ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာ...
By BI_BI_DAA
361K 64K 1.4K
This is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Ti... More
Description
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21.1]
[21.2]
[22.1]
[22.2]
[23.1]
[23.2]
[24.1]
[24.2]
[25.1]
[25.2]
[26.1]
[26.2]
[27.1]
[27.2]
[28.1]
[28.2]
[29.1]
[29.2]
[30.1]
[30.2]
[31.1]
[31.2]
[32.1]
[32.2]
[33.1]
[34.1]
[34.2]
[35.1]
[35.2]
[36.1]
[36.2]
[37.1]
[37.2]
[38.1]
[38.2]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49.1]
[49.2]
[49.3]
[50]
[51]
[52]
[53.1]
[53.2]
[53.3]
[53.4]
[53.5]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[67]
[68]
[69]
[70]
[71]
[72]
[73]
[74]
[75]
[76]
[77]
[78]
[79]
[80]
[81]
[82]
[83]
[84]
[85]
[86]
[87]
[88]
[89]
[90]
[91]
[92]
[93]
[94]
[95]
[96]
[97]
EXTRA-1
EXTRA-2
EXTRA-3
EXTRA-4
EXTRA-5
EXTRA-6
EXTRA-7
EXTRA-8
EXTRA-9
EXTRA-10
EXTRA-11
EXTRA-12
EXTRA-13[END]
[33.2]
2.3K 464 6
By BI_BI_DAA
[Unicode]
ဝူလင်း​ခေါင်း​ဆောင်နှင့် ကိုယ် အစည်းအ​ဝေးခန်းထဲမှာ
ထန်​ရှောင်းယွီ နှုတ်ခမ်းစူလိုက်ပြီး နာမည်ကြီးဆယ်လီ​တွေရဲ့ဘဝက တကယ်ခက်ခဲတာပဲလို့ တွေးမိလိုက်သည်။
နောက်က​နေအလိုက်ခံရရုံသာမက ရူးနှမ်း​နေတဲ့ အချို့ လူ​တွေရဲ့ ဆဲဆိုနေတာ​ကိုတောင် ပြန်တုံ့ပြန်လို့မရပြန်!
"ဟက်ချိုး!" ရူးနှမ်းတဲ့ဆု​ရှောင်းနိုလေးခင်ဗျာ နှာ​ချောလိုက်ရသည်။ "မင်း အ​အေးမိတာလား?" ဒိုင်အန်း သတိကြီးစွာဖြင့် မေးလိုက်သည်။
"မဟုတ်ပါဘူး။ငါ့နှာ​ခေါင်းနားကို ပိုး​ကောင်​လေး ကပ်သွားလို့ပါ " ဆုနို ရေကိုယူလိုက်ပြီး ဆက်​ပြောလိုက်၏။ "ရှုတင်ပြီးဖို့ ဘယ်​လောက်ကျန်​သေးလဲ?"
"သုံးစုံ​တော့ ရိုက်ဖို့ ကျန်​သေးတယ်...အဲ့ဒါဆိုရင် ခြောက်နာရီ ခုနှစ်နာရီ လောက်မှ ပြီးလိမ့်မယ် " ဒိုင်အန်း သူ့ကို ချွေး​တွေ ကူ​သုတ်​ပေးလိုက်ပြီး မေးလိုက်သည်။ " ပင်ပန်း​နေပြီလား?"
"အဆင်​ပြေပါတယ်"
ဆုနိုက အရမ်းကို ပရိုဖက်ရှင်နယ် ပီသပါပေ၏။
ဒါ​ပေမယ့် ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စက​တော့ ဒီည အိုးရန်လုံနဲ့အတူတူ ညစာ,စားလို့မရ​တော့ဘူး!
ထို့​ကြောင့် နားချိန်တုန်းက သူ့ကို လှမ်းပြောထားလိုက်သည်။ " ကျွန်တော် နောက်ကျတဲ့အထိ အလုပ်လုပ်ရအုံးမှာ "
"ကိုယ်လည်း နောက်​ကျမှာ" မစ္စတာဒါရိုက်တာရဲ့အသံသည် အရမ်းကို နူးညံ့စွာဖြင့် "ကိုယ် ဒီနေ့ လာမကြိုနိုင်​တော့ဘူး။ ပြန်​ရောက်တာနဲ့ အိပ်​နော်။ ညဘက်ကြီး မုန့်စားဖို့ ခိုးမထွက်သွားနဲ့ "
"..........."
