I WANT TO BE HIS LOVE (Comple...
By Mochi_EiJinnie
250K 26.5K 4.6K
This is my first fic. အထီးကျန်နေတဲ့ကျွန်တော့်အတွက် ...လက်လေးကမ်းပေးပြီးမှ ဘာလို့ပြန်ဖြုတ်ချခဲ့တာလဲ Jeon... More
Chapter (0)💘
Chapter (1)💘
Chapter (2)💘
Chapter (3)💘
Chapter (4)💘
Chapter (5)💘
Chapter (6)💘
Chapter (7)💘
Chapter (8)💘
Chapter (9)💘
Chapter (10)💘
Chapter (11)💘
My Note✍️(please read this)
Chapter (12)💘
Chapter (13)💘
Chapter (14)💘
Chapter (15)💘
Chapter (16)💘
Chapter (17)💘
Chapter (18)💘
Chapter (19)💘
Chapter (20)💘
Chapter (21)💘
Chapter (22)💘
Chapter (23)💘
Chapter (24)💘
Chapter (25)💘
Chapter (26)💘
Chapter (27)💘
Chapter (28)💘
Chapter (29)💘
Chapter (30)💘
Chapter (32)💘
Chapter (33)💘
Final Chapter 💘(end)
Extra💘
WARNING 🚨!
Chapter (31)💘
5.3K 614 144
By Mochi_EiJinnie
Unicode
နောက်ကျိနေသော ခေါင်းတစ်စုံနှင့် အလင်းရောင်းစူးစူးကြောင့် မျက်လုံးပင် သေချာမဖွင့်ပဲ..စောင်ထဲခေါင်းပြန်တိုးဝင်လိုက်သည်..။
သို့သော်..မှိုနံ့လိုလိုအောက်သိုးသိုးအနံ့မျိုးမရပဲ မွေးပျံ့နေသည့် စောင်နှင့် အိပ်ယာခင်းအနံ့ကြောင့်..သူမရဲ့အခန်းမဟုတ်သည်ကတော့ ကျိန်းသေသည်...။
သူမအရမ်းကြိုက်လှသည့် Lavenderပန်းရနံ့လေးကြောင့် နောက်တစ်ကြိမ်ရှုရှိုက်ပြီး ပြန်အိပ်ရန်ဆုံးဖြတ်လိုက်သည်..
နေပါဦး..!!ဒါဆို ငါမနေ့ညက ဘယ်မှာအိပ်ခဲ့တာလဲ !!!..
ခေါင်းထဲ ဒိန်းခနဲဝင်လာသည့် အတွေးကြောင့် ပြူးပြူးပြာပြာမျက်လုံးများဖွင့်လိုက်သည်...။
အဖြူရောင်အိပ်ယာခင်းနှင့် ဆန့်ကျင်စွာ မြင်လိုက်ရသည့် အမဲရောင်မျက်နှာကျက်ကြောင့်
သူရဲ့ခရမ်းရောင်အခန်းငယ်လေးမဟုတ်တော့တာတော့သေချာသွားသည်...။
မနေ့ညက ဘာတွေဖြစ်ခဲ့တာလဲ ??..
တဖြည်းဖြည်း‌ချင်း တွေးကြည့်မှ ရှင်းလင်းလာသည့်မြင်ကွင်းများ...
အကိုနှင့်အတူ အကို့သူငယ်ချင်းတစ်ယောက်ရဲ့ partyသို့သူမ သွားခဲ့သည်...။
အရောင်လှတာကြောင့် မသောက်စဖူး အရက်များလျှောက်သောက်ခဲ့သည်...ပြီးတော့..ပြီးတော့..အကို့ကိုသူနမ်းမိလိုက်သေးတယ်တဲ့ !!!
ထို့နောက်အိပ်ပျော်သွားတာကြောင့် ဘာမှ ထပ်မမှတ်မိတော့...
ဒါ‌ဆို..သူမအခုအကို့ရဲ့အိမ်ကိုရောက်နေတာလား !!..
အချက်ပေးသံများ မျိုးစုံမြည်ဟည်းသွားသော သူမရဲ့ခေါင်းလေးကြောင့် ငုတ်တုပ်ထထိုင်လိုက်သည်..။
ဘေးတွင်လည်း သူမရဲ့ အပေါ်ထပ်အကျီအနက်ရောင်လေးက ကြမ်းပြင်ပေါ်ကျနေခဲ့သည်...။
ထိုအကျီလေးမှ အပ သူ့ကိုယ်ပေါ်တွင် အကျီအားလုံးရှိနေသေးသည်...
တကယ်တော်သေးတာပေါ့..!!
"စစ်ဆေးလို့ဝပြီလား !!..မင်းကိုဘာမှမလုပ်ထားတာကြောင့် ပူမနေနဲ့.."
ကြားလိုက်ရသည့် အကို့ရဲ့အသံကြောင့် အခြားဘက်သို့လှည့်ကြည့်လိုက်တော့..အရက်ခွက်အားကိုင်လျက် ခြေထောက်ချိတ်ထိုင်နေသည့်အကို..
သူမအကို့အိမ်ရောက်နေခဲ့တာပေါ့..။
"ဟေ့..ဟေ့..မင်းကိုငါ့အိမ်ခေါ်လာတယ်လို့စဉ်းစားနေတာဆို ပြန်ဖျက်လိုက်နော်..မင်းကို ကိုယ်အဲ့လောက်အရေးမပေးဘူး.!!..အခုက Hotelမှာ.."
"ဘာအဓိပ္ပါယ်လဲ အကို !!?.."
"ဟက်!!..Park Jiminညီမက park jiminလိုခပ်တုံးတုံးလေးပဲ.."
ကိုကိုjiကိုတုံးသည်ဟုပုတ်ခတ်ပြောဆိုလာတာကြောင့် မျက်မှောင်လေးကျုတ်မိသွားသည်..။
"ဒီအထိရောက်လာမှတော့လဲ ပြောပြရတော့မှာပေါ့..ရော့..ဒါလေးတွေကြည့်လိုက်.."
အိပ်ယာပေါ်သို့လှမ်းပစ်ပေးလိုက်သည့် အထုပ်လေးအား ဖွင့် ကြည့်လိုက်တော့ ထွက်ပေါ်လာသည့် ဓာတ်ပုံအများအပြား..
ဘာတွေလဲဟု အကို့ကိုလှမ်းကြည့်လိုက်တော့ ဖွင့်ကြည့်ပေါ့ဟုသောသဘောဖြင့် အရက်လေးသောက်ရင် မျက်ခုံးပင့်ပြသည်..
အမြဲတမ်းကးြွေခဲ့ရသော အကို့မျက်နှာသည် ဒီတစ်ခါတွင်တော့..ဗီလိန်တစ်ယောက်ဟူသော ခံစားချက်ကိုသာပေးသည်..။
မှောက်ထားသော ဓာတ်ပုံများအားလှန်ကြည့်မိသည့်ခနတွင် အချိန်အတော်ကြာစွံ့အသွားစေခဲ့သည်...။
သူနှင့် အကိုရဲ့ partyတွင်နမ်းနေသည့်သရုပ်ပျက်ပုံများ ၊
သူမအားပွေ့ချီသွားသည့်ပုံများ..၊
ဒါထက်ပိုဆိုးတာက..!!
အကို့ရဲ့အဝတ်ဗလာနှင့်ရင်ခွင်ထဲတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် သူမရဲ့ပုံများ !!..
"ဒါ..ဒါတွေက..ဘာတွေလဲ..အကို ?..
ပြောတော့ ဘာမှ..မဖြစ်ခဲ့..ပါဘူးဆို~~"
တုန်ရင်လာသော အသံနှင့်အတူ ထိတ်လန့်မှုကြောင့် မျက်ရည်များဝဲလာမိခဲ့သည်...
"အင်းလေ..တကယ်ဘာမှ မဖြစ်ခဲ့တာတော့ ငါတို့ပဲသိတဲ့အမှန်တရားပေါ့..
