Blood of MIN
By ibeingme
56.6K 3.3K 260
"A Submissive is so often a strong person looking for someone stronger. He is not weak. He just enjoys it."... More
Part 01
Part 02
Part 03
Part 04*
Part 05**
Part 06
Part 07
Part 08
Part 09
Part 10*
Part 11
Part 12*
Part 13
Part 14
Part 16
Correction: I apologize
Part 17
Part 18
MIN
Part 19
Part 15
2.3K 187 31
By ibeingme
(unicode)
နာရီနှင့်ချီအောင် ပိတ်ဆို့ခံထားရသည့်အတွက် နှုတ်ခမ်းတွေ ထုံနေသလို ပါးစောင်တွေလည်း ညောင်းလို့နှင့်ပြီ။ Ball gag က အနေတော်အရွယ်အစားပေမယ့် ပါးစပ်က တစ်ချိန်လုံး ဟထားရသလိုဖြစ်တာကြောင့် ပါးပြင်အပ်ထားသည့် ကြမ်းပေါ်တွင် စေးပျစ်ပျစ် သွားရည်တွေဟာ ဗလပွ။ တုတ်နှောင်ခြင်း ခံထားရသည့် ခြေလက်အစုံဟာ သွေးကို နေရအတော်ခက်စေ​၏။
သွေး မှားမှန်းသိပြီမို့ မြန်မြန်လာခေါ်ပါတော့ Min ရယ်။
တကယ်တော့ ဒီလိုမြင်ကွင်းမျိုးဟာ Min အကြိုက်။ ခြေတွေလက်တွေ အကောင်းပကတိရှိရက်နှင့် အသုံးချ၍မရသည့်အခါ တိရစ္ဆာန်ရုံ လှောင်အိမ်ထဲက ကျားပေါက်လေးလို ကူရာမဲ့နေရှာသည့် သွေး၊ သူလွှတ်ပေးမှ လွတ်မြောက်မည့်အတွက် တောင်းပန်သည့် မျက်ဝန်းတွေဖြင့် သူ့အမိန့်အောက် ပြားပြားဝပ်နေရှာသော သွေး၊ ပြီးနောက် စေ့မရသော နှုတ်ခမ်းနှစ်လွှာကြောင့် သွားရည်ပျစ်ပျစ်တွေကြား ရွှဲရွှဲနစ်နေသည့် သွေးဟာ Min ကို သိပ်ပြီး ဆွဲဆောင်လွန်းပါရဲ့။ Min ဆိုသည့် အကြံပိုင်သည့် ထိုလူသားဟာ ဒီမြင်ကွင်းမျိုး မြင်ချင်လို့ကို တမင်တကာ ဖန်တီးပစ်ခဲ့တာပါ။
သွေးပါးစပ်ထဲ နေရာယူနေသည့် Silicon Ball Gag ဟာ အလုံးလေးတစ်လုံးပေမယ့် အားကြီးစွမ်း​၏။ အိပ်ရာထဲတွင် ချစ်ကြသည့်အခါ အတပ်ဆင်ခံရသည့်လူမှာ စကားတစ်ခွန်းမှ ပြော၍မရတော့ဘဲ တစ်ဖက်လူ ပြုသမျှ နုတော့မည့် အနေအထား။ ဒါ့အပြင် ပါးစပ်ထဲမှ စီးကျလာသည့် ငွေရည်ရောင် အမျှင်တန်းတွေဟာ ကြည်လဲ့လဲ့နှင့် တစ်ချက်တစ်ချက် အသည်းယားချင်စရာ။
