Photographer & Guitarist [Jae...

By Neo-Zen

15.5K 1.4K 129

Jaemin, Jeno & Renjun/Injun (Twins) JaemRen & NoJun | RenMin & NoRen πŸ’š More

Episode 1 (Zawgyi)
Episode 2 (Zawgyi)
Episode 3 (Zawgyi)
Episode 4 (Zawgyi)
Episode 5 (Zawgyi)
Episode 6 (Zawgyi)
Episode 7 (Zawgyi)
Episode 8 (Zawgyi)
Episode 9 (Zawgyi)
Episode 10 (Zawgyi)
Episode 11 (Zawgyi)
Episode 12 (Zawgyi)
Episode 13 (Zawgyi)
Episode 14 (Zawgyi)
Episode 15 (Zawgyi)
Episode 16 (Zawgyi)
Episode 17 (Zawgyi)
Episode 18 (Zawgyi)
Episode 19 (Zawgyi)
Episode 20 (Zawgyi)
Episode 21 (Zawgyi)
Episode 22 (Zawgyi)
Episode 23 (Zawgyi)
Episode 24 (Zawgyi)
Episode 25 (Zawgyi) {Final}
Episode 1 (Unicode)
Episode 2 (Unicode)
Episode 3 (Unicode)
Episode 4 (Unicode)
Episode 5 (Unicode)
Episode 6 (Unicode)
Episode 7 (Unicode)
Episode 8 (Unicode)
Episode 9 (Unicode)
Episode 10 (Unicode)
Episode 11 (Unicode)
Episode 12 (Unicode)
Episode 13 (Unicode)
Episode 14 (Unicode)
Episode 15 (Unicode)
Episode 16 (Unicode)
Episode 17 (Unicode)
Episode 18 (Unicode)
Episode 19 (Unicode)
Episode 20 (Unicode)
Episode 21 (Unicode)
Episode 22 (Unicode)
Episode 23 (Unicode)
Episode 24 (Unicode)
Episode 25 (Unicode) {Final}
Extra - NoRen (U + Z)

Extra - JaemRen ( U + Z )

335 31 5
By Neo-Zen

"Jaem" လို့ခေါ်ရင်း ဓာတ်ပုံ editing လုပ်နေတဲ့ Jaemin ဘေးကို ရောက်လာတဲ့ Renjun။

"အင်း အူကြူး ပြော" လို့ Jaemin ပြန်မေးလိုက်ရင်း ဘေးနားရောက်လာပြီး မတ်တပ်ရပ်နေတဲ့ Renjun ကိုပါ ပေါင်ပေါ် ထိုင်ခိုင်းလိုက်သည်။

"အလုပ်များနေတာလား" ဆိုပြီး Renjun, computer screen ကို ကြည့်ရင်း Jaemin ကို မေးလိုက်လေသည်။

"ဒါ နောက်ဆုံးပုံ ဒါပြီးရင် ပြီးပြီ။ အူကြူး တစ်ခုခုလုပ်ချင်လို့လား"

Jaemin မေးတော့ Renjun, Jaemin ပုခုံးကို ဖက်လိုက်ပြီး

"သီချင်းတစ်ပုဒ်ရေးထားတယ်"

"အဲ့တော့ အူကြူးက မောင့်ကို နားထောင်စေချင်တာလား"

Jaemin, RenJun လည်ပင်းကို နမ်းရင်း ပြောလိုက်သည်။

"အင်း ဟုတ်တယ်။ အာ Jaem ဘယ်လိုဖြစ်နေတာလဲ"

Renjun, လည်ပင်းကို နမ်းနေတဲ့ Jaemin ခေါင်းကို ဖယ်ထုတ်ရင်း ပြောလိုက်သည်။

"မောင် အူကြူးကို အဲ့လို မနမ်းရတာ ကြာပြီလေ"

"မဟုတ်မှ အရာထင်ကုန်ပြီလား"

"ထင်တော့ ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး"

Renjun ပြုံးပြီး Jaemin ပုခုံးကို မှီကာ ပြောလိုက်လေသည်။

"မောင် အခုလိုက်ပြီး နားထောင်ရမှာလား"

"ရတယ် မောင် အလုပ်ပြီးမှပါ"

