Chapter 2.1 - အခုဘ၀မှာ အရင်အတိတ်ဘ၀ဖြစ်ရပ်ကို ပြန်တမ်းတမိခြင်း (1)

686 79 9
                                    

Unicode

ရှစ်ယီး ကျိုးရှန်းချန်နဲ့ ပတ်သတ်တဲ့ အကြောင်းတစ်ခု သိလိုက်ရသည်။ သူမအတွက် ဒီဘဝမှာလဲ သူနဲ့ လက်တွဲနိုင်မယ့်အခွင့်အ ရေး တကယ်ပဲ မရှိသလိုပင်

Chapter 2.1 - အခုဘ၀မှာ အရင်အတိတ်ဘ၀ဖြစ်ရပ်ကို ပြန်တမ်းတမိခြင်း (1)

"သွားချင်လား? "

ဟဲရှန်းရဲ့ ဖိတ်ကြားချက်ကို ကျိုးရှန်းချန် နည်းနည်း မသင့်တော်ဘူးလို့ခံစားမိပုံရပြီး သူမရဲ့ထင်မြင်ယူဆချက် မေးမြန်းခဲ့သည်။

" မသွားနိုင်စရာတော့ မရှိပါဘူး၊ ကျွန်မလဲ ညစာမှ မစားရသေး ဘဲ အတော်ပဲ ဖြစ်သွားတာပေါ့ "

ရှစ်ယီး အရမ်းကြီး စိတ်ထဲ တွေးမနေဘဲ အဖြေပြန်လိုက်မိသည်

" ဒါပေမယ့် တောင်းဆိုစရာလေးတစ်ခု တော့ရှိတယ်။ ရှင့် ရဲ့ဓာတ်ခွဲခန်းကို အရင် ကြည့်လို့ရမလား ? ဒီလုံခြုံရေးက တင်းကြပ်တော့ ကျော်ဖြတ်ဖို့တော်တော်ခက်တာ၊ ဒါကြောင့် မကြည့်ဘဲ ပြန်သွားမိခဲ့ရင် နည်းနည်း နှမြောမိမှာ "

ဟဲရှန်း တကယ်တော့ သူ့ကံကြမ္မာကို စမ်းသပ်ကြည့်ရန်သာ ရည်ရွယ်ပြီး ညစာစားဖို့ ဖိတ်ခေါ်ခဲ့တာပင် သူ့ရဲ့ ဖိတ်ကြားချက်ကို သူတို့ အမှန်တကယ်သဘောတူလိမ့်မည်ဟု မထင်ခဲ့သဖြင့်
သူက ရှစ်ယီးကို ဓာတ်ခွဲခန်းကို ပြသရန် ချက်ချင်းပဲ အားကြိုးမာန်တက် စေတနာ့ဝန်ထမ်းလုပ်တော့သည်။

ကျိုးရှန်းချန်ကတော့ လက်မှတ်ထိုးရန် လိုအပ်တဲ့ စာရွက်တစ်ရွက်ကိုဆွဲထုတ်ကာ လက်ကျန်အလုပ်များပြီးစီးအောင် လုပ်ရင်း သူတို့ကို ဓာတ်ခွဲခန်းထဲမှာ လှည့်ပတ်ကြည့်ရန် အချိန်ဆယ်မိနစ်ပေးမည်ဟုပြောခဲ့သည်။

ရှစ်ယီး ရုတ်တရက် သူရဲ့ တစိမ်းဆန်မှုကို ခံစားလိုက်ရသလိုပင် ဟဲရှန်း နဲ့ ရှစ်ယီး သူ့ရုံးခန်းမှထွက်လာပြီးနောက် သူမကို ဟဲရှန်းက သူတို့ဖြတ်သန်းခဲ့ရသောဓာတ်ခွဲခန်းအသီးသီးအကြောင်းစိတ်ပါလက်ပါ ရှင်းပြပြီး သူမကလဲ သေချာနားထောင်ပြီး ယဉ်ကျေးစွာ ခေါင်းလေးတငြိမ့်ငြိမ့်နဲ့ တုံပြန်စကားအနည်းငယ်သာပြောခဲ့သည်။ သူမ ဒီနေရာ(ဓာတ်ခွဲခန်း) လေ့လာဖို့ တောင်းဆိုလိုက်တာက သူ သူမအပေါ် အလိုက်မသိ စည်းမရှိတဲ့လူတစ်ယောက်လို ခံစားစေမိမှာ သူမအရမ်းကြောက်မိခဲ့တယ်။

 One Life, One Incarnation - Beautiful Bones(Myanmar Translation)Место, где живут истории. Откройте их для себя