Flying Gulls Never Land [ဘာသာ...

By noya_shimizu

535K 71.1K 5.1K

English Title - Flying Gulls Never Land Original Author: Hui Nan Que (回南雀) Eng Translator : Jiraiya Status :... More

Characters Info
Synopsis
1.1
1.2
2.1
2.2
3.1
3.2
4.1
4.2
5.1
5.2
6.1
6.2
7.1
7.2
8.1
8.2
9.1
9.2
10.1
10.2
11
Announcement ⚠️❗️
MANHUA ⚠️❗️
12
13
14
15
16
17
18
19
20 ⚠️
21
22
23.1
23.2
Stay Safe
24
25
26
27 - LADY JUSTICE
28- DO ME A FAVOR
29 - DON'T BE TOO FULL OF YOURSELF
30 - MY BELOVED ELDER BROTHER
31- THIS WAS HIS KINGDOM
32 - A TASTE OF THE HUMAN WORLD
33.1 - ONE, TWO , THREE
33.2 - ONE ,TWO , THREE
34-BE ON YOUR WAY NOW
35-A GOOD PERSON SUFFERING A BAD LIFE
36-DOES IT FEEL GOOD,TOYING WITH ME LIKE THIS
37- I WANT TO BE THAT CAT
38 - I'VE ALREADY LEFT THAT CLUB AGES AGO,OKAY?
39- I CAN WIN ANYWAYS
40-EVEN IF EVERYONE DISAGRESS,I WILL STILL FORGE MY WAY
41-WIND CHARACTER AND WOOD CHARACTER
42- SOME THINGS REALLY COULD NOT BE FORCED
43- I ALSO HAVE SOMETHING THAT I'VE BEEN KEEPING FROM YOU
44- IT'S NOT LIKE I'M THE ONLY ONE FOR YOU
45-WHY DO YOU HAVE A PICTURE OF HIM
46- LURING HIM TOWARDS THE DEPTHS OF THE ABYSS
47 - THE DOOR OPENED
48 - I GIVE UP
49-UH OH, THE KING GOT ANGRY
50- A GRAVE ILLNESS REQUIRES A SERIOUS DOSE OF MEDICINE
51 - TEN YEARS
52 - SOMETHING WAS OFF
54 - THE DEVIL'S DIARY
55- MY DARLING
56 - WAS THAT SINCERE ENOUGH?
57 - STRONG FUCKBOY VIBES
58 - YES
59- I'LL THINK ABOUT IT
60 - IF YOU HAVE ME YOU WON'T BE BITTER ANYMORE
61 - JEALOUSY INCARNATE
62 - IT FEELS LIKE I'M DREAMIMG RIGHT NOW [NSFW]
63 - LIKE FAIRY LOSS
64 - I'M RIGHT HERE

53 - THE MARTYR [NSFW⚠️]

10.3K 974 181
By noya_shimizu

SCROLL DOWN FOR ZAWGYI

UNICODE

CH53 - THE MARTYR

THIS CHAPTER IS NSFW

ဘာတွေ ဖြစ်ပျက်ခဲ့လေသနည်း ?

ရုတ်တရက်ဆန်စွာ ဖြစ်ပွားသွားသောအခြေအနေ၌ လုဖုန်း ဘာပြောရမှန်းမသိ ၊ အတန်ငယ် အားကိုးရာမဲ့သကဲ့သို့ပင် ခံစားလာရ၏ ။ သို့သော် လက်ရှိအခြေအနေက မည်သည့်အရာများဖြစ်ပွားခဲ့သည်ကို လုဖုန်းအား စဥ်းစားခွင့်ပင် မပေးသည်မှာ ထင်ရှားလှသည် ။

လုဖုန်း အိပ်ရာထက် ပစ်တင်ခံလိုက်ရပြီးနောက် မျက်နှာကြက်ကိုကျောခိုင်းထားရင်း မိမိ၏မျက်နှာကား အိပ်ရာခင်းထဲ နစ်မြုပ်နေခဲ့လေ၏ ။ ပါးစပ်ရှိနက်ကတိုင်က ပိုလို့ပင်တင်းကြပ်လာပြီးလျှင် လုဖုန်း၏မျက်နှာကို ထက်ခြမ်းပိုင်ဖြတ်တော့မည့်နှယ် ။

ဖရိုဖရဲ ရုန်းကန်မှုများကြားဝယ် ကျယ်ပြောပြီးအားကောင်းလှသောလက်ဖဝါးတစ်စုံက လုဖုန်း၏လက်နှင့်လက်ကောက်ဝတ်များကိုယူကာ အတူတကွ တစ်စုံတစ်စည်းတည်းဖြစ်စေလိုက်ပြီး ခေါင်းအထက်၌ တည်ရှိစေ၏ ။ ထို့နောက် လက်များကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလေရာ လုဖုန်းအနေဖြင့် မည်သို့သောခုခံမှုမျိုးကိုမှ နောက်ထပ်ပြုလုပ်၍မရတော့ ။

လုဖုန်း၏ နှာခေါင်းတစ်ဝိုက် အယ်လ်ကိုဟောအနံ့က တရစ်ရစ်ဝဲနေခြင်းနှင့်အတူ ပါးစပ်ထဲရှိ နက်ကတိုင်မှာလည်း တဖြည်းဖြည်း သွားရည်တို့ဖြင့် ရွှဲရွှဲစိုလာခဲ့၏ ။ ယခုလက်ရှိ လုဖုန်း၏ ခန္ဓာကိုယ်အပေါ်ပိုင်းက မလှုပ်ရှားနိုင် ၊ ထို့ကြောင့် ခန္ဓာကိုယ်အောက်ပိုင်းကိုထောက်ကန်ထားရန် ဒူးထောက်ဖို့ပြင်လိုက်စဥ်မှာပင် လျင်မြန်သောအဖြစ်အပျက်တစ်ခုဖြစ်ပေါ်လာပြန်သည် ။ လုဖုန်းခါးတစ်ဝိုက် တင်းတင်းကျပ်ကျပ်ဝတ်ဆင်ထားခဲ့သောဘောင်းဘီက တစ်မုဟုတ်ချင်း လျော့ရဲသွားကာ တင်ပါးဆီမှ လျှောကျသွားခဲ့ခြင်း ။

'ချီးပဲ ၊ ဒီဘောင်းဘီအသစ်တွေက အခုမှဝယ်လာခါစရှိသေးတယ် ၊ ငါတစ်ခါပဲဝတ်ရသေးတာ '

"ဟာ့...အင်းးး..."

လုဖုန်းသာ စကားပြောနိုင်ခဲ့လျှင် ရှန့်မင်အော်အား 'သည်လောက်ထိကြမ်းတမ်းဖို့မလိုကြောင်း ၊ ဤသို့သော်အရာများကို မိမိဘာသာလုပ်နိုင်ကြောင်း' သေချာပေါက် ပြောမိပေလိမ့်မည် ။
ထို့နောက် မိမိကိုယ်တိုင်ပင် ဆွဲချွတ်ကာ ရှန့်မင်အော်၏လိုအပ်ချက်နှင့် ပူးပေါင်းဆောင်ရွက်ရန် စိတ်ရှည်ရှည်ဖြင့် လှဲလျောင်းနေလိုက်မည် ။ ရှန့်မင်အော်အနေဖြင့် ဤသို့သောအရာအားလုံးကို လုပ်ဖို့ရန်မလိုအပ်ပေ ။

သို့သော်  လုဖုန်းစကား​မပြောနိုင် ။ ထို့ပြင် အစပထမမှစ၍ အခြားသောဖြစ်နိုင်ချေအားလုံးကို ရှင်းထုတ်ပစ်ရန် ရှန့်မင်အော်က သေချာလုပ်ဆောင်ထားခဲ့သည်ဖြစ်ရာ နှစ်ဦးနှစ်ဖက်သဘောတူညီနေသောအရာသည် ယခုတော့ အဓမ္မကျင့်သည့်ပုံစံဖြစ်နေတော့၏ ။

အနောက်ဘက်မှ ရှန့်မင်အော်၏ပူပြင်းလှသော ခန္ဓာကိုယ်ကို လုဖုန်းခံစားမိသည် ။ ရှန့်မင်အော်ကား ဖြစ်စဥ်တစ်ခုလုံး စကားတစ်ခွန်းမဟပါဘဲ တိတ်တိတ်ဆိတ်ဆိတ်ပင် လုဖုန်း၏ကျောဘက်ကို သူ၏ခန္ဓာကိုယ်ဖြင့် ဖိထားလျက် ။ ထို့နောက် လုဖုန်း၏နားရွက်ကိုကိုက်ကာ တစ်ချိန်တည်းမှာပင် လက်ကိုလျှောဆင်းလျက် လုဖုန်း၏ အောက်ဘက်ရှိခန္ဓာကိုယ်အစိတ်အပိုင်းကို ဆုပ်ကိုင်ကာ ကြမ်းကြမ်းတမ်းတမ်း စတင်ပွတ်တိုက်တော့သည် ။

အစပထမ၌ လုဖုန်း၌ ရှန့်မင်အော်အားခုခံရန် အားအင်ကျန်နေသေး၏ ။ သို့သော် ထိုလှုပ်ရှားမှုကိုစတင်ပြီးနောက်ဝယ် လုဖုန်းအနေဖြင့် လုံးလုံးအားကိုးရာမဲ့ဖြစ်သွားတော့သည် ။ နောက်ထပ်တစ်ကြိမ် ဦးခေါင်းက ခေါင်းအုံးထက်ကျသွားခြင်းနှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံးမှာ မျှော်လင့်စောင့်စားခြင်းများဖြင့်တုန်ယင်လျက် ။

ပထမအကြိမ် ဖြစ်ပျက်စဥ်အခါက သူတို့နှစ်ယောက်လုံး ကလပ်တွင်ရှိနေခဲ့ကြပြီး လုဖုန်းခံစားရသည်ဟူ၍ ဒေါသထွက်ခြင်းသာရှိခဲ့သည် ။ အဘယ်ကြောင့်ဆိုသော် မိမိ၏အနောက်ဘက်မှလူပုဂ္ဂိုလ်က ရှန့်မင်အော်မှန်း သတိမမူခဲ့မိခြင်းကြောင့်သာ ။ ထိုအဖြစ်အပျက်တစ်ခုလုံးကား အကြွင်းမဲ့အရှက်တကွဲအကျိုးနည်းခြင်းမျိုးသာဖြစ်ပြီး ပျော်ရွှင်မွေ့လျော်ဖွယ်ရာ ဘာမှမရှိခဲ့ ။ သို့သော် ယခုတစ်ကြိမ်တော့ အရာရာ ကွဲပြားခြားနားနေခဲ့၏  ။ ဤလူက ရှန့်မင်အော်မှန်း လုဖုန်းသိနေခဲ့ပြီ ။ မိမိကို ထိတွေ့နေသောသူ ၊ မိမိကို ကိုက်ခဲနေသောသူ ၊ မိမိကို အတိသုခချမ်းမြေ့ဖွယ်ရာပေးနေသူကား ရှန့်မင်အော်ပင်ဖြစ်လေသည် ။

ယခုလက်ရှိ ဖြစ်ပျက်နေသောအရာကို အချိန်အတော်ကြာ လုဖုန်းမျှော်လင့်တောင့်တနေရခြင်း၏ရည်ရွယ်ချက်ဟုဆိုလျှင် ပုံကြီးချဲ့ခြင်းဖြစ်ပေလိမ့်မည် ။ သို့သော် ဤအရာကို လုဖုန်းစိတ်ထဲ သိမ်းထားရုံလောက်မျှသာဟု ဖော်ပြပြန်လျှင်လည်း လျှော့ပေါ့ပြောရာကျပေလိမ့်မည် ။ ရှန့်မင်အော်ပါဝင်သောအတွေးတစ်ခုချင်းစီတိုင်းက လုဖုန်းအား ရှန့်မင်အော်ကို ဆယ်ဆပို၍တောင့်တစေပြီး လုဖုန်းစိတ်ထဲတွင် နေရာယူထားသောအရာဟူ၍ ရှန့်မင်အော်မှလွဲ အခြားမရှိတော့ ။ ရှန့်မင်အော်၏လက်ချောင်းများက မိမိကိုတွယ်ချိတ်လာလျှင် သူ့လက်ဖဝါးများထံမှ လုဖုန်းရုန်းထွက်နိုင်လိမ့်မည်မဟုတ် ၊ အကယ်၍ ရှန့်မင်အော်က မိမိအားပြုံးပြလာလျှင် လုဖုန်းအနေဖြင့် ရှန့်မင်အော်အတွက် အရာရာ လုပ်ပေးမိလိမ့်မည် ။

ပါးစပ်ထဲရှိအရာကို ပြင်းပြင်းထန်ထန်ကိုက်ခဲထားခြင်းနှင့်အတူ လုဖုန်း၏ခန္ဓာကိုယ်က ခေတ္တမျှ တောင့်ခနဲဖြစ်သွားပြီးနောက် ထိုအရာများက ရှန့်မင်အော်၏လက်ပေါ်ဖိတ်စင်ကုန်၏ ။

Fkk ! လုဖုန်း အတွင်းကြိတ်၍ ဆဲရေးမိသည် ။ မိမိ၏မျက်နှာမှာလည်း အတန်ငယ် ပူလောင်နေလျက် ။ ပုံမှန်အားဖြင့် ထိုအရာသည်  သည်လောက်မြန်မြန်  ဖြစ်ပျက်လေ့မရှိ ။ 'လုပ်ဆောင်နေသူက ရှန့်မင်အော်'ဆိုသည့်အချက်ကို သိနေ၍သာ လုဖုန်းမထိန်းနိုင်ခဲ့ခြင်း ။ ဘာမှမဖြစ်ခဲ့ဟု စိတ်ထဲထည့်ထားလျှင်တောင်မှ ၊  ရှန့်မင်အော်က မိမိအား တစ်ချက်ကလေးလှည့်ကြည့်လျှင်တောင်မှ ထိုအရာများက  မိမိ၏အူထဲကလီစာထဲမှ အလိုအလျောက်တုံ့ပြန်မှုကို နှိုးဆွနေခဲ့ပြီးဖြစ်လေသည် ။ ရှန့်မင်အော်၏အဝတ်အစား ၊ ရှန့်မင်အော်၏လက်ကိုင်ပဝါ ၊ ထိုထိုသောအရာအားလုံးသည် မိမိအတွက် တဏှာရာဂနွံထဲ ကိုယ်တိုင်ခုန်ဆင်းစေလောက်သည့် အရာများပင် ။

လုဖုန်း၏ခန္ဓာကိုယ်တစ်ခုလုံး ပျော့ပျောင်းလာခဲ့၏ ။ တစ်ကိုယ်လုံးရှိ ချွေးပေါက်များမှာ ပွင့်ထွက်ကုန်ပြီး ယခုလက်ရှိ ၎င်းတို့အနေဖြင့် မည်မျှခံစားလို့​ကောင်းကြောင်း သံပြိုင်အော်ဟစ်နေသကဲ့သို့ပင် ။ မညီညာကြမ်းတမ်းသောအသက်ရှူသံအချို့က လုဖုန်းဘေးနားဆီမှ ထွက်ပေါ်လာခဲ့ပြီး တစ်စုံတစ်ရာက လုဖုန်းနားရွက်အား ကိုက်ခဲလိုက်ခြင်း၏နာကျင်မှုက လုဖုန်းကို အလန့်တကြားဖြစ်စေလေ၏ ။

"နာလား ?"

နောက်ဆုံးတော့ ရှန့်မင်အော် စကားပြောလာခဲ့ချေပြီ ။ ရှန့်မင်အော်၏အသံက လုဖုန်းနားရွက်ဘေးမှထွက်ပေါ်လာပြီးလျှင် သူရှူသွင်း၊ ရှူထုတ်လိုက်သောအသက်ရှုခြင်းတစ်ချက်စီတိုင်းက လုဖုန်းနားထဲ တိုးဝင်လာသည် ။ နားထဲရှိ အထိမခံသောမွေးညင်းများက ထိုအရာ၏လှုပ်နှိုးခြင်းကိုခံလိုက်ရကာ တဆစ်ဆစ်ခံစားချက်နှင့်အတူ ယားယံမှုတို့ဖြစ်ပေါ်လာပြီး နောက်ထပ်တစ်ကြိမ် ထိန်းမနိုင်သိမ်းမရအောင် တုန်ယင်လာစေ၏ ။

"ကြည့်စမ်း ၊ မင်းနောက်တစ်ခေါက် ထပ်ဖြစ်ပြန်ပြီ "

ရှန့်မင်အော်မူးနေသလား ၊ သို့တည်းမဟုတ် ပုံမှန်အတိုင်းရှိနေသေးသည်လား လုဖုန်းမပြောနိုင် ။ လုဖုန်းသိသည်ဟူ၍ ရှန့်မင်အော်၏အသံက သာမန်ထက် ပိုအောသလိုဖြစ်နေပြီး နှေးကွေးစွာထွက်လာသောစကားလုံးများကလည်း လေးတိလေးတွဲ့ပြောနေဟန်နှင့် ပိုတူနေ၏ ။ ထိုအသေးစိတ်အချက်ကလေးများမှလွဲ၍ လုဖုန်း မသိနိုင်၊ ရှန့်မင်အော်၏မျက်နှာအမူအရာကို မမြင်နိုင်သည်ဖြစ်ရာ ယခုလက်ရှိ ရှန့်မင်အော်၏အခြေအနေကိုခွဲဲခြားသိမြင်ဖို့ရန် လုဖုန်းအတွက် ခက်ခဲလှ၏ ။

"မင်းက ကိုယ်ကျင့်သိက္ခာမရှိတဲ့ပြည့်တန်ဆာလိုပဲဆိုတာ တစ်ခြားလူတွေရော သိရဲ့လား ?"

လုဖုန်း အံ့အားသင့်သွားခဲ့၏ ။ မိမိတစ်ကိုယ်လုံးကို ဖုံးလွှမ်းထားသောချွေးများအလယ် ၊ အခန်းတွင်း လေပြတ်တောက်မှု၏အကျိုးဆက်ဖြစ်သည့် မွန်းကြပ်မှုအလယ် ၊ ရုတ်ချည်းပင် လုဖုန်းစိတ်ထဲ မေးခွန်းများဖြင့် ပြည့်နှက်သွားခဲ့၏ ။

တခြားလူတွေ ? ဘာတခြားလူတွေလဲ ?

ဤသည်ကား သက်သက် အသရေဖျက်ခြင်း ။

ရှန့်မင်အော်သာ သတ္တိရှိနေလျှင် မိမိအား အရင်ဦးစွာလွှတ်ပေးလိုက်သင့်သည် ။ လုဖုန်းအနေဖြင့်  စပ်ယှက်ခြင်းကိစ္စများတွင် မည်မျှလောက်ထိ ကိုယ်ကျင့်သိက္ခာကင်းမဲ့နိုင်ကြောင်း ရှန့်မင်အော်အား ပြသလိုက်မည် ။

ပြီးမြောက်ခြင်း၏ နောက်ဆက်တွဲက မပြယ်လွင့်မပျောက်ကွယ်သေးသည့်တိုင် ရှန့်မင်အော်ကား လုဖုန်း၏ကန့်ကွက်မှုကို စောင့်ဆိုင်းမနေတော့ ။
ရှန့်မင်အော်၏ ရှည်လျားသောလက်ချောင်းများက ညင်သာမနေခဲ့ ။ လုဖုန်း၏ကိုယ်တွင်းသို့ ဝင်ချည်ထွက်ချည်လုပ်ဆောင်နေခဲ့ပြီး လုဖုန်း၏ပေါင်တံတို့မှာ စေးကပ်သောအရည်တို့ဖြင့် ပေပွနေလေ၏ ။

မီးရောင်ရေးရေးသာထင်ဟပ်နေသော ဤနေရာဝယ် လုဖုန်း၏နှုတ်ခမ်းဖျားမှထွက်လာသည့် ညည်းသံမှလွဲ ၊ အခြားအသံဟူ၍ လူတိုင်း၏မျက်နှာကို အနီရောင်ပြောင်းသွားစေနိုင်သော ခပ်ချော်ချော်အရည်တို့၏အချင်းချင်းထိခတ်သံသာ ရှိပေသည် ။

"အင်း....အွန်း...."

လုဖုန်း ဦးခေါင်းနှင့်လည်ပင်းတို့ကို အပေါ်သို့မော့လိုက်ပြီးနောက် မိမိ၏ကျောဘက်က ခုံးကြွလာပြီးလျှင် ခါးနေရာတစ်ဝိုက်မှလည်း စတင်တုန်ခါလာတော့၏ ။ မိမိ၏အနောက်ဘက်၌ ရှန့်မင်အော်၏လက်ချောင်းများကိုထိန်းညှပ်ထားခဲ့ပြီး နောက်တစ်ကြိမ် ပြီးမြောက်ခြင်းဆီသို့ ။

သည်တစ်ကြိမ် အထိအတွေ့က ပိုလို့ပင်ပြင်းထန်လွန်းလှသကဲ့သို့ လုဖုန်းကိုပါ သတိလက်လွတ်ဖြစ်သွားစေသည် ။ အသိစိတ်တစ်ခုလုံး ဗလာဖြစ်ကာ ခန္ဓာကိုယ်ကလည်း ပြတ်တောင်းပြတ်တောင်းပေါက်ထွက်မှုများကြောင့် အားကိုးရာမဲ့စွာ တုန်ယင်လျက် ။ နှုတ်ခမ်းထောင့်များဆီမှ စီးကျသွားသောသားရည်တို့ကလည်း ​ကျောဘက်ရှိ ချွေးသီးချွေးပေါက်တို့ဆီ ရောနှောစီးဝင်ကာ ပိုလို့ပင် ပေပွခြင်းကိုဖြစ်စေတော့၏ ။

ဤသို့နှင့်ပင် ၊ အားအင်အလုံးစုံသည် လုဖုန်းခန္ဓာကိုယ်ဆီမှ ထွက်ခွာသွားလေတော့သည် ။ လုဖုန်း၏ခန္ဓာကိုယ်က ပို၍ပျော့ပြောင်းကာ ပြုတ်ကျလုဆဲဆဲမှာပင် လက်တစ်ဖက်က လုဖုန်း၏ခါးကိုမပေးထားခဲ့ပြီး လက်ချောင်းကမူ တယုတယပွတ်သပ်လျက် ။ ၎င်းတို့၏လှုပ်ရှားမှုများအတွင်း အသုံးပြုခဲ့သည့် မည်သို့သောအားအင်ကိုမဆို မချွင်းချန်ထားခဲ့ပေ ။

နာကျင်မှုကား သာယာမှုတို့နှင့်ရောပြွမ်းလျက် ၊ လုဖုန်း၏ အထိမခံနိုင်သောနေရာများအားလုံးမှာ ရှန့်မင်အော်၏လက်ဖဝါးများထဲတွင် ချုပ်ကိုင်ခြင်းခံထားရ၏ ။ မသိစိတ်၏စေ့ဆော်မှုအရ ရှန့်မင်အော်ထံမှ ဖယ်ခွာချင်စိတ်ဖြစ်ပေါ်ပြီး မကြာခင်မှာပင် တစ်စုံတစ်ခုက ဖောက်ထွင်းဝင်ရောက်လာသည်ကို လုဖုန်းခံစားလိုက်ရတော့၏။

ခန္ဓာကိုယ်တွင်းရှိကြွက်သားများအားလုံး တစ်မုဟုတ်ချင်းပင် တောင့်ခနဲဖြစ်ကုန်သည် ။ မိမိ၏အသက်ဝိဉာဥ်ကို အလဲထိုးလုနီးပါးဖြစ်နေသော ပြဿနာ၏အကြီးဆုံးအစိတ်အပိုင်းနှင့် နှိုင်းယှဥ်ရသော် ခါးတစ်ဝိုက်ရှိ သာယာမှုနှင့်နာကျင်မှုက သေးငယ်လှ၏ ။

လုဖုန်း အသိစိတ်ဝင်လာအောင်ပင် ရှန့်မင်အော်ကမစောင့်ဘဲ ငရုတ်ဆုံတစ်ခု၏ ငရုတ်ကျည်ပွေ့တစ်ခုနှယ်ဖြစ်လာတော့သည် ။ ထိုအရာတည်ရှိနေရခြင်း၏အကြောင်းအရင်းကား ပြင်းပြင်းထန်ထန် ဝင်ဆောင့်ကာ အရာအားလုံးကိုချေမွဖျက်ဆီးရန်ပင် ။