"ဒါဆို မောင် ဒါအရင်ပြီးအောင် လုပ်လိုက်မယ်။ ဆယ့်ငါးမိနစ်လောက် စောင့်ပေး"

"အင်း ရတယ် လုပ်။ ငါ ရေချိုးနှင့်လိုက်မယ်"

"တူတူချိုးကြမယ်လေ"

ပေါင်ပေါ်က ဆင်းပြီး အခန်းထဲက ထွက်ခါနီး Renjun လက်ကို လှမ်းဆွဲရင်း Jaemin စလိုက်တော့ Renjun မျက်စောင်းထိုးကာ အလုပ်ခန်းထဲက ခပ်သွက်သွက် ထွက်သွားလေသည်။ ကျန်ရစ်ခဲ့တဲ့ အခန်းထဲက Jaemin ကတော့ သူ့ကောင်လေးကို ကြည့်ရင်း အသည်းယားနေမိသည်။

.................. P & G - JaemRen ....................

Renjun ရေချိုးပြီးလို့ ထွက်လာတော့  Jaemin က ကုတင်ပေါ်မှာ လှဲနေလေသည်။ Renjun အဝတ်အစားလဲပြီး ခေါင်းသုတ်နေရင်း Jaemin ဘေး ဝင်ထိုင်တော့ မျက်လုံးဖွင့်ကြည့်လာသည်။

"အိပ်ချင်နေလို့လား"

Renjun မေးတော့ Jaemin ခေါင်းခါပြလေသည်။

"ရာသီဥတု အေးနေတာကို အူကြူးက ခေါင်းလျှော်ရတယ်လို့ တော်ကြာ အအေးမိဦးမယ်"

"မလျှော်ဖြစ်တာ နှစ်ပတ်နီးပါး ရှိတော့မှာမို့လို့ပါ။ ဘာမှမဖြစ်မှာမို့လို့ စိတ် ... ဟပ်ချိုး"

"တွေ့လား စကားတောင် မဆုံးသေးဘူး ဖြစ်လာပြီ။ လာ မြန်မြန်ခြောက်သွားအောင် dryer နဲ့ မှုတ်ပေးမယ်။"

"Dryer ခဏ ခဏ သုံးတာက ဆံပင်ကိုလေ"

"အူကြူး" အထွန့်တက်ချင်နေတဲ့ Renjun ကို Jaemin, dryer plug ထိုးရင်းက လှည့်ကြည့်လိုက်တော့ နှုတ်ခမ်းလေးဆူရင်း ကုတင်ပေါ်က ထလာလေသည်။

"နှုတ်ခမ်းဆူထားတာ ဘာလို့လဲ။ မောင့်ကို နမ်းစေချင်လို့လား"

"Jaem"

"ဆံပင်ခြောက်သွားရင် သီချင်းဖွင့်ပြလေ မောင် နားထောင်ချင်နေပြီ"

"အင်း"

ဆံပင်ကိစ္စ ပြီးသွားတော့ Renjun ရဲ့ home studio ခန်းလေးဆီ သွားလိုက်ကြသည်။

"ဒီသီချင်းကိုလေ MV ထုတ်ရင် ကောင်းမလားလို့ တွေးနေတာ"

Renjun သီချင်းကို ဖွင့်ပြဖို့ လုပ်နေရင်းက Jaemin ကို ပြောလေသည်။

"Ren လုပ်ချင်လို့လား"

"အင်း လုပ်ရင်ကောင်းမလားလို့ တွေးနေမိတာ"

"အလုပ်တွေ အားလို့ လုပ်ချင်တယ်လို့ လုပ်လေ။ မောင် ကူပေးမှာပေါ့"

"အင်း လုပ်ဖြစ်ခဲ့မယ်ဆိုလည်း သေချာပေါက် မောင် ကူပေးရမှာ"

"ကူညီပေးရမှာပေါ့ မောင့် အူကြူးလေးကို"

Jaemin, Renjun ပါးကို ဆွဲရင်း ဖြေလေသည်။

မိနစ်ပိုင်းမျှ ကြာပြီးတဲ့နောက်မှာ Renjun သီချင်း ဖွင့်ပြဖို့ အဆင်သင့်ဖြစ်လေသည်။

"မောင် နားထောင်ဖို့ အဆင့်သင့်ပဲမလား"

