For..

By Gael_2001

549K 37.9K 3.9K

မင်း အဆင်ပြေဖို့အတွတ် ငါ နာကျင်ပေးရလဲ ဖြစ်တယ် ကိုကို။ More

For...
For...
For...
For...
For..
For..
For...
For...
For...
For...
For...
For...
For....
For..
For...
For...
For...
For....
For...
For..
For...
For...
For...
For..
For...
For...
For...⚠⚠⚠
For...
For...
For..
For...
For...
For...
For...
For..
For...
For...
For...
For..
For..
For..
For...⚠️⚠️⚠️
For..
For...
For...⚠⚠⚠
For...
For...⚠⚠⚠
For...
For...⚠⚠⚠
For...
Final

For...

12.4K 813 110
By Gael_2001

ရိပေါ် နိုးလာသည်နှင့် တစ်ကိုယ်လုံးက ကိုက်ခဲနေကာ လှုပ်ပင်မလှုပ်ချင်။ အောက်ပိုင်းတစ်ခုလုံးလှုပ်လိုက်တိုင်း နာကျင်လာတာ မျက်ရည်ဝဲသည်အထိ။ နေ့လည်က အကြောင်းကို ပြန်တွေးမိတော့ မျက်ရည်တွေက ထိန်းမရ။ ရှောင်းကျန့်က သူ့ကို ဒီလောက်တောင် မုန်းနေသည်တဲ့လား။

ရောက်နေတဲ့အိမ်ကို တစ်ချက်ကြည့်လိုက်တော့ သူ့ရဲ့အိမ်။ ကြီးမားခံ့ညားသည့် အိပ်ယာပေါ်တွင် ရိပေါ်ရောက်နေကာ အဝတ်အစားတွေကလဲ လဲထားပေးသည်။ ရှပ်အဖြူအပွကြီးဝတ်ပေးထား၍ ရိပေါ်၏ လက်ချောင်းလေးတွေပင် မမြင်ရ။ အိပ်ယာပေါ်က နည်းနည်းရွေ့သည်နှင့် နာကျင်လွန်း၍ ရိပေါ် အိပ်ယာစကို ဆွဲစုပ်ထားမိသည်။

ရှောင်းကျန့် သူ့ကိုရယူခဲ့တာ ပုံစံအစုံပင်။ ပြီးတော့ ရုံးခန်းထဲမှာ။ ထိုလို ပြန်တွေးလေ ခန္ဓာကိုယ်ထက် ရင်ထဲက နာကျင်လေပင်။ သူ လိုအပ်လျှင် ရိပေါ် ပေးဖို့အဆင်သင့်။ ထိုလို အကြမ်းနည်းနဲ့ ရယူစရာပင် မလို။

ပြီးတော့ ထိုလို ရယူတာကလဲ ရိပေါ်၏အပေါ်တွင် အထင်သေးစွာ။ သူနဲ့ ကြိုက်မိခဲ့၍ ရိပေါ်က ယောကျာ်းတိုင်းကို ကြိုက်နေသည်ဟု သူ ထင်နေသလား။ ရိပေါ်သည် ရှောင်းကျန့်အပေါ်ကလွဲ ဘယ်ယောကျာ်းအပေါ်မှပင် ရင်မခုန်ခဲ့ပါချေ။ ဒါကို ရိပေါ်အား ရှောင်းကျန့်သည် ဘယ်အထိ ဆွဲချချင်နေသလဲ မသိတော့ပေ။

*နိုးနေပြီလား*

ကျွန်းရောင် တံခါးကြီး ပွင့်လာကာ အထဲဝင်လာသည့် သူ။ ရှပ်မီးခိုးရောင်ကို အိမ်နေရင်း pantဖြင့် တွဲဝတ်ထားလေသည်။ နဖူးပေါ်တွင် ဆံပင်အချို့က ခပ်ဝဲဝဲကျနေသေးသည်။ ရိပေါ် သူ့ခြေလှမ်းအတိုင်း အကြည့်မလွှဲပဲ ကြည့်နေခဲ့သည်။

ရိပေါ်အရမ်းချစ်ရသည့် ရှေ့ကသူသည် ရိပေါ်အား အမုန်းကြီး မုန်းနေခဲ့သည်။ ရိပေါ်အား အထင်သေးနေ‌သည်။ ရိပေါ် မနက်ကထိ သူ့၏ ထိုလိုအပြုအမူတွေ၊ အထင်သေးမှုတွေကို ရိပေါ် ခေါင်းငုံ့ခံခဲ့သည်။ ရိပေါ်က သူ့ကို ထားခဲ့သူမလို့။ ရိပေါ်က စမှားခဲ့လို့။ အခုတော့ ရိပေါ် အပြစ်တွေ ကျေပြီထင်၏။

*ငါ့ကို အရမ်းမုန်းနေတယ်မလား*

အိပ်ယာ‌ဘေး မတ်တပ်လာရပ်သူကို မော့ကြည့်ကာ ရိပေါ်မေးလိုက်သည်။ တင်းတင်းစေ့သွားသည့် နှုတ်ခမ်းတွေက ဘာမှမပြော။ ဆိတ်ဆိတ်နေခြင်းသည် ဝန်ခံခြင်းတဲ့။ ရိပေါ် ဟက် ခနဲ ရယ်လိုက်ကာ

*ငါကလေ မင်းကို သိပ်ချစ်တာ သိလား။ ချစ်ခဲ့တာ မဟုတ်ဘူး ရှောင်းကျန့်။ ငါ မင်းကို ချစ်နေတုန်း။ အခုလဲ ချစ်တယ်။ နောက်လဲ ချစ်တယ်။ ငါ့ဘဝဆုံးသွားတဲ့အထိ မင်းကို ချစ်တယ်*

