[Unicode]
ငါ အခုထိ ဗိုက်မဝသေးဘူးနှင့် ခင်ဗျားနှမကြီးပဲ သရုပ်ဆောင်လိုက်
မုချိုးသည် နာမည်ကျော်အနုပညာရှင်တွေနဲ့ ပန်းချီကားတွေကို စိတ်မ၀င်စားသော်လည်း ကျုံးလီဖုန်းပိုင်အတွက် သူက ခွေးလေးတစ်ကောင်လို ပြေးလွှားပြီး စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ရှင်းပြချက်အရှည်ကြီးကို ထိုင်ခုံပေါ်မှာ စိတ်ရှည်ရှည်နဲ့ ငြိမ်ငြိမ်လေးထိုင်ကာ သူ့ရဲ့သည်းခံနိုင်မှုအတိုင်းအတာကို အကောင်းဆုံး ဆွဲဆန့်ဖို့ ကြိုးစားနေသည်။
သူ အရမ်းကို အိပ်ချင်နေတယ်! အိပ်ချင်သော်လည်း အိပ်လို့မရနိုင်တာက အရမ်းကို နာကျင်ရတယ်! ပိုပြီး နာကျင်စရာကောင်းတာက ကျုံးလီဖုန်းပိုင်က ပိုင်ရှင်ကိုအရမ်းအလေးပေးနေတာပဲ! သူ လမ်းလျှောက်နိုင်တဲ့ သစ်သားတုံးကြီးတောင် ဖြစ်သွားတော့မယ်! ဒါဆိုရင်တော့ အတော်လေး ကြောင်တောင်,တောင်နိုင်တော့မှာပဲ!
"ဒီလက်ရာက အရမ်းကို ဂန္ထဝင်ဆန်ပြီး ရှေးကျတယ်လို့ ကျွန်တော်ခံစားမိတယ် "ကျုံးလီဖုန်းပိုင် သက်ပြင်းချလိုက်သည်။
"ဟုတ်တာပေါ့" မုချိုး သူ့ရဲ့အခွင့်အရေးကို တွေ့သွားပြီး စိတ်ပါလက်ပါနဲ့ ဝင်ပြောလိုက်သည်။ " ဒီ ရယ်နေတဲ့ကျားမျက်နှာက အလွန်တရာကိုမှ အသက်ဝင်လွန်းတယ်"
သူပြောပြီး ချက်ချင်းပင် ဆိုင်ပိုင်ရှင်နဲ့ ကျုံးလီဖုန်းပိုင် တို့နှစ်ယောက်လုံးက သူ့ကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ပြီး သူတို့မျက်လုံးတွေထဲမှာလည်း ရှုပ်ထွေးနေမှုအပြည့်ပင်...
မုချိုး သူ့စိတ်ထဲမှာ ကျိန်ဆဲလိုက်မိပြီ။ ဒီအခြေအနေက သူ့ပြောလိုက်တဲ့ စကားမှာ တစ်ခုခုမှားသွားတယ်ဆိုတာကိုပြနေတာပဲ!
ထင်ထားသည့်အတိုင်းပဲ....ကျုံးလီဖုန်းပိုင် ပြောလိုက်သည်။ "သူ့ကို ရှန်ကျန်းလို့ခေါ်တယ်"
"ရှန်ကျန်း?"
မုချိုးရဲ့ ပထမဆုံးတုံပြန်တွေးမိသည်က ချာတာဥပဒေနှင့် ဝူချန်း အရေးအခင်း*ကိုပဲ ဖြစ်သည်။
T/N: ချာတာဥပဒေများသည် တည်ဆဲဥပဒေများနှင့်တူပြီး ဝူချန်း အုံကြွမှုသည် ချင်မင်းဆက်ကိုဆန့်ကျင်သည့်ပုန်ကန်မှုတစ်ခုဖြစ်သည်။
ကိုယ်က ပညာမတတ်တဲ့သူ တစ်ယောက်နဲ့မတူပါဘူး!ဥက္ကဌမု စိတ်လေးစွာဖြင့် သက်ပြင်းချလိုက်ရင်း.....သူက အမြဲတမ်း တစ်ဖက်လူ ဘာပြောတယ်ဆိုတာကို နားမလည်ရတာလဲ?!အဓိပ္ပါယ်မရှိလိုက်တာ!
"Hei Kan လို့လည်း လူသိများတယ် " ကျုံးလီဖုန်းပိုင် ထပ်ဖြည့်ပြောလိုက်သည်။
မုချိုး သူ့ခေါင်း ချာချာလည်သွားပြီလို့တောင် ခံစားလိုက်ရသည်။
"ဒါက လုံရှန်းကျို့ကျီရဲ့ လက်ရာပဲ!
