Fish Upon the Sky

By linn_slln511

5.9K 178 20

ကျွန်တော်နာမည်က ပီ ကျွန်တော်မှာကြိတ်ကြိုက်နေရတဲ့လူတစ်ယောက်ရှိတယ် သူ့နာမည်ကမာနန်း မာနန်းကအရမ်းချော၊ပေါ်ပြူလာဖ... More

Fish Upon the Sky
အပိုင်း 1 ပြောင်းလဲမှု
အပိုင်း 2
အပိုင်း 3
အပိုင်း 4 ကစ်တီအဖွဲ့ နှင့် ပီ
အပိုင်း 6
အပိုင်း 7
အပိုင်း 8
အပိုင်း 9
အပိုင်း 10
အပိုင်း 11 အို...လူယုတ်မာ
အပိုင်း 12
အပိုင်း 13
အပိုင်း 14
အပိုင်း 15 အတွဲတစ်တွဲအားပေးစားခြင်း

အပိုင်း 5

116 8 1
By linn_slln511

အတန်းထဲမှာစာလိုက်ကြည့်လေ့မရှိသည့် အပျင်းကောင်ဒူရမ်က စာသင်ချိန်ကိုအိပ်ချိန်ဟုသဘောထားပုံရသည်
အတန်းထဲမှကျောင်းသားအားလုံးပြန်သွားမှ ဒူရမ်အိပ်နေရာကနိုးလာသည်

ဝှား စာသင်ခန်းထဲမှာ ဘယ်လိုတောင်အိပ်ကောင်းနေရတာလဲ

ဒူရမ်ကဘေးနားကိုကြည့်လိုက်တော့ သူ့ဘေးမှာထိုင်တဲ့ကလေးတစ်ယောက်ပဲကျန်တော့တယ်

'' ဟေ့ အတန်းပြီးသွားပြီလား''
''ပြီးတာ တစ်နာရီတောင်ကျော်နေပြီ ဆရာကအဖွဲ့လိုက်လုပ်ရမယ့်စာတွေပေးသွားတယ် မင်းနဲ့ငါနဲ့ကအဖွဲ့တူတူပဲ အဲ့ဒါကိုပြောပြမလို့စောင့်နေတာ''
''အော်...''
''ဒါကအတန်းစာရွက်''

မီကအတန်းစာရွက်ကိုထုတ်လိုက်ပေမယ့် သူသတိမမူမိတဲ့အချိန်မှာ သူ့ရဲ့ဒိန်ချဥ်ဗူးကဇွန်းလေးပြုတ်ကျသွားပြီဖြစ်တယ်

'' အိုး ဇွန်းပြုတ်ကျသွားပီ''

'' ရော့....''

ဒူရမ်ကအဲ့ဇွန်းကိုချက်ချင်းပဲကောက်ပေးလိုက်ပေမယ့် ဆေးပညာအသိရှိနေတဲ့ဆေးကျောင်းသားလေးကချက်ချင်းငြင်းတယ်

''မသုံးတော့ပါဖူး..... မြေကြီးပေါ်မှာ ဖုန်တွေ ပိုးမွှားတွေ မြေကြီးတွေရှိနေတာ ငါအဲ့ဇွန်းနဲ့ဘယ်လိုစားမလဲ သေသွားမှာပေါ့''

ဒူရမ်က ဂျီးများလွန်းတဲ့ကောင်လေးကို သက်ပြင်းချလိုက်ပြီးတော့

''အာ့ဆို မင်းမှာဇွန်းအပိုရှိလို့လား''

''မရှိဖူး ငါဘယ်လိုစားရတော့မလဲ''

ဒူရမ်ကမျက်နှာငယ်လေးနဲ့ပြောလာတဲ့ကလေးကို မကြည့်ရက်တော့ဖူးလေ

'' ဒီကိုပေး''

ဒူရမ်ကဒိန်ချဥ်ဗူးကိုတောင်းယူလိုက်ပြီးတော့ တစ်ခါတည်းမော့သောက်လိုက်တယ်........လို့ထင်လား
မဟုတ်ပါဖူး..........
ဒူရမ်မှာလည်းစိတ်ကောင်းလေးနည်းနည်းတော့ရှိပါတယ်
(ဒါပေမယ့်နည်းနည်းလေးမှနည်းနည်းလေးပါ မမြင်နိုင်လောက်အောင်သေးငယ်ခြင်းလေး)

ဒူရမ်ကဒိန်ချဥ်ဗူးရဲ့အဖုံးကိုဖွင့်လိုက်တယ်
ပြီးတော့ ဇွန်းပုံစံမျိုးလေးဖြစ်အောင်ခေါက်လိုက်ပြီးတော့ မီကိုပေးလိုက်တယ်

''ရော့''

