Unicode
တစ်ခါတစ်လေမှာ မင်းလိုချင်တာကိုရဖို့ အတွက် သတ္တိရှိဖို့လိုလိမ့်မယ်။ ရှစ်ယီးရဲ့ ရဲရင့်တဲ့လုပ်ရပ်ကနေ ရလဒ် တစ်ခုခုထွက်လာမှာလား??
Chapter 1.4 - နားမလည်နိုင်သောအတိတ် (၄)
နောက်တစ်နေ့တော့ ရှစ်ယီးတို့ အုပ်စု ရှီအန်းမှာရှိတဲ့ နာမည်ကြီးနေရာအချို့ကို သူတို့ဘာသာ သူတို့ပဲ အလည်အပတ်သွားခဲ့ကြသည်။ ခရီးသွားဧည့်သည်များကြား ရှစ်ယီး တစ်ယောက် သမိုင်းဝင်နေရာများကို ကြည့်ရှုနေရင်း သူမနဲ့ ရင်းနှီးကျွမ်း ၀င်သောခံစားချက်ရပေမယ့် သူမ ဘာကိုမှသိသိသာသာမှတ်မိနိုင်စွမ်းမရှိပေ
ကလေးဘ၀တုန်းက သူမရဲ့အတိတ်ဘ၀က အမှတ်တရတွေကို ကွက်ကွက်ကွင်းကွင်း အရမ်း တိတိကျကျ မှတ်မိနေခဲ့လို့ သူမကိုယ်သူမ အထင်ကြီးခဲ့မိသည်။
သို့သော်လဲ မူကြိုမှ မူလတန်း မူလတန်းမှအလယ်တန်း
အလယ်တန်းကနေ တဖြည်းဖြည်း အချိန်ကြာလာတာအမျှ
ထိုအရင်ဘ၀ မှတ်ဥာဏ်အားလုံး တဖြည်းဖြည်းမှေးမှိန်လာတော့သွားသည်။ အတိတ်မှတ်ဉာဏ်တွေကို ပြန်စဉ်းစားတဲ့အခါ
ပိုပြီး ထူးဆန်းလာကာ မက်ခဲ့ဖူးတဲ့အိမ်မက်တစ်ခုလိုပဲ ခံစားရတော့သည် ။ သူမကိုယ်တိုင်သာ
"သူ့ကိုတွေ့ကို တွေ့ရမယ် "
ဟု ထပ်ခါထပ်ခါ သတိမပေးခဲ့ပါက ကျိုးရှန်းချန်ဆိုနဲ့ လူသားနဲ့ ပတ်သတ်တဲ့ အမှတ်ရစရာအားလုံးသည် အစအနပင် မကျန်ဘဲ သူမမှတ်ဥာဏ်ထဲက အားလုံးဟာလဲ လေလိုမျိုး အစထဲက မရှိခဲ့သလို ပျောက်ကွယ်သွားမှာ ဖြစ်သည်။
ရှစ်ယီးတို့ ရှီအန်းမှာနေတဲ့ နောက်ဆုံးနေ့ရောက်လာတဲ့အချိန်မှာသူမနဲ့ ရှောင်ယွီတို့နှစ်ယောက်က အရင်ရက်က လျှောက်သွားခဲ့တဲ့ အရှိန်နဲ့ ပင်ပန်းနေခဲ့သည်။ နောက်ဆုံးနေ့လဲ ဖြစ်တာကြောင့် ရှောင်ရွှိုက်က သူ့မိဘများနဲ့ ရှီအန်းကို အတူတူဖြတ်သန်းဖို့ ဟော်တည်ကနေ အိမမ်ပြန်သွားသည် ။ ဒါပေမယ့် ရှစ်ယီးတို့ သေချာ အဆင်ပြေစေရန် အကုန်လုံးကို အပြီးသတ် စီစဉ်ပေးသွားသည် ။
ရှစ်ယီး မနက်က သူမမန်နေဂျာပို့ ပေးလိုက်သည့် စာရွက်စာတမ်းကို print ထုတ်ရန် ဟိုတယ်ဧည့်ကြိုကောင်တာရှေ့သို့ သွားလိုက်သည်။
ဧည့်ကြိုကောင်တာမှာ အလုပ်လုပ်နေတဲ့ကောင်မလေးက နှုတ်ဆက်ကြိုဆိုပြီး ရှစ်ယီးရဲ့တောင်းဆိုချက်ကိုကြားလိုက်ရတဲ့အခါ USB flash drive ကိုယဉ်ကျေးစွာယူလိုက်တယ်။
"ဧည့်သည် ဘယ်အခန်းကလဲလို့ မေးလို့ရမလားရှင် ? ။ Print ထုတ်ပြီးသွားရင် အဲဒါကို လာပို့ပေးဖို့ ၀န်ထမ်းတစ်ဦးကို လွှတ်လိုက်ပါ့မယ်ရှင် ”
"ကောင်းပါပြီ ကျေးဇူးတင်ပါတယ် ။ အခန်း ၁၂၁၂ ?
သူမ ပြောပြီးပြီးချင်း ဒါက အကောင်းဆုံး အစီအစဉ်မဟုတ်ဘူးလို့ ခံစားရတာ ကြောင့်
“ အဲဒါ ထားလိုက်ပါတော့ စိတ်မပူပါနဲ့။ ဒီမှာပဲစောင့်နေလိုက်ပါ့မယ်။ မိတ္တူကူးဖို့တော့ မလိုအပ်ပါဘူး Print ပဲ ထုတ်ပေးလို့ရပါတယ် "
“ အခန်း ၁၂၁၂”
ရှစ်ယီးရဲ့ အခန်းနံပါတ်ကို ကြားလိုက်ရတဲ့အခါ သူမက စာရင်းတစ်လျက်ကြည့်လိုက်ပြီး
"ဧည့်သည်ရဲ့ မျိုးရိုးက ရှစ်မျိုးရိုး? "
“ ဟုတ်ပါတယ် ”
“ ဒီမှာ ဧည့်သည်အတွက် ပါဆယ်တစ်ခု လာပို့ထားပါတယ် လူတစ်ယောက် ဒီကို လာပို့ထားတာ မကြာသေးပါဘူး၊ အဲဒီလူကြီးမင်းက ဧည့်သည်ကို ဆက်သွယ်ရမယ့် နည်းလမ်းမတွေ့ဘူးလို့ ပြောတာကြောင့် ဒီမှာ အပ်ထားခဲ့ဖို့ ပြောလိုက်ပါတယ်"
ဧည့်ကြိုကောင်မလေးက စာအိတ်ကြီးကို စားပွဲထဲကနေ ထုတ်ကယူပြီး ဧည့်ကြိုကောင်တာပေါ်မှာတင်လိုက်တယ်။
"အဲဒီလူကြီးမင်းရဲ့ မျိုးရိုးက ကျိုးရှန်း "
လာပို့တဲ့ လူနာမည်ပြောပြီးတာနဲ့ ဧည့်ကြိုကောင်မလေးက ထူးဆန်းသလိုနဲ့
“ ဒီမျိုးရိုးနာမည်ကတော်တော်ထူးဆန်းတယ်”
ဆိုပြီးပြောလေသည်
ရှစ်ယီး သူ့နာမည်ကြားလိုက်ရတော့ စာအိတ်ကိုငုံ့ကြည့်လိုက်သည်။ အဲဒီအပေါ်မှာ ဘာစာမှမရေးထားခဲ့
"သူအခုမှထွက်သွားတာလား"
သူမလက်ထဲရှိ စာအိတ်အလေးချိန်အရ အထဲမှာစာအုပ်တစ်အုပ်ရှိ နေကြောင်း ခံစားလိုက်ရသည်။ ဖြစ်နိုင်တာက ဒါ ရှီအန်းမြို့ သမိုင်းရာဇ၀င်မှတ်စု စာအုပ်ဖြစ်နိုင်သည်
"လွန်ခဲ့တဲ့ ဆယ်မိနစ် လောက်မှ အဲဒီ လုကြီးမင်းထွက်သွားတာပါ "
ဧည့်ကြို ကောင်မလေးက USB flash drive ကိုယူလိုက်ပြီးရှစ်ယီးရဲ့ တွေဝေငေးငိုင်နေတဲ့ ပုံစံကို ကြည့်ပြီး စာရွက်စာတမ်းကြောင့်လို့ ထင်သွားကာ
“ စာရွက်စာတမ်းက အရမ်းအရေးကြီးတယ်ဆိုရင်ဧည့်သည်တွေကိုယ်တိုင် Print ထုတ်လို့ရပါတယ် ။ မစ္စရှစ်ယီးကျေးဇူးပြုပြီး ဒီဘက်ကို လာခဲ့ ပေးပါရရှင့် "
"ရပါတယ် အရေးမကြီးပါဘူး ဒီအတိုင်းပဲ Print ထုတ်လိုက်ပါ"
ရှစ်ယီး ကျိုးရှန်းချန်ရဲ့နာမည်ကိုကြားလိုက်ရတဲ့အခါ
သူမစိတ်ထဲ ခဏ ဗလာဖြစ်သွားသည်ထင်သည် ။
ဧည့်ကြို ကောင်မလေးက USB ဖိုင်ကိုဖွင့်လိုက်တော့ရုပ်ရှင်ဇာတ်ညွှန်းအပိုင်းရှည်တစ်ခုဖြစ်နေသည်ကိုမြင်လိုက်ရတဒ့အခါ ရှစ်ယီးကို အကြိမ်ပေါင်းစွာ လှည့်မကြည့်ဘဲ မနေနိုင်ခဲ့ပါ။ သူမသက်ပြင်းသာချမိပြီး၊ ဒီအမျိုးသမီးဧည့်သည်က ဒီလောက်လှမှ တော့ မင်းသမီးတစ်ယောက် ဖြစ်နိုင်တာ မဆန်းပါဘူး။ ဒါပေမယ့်ဒီမျက်နှာက သိပ်မရင်းနှီးတာကြောင့် Media နဲ့ ထိတွေ့မှုအများကြီးရသေးပုံမပေါ်၊ ဒါကြောင့် သူမက မင်းသမီး အသစ်တစ်ယောက်ဖြစ်နိုင်တယ်ဟု ကောက်ချက်ချလိုက်တော့သည် ။
Print ထုတ်လို့ပြီးသွားတော့ ဧည့်ကြိုကောင်မလေးက ကျေးဇူးတင်ကြောင်း ပြောတဲ့ ရှစ်ယီးရဲ့ မျက်နှာကို ငေးကြည့်ပြီးဤမျှလှပသော မိန်ကလေးတစ်ဦးကို ရုပ်ရှင်ဖန်သားပြင်ထက်မှာ တကယ် တွေ့လိုက်ရရင် သူမမျက်လုံးများ အလွန်ကြည်နူးစရာကောင်းလိမ့်မည်ဟု သူ့မဘာသာ သူမတွေးနေမိသေးသည်။
ရှစ်ယီးရဲ့ မျက်လုံးများကတော့ စာအိတ်ပေါ်တွင် တောက်တဲ့ကပ်သလို အာရုံစိုက်ထားမိသည့်အတွက် ဧည့်ကြိုကောင်မလေးသူမကို ဘယ်လိုအမူအရာနဲ့ ငေးကြည့်နေမှန်း လုံးလုံး သတိမပြုမိဘဲ တစ်ယောက်တည်း အတွေးများနေသည်။
သူမစာရွက်စာတမ်းတွေကို Print ထုတ်ပြီးသွားကာ အခန်းပြန်ရန် ဓာတ်လှေကားထဲကိုချက်ချင်း ၀င်လိုက်ပြီး စာအိတ်ကိုဆွဲဖြဲပြီး ကြည့်လိုက်မိသည်။ သေချာတာပေါ့၊ ဒါက သူမမှန်းထားခဲ့သလိုပင် ချင်းလုံဘုရားကျောင်ူမှာတုန်းက သူပြောခဲ့တဲ့စာအုပ်ပဲ။ စာမျက်နှာများက အသစ်လို မဟုတ်ဘဲ စာရွက်ထောင့် လေးတွေ ခေါ်က်နေကာ တစ်ယောက်ယောက်က အကြိမ်ကြိမ်ဖတ်ထားဖူးသည့် အရိပ်အယောင်များ ပေါ်နေခဲ့သည်။ ကြည့်ရတာ တစ်စုံတစ်ယောက်က သူ့ထံသို့ယူလာပြီး ငှားဖတ်ခဲ့ဟန်တူသည်။ စာအုပ်အဖုံးပေါ်မှာတော့ အပြာရောင် မှတ်စု စာကပ်ခွာ လေးတစ်ခုရှိနေပြီး ဘောပင်နဲ့ ရေးသားထားတဲ့ စာတန်းလေးပါလာသည်။
'' ကိုယ့်ရဲ့ သုတေသနက လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဒီစာအုပ်ကိုပေးထားတာ။ တကယ်လို့ မင်းကြိုက်နှစ်သက်တယ်ဆိုရင် ယူထားလို့ရပါတယ် ပြန်ပေးစရာမလိုပါဘူး ...
ကျိုးရှန်းချန် ''
သူရဲ့လက်ရေးက တကယ်လှတာပဲ သူမမှတ်ဥာဏ်ထဲက လက်ရေးနဲ့ မတူပါ
ရှစ်ယီး အခန်းထဲပြန်သွားပြီး မှတ်စုကိုကြည့်ကာ ထပ်ခါထပ်ခါပြန်ဖတ်နေသေးတယ်။ ဓာတ်ခွဲခန်းမှာ တယ်လီဖုန်းရှိလား? ၊ သူ့ကိုခေါ်ဖို့အဆင်ပြေပါ့လား၊ သူ့ကိုအီးမေးလ်ပို့ဖို့ သူမ လုပ်သင့်သလား?