သို့ပေမယ့် ဤခံစားချက်သည် လူတိုင်းအတွက်တော့ မဆိုလိုပါ။ Min ဟာ သွေး​၏ သွေးရည်တွေကို ဆွဲဆောင်မှုရှိသည်ဟုမြင်ပေမယ့် သွေးမဟုတ်သည့် တခြားတစ်ယောက်​၏ သွားရည်တွေကိုတော့ ရွံရှာစရာဟု မှတ်ယူမည်မှာ ဧကန်မုချ မလွဲမသွေဖြစ်ကြောင်း သွေး အသက်နှင့်ပင် လောင်းကြေးထပ်ရဲသေး​၏။ သွေးဟာ အဲဒီလိုပဲ။ Min နှင့်ပတ်သက်လျှင် စောက်ရမ်းတွေ ဘဝင်မြင့်လွန်းသည်။
ဘာပဲဖြစ်ဖြစ်ပါလေ။ သွေးအဖို့ကတော့ Ball Gag ကို အဲဒီလောက် မမှု။ တပ်လည်းရသလို မတပ်ထားလည်း ရသည်။ မတပ်ထားလည်း Min က အသံမထွက်နဲ့ဆို သွေးတကယ်ပဲ အသံမထွက်တတ်လို့ပါ။ သွေးဟာ ပစ္စည်းအကူအညီမယူဘဲ ကိုယ့်ဘာသာကိုယ် ထိန်းသိမ်းနိုင်သော အဆင့်မြင့်လူသားတစ်ဦးဖြစ်​၏။
သို့သော် Ball Gag တပ်ထားတာကြောင့် တစ်ချက်တော့ စိတ်ချရသည်။ အော်ရင်းဟစ်ရင်း ညည်းရင်းညူရင်း အခန့်မသင့်လို့ လျှာကိုက်မိတာမျိုးတွေ မဖြစ်တော့ဘူးပေါ့။ ကြမ်းကြမ်းတမ်းတမ်း ချစ်ရည်လူးနေတုန်း ကိုယ့်လျှာကိုယ်ပြန်ကိုက်မိပြီး တန်းလျှောသွားမှ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်ရချည်ရဲ့။
​ချစ်တင်းနှောနေတုန်းက အဲဒီလောက်ထိမသိသာပေမယ့် အခုပြစ်ဒဏ်ခံနေရသည့် အချိန်မှာတော့ အနောက်တောင်ကြားလမ်းက လျှိုမြောင်းသွယ်ဟာ သာမန်ထက်ပိုလို့ စပ်ဖျင်းဖျင်း။
ယောကျာ်းဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ်၊ လောကကြီးက ဖန်တီးပေးထားသည့်စည်းဘောင်ကို ကျော်လွန်ရင်း ဆန်းဆန်းပြားပြား ချစ်ကြသည့်အခါ ဂရုစိုက်စရာတွေဟာ သိပ်များလွန်း​၏။ ​
သာမန်ယောကျာ်းမိန်းမ အတွဲတစ်တွဲပေမယ့် စတန့်ထွင်ချင်ကြသည့်အခါ အရှေ့ရပ်ဝန်းက မြေကွက်လပ်ကို မျက်ကွယ်ပြုလို့ အနောက်ဘက် တောင်ကြားက လမ်းတစ်သွယ်ကို အသုံးပြုတတ်ကြသည်။ သို့ရာတွင် သွေးဟာ ယောကျာ်းတစ်ယောက်။ Min ဟာလည်း ယောကျာ်းတစ်ယောက်။ ချစ်ရသူအချင်းချင်း ကိုယ်ခန္ဓာချင်း ရင်းနှီးချင်လျှင် ဤလမ်းတစ်သွယ်ကိုပဲ အသုံးပြုဖို့ရှိသည်။ သဘာဝမကျသော ဆက်ဆံနည်းမျိုးဖြစ်၍ ဘာဆိုဘာမှ မပြုလုပ်ခင်တည်းက သိသင့်သည့် ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို ရှာဖွေလေ့လာထားပြီးပြီ။