ရှောင်းကျန့် မျက်ဝန်းတွေက ရိပေါ်အား မကြည့်ပဲ အပြင်ဘက်ကိုသာ ကြည့်နေလေသည်။

*ငါ မင်းနဲ့ဆုံတွေ့ရဖို့ပဲ ဘုရားမှာ ဆုတောင်းခဲ့တာ။ ဒါပေမယ့် မင်းကတော့ ငါနဲ့ ကွေကွင်းရဖို့ပဲ ဆုတောင်းခဲ့တယ် ထင်ပါရဲ့။ ဘုရားက ငါ့ဆုတောင်းတွေ မမြင်ပဲ မင်း ဆုတောင်းတွေကို ကြားခဲ့တယ်ထင်တယ်။ အဲ့တာမို့ မင်း စိတ်ထဲက ဆုတောင်းတွေအတိုင်း ငါ မင်းအနားက ထွက်သွားပေးမယ်။ အမြဲတမ်း အတွတ်*

ရှောင်းကျန့်၏ မေးရိုးတွေက တင်းခနဲ ဖြစ်သွားကာ မျက်တောင်တွေကို တဖြတ်ဖြတ်ခတ်နေသည်။ ဘာ စကားကိုမှမဆို။

*ငါ မင်းကို ထားခဲ့တာ။ လှောင်ခဲ့တာ..မင်း အချစ်ကို တန်ဖိုးမထားခဲ့တာတွေအတွတ် ငါ့အပြစ်တွေ ကျေပြီမလား ရှောင်းကျန့်။ ဒီလောက်ဆို ငါ လိပ်ပြာသန့်သန့်နဲ့ မင်းကိုဆက်ချစ်ပြီး ရှင်သန်လို့ ရပြီမလား မင်းအဝေးကနေလေ*

*မင်းက အစကထဲက ငါနဲ့အဝေးဆုံးမှာပဲ ရှိနေခဲ့တာမလား*

ရှောင်းကျန့် ငုံ့မိုးကာ ရိပေါ်ကို စိုက်ကြည့်လာလေသည်။ ရိပေါ် အကြည့်မလွှဲပဲ ပြန်စိုက်ကြည့်ကာ

*မင်းအနားမှာ ငါ မဟုတ်တဲ့ အခြားတစ်ယောက်ရှိနေလို့ ငါက အဝေးရောက်နေတယ်လို့ မင်း ထင်နေခဲ့တာပါ။ မင်း ကြည့်တတ်၊ ခံစားတတ်ရင် ငါက မင်းရဲ့အနီးဆုံးနားမှာဆိုတာ မင်းမြင်မှာ*

ရှောင်းကျန့်၏ အကြည့်တွေက ရိပေါ်၏ မျက်ဝန်းထဲ အဖြေရှာနေလေသည်။ သို့ပေမယ့် ခနတာပင်။ ခနဲ့တဲ့တဲ့ အပြုံးတစ်ခု ထပ်ဖန်ဆင်းကာ

*မင်းက ငါ့ရဲ့အနားမှာ ဘယ်တုန်းကမှမရှိခဲ့ဘူး ဝမ်ရိပေါ်။ အခုကိစ္စအတွတ်လဲ ငါ တောင်းပန်တယ်။ ငါ စိတ်လွတ်သွားလို့*

ရိပေါ်၏ မျှော်လင့်ချက်တွေသည် လေထဲ လွင့်ပျောက်သွားသလို။ စောင်အောက်က လက်ကလေးတွေပင် အနည်းငယ် တုန်ယင်ချင်နေသည်။

ရှောင်းကျန့်သည် နောက်ဆုံးအချိန်ထိတောင်မှ။

*အင်း အခုလဲ ငါ မင်းရဲ့အဝေးဆုံးမှာပဲ ထပ်နေတော့မှာမလို့ ငါ့ကို အလုပ်ထွက်ခွင့်ပေးပါ*

‌ရှောင်းကျန့်၏ လည်စေ့သည် အပေါ်အောက် အနည်းငယ် လှုပ်ရှားသွားသလို ရိပေါ်သည်လဲ မျက်ရည်ကျလာမိသည်။

ရှောင်းကျန့်ပြောလိုက်သော စကားကြောင့် ရိပေါ်၏မျက်နှာမှာ အထိတ်တလန့်ပင် ရှောင်းကျန့်အား ကြည့်မိသွား၏။

*အလုပ်က ထွက်ရင် မင်းဘယ်မှာမှ အလုပ်ရဖို့ မစဉ်းစားနဲ့ ဝမ်ရိပေါ်။ မင်းနေတဲ့ တိုက်ရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာ သေချာ ပြန်စုံစမ်းလိုက်အုံး။ မင်း ငါ့ဆီက အလုပ်ထွက်တာနဲ့ မင်းတိုက်ကလူတွေအားလုံး လမ်းပေါ်ရောက်ကုန်မယ်*

*ရှောင်းကျန့်.!*

ရှောင်းကျန့်သည် ဘယ်တုန်းက ဒီလောက် ရက်စက်တတ်သွားတာလဲ။ ရိပေါ် နှုတ်ခမ်းတွေ တဆက်ဆက် တုန်ယင်လာကာ

*မင်းပဲ ငါ့ကို မုန်းနေတယ်ဆို။ ငါ့ကို အဝေးထွက်သွားခွင့်ပြုပါတော့ ရှောင်းကျန့်။ ငါ တောင်းပန်ပါတယ်*

*မရဘူး ဝမ်ရိပေါ်။ အဲ့လောက်နဲ့ မရဘူး။ ငါ ခံစားရသလို မင်း ပြန်ခံစားရမယ်။ ငါ့နားမှာ နေပြီး မင်းခံစားရတာကို ငါက ကြည့်နေချင်တာ။ ငါ့ဆီက ထွက်သွားဖို့ အဲ့လောက်မလွယ်ဘူး*

ရိပေါ် ဆက်ပြောနိုင်စွမ်းပင် မရှိတော့။ ရှောင်းကျန့်မျက်နှာကိုသာ ခါးခါးသီးသီး စိုက်ကြည့်နေမိသည်။ ရှောင်းကျန့်က မျက်ခုံးတစ်ဖက်ပင့်ပြကာ