နောက်ဆုံး သူမ အီးမေးလ်ပို့ရန်ပဲ ဆုံးဖြတ်ကာ ပို့ပြီးနောက်မှာ တော့ သူမစာအုပ်ကိုဖွင့်ဖတ်လိုက်သည်။ ရှစ်ယီး စာအုပ်ထဲမှာသဘောထားကွဲလွဲချက်များကို ရိုးရှင်းသောမှတ်စုများနှင့်အတူမှတ်သားထားတဲ့ ကျိုးရှန်းချန်ရဲ့လက်ရေးများကို တွေ့လိုက်ရ၍ အံ့သြသွားသည်။ သိပ္ပံပညာရပ်ကို လေ့လာတဲ့လူတွေက သူများနဲ့မတူဘူးဘဲ အရာရာကို သူများတွေထက် ပိုမိုလေးနက်စွာ
လုပ်ဆောင်တတ်တာပဲ။ စာအုပ်ထဲမှာ ရှီအန်းက ကမ္ဘာလှည့်ခရီးသွား တွေကို ဆွဲဆောင်တဲ့ နေရာတစ်ခုဖြစ်ပြီး ဘယ်နေရာ တွေက အခမဲ့ ဘယ်နေရာတွေက ၀င်ကြေးမည်မျှရှိသည်၊ ဖွင့်ချိန် စတဲ့ အမှတ်အသားများပါ ပါရှိသည်။ ပြီးတော့ စားသောက်ဆိုင်အကြောင်း အရသာရှိသည့်အထူးဟင်းလျာများအကြောင်း စတဲ့ မှတ်ချက်များစွာ ပါရှိသည်။
ရှစ်ယီး ဒီမှတ်စုများကို ဖတ်ရတော့ သူယခင်ကရေးခဲ့ဖူးတာဖြစ်ပြီး သူမအတွက် တမင်ရေးပေးခဲ့တာတော့ မဟုတ်တာသေချာသည်။
သို့သော် မြို့သမိုင်းစာအုပ်တွင် ရေးထားသည့်“ သီးသန့်မှတ်စုများ” ကိုသူမမြင်လိုက်ရသောအခါ သူမအတွေးများကို လျှောက်မတွေးဘဲ မနေနိုင်၊ ဒီမှတ်ချက်လေးတွေက အနည်းဆုံးတော့ သူမအတွက်လဖတ်ရတာ ပိုလွယ်ကူစေသည်။
ရှစ်ယီးစာအုပ်ဖတ်ပြီး အီးမေးလ်စာပုံးကိုကြည့်လိုက် တော့ သူ့ရဲ့အီးမေးလ်ပြန်စာရောက်လာသည် ။
ပြန်စာမှာ ပြန်ထားတဲ့ စာစကားလုံးများ မရှိ၊ ဂဏန်း များသာ ရှိသည် ။
ဖုန်းနံပါတ်???
ရှစ်ယီး သူမဖုန်းကိုကောက်ယူပြီး နံပါတ်ကိုရိုက်ထည့်လိုက်ပြီးနောက် ဖုန်းမခေါ်ခက် နောက်ဆုံး ပြင်ဆင်မှုအနေနဲ့ သူမ၏အသံကို အကောင်းဆုံး အနေအထပုံစံဖြစ်ကြာင်း သေချာစေရန်
နှစ်ကြိမ်တိုင်တိုင် ချောင်းဟန့်ကာ လည်ချောင်းရှင်းလိုက်သေးသည် ။
တီ တိ တီ
"မင်းစာအုပ်ကိုရပြီးပြီလား? "
ဒါက ကျိုးရှန်းချန် ပြောသောပထမဆုံးစကားဖြစ်သည်။
"ဟုတ်ကဲ့ ရပါပြီ ကျေးဇူးတင်ပါတယ်။"
ရှစ်ယီး ကျိုးရှန်းချန်ကို ရိုးရိုးရှင်းရှင်း ဖုန်းခေါ်ချင်ခဲ့ပေမယ့်
တကယ်တမ်း ဖုန်းခေါ်လိုက်တဲ့အခါ သူမဘာပြောရမှန်းမသိခဲ့။
“ ဒီစာအုပ်က တော်တော်လေးစုံပြီး ရေးထားတာလဲ ကောင်းတယ်။သာမန်ခရီးသွားမှတ်တမ်းတွေ မတူဘဲ အမှတ်တရနေရာတွေအကြောင်း အသေးစိတ် ဖော်ပြထားတယ် "
သူ့ထံမှ လေသံအေးအေးလေးနဲ့ရှင်းပြနေသံကို နားထောင်နေတာကြောင့် ရှစ်ယီးဘက်က တိတ်ဆိတ်နေသည် ။သူရှင်းပြတာကို နားထောင်ခွင့်ရတာ သူမ ကံကောင်းသည်
"စာအုပ်ရဲ့ တစ်ဝက်လောက်က သွယ်ဝိုက်ကြော်ငြာ တွေ ပါနေတော့ အခြားအခြေခံမြို့ပြခရီးသွားလမ်းညွှန်စာအုပ်တွေနဲ့ သဘောတရားကတော့ အတူတူပါပဲ "
သူမက သူ့ရဲ့ပြောစကားကို “ အင်း ”
ဟု ကိုအသိအမှတ်ပြုပြီး သူ့ကို
“ ကောင်းပါပြီ၊ အဲဒါကို သေချာဖတ်ကြည့်လိုက်ပါ့မယ်”
ပြန်စဥ်းစားကြည့်ရင် ဒါက သူတို့နှစ်ယောက်စတွေ့တဲ့ အချိန်ကစပြီး အခုထိ ဖုန်းနဲ့စကားပြောတာ ပထမဆုံးအကြိမ်ပင် ။
ဘတ်စ်ကားနံပါတ် ၄၀၀ ပြေးဆွဲတဲ့လမ်းကြောင်း ကစပြီး မနေ့ကတစ်ရက် လည်ပတ်ကြတဲ့ အကြောင်းအရာကိုပါ ရှစ်ယီး သူ့ကို ပြောပြမိသည် ။
နောက်ဆုံးတော့ စကားဝိုင်းကို အဆုံးသတ်ရမယ့် အချိန် ရောက်လာတာကြောင့် ရှစ်ယီးကို ကျိုးရှန်းချန် နှုတ်ဆက်စကားဆိုသည်။
"ကိုယ် အခုအလုပ်လုပ်ရတော့မယ် "
“ သိပ္ပံသုတေသနဌာနက ဘယ်လိုပုံဖြစ်မလဲဆိုတာကို ကျွန်မ အမြဲသိချင်ခဲ့တာ ”
သူမက သတ္တိမွေးလိုက်ပြီး ရဲရင့်စွာနဲ့ အရင်ဆုံး
“ ကျွန်မကို အလည်အပတ် ခေါ်ပြလို့ အဆင်ပြေမလားဟင်? "
သူမတို့ စကားဝိုင်းတခုလုံးကိုနားစွင့်နေတဲ့ ရှောင်ယွီက ရှစ်ယီးကိုချက်ချင်းစိုက်ကြည့်လိုက်တယ်၊ ရှစ်ယီးရေ ကျေးဇူးပြုပြီး နည်းနည်းလောက် ပိုပြီး အတင့်ရဲလို့မရဘူးလား?
ရှစ်ယီး နှုတ်ခမ်းလေးစူပြီး : " အခု ငါလုပ်နေတယ်လေ "
ဟု ပြန်မျက်စပစ်ပြရင်း တစ်ဖက်က အဖြေကို စောင့်ဆိုင်းနေတဲ့ပုံကို မြင်တဲ့ ရှောင်ယွီက သက်ပြင်းချပြီးရယ်လိုက်ရင်းသူမခေါင်းကိုခါယမ်းလိုက်သည်။
"အဲနေရာက ခြောက်ကပ်ပြီး စိတ်၀င်စားစရာတော့မရှိဘူး"
ကျိုးရှန်းချန်စကားက သူမရဲ့ တောင်းဆိုမှုကို ငြင်းဆန်နေပုံရသော်လည်း စက္ကန့်အနည်းငယ်ကြာအောင် ရပ်တန့်ပြီးနောက်မှာ မှာတော့ သူက
“ ဒါပေမယ့် ရှစ်ယီး မင်းကံကောင်းတယ်။ ဒီနေ့က တနင်္ဂနွေနေ့ ဆိုတော့ သုတေသနပညာရှင် အများစု အလုပ်ပိတ်ကြတယ် ကိုယ် မင်းကို လှည့်ပတ်ပြ ပေးရင်လဲ ပြဿနာ မရှိပါဘူး "
သူမက
"အင်း ကောင်းပါပြီ"
ဟုပြောပြီး ကျိုးရှန်းချန် ပြောပြသော လိပ်စာကိုချရေးလိုက်သည်။
သူက နိဂုံးချုပ်အနေနဲ့ ရှစ်ယီးကို
“ရှစ်ယီး မင်း ဂိတ်တံခါးဝကိုရောက်ရင် ဒီဖုန်းနံပါတ်ကိုခေါ်လိုက်ပါ ကိုယ် မင်းကို ခေါ်ဖို့ ဆင်းလာခဲ့မယ် "
ရှစ်ယီး ဖုန်းကို ချလိုက်ပြီး မိတ်ကပ်အိတ်ကို လက်ထဲထည့်ကာ ပရေချိုးခန်းထဲသို့ အပြေးလေး၀င်လိုက်သည်။
ရှောင်ယွီလဲ ကုတင်ပေါ်မှခုန်ဆင်းပြီး ခြေဗလာဖြင့် ရှစ်ယီး ၀င်သွားတဲ့ ရေချိုးခန်းတံခါးနားသို့လိုက်သွားပြီး မှန်ကြည့်သလိုလိုနဲ့
"ရှစ်ယီး နင် သူ့ကို ဘာလို့ အရမ်းသဘောကျရတာလဲ ဆိုတဲ့အကြောင်း ငါ့ကိုပြောပြလို့ရမလား? "
အလင်းရောင်အဝါရောင်အောက်မှာ ရှစ်ယီးသူမမျက်နှာကိုသေချာသန့်စင်ရန် make-up remover နှစ်ထားသော cotton pad ကို သုံးလိုက်သည်။ သူမလှုပ်ရှားမှုတိုင်းက ဂရုတစိုက်နဲ့ စေ့စပ်သေချာအောင် သန့်စင်နေသည်၊ သူမမျက်နှာက ကြောက်ရွံ့ပြီး တစ်ချိန်ထဲမှာပဲ စိတ်လှုပ်ရှားနေကြောင်း လုံးလျားလျား ပြသနေသည်။ သူမ အကုန်ပြင်ဆင်ပြီးသွားပြီးတဲ့နောက် နောက်ဆုံးတစ်ခေါက်အနေနဲ့ လက်ကိုင်မှန်လေးကို လေးနက်သောအမူအရာဖြင့် ထပ်ကြည့်လိုက်သည်။
"ငါ့အရင်ဘ၀မှာတုန်းက သူ့ကို သိတာသေချာတယ်လို့ ငါခံစားရတယ်၊ ပြီးတော့ ငါသူ့ကို အရင်က ကြီးမားတဲ့အကြွေးတွေ တင်ခဲ့တယ်"
ထိုစကားကြားတော့ ရှောင်ယွီထံမှ ရယ်သံတစ်ခုထွက်လာသည်။
“ အိုး၊ ဒါဆို အရင်ဘဝနဲ့ ဒီဘဝကို လွှမ်းမိုးထားတဲ့ ဖူးစာ ကံကြမ္မာလို့ ပြောလို့ရတာပဲ…”
ရှစ်ယီး ပြုံးလိုက်မိသည်။ တကယ်တော့ ဖူးစာဆိုတာထက် အကြွေးတစ်ခုထက်မပိုခဲ့ပါ။
သူသာ နည်းနည်းလေးဖြစ်ဖြစ် အတိတ်ဘ၀ကို သတိရသွားခဲ့ရင်သူမကိုတွေ့ချင်မှာမဟုတ်
ရှစ်ယီးTaxi ငှားပြီး ကားထဲမှာထိုင်ပြီးတာနဲ့ ကျိုးရှန်းချန် သူမကို ပြောပြထားတဲ့ လိပ်စာကို ယာဉ်မောင်းကိုပြလိုက်သည်။ ဒရိုင်ဘာက ချက်ချင်းပြုံးပြီး သူ လွန်ခဲ့တဲ့တစ်နာရီလောက်က ဒီနေရာကို အမျိုးသားတစ်ဦး လိုက်ပို့ဖို ငှားခဲ့တာကြောင့် ဒီလမ်းကြောင်းနဲ့ ရင်းနှီးကြောင်း ပြောပြကာ စမောင်းတော့တယ်၊ ရှစ်ယီး သူဘယ်သူကို ပြောနေတယ်ဆိုတာကို မခန့်မှန်းနိုင်ပေမယ့် ဒီလို တိုက်ဆိုင်မှုမျိုးဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့။
တကယ်တော့ သူပြောတဲ့ နေရာက သိပ်မဝေးခဲ့ပါ။
ရှစ်ယီး အငှားယာဉ်ကနေ ထွက်လာပြီး မန်နေဂျာ
မိန်လင်းဆီက ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသောအခါသူမဖုန်းကိုထုတ်လိုက်သည်။ မိန်လင်း အလုပ် သေချာလုပ်သူတစ် ဦး ဖြစ်ပြီး သူမနားရက်ကို ကြားဖြတ်နှောင့်ယှက်ခြင်းလုပ်လေ့မရှိ ၊ ထို့ကြောင့် သူမသည် " တရုတ်နိုင်ငံ ဓာတုသိပွံ ရှီအန်းဌာနခွဲ"
ဟု ဖော်ပြထားသည့် ဆိုင်းဘုတ်ရှေ့တွင် ဖုန်းပြောဆိုရန် နောက်ပြန်လှည့်ရုံရလွဲပြီး ရွေးချယ်စရာမရှိချေ။
