင်းနေပါစေ အဆုံးသတ်မှာ
ထွက်လာရတာပဲ မဟုတ်လား။
အဲ့လောက်အကြာကြီး သိပ်ကိုမှ သာယာနေတယ်ပေါ့
ဟုတ်လား အဲ့မိန်းမနဲ့လေ"

"မ. မဟုတ်"

"လာခင်များပြန်လိုက်ခဲ့ နောက်မှ အပြစ်ပေးရမယ်"

သန့်စင်ခန်းသွားသော ယုယမေ ပြန်လာလို့
သူ့ကိုမတွေ့ရင် စိတ်ပူနေမှာ သိသည်။
ဒါပေမယ့် လည်း
တဇွတ်ထိုးဆန်သော လင်းလတ်မဟုတ်ပါလား။

သူများဆိုင်ထဲမှာလည်းဖြစ်တာမို့ ရုန်းရင်းဆန်ခတ် တွေမဖြစ်လို။

...............

စူးရှ အမွှာအကိုဖြစ်သူကို ထိုရက်ကွက်ထဲ အတင်းဆွဲခေါ်လာခြင်းးမှာ
အကြောင်းရှိသည်။

အိမ်အတိအကျမသိပေမယ့်
သင်္ကြန် မှာ တုန်းက ယုယမေကို လာကြိုခဲ့ဖူးသည်မို့။

အကြောင်းပြချက် လုံလုံလောက်လောက်မရှိပေမယ့်
သူမကို နောက်ဆုံးတွေ့ခဲ့တုန်းက သူနေမကောင်းဖြစ်နေခဲ့တာလေ။

နည်းနည်းလောက်စိတ်ပူတာလောက်တော့ ဖြစ်တယ်မလား။

ပြီးတော့ သူ တခြားယောက်ျားတွေနဲ့ သွားအိပ်နေတုန်းလား၊
ဟိုကောင်လေးနဲ့ တွဲနေပြီလားဆိုတာ စူးရှသိချင်မိသည်။

တစ်နေကုန်တစ်နေခမ်း လျှောက်သွားလာနေလည်း
သူမနဲ့တူသည့်လူတောင်မတွေ့။
အကိုက ဗိုက်ဆာလာပြီဟုဆိုသောကြောင့် ပီဇာဆိုင်ထဲ ရောက်လာဖြစ်ခဲ့သည်။

ဆိုင်ထဲဝင်ဝင်ချင်း
အကိုကြီးအာကာမင်းထက် နှင့်သိပ်တူပေမယ့်
ဝတ်ပုံစားပုံက မတူသော လူတစ်ယောက်ကိုသတိထားမိရာကနေ
ယုယမေကို လျှပ်တစ်ပြက် တွေ့လိုက်သောကြောင့်
သူမနောက်က အတင်းပြေးလိုက်ရသေးသည်။

ဝင်တိုက်ခဲ့မိသော ထိုလူကိုတောင် သေချာမတောင်းပန်မိ။
သန့်စင်ခန်းဆီ ဦးတည်သွားသော သူမသည်
Toilet ထဲဝင်ဖို့တော့ မဖြစ်နိုင်။

သန့်စင်ခန်းဆီမဝင်ခင် ချောင်တစ်ခုမှ ဆေးလိပ်နံ့တွေ ထွက်လာတာမို့
ချောင်းကြည့်မိတော့ သူမကလေး ယုယမေ
ဇိမ်ပြေနပြေ ဆေးလိပ်ထိုင်သောက်နေတာ။

စူးရှ မဝံ့မရဲ ရှေ့နှစ်လှမ်းလောက်တိုးတာ
အော်ခေါ်ပစ်လိုက်သည်။

"အမိ "

*******

အာကာမင်းထက်ကို မြင်သည်နှင့် အဖေဖြစ်သူမှာ မျက်ရည်စမ်းစမ်း နှင့် လည်ပင်းကို ပွေ့ဖက်လိုက်သည်။

"အဖေ့သားကြီးရယ်.."