ဆုနို အ​တွေးကြပ်သွားရသည်။ဒီည ငါ spicy hot pot သွားစားမလို့ကို သူဘယ်လိုလုပ်သိ​နေရတာလဲ!
သူ့အ​တွေး​တွေကို မှန်မှန်​ပြောနိုင်နေတာက.....တကယ်ပဲ နှစ်​ယောက်သားက စိတ်ချင်းဆက်သွယ်ထားသလိုပဲ!ငါတို့က မျက်လုံးချင်းဆုံတာနဲ့ အပြန်အလှန်ဆက်သွယ်မှုတွေရှိ​နေသလို.....ဆိုလိုတာက သူတို့က နတ်ဖက်တဲ့ စုံတွဲ​တွေမို့လို့ပဲ ဖြစ်ရမယ်!
ချက်ချင်းပဲ ဆုနိုရဲ့စိတ်အ​ခြေအ​နေမှာ ကောင်းသထက်​ကောင်းလာကာ,လူတိုင်းကို ကြည့်ရသည်မှာလည်း နှစ်လိုဖွယ်​ကောင်း​နေပြီး မီးထိုး​ပေးတဲ့ ဦး​လေး​ကြီးတောင် အရမ်းကို ခန့်ညားနေသည်။
"နိုနို......ဒီမှာ ဒါရိုက်တာကျုံးရဲ့သူငယ်ချင်းလို့ ပြောတဲ့သူတစ်​ယောက် ရောက်​နေတယ်။ မင်းကို တွေ့ချင်တယ်လို့​ပြောတယ် " ဒိုင်အန်း ပြောလိုက်သည်
"ကျုံးလီဖုန်းပိုင်ရဲ့ သူငယ်ချင်း?" ဆုနို အံ့သြတကြီးဖြင့် "ဘယ်သူလဲ?"
"ကိုယ်ပါ!" မစ္စတာမုက စိတ်အားထက်သန်စွာဖြင့် ရောက်လာခဲ့သည်။
ဆုနိုက တကယ်တမ်း​တော့ ကျုံးလီဖုန်းပိုင်ရဲ့ သူငယ်ချင်းဆိုတာ​တွေကို စိတ်မဝင်စားပေ​။ ဒါ​ပေမယ့် ဒီလူက အိုးရန်လုံရဲ့ သူငယ်ချင်းဖြစ်​နေ၏။
ထို့​ကြောင့် သူ သဘာဝဆန်ဆန် ပြုံးပြလိုက်ပြီး
"မစ္စတာမု....တွေ့ရတာ ဝမ်းသာပါတယ် "
သူကြောင့် သူ့လူကြီးရဲ့ မျက်နှာ မပျက်​စေရဘူး!အရမ်းအရမ်းကို လိမ္မာတဲ့ ဇနီးကောင်း​​လေးတစ်​ယောက်လို နှုတ်ဆက်လိုက်သည်။
သူတို့နှစ်​ယောက်၏ရင်းနှီးကျွမ်းဝင်​နေသည့်ပုံကို မြင်​တော့ မန်​နေဂျာသည် ထိုင်ခုံတစ်ခုံ ချ​ပေးလိုက်ပြီး ပါးနပ်စွာဖြင့် သူတို့​ရှေ့က​နေ ထွက်လာခဲ့သည်။
"ဒါက ဒီလိုပါ။ကိုယ်က ဒါရိုက်တာကျုံးဆီက ကြားထားလို့ပါ။ မင်းတို့နှစ်​ယောက်က ရင်းနှီးတဲ့ ဆက်ဆံရေး ရှိကြတယ်လို့ ပြောတယ်" မုချိုးရဲ့ မျက်လုံးများက မျှော်လင့်ချက်​တွေနဲ့ ပြည့်နှက်​နေသည်။
ဆုနို သူ့ရဲ့စိတ်ထဲမှာ အော်​ငေါက်​နေကာ.....ဘယ်သူက ဒီလို အနုပညာအ​ပေါ်မှာ စွဲလမ်းရူး​သွပ်နေတဲ့ တစ်​ယောက်နဲ့ ရင်းနှီးချင်​နေလို့လဲ!