"ဒါပေါ့ ဒါနဲ့ အူကြူးက ဘာလို့ အရမ်းတွေ စိတ်လှုပ်ရှားနေတဲ့ပုံ ဖြစ်နေရတာလဲ"

"နောက်မှမေးတော့ Jaem ရာ။ အရင် နားထောင်ကြည့်"

Jaemin သီချင်းလည်း စလာနေပြီမို့ စကားဆက်မပြောဘဲ ခေါင်းညိတ်ကာသာ သီချင်းကို အာရုံစိုက် နားထောင်လိုက်သည်။

သုံးမိနစ်ကျော် နားထောင်ပြီး သီချင်းဆုံးတဲ့အခါ Jaemin ပြုံးပြီး Renjun ကို ကြည့်လိုက်သည်။

"အရမ်း သဘောကျတယ်"

"တကယ်လား တော်ပါသေးရဲ့"

"မောင်တို့ အကြောင်းကို သေချာရေးထားတာပဲ အူကြူးလေးက"

"မောင် သဘောကျတယ်ဆိုလို့ ပျော်သွားပြီ"

"သဘောကျရုံထက် အများကြီး အများကြီး ပိုပါတယ်"

"ဒီသီချင်းက နောက် နှစ်ပတ်နေရင် ရောက်မယ့် anni day အတွက် ရေးထားတာ"

"အို ချစ်ဖို့ကောင်းလိုက်တာ"

"ဒီသီချင်းကို ထုတ်သင့်လား မောင်"

"အူကြူး သဘောဗျာ။ အူကြူး digital အနေနဲ့ချည်း မဟုတ်ပဲ MV ပါ ရိုက်ချင်တယ်ဆို မောင် စီစဥ်ပေးမယ်လေ"

"တကယ်လား။ ဒါပေမယ့် ဒီသီချင်းမှာ မောင် ကိုယ်တိုင် သရုပ်ဆောင်ပေးရမှာနော်"

"ဒါပေါ့ မောင်တို့ အကြောင်းကို အူကြူးကိုယ်တိုင် ရေးထားတာကို တစ်ခြားသူကို သရုပ်ဆောင် ငှားစရာလား"

"မောင့်ကို ဒီသီချင်းလေးအကြောင်း အကျယ်တဝင့် ရှင်းပြဖို့ မလိုလောက်ဘူး ထင်ပါတယ်။ အချိန်တွေ ကြာလာပေမယ့် အချစ်တွေ မလျှော့သွားဘဲ ပိုပိုပဲ တိုးလာတာကို အဓိက အနေနဲ့ သိစေချင်တယ်"

"အူကြူးမပြောလည်း မောင်က သိပြီးသားပါ။ အူကြူး အလုပ်တွေ မအားလို့ မောင့်ကို အချိန်မပေးနိုင်ရင် အားနာနေတတ်တာ၊ တစ်ခုခုဆို အူကြူး ထုတ်မပြောဘဲ တစ်ယောက်တည်း ဝမ်းနည်းနေတတ်တာကိုလည်း မောင် သိပါတယ်။ မောင် အူကြူးကို သိစေချင်တာက မောင် လည်း အလုပ်မအားရင် ဒီလိုတွေ ဖြစ်တတ်တာမို့ အားမနာဘဲ တစ်ယောက်တည်း ဝမ်းနည်းမနေပါနဲ့။ မောင်တို့ အချိန်တွေ ကြာလေ တစ်ယောက်ကို တစ်ယောက် ပိုနားလည်ပြီး ယုံကြည်မှု ပိုရှိလာကြတာ ဟုတ်တယ်မလား။ ဒါကြောင့်မို့ သေချာပေါက် အချစ်တွေက တိုးတိုးလာတာပေါ့။ တစ်နှစ် တစ်မျိုး anni day ကို ရင်ခုန်အောင် လုပ်ပေးတတ်တဲ့ အူကြူးရဲ့ ဒီနှစ် anni day present က ထပ်ပြီး မောင့်ကို စိတ်ခံစားချက်တွေ အများကြီး ဖြစ်စေတယ်။ ရင်ခုန်တာကစလို့ ကြည်နူးခြင်းတွေ အဆုံးထိ ဆိုပါတော့။ ချစ်တယ် အူကြူးလေး ပြီးတော့ ကျေးဇူးလည်း တင်ပါတယ်။"