*ခနနေရင် တစ်ခုခုစားပြီး ဆေးသောက်ရမယ်။ ဆရာဝန်က သုံးရက်လောက် အနားယူဖို့ ပြောထားတယ်*

ပြောချင်ရာတွေ ပြောပြီး အခန်းထဲက ထွက်သွားသူကို ရိပေါ် မကြည့်ချင်၍ ခနမျှ မျက်လုံး မှိတ်ပစ်မိသည်။ ဒီခနလေးအတွင်းမှာတော့ သူ ရှောင်းကျန့်ကို မတွေ့ချင်ဘူး။ ရိပေါ်နေသည့် တိုက်တွင် အနေအထိုင်၊ အစားအသောက်ခက်ခဲသည့် အခြေခံလူတန်းစားတွေသာ ရှိသည်။

ဒီတိုက်သည် ဈေးချိုသလို နေရတာလဲ အဆင်ပြေသည်။ ရိပေါ် ကိုယ်လွတ်ရုန်းသွားလျှင် ကျန်ခဲ့မည့် မိသားစုတွေမှာ အားလုံး ခက်ခဲသွားနိုင်သည်။ ရှောင်းကျန့်ကလဲ တစ်ကယ် လုပ်မည့်သူမှန်း ရိပေါ် သိသည်။

မုန်းနေရဲ့နဲ့ ရိပေါ်ကို ဘာလို့ အနားပြန်ခေါ်ထားမှန်း တစ်ကယ်ပင် နားမလည်တော့ချေ။

_____________________________

အနည်းငယ် သက်သာလာ၍ ရိပေါ် အိပ်ယာကနေ ထကာ ပြတင်းပေါက်အနား သွားရပ်လိုက်သည်။ မြင်လိုက်ရသည်က မြက်ခင်းတုအပေါ်တွင် ရပ်ကာ ဖုန်းပြောနေသည့်သူ။ တစ်ခုခုကို အလိုမကျသလို မျက်ခုံးတွေက စုကြုံ့နေသည်။ ညနေပိုင်းက အနည်းငယ် အေးချင်နေ၍ shirt fit size အပြာရောင်အပေါ်တွင် ဝေ့ကုတ်စ်တစ်ထည်ထပ်ဝတ်ထားကာ pant နို့နှစ်ရောင်လေးဖြင့်။ ဆံပင်‌ေတွကို အပြောင် လှန်သိမ်းထား၍ ရှောင်းကျန့်သည် အကြည့်မလွှဲချင်စရာ ယောကျာ်းတစ်ယောက်ဖြစ်နေခဲ့သည်။

အပေါ်ကို ဖြတ်ခနဲ မော့ကြည့်လာသည့် သူကြောင့် ရိပေါ်နဲ့ အကြည့်ချင်းဆုံသွားလေသည်။ ရိပေါ်ကို ခနပဲ ကြည့်ကာ ဖုန်းပြောပြီးမှနောက်တစ်ခေါက် ပြန်ကြည့်လာပြန်၏။ ပြီးမှ သူက အိမ်ထဲ ဝင်သွားလေသည်။ ရိပေါ်ကတော့ အိပ်ယာပေါ် အိပ်ချင်စိတ်မရှိသေး၍ ပြတင်းပေါက်ကနေ အပြင်ကို ကြည့်နေမိ၏။

ပန်းပင်ရေလောင်းနေသော ဦးလေးကြီးအချို့နှင့် တံမြက်စည်းလှည်းနေကြသော အိမ်အကူအချို့ကို မြင်နေရသည်။

*ညစာ စားမယ် အောက်ဆင်းမလား။ ဒီမှာစားမလား*

အနောက်က ခပ်ရှရှထွက်လာသည့် စကားသံကြောင့် ရိပေါ် လှည့်ကြည့်လိုက်တော့ သူ ဖြစ်နေသည်။ ရိပေါ် ဒီအခန်းထဲ နေရတာ ငြီးငွေ့လာပြီး အပြင်ထွက်ချင်လာသည်။ အဲ့တာမို့ သူ့ဆီအသာ ကြည့်ကာ

*အောက်ပဲ ဆင်းစားချင်တယ်။ ရမလား*

*အင်း..လာ*

ရိပေါ် လမ်းလျှောက်တာပင် အနည်းငယ် နာနေသေး၍ သူက မျက်ခုံးတွေ စုကြုံ့ကာ ရိပေါ်၏ လက်တစ်ဖက်ကို ကူတွဲလေသည်။ ထိုအခါမှပင် ရိပေါ် လမ်းလျှောက်ရတာ အနည်းငယ် သက်သာသလို။ သူ့ဆီက‌ရနေသည့် ခပ်သင်းသင်း ရေမွှေးနံ့လေးကြောင့် ခေါင်းမကြည်တာတွေပင် ပျောက်သွားသည်။

*သေချာဆင်း*

လှေကားပေါ်က ဆင်းတော့လဲ ဂရုတစိုက်။ ရိပေါ် ခေါင်းသာ အသာ ညိမ့်ပြလိုက်သည်။ ထမင်းစားပွဲအနားအရောက် မြင်လိုက်ရသည့် ဟင်းတွေကြောင့် ရိပေါ် ဗိုက်ကပိုဆာလာသည်။ သူ့အကြိုက်ဟင်းတွေကြည့်ပင်။

ရိပေါ်ထိုင်မည့်ခုံတွင် ဖော့အလှခံထား၍ အရမ်းကြီးမနာကျင်၍ သရုပ်ပျက်မနေရ။ အိမ်အကူလေးတွေက ထမင်းလာထည့်ပေး၍ ရိပေါ် ကျေးဇူးတင်သလို ခေါင်းညိမ့်လိုက်သည်။ ရှောင်းကျန့်သည် မည်သူ့ကိုမှ ရှိသည်လို့ပင် သဘောမထားပဲ ရိပေါ်ကို ကြည့်ကာ