"ဒါ​ကြောင့်လေ....မေးချင်တာက.....သူ အရမ်းကို ကြိုက်နှစ်သက်တာတွေ.....ဘာ​တွေများရှိလဲ ?" မုချိုး အရှက်မရှိမေးလိုက်သည်။
"သူကြိုက်တာ​တွေ?" ဆုနို ခဏစဥ်းစားလိုက်ကာ
" ရုပ်ရှင်တွေ?"
"အဲ့တာက လွဲပြီး တခြားကြိုက်တာမျိုး တစ်ခုခု​​ပေါ့..." မုချိုး အမျိုးအစားခွဲပြလိုက်သည်။ ရုပ်ရှင်တွေဆိုတာက အရမ်းကို ပျင်းစရာ​ကောင်းပြီး သိနားလည်ဖို့ကလည်း ခက်ခဲလွန်းတယ်!
".....ကျွန်တော် ထပ်စဥ်းစားလို့ မရ​တော့ဘူး" ဆုနိုသည် ရုပ်ရှင်ကလွဲပြီး ကျန်တာ စဥ်းစား​လို့ ထွက်မလာ​တော့​ပေ။ "သူက ရုပ်ရှင်တွေအ​ပေါ်မှာ ရူးသွပ်လွန်းတာပဲ​လေ "
"ဒါဆိုရင် မကြိုက်တဲ့အရာ​​တွေ​​ကော?" မုချိုး အရှုံးမ​ပေးချင်​သေး​ပေ။
"ဒါတော့ အများကြီးရှိတယ်!" ဆုနို ရှည်လျား​ထွေပြားတဲ့ အမျိုးအစား​တွေကို တန်းစီရွတ်ပြလိုက်သည်။
"Cilantros၊ အနက်ရောင်မှို/agaric၊ day lilies ၊ခရမ်းချဉ်သီးအချို၊ နှမ်း​ဆော့ဆမ်းထားတဲ့ သခွားသီး၊ ဝက်အူချောင်း၊ ပဲတိုဟူး၊ ဂျင်း၊ ကြက်ရင်ဖုံ! "
အဲ့တာတွေအကုန်လုံးက အရမ်းကို အရသာရှိတဲ့ အမယ်​​တွေချည်းပဲ! သူက ဘဝမှာ ပျော်​အောင် ဘယ်လို​နေရမှန်း နားမလည်တဲ့သူလေ!
"အစားအသောက်တွေ အကုန်လုံးပဲလား?" မုချိုး သူ့ရဲ့ မှတ်စုစာအုပ်အ​​သေး​လေးထဲမှာ ချ​ရေးလိုက်သည်။
တကယ်​တော့ ထပ်ရှိ​သေးတယ် သူမမှတ်မိ​တော့လို့သာ!
ဆုနို သူသိတဲ့ တစ်ခု​ကိုတော့ မ​ပြောလိုက်ပေ... သူက လောဘကြီး*တဲ့သူတစ်​ယောက်ဆိုတာကို​တော့ ဖုံးကွယ်ထားလိုက်၏။ ပြီး​တော့ သူ တော်​တော်စဥ်းစားယူပြီး​နောက်မှာ​တော့ တခြားကိစ္စတစ်ခုကို အမှတ်ရသွားသည်။
(*I'm not sure this word)
"သူ ငယ်ငယ်တုန်းကတော့ ဆင်ခြေဖုံးမှာ ခွေးတစ်ကောင် သူ့ကို လိုက်ဖူးတယ်။ အဲ့ဒါ​ကြောင့် အရွယ်အစားကြီးတဲ့ခွေးတွေဆိုရင် သူကြောက်တယ် "
"ခွေးလိုက်ခံရတယ်?" မစ္စတာမုရဲ့ အ​တွေးထဲမှာ​တော့  ပါးဖောင်းဖောင်းလေးနှင့် ထန်းဟူလု(သစ်သီးတုပ်ထိုး) ကို တစ်ဖက်က ကိုင်ထားတဲ့ ကလေးသေး​သေးလေး တစ်​ယောက်က မျက်လုံးထဲမှာလည်း မျက်ရည်စ​တွေနဲ့ အော်ဟစ်ငိုယို ပြေးလာနေသည့်ပုံ​လေးက ပေါ်လာခဲ့သည်။
ချက်ချင်းပဲ သူရဲ့ရင်ဘတ်ထဲမှာ ချစ်မြတ်နိုးသည့်လှိုင်းတစ်ခုက မြင့်တက်လာသည်ကို သူခံစားလိုက်ရသည်။
OMG အရမ်းကို ချစ်စရာ​ကောင်းတာပဲ!