အနောက်ဘက်တောင်ကြားလမ်းဆိုတာသည် တကယ်တော့ အစာလမ်းကြောင်း​၏ နောက်ဆုံးအစိတ်အပိုင်းပါ။ ယင်း​၏ မူရင်းတာဝန်က ခန္ဓာကိုယ်က အညစ်အကြေးတွေကို စွန့်ထုတ်ဖို့။ ချစ်ရသူအချင်းချင်း ချစ်တင်းနှောဖို့မဟုတ်ပါ။ သို့ပေမယ့် ချစ်တင်းမနှောရဘူးလို့ မည်သူကမှ ကန့်ကွက်ထားခြင်းမရှိ။ ချစ်၍ရသည်။ ချစ်နိုင်သည်။ စည်းကမ်းရှိရှိ သတိရှိရှိ ချစ်ကြပေါ့လေ။
လေ့လာတွေ့ရှိချက်များအရ အနောက်ဘက်လမ်းရှိ အတွင်းမျက်နှာပြင် (lining) ဟာ သိပ်ကိုနုနယ်သည်။ ဘယ်လောက်အထိ နူးညံ့သလဲဆို ထစ်ခနဲရှိ ကွဲမယ် ပြဲမယ်ချည်းပဲ။ ချစ်ဖို့မဟုတ်သည့်အတွက် ခန္ဓာကိုယ်က အလိုအလျောက် အဆီမထုတ်ပေးနိုင်။
ဆိုတော့ ခန္ဓာကိုယ်ချင်းဖြစ်စေ၊ အခြားပြင်ပ ပစ္စည်းတစ်စုံတစ်ရာဖြင့်ဖြစ်စေ ရင်းနှီးကျွမ်းဝင်ကြမည်ဆို ချောဆီတစ်မျိုးက ကျိန်းသေလိုအပ်သည်။ အကြံပေးများကတော့ ရေကို အခြေခံ၍ လုပ်ထားသော ချောဆီကို ပိုအားပေးကြသည်။ သို့တည်းမဟုတ် ဆီကိုအခြေခံထားသည့် ချောဆီကိုသုံးပါက အခန့်မသင့်လျှင် အကာအကွယ် ပြဲတတ်သည်တဲ့။
ဒါဆို ချောဆီသုံးလျှင် အဆင်ပြေပြီလား။ ချောဆီတွေ အများကြီးသုံးပြီးလျှင် ကုတင်ကျိုးကျလုမတတ် ကြမ်းရမ်းပစ်လိုက်လို့ရပြီလား။
ဂရုတော့ စိုက်သင့်သည်။
ချောဆီအကူအညီယူထားပေမယ့် အချစ်ကြမ်းသွားသည့်အခါ အတွင်းသားတွေ ကွဲပြဲကုန်တာမျိုး အများကြီးရှိသည်။ အဲဒီအခါ အသေအချာ ဆေးကြောသန့်စင်ပြီး antibiotics (အလွယ်ခေါ်လျှင် ဆေး) လိမ်းပေးရသည်။ အဲဒီအနောက်ဘက်တောင်ကြားဟာ အညစ်အကြေးတွေ ဖြတ်သန်းသွားလာသည့်နေရာဖြစ်လို့ အညစ်အကြေးထဲက bacteria တွေဟာ အကွဲရာမှတစ်ဆင့် အတွင်းသားထဲစိမ့်ဝင်ပြီး infection ဝင်တတ်တာကြောင့်ပင်။ ကြမ်းကြမ်းတမ်းတမ်း ချစ်ရည်လူးပြီးလို့ သွေးထွက်တာသည် အဆန်းမဟုတ်ပေမယ့် အခန့်မသင့်ပါက hemorrhoids (လိပ်ခေါင်း) အထိ ဖြစ်သွားနိုင်သည်။