တစ်ကိုယ်လုံးလောင်ကျွမ်းနေရသကဲ့သို့ လုဖုန်းခံစားလာရပြီး အမြင်များလည်း ဝေဝါးလာကာ မိမိ၏ခန္ဓာကိုယ်မှာလည်း ထိန်းချုပ်နိုင်စွမ်းကိုကျော်လွန်၍ ရှေ့နောက်ယိမ်းယိုင်လျက် ။ နက်ကတိုင်က ပါးစပ်ထဲတွင် အဝတ်စတစ်ခုကိုဆို့ထားသကဲ့သို့ဖြစ်နေသော်ငြား လုဖုန်း၏လည်ချောင်းထဲမှ အော်သံများကိုမူ မတားဆီးနိုင်ပေ ။

ယခုအချိန် ရှန့်မင်အော်ကသာ ထိုနက်ကတိုင်ကို ဖယ်ထုတ်ပေးလိုက်လျှင် လုဖုန်း၏အော်သံများက အိမ်ခေါင်မိုးကို လွင့်ထွက်သွားစေနိုင်လောက်သည် ။

ကြမ်းတမ်းသော စည်းချက်မှန်မှန်လှုပ်ရှားမှုများကြားဝယ် ၊ လုဖုန်း၏ခြေချောင်းထိပ်ဖျားလေးများမှာမူ အိပ်ရာခင်းကို တွန်းကန်နေခဲ့၏ ။ ထို့နောက် မိမိ၏ခါးကို အတန်ငယ်လှည့်ကာ ရှန့်မင်အော်၏လှုပ်ရှားမှုများကိုဆန့်ကျင်၍  ဘေးသို့လွှဲဖယ်ရန် လုဖုန်းစတင်ကြိုးပမ်းတော့သည် ။ အကြောင်းအရင်းကား ရှန့်မင်အော်၏ကြမ်းကြုတ်ရက်စက်လှသော တိုက်ခိုက်မှုများကို မကိုင်တွယ်နိုင်သောကြောင့်ပင် ။

ထိုအပြုအမူက ရှန့်မင်အော်အား အလွန်တရာပင်ဒေါသထွက်စေသည် ။ လုဖုန်း၏ခါးကိုညှပ်ကိုင်ထားသော လက်ချောင်းများက ပို၍တင်းကျပ်လာပြီးလျှင် လုဖုန်း၏နား,နားကပ်ကာ သူတစ်ပါးအားတိုက်ခိုက်လိုဟန်ရှိသော အသံအနေအထားဖြင့် ရှန့်မင်အော်ကပြောလာခဲ့၏။

"မရှောင်နဲ့ "

ထိုသို့ပြောပြီးပြီးချင်းပင် ရှန့်မင်အော်က လုဖုန်း၏ လည်ပင်းနောက်ဘက်ကို လျင်သောအရှိန်ဖြင့် ကိုက်လာပြန်၏ ။

ဤကိုက်ချက်ကား ခုခံနိုင်စရာပင်မရှိတော့သည့် ရက်စက်လှသောအရာ ။ သားရဲတိရစ္ဆာန်တစ်ကောင်က ၎င်း၏သားကောင်ကို ဖမ်းဆီးရမိသည့်အခါ ထိုသားကောင်က ပြန်လည်မတိုက်ခိုက်နိုင်တော့သည်အထိ လည်ပင်းကိုရက်ရက်စက်စက် ကိုက်ခဲထားပြီးသည့်နောက်မှ သွားများကိုဖယ်ခွာကာ မိမိ၏အစားအစာကို တစိမ့်စိမ့်အရသာခံတတ်ခြင်းနှင့်ပင် အလားသဏ္ဍာန်တူလှပေ၏ ။

နာကျင်မှုကြောင့် လုဖုန်းဟစ်အော်မိသည် ။ ယခုမူ အမှန်တကယ် ထိန်းချုပ်ခံလိုက်ရပြီး ထပ်မံမလှုပ်ရှားနိုင်တော့ ။

ခန္ဓာကိုယ်ရှိ ထိတွေ့ခံစားမှုများကား ဤစပ်ယှက်ခြင်းအမှုကိစ္စတစ်ခုတည်းကြောင့်သာ အထွတ်အထိပ်ဆီလှမ်းတက်ရှောက်ရှိကုန်ကြဟန်တူသည် ။ လုဖုန်း နာကျင်မှုကိုခံစားရပြီး တစ်ချိန်တည်းမှာပင် သာယာမှုလှိုင်းလုံးကြီးများ၏ ကြမ်းတမ်းခက်ထန်သောရေစီးကြောင်းများအောက်ဝယ် နစ်မွန်းနေသကဲ့သို့ပါ ခံစားလာရ၏ ။

လုဖုန်း၏လက်နှစ်ဖက်လုံးကို ထိန်းချုပ်ဟန့်ထားထားသောလက်တို့မှာ ပြေလျော့နေခဲ့ပြီဖြစ်သော်ငြား မည်သည့်အချိန်ကတည်းက ဖြစ်ပျက်ခဲ့မှန်း လုဖုန်းအမှတ်မရတော့ ။ ယင်းအစား ထိုလက်များက လုဖုန်း၏ခါးနှင့်ဝမ်းဗိုက်နေရာတို့ကို ပြောင်းလဲဆွဲကိုင်ထားခဲ့ပြီး မိမိတို့နှစ်ယောက်ကြားချိတ်ဆက်ထားသောနေရာကို ပို၍နက်ရှိုင်းစေလေတော့သည် ။

လုဖုန်း၏လက်ဆယ်ချောင်းလုံးမှာမူ အောက်ဘက်မှအိပ်ရာခင်းကို မြဲမြဲမြံမြံ တင်းတင်းကျပ်ကျပ် ဆွဲဆုပ်ထားမိ၏ ။

ဘုရားရေ , သူ ဒီအိပ်ရာထက်မှာပဲ သေရတော့မည်လား ?

သေလောက်သည်ထိ လုပ်ခံရမည်ဆိုသည်က ရယ်ဖွယ်ကောင်းလှသည် ။ မိမိအတွက်ပြုလုပ်ပေးမည့် ဝမ်းနည်းခြင်းအခမ်းအနား၌ ဝေ့ရှဲနှင့်အခြားသူများ၏ ဖြစ်ပျက်နေသော မျက်နှာအမူအရာကို လုဖုန်း တွေးပင်မတွေးနိုင် ။ အကယ်၍ အပလောကသာ အမှန်တကယ်ရှိနေခဲ့လျှင် လုဖုန်းဟူသောမိမိသည်ကား ဤအကြောင်းပြချက်ကြောင့်ပင် ဘယ်တော့မဆို ခေါင်းမမော့နိုင်သော ၊ မျက်နှာမပြဝံ့သောသရဲတစ္ဆေများ၏အုပ်စုတွင် ပါဝင်နေပေလိမ့်မည် ။

ရှန့်မင်အော်၏ခါးနေရာကား စက်တပ်ဆင်ထားသကဲ့သို့ပင် တဖြည်းဖြည်း ပို၍ပို၍မြန်ဆန်လာခဲ့၏ ။ ရှန့်မင်အော် တိုးဝင်လိုက်သည့်အချိန်တိုင်း ပြင်းထန်နက်ရှိုင်းလျက် သေသွားတော့မည့်အတိုင်း လုဖုန်းခံစားရလေသည် ။

လုဖုန်း မိမိကိုယ်မိမိ ကြံခိုင်သန်မာသည်ဟုထင်ခဲ့သော်ငြား တကယ်တမ်းတွင် မိမိသည်  မာကျောသောပျော့ပျောင်းသော ၊ တစ်ဖန်ပြန်၍တင်းမာလာသော ရှန့်မင်အော်၏စိတ်အားထက်သန်မှုများအတွက် လိုက်ဖက်ညီလှသောအရာမဟုတ်ပေ ။ အတန်ငယ်ကြာလာသောအခါ လုဖုန်း ထပ်၍သည်းမခံနိုင်တော့ ။ ထို့ကြောင့် လက်တစ်ဖက်ဖြင့် အောက်မှအိပ်ရာခင်းကို လက်တစ်ဖက်ဖြင့် ကျစ်ကျစ်ဆုပ်ထားကာ ကျန်လက်တစ်ဖက်ကို နောက်သို့ပြန်၍ ရှန့်မင်အော်၏ဝမ်းဗိုက်ကို တွန်းထားမိသည် ။ ဤစည်းချက်ကိုဟ ဖြေလျှော့ပေးရန် ၊ အလွန်မကြမ်းတမ်းရန် မျှော်လင့်ချက်တို့ဖြင့် ။

ရှန့်မင်အော်၏ဝမ်းဗိုက်ကို ထိတွေ့မိခြင်းကား လုဖုန်းအတွက် ပထမဆုံးအကြိမ်ပေ ။ ယခုလက်ရှိ ရှန့်မင်အော်က ဝမ်းဗိုက်ပိုင်းမှနေ၍ အားစိုက်ထုတ်နေသည်ဖြစ်ရာ ကြွက်သားများမှာ တောင့်တင်းနေခဲ့ပြီး ကျောက်တုံးကဲ့သို့ မာကြောနေခဲ့သည် ။

လုဖုန်း၏ဟန့်တာခြင်းနောက်ဝယ် ရှန့်မင်အော်က ခေတ္တမျှရပ်ဆိုင်းကာ လုဖုန်းအား အသက်ရှူချိန်ပေးလာခဲ့၏ ။ သို့သော် လုဖုန်းတစ်ယောက် ထိုနားချိန်လေးအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်ဖို့ရန် အချိန်မရလိုက်ခင်မှာပင် ရှန့်မင်အော်က ပိုမိုပြင်းထန်သောတိုက်ခိုက်မှုကို ပြန်လည်စတင်လာကာ လုဖုန်းအား သူ၏ပေါင်နှစ်ဖက်ကြားတွင် အပြီးအပိုင် ဖမ်းချုပ်ထားလိုက်တော့သည် ။

လှိုင်းလုံးကြီးများကား လုဖုန်း၏အသိဉာဏ်ကိုဖျက်ဆီးရင်း ၊ လက်ရှိအခြေအနေနှင့် မသက်ဆိုင်သောအတွေးအားလုံးကို အနိုင်ပိုင်းချေမှုန်းရင်း အားမာန်အပြည့်ဖြင့် ရောက်ရှိလာပြန်သည် ။ ယခုလက်ရှိ လုဖုန်း ခံစားလို့ရသည်ဟူ၍ ခေါင်းထိပ်ဖျားထိတိုင် အလုံးအရင်းလှိမ့်တက်လာသော အပူလှိုင်းများသာ ။ ထို့နောက် မကြာလိုက်သောအချိန်မှာပင် အထွတ်အထိပ်ရောက်ရှိခြင်းနှင့်အတူ လုဖုန်း၏ခန္ဓာကိုယ်ကလည်း တုန်ခါသွားခဲ့တော့၏ ။

လုဖုန်း၏ ပေါင်တံကြွက်သားတို့မှာ ကျုံ့လာခဲ့ပြီး နှစ်ယောက်သားချိတ်ဆက်ထားသည့်နေရာ၌လည်း တသိမ့်သိမ့်လှုပ်ရှားမှုတို့ ဖြစ်ပေါ်လာသည် ။

ရှန့်မင်အော်ကား ညည်းညူသံတစ်ချက်ထုတ်လွှတ်လိုက်ပြီးနောက် လုဖုန်း၏ဇက်ပိုးကိုကိုင်ထားခြင်းမှ လွှတ်ပေးလိုက်၏ ။ ထို့နောက် ချက်ချင်းပင် ကိုယ်တွင်းသို့ ခပ်နွေးနွေးအရည်တို့စိမ့်ဝင်လာသည်ကို လုဖုန်းခံစားလိုက်ရကာ မရင်းနှီးသောအထိအတွေ့ခံစားချက်တို့က ခန္ဓာကိုယ်တစ်လျှောက် တလှပ်လှပ်ခံစားချက်တို့ကိုပါ နှိုးဆွလေ၏ ။

ရှန့်မင်အော်ကမူ ချက်ချင်း ဆုတ်ခွာသွားခြင်းမျိုးမရှိ ။ ကိုယ်ကိုမတ်လိုက်ကာ လုဖုန်း၏တုံ့ပြန်မှုကို စောင့်ကြည့်နေသကဲ့သို့ ခေတ္တမျှရပ်တန့်နေခဲ့၏ ။

လုဖုန်း၏ခန္ဓာကိုယ် မည်သည့်နေရာတွင်မှ အားအင်မကျန်တော့ ။ စိတ်ပိုင်းဆိုင်ရာပင်ဖြစ်စေ ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာပင်ဖြစ်စေ ၊ နှစ်ခုစလုံး အမှုန့်ဖြစ်အောင် ခြေမွခြင်းခံထားရလေပြီ ။ လက်ချောင်းတစ်ချောင်းရွှေ့မဖို့ ကြိုးပမ်းလျှင်တောင် ပင်ပန်းနိုင်လောက်သည့် နွမ်းလျမှုမျိုးပင်။

ရုတ်တရက်ပင် လုဖုန်း၏​ကျောနောက်ဘက်ကား အမိန့်နာခံတတ်သောအိမ်မွေးတိရစ္ဆာန်ငယ်တစ်ကောင်အား ပွတ်သပ်ပေးနေသကဲ့သို့ လက်ဖဝါးကြီးကြီးတစ်ခု၏ အထက်မှအောက်ဆီသို့ ညင်ညင်သာသာပွတ်သပ်ခြင်းခံလိုက်ရ၏ ။ ရှန့်မင်အော်က မိမိ၏နောက်ကျောဘက်အား ဤကဲ့သို့ထိတွေ့ရခြင်းကို အထူးနှစ်သက်ပုံရသည် ။  လုဖုန်း ပြန်လည်စဥ်းစားကြည့်မိသော် ယခင်တစ်ခေါက်ကလည်း ရှန့်မင်အော်တစ်ယောက် တူညီသောအရာကို လုပ်ခဲ့သည်ပင် ။

လုဖုန်းတစ်ကိုယ်လုံး ချွေးတို့ဖြင့်ရွှဲရွှဲစိုနေခဲ့ပြီး အသက်ရှူသံကလည်း ရေးရေးမျှသာ ။ ခန္ဓာကိုယ်အပေါ်ပိုင်းကား အထိမခံဖြစ်လွန်းကာ အသေးငယ်ဆုံးသောထိတွေ့မှုလေးကပင် အဆုံးစွန်သောတုံ့ပြန်မှုကို မီးစပျိုးပေလိမ့်မည် ။

"ဝူး...အာ့" (မလုပ်နဲ့ )

ရှန့်မင်အော်၏လက်ဖဝါးက လုဖုန်းခန္ဓာကိုယ်၏ အောက်မှအပေါ်သို့ တရွတ်တိုက်ပွတ်ဆွဲပြီးနောက် လုဖုန်း၏လည်ပင်းထက် လက်ကိုဖိထားခဲ့၏ ။

အနောက်ဘက်မှထွက်ပေါ်လာသော ရှန့်မင်အော်၏အသံက အေးဆေးတညိငြိမ်လျက်

"မင်းရဲ့ အတွေးအမြင်တွေကို ထုတ်မပြောရဘူး ....ဘယ်ဟာကိုမှ သတိလက်လွတ်မထိရဘူး...ကန့်ကွက်တာမျိုး မလုပ်ရဘူး..."

မိမိတို့နှစ်ယောက်ကြားရှိ သဘောတူညီချက်ကို​ တစ်ခါပြောပြီးတိုင်း ရှန့်မင်အော်က နောက်တစ်ကြိမ် ထပ်မံတိုးဝင်ဆဲ ၊ လုဖုန်း၏ခန္ဓာကိုယ်ကိုဖောက်ထွင်းနေသော ထိုအစိတ်အပိိုင်းကလည်း ပို၍မာကျောလာဆဲပင် ။

မိနစ်အနည်းငယ်ပင် ကြာသေးသည်ကို ရှန့်မင်အော်က နောက်တစ်ကြိမ် ထပ်မံစတင်ဦးမည်တဲ့လား ?

ရှန့်မင်အော်သောက်ခဲ့သည်က အယ်လ်ကိုဟောမဟုတ်လောက် ၊ Viagra သာဖြစ်လောက်သည် ။

[Viagra - ယောက်ျားလေးများအား စိတ်ကြွစေရန်ကူညီပေးသောဆေးတစ်မျိုး ]

လုဖုန်း ရှန့်မင်အော်အား တိတ်တဆိတ်ပင် ဆဲရေးတိုင်းထွာမိသည့်တိုင် ရှန့်မင်အော်၏ညွှန်ကြားချက်များကို နာခံနေဆဲ ၊ ရှန့်မင်အော်၏လိုအင်ဆန္ဒများကို ကျိုးနွံစွာလက်ခံနေဆဲ ၊ နောက်တစ်ကြိမ်ထပ်မံ၍ လိုအင်ဆန္ဒကိုကျော်လွှားခြင်းလမ်းကြောင်းထက်၌ ရှန့်မင်အော်နောက်မှ လိုက်နေမိဆဲပင် ။

တစ်ညလုံး ဝမ်းသာပီတဖြစ်မှုများကြား ကုန်ဆုံးခဲ့ရပြီး သာယာမှုတို့ဖြင့် လွှမ်းမိုးခံထားရသကဲ့သို့ လုဖုန်းခံစားရသည် ။ ရှန့်မင်အော်ကား ရက်အတော်ကြာ အငတ်ထားခံရသော သားရဲတိရစ္ဆာန်ကဲ့သို့ပင် လုဖုန်း၏ခန္ဓာကိုယ်အား အဆုံးစွန်ထိ အရသာခံလေ၏ ။ လုဖုန်းခန္ဓာကိုယ်၏ နောက်ဆုံးသောအရိုးတစ်ချောင်းကိုတောင် မဝါးမြိုရလျှင် ၊ ရှန့်မင်အော်၏ သမုဒ္ဓရာကဲ့သို့နက်ရှိုင်းလှသောအလိုဆန္ဒများကို ဖြည့်ဆည်းနိုင်လိမ့်မည်မဟုတ် ။

နောက်ပိုင်း အချိန်ကြာလာချိန် ၊ လုဖုန်း၏ပင်ပန်းနွယ်နယ်မှုတို့က အလွန်တရာမြင့်တက်လာချိန်ဝယ် လုဖုန်း ဆက်လက်၍မနိုးကြားနိုင်တော့ဘဲ ထိုလုပ်ဆောင်မှု၏လမ်းတစ်ဝက်မှာပင် သတိလစ်မေ့မြောသွားရတော့သည် ။

လုဖုန်း ပြန်နိုးလာချိန်ဝယ်  အိပ်ရာထက်၌ မိမိတစ်ယောက်တည်းဖြစ်နေခဲ့ပြီး ၊ အခန်းတစ်ခန်းလုံးတွင်လည်း မိမိတစ်ယောက်တည်းသာ ရှိနေခဲ့သည် ။

ဖခင်ဖြစ်သူသေဆုံးသွားပြီးကတည်းက ၊ ရှန့်မင်အော်က မိမိအနားမှ တဖြည်းဖြည်းဝေးကွာသွားသည်ဟူ၍ လုဖုန်းခံစားခဲ့ရသည် ။

ထိုခံစားချက်ကား အစပထမ၌ မပြင်းထန်ဘဲ မသေချာမရေရာဝေဝါးဝါးသာ ။ သို့သော် ရှန့်မင်အော် တက္ကသိုလ်စတက်ချိန်မှစ၍ ရုတ်ချည်းပင် ထိုခံစားချက်က လုဖုန်းအတွက် ရှင်းလင်းပြတ်သားလာခဲ့သည် ။

ရှန့်မင်အော်က ဂုဏ်သတင်းကြီးမားသောကျောင်းတစ်ကျောင်း၌ တက်ရောက်ခွင့်ရခဲ့ပြီး ၊ ယခုမူ လူကုံတန်အသိုင်းအဝိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့သည် ။ ထိုသို့သောအချင်းအရာကား လူအများစုအတွက် အလွန်တရာပျော်ရွှင်ဖွယ်ကောင်းသောအကြောင်းအရာမျိုးဖြစ်ပေလိမ့်မည် ။

ရှန့်မင်အော်တစ်ယောက် တက္ကသိုလ်မှ ဝင်ခွင့်စာလွှာရရှိချိန်ကား ခြစ်ခြစ်တောက်ပူနေသော နွေရာသီဖြစ်ပြီး လုဖုန်းမှာ ပန်ကာရှေ့ထိုင်ကာ ရေခဲချောင်းစားနေခဲ့ချိန်ဖြစ်သည် ။ ထိုစဥ်မှာပင် ရုတ်တရက် တံခါးဆီမှ ဘဲလ်သံထွက်ပေါ်လာခဲ့၏ ။

ရှန့်မင်အော်က တံခါးသွားဖွင့်လိုက်သည် ။ တံခါးရှေ့ရပ်နေသော စာပို့သမားက စာရွက်ပေါ်လက်မှတ်မထိုးပြီးသေးခင်မှာတင် ရှန့်မင်အော်အား ဂုဏ်ပြုစကားဆိုလာတော့သည် ။

ရှန့်မင်အော်က အိမ်ထဲလမ်းပြန်လျှောက်လာရင်းပင် ပါဆယ်ထုပ်ကိုဖွင့်၏ ။ လုဖုန်း ရှန့်မင်အော်နားတိုးကပ်သွားကာ စာအိတ်ပေါ်ရှိ တက္ကသိုလ်အမည်ကို မြင်လိုက်ရချိန်ဝယ် ရုတ်တရက်ထခုန်မိတော့သည် ။

"အကို ၊ ဝင်ခွင့်ရသွားပြီပေါ့ !"

"အင်း "

ရှန့်မင်အော်၏မျက်နှာအမူအရာက အေးဆေးတည်ငြိမ်နေကာ ပျော်ရွှင်မှုများများစားစားမရှိ ။ စာရွက်ကို အကြမ်းဖျင်းတစ်ချက်ကြည့်လိုက်ပြီးနောက် စာအိတ်ထဲသို့ပြန်ထည့်ကာ ရှန့်မင်အော်က သူ့အခန်းထဲသို့ယူဆောင်သွားတော့၏ ။

အခန်းထဲမှ  ပြန်ထွက်လာသောအခါ ရှန့်မင်အော်ကား စောစောကအဖြစ်အပျက်ကို လုံးလုံးလျားလျားမေ့လျော့သွားဟန်ပင် ။ပန်ကာမှလေအေးအေးကိုခံယူလျက် ဆိုဖာပေါ်ထိုင်ကာ
စာအုပ်လှန်လှောကြည့်ခြင်းအမှုကိုသာ ဆက်လက်လုပ်ဆောင်နေတော့၏ ။ အကယ်၍ တစ်စုံတစ်ယောက်ကသာ စောစောကအဖြစ်အပျက်ကိုမမြင်ဘဲ လက်ရှိပုံစံကိုသာ ကြည့်မိလျှင် ရှန့်မင်အော်တစ်ယောက် စာမေးပွဲကျသည်ဟုပင် ထင်မှတ်ကြလိမ့်မည် ။

ချင်းဝမ်မြို့၏အကောင်းဆုံးတက္ကသိုလ် ၊ ထိုတက္ကသိုလ်၏ဂိတ်တံခါးမှဝင်ရောက်ခွင့်ရဖို့ရန် လူများစွာသည် တစ်ယောက်ပေါ်တစ်ယောက် နင်းလျှောက်ဖြတ်ကျော်ခဲ့ရ၏ ။ ဤကဲ့သို့ အစဥ်အလာကြီးမားလှသောတက္ကသိုလ်ဆီ ဝင်ခွင့်ရရှိခဲ့သောအခါ လူတိုင်းနီးပါး ထိုအကြောင်းအရာကို မိမိပတ်ဝန်းကျင်ရှိလူတို့အား သိစေချင်ကြသည် ။ အလွန်တရာပျော်ရွှင်ဖွယ်ကောင်းသည့်အချင်းအရာဖြစ်နေသည့်တိုင် ယခု ရှန့်မင်အော်ကား မကျေနပ်သည့်ပုံစံ ပေါ်နေလျက် ။

"အကို ၊ မပျော်ဘူးလား ?"

လုဖုန်း ရေခဲချောင်းကို လျှာဖြင့်တစ်ချက်လျက်လိုက်ရင်း ရှန့်မင်အော်နားတိုးသွားကာ မေးမြန်းလိုက်သည် ။

"ငါက ဘာလို့ ပျော်သင့်တာလဲ?"