သူမရဲ့ထူးခြားတဲ့အသံကြောင့် သူမပထမဆုံးအသံ သရုပ်ဆောင်အနုပညာလောကထဲကို ၀င်လာတဲ့အခါ သူမဟာ အခြားလုတွေထက် အခွင့်အလမ်းကောင်းအချို့ရကာ နာမည်ကြီးသရုပ်ဆောင်များစွာအတွက် အသံသရုပ်ဆောင်ခဲ့တယ်။ မိန်လင်းရဲ့ အလုပ်ဆက်သွယ်မှုများကြောင့် သူမ ရဲ့ အသံ သရုပ်ဆောင် အနုပညာကြေးကလဲ တဖြည်းဖြည်းမြင့်တက်လာသည်။ ထို့အပြင် သူမကိုလူချင်းတွေ့ခဲ့ဖူးသောထုတ်လုပ်သူများစွာသည် သူမအားကင်မရာရှေ့တွင် သရုပ်ဆောင်ရန် အကြိမ်ကြိမ် တိုက်တွန်းခဲ့ကြသည်။
ထို့အတူ မိန်လင်းကလဲ အသံသရုပ်ဆောင်တစ်ဦးထက် ကင်မရာပေါ်မျက်နှာပြပြီး နာမည်ကြီးတစ်ယောက် ဖြစ်တာက ပိုတန်ဖိုးကြီးတယ်ဟု ပြောခဲ့ဖူးသေးသည်
သို့သော် သူမကို ဘယ်သူတွေက မည်မျှပင်ဆွဲဆောင်သည်ဖြစ်စေ လုံး၀စိတ်မ၀င်စားဘဲ နောက်ဆုံးတွင် သူမအားစည်းရုံးသိမ်းသွင်းရန်ကြိုးစားတဲ့လူတွေကပဲ မိန်လင်းလို လက်လျှော့လိုက်သည်။ သို့သော် မိန်လင်းက ရံဖန်ရံခါတွင် ရှစ်ယီး သရုပ်ဆောင် လုပ်ရန် စိတ်ဝင်စားသေးရဲ့လား ဆိုတာကို
ဟာသလိုလို ပြောပြိး စမ်းသပ်လေ့ရှိသည် ။
" တုယွင်ချွမ်းက မနေ့က ငါ့ကို မေးတယ် နင့်မှာ ပိုင်ရှင်ရှိနေပြီလားတဲ့ ? အဲဒါကြောင့် ငွေနဲ့ကျော်ကြားမှုတွေကို စိတ်မဝင်စားတာလားတဲ့ ငါအဲဒါကို ကြားတော့ အရမ်းရယ်လိုက်မိပြီး ငါတို့ရဲ့ရှစ်ယီးက ဂုဏ်သရေရှိတဲ့ တစ်စုံတစ်ယောက်ရဲ့ တရားဝင်ဇနီးဖြစ်လာဖို့အတွက်ဖြောင့်မတ်ပြီး လေးစားစရာဖြစ်လာအောင်နေရတာ ဒါ့ကြောင့် သူမ တကယ်လို့ လက်ထပ်ပြီဆိုရင်လဲ သေချာပေါက် တရားဝင်ချပြမှာပေါ့လို့ ပြောလိုက်တယ် ဖြစ်လိမ့်မယ်။ ”
သူမရဲ့ မန်နေဂျာမမ မိန်လင်းသည် အလုပ်ကိစ္စဆွေးနွေးခြင်းပြီးဆုံးသွားတဲ့အခါ ခါတိုင်းလိုပဲ ရှစ်ယီးကို စိတ်၀င်စားနေတဲ့ လူအကြောင်း အတင်းပြောတတ်သည်။
"ရှစ်ယီး အမှန်အတိုင်းပြော နင် အမည်မဖော်လိုသူ ချမ်းသာပြီးသြဇာကြီးမားတဲ့ သူ ဌေးနဲ့ တိတ်တဆိတ် လက်ထပ်ထားပြီးပြီလား? ။ အဲဒီလိုမှမဟုတ်ရင် ဒီနှစ်ပတ်လုံး တစ်ခါမှ ခွင့်မယူဖူးတဲ့လယက ခွင့်နေပါယူပြီး ဘယ်ကိုသွားနေတာလဲ ? အားလပ်ရက်မှာ တောင် အလုပ်လုပ်တတ်တဲ့သူက အခုတော့ ခွင့်တိုင်ပြီး အပြင်ထွက်တယ်ဆိုတော့ မဟုတ်လွဲ အလန်းစား သူဌေး တစ်ယောက်နဲ့ တွေ့နေပြီလား ?"
သူမခေါင်းကို ဖုန်းပြေနေရာကနေ ယမ်းလိုက်ရင်း ၀င်ပေါက်ဘက်သို့ ဖြည်းဖြည်းချင်းတစ်လှမ်းပြီးတစ်လှမ်း ပြန်လှမ်းလိုက်ကာ
"ငါ သူဌေးတွေကို စိတ်မ၀င်စားဘူး"
ဟုပြုံးကာပြန်ပြောသည်။
မိန်လင်းက သူမအကြောင်းကို သိနေ၍ ရယ်လိုက်ပြီး
"ဒါဆို နင် ဘယ်လို လူစားမျိုးကို ကြိုက်လဲ? ငါ့ကိုပြောထားကြည့် ပေါ့ ဒီမမက မင်းနဲ့ ကိုက်ညီတဲ့ အမျိုးကောငိးသားရဖို့ ကူညီရင် ကူညီနိုင်မှာပေါ့ မပြောနိုင်ဘူးလေ"
ရှစ်ယီးရဲ့ မျက်လုံးများသည် ဂိတ်တံခါးများဆီသို့ အလိုလို ရောက်သွားပြီး အထပ်မြင့်အဆောက်အအုံတစ်ခုကနေ ဆင်းလာပြီး အဆောက်အဦးရှေ့မှာရှိတဲ့ ကြီးမားတဲ့ မြေကွက်လပ်ပေါ်မှာ တွင် ရပ်နေတဲ့သူအား ကြည့်မိနေသည် ။ အဲဒီလူက ဂိတ်၀ကို လှမ်းကြည့်ရင်း သူမကို မြင်တော့ အလွန်လျင်မြန်စွာလမ်းလျှောက်လာပြီး သူမဆီကို ဦးတည်လာကာ သူမနဲ့ ပိုမိုနီးကပ်လာသည်။ သူက အဖြူရောင်ဓာတ်ခွဲခန်းအင်္ကျီကို ၀တ်ဆင်ထားဆဲဖြစ်ပြီး အတွင်းမှာ အကွက်ပုံစံပါတဲ့ ပေါ့ပါးတဲ့ရှပ်အင်္ကျီတစ်ထည် ၀တ်ထားလျက်ရှိသည်။
ရှစ်ယီရဲ့ မျက်လုံးများက သူ့အားစူးစိုက်ကြည့် နေကြောင်း သတိထားမိတဲ့ ကျိုးရှန်းချန်က သူ့ ညာလက်ကို မြှောက်ပြီးး ဂိတ်တံခါးဘေးက ပိတ်ထားတဲ့ လူ၀င်တံခါး အသေးလေးကို ညွှန်ပြသည်။
ရှစ်ယီး သဘောပေါက်ကြောင်း သူ့ကိုကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
“ ငါကြိုက်တဲ့လူက ပါမောက္ခတစ်ယောက်ဖြစ်ရမယ်၊ ဖြစ်နိုင်ရင်သူ့က ဓာတုဗေဒကို လေ့လာတဲ့ သိပ္ပံ သုသေသနပညာရှင်တစ်ေယာက်ဖြစ်ရမှာ "
ဟုသူမကလေသံလေးနှိမ့်ကာ မိန်လင်းကို ဖုန်းထဲကနေ ပြောလိုက်သည်
"နင် ဘာအကြောင်းပြောနေတာလဲ? ပါမောက္ခ ဟုတ်လား ? ဘာတွေလဲ ... ? "
တစ်ဖက်က ကြားရတဲ့ မိန်လင်းကတော့ နားမလည်ဘဲ အံအားသင့်နေမိသည်
“ ငါ အခု စကားပြောနေတာကို ရပ်ရတော့မယ်။ ညမှ မင်းကိုဖုန်းပြန်ခေါ်လိုက်မယ် ဘိုင့် "
ကျိုးရှန်းချန် တဖြေးဖြေး နီးကပ်လာသည်ကိုမြင်သောအခါ
ရှစ်ယီး ဖုန်းကိုအမြန်ချလိုက်ကာ သူမ တစ်လှမ်းချင်း လျှောက်နေရာကနေ လူ၀င်တဲ့ တံခါးငယ်လေးဆီသို့ပြေးသွားလိုက်သည်။
ဤနေရာတွင် သူသည်သာမန်ထက်ကွဲပြားပုံရသည်။ ရှစ်ယီး သူမမည်သို့ ခံစားနေရမှန်း မဖော်ပြတတ်
"ရှစ်ယီး မင်း ဘယ်တုန်းကရောက်နေတာလဲ? "
လုံခြုံရေးရုံး၏ ပြတင်းပေါက်သေးသေးလေးမှာ လက်မှတ်ထိုးစာအုပ်ကို ထိုးရင်းသူမကိုမေးသည်။ သူက သူ့နာမည်ကိုလက်မှတ်ထိုးပြီးအချိန်ကို မှတ်သားလိုက်သည်။
"မင်းရဲ့မှတ်ပုံတင်ကတ်ယူလာသေးလား? "
“ အင်း ယူလာတယ် ”
ရှစ်ယီး အိတ်ကိုငုံ့ကြည့်ပြီး သူမမှတ်ပုံတင်ကဒ်ကို အိတ်ထဲကဆွဲထုတ်လိုက်ပြီး သူ့ကိုပေးလိုက်သည် ။
လုပ်ရိုးလုပ်ထုံးလုပ်နည်းများ အားလုံးပြီးစီးသောအခါ
လုံခြုံရေးရုံးအတွင်းမှ တစ်စုံတစ်ယောက်က တံခါးသော့ဖွင့်ပြီးသူမကိုဝင်ခွင့်ပြုသည်။
သူပြောခဲ့သလိုဘဲ၊ ဒီနေ့က ပိတ်ရက်ဆိုတော့ လူအများကြီးမရှိ
သူတို့နှစ်ဦး အတူတူလမ်းလျှောက်နေစဉ် ရံဖန်ရံခါ တစ်စုံတစ်ဦး ကဖြတ်သွားကာ သူ့ကို နှုတ်ဆက်ကြပြီး သူကတော့ ခေါင်းညိတ်ပြီးတော့သာ နှုတ်ဆက်တာကို အသိအမှတ်ပြုသည် တစ်ယောက်ကို တစ်ယောက် စကားပြောဆိုဆက်သွယ်မှုလဲ သိပ်မရှိပေ။ ရှစ်ယီး တိတ်ဆိတ်သောလေထု၏ဒဏ်ကို ခံရကာ သူမခြေလှမ်းများကိုပင် သတိနဲ့ လျှောက်က်နေမိသည်။ ကံမကောင်းစွာဖြင့် ရှစ်ယီး ဒီနေ့ ဒေါက်မြင့်ဖိနပ်ကို ၀တ်လာမိထားပြီးစကျင်ကျောက်ကြမ်းခင်းလမ်းပေါ်ကို လျှောက်လိုက်တဲ့အခါ သူမခြေထောက်များထဲမှ ထွက်လာသည့် ဆူညံသံများကို လုံးဝမကာကွယ်နိုင်ခဲ့။
သူမ ထိုဆူညံသံကို အာရုံစိုက်ပြီး အသံမထွက်အောင် ဖြေးညှင်းစွာလျှောက်ဖို့ ကြိုးစားလေလေဆူညံသံ ပိုကျယ်လာ လေလေဖြစ်နေသည်။
“ ဒီမှာ သုတေသီအမျိုးသမီးတွေလဲ ဒေါက်မြင့်ဖိနပ်စီးရတာကြိုက်တယ်။ ”
သူက မှန်နှစ်ချပ်ကာရံထားတဲ့ မှန်တံခါးအပြင်ဘက်မှာရပ်ပြီးသူ့စကားဝှက်နဲ့လက်ဗွေကိုရိုက်ထည့်ရင်း ပြောလေသည် ။
"အဲဒါကြောင့် မင်း အဲဒါကို အရမ်းကြီးစိတ်ပူနေစရာမလိုပါဘူး။ "
ဟု ပြောပေးပြန်သည် ။ သူ့စကားကြောင့် ရှစ်ယီးခေါင်းညိတ်ပြီးရှက်ရွံ့တဲ့အပြုံးလေးနဲ့ အားနာစွာ ပြန်ပြုံးပြမိသည် ။
မှန်တံခါးအားစကားဝှက်ဖြင့်သော့ဖွင့်လိုက်သောအခါ သူကလက်နဲ့တွန်းဖွင့်လိုက်သည်နှင့် အေးခဲနေသောဖန်များနံရံများကာရံထားသည့် အခန်းများစွာကိုကျော်ဖြတ်ဖို့ သူက ဦးဆောင်ခဲ့သည်။ နောက်ဆုံး သူတို့ရုံးခန်းတစ်ခုရှေ့မှာ ရပ်လိုက်တယ်။
သူကတံခါးကိုတွန်းဖွင့်လိုက်ပြီးအဲဒီအလုံပိတ်အခန်းထဲကို ၀င်လာဖို့ ခေါ်လိုက်ကာ ရှစ်ယီး သူမ ကြီးမားတဲ့ဝန်ထုပ်ကြတစ်ခု ထမ်းလ်ိုက်ရသလိုခံစားရတယ်။
“ ဒီလိုမျိုး သုတေသနဌာနတွေက နိုင်ငံတကာကို တားမြစ်ထားတဲ့ အချက်အလက်တွေကို အခိုးခံရပြိး မပြန့်သွားရအောင်လို့ သေချာစီမံထားတယ်လို့ လို့ ကျွန်မအမြဲထင်ခဲ့တာ ”
"ဆိုတော့?"