အကယ်၍ ဒီပုံတွေသာ မင်းရဲ့အကိုတွေဆီရောက်သွားရင် ဘယ်လိုဖြစ်ကုန်မယ်ထင်လဲ Bae~~"
မယုံနိုင်စရာ စကားများပြောထွက်လာသည့် အကို...မဟုတ်ဘူး !!..လူယုတ်မာ..!
ထိုလူကို ဒေါသတကြီး စိုက်ကြည့်မိသည်..။
"ဘာကြောင့်လဲ !!..ဘာအငြိုးရှိလို့လဲ !!.."
"ဟက် !! မင်းလေးကထင်သလောက်မတုံးဘူးပဲ ..မင်းနဲ့တော့ အငြိုးမရှိပါဘူး..
မင်းရဲ့ အကိုPark Jiminနဲ့ပတ်သတ်တဲ့ လူတစ်ယောက်ကြောင့်ပေါ့.."
"ဒါကျွန်မနဲ့ဘာဆိုင်လို့လဲ !!..ဒီအ‌ခြေအမြစ်မရှိတဲ့ပုံနဲ့ခြိမ်းခြောက်လို့ရမယ်ထင်လို့လား .."
"သေချာစဉ်းစားကြည့်နော်..မနေ့ညကတစ်ညလုံးငါ့ဆီမှာ..အသက်၁၆နှစ်လေးပဲရှိသေးတဲ့ မင်းရဲ့ဒီပုံတွေ မင်းအမျိုးတွေသာ တွေ့လိုက်ရင်..အင်း.. စိတ်ဝင်စားစရာကောင်းမှာပဲ.."
"ရှင်..ဘာလိုချင်လို့ ဒီလောက်အကြံယုတ်မာရတာလဲ Shin Min Woo..!!"
"အိုး..အခေါ်အဝေါ်နဲ့လေသံတွေပါပြောင်းကုန်တာပဲ...
အချိန်မဆွဲတော့ပါဘူးလေ..ငါလိုချင်တာ အပေးအယူတစ်ခုထဲပါ..
မင်းကငါအကူအညီဝောင်းတာတစ်ခုထဲ လုပ်ပေးရမယ်..ငါကဒီပုံတွေအားလုံးကို လက်စဖျောက်ပေးမယ်..ဘယ်လိုလဲ..?"
"မလုပ်ပေးနိုင်ဘူးဆိုရင်ရော ??.."
"ရှင်းပါတယ်..ဒီပုံတွေ မင်းရဲ့အကိုတွေလက်ထဲရောက်ပေါ့.."
ခပ်ဟဟရီသံသည် ဒီတစ်ခါတွင်တော့ တကယ်ကြားနားပြင်းကပ်စရာ အမှန်တကယ်ပင်ကောင်းလှပါသည်..။
ယောကျာ်လေးမှန်သမျှကို ခပ်ချေချေသာဆက်ဆံခဲ့သောသူမသည် BTSမှလွဲ၍ ပထမဆုံးရင်ခုန်ခဲ့သည့် ယောက်ျားလေးတစ်ယောက်ကြောင့် ဒုက္ခရောက်ရလေပြီ..။
"ဘာ..လုပ်ပေးရမှာလဲ !!.."
"မှန်တာလေးကိုရွေးချယ်လိုက်တာပဲငါတို့အွန်းလေးက...
သိပ်မခက်ပါဘူး..နောက်မှပေါ့ ကိုယ်အကူအညီတောင်းတဲ့အခါမှကူညီပေး..ဟုတ်ပြီလား.."
"ဖယ်စမ်းပါ..ရှင်လိုလူတွေကိုမုန်းလွန်းလို့.."
‌ထိုင်ခုံမှ ထလာပြီး ခေါင်းကိုလာပွတ်ပေးသည့် လက်တစ်စုံကို ဖျက်ရိုက်ချလိုက်သည်..။
"ဟုတ်ပါပြီဗျာ.."
အရင်ကလှ လှပါသည်ဆိုသော အပြုံးများသည် အခုချိန်‌တွင်တော့ စက်ဆုပ်စရာအတိ..
ကိုကိုjiပြောထဲက နားထောင်ပြီး ဝေးဝေး‌ရှောင်ခဲ့သင့်တာ..
အခုလက်ရှိတွင် လက်နှစ်လုံးကြိုးလေးနှင့် အကျီအဖြူရောင်လေးသာဝတ်ထားတာကြောင့် အောက်တွင်ကျနေသော အနက်ရောင်အပေါ်ထပ်လေးအား ကောက်ယူကာ ထပ်ဝတ်လိုက်သည်...။
"ရှင့်စကားတည်ပါစေ‌နော်..အဲ့ပုံတွေ ကိုကိုတို့တွေ့လို့ကတော့ရှင့်ကို တကယ်အသေသတ်ပစ်မှာ !!.."
"မင်းဘက်ကစကားတည်နေသ၍ ငါဘက်ကိုစိတ်ချထားလိုက်.."
အိပ်ယာထကာစမို့လို ပွကြဲနေသည့် ကုတ်ဝဲဆံပင်များအား လက်ဖဝါးဖြင့်သပ်လိုက်ပြီး...သူမရဲ့ ပိုက်ဆံအိတ်လေးကိုယူကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်..။
"ဟက် !!တကယ့် ‌အကြောက်အလန့်မရှိတဲ့ကောင်မလေးပဲ.."
ဒီလိုအခြေအနေမှာတောင် မျက်ရည်ကြီးငယ်မကျပဲ အေးဆေးဖြေရှင်းတတ်သည့် Kim jieunဆိုသည့်ကောင်မလေးအားကြည့်ကာ သူ့ရဲ့ညီမ တစ်နည်းအားဖြင့် ချစ်ရသူ Min Arrကိုသတိရမိသည်..။
သူ့မင်အာကတော့ ဂျီအွန်းနှင့်ခြားနားစွာပဲ..ပျော့ညံ့သည်...အချစ်တွင်နက်နက်နဲနဲရူးသွပ်လွန်းသည်..
အသက်အရွယ်ချင်းသိပ်မကွာ‌သော်လည်း..စိတ်ကမူလုံးဝမတူ..
တူညီသည့်အရာကတော့ ထိုကောင်မလေးနှစ်ယောက်လုံးချစ်ဖို့ကောင်းခြင်းသာ..
တစ်ခါတစ်ရံတွင် ဂျီအွန်း၏ ချစ်စရာလုပ်ရက်လေးများက မင်အာ အားတိုက်ရိုက်သတိရစေသည်..။
ထိုကောင်မလေးအား အခုလိုအသုံးမချချင်သော်လည်း
သူမက သူ့ကစားပွဲရဲ့ အဓိကသော့ချက်ထဲကတစ်ခုပဲလေ..။
နောက်တစ်ကြိမ်ပြင်ဆင်ခွင့်ပေးမယ်ဆိုတောင် သူဒီလိုပဲဆက်ပြုမူမိလိမ့်မယ်..သူ့ရဲ့စိတ်ထဲရှိတာ မင်အာဆိုသည့်ကောင်မလေးတစ်ယောက်အတွက်သာမို့လို့..
စိတ်တော့မကောင်းဘူး အွန်းလေးရယ်..
-
-
အခန်းထဲမှ အလျင်စလိုထွက်လာပြီးနောက် ငိုချင်လာတဲ့စိတ်များကို ထိန်းချုပ်ကာ..bus ကားမှတ်တိုင်သို့အမြန်လမ်းလျှောက်လာလိုက်သည်..
မျက်နှာလည်းမသစ်ရသေးတာကြောင့် အနည်းငယ်ပေတူးနေသည့်ရုပ်သည် ဝတ်ထားသည့် ခပ်လန်းလန်း အကျီနှင့်မှမလိုက်...။
အခုလောက်ဆို ကိုကိုတို့ ဘယ်လောက်များစိတ်ပူနေလောက်ပါလိမ့်မလဲ..
