[Unicode]
ခရမ်းချဉ်သီးကြက်ဥခေါက်ဆွဲနှင့် တုပ်ကွေးဝင်ပြီး ဖျားနာခြင်း
ချိုးကျီယန် မိမိကိုယ်ကို ရဲရင့်တဲ့စစ်သား တစ်ယောက်လို သဘောထားပြီး ဂျင်းပြုတ်ရည်ကို ခက်ခက်ခဲခဲနဲ့ သောက်ချလိုက်ရသည်။
"ကျွန်တော် အကိုကျိရန်အတွက် ဆန်ပြုတ်,ပြုတ်ပေးမယ်" ထန်ရှောင်းယွီ မေးလိုက်သည်။ " ဆန်ပြုတ်အချိုစားချင်လား? အငန်စားချင်လား?"
"ဘာမှ မစားချင်ဘူး " ချိုးကျီယန် ဘာတစ်ခုကိုမှ စားချင်စိတ်မရှိပေ။ သူ အိပ်ယာပေါ်ကို ပြန်လှဲချလိုက်ပြီး အိပ်ဖို့သာ စဥ်းစားလိုက်သည်။
"ဒါဆိုရင် ကျွန်တော် မိုင်ခယ့်ကို ခေါ်လိုက်မယ်" ထန်ရှောင်းယွီ အိပ်ယာခေါင်းရင်းမှာ ရှိနေတဲ့ဖုန်းကို လှမ်းယူလိုက်သည်။
"ခရမ်းချဉ်သီးကြက်ဥခေါက်ဆွဲ " ချိုးကျီယန် ချက်ချင်းကို အရှုံးပေးလိုက်ရသည်။
မိုင်ခယ့်ကို ပြောလိုက်တယ်ဆိုတာက အမေ့ကို ပြောလိုက်တာနဲ့ တူတူပဲ။ ဒါ ကိုယ့်ကိုယ်ကို သေကြောင်းကြံလိုက်တာထက် ပိုဆိုးတယ်။ ဒီဒုက္ခကနေ လွတ်ဖို့အတွက် ခေါက်ဆွဲတစ်ပန်းကန် စားလိုက်တာက ပိုကောင်းပါတယ်လေ။
"အိုခေ " ထန်ရှောင်းယွီ ဖုန်းကို ပြန်ချလိုက်သည်။
ချိုးကျီယန် သူ့ရဲ့မျက်နှာသေးသေးလေးပေါ်က အကြံစည်အောင်မြင်သွားလို့ ပြုံးလိုက်တဲ့အပြုံးလေးကို မြင်လိုက်ရသည်။
တကယ် အကြင်နာတရားကင်းမဲ့လိုက်တာ!
အိပ်ယာပေါ်မှာလှဲပြီး ဟိုဘက်ဒီဘက် လှည့်နေတာနဲ့ပဲ အိပ်မပျော်တော့တာခြင်းအတူတူ ချိုးကျီယန် စောင်ကို ကန်ထုတ်လိုက်ပြီး အိပ်ယာပေါ်ကနေ ထလိုက်သည်။
မီးဖိုချောင်ထဲမှာတော့ ထန်ရှောင်းယွီက ဂျုံနယ်တဲ့နေရာမှာ အာရုံစိုက်နေသည်။ မုန့်နှစ်တွေကို နယ်ပြီး စက်ဝိုင်းပုံလေးတွေလုပ်နေ၏။ ပြီးရင် လှိမ့်တယ် ပြီးတော့ ဂရုတစိုက်နဲ့ ဖြတ်ပြီး ပြုတ်လိုက်ပြီးနောက် ထည့်ဖို့လုပ်ထားတဲ့ ပန်းကန်လုံးထဲကို သေချာဆယ်ထည့်လိုက်သည်။
ဒယ်အိုးထဲမှာ ဆီပူလာတော့ ကြက်ဥနဲ့ ခရမ်းချဉ်သီးကို ပေါင်းထည့်ပြီး ကြော်လိုက်သည်။
ထို့နောက် ကြက်သွန်မြိတ်တွေကို အပေါ်ကနေ ဖြူးလိုက်ပြီး မီးပိတ်လိုက်ကာ ပန်းကန်လုံးထဲကို ပြောင်းထည့်လိုက်သည်။ စိုရဲနေတဲ့ ခရမ်းချဉ်သီးဆော့ကို အပေါ်ကနေ ဆမ်းထားပြီး အဝါရောင်သမ်းနေတဲ့ကြည့်ဥရယ်, အစိမ်းရောင် ကြက်သွန်မြိတ်တို့နဲ့ အကောင်းဆုံး ပေါင်းစပ်ထားသည်။
ချိုးကျီယန် မီးဖိုချောင်အပါက်ဝမှာ တိတ်တိတ်လေး ရပ်နေပြီး တစ်ကိုယ်တည်း အလုပ်ရှုပ်နေတဲ့ သူ့ကို ကြည့်နေသည်။
"ဘာလို့ ထွက်ပြေးလာတာလဲ!!! " ထန်ရှောင်းယွီ ခေါက်ဆွဲချက်ပြီးလို့ ပြန်အလှည့်မှာ တွေ့လိုက်ရသည့်မို့ လန့်သွားရသည်။
ထွက်ပြေးလာတယ်...ဆိုတာ....ဘာကိုဆိုလိုတာလဲ? ချိုးကျီယန် ရယ်ရခက်ငိုရခက်ဖြင့်.....မသိရင်ဘဲ စိတ်ကျန်းမာရေးဆေးရုံနံရံတွေကို ဖြိုကျပြီးတော့ ထွက်ပြေးလွတ်မြောက်လာတဲ့ သူကျနေတာပဲ!
