အမတ္ႀကီးရဲ႕အပယ္ခံသား (အမတ်ကြီ...

By Neko_san_ZP

839K 119K 3.3K

Started date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တ... More

Chapter -1 (ျပန္လည္ေမြးဖြားလာသည့္ဒန္နာရီ)
Chapter -2(အစကေန ျပန္လည္စတင္ျခင္း)
Chapter-3
Chapter-4
Chapter-5 (Pink Rose meaning please believe me)
Chapter-5.0
Chapter-6.2(အီဆိုနာနယ္ေျမ)
Chapter -7
Chapter -8.1
Chapter-8.2.
Chapter -9
Chapter -10
Chapter -11.1
Chapter-11.0
Chapter-11.2
Chapter-12
Chapter -13
Chapter-14
Chapter-15
Chapter -16
Chapter -17
Chapter -18
Chapter -19
Chapter -20
Chapter-21
Chapter -22
Chapter -23
Chapter -24
Chapter -25
Chapter -26
Chapter -27
Chapter-28
Chapter -29
Chapter -30
Chapter -31
Chapter -32
Chapter -33
Chapter -34
Chapter -35
Chapter-36
Chapter -37
Chapter -38
Chapter -39
Chapter -40
Chapter -41
Chapter-42
Chapter -43
Chapter -44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter -49
Chapter -50
Chapter-51
Chapter -52
Not update
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter-58
Chapter-59
Chapter -60
Chapter -61
Chapter-62.1
Chapter-62.2
Chapter-63
Chapter -64
Chapter -65
Chapter -66
Chapter -67
Chapter -68
Chapter -69
chapter -70
Chapter -71
Chapter -72
Chapter-73
Chapter-74
Chapter -75
Chapter -76
Chapter-77
Chapter -78
Chapter-79
Chapter-80
Chapter -81
Chapter-82
Chapter-83
Chapter -84
Chapter - 85
Chapter-86
Chapter -87
Chapter -88
About paid
Chapter-89
Chapter -90
Chapter -91
Chapter -92
Chapter -93
Chapter -94
Chapter -95
Chapter -96
Chapter-97
Chapter -98
Hello
Chapter-99
Chapter-100
Chapter -101
Chapter-102
Chapter-