ရှန့်မင်အော်ကား လုဖုန်းအား တစ်ချက်ကလေးပင်မကြည့်ဘဲ တုံ့ပြန်လာခဲ့ပြီး စာရွက်နောက်တစ်ရွက်ကို လှန်လိုက်၏ ။ လည်ပတ်နေသောပန်ကာ၏လေမှုတ်ထုတ်မှုကြောင့် စာရွက်များမှာ အတန်ငယ်လန်နေခဲ့ပြီး စာရွက်အချင်းချင်းရိုက်ခတ်သံသဲ့သဲ့ကိုကြားနေရ၏ ။

လုဖုန်း ကြက်သေသေသွားကာ ရေခဲချောင်းကိုကိုက်ရင်းနှင့်ပင် စဥ်းစားမိလေသည် ။

"လူတွေအများကြီးရဲ့ အိပ်မက်လို့ပြောလို့ရတဲ့ တက္ကသိုလ်ကို ဝင်ခွင့်ရခဲ့လို့လား ....?"

"တခြားသူတွေရဲ့အိပ်မက်နဲ့ ငါနဲ့ဘာဆိုင်လို့လဲ? "

လုဖုန်း ခေတ္တမျှ ဆွံ့အသွားခဲ့သေး၏ ။ ထိုစကားနဲ့ပတ်သက်၍ တစ်စုံတစ်ခုမူမမှန်ကြောင်း လုဖုန်းစိတ်တွင်းမှ ခံစားနေမိသည့်တိုင် တိကျသေချာသောအကြောင်းအရင်းကိုမူ မရှာဖွေနိုင်ခဲ့ ။ သို့သော် ထိုအခိုက်အတန့်ကား 'ရှန့်မင်အော်သည် မိမိနှင့်ကွာခြားသည် ၊ အခြားသော သာမာန်လူများနှင့်ကွဲပြားခြားနားသည်' ဆိုသောအတွေးမျိုးက ကြည်လင်ပြတ်သားစွာဖြင့် လုဖုန်းစိတ်ထဲ ပေါ်ပေါက်လာခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်ပေသည် ။

အတိတ်ကို ပြန်လည်တွေးတောသတိရပြီးနောက် ၊ 'ရှန့်မင်အော်သည် မည်သည့်အရာအပေါ်တွင်မှ အားရကျေနပ်ဝမ်းသာပီတိဖြစ်ခြင်း ရှိခဲ့ပုံမပေါ်' ဟူသောအချင်းအရာ ၊ 'ရှန့်မင်အော်မျက်ရည်ကျခြင်းကို တစ်ခါမှ လုဖုန်းမမြင်တွေ့ဖူး'ဆိုသောအချင်းအရာတို့ကို သိမြင်နားလည်လာရ၏ ။ အသက်ကြီးလာလေလေ  ရှန့်မင်အော်နှင့်အခြားသူများကြား နံရံတစ်ခုခြားနားနေသည့်ပုံပေါ်လာခဲ့ပြီး  ခံစားချက်အလုံးစုံကိုလည်း ဖုံးကွယ်ခဲ့ပေသည် ။

ရှန့်မင်အော်သည် လူမှုဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်မှုမရှိသူတစ်ဦးမဟုတ်ခဲ့သလို ၊ တစ်နေ့လုံး စာအုပ်များကြား ခေါင်းနှစ်ထားသူလည်းမဟုတ်ခဲ့ ။ သူ၏ပုံစံကား အခြားမည်သူနှင့်မှ ရင်းနှီးမှုမရှိခဲ့ခြင်းသာ ။ ရှန့်မင်အော်၏ကိုယ်ပိုင်စကားလုံးကိုပြန်လည်အသုံးပြု ရသော်  အခြားသူ၏ကိစ္စများသည် သူနှင့်မဆိုင်သကဲ့သို့ ၊ သူ၏ကိစ္စများကိုလည်း အခြားသူများက စိတ်ထဲထားစရာမလိုအပ် ။

နောက်ပိုင်းတွင် ရှန့်မင်အော်က တက္ကသိုလ်အဆောင်တွင်ပြောင်းနေကာ အိမ်မှထွက်ခွာသွားတော့၏ ။ နှစ်ယောက်ကြားမှ လက်ဆုပ်လက်ကိုင်ပြနိုင်သော အကွာအဝေးက လုဖုန်း၏ 'ရှန့်မင်အော်အား ဆုံးရှုံးကောင်း ဆုံးရှုံးရနိုင်သည်'ဆိုသည့် မသေချာမရေရာသောခံစားချက်များကို ပိုမိုဆိုးရွားလာစေကာ ၊ ထင်ရှားပြတ်သားသောအတွေးအမြင်တို့ကို ပုံပေါ်လာစေ၏ ။

အတိတ်ကာလများတွင် 'ရှန့်မင်အော်၏ပြိုင်ဘက်ကင်းသောထက်မြက်မှု ၊ မိမိကဲ့သို့ သာမာန်လူတစ်ယောက်၌မရှိသော အံ့မခန်းIQမျိုးကို ပိုင်ဆိုင်ထားခြင်းကြောင့်သာ နှစ်ယောက်သားကြားဝေးကွာနေသည့်ခံစားချက်မျိုးကိုရခြင်း' ဟူ၍ လုဖုန်းထင်မိခဲ့သည် ။ လုဖုန်း ရှန့်မင်အော်နောက်သို့ မနားမနေလိုက်ကာ နှစ်ယောက်သားကြားအကွာအဝေးကိုလျှော့ချပစ်ရန် ကြိုးပမ်းခဲ့ဖူးသည် ။

ရှန့်မင်အော်က မိမိဆီမှအဝေးသို့ထွက်ပြေးကာ မိမိတို့နှစ်ယောက်ကြား သုံးမီတာအကွာအဝေးကိုခြားနားထားခဲ့လျှင် လုဖုန်းက နှစ်မီတာခွဲသောအကွာအဝေးကို လျှော့ချဖို့ရန်ကြိုးပမ်းမည် ။ လုဖုန်း၏တွယ်ကပ်မှုကို ရှန့်မင်အော်ကမကြိုက်လျှင် ပို၍တွယ်ချိတ်ထားရန် လုဖုန်းဆုံးဖြတ်ချက်ချမည် ။ မိမိဆီမှ ဝေးဝေးသို့ထွက်ပြေးနေမည့်ရှန့်မင်အော်အား မတားဆီးနိုင်ခဲ့လျှင် ရှန့်မင်အော်နှင့်အနီးဆုံးလူတစ်ယောက်ဖြစ်ဖို့ရန် လုဖုန်း ပြတ်ပြတ်သားသား မဆုတ်မနစ်လုပ်ဆောင်မည် ။

နောက်ပိုင်းတွင် လုဖုန်း နားလည်လာရသည်ကား လုဖုန်း မှားယွင်းသောနည်းလမ်းဖြင့်တွေးတောခဲ့မိသည်မျိုး ဖြစ်ကောင်းဖြစ်နိုင်သည်ဟူ၍ ။

လူတစ်ယောက်က တစ်နေ့လျှင် သုံးနပ်စားဖို့လိုအပ်သကဲ့သို့ ၊ ပန်းများသည် မညှိုးခြောက်သွားခင် အလျင်ဦးစွာ ပွင့်လန်းရမည်ဖြစ်သကဲ့သို့ ၊ မိုးရွာခြင်းမတိုင်ခင် မည်းမှောင်သောတိမ်ဖုံးကောင်းကင်တို့ရှိတတ်သကဲ့သို့ပင် ။ ရှန့်မင်အော်အတွက် တက္ကသိုလ်ကောင်းကောင်းတစ်ခုကိုဝင်ခွင့်ရခြင်း ၊ လူအများအားကျရသော အလုပ်ကောင်းကောင်းတစ်ခုရခြင်းသည် 'အဖြစ်အပျက်တစ်ခု ၊ ဘဝဟူသောခရီးရှည်တွင် ဖြစ်ပေါ်လာသော ဖြစ်ရပ်အခန်းစဥ်တစ်ခုမျှသာ'  ဖြစ်ဟန်ရသည် ။ သာမာန်လူများလုပ်ဆောင်လိမ့်မည်ဖြစ်သောအရာအားလုံးကို လုပ်ဆောင်ရင်း ပြဋ္ဌာန်းထားသော အစီအစဥ်များအတိုင်း ရှန့်မင်အော်က လိုက်နာနေခဲ့၏ ။ ရှန့်မင်အော်ကား မှန်သည်မှားသည်ကိုခွဲခြားနိုင်သည့်တိုင် ပိုလွန်သောစိတ်ခံစားမှုများကိုတော့ မခံစားနိုင်ပေ ။

လုဖုန်းအနားမှ ဝေးဝေးနေရန် သူ့ကိုယ်သူ အကြိမ်ကြိမ်သတိပေးနေခဲ့သကဲ့သို့ပင် ၊ ရှန့်မင်အော်ကား ပန်းတိုင်တစ်ခုကို ချမှတ်ထားခဲ့ပြီဆိုလျှင် လုံးဝ လျစ်လျူရှုလိမ့်မည်မဟုတ် ။ ထိုသို့ဆိုခြင်းထက် လုဖုန်း၏ဝမ်းနည်းမှုပျော်ရွှင်မှုတို့ကို ထည့်သွင်းမစဥ်းစားဘဲ အတားအဆီးများအားလုံးကို မဖြစ်မနေရှင်းထုတ်တတ်သော ခေါင်းမာသည့် အာဇာနည်တစ်ဦးနှင့် ပို၍တူလေ၏ ။

သို့သော် ရှန့်မင်အော်ကိုယ်တိုင်ပြောခဲ့သည့် 'ငါ့နားမကပ်နဲ့'ကဲ့သို့သော မူဝါဒများသည်ပင်လျှင် ထင်မှတ်ထားသကဲ့သို့ ဖြစ်မလာခဲ့ ။ သူကိုယ်တိုင်လည်း ဤထိန်းချုပ်မှုကင်းမဲ့သောအပြုအမူအတွက် ရှင်းပြနိုင်လောက်မည်မဟုတ်ပေ ။

အခြားသူများအတွက် ပျော်ရွှင်မှုဖြစ်စေသောဖြစ်ရပ်များသည် ၊ ရှန့်မင်အော်အဖို့ မပျော်ရွှင်ရသည်မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်သည် ။ အခြားသူများကိုဝမ်းနည်းစေသောအရာများအပေါ် ရှန့်မင်အော်က စိတ်မချမ်းမြေ့ခြင်းမျိုး ခံစားရလောက်မည်မဟုတ် ။ လူအများကိုဒေါသထွက်စေသောအချင်းအရာတို့သည်လည်း ရှန့်မင်အော်အား ထပ်တူညီစွာ ဒေါသဖြစ်စေနိုင်လောက်မည်မဟုတ်ချေ ။

ရှန့်မင်အော်၏အပြင်ပန်းသဏ္ဍာန်ကား အေးစက်ကာ ဂရုမစိုက်လျစ်လျူရှုဟန်ပေါ်နေခဲ့၏ ။ အဘယ်ကြောင့်ဆိုသော် အမှန်တကယ်ပင် မည်သည့်အရာကမှ ရှန့်မင်အော်၏နှလုံးသားကို မထိခတ်နိုင်သောကြောင့်ပင် ။ ထို့အတူ ရှန့်မင်အော်၏ပုံစံကား ငြီးငွေ့ပင်ပန်းဟန်လည်းပေါ်နေသေး၏ ။ ဤကမ္ဘာလောကသည် သူ့အဖို့ အလွန်ပျင်းစရာကောင်းကာ ၊ အသိဉာဏ်မဲ့လှပြီး သူလိုချင်သည့်အရာဖြစ်ဟန်မတူ ။ ရှန့်မင်အော်အနေဖြင့် 'နာကျင်ရသောဘဝဟူသည် အဓိပ္ပာယ်မဲ့လှသည်'ဟု ယုံကြည်ထားခဲ့ပြီး ၊ အဘယ့်ကြောင့် လူအများသည် တစ်ကြိမ်တစ်ခါမျှ ပျော်ရွှင်မှုရရန်အတွက် ကိုးကြိမ်ကိုးခါမျှသော နာကျင်မှုကိုသည်းခံနိုင်ကြသနည်းကိုလည်း နားမလည်နိုင်ခဲ့ ။

ရှန့်မင်အော်ကား ခေါင်းထိပ်ဖျားမှစ၍ ခြေချောင်းထိပ်ဖျားထိတိုင် အဆိုးမြင်ဝါဒီသမားတစ်ဦးဖြစ်ပြီး ၊ ထိုအရာကိုလည်း သူကိုယ်တိုင်နားလည်သည့်ဟန်မပေါ်ပေ ။

လုဖုန်း နိုးလာသောအခါ အချိန်ကား ဆယ်နာရီထိုးလုနီးပါးဖြစ်နေချေပြီ ။ လုဖုန်း အိပ်ရာမှမထချင်ခဲ့ ၊ သို့သော် ပြတင်းပေါက်မှတစ်ဆင့်ဝင်လာသောနေရောင်ခြည်က သည်းမခံနိုင်လောက်အောင် ပူပြင်းနေလေရာ ထပ်မံမအိပ်စက်နိုင်တော့ ။

ရှန့်မင်အော်ကား အခန်းထဲတွင်ရှိမနေ ၊ ယနေ့သည် ရုံးတက်ရက်ဖြစ်ပြီး ရှန့်မင်အော်ကအလုပ်စွဲလမ်းသူတစ်ဦးဟူသည့်အချက်ကိုပါ ပေါင်းထည့်လိုက်သော် အလုပ်သွားခြင်းဖြစ်မည်ဟု လုဖုန်း ခန့်မှန်းမိ၏ ။

ရှန့်မင်အော်ထွက်သွားခဲ့စဥ်အခါက လုဖုန်းစိတ်ထဲ ဝေဝေဝါးဝါးခံစားခဲ့မိသေး၏ ။ သို့သော် လုဖုန်း၌ မျက်လုံးဖွင့်ကာ စစ်ဆေးအတည်ပြုဖို့ရန်ပင် အားမရှိခဲ့ ။

ခန္ဓာကိုယ်တစ်ခုလုံး စေးကပ်ကပ်ဖြစ်နေသည်ဖြစ်ရာ လုဖုန်း သက်တောင့်သက်သာမရှိသကဲ့သို့ ခံစားလာရ၏ ။ ရှန့်မင်အော် ရေချိုးခန်းထဲသို့ဝင်ကာ ရေချိုးပြီးနောက် ခါးတွင် တံဘက်တစ်ထည်ပတ်နေစဥ်မှာပင် ဘေစင်ပေါ်ရှိ အနက်ရောင်ရေမွှေးပုလင်းတစ်ခုကို လုဖုန်း သတိထားမိသွား၏ ။

လုဖုန်း ထိုရေမွှေးကို လေထုဘက်သို့ချိန်ရွယ်ပြီးနောက် နှစ်ကြိမ်မျှဖြန်းကာ သေသေချာချာ ရှူကြည့်မိသည် ။ လုဖုန်းယခင်ကအနံ့ရခဲ့ဖူးသော သစ်တောဆန်ဆန် သဘာဝဆန်ဆန် အနံ့မျိုးနှင့်ကွာခြားလှသည်မှာတော့ အမှန်ပင် ။ အပေါ်လွင်ဆုံးမှာ လက်ဖက်စိမ်းနံ့ဖြစ်ပြီး မွှေးပျံ့သည့်နှင်းပန်းတစ်မျိုး၏အငွေ့အသက်တို့ပါ ခပ်ရေးရေးပါဝင်နေသေး၏ ။

[ဒီမှာရေးထားတဲ့နှင်းပန်းပ Lily of the valleyကိုပြောတာပါ - ရနံ့မွှေးပြီးခေါင်းလောင်းပုံရှိတဲ့ အဖြူရောင်ပန်းလေးတွေပါ ]

ရှန့်မင်အော်နှင့်ယှဥ်တွဲလိုက်သော် အထူးကောင်းမွန်လှသော ပေါင်းစပ်မှုတစ်ခုပင် ။ အပေါ်ယံမျက်နှာပြင်တွင် ရှန့်မင်အော်သည် တည်ငြိမ်အေးဆေးပြီး ​အဝတ်အစားဝတ်ဆင်ရာ၌လည်း သင့်တော်ကျော့ရှင်းနေလိမ့်မည် ။ သို့သော် လူအများ၏မျက်ကွယ်တွင်မူ ၊ ရှန့်မင်အော်က သင်၏လည်ပင်းကို အခြားသူများထက်ပိုသောအားမျိုးဖြင့် ကိုက်ခဲလိမ့်မည် ။

မိမိ၏ဘောင်းဘီများမှာ ယမန်နေ့ညက ခမ်းနားကြီးကျယ်စွာဖြင့် စွန့်လွှတ်အနစ်နာခံခဲ့ရသည်ဖြစ်ရာ လုဖုန်းအနေဖြင့် ရှန့်မင်အော်၏အဝတ်ဗီရိုထဲမှတစ်ထည်ကို ကျပန်းကောက်ယူပြီး မိမိ၏အဝတ်များနေရာတွင် အစားထိုးလိုက်ရတော့သည် ။ သို့သော် ရှန့်မင်အော်က မိမိထက်အရပ်ရှည်နေသည်ဖြစ်ရာ ဘောင်းဘီဆိုဒ်က ကွက်တိအံဝင်ခွင်ကဖြစ်မနေခဲ့ ။ ထို့ကြောင့် ဝတ်ဆင်ပြီးနောက် နှစ်ကြိမ်မျှပင် အပေါ်သို့ခေါက်တင်ခဲ့ရပြီး တမုဟုတ်ချင်းပင် ဘောင်းဘီကား တန်ဖိုးလျှော့ချခံလိုက်ရသည့်ပုံပေါ်သွားတော့၏ ။

ယခုမူ လုဖုန်းတစ်ယောက် စျေးကြီးသောရေမွှေးတစ်ပုလင်းကို မိမိနှင့်အတူယူဆောင်ကာ အဝတ်အစားကိုလည်း သပ်သပ်ရပ်ရပ်ပြန်လည်ဝတ်ဆင်ထားခဲ့ချေပြီ ။ လုဖုန်း အခန်းထဲမှထွက်ထွက်ချင်းပင် မျက်နှာချင်းဆိုင်ဘက်ရှိ သော့ခတ်ထားသောအခန်းကိုတွေ့လိုက်ရသောအခါ ရုတ်တရက်ပင် စိတ်လှုပ်ရှားလာခဲ့တော့၏ ။ ဤသည်က ရှားပါးလှသောအခွင့်အရေးတစ်ရပ်ဖြစ်ကာ လုဖုန်းအနေဖြင့် ထိုအခန်းထဲသို့ နောက်တစ်ကြိမ်အလည်သွားချင်မိသည် ။

တစ်စုံတစ်ခုကို ပထမဆုံးလုပ်ဖူးခြင်းတွင် ကြိုးစားအားထုတ်မှုဟူသည် အတွေ့အကြုံမရှိခြင်းဖြင့် ဖော်ပြခံရစမြဲ ။ ဒုတိယအကြိမ်လုပ်ဆောင်ခြင်းဖြစ်ပါမူ ထိုအရာနှင့် ပို၍ရင်းနှီးကျွမ်းဝင်လာပေလိမ့်မည် ။ လျှို့ဝှက်နံပါတ်ကိုနှိပ်နေစဥ်အတွင်း လုဖုန်း၏လှုပ်ရှားမှုများမှာ ချောမွေ့နေခဲ့၏ ။ တံခါးပွင့်လာဖို့ရန်စောင့်နေချိန်မှာပင် မိမိ၏ဖုန်းဆီမှ နားကွဲသည်ထိဖြစ်လောက်သောအချက်ပေးသံကထွက်ပေါ်လာခဲ့ပြီး ယခုချက်ချင်းပင် လက်ကိုခေါင်းပေါ်တင်၍ ဆောင့်ကြောင့်ထိုင်ချရလောက်အောင်ထိ လုဖုန်းအားထိတ်လန့်စေလျက် ။

လုဖုန်း တံခါးသော့ဆီသို့ ငေးကြောင်ကြောင်သာကြည့်နေမိရင်း နှလုံးသားထဲတွင် နိမိတ်မကောင်းသောခံစားချက်တစ်ခုက လှိမ့်တက်လာခဲ့သည် ။

ဖုန်းထဲတွင်မူ မက်ဆေ့ချ်နှစ်စောင်ရှိနေခဲ့၏ ။ တစ်စောင်မှာ ရှန်းရှောင်ရှဲထံမှဖြစ်ကာ ဒီနေ့ လုဖုန်း ဆိုင်သို့သွားမသွား မေးထားပြီး နောက်တစ်စောင်မှာမူ ကျန်းမီမီထံမှဖြစ်ကာ မနေ့ညက မည်သည့်အစားအစာများစားနိုင်ခဲ့သနည်းဟု မေးမြန်းထားခဲ့သည် ။

လုဖုန်း ရှန်းရှောင်ရှဲအား ဆိုင်သို့ရောက်လာမည့်ဖြစ်ကြောင်း အသိပေးလိုက်၏ ။ ကျန်းမီမီကိုမူ အပြုံးအီမိုဂျီတစ်ခုပို့ကာ မနေ့ညက ဘာမှထပ်မစားနိုင်တော့လောက်အောင် အများကြီးစားခဲ့ကြောင်း ပြန်ပြောလိုက်လေသည် ။

လုဖုန်း တက္ကစီတစ်စီးငှားကာ ရှန့်မင်အော်ဆီသို့ ထွက်လာခဲ့သည် ။ ဧည့်ကြိုကောင်တာမှ ဝန်ထမ်းမလေးကား ရုံးရှိဝန်ထမ်းများအတွက် အစားအသောက်မှာနေဆဲဖြစ်ကာ ၊ လုဖုန်းရောက်လာသည်ကိုမြင်လိုက်ချိန်ဝယ် ၊ သူတို့နှင့်အတူ အော်ဒါမှာဦးမလားဟု လုဖုန်းအားမေးလာခဲ့၏ ။

"ရတယ် ၊ မလိုပါဘူး ၊ ကျွန်တော်က မကြာခင်ပြန်မှာမို့လို့ "

လုဖုန်း သူမအား ပြုံးပြလိုက်ကာ ရှန့်မင်အော်၏ရုံးခန်းဆီသို့ တန်းသွားလိုက်သည် ။

လုဖုန်း အခန်းထဲသို့ဝင်သွားချိန်တွင် ရှန့်မင်အော်ကား ပြတင်းပေါက်နားတွင် ဖုန်းပြောနေခဲ့၏ ။ ရှန့်မင်အော်က လုဖုန်းအား တစ်ချက်မျှကြည့်လာခဲ့ပြီးနောက် အကြည့်တို့ကို ဖယ်ခွာသွားပြန်သည် ။

"ဘာမှစိတ်ပူစရာတော့မရှိပါဘူး ၊ အဲ့ကိစ္စကို ကျွန်တော်ဂရုစိုက်လိုက်ပါ့မယ် ...."

ရှန့်မင်အော်က တစ်ဖက်လူစိတ်ချစေရန် အကြိမ်ကြိမ် အာမခံကြောင်းပြောနေ၏ ။ မိနစ်အနည်းငယ်မျှကြာသောအခါ ၊ ဖုန်းပြောခြင်းလည်း ပြီးဆုံးတော့မည့်အချိန်တွင် ရှန့်မင်အော်က
"ကျန်းမာရေးဂရုစိုက်ပါ ၊ မစ္စတာရှောင်း "

တစ်ဖက်လူ၏မျိုးရိုးနာမည်ကား 'ရှောင်း'ဖြစ်ပြီး ရှန့်မင်အော်ကလည်း လေးစားမှုကိုပြသသောစကားလုံးများကိုအသုံးပြုနေလေရာ ထိုသူသည် ရှောင်းဆွေကွမ်းများ ဖြစ်နေလေမလား ?

ကျန်းမာရေးကိုဂရုစိုက်ပါ.???...သို့သော် မနေ့ကပင် ရှောင်းဆွေကွမ်း၏ပုံစံက ကျန်းမာရေးကောင်းမွန်နေသည့်ဟန်ပေါ်နေသည်ကို အဘယ်ကြောင့် ယနေ့၌ ကျန်းမာရေးဂရုစိုက်ဖို့ရန် ပြောနေရသနည်း ?

"ဘာကိစ္စလဲ ?