"ဒါဝတ်ထား" ထန်ရှောင်းယွီ ခေါက်ဆွဲပန်းကန်ကို ခုံပေါ်မှာ တင်ထားခဲ့ပြီး အဝတ် ဗီရိုထဲကနေ ဂျာကင်အပါးလေးတစ်ထည် ထုတ်လာခဲ့သည်။
"ခုက သြဂုတ်လကြီးနော်!" ချိုးကျီယန် သိုးမွှေးဂျာကင်ကြီးကို ကြည့်ပြီး စိတ်ရှုပ်ထွေးလာရသည်။
"ခင်ဗျားက ဖျားနေတာလေ!" ထန်ရှောင်းယွီ ချက်ချင်းပဲ ပြန်တုံပြန်လိုက်သည်။ "ပြီးတော့လည်း လွန်ခဲ့တဲ့နာရီဝက်လောက်ကပဲ ချမ်းတယ်လို့ ပြောနေခဲ့တာမဟုတ်ဘူးလား! " ချိုးကျီယန် သူရဲ့ကံကြမ္မာကိုသာ အပြစ်တင်လိုက်နိုင်ပြီး ဖက်ထုပ်ကဲ့သို့ မိမိကိုယ်ကိုထုပ်ပိုးလိုက်ရသည်။
တကယ့်ကို အရမ်း,အရမ်း အားနည်းတာပဲ!
လက်လုပ်ခေါက်ဆွဲတွေက အရမ်းကို အရသာရှိလွန်း၏။ ခေါက်ဆွဲသားနဲ့ ကြက်ဥတွေရဲ့ ရနံက မွှေးပျံ့စွာ ရောယှက်သွားပြီး သူ စားနေတာကို မရပ်နိုင်တော့ပေ။
အစား,စားချင်စိတ်မရှိဘူးလို့ ပြောတဲ့သူက ပန်းကန်လုံးအပြည့်ကြီးကို အမြန်နှုန်းနဲ့အကုန်စားလိုက်ပြီးတာတောင် မဝသေးဘူးလို့ ခံစားနေရသေး၏။
"အိုးထဲမှာ မရှိတော့ဘူး " ထန်ရှောင်းယွီ အရမ်းကို စိတ်ဓါတ်ကျသွားရသည်။ အစကတော့ ညဥ်ွ့လည်း နက်နေပြီ ဖြစ်သည့်အပြင် သူကလည်း တုပ်ကွေးမိထားတော့ အများကြီးမစားနိုင်ဘူးလို့ ထင်ထားခဲ့သည်ပင်။ အဲဒါကြောင့်မို့လို့လည်း နှစ်ယောက်စာပဲ လုပ်ထားလိုက်တာဖြစ်သည်။
မစ္စတာချိုးက စိတ်အနှောင့်အယှက်မဖြစ်တဲ့အတိုင်း ထန်ရှောင်းယွီပန်းကန်ထဲမှ ခေါက်ဆွဲအချို့ကို တူနဲ့လှမ်းယူလိုက်သည်။
"......."ထန်ရှောင်းယွီ ဘာပြောရမှန်းမသိတော့ပေ။
ချိုးကျီယန် ထန်ရှောင်းယွီရဲ့ ပန်းကန်လုံးကို ယူလိုက်ကာ ကျန်နေသေးတဲ့ ပန်းကန်လုံးထဲက ခေါက်ဆွဲတစ်ဝက်ကို စားလိုက်ပြီး ကျေနပ်စွာပြောလိုက်သည်။ "ရေခဲသေတ္တာထဲမှာဆူရှီရှိတယ်။ မင်းဗိုက်ဆာရင်စားလို့ရတယ်"
ထန်ရှောင်းယွီ အနည်းငယ် စိတ်မသက်မသာခံစားလိုက်ရသည်။ သူရဲ့အကျန်ခေါက်ဆွဲတွေကို သူဘယ်လိုများ စားနိုင်ရတာလဲ!