ဆိုင်ပိုင်ရှင်က ဘိုးဘေးတွေကိုတောင် မျက်နှာမပြရဲတော့ပေ။ ဒါကြောင့် သူ စကားလုံးတွေကိုအပြည့်အဝဖော်ပြဖို့ သူ့နှုတ်ခမ်းနဲ့ခန္ဓာကိုယ်ကိုသုံးပြီး သူက " လုံ" ဆိုတဲ့စကားလုံးကိုပေါင်းပြဖို့ သူ့ရဲ့တုတ်နေတဲ့ခါးကို ကသုတ်ကယုတ်နဲ့ အသည်းအသန်လှည့်ပတ်ပြီး ပေါင်းပြနေ၏။
မုချိုး လုံးဝစိတ်ပျက်အားငယ်သွားပုံရပြီး ခေါင်းကိုက်သွားရသည်မို့ " ကိုယ် တံခါးအပြင်ကနေပဲ သွားစောင့်တာ ကောင်းမယ်ထင်တယ် " ။ ထိုစကားသာ သူ ပြောလိုက်နိုင်တော့သည်။
"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဒီလိုဆိုလည်း ကောင်းပါတယ်" စားသောက်ဆိုင်ပိုင်ရှင်က သက်ပြင်းချပြီး သက်တောင့်သက်သာဖြစ်သွားရသည်။ သူ တကယ့်ကို ဖိအားပေးခံလိုက်ရသလိုပဲ!
မုချိုး အခန်းအပြင်ကို ပြန်ထွက်သွားပြီး ကျုံးလီဖုန်းပိုင်က ပန်းချီကားတွေကို အချိန်တစ်ခုကြာတဲ့အထိ ကြည့်နေအုံးမယ်လို့ တွေးလိုက်ကာ ပန်းခြံထဲကို ဆေးလိပ်သောက်ရန် ထွက်လာခဲ့သည်။
လမ်းတွင် သူ ကာစတန်မာ အရေအတွက်နဲ့ လုပ်ရည်ကိုင်ရည်တို့ကို တစ်ချက်ကြည့်ရန် ဒုတိယထပ်ကို တက်လာခဲ့သည်။
အဲ့ဒီနောက်မှာတော့ ဟော်လမ်းထဲမှာ ဖုန်းပြောနေတဲ့ အိုးရန်လုံကို တွေ့လိုက်ရသည်။ နှစ်ယောက်လုံးရဲ့ မျက်လုံးတွေက ဆုံသွားပြီး ချက်ချင်းမီးပွားတွေ ထွက်လာတော့မလိုပင်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!
အမှန်တကယ်ကတော့ သူတို့နှစ်ယောက်လုံး သူတို့ကိုယ်သူတို့ ကျိန်ဆဲလိုက်နှင့်ပြီးပါပြီ!
မင်းချစ်သူနဲ့အတူတူ အပြင်ထွက်စားရင်းနဲ့ သိတဲ့သူတစ်ယောက်ကိုတွေ့လိုက်ရတာ အရမ်းကိုဆိုးရွားတာပဲလေ။
"မင်း Hei Ken ဆိုတာ ဘာလဲသိလား?"
ဒါရိုက်တာမုကတော့ ဒီအကြောင်းကိုစဉ်းစားမိနေတုန်းပဲဖြစ်သည်။
ပညာမတတ်တဲ့သူက သူတစ်ယောက်တည်းမဖြစ်နိုင်ဘူးလို့ ထင်တယ်!
သို့သော် အိုးရန်လုံကတော့ စက္ကန့်ပိုင်းအတွင်းမှာပဲ မျက်တောင်,တောင်မခတ်ဘဲနဲ့ " သိတယ်လေ,ဒဏ္ဍာရီဟောင်းထဲက ဆန်းကြယ်တဲ့သားရဲ....မင်းဘာလို့ မေးရတာလဲ?"
Shit!
မုချိုး ဓါးနဲ့ နောက်တစ်ကြိမ် ထိုးခံလိုက်ရသလိုမျိုး... ခုနက အခန်းထဲမှာထက်တောင် ပိုပြီးသေချင်သွားရသည်။
ထို့ကြောင့် သူ ဘေးတိုက်တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ "မင်း ဧည့်သည်နဲ့အတူ စားနေတာလား?"
သူ(အိုးရန်လုံ)က "ဟုတ်တယ်"လို့ဖြေရင် သူ(မုချိုး)ကလည်း "အို့....ငါကလည်း ဒီကို ဒါရိုက်တာကျုံးနဲ့ ဘလာဘလာဘလာ "ဆိုပြီးကြွားရမယ်။
အခုချက်ချင်း သူ့စိတ်အခြေအနေကို တကယ်မြှင့်တင်ချင်နေပြီ!
"အင်း " အိုးရန်လုံက သူ့ကို အသေးစိတ်ပြောပြချင်ပုံမရပေ။
ဘွား..ဟားဟားဟား!! မုချိုး ရုတ်တရက် သူ့ခေါင်းကိုနောက်လှန်ကာ ကောင်းကင်ဘုံကို ရိုင်းစိုင်းစွာ အော်ရယ်ပစ်ချင်သည့်ဆန္ဒက ရုတ်တရက်ကြီး ပေါ်လာရသည်။
ဒါပေမယ့် ဘယ်သူသိမှာလဲ,သူ့ရဲ့အခွင့်အရေးကို ဆုပ်ကိုင်ပြီး မကြွားရသေးခင်မှာပဲ အခန်းတံခါးက တစ်ဝက်ဆွဲဖွင့်ခံလိုက်ရပြီး ခေါင်းလေးပြူတစ်ပြူတစ်နဲ့ လူတစ်ယောက် ထွက်လာခဲ့သည်။
"............."