"ပြောချင်တာကို သီချင်းထဲမှာ ထည့်ထားတာမို့ အခုတော့ အရှည်ကြီးတွေ ထပ်မပြောတော့ပါဘူး။ ငါလည်း Jaem ကို ကျေးဇူးတင်ပါတယ်။ ပြီးတော့ အများကြီးလည်း ချစ်ပါတယ်။"

ဒီသီချင်းလေးကို နှစ်ပတ်အတွင်း စီစဥ်ကာ MV ရိုက်ဖြစ်ခဲ့ကြပြီး RenJun နဲ့ Jaemin ရဲ့ Anni day မှာ ထွက်ရှိခဲ့လေသည်။ နှစ်ယောက်အကြောင်းကို ရည်ရွယ်သီဆိုထားတဲ့ သီချင်းဖြစ်ပေမယ့် ပရိသတ်တွေဆီက အားပေးမှုများစွာ ရရှိခဲ့လေသည်။

A/N - ဒီအပိုင်းလေးကို ဟိုရက်ပိုင်းတည်းက ရေးဖြစ်ထားပြီး ၆ရက်နေ့က တင်ပေးမယ်လုပ်ရင်း မေ့သွားလို့ ဒီနေ့ တင်ပေးလိုက်ပါတယ်။ ပထမဆုံး ရေးတဲ့ extra မို့ လိုအပ်တာရှိရင် နားလည်ပေးကြပါ။ ဒီ Fic လေးကို ထင်ထားတာထက် အများကြီး သဘောကျပေးပြီး ဖတ်ပေးကြလို့လည်း ကျေးဇူးအထူးတင်ရှိပါတယ်။ အားလုံးပဲ အစစ အရာရာ ဂရုစိုက်ကြပါ။ 💚 (NoRen ကိုလည်း တစ်ပိုင်း ရေးမှာပါနော်)


Zawgyi

"Jaem" လို႔ေခၚရင္း ဓာတ္ပုံ editing လုပ္ေနတဲ့ Jaemin ေဘးကို ေရာက္လာတဲ့ Renjun။

"အင္း အူၾကဴး ေျပာ" လို႔ Jaemin ျပန္ေမးလိုက္ရင္း ေဘးနားေရာက္လာၿပီး မတ္တပ္ရပ္ေနတဲ့ Renjun ကိုပါ ေပါင္ေပၚ ထိုင္ခိုင္းလိုက္သည္။

"အလုပ္မ်ားေနတာလား" ဆိုၿပီး Renjun, computer screen ကို ၾကည့္ရင္း Jaemin ကို ေမးလိုက္ေလသည္။

"ဒါ ေနာက္ဆုံးပုံ ဒါၿပီးရင္ ၿပီးၿပီ။ အူၾကဴး တစ္ခုခုလုပ္ခ်င္လို႔လား"

Jaemin ေမးေတာ့ Renjun, Jaemin ပုခုံးကို ဖက္လိုက္ၿပီး

"သီခ်င္းတစ္ပုဒ္ေရးထားတယ္"

"အဲ့ေတာ့ အူၾကဴးက ေမာင့္ကို နားေထာင္ေစခ်င္တာလား"

Jaemin, RenJun လည္ပင္းကို နမ္းရင္း ေျပာလိုက္သည္။

"အင္း ဟုတ္တယ္။ အာ Jaem ဘယ္လိုျဖစ္ေနတာလဲ"

Renjun, လည္ပင္းကို နမ္းေနတဲ့ Jaemin ေခါင္းကို ဖယ္ထုတ္ရင္း ေျပာလိုက္သည္။

"ေမာင္ အူၾကဴးကို အဲ့လို မနမ္းရတာ ၾကာၿပီေလ"

"မဟုတ္မွ အရာထင္ကုန္ၿပီလား"

"ထင္ေတာ့ ဘာျဖစ္လို႔လဲ"

"ဘာမွမျဖစ္ပါဘူး"

Renjun ၿပဳံးၿပီး Jaemin ပုခုံးကို မွီကာ ေျပာလိုက္ေလသည္။

"ေမာင္ အခုလိုက္ၿပီး နားေထာင္ရမွာလား"

"ရတယ္ ေမာင္ အလုပ္ၿပီးမွပါ"