ရှန့်မင်အော်က ဖုန်းချလိုက်ပြီးသောအခါ လုဖုန်းအားမေးလာခဲ့ခြင်း ။ ယခင်မူလနေရာ ပြတင်းပေါက်ရှေ့တွင် မတ်တပ်ရပ်နေဆဲဖြစ်ကာ  အကြည်တို့ကမူ လုဖုန်းထံတွင်ရှိမနေ ။ တစ်စုံတစ်ယောက်ဆီစာပို့နေဟန်တူသော ရှန့်မင်အော်က ခေါင်းကိုငုံ့လျက် ဖုန်းအသုံးပြုနေခဲ့၏ ။

ယခုလက်ရှိ မိမိ၏ခြေထောက်များသာ အားနည်းနေခြင်းမဟုတ်ခဲ့လျှင် ရှန့်မင်အော်၏ ပူပင်ကြောင့်ကြမဲ့သော ဤအမူအရာကိုကြည့်ရင်းဖြင့် မနေ့ညကဖြစ်ပျက်ခဲ့သောအရာများမှာ ထူးထူးဆန်းဆန်းအိပ်မက်တစ်ခုဟုသာ လုဖုန်းထင်မှတ်မိလိမ့်မည် ။

"လွန်ခဲ့တဲ့ဆယ်နှစ် ၊ အဆောက်အအုံပျက်ဆီလာခိုင်းတုန်းက ကျွန်တော့်ကို ဘာမြင်စေချင်ခဲ့တာလဲ ?"

အရာရာသည် တဖြည်းဖြည်းနှင့်ရှင်းလင်းလာသည့်တိုင် ထိုအချက် ၊ ထိုအချက်တစ်ခုတည်းကသာ လုဖုန်းအား ဦးနှောက်ခြောက်စေဆဲ ။

ရှန့်မင်အော်၏လက်ချောင်းထိပ်များမှာ လှုပ်ရှားနေရင်းပင် ရပ်တန့်သွားခဲ့ပြီး အတန်ကြာမှသာလျှင် ပြန်လည်စတင်လှုပ်ရှားလာခဲ့တော့၏ ။

"အရင်ကတည်းက ဖြေခဲ့ပြီးပြီ ၊ ငါ ရည်ရွယ်ချက်ရှိရှိနဲ့ မင်းကို ချီးယန်နဲ့သွားတွေ့ခိုင်းတယ် ၊ ပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ပဲ မင်းတို့နှစ်ယောက် ရန်ဖြစ်တာကိုလွှတ်ထားခဲ့တယ် ၊ အဲ့ဒါတွေအကုန်လုံးကို ငါ အချိန်အကြာကြီးစီစဥ်ထားခဲ့တာ ၊ လွန်ခဲ့တဲ့ဆယ်နှစ်လုံးလုံး မင်းခံစားခဲ့ရတဲ့ကံဆိုးတယ်ဆိုတာတွေအကုန်လုံးက ငါ့ကြောင့်ပဲ "

"မဟုတ်ဘူး " "အကိုလိမ်နေတာ"
လုဖုန်း ရှန့်မင်အော်စကားပြောနေသည်ကို ဖြတ်ပြောလိုက်ခြင်း ။

ရှန့်မင်အော်ကား နောက်ဆုံးတော့ ခေါင်းမော့လာချေပြီ ၊ ပထမဆုံး ရှန့်မင်အော်က သူ့အရှေ့ကိုသာစိုက်ကြည့်လျက် အသက်ရှူသွင်းရှူထုတ်ခြင်းပြုလုပ်ပြီးနောက် လုဖုန်းအားကြည့်လာခဲ့၏ ။

"မင်း အဲ့အခန်းထဲ ခိုးဝင်ခဲ့တယ်"

ထိုသော့ခတ်ထားသောအခန်းထဲ လုဖုန်းဝင်ခဲ့ကြောင်း ရှန့်မင်အော်သိနေသည်မှာသေချာသည် ။ တကယ်တမ်း မနေ့ညကလည်း လုဖုန်းတစ်ယောက် လျှို့ဝှက်နံပါတ်ကို မှတ်မိသည်မမှတ်မိသည်ကို သိမြင်ချင်၍သာ ရှန့်မင်အော်က မူးဟန်ဆောင်နေခဲ့ခြင်းဖြစ်ပေလိမ့်မည် ။

ဤကိစ္စ၏ အဓိပ္ပာယ်ကား အဘယ်အရာနည်း ? မိမိတို့နှစ်ယောက်၌ မည်သူက သုံးဆယ့်ခြောက်ချက်သောသေနင်္ဂဗျူဟာကို ပို၍ကျွမ်းကျင်သနည်းဟု သိမြင်ရရန် ကြိုးပမ်းနေကြခြင်းပေလား ?

လုဖုန်း တိုးတိုးသာသာ ချောင်းဟန့်ကာ တုံ့ပြန်လိုက်၏ ။

"ကျွန်တော်မဝင်ခဲ့ဘူးလို့ပြောရင်ရော အကိုယုံမှာလား ?"

ရှန့်မင်အော်က ဖုန်းအပြင် လက်နှစ်ဖက်ကိုပါ အိတ်ကပ်ထဲထည့်လိုက်ပြီးနောက်

"အဲ့အခန်းက ငါ့အတွက် 'သာမာန်လူ'တစ်ယောက်လိုပြုမူဖို့ ၊ တခြားသူတွေရှေ့အမှားမလုပ်မိဖို့ သတိပေးချက်သက်သက်ပဲ ၊ ဘာအဓိပ္ပာယ်မှမရှိဘူး  "

ဤကဲ့သို့ မငြင်းသာသောသက်သေတစ်ခုက လက်ထဲတွင် ရှိနေခဲ့သည့် ယခုအချိန်ထိတောင် ရှန့်မင်အော်ကား သူလျှောက်မည်ဟုဆုံးဖြတ်ထားသောလမ်းကြောင်းကို လက်လျှော့ခြင်းမရှိခဲ့ပါပေ ။ ဖြစ်ပျက်ခဲ့သမျှအရာအားလုံးမှာ ထင်ယောင်ထင်မှားဖြစ်ခြင်းဟု လုဖုန်းကယုံကြည်လာစေရန် ၊ လုဖုန်းနှင့်ငြင်းခုံဖို့ရန် ပို၍စိတ်အားထက်သန်နေ၏ ။

ရှန့်မင်အော်၏ပွင့်လင်းလှသောငြင်းဆန်ခြင်းအပေါ် ဒေါသထွက်ရမည်လား ၊ သို့တည်းမဟုတ်  ရှန့်မင်အော်၏ခေါင်းမာမှုအပေါ် စိတ်မကောင်းဖြစ်ရမည်လားပင် လုဖုန်းမသိတော့ ။

"ဟုတ်ပါပြီ ၊ အကိုမှန်တယ် ၊ အကိုက ကိုယ့်ကိုယ်ကိုသတိပေးချင်လို့ ကျွန်တော့်ရဲ့စာတွေအကုန်လုံးကိုသိမ်းထားခဲ့တာ "

လုဖုန်း ရှန့်မင်အော်နားသို့ ဖြည်းညင်းစွာချဥ်းကပ်သွားကာ

"ဆယ်နှစ်လုံးလုံး ၊ ထောင်မှာ ဧည့်တွေ့ခွင့်ပေးတဲ့အချိန်တိုင်း အကို ဂိတ်တံခါးရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေခဲ့တယ် ၊ ဘာလို့လဲဆိုတော့ အဲ့နားက လေကောင်းလေသန့်ရလို့ ၊ လျော်ကြေးပေးဖို့အတွက်လည်း ငွေနှစ်သန်းနဲ့ အချိန််နှစ်လဲခဲ့သေးတယ် ၊ အဲ့ကိစ္စရဲ့ အကြောင်းအရင်းကျတော့ ရှောင်းဆွေကွမ်းက အကို့ကိုအသိအမှတ်ပြုပြီးတော့ မရမက ပိုက်ဆံအတင်းပေးခဲ့လို့ "

ရှန့်မင်အော်က ဝန်ခံဖို့ရန်ငြင်းဆန်နေသည်ဖြစ်ရာ လုဖုန်းအနေဖြင့် မတတ်သာတော့ဘဲ ဖဲချပ်များကို တစ်ချပ်ပြီးတစ်ချပ်ချပြရတော့သည် ။ ရှန့်မင်အော်က လုဖုန်း၌ရှိသည့် အကြီးဆုံးဖဲချပ်မှာ ဂျိုကာတစ်ချပ်သာဖြစ်မည်ဟု တွေးထားခဲ့လောက်သည် ။ သို့သော် လုဖုန်းထုတ်ပြခဲ့သည်ကား ဂျိုကာနှစ်ချပ်ဖြစ်နေခဲ့သည် ။

[ဂျိုကာနှစ်ချပ် - ဂျိုကာနှစ်ချပ်,ဂျိုကာတစ်စုံက အပွင့်အကြီးဆုံးဖဲဖြစ်ပြီးတော့ တခြားဘယ်လိုပေါင်းစပ်မှုမျိုးကိုမဆို နိုင်ပါတယ်တဲ့ ]

ရှန့်မင်အော်ကဲ့သို့ ထက်မြက်သူတစ်ယောက်အတွက်ပင် သစ်လွင်ပြီး အကျိုးအကြောင်းဆီလျော်သော အကြောင်းပြချက်များကို ချက်ချင်လက်ငင်းရှာဖွေဖို့ရန် ခက်ခဲလှပေ၏ ။

"ကျွန်တော် ခုနက ပြောခဲ့တာတွေအကုန်လုံးက တကယ်တော့ သာမာန် အကိုကြီးတစ်ယောက်က သူ့ညီငယ်လေးအတွက် လုပ်ပေးတာတွေလို့ပြောလို့ရတယ် "

လုဖုန်း ရှန့်မင်အော်၏ ဖြောင့်တန်း၍နေရာမှန်သော နက်ကတိုင်ကို လက်ဖြင့်အသာပွတ်သပ်လိုက်ကာ

"ဒါပေမဲ့ မနေ့ညကဖြစ်ပျက်ခဲ့တာတွေကတော့ သာမာန်အကိုကြီးတစ်ယောက်က သူ့ညီနဲ့လုပ်မယ့်အရာတော့မဟုတ်လောက်ဘူး ၊ ပြီးတော့ ကျွန်တော် အခုလုပ်မယ့်ဟာကလည်း သာမာန်ညီတစ်ယောက်က သူ့အကိုကို လုပ်လောက်မယ့်ကိစ္စမျိုးမဟုတ်ဘူး.... "

လုဖုန်း စကားကိုအပြီးမသတ်ရသေးခင်မှာတင် မိမိလက်ထဲရှိ နက်ကတိုင်ကို အားနှင့်ဆွဲယူလိုက်ကာ မိမိနှုတ်ခမ်းနှင့် ရှန့်မင်အော်၏နှုတ်ခမ်းတို့ကိုထပ်တူကျစေလိုက်သည်။

နှစ်ယောက်လုံး၏နှုတ်ခမ်းများကား အချင်းချင်းဖိကပ်နေခဲ့ပြီး ရှန့်မင်အော်ကလည်း အကြည့်တို့ကို အောက်စိုက်ထားခဲ့၏ ။ ခဏတာမျှ တောင့်တင်းနေခဲ့ပြီးနောက် လုဖုန်းက မိမိလျှာဖျားကို ရှန့်မင်အော်၏နှုတ်ခမ်းထက် ရောက်ရှိစေလိုက်သောအချိန်တွင်မူ ရှန့်မင်အော်ကား စိတ်လျှော့ချလိုက်ပုံရသည် ။ ခုခံခြင်းအလျဥ်းမရှိဘဲ လုဖုန်းစိတ်ကြိုက် နမ်းခွင့်ပေးထားသော်ငြား လုဖုန်း၏အနမ်းများကိုတော့ ရှန့်မင်အော်က တုံ့ပြန်လာခြင်းမရှိပေ ။

လုဖုန်း ရှန့်မင်အော်၏နူးညံ့သောလျှာက်ို အသာအယာထိတွေ့လိုက်သည် ။ အတန်ကြာကြိုးစားပြီးနောက် တုံ့ပြန်မှုတစ်စုံတစ်ရာကိုမှ မတွေ့ရလေသောအခါ လုဖုန်း မိမိလက်ကိုမြှောက်လျှက် ရှန့်မင်အော်၏အပေါ်မေးရိုးအား ကုတ်ခြစ်လိုက်၏ ။ သည်တစ်ကြိမ်တွင်တော့ ရှန့်မင်အော်က တုံ့ပြန်ခဲ့ချေပြီ ။ ပါးစပ်ကိုဆတ်ခနဲပိတ်ချလိုက်သော ရှန့်မင်အော်မှာ လုဖုန်းအား ညင်လည်းမညင်သာ ပြင်းလည်းမပြင်းထန်သောအရှိန်ဖြင့် ကိုက်မိသွားတော့သည် ။

"အား...."

လုဖုန်း မကျေမနပ်ဖြစ်ဟန်ဖြင့် တစ်ချက်အော်မိ၏ ။ ထိုအချိန် ရှန့်မင်အော်၏ဆံပင်များထဲ မိမိလက်ချောင်းများကိုတိုးဝင်ဖို့ ပြင်နေစဥ်မှာပင် တံခါးနားမှ ဝူရိ၏အသံကိုကြားလိုက်ရတော့သည် ။

"လောင်ရှီး ,အမလေး , စားစရာရောက်ပါပြီ !"

ဝူရိရောက်လာသည့်အချိန်ကား အချိန်ကောင်းမဟုတ်ပေ ။ လုံလုံလောက်လောက်မရရှိသေးခင်မှာပင် လုဖုန်း အင်တင်တင်ဖြင့် လက်ကိုပြန်ရုတ်လိုက်ရသည် ။ ရှန့်မင်အော်က လုဖုန်းအား တွန်းထုတ်လိုက်ကာ နက်ကတိုင်အားပြန်ဆွဲယူလိုက်ပြီးနောက် တံခါးဆီကြည့်လိုက်၏ ။

လက်တစ်ဖက်တွင် နေ့လည်စာဘူးနှစ်ဘူးကိုကိုင်ထားသောဝူရိကား တံခါးရှေ့တွင် ကြက်သေသေလျက် မတ်တပ်ရပ်နေခဲ့ပြီး လက်တစ်ဖက်ကလည်း တံခါးခေါက်ဖို့ပြင်နေဟန် အနေအထားဖြင့် ။

လုဖုန်း အခန်းထဲဝင်လာခဲ့စဥ်တုန်းက တံခါးပိတ်ပို့ မေ့လျော့ခဲ့ပုံပင်....။

လုဖုန်း မိမိနှာခေါင်းကို လက်ချောင်းဖြင့်တို့ထိလိုက်ကာ ထိုနေရာမှထွက်သွားဖို့ရန် အခွင့်အရေးကိုအသုံးချဖို့ပြင်တော့သည် ။

"အဲ့ဒါဆို ကျွန်တော်အရင်သွားတော့မယ် ၊ နှစ်ယောက်သား အေးအေးဆေးဆေးစားကြပါ "

ဝူရိကား ပါးစပ်တစ်ဝက်ပွင့်လျက် ။ လောလောလတ်လတ် သူ၏ခန္ဓာကိုယ်ထဲမှ ဝိဉာဥ်ကလွတ်ထွက်သွားသည့်အလား ၊ သူ၏မြင်ကွင်းအားလုံး ပိတ်ဆီးခံထားရသည့်အလား ။ လုဖုန်း ဝူရိထံ ဦးတည်လျှောက်သွားလိုက်ပြီးနောက် ဘေးနားအရောက်တွင် စေတနာဖြင့် အသိပေးဖြစ်ခဲ့သေး၏ ။

"ကျွန်တော်နဲ့ ကျွန်တော့်အကိုက သွေးသားမတော်စပ်ဘူး "

ဝူရိကား လုဖုန်းကို ငေးကြောင်ကြောင်ဖြင့်သာစိုက်ကြည့်နေခဲ့၏ ။

"အာ...ဟမ်?"

လုဖုန်း ဝူရိပုခုံးထက် တစ်ချက်ပုတ်ကာ အခန်းပြင်ထွက်ဖို့ပြင်လိုက်စဥ်မှာပင် အိတ်ကပ်ထဲမှ ရေမွှေးပုလင်းအား စမ်းမိသွားသည်ဖြစ်ရာ ပြန်ပေးဖို့ရန်ဆုံးဖြတ်လိုက်တော့သည် ။

"အကို ၊ စကားမစပ် ၊ ကျွန်တော် အကို့ရဲ့ရေမွှေးကိုယူလာတယ် "

ရှန့်မင်အော်ကား စားပွဲနောက်ရှိ ထိုင်ခုံထက် ထိုင်နေခဲ့ပြီးဖြစ်ကာ လုဖုန်း၏စကားကိုကြားပြီးနောက်ဝယ် လက်ထဲရှိရေမွှေးပုလင်းကိုကြည့်လျက် စကားနှစ်လုံးကိုသာ အသာအယာပြောလာခဲ့၏ ။

"ထွက်သွား"

[ဒီနေရာမှာ ထွက်သွား/ get out ဆိုပြီးတော့ပြန်ထားတာက Eng Translatorဆီမေးကြည့်ပြီး ပြန်ထားတာပါ ၊ မူရင်းမှာ ရှန့်မင်အော်က '滚'လို့ပြောထားပေမဲ့ ပုံသေသတ်မှတ်ထားတာမျိုးမဟုတ်ဘူးတဲ့ ၊ English Contextနဲ့ဆို get outလို့ပြန်တာက အကောင်းဆုံးဖြစ်လို့ အဲ့လိုပဲယူလိုက်ပါတယ် ]

ယခင်က စိတ်အနှောင့်အယှက်ဖြစ်လှသည်ဟု ခံစားမိခဲ့သော ထိုစကားလုံးနှစ်လုံးမှာ ယခုတော့ ဘယ်ပုံဘယ်နည်းဖြင့် ချိုမြိန်သလိုဖြစ်နေမှန်း လုဖုန်းမသိတော့ ။ မိမိသည်ကား ပို၍ပို၍အထင်အမြင်သေးဖွယ်ကောင်းသူတစ်ယောက် ဖြစ်လာခြင်းပေလား ?

လုဖုန်း ရေမွှေးကိုနေရာတကျထားလိုက်ကာ ရှန့်မင်အော်အား ပြုံးပြလိုက်ပြီးနောက်

"အိုခေ ၊ အဲ့ဒါဆို "

လုဖုန်း အခန်းထဲမှထွက်ခွာဖို့ပြင်ရာ၌ ခြေလှမ်းများများစားစားမလှမ်းရသေးခင်မှာပင် နောက်ဘက်သို့ တစ်ချက်ပြန်လှည့်ကာ

"စကားမစပ် ၊ ကျန်းမီမီနဲ့ ကျွန်တော်နဲ့က ဒီတိုင်းသရုပ်ဆောင်ရုံသက်သက်ပဲ ၊ ဒေါသမထွက်နဲ့ဦး ၊ ဟိုးအစကနေ အဆုံးထိ ကျွန်တော့်နှလုံးသားထဲမှာ အကိုတစ်ယောက်ပဲရှိတာ "

မကြာခင်မှာပင် လေဖြင့်မှုတ်ထုတ်ခြင်းခံရတော့မည့်ပြာပုံသဖွယ် ပုံစံပေါက်နေသော ဝူရိအားလျစ်လျူရှုလျက် လုဖုန်းတစ်ယောက် ရှန့်မင်အော်ထံ အနမ်းတစ်ပွင့်ပစ်လွှတ်ဟန်ပုံစံမျိုး လုပ်ပြပြီးလျှင် လေချွန်ကာ အခန်းထဲမှ လမ်းလျှောက်ထွက်သွားတော့၏ ။

T/N
လုပ်ချင်တာလုပ်ပြီးရင် အလှဆုံးပြုံးနေတတ်သူ

btw ဒီအပိုင်းက ရှည်လည်းရှည် နိုယာလည်းအလုပ်များနေတော့ နည်းနည်းကြာသွားတယ် GOMENN ~_~

ZAWGYI

CH53 - THE MARTYR

THIS CHAPTER IS NSFW

ဘာေတြ ျဖစ္ပ်က္ခဲ့ေလသနည္း ?

႐ုတ္တရက္ဆန္စြာ ျဖစ္ပြားသြားေသာအေျခအေန၌ လုဖုန္း ဘာေျပာရမွန္းမသိ ၊ အတန္ငယ္ အားကိုးရာမဲ့သကဲ့သို႔ပင္ ခံစားလာရ၏ ။ သို႔ေသာ္ လက္ရွိအေျခအေနက မည္သည့္အရာမ်ားျဖစ္ပြားခဲ့သည္ကို လုဖုန္းအား စဥ္းစားခြင့္ပင္ မေပးသည္မွာ ထင္ရွားလွသည္ ။

လုဖုန္း အိပ္ရာထက္ ပစ္တင္ခံလိုက္ရၿပီးေနာက္ မ်က္ႏွာၾကက္ကိုေက်ာခိုင္းထားရင္း မိမိ၏မ်က္ႏွာကား အိပ္ရာခင္းထဲ နစ္ျမဳပ္ေနခဲ့ေလ၏ ။ ပါးစပ္ရွိနက္ကတိုင္က ပိုလို႔ပင္တင္းၾကပ္လာၿပီးလွ်င္ လုဖုန္း၏မ်က္ႏွာကို ထက္ျခမ္းပိုင္ျဖတ္ေတာ့မည့္ႏွယ္ ။

ဖရိုဖရဲ ႐ုန္းကန္မႈမ်ားၾကားဝယ္ က်ယ္ေျပာၿပီးအားေကာင္းလွေသာလက္ဖဝါးတစ္စုံက လုဖုန္း၏လက္ႏွင့္လက္ေကာက္ဝတ္မ်ားကိုယူကာ အတူတကြ တစ္စုံတစ္စည္းတည္းျဖစ္ေစလိုက္ၿပီး ေခါင္းအထက္၌ တည္ရွိေစ၏ ။ ထို႔ေနာက္ လက္မ်ားကိုတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ထားေလရာ လုဖုန္းအေနျဖင့္ မည္သို႔ေသာခုခံမႈမ်ိဳးကိုမွ ေနာက္ထပ္ျပဳလုပ္၍မရေတာ့ ။

လုဖုန္း၏ ႏွာေခါင္းတစ္ဝိုက္ အယ္လ္ကိုေဟာအနံ႕က တရစ္ရစ္ဝဲေနျခင္းႏွင့္အတူ ပါးစပ္ထဲရွိ နက္ကတိုင္မွာလည္း တျဖည္းျဖည္း သြားရည္တို႔ျဖင့္ ႐ႊဲ႐ႊဲစိုလာခဲ့၏ ။ ယခုလက္ရွိ လုဖုန္း၏ ခႏၶာကိုယ္အေပၚပိုင္းက မလႈပ္ရွားနိုင္ ၊ ထို႔ေၾကာင့္ ခႏၶာကိုယ္ေအာက္ပိုင္းကိုေထာက္ကန္ထားရန္ ဒူးေထာက္ဖို႔ျပင္လိုက္စဥ္မွာပင္ လ်င္ျမန္ေသာအျဖစ္အပ်က္တစ္ခုျဖစ္ေပၚလာျပန္သည္ ။ လုဖုန္းခါးတစ္ဝိုက္ တင္းတင္းက်ပ္က်ပ္ဝတ္ဆင္ထားခဲ့ေသာေဘာင္းဘီက တစ္မုဟုတ္ခ်င္း ေလ်ာ့ရဲသြားကာ တင္ပါးဆီမွ ေလွ်ာက်သြားခဲ့ျခင္း ။

'ခ်ီးပဲ ၊ ဒီေဘာင္းဘီအသစ္ေတြက အခုမွဝယ္လာခါစရွိေသးတယ္ ၊ ငါတစ္ခါပဲဝတ္ရေသးတာ '

"ဟာ့...အင္းးး..."