ထိုအကြောင်း အားပြန်စဉ်းစားမိတော့ ရင်တုန်မှုများက နေရာယူလာခဲ့ပြန်သည်..။
၁၆နှစ်ဆိုသည့်အသက်အရွယ်သည် အခုလိုကိစ္စမျိုးကြုံတွေ့ဖို့ဆိုတာ ငယ်လွန်းသည်ကအမှန်..
ကြောက်တာပေါ့..ဒီလိုအခြေအနေမျိုးမှာ ဘယ်မိန်းခလေးမဆို ထိန့်လန့်မိမှာပဲလေ..
ဒါပေမဲ့ သူမမျက်ရည်မကျခဲ့ဘူး..မျက်ရည်ကျတယ်ဆိုတာ သူ့မအတွေးထဲတွင်တော့ ပျော့ညံသည်ဟူ၍သာ..
လေးကန်သော ခြေလှမ်းများနှင့်အတူ ခြံရှေ့သို့ပင်ရောက်လာလေပြီ..
သက်ပြင်းတစ်ချက်အား အားပါပါချလိုက်ပြီး ခြံတံခါးအား ဖွင့်ကာဝင်သွားလိုက်သည်..။
တိတ်ဆိတ်နေသော ခြံဝန်းငယ်သည်ပုံမှန်ထက်လွန်ကဲစွာ..။
အရင်နေ့မနက်များလို ကိုကိုရဲ့ ချက်ပြုတ်နေသံလည်းမကြားရ ကိုကိုjiရဲ့စကားသံလည်းမကြားရချေ..။
"ပြန်..ပြန်ရောက်ပါပြီ..ဟမ်..!!"
အသံလေးပေးရင် အိမ်ထဲဝင်သွား‌တော့ မြင်လိုက်ရသည့် မြင်ကွင်းလေးက မငိုပါဟုဆိုနေသော သူမကိုမျက်ရည်များပင်ဝဲစေတဲ့အထိ..
သူမအားစောင့်နေရင် အိပ်ပျော်သွားကြပုံပေါက်သော အကိုနှစ်ယောက်..။
ကြိုးဖုန်းလေးဘေးတွင်
ပျံ့ကြဲနေသော သူမသူငယ်ချင်းများ၏ ဖုန်းနံပါတ်မှတ်ထားသည့်စာအုပ်တစ်အုပ်..
အပြင်ထွက်ရှာသေးသည့်ပုံပင်..ခြေအိတ်များကိုပင် မချွတ်ပဲ ။ဆိုဖာငယ်လေး‌ပေါ်တွင် ထိုင်လျက်အိပ်ပျော်နေကြသည်..။
သူမကိုကိုတို့ကို ထပ်ပြီး ဒုက္ခပေးမိပြန်ပြီပဲ..
တောင်းပန်ပါတယ် ကိုကိုတို့ရာ..အရင်ထဲက မလိမ္မာခဲ့မိတာကြောင့်..
ဆိုဖာထိုင်ခုံငယ်လေး နှစ်ခုံပေါ်တွင် အိပ်ပျော်နေသော ကိုကိုတို့ရဲ့ အလယ်ကိုဝင်ကာ သူမခေါင်းတိုးအိပ်စက်လိုက်သည်..။
ထိုနေ့က သူမတို့မောင်နှမသုံးယောက်လုံးကျောင်းမသွားဖြစ်..။
အိပ်ရာမှ နိုးရော..သူမအားဖက်ကာငိုလည်းငိုရင် ဆူလည်းဆူကြသည်..
သူငယ်ချင်းတစ်ယောက်အိမ်တွင်အိပ်ပျော်မိသွားခြင်းဟု‌ပြောတာတောင်..ဘယ်သူငယ်ချင်းလဲဟု စစ်ဆေးသေးသည်..။
သူမရဲ့အလိမ်အညာကောင်းမှုနှင့် သူမအကိုတွေရဲ့ ရိုးအမှုကြောင့် အလွယ်တကူ ယုံကြည်စေနိုင်ခဲ့သည်..သို့သော်
သူငယ်ချင်းများ၏ partyဆိုတာကိုတော့ လုံးဝတတ်ခွင့်ပိတ်ခဲ့သည်..။
ကျေနပ်ပါတယ်...
ဒီလောက်ဆိုတော်ရောပေါ့..သူမ ဆိုးခဲ့တာတွေကလုံလောက်ပြီလေ..
မကြာခင် ခွဲစိတ်ရတော့မဲ့ ကိုကိုjiအတွက်လည်း သူမအချိန်ပေးရဦးမည်မဟုတ်ပါလား.....။
*********************************
တစ်ပတ်...
ခွဲစိတ်ရန် တစ်ပတ်ကျော်ကျော်လေးသာ လိုတော့သည်..ဟိုတစ်လောကကိစ္စကြောင့် Jeonသူ့ကို ရှောင်လောက်ပြီးဟု ထင်ခဲ့သော်လည်း..
အတွေးများက လုံးဝမှားယွင်းနေခဲ့သည်..
တစ်ရက်နှစ်ရက်လောက်သာ ပျောက်သွားခဲ့ပြီး..ပြန်ပေါ်လာတော့လည်းအရင်လိုပဲအနားမှာတဝဲလည်လည်..
အနားမကပ်ရလျှင် အဝေးမှ လိုက်သည်..
Lockerထဲတွင်ရောက်ရောက်နေသည့် ပန်းများကတစ်နေ့တစ်မျိုးမရိုးရ..
အဓိပ္ပါယ်အမျိုးမျိုးနှင့်သရုပ်ဖော်ကာ ပန်းများအားလာထားသူသည် Jeonမှလွဲ၍မရှိ..
နောက်နေ့ထိုကဲ့သို့လာမပေးပါနှင့်ဟုသွားပြောခဲ့သော်လည်း..Jeonကမျက်နှာပြောင်တိုက်တိုက်ပင်..သူမဟုတ်ဟု ရုပ်တည်ကြီးနှင့် မငြင်းတတ်ငြင်းတတ်အသေငြင်းသည်..။
တကယ်ပြောရဆိုရ လက်ပေါက်ကပ်သော Jeonကို တစ်ခါတစ်ရံ ထထုချင်စိတ်ပါပေါက်သည့်အထိ..
သို့သော်လည်း ထိုပန်းလေးများအား နာမည်နှင့် နေ့စွဲပါမှတ်ကာ သိမ်းထားခဲ့သည်ကိုတော့ ထိုလူသားမသိနိုင်လောက်တော့...။
အခုတလော ကျောင်းတွင်နေရတာအမှန်တကယ်အထီးကျန်လှသည်..။
အရင်ကTaeလေးက အမြဲတူတူရှိပေးသော်လည်း..
ယခုတွင်မူ Tae‌လေးကကျွန်တော့်အားလုံးဝမခေါ်..
အကြောင်းအရင်းက Jeonနှင့်လမ်းခွဲလိုက်တာကြောင့်တဲ့..
Jeonနှင့် ကျွန်တော့်အပေါ်ထားသော စေတနာကိုနားလည်သော်လည်း မသိချင်ယောင်ဆောင်ခဲ့ရသည်..။
ကျွန်တော့်အား ပြန်ပိုးပန်နေသည့် Jeonနဲ့သာတတွဲတွဲဖြစ်နေပြီး..
ကျွန်တော့်ကိုတော့ စကားမပြောတော့ချေ..
Jeonနဲ့ပြန်အဆင်ပြေသည့်နေ့မှ သူနှင့်စကားလာပြောပါတဲ့..
ဒါပေမဲ့ ဖြစ်မှမဖြစ်နိုင်တော့တာပဲ Taeရာ..
အရာအားလုံးမေ့ပျောက်သွားဖို့က ကျိန်းသေသလောက်ရှိသည်မလို့..မိသားစု(jin hyungတို့)နှင့်သာ အချိန်ပိုဖြုန်းမိသည်..။
ဘူဆန်မှ မေမေနှင့် jin hyung၏မိဘများသည်လည်း ခွဲခန်းဝင်ရန် နှစ်ရက်အလိုရောက်အောင်လာကြမည်တဲ့..။
အမှန်တိုင်းဝန်ခံရလျှင်..jin hyung၏မိဘများ တစ်နည်း ကျွန်တော့်ရဲ့ ဦးလေးနှင့် ဒေါ်လေး၏မျက်နှာများကို မျက်လုံးထဲတွင်မမှတ်မိတော့သည်က အချိန်တစ်ခုကြာခဲ့ပြီ။
မှတ်မိပါသေးသည်..