"ဟမ်!" ဆုနို အစကတော့ ခေါင်းလေးထွက်ပြီး ကြည့်မလို့ပါပဲ။ ဘာလို့လဲဆိုတော့ သူ အသားကင်တွေကို အကုန်စားပြီးသွားလို့ ထပ်ပြီး ဘယ်လိုကင်ရမလဲ ဆိုတာကို မသိသည့်မို့ အိုးရန်လုံကို အထဲပြန်ခေါ်ဖို့ထွက်လာခဲ့တာ ဖြစ်သည်။ ဒါပေမယ့် မုချိုးနဲ့မျက်နှာချင်းဆိုင် တွေ့လိုက်ရမယ်လို့ မမျှော်လင့်ထားပေ! ထို့ကြောင့် သူ နည်းနည်းလေးတော့ အရှက်ရသွားရသည်။
"Goodbye!" အိုးရန်လုံ ဥက္ကဌမုကို စွန့်ပစ်လိုက်ပြီး ပြတ်ပြတ်သားသားကို သူငယ်ချင်းထက် အချစ်ကို ရွေးချယ်လိုက်သည်။ "မြန်မြန် ပြန်တော့!"
သူက အနောက်မှာ သစ်ရွက်တစ်ရွက်တောင် ချန်မထားခဲ့သည့်အတိုင်း အခန်းထဲကို ပြန်ဝင်သွားလိုက်သည်။
မုချိုးရဲ့ နှလုံးသားတွေက ကြမ်းပြင်ပေါ်မှာတစ်စစီ ပြန့်ကျဲကုန်၏။ လောကကြီးက လုံးဝမမျှတဘူး!
"ဒါ မကောင်းဘူးလို့ ထင်တယ်" ဆုနို မေးလိုက်ကာ
"အပြင်လေး ခဏထွက်ပြီး နှုတ်ဆက်စကားလေးတော့ ပြောလိုက်ရမလား? "
"လုံးဝ မလိုပါဘူးကွာ" အိုးရန်လုံ သီးသန့်အခန်းတံခါးကို ပိတ်လိုက်ပြီး "သူကို လေလိုပဲ သဘောထားလိုက် "
ဆုနို "............"
"အသားကင်တွေကို ဒီလောက်မြန်မြန်နဲ့ စားလိုက်တယ် "
အိုးရန်လုံ ဘာမှမကျန်တော့တဲ့ ပန်းကန်အလွတ်တွေကိုကြည့်ရင်း အံ့သြသွားရသည်။
သူ အပြင်မှာ ဖုန်းသွားမပြောခင်တုန်းက သူ့အတွက် အသားတွေ တစ်ပုံကြီး ကင်ပေးခဲ့တာပါ။ အခုမှ ငါးမိနစ်လောက်ပဲ ကြာအုံးမှာကို။
ဆုနို ကောင်းကင်ဘုံကို မျက်နှာမူလိုက်ပြီး.....တကယ်တော့ သူစားချင်လို့ စားလိုက်ရတာမဟုတ်ပါဘူး!
သူက သူ့အတွက်ဆိုပြီး အသားတစ်ဗန်းတောင် ကင်ပေးလိုက်သေးတယ်။ ဒါပေမယ့် နည်းနည်းလေးတူးသွားလို့ သူစားပစ်လိုက်တာ။ သူက အရမ်းကို ပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်တဲ့သူမို့လို့ပါ!
"တော်လိုက်တဲ့ ကောင်လေး" သူ့ရဲ့နားတွေက နီရဲလာသည်ကို မြင်တော့ အိုးရန်လုံ သူ့ပါးစပ်ကို ပိတ်လိုက်ပြီး တဖက်လူကို ရင်ခွင်ထဲကိုဆွဲသွင်းလိုက်ရင်း ဂရုတစိုက်မေးလိုက်သည်။
"ပုံမှန်ဆို ဘာတွေစားဖြစ်လဲ?"
"............ဗန်တီကန်မြို့မှာ ပေါက်တဲ့ ပန်းတစ်မျိုး " ဆုနို မပြစ်မရှိသလို့ ဟန်ဆောင်နေသည်။
အိုးရန်လုံက ရယ်ရခက် ငိုရခက်ဖြင့် "ဒိုင်အန်းက မင်းကို တကယ်ပဲ အစားအသောက်နဲ့ပတ်သက်ပြီး တင်းကြပ်ထားတာလား?"
အမြဲတမ်း သူက သူ့ကို အပြင်တောင် ခေါ်ထုတ်သွားပါသေးတယ်....ဒါပေမယ့် သူကိုက အများကြီးစားတာ.....သူ ဘယ်လို ပြောပြရမှန်းမသိတော့ဘူး!
ဆုနို ဆက်ပြီးဟန်ဆောင်နေလိုက်၏။ ဆန်အိုးကြီးဖြစ်ဖြစ် ဘာကြီးပဲဖြစ်ဖြစ်....တကယ်လို့ ပြောလိုက်ရင် ကောင်းတာတစ်ခုမှ ထွက်မလာနိုင်ဘူး!
"လူတော်လေးပဲ" အိုးရန်လုံက သူ့အပေါ်မှာ အလွန်တရာကိုမှ စိတ်ရှည်မှုအပြည့်ရှိသည်။ ဆုနို သူ့နှုတ်ခမ်းနှစ်ဖက်ကို ဖိကိုက်ထားပြီး သူ့မျက်နှာကလည်း နီရဲလို့နေသည်။
တစ်ဖက်လူရဲ့အသံက နူးညံ့လွန်းနေပေမယ့်လည်း သူက ကြက်ဥတွေ,အမဲသားနဲ့ အသီးအရွက်တွေပါတဲ့ ခေါက်ဆွဲပွဲကြီး နှစ်ပွဲတင်မက ဒင်ဆန်းတွေကိုပါ တစ်ခါတည်း စားနိုင်တယ်ဆိုတာကို ပြောနိုင်ဖို့ သတ္တိမရှိဘူးဖြစ်နေတယ်!