လုဖုန္းသာ စကားေျပာနိုင္ခဲ့လွ်င္ ရွန့္မင္ေအာ္အား 'သည္ေလာက္ထိၾကမ္းတမ္းဖို႔မလိုေၾကာင္း ၊ ဤသို႔ေသာ္အရာမ်ားကို မိမိဘာသာလုပ္နိုင္ေၾကာင္း' ေသခ်ာေပါက္ ေျပာမိေပလိမ့္မည္ ။
ထို႔ေနာက္ မိမိကိုယ္တိုင္ပင္ ဆြဲခြၽတ္ကာ ရွန့္မင္ေအာ္၏လိုအပ္ခ်က္ႏွင့္ ပူးေပါင္းေဆာင္႐ြက္ရန္ စိတ္ရွည္ရွည္ျဖင့္ လွဲေလ်ာင္းေနလိုက္မည္ ။ ရွန့္မင္ေအာ္အေနျဖင့္ ဤသို႔ေသာအရာအားလုံးကို လုပ္ဖို႔ရန္မလိုအပ္ေပ ။

သို႔ေသာ္  လုဖုန္းစကား​မေျပာနိုင္ ။ ထို႔ျပင္ အစပထမမွစ၍ အျခားေသာျဖစ္နိုင္ေခ်အားလုံးကို ရွင္းထုတ္ပစ္ရန္ ရွန့္မင္ေအာ္က ေသခ်ာလုပ္ေဆာင္ထားခဲ့သည္ျဖစ္ရာ ႏွစ္ဦးႏွစ္ဖက္သေဘာတူညီေနေသာအရာသည္ ယခုေတာ့ အဓမၼက်င့္သည့္ပုံစံျဖစ္ေနေတာ့၏ ။

အေနာက္ဘက္မွ ရွန့္မင္ေအာ္၏ပူျပင္းလွေသာ ခႏၶာကိုယ္ကို လုဖုန္းခံစားမိသည္ ။ ရွန့္မင္ေအာ္ကား ျဖစ္စဥ္တစ္ခုလုံး စကားတစ္ခြန္းမဟပါဘဲ တိတ္တိတ္ဆိတ္ဆိတ္ပင္ လုဖုန္း၏ေက်ာဘက္ကို သူ၏ခႏၶာကိုယ္ျဖင့္ ဖိထားလ်က္ ။ ထို႔ေနာက္ လုဖုန္း၏နား႐ြက္ကိုကိုက္ကာ တစ္ခ်ိန္တည္းမွာပင္ လက္ကိုေလွ်ာဆင္းလ်က္ လုဖုန္း၏ ေအာက္ဘက္ရွိခႏၶာကိုယ္အစိတ္အပိုင္းကို ဆုပ္ကိုင္ကာ ၾကမ္းၾကမ္းတမ္းတမ္း စတင္ပြတ္တိုက္ေတာ့သည္ ။

အစပထမ၌ လုဖုန္း၌ ရွန့္မင္ေအာ္အားခုခံရန္ အားအင္က်န္ေနေသး၏ ။ သို႔ေသာ္ ထိုလႈပ္ရွားမႈကိုစတင္ၿပီးေနာက္ဝယ္ လုဖုန္းအေနျဖင့္ လုံးလုံးအားကိုးရာမဲ့ျဖစ္သြားေတာ့သည္ ။ ေနာက္ထပ္တစ္ႀကိမ္ ဦးေခါင္းက ေခါင္းအုံးထက္က်သြားျခင္းႏွင့္အတူ ခႏၶာကိုယ္တစ္ခုလုံးမွာ ေမွ်ာ္လင့္ေစာင့္စားျခင္းမ်ားျဖင့္တုန္ယင္လ်က္ ။

ပထမအႀကိမ္ ျဖစ္ပ်က္စဥ္အခါက သူတို႔ႏွစ္ေယာက္လုံး ကလပ္တြင္ရွိေနခဲ့ၾကၿပီး လုဖုန္းခံစားရသည္ဟူ၍ ေဒါသထြက္ျခင္းသာရွိခဲ့သည္ ။ အဘယ္ေၾကာင့္ဆိုေသာ္ မိမိ၏အေနာက္ဘက္မွလူပုဂၢိဳလ္က ရွန့္မင္ေအာ္မွန္း သတိမမူခဲ့မိျခင္းေၾကာင့္သာ ။ ထိုအျဖစ္အပ်က္တစ္ခုလုံးကား အႂကြင္းမဲ့အရွက္တကြဲအက်ိဳးနည္းျခင္းမ်ိဳးသာျဖစ္ၿပီး ေပ်ာ္႐ႊင္ေမြ႕ေလ်ာ္ဖြယ္ရာ ဘာမွမရွိခဲ့ ။ သို႔ေသာ္ ယခုတစ္ႀကိမ္ေတာ့ အရာရာ ကြဲျပားျခားနားေနခဲ့၏  ။ ဤလူက ရွန့္မင္ေအာ္မွန္း လုဖုန္းသိေနခဲ့ၿပီ ။ မိမိကို ထိေတြ႕ေနေသာသူ ၊ မိမိကို ကိုက္ခဲေနေသာသူ ၊ မိမိကို အတိသုခခ်မ္းေျမ့ဖြယ္ရာေပးေနသူကား ရွန့္မင္ေအာ္ပင္ျဖစ္ေလသည္ ။

ယခုလက္ရွိ ျဖစ္ပ်က္ေနေသာအရာကို အခ်ိန္အေတာ္ၾကာ လုဖုန္းေမွ်ာ္လင့္ေတာင့္တေနရျခင္း၏ရည္႐ြယ္ခ်က္ဟုဆိုလွ်င္ ပုံႀကီးခ်ဲ့ျခင္းျဖစ္ေပလိမ့္မည္ ။ သို႔ေသာ္ ဤအရာကို လုဖုန္းစိတ္ထဲ သိမ္းထား႐ုံေလာက္မွ်သာဟု ေဖာ္ျပျပန္လွ်င္လည္း ေလွ်ာ့ေပါ့ေျပာရာက်ေပလိမ့္မည္ ။ ရွန့္မင္ေအာ္ပါဝင္ေသာအေတြးတစ္ခုခ်င္းစီတိုင္းက လုဖုန္းအား ရွန့္မင္ေအာ္ကို ဆယ္ဆပို၍ေတာင့္တေစၿပီး လုဖုန္းစိတ္ထဲတြင္ ေနရာယူထားေသာအရာဟူ၍ ရွန့္မင္ေအာ္မွလြဲ အျခားမရွိေတာ့ ။ ရွန့္မင္ေအာ္၏လက္ေခ်ာင္းမ်ားက မိမိကိုတြယ္ခ်ိတ္လာလွ်င္ သူ႕လက္ဖဝါးမ်ားထံမွ လုဖုန္း႐ုန္းထြက္နိုင္လိမ့္မည္မဟုတ္ ၊ အကယ္၍ ရွန့္မင္ေအာ္က မိမိအားၿပဳံးျပလာလွ်င္ လုဖုန္းအေနျဖင့္ ရွန့္မင္ေအာ္အတြက္ အရာရာ လုပ္ေပးမိလိမ့္မည္ ။

ပါးစပ္ထဲရွိအရာကို ျပင္းျပင္းထန္ထန္ကိုက္ခဲထားျခင္းႏွင့္အတူ လုဖုန္း၏ခႏၶာကိုယ္က ေခတၱမွ် ေတာင့္ခနဲျဖစ္သြားၿပီးေနာက္ ထိုအရာမ်ားက ရွန့္မင္ေအာ္၏လက္ေပၚဖိတ္စင္ကုန္၏ ။

Fkk ! လုဖုန္း အတြင္းႀကိတ္၍ ဆဲေရးမိသည္ ။ မိမိ၏မ်က္ႏွာမွာလည္း အတန္ငယ္ ပူေလာင္ေနလ်က္ ။ ပုံမွန္အားျဖင့္ ထိုအရာသည္  သည္ေလာက္ျမန္ျမန္  ျဖစ္ပ်က္ေလ့မရွိ ။ 'လုပ္ေဆာင္ေနသူက ရွန့္မင္ေအာ္'ဆိုသည့္အခ်က္ကို သိေန၍သာ လုဖုန္းမထိန္းနိုင္ခဲ့ျခင္း ။ ဘာမွမျဖစ္ခဲ့ဟု စိတ္ထဲထည့္ထားလွ်င္ေတာင္မွ ၊  ရွန့္မင္ေအာ္က မိမိအား တစ္ခ်က္ကေလးလွည့္ၾကည့္လွ်င္ေတာင္မွ ထိုအရာမ်ားက  မိမိ၏အူထဲကလီစာထဲမွ အလိုအေလ်ာက္တုံ႕ျပန္မႈကို ႏွိုးဆြေနခဲ့ၿပီးျဖစ္ေလသည္ ။ ရွန့္မင္ေအာ္၏အဝတ္အစား ၊ ရွန့္မင္ေအာ္၏လက္ကိုင္ပဝါ ၊ ထိုထိုေသာအရာအားလုံးသည္ မိမိအတြက္ တဏွာရာဂႏြံထဲ ကိုယ္တိုင္ခုန္ဆင္းေစေလာက္သည့္ အရာမ်ားပင္ ။

လုဖုန္း၏ခႏၶာကိုယ္တစ္ခုလုံး ေပ်ာ့ေပ်ာင္းလာခဲ့၏ ။ တစ္ကိုယ္လုံးရွိ ေခြၽးေပါက္မ်ားမွာ ပြင့္ထြက္ကုန္ၿပီး ယခုလက္ရွိ ၎တို႔အေနျဖင့္ မည္မွ်ခံစားလို႔​ေကာင္းေၾကာင္း သံၿပိဳင္ေအာ္ဟစ္ေနသကဲ့သို႔ပင္ ။ မညီညာၾကမ္းတမ္းေသာအသက္ရႉသံအခ်ိဳ႕က လုဖုန္းေဘးနားဆီမွ ထြက္ေပၚလာခဲ့ၿပီး တစ္စုံတစ္ရာက လုဖုန္းနား႐ြက္အား ကိုက္ခဲလိုက္ျခင္း၏နာက်င္မႈက လုဖုန္းကို အလန့္တၾကားျဖစ္ေစေလ၏ ။

"နာလား ?"

ေနာက္ဆုံးေတာ့ ရွန့္မင္ေအာ္ စကားေျပာလာခဲ့ေခ်ၿပီ ။ ရွန့္မင္ေအာ္၏အသံက လုဖုန္းနား႐ြက္ေဘးမွထြက္ေပၚလာၿပီးလွ်င္ သူရႉသြင္း၊ ရႉထုတ္လိုက္ေသာအသက္ရႈျခင္းတစ္ခ်က္စီတိုင္းက လုဖုန္းနားထဲ တိုးဝင္လာသည္ ။ နားထဲရွိ အထိမခံေသာေမြးညင္းမ်ားက ထိုအရာ၏လႈပ္ႏွိုးျခင္းကိုခံလိုက္ရကာ တဆစ္ဆစ္ခံစားခ်က္ႏွင့္အတူ ယားယံမႈတို႔ျဖစ္ေပၚလာၿပီး ေနာက္ထပ္တစ္ႀကိမ္ ထိန္းမနိုင္သိမ္းမရေအာင္ တုန္ယင္လာေစ၏ ။

"ၾကည့္စမ္း ၊ မင္းေနာက္တစ္ေခါက္ ထပ္ျဖစ္ျပန္ၿပီ "

ရွန့္မင္ေအာ္မူးေနသလား ၊ သို႔တည္းမဟုတ္ ပုံမွန္အတိုင္းရွိေနေသးသည္လား လုဖုန္းမေျပာနိုင္ ။ လုဖုန္းသိသည္ဟူ၍ ရွန့္မင္ေအာ္၏အသံက သာမန္ထက္ ပိုေအာသလိုျဖစ္ေနၿပီး ေႏွးေကြးစြာထြက္လာေသာစကားလုံးမ်ားကလည္း ေလးတိေလးတြဲ႕ေျပာေနဟန္ႏွင့္ ပိုတူေန၏ ။ ထိုအေသးစိတ္အခ်က္ကေလးမ်ားမွလြဲ၍ လုဖုန္း မသိနိုင္၊ ရွန့္မင္ေအာ္၏မ်က္ႏွာအမူအရာကို မျမင္နိုင္သည္ျဖစ္ရာ ယခုလက္ရွိ ရွန့္မင္ေအာ္၏အေျခအေနကိုခြဲဲျခားသိျမင္ဖို႔ရန္ လုဖုန္းအတြက္ ခက္ခဲလွ၏ ။

"မင္းက ကိုယ္က်င့္သိကၡာမရွိတဲ့ျပည့္တန္ဆာလိုပဲဆိုတာ တစ္ျခားလူေတြေရာ သိရဲ႕လား ?"

လုဖုန္း အံ့အားသင့္သြားခဲ့၏ ။ မိမိတစ္ကိုယ္လုံးကို ဖုံးလႊမ္းထားေသာေခြၽးမ်ားအလယ္ ၊ အခန္းတြင္း ေလျပတ္ေတာက္မႈ၏အက်ိဳးဆက္ျဖစ္သည့္ မြန္းၾကပ္မႈအလယ္ ၊ ႐ုတ္ခ်ည္းပင္ လုဖုန္းစိတ္ထဲ ေမးခြန္းမ်ားျဖင့္ ျပည့္ႏွက္သြားခဲ့၏ ။

တျခားလူေတြ ? ဘာတျခားလူေတြလဲ ?

ဤသည္ကား သက္သက္ အသေရဖ်က္ျခင္း ။

ရွန့္မင္ေအာ္သာ သတၱိရွိေနလွ်င္ မိမိအား အရင္ဦးစြာလႊတ္ေပးလိုက္သင့္သည္ ။ လုဖုန္းအေနျဖင့္  စပ္ယွက္ျခင္းကိစၥမ်ားတြင္ မည္မွ်ေလာက္ထိ ကိုယ္က်င့္သိကၡာကင္းမဲ့နိုင္ေၾကာင္း ရွန့္မင္ေအာ္အား ျပသလိုက္မည္ ။

ၿပီးေျမာက္ျခင္း၏ ေနာက္ဆက္တြဲက မျပယ္လြင့္မေပ်ာက္ကြယ္ေသးသည့္တိုင္ ရွန့္မင္ေအာ္ကား လုဖုန္း၏ကန့္ကြက္မႈကို ေစာင့္ဆိုင္းမေနေတာ့ ။
ရွန့္မင္ေအာ္၏ ရွည္လ်ားေသာလက္ေခ်ာင္းမ်ားက ညင္သာမေနခဲ့ ။ လုဖုန္း၏ကိုယ္တြင္းသို႔ ဝင္ခ်ည္ထြက္ခ်ည္လုပ္ေဆာင္ေနခဲ့ၿပီး လုဖုန္း၏ေပါင္တံတို႔မွာ ေစးကပ္ေသာအရည္တို႔ျဖင့္ ေပပြေနေလ၏ ။

မီးေရာင္ေရးေရးသာထင္ဟပ္ေနေသာ ဤေနရာဝယ္ လုဖုန္း၏ႏႈတ္ခမ္းဖ်ားမွထြက္လာသည့္ ညည္းသံမွလြဲ ၊ အျခားအသံဟူ၍ လူတိုင္း၏မ်က္ႏွာကို အနီေရာင္ေျပာင္းသြားေစနိုင္ေသာ ခပ္ေခ်ာ္ေခ်ာ္အရည္တို႔၏အခ်င္းခ်င္းထိခတ္သံသာ ရွိေပသည္ ။

"အင္း....အြန္း...."

လုဖုန္း ဦးေခါင္းႏွင့္လည္ပင္းတို႔ကို အေပၚသို႔ေမာ့လိုက္ၿပီးေနာက္ မိမိ၏ေက်ာဘက္က ခုံးႂကြလာၿပီးလွ်င္ ခါးေနရာတစ္ဝိုက္မွလည္း စတင္တုန္ခါလာေတာ့၏ ။ မိမိ၏အေနာက္ဘက္၌ ရွန့္မင္ေအာ္၏လက္ေခ်ာင္းမ်ားကိုထိန္းညွပ္ထားခဲ့ၿပီး ေနာက္တစ္ႀကိမ္ ၿပီးေျမာက္ျခင္းဆီသို႔ ။

သည္တစ္ႀကိမ္ အထိအေတြ႕က ပိုလို႔ပင္ျပင္းထန္လြန္းလွသကဲ့သို႔ လုဖုန္းကိုပါ သတိလက္လြတ္ျဖစ္သြားေစသည္ ။ အသိစိတ္တစ္ခုလုံး ဗလာျဖစ္ကာ ခႏၶာကိုယ္ကလည္း ျပတ္ေတာင္းျပတ္ေတာင္းေပါက္ထြက္မႈမ်ားေၾကာင့္ အားကိုးရာမဲ့စြာ တုန္ယင္လ်က္ ။ ႏႈတ္ခမ္းေထာင့္မ်ားဆီမွ စီးက်သြားေသာသားရည္တို႔ကလည္း ​ေက်ာဘက္ရွိ ေခြၽးသီးေခြၽးေပါက္တို႔ဆီ ေရာေႏွာစီးဝင္ကာ ပိုလို႔ပင္ ေပပြျခင္းကိုျဖစ္ေစေတာ့၏ ။

ဤသို႔ႏွင့္ပင္ ၊ အားအင္အလုံးစုံသည္ လုဖုန္းခႏၶာကိုယ္ဆီမွ ထြက္ခြာသြားေလေတာ့သည္ ။ လုဖုန္း၏ခႏၶာကိုယ္က ပို၍ေပ်ာ့ေျပာင္းကာ ျပဳတ္က်လဳဆဲဆဲမွာပင္ လက္တစ္ဖက္က လုဖုန္း၏ခါးကိုမေပးထားခဲ့ၿပီး လက္ေခ်ာင္းကမူ တယုတယပြတ္သပ္လ်က္ ။ ၎တို႔၏လႈပ္ရွားမႈမ်ားအတြင္း အသုံးျပဳခဲ့သည့္ မည္သို႔ေသာအားအင္ကိုမဆို မခြၽင္းခ်န္ထားခဲ့ေပ ။

နာက်င္မႈကား သာယာမႈတို႔ႏွင့္ေရာႁပြမ္းလ်က္ ၊ လုဖုန္း၏ အထိမခံနိုင္ေသာေနရာမ်ားအားလုံးမွာ ရွန့္မင္ေအာ္၏လက္ဖဝါးမ်ားထဲတြင္ ခ်ဳပ္ကိုင္ျခင္းခံထားရ၏ ။ မသိစိတ္၏ေစ့ေဆာ္မႈအရ ရွန့္မင္ေအာ္ထံမွ ဖယ္ခြာခ်င္စိတ္ျဖစ္ေပၚၿပီး မၾကာခင္မွာပင္ တစ္စုံတစ္ခုက ေဖာက္ထြင္းဝင္ေရာက္လာသည္ကို လုဖုန္းခံစားလိုက္ရေတာ့၏။

ခႏၶာကိုယ္တြင္းရွိႂကြက္သားမ်ားအားလုံး တစ္မုဟုတ္ခ်င္းပင္ ေတာင့္ခနဲျဖစ္ကုန္သည္ ။ မိမိ၏အသက္ဝိဉာဥ္ကို အလဲထိုးလုနီးပါးျဖစ္ေနေသာ ျပႆနာ၏အႀကီးဆုံးအစိတ္အပိုင္းႏွင့္ ႏွိုင္းယွဥ္ရေသာ္ ခါးတစ္ဝိုက္ရွိ သာယာမႈႏွင့္နာက်င္မႈက ေသးငယ္လွ၏ ။

လုဖုန္း အသိစိတ္ဝင္လာေအာင္ပင္ ရွန့္မင္ေအာ္ကမေစာင့္ဘဲ င႐ုတ္ဆုံတစ္ခု၏ င႐ုတ္က်ည္ေပြ႕တစ္ခုႏွယ္ျဖစ္လာေတာ့သည္ ။ ထိုအရာတည္ရွိေနရျခင္း၏အေၾကာင္းအရင္းကား ျပင္းျပင္းထန္ထန္ ဝင္ေဆာင့္ကာ အရာအားလုံးကိုေခ်မြဖ်က္ဆီးရန္ပင္ ။

တစ္ကိုယ္လုံးေလာင္ကြၽမ္းေနရသကဲ့သို႔ လုဖုန္းခံစားလာရၿပီး အျမင္မ်ားလည္း ေဝဝါးလာကာ မိမိ၏ခႏၶာကိုယ္မွာလည္း ထိန္းခ်ဳပ္နိုင္စြမ္းကိုေက်ာ္လြန္၍ ေရွ႕ေနာက္ယိမ္းယိုင္လ်က္ ။ နက္ကတိုင္က ပါးစပ္ထဲတြင္ အဝတ္စတစ္ခုကိုဆို႔ထားသကဲ့သို႔ျဖစ္ေနေသာ္ျငား လုဖုန္း၏လည္ေခ်ာင္းထဲမွ ေအာ္သံမ်ားကိုမူ မတားဆီးနိုင္ေပ ။

ယခုအခ်ိန္ ရွန့္မင္ေအာ္ကသာ ထိုနက္ကတိုင္ကို ဖယ္ထုတ္ေပးလိုက္လွ်င္ လုဖုန္း၏ေအာ္သံမ်ားက အိမ္ေခါင္မိုးကို လြင့္ထြက္သြားေစနိုင္ေလာက္သည္ ။

ၾကမ္းတမ္းေသာ စည္းခ်က္မွန္မွန္လႈပ္ရွားမႈမ်ားၾကားဝယ္ ၊ လုဖုန္း၏ေျခေခ်ာင္းထိပ္ဖ်ားေလးမ်ားမွာမူ အိပ္ရာခင္းကို တြန္းကန္ေနခဲ့၏ ။ ထို႔ေနာက္ မိမိ၏ခါးကို အတန္ငယ္လွည့္ကာ ရွန့္မင္ေအာ္၏လႈပ္ရွားမႈမ်ားကိုဆန့္က်င္၍  ေဘးသို႔လႊဲဖယ္ရန္ လုဖုန္းစတင္ႀကိဳးပမ္းေတာ့သည္ ။ အေၾကာင္းအရင္းကား ရွန့္မင္ေအာ္၏ၾကမ္းၾကဳတ္ရက္စက္လွေသာ တိုက္ခိုက္မႈမ်ားကို မကိုင္တြယ္နိုင္ေသာေၾကာင့္ပင္ ။

ထိုအျပဳအမူက ရွန့္မင္ေအာ္အား အလြန္တရာပင္ေဒါသထြက္ေစသည္ ။ လုဖုန္း၏ခါးကိုညွပ္ကိုင္ထားေသာ လက္ေခ်ာင္းမ်ားက ပို၍တင္းက်ပ္လာၿပီးလွ်င္ လုဖုန္း၏နား,နားကပ္ကာ သူတစ္ပါးအားတိုက္ခိုက္လိုဟန္ရွိေသာ အသံအေနအထားျဖင့္ ရွန့္မင္ေအာ္ကေျပာလာခဲ့၏။

"မေရွာင္နဲ႕ "

ထိုသို႔ေျပာၿပီးၿပီးခ်င္းပင္ ရွန့္မင္ေအာ္က လုဖုန္း၏ လည္ပင္းေနာက္ဘက္ကို လ်င္ေသာအရွိန္ျဖင့္ ကိုက္လာျပန္၏ ။

ဤကိုက္ခ်က္ကား ခုခံနိုင္စရာပင္မရွိေတာ့သည့္ ရက္စက္လွေသာအရာ ။ သားရဲတိရစာၦန္တစ္ေကာင္က ၎၏သားေကာင္ကို ဖမ္းဆီးရမိသည့္အခါ ထိုသားေကာင္က ျပန္လည္မတိုက္ခိုက္နိုင္ေတာ့သည္အထိ လည္ပင္းကိုရက္ရက္စက္စက္ ကိုက္ခဲထားၿပီးသည့္ေနာက္မွ သြားမ်ားကိုဖယ္ခြာကာ မိမိ၏အစားအစာကို တစိမ့္စိမ့္အရသာခံတတ္ျခင္းႏွင့္ပင္ အလားသ႑ာန္တူလွေပ၏ ။

နာက်င္မႈေၾကာင့္ လုဖုန္းဟစ္ေအာ္မိသည္ ။ ယခုမူ အမွန္တကယ္ ထိန္းခ်ဳပ္ခံလိုက္ရၿပီး ထပ္မံမလႈပ္ရွားနိုင္ေတာ့ ။

ခႏၶာကိုယ္ရွိ ထိေတြ႕ခံစားမႈမ်ားကား ဤစပ္ယွက္ျခင္းအမႈကိစၥတစ္ခုတည္းေၾကာင့္သာ အထြတ္အထိပ္ဆီလွမ္းတက္ေရွာက္ရွိကုန္ၾကဟန္တူသည္ ။ လုဖုန္း နာက်င္မႈကိုခံစားရၿပီး တစ္ခ်ိန္တည္းမွာပင္ သာယာမႈလွိုင္းလုံးႀကီးမ်ား၏ ၾကမ္းတမ္းခက္ထန္ေသာေရစီးေၾကာင္းမ်ားေအာက္ဝယ္ နစ္မြန္းေနသကဲ့သို႔ပါ ခံစားလာရ၏ ။

လုဖုန္း၏လက္ႏွစ္ဖက္လုံးကို ထိန္းခ်ဳပ္ဟန့္ထားထားေသာလက္တို႔မွာ ေျပေလ်ာ့ေနခဲ့ၿပီျဖစ္ေသာ္ျငား မည္သည့္အခ်ိန္ကတည္းက ျဖစ္ပ်က္ခဲ့မွန္း လုဖုန္းအမွတ္မရေတာ့ ။ ယင္းအစား ထိုလက္မ်ားက လုဖုန္း၏ခါးႏွင့္ဝမ္းဗိုက္ေနရာတို႔ကို ေျပာင္းလဲဆြဲကိုင္ထားခဲ့ၿပီး မိမိတို႔ႏွစ္ေယာက္ၾကားခ်ိတ္ဆက္ထားေသာေနရာကို ပို၍နက္ရွိုင္းေစေလေတာ့သည္ ။

လုဖုန္း၏လက္ဆယ္ေခ်ာင္းလုံးမွာမူ ေအာက္ဘက္မွအိပ္ရာခင္းကို ၿမဲၿမဲၿမံၿမံ တင္းတင္းက်ပ္က်ပ္ ဆြဲဆုပ္ထားမိ၏ ။

ဘုရားေရ , သူ ဒီအိပ္ရာထက္မွာပဲ ေသရေတာ့မည္လား ?