ထိုရောဂါကြီးရှိသည်ဟုသတင်းကြားကြားခြင်း မေမေငိုခဲ့သေးသည်..။
ဖေဖေဆုံးပါးရခြင်းရဲ့ ‌အကြောင်းအရင်းကြီးသည်..ယခုကျွန်တော်ဆီတွင်ပါရှိနေခြင်းကြောင့်..
"Jimin..!!"
အတွေးများရင်း လမ်းလျှောက်ခြင်းအမှုသည် hobi hyungရဲ့ခေါ်သံကြားမှအ‌တွေးလိပ်ပြာလေးများ ထပျံသွားရလေသည်။
"ဘယ်သွားမလို့လဲ ??.."
"ကျောင်းခန်းထဲလေ.."
"ခွီးးဂေါက်သီးရဲ့..မင်းအခုကျောင်းအနောက်ဘက်က အဆောင်တွေဘက်ရောက်တော့မယ်ဆိုတာသိရဲ့လား
မင်းအခန်းကဟိုဘက်မှာ.."
"အ..အမ်..အော်..ဟုတ်သား.."
Hoseok hyungပြောမှ ကြည့်မိတော့ ဟုတ်ပေသည်...သူအခုရောက်နေတာကျောင်းခန်းနှင့်ဆန့်ကျင်ဘက်...
"မင်းခွဲခန်းဝင်ရတော့မယ်နော်..
နောက်တစ်ပတ်လောက်နေရင် ကျောင်းမလာနဲ့တော့ အိမ်မှာပြင်ဆင်စရာရှိတာလေးပြင်ဆင်.."
"ဟုတ်~~"
"ကျစ်..ဘာလို့မျက်ရည်ကျနေပြန်တာလဲ..အဆင်ပြေသွားမှာပါ hyungပြောတာယုံ.."
ခွဲစိတ်ရမည်ဟူ‌သော စကားကြီးသည် အလိုက်ကန်းဆိုးမသိသော မျက်ရည်များကိုဝဲတက်စေလာသည်..။
"အမှန်တိုင်းပြောရရင် ကျွန်တော် ဒီနေရာက..လည်း..ဟင့်..မခွဲသွားချင်သလို ဒီအရာတွေကိုလည်း အဟင့်..မ..မမေ့ ချင်ဘူး hyung~~"
"အဆင်ပြေသွားမှာပါ..jiminကောင်းဖို့အတွက်ပဲ.."
ပခုံးလေးအား ပုတ်ပြီး နှစ်သိမ့်ပေးနေသည့်hyungကြောင့် မျက်ရည်များကို လွတ်လွတ်လပ်လပ်စီးဆင်းခွင့်ပေးလိုက်သည်...။
Jeonမှလွဲ၍ အခြားယောက်ျားတစ်ယောက်ရှေ့တွင်ပထမဆုံး ငိုကြွေးမိခြင်းပင်..
သို့သော်သူ့အကိုအရင်းတစ်ယောက်လိုယုံကြည်ရသော Hoseok hyungဖြစ်နေတာကြောင့်..သိပ်တော့စိတ်မလေးပင်ခဲ့...
"တော်ပြီ..မငိုနဲ့တော့ ကျောင်းတတ်တော့မယ်..Taeလေးလည်းမင်းကိုစောင့်နေလောက်ပြီ.."
မျက်ရည်များအား လက်ကိုင်ပဝါလေးနှင့်သုတ်ပေးပြီး hyungကသူ့အားအငိုတိတ်စေခဲ့သည်..
"ဟွန်း.. hyung ရဲ့အချစ်တော်Taeလေးက ကျွန်တော့်ကိုစောင့်နေဖို့နေသာသာ အခုထိစိတ်ဆိုးနေတုန်း.."
အချစ်တော်ဟုသုံးနှုန်းလိုက်တာကြောင့် ပြုံးစိစိ ဖြစ်သွား Hoseok hyung၏မျက်နှာကြီးပင် ထိန်းမရသိမ်းမရ..
ဟန်တောင်မဆောင်နိုင်ပါ့လားနော်...
"ဒါဆိုကျွန်‌တော်သွားတော့မယ် hyung.."
"အင်း..မျက်ရည်တွေပြောင်အောင်သုတ်သွားဦး.."
"ဟုတ်ကဲ့ပါခင်ဗျ.."
ပြောင်စပ်ပြောင်ချော်လုပ်သွားသော ထိုကောင်လေး၏ ကျောပြင်လေးဝေးကွာသွားကာမှ သူလည်းကိုယ့်အခန်းကိုယ်ပြန်ရန် ခြေဦးလှည့်လိုက်တော့သည်..။
"ခုနjiminနဲ့ပြောနေတဲ့ စကားအဓိပ္ပါယ်က ဘာလဲ hyung !!.."
"ယောင်း..ယောင်းငယ်~~!!"
Jiminနှင့်သူစကားရပ်ပြောနေသည့် ဘေးနားရှိ ကျောင်းအဆောင်ဟောင်းရဲ့ နံရံအကွယ်မှ ထွက်လာသူ ယောင်းငယ်ကြောင့် ခြေမကိုင်မိလက်မကိုင်မိ..
"ပြောစမ်းပါ..!!..ခွဲစိတ်ရမယ်ဆိုတာဘာလဲ !!..မေ့သွားမယ်ဆိုတာကရော.?!!.."
"ယောင်း..ယောင်းငယ် နားကြားမှားတာ..နေ..နေမှာ..ကိုယ်တို့အဲ့လိုမျိုးတွေ မ..မပြောခဲ့ပါဘူး.."
"Jung Hoseok !!!"
"ဗျာ.."
"‌ခင်ဗျားကြီးကို မသတ်မိခင် အမြန်ပြောပြပါလို့..jimin..jiminက Jeonကိုလမ်းခွဲလိုက်တာ အကြောင်းရှိတယ်မလား..ကျေးဇူးပြုပြီး..ကျေးဇူးပြုပြီး..အဟင့်..ပြောပြပေးပါ..နော်.."
ခက်ထန်သွားလိုက် နူးညံသွားလိုက်နှင့်ယောင်းငယ်သည်
နောက်ဆုံးလက်နက်ဖြစ်သည့် မျက်ရည်လေးများပါဝဲလာတော့ Jung Hoseokတို့ခံနိုင်ရည်မရှိတော့ပေ....
"ဟူး..မင်းအမှန်တရားကိုသိရင် စိတ်မကောင်းဖြစ်တာကလွဲပြီးဘာမှ မထူးဘူး ယောင်း.."
"ပြောပြပေးပါ..ကျွန်တော့်သူငယ်ချင်း..အကြောင်းကိုတော့ ကျွန်တော်သိပါရစေ.."
"ဟင်းးးလာ ဟိုကိုသွားထိုင်ရအောင်.."
အနီးရှိ ထိုင်ခုံတန်းလေးပေါ်တွင် ထိုင်စေပြီး..သက်ပြင်းချကာ ဖြစ်သမျှ အစုံပြောပြလေတော့ မျက်ရည်များဝဲလျက် နားထောင်နေသည်..။
သံယောဇဉ်ကြီးမားလှတဲ့ ဒီခလေးတွေအလှည့်ကျမှာ ကံကြမ္မာရိုက်ချက်ကပြင်းလှပေသည်..။
"အဲ့လိုနဲ့..နောက်တစ်ပတ်ကျော်လောက်ဆို jiminခွဲစိတ်ရတော့မှာ ယောင်း..
အသက်အန္တရာယ်တော့ မရှိပေမဲ့..