"ဒါဆို ေမာင္ ဒါအရင္ၿပီးေအာင္ လုပ္လိုက္မယ္။ ဆယ့္ငါးမိနစ္ေလာက္ ေစာင့္ေပး"

"အင္း ရတယ္ လုပ္။ ငါ ေရခ်ိဳးႏွင့္လိုက္မယ္"

"တူတူခ်ိဳးၾကမယ္ေလ"

ေပါင္ေပၚက ဆင္းၿပီး အခန္းထဲက ထြက္ခါနီး Renjun လက္ကို လွမ္းဆြဲရင္း Jaemin စလိုက္ေတာ့ Renjun မ်က္ေစာင္းထိုးကာ အလုပ္ခန္းထဲက ခပ္သြက္သြက္ ထြက္သြားေလသည္။ က်န္ရစ္ခဲ့တဲ့ အခန္းထဲက Jaemin ကေတာ့ သူ႔ေကာင္ေလးကို ၾကည့္ရင္း အသည္းယားေနမိသည္။

.................. P & G - JaemRen ....................

Renjun ေရခ်ိဳးၿပီးလို႔ ထြက္လာေတာ့  Jaemin က ကုတင္ေပၚမွာ လွဲေနေလသည္။ Renjun အဝတ္အစားလဲၿပီး ေခါင္းသုတ္ေနရင္း Jaemin ေဘး ဝင္ထိုင္ေတာ့ မ်က္လုံးဖြင့္ၾကည့္လာသည္။

"အိပ္ခ်င္ေနလို႔လား"

Renjun ေမးေတာ့ Jaemin ေခါင္းခါျပေလသည္။

"ရာသီဥတု ေအးေနတာကို အူၾကဴးက ေခါင္းေလွ်ာ္ရတယ္လို႔ ေတာ္ၾကာ အေအးမိဦးမယ္"

"မေလွ်ာ္ျဖစ္တာ ႏွစ္ပတ္နီးပါး ရွိေတာ့မွာမို႔လို႔ပါ။ ဘာမွမျဖစ္မွာမို႔လို႔ စိတ္ ... ဟပ္ခ်ိဳး"

"ေတြ႕လား စကားေတာင္ မဆုံးေသးဘူး ျဖစ္လာၿပီ။ လာ ျမန္ျမန္ေျခာက္သြားေအာင္ dryer နဲ႔ မႈတ္ေပးမယ္။"

"Dryer ခဏ ခဏ သုံးတာက ဆံပင္ကိုေလ"

"အူၾကဴး" အထြန႔္တက္ခ်င္ေနတဲ့ Renjun ကို Jaemin, dryer plug ထိုးရင္းက လွည့္ၾကည့္လိုက္ေတာ့ ႏႈတ္ခမ္းေလးဆူရင္း ကုတင္ေပၚက ထလာေလသည္။

"ႏႈတ္ခမ္းဆူထားတာ ဘာလို႔လဲ။ ေမာင့္ကို နမ္းေစခ်င္လို႔လား"

"Jaem"

"ဆံပင္ေျခာက္သြားရင္ သီခ်င္းဖြင့္ျပေလ ေမာင္ နားေထာင္ခ်င္ေနၿပီ"

"အင္း"

ဆံပင္ကိစၥ ၿပီးသြားေတာ့ Renjun ရဲ႕ home studio ခန္းေလးဆီ သြားလိုက္ၾကသည္။

"ဒီသီခ်င္းကိုေလ MV ထုတ္ရင္ ေကာင္းမလားလို႔ ေတြးေနတာ"

Renjun သီခ်င္းကို ဖြင့္ျပဖို႔ လုပ္ေနရင္းက Jaemin ကို ေျပာေလသည္။

"Ren လုပ္ခ်င္လို႔လား"

"အင္း လုပ္ရင္ေကာင္းမလားလို႔ ေတြးေနမိတာ"

"အလုပ္ေတြ အားလို႔ လုပ္ခ်င္တယ္လို႔ လုပ္ေလ။ ေမာင္ ကူေပးမွာေပါ့"

"အင္း လုပ္ျဖစ္ခဲ့မယ္ဆိုလည္း ေသခ်ာေပါက္ ေမာင္ ကူေပးရမွာ"

"ကူညီေပးရမွာေပါ့ ေမာင့္ အူၾကဴးေလးကို"