"နိုနို!" ဒိုင်အန်း သူ့​ရှေ့က​နေ အော်​ခေါ်လိုက်ကာ ရှုတင်က မကြာခင် စ​တော့မည်ဖြစ်ကြောင်းကို လှမ်းသတိ​ပေးလိုက်သည်။
"စိတ်မရှိ​ပါနဲ့။ ကျွန်တော် အလုပ်​လေးရှိ​သေးလို့ပါ " ဆုနို ယဉ်ယဉ်ကျေးကျေးပြောပြီး အား​ပေးစကား ပြောလိုက်သည်။ "ဥက္ကဌမုနဲ့ဒါရိုက်တာကျုံးက တကယ်ကို လိုက်ဖက်တယ်လို့ ကျွန်တော်ထင်ပါတယ်"
မုချိုး ချက်ချင်းကို ပျော်ရွှင်သွားပြီး မဟာမိတ် ဖွဲ့လိုက်​တော့သည်။ ထို့​ကြောင့် သူ ရက်ရက်​ရော​ရောဖြင့် VIP Gold ကဒ်ကို ပေးလိုက်ကာ, "နောက်တစ်ခါကျရင် ကိုယ့်ဆိုင်ကို လာခဲ့လိုက်, VIP ဝန်​ဆောင်မှုနဲ့ ဧည့်ခံပါ့မယ် "
ဟားဟားဟားဟား......perfectပဲ! ဒီကဒ်ကိုစျေးကွက်ထဲမှာတောင်မရောင်းထားဘူး။
ဆုနို ချက်ချင်းပင် ပျော်ရွှင်သွားပြီး ဒီထက်​ပျော်နိုင်မယ့်ကိစ္စ​တောင်မရှိနိုင်​တော့ပေ။
တကယ့်ကို လောဘကြီး*တဲ့သူငယ်ချင်းနဲ့ သူငယ်ချင်းဖြစ်ရတာ ထိုက်တန်သွားပြီ။
မ​မျှော်လင့်ဘဲ VIP ကဒ်ကို ရလိုက်တာ​​ကြောင့် ရူတင်သည် အရမ်းကို ချစ်စရာ​ကောင်းလာပြီး ဆွဲ​ဆောင်မှုလည်းရှိလာတော့သည်။
ဆုနိုအတွက် ဒီထက်​ကောင်းတဲ့ အ​ခြေအ​နေ မရှိနိုင်​တော့ပေ။ ဒါ​ကြောင့် သူ ရှုတင်ကို နှစ်နာရီစောပြီးသွား​လေသည်။
"နိုနို! ဒီ​နေ့ အရမ်းကို မိုက်​နေတယ်!" ဓါတ်ပုံဆရာက သူ့ကို ကနွဲ့ကလျနဲ့ ဖက်လိုက်၏။
အဖွဲ့ထဲက မိန်းက​လေးတွေက သူ့တို့ရဲ့စိတ်ထဲမှာ အော်ဟစ်​နေကြကုန်သည်။
အပျက်​ကောင်!! အလှ​လေးကို လွှတ်လိုက်စမ်း...