လူသစ်တစ်ယောက်လိုဖြစ်သွားလိမ့်မယ်..ဘာမှလဲမှတ်မိတော့မှာမဟုတ်ဘူး..ပြီးတော့ ခွဲစိတ်ပြီးရင် သူတို့မောင်နှမ seoulမှာမနေတော့ပဲပြောင်းတော့မှာတဲ့.."
စကားသံအဆုံးတွင် မျက်ရည်များစီးကျလာပြီး ပါးစပ်ကိုအုပ်လျက် ထိုင်ငိုတော့သည်။
"အဲ့..အဲ့လို..ဖြစ်နေတာ ကိုတောင်..ဟင့်..ကျွန်တော်က..မ..မသိပဲ..သူ့ကို မခေါ်ပဲ..ဟင့်..ပစ်ထား..မိနေတာ.. jiminieကို..သနားလွန်းလို့..အစ်..ဘယ်လိုလုပ်ရမလဲ..အီးးဟီးး.."
ရှိုက်သံများရော စကားသံများပါလုံးထွေးပြောရင်း မျက်ရည်များကျနေသည့် ယောင်းငယ်ကို ပွေ့ဖက်‌ပေးထားလိုက်သည်..
"ဒါယောင်းငယ်အမှားမှ မဟုတ်တာ..မငိုနဲ့တော့ အာပေတူးလေးရဲ့..ဒီကိုကြည့်..
hyungကိုကြည့် ယောင်း.."
မျက်နှာလေးအား ဆွဲမော့စေကာ မျက်ရည်များကို
လက်ဖဝါးလေးနှင့် ညင်ညင်သာသာသုတ်ပေးလိုက်သည်..
ငိုထားတာကြောင့် မျက်တောင်ရှည်ရှည်လေးများက မျက်ရည်စလေးများ သီနေလျက်..ချစ်ဖို့ကောင်းနေပြန်သည်..။
"အခုလို ကိုယ့်ကိုကိုယ် အပြစ်တင်နေမဲ့အစား..jiminဘေးနားမှာသာ အမှတ်တရလေးတွေဖန်တီးပြီး ပျော်ပျော်နေ‌လိုက်ပါလား ယောင်းငယ်.."
အပြုံးနုနုလေးဖြင့် ချော့မြူစကားလေးပြောတော့ မျက်ရည်စလေးများနှင့်ယောင်းငယ်က ခေါင်းလေးညိမ့်ပြသည်..။
"ကျေးဇူးပါ hyung..အခုလိုပြောပြပေးလို့..မဟုတ်ရင် jiminကနောက်ဆုံးထိပြောပြမှာမဟုတ်ဘူး.."
"ဒီအကြောင်းတွေကို jungkookဆိုတဲ့ကောင်လေးကိုပြန်မပြောပါနဲ့နော် ယောင်း.."
"အင်းပါ..ကျွန်တော်သိပါတယ်.."
"အင်း..အခုတော့အခန်းထဲမသွားနဲ့ဦး ဒီနှာခေါင်းရဲရဲလေးကိုတွေ့ရင် ငိုထားတယ်ဆိုတာ jiminသိသွားလိမ့်မယ်.."
နှာခေါင်းလေးအား လက်ညိုးလေးနှင့်တို့ထိရင်းပြောလာသည့် ထိုလူကြီးကို ပြုံးရင်းစိုက်ကြည့်မိသည်..။
အပြုံးချိုချိုနှင့်လူကြီး..စိတ်ထားကောင်းတဲ့လူကြီး..စာရော အကပါ‌အလွန်တော်သည့်လူကြီး..
ထိုကဲ့သို့အစစအရာရာပြည့်စုံနေသော လူကြီးသည် Kim Tae Hyung၏ရင်ထဲသို့ မရမကတိုးဝင်နေရာယူခဲ့လေပြီ..
Jeonအပြင်ထပ်မချစ်နိုင်ဟု ဟိုးအရင်ကစဉ်းစားခဲ့သော်လည်း
ဒီလူကြီးနှင့်တွေ့ပြီးနောက်ပိုင်း ရင်ခုန်သံများက အတိုင်းအစမရှိ ပိုကျယ်လောင်လာတတ်သည်..
အခုတော့ သေချာပေပြီ..သူထိုJung Hoseokဆိုသည့် လူကြီးကိုချစ်မိသွားသည်ဆိုတာ...။
*******************************
"Jiminie..နေ့လည်ကျရင် canteenတူတူသွားမယ်နော်..ငါ့ကိုခေါ်ဦး.."
"ဟမ်..အေး..အေးပါ.."
"ရော့..မနက်က ငါကျောင်းလာရင်း မင်းအတွက်ပါဝယ်လာတာ.."
မနက်ကနှစ်ချိန်လုံးပျောက်‌နေသောTae
လေးသည် ယခုအခန်းထဲသို့ပြန်ရောက်လာထဲက ထူးဆန်းနေသည်..။
အရင်နေ့ကမခေါ်ပါဘူးဟုပြောကာ လုံးဝလှည့်မကြည့်သည့် Taeလေးသည်..ယခု စကားများလာပြောကာ မုန့်ပင်လာပေးနေသည်တဲ့..
"Taeလေး..မင်းငါ့ကိုစိတ်မဆိုးတော့ဘူးလား ??.."
"မဆိုးပါဘူး ဘာလို့ဆိုးရမှာလဲ..Jeonနဲ့လမ်းခွဲတယ်ဆိုတာကလည်း မင်းမှာ..အကြောင်းပြချက်တစ်ခုခုရှိလို့နေမှာပေါ့.."
"ကျေးဇူးပါ Tae..ငါ့ကိုနားလည်ပေးလို့.."
"လိုလို့လား..ဒါနဲ့ လည်ပင်းကဆွဲကြိုးက.. အဟမ်း...ဆွဲထားတုန်းလား??"
လည်ပင်းတွင် ဆွဲထားသည့် ဆွဲကြိုးလေးအား ပြုံးစစနှင့် မျက်လုံးပင့်ပြီးမေးတော့မှ လည်တိုင်လေး
အား သတိတရ ကိုင်မိသည်..။
ဟုတ်သည်ပဲ..ဒီနေ့သူဝတ်ထားသည့်အကျီလေးက လည်ပင်းနည်းနည်းကျယ်သည်မို့လို့ ဆွဲကြိုးကိုမြင်နေရသည်..
"မဟုတ်ပါဘူး..ချွတ်မလို့ပဲ..ချွတ်ဖို့မေ့နေတာ.."
"အော်...."
ဟုတ်လို့လား ဆိုသည့်မျက်လုံးနှင့်ကြည့်နေသော Taeရှေ့တွင် ဆွဲကြိုးလေးအား ချွတ်ကာ လွယ်အိတ်ဘေးဇစ်ထဲထည့်ထားလိုက်သည်..။
တော်သေးလို့ပေါ့..Taeလေးသာမပြောရင် မကြာခင် Jeonမြင်သွားလောက်သည်..။
"အဲ့ဆွဲကြိုးလေးက 1month anniတုန်းကပေးတာမလား.."
"အင်း..ဟုတ်တယ်.."
1month anniဆိုသည့်စကားလေးကြားတော့ နှလုံးသားလေးအား ပျားရည်ဆမ်းလိုက်သလိုပင်...
ထိုနေ့ကအမှတ်တရလေးများက မျက်လုံးထဲ အစီအစဉ်ကျကျဝင်ရောက်လာပြီး..ရင်ဘတ်တစ်ခုလုံးအား နွေးထွေးသွားစေခဲ့သည်..။
အတွေးကိုယ်စီနှင့် ရပ်တန့်သွားသော စကားဝိုင်းလေးသည် သူတို့အနောက်ဘက်တွင် ထိုင်နေသော လူတစ်ယောက်၏ ခပ်ရွဲ့ရွဲ့အပြုံးတစ်ခုကို မမြင်ခဲ့ပါချေ..
**********************************
"Min..."
