Sunbae [JaemRen]
By Neo-Zen
9K 938 115
Jaemin | Renjun JaemRen | RenMin | JaemJun | RenJaem *Zawgyi & Unicode version available* More
Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Final
ကျေးဇူးတင်လွှာ
Episode 14
441 33 24
By Neo-Zen
Renjun မနက်နိုးလာတော့ Jaemin ရင်ခွင်ထဲမှာ ဖြစ်သည်။ RenJun အဖျားကျသွားပေမယ့် ငိုထားတဲ့ အရှိန်ကြောင့် မျက်လုံးတွေ ဖောင်းမို့နေပြီး ခေါင်းမူးနေသည်။
'Baby သက်သာရဲ့လား'
'အင်း ဒါပေမယ့် မျက်လုံးနည်းနည်းအောင့်ပြီး ခေါင်းကိုက်နေသေးတယ်'
'အင်း မနက်စာ ဘာစားချင်လဲ'
Jaemin မေးပြီးတဲ့နောက် Renjun နဖူးလေးကို နမ်းလိုက်သည်။
'တကယ် လုပ်ကျွေးမှာလား'
Jaemin မေးရင်း ငေးကြည့်လာတဲ့ Renjun က ကလေးလေးလိုပင်။
'အင်း ဘာစားချင်လို့လဲ'
'ကင်မ်ချီထမင်းကြော်'
'အင်း ကိုယ် ကြော်ပေးမယ်။ ကိုယ်သွားကြော်နေတုန်း ထပ်အိပ်နေဦးမလား။'
'ဟင့်အင်း တူတူလိုက်မယ်'
RenJun , Jaemin လည်ပင်းကို ဖက်ကာ ပြောလိုက်သည်။ Jaemin လည်း နောက်ထပ် RenJun နဖူးလေးကို နမ်းလိုက်ရင်း
'ဒါဆို မျက်နှာသစ်ကြရအောင်လေ'
'အင်း Jaem ချီ'
Jaemin, RenJun ကို ချီပြီး ရေချိုးခန်းထဲ ခေါ်သွားလိုက်သည်။ မျက်နှာသစ်ပြီး Jaemin ထမင်းကြော် ကြော်ဖို့ လုပ်နေတုန်းမှာပဲ ကျောကို ဖက်ကာ ကပ်နေပြန်သည်။
'Baby က ဖားပျံလား တောက်တဲ့လား'
'ဖားပျံလည်း မဟုတ်ဘူး။ တောက်တဲ့လည်း မဟုတ်ဘူး။ Jaem ကို ကပ်မယ့် Jaem ရဲ့ Baby'
RenJun ပြောသည်ကို Jaemin သဘောတကျ ရယ်လိုက်မိသည်။
'အဟမ်း အဟမ်း'
မီးဖိုချောင်ထဲ ချောင်းဟန့်ရင်း ဝင်လာသော Kai နဲ့ Kun။ Hyung နှစ်ယောက်ကို တွေ့တော့ RenJun, Jaemin ကို ဖက်ထားရာက လွှတ်လိုက်သည်။
'Aigoo အတွဲတွေ အတွဲတွေ'
'Kai hyung တို့တွေ မနက်စာ အပြင်မှာပဲ စားကြမလား'
'အဲ့လို လုပ်ကြမလား'
Kai hyung နဲ့ Kun hyung စနောက်မှုကြောင့် RenJun မျက်နှာနီရဲလာလေသည်။ Jaemin ကတော့ RenJun ကို ပြုံးပြီးသာ ငေးကြည့်နေသည်။
'တစ်ယောက်သောသူရဲ့ မျက်နှာက စတော်ဘယ်ရီခင်း ကြနေရောပဲ။ တစ်ယောက်ကလည်း ငေးကြည့်နေတာ မျက်လုံးတောင် ကျွတ်ကြတော့မယ်'
Kai hyung ပြောသည်ကို Jaemin ပြုံးပြီးသာ နားထောင်နေရင်း RenJun လက်ကို ဆွဲကာ ထိုင်ခုံတစ်ခုံ၌ ထိုင်ခိုင်းလိုက်သည်။ ပြီးမှ
'Hyung တို့လည်း ထိုင်ကြပါ။ မနက်စာ အပြင်မှာ မစားနဲ့။ ကျွန်တော် ဒီမှာ Hyung တို့အတွက်ပါ ကြော်ထားပေးတယ်။'
(Vampire တွေ ဒါတွေမစားပေမယ့် စားခိုင်းလိုက်ပါပြီ ဟဲ ဟဲ 😁)
'Aiyo ငါတို့ရှိတာ သတိတရ ရှိသေးတာပဲ'