ထိုအခါ ဆရာဝန်နှင့် စကားပြောရ၍ စောက်လုပ်က တစ်ခါရှုပ်ပြီ။ ဆရာဝန်က သူ့ဟာသူ ဆေးကုနေလျှင် တစ်မျိုးပေမယ့် ဆေးကုရင်း lecture တွေ လာရိုက်နေလျှင်တော့ နားသိပ်ပူရသည်။ မပြောပါနဲ့တော့ဆရာရယ်၊ ကျွန်တော် နားတွေညီးလွန်းလို့ပါဟူ၍ ပိတ်ပြောလို့မရ။ ဟိုက တက်တက်ကြွကြွ အားတက်သရော ပြောနေသည်ကို အိပ်ငိုက်ပြီးလည်း နားထောင်လို့မဖြစ်။ ဟုတ်ကဲ့ဆရာ သိပါပြီဆရာနှင့် ဆေးခန်းတစ်ခါသွားတိုင်း လူစင်စစ်က ပုတ်သင်ညိုလုံးလုံးဖြစ်ရသည်။
အနောက်ဘက် တောင်ကြားလမ်းကတစ်ဆင့် ခန္ဓာကိုယ်ချင်းရင်းနှီးရာတွင် ပထမဦးဆုံး တစ်ကြိမ်နှစ်ကြိမ်ဟာတော့ အောက်ကလူအဖို့ သေမလို ခံရခက်ပါရဲ့။ ဗိုက်ထဲက မူမမှန်သော နာကျင်မှုတွေများလာလျှင်တော့ အားနာနေဖို့မလို၊ ရပ်ဖို့ ပြောကိုပြောရမည်။ အပေါ်ကလူကလည်း ငါသာယာရင် ပြီးရော ဆိုပြီး ထင်တိုင်းကျဲ၍ မရ။ အောက်ကလူ​၏ အရိပ်အခြည်ကို အဆက်မပြတ် အကဲခတ်ပြီး ရပ်သင့်လျှင် ရပ်ရမည်။ မူမမှန်သော နာကျင်မှုဆိုတာ အထဲမှာ မူမမှန်တာ တစ်ခုခု ဖြစ်သွားတတ်လို့ပါ။
ဤနည်းက လူအတော်များများမှာ အဆင်ပြေပေမယ့် ကိုယ်ကတော့ ပြေချင်မှ ပြေလိမ့်မည်။ လူတစ်ယောက်နှင့်တစ်ယောက်မှ မတူတာကိုး။
ဤအနောက်ဘက်တောင်ကြားလမ်းနှင့် ရူးရူးမူးမူး ချစ်ကျွမ်းဝင်ကြလို့ သေသွားသည့်ကိစ္စများရှိသလားဆိုတော့ ရာခိုင်နှုန်း အတော်နည်းသည်။ သို့ပေမယ့် child abuse ရေးရာမှုခင်းတွေမှာတော့ အနိုင်ကျင့်ခံရသည့် အချို့သောကလေးတွေ သေဆုံးကြရသည်တဲ့။
ဘာပဲဖြစ်ဖြစ် Min နှင့်သွေးကတော့ အနက်ရှိုင်းဆုံးနေရာအထိ ရင်းနှီးပြီးလျှင် Min က သွေးကို သန့်စင်ပေးသည်။ ဆေးလိမ်းသင့်လျှင် လိမ်းပေးသည်။ တိရစ္ဆာန်ဆေးကုဆရာဝန်ပေမယ့် လူကိုလည်း ဂရုစိုက်တတ်သည့် Min ကြောင့် သွေးခင်မျာ ပီတိတွေ ဖြာနေရသည်။ ဆရာဝန်ကို ချစ်သူတော်ထားတာ ဘာမှတ်နေလဲ။
သို့ပေမယ့် ဝမ်းနည်းစရာကောင်းတာက Min ဂရုစိုက်ပေးသည့်လူသားသည် သွေး တစ်ယောက်တည်းပါပဲ။ ကျန်တာတွေဟာ လူမဟုတ်သည့် အကောင်ကလေးတွေပဲဖြစ်​၏။
Min အကြောင်းစဉ်းစားမိတုန်း အနာသက်သာရသည်။ မကြာလိုက်။ အနောက်ဘက်လျှိုမြောင်က ဖန်ကြည်ချောင်းက သွေးကို အားကြီးနှိပ်စက်လွန်း​၏။