ေသေလာက္သည္ထိ လုပ္ခံရမည္ဆိုသည္က ရယ္ဖြယ္ေကာင္းလွသည္ ။ မိမိအတြက္ျပဳလုပ္ေပးမည့္ ဝမ္းနည္းျခင္းအခမ္းအနား၌ ေဝ့ရွဲႏွင့္အျခားသူမ်ား၏ ျဖစ္ပ်က္ေနေသာ မ်က္ႏွာအမူအရာကို လုဖုန္း ေတြးပင္မေတြးနိုင္ ။ အကယ္၍ အပေလာကသာ အမွန္တကယ္ရွိေနခဲ့လွ်င္ လုဖုန္းဟူေသာမိမိသည္ကား ဤအေၾကာင္းျပခ်က္ေၾကာင့္ပင္ ဘယ္ေတာ့မဆို ေခါင္းမေမာ့နိုင္ေသာ ၊ မ်က္ႏွာမျပဝံ့ေသာသရဲတေစၦမ်ား၏အုပ္စုတြင္ ပါဝင္ေနေပလိမ့္မည္ ။

ရွန့္မင္ေအာ္၏ခါးေနရာကား စက္တပ္ဆင္ထားသကဲ့သို႔ပင္ တျဖည္းျဖည္း ပို၍ပို၍ျမန္ဆန္လာခဲ့၏ ။ ရွန့္မင္ေအာ္ တိုးဝင္လိုက္သည့္အခ်ိန္တိုင္း ျပင္းထန္နက္ရွိုင္းလ်က္ ေသသြားေတာ့မည့္အတိုင္း လုဖုန္းခံစားရေလသည္ ။

လုဖုန္း မိမိကိုယ္မိမိ ႀကံခိုင္သန္မာသည္ဟုထင္ခဲ့ေသာ္ျငား တကယ္တမ္းတြင္ မိမိသည္  မာေက်ာေသာေပ်ာ့ေပ်ာင္းေသာ ၊ တစ္ဖန္ျပန္၍တင္းမာလာေသာ ရွန့္မင္ေအာ္၏စိတ္အားထက္သန္မႈမ်ားအတြက္ လိုက္ဖက္ညီလွေသာအရာမဟုတ္ေပ ။ အတန္ငယ္ၾကာလာေသာအခါ လုဖုန္း ထပ္၍သည္းမခံနိုင္ေတာ့ ။ ထို႔ေၾကာင့္ လက္တစ္ဖက္ျဖင့္ ေအာက္မွအိပ္ရာခင္းကို လက္တစ္ဖက္ျဖင့္ က်စ္က်စ္ဆုပ္ထားကာ က်န္လက္တစ္ဖက္ကို ေနာက္သို႔ျပန္၍ ရွန့္မင္ေအာ္၏ဝမ္းဗိုက္ကို တြန္းထားမိသည္ ။ ဤစည္းခ်က္ကိုဟ ေျဖေလွ်ာ့ေပးရန္ ၊ အလြန္မၾကမ္းတမ္းရန္ ေမွ်ာ္လင့္ခ်က္တို႔ျဖင့္ ။

ရွန့္မင္ေအာ္၏ဝမ္းဗိုက္ကို ထိေတြ႕မိျခင္းကား လုဖုန္းအတြက္ ပထမဆုံးအႀကိမ္ေပ ။ ယခုလက္ရွိ ရွန့္မင္ေအာ္က ဝမ္းဗိုက္ပိုင္းမွေန၍ အားစိုက္ထုတ္ေနသည္ျဖစ္ရာ ႂကြက္သားမ်ားမွာ ေတာင့္တင္းေနခဲ့ၿပီး ေက်ာက္တုံးကဲ့သို႔ မာေၾကာေနခဲ့သည္ ။

လုဖုန္း၏ဟန့္တာျခင္းေနာက္ဝယ္ ရွန့္မင္ေအာ္က ေခတၱမွ်ရပ္ဆိုင္းကာ လုဖုန္းအား အသက္ရႉခ်ိန္ေပးလာခဲ့၏ ။ သို႔ေသာ္ လုဖုန္းတစ္ေယာက္ ထိုနားခ်ိန္ေလးအေပၚ ဝမ္းေျမာက္ဝမ္းသာျဖစ္ဖို႔ရန္ အခ်ိန္မရလိုက္ခင္မွာပင္ ရွန့္မင္ေအာ္က ပိုမိုျပင္းထန္ေသာတိုက္ခိုက္မႈကို ျပန္လည္စတင္လာကာ လုဖုန္းအား သူ၏ေပါင္ႏွစ္ဖက္ၾကားတြင္ အၿပီးအပိုင္ ဖမ္းခ်ဳပ္ထားလိုက္ေတာ့သည္ ။

လွိုင္းလုံးႀကီးမ်ားကား လုဖုန္း၏အသိဉာဏ္ကိုဖ်က္ဆီးရင္း ၊ လက္ရွိအေျခအေနႏွင့္ မသက္ဆိုင္ေသာအေတြးအားလုံးကို အနိုင္ပိုင္းေခ်မႈန္းရင္း အားမာန္အျပည့္ျဖင့္ ေရာက္ရွိလာျပန္သည္ ။ ယခုလက္ရွိ လုဖုန္း ခံစားလို႔ရသည္ဟူ၍ ေခါင္းထိပ္ဖ်ားထိတိုင္ အလုံးအရင္းလွိမ့္တက္လာေသာ အပူလွိုင္းမ်ားသာ ။ ထို႔ေနာက္ မၾကာလိုက္ေသာအခ်ိန္မွာပင္ အထြတ္အထိပ္ေရာက္ရွိျခင္းႏွင့္အတူ လုဖုန္း၏ခႏၶာကိုယ္ကလည္း တုန္ခါသြားခဲ့ေတာ့၏ ။

လုဖုန္း၏ ေပါင္တံႂကြက္သားတို႔မွာ က်ဳံ႕လာခဲ့ၿပီး ႏွစ္ေယာက္သားခ်ိတ္ဆက္ထားသည့္ေနရာ၌လည္း တသိမ့္သိမ့္လႈပ္ရွားမႈတို႔ ျဖစ္ေပၚလာသည္ ။

ရွန့္မင္ေအာ္ကား ညည္းၫူသံတစ္ခ်က္ထုတ္လႊတ္လိုက္ၿပီးေနာက္ လုဖုန္း၏ဇက္ပိုးကိုကိုင္ထားျခင္းမွ လႊတ္ေပးလိုက္၏ ။ ထို႔ေနာက္ ခ်က္ခ်င္းပင္ ကိုယ္တြင္းသို႔ ခပ္ေႏြးေႏြးအရည္တို႔စိမ့္ဝင္လာသည္ကို လုဖုန္းခံစားလိုက္ရကာ မရင္းႏွီးေသာအထိအေတြ႕ခံစားခ်က္တို႔က ခႏၶာကိုယ္တစ္ေလွ်ာက္ တလွပ္လွပ္ခံစားခ်က္တို႔ကိုပါ ႏွိုးဆြေလ၏ ။

ရွန့္မင္ေအာ္ကမူ ခ်က္ခ်င္း ဆုတ္ခြာသြားျခင္းမ်ိဳးမရွိ ။ ကိုယ္ကိုမတ္လိုက္ကာ လုဖုန္း၏တုံ႕ျပန္မႈကို ေစာင့္ၾကည့္ေနသကဲ့သို႔ ေခတၱမွ်ရပ္တန့္ေနခဲ့၏ ။

လုဖုန္း၏ခႏၶာကိုယ္ မည္သည့္ေနရာတြင္မွ အားအင္မက်န္ေတာ့ ။ စိတ္ပိုင္းဆိုင္ရာပင္ျဖစ္ေစ ၊ ခႏၶာကိုယ္ပိုင္းဆိုင္ရာပင္ျဖစ္ေစ ၊ ႏွစ္ခုစလုံး အမႈန့္ျဖစ္ေအာင္ ေျခမြျခင္းခံထားရေလၿပီ ။ လက္ေခ်ာင္းတစ္ေခ်ာင္းေ႐ႊ႕မဖို႔ ႀကိဳးပမ္းလွ်င္ေတာင္ ပင္ပန္းနိုင္ေလာက္သည့္ ႏြမ္းလ်မႈမ်ိဳးပင္။

႐ုတ္တရက္ပင္ လုဖုန္း၏​ေက်ာေနာက္ဘက္ကား အမိန့္နာခံတတ္ေသာအိမ္ေမြးတိရစာၦန္ငယ္တစ္ေကာင္အား ပြတ္သပ္ေပးေနသကဲ့သို႔ လက္ဖဝါးႀကီးႀကီးတစ္ခု၏ အထက္မွေအာက္ဆီသို႔ ညင္ညင္သာသာပြတ္သပ္ျခင္းခံလိုက္ရ၏ ။ ရွန့္မင္ေအာ္က မိမိ၏ေနာက္ေက်ာဘက္အား ဤကဲ့သို႔ထိေတြ႕ရျခင္းကို အထူးႏွစ္သက္ပုံရသည္ ။  လုဖုန္း ျပန္လည္စဥ္းစားၾကည့္မိေသာ္ ယခင္တစ္ေခါက္ကလည္း ရွန့္မင္ေအာ္တစ္ေယာက္ တူညီေသာအရာကို လုပ္ခဲ့သည္ပင္ ။

လုဖုန္းတစ္ကိုယ္လုံး ေခြၽးတို႔ျဖင့္႐ႊဲ႐ႊဲစိုေနခဲ့ၿပီး အသက္ရႉသံကလည္း ေရးေရးမွ်သာ ။ ခႏၶာကိုယ္အေပၚပိုင္းကား အထိမခံျဖစ္လြန္းကာ အေသးငယ္ဆုံးေသာထိေတြ႕မႈေလးကပင္ အဆုံးစြန္ေသာတုံ႕ျပန္မႈကို မီးစပ်ိဳးေပလိမ့္မည္ ။

"ဝူး...အာ့" (မလုပ္နဲ႕ )

ရွန့္မင္ေအာ္၏လက္ဖဝါးက လုဖုန္းခႏၶာကိုယ္၏ ေအာက္မွအေပၚသို႔ တ႐ြတ္တိုက္ပြတ္ဆြဲၿပီးေနာက္ လုဖုန္း၏လည္ပင္းထက္ လက္ကိုဖိထားခဲ့၏ ။

အေနာက္ဘက္မွထြက္ေပၚလာေသာ ရွန့္မင္ေအာ္၏အသံက ေအးေဆးတညိၿငိမ္လ်က္

"မင္းရဲ႕ အေတြးအျမင္ေတြကို ထုတ္မေျပာရဘူး ....ဘယ္ဟာကိုမွ သတိလက္လြတ္မထိရဘူး...ကန့္ကြက္တာမ်ိဳး မလုပ္ရဘူး..."

မိမိတို႔ႏွစ္ေယာက္ၾကားရွိ သေဘာတူညီခ်က္ကို​ တစ္ခါေျပာၿပီးတိုင္း ရွန့္မင္ေအာ္က ေနာက္တစ္ႀကိမ္ ထပ္မံတိုးဝင္ဆဲ ၊ လုဖုန္း၏ခႏၶာကိုယ္ကိုေဖာက္ထြင္းေနေသာ ထိုအစိတ္အပိိုင္းကလည္း ပို၍မာေက်ာလာဆဲပင္ ။

မိနစ္အနည္းငယ္ပင္ ၾကာေသးသည္ကို ရွန့္မင္ေအာ္က ေနာက္တစ္ႀကိမ္ ထပ္မံစတင္ဦးမည္တဲ့လား ?

ရွန့္မင္ေအာ္ေသာက္ခဲ့သည္က အယ္လ္ကိုေဟာမဟုတ္ေလာက္ ၊ Viagra သာျဖစ္ေလာက္သည္ ။

[Viagra - ေယာက္်ားေလးမ်ားအား စိတ္ႂကြေစရန္ကူညီေပးေသာေဆးတစ္မ်ိဳး ]

လုဖုန္း ရွန့္မင္ေအာ္အား တိတ္တဆိတ္ပင္ ဆဲေရးတိုင္းထြာမိသည့္တိုင္ ရွန့္မင္ေအာ္၏ၫႊန္ၾကားခ်က္မ်ားကို နာခံေနဆဲ ၊ ရွန့္မင္ေအာ္၏လိုအင္ဆႏၵမ်ားကို က်ိဳးႏြံစြာလက္ခံေနဆဲ ၊ ေနာက္တစ္ႀကိမ္ထပ္မံ၍ လိုအင္ဆႏၵကိုေက်ာ္လႊားျခင္းလမ္းေၾကာင္းထက္၌ ရွန့္မင္ေအာ္ေနာက္မွ လိုက္ေနမိဆဲပင္ ။

တစ္ညလုံး ဝမ္းသာပီတျဖစ္မႈမ်ားၾကား ကုန္ဆုံးခဲ့ရၿပီး သာယာမႈတို႔ျဖင့္ လႊမ္းမိုးခံထားရသကဲ့သို႔ လုဖုန္းခံစားရသည္ ။ ရွန့္မင္ေအာ္ကား ရက္အေတာ္ၾကာ အငတ္ထားခံရေသာ သားရဲတိရစာၦန္ကဲ့သို႔ပင္ လုဖုန္း၏ခႏၶာကိုယ္အား အဆုံးစြန္ထိ အရသာခံေလ၏ ။ လုဖုန္းခႏၶာကိုယ္၏ ေနာက္ဆုံးေသာအရိုးတစ္ေခ်ာင္းကိုေတာင္ မဝါးၿမိဳရလွ်င္ ၊ ရွန့္မင္ေအာ္၏ သမုဒၶရာကဲ့သို႔နက္ရွိုင္းလွေသာအလိုဆႏၵမ်ားကို ျဖည့္ဆည္းနိုင္လိမ့္မည္မဟုတ္ ။

ေနာက္ပိုင္း အခ်ိန္ၾကာလာခ်ိန္ ၊ လုဖုန္း၏ပင္ပန္းႏြယ္နယ္မႈတို႔က အလြန္တရာျမင့္တက္လာခ်ိန္ဝယ္ လုဖုန္း ဆက္လက္၍မနိုးၾကားနိုင္ေတာ့ဘဲ ထိုလုပ္ေဆာင္မႈ၏လမ္းတစ္ဝက္မွာပင္ သတိလစ္ေမ့ေျမာသြားရေတာ့သည္ ။

လုဖုန္း ျပန္နိုးလာခ်ိန္ဝယ္  အိပ္ရာထက္၌ မိမိတစ္ေယာက္တည္းျဖစ္ေနခဲ့ၿပီး ၊ အခန္းတစ္ခန္းလုံးတြင္လည္း မိမိတစ္ေယာက္တည္းသာ ရွိေနခဲ့သည္ ။

ဖခင္ျဖစ္သူေသဆုံးသြားၿပီးကတည္းက ၊ ရွန့္မင္ေအာ္က မိမိအနားမွ တျဖည္းျဖည္းေဝးကြာသြားသည္ဟူ၍ လုဖုန္းခံစားခဲ့ရသည္ ။

ထိုခံစားခ်က္ကား အစပထမ၌ မျပင္းထန္ဘဲ မေသခ်ာမေရရာေဝဝါးဝါးသာ ။ သို႔ေသာ္ ရွန့္မင္ေအာ္ တကၠသိုလ္စတက္ခ်ိန္မွစ၍ ႐ုတ္ခ်ည္းပင္ ထိုခံစားခ်က္က လုဖုန္းအတြက္ ရွင္းလင္းျပတ္သားလာခဲ့သည္ ။

ရွန့္မင္ေအာ္က ဂုဏ္သတင္းႀကီးမားေသာေက်ာင္းတစ္ေက်ာင္း၌ တက္ေရာက္ခြင့္ရခဲ့ၿပီး ၊ ယခုမူ လူကုံတန္အသိုင္းအဝိုင္း၏ တစ္စိတ္တစ္ပိုင္းျဖစ္လာခဲ့သည္ ။ ထိုသို႔ေသာအခ်င္းအရာကား လူအမ်ားစုအတြက္ အလြန္တရာေပ်ာ္႐ႊင္ဖြယ္ေကာင္းေသာအေၾကာင္းအရာမ်ိဳးျဖစ္ေပလိမ့္မည္ ။

ရွန့္မင္ေအာ္တစ္ေယာက္ တကၠသိုလ္မွ ဝင္ခြင့္စာလႊာရရွိခ်ိန္ကား ျခစ္ျခစ္ေတာက္ပူေနေသာ ေႏြရာသီျဖစ္ၿပီး လုဖုန္းမွာ ပန္ကာေရွ႕ထိုင္ကာ ေရခဲေခ်ာင္းစားေနခဲ့ခ်ိန္ျဖစ္သည္ ။ ထိုစဥ္မွာပင္ ႐ုတ္တရက္ တံခါးဆီမွ ဘဲလ္သံထြက္ေပၚလာခဲ့၏ ။

ရွန့္မင္ေအာ္က တံခါးသြားဖြင့္လိုက္သည္ ။ တံခါးေရွ႕ရပ္ေနေသာ စာပို႔သမားက စာ႐ြက္ေပၚလက္မွတ္မထိုးၿပီးေသးခင္မွာတင္ ရွန့္မင္ေအာ္အား ဂုဏ္ျပဳစကားဆိုလာေတာ့သည္ ။

ရွန့္မင္ေအာ္က အိမ္ထဲလမ္းျပန္ေလွ်ာက္လာရင္းပင္ ပါဆယ္ထုပ္ကိုဖြင့္၏ ။ လုဖုန္း ရွန့္မင္ေအာ္နားတိုးကပ္သြားကာ စာအိတ္ေပၚရွိ တကၠသိုလ္အမည္ကို ျမင္လိုက္ရခ်ိန္ဝယ္ ႐ုတ္တရက္ထခုန္မိေတာ့သည္ ။

"အကို ၊ ဝင္ခြင့္ရသြားၿပီေပါ့ !"

"အင္း "

ရွန့္မင္ေအာ္၏မ်က္ႏွာအမူအရာက ေအးေဆးတည္ၿငိမ္ေနကာ ေပ်ာ္႐ႊင္မႈမ်ားမ်ားစားစားမရွိ ။ စာ႐ြက္ကို အၾကမ္းဖ်င္းတစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ စာအိတ္ထဲသို႔ျပန္ထည့္ကာ ရွန့္မင္ေအာ္က သူ႕အခန္းထဲသို႔ယူေဆာင္သြားေတာ့၏ ။

အခန္းထဲမွ  ျပန္ထြက္လာေသာအခါ ရွန့္မင္ေအာ္ကား ေစာေစာကအျဖစ္အပ်က္ကို လုံးလုံးလ်ားလ်ားေမ့ေလ်ာ့သြားဟန္ပင္ ။ပန္ကာမွေလေအးေအးကိုခံယူလ်က္ ဆိုဖာေပၚထိုင္ကာ
စာအုပ္လွန္ေလွာၾကည့္ျခင္းအမႈကိုသာ ဆက္လက္လုပ္ေဆာင္ေနေတာ့၏ ။ အကယ္၍ တစ္စုံတစ္ေယာက္ကသာ ေစာေစာကအျဖစ္အပ်က္ကိုမျမင္ဘဲ လက္ရွိပုံစံကိုသာ ၾကည့္မိလွ်င္ ရွန့္မင္ေအာ္တစ္ေယာက္ စာေမးပြဲက်သည္ဟုပင္ ထင္မွတ္ၾကလိမ့္မည္ ။

ခ်င္းဝမ္ၿမိဳ႕၏အေကာင္းဆုံးတကၠသိုလ္ ၊ ထိုတကၠသိုလ္၏ဂိတ္တံခါးမွဝင္ေရာက္ခြင့္ရဖို႔ရန္ လူမ်ားစြာသည္ တစ္ေယာက္ေပၚတစ္ေယာက္ နင္းေလွ်ာက္ျဖတ္ေက်ာ္ခဲ့ရ၏ ။ ဤကဲ့သို႔ အစဥ္အလာႀကီးမားလွေသာတကၠသိုလ္ဆီ ဝင္ခြင့္ရရွိခဲ့ေသာအခါ လူတိုင္းနီးပါး ထိုအေၾကာင္းအရာကို မိမိပတ္ဝန္းက်င္ရွိလူတို႔အား သိေစခ်င္ၾကသည္ ။ အလြန္တရာေပ်ာ္႐ႊင္ဖြယ္ေကာင္းသည့္အခ်င္းအရာျဖစ္ေနသည့္တိုင္ ယခု ရွန့္မင္ေအာ္ကား မေက်နပ္သည့္ပုံစံ ေပၚေနလ်က္ ။

"အကို ၊ မေပ်ာ္ဘူးလား ?"

လုဖုန္း ေရခဲေခ်ာင္းကို လွ်ာျဖင့္တစ္ခ်က္လ်က္လိုက္ရင္း ရွန့္မင္ေအာ္နားတိုးသြားကာ ေမးျမန္းလိုက္သည္ ။

"ငါက ဘာလို႔ ေပ်ာ္သင့္တာလဲ?"

ရွန့္မင္ေအာ္ကား လုဖုန္းအား တစ္ခ်က္ကေလးပင္မၾကည့္ဘဲ တုံ႕ျပန္လာခဲ့ၿပီး စာ႐ြက္ေနာက္တစ္႐ြက္ကို လွန္လိုက္၏ ။ လည္ပတ္ေနေသာပန္ကာ၏ေလမႈတ္ထုတ္မႈေၾကာင့္ စာ႐ြက္မ်ားမွာ အတန္ငယ္လန္ေနခဲ့ၿပီး စာ႐ြက္အခ်င္းခ်င္းရိုက္ခတ္သံသဲ့သဲ့ကိုၾကားေနရ၏ ။

လုဖုန္း ၾကက္ေသေသသြားကာ ေရခဲေခ်ာင္းကိုကိုက္ရင္းႏွင့္ပင္ စဥ္းစားမိေလသည္ ။

"လူေတြအမ်ားႀကီးရဲ႕ အိပ္မက္လို႔ေျပာလို႔ရတဲ့ တကၠသိုလ္ကို ဝင္ခြင့္ရခဲ့လို႔လား ....?"