စကားလုံးတွေဟာ ရင်ဝမှာတစ်ဆို့ကုန်၏။
ဒီလတွေမှာ ဘယ်လို ဘယ်ပုံ ရှိနေမလဲ
အဆင်မှပြေရဲ့လား တွေးကြည့်ရုံနှင့် အိပ်မရဖြစ်ရသည်။

" ဘယ်တွေရောက်နေခဲ့တာလဲ သား"

အာကာမင်းထက်ဆီတွင် ဖြေစရာ စကားမရှိခဲ့။
ဘယ်လိုပြန်ပြောသင့်သည်ဆိုတာလည်း မသိ။

သူ့ဘဝကြီးကို နားလည်ပေးပြီး သားအရင်းပမာ ချစ်ခင်ပေးကြသော အဖေများအား
ပြန်လည်ပွေ့ဖက်ရန်ပင် လက်တွန့်နေမိသည်ယ
ဘယ်လောက်ဆိုးရွားသည့် အတိတ်ကြီးရှိနေသေးသည်ဆိုတာကို
မည်သူမျှ မသိနိုင်ပေ။

ခေါင်းထဲ အခုချိန်ထိနေရာယူထားသူကတော့ ညီမလေး ယုယမေ။
သူမလေး သန့်စင်ခန်းက ပြန်ထွက်လာတာနှင့် သူ့ကို ရှာမတွေ့ပါက စိတ်ပူနေတော့မည်။

သူ့ဆီဆက်သွယ်ရန် အဖေတို့ကို ပြောပြသင့်လားတောင် မသေချာတော့။

"ပင်ပန်းလာတယ်မလား နားခိုင်းလိုက်ပါအုံး ဒယ်ဒီတို့ကလည်း"

လင်းလတ်၏ စကားကြောင့် အသက်ရှူရချောင်သွားသည်။
သို့သော် တစ်ခဏမျှသာ ကြာရှည် ခံသည်။
အပေါ်တက်ပြီး အခန်းထဲ ရောက်တော့ လင်းလတ်ပါ ပါလာသည်။

" ဘယ်သူနဲ့နေနေတာလဲ ဘယ်တွေရောက်နေတာလဲ ဘာတွေလုပ်နေခဲ့တာလဲ
ဘာလို့ အဆက်အသွယ်မလုပ်တာလဲ
ဘာလို့ထွက်သွားရတာလဲ !"

နောက်ဆုံးမှာ အမြင့်သံနှင့် အော်ချလိုက်သော လင်းလတ်သည် မျက်ထောင့်နီကြီးနှင့် ဒေါသထွက် နေတာ သိပ်သိသာသည်။

" မေးစရာရှိတာတွေနောက်မှမေးပြီး အခု ညီ..."

"ညီ ကို စိတ်ပူစရာမလိုဘူး။
သူ့ဘာသာသူပြန်လာတက်တယ်"

"မဟုတ်... "

"ဘာလို့ထွက်သွားခဲ့တာလဲ ..."

ဘာလို့လဲမေးခွန်းနောက်မှာ ဖြေရခက်စေတာ သူမသိလို့လား။
ဘယ်သူကများ ယောက်ျားအရင့်အမာကြီးဖြစ်ပြီး ဘဝကြီးပါပျက်ခဲ့တာကိုတောင်မှ ကိုယ်မြတ်နိုးတဲ့သူနဲ့ အတူနေရက်မှာလဲ။
သူကလက်ခံတယ်ဆိုရင်တောင် ကိုယ်မှလိပ်ပြာမလုံတာ။

"ကိုကို နားချင်ပြီ"

"ထပ်ပြီးထွက်မသွားဘူးလို့ကတိပေး"

စိတ်မပါပေမယ့် ခေါင်းညိတ် ပြလိုက်သည်။
ဆိုင်မှာ ညီမလေးတစ်ယောက်ထဲ ကျန်ခဲ့တာ
စိတ်ပူပြီးလိုက်ရှာနေမလား။
အချိန်ခဏလေးဆိုပေမယ့် သွေးရင်းချာလို ရင်းနှီး မိသည့် တစ်ယောက်ထဲသော သူစိမ်းလေးကို။