ဒါပေမယ့် ချိုးကျီယန်ကတော့ ဂရုမစိုက်ဘဲ သူ့ရဲ့ဖိနပ်ကိုကောက်စီးလိုက်ပြီး အိပ်ခန်းကိုပြန်သွားကာ ဆက်အိပ်နေလိုက်သည်။
ထန်ရှောင်းယွီ တူတွေနဲ့ ပန်းကန်လုံးတွေကို ဆေးနေရင်း "ထူးဆန်းတဲ့ နာမည်ကြီးဆယ်လီတစ်မျိုးပဲ " လို့ တွေးနေမိသည်။
မီးဖိုချောင်ထဲက မီးတွေက မှိတ်တုပ်မှိတ်တုပ် ဖြစ်ပြီးနောက် ရုတ်တရက်ကြီး မီးပြန်မလင်းလာတော့ပေ။
"ရှောင်းယွီ" မစ္စတာချိုး အိပ်ခန်းထဲကနေ လှမ်းအော်လိုက်သည်။ " မီးပျက်သွားပြီ!"
ငါလည်း သိတာပေါ့ ဟင်း......
ထန်ရှောင်းယွီ ရယ်ရမှာလားငိုရမှာလားတောင် မသိတော့ပေ။ သူ အမှောင်ထဲမှာပဲ လက်ဆေးလိုက်သည်။
အဲကွန်း မရှိဘဲနဲ့ နွေလည်ခေါင်ညကြီးကို ဖြတ်သန်းဖို့ဆိုတာ မလွယ်ကူပေ။ ချိုးကျီယန်က တုပ်ကွေးပါ မိထားတဲ့အပြင် ဖျားပါဖျားနေသေးတာမို့ သူ တစ်ညလုံး အိပ်လို့မရဘူး ဖြစ်နေသည်။
ဒါကြောင့် မနက် သုံးနာရီ,လေးနာရီခန့်မှာ ဖိနပ်ကို စီးပြီး ဧည့်ခန်းထဲကို ရေသောက်ဖို့ ထွက်လာခဲ့သည်။ ဒါပေမယ့် ထန်ရှောင်းယွီရဲ့ အိပ်ခန်းက မီးလင်းနေတာကို သူတွေ့လိုက်ရသည်။
သူ ဘာလို့ အခုထိမအိပ်ရသေးတာလဲ? ချိုးကျီယန် မျက်မှောင်ကျုံ့ပြီး တံခါးကိုအသာလေး ဖွင့်လိုက်သည်။
အခန်းထောင့်က အိပ်ယာပေါ်မှာ ထန်ရှောင်းယွီသည် စောင်ထဲမှာ အိပ်မောကျနေပြီ ဖြစ်ပြီး ကုတင်ခေါင်းရင်းက အရေးပေါ်မီးချောင်းလေး(မီးအုပ်ဆောင်း)ကို ဖွင့်ထားတာ တွေ့လိုက်ရသည်။ မီးက အရမ်းကို လင်းထိန်နေသည်မှာ မျက်စိကိုတောင် စူးစေသည်။
မီးပိတ်ဘဲ အိပ်ပျော်သွားတာလား? ချိုးကျီယန် သက်ပြင်းချလိုက်ရသည်။ 'ဒီကလေး ထပ်ပြီး အတွေးလွန်နေပြီ ထင်တယ်' ချိုးကျီယန် မီးကို ပိတ်ပေးလိုက်ပြီး အခန်းအပြင်ကို ပြန်ထွက်လာခဲ့သည်။
သူရေသောက်ပြီးတော့ အခန်းမီးက နောက်ထပ် ပြန်ပွင့်နေတာကို တွေ့လိုက်ရသည်။
ဒါ ဘယ်လိုအခြေအနေ မျိုးပါလိမ့်? မစ္စတာချိုး ရယ်ရမှာလားငိုရမှာလားတောင်မသိ...