လျှော့ထားစမ်း။ စိတ်လျှော့ထားစမ်း သွေး။
ကိုယ့်ကိုယ်ကိုယ် ပြန်ဆူလိုက်သည်။ မဟုတ်ဘဲ တင်းထားပါက သူပဲ ပိုနာမည်လေ။ Min ဤဖန်ချောင်းကို ထုတ်လိုက်သည့်အချိန်တွင် စိတ်မချမ်းမြေ့စရာများ ဖန်ချောင်း၌ ကပ်ချင်ကပ်နေလိမ့်မည်။ Min ဒီလိုလုပ်မယ်မှန်းမသိတော့ သွေး ဘာမှမပြင်ဆင်ထားမိပါ။
သို့သော် သွေးကတော့ မရှက်။ သွေးသည် လူသားတစ်ဦးဖြစ်သည်။ လူကတော့ လူနှင့်တူမှာပဲ။ အဝင်ရှိလျှင် အထွက်ရှိရမည်။ မထွက်ခင်စပ်ကြားမှာ သိုလှောင်ထားသည့် လက်ကျန်တွေ ရှိချင်ရှိနေမှာပေါ့။ မြင်မှမမြင်ရတာ၊ ဘယ်သိမလဲ။
အနာပျောက်အောင် မျက်စိကို စုံလုံးမှိတ်ပစ်ဖို့ ကြိုးစားရင်းက သံသံချင်းရိုက်ခတ်သံကြောင့် သွေး လန့်သွားမိ​၏။
Min ။
Min ရောက်လာပြီ။
သွေးအမှတ်မမှားဘူးဆို ဒီအကျဉ်းခန်းထဲရောက်နေတာ ၃နာရီလောက်ပဲရှိဦးမည်။ တွေ့လား။ သွေးရဲ့လူကြီးဟာ သိပ်ပြီးသဘောထားပြည့်ဝတာပဲ။
ပါးစောင်တွေညောင်းနေပုံရသော သွေးကြောင့် ရောက်လာပြီးချက်ချင်း Ball Gag ကို Min ကဖြုတ်ပေး​၏။ အခုမှပဲ နေရထိုင်ရ အဆင်ပြေသွားတော့သည်။ မဟုတ်ပါက ပါးစပ်ထဲတွင် ခိုးလိုးခုလု။ Min အား တစ်ခုခုပြောချင်ပေမယ့် စကားပြောခွင့်အမိန့်က ကျမလာ။ မျက်လုံးတွေနှင့်သာ ခွင့်တောင်းမိသည်။
"ပြော"
"Min တစ်ရေးမှ မအိပ်ရသေးဘူးလား"
"သွေးကို ဒီအတိုင်းထားခဲ့ပြီး ကိုယ် အိပ်ပျော်မယ် ထင်သလား"
"ဟင့်အင်း။ မထင်ပါဘူး"
ကြည့်ပါလား။ အဲဒါ သွေးရဲ့လူကြီးပဲ။ သူကိုယ်တိုင် အပြစ်ပေးထားပေမယ့် ကွယ်ရာက စိတ်ပူပေးရှာသည်။
ခြေလက်တွေကို တုပ်နှောင်ထားသည်ကို မဖြေပေးသေးတာကြောင့် လက်ဖြင့် နှစ်ချက်ပုတ်ပြမိသည်။ ဒါသည် ကြိုးဖြေပေးရန် အချက်ပြခြင်းပါ။ ဘယ်လောက်ပဲ အသံမထွက်ရဟု စည်းကမ်းချက်တွေထုတ်ထားထား၊ limit ဆိုတာတော့ ရှိသည်။ အဲဒီ limit ထိလျှင်တော့ ပါးစပ်ကမဟုတ်ပေမယ့် ကိုယ်ဟန်အမူအရာတစ်ခုခုဖြင့် Min သိအောင် ပြောပြတတ်​၏။ အခုတော့ သွေး limit ထိနေပြီ။ ကြိုးအချည်ခံထားရသည့်အတွက် သွေးအရောက်နည်းသဖြင့် ခြေလက်တွေထုံကျဉ်လာပြီး အနောက်အရပ်က မီးကျွမ်းတော့မလို ခံစားနေရသည်ကိုး။