အိုးရန်လုံက သူကြည့်နေပုံကို မြင်တော့ ဘာမှ ထပ်မပြောတော့ပေ။ ဒါပေမယ့် သူက သူ့ဇနီးလေးက အစာစားပြီးပြီးချင်း ဘယ်တော့မှ ဗိုက်မပြည့်တတ်သေးဘူးဆိုတဲ့ ပြင်းထန်တဲ့အဖြစ်မှန်ကို သိထားပြီးသားပင်။ ဒါကြောင့် သူ့နှလုံးသားလေး နာကျင်လာရကာ ရှေ့ကိုငုံ့လိုက်ပြီး နဖူးကိုနမ်းလိုက်သည်။
သူ နောက်ဆုံးတော့ မေးတာတွေ ရပ်သွားပြီပေါ့!ဆုနို အရမ်းကိုစိတ်လှုပ်ရှားရလွန်းလို့ အခုမှ သက်ပြင်းချလိုက်ရသည်။
"တကယ်လို့ အလုပ်က မင်းကို ပင်ပန်းစေရင် မလုပ်လည်းရတယ်" အိုးရန်လုံ သူ့ကို တင်းတင်းပွေဖက်လိုက်ပြီး "ကိုယ်မင်းကို ဗိုက်အဆာ မခံစေရဘူးလို့ ကတိပေးတယ် "
ကျွန်တော်က သာမန်လူတွေထက် နည်းနည်းလေးပဲ ပိုစားတတ်တာပါ!
ဆုနိုကတော့ သူအများကြီးစားလို့ ကုမ္ပဏီစာချုပ်ဖျက်သိမ်းရမယ် ဆိုပြီး အထင်လွဲသွားတော့သည်။
သူ ထပ်စားရင် အစာအိမ်တစ်ခုခုဖြစ်မှာစိုးရိမ်ရတဲ့အတွက် အိုးရန်လုံက ဘဲလ်ကို တီးလိုက်ပြီး ဝိတ်တာတွေကို ပန်းကန်တွေပြန်သိမ်းခိုင်းလိုက်ကာ အသီးတွေနဲ့ အချိုပွဲတွေလာချဖို့ ပြောလိုက်သည်။
ဆုနိုကတော့ သူ့စိတ်ထဲမှာ သူစားလို့မဝသေးဘူး ဆိုပြီးသာ အထွန့်တတ်နိုင်ပြီး ဝူဟွားအသားတွေ ပြန်သိမ်းသွားတာကို ကြည့်ရုံသာကြည့်နိုင်တော့သည်။
သူ့နှလုံးသားလေး နာကျင်လိုက်တာ!
ဒါ အစားအများကြီးစားတဲ့သူတွေကို လူထုရှေ့မှာ ခွဲခြားဆက်ဆံလိုက်တာပဲ.......တကယ့်ကိုကြေကွဲစရာ!
"မှာထားတဲ့ အချိုပွဲတွေ ရပါပြီ" ဝိတ်တာလေးက အချိုပွဲပန်းကန်တွေကို ယူလာခဲ့သည်။
"ဘယ်ဟာကို အရင်စားချင်လဲ?" အိုးရန်လုံ မေးလိုက်သည်။
"ထျန်းနျန်ကောင်း!" ဆုနို ချက်ချင်းကို ပြန်ဖြေပေးလိုက်၏။
ဘာလို့ဆိုတော့ အချိုပွဲတွေထဲကမှ ထျန်းနျန်ကောင်းက ပန်းကန်အပြည့်ထည့်ထားတာမို့ပဲ!
"မရဘူး,စေးကပ်တဲ့ မုန့်တွေက အစာမကြေဘူး "
အိုးရန်လုံက အချဥ်ဖောက်ထားတဲ့ ဆန်ချိုလေးကို သူ့ရှေ့ပို့ပေးလိုက်သည်။ "ဒါလေးကို အရင်သောက်လိုက် နော်"
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
ငါ အခုထိ ဗိုက္မဝေသးဘူးႏွင့္ ခင္ဗ်ားႏွမႀကီးပဲ သ႐ုပ္ေဆာင္လိုက္
မုခ်ိဳးသည္ နာမည္ေက်ာ္အႏုပညာ႐ွင္ေတြနဲ႔ ပန္းခ်ီကားေတြကို စိတ္မ၀င္စားေသာ္လည္း က်ံဳးလီဖုန္းပိုင္အတြက္ သူက ေခြးေလးတစ္ေကာင္လို ေျပးလႊားၿပီး စားေသာက္ဆိုင္ပိုင္႐ွင္ရဲ႕ ႐ွင္းျပခ်က္အ႐ွည္ႀကီးကို ထိုင္ခုံေပၚမွာ စိတ္႐ွည္႐ွည္နဲ႔ ၿငိမ္ၿငိမ္ေလးထိုင္ကာ သူ႕ရဲ႕သည္းခံႏိုင္မႈအတိုင္းအတာကို အေကာင္းဆုံး ဆြဲဆန္႔ဖို႔ ႀကိဳးစားေနသည္။
သူ အရမ္းကို အိပ္ခ်င္ေနတယ္! အိပ္ခ်င္ေသာ္လည္း အိပ္လို႔မရႏိုင္တာက အရမ္းကို နာက်င္ရတယ္! ပိုၿပီး နာက်င္စရာေကာင္းတာက က်ံဳးလီဖုန္းပိုင္က ပိုင္႐ွင္ကိုအရမ္းအေလးေပးေနတာပဲ! သူ လမ္းေလွ်ာက္ႏိုင္တဲ့ သစ္သားတုံးႀကီးေတာင္ ျဖစ္သြားေတာ့မယ္! ဒါဆိုရင္ေတာ့ အေတာ္ေလး ေၾကာင္ေတာင္,ေတာင္ႏိုင္ေတာ့မွာပဲ!