ထန်ရှောင်းယွီကတော့ ဝေခွဲရခက်စွာဖြင့် သူ့ရဲ့ မီးအုပ်ဆောင်းလေးကို ပြန်ဖွင့်လိုက်ပြီး အိပ်ယာခေါင်းရင်းမှာ ထားလိုက်ကာ နောက်တစ်ကြိမ်ပြန်အိပ်ပျော်သွားတော့သည်။
'မီးမဖွင့်ဘဲ အိပ်လို့မရတာများလား ?'ချိုးကျီယန် မျက်မှောင်ကျုံ့လိုက်သည်။
နောက်တစ်နေ့ မနက်ရောက်တော့ ထန်ရှောင်းယွီသည် သူ နှိုးဆက်ပေးထားတဲ့အချိန်မှာပဲ နိုးလာခဲ့သည်။ သူ မျက်လုံးဖွင့်လိုက်သောအခါ ချိုးကျီယန်က အိပ်ယာဘေးမှာ တုန်သွားကာ မတ်တပ်ရပ်နေသည်ကို တွေ့လိုက်ရသည်။
လန့်လိုက်တာ!
တကယ်တော့ ထန်ရှောင်းယွီတင် လန့်သွားတာမဟုတ်, ချိုးကျီယန်ပါ လန့်သွားရသည်။ သူမနိုးလာခင်မှာ မစ္စတာချိုးက သူအိပ်ပျော်နေပုံကို ဓာတ်ပုံရိုက်ဖို့လုပ်နေတာ ဖြစ်သည်။
မျက်နှာအရည်ထူချက်!
"မနက်စာပြင်ပြီးသွားပြီ!" အာရုံပြောင်းသွားဖို့ ချိုးကျီယန် ဆင်ခြေပေးလိုက်ရတော့သည်။
"အကိုကျိရန်က?" ထန်ရှောင်းယွီရဲ့မျက်လုံးတွေက
မယုံကြည်မှုတွေအပြည့်နဲ့!
“ တကယ်!” မစ္စတာချိုး အတည်ပြောလိုက်သည်။
ငါးမိနစ်အကြာမှာတော့ ထန်ရှောင်းယွီသည် ပေါင်မုန့်နဲ့ နွားနိုကို ကြည့်ပြီး ပြောစရာများ ပျောက်ရှသွားရသည်။
" ဒါကို မနက်စာ လုပ်တယ် လို့ပြောတာလား?"
"အနည်းဆုံးတော့ နွားနိုက အပူလေ!" ချိုးကျီယန် ဝေဖန်ဆန်းစစ် ထောက်ပြလိုက်သည်။
ထန်ရှောင်းယွီမှာ ရယ်ရခက်ငိုရခက်ဖြင့်...
"ငါ ဒီနေ့ လုပ်စရာမရှိဘူး" ချိုးကျီယန် သူ့ဘေးနားသို့ ခုံတိုးလာခဲ့ကာ "ငါ မင်းကို အပြင်ခေါ်သွားပေးမယ် "
"ကျွန်တော် မသွားဘူး " ထန်ရှောင်းယွီ ငြင်းပယ်လိုက်သည်။ "အကိုလည်း တုပ်ကွေးမိထားတာ အိမ်မှာ အနားယူရမယ် "
"ငါ ကောင်းသွားပြီ" ချိုးကျီယန် ထန်ရှောင်းယွီရဲ့လက်ကို ဆွဲယူလိုက်ပြီး သူ့အကျီကို ဟလိုက်ကာ သူ့ရင်ဘတ်ပေါ်ကို ဆွဲတင်လိုက်သည်။ "မင်း မယုံရင် စမ်းကြည့်!"
သူက တကယ့်ကို.....အရှက်မရှိတာပဲ!
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
ခရမ္းခ်ဥ္သီးၾကက္ဥေခါက္ဆြဲႏွင့္ တုပ္ေကြးဝင္ၿပီး ဖ်ားနာျခင္း
ခ်ိဳးက်ီယန္ မိမိကိုယ္ကို ရဲရင့္တဲ့စစ္သား တစ္ေယာက္လို သေဘာထားၿပီး ဂ်င္းျပဳတ္ရည္ကို ခက္ခက္ခဲခဲနဲ႔ ေသာက္ခ်လိုက္ရသည္။
"ကြၽန္ေတာ္ အကိုက်ိရန္အတြက္ ဆန္ျပဳတ္,ျပဳတ္ေပးမယ္" ထန္ေ႐ွာင္းယြီ ေမးလိုက္သည္။ " ဆန္ျပဳတ္အခ်ိဳစားခ်င္လား? အငန္စားခ်င္လား?"