သူကရယ်ပြီးသူ့အလုပ်စားပွဲမှာထိုင်လိုက်ကာ
"မင်းစိတ်ပျက်သွားပြီလား? "
"ဒါကိုစိတ်ပျက်စရာလို့ လုံး၀ မထင်ပါဘူး"
သူမ၏အကြည့်သည် သူ့ရုံးခန်းတစ်ဝိုက်ကိုပျံ့နှံ့သွားပြီးသူမအနံ့တစ်ခုရလိုက်သည်။
“ ဒီမှာ အနံ့ကအရမ်းထူးခြားတာပဲ ရှင် ပုံမှန်အားဖြင့် ဘာ ယတွေလုပ်လဲ။ ကျွန်မဆိုလိုတာက ရှင် ဘယ်လိုစမ်းသပ်မှုအမျိုးအစားတွေလုပ်လဲ? "
"Halogen-free၊ flame-retardant silane crosslinked polyolefin elastomer၊ အတိုကောက်က POE၊ ပေါင်းစပ်ပစ္စည်း တွေပေါ့ "
သူပြောတဲ့ စကားလုံးများထဲမှာ ပေါင်းစပ်ပစ္စည်းဆိုတာကလွဲပြီး တစ်ခြား ဘာကိုမှ ရှစ်ယီး နားမလည်ခဲ့
သူမက သူ့လက်ထဲကစက္ကူဖြူကို ညွှန်ပြလိုက်ရင်း
"ရှင် အဲဒါတွေ ကျွန်မအတွက် ရေးပေးနိုင်မလား။ ခုနကပြောခဲ့တဲ့စကားတွေလေ "
ကျိုးရှန်းချန် ရှစ်ယီး တောင်းဆိုတဲ့ အတိုင်း ဘောပင်တစ်ချောင်းကိုကိုင်ကာ စကားလုံးများကိုချရေး ပေးလိုက်ပြီး သူ့ကြည့်ရတာ သတင်း တစ်ခုခု ပေါက်ကြားသွားမှကိုလဲ နဲနဲလေးတောင် ဂရုပြုတဲ့ပုံမပေါ်ပေ။
ရှစ်ယီး ထိုစက္ကူစာရွက်အား ခဏတာ တိတ်ဆိတ်စွာကြည့်နေသော်လည်းနားမလည်သေးပေ။
" ကျွန်မ နားလည်အောင် ကြိုးစားချင်လို့ ပိုရိုးရှင်းတဲ့နည်းလမ်းရှိလား? "
ကျိုးရှနချန် တိုတိုတုတ်တုတ်စဉ်းစားလိုက်ပြီး သူမကို ပိုရှင်းရှင်းပြောပြရမယ်ရင်
“ ရိုးရိုးရှင်းရှင်းပြောရရင် အဲဒါက ခံနိုင်ရည်အား မြင့်မမြင့် စမ်းသပ်တာ ဥပမာ -အပူ ဒဏ် ခံနိုင်ရည် ရှိမရှိပေါ့ ၊ မီးခံနိုင်ရည်ရှိတဲ့ ဝါယာကြိုး၊ ပြီးတော့ အ၀တ် တွေဖန်တီးဖို့ပေါ့ ၊ အဲလိုဆိုရင်ကော အခုနားလည်သွားပြီလား?"
ရှစ်ယီးကို ရှင်းပြနေရင်းကျိုးရှန်းချန် အနည်းငယ်ပြုံးမိသည်။
“ အင်း နားလည်သွားပြီ ”
ရှစ်ယီးလဲ ဒါကို သေသေချာချာစဉ်းစားပြီး မရယ်ဘဲ မနေနိုင်ခဲ့ဘူး၊
“ ဒါပေမယ့် ရှင် ဒီအကြောင်းကို ရှင်းပြပုံအရဆိုရင် နည်းပညာဆိုတာမျိုးက အစစ်အမှန်မရှိဘူး ဆိုတာချက်ချင်း ထင်မိသွားတယ်။ ဒီလို အရာမျိုးက တကယ်ရော မရှိဖူးဘူးလား "
“ အနည်းနဲ့ အများ ရှိတယ် ဒါပေမယ့် နည်းပညာတွေ အားလုံးက အရင်က ဒါဇင်နဲ့ချီပြီးရှိနေခဲ့တဲ့ နည်းပညာတွေကို အခြေခံပ့ီး ပေါင်းစပ်ထားကြတာ။ ကမ္ဘာကြီးမှာ ဒီနေ့ထိ ဓာတုဗေဒ ကို သုံးပြီး အောင်မြင်ကျော်ကြားလာတဲ့ နည်းပညာက ကြီးကြီးမားမားမရှိသေးဘူး၊ ဒါကြောင့် ပထမဆုံး အဲဒီ နည်းပညာ အောင်မြင်အောင် အရင်က နမူနာတွေကို လေ့လာပြီး ရှေ့ဆက်သွားနိုင် အောင် လုပ်နေတယ်လို့ ယူဆလို့ရတယ် တယ်။ ”
ကျိုးရှန်းချန် ရှစ်ယီးကို သန့်စင်တဲ့ ရေသန့်ဘူးငယ်တစ်လုံးကိုပေးလိုက်သည်။
“ ဥပမာ အနေနဲ့ ယနေ့ တရုတ်ပြည်ရဲ့ ပထမတန်းစားမြို့ကြီးတွေမှာ တပ်ဆင်ထားကြတဲ့ ဝါယာကြိုးများနဲ့ ကေဘယ်ကြိုး
အပြင်ဘက် အကာအများစုက ဟောင်းပြီး ယိုယွင်းပျက်စီးနေကြတာ သူတို့ထဲက ၈၀ ရာခိုင်နှုန်းလောက်က အစားထိုးဖို့လိုအပ်သည်။ ဒါပေမာ့် အဲဒီလို လုပ်မယ်ဆိုရင် အလွန်ကြီးမားတဲ့ အရင်းအမြစ်ပမာဏကို ကုန်ဆုံးစေလိမ့်မယ်။ အကယ်၍ နည်းပညာကိုသာ အဆင့်မြင့်နိုင်မယ်ဆိုရင် တစ်နှစ်လောက်ပဲ ကြာပြီး ဘဏ္ဍာငွေလဲ အများကြီး မကုန်နိုင်တော့ဘဲ တစ်ခြား နေရာတွေမှာ သုံးလို့ ရနိုင်တယ် ဥမပာ နက္ခတ္တဗေဒဆိုင်ရာတို့ ဘာတို့မှာပေါ့ ”
ရှစ်ယီးက သက်ပြင်းလေးချပြီး
“ ရှင်ဒီအကြောင်းကိုရှင်းပြတော့ ရုတ်တရက် ဒီကိစ္စက အရမ်းကြီးကျယ်ပြီး အရေးပါသလိုပဲနော်”
သူမမေးခွန်းတွေဆက်မေးချင်နေသော်လည်း
မမျှော်လင့်ဘဲရုံးခန်းတံခါးခေါက်သံတစ်ခုထွက်ပေါ်လာသည်။
ကျိုးရှန်းချန်က "ဝင်ပါ" ဟုဖြေပြီးနောက် တံခါးက ချက်ချင်းတွန်းဖွင့်ခံလိုက်ပြီး အပြင်ဘက်က နေ ဟဲရှန်း က ခေါင်းအရင်၀င်လာသည်။ ပြီးတော့မှ တစ်ကိုယ်လုံး အခန်းထဲရောက်အောင် သွင်းလိုက်ပြီး သူ့မျက်နှာ ပြုံးဖြီးဖြီးနဲ့
"သေချာတာပေါ့၊ ရှစ်ယီးကျဲကျဲ ပဲကိုး "
ဟဲရှနန်းစကားကြောင့် သူမအနည်းငယ်အံ့သြသွားသလိုအနည်းငယ်လည်းရှက်သွားသည်။
"ကျွန်မ ဒီမှာဆိုတာ ရှင် ဘယ်လိုလုပ်သိတာလဲ"
“ ကျွန်တော်တို့ဓာတ်ခွဲခန်းမှာ စောင့်ကြည့်ကင်မရာတွေရှိတယ်။ ဆရာကျိုးရှန်းက နတ်သမီးနဲ့တူတဲ့အလှလေးတစ်ယောက်ကို သုနဲ့ အတူ ခေါ်လာခဲ့တယ်လို့ အကြီးတန်းအစ်ကိုအချို့ပြောနေတာကိုငါအပြင်ကနေပြန်လာတော့ ကြားလာတာ၊ ဒါကြောင့် ရှစ်ယီးကျဲကျဲ ပဲ ဖြစ်ရမယ်လို့ ခန့်မှန်းခဲ့တာ "
" စောင့်ကြည့်ကင်မရာ? သုတေသန ဌာနဆိုတော့ တကယ်ပဲ အရမ်း လုံခြုံရေးတင်းကျပ်တာပဲ "
ကျိုးရှန်းချန် ရယ်မိသွားပြီး
"အဟမ်း - အဟမ်း"
ဟု ချောင်းဟန့်ကာ
"လာရင်းကိစ္စကရော ?"
“ ဆရာကျိုးရှန်က ကျွန်တော်တို့ကို အများကြီး သင်ပေးပြီး လမ်းပြခဲ့တယ် အဲဒါကြောင့် ညစာ အပြင်ဖိတ် ကျွေးချင်လို့ ပြီးတော့ တစ်ချိန်တည်းမှာ ဧည့်သည်လဲ ရောက်နေတာဆိုတော့ ဧည့်လဲခံချင်လို့ပါ"
Translated By EstherMay
ဒီ Novel လေးကို တစ်ပတ် နှစ်ပိုင်းနှုန်းပြန်ရင်း တင်ပေးသွားပါ့မယ်နော် လိုအပ်တာလေးတွေ ရှိရင်လဲ ထောက်ပြပေးပါနော် ကျေးဇူးတင်ပါတယ်
Zawgyi
တစ္ခါတစ္ေလမွာ မင္းလိုခ်င္တာကိုရဖို႔ အတြက္ သတၱိရွိဖို႔လိုလိမ့္မယ္။ ရွစ္ယီးရဲ႕ ရဲရင့္တဲ့လုပ္ရပ္ကေန ရလဒ္ တစ္ခုခုထြက္လာမွာလား??