Kun hyung က RenJun မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ခုံကို ဝင်ထိုင်ရင်း ပြောလေသည်။
'ပြီးတော့လေ Kai hyung ပြောရဦးမယ် ... ကျွန်တော် စတော်ဘယ်ရီ မကြိုက်မှန်းသိရဲ့နဲ့ကို စတော်ဘယ်ရီနဲ့ စရလားဗျာ။ စချင်ရင် တခြား အနီရောင် အသီးတွေ ရှိသေးတာကို .. ဥပမာ ခရမ်းချဥ်သီး လေ ... ဟုတ်တယ်မလား Baby'
Jaemin, Kai ကို ပြောပြီး RenJun ပါးကို နမ်းလိုက်တော့ RenJunက Jaemin ပုခုံးကို လှမ်းရိုက်လေသည်။ Jaemin , ထမင်းကြော်ကို ပန်းကန်ထဲ ထည့်ပြီးတဲ့နောက် အစ်ကိုနှစ်ယောက်နဲ့ RenJun ကို ချပေးလိုက်သည်။ ပြီးတော့ RenJun ဘေး ဝင်ထိုင်လေသည်။
'Jaem က မစားဘူးလား'
'ကိုယ် ဗိုက်မဆာလို့'
'ဒါနဲ့ RenJun က သက်သာရဲ့လား'
Kun hyung က RenJun ကို ကြည့်ရင်း မေးလိုက်သည်။
'ဟုတ်ကဲ့ hyung သက်သာသွားပါပြီ'
ဒီလိုနဲ့ ထမင်းဝိုင်းလေးက စကားသံတွေ တိတ်ဆိတ်သွားခဲ့သည်။
>>>>>>>>>>>>> Sunbae <<<<<<<<<<<<<
ထမင်းစားပြီးတော့ hyung နှစ်ယောက် အလုပ်သွားပြီး Jaemin နဲ့ RenJun သာ ကျန်ခဲ့လေသည်။
'ဘာလိုလို နဲ့ ကျောင်းတောင် ပြန်တက်ရတော့မယ်နော် Jaem'
'အင်း ဟုတ်ပါ့ ... ရော့ Baby ဆေးသောက်ဦး'
RenJun လည်း Jaemin ပေးလာသော ဆေးကို ယူကာ သောက်လိုက်သည်။
'ဒါနဲ့ Jaem က အလုပ်မသွားဘူးလား'
'ကိုယ် အလုပ်လုပ်တာ နားထားတယ် Baby ဘေး နေချင်လို့'
Jaemin ပြောပြီး RenJun ခါးလေးကို ဖက်လိုက်သည်။
'အလုပ်တွေ ပုံနေဦးမယ်'
'အလုပ်က Baby လောက် အရေးမကြီးပါဘူး'
Jaemin စကားကြောင့် RenJun ပြုံးပြီး Jaemin ပါးကို နမ်းတော့ Jaemin က RenJun နှုတ်ခမ်းကို ပြန်နမ်းလာသည်။
'ဒါနဲ့လေ Jaem'
'အင်း'
'ဟိုလေ ညက Kun hyung က ပြောပြတယ်'
'အင်း ဘာပြောတာလဲ'
'အကယ်၍ ကျွန်တော်သာ Vampire အဖြစ် ပြောင်းလဲလိုက်မယ်ဆို'
RenJun စကားကြောင့် Jaemin ပြုံးနေရာက တည်သွားမိသည်။ Jaemin တည်သွားတာမို့ RenJun ဆက်မပြောဘဲ ရပ်နေလိုက်သည်။
'အင်း ဆက်ပြောလေ Baby'
'အဲ့တာ အဲ့လိုသာဆို Jaem ဘေး အကြာကြီး နေလို့ရပြီးတော့'
RenJun ပြောပြီး တစ်ခါ Jaemin ကို ငေးကြည့်ပြန်သည်။
'အင်း အဲ့တာပြီးတော့ရော'
'ဟို ဟို ကိုယ်ဝန်လည်း ဆောင်လို့ ရနိုင်တယ်ဆို'
Jaemin, သက်ပြင်းငွေ့ငွေ့ချလိုက်ရင်း RenJun ကို ဖက်ထားရာက လွှတ်ကာ မျက်နှာချင်းဆိုင်စေလိုက်သည်။
'အမှန်ဆို ဒီအကြောင်းတွေက နောက်ဆို သိလာရမှာ မှန်ပေမယ့် အခုချိန်ထိတော့ Baby ကို ဖွင့်မပြောသေးဘူးပဲ လုပ်ထားတာ။ ဒါပေမယ့်လည်း ... အင်း Baby အခုပြောတဲ့ Kun hyung ပြောပြတာတွေက အမှန်ပါပဲ'
Jaemin ပြောတော့ RenJun က ခေါင်းညိတ်ပြကာ နားထောင်နေလေသည်။