*စားလေ မင်းကြိုက်တာတွေ ကြည့်ပဲမလား*

*အင်း*

ရိပေါ်ခေါင်းသာ ညိမ့်ပြလိုက်ကာ စစားတော့သည်။ ဗိုက်ကဆာနေ၍ ဟန်ကဆောင်လို့ပင် မရတော့ပေ။ ဟင်းချက်လက်ရာတွေကလဲ တကယ်ပင် ကောင်းလွန်းသည်။

*ဒါထည့်စား*

ရိပေါ် ပန်းကန်ထဲ ရောက်လာသည့် ဟင်းအချို့။ မော့ကြည့်လိုက်တော့ ဘာလဲဆိုသည့် သဘောဖြင့် မျက်ခုံးပင့်ပြနေသေးသည်။ စောနက ရိပေါ်အား မုန်းနေသည့် သူ မဟုတ်သည့်အတိုင်းပင်။ ရိပေါ်ကတော့ စိတ်ဆိုးနေ၍ သူ ထည့်ပေးသည့် ဟင်းကို ဘေးကပ်ထားကာ ကျန်တာတွေနှင့်ပင် ဆက်စားသည်။

ဒါကိုပင် ဘာကို သဘောကျသွားသည်မသိ ဟက် ခနဲတစ်ချက်ရယ်ကာ ရိပေါ်ပန်းကန်ထဲ ရောက်လာပြန်သည့် ဟင်းတွေ။ ရိပေါ် အူပေါက်ပေါက်နှင့် သူ့ထည့်ပေးတာတွေကို တစ်ခါထဲ အားရပါးရ စားပစ်လိုက်သည်။ ဒီလောက်တောင် ကျွေးချင်နေအုံး။

ရှေ့ကအကိုလေးနှင့် သူမတို့ သူဋေးကိုကြည့်ကာ အိမ်အကူလေးတွေပင် မျက်နှာတွေ ပူလာကာ ရယ်ချင်လာကြပြီး ပြုံးစိစိတွေ ဖြစ်ကုန်ကြသည်။ သူမတို့ဘော့စ်နှင့် ရှေ့ကအကိုလေးမှာ လင်မယားချင်း စိတ်ကောက်ကာ အချစ်စမ်းနေကြသည့်အတိုင်းပင်။ ပြီးတော့ ဒီအကိုလေးသည် သူမတို့ အိမ်တော်ကြီးကို ပါလာဖူးတာ နှစ်ခါတိတိပင် ရှိလေပြီ။ ဒီအကိုလေးကလဲ ညစာစားနေသည်မှာ သူ့အိမ်သူ့ယာလိုပင်။ မည်သူ့ကိုမှလဲ မအမ်းသလို သူမတို့ သူဋေးကိုလဲ ကြောက်ပုံမရ။

ပါလာဖူးတာက အကြောင်းမဟုတ်ပေမယ့် သူမတို့သူဋေး ပွေ့ချီကာ အိမ်ထဲဝင်လာသည့် သူကတော့ ဒီအကိုလေးပင် ရှိသည်။ နေ့လည်ကလဲ သေချာပွေ့ချီကာ ဘယ်သူ့မှဂရုမစိုက်ပဲ သူ့အခန်းထဲသို့ ခေါ်သွားတာပင်။ နေ့လည်ကတော့ ဒီအကိုလေးက အိပ်ပြီးပါလာခဲ့တာ။ သူဋေးနဲ့ ဘာဘာညာညာတွေဖြစ်လောက်သည်ဟု အားလုံးအတင်းတောင် အုပ်မိသေး၏။ အကိုလေးက သူဋေးချစ်မယ်ဆိုလဲ ချစ်စရာလေးပင်။

ဖြူအုနေကာ ထိရက်စရာပင် မရှိ။ ညစာစားနေသည်မှာ ပါးလေးတွေက ဖောင်းနေပြီး တလှုပ်လှုပ်ဖြင့်။ အကောင်သေးသေးလေး အစားစားနေသည့်အတိုင်းပင်။ လက်ချောင်းလေးတွေဆိုလဲ နီရဲတွတ်နေလေသည်။

သူဋေးကို အသာကြည့်လိုက်တော့ ထိုအကိုလေးကို ပြုံးကာ ကြည့်နေသည်မှာ သူမတို့ပင် ကြားထဲက ပြုံးမိသည်အထိပင်။

မျက်နှာတည်ကြီးနဲ့ အမြဲချေမိုးနေသော သူမတို့သူဋေးသည် ဒီလောက်ချစ်တတ်မှန်း သူမတို့တစ်ကယ်မသိခဲ့တာပင်။

_________________ဆက်ရန်__________

အရင်တစ်ပိုင်းက ကွမ့်ကျွင်း မဟုတ်ပါဘူး။ ချွမ့်ဟွေးပါဗျ။ ကျွန်တော် စိတ်နဲ့လူမကပ်လို့ စစ်နေရင်းက မှားသွားတာပါ။







ရိေပၚ နိုးလာသည္ႏွင့္ တစ္ကိုယ္လုံးက ကိုက္ခဲေနကာ လွုပ္ပင္မလွုပ္ခ်င္။ ေအာက္ပိုင္းတစ္ခုလုံးလွုပ္လိုက္တိုင္း နာက်င္လာတာ မ်က္ရည္ဝဲသည္အထိ။ ေန႔လည္က အေၾကာင္းကို ျပန္ေတြးမိေတာ့ မ်က္ရည္ေတြက ထိန္းမရ။ ေရွာင္းက်န႔္က သူ႔ကို ဒီေလာက္ေတာင္ မုန္းေနသည္တဲ့လား။