သူစိမ်းတွေအမြင်မှာ မျက်နှာသေကြီးနဲ့ ရှိပေမယ့်
စိတ်ဝင်းစားစရာကောင်းသော
ယူယမေတွင် ချစ်စရာကောင်းတာတွေလည်းရှိတက်ပါသေးသည်။

ဘယ်သူ့ကိုမှ ထုတ်မပြပေမယ့် နာကျင်မှု တွေရှိနေတာလည်း သူသိသည်။

တချို့သိခြင်းတွေက မသိသလိုနေလိုက်တာ အကောင်းဆုံး ပဲလေ။

**********

ဧည့်သည်ဆိုတာ အချိန်တန် အိမ်ပြန်သွားတက်ကြတာပဲဆိုတာ မေ့သွားသည်။
ကိုကို့နေရာတွင် အစားထိုးကာ အကိုတစ်ယောက် ကောက်ရခဲ့ပုံက ရယ်ချင်စရာ။

သူ့အိမ်သားတွေ လိုက်ရှာနေတာကို သိသိကြီးနဲ့တောင်
ဖွက်ထားခဲ့သေးတာ။
ကိုကို သူ့အိမ်ကိုပြန်သွားမှာကို မလိုလားလို့လေ။

မေ့သွားခဲ့တာ
ဧည့်သည်ဆိုတာ အိမ်ရှင်မှမဟုတ်ပဲ။

"အမိ.. အမိ"

"အင်း..."

"အဆင်ပြေရဲ့လား"

"Sorry, ကျွန်မ အတွေးလွန်သွားလို့"

ပြတင်းပေါက်နားက ကိုကိုရှိတုန်းက ထိုင်နေကျထိုင်ခုံလေးက
အသက်မဲ့လို့။
ရုတ်တရက် ကြီးရောက်ချလာပြီး ရုတ်တရက် နှုတ်မဆက်ပဲပြန်သွားတာကတော့ ဘယ်ကောင်းမလဲ။

" ဟို .. စောစောက အမိရှာနေတဲ့ ကိုကိုဆိုတာ"

"ဧည့်သည်ပါ... အင်း.. ဧည့်သည်"

ဧည့်သည်ဟုဆိုကာ မျက်နှာလွှဲသွားသော ယုယမေအား
စူးရှ နားမလည်။

အဲ့အမိက အစထဲက ဘယ်သူမှမသိနိုင်တဲ့ လျှို့ဝှက်ချက်တွေ ရှိနေတဲ့မိန်းမပဲ။
ပြောချင်တာပဲပြောပြီး မပေချင်တာဆို ရိုက်မေးရင်တောင်ပြောမည့်မိန်းမမျိုးမဟုတ်နိုင်။

🌱🌱🌱🌱🌱🌱

ပီဇာဆိုင်မှာ ဆေးလိပ် သောက်ခန်းထဲ ဆေးလိပ်ထိုင်သောက်နေသော
မိန်းကလေးက စူးရှကိုတွေ့တော့ ဝိုင်းစက်ကြည်လဲ့နေသောအကြည့်နှင့်
အကြာကြီး ငေးကြည့်နေခဲ့သေးသည်။

*အမိ*

ဆေးလိပ်ကိုရှိုက်ဖွာရင်း မော့ကြည့်လာသည့် မျက်ဝန်းစိုစိုလေးတွေ။

ဒီလိုမျိုး အရမ်းရင်းနှီးခဲ့တာမဟုတ်တဲ့ လူတစ်ယောက်ပေမယ့်
အကြာကြီးခွဲနေရလို့ ခုမှပြန်တွေ့တဲ့ ချစ်သူတွေလို..