'ဒါပေမယ့် ကိုယ်က ဒီကိစ္စတွေကို Baby သဘောအတိုင်းပဲ လုပ်စေချင်တယ်။ ကိုယ်ဖိအားမပေးချင်ဘူး။ ပြီးတော့ vampire အဖြစ် ပြောင်းလဲဖို့က နည်းနည်းတော့ နာကျင်ရလိမ့်မယ်'
'ဘယ်လို နာကျင်ရတာလဲ Jaem'
'စစချင်း အကိုက်ခံရပြီးရင် အားနည်းသလိုတွေ ခံစားရမယ်။ ပြီးတော့ တစ်ကိုယ်လုံးလည်း ကိုက်ခဲမှုတွေ ခံစားရမှာ'
RenJun, Jaemin ပြောပြသည်ကို နားထောင်ကာ ခေါင်းညိတ်ပြလိုက်သည်။
'အဲ့ဒါကြောင့် ... ဒီကိစ္စကို ထားပါဦး။ Baby နောက်မှ ဖြေးဖြေးချင်း စဥ်းစားကြည့်ပါ။ လောလောဆယ်တော့ အရင်ဆုံး Baby ပြန်ကျန်းမာအောင် ဂရုစိုက်ရမယ်'
'ဒါနဲ့ ဟိုတစ်ယောက် ... ဟိုတစ်ယောက်ကိုရော ဘယ်လိုလုပ်ကြမလဲဟင်'
'Kai hyung တို့ပါ ကူညီပေးမှာမို့ အဆင်ပြေသွားမှာပါ'
'Jaem ဘာမှမဖြစ်ဘူးမလား'
'ဘာမှမဖြစ်အောင် ကိုယ်က babyကို ကာကွယ်ပေးမှာပေါ့'
'မဟုတ်ဘူး ကျွန်တော်ပြောတာက ကျွန်တော်ထက် Jaem ကို ပြောတာ'
Jaemin , Renjun စကားကြောင့် စိတ်ထဲ ကြည်နူးမိသည်။ အမှန်ဆို ကိုယ်က ထိခိုက်မှု မရှိတဲ့ဟာကို သူ့ပဲ နာကျင်နေရတာ မတွေးမိဘူးလား ဒီကောင်လေးက။
'ကိုယ်က ဘာဖြစ်နိုင်မှာလဲ Baby ရဲ့။ ကိုယ်က ဘာမှမဖြစ်တာမို့ မစိုးရိမ်ပါနဲ့။ Baby သာ ဂရုစိုက်။ ကိုယ်ကလည်း Babyကို ဂရုစိုက်ပေးမယ်။ ကိုယ့်အတွက်တော့ စိတ်မပူပါနဲ့ Baby ရဲ့'
'Jaem'
ဆက်ပြောဖို့ ပြင်နေတဲ့ RenJun ရဲ့ စကားလုံးတွေဟာ Jaemin နှုတ်ခမ်းတွေကြား ကျရှုံးခဲ့ပါတယ်။
>>>>>>>>>>>>> Sunbae <<<<<<<<<<<<<
'မင်း Jaeminnie ရဲ့ soulmate ကို ဘာလို့ နှောင့်ယှက်နေတာလဲ'
Kai, သူရှေ့မှာ ထိုင်နေသူကို ကြည့်ရင်း မေးလိုက်သည်။
'ကျွန်တော်က ... ဟာ hyung ကလည်း မဟုတ်တာဗျာ'
'ငါ အကုန်သိထားတာမို့ စကားကို မလိမ်ပါနဲ့'
Kai စကားကြောင့် ထိုလူ မျက်နှာ တည်သွားလေသည်။
'ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ။ မင်း Jaemin ကို မင်းသဘောနဲ့ မင်းပဲ ထားခဲ့တာ မဟုတ်ဘူးလား'
'Hyung'
'မင်းလုပ်ခဲ့တာ မင်းပြန်စဥ်းစားပါဦး။ သူမင်းကို ဘယ်လောက်ထိ ချစ်ခဲ့သလဲ ဆိုတာ မင်းအသိဆုံးပါ။ ဒါပေမယ့် မင်းကိုယ်တိုင်ပဲ သူ့ကို ထားခဲ့ပြီး တစ်ခြားသူကို ရွေးချယ်သွားတယ် မဟုတ်ဘူးလား။ အဲ့ဒါ့ကို အခု Jaemin သူ့ဘာသာသူ ပျော်ရွှင်နေတာကို ဘာလို့ နှောင့်ယှက်ချင်နေရတာဘဲ'
'ကျွန်တော် ဒီလိုလုပ်ခဲ့တာ မှန်ပေမယ့် ကျွန်တော် သူ့ကို ခုထိ ချစ်နေသေးတာမို့ ပြန်လိုချင်တယ်'
'မင်းက မင်းဘက်ပဲ တွေးတာပဲ။ Jaemin က ... မင်း ကစားချင်တိုင်း ကစားလို့ရတဲ့ အရုပ်များ ထင်နေလား'
'သူ ကျွန်တော့်ဆီ ပြန်လာမှာပါ hyung ရယ်'