ေရာက္ေနတဲ့အိမ္ကို တစ္ခ်က္ၾကည့္လိုက္ေတာ့ သူ႔ရဲ့အိမ္။ ႀကီးမားခံ့ညားသည့္ အိပ္ယာေပၚတြင္ ရိေပၚေရာက္ေနကာ အဝတ္အစားေတြကလဲ လဲထားေပးသည္။ ရွပ္အျဖဴအပြႀကီးဝတ္ေပးထား၍ ရိေပၚ၏ လက္ေခ်ာင္းေလးေတြပင္ မျမင္ရ။ အိပ္ယာေပၚက နည္းနည္းေရြ႕သည္ႏွင့္ နာက်င္လြန္း၍ ရိေပၚ အိပ္ယာစကို ဆြဲစုပ္ထားမိသည္။

ေရွာင္းက်န႔္ သူ႔ကိုရယူခဲ့တာ ပုံစံအစုံပင္။ ၿပီးေတာ့ ႐ုံးခန္းထဲမွာ။ ထိုလို ျပန္ေတြးေလ ခႏၶာကိုယ္ထက္ ရင္ထဲက နာက်င္ေလပင္။ သူ လိုအပ္လၽွင္ ရိေပၚ ေပးဖို႔အဆင္သင့္။ ထိုလို အၾကမ္းနည္းနဲ႔ ရယူစရာပင္ မလို။

ၿပီးေတာ့ ထိုလို ရယူတာကလဲ ရိေပၚ၏အေပၚတြင္ အထင္ေသးစြာ။ သူနဲ႔ ႀကိဳက္မိခဲ့၍ ရိေပၚက ေယာက်ာ္းတိုင္းကို ႀကိဳက္ေနသည္ဟု သူ ထင္ေနသလား။ ရိေပၚသည္ ေရွာင္းက်န႔္အေပၚကလြဲ ဘယ္ေယာက်ာ္းအေပၚမွပင္ ရင္မခုန္ခဲ့ပါေခ်။ ဒါကို ရိေပၚအား ေရွာင္းက်န႔္သည္ ဘယ္အထိ ဆြဲခ်ခ်င္ေနသလဲ မသိေတာ့ေပ။

*နိုးေနၿပီလား*

ကၽြန္းေရာင္ တံခါးႀကီး ပြင့္လာကာ အထဲဝင္လာသည့္ သူ။ ရွပ္မီးခိုးေရာင္ကို အိမ္ေနရင္း pantျဖင့္ တြဲဝတ္ထားေလသည္။ နဖူးေပၚတြင္ ဆံပင္အခ်ိဳ႕က ခပ္ဝဲဝဲက်ေနေသးသည္။ ရိေပၚ သူ႔ေျခလွမ္းအတိုင္း အၾကည့္မလႊဲပဲ ၾကည့္ေနခဲ့သည္။

ရိေပၚအရမ္းခ်စ္ရသည့္ ေရွ႕ကသူသည္ ရိေပၚအား အမုန္းႀကီး မုန္းေနခဲ့သည္။ ရိေပၚအား အထင္ေသးေန‌သည္။ ရိေပၚ မနက္ကထိ သူ႔၏ ထိုလိုအျပဳအမူေတြ၊ အထင္ေသးမွုေတြကို ရိေပၚ ေခါင္းငုံ႔ခံခဲ့သည္။ ရိေပၚက သူ႔ကို ထားခဲ့သူမလို႔။ ရိေပၚက စမွားခဲ့လို႔။ အခုေတာ့ ရိေပၚ အျပစ္ေတြ ေက်ၿပီထင္၏။

*ငါ့ကို အရမ္းမုန္းေနတယ္မလား*

အိပ္ယာ‌ေဘး မတ္တပ္လာရပ္သူကို ေမာ့ၾကည့္ကာ ရိေပၚေမးလိုက္သည္။ တင္းတင္းေစ့သြားသည့္ ႏွုတ္ခမ္းေတြက ဘာမွမေျပာ။ ဆိတ္ဆိတ္ေနျခင္းသည္ ဝန္ခံျခင္းတဲ့။ ရိေပၚ ဟက္ ခနဲ ရယ္လိုက္ကာ

*ငါကေလ မင္းကို သိပ္ခ်စ္တာ သိလား။ ခ်စ္ခဲ့တာ မဟုတ္ဘူး ေရွာင္းက်န႔္။ ငါ မင္းကို ခ်စ္ေနတုန္း။ အခုလဲ ခ်စ္တယ္။ ေနာက္လဲ ခ်စ္တယ္။ ငါ့ဘဝဆုံးသြားတဲ့အထိ မင္းကို ခ်စ္တယ္*

ေရွာင္းက်န႔္ မ်က္ဝန္းေတြက ရိေပၚအား မၾကည့္ပဲ အျပင္ဘက္ကိုသာ ၾကည့္ေနေလသည္။

*ငါ မင္းနဲ႔ဆုံေတြ႕ရဖို႔ပဲ ဘုရားမွာ ဆုေတာင္းခဲ့တာ။ ဒါေပမယ့္ မင္းကေတာ့ ငါနဲ႔ ေကြကြင္းရဖို႔ပဲ ဆုေတာင္းခဲ့တယ္ ထင္ပါရဲ့။ ဘုရားက ငါ့ဆုေတာင္းေတြ မျမင္ပဲ မင္း ဆုေတာင္းေတြကို ၾကားခဲ့တယ္ထင္တယ္။ အဲ့တာမို႔ မင္း စိတ္ထဲက ဆုေတာင္းေတြအတိုင္း ငါ မင္းအနားက ထြက္သြားေပးမယ္။ အျမဲတမ္း အတြတ္*

ေရွာင္းက်န႔္၏ ေမးရိုးေတြက တင္းခနဲ ျဖစ္သြားကာ မ်က္ေတာင္ေတြကို တျဖတ္ျဖတ္ခတ္ေနသည္။ ဘာ စကားကိုမွမဆို။