အင်း... အဲ့တာက နည်းနည်းတော့ ပိုသွားမလား

ဝေးကွာနေတဲ့ ငယ်ချစ်ဦးတွေ ပြန်ဆုံသလိုခံစားချက်မျိုး။

ဒီလိုဆို ပိုဆိုးသွားပြီလား။

ဘာပဲဖြစ်ဖြစ်
သူ့ကိုတွေ့လိုက်ရလို့
ရင်ထဲမှာ အမည်မသိ ခံစားချက်တစ်ခုက နိုးထလာခဲ့သည်။
မဖြစ်သင့်တာသိပေမယ့်လည်း တစ်ခါတလေ ကိုယ်က အမိန့်မပေးပါပဲ ကိုယ့်ခံစားချက်အတိုင်း အသိစိတ်မဲ့စွာလိုက်လုပ်နေမိပြန်သည်။

"လွမ်းနေခဲ့တာ"

ဆေးလိပ် ကို ကြမ်းပြင်ပေါ်ပစ်ချပြီး တက်နင်းကာ
စူးရှကို ပြေးဖက်လာသည်။
တွန်းဖယ်ချင်ပေမယ် သာယာနေမိတာက ထူးဆန်းသား။

ဘာမှမပြောပဲ အကြာကြီး ဖက်ထားသော သူ့ကို
ဘာမှလည်းပြန်မပြောမိ။
ဒီလိုအခြေအနေကြီးကို
စူးရှကရော သာယာနေမိတာလား။
တကယ်ကြီးလေ တကယ်ကြီး ကြည်နူး နေမိတာလား။

"ဟေး... လူမြင်ကွင်း ကြီးမှာ ဖြစ်ပျက်နေကြတာအရေးမကြီးဘူး
ငါတို့ဆိုင်ကိုမီးလောင်တိုက်ပါသွင်းနေတာလား"

မိန်းမတစ်ယောက်က လက်ညှိုး ငေါက်ငေါက်ထိုးရင်း
ကြမ်းပြင်ပေါ်က စီးကရက်အစက စက္ကူစတစ်ခုကို မီးစွဲ နေခဲ့သည်။

"အမြင်မတော် ရင် ငြိမ်းလိုက်လေ"

ယုယမေက စကားကို လွှတ်ခနဲ့ပြန်ပြောလိုက်သည်။
သူက တကယ်ခေသူမဟုတ်။

ယုယမေ ကိုယ်မှခွါကာ စူးရှ အနည်းငယ်ရှက်မိသည်။
ကိုယ်နဲ့မသိတဲ့လူတစ်ယောက်နဲ့ ရင်းရင်းနှီးနှီး ပွေ့ဖက်နေတယ်ဆိုတာ သိပ်တော့ ကြားလို့မကောင်းလှ။

"အောင်မယ် သူများဆိုင်လည်းလာသေး လေကြီးမိုးကြီး လာလုပ်နေတယ် ငါရဲတိုင်လိုက်ရ"

"တိုင်ရဲတိုင်ကြည့်လေ ရဲမလာခင် ရှင့်တစ်ဆိုင်လုံးပြာကျသွားချင်တာလား"

"အမိ တော်ပါတော့။ ဒီက အဒေါ်ကိုလည်း တောင်းပန်ပါတယ် ခင်ဗျ"

စူးရှကသာ ကြားဝင်ပြီး တောင်းပန်ခဲ့ပေမယ့် ယုယမေက လက်မလျှော့ချင်သလို
ဆိုင်ရှင်ကလည်း ရှူးရှူးရှဲရှဲ နှင့်။

" ဘာလို့ တောင်းပန်နေရတာလည်း သူမှားတာလေ"

ထိုဆေးလိပ်သောက်ခန်းကနေ ထွက်လာရင်း
ယုယမေ၏ အခဲမကျေသံကြောင့် စူးရှ ခိုးပြုံးမိသည်။
တကယ့်အဆိုးအဆာလေးပဲ။

" အမိက မှားတာလေ ဘာလို့ ဆေးလိပ်မီးမသတ်ပဲ ပစ်ချထားလဲ"

"အဲ့တာကတော့ မောင့်ကို မြင်လိုက်လို့ အံ့သြဝမ်းသာဖြစ်ပြီး အရာအားလုံးမေ့သွားတာလေ"

ယူယမေထံမှ မောင် ဟူသောအသံက နားထဲကမထွက်။
ဘယ်သူနဲ့မှားပြီး ခေါ်နေရသလား။

" မောင်.."