"နောက် လူတစ်ယောက်နဲ့ သဝန်တိုဦးမှာလား"
ခြေဖဝါးကို အရိုက်ခံထားရတာကြောင့် ထော့နဲ့ထော့နဲ့ဖြစ်နေသည့် သွေးကို Min က ပွေ့ချီရင်းမေးသည်။
သွေး ပြန်မဖြေလိုက်ပါ။ သွေးလား သဝန်မတိုဘဲ နေမယ်။ တိုမှာပေါ့။ တိုဦးမှာ။ ဆက်ဆက်ကို တိုဦးမှာ။ ဟုတ်ကဲ့ဟုဖြေလျှင် ထပ်အဆူခံရမည်စိုး၍ နှုတ်ဆိတ်ပြီးသာ နေလိုက်ရသည်။ ဆိတ်ငြိမ်ခြင်းသည် ဝန်ခံခြင်းဆိုတာ Min ကောင်းကောင်းသိပါရဲ့။
အပြစ်ပေးခံရပြီးတိုင်း စိတ်ကောက်တတ်တာမို့ သွေးနှုတ်ခမ်းက စူချင်နေပြီ။ ဒါကို Min က ရယ်​၏။ အိပ်ခန်းထဲရောက်တော့ သွေးကို ကုတင်ပေါ်ချပေးပြီး အရင်ဦးဆုံး စောင်ခြုံဖို့လုပ်သည်။ စောနက အကျဉ်းခန်းက နည်းနည်းအေးသည် မဟုတ်လား။
"လူတွေက မုန်းဖို့ကောင်းတယ်။ သွေး သဝန်တိုဖို့ မထိုက်တန်ဘူး"
"မတန်မှန်းသိပေမယ့် မရဘူး။ စိတ်က အလိုလိုဖြစ်နေတာ။ Min က ဆရာဝန်ပဲ။ သွေးကို ကုပေး"
"ကိုယ်က လူတွေကို ဆေးမကုပေမယ့် ဒီကျားပေါက်လေးကိုတော့..."
*chu*
Min ​၏ အနမ်းနှင့် သွေးတစ်ကိုယ်လုံးက အနာတွေပျောက်ကုန်ရသည်ဆို လေလုံးထွားသလိုများ ဖြစ်နေမလား။
မတတ်နိုင်ပါ။ မရိုတတ်ပေမယ့် ရိုချင်နေပြန်တော့ အများအမြင်မှာ မျက်စိနောက်စရာတွေ ဖြစ်ကုန်ရသည်။ သို့သော် အကြည်ဓာတ်က ကြာကြာမခံ။ အလုပ်က မိန့်မိန့်ကြီး ထိုင်စောင့်လို့နေသည်။
"သွေး နောက်လထဲ အရေးကြီးပွဲတစ်ပွဲ တက်ဖို့ရှိတယ်"
"အင်း။ တွဲတက်ဖို့ ဟိုတယ်က ကောင်မလေးတစ်ယောက် ခေါ်သွား"
ကဲကြည့်။ သွေးရဲ့လူကြီးဟာ အဲဒီလောက်ထိ သွေးအေးလွန်းသည်။ ကောင်မလေးတွေနှင့်ပတ်သက်လို့ Min  များ သဝန်တိုမလားဆိုပြီး သွေးတစ်ယောက် အရူးကွက်တွေ နင်းဖူး​၏။ သို့ပေမယ့် Min ဟာ ခပ်တည်တည်။ သွေးကလွဲပြီး ဘာမဟုတ်တဲ့ လူသားတွေကိုလိုက်ပြီး အရေးမစိုက်နိုင်ဘူးတဲ့လေ။
နည်းနည်းလောက်ဖြစ်ဖြစ် သဝန်တိုပေးပါလား Min ရယ်။
ကြာတော့လည်း လက်လျှော့လိုက်ရသူဟာ သွေးပါပဲ။ မတိုတတ်သည့် Min ​၏ သဝန်ကို ရှည်အောင် ဆွဲဆန့်လို့ မရခဲ့ပါ။