"ဘာမွ မစားခ်င္ဘူး " ခ်ိဳးက်ီယန္ ဘာတစ္ခုကိုမွ စားခ်င္စိတ္မ႐ွိေပ။ သူ အိပ္ယာေပၚကို ျပန္လွဲခ်လိုက္ၿပီး အိပ္ဖို႔သာ စဥ္းစားလိုက္သည္။
"ဒါဆိုရင္ ကြၽန္ေတာ္ မိုင္ခယ့္ကို ေခၚလိုက္မယ္" ထန္ေ႐ွာင္းယြီ အိပ္ယာေခါင္းရင္းမွာ ႐ွိေနတဲ့ဖုန္းကို လွမ္းယူလိုက္သည္။
"ခရမ္းခ်ဥ္သီးၾကက္ဥေခါက္ဆြဲ " ခ်ိဳးက်ီယန္ ခ်က္ခ်င္းကို အ႐ႈံးေပးလိုက္ရသည္။
မိုင္ခယ့္ကို ေျပာလိုက္တယ္ဆိုတာက အေမ့ကို ေျပာလိုက္တာနဲ႔ တူတူပဲ။ ဒါ ကိုယ့္ကိုယ္ကို ေသေၾကာင္းၾကံလိုက္တာထက္ ပိုဆိုးတယ္။ ဒီဒုကၡကေန လြတ္ဖို႔အတြက္ ေခါက္ဆြဲတစ္ပန္းကန္ စားလိုက္တာက ပိုေကာင္းပါတယ္ေလ။
"အိုေခ " ထန္ေ႐ွာင္းယြီ ဖုန္းကို ျပန္ခ်လိုက္သည္။
ခ်ိဳးက်ီယန္ သူ႕ရဲ႕မ်က္ႏွာေသးေသးေလးေပၚက အၾကံစည္ေအာင္ျမင္သြားလို႔ ျပဳံးလိုက္တဲ့အျပဳံးေလးကို ျမင္လိုက္ရသည္။
တကယ္ အၾကင္နာတရားကင္းမဲ့လိုက္တာ!
အိပ္ယာေပၚမွာလွဲၿပီး ဟိုဘက္ဒီဘက္ လွည့္ေနတာနဲ႔ပဲ အိပ္မေပ်ာ္ေတာ့တာျခင္းအတူတူ ခ်ိဳးက်ီယန္ ေစာင္ကို ကန္ထုတ္လိုက္ၿပီး အိပ္ယာေပၚကေန ထလိုက္သည္။
မီးဖိုေခ်ာင္ထဲမွာေတာ့ ထန္ေ႐ွာင္းယြီက ဂ်ံဳနယ္တဲ့ေနရာမွာ အာ႐ုံစိုက္ေနသည္။ မုန္႔ႏွစ္ေတြကို နယ္ၿပီး စက္ဝိုင္းပုံေလးေတြလုပ္ေန၏။ ၿပီးရင္ လွိမ့္တယ္ ၿပီးေတာ့ ဂ႐ုတစိုက္နဲ႔ ျဖတ္ၿပီး ျပဳတ္လိုက္ၿပီးေနာက္ ထည့္ဖို႔လုပ္ထားတဲ့ ပန္းကန္လုံးထဲကို ေသခ်ာဆယ္ထည့္လိုက္သည္။
ဒယ္အိုးထဲမွာ ဆီပူလာေတာ့ ၾကက္ဥနဲ႔ ခရမ္းခ်ဥ္သီးကို ေပါင္းထည့္ၿပီး ေၾကာ္လိုက္သည္။
ထို႔ေနာက္ ၾကက္သြန္ၿမိတ္ေတြကို အေပၚကေန ျဖဴးလိုက္ၿပီး မီးပိတ္လိုက္ကာ ပန္းကန္လုံးထဲကို ေျပာင္းထည့္လိုက္သည္။ စိုရဲေနတဲ့ ခရမ္းခ်ဥ္သီးေဆာ့ကို အေပၚကေန ဆမ္းထားၿပီး အဝါေရာင္သမ္းေနတဲ့ၾကည့္ဥရယ္, အစိမ္းေရာင္ ၾကက္သြန္ၿမိတ္တို႔နဲ႔ အေကာင္းဆုံး ေပါင္းစပ္ထားသည္။
ခ်ိဳးက်ီယန္ မီးဖိုေခ်ာင္အပါက္ဝမွာ တိတ္တိတ္ေလး ရပ္ေနၿပီး တစ္ကိုယ္တည္း အလုပ္႐ႈပ္ေနတဲ့ သူ႕ကို ၾကည့္ေနသည္။
"ဘာလို႔ ထြက္ေျပးလာတာလဲ!!! " ထန္ေ႐ွာင္းယြီ ေခါက္ဆြဲခ်က္ၿပီးလို႔ ျပန္အလွည့္မွာ ေတြ႕လိုက္ရသည့္မို႔ လန္႔သြားရသည္။
ထြက္ေျပးလာတယ္...ဆိုတာ....ဘာကိုဆိုလိုတာလဲ? ခ်ိဳးက်ီယန္ ရယ္ရခက္ငိုရခက္ျဖင့္.....မသိရင္ဘဲ စိတ္က်န္းမာေရးေဆး႐ုံနံရံေတြကို ၿဖိဳက်ၿပီးေတာ့ ထြက္ေျပးလြတ္ေျမာက္လာတဲ့ သူက်ေနတာပဲ!