Chapter 1.4 - နားမလည္ႏိုင္ေသာအတိတ္ (၄)
ေနာက္တစ္ေန႔ေတာ့ ရွစ္ယီးတို႔ အုပ္စု ရွီအန္းမွာရွိတဲ့ နာမည္ႀကီးေနရာအခ်ိဳ႕ကို သူတို႔ဘာသာ သူတို႔ပဲ အလည္အပတ္သြားခဲ့ၾကသည္။ ခရီးသြားဧည့္သည္မ်ားၾကား ရွစ္ယီး တစ္ေယာက္ သမိုင္းဝင္ေနရာမ်ားကို ၾကည့္ရႈေနရင္း သူမနဲ႔ ရင္းႏွီးကြၽမ္း ၀င္ေသာခံစားခ်က္ရေပမယ့္ သူမ ဘာကိုမွသိသိသာသာမွတ္မိႏိုင္စြမ္းမရွိေပ
ကေလးဘ၀တုန္းက သူမရဲ႕အတိတ္ဘ၀က အမွတ္တရေတြကို ကြက္ကြက္ကြင္းကြင္း အရမ္း တိတိက်က် မွတ္မိေနခဲ့လို႔ သူမကိုယ္သူမ အထင္ႀကီးခဲ့မိသည္။
သို႔ေသာ္လဲ မူႀကိဳမွ မူလတန္း မူလတန္းမွအလယ္တန္း
အလယ္တန္းကေန တျဖည္းျဖည္း အခ်ိန္ၾကာလာတာအမွ်
ထိုအရင္ဘ၀ မွတ္ဥာဏ္အားလုံး တျဖည္းျဖည္းေမွးမွိန္လာေတာ့သြားသည္။ အတိတ္မွတ္ဉာဏ္ေတြကို ျပန္စဥ္းစားတဲ့အခါ
ပိုၿပီး ထူးဆန္းလာကာ မက္ခဲ့ဖူးတဲ့အိမ္မက္တစ္ခုလိုပဲ ခံစားရေတာ့သည္ ။ သူမကိုယ္တိုင္သာ
"သူ႔ကိုေတြ႕ကို ေတြ႕ရမယ္ "
ဟု ထပ္ခါထပ္ခါ သတိမေပးခဲ့ပါက က်ိဳးရွန္းခ်န္ဆိုနဲ႔ လူသားနဲ႔ ပတ္သတ္တဲ့ အမွတ္ရစရာအားလုံးသည္ အစအနပင္ မက်န္ဘဲ သူမမွတ္ဥာဏ္ထဲက အားလုံးဟာလဲ ေလလိုမ်ိဳး အစထဲက မရွိခဲ့သလို ေပ်ာက္ကြယ္သြားမွာ ျဖစ္သည္။
ရွစ္ယီးတို႔ ရွီအန္းမွာေနတဲ့ ေနာက္ဆုံးေန႔ေရာက္လာတဲ့အခ်ိန္မွာသူမနဲ႔ ေရွာင္ယြီတို႔ႏွစ္ေယာက္က အရင္ရက္က ေလွ်ာက္သြားခဲ့တဲ့ အရွိန္နဲ႔ ပင္ပန္းေနခဲ့သည္။ ေနာက္ဆုံးေန႔လဲ ျဖစ္တာေၾကာင့္ ေရွာင္႐ႊိုက္က သူ႔မိဘမ်ားနဲ႔ ရွီအန္းကို အတူတူျဖတ္သန္းဖို႔ ေဟာ္တည္ကေန အိမမ္ျပန္သြားသည္ ။ ဒါေပမယ့္ ရွစ္ယီးတို႔ ေသခ်ာ အဆင္ေျပေစရန္ အကုန္လုံးကို အၿပီးသတ္ စီစဥ္ေပးသြားသည္ ။
ရွစ္ယီး မနက္က သူမမန္ေနဂ်ာပို႔ ေပးလိုက္သည့္ စာ႐ြက္စာတမ္းကို print ထုတ္ရန္ ဟိုတယ္ဧည့္ႀကိဳေကာင္တာေရွ႕သို႔ သြားလိုက္သည္။
ဧည့္ႀကိဳေကာင္တာမွာ အလုပ္လုပ္ေနတဲ့ေကာင္မေလးက ႏႈတ္ဆက္ႀကိဳဆိုၿပီး ရွစ္ယီးရဲ႕ေတာင္းဆိုခ်က္ကိုၾကားလိုက္ရတဲ့အခါ USB flash drive ကိုယဥ္ေက်းစြာယူလိုက္တယ္။
"ဧည့္သည္ ဘယ္အခန္းကလဲလို႔ ေမးလို႔ရမလားရွင္ ? ။ Print ထုတ္ၿပီးသြားရင္ အဲဒါကို လာပို႔ေပးဖို႔ ၀န္ထမ္းတစ္ဦးကို လႊတ္လိုက္ပါ့မယ္ရွင္ ”
"ေကာင္းပါၿပီ ေက်းဇူးတင္ပါတယ္ ။ အခန္း ၁၂၁၂ ?
သူမ ေျပာၿပီးၿပီးခ်င္း ဒါက အေကာင္းဆုံး အစီအစဥ္မဟုတ္ဘူးလို႔ ခံစားရတာ ေၾကာင့္
“ အဲဒါ ထားလိုက္ပါေတာ့ စိတ္မပူပါနဲ႔။ ဒီမွာပဲေစာင့္ေနလိုက္ပါ့မယ္။ မိတၱဴကူးဖို႔ေတာ့ မလိုအပ္ပါဘူး Print ပဲ ထုတ္ေပးလို႔ရပါတယ္ "
“ အခန္း ၁၂၁၂”
ရွစ္ယီးရဲ႕ အခန္းနံပါတ္ကို ၾကားလိုက္ရတဲ့အခါ သူမက စာရင္းတစ္လ်က္ၾကည့္လိုက္ၿပီး
"ဧည့္သည္ရဲ႕ မ်ိဳး႐ိုးက ရွစ္မ်ိဳး႐ိုး? "
“ ဟုတ္ပါတယ္ ”
“ ဒီမွာ ဧည့္သည္အတြက္ ပါဆယ္တစ္ခု လာပို႔ထားပါတယ္ လူတစ္ေယာက္ ဒီကို လာပို႔ထားတာ မၾကာေသးပါဘူး၊ အဲဒီလူႀကီးမင္းက ဧည့္သည္ကို ဆက္သြယ္ရမယ့္ နည္းလမ္းမေတြ႕ဘူးလို႔ ေျပာတာေၾကာင့္ ဒီမွာ အပ္ထားခဲ့ဖို႔ ေျပာလိုက္ပါတယ္"
ဧည့္ႀကိဳေကာင္မေလးက စာအိတ္ႀကီးကို စားပြဲထဲကေန ထုတ္ကယူၿပီး ဧည့္ႀကိဳေကာင္တာေပၚမွာတင္လိုက္တယ္။
"အဲဒီလူႀကီးမင္းရဲ႕ မ်ိဳး႐ိုးက က်ိဳးရွန္း "
လာပို႔တဲ့ လူနာမည္ေျပာၿပီးတာနဲ႔ ဧည့္ႀကိဳေကာင္မေလးက ထူးဆန္းသလိုနဲ႔
“ ဒီမ်ိဳး႐ိုးနာမည္ကေတာ္ေတာ္ထူးဆန္းတယ္”
ဆိုၿပီးေျပာေလသည္
ရွစ္ယီး သူ႔နာမည္ၾကားလိုက္ရေတာ့ စာအိတ္ကိုငုံ႔ၾကည့္လိုက္သည္။ အဲဒီအေပၚမွာ ဘာစာမွမေရးထားခဲ့
"သူအခုမွထြက္သြားတာလား"
သူမလက္ထဲရွိ စာအိတ္အေလးခ်ိန္အရ အထဲမွာစာအုပ္တစ္အုပ္ရွိ ေနေၾကာင္း ခံစားလိုက္ရသည္။ ျဖစ္ႏိုင္တာက ဒါ ရွီအန္းၿမိဳ႕ သမိုင္းရာဇ၀င္မွတ္စု စာအုပ္ျဖစ္ႏိုင္သည္
"လြန္ခဲ့တဲ့ ဆယ္မိနစ္ ေလာက္မွ အဲဒီ လုႀကီးမင္းထြက္သြားတာပါ "
ဧည့္ႀကိဳ ေကာင္မေလးက USB flash drive ကိုယူလိုက္ၿပီးရွစ္ယီးရဲ႕ ေတြေဝေငးငိုင္ေနတဲ့ ပုံစံကို ၾကည့္ၿပီး စာ႐ြက္စာတမ္းေၾကာင့္လို႔ ထင္သြားကာ
“ စာ႐ြက္စာတမ္းက အရမ္းအေရးႀကီးတယ္ဆိုရင္ဧည့္သည္ေတြကိုယ္တိုင္ Print ထုတ္လို႔ရပါတယ္ ။ မစၥရွစ္ယီးေက်းဇူးျပဳၿပီး ဒီဘက္ကို လာခဲ့ ေပးပါရရွင့္ "
"ရပါတယ္ အေရးမႀကီးပါဘူး ဒီအတိုင္းပဲ Print ထုတ္လိုက္ပါ"
ရွစ္ယီး က်ိဳးရွန္းခ်န္ရဲ႕နာမည္ကိုၾကားလိုက္ရတဲ့အခါ
သူမစိတ္ထဲ ခဏ ဗလာျဖစ္သြားသည္ထင္သည္ ။
ဧည့္ႀကိဳ ေကာင္မေလးက USB ဖိုင္ကိုဖြင့္လိုက္ေတာ့႐ုပ္ရွင္ဇာတ္ၫႊန္းအပိုင္းရွည္တစ္ခုျဖစ္ေနသည္ကိုျမင္လိုက္ရတဒ့အခါ ရွစ္ယီးကို အႀကိမ္ေပါင္းစြာ လွည့္မၾကည့္ဘဲ မေနႏိုင္ခဲ့ပါ။ သူမသက္ျပင္းသာခ်မိၿပီး၊ ဒီအမ်ိဳးသမီးဧည့္သည္က ဒီေလာက္လွမွ ေတာ့ မင္းသမီးတစ္ေယာက္ ျဖစ္ႏိုင္တာ မဆန္းပါဘူး။ ဒါေပမယ့္ဒီမ်က္ႏွာက သိပ္မရင္းႏွီးတာေၾကာင့္ Media နဲ႔ ထိေတြ႕မႈအမ်ားႀကီးရေသးပုံမေပၚ၊ ဒါေၾကာင့္ သူမက မင္းသမီး အသစ္တစ္ေယာက္ျဖစ္ႏိုင္တယ္ဟု ေကာက္ခ်က္ခ်လိုက္ေတာ့သည္ ။
Print ထုတ္လို႔ၿပီးသြားေတာ့ ဧည့္ႀကိဳေကာင္မေလးက ေက်းဇူးတင္ေၾကာင္း ေျပာတဲ့ ရွစ္ယီးရဲ႕ မ်က္ႏွာကို ေငးၾကည့္ၿပီးဤမွ်လွပေသာ မိန္ကေလးတစ္ဦးကို ႐ုပ္ရွင္ဖန္သားျပင္ထက္မွာ တကယ္ ေတြ႕လိုက္ရရင္ သူမမ်က္လုံးမ်ား အလြန္ၾကည္ႏူးစရာေကာင္းလိမ့္မည္ဟု သူ႔မဘာသာ သူမေတြးေနမိေသးသည္။
ရွစ္ယီးရဲ႕ မ်က္လုံးမ်ားကေတာ့ စာအိတ္ေပၚတြင္ ေတာက္တဲ့ကပ္သလို အာ႐ုံစိုက္ထားမိသည့္အတြက္ ဧည့္ႀကိဳေကာင္မေလးသူမကို ဘယ္လိုအမူအရာနဲ႔ ေငးၾကည့္ေနမွန္း လုံးလုံး သတိမျပဳမိဘဲ တစ္ေယာက္တည္း အေတြးမ်ားေနသည္။
သူမစာ႐ြက္စာတမ္းေတြကို Print ထုတ္ၿပီးသြားကာ အခန္းျပန္ရန္ ဓာတ္ေလွကားထဲကိုခ်က္ခ်င္း ၀င္လိုက္ၿပီး စာအိတ္ကိုဆြဲၿဖဲၿပီး ၾကည့္လိုက္မိသည္။ ေသခ်ာတာေပါ့၊ ဒါက သူမမွန္းထားခဲ့သလိုပင္ ခ်င္းလုံဘုရားေက်ာင္ူမွာတုန္းက သူေျပာခဲ့တဲ့စာအုပ္ပဲ။ စာမ်က္ႏွာမ်ားက အသစ္လို မဟုတ္ဘဲ စာ႐ြက္ေထာင့္ ေလးေတြ ေခၚက္ေနကာ တစ္ေယာက္ေယာက္က အႀကိမ္ႀကိမ္ဖတ္ထားဖူးသည့္ အရိပ္အေယာင္မ်ား ေပၚေနခဲ့သည္။ ၾကည့္ရတာ တစ္စုံတစ္ေယာက္က သူ႔ထံသို႔ယူလာၿပီး ငွားဖတ္ခဲ့ဟန္တူသည္။ စာအုပ္အဖုံးေပၚမွာေတာ့ အျပာေရာင္ မွတ္စု စာကပ္ခြာ ေလးတစ္ခုရွိေနၿပီး ေဘာပင္နဲ႔ ေရးသားထားတဲ့ စာတန္းေလးပါလာသည္။
'' ကိုယ့္ရဲ႕ သုေတသနက လုပ္ေဖာ္ကိုင္ဖက္တစ္ေယာက္က ဒီစာအုပ္ကိုေပးထားတာ။ တကယ္လို႔ မင္းႀကိဳက္ႏွစ္သက္တယ္ဆိုရင္ ယူထားလို႔ရပါတယ္ ျပန္ေပးစရာမလိုပါဘူး ...
က်ိဳးရွန္းခ်န္ ''
သူရဲ႕လက္ေရးက တကယ္လွတာပဲ သူမမွတ္ဥာဏ္ထဲက လက္ေရးနဲ႔ မတူပါ
ရွစ္ယီး အခန္းထဲျပန္သြားၿပီး မွတ္စုကိုၾကည့္ကာ ထပ္ခါထပ္ခါျပန္ဖတ္ေနေသးတယ္။ ဓာတ္ခြဲခန္းမွာ တယ္လီဖုန္းရွိလား? ၊ သူ႔ကိုေခၚဖို႔အဆင္ေျပပါ့လား၊ သူ႔ကိုအီးေမးလ္ပို႔ဖို႔ သူမ လုပ္သင့္သလား?