"ဘာမလေးခေါ်ရင်ကောင်းမလဲ။ အဖြူမလေးလား။ ဒါမှမဟုတ် ကိုရီးယားမလေးလား။ အပြောင်းအလဲလေးဖြစ်သွားအောင် တရုတ်မလေးနဲ့ တွဲသွားကြည့်ရမလား။ သွေးနဲ့လိုက်လောက်မယ့်ဟာကို Min ရွေးပေး"
"အာဖရိကန်မလေးနဲ့တွဲ"
Min အပြောကြောင့် သွေးစဉ်းစားမိသည်။ အင်း၊ အဖြူမတွေက ကလန့်ကလား။ ကိုရီးယားမတွေကျတော့ မိတ်ကပ်အဖွေးသားနဲ့ သွေးစုပ်ဖုတ်ကောင်တွေလို။ တရုတ်မတွေကျပြန်တော့ အပေါ်ရော အောက်ရော ပြားချပ်ချပ်ကြီး။ Min ပြောတဲ့ အာဖရိကန်မလေးတွေကမှ အလုံးအထည်နှင့် ပြည့်ပြည့်ဖြိုးဖြိုး။ ဆံပင်ကောက်ကောက်ကလေးနဲ့ ညိုချောချောပြန်ရော။
"အင်း ဟုတ်တယ်။ သွေး အာဖရိကန်မလေးတွေနဲ့ မတွဲဖူးသေးဘူး။ ကြုံကြိုက်တုန်း တစ်ခါလောက်တွဲပြီး မြည်းစမ်းကြည့်ရမယ်။ ဟုတ်တယ်။ San francisco က ဟိုတယ်ဆီ အခုပဲ..."
"ပွဲလေးတစ်ပွဲတက်ဖို့ San fran ကနေ New york အထိ လေယာဉ်စီးလာပါ့မလား"
San francisco ဆိုသည်မှာ California ပြည်နယ်က မြို့တစ်မြို့ပါ။ California မှ New York သို့ လေယာဉ်စီးလျှင် ၅နာရီခွဲလောက်က အသာလေး။ ၃နာရီစာ ပွဲလေးတက်ဖို့ ၅နာရီခွဲလောက်လေယာဉ်စီးရသည်ဆိုတော့။
"ဟေး Min ။ သွေးကို အထင်သေးတာလား။ သွေးနဲ့သာတွဲရမယ်ဆို လကမ္ဘာအထိ ဒုံးပျံစီးလာကြမယ့် နှာဘူးမတွေ"
"နှာဘူးမတွေအကြောင်း နှာဘူးထီးလေးက ပြောနေပြန်ပြီ"
"Min ကိုပဲ ဘူးတာပါ"
ပြောရင်းဆိုရင်း သွေးဟာ Min ​၏ လက်ကိုဆောင့်ဆွဲ​၏။ စိတ်ရှိတိုင်းသာဆို Min ကို ခုန်အုပ်ပစ်ချင်ပေမယ့် အခုနေ သွေးတစ်ကိုယ်လုံးဟာ ဂျယ်လီလို ပျော့ခွေချင်နေပြီ။
ဒါကို အလိုက်သိသော Min က ကိုယ်ကိုနှိမ့်ချရင်း သွေး​၏ခြောက်ကပ်ကပ်နှုတ်ခမ်းပါးတွေကို အငမ်းမရ သောက်သုံးတော့​၏။ ဒီဇာတ်လမ်းကို စခေါ်တာက သွေးပေမယ့် ဒီလိုအချစ်ကိစ္စတွေနှင့်ပတ်သက်လျှင် Min က ဘယ်တော့မှ အလျှော့မပေးပါ။ညင်သာသော အနမ်းနုမှသည် ခက်ထန်သော အနမ်းကြမ်းတွေဆီသို့။ အရှေ့ဆက်တက်ဖို့ရာ သွေး​၏ခန္ဓာက မျက်နှာမပေးသဖြင့် Min တစ်ကိုယ်လုံးကိုသာ သိမ်းကျုံးဖက်ထားမိသည်။