"ဒါဝတ္ထား" ထန္ေ႐ွာင္းယြီ ေခါက္ဆြဲပန္းကန္ကို ခုံေပၚမွာ တင္ထားခဲ့ၿပီး အဝတ္ ဗီ႐ိုထဲကေန ဂ်ာကင္အပါးေလးတစ္ထည္ ထုတ္လာခဲ့သည္။
"ခုက ၾသဂုတ္လႀကီးေနာ္!" ခ်ိဳးက်ီယန္ သိုးေမႊးဂ်ာကင္ႀကီးကို ၾကည့္ၿပီး စိတ္႐ႈပ္ေထြးလာရသည္။
"ခင္ဗ်ားက ဖ်ားေနတာေလ!" ထန္ေ႐ွာင္းယြီ ခ်က္ခ်င္းပဲ ျပန္တုံျပန္လိုက္သည္။ "ၿပီးေတာ့လည္း လြန္ခဲ့တဲ့နာရီဝက္ေလာက္ကပဲ ခ်မ္းတယ္လို႔ ေျပာေနခဲ့တာမဟုတ္ဘူးလား! " ခ်ိဳးက်ီယန္ သူရဲ႕ကံၾကမၼာကိုသာ အျပစ္တင္လိုက္ႏိုင္ၿပီး ဖက္ထုပ္ကဲ့သို႔ မိမိကိုယ္ကိုထုပ္ပိုးလိုက္ရသည္။
တကယ့္ကို အရမ္း,အရမ္း အားနည္းတာပဲ!
လက္လုပ္ေခါက္ဆြဲေတြက အရမ္းကို အရသာ႐ွိလြန္း၏။ ေခါက္ဆြဲသားနဲ႔ ၾကက္ဥေတြရဲ႕ ရနံက ေမႊးပ်ံ႕စြာ ေရာယွက္သြားၿပီး သူ စားေနတာကို မရပ္ႏိုင္ေတာ့ေပ။
အစား,စားခ်င္စိတ္မ႐ွိဘူးလို႔ ေျပာတဲ့သူက ပန္းကန္လုံးအျပည့္ႀကီးကို အျမန္ႏႈန္းနဲ႔အကုန္စားလိုက္ၿပီးတာေတာင္ မဝေသးဘူးလို႔ ခံစားေနရေသး၏။
"အိုးထဲမွာ မ႐ွိေတာ့ဘူး " ထန္ေ႐ွာင္းယြီ အရမ္းကို စိတ္ဓါတ္က်သြားရသည္။ အစကေတာ့ ညၪြ္႕လည္း နက္ေနၿပီ ျဖစ္သည့္အျပင္ သူကလည္း တုပ္ေကြးမိထားေတာ့ အမ်ားႀကီးမစားႏိုင္ဘူးလို႔ ထင္ထားခဲ့သည္ပင္။ အဲဒါေၾကာင့္မို႔လို႔လည္း ႏွစ္ေယာက္စာပဲ လုပ္ထားလိုက္တာျဖစ္သည္။
မစၥတာခ်ိဳးက စိတ္အေႏွာင့္အယွက္မျဖစ္တဲ့အတိုင္း ထန္ေ႐ွာင္းယြီပန္းကန္ထဲမွ ေခါက္ဆြဲအခ်ိဳ႕ကို တူနဲ႔လွမ္းယူလိုက္သည္။
"......."ထန္ေ႐ွာင္းယြီ ဘာေျပာရမွန္းမသိေတာ့ေပ။
ခ်ိဳးက်ီယန္ ထန္ေ႐ွာင္းယြီရဲ႕ ပန္းကန္လုံးကို ယူလိုက္ကာ က်န္ေနေသးတဲ့ ပန္းကန္လုံးထဲက ေခါက္ဆြဲတစ္ဝက္ကို စားလိုက္ၿပီး ေက်နပ္စြာေျပာလိုက္သည္။ "ေရခဲေသတၱာထဲမွာဆူ႐ွီ႐ွိတယ္။ မင္းဗိုက္ဆာရင္စားလို႔ရတယ္"
ထန္ေ႐ွာင္းယြီ အနည္းငယ္ စိတ္မသက္မသာခံစားလိုက္ရသည္။ သူရဲ႕အက်န္ေခါက္ဆြဲေတြကို သူဘယ္လိုမ်ား စားႏိုင္ရတာလဲ!