''မိုက်လိုက်တာ ငါတကယ်ကိုအဲ့လိုလုပ်လို့ရတယ်ဆိုတာမသိခဲ့ဖူး မင်းဘယ်လိုသိတာလဲ''

''ငါကညဏ်ကောင်းတယ်လေ''

ရိုးသားတဲ့ကလေးက ဒူရမ်ရဲ့စကားကိုယုံကြည့်သလိုမျိုးကြည့်ပြီးတေ့ သူ့ရဲ့ဒိန်ချဥ်ဗူးကိုဆက်စားနေခဲ့တယ်

ဒါက ဒူရမ်နောက်ကိုအဲ့ကလေးတောက်လျှောက်လိုက်နေရခြင်းရဲ့အစပါပဲ
အဲ့ဒီစာတန်းကိစ္စကြောင့်လည်း ဒူရမ်က ပီကိုကတိပေးထားပြီးတော့ လိုက်မသွားနိုင်တာပါ

ပီကတော့ ခုချိန်ဆိုသွားဆေးခန်းမှာလေ
ပီက သွားဆေးခန်းမှာ သူတပ်ထားတဲ့သွားထိန်းကိုဖြုတ်ပစ်ရမယ်
ရုပ်ဆိုးလေးပီကို ချောမောလှပတဲ့မင်းသားလေးအဖြစ်ပြောင်းပေးဖို့အတွက်လေ

''မဂ်လာပါ ဆရာမ
ကျွန်တော်တို့အားလုံးသူနဲ့အတူအခန်းထဲမှာပဲနေလို့ရမလား'' သွားဆရာဝန်မလေးကိုဂျင်ကမေးလိုက်တယ်

''ရပါတယ် မင်းတို့တိတ်တိတ်နေမယ်ဆိုရင်ရပါတယ်''

''ဟုတ်ကဲ့ပါ ကျွန်တော်တို့ကသူထွက်ပြေးမှာကြောက်လို့လေ''

''ဟုတ်တယ် ဟုတ်တယ် ကျွန်တော်တို့ညီလေးကအရမ်းကြောက်တတ်တာ တကယ်တော့သူမကြောက်သင့်ဖူး'' ဂျိမ်းကဝင်ပြောတယ်

''ပီကသာအကြောက်လွန်နေတာ''

''အဲ့တာဆို အကိုဒီခုံပေါ်မှာလာအိပ်ကြည့်လေ''

''မင်းငါ့ကိုလာစိန်ခေါ်နေတာလား မင်းလူမှားသွားပြီကလေးလေး''
ဂျင်ကပီကိုလှောင်ပြီးတော့ပြောလိုက်ပေမယ့် သူပြန်ကလိုက်တာကတော့ သူ့ရဲ့နှုတ်စရာလိုနေတဲ့အံဆုံးသွားနှစ်ချောင်းကိုနှုတ်ခံလိုက်ရတာပါပဲ

''အိုး ဘာလို့ဒီလောက်စျေးကြီးရတာလဲ''
ကောင်တာကိုရောက်တော့သွားနှုတ်ခံရတဲ့ဂျင်ကစကားကိုပီအောင်တောင်မပြောနိုင်ရှာတော့ဖူး

''ဆေးကိုစိတ်ပူမနေနဲ့တော့ မင်းပါးကြီးဖောင်းနေတာကိုပဲစိတ်ပူ'' ကော့ကသူ့သူငယ်ချင်းကိုစိတ်ပူပေးတယ်

''အာ ငါ့ပါးဖောင်းနေတာလား''

''အေး မင်းကြည့်ကြည့်လိုက်'' ကော့ကသူ့ဖုန်းကိုထုတ်ပေးတယ်

''သေစမ်း''

''တွေ့လား ငါပြောသားပဲ''

''ဒါပေမယ့် ငါချောနေတုန်းပဲ''

''မင်းပါးဖောင်းနေတာကို ဘာလိုများပြောနိုင်ရသေးတာလဲ''

''ဒါနဲ့ ပီဘယ်မှာလဲ''
ဂျင်က ဂျိမ်းကိုမေးလိုက်တယ်
ဂျင်ရဲ့ပါးကဖောင်းနေပြီးစကားကိုပီအောင်မပြောနိုင်တာကြောင် ဂျိမ်းကလုံးဝနားမလည်ဖူး
နားလည်တဲ့ကော့ကပဲ ဝင်ပြောပေးလိုက်တယ်

''ပီကိုမေးတာလား ပီကနောက်ဆရာဝန်တစ်ယောက်နဲ့သူ့သွားထိန်းကိုဖြုတ်နေတယ်''

''ဒါနဲ့ မင်းနာနေသေးလား''

ဂျင်ကခေါင်းခါပြတယ်

''ဒါဆို ငါစမ်းကြည့်မယ်နော်''