"သွေး။ ကိုယ့်ရဲ့ကျားပေါက်လေး။ အသားစားသတ္တဝါမှန်းသိလို့ အရွက်ပဲစားရမယ်လို့ မချုပ်ချယ်ပါဘူး။ အဲဒီအာဖရိကန်မနဲ့ သွေး ပျော်ချင်သလောက်ပျော်။ ကဲချင်သလောက်ကဲ။ ဆိုးချင်သလောက်ဆိုး။ ကိုယ်ခွင့်ပြုတယ်။ ဒါပေမဲ့ အချိန်တန်လို့ အိမ်ပြန်လာတဲ့အခါ သွေးရဲ့ကိုယ်ပေါ်မှာ တခြားအနံ့တွေ ရောမနေစေဖို့ သေသေချာချာ ဂရုစိုက်ပါ။ ကိုယ့်ရှေ့​ရောက်လို့ သွေးကိုယ်ပေါ်မှာ တခြားလူစိမ်းတစ်ယောက်ရဲ့အနံ့ ရရဲရကြည့်၊ အဲဒီနေရာ အဲဒီအချိန်မှာ သွေးရဲ့အရေခွံကို ကိုယ်ကိုယ်တိုင် ဆုတ်ခွာပြီး အသစ်လဲပစ်မယ်"
----------
Min ဘာကောင်လဲ သိတဲ့လူက အခုထိတော့ ၄ယောက်ပဲရှိသေးတယ်။ အချိန်အလိုက် စီရရင်
1. Min (သူ့ကိုယ်သူတော့ အသိဆုံးပေါ့)
2. New character (နောက်ကျ မိတ်ဆက်ပေးပါ့မယ်)
3. Rain (သူက သိပ်မကြာသေးဘူး)
4. ibeingme (ဟုတ်ကဲ့။ Me. ပါ။ မီကလေးပါ)
ယူတို့ မပါသေးဘူး XD.
ဒါပေမဲ့ စိတ်မကောင်းမဖြစ်ပါနဲ့။ မီလည်း မနေ့ကမှ သိတာ။ သိသိချင်း အမြန်ပြေးချလာတာ။ ဘာပဲဖြစ်ဖြစ်...
မျှော်❤️
Love,
ibeingme
21.09.14
(Zawgyi)
ဂရုတော့ စိုက်သင့်သည်။
Min ။
Min ရောက်လာပြီ။
"ပြော"
"ဟင့်အင်း။ မထင်ပါဘူး"
*chu*
"အာဖရိကန်မလေးနဲ့တွဲ"
"Min ကိုပဲ ဘူးတာပါ"
----------
4. ibeingme (ဟုတ်ကဲ့။ Me. ပါ။ မီကလေးပါ)
ယူတို့ မပါသေးဘူး XD.
မျှော်❤️
Love,
ibeingme
21.09.14
Continue Reading
You'll Also Like
30K 443 51
"ᴛᴏ ʟɪᴠᴇ ꜰᴏʀ ᴛʜᴇ ʜᴏᴘᴇ ᴏꜰ ɪᴛ ᴀʟʟ. ᴄᴀɴᴄᴇʟ ᴘʟᴀɴs ᴊᴜsᴛ ɪɴᴄᴀsᴇ ʏᴏᴜ ᴄᴀʟʟ ᴀɴᴅ sᴀʏ "ᴍᴇᴇᴛ ᴍᴇ ʙᴇʜɪɴᴅ ᴛʜᴇ ᴍᴀʟʟ. sᴏ ᴍᴜᴄʜ ꜰᴏʀ sᴜᴍᴍᴇʀ ʟᴏᴠᴇ. sᴀʏɪɴɢ "ᴜs" ᴄᴀᴜsᴇ ʏᴏᴜ ᴡ...
133K 27.1K 80
Arc(9)-Arc(14)+Real World+Extra အာဏာရှင်ကုန်းvsနတ်ဘုရားရှို့
128K 5.9K 149
Austin was a kid that loved to watch Anime, especially Pokemon. Annoyed at how the series was going after Sinnoh, he fell asleep before waking up, so...
28.3K 3.8K 38
˚✧ Protagonist˚✧ Gemini Kleverron "ជេមមីណាយ ឃ្លេវវើរ៉នន៍" ♡ Fourth Sydenzverd "ហ្វូត សាយឌេនវើត" /////// •Hate to love💅🏻?????