ဒါေပမယ့္ ခ်ိဳးက်ီယန္ကေတာ့ ဂ႐ုမစိုက္ဘဲ သူ႕ရဲ႕ဖိနပ္ကိုေကာက္စီးလိုက္ၿပီး အိပ္ခန္းကိုျပန္သြားကာ ဆက္အိပ္ေနလိုက္သည္။
ထန္ေ႐ွာင္းယြီ တူေတြနဲ႔ ပန္းကန္လုံးေတြကို ေဆးေနရင္း "ထူးဆန္းတဲ့ နာမည္ႀကီးဆယ္လီတစ္မ်ိဳးပဲ " လို႔ ေတြးေနမိသည္။
မီးဖိုေခ်ာင္ထဲက မီးေတြက မွိတ္တုပ္မွိတ္တုပ္ ျဖစ္ၿပီးေနာက္ ႐ုတ္တရက္ႀကီး မီးျပန္မလင္းလာေတာ့ေပ။
"ေ႐ွာင္းယြီ" မစၥတာခ်ိဳး အိပ္ခန္းထဲကေန လွမ္းေအာ္လိုက္သည္။ " မီးပ်က္သြားၿပီ!"
ငါလည္း သိတာေပါ့ ဟင္း......
ထန္ေ႐ွာင္းယြီ ရယ္ရမွာလားငိုရမွာလားေတာင္ မသိေတာ့ေပ။ သူ အေမွာင္ထဲမွာပဲ လက္ေဆးလိုက္သည္။
အဲကြန္း မ႐ွိဘဲနဲ႔ ေႏြလည္ေခါင္ညႀကီးကို ျဖတ္သန္းဖို႔ဆိုတာ မလြယ္ကူေပ။ ခ်ိဳးက်ီယန္က တုပ္ေကြးပါ မိထားတဲ့အျပင္ ဖ်ားပါဖ်ားေနေသးတာမို႔ သူ တစ္ညလုံး အိပ္လို႔မရဘူး ျဖစ္ေနသည္။
ဒါေၾကာင့္ မနက္ သုံးနာရီ,ေလးနာရီခန္႔မွာ ဖိနပ္ကို စီးၿပီး ဧည့္ခန္းထဲကို ေရေသာက္ဖို႔ ထြက္လာခဲ့သည္။ ဒါေပမယ့္ ထန္ေ႐ွာင္းယြီရဲ႕ အိပ္ခန္းက မီးလင္းေနတာကို သူေတြ႕လိုက္ရသည္။
သူ ဘာလို႔ အခုထိမအိပ္ရေသးတာလဲ? ခ်ိဳးက်ီယန္ မ်က္ေမွာင္က်ံဳ႕ၿပီး တံခါးကိုအသာေလး ဖြင့္လိုက္သည္။
အခန္းေထာင့္က အိပ္ယာေပၚမွာ ထန္ေ႐ွာင္းယြီသည္ ေစာင္ထဲမွာ အိပ္ေမာက်ေနၿပီ ျဖစ္ၿပီး ကုတင္ေခါင္းရင္းက အေရးေပၚမီးေခ်ာင္းေလး(မီးအုပ္ေဆာင္း)ကို ဖြင့္ထားတာ ေတြ႕လိုက္ရသည္။ မီးက အရမ္းကို လင္းထိန္ေနသည္မွာ မ်က္စိကိုေတာင္ စူးေစသည္။
မီးပိတ္ဘဲ အိပ္ေပ်ာ္သြားတာလား? ခ်ိဳးက်ီယန္ သက္ျပင္းခ်လိုက္ရသည္။ 'ဒီကေလး ထပ္ၿပီး အေတြးလြန္ေနၿပီ ထင္တယ္' ခ်ိဳးက်ီယန္ မီးကို ပိတ္ေပးလိုက္ၿပီး အခန္းအျပင္ကို ျပန္ထြက္လာခဲ့သည္။
သူေရေသာက္ၿပီးေတာ့ အခန္းမီးက ေနာက္ထပ္ ျပန္ပြင့္ေနတာကို ေတြ႕လိုက္ရသည္။
ဒါ ဘယ္လိုအေျခအေန မ်ိဳးပါလိမ့္? မစၥတာခ်ိဳး ရယ္ရမွာလားငိုရမွာလားေတာင္မသိ...