*ငါ မင္းကို ထားခဲ့တာ။ ေလွာင္ခဲ့တာ..မင္း အခ်စ္ကို တန္ဖိုးမထားခဲ့တာေတြအတြတ္ ငါ့အျပစ္ေတြ ေက်ၿပီမလား ေရွာင္းက်န႔္။ ဒီေလာက္ဆို ငါ လိပ္ျပာသန႔္သန႔္နဲ႔ မင္းကိုဆက္ခ်စ္ၿပီး ရွင္သန္လို႔ ရၿပီမလား မင္းအေဝးကေနေလ*

*မင္းက အစကထဲက ငါနဲ႔အေဝးဆုံးမွာပဲ ရွိေနခဲ့တာမလား*

ေရွာင္းက်န႔္ ငုံ႔မိုးကာ ရိေပၚကို စိုက္ၾကည့္လာေလသည္။ ရိေပၚ အၾကည့္မလႊဲပဲ ျပန္စိုက္ၾကည့္ကာ

*မင္းအနားမွာ ငါ မဟုတ္တဲ့ အျခားတစ္ေယာက္ရွိေနလို႔ ငါက အေဝးေရာက္ေနတယ္လို႔ မင္း ထင္ေနခဲ့တာပါ။ မင္း ၾကည့္တတ္၊ ခံစားတတ္ရင္ ငါက မင္းရဲ့အနီးဆုံးနားမွာဆိုတာ မင္းျမင္မွာ*

ေရွာင္းက်န႔္၏ အၾကည့္ေတြက ရိေပၚ၏ မ်က္ဝန္းထဲ အေျဖရွာေနေလသည္။ သို႔ေပမယ့္ ခနတာပင္။ ခနဲ႔တဲ့တဲ့ အျပဳံးတစ္ခု ထပ္ဖန္ဆင္းကာ

*မင္းက ငါ့ရဲ့အနားမွာ ဘယ္တုန္းကမွမရွိခဲ့ဘူး ဝမ္ရိေပၚ။ အခုကိစၥအတြတ္လဲ ငါ ေတာင္းပန္တယ္။ ငါ စိတ္လြတ္သြားလို႔*

ရိေပၚ၏ ေမၽွာ္လင့္ခ်က္ေတြသည္ ေလထဲ လြင့္ေပ်ာက္သြားသလို။ ေစာင္ေအာက္က လက္ကေလးေတြပင္ အနည္းငယ္ တုန္ယင္ခ်င္ေနသည္။

ေရွာင္းက်န႔္သည္ ေနာက္ဆုံးအခ်ိန္ထိေတာင္မွ။

*အင္း အခုလဲ ငါ မင္းရဲ့အေဝးဆုံးမွာပဲ ထပ္ေနေတာ့မွာမလို႔ ငါ့ကို အလုပ္ထြက္ခြင့္ေပးပါ*

‌ေရွာင္းက်န႔္၏ လည္ေစ့သည္ အေပၚေအာက္ အနည္းငယ္ လွုပ္ရွားသြားသလို ရိေပၚသည္လဲ မ်က္ရည္က်လာမိသည္။

ေရွာင္းက်န႔္ေျပာလိုက္ေသာ စကားေၾကာင့္ ရိေပၚ၏မ်က္ႏွာမွာ အထိတ္တလန႔္ပင္ ေရွာင္းက်န႔္အား ၾကည့္မိသြား၏။

*အလုပ္က ထြက္ရင္ မင္းဘယ္မွာမွ အလုပ္ရဖို႔ မစဥ္းစားနဲ႔ ဝမ္ရိေပၚ။ မင္းေနတဲ့ တိုက္ရဲ့ ပိုင္ရွင္က ဘယ္သူလဲဆိုတာ ေသခ်ာ ျပန္စုံစမ္းလိုက္အုံး။ မင္း ငါ့ဆီက အလုပ္ထြက္တာနဲ႔ မင္းတိုက္ကလူေတြအားလုံး လမ္းေပၚေရာက္ကုန္မယ္*

*ေရွာင္းက်န႔္.!*

ေရွာင္းက်န႔္သည္ ဘယ္တုန္းက ဒီေလာက္ ရက္စက္တတ္သြားတာလဲ။ ရိေပၚ ႏွုတ္ခမ္းေတြ တဆက္ဆက္ တုန္ယင္လာကာ

*မင္းပဲ ငါ့ကို မုန္းေနတယ္ဆို။ ငါ့ကို အေဝးထြက္သြားခြင့္ျပဳပါေတာ့ ေရွာင္းက်န႔္။ ငါ ေတာင္းပန္ပါတယ္*

*မရဘူး ဝမ္ရိေပၚ။ အဲ့ေလာက္နဲ႔ မရဘူး။ ငါ ခံစားရသလို မင္း ျပန္ခံစားရမယ္။ ငါ့နားမွာ ေနၿပီး မင္းခံစားရတာကို ငါက ၾကည့္ေနခ်င္တာ။ ငါ့ဆီက ထြက္သြားဖို႔ အဲ့ေလာက္မလြယ္ဘူး*

ရိေပၚ ဆက္ေျပာနိုင္စြမ္းပင္ မရွိေတာ့။ ေရွာင္းက်န႔္မ်က္ႏွာကိုသာ ခါးခါးသီးသီး စိုက္ၾကည့္ေနမိသည္။ ေရွာင္းက်န႔္က မ်က္ခုံးတစ္ဖက္ပင့္ျပကာ

*ခနေနရင္ တစ္ခုခုစားၿပီး ေဆးေသာက္ရမယ္။ ဆရာဝန္က သုံးရက္ေလာက္ အနားယူဖို႔ ေျပာထားတယ္*

ေျပာခ်င္ရာေတြ ေျပာၿပီး အခန္းထဲက ထြက္သြားသူကို ရိေပၚ မၾကည့္ခ်င္၍ ခနမၽွ မ်က္လုံး မွိတ္ပစ္မိသည္။ ဒီခနေလးအတြင္းမွာေတာ့ သူ ေရွာင္းက်န႔္ကို မေတြ႕ခ်င္ဘူး။ ရိေပၚေနသည့္ တိုက္တြင္ အေနအထိုင္၊ အစားအေသာက္ခက္ခဲသည့္ အေျခခံလူတန္းစားေတြသာ ရွိသည္။