"ဒီလက္ရာက အရမ္းကို ဂႏၴဝင္ဆန္ၿပီး ေ႐ွးက်တယ္လို႔ ကြၽန္ေတာ္ခံစားမိတယ္ "က်ံဳးလီဖုန္းပိုင္ သက္ျပင္းခ်လိုက္သည္။
"ဟုတ္တာေပါ့" မုခ်ိဳး သူ႕ရဲ႕အခြင့္အေရးကို ေတြ႕သြားၿပီး စိတ္ပါလက္ပါနဲ႔ ဝင္ေျပာလိုက္သည္။ " ဒီ ရယ္ေနတဲ့က်ားမ်က္ႏွာက အလြန္တရာကိုမွ အသက္ဝင္လြန္းတယ္"
သူေျပာၿပီး ခ်က္ခ်င္းပင္ ဆိုင္ပိုင္႐ွင္နဲ႔ က်ံဳးလီဖုန္းပိုင္ တို႔ႏွစ္ေယာက္လုံးက သူ႕ကို တစ္ၿပိဳင္နက္တည္း လွည့္ၾကည့္လိုက္ၿပီး သူတို႔မ်က္လုံးေတြထဲမွာလည္း ႐ႈပ္ေထြးေနမႈအျပည့္ပင္...
မုခ်ိဳး သူ႕စိတ္ထဲမွာ က်ိန္ဆဲလိုက္မိၿပီ။ ဒီအေျခအေနက သူ႕ေျပာလိုက္တဲ့ စကားမွာ တစ္ခုခုမွားသြားတယ္ဆိုတာကိုျပေနတာပဲ!
ထင္ထားသည့္အတိုင္းပဲ....က်ံဳးလီဖုန္းပိုင္ ေျပာလိုက္သည္။ "သူ႕ကို ႐ွန္က်န္းလို႔ေခၚတယ္"
"႐ွန္က်န္း?"
မုခ်ိဳးရဲ႕ ပထမဆုံးတုံျပန္ေတြးမိသည္က ခ်ာတာဥပေဒႏွင့္ ဝူခ်န္း အေရးအခင္း*ကိုပဲ ျဖစ္သည္။
T/N: ခ်ာတာဥပေဒမ်ားသည္ တည္ဆဲဥပေဒမ်ားႏွင့္တူၿပီး ဝူခ်န္း အုံႂကြမႈသည္ ခ်င္မင္းဆက္ကိုဆန္႔က်င္သည့္ပုန္ကန္မႈတစ္ခုျဖစ္သည္။
ကိုယ္က ပညာမတတ္တဲ့သူ တစ္ေယာက္နဲ႔မတူပါဘူး!ဥကၠဌမု စိတ္ေလးစြာျဖင့္ သက္ျပင္းခ်လိုက္ရင္း.....သူက အၿမဲတမ္း တစ္ဖက္လူ ဘာေျပာတယ္ဆိုတာကို နားမလည္ရတာလဲ?!အဓိပၸါယ္မ႐ွိလိုက္တာ!
"Hei Kan လို႔လည္း လူသိမ်ားတယ္ " က်ံဳးလီဖုန္းပိုင္ ထပ္ျဖည့္ေျပာလိုက္သည္။
မုခ်ိဳး သူ႕ေခါင္း ခ်ာခ်ာလည္သြားၿပီလို႔ေတာင္ ခံစားလိုက္ရသည္။
"ဒါက လုံ႐ွန္းက်ိဳ႕က်ီရဲ႕ လက္ရာပဲ!
ဆိုင္ပိုင္႐ွင္က ဘိုးေဘးေတြကိုေတာင္ မ်က္ႏွာမျပရဲေတာ့ေပ။ ဒါေၾကာင့္ သူ စကားလုံးေတြကိုအျပည့္အဝေဖာ္ျပဖို႔ သူ႕ႏႈတ္ခမ္းနဲ႔ခႏၶာကိုယ္ကိုသုံးၿပီး သူက " လုံ" ဆိုတဲ့စကားလုံးကိုေပါင္းျပဖို႔ သူ႕ရဲ႕တုတ္ေနတဲ့ခါးကို ကသုတ္ကယုတ္နဲ႔ အသည္းအသန္လွည့္ပတ္ၿပီး ေပါင္းျပေန၏။
မုခ်ိဳး လုံးဝစိတ္ပ်က္အားငယ္သြားပုံရၿပီး ေခါင္းကိုက္သြားရသည္မို႔ " ကိုယ္ တံခါးအျပင္ကေနပဲ သြားေစာင့္တာ ေကာင္းမယ္ထင္တယ္ " ။ ထိုစကားသာ သူ ေျပာလိုက္ႏိုင္ေတာ့သည္။
"ဟုတ္ကဲ့၊ ဟုတ္ကဲ့၊ ဒီလိုဆိုလည္း ေကာင္းပါတယ္" စားေသာက္ဆိုင္ပိုင္႐ွင္က သက္ျပင္းခ်ၿပီး သက္ေတာင့္သက္သာျဖစ္သြားရသည္။ သူ တကယ့္ကို ဖိအားေပးခံလိုက္ရသလိုပဲ!