သူကို ဒါရိုက်တာကြီးကပဲ ပိုင်တာ !အား..ငါတို့​တွေလည်း မနာလိုဖြစ်ရတယ်။ ငါတို့လည်း သူကို ဖက်ကြရ​အောင်!
"အပြင်မှာ သွားစားကြမလား?" ဒိုင်အန်း မေးလိုက်သည်။
"မစားချင်ဘူး။ အိမ်ကိုပြန်ပြီးပဲ နားချင်တယ် " ဆုနို သမ်း​ဝေလိုက်ရင်း "မရီးလုပ်​ပေးထားတဲ့ ဖက်ထုပ်တွေလည်းကျန်​သေးတယ်။ ငါ တစ်​ရေးနိုးတာနဲ့ အဲ့တာပဲ စားလိုက်​တော့မယ်"
"ဆေးက ကြိုထားပြီးသား​, စာပြီးရင်သောက်ဖို့ မ​မေ့နဲ့​နော် " ဒိုင်အန်း ဒူး​ထောက်မတက် တောင်းပန်ရင်း "ကျေးဇူးပြုပြီး​တော့ ထပ်မသွန်ပစ်ပါနဲ့တော့"
"ငါ့အိမ်ကို တစ်ခါတည်း မလိုက်တော့ဘူးလား?" ဆုနို မေးလိုက်သည်။
ဒိုင်အန်းက "ငါ့ညီဝမ်းကွဲလေးက တက္ကသိုလ်ဝင်ခွင့် ကျလာပြီ​လေ။ အဲ့ဒါ​ကြောင့် ဒီ​နေ့ ငါတို့အိမ်မှာ ဂုဏ်ပြုပွဲ​လေး ကျင်းပပေးမလို့။ ဒါကြောင့် ငါ အိမ်ကိုစောစောပြန်ချင်တယ်"
"ဒါဆို ငါသူ့ကိုဂုဏ်ပြုပါတယ်ဆိုတဲ့ အကြောင်းပြောပေးပါအုံး" ဆုနို သူရဲ့ကား​ဘောက်စ်ထဲမှ နာရီကိုယူလိုက်ပြီး "ငါ့ဆီက လက်ဆောင်"
"ကျေးဇူးပါပဲ!"
ဆုနိုရဲ့စိတ်က​တော့ တခြား​နေရာကို ရောက်​သွား​လေသည်။
ဒိုင်အန်းက သူနဲ့အတူ မလိုက်ဘူးဆို​တော့....ဆိုလိုတာက ဒိတ်လုပ်လို့ရ​သေးတာ​ပေါ့!"
ဒိတ်!!အံ့သြကျေနပ်စရာကောင်းလိုက်တဲ့ စကားလုံးလေးပဲ!
သူအိမ်ပြန်​ရောက်​တော့ ခြောက်နာရီထိုး​နေပြီဖြစ်သည်။ သူ အိုးရန်လုံကို ဖုန်း​ခေါ်လိုက်ရင်း "ဒါရိုက်တာကြီး.....အလုပ်မှာပဲ ရှိ​သေးတုန်းလား?"
"ကိုယ် အစည်းအဝေးလုပ်​နေတာ" အိုးရန်လုံက ပင်ပန်း​နေသည့်အသံ​ ပေါက်​နေသည်။ "ကိုယ် ဒီမှာ​ ခဏကြာအုံးမယ် "
ညအထိ အိုဗာတိုင် ဆင်းရတယ်......
'ချစ်သူက အချိန်ပိုအလုပ်ဆင်း​နေရတဲ့အချိန်မှာ နွေး​ထွေးတဲ့ အစားအ​သောက်​လေးကို လာပို့​ပေးတယ်'ဆိုတဲ့အ​ကြောင်းကို ဆုနိုသည် အချစ်မဂ္ဂဇင်း တစ်အုပ်က​နေ ဖတ်ခဲ့ဖူးတာကို အမှတ်ရသွားသည်။
ကြားလိုက်တာနဲ့တင် သူ့နှလုံးသားလေး လှုပ်ခါသွားရသည်။ ထို့​ကြောင့် ဆု​ရှောင်းနိုလေးက ရေခဲ​သေတ္တာကို ဖွင့်လိုက်ပြီး လိုအပ်တဲ့ပစ္စည်းတွေကို ထုတ်လိုက်သည်။
ငါက အရမ်းကိုချစ်တတ်တာပဲ,မဟုတ်ဘူးလား!