Taeလေးနှင့်စကားပြောရင်း canteenမှ ပြန်လာသည့်လမ်းတွင် အကျီလက်လေးအား လမ်းဆွဲပြီး ခေါ်လာသူရဲ့ အသံလေးကြောင့် ရင်ထဲတုန်သွားခဲ့ရပြန်သည်..။
"ဒါဆို jimin..ငါသွားနှင့်မယ်နော်..နောက်မှတွေ့မယ်Jeonရေ.."
အလိုက်သိသည်ပဲပြောရမလား အလိုက်ကန်းဆိုးမသိဟုပဲပြောရမလား..
Taeလေးကတော့နှစ်ယောက်လုံးကိ နှုတ်ဆက်ကာ တန်းနေအောင်ထွက်သွားတော့သည်..။
"ထပ်ပြီး ဘာကိစ္စ..??"
"သတိရလို့..တွေ့ချင်လို့..ပြီးတော့ဒီတစ်ခါတော့ ကိုယ်တိုင်ဒီပန်းလေးပေးချင်လို့"
လက်ထဲတွင်ကိုင်ထားသော ခရမ်းရောင်ပန်းပွင့်လေးအား ပြရင်း အပြုံးမပြတ်ပြောလာသူ..။
"ဒီပန်းလေးနာမည် Anemoneတဲ့..အဓိပ္ပါယ်က မျှော်လင့်စောင့်စားခြင်းတဲ့ Min.."
"ဟူးးဘယ်အချိန်အထိလိုက်နှောင့်ယှက်နေဦးမှာလဲ Jungkook..??
ဒီလိုအရေမရအဖတ်မရပန်းတွေမင်းပို့နေတာလည်းသိတယ် ရပ်တန်းကရပ်တော့ !!.."
"Minမကြိုက်ရင် ကိုယ်နောက်နေ့မပို့တော့ဘူးလေနော်..ဒေါသတော့မထွက်ပါနဲ့..ရော့..ဒါလေးတော့ယူပေးပါ.."
လက်ထဲပန်းလေးအား အတင်းထိုးထည့်ပေးပြီး အသနားခံမျက်လုံးတွေနဲ့ကြည့်လာတာကြောင့် မျက်နှာလွှဲလိုက်သည်..။
"ယူထားရင်ပြီးရောမလား..ဒါဆိုသွားလိုက်ဦးမယ်.."
ပန်းလေးအားယူကာ လှည့်ထွက်သွားတော့ လက်ကိုတစ်ခါပြန်ဆွဲလာပြန်သည်..။
"ကျစ်..!!ဘာကိစ္စသေးရှိလို့လဲ.."
"ကိုယ်ပေးထားတဲ့ ဆွဲကြိုးလေးရောဟင် ??.."
"လမ်းခွဲပြီးနေပြီလေ..ဆက်ဆွဲထားဖို့လိုသေးလို့လား..ပြောစရာကုန်ပြီဆိုရင် လွှတ်တော့.."
"အင်းပါ..အရမ်းချစ်တယ်.."
"ကြောင်တောင်တောင်နဲ့.."
မျက်နှာငယ်လေးနှင့် စိတ်မကောင်းစွာကျန်ခဲ့သည့် Jeonကြောင့် မိမိလည်းရင်ထဲမကောင်းလှပါ..
ဒီလိုလှပတဲ့ Anemoneပန်းလေးရဲ့ အဓိပ္ပါယ်က Jeonထင်သလို မျှော်လင့်စောင့်စားခြင်းတစ်ခုထဲမဟုတ်ဘူး Jeon..
သူ့ရဲ့နောက်အဓိပ္ပါယ်တစ်မျိုးက ဘယ်တော့မှမသေဆုံးမဲ့အချစ်တဲ့..
Jeonအတွက် Anemoneပန်းလေးက မျှော်လင့်စောင့်စားခြင်းဆိုရင် Minအတွက် Anemoneပန်းလေးက ဘယ်တော့မှမသေဆုံးမဲ့အချစ်ပဲ Jeon...
အခန်းထဲရောက်ရောက်ချင်း အခြေအနေဘယ်လိုလဲဟု တန်းမေးလာသော Taeကိုခေါင်းလေးယမ်းပြရင်း ပန်းလေးကို စားပွဲခုံထဲသေချာထည့်ထားလိုက်သည်..။
စာသင်ချိန်များ တစ်ချိန်ပြီးတစ်ချိန်ကုန်ဆုံးလာခဲ့သည်..။
ယနေ့တွင်တော့ သူနောက်ကျမှ အိမ်ပြန်ရမည့်ပုံပင်..ယနေ့အခန်းတွင်းသန့်ရှင်းရေးတာဝန်က သူအလှည့်ပင်မဟုတ်ပါလား..
တူတူစောင့်ပေးမည်ဟုပြောလာသော Taeလေးကိုလည်းငြင်းကာ အိမ်သို့ပြန်စေခဲ့လိုက်သည်..။
သန့်ရှင်းရေးလုပ်ခြင်းသည် သူ့အတွက်တော့ လွယ်ကူသည့်အလုပ်တစ်ခုသာ..
စိတ်ညစ်လျှင် သန့်ရှင်းရေးထလုပ်တတ်သည့်အကျင့်ကရှိသည်မလို့..အခုလည်းစိတ်ပြေလက်ပျောက်ဖြစ်သည်ပေါ့..
သီချင်းလေးငြီးရင်းတစ်ယောက်ထဲကျန်ခဲ့သော အခန်းထဲတွင် သန့်ရှင်းရေးလုပ်ခြင်းသည် တကယ့်ကိုစိတ်လွတ်လပ်ရာ..
အရင်တစ်ခါလို အခန်းထဲပိတ်မိနေမှာတော့မစိုးရိမ်မိ..
ဘေးနှစ်ခန်းကျော်တွင် ဆရာဆရာမများရှိနေကြသေးသည်မို့လို့.။
ခက်လိုက်တာ Jeonရာ..အဲ့နေ့ညကအကြောင်းကို စဉ်းစားမိပြန်ပြီတဲ့..
ကိုယ့်အတွေးများကိုယ် လျစ်လျူရှုရင်း သန့်ရှင်းရေးသာဆက်လုပ်နေမိသည်..ဒီဘက်တစ်ခြမ်းလှည်းပြီးရင် သူအားလုံးပြီးပြီလေ..။
"Jiminရေ..အကဆရာခေါ်နေ‌တယ်..ပေးစရာရှိလို့တဲ့.."
အခန်းဝမှလာအော်သွားသည့် သူတို့အခန်းမော်နီတာကြီးရဲ့စကားကို ခေါင်းညိမ့်ပြလိုက်ပြီး ဆရာများရှိရာ အခန်းသို့ သွားလိုက်တော့သည်..။
တိတ်ဆိတ်နေသောစွာကျန်ရှိခဲ့သော အခန်းလေးသည် jiminလွယ်အိတ်လေးတစ်လုံးသာ အထီးကျန်စွာရှိနေခဲ့သည်..။
သိပ်ပင်မကြာလိုက်.
.ထိုအခန်းထဲသို့ဝင်ရောက်လာသောလူတစ်ယောက်..
ထိုလူရဲ့ ဦးတည်ချက်က လွယ်အိတ်လေးရဲ့ဘေးအိတ်ထဲရှိ ဆွဲကြိုးလေးဆီသို့..
ဇစ်လေးအားဆွဲဖွင့်လိုက်တော့ JKဟုသောစာလုံးလေးနှင့်ဆွဲကြိုးလေးသည်လက်ခနဲ..။
ကောက်ကျစ်သော အပြုံးနှင့်အတူ ထိုဆွဲကြိုးလေးအားယူ၍ ထွက်ခွာသွားခဲ့သူကို မည်သူ့မှ မတွေ့ခဲ့..။
ဆွဲကြိုးပိုင်ရှင်လေးလည်းမတွေ့ခဲ့သလို..ဆွဲကြိုးလေးပျောက်သွားမှန်းကိုလည်းပိုင်ရှင်လေးမသိခဲ့..