မုခ်ိဳး အခန္းအျပင္ကို ျပန္ထြက္သြားၿပီး က်ံဳးလီဖုန္းပိုင္က ပန္းခ်ီကားေတြကို အခ်ိန္တစ္ခုၾကာတဲ့အထိ ၾကည့္ေနအုံးမယ္လို႔ ေတြးလိုက္ကာ ပန္းျခံထဲကို ေဆးလိပ္ေသာက္ရန္ ထြက္လာခဲ့သည္။
လမ္းတြင္ သူ ကာစတန္မာ အေရအတြက္နဲ႔ လုပ္ရည္ကိုင္ရည္တို႔ကို တစ္ခ်က္ၾကည့္ရန္ ဒုတိယထပ္ကို တက္လာခဲ့သည္။
အဲ့ဒီေနာက္မွာေတာ့ ေဟာ္လမ္းထဲမွာ ဖုန္းေျပာေနတဲ့ အိုးရန္လုံကို ေတြ႕လိုက္ရသည္။ ႏွစ္ေယာက္လုံးရဲ႕ မ်က္လုံးေတြက ဆုံသြားၿပီး ခ်က္ခ်င္းမီးပြားေတြ ထြက္လာေတာ့မလိုပင္။ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ!
အမွန္တကယ္ကေတာ့ သူတို႔ႏွစ္ေယာက္လုံး သူတို႔ကိုယ္သူတို႔ က်ိန္ဆဲလိုက္ႏွင့္ၿပီးပါၿပီ!
မင္းခ်စ္သူနဲ႔အတူတူ အျပင္ထြက္စားရင္းနဲ႔ သိတဲ့သူတစ္ေယာက္ကိုေတြ႕လိုက္ရတာ အရမ္းကိုဆိုး႐ြားတာပဲေလ။
"မင္း Hei Ken ဆိုတာ ဘာလဲသိလား?"
ဒါ႐ိုက္တာမုကေတာ့ ဒီအေၾကာင္းကိုစဥ္းစားမိေနတုန္းပဲျဖစ္သည္။
ပညာမတတ္တဲ့သူက သူတစ္ေယာက္တည္းမျဖစ္ႏိုင္ဘူးလို႔ ထင္တယ္!
သို႔ေသာ္ အိုးရန္လုံကေတာ့ စကၠန္႔ပိုင္းအတြင္းမွာပဲ မ်က္ေတာင္,ေတာင္မခတ္ဘဲနဲ႔ " သိတယ္ေလ,ဒ႑ာရီေဟာင္းထဲက ဆန္းၾကယ္တဲ့သားရဲ....မင္းဘာလို႔ ေမးရတာလဲ?"
Shit!
မုခ်ိဳး ဓါးနဲ႔ ေနာက္တစ္ႀကိမ္ ထိုးခံလိုက္ရသလိုမ်ိဳး... ခုနက အခန္းထဲမွာထက္ေတာင္ ပိုၿပီးေသခ်င္သြားရသည္။
ထို႔ေၾကာင့္ သူ ေဘးတိုက္တစ္ခ်က္ၾကည့္လိုက္ၿပီး ေမးလိုက္သည္။ "မင္း ဧည့္သည္နဲ႔အတူ စားေနတာလား?"
သူ(အိုးရန္လုံ)က "ဟုတ္တယ္"လို႔ေျဖရင္ သူ(မုခ်ိဳး)ကလည္း "အို႔....ငါကလည္း ဒီကို ဒါ႐ိုက္တာက်ံဳးနဲ႔ ဘလာဘလာဘလာ "ဆိုၿပီးႂကြားရမယ္။
အခုခ်က္ခ်င္း သူ႕စိတ္အေျခအေနကို တကယ္ျမႇင့္တင္ခ်င္ေနၿပီ!
"အင္း " အိုးရန္လုံက သူ႕ကို အေသးစိတ္ေျပာျပခ်င္ပုံမရေပ။
ဘြား..ဟားဟားဟား!! မုခ်ိဳး ႐ုတ္တရက္ သူ႕ေခါင္းကိုေနာက္လွန္ကာ ေကာင္းကင္ဘုံကို ႐ိုင္းစိုင္းစြာ ေအာ္ရယ္ပစ္ခ်င္သည့္ဆႏၵက ႐ုတ္တရက္ႀကီး ေပၚလာရသည္။
ဒါေပမယ့္ ဘယ္သူသိမွာလဲ,သူ႕ရဲ႕အခြင့္အေရးကို ဆုပ္ကိုင္ၿပီး မႂကြားရေသးခင္မွာပဲ အခန္းတံခါးက တစ္ဝက္ဆြဲဖြင့္ခံလိုက္ရၿပီး ေခါင္းေလးျပဴတစ္ျပဴတစ္နဲ႔ လူတစ္ေယာက္ ထြက္လာခဲ့သည္။
"............."