ဆုနို အေပရွမ်ကို ဝတ်လိုက်ရင်း သူကိုယ်သူ တွေးလိုက်မိသည်။
အဲ့ဒီ​နောက်မှာ​တော့ သူ့အစ်ကိုကြီးက သူ့ဆီကို ဖုန်း​ခေါ်လာခဲ့သည်။ " ဒီရက်​​တွေမှာ ဘာလို့ အိမ်ကိုပြန်မလာရတာလဲ?"
"အလုပ်​တွေ​ကြောင့် ပင်ပန်း​နေလို့ပါ!" ဆု​ရှောင်းနို  အပြစ်ရှိတဲ့ စိတ်​လေးနဲ့အတူ လိမ်ညာ​ပြောလိုက်သည်။ "ကျွန်တော်က အချိန်ပို အလုပ်,လုပ်ရတဲ့အပြင်
ညကျရင်လည်း ညဥ့်နက်တော့မှ အိပ်ရတယ်!"
ဒီအ​ကြောင်းပြချက်​ကြောင့် အိမ်ကို ပြန်မလာဘူးဆိုတာ ပုံမှန် ဆန်လွန်းပါတယ်။ တကယ့်ဖြစ်ရပ်မှန်က​တော့ ကျွန်တော် ဒိတ်လုပ်​နေလို့​လေ,အို​ခေ!
"ကုမ္ပဏီက မင်းအ​ပေါ်မှာ ဖိအား​​တွေ ပေး​နေတာလား?!" ဟန်​ဝေ ဒေါသထွက်သွားရသည်။
"မဟုတ်ပါဘူး!" ဆုနိုရဲ့မျက်နှာလေးက စိတ်ဓါတ်ကျ​နေသည့် ပုံစံ​လေးဖြင့် " ကျွန်တော်က တောင်းဆိုတာပါ"
"သုံးရက်အတွင်း အိမ်မှာ လာစားဖို့လုပ် "ဟန်ဝေ သူရဲ့ညီငယ်လေးကို အရမ်းအလို​လိုက်လွန်းသည်။ " မင်းရဲ့မရီးကို အမဲရိုးစွပ်ပြုတ် ချက်​ပေးဖို့ ပြောထားလိုက်မယ်!"
".....ဟုတ်ကဲ့" ဆုနိုက "ကျွန်တော် လုပ်စရာ​လေး ရှိ​သေးလို့။ ဒါပဲနော် အစ်ကိုကြီး "
ဆီ​တွေက ဆူ​နေပြီ​။တကယ်လို့ မီးစွဲသွားရင် ဘယ်လိုလုပ်မလဲ! အစ်ကိုကြီးက​​တော့ တကယ်ပါပဲ!
ဖုန်းချသွားသည့်အသံကို ကြား​လိုက်ရ​တော့ ဟန်​ဝေ နားမလည်နိုင်​​အောင် ဖြစ်သွားရသည်။ ပုံမှန်ဆိုရင် တစ်ခုခုကို မရပ်မနား ဆက်တိုက် ပြောနေတတ်တာကို.....ဒီ​နေ့ကျမှ ဘယ်လိုဖြစ်ရတာလဲ?!
အစားသမားလေးတစ်​ယောက်အ​နေနဲ့ ဆုနိုရဲ့ ဟင်းချက်တဲ့ စ​ကေးက ထိပ်တန်းပါပဲ။
သူ အိုးရန်လုံအတွက် ပထမဆုံးချက်​ပေးတဲ့ အတွက်​ကြောင့်မို့လို့ သူ အစွမ်းကုန် ထုတ်သုံး​နေတော့သည်။
ကြွပ်ရွ​နေတဲ့ ငါးစပ်​မွှကြော်တင်မကဘဲ ဝက်နံရိုးချိုချဉ်ကြော်​တွေပါ ချက်ထားသေးသည်။
အကယ်၍ ထမင်းဘူးဆိုဒ်က ဟင်း​တွေကို မကန့်သတ်ထားလိုက်ဘူးဆိုရင် သူ့ရဲ့ကျွမ်းကျင်မှုကို ပြဖို့အတွက် ဘဲတစ်​ကောင်လုံးကိုပါ ကင်​ပေးချင်​သေးတာ!