ထန္ေ႐ွာင္းယြီကေတာ့ ေဝခြဲရခက္စြာျဖင့္ သူ႕ရဲ႕ မီးအုပ္ေဆာင္းေလးကို ျပန္ဖြင့္လိုက္ၿပီး အိပ္ယာေခါင္းရင္းမွာ ထားလိုက္ကာ ေနာက္တစ္ႀကိမ္ျပန္အိပ္ေပ်ာ္သြားေတာ့သည္။
'မီးမဖြင့္ဘဲ အိပ္လို႔မရတာမ်ားလား ?'ခ်ိဳးက်ီယန္ မ်က္ေမွာင္က်ံဳ႕လိုက္သည္။
ေနာက္တစ္ေန႔ မနက္ေရာက္ေတာ့ ထန္ေ႐ွာင္းယြီသည္ သူ ႏိႈးဆက္ေပးထားတဲ့အခ်ိန္မွာပဲ ႏိုးလာခဲ့သည္။ သူ မ်က္လုံးဖြင့္လိုက္ေသာအခါ ခ်ိဳးက်ီယန္က အိပ္ယာေဘးမွာ တုန္သြားကာ မတ္တပ္ရပ္ေနသည္ကို ေတြ႕လိုက္ရသည္။
လန္႔လိုက္တာ!
တကယ္ေတာ့ ထန္ေ႐ွာင္းယြီတင္ လန္႔သြားတာမဟုတ္, ခ်ိဳးက်ီယန္ပါ လန္႔သြားရသည္။ သူမႏိုးလာခင္မွာ မစၥတာခ်ိဳးက သူအိပ္ေပ်ာ္ေနပုံကို ဓာတ္ပုံ႐ိုက္ဖို႔လုပ္ေနတာ ျဖစ္သည္။
မ်က္ႏွာအရည္ထူခ်က္!
"မနက္စာျပင္ၿပီးသြားၿပီ!" အာ႐ုံေျပာင္းသြားဖို႔ ခ်ိဳးက်ီယန္ ဆင္ေျခေပးလိုက္ရေတာ့သည္။
"အကိုက်ိရန္က?" ထန္ေ႐ွာင္းယြီရဲ႕မ်က္လုံးေတြက
မယုံၾကည္မႈေတြအျပည့္နဲ႔!
“ တကယ္!” မစၥတာခ်ိဳး အတည္ေျပာလိုက္သည္။
ငါးမိနစ္အၾကာမွာေတာ့ ထန္ေ႐ွာင္းယြီသည္ ေပါင္မုန္႔နဲ႔ ႏြားႏိုကို ၾကည့္ၿပီး ေျပာစရာမ်ား ေပ်ာက္႐ွသြားရသည္။
" ဒါကို မနက္စာ လုပ္တယ္ လို႔ေျပာတာလား?"
"အနည္းဆုံးေတာ့ ႏြားႏိုက အပူေလ!" ခ်ိဳးက်ီယန္ ေဝဖန္ဆန္းစစ္ ေထာက္ျပလိုက္သည္။
ထန္ေ႐ွာင္းယြီမွာ ရယ္ရခက္ငိုရခက္ျဖင့္...
"ငါ ဒီေန႔ လုပ္စရာမ႐ွိဘူး" ခ်ိဳးက်ီယန္ သူ႕ေဘးနားသို႔ ခုံတိုးလာခဲ့ကာ "ငါ မင္းကို အျပင္ေခၚသြားေပးမယ္ "
"ကြၽန္ေတာ္ မသြားဘူး " ထန္ေ႐ွာင္းယြီ ျငင္းပယ္လိုက္သည္။ "အကိုလည္း တုပ္ေကြးမိထားတာ အိမ္မွာ အနားယူရမယ္ "
"ငါ ေကာင္းသြားၿပီ" ခ်ိဳးက်ီယန္ ထန္ေ႐ွာင္းယြီရဲ႕လက္ကို ဆြဲယူလိုက္ၿပီး သူ႕အက်ီကို ဟလိုက္ကာ သူ႕ရင္ဘတ္ေပၚကို ဆြဲတင္လိုက္သည္။ "မင္း မယုံရင္ စမ္းၾကည့္!"
သူက တကယ့္ကို.....အ႐ွက္မ႐ွိတာပဲ!