ေနာက္ဆုံး သူမ အီးေမးလ္ပို႔ရန္ပဲ ဆုံးျဖတ္ကာ ပို႔ၿပီးေနာက္မွာ ေတာ့ သူမစာအုပ္ကိုဖြင့္ဖတ္လိုက္သည္။ ရွစ္ယီး စာအုပ္ထဲမွာသေဘာထားကြဲလြဲခ်က္မ်ားကို ႐ိုးရွင္းေသာမွတ္စုမ်ားႏွင့္အတူမွတ္သားထားတဲ့ က်ိဳးရွန္းခ်န္ရဲ႕လက္ေရးမ်ားကို ေတြ႕လိုက္ရ၍ အံ့ၾသသြားသည္။ သိပၸံပညာရပ္ကို ေလ့လာတဲ့လူေတြက သူမ်ားနဲ႔မတူဘူးဘဲ အရာရာကို သူမ်ားေတြထက္ ပိုမိုေလးနက္စြာ
လုပ္ေဆာင္တတ္တာပဲ။ စာအုပ္ထဲမွာ ရွီအန္းက ကမာၻလွည့္ခရီးသြား ေတြကို ဆြဲေဆာင္တဲ့ ေနရာတစ္ခုျဖစ္ၿပီး ဘယ္ေနရာ ေတြက အခမဲ့ ဘယ္ေနရာေတြက ၀င္ေၾကးမည္မွ်ရွိသည္၊ ဖြင့္ခ်ိန္ စတဲ့ အမွတ္အသားမ်ားပါ ပါရွိသည္။ ၿပီးေတာ့ စားေသာက္ဆိုင္အေၾကာင္း အရသာရွိသည့္အထူးဟင္းလ်ာမ်ားအေၾကာင္း စတဲ့ မွတ္ခ်က္မ်ားစြာ ပါရွိသည္။
ရွစ္ယီး ဒီမွတ္စုမ်ားကို ဖတ္ရေတာ့ သူယခင္ကေရးခဲ့ဖူးတာျဖစ္ၿပီး သူမအတြက္ တမင္ေရးေပးခဲ့တာေတာ့ မဟုတ္တာေသခ်ာသည္။
သို႔ေသာ္ ၿမိဳ႕သမိုင္းစာအုပ္တြင္ ေရးထားသည့္“ သီးသန႔္မွတ္စုမ်ား” ကိုသူမျမင္လိုက္ရေသာအခါ သူမအေတြးမ်ားကို ေလွ်ာက္မေတြးဘဲ မေနႏိုင္၊ ဒီမွတ္ခ်က္ေလးေတြက အနည္းဆုံးေတာ့ သူမအတြက္လဖတ္ရတာ ပိုလြယ္ကူေစသည္။
ရွစ္ယီးစာအုပ္ဖတ္ၿပီး အီးေမးလ္စာပုံးကိုၾကည့္လိုက္ ေတာ့ သူ႔ရဲ႕အီးေမးလ္ျပန္စာေရာက္လာသည္ ။
ျပန္စာမွာ ျပန္ထားတဲ့ စာစကားလုံးမ်ား မရွိ၊ ဂဏန္း မ်ားသာ ရွိသည္ ။
ဖုန္းနံပါတ္???
ရွစ္ယီး သူမဖုန္းကိုေကာက္ယူၿပီး နံပါတ္ကို႐ိုက္ထည့္လိုက္ၿပီးေနာက္ ဖုန္းမေခၚခက္ ေနာက္ဆုံး ျပင္ဆင္မႈအေနနဲ႔ သူမ၏အသံကို အေကာင္းဆုံး အေနအထပုံစံျဖစ္ၾကာင္း ေသခ်ာေစရန္
ႏွစ္ႀကိမ္တိုင္တိုင္ ေခ်ာင္းဟန႔္ကာ လည္ေခ်ာင္းရွင္းလိုက္ေသးသည္ ။
တီ တိ တီ
"မင္းစာအုပ္ကိုရၿပီးၿပီလား? "
ဒါက က်ိဳးရွန္းခ်န္ ေျပာေသာပထမဆုံးစကားျဖစ္သည္။
"ဟုတ္ကဲ့ ရပါၿပီ ေက်းဇူးတင္ပါတယ္။"
ရွစ္ယီး က်ိဳးရွန္းခ်န္ကို ႐ိုး႐ိုးရွင္းရွင္း ဖုန္းေခၚခ်င္ခဲ့ေပမယ့္
တကယ္တမ္း ဖုန္းေခၚလိုက္တဲ့အခါ သူမဘာေျပာရမွန္းမသိခဲ့။
“ ဒီစာအုပ္က ေတာ္ေတာ္ေလးစုံၿပီး ေရးထားတာလဲ ေကာင္းတယ္။သာမန္ခရီးသြားမွတ္တမ္းေတြ မတူဘဲ အမွတ္တရေနရာေတြအေၾကာင္း အေသးစိတ္ ေဖာ္ျပထားတယ္ "
သူ႔ထံမွ ေလသံေအးေအးေလးနဲ႔ရွင္းျပေနသံကို နားေထာင္ေနတာေၾကာင့္ ရွစ္ယီးဘက္က တိတ္ဆိတ္ေနသည္ ။သူရွင္းျပတာကို နားေထာင္ခြင့္ရတာ သူမ ကံေကာင္းသည္
"စာအုပ္ရဲ႕ တစ္ဝက္ေလာက္က သြယ္ဝိုက္ေၾကာ္ျငာ ေတြ ပါေနေတာ့ အျခားအေျခခံၿမိဳ႕ျပခရီးသြားလမ္းၫႊန္စာအုပ္ေတြနဲ႔ သေဘာတရားကေတာ့ အတူတူပါပဲ "
သူမက သူ႔ရဲ႕ေျပာစကားကို “ အင္း ”
ဟု ကိုအသိအမွတ္ျပဳၿပီး သူ႔ကို
“ ေကာင္းပါၿပီ၊ အဲဒါကို ေသခ်ာဖတ္ၾကည့္လိုက္ပါ့မယ္”
ျပန္စဥ္းစားၾကည့္ရင္ ဒါက သူတို႔ႏွစ္ေယာက္စေတြ႕တဲ့ အခ်ိန္ကစၿပီး အခုထိ ဖုန္းနဲ႔စကားေျပာတာ ပထမဆုံးအႀကိမ္ပင္ ။
ဘတ္စ္ကားနံပါတ္ ၄၀၀ ေျပးဆြဲတဲ့လမ္းေၾကာင္း ကစၿပီး မေန႔ကတစ္ရက္ လည္ပတ္ၾကတဲ့ အေၾကာင္းအရာကိုပါ ရွစ္ယီး သူ႔ကို ေျပာျပမိသည္ ။
ေနာက္ဆုံးေတာ့ စကားဝိုင္းကို အဆုံးသတ္ရမယ့္ အခ်ိန္ ေရာက္လာတာေၾကာင့္ ရွစ္ယီးကို က်ိဳးရွန္းခ်န္ ႏႈတ္ဆက္စကားဆိုသည္။
"ကိုယ္ အခုအလုပ္လုပ္ရေတာ့မယ္ "
“ သိပၸံသုေတသနဌာနက ဘယ္လိုပုံျဖစ္မလဲဆိုတာကို ကြၽန္မ အၿမဲသိခ်င္ခဲ့တာ ”
သူမက သတၱိေမြးလိုက္ၿပီး ရဲရင့္စြာနဲ႔ အရင္ဆုံး
“ ကြၽန္မကို အလည္အပတ္ ေခၚျပလို႔ အဆင္ေျပမလားဟင္? "
သူမတို႔ စကားဝိုင္းတခုလုံးကိုနားစြင့္ေနတဲ့ ေရွာင္ယြီက ရွစ္ယီးကိုခ်က္ခ်င္းစိုက္ၾကည့္လိုက္တယ္၊ ရွစ္ယီးေရ ေက်းဇူးျပဳၿပီး နည္းနည္းေလာက္ ပိုၿပီး အတင့္ရဲလို႔မရဘူးလား?
ရွစ္ယီး ႏႈတ္ခမ္းေလးစူၿပီး : " အခု ငါလုပ္ေနတယ္ေလ "
ဟု ျပန္မ်က္စပစ္ျပရင္း တစ္ဖက္က အေျဖကို ေစာင့္ဆိုင္းေနတဲ့ပုံကို ျမင္တဲ့ ေရွာင္ယြီက သက္ျပင္းခ်ၿပီးရယ္လိုက္ရင္းသူမေခါင္းကိုခါယမ္းလိုက္သည္။
"အဲေနရာက ေျခာက္ကပ္ၿပီး စိတ္၀င္စားစရာေတာ့မရွိဘူး"
က်ိဳးရွန္းခ်န္စကားက သူမရဲ႕ ေတာင္းဆိုမႈကို ျငင္းဆန္ေနပုံရေသာ္လည္း စကၠန႔္အနည္းငယ္ၾကာေအာင္ ရပ္တန္႔ၿပီးေနာက္မွာ မွာေတာ့ သူက
“ ဒါေပမယ့္ ရွစ္ယီး မင္းကံေကာင္းတယ္။ ဒီေန႔က တနဂၤေႏြေန႔ ဆိုေတာ့ သုေတသနပညာရွင္ အမ်ားစု အလုပ္ပိတ္ၾကတယ္ ကိုယ္ မင္းကို လွည့္ပတ္ျပ ေပးရင္လဲ ျပႆနာ မရွိပါဘူး "
သူမက
"အင္း ေကာင္းပါၿပီ"
ဟုေျပာၿပီး က်ိဳးရွန္းခ်န္ ေျပာျပေသာ လိပ္စာကိုခ်ေရးလိုက္သည္။
သူက နိဂုံးခ်ဳပ္အေနနဲ႔ ရွစ္ယီးကို
“ရွစ္ယီး မင္း ဂိတ္တံခါးဝကိုေရာက္ရင္ ဒီဖုန္းနံပါတ္ကိုေခၚလိုက္ပါ ကိုယ္ မင္းကို ေခၚဖို႔ ဆင္းလာခဲ့မယ္ "
ရွစ္ယီး ဖုန္းကို ခ်လိုက္ၿပီး မိတ္ကပ္အိတ္ကို လက္ထဲထည့္ကာ ပေရခ်ိဳးခန္းထဲသို႔ အေျပးေလး၀င္လိုက္သည္။
ေရွာင္ယြီလဲ ကုတင္ေပၚမွခုန္ဆင္းၿပီး ေျခဗလာျဖင့္ ရွစ္ယီး ၀င္သြားတဲ့ ေရခ်ိဳးခန္းတံခါးနားသို႔လိုက္သြားၿပီး မွန္ၾကည့္သလိုလိုနဲ႔
"ရွစ္ယီး နင္ သူ႔ကို ဘာလို႔ အရမ္းသေဘာက်ရတာလဲ ဆိုတဲ့အေၾကာင္း ငါ့ကိုေျပာျပလို႔ရမလား? "
အလင္းေရာင္အဝါေရာင္ေအာက္မွာ ရွစ္ယီးသူမမ်က္ႏွာကိုေသခ်ာသန႔္စင္ရန္ make-up remover ႏွစ္ထားေသာ cotton pad ကို သုံးလိုက္သည္။ သူမလႈပ္ရွားမႈတိုင္းက ဂ႐ုတစိုက္နဲ႔ ေစ့စပ္ေသခ်ာေအာင္ သန႔္စင္ေနသည္၊ သူမမ်က္ႏွာက ေၾကာက္႐ြံ႕ၿပီး တစ္ခ်ိန္ထဲမွာပဲ စိတ္လႈပ္ရွားေနေၾကာင္း လုံးလ်ားလ်ား ျပသေနသည္။ သူမ အကုန္ျပင္ဆင္ၿပီးသြားၿပီးတဲ့ေနာက္ ေနာက္ဆုံးတစ္ေခါက္အေနနဲ႔ လက္ကိုင္မွန္ေလးကို ေလးနက္ေသာအမူအရာျဖင့္ ထပ္ၾကည့္လိုက္သည္။
"ငါ့အရင္ဘ၀မွာတုန္းက သူ႔ကို သိတာေသခ်ာတယ္လို႔ ငါခံစားရတယ္၊ ၿပီးေတာ့ ငါသူ႔ကို အရင္က ႀကီးမားတဲ့အေႂကြးေတြ တင္ခဲ့တယ္"
ထိုစကားၾကားေတာ့ ေရွာင္ယြီထံမွ ရယ္သံတစ္ခုထြက္လာသည္။
“ အိုး၊ ဒါဆို အရင္ဘဝနဲ႔ ဒီဘဝကို လႊမ္းမိုးထားတဲ့ ဖူးစာ ကံၾကမၼာလို႔ ေျပာလို႔ရတာပဲ…”
ရွစ္ယီး ၿပဳံးလိုက္မိသည္။ တကယ္ေတာ့ ဖူးစာဆိုတာထက္ အေႂကြးတစ္ခုထက္မပိုခဲ့ပါ။
သူသာ နည္းနည္းေလးျဖစ္ျဖစ္ အတိတ္ဘ၀ကို သတိရသြားခဲ့ရင္သူမကိုေတြ႕ခ်င္မွာမဟုတ္
ရွစ္ယီးTaxi ငွားၿပီး ကားထဲမွာထိုင္ၿပီးတာနဲ႔ က်ိဳးရွန္းခ်န္ သူမကို ေျပာျပထားတဲ့ လိပ္စာကို ယာဥ္ေမာင္းကိုျပလိုက္သည္။ ဒ႐ိုင္ဘာက ခ်က္ခ်င္းၿပဳံးၿပီး သူ လြန္ခဲ့တဲ့တစ္နာရီေလာက္က ဒီေနရာကို အမ်ိဳးသားတစ္ဦး လိုက္ပို႔ဖို ငွားခဲ့တာေၾကာင့္ ဒီလမ္းေၾကာင္းနဲ႔ ရင္းႏွီးေၾကာင္း ေျပာျပကာ စေမာင္းေတာ့တယ္၊ ရွစ္ယီး သူဘယ္သူကို ေျပာေနတယ္ဆိုတာကို မခန႔္မွန္းႏိုင္ေပမယ့္ ဒီလို တိုက္ဆိုင္မႈမ်ိဳးျဖစ္လာလိမ့္မယ္လို႔ မေမွ်ာ္လင့္ခဲ့။
တကယ္ေတာ့ သူေျပာတဲ့ ေနရာက သိပ္မေဝးခဲ့ပါ။
ရွစ္ယီး အငွားယာဥ္ကေန ထြက္လာၿပီး မန္ေနဂ်ာ
မိန္လင္းဆီက ဖုန္းေခၚဆိုမႈကို လက္ခံရရွိေသာအခါသူမဖုန္းကိုထုတ္လိုက္သည္။ မိန္လင္း အလုပ္ ေသခ်ာလုပ္သူတစ္ ဦး ျဖစ္ၿပီး သူမနားရက္ကို ၾကားျဖတ္ေႏွာင့္ယွက္ျခင္းလုပ္ေလ့မရွိ ၊ ထို႔ေၾကာင့္ သူမသည္ " တ႐ုတ္ႏိုင္ငံ ဓာတုသိပြံ ရွီအန္းဌာနခြဲ"
ဟု ေဖာ္ျပထားသည့္ ဆိုင္းဘုတ္ေရွ႕တြင္ ဖုန္းေျပာဆိုရန္ ေနာက္ျပန္လွည့္႐ုံရလြဲၿပီး ေ႐ြးခ်ယ္စရာမရွိေခ်။