ထိုနေ့ညက ဆွဲကြိုးလေးအား jiminတစ်ယောက် တောင်းသွန်ဖာမှောက်ရှာခဲ့သော်လည်း
လုံးဝပြန်မတွေ့..ကျောင်းဝန်းထဲသို့နောက်တစ်ကြိမ်ပြန်ဝင်ရှာခဲ့သော်လည်း ရှာမတွေ့တော့ချေ..
အရာအားလုံး၏ စတင်ခြင်းအစစ်အမှန်သည် ထိုနေရာတွင်သာဖြစ်ခဲ့သည်..
********************************
Minသည် သူ့အပေါ်တွင်စိတ်ခံစားချက်လုံးဝမရှိတော့သည်လား ??..
သူပေးခဲ့သည့်ဆွဲကြိုးလေးကိုပင် မဝတ်နိုင်တော့ပါဘူးဟုပြောလိုက်တုန်းက သူ့ရင်တွေဘယ်လောက်နာခဲ့မယ်ဆိုတာ အနှီလူသားလေးသိပါစ..
တစ်နေ့တစ်နေ့သွားထားသော ပန်းများသည်လည်း Minအတွက်စိတ်အနှောင့်အယှက်သာပေးခဲ့ပုံပေါ်ပါသည်..။
အတွေးဆိုသည်မှာ တွေးလေလေပိုနက်ရှိုင်းလေလေပဲ..
ကျောင်းကပြန်‌ရောက်ရောက်ချင်း အဝတ်အစားတောင်လဲမနိုင်ပဲ ထိုင်တွေးနေမိခြင်းသည် ရင်နာရခြင်းသာ အဖတ်တင်သည်..။
ဆယ်ကျော်သက်အချစ်ဆိုတာ မလေးနက်ဘူး စိတ်ကစားရုံလေးပါ ဆိုသည့်ပြောစကားများသည် Minအတွက် အမှန်ဖြစ်နေသလားတော့
မပြောတတ်ပေ..
သေချာသည်က jungkookဆိုသည့်ကောင်လေးအတွက်တော့ ထိုစကားတွေကမှားခဲ့သည်...
သူMinကိုဘယ်လောက်ချစ်မိသွားလဲဆိုတာ သူသာအသိဆုံးမို့လို့..။
အိပ်ယာပေါ်ပစ်လှဲလိုက်ပြီး အကြောင်းအရင်းမရှိ မျက်နှာကျက်ကိုစိုက်ကြည့်နေမိသည်..။
မကြာလိုက်ပေ..messageဝင်လာသော အသံကြောင့်Minများဖြစ်နေမလားဟူသော အတွေးဖြင့်
ကမန်းကတမ်းကုန်းရုန်းထကာ ဖုန်းလေးအားဖွင့်ကြည့်လိုက်သည်....။
သို့သော်သူမျှော်နေရသူဆီမှ မဟုတ်ခဲ့..အမည်မသိဖုန်းနံပါတ်မှ ပို့လာသော voice messageလေးတစ်ခုသာဖြစ်သည်...။
ထူးထူးဆန်းဆန်းရောက်လာသည့်.. messageလေးကြောင့် သိချင်သောစိတ်လေးဖြင့် ဖွင့်ကြည့်လိုက်သည်..။
//"Kim Tae Hyungဆိုတဲ့ကောင်လေးကိုလည်း Jeon Jungkookကသိပ်ဂရုစိုက်တယ် ကြားတယ်..သူ့ကိုထိခိုက်အောင်လုပ်ရင် ပိုအထိနာလောက်မလား ?.."//
ထွက်ပေါ်လာသည့် Taeလေးရဲ့နာမည်နှင့်သူရဲ့နာမည်ကြောင့် စိတ်ဝင်တစားနားစိုက်ထောင်မိသည်...။
သို့သော်လည်း အသံဖျက်ထားတာကြောင့် မည်သူမှန်းတော့မသိ..
//"ဟက် !! ငါဂရုစိုက်မယ်ထင်လား လုပ်ချင်သလိုလုပ်လေ..ကူညီပေးဖို့လိုသေးလား ??..
Taeတစ်ခုခုဖြစ်သွားရင်လည်း ငါ့အတွက်အဆိုးမရှိပါဘူး.."//
ထပ်ကြားလိုက်ရသော Minရဲ့အသံကြောင့် Jeonတစ်ယောက် လက်ထဲကဖုန်းပင်လွတ်ကျသွားရသည်..။
ဒါ..ဒါဘာအဓိပ္ပါယ်လဲ..
//"ဒါဆို Kim Tae Hyungတစ်ခုခုဖြစ်သွားလည်း ကိစ္စမရှိဘူးဆိုတဲ့သဘောပေါ့.."
"အင်းပေါ့.."//
တိတ်ဆိတ်သွားသော ဖုန်းထဲမှ အသံလေးအဆုံးတွင် သူတွေးစရာများဝင်ရောက်လာခဲ့သည်..။
ဒါMinနဲ့ဘယ်သူနဲ့ပြောနေခြင်းလဲ..ဘာကြောင့်Minကရော အခုလိုစကားပြောထွက်ရတာလဲ ??
အတွေးများသည် ချဲကားရင်းမှ အတွေးမှားများစီရောက်သွားမည်စိုးတာကြောင့် အလျင်အမြန်မေ့ပစ်လိုက်သည်..။
အရေးကြီးသည်က ဒီအသံဖိုင်ကိုမည်သူက မည်သည့်အဓိပ္ပါယ်နှင့်ပို့လိုက်သနည်းဆိုသည်သာ..။
*********************************
"ပြောစရာရှိတာမြန်မြန်ပြောပါ..ကျွန်မသွားစရာရှိလို့.."
"လောလှချည်လား ဂျီအွန်းရာ.."
ကော်ဖီတစ်ခွက်အား ဇိမ်ဆွဲပြီးသောက်နေသော ထိုလူသည်..ပြောစရာရှိလို့ဆိုပြီး ကော်ဖီဆိုင်တစ်ဆိုင်ကိုချိန်းလာခဲ့သည်...
သို့သော်လည်း ရောက်နေတာ ၁၅မိနစ်ပင်ရှိတော့မည် ကော်ဖီသာ ထိုင်သောက်နေသည့်ထိုလူကိုတကယ် မြင်ပြင်းကပ်နေလေပြီ..။
ဘယ်လောက်ပဲအရင်ကကြိုက်ခဲ့ပါစေ..မုန်းသွားပြီဆိုသည်နှင့် ထိုလူဘာလုပ်လုပ်ကြည့်မရတော့သည်က သူမရဲ့ အကျင့်တစ်ခုသာ..။
"ဟိုနေ့က အပေးအယူလေးမှတ်မိတယ်ဟုတ် ??.."
ဟိုနေ့ကဟူသော စကားကိုကြားသည်နှင့် ဒေါသတကြီးလက်သီးများဆုတ်မိသွားသည်..။
Shin Min Wooဆိုသည့်လူကို သူမသတ်ပစ်ချင်တာ လက်ကိုယားလို့..
"ပြောစရာရှိတာသာပြော..အချိန်မဆွဲနဲ့.."
"အိုခေလေ..ဒါဆိုရှင်းရှင်းပဲပြောတော့မယ်..မင်းရဲ့ ဓာတ်ပုံတွေကို ဖျက်ဆီးပေးစေချင်ရင် မင်းအကိုPark Jiminရဲ့ဖုန်းကိုငါ့ဆီယူလာပေး.."
"ဘာာ!!!..."
"မရှင်း‌သေးဘူးလား..မင်းရဲ့ဟိုပုံတွေ ပျောက်သွားစေချင်ရင်..Park Jimin ရဲ့ ဖုန်း!..ကို!..ယူ!..လာ!..ပေး !!.."
ထိုလူယုတ်မာသည် မည်သည့်အကြံများကို ထပ်ကြံစည်နေသလဲမသိ..
ကိုကိုjiရဲ့ဖုန်းတဲ့လား..လုံးဝပဲ..ဘာကိစ္စယူပေးရမည်နည်း..