"ဟမ္!" ဆုႏို အစကေတာ့ ေခါင္းေလးထြက္ၿပီး ၾကည့္မလို႔ပါပဲ။ ဘာလို႔လဲဆိုေတာ့ သူ အသားကင္ေတြကို အကုန္စားၿပီးသြားလို႔ ထပ္ၿပီး ဘယ္လိုကင္ရမလဲ ဆိုတာကို မသိသည့္မို႔ အိုးရန္လုံကို အထဲျပန္ေခၚဖို႔ထြက္လာခဲ့တာ ျဖစ္သည္။ ဒါေပမယ့္ မုခ်ိဳးနဲ႔မ်က္ႏွာခ်င္းဆိုင္ ေတြ႕လိုက္ရမယ္လို႔ မေမွ်ာ္လင့္ထားေပ! ထို႔ေၾကာင့္ သူ နည္းနည္းေလးေတာ့ အ႐ွက္ရသြားရသည္။
"Goodbye!" အိုးရန္လုံ ဥကၠဌမုကို စြန္႔ပစ္လိုက္ၿပီး ျပတ္ျပတ္သားသားကို သူငယ္ခ်င္းထက္ အခ်စ္ကို ေ႐ြးခ်ယ္လိုက္သည္။ "ျမန္ျမန္ ျပန္ေတာ့!"
သူက အေနာက္မွာ သစ္႐ြက္တစ္႐ြက္ေတာင္ ခ်န္မထားခဲ့သည့္အတိုင္း အခန္းထဲကို ျပန္ဝင္သြားလိုက္သည္။
မုခ်ိဳးရဲ႕ ႏွလုံးသားေတြက ၾကမ္းျပင္ေပၚမွာတစ္စစီ ျပန္႔က်ဲကုန္၏။ ေလာကႀကီးက လုံးဝမမွ်တဘူး!
"ဒါ မေကာင္းဘူးလို႔ ထင္တယ္" ဆုႏို ေမးလိုက္ကာ
"အျပင္ေလး ခဏထြက္ၿပီး ႏႈတ္ဆက္စကားေလးေတာ့ ေျပာလိုက္ရမလား? "
"လုံးဝ မလိုပါဘူးကြာ" အိုးရန္လုံ သီးသန္႔အခန္းတံခါးကို ပိတ္လိုက္ၿပီး "သူကို ေလလိုပဲ သေဘာထားလိုက္ "
ဆုႏို "............"
"အသားကင္ေတြကို ဒီေလာက္ျမန္ျမန္နဲ႔ စားလိုက္တယ္ "
အိုးရန္လုံ ဘာမွမက်န္ေတာ့တဲ့ ပန္းကန္အလြတ္ေတြကိုၾကည့္ရင္း အံ့ၾသသြားရသည္။
သူ အျပင္မွာ ဖုန္းသြားမေျပာခင္တုန္းက သူ႕အတြက္ အသားေတြ တစ္ပုံႀကီး ကင္ေပးခဲ့တာပါ။ အခုမွ ငါးမိနစ္ေလာက္ပဲ ၾကာအုံးမွာကို။
ဆုႏို ေကာင္းကင္ဘုံကို မ်က္ႏွာမူလိုက္ၿပီး.....တကယ္ေတာ့ သူစားခ်င္လို႔ စားလိုက္ရတာမဟုတ္ပါဘူး!
သူက သူ႕အတြက္ဆိုၿပီး အသားတစ္ဗန္းေတာင္ ကင္ေပးလိုက္ေသးတယ္။ ဒါေပမယ့္ နည္းနည္းေလးတူးသြားလို႔ သူစားပစ္လိုက္တာ။ သူက အရမ္းကို ပတ္ဝန္းက်င္ကို ထိန္းသိမ္းတတ္တဲ့သူမို႔လို႔ပါ!
"ေတာ္လိုက္တဲ့ ေကာင္ေလး" သူ႕ရဲ႕နားေတြက နီရဲလာသည္ကို ျမင္ေတာ့ အိုးရန္လုံ သူ႕ပါးစပ္ကို ပိတ္လိုက္ၿပီး တဖက္လူကို ရင္ခြင္ထဲကိုဆြဲသြင္းလိုက္ရင္း ဂ႐ုတစိုက္ေမးလိုက္သည္။
"ပုံမွန္ဆို ဘာေတြစားျဖစ္လဲ?"
"............ဗန္တီကန္ၿမိဳ႕မွာ ေပါက္တဲ့ ပန္းတစ္မ်ိဳး " ဆုႏို မျပစ္မ႐ွိသလို႔ ဟန္ေဆာင္ေနသည္။
အိုးရန္လုံက ရယ္ရခက္ ငိုရခက္ျဖင့္ "ဒိုင္အန္းက မင္းကို တကယ္ပဲ အစားအေသာက္နဲ႔ပတ္သက္ၿပီး တင္းၾကပ္ထားတာလား?"
အၿမဲတမ္း သူက သူ႕ကို အျပင္ေတာင္ ေခၚထုတ္သြားပါေသးတယ္....ဒါေပမယ့္ သူကိုက အမ်ားႀကီးစားတာ.....သူ ဘယ္လို ေျပာျပရမွန္းမသိေတာ့ဘူး!
ဆုႏို ဆက္ၿပီးဟန္ေဆာင္ေနလိုက္၏။ ဆန္အိုးႀကီးျဖစ္ျဖစ္ ဘာႀကီးပဲျဖစ္ျဖစ္....တကယ္လို႔ ေျပာလိုက္ရင္ ေကာင္းတာတစ္ခုမွ ထြက္မလာႏိုင္ဘူး!