ဒီတိုက္သည္ ေဈးခ်ိဳသလို ေနရတာလဲ အဆင္ေျပသည္။ ရိေပၚ ကိုယ္လြတ္႐ုန္းသြားလၽွင္ က်န္ခဲ့မည့္ မိသားစုေတြမွာ အားလုံး ခက္ခဲသြားနိုင္သည္။ ေရွာင္းက်န႔္ကလဲ တစ္ကယ္ လုပ္မည့္သူမွန္း ရိေပၚ သိသည္။

မုန္းေနရဲ့နဲ႔ ရိေပၚကို ဘာလို႔ အနားျပန္ေခၚထားမွန္း တစ္ကယ္ပင္ နားမလည္ေတာ့ေခ်။

_____________________________

အနည္းငယ္ သက္သာလာ၍ ရိေပၚ အိပ္ယာကေန ထကာ ျပတင္းေပါက္အနား သြားရပ္လိုက္သည္။ ျမင္လိုက္ရသည္က ျမက္ခင္းတုအေပၚတြင္ ရပ္ကာ ဖုန္းေျပာေနသည့္သူ။ တစ္ခုခုကို အလိုမက်သလို မ်က္ခုံးေတြက စုၾကဳံ႕ေနသည္။ ညေနပိုင္းက အနည္းငယ္ ေအးခ်င္ေန၍ shirt fit size အျပာေရာင္အေပၚတြင္ ေဝ့ကုတ္စ္တစ္ထည္ထပ္ဝတ္ထားကာ pant နို႔ႏွစ္ေရာင္ေလးျဖင့္။ ဆံပင္‌ေတြကို အေျပာင္ လွန္သိမ္းထား၍ ေရွာင္းက်န႔္သည္ အၾကည့္မလႊဲခ်င္စရာ ေယာက်ာ္းတစ္ေယာက္ျဖစ္ေနခဲ့သည္။

အေပၚကို ျဖတ္ခနဲ ေမာ့ၾကည့္လာသည့္ သူေၾကာင့္ ရိေပၚနဲ႔ အၾကည့္ခ်င္းဆုံသြားေလသည္။ ရိေပၚကို ခနပဲ ၾကည့္ကာ ဖုန္းေျပာၿပီးမွေနာက္တစ္ေခါက္ ျပန္ၾကည့္လာျပန္၏။ ၿပီးမွ သူက အိမ္ထဲ ဝင္သြားေလသည္။ ရိေပၚကေတာ့ အိပ္ယာေပၚ အိပ္ခ်င္စိတ္မရွိေသး၍ ျပတင္းေပါက္ကေန အျပင္ကို ၾကည့္ေနမိ၏။

ပန္းပင္ေရေလာင္းေနေသာ ဦးေလးႀကီးအခ်ိဳ႕ႏွင့္ တံျမက္စည္းလွည္းေနၾကေသာ အိမ္အကူအခ်ိဳ႕ကို ျမင္ေနရသည္။

*ညစာ စားမယ္ ေအာက္ဆင္းမလား။ ဒီမွာစားမလား*

အေနာက္က ခပ္ရွရွထြက္လာသည့္ စကားသံေၾကာင့္ ရိေပၚ လွည့္ၾကည့္လိုက္ေတာ့ သူ ျဖစ္ေနသည္။ ရိေပၚ ဒီအခန္းထဲ ေနရတာ ၿငီးေငြ႕လာၿပီး အျပင္ထြက္ခ်င္လာသည္။ အဲ့တာမို႔ သူ႔ဆီအသာ ၾကည့္ကာ

*ေအာက္ပဲ ဆင္းစားခ်င္တယ္။ ရမလား*

*အင္း..လာ*

ရိေပၚ လမ္းေလၽွာက္တာပင္ အနည္းငယ္ နာေနေသး၍ သူက မ်က္ခုံးေတြ စုၾကဳံ႕ကာ ရိေပၚ၏ လက္တစ္ဖက္ကို ကူတြဲေလသည္။ ထိုအခါမွပင္ ရိေပၚ လမ္းေလၽွာက္ရတာ အနည္းငယ္ သက္သာသလို။ သူ႔ဆီက‌ရေနသည့္ ခပ္သင္းသင္း ေရေမႊးနံ့ေလးေၾကာင့္ ေခါင္းမၾကည္တာေတြပင္ ေပ်ာက္သြားသည္။

*ေသခ်ာဆင္း*

ေလွကားေပၚက ဆင္းေတာ့လဲ ဂ႐ုတစိုက္။ ရိေပၚ ေခါင္းသာ အသာ ညိမ့္ျပလိုက္သည္။ ထမင္းစားပြဲအနားအေရာက္ ျမင္လိုက္ရသည့္ ဟင္းေတြေၾကာင့္ ရိေပၚ ဗိုက္ကပိုဆာလာသည္။ သူ႔အႀကိဳက္ဟင္းေတြၾကည့္ပင္။

ရိေပၚထိုင္မည့္ခုံတြင္ ေဖာ့အလွခံထား၍ အရမ္းႀကီးမနာက်င္၍ သ႐ုပ္ပ်က္မေနရ။ အိမ္အကူေလးေတြက ထမင္းလာထည့္ေပး၍ ရိေပၚ ေက်းဇူးတင္သလို ေခါင္းညိမ့္လိုက္သည္။ ေရွာင္းက်န႔္သည္ မည္သူ႔ကိုမွ ရွိသည္လို႔ပင္ သေဘာမထားပဲ ရိေပၚကို ၾကည့္ကာ

*စားေလ မင္းႀကိဳက္တာေတြ ၾကည့္ပဲမလား*

*အင္း*

ရိေပၚေခါင္းသာ ညိမ့္ျပလိုက္ကာ စစားေတာ့သည္။ ဗိုက္ကဆာေန၍ ဟန္ကေဆာင္လို႔ပင္ မရေတာ့ေပ။ ဟင္းခ်က္လက္ရာေတြကလဲ တကယ္ပင္ ေကာင္းလြန္းသည္။