သူမရဲ႕ထူးျခားတဲ့အသံေၾကာင့္ သူမပထမဆုံးအသံ သ႐ုပ္ေဆာင္အႏုပညာေလာကထဲကို ၀င္လာတဲ့အခါ သူမဟာ အျခားလုေတြထက္ အခြင့္အလမ္းေကာင္းအခ်ိဳ႕ရကာ နာမည္ႀကီးသ႐ုပ္ေဆာင္မ်ားစြာအတြက္ အသံသ႐ုပ္ေဆာင္ခဲ့တယ္။ မိန္လင္းရဲ႕ အလုပ္ဆက္သြယ္မႈမ်ားေၾကာင့္ သူမ ရဲ႕ အသံ သ႐ုပ္ေဆာင္ အႏုပညာေၾကးကလဲ တျဖည္းျဖည္းျမင့္တက္လာသည္။ ထို႔အျပင္ သူမကိုလူခ်င္းေတြ႕ခဲ့ဖူးေသာထုတ္လုပ္သူမ်ားစြာသည္ သူမအားကင္မရာေရွ႕တြင္ သ႐ုပ္ေဆာင္ရန္ အႀကိမ္ႀကိမ္ တိုက္တြန္းခဲ့ၾကသည္။
ထို႔အတူ မိန္လင္းကလဲ အသံသ႐ုပ္ေဆာင္တစ္ဦးထက္ ကင္မရာေပၚမ်က္ႏွာျပၿပီး နာမည္ႀကီးတစ္ေယာက္ ျဖစ္တာက ပိုတန္ဖိုးႀကီးတယ္ဟု ေျပာခဲ့ဖူးေသးသည္
သို႔ေသာ္ သူမကို ဘယ္သူေတြက မည္မွ်ပင္ဆြဲေဆာင္သည္ျဖစ္ေစ လုံး၀စိတ္မ၀င္စားဘဲ ေနာက္ဆုံးတြင္ သူမအားစည္း႐ုံးသိမ္းသြင္းရန္ႀကိဳးစားတဲ့လူေတြကပဲ မိန္လင္းလို လက္ေလွ်ာ့လိုက္သည္။ သို႔ေသာ္ မိန္လင္းက ရံဖန္ရံခါတြင္ ရွစ္ယီး သ႐ုပ္ေဆာင္ လုပ္ရန္ စိတ္ဝင္စားေသးရဲ႕လား ဆိုတာကို
ဟာသလိုလို ေျပာၿပိး စမ္းသပ္ေလ့ရွိသည္ ။
" တုယြင္ခြၽမ္းက မေန႔က ငါ့ကို ေမးတယ္ နင့္မွာ ပိုင္ရွင္ရွိေနၿပီလားတဲ့ ? အဲဒါေၾကာင့္ ေငြနဲ႔ေက်ာ္ၾကားမႈေတြကို စိတ္မဝင္စားတာလားတဲ့ ငါအဲဒါကို ၾကားေတာ့ အရမ္းရယ္လိုက္မိၿပီး ငါတို႔ရဲ႕ရွစ္ယီးက ဂုဏ္သေရရွိတဲ့ တစ္စုံတစ္ေယာက္ရဲ႕ တရားဝင္ဇနီးျဖစ္လာဖို႔အတြက္ေျဖာင့္မတ္ၿပီး ေလးစားစရာျဖစ္လာေအာင္ေနရတာ ဒါ့ေၾကာင့္ သူမ တကယ္လို႔ လက္ထပ္ၿပီဆိုရင္လဲ ေသခ်ာေပါက္ တရားဝင္ခ်ျပမွာေပါ့လို႔ ေျပာလိုက္တယ္ ျဖစ္လိမ့္မယ္။ ”
သူမရဲ႕ မန္ေနဂ်ာမမ မိန္လင္းသည္ အလုပ္ကိစၥေဆြးေႏြးျခင္းၿပီးဆုံးသြားတဲ့အခါ ခါတိုင္းလိုပဲ ရွစ္ယီးကို စိတ္၀င္စားေနတဲ့ လူအေၾကာင္း အတင္းေျပာတတ္သည္။
"ရွစ္ယီး အမွန္အတိုင္းေျပာ နင္ အမည္မေဖာ္လိုသူ ခ်မ္းသာၿပီးၾသဇာႀကီးမားတဲ့ သူ ေဌးနဲ႔ တိတ္တဆိတ္ လက္ထပ္ထားၿပီးၿပီလား? ။ အဲဒီလိုမွမဟုတ္ရင္ ဒီႏွစ္ပတ္လုံး တစ္ခါမွ ခြင့္မယူဖူးတဲ့လယက ခြင့္ေနပါယူၿပီး ဘယ္ကိုသြားေနတာလဲ ? အားလပ္ရက္မွာ ေတာင္ အလုပ္လုပ္တတ္တဲ့သူက အခုေတာ့ ခြင့္တိုင္ၿပီး အျပင္ထြက္တယ္ဆိုေတာ့ မဟုတ္လြဲ အလန္းစား သူေဌး တစ္ေယာက္နဲ႔ ေတြ႕ေနၿပီလား ?"
သူမေခါင္းကို ဖုန္းေျပေနရာကေန ယမ္းလိုက္ရင္း ၀င္ေပါက္ဘက္သို႔ ျဖည္းျဖည္းခ်င္းတစ္လွမ္းၿပီးတစ္လွမ္း ျပန္လွမ္းလိုက္ကာ
"ငါ သူေဌးေတြကို စိတ္မ၀င္စားဘူး"
ဟုၿပဳံးကာျပန္ေျပာသည္။
မိန္လင္းက သူမအေၾကာင္းကို သိေန၍ ရယ္လိုက္ၿပီး
"ဒါဆို နင္ ဘယ္လို လူစားမ်ိဳးကို ႀကိဳက္လဲ? ငါ့ကိုေျပာထားၾကည့္ ေပါ့ ဒီမမက မင္းနဲ႔ ကိုက္ညီတဲ့ အမ်ိဳးေကာငိးသားရဖို႔ ကူညီရင္ ကူညီႏိုင္မွာေပါ့ မေျပာႏိုင္ဘူးေလ"
ရွစ္ယီးရဲ႕ မ်က္လုံးမ်ားသည္ ဂိတ္တံခါးမ်ားဆီသို႔ အလိုလို ေရာက္သြားၿပီး အထပ္ျမင့္အေဆာက္အအုံတစ္ခုကေန ဆင္းလာၿပီး အေဆာက္အဦးေရွ႕မွာရွိတဲ့ ႀကီးမားတဲ့ ေျမကြက္လပ္ေပၚမွာ တြင္ ရပ္ေနတဲ့သူအား ၾကည့္မိေနသည္ ။ အဲဒီလူက ဂိတ္၀ကို လွမ္းၾကည့္ရင္း သူမကို ျမင္ေတာ့ အလြန္လ်င္ျမန္စြာလမ္းေလွ်ာက္လာၿပီး သူမဆီကို ဦးတည္လာကာ သူမနဲ႔ ပိုမိုနီးကပ္လာသည္။ သူက အျဖဴေရာင္ဓာတ္ခြဲခန္းအက်ႌကို ၀တ္ဆင္ထားဆဲျဖစ္ၿပီး အတြင္းမွာ အကြက္ပုံစံပါတဲ့ ေပါ့ပါးတဲ့ရွပ္အက်ႌတစ္ထည္ ၀တ္ထားလ်က္ရွိသည္။
ရွစ္ယီရဲ႕ မ်က္လုံးမ်ားက သူ႔အားစူးစိုက္ၾကည့္ ေနေၾကာင္း သတိထားမိတဲ့ က်ိဳးရွန္းခ်န္က သူ႔ ညာလက္ကို ေျမႇာက္ၿပီးး ဂိတ္တံခါးေဘးက ပိတ္ထားတဲ့ လူ၀င္တံခါး အေသးေလးကို ၫႊန္ျပသည္။
ရွစ္ယီး သေဘာေပါက္ေၾကာင္း သူ႔ကိုၾကည့္ၿပီး ေခါင္းညိတ္လိုက္သည္။
“ ငါႀကိဳက္တဲ့လူက ပါေမာကၡတစ္ေယာက္ျဖစ္ရမယ္၊ ျဖစ္ႏိုင္ရင္သူ႔က ဓာတုေဗဒကို ေလ့လာတဲ့ သိပၸံ သုေသသနပညာရွင္တစ္ေယာက္ျဖစ္ရမွာ "
ဟုသူမကေလသံေလးႏွိမ့္ကာ မိန္လင္းကို ဖုန္းထဲကေန ေျပာလိုက္သည္
"နင္ ဘာအေၾကာင္းေျပာေနတာလဲ? ပါေမာကၡ ဟုတ္လား ? ဘာေတြလဲ ... ? "
တစ္ဖက္က ၾကားရတဲ့ မိန္လင္းကေတာ့ နားမလည္ဘဲ အံအားသင့္ေနမိသည္
“ ငါ အခု စကားေျပာေနတာကို ရပ္ရေတာ့မယ္။ ညမွ မင္းကိုဖုန္းျပန္ေခၚလိုက္မယ္ ဘိုင့္ "
က်ိဳးရွန္းခ်န္ တေျဖးေျဖး နီးကပ္လာသည္ကိုျမင္ေသာအခါ
ရွစ္ယီး ဖုန္းကိုအျမန္ခ်လိုက္ကာ သူမ တစ္လွမ္းခ်င္း ေလွ်ာက္ေနရာကေန လူ၀င္တဲ့ တံခါးငယ္ေလးဆီသို႔ေျပးသြားလိုက္သည္။
ဤေနရာတြင္ သူသည္သာမန္ထက္ကြဲျပားပုံရသည္။ ရွစ္ယီး သူမမည္သို႔ ခံစားေနရမွန္း မေဖာ္ျပတတ္
"ရွစ္ယီး မင္း ဘယ္တုန္းကေရာက္ေနတာလဲ? "
လုံၿခဳံေရး႐ုံး၏ ျပတင္းေပါက္ေသးေသးေလးမွာ လက္မွတ္ထိုးစာအုပ္ကို ထိုးရင္းသူမကိုေမးသည္။ သူက သူ႔နာမည္ကိုလက္မွတ္ထိုးၿပီးအခ်ိန္ကို မွတ္သားလိုက္သည္။
"မင္းရဲ႕မွတ္ပုံတင္ကတ္ယူလာေသးလား? "
“ အင္း ယူလာတယ္ ”
ရွစ္ယီး အိတ္ကိုငုံ႔ၾကည့္ၿပီး သူမမွတ္ပုံတင္ကဒ္ကို အိတ္ထဲကဆြဲထုတ္လိုက္ၿပီး သူ႔ကိုေပးလိုက္သည္ ။
လုပ္႐ိုးလုပ္ထုံးလုပ္နည္းမ်ား အားလုံးၿပီးစီးေသာအခါ
လုံၿခဳံေရး႐ုံးအတြင္းမွ တစ္စုံတစ္ေယာက္က တံခါးေသာ့ဖြင့္ၿပီးသူမကိုဝင္ခြင့္ျပဳသည္။
သူေျပာခဲ့သလိုဘဲ၊ ဒီေန႔က ပိတ္ရက္ဆိုေတာ့ လူအမ်ားႀကီးမရွိ
သူတို႔ႏွစ္ဦး အတူတူလမ္းေလွ်ာက္ေနစဥ္ ရံဖန္ရံခါ တစ္စုံတစ္ဦး ကျဖတ္သြားကာ သူ႔ကို ႏႈတ္ဆက္ၾကၿပီး သူကေတာ့ ေခါင္းညိတ္ၿပီးေတာ့သာ ႏႈတ္ဆက္တာကို အသိအမွတ္ျပဳသည္ တစ္ေယာက္ကို တစ္ေယာက္ စကားေျပာဆိုဆက္သြယ္မႈလဲ သိပ္မရွိေပ။ ရွစ္ယီး တိတ္ဆိတ္ေသာေလထု၏ဒဏ္ကို ခံရကာ သူမေျခလွမ္းမ်ားကိုပင္ သတိနဲ႔ ေလွ်ာက္က္ေနမိသည္။ ကံမေကာင္းစြာျဖင့္ ရွစ္ယီး ဒီေန႔ ေဒါက္ျမင့္ဖိနပ္ကို ၀တ္လာမိထားၿပီးစက်င္ေက်ာက္ၾကမ္းခင္းလမ္းေပၚကို ေလွ်ာက္လိုက္တဲ့အခါ သူမေျခေထာက္မ်ားထဲမွ ထြက္လာသည့္ ဆူညံသံမ်ားကို လုံးဝမကာကြယ္ႏိုင္ခဲ့။
သူမ ထိုဆူညံသံကို အာ႐ုံစိုက္ၿပီး အသံမထြက္ေအာင္ ေျဖးညႇင္းစြာေလွ်ာက္ဖို႔ ႀကိဳးစားေလေလဆူညံသံ ပိုက်ယ္လာ ေလေလျဖစ္ေနသည္။
“ ဒီမွာ သုေတသီအမ်ိဳးသမီးေတြလဲ ေဒါက္ျမင့္ဖိနပ္စီးရတာႀကိဳက္တယ္။ ”
သူက မွန္ႏွစ္ခ်ပ္ကာရံထားတဲ့ မွန္တံခါးအျပင္ဘက္မွာရပ္ၿပီးသူ႔စကားဝွက္နဲ႔လက္ေဗြကို႐ိုက္ထည့္ရင္း ေျပာေလသည္ ။
"အဲဒါေၾကာင့္ မင္း အဲဒါကို အရမ္းႀကီးစိတ္ပူေနစရာမလိုပါဘူး။ "
ဟု ေျပာေပးျပန္သည္ ။ သူ႔စကားေၾကာင့္ ရွစ္ယီးေခါင္းညိတ္ၿပီးရွက္႐ြံ႕တဲ့အၿပဳံးေလးနဲ႔ အားနာစြာ ျပန္ၿပဳံးျပမိသည္ ။
မွန္တံခါးအားစကားဝွက္ျဖင့္ေသာ့ဖြင့္လိုက္ေသာအခါ သူကလက္နဲ႔တြန္းဖြင့္လိုက္သည္ႏွင့္ ေအးခဲေနေသာဖန္မ်ားနံရံမ်ားကာရံထားသည့္ အခန္းမ်ားစြာကိုေက်ာ္ျဖတ္ဖို႔ သူက ဦးေဆာင္ခဲ့သည္။ ေနာက္ဆုံး သူတို႔႐ုံးခန္းတစ္ခုေရွ႕မွာ ရပ္လိုက္တယ္။
သူကတံခါးကိုတြန္းဖြင့္လိုက္ၿပီးအဲဒီအလုံပိတ္အခန္းထဲကို ၀င္လာဖို႔ ေခၚလိုက္ကာ ရွစ္ယီး သူမ ႀကီးမားတဲ့ဝန္ထုပ္ၾကတစ္ခု ထမ္းလ္ိုက္ရသလိုခံစားရတယ္။
“ ဒီလိုမ်ိဳး သုေတသနဌာနေတြက ႏိုင္ငံတကာကို တားျမစ္ထားတဲ့ အခ်က္အလက္ေတြကို အခိုးခံရၿပိး မျပန္႔သြားရေအာင္လို႔ ေသခ်ာစီမံထားတယ္လို႔ လို႔ ကြၽန္မအၿမဲထင္ခဲ့တာ ”
"ဆိုေတာ့?"