"မယူပေးနိုင်ဘူး.!!..ရှင့်လိုလူယုတ်မာကကျွန်မအကိုထိခိုက်အောင် ဘာတွေကြံထားတာလဲမှ မသိ..မယူပေးနိုင်ဘူး !!.."
"ဒါဆိုလည်းရှင်းပါတယ် မင်းရဲ့ပုံတွေကို မင်းမိသားစုဆီပို့ရုံပေါ့..
မင်းကိုအရမ်းချစ်တဲ့ အကိုတွေဆီပို့ရမလား ??..ဒါမှမဟုတ်..
နှလုံးရောဂါရှိတဲ့..မင်းအမေဆီကိုဆို‌ရင်ရော ??...အဲ့ဒါဆိုတော်တော်ပျော်ဖို့ကောင်းမှာပဲ ဟက် !!"
"ရှင် !!..ရှင့်လောက်ယုတ်မာတဲ့လူမတွေ့ဖူးဘူး !!.."
"ချီးကျူးပေးလို့ကျေးဇူးပါ..
မင်းစဉ်းစားပေါ့ ဖုန်းလေးယူလာပေးပြီး ဓာတ်ပုံလေးကိုပျောက်ကွယ်စေမလား..ဒါမှမဟုတ် မင်းမိဘတွေဆီဓာတ်ပုံပို့ပြီး ရောဂါပေးမလားဆိုတာ.."
"........."
"စိတ်ချပါ..မင်းအကိုဖုန်းကိုဘာမှမလုပ်ပါဘူး..ကျောင်းစာနဲ့ပတ်သတ်တဲ့ စာရင်းအချို့လိုချင်လို့..မင်းရွေးပေါ့.."
ဘဝတွင်တစ်ခါမှ ထိုကဲ့သို့ ပြင်းထန်သည့်ရွေးချယ်မှုမျိုးတစ်ခါမှ မကြုံခဲ့ဖူး..
သူမဘာကိုရွေးချယ်သင့်သနည်း..
အချိန်အတော်ကြာ စဉ်းစားနေမှုသည်နောက်ဆုံးတွင် ပြတ်သားသော အဖြေတစ်ခုသာပေါ်လာခဲ့သည်..။
"ကိုကိုjiရဲ့ဖုန်းကို ဘယ်နေ့ယူလာပေးရမလဲ.."
"ဝိုးးရွေးချယ်နိုင်သွားပြီပေါ့..အိုခေလေ ဒါဆို ဒီတစ်ပတ်စနေ့နေ့ မနက်ငါ့ဆီအဲ့ဖုန်းယူလာခဲ့ပေး.."
"ကိုကိုjiမထိခိုက်မှာသေချာလား..??"
"sure.."
"ဒါဆိုသွားလိုက်ပါဦးမယ် အဲ့နေ့ကျရင် ဓာတ်ပုံတွေအကုန်ဖျက်ဆီးပေးပါ.."
ဒေါသတကြီး စိုက်ကြည့်ပြီးပြောသွားသည့် ထိုကောင်မလေးကို ပြုံးလိုက်မိပြီ...
မင်းလေးက ဒေါသကြီးပေမဲ့ အဖြူရောင်လေးပဲ..ဘာမှမသိတဲ့ တုံးအအ
အဖြူရောင်လေး...။
#MCEJ
ဒီတစ်ပိုင်းပျင်းဖို့ကောင်းတာသိပါတယ်..ဒါလေးပါမှ ဇာတ်သိမ်းအတွက်အစချီလို့ရမှာမလို့ပါ..အရေးအသားလည်းစုတ်လာလိုက်တာ..
မပြောရင်ကြယ်လေးတွေမနှိပ်ကြဝူးနော်..ချိတ်ချိုးတယ်😣
ကြယ်မများရင်ပြန်လာဝူး သဝါးးး
မုန်တိုင်းတိုက်ပါရစေ..🙏
Zawgyi
Unicode
တကယ်တော်သေးတာပေါ့..!!
"ဘာအဓိပ်ပါယျလဲ အကို !!?.."
အမြဲတမ်းကြးွခေဲ့ရသော အကို့မျက်နှာသည် ဒီတစ်ခါတွင်တော့..ဗီလိန်တစ်ယောက်ဟူသော ခံစားချက်ကိုသာပေးသည်..။
ဒါထက်ပိုဆိုးတာက..!!
"ဒါ..ဒါတွေက..ဘာတွေလဲ..အကို ?..
"ဘာ..လုပ်ပေးရမှာလဲ !!.."
"ဟုတ်ပါပြီဗျာ.."
-
-
ကျေနပ်ပါတယ်...
*********************************
တစ်ပတ်...
မှတ်မိပါသေးသည်..
"Jimin..!!"
"ဘယ်သွားမလို့လဲ ??.."
"ကျောင်းခန်းထဲလေ.."
မင်းအခန်းကဟိုဘက်မှာ.."
"အ..အမ်..အော်..ဟုတ်သား.."
"ဟုတ်~~"
"ဟုတ်ကဲ့ပါခင်ဗျ.."
"ခုနjiminနဲ့ပြောနေတဲ့ စကားအဓိပ်ပါယျက ဘာလဲ hyung !!.."
"ယောင်း..ယောင်းငယ်~~!!"
"Jung Hoseok !!!"
"ဗျာ.."
hyungကိုကြည့် ယောင်း.."
*******************************
"ဟမ်..အေး..အေးပါ.."
အား သတိတရ ကိုင်မိသည်..။
"အော်...."
"အင်း..ဟုတ်တယ်.."
**********************************
"Min..."
"ထပ်ပြီး ဘာကိစ္စ..??"
"ဒီပန်းလေးနာမည် Anemoneတဲ့..အဓိပ်ပါယျက မျှော်လင့်စောင့်စားခြင်းတဲ့ Min.."
"အင်းပါ..အရမ်းချစ်တယ်.."
"ကြောင်တောင်တောင်နဲ့.."
ဒီလိုလှပတဲ့ Anemoneပန်းလေးရဲ့ အဓိပ်ပါယျက Jeonထင်သလို မျှော်လင့်စောင့်စားခြင်းတစ်ခုထဲမဟုတ်ဘူး Jeon..
သိပ်ပင်မကြာလိုက်.
********************************
မပြောတတ်ပေ..
ဒါ..ဒါဘာအဓိပ်ပါယျလဲ..
"အင်းပေါ့.."//
အေရးႀကီးသည္က ဒီအသံဖိုင္ကိုမည္သူက မည်သည့်အဓိပ္ပါယ်နှင့်ပို့လိုက်သနည်းဆိုသည်သာ..။
*********************************
"ဘာာ!!!..."
"........."
"sure.."
အဖြူရောင်လေး...။
#MCEJ
Continue Reading
You'll Also Like
1.5K 126 1
Jikook / minkook (one short) ( Birthday Present for my fav Author @violet_1317 )
1M 37.9K 90
𝗟𝗼𝘃𝗶𝗻𝗴 𝗵𝗲𝗿 𝘄𝗮𝘀 𝗹𝗶𝗸𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 𝗳𝗶𝗿𝗲, 𝗹𝘂𝗰𝗸𝗶𝗹𝘆 𝗳𝗼𝗿 𝗵𝗲𝗿, 𝗔𝗻𝘁𝗮𝗿𝗲𝘀 𝗹𝗼𝘃𝗲 𝗽𝗹𝗮𝘆𝗶𝗻𝗴 𝘄𝗶𝘁𝗵 �...
2.2K 278 6
လွမ်းပုံပြင်... အတိတ်ပုံပြင်တွေက မလှပခဲ့ပေ သို့သော် လွမ်းမောဖွယ်ရာအပြည့်။ အချစ်တွေသည် အတိတ်တွေ၌ ကျန်ရစ်ခဲ့သော်လဲ နှလုံးသားတွေသည် လတ်ဆတ်နေသေး၏။ [VOPE]
9.4K 828 17
အကြောင်းပြချက်မရှိ ရပ်စောင့်နေသူရယ်...... ဘယ်တော့မှ ပြန်မလာတော့တဲ့သူရယ်......