Jaemin, Renjun ပါးကို ဆြဲရင္း ေျဖေလသည္။

မိနစ္ပိုင္းမွ် ၾကာၿပီးတဲ့ေနာက္မွာ Renjun သီခ်င္း ဖြင့္ျပဖို႔ အဆင္သင့္ျဖစ္ေလသည္။

"ေမာင္ နားေထာင္ဖို႔ အဆင့္သင့္ပဲမလား"

"ဒါေပါ့ ဒါနဲ႔ အူၾကဴးက ဘာလို႔ အရမ္းေတြ စိတ္လႈပ္ရွားေနတဲ့ပုံ ျဖစ္ေနရတာလဲ"

"ေနာက္မွေမးေတာ့ Jaem ရာ။ အရင္ နားေထာင္ၾကည့္"

Jaemin သီခ်င္းလည္း စလာေနၿပီမို႔ စကားဆက္မေျပာဘဲ ေခါင္းညိတ္ကာသာ သီခ်င္းကို အာ႐ုံစိုက္ နားေထာင္လိုက္သည္။

သုံးမိနစ္ေက်ာ္ နားေထာင္ၿပီး သီခ်င္းဆုံးတဲ့အခါ Jaemin ၿပဳံးၿပီး Renjun ကို ၾကည့္လိုက္သည္။

"အရမ္း သေဘာက်တယ္"

"တကယ္လား ေတာ္ပါေသးရဲ႕"

"ေမာင္တို႔ အေၾကာင္းကို ေသခ်ာေရးထားတာပဲ အူၾကဴးေလးက"

"ေမာင္ သေဘာက်တယ္ဆိုလို႔ ေပ်ာ္သြားၿပီ"

"သေဘာက်႐ုံထက္ အမ်ားႀကီး အမ်ားႀကီး ပိုပါတယ္"

"ဒီသီခ်င္းက ေနာက္ ႏွစ္ပတ္ေနရင္ ေရာက္မယ့္ anni day အတြက္ ေရးထားတာ"

"အို ခ်စ္ဖို႔ေကာင္းလိုက္တာ"

"ဒီသီခ်င္းကို ထုတ္သင့္လား ေမာင္"

"အူၾကဴး သေဘာဗ်ာ။ အူၾကဴး digital အေနနဲ႔ခ်ည္း မဟုတ္ပဲ MV ပါ ႐ိုက္ခ်င္တယ္ဆို ေမာင္ စီစဥ္ေပးမယ္ေလ"

"တကယ္လား။ ဒါေပမယ့္ ဒီသီခ်င္းမွာ ေမာင္ ကိုယ္တိုင္ သ႐ုပ္ေဆာင္ေပးရမွာေနာ္"

"ဒါေပါ့ ေမာင္တို႔ အေၾကာင္းကို အူၾကဴးကိုယ္တိုင္ ေရးထားတာကို တစ္ျခားသူကို သ႐ုပ္ေဆာင္ ငွားစရာလား"

"ေမာင့္ကို ဒီသီခ်င္းေလးအေၾကာင္း အက်ယ္တဝင့္ ရွင္းျပဖို႔ မလိုေလာက္ဘူး ထင္ပါတယ္။ အခ်ိန္ေတြ ၾကာလာေပမယ့္ အခ်စ္ေတြ မေလွ်ာ့သြားဘဲ ပိုပိုပဲ တိုးလာတာကို အဓိက အေနနဲ႔ သိေစခ်င္တယ္"