သူကရယ္ၿပီးသူ႔အလုပ္စားပြဲမွာထိုင္လိုက္ကာ
"မင္းစိတ္ပ်က္သြားၿပီလား? "
"ဒါကိုစိတ္ပ်က္စရာလို႔ လုံး၀ မထင္ပါဘူး"
သူမ၏အၾကည့္သည္ သူ႔႐ုံးခန္းတစ္ဝိုက္ကိုပ်ံ႕ႏွံ႔သြားၿပီးသူမအနံ႔တစ္ခုရလိုက္သည္။
“ ဒီမွာ အနံ႔ကအရမ္းထူးျခားတာပဲ ရွင္ ပုံမွန္အားျဖင့္ ဘာ ယေတြလုပ္လဲ။ ကြၽန္မဆိုလိုတာက ရွင္ ဘယ္လိုစမ္းသပ္မႈအမ်ိဳးအစားေတြလုပ္လဲ? "
"Halogen-free၊ flame-retardant silane crosslinked polyolefin elastomer၊ အတိုေကာက္က POE၊ ေပါင္းစပ္ပစၥည္း ေတြေပါ့ "
သူေျပာတဲ့ စကားလုံးမ်ားထဲမွာ ေပါင္းစပ္ပစၥည္းဆိုတာကလြဲၿပီး တစ္ျခား ဘာကိုမွ ရွစ္ယီး နားမလည္ခဲ့
သူမက သူ႔လက္ထဲကစကၠဴျဖဴကို ၫႊန္ျပလိုက္ရင္း
"ရွင္ အဲဒါေတြ ကြၽန္မအတြက္ ေရးေပးႏိုင္မလား။ ခုနကေျပာခဲ့တဲ့စကားေတြေလ "
က်ိဳးရွန္းခ်န္ ရွစ္ယီး ေတာင္းဆိုတဲ့ အတိုင္း ေဘာပင္တစ္ေခ်ာင္းကိုကိုင္ကာ စကားလုံးမ်ားကိုခ်ေရး ေပးလိုက္ၿပီး သူ႔ၾကည့္ရတာ သတင္း တစ္ခုခု ေပါက္ၾကားသြားမွကိုလဲ နဲနဲေလးေတာင္ ဂ႐ုျပဳတဲ့ပုံမေပၚေပ။
ရွစ္ယီး ထိုစကၠဴစာ႐ြက္အား ခဏတာ တိတ္ဆိတ္စြာၾကည့္ေနေသာ္လည္းနားမလည္ေသးေပ။
" ကြၽန္မ နားလည္ေအာင္ ႀကိဳးစားခ်င္လို႔ ပို႐ိုးရွင္းတဲ့နည္းလမ္းရွိလား? "
က်ိဳးရွနခ်န္ တိုတိုတုတ္တုတ္စဥ္းစားလိုက္ၿပီး သူမကို ပိုရွင္းရွင္းေျပာျပရမယ္ရင္
“ ႐ိုး႐ိုးရွင္းရွင္းေျပာရရင္ အဲဒါက ခံႏိုင္ရည္အား ျမင့္မျမင့္ စမ္းသပ္တာ ဥပမာ -အပူ ဒဏ္ ခံႏိုင္ရည္ ရွိမရွိေပါ့ ၊ မီးခံႏိုင္ရည္ရွိတဲ့ ဝါယာႀကိဳး၊ ၿပီးေတာ့ အ၀တ္ ေတြဖန္တီးဖို႔ေပါ့ ၊ အဲလိုဆိုရင္ေကာ အခုနားလည္သြားၿပီလား?"
ရွစ္ယီးကို ရွင္းျပေနရင္းက်ိဳးရွန္းခ်န္ အနည္းငယ္ၿပဳံးမိသည္။
“ အင္း နားလည္သြားၿပီ ”
ရွစ္ယီးလဲ ဒါကို ေသေသခ်ာခ်ာစဥ္းစားၿပီး မရယ္ဘဲ မေနႏိုင္ခဲ့ဘူး၊
“ ဒါေပမယ့္ ရွင္ ဒီအေၾကာင္းကို ရွင္းျပပုံအရဆိုရင္ နည္းပညာဆိုတာမ်ိဳးက အစစ္အမွန္မရွိဘူး ဆိုတာခ်က္ခ်င္း ထင္မိသြားတယ္။ ဒီလို အရာမ်ိဳးက တကယ္ေရာ မရွိဖူးဘူးလား "
“ အနည္းနဲ႔ အမ်ား ရွိတယ္ ဒါေပမယ့္ နည္းပညာေတြ အားလုံးက အရင္က ဒါဇင္နဲ႔ခ်ီၿပီးရွိေနခဲ့တဲ့ နည္းပညာေတြကို အေျခခံပ့ီး ေပါင္းစပ္ထားၾကတာ။ ကမာၻႀကီးမွာ ဒီေန႔ထိ ဓာတုေဗဒ ကို သုံးၿပီး ေအာင္ျမင္ေက်ာ္ၾကားလာတဲ့ နည္းပညာက ႀကီးႀကီးမားမားမရွိေသးဘူး၊ ဒါေၾကာင့္ ပထမဆုံး အဲဒီ နည္းပညာ ေအာင္ျမင္ေအာင္ အရင္က နမူနာေတြကို ေလ့လာၿပီး ေရွ႕ဆက္သြားႏိုင္ ေအာင္ လုပ္ေနတယ္လို႔ ယူဆလို႔ရတယ္ တယ္။ ”
က်ိဳးရွန္းခ်န္ ရွစ္ယီးကို သန႔္စင္တဲ့ ေရသန႔္ဘူးငယ္တစ္လုံးကိုေပးလိုက္သည္။
“ ဥပမာ အေနနဲ႔ ယေန႔ တ႐ုတ္ျပည္ရဲ႕ ပထမတန္းစားၿမိဳ႕ႀကီးေတြမွာ တပ္ဆင္ထားၾကတဲ့ ဝါယာႀကိဳးမ်ားနဲ႔ ေကဘယ္ႀကိဳး
အျပင္ဘက္ အကာအမ်ားစုက ေဟာင္းၿပီး ယိုယြင္းပ်က္စီးေနၾကတာ သူတို႔ထဲက ၈၀ ရာခိုင္ႏႈန္းေလာက္က အစားထိုးဖို႔လိုအပ္သည္။ ဒါေပမာ့္ အဲဒီလို လုပ္မယ္ဆိုရင္ အလြန္ႀကီးမားတဲ့ အရင္းအျမစ္ပမာဏကို ကုန္ဆုံးေစလိမ့္မယ္။ အကယ္၍ နည္းပညာကိုသာ အဆင့္ျမင့္ႏိုင္မယ္ဆိုရင္ တစ္ႏွစ္ေလာက္ပဲ ၾကာၿပီး ဘ႑ာေငြလဲ အမ်ားႀကီး မကုန္ႏိုင္ေတာ့ဘဲ တစ္ျခား ေနရာေတြမွာ သုံးလို႔ ရႏိုင္တယ္ ဥမပာ နကၡတၱေဗဒဆိုင္ရာတို႔ ဘာတို႔မွာေပါ့ ”
ရွစ္ယီးက သက္ျပင္းေလးခ်ၿပီး
“ ရွင္ဒီအေၾကာင္းကိုရွင္းျပေတာ့ ႐ုတ္တရက္ ဒီကိစၥက အရမ္းႀကီးက်ယ္ၿပီး အေရးပါသလိုပဲေနာ္”
သူမေမးခြန္းေတြဆက္ေမးခ်င္ေနေသာ္လည္း
မေမွ်ာ္လင့္ဘဲ႐ုံးခန္းတံခါးေခါက္သံတစ္ခုထြက္ေပၚလာသည္။
က်ိဳးရွန္းခ်န္က "ဝင္ပါ" ဟုေျဖၿပီးေနာက္ တံခါးက ခ်က္ခ်င္းတြန္းဖြင့္ခံလိုက္ၿပီး အျပင္ဘက္က ေန ဟဲရွန္း က ေခါင္းအရင္၀င္လာသည္။ ၿပီးေတာ့မွ တစ္ကိုယ္လုံး အခန္းထဲေရာက္ေအာင္ သြင္းလိုက္ၿပီး သူ႔မ်က္ႏွာ ၿပဳံးၿဖီးၿဖီးနဲ႔
"ေသခ်ာတာေပါ့၊ ရွစ္ယီးက်ဲက်ဲ ပဲကိုး "
ဟဲရွနန္းစကားေၾကာင့္ သူမအနည္းငယ္အံ့ၾသသြားသလိုအနည္းငယ္လည္းရွက္သြားသည္။
"ကြၽန္မ ဒီမွာဆိုတာ ရွင္ ဘယ္လိုလုပ္သိတာလဲ"
“ ကြၽန္ေတာ္တို႔ဓာတ္ခြဲခန္းမွာ ေစာင့္ၾကည့္ကင္မရာေတြရွိတယ္။ ဆရာက်ိဳးရွန္းက နတ္သမီးနဲ႔တူတဲ့အလွေလးတစ္ေယာက္ကို သုနဲ႔ အတူ ေခၚလာခဲ့တယ္လို႔ အႀကီးတန္းအစ္ကိုအခ်ိဳ႕ေျပာေနတာကိုငါအျပင္ကေနျပန္လာေတာ့ ၾကားလာတာ၊ ဒါေၾကာင့္ ရွစ္ယီးက်ဲက်ဲ ပဲ ျဖစ္ရမယ္လို႔ ခန္႔မွန္းခဲ့တာ "
" ေစာင့္ၾကည့္ကင္မရာ? သုေတသန ဌာနဆိုေတာ့ တကယ္ပဲ အရမ္း လုံၿခဳံေရးတင္းက်ပ္တာပဲ "
က်ိဳးရွန္းခ်န္ ရယ္မိသြားၿပီး
"အဟမ္း - အဟမ္း"
ဟု ေခ်ာင္းဟန႔္ကာ
"လာရင္းကိစၥကေရာ ?"
“ ဆရာက်ိဳးရွန္က ကြၽန္ေတာ္တို႔ကို အမ်ားႀကီး သင္ေပးၿပီး လမ္းျပခဲ့တယ္ အဲဒါေၾကာင့္ ညစာ အျပင္ဖိတ္ ေကြၽးခ်င္လို႔ ၿပီးေတာ့ တစ္ခ်ိန္တည္းမွာ ဧည့္သည္လဲ ေရာက္ေနတာဆိုေတာ့ ဧည့္လဲခံခ်င္လို႔ပါ"
Translated By EstherMay
ဒီ Novel ေလးကို တစ္ပတ္ ႏွစ္ပိုင္းႏႈန္းျပန္ရင္း တင္ေပးသြားပါ့မယ္ေနာ္ လိုအပ္တာေလးေတြ ရွိရင္လဲ ေထာက္ျပေပးပါေနာ္ ေက်းဇူးတင္ပါတယ္
Zawgyi