"တျခားသူေတြရဲ႕အိပ္မက္နဲ႕ ငါနဲ႕ဘာဆိုင္လို႔လဲ? "

လုဖုန္း ေခတၱမွ် ဆြံ႕အသြားခဲ့ေသး၏ ။ ထိုစကားနဲ႕ပတ္သက္၍ တစ္စုံတစ္ခုမူမမွန္ေၾကာင္း လုဖုန္းစိတ္တြင္းမွ ခံစားေနမိသည့္တိုင္ တိက်ေသခ်ာေသာအေၾကာင္းအရင္းကိုမူ မရွာေဖြနိုင္ခဲ့ ။ သို႔ေသာ္ ထိုအခိုက္အတန့္ကား 'ရွန့္မင္ေအာ္သည္ မိမိႏွင့္ကြာျခားသည္ ၊ အျခားေသာ သာမာန္လူမ်ားႏွင့္ကြဲျပားျခားနားသည္' ဆိုေသာအေတြးမ်ိဳးက ၾကည္လင္ျပတ္သားစြာျဖင့္ လုဖုန္းစိတ္ထဲ ေပၚေပါက္လာခဲ့သည့္ ပထမဆုံးအႀကိမ္ျဖစ္ေပသည္ ။

အတိတ္ကို ျပန္လည္ေတြးေတာသတိရၿပီးေနာက္ ၊ 'ရွန့္မင္ေအာ္သည္ မည္သည့္အရာအေပၚတြင္မွ အားရေက်နပ္ဝမ္းသာပီတိျဖစ္ျခင္း ရွိခဲ့ပုံမေပၚ' ဟူေသာအခ်င္းအရာ ၊ 'ရွန့္မင္ေအာ္မ်က္ရည္က်ျခင္းကို တစ္ခါမွ လုဖုန္းမျမင္ေတြ႕ဖူး'ဆိုေသာအခ်င္းအရာတို႔ကို သိျမင္နားလည္လာရ၏ ။ အသက္ႀကီးလာေလေလ  ရွန့္မင္ေအာ္ႏွင့္အျခားသူမ်ားၾကား နံရံတစ္ခုျခားနားေနသည့္ပုံေပၚလာခဲ့ၿပီး  ခံစားခ်က္အလုံးစုံကိုလည္း ဖုံးကြယ္ခဲ့ေပသည္ ။

ရွန့္မင္ေအာ္သည္ လူမႈဆက္ဆံေရးဆိုင္ရာ ကြၽမ္းက်င္မႈမရွိသူတစ္ဦးမဟုတ္ခဲ့သလို ၊ တစ္ေန႕လုံး စာအုပ္မ်ားၾကား ေခါင္းႏွစ္ထားသူလည္းမဟုတ္ခဲ့ ။ သူ၏ပုံစံကား အျခားမည္သူႏွင့္မွ ရင္းႏွီးမႈမရွိခဲ့ျခင္းသာ ။ ရွန့္မင္ေအာ္၏ကိုယ္ပိုင္စကားလုံးကိုျပန္လည္အသုံးျပဳ ရေသာ္  အျခားသူ၏ကိစၥမ်ားသည္ သူႏွင့္မဆိုင္သကဲ့သို႔ ၊ သူ၏ကိစၥမ်ားကိုလည္း အျခားသူမ်ားက စိတ္ထဲထားစရာမလိုအပ္ ။

ေနာက္ပိုင္းတြင္ ရွန့္မင္ေအာ္က တကၠသိုလ္အေဆာင္တြင္ေျပာင္းေနကာ အိမ္မွထြက္ခြာသြားေတာ့၏ ။ ႏွစ္ေယာက္ၾကားမွ လက္ဆုပ္လက္ကိုင္ျပနိုင္ေသာ အကြာအေဝးက လုဖုန္း၏ 'ရွန့္မင္ေအာ္အား ဆုံးရႈံးေကာင္း ဆုံးရႈံးရနိုင္သည္'ဆိုသည့္ မေသခ်ာမေရရာေသာခံစားခ်က္မ်ားကို ပိုမိုဆိုး႐ြားလာေစကာ ၊ ထင္ရွားျပတ္သားေသာအေတြးအျမင္တို႔ကို ပုံေပၚလာေစ၏ ။

အတိတ္ကာလမ်ားတြင္ 'ရွန့္မင္ေအာ္၏ၿပိဳင္ဘက္ကင္းေသာထက္ျမက္မႈ ၊ မိမိကဲ့သို႔ သာမာန္လူတစ္ေယာက္၌မရွိေသာ အံ့မခန္းIQမ်ိဳးကို ပိုင္ဆိုင္ထားျခင္းေၾကာင့္သာ ႏွစ္ေယာက္သားၾကားေဝးကြာေနသည့္ခံစားခ်က္မ်ိဳးကိုရျခင္း' ဟူ၍ လုဖုန္းထင္မိခဲ့သည္ ။ လုဖုန္း ရွန့္မင္ေအာ္ေနာက္သို႔ မနားမေနလိုက္ကာ ႏွစ္ေယာက္သားၾကားအကြာအေဝးကိုေလွ်ာ့ခ်ပစ္ရန္ ႀကိဳးပမ္းခဲ့ဖူးသည္ ။

ရွန့္မင္ေအာ္က မိမိဆီမွအေဝးသို႔ထြက္ေျပးကာ မိမိတို႔ႏွစ္ေယာက္ၾကား သုံးမီတာအကြာအေဝးကိုျခားနားထားခဲ့လွ်င္ လုဖုန္းက ႏွစ္မီတာခြဲေသာအကြာအေဝးကို ေလွ်ာ့ခ်ဖိဳ႕ရန္ႀကိဳးပမ္းမည္ ။ လုဖုန္း၏တြယ္ကပ္မႈကို ရွန့္မင္ေအာ္ကမႀကိဳက္လွ်င္ ပို၍တြယ္ခ်ိတ္ထားရန္ လုဖုန္းဆုံးျဖတ္ခ်က္ခ်မည္ ။ မိမိဆီမွ ေဝးေဝးသို႔ထြက္ေျပးေနမည့္ရွန့္မင္ေအာ္အား မတားဆီးနိုင္ခဲ့လွ်င္ ရွန့္မင္ေအာ္ႏွင့္အနီးဆုံးလူတစ္ေယာက္ျဖစ္ဖို႔ရန္ လုဖုန္း ျပတ္ျပတ္သားသား မဆုတ္မနစ္လုပ္ေဆာင္မည္ ။

ေနာက္ပိုင္းတြင္ လုဖုန္း နားလည္လာရသည္ကား လုဖုန္း မွားယြင္းေသာနည္းလမ္းျဖင့္ေတြးေတာခဲ့မိသည္မ်ိဳး ျဖစ္ေကာင္းျဖစ္နိုင္သည္ဟူ၍ ။

လူတစ္ေယာက္က တစ္ေန႕လွ်င္ သုံးနပ္စားဖို႔လိုအပ္သကဲ့သို႔ ၊ ပန္းမ်ားသည္ မညွိုးေျခာက္သြားခင္ အလ်င္ဦးစြာ ပြင့္လန္းရမည္ျဖစ္သကဲ့သို႔ ၊ မိုး႐ြာျခင္းမတိုင္ခင္ မည္းေမွာင္ေသာတိမ္ဖုံးေကာင္းကင္တို႔ရွိတတ္သကဲ့သို႔ပင္ ။ ရွန့္မင္ေအာ္အတြက္ တကၠသိုလ္ေကာင္းေကာင္းတစ္ခုကိုဝင္ခြင့္ရျခင္း ၊ လူအမ်ားအားက်ရေသာ အလုပ္ေကာင္းေကာင္းတစ္ခုရျခင္းသည္ 'အျဖစ္အပ်က္တစ္ခု ၊ ဘဝဟူေသာခရီးရွည္တြင္ ျဖစ္ေပၚလာေသာ ျဖစ္ရပ္အခန္းစဥ္တစ္ခုမွ်သာ'  ျဖစ္ဟန္ရသည္ ။ သာမာန္လူမ်ားလုပ္ေဆာင္လိမ့္မည္ျဖစ္ေသာအရာအားလုံးကို လုပ္ေဆာင္ရင္း ျပ႒ာန္းထားေသာ အစီအစဥ္မ်ားအတိုင္း ရွန့္မင္ေအာ္က လိုက္နာေနခဲ့၏ ။ ရွန့္မင္ေအာ္ကား မွန္သည္မွားသည္ကိုခြဲျခားနိုင္သည့္တိုင္ ပိုလြန္ေသာစိတ္ခံစားမႈမ်ားကိုေတာ့ မခံစားနိုင္ေပ ။

လုဖုန္းအနားမွ ေဝးေဝးေနရန္ သူ႕ကိုယ္သူ အႀကိမ္ႀကိမ္သတိေပးေနခဲ့သကဲ့သို႔ပင္ ၊ ရွန့္မင္ေအာ္ကား ပန္းတိုင္တစ္ခုကို ခ်မွတ္ထားခဲ့ၿပီဆိုလွ်င္ လုံးဝ လ်စ္လ်ဴရႈလိမ့္မည္မဟုတ္ ။ ထိုသို႔ဆိုျခင္းထက္ လုဖုန္း၏ဝမ္းနည္းမႈေပ်ာ္႐ႊင္မႈတို႔ကို ထည့္သြင္းမစဥ္းစားဘဲ အတားအဆီးမ်ားအားလုံးကို မျဖစ္မေနရွင္းထုတ္တတ္ေသာ ေခါင္းမာသည့္ အာဇာနည္တစ္ဦးႏွင့္ ပို၍တူေလ၏ ။

သို႔ေသာ္ ရွန့္မင္ေအာ္ကိုယ္တိုင္ေျပာခဲ့သည့္ 'ငါ့နားမကပ္နဲ႕'ကဲ့သို႔ေသာ မူဝါဒမ်ားသည္ပင္လွ်င္ ထင္မွတ္ထားသကဲ့သို႔ ျဖစ္မလာခဲ့ ။ သူကိုယ္တိုင္လည္း ဤထိန္းခ်ဳပ္မႈကင္းမဲ့ေသာအျပဳအမူအတြက္ ရွင္းျပနိုင္ေလာက္မည္မဟုတ္ေပ ။

အျခားသူမ်ားအတြက္ ေပ်ာ္႐ႊင္မႈျဖစ္ေစေသာျဖစ္ရပ္မ်ားသည္ ၊ ရွန့္မင္ေအာ္အဖို႔ မေပ်ာ္႐ႊင္ရသည္မ်ိဳးလည္း ျဖစ္ေကာင္းျဖစ္နိုင္သည္ ။ အျခားသူမ်ားကိုဝမ္းနည္းေစေသာအရာမ်ားအေပၚ ရွန့္မင္ေအာ္က စိတ္မခ်မ္းေျမ့ျခင္းမ်ိဳး ခံစားရေလာက္မည္မဟုတ္ ။ လူအမ်ားကိုေဒါသထြက္ေစေသာအခ်င္းအရာတို႔သည္လည္း ရွန့္မင္ေအာ္အား ထပ္တူညီစြာ ေဒါသျဖစ္ေစနိုင္ေလာက္မည္မဟုတ္ေခ် ။

ရွန့္မင္ေအာ္၏အျပင္ပန္းသ႑ာန္ကား ေအးစက္ကာ ဂ႐ုမစိုက္လ်စ္လ်ဴရႈဟန္ေပၚေနခဲ့၏ ။ အဘယ္ေၾကာင့္ဆိုေသာ္ အမွန္တကယ္ပင္ မည္သည့္အရာကမွ ရွန့္မင္ေအာ္၏ႏွလုံးသားကို မထိခတ္နိုင္ေသာေၾကာင့္ပင္ ။ ထို႔အတူ ရွန့္မင္ေအာ္၏ပုံစံကား ၿငီးေငြ႕ပင္ပန္းဟန္လည္းေပၚေနေသး၏ ။ ဤကမာၻေလာကသည္ သူ႕အဖို႔ အလြန္ပ်င္းစရာေကာင္းကာ ၊ အသိဉာဏ္မဲ့လွၿပီး သူလိုခ်င္သည့္အရာျဖစ္ဟန္မတူ ။ ရွန့္မင္ေအာ္အေနျဖင့္ 'နာက်င္ရေသာဘဝဟူသည္ အဓိပၸာယ္မဲ့လွသည္'ဟု ယုံၾကည္ထားခဲ့ၿပီး ၊ အဘယ့္ေၾကာင့္ လူအမ်ားသည္ တစ္ႀကိမ္တစ္ခါမွ် ေပ်ာ္႐ႊင္မႈရရန္အတြက္ ကိုးႀကိမ္ကိုးခါမွ်ေသာ နာက်င္မႈကိုသည္းခံနိုင္ၾကသနည္းကိုလည္း နားမလည္နိုင္ခဲ့ ။

ရွန့္မင္ေအာ္ကား ေခါင္းထိပ္ဖ်ားမွစ၍ ေျခေခ်ာင္းထိပ္ဖ်ားထိတိုင္ အဆိုးျမင္ဝါဒီသမားတစ္ဦးျဖစ္ၿပီး ၊ ထိုအရာကိုလည္း သူကိုယ္တိုင္နားလည္သည့္ဟန္မေပၚေပ ။

လုဖုန္း နိုးလာေသာအခါ အခ်ိန္ကား ဆယ္နာရီထိုးလုနီးပါးျဖစ္ေနေခ်ၿပီ ။ လုဖုန္း အိပ္ရာမွမထခ်င္ခဲ့ ၊ သို႔ေသာ္ ျပတင္းေပါက္မွတစ္ဆင့္ဝင္လာေသာေနေရာင္ျခည္က သည္းမခံနိုင္ေလာက္ေအာင္ ပူျပင္းေနေလရာ ထပ္မံမအိပ္စက္နိုင္ေတာ့ ။

ရွန့္မင္ေအာ္ကား အခန္းထဲတြင္ရွိမေန ၊ ယေန႕သည္ ႐ုံးတက္ရက္ျဖစ္ၿပီး ရွန့္မင္ေအာ္ကအလုပ္စြဲလမ္းသူတစ္ဦးဟူသည့္အခ်က္ကိုပါ ေပါင္းထည့္လိုက္ေသာ္ အလုပ္သြားျခင္းျဖစ္မည္ဟု လုဖုန္း ခန့္မွန္းမိ၏ ။

ရွန့္မင္ေအာ္ထြက္သြားခဲ့စဥ္အခါက လုဖုန္းစိတ္ထဲ ေဝေဝဝါးဝါးခံစားခဲ့မိေသး၏ ။ သို႔ေသာ္ လုဖုန္း၌ မ်က္လုံးဖြင့္ကာ စစ္ေဆးအတည္ျပဳဖို႔ရန္ပင္ အားမရွိခဲ့ ။

ခႏၶာကိုယ္တစ္ခုလုံး ေစးကပ္ကပ္ျဖစ္ေနသည္ျဖစ္ရာ လုဖုန္း သက္ေတာင့္သက္သာမရွိသကဲ့သို႔ ခံစားလာရ၏ ။ ရွန့္မင္ေအာ္ ေရခ်ိဳးခန္းထဲသို႔ဝင္ကာ ေရခ်ိဳးၿပီးေနာက္ ခါးတြင္ တံဘက္တစ္ထည္ပတ္ေနစဥ္မွာပင္ ေဘစင္ေပၚရွိ အနက္ေရာင္ေရေမႊးပုလင္းတစ္ခုကို လုဖုန္း သတိထားမိသြား၏ ။

လုဖုန္း ထိုေရေမႊးကို ေလထုဘက္သို႔ခ်ိန္႐ြယ္ၿပီးေနာက္ ႏွစ္ႀကိမ္မွ်ျဖန္းကာ ေသေသခ်ာခ်ာ ရႉၾကည့္မိသည္ ။ လုဖုန္းယခင္ကအနံ႕ရခဲ့ဖူးေသာ သစ္ေတာဆန္ဆန္ သဘာဝဆန္ဆန္ အနံ႕မ်ိဳးႏွင့္ကြာျခားလွသည္မွာေတာ့ အမွန္ပင္ ။ အေပၚလြင္ဆုံးမွာ လက္ဖက္စိမ္းနံ႕ျဖစ္ၿပီး ေမႊးပ်ံ့သည့္ႏွင္းပန္းတစ္မ်ိဳး၏အေငြ႕အသက္တို႔ပါ ခပ္ေရးေရးပါဝင္ေနေသး၏ ။

[ဒီမွာေရးထားတဲ့ႏွင္းပန္းပ Lily of the valleyကိုေျပာတာပါ - ရနံ႕ေမႊးၿပီးေခါင္းေလာင္းပုံရွိတဲ့ အျဖဴေရာင္ပန္းေလးေတြပါ ]

ရွန့္မင္ေအာ္ႏွင့္ယွဥ္တြဲလိုက္ေသာ္ အထူးေကာင္းမြန္လွေသာ ေပါင္းစပ္မႈတစ္ခုပင္ ။ အေပၚယံမ်က္ႏွာျပင္တြင္ ရွန့္မင္ေအာ္သည္ တည္ၿငိမ္ေအးေဆးၿပီး ​အဝတ္အစားဝတ္ဆင္ရာ၌လည္း သင့္ေတာ္ေက်ာ့ရွင္းေနလိမ့္မည္ ။ သို႔ေသာ္ လူအမ်ား၏မ်က္ကြယ္တြင္မူ ၊ ရွန့္မင္ေအာ္က သင္၏လည္ပင္းကို အျခားသူမ်ားထက္ပိုေသာအားမ်ိဳးျဖင့္ ကိုက္ခဲလိမ့္မည္ ။

မိမိ၏ေဘာင္းဘီမ်ားမွာ ယမန္ေန႕ညက ခမ္းနားႀကီးက်ယ္စြာျဖင့္ စြန့္လႊတ္အနစ္နာခံခဲ့ရသည္ျဖစ္ရာ လုဖုန္းအေနျဖင့္ ရွန့္မင္ေအာ္၏အဝတ္ဗီရိုထဲမွတစ္ထည္ကို က်ပန္းေကာက္ယူၿပီး မိမိ၏အဝတ္မ်ားေနရာတြင္ အစားထိုးလိုက္ရေတာ့သည္ ။ သို႔ေသာ္ ရွန့္မင္ေအာ္က မိမိထက္အရပ္ရွည္ေနသည္ျဖစ္ရာ ေဘာင္းဘီဆိုဒ္က ကြက္တိအံဝင္ခြင္ကျဖစ္မေနခဲ့ ။ ထို႔ေၾကာင့္ ဝတ္ဆင္ၿပီးေနာက္ ႏွစ္ႀကိမ္မွ်ပင္ အေပၚသို႔ေခါက္တင္ခဲ့ရၿပီး တမုဟုတ္ခ်င္းပင္ ေဘာင္းဘီကား တန္ဖိုးေလွ်ာ့ခ်ခံလိုက္ရသည့္ပုံေပၚသြားေတာ့၏ ။

ယခုမူ လုဖုန္းတစ္ေယာက္ ေစ်းႀကီးေသာေရေမႊးတစ္ပုလင္းကို မိမိႏွင့္အတူယူေဆာင္ကာ အဝတ္အစားကိုလည္း သပ္သပ္ရပ္ရပ္ျပန္လည္ဝတ္ဆင္ထားခဲ့ေခ်ၿပီ ။ လုဖုန္း အခန္းထဲမွထြက္ထြက္ခ်င္းပင္ မ်က္ႏွာခ်င္းဆိုင္ဘက္ရွိ ေသာ့ခတ္ထားေသာအခန္းကိုေတြ႕လိုက္ရေသာအခါ ႐ုတ္တရက္ပင္ စိတ္လႈပ္ရွားလာခဲ့ေတာ့၏ ။ ဤသည္က ရွားပါးလွေသာအခြင့္အေရးတစ္ရပ္ျဖစ္ကာ လုဖုန္းအေနျဖင့္ ထိုအခန္းထဲသို႔ ေနာက္တစ္ႀကိမ္အလည္သြားခ်င္မိသည္ ။

တစ္စုံတစ္ခုကို ပထမဆုံးလုပ္ဖူးျခင္းတြင္ ႀကိဳးစားအားထုတ္မႈဟူသည္ အေတြ႕အႀကဳံမရွိျခင္းျဖင့္ ေဖာ္ျပခံရစၿမဲ ။ ဒုတိယအႀကိမ္လုပ္ေဆာင္ျခင္းျဖစ္ပါမူ ထိုအရာႏွင့္ ပို၍ရင္းႏွီးကြၽမ္းဝင္လာေပလိမ့္မည္ ။ လွ်ို႔ဝွက္နံပါတ္ကိုႏွိပ္ေနစဥ္အတြင္း လုဖုန္း၏လႈပ္ရွားမႈမ်ားမွာ ေခ်ာေမြ႕ေနခဲ့၏ ။ တံခါးပြင့္လာဖို႔ရန္ေစာင့္ေနခ်ိန္မွာပင္ မိမိ၏ဖုန္းဆီမွ နားကြဲသည္ထိျဖစ္ေလာက္ေသာအခ်က္ေပးသံကထြက္ေပၚလာခဲ့ၿပီး ယခုခ်က္ခ်င္းပင္ လက္ကိုေခါင္းေပၚတင္၍ ေဆာင့္ေၾကာင့္ထိုင္ခ်ရေလာက္ေအာင္ထိ လုဖုန္းအားထိတ္လန့္ေစလ်က္ ။

လုဖုန္း တံခါးေသာ့ဆီသို႔ ေငးေၾကာင္ေၾကာင္သာၾကည့္ေနမိရင္း ႏွလုံးသားထဲတြင္ နိမိတ္မေကာင္းေသာခံစားခ်က္တစ္ခုက လွိမ့္တက္လာခဲ့သည္ ။

ဖုန္းထဲတြင္မူ မက္ေဆ့ခ်္ႏွစ္ေစာင္ရွိေနခဲ့၏ ။ တစ္ေစာင္မွာ ရွန္းေရွာင္ရွဲထံမွျဖစ္ကာ ဒီေန႕ လုဖုန္း ဆိုင္သို႔သြားမသြား ေမးထားၿပီး ေနာက္တစ္ေစာင္မွာမူ က်န္းမီမီထံမွျဖစ္ကာ မေန႕ညက မည္သည့္အစားအစာမ်ားစားနိုင္ခဲ့သနည္းဟု ေမးျမန္းထားခဲ့သည္ ။

လုဖုန္း ရွန္းေရွာင္ရွဲအား ဆိုင္သို႔ေရာက္လာမည့္ျဖစ္ေၾကာင္း အသိေပးလိုက္၏ ။ က်န္းမီမီကိုမူ အၿပဳံးအီမိုဂ်ီတစ္ခုပို႔ကာ မေန႕ညက ဘာမွထပ္မစားနိုင္ေတာ့ေလာက္ေအာင္ အမ်ားႀကီးစားခဲ့ေၾကာင္း ျပန္ေျပာလိုက္ေလသည္ ။

လုဖုန္း တကၠစီတစ္စီးငွားကာ ရွန့္မင္ေအာ္ဆီသို႔ ထြက္လာခဲ့သည္ ။ ဧည့္ႀကိဳေကာင္တာမွ ဝန္ထမ္းမေလးကား ႐ုံးရွိဝန္ထမ္းမ်ားအတြက္ အစားအေသာက္မွာေနဆဲျဖစ္ကာ ၊ လုဖုန္းေရာက္လာသည္ကိုျမင္လိုက္ခ်ိန္ဝယ္ ၊ သူတို႔ႏွင့္အတူ ေအာ္ဒါမွာဦးမလားဟု လုဖုန္းအားေမးလာခဲ့၏ ။

"ရတယ္ ၊ မလိုပါဘူး ၊ ကြၽန္ေတာ္က မၾကာခင္ျပန္မွာမို႔လို႔ "

လုဖုန္း သူမအား ၿပဳံးျပလိုက္ကာ ရွန့္မင္ေအာ္၏႐ုံးခန္းဆီသို႔ တန္းသြားလိုက္သည္ ။

လုဖုန္း အခန္းထဲသို႔ဝင္သြားခ်ိန္တြင္ ရွန့္မင္ေအာ္ကား ျပတင္းေပါက္နားတြင္ ဖုန္းေျပာေနခဲ့၏ ။ ရွန့္မင္ေအာ္က လုဖုန္းအား တစ္ခ်က္မွ်ၾကည့္လာခဲ့ၿပီးေနာက္ အၾကည့္တို႔ကို ဖယ္ခြာသြားျပန္သည္ ။

"ဘာမွစိတ္ပူစရာေတာ့မရွိပါဘူး ၊ အဲ့ကိစၥကို ကြၽန္ေတာ္ဂ႐ုစိုက္လိုက္ပါ့မယ္ ...."