"ကိုကို "

စူးရှက မေးမည်လုပ်တော့ယုယမေ ထံမှ ထွက်လာသော အသံ။
ထပ်ပြီး ကိုကိုတဲ့လား။

"ကိုကိုဘယ်ရောက်သွားတာလဲ "

တစ်ယောက်ထဲ ပြာယာခတ်နေရင်း
ခုံမှာအကြာကြီးထိုင်နေပြန်သည်။

"အဟတ်... မေ့နေတာ"

အတော်အကြာ မှ ခနဲ့ သလို ရယ်ရင်း ဆိုင်ထဲက ထွက်လာခဲ့ကြသည်။
တော်တော်တောင်မှောင်နေပြီမို့

"ကျွန်တော် အမိကို လိုက်ပို့ ပေးလို့ရပါတယ်"

ဘာမှမပြောတာမို့ ကားငှားပြီး သူ့ဆိမ်ဆီ လိုက်ပို့ပေးလိုက်သည်။
ထို့နောက်
ယုယမေမှ သူ့အိမ်လိုက်ရန် ခေါ်နေတော့ လည်း ငြင်းနိုင်စွမ်းကမရှိပြန်။

ခက်ပြီ။

တွေတွေ့ချင်းတုန်းက ပြေးဖက်ထားတဲ့ အနွေးဓာတ်လေးက ကိုယ်မှာ ကပ်ငြိနေတုန်းပဲ။
နားဝမှာ * မောင်* ဆိုတဲ့ အသံက
တစ်လောကလုံးမှာ ပထမဆုံးကြားဖူးသော သာယာငြိမ့်ညောင်းသည့်တေးသံ။

ဘယ်လိုတောင် စွဲလမ်းချင်စရာကောင်းနေရပါလိမ့်။

" အဲ့နေရာမှာ ကိုကို ထိုင်နေကျလေ"

ပြတင်းပေါက်နားမှ ကုလားထိုင်တစ်လုံးအား ထိကာ ယုယမေက
တဘက်ကိုလှည့်ရင်း မျက်ရည်ခိုးသုတ်လိုက်သည်။

အဲ့တာ ဘယ်သူလဲ။
ယုယမေနဲ့ ဘယ်လိုပတ်သက်နေတာလဲ။

မဟုတ်မှ သူ့ယောက်ျားလား။
ယောက်ျားက မသန်မစွမ်းဖြစ်နေလို့
သူက အဲ့လိုအလုပ်လုပ်ပြီး ရှာကျွေးနေတာလား ။

အခု သူ့ယောက်ျား ပျောက်သွားလို့လား။

လားပေါင်းများစွာသော မေးခွန်းတို့ကို စဉ်းစားရင်း အပြင်ကလည်း မှောင်လွန်းနေပြီမို့
စူးရှ အတွေးတွေတဲ့အတူ ယူယမေအိမ်တွင် မိုးလင်းခဲ့ရသည်။

တချို့ပုစ္ဆာတွေက ဖြေစရာမလိုမှန်းသိပေမယ့်
မင်းနဲ့ပတ်သတ်ရင်တော့ မသိစိတ်က
သိချင်မိတယ်။

အချစ်စ်တစ်ခုဟာ အနေနီးခြင်းဝေးခြင်းနဲ့မဆိုင်မှန်း
အချစ်နဲ့သံယောဇဉ်ဟာ
တူသလိုရှိပေမယ့် သိပ်ကွဲပြားမှန်း
သိလိုက်ရတဲ့အချိန်
ကျွန်တော်နောက်ကျသွားခဲ့ပြီလား။

Continue Reading

You'll Also Like

4.7M 294K 107
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
3.1M 70.3K 81
Diana is an 18 year old girl about to start her senior year until she bumps into a woman at the bookstore who has quite the personality. The woman ta...
3.7M 292K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
854K 27.7K 69
"Real lifeမှာ စကေးကြမ်းလွန်းတဲ့ စနိုက်ကြော်ဆိုတာမရှိဘူး ပျော်ဝင်သွားတဲ့ယောကျာ်းဆိုတာပဲရှိတယ်" "ခေါင်းလေးပဲညိတ်ပေး Bae မင်းငြီးငွေ့ရလောက်အောင်အထိ ငါချ...