"လူေတာ္ေလးပဲ" အိုးရန္လုံက သူ႕အေပၚမွာ အလြန္တရာကိုမွ စိတ္႐ွည္မႈအျပည့္႐ွိသည္။ ဆုႏို သူ႕ႏႈတ္ခမ္းႏွစ္ဖက္ကို ဖိကိုက္ထားၿပီး သူ႕မ်က္ႏွာကလည္း နီရဲလို႔ေနသည္။
တစ္ဖက္လူရဲ႕အသံက ႏူးညံ့လြန္းေနေပမယ့္လည္း သူက ၾကက္ဥေတြ,အမဲသားနဲ႔ အသီးအ႐ြက္ေတြပါတဲ့ ေခါက္ဆြဲပြဲႀကီး ႏွစ္ပြဲတင္မက ဒင္ဆန္းေတြကိုပါ တစ္ခါတည္း စားႏိုင္တယ္ဆိုတာကို ေျပာႏိုင္ဖို႔ သတၱိမ႐ွိဘူးျဖစ္ေနတယ္!
အိုးရန္လုံက သူၾကည့္ေနပုံကို ျမင္ေတာ့ ဘာမွ ထပ္မေျပာေတာ့ေပ။ ဒါေပမယ့္ သူက သူ႕ဇနီးေလးက အစာစားၿပီးၿပီးခ်င္း ဘယ္ေတာ့မွ ဗိုက္မျပည့္တတ္ေသးဘူးဆိုတဲ့ ျပင္းထန္တဲ့အျဖစ္မွန္ကို သိထားၿပီးသားပင္။ ဒါေၾကာင့္ သူ႕ႏွလုံးသားေလး နာက်င္လာရကာ ေ႐ွ႕ကိုငုံ႔လိုက္ၿပီး နဖူးကိုနမ္းလိုက္သည္။
သူ ေနာက္ဆုံးေတာ့ ေမးတာေတြ ရပ္သြားၿပီေပါ့!ဆုႏို အရမ္းကိုစိတ္လႈပ္႐ွားရလြန္းလို႔ အခုမွ သက္ျပင္းခ်လိုက္ရသည္။
"တကယ္လို႔ အလုပ္က မင္းကို ပင္ပန္းေစရင္ မလုပ္လည္းရတယ္" အိုးရန္လုံ သူ႕ကို တင္းတင္းေပြဖက္လိုက္ၿပီး "ကိုယ္မင္းကို ဗိုက္အဆာ မခံေစရဘူးလို႔ ကတိေပးတယ္ "
ကြၽန္ေတာ္က သာမန္လူေတြထက္ နည္းနည္းေလးပဲ ပိုစားတတ္တာပါ!
ဆုႏိုကေတာ့ သူအမ်ားႀကီးစားလို႔ ကုမၸဏီစာခ်ဳပ္ဖ်က္သိမ္းရမယ္ ဆိုၿပီး အထင္လြဲသြားေတာ့သည္။
သူ ထပ္စားရင္ အစာအိမ္တစ္ခုခုျဖစ္မွာစိုးရိမ္ရတဲ့အတြက္ အိုးရန္လုံက ဘဲလ္ကို တီးလိုက္ၿပီး ဝိတ္တာေတြကို ပန္းကန္ေတြျပန္သိမ္းခိုင္းလိုက္ကာ အသီးေတြနဲ႔ အခ်ိဳပြဲေတြလာခ်ဖို႔ ေျပာလိုက္သည္။
ဆုႏိုကေတာ့ သူ႕စိတ္ထဲမွာ သူစားလို႔မဝေသးဘူး ဆိုၿပီးသာ အထြန္႔တတ္ႏိုင္ၿပီး ဝူဟြားအသားေတြ ျပန္သိမ္းသြားတာကို ၾကည့္႐ုံသာၾကည့္ႏိုင္ေတာ့သည္။
သူ႕ႏွလုံးသားေလး နာက်င္လိုက္တာ!
ဒါ အစားအမ်ားႀကီးစားတဲ့သူေတြကို လူထုေ႐ွ႕မွာ ခြဲျခားဆက္ဆံလိုက္တာပဲ.......တကယ့္ကိုေၾကကြဲစရာ!
"မွာထားတဲ့ အခ်ိဳပြဲေတြ ရပါၿပီ" ဝိတ္တာေလးက အခ်ိဳပြဲပန္းကန္ေတြကို ယူလာခဲ့သည္။
"ဘယ္ဟာကို အရင္စားခ်င္လဲ?" အိုးရန္လုံ ေမးလိုက္သည္။
"ထ်န္းႏ်န္ေကာင္း!" ဆုႏို ခ်က္ခ်င္းကို ျပန္ေျဖေပးလိုက္၏။
ဘာလို႔ဆိုေတာ့ အခ်ိဳပြဲေတြထဲကမွ ထ်န္းႏ်န္ေကာင္းက ပန္းကန္အျပည့္ထည့္ထားတာမို႔ပဲ!
"မရဘူး,ေစးကပ္တဲ့ မုန္႔ေတြက အစာမေၾကဘူး "
အိုးရန္လုံက အခ်ဥ္ေဖာက္ထားတဲ့ ဆန္ခ်ိဳေလးကို သူ႕ေ႐ွ႕ပို႔ေပးလိုက္သည္။ "ဒါေလးကို အရင္ေသာက္လိုက္ ေနာ္"