"အူၾကဴးမေျပာလည္း ေမာင္က သိၿပီးသားပါ။ အူၾကဴး အလုပ္ေတြ မအားလို႔ ေမာင့္ကို အခ်ိန္မေပးႏိုင္ရင္ အားနာေနတတ္တာ၊ တစ္ခုခုဆို အူၾကဴး ထုတ္မေျပာဘဲ တစ္ေယာက္တည္း ဝမ္းနည္းေနတတ္တာကိုလည္း ေမာင္ သိပါတယ္။ ေမာင္ အူၾကဴးကို သိေစခ်င္တာက ေမာင္ လည္း အလုပ္မအားရင္ ဒီလိုေတြ ျဖစ္တတ္တာမို႔ အားမနာဘဲ တစ္ေယာက္တည္း ဝမ္းနည္းမေနပါနဲ႔။ ေမာင္တို႔ အခ်ိန္ေတြ ၾကာေလ တစ္ေယာက္ကို တစ္ေယာက္ ပိုနားလည္ၿပီး ယုံၾကည္မႈ ပိုရွိလာၾကတာ ဟုတ္တယ္မလား။ ဒါေၾကာင့္မို႔ ေသခ်ာေပါက္ အခ်စ္ေတြက တိုးတိုးလာတာေပါ့။ တစ္ႏွစ္ တစ္မ်ိဳး anni day ကို ရင္ခုန္ေအာင္ လုပ္ေပးတတ္တဲ့ အူၾကဴးရဲ႕ ဒီႏွစ္ anni day present က ထပ္ၿပီး ေမာင့္ကို စိတ္ခံစားခ်က္ေတြ အမ်ားႀကီး ျဖစ္ေစတယ္။ ရင္ခုန္တာကစလို႔ ၾကည္ႏူးျခင္းေတြ အဆုံးထိ ဆိုပါေတာ့။ ခ်စ္တယ္ အူၾကဴးေလး ၿပီးေတာ့ ေက်းဇူးလည္း တင္ပါတယ္။"

"ေျပာခ်င္တာကို သီခ်င္းထဲမွာ ထည့္ထားတာမို႔ အခုေတာ့ အရွည္ႀကီးေတြ ထပ္မေျပာေတာ့ပါဘူး။ ငါလည္း Jaem ကို ေက်းဇူးတင္ပါတယ္။ ၿပီးေတာ့ အမ်ားႀကီးလည္း ခ်စ္ပါတယ္။"

ဒီသီခ်င္းေလးကို ႏွစ္ပတ္အတြင္း စီစဥ္ကာ MV ႐ိုက္ျဖစ္ခဲ့ၾကၿပီး RenJun နဲ႔ Jaemin ရဲ႕ Anni day မွာ ထြက္ရွိခဲ့ေလသည္။ ႏွစ္ေယာက္အေၾကာင္းကို ရည္႐ြယ္သီဆိုထားတဲ့ သီခ်င္းျဖစ္ေပမယ့္ ပရိသတ္ေတြဆီက အားေပးမႈမ်ားစြာ ရရွိခဲ့ေလသည္။

A/N -  ဒီအပိုင္းေလးကို ဟိုရက္ပိုင္းတည္းက ေရးျဖစ္ထားၿပီး ၆ရက္ေန႔က တင္ေပးမယ္လုပ္ရင္း ေမ့သြားလို႔ ဒီေန႔ တင္ေပးလိုက္ပါတယ္။ ပထမဆုံး ေရးတဲ့ extra မို႔ လိုအပ္တာရွိရင္ နားလည္ေပးၾကပါ။ ဒီ Fic ေလးကို ထင္ထားတာထက္ အမ်ားႀကီး သေဘာက်ေပးၿပီး ဖတ္ေပးၾကလို႔လည္း ေက်းဇူးအထူးတင္ရွိပါတယ္။ အားလုံးပဲ အစစ အရာရာ ဂ႐ုစိုက္ၾကပါ။ 💚 (NoRen ကိုလည္း တစ္ပိုင္း ေရးမွာပါေနာ္)

Continue Reading

You'll Also Like

214K 4.5K 47
"You brush past me in the hallway And you don't think I can see ya, do ya? I've been watchin' you for ages And I spend my time tryin' not to feel it"...
372K 9.6K 48
Short stories and one shots about the Zodiac signs getting into weird situations. Highest Rank: #84 in Random: 9/30/16 #95 in Zodiac: 9/13/18
8.3K 844 9
"စာထုပ်တွေက α€…α€€α€¬α€Έα€•α€Όα€±α€¬α€α€α€Ία€œα€¬α€Έ α€”α€­α€―α€”α€­α€―?" "စာထုပ္ေတြက α€…α€€α€¬α€Έα€±α€»α€•α€¬α€α€α€Ήα€œα€¬α€Έ ႏိုႏို?" NoMin 2nd Book (NoMin 2nd Myanmar Mini FanFic) Start Date - 31.7.2021 End Dat...
6.3K 709 13
My 2nd Hajeongwoo Fiction β™‘ Haruto Γ— Jeongwoo