ထိုလူစကားကြောင့် Kai မျက်နှာမဲ့လိုက်လေသည်။
"ခင်ဗျား အတွေးသက်သက်ချည်းပဲ ပြောမနေနဲ့။ ကျွန်တော်က ခင်ဗျားဆီ ဘာလို့ ပြန်လာရမှာလဲ"
Jaemin ထိုလူရဲ့စကားကို ပြန်ဖြေရင်း Kai ရဲ့ အလုပ်ခန်းထဲကို ဝင်လာခဲ့လိုက်သည်။ ပြီးတော့ Kai hyung ဘေးက ထိုင်ခုံကို ဝင်ထိုင်လိုက်သည်။
'Jaemin'
"ဒီမှာ ကျွန်တော် ခင်ဗျားကို ချစ်ခဲ့ဖူးတယ်ဆိုတာ တစ်ချိန်တုန်းကပါ။ အဲ့လိုမဟုတ်ပဲ အခုချိန်ထိ ခင်ဗျားကို ချစ်နေသေးတောင် ခင်ဗျားပြန်လာချင်တယ်ဆိုတိုင်း ကျွန်တော်က ပြန်လက်ခံပေးရအောင် ကျွန်တော်က ဘာမို့လို့လဲ"
'မဟုတ်ဘူး Jaemin ငါ'
"ခင်ဗျားဆီက ဘာအကြောင်းအရာမှ ကျွန်တော် မသိချင်ဘူး။ ကျွန်တော် သိဖို့လည်း မလိုအပ်ဘူး။ အခု ကျွန်တော့်မှာ ကျွန်တော် ချစ်တဲ့သူ ရှိနေပြီ။ ကျွန်တော် သူ့ကိုပဲ လက်တွဲသွားမှာ"
'ငါ ငါ့အတွက် အခွင့်အရေး ...'
' အခွင့်အရေး ... ခင်ဗျားက ဘာတွေများ ကြင်နာပေးခဲ့လို့ အခွင့်အရေး ဆိုတဲ့ စကား ပြောထွက်နိုင်ရတာလဲ။ ကျွန်တော့် ခင်ဗျားကို နောက်ဆုံးအကြိမ် ထပ်သတိပေးလိုက်မယ်။ ကျွန်တော် ခင်ဗျားဆီ ဘယ်တော့မှလည်း ပြန်လာမှာ မဟုတ်သလို ခင်ဗျားလည်း ကိုယ့်ဘဝနဲ့ ကိုယ် နေပါ။ ပြီးတော့ နောက်ထပ် ကျွန်တော့် ကောင်လေးကို ထိလာမယ်ဆို ခင်ဗျားဘဝ လုံးဝ အဆုံးသတ်သွားအောင် ကျွန်တော် လုပ်မယ်"
Zawgyi
'Baby သက်သာရဲ့လား'
'တကယ် လုပ်ကျွေးမှာလား'
'အင်း ဘာစားချင်လို့လဲ'
'ကင်မ်ချီထမင်းကြော်'
'အင်း Jaem ချီ'
'အဟမ်း အဟမ်း'
'Aigoo အတွဲတွေ အတွဲတွေ'
'အဲ့လို လုပ်ကြမလား'
'Jaem က မစားဘူးလား'
'ကိုယ် ဗိုက်မဆာလို့'
>>>>>>>>>>>>> Sunbae <<<<<<<<<<<<<
'အလုပ်တွေ ပုံနေဦးမယ်'
'ဒါနဲ့လေ Jaem'
'အင်း'
'အင်း ဘာပြောတာလဲ'
'အင်း ဆက်ပြောလေ Baby'
'Jaem'
>>>>>>>>>>>>> Sunbae <<<<<<<<<<<<<
'Hyung'
'Jaemin'
'မဟုတ်ဘူး Jaemin ငါ'
Continue Reading
You'll Also Like
190K 4.8K 76
"I always thought that we've had this sort of connection... Unspoken- of course" ~~~~~~~ -Stiles Stilinski
5.3K 353 11
Two starving young music artists find themselves in a pickle. He needs someone to help with harmonies, a sweet alto voice that will blend with his. H...
3.5K 427 9
Markhyuck _ 6 🍎 × 16 HAPPY Ah Chan DAY ❣️ Complete (12) 🍁
8.3K 844 9
"စာအုပျတှကေ စကားပွောတတျလား နိုနို?" "စာအုပ်တွေက စကားပြောတတ်လား နိုနို?" NoMin 2nd Book (NoMin 2nd Myanmar Mini FanFic) Start Date - 31.7.2021 End Dat...