*ဒါထည့္စား*

ရိေပၚ ပန္းကန္ထဲ ေရာက္လာသည့္ ဟင္းအခ်ိဳ႕။ ေမာ့ၾကည့္လိုက္ေတာ့ ဘာလဲဆိုသည့္ သေဘာျဖင့္ မ်က္ခုံးပင့္ျပေနေသးသည္။ ေစာနက ရိေပၚအား မုန္းေနသည့္ သူ မဟုတ္သည့္အတိုင္းပင္။ ရိေပၚကေတာ့ စိတ္ဆိုးေန၍ သူ ထည့္ေပးသည့္ ဟင္းကို ေဘးကပ္ထားကာ က်န္တာေတြႏွင့္ပင္ ဆက္စားသည္။

ဒါကိုပင္ ဘာကို သေဘာက်သြားသည္မသိ ဟက္ ခနဲတစ္ခ်က္ရယ္ကာ ရိေပၚပန္းကန္ထဲ ေရာက္လာျပန္သည့္ ဟင္းေတြ။ ရိေပၚ အူေပါက္ေပါက္ႏွင့္ သူ႔ထည့္ေပးတာေတြကို တစ္ခါထဲ အားရပါးရ စားပစ္လိုက္သည္။ ဒီေလာက္ေတာင္ ေကၽြးခ်င္ေနအုံး။

ေရွ႕ကအကိုေလးႏွင့္ သူမတို႔ သူေဋးကိုၾကည့္ကာ အိမ္အကူေလးေတြပင္ မ်က္ႏွာေတြ ပူလာကာ ရယ္ခ်င္လာၾကၿပီး ျပဳံးစိစိေတြ ျဖစ္ကုန္ၾကသည္။ သူမတို႔ေဘာ့စ္ႏွင့္ ေရွ႕ကအကိုေလးမွာ လင္မယားခ်င္း စိတ္ေကာက္ကာ အခ်စ္စမ္းေနၾကသည့္အတိုင္းပင္။ ၿပီးေတာ့ ဒီအကိုေလးသည္ သူမတို႔ အိမ္ေတာ္ႀကီးကို ပါလာဖူးတာ ႏွစ္ခါတိတိပင္ ရွိေလၿပီ။ ဒီအကိုေလးကလဲ ညစာစားေနသည္မွာ သူ႔အိမ္သူ႔ယာလိုပင္။ မည္သူ႔ကိုမွလဲ မအမ္းသလို သူမတို႔ သူေဋးကိုလဲ ေၾကာက္ပုံမရ။

ပါလာဖူးတာက အေၾကာင္းမဟုတ္ေပမယ့္ သူမတို႔သူေဋး ေပြ႕ခ်ီကာ အိမ္ထဲဝင္လာသည့္ သူကေတာ့ ဒီအကိုေလးပင္ ရွိသည္။ ေန႔လည္ကလဲ ေသခ်ာေပြ႕ခ်ီကာ ဘယ္သူ႔မွဂ႐ုမစိုက္ပဲ သူ႔အခန္းထဲသို႔ ေခၚသြားတာပင္။ ေန႔လည္ကေတာ့ ဒီအကိုေလးက အိပ္ၿပီးပါလာခဲ့တာ။ သူေဋးနဲ႔ ဘာဘာညာညာေတြျဖစ္ေလာက္သည္ဟု အားလုံးအတင္းေတာင္ အုပ္မိေသး၏။ အကိုေလးက သူေဋးခ်စ္မယ္ဆိုလဲ ခ်စ္စရာေလးပင္။

ျဖဴအုေနကာ ထိရက္စရာပင္ မရွိ။ ညစာစားေနသည္မွာ ပါးေလးေတြက ေဖာင္းေနၿပီး တလွုပ္လွုပ္ျဖင့္။ အေကာင္ေသးေသးေလး အစားစားေနသည့္အတိုင္းပင္။ လက္ေခ်ာင္းေလးေတြဆိုလဲ နီရဲတြတ္ေနေလသည္။

သူေဋးကို အသာၾကည့္လိုက္ေတာ့ ထိုအကိုေလးကို ျပဳံးကာ ၾကည့္ေနသည္မွာ သူမတို႔ပင္ ၾကားထဲက ျပဳံးမိသည္အထိပင္။

မ်က္ႏွာတည္ႀကီးနဲ႔ အျမဲေခ်မိုးေနေသာ သူမတို႔သူေဋးသည္ ဒီေလာက္ခ်စ္တတ္မွန္း သူမတို႔တစ္ကယ္မသိခဲ့တာပင္။

_________________ဆက္ရန္__________

အရင္တစ္ပိုင္းက ကြမ့္ကၽြင္း မဟုတ္ပါဘူး။ ခၽြမ့္ေဟြးပါဗ်။ ကၽြန္ေတာ္ စိတ္နဲ႔လူမကပ္လို႔ စစ္ေနရင္းက မွားသြားတာပါ။







Continue Reading

You'll Also Like

Restart By 朝陽

Fanfiction

812K 56K 42
ဖြူဖြူစင်စင်လေးဆို ကိုယ်က အသဲတယားယားနဲ့ ခြေမွပစ်ချင်နေရော #ရှောင်းကျန့် ဦးကျန့်က ကျနော့်အတွတ် နားမလည်ဆုံးနဲ့ အခက်ခဲဆုံး ပုစ္ဆာပဲ #ရိပေါ်
49.4K 2.7K 8
ChanBaek Yaoi Fic ( completed ) ( Park Chan Yeol and Byun Baek Hyun )
11.2K 1.4K 12
"ငါ့အမှားလား" "ဟင့်အင်း ထယ်ရယ်အမှားမဟုတ်ဘူး" Start Date - 30.4.2023 End Date - 30.5.2023
564K 34.5K 98
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...