ရွန့္မင္ေအာ္က တစ္ဖက္လူစိတ္ခ်ေစရန္ အႀကိမ္ႀကိမ္ အာမခံေၾကာင္းေျပာေန၏ ။ မိနစ္အနည္းငယ္မွ်ၾကာေသာအခါ ၊ ဖုန္းေျပာျခင္းလည္း ၿပီးဆုံးေတာ့မည့္အခ်ိန္တြင္ ရွန့္မင္ေအာ္က
"က်န္းမာေရးဂ႐ုစိုက္ပါ ၊ မစၥတာေရွာင္း "

တစ္ဖက္လူ၏မ်ိဳးရိုးနာမည္ကား 'ေရွာင္း'ျဖစ္ၿပီး ရွန့္မင္ေအာ္ကလည္း ေလးစားမႈကိုျပသေသာစကားလုံးမ်ားကိုအသုံးျပဳေနေလရာ ထိုသူသည္ ေရွာင္းေဆြကြမ္းမ်ား ျဖစ္ေနေလမလား ?

က်န္းမာေရးကိုဂ႐ုစိုက္ပါ.???...သို႔ေသာ္ မေန႕ကပင္ ေရွာင္းေဆြကြမ္း၏ပုံစံက က်န္းမာေရးေကာင္းမြန္ေနသည့္ဟန္ေပၚေနသည္ကို အဘယ္ေၾကာင့္ ယေန႕၌ က်န္းမာေရးဂ႐ုစိုက္ဖို႔ရန္ ေျပာေနရသနည္း ?

"ဘာကိစၥလဲ ?

ရွန့္မင္ေအာ္က ဖုန္းခ်လိဳက္ၿပီးေသာအခါ လုဖုန္းအားေမးလာခဲ့ျခင္း ။ ယခင္မူလေနရာ ျပတင္းေပါက္ေရွ႕တြင္ မတ္တပ္ရပ္ေနဆဲျဖစ္ကာ  အၾကည္တို႔ကမူ လုဖုန္းထံတြင္ရွိမေန ။ တစ္စုံတစ္ေယာက္ဆီစာပို႔ေနဟန္တူေသာ ရွန့္မင္ေအာ္က ေခါင္းကိုငုံ႕လ်က္ ဖုန္းအသုံးျပဳေနခဲ့၏ ။

ယခုလက္ရွိ မိမိ၏ေျခေထာက္မ်ားသာ အားနည္းေနျခင္းမဟုတ္ခဲ့လွ်င္ ရွန့္မင္ေအာ္၏ ပူပင္ေၾကာင့္ၾကမဲ့ေသာ ဤအမူအရာကိုၾကည့္ရင္းျဖင့္ မေန႕ညကျဖစ္ပ်က္ခဲ့ေသာအရာမ်ားမွာ ထူးထူးဆန္းဆန္းအိပ္မက္တစ္ခုဟုသာ လုဖုန္းထင္မွတ္မိလိမ့္မည္ ။

"လြန္ခဲ့တဲ့ဆယ္ႏွစ္ ၊ အေဆာက္အအုံပ်က္ဆီလာခိုင္းတုန္းက ကြၽန္ေတာ့္ကို ဘာျမင္ေစခ်င္ခဲ့တာလဲ ?"

အရာရာသည္ တျဖည္းျဖည္းႏွင့္ရွင္းလင္းလာသည့္တိုင္ ထိုအခ်က္ ၊ ထိုအခ်က္တစ္ခုတည္းကသာ လုဖုန္းအား ဦးေႏွာက္ေျခာက္ေစဆဲ ။

ရွန့္မင္ေအာ္၏လက္ေခ်ာင္းထိပ္မ်ားမွာ လႈပ္ရွားေနရင္းပင္ ရပ္တန့္သြားခဲ့ၿပီး အတန္ၾကာမွသာလွ်င္ ျပန္လည္စတင္လႈပ္ရွားလာခဲ့ေတာ့၏ ။

"အရင္ကတည္းက ေျဖခဲ့ၿပီးၿပီ ၊ ငါ ရည္႐ြယ္ခ်က္ရွိရွိနဲ႕ မင္းကို ခ်ီးယန္နဲ႕သြားေတြ႕ခိုင္းတယ္ ၊ ၿပီးေတာ့ ရည္႐ြယ္ခ်က္ရွိရွိနဲ႕ပဲ မင္းတို႔ႏွစ္ေယာက္ ရန္ျဖစ္တာကိုလႊတ္ထားခဲ့တယ္ ၊ အဲ့ဒါေတြအကုန္လုံးကို ငါ အခ်ိန္အၾကာႀကီးစီစဥ္ထားခဲ့တာ ၊ လြန္ခဲ့တဲ့ဆယ္ႏွစ္လုံးလုံး မင္းခံစားခဲ့ရတဲ့ကံဆိုးတယ္ဆိုတာေတြအကုန္လုံးက ငါ့ေၾကာင့္ပဲ "

"မဟုတ္ဘူး " "အကိုလိမ္ေနတာ"
လုဖုန္း ရွန့္မင္ေအာ္စကားေျပာေနသည္ကို ျဖတ္ေျပာလိုက္ျခင္း ။

ရွန့္မင္ေအာ္ကား ေနာက္ဆုံးေတာ့ ေခါင္းေမာ့လာေခ်ၿပီ ၊ ပထမဆုံး ရွန့္မင္ေအာ္က သူ႕အေရွ႕ကိုသာစိုက္ၾကည့္လ်က္ အသက္ရႉသြင္းရႉထုတ္ျခင္းျပဳလုပ္ၿပီးေနာက္ လုဖုန္းအားၾကည့္လာခဲ့၏ ။

"မင္း အဲ့အခန္းထဲ ခိုးဝင္ခဲ့တယ္"

ထိုေသာ့ခတ္ထားေသာအခန္းထဲ လုဖုန္းဝင္ခဲ့ေၾကာင္း ရွန့္မင္ေအာ္သိေနသည္မွာေသခ်ာသည္ ။ တကယ္တမ္း မေန႕ညကလည္း လုဖုန္းတစ္ေယာက္ လွ်ို႔ဝွက္နံပါတ္ကို မွတ္မိသည္မမွတ္မိသည္ကို သိျမင္ခ်င္၍သာ ရွန့္မင္ေအာ္က မူးဟန္ေဆာင္ေနခဲ့ျခင္းျဖစ္ေပလိမ့္မည္ ။

ဤကိစၥ၏ အဓိပၸာယ္ကား အဘယ္အရာနည္း ? မိမိတို႔ႏွစ္ေယာက္၌ မည္သူက သုံးဆယ့္ေျခာက္ခ်က္ေသာေသနဂၤဗ်ဴဟာကို ပို၍ကြၽမ္းက်င္သနည္းဟု သိျမင္ရရန္ ႀကိဳးပမ္းေနၾကျခင္းေပလား ?

လုဖုန္း တိုးတိုးသာသာ ေခ်ာင္းဟန့္ကာ တုံ႕ျပန္လိုက္၏ ။

"ကြၽန္ေတာ္မဝင္ခဲ့ဘူးလို႔ေျပာရင္ေရာ အကိုယုံမွာလား ?"

ရွန့္မင္ေအာ္က ဖုန္းအျပင္ လက္ႏွစ္ဖက္ကိုပါ အိတ္ကပ္ထဲထည့္လိုက္ၿပီးေနာက္

"အဲ့အခန္းက ငါ့အတြက္ 'သာမာန္လူ'တစ္ေယာက္လိုျပဳမူဖို႔ ၊ တျခားသူေတြေရွ႕အမွားမလုပ္မိဖို႔ သတိေပးခ်က္သက္သက္ပဲ ၊ ဘာအဓိပၸာယ္မွမရွိဘူး  "

ဤကဲ့သို႔ မျငင္းသာေသာသက္ေသတစ္ခုက လက္ထဲတြင္ ရွိေနခဲ့သည့္ ယခုအခ်ိန္ထိေတာင္ ရွန့္မင္ေအာ္ကား သူေလွ်ာက္မည္ဟုဆုံးျဖတ္ထားေသာလမ္းေၾကာင္းကို လက္ေလွ်ာ့ျခင္းမရွိခဲ့ပါေပ ။ ျဖစ္ပ်က္ခဲ့သမွ်အရာအားလုံးမွာ ထင္ေယာင္ထင္မွားျဖစ္ျခင္းဟု လုဖုန္းကယုံၾကည္လာေစရန္ ၊ လုဖုန္းႏွင့္ျငင္းခုံဖို႔ရန္ ပို၍စိတ္အားထက္သန္ေန၏ ။

ရွန့္မင္ေအာ္၏ပြင့္လင္းလွေသာျငင္းဆန္ျခင္းအေပၚ ေဒါသထြက္ရမည္လား ၊ သို႔တည္းမဟုတ္  ရွန့္မင္ေအာ္၏ေခါင္းမာမႈအေပၚ စိတ္မေကာင္းျဖစ္ရမည္လားပင္ လုဖုန္းမသိေတာ့ ။

"ဟုတ္ပါၿပီ ၊ အကိုမွန္တယ္ ၊ အကိုက ကိုယ့္ကိုယ္ကိုသတိေပးခ်င္လို႔ ကြၽန္ေတာ့္ရဲ႕စာေတြအကုန္လုံးကိုသိမ္းထားခဲ့တာ "

လုဖုန္း ရွန့္မင္ေအာ္နားသို႔ ျဖည္းညင္းစြာခ်ဥ္းကပ္သြားကာ

"ဆယ္ႏွစ္လုံးလုံး ၊ ေထာင္မွာ ဧည့္ေတြ႕ခြင့္ေပးတဲ့အခ်ိန္တိုင္း အကို ဂိတ္တံခါးေရွ႕မွာ ေခါက္တုံ႕ေခါက္ျပန္ေလွ်ာက္ေနခဲ့တယ္ ၊ ဘာလို႔လဲဆိုေတာ့ အဲ့နားက ေလေကာင္းေလသန့္ရလို႔ ၊ ေလ်ာ္ေၾကးေပးဖို႔အတြက္လည္း ေငြႏွစ္သန္းနဲ႕ အခ်ိန္္ႏွစ္လဲခဲ့ေသးတယ္ ၊ အဲ့ကိစၥရဲ႕ အေၾကာင္းအရင္းက်ေတာ့ ေရွာင္းေဆြကြမ္းက အကို႔ကိုအသိအမွတ္ျပဳၿပီးေတာ့ မရမက ပိုက္ဆံအတင္းေပးခဲ့လို႔ "

ရွန့္မင္ေအာ္က ဝန္ခံဖို႔ရန္ျငင္းဆန္ေနသည္ျဖစ္ရာ လုဖုန္းအေနျဖင့္ မတတ္သာေတာ့ဘဲ ဖဲခ်ပ္မ်ားကို တစ္ခ်ပ္ၿပီးတစ္ခ်ပ္ခ်ျပရေတာ့သည္ ။ ရွန့္မင္ေအာ္က လုဖုန္း၌ရွိသည့္ အႀကီးဆုံးဖဲခ်ပ္မွာ ဂ်ိဳကာတစ္ခ်ပ္သာျဖစ္မည္ဟု ေတြးထားခဲ့ေလာက္သည္ ။ သို႔ေသာ္ လုဖုန္းထုတ္ျပခဲ့သည္ကား ဂ်ိဳကာႏွစ္ခ်ပ္ျဖစ္ေနခဲ့သည္ ။

[ဂ်ိဳကာႏွစ္ခ်ပ္ - ဂ်ိဳကာႏွစ္ခ်ပ္,ဂ်ိဳကာတစ္စုံက အပြင့္အႀကီးဆုံးဖဲျဖစ္ၿပီးေတာ့ တျခားဘယ္လိုေပါင္းစပ္မႈမ်ိဳးကိုမဆို နိုင္ပါတယ္တဲ့ ]

ရွန့္မင္ေအာ္ကဲ့သို႔ ထက္ျမက္သူတစ္ေယာက္အတြက္ပင္ သစ္လြင္ၿပီး အက်ိဳးအေၾကာင္းဆီေလ်ာ္ေသာ အေၾကာင္းျပခ်က္မ်ားကို ခ်က္ခ်င္လက္ငင္းရွာေဖြဖို႔ရန္ ခက္ခဲလွေပ၏ ။

"ကြၽန္ေတာ္ ခုနက ေျပာခဲ့တာေတြအကုန္လုံးက တကယ္ေတာ့ သာမာန္ အကိုႀကီးတစ္ေယာက္က သူ႕ညီငယ္ေလးအတြက္ လုပ္ေပးတာေတြလို႔ေျပာလို႔ရတယ္ "

လုဖုန္း ရွန့္မင္ေအာ္၏ ေျဖာင့္တန္း၍ေနရာမွန္ေသာ နက္ကတိုင္ကို လက္ျဖင့္အသာပြတ္သပ္လိုက္ကာ

"ဒါေပမဲ့ မေန႕ညကျဖစ္ပ်က္ခဲ့တာေတြကေတာ့ သာမာန္အကိုႀကီးတစ္ေယာက္က သူ႕ညီနဲ႕လုပ္မယ့္အရာေတာ့မဟုတ္ေလာက္ဘူး ၊ ၿပီးေတာ့ ကြၽန္ေတာ္ အခုလုပ္မယ့္ဟာကလည္း သာမာန္ညီတစ္ေယာက္က သူ႕အကိုကို လုပ္ေလာက္မယ့္ကိစၥမ်ိဳးမဟုတ္ဘူး.... "

လုဖုန္း စကားကိုအၿပီးမသတ္ရေသးခင္မွာတင္ မိမိလက္ထဲရွိ နက္ကတိုင္ကို အားႏွင့္ဆြဲယူလိုက္ကာ မိမိႏႈတ္ခမ္းႏွင့္ ရွန့္မင္ေအာ္၏ႏႈတ္ခမ္းတို႔ကိုထပ္တူက်ေစလိုက္သည္။

ႏွစ္ေယာက္လုံး၏ႏႈတ္ခမ္းမ်ားကား အခ်င္းခ်င္းဖိကပ္ေနခဲ့ၿပီး ရွန့္မင္ေအာ္ကလည္း အၾကည့္တို႔ကို ေအာက္စိုက္ထားခဲ့၏ ။ ခဏတာမွ် ေတာင့္တင္းေနခဲ့ၿပီးေနာက္ လုဖုန္းက မိမိလွ်ာဖ်ားကို ရွန့္မင္ေအာ္၏ႏႈတ္ခမ္းထက္ ေရာက္ရွိေစလိုက္ေသာအခ်ိန္တြင္မူ ရွန့္မင္ေအာ္ကား စိတ္ေလွ်ာ့ခ်လိဳက္ပုံရသည္ ။ ခုခံျခင္းအလ်ဥ္းမရွိဘဲ လုဖုန္းစိတ္ႀကိဳက္ နမ္းခြင့္ေပးထားေသာ္ျငား လုဖုန္း၏အနမ္းမ်ားကိုေတာ့ ရွန့္မင္ေအာ္က တုံ႕ျပန္လာျခင္းမရွိေပ ။

လုဖုန္း ရွန့္မင္ေအာ္၏ႏူးညံ့ေသာလွ်ာက္ို အသာအယာထိေတြ႕လိုက္သည္ ။ အတန္ၾကာႀကိဳးစားၿပီးေနာက္ တုံ႕ျပန္မႈတစ္စုံတစ္ရာကိုမွ မေတြ႕ရေလေသာအခါ လုဖုန္း မိမိလက္ကိုျမႇောက္လွ်က္ ရွန့္မင္ေအာ္၏အေပၚေမးရိုးအား ကုတ္ျခစ္လိုက္၏ ။ သည္တစ္ႀကိမ္တြင္ေတာ့ ရွန့္မင္ေအာ္က တုံ႕ျပန္ခဲ့ေခ်ၿပီ ။ ပါးစပ္ကိုဆတ္ခနဲပိတ္ခ်လိဳက္ေသာ ရွန့္မင္ေအာ္မွာ လုဖုန္းအား ညင္လည္းမညင္သာ ျပင္းလည္းမျပင္းထန္ေသာအရွိန္ျဖင့္ ကိုက္မိသြားေတာ့သည္ ။

"အား...."

လုဖုန္း မေက်မနပ္ျဖစ္ဟန္ျဖင့္ တစ္ခ်က္ေအာ္မိ၏ ။ ထိုအခ်ိန္ ရွန့္မင္ေအာ္၏ဆံပင္မ်ားထဲ မိမိလက္ေခ်ာင္းမ်ားကိုတိုးဝင္ဖို႔ ျပင္ေနစဥ္မွာပင္ တံခါးနားမွ ဝူရိ၏အသံကိုၾကားလိုက္ရေတာ့သည္ ။

"ေလာင္ရွီး ,အမေလး , စားစရာေရာက္ပါၿပီ !"

ဝူရိေရာက္လာသည့္အခ်ိန္ကား အခ်ိန္ေကာင္းမဟုတ္ေပ ။ လုံလုံေလာက္ေလာက္မရရွိေသးခင္မွာပင္ လုဖုန္း အင္တင္တင္ျဖင့္ လက္ကိုျပန္႐ုတ္လိုက္ရသည္ ။ ရွန့္မင္ေအာ္က လုဖုန္းအား တြန္းထုတ္လိုက္ကာ နက္ကတိုင္အားျပန္ဆြဲယူလိုက္ၿပီးေနာက္ တံခါးဆီၾကည့္လိုက္၏ ။

လက္တစ္ဖက္တြင္ ေန႕လည္စာဘူးႏွစ္ဘူးကိုကိုင္ထားေသာဝူရိကား တံခါးေရွ႕တြင္ ၾကက္ေသေသလ်က္ မတ္တပ္ရပ္ေနခဲ့ၿပီး လက္တစ္ဖက္ကလည္း တံခါးေခါက္ဖို႔ျပင္ေနဟန္ အေနအထားျဖင့္ ။

လုဖုန္း အခန္းထဲဝင္လာခဲ့စဥ္တုန္းက တံခါးပိတ္ပို႔ ေမ့ေလ်ာ့ခဲ့ပုံပင္....။

လုဖုန္း မိမိႏွာေခါင္းကို လက္ေခ်ာင္းျဖင့္တို႔ထိလိုက္ကာ ထိုေနရာမွထြက္သြားဖို႔ရန္ အခြင့္အေရးကိုအသုံးခ်ဖိဳ႕ျပင္ေတာ့သည္ ။

"အဲ့ဒါဆို ကြၽန္ေတာ္အရင္သြားေတာ့မယ္ ၊ ႏွစ္ေယာက္သား ေအးေအးေဆးေဆးစားၾကပါ "

ဝူရိကား ပါးစပ္တစ္ဝက္ပြင့္လ်က္ ။ ေလာေလာလတ္လတ္ သူ၏ခႏၶာကိုယ္ထဲမွ ဝိဉာဥ္ကလြတ္ထြက္သြားသည့္အလား ၊ သူ၏ျမင္ကြင္းအားလုံး ပိတ္ဆီးခံထားရသည့္အလား ။ လုဖုန္း ဝူရိထံ ဦးတည္ေလွ်ာက္သြားလိုက္ၿပီးေနာက္ ေဘးနားအေရာက္တြင္ ေစတနာျဖင့္ အသိေပးျဖစ္ခဲ့ေသး၏ ။

"ကြၽန္ေတာ္နဲ႕ ကြၽန္ေတာ့္အကိုက ေသြးသားမေတာ္စပ္ဘူး "

ဝူရိကား လုဖုန္းကို ေငးေၾကာင္ေၾကာင္ျဖင့္သာစိုက္ၾကည့္ေနခဲ့၏ ။

"အာ...ဟမ္?"

လုဖုန္း ဝူရိပုခုံးထက္ တစ္ခ်က္ပုတ္ကာ အခန္းျပင္ထြက္ဖို႔ျပင္လိုက္စဥ္မွာပင္ အိတ္ကပ္ထဲမွ ေရေမႊးပုလင္းအား စမ္းမိသြားသည္ျဖစ္ရာ ျပန္ေပးဖို႔ရန္ဆုံးျဖတ္လိုက္ေတာ့သည္ ။

"အကို ၊ စကားမစပ္ ၊ ကြၽန္ေတာ္ အကို႔ရဲ႕ေရေမႊးကိုယူလာတယ္ "

ရွန့္မင္ေအာ္ကား စားပြဲေနာက္ရွိ ထိုင္ခုံထက္ ထိုင္ေနခဲ့ၿပီးျဖစ္ကာ လုဖုန္း၏စကားကိုၾကားၿပီးေနာက္ဝယ္ လက္ထဲရွိေရေမႊးပုလင္းကိုၾကည့္လ်က္ စကားႏွစ္လုံးကိုသာ အသာအယာေျပာလာခဲ့၏ ။

"ထြက္သြား"

[ဒီေနရာမွာ ထြက္သြား/ get out ဆိုၿပီးေတာ့ျပန္ထားတာက Eng Translatorဆီေမးၾကည့္ၿပီး ျပန္ထားတာပါ ၊ မူရင္းမွာ ရွန့္မင္ေအာ္က '滚'လို႔ေျပာထားေပမဲ့ ပုံေသသတ္မွတ္ထားတာမ်ိဳးမဟုတ္ဘူးတဲ့ ၊ English Contextနဲ႕ဆို get outလို႔ျပန္တာက အေကာင္းဆုံးျဖစ္လို႔ အဲ့လိုပဲယူလိုက္ပါတယ္ ]

ယခင္က စိတ္အေႏွာင့္အယွက္ျဖစ္လွသည္ဟု ခံစားမိခဲ့ေသာ ထိုစကားလုံးႏွစ္လုံးမွာ ယခုေတာ့ ဘယ္ပုံဘယ္နည္းျဖင့္ ခ်ိဳၿမိန္သလိုျဖစ္ေနမွန္း လုဖုန္းမသိေတာ့ ။ မိမိသည္ကား ပို၍ပို၍အထင္အျမင္ေသးဖြယ္ေကာင္းသူတစ္ေယာက္ ျဖစ္လာျခင္းေပလား ?

လုဖုန္း ေရေမႊးကိုေနရာတက်ထားလိုက္ကာ ရွန့္မင္ေအာ္အား ၿပဳံးျပလိုက္ၿပီးေနာက္

"အိုေခ ၊ အဲ့ဒါဆို "

လုဖုန္း အခန္းထဲမွထြက္ခြာဖို႔ျပင္ရာ၌ ေျခလွမ္းမ်ားမ်ားစားစားမလွမ္းရေသးခင္မွာပင္ ေနာက္ဘက္သို႔ တစ္ခ်က္ျပန္လွည့္ကာ

"စကားမစပ္ ၊ က်န္းမီမီနဲ႕ ကြၽန္ေတာ္နဲ႕က ဒီတိုင္းသ႐ုပ္ေဆာင္႐ုံသက္သက္ပဲ ၊ ေဒါသမထြက္နဲ႕ဦး ၊ ဟိုးအစကေန အဆုံးထိ ကြၽန္ေတာ့္ႏွလုံးသားထဲမွာ အကိုတစ္ေယာက္ပဲရွိတာ "

မၾကာခင္မွာပင္ ေလျဖင့္မႈတ္ထုတ္ျခင္းခံရေတာ့မည့္ျပာပုံသဖြယ္ ပုံစံေပါက္ေနေသာ ဝူရိအားလ်စ္လ်ဴရႈလ်က္ လုဖုန္းတစ္ေယာက္ ရွန့္မင္ေအာ္ထံ အနမ္းတစ္ပြင့္ပစ္လႊတ္ဟန္ပုံစံမ်ိဳး လုပ္ျပၿပီးလွ်င္ ေလခြၽန္ကာ အခန္းထဲမွ လမ္းေလွ်ာက္ထြက္သြားေတာ့၏ ။

T/N
လုပ္ခ်င္တာလုပ္ၿပီးရင္ အလွဆုံးၿပဳံးေနတတ္သူ

btw ဒီအပိုင္းက ရွည္လည္းရွည္ နိုယာလည္းအလုပ္မ်ားေနေတာ့ နည္းနည္းၾကာသြားတယ္ GOMENN ~_~

Continue Reading

You'll Also Like

374K 55.2K 199
ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)
165K 17.2K 108
ဘာသာပြန်သူ - စွဲညို့အသင်း
433K 26.4K 65
သောက်မြင်ကပ်ပုဒ်မဖြင့်လက်ထပ်ယူရန်ဂျစ်တူးတစ်ယောက်အားရွာသို့ခေါ်လာမိသောအခါ(╥﹏╥) #photo crd အပိုင်း5က အပိုင်း20ရဲ့အောက်မှာရှိပါတယ်..
178K 30.6K 84
I am the father of villain Author Lin Ang Si ရဲ့ novel လေးပါ ???? All credit to Original author and E-Translators .