တစ်နာရီအကြာတွင် ပူပူနွေးနွေးချက်ထားသည့်ဟင်းလျာများက သုံးဆင့်ထမင်းဘူးထဲမှာ ပြည့်လို့သွားသည်။ ဆုနို သူ့ကိုယ်သူဟင်းချက်နတ်ဘုရားတစ်ပါးကဲ့သို့ ခံစားလိုက်ရသည်။
ဆုနို Ren Rui ကားပါကင်ကိုရောက်တဲ့အခါ အိုးရန်လုံကို ဖုန်း​ထပ်ခေါ်လိုက်သည်။
"ဘာလုပ်နေလဲ?"
"ကိုယ် အစည်အ​ဝေးခန်းထဲမှာပဲ" အိုးရန်လုံ ရယ်မြူးရိပ်​လေးဖြင့် ပြန်​ဖြေလိုက်​သော်လည်း အသံမှာ ပင်ပန်း​နေသည့်ပုံပေါက်​နေသည်။ "လိမ်လိမ်မာမာ​လေး နေ​နော်။အနားလည်း ယူအုံး။ ကိုယ် အလုပ်ပြီးသွားရင် ပြန်​ခေါ်လိုက်မယ်,ဟုတ်ပြီလား?"
ဆုနို စိတ်လှုပ်ရှားမှုတွေနဲ့ ပြည့်နှက်သွားပြီး "ကျွန်တော် အောက်မှာ ရောက်​နေပြီ " လို့ ပြောမလို့ပဲ ရှိ​သေး....အိုးရန်လုံက "ကိုယ် နောက်ဆုံး ဆုံးဖြတ်ချက်ကို ပေးရ​တော့မယ်။ ဘေဘီ ကိုယ်ဖုန်းချလိုက်​တော့မယ်​​နော်။ဧနောက်မှာ ပြန်​ခေါ်လိုက်မယ်"
အဲဒီ​နောက် သူတကယ်ကြီး ဖုန်းချသွားတော့၏။
ဆုနို ဘာပြောလို့ ပြောလိုက်ရ​မှန်းတောင်မသိ​တော့ပေ။ ဒါ​ပေမယ့်လည်း ဒီလို​လေး​တော့" 囧 "ဖြစ်သွား၏။
ဒီဇာတ်လမ်းကြီးက အစီအစဉ်ကျမ​နေဘူး​လေ!
ငါက အဓိကဇာတ်​လိုက်တစ်​ယောက်ဖြစ်​နေတာ​တောင်မှ side ကာရိုက်တာ တစ်​ယောက်​လောက်​တောင် အဆက်အဆံ မခံရဘူးလား!
ဇာတ်လိုက်ကို ကျေနပ်​အောင် ခက်ခက်ခဲခဲ ကြိုးစားလိုက်​ပေမယ့်လည်း လုံးဝ လျစ်လျူရှုခံလိုက်ရသလိုပဲ.......အရမ်းကို သနားစရာ​ကောင်းလိုက်တာ!
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
"အဆင်​ပြေပါတယ်"
"..........."
" ရုပ်ရှင်တွေ?"
(*I'm not sure this word)
ဟားဟားဟားဟား......perfectပဲ! ဒီကဒ်ကိုဈေးကွက်ထဲမှာတောင်မရောင်းထားဘူး။
"ကျေးဇူးပါပဲ!"
"ဘာလုပ်နေလဲ?"
Continue Reading
You'll Also Like
601K 99.8K 66
Myanmar translation (မြန်မာဘာသာပြန်) Genre- comedy, drama, romance, school life, yaoi author- Yu Wu Xiao Tian Bing 雨雾小甜饼 Type- web novel Chapters- 61...
919K 138K 71
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s)...
219K 5.4K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်