ပြောရင်းနဲ့ဂျင်ရဲ့ပါးကိုတစ်ချက်စမ်းရိုက်ကြည့်လိုက်တယ်
ဂျင်ကမနာဖူးဆိုတဲ့သဘောနဲ့ခေါင်းခါပြတယ်
နောက်တစ်ချက်ထပ်ရိုက်ပစ်လိုက်တယ်
ဂျင်ကပြောတယ် သူမနာဖူးတဲ့
နောက်တစ်ချက် နောက်တစ်ချက် နောက်တစ်ချက်....... ဆက်တိုက်ရိုက်လိုက်တော့

''သေစမ်း မင်းငါ့ကိုလုပ်ရဲတယ်ပေါ့''

ဂျင်ကပြောလိုက်ပေမယ့် ဂျိမ်းကြားတာကတော့ ဝူးဝူးဝါးဝါးပဲပေါ့
အဲ့တာကြောင့်မို့ ကော့ကဘာသာပြန်ပေးတယ်

''မင်းငါ့ကိုလုပ်ရဲတယ်ပေါ့''

''မင်းဝိဝါး''
''မင်းသိလား''

''နာတို့ဝိဝယ်ဝင်းဖစ်တာ ဖိလောက်တာပီဝဲ''
''ငါတို့သူငယ်ချင်းဖြစ်တာဘယ်လောက်ကြာပြီလဲ''

''မင်းနာ့တို ဝီလိုထပ်လုလို့ကဝေါ့''
''မင်းငါ့ကိုဒီလို ထပ်လုပ်လို့ကတော့''

''နာတို့ ဝီးပီဝဲ''
''ငါတို့ပြီးပြီပဲ''

'' မအေလိုး''
ဂျင်က ထဆဲလိုက်ပေမယ့်သူ့ကိုဘာသာပြန်ပေးနေတဲ့ကော့ကတော့ တစ်မျိုးပြောင်းပြောလိုက်လေရဲ့

''ချစ်တယ်တဲ့'' (အသံထွက်တူ)

''မှန်တယ် သူငယ်ချင်း'' ဂျင်ကပြောရင်းနဲ့သူ့ချစ်သူငယ်ချင်းကိုမနမ်းမိရုံတမယ် ကျေးဇူးတင်သွားတယ်

အဲ့အချိန်မှာပဲ အရမ်းချောတဲ့မင်းသားလေးထွက်ပေါ်လာပါပြီ
အိုး သူ့နောက်မှာအလင်းတန်းတွေတောင်မြင်နေရသလိုပဲ
ချောလိုက်တာ
သူကဆံပင်ကိုအပေါ်လှန်တင်ထားပြီးတော့ မျက်မှန်မပါတဲ့သူ့မျက်လုံးလေးတွေကအရောင်လဲ့နေတာပဲ
သွားထိန်းမပါတဲ့သူ့သွားတွေကလည်း လှပတဲ့အပြုံးလေးတစ်ခုနဲ့
တကယ့်ကိုချစ်စရာကောင်လေးအဖြစ်ပြောင်းလဲသွားတာပဲ........

@linn_slln511
love u all💙

*Zawgyi*




''အော်...''
''ဒါကအတန်းစာရွက်''



'' ရော့....''







'' ဒီကိုပေး''

မဟုတ်ပါဖူး..........


''ရော့''


''ငါကညဏ်ကောင်းတယ်လေ''




''မဂ်လာပါ ဆရာမ







''အိုး ဘာလို့ဒီလောက်ဈေးကြီးရတာလဲ''




''သေစမ်း''

''တွေ့လား ငါပြောသားပဲ''



''ဒါနဲ့ ပီဘယ်မှာလဲ''


''ဒါနဲ့ မင်းနာနေသေးလား''

ဂျင်ကခေါင်းခါပြတယ်






''မင်းဝိဝါး''
''မင်းသိလား''



''နာတို့ ဝီးပီဝဲ''
''ငါတို့ပြီးပြီပဲ''

'' မအေလိုး''

''ချစ်တယ်တဲ့'' (အသံထွက်တူ)


ချောလိုက်တာ

@linn_slln511
love u all💙

Continue Reading

You'll Also Like

2.7M 67.3K 123
Imagines and Oneshots from the Harry Potter Universe ✧₊⁺ Draco Malfoy, Mattheo Riddle, Theodore Nott, Lorenzo Berkshire, Pansy Parkinson, Tom Riddle...
125K 7.4K 91
"Great news! Wei WuXian has died!" "Wait- WHAT?!" "But I'm still here." The juniors (Lan Sizhui, Lan Jingyi, Jin Ling, and Ouyang Zizhen) accidentall...
75.8K 2K 30
Izuku Midoriya, neglected and bullied due to his lack of a quirk, endured abuse from his family and friends, especially his twin sister Izumi and Kat...
154K 11.2K 61
BOOK #2 They say love heals scars, but Seokmin's scars were lessons-bitter reminders that twisted him into a creature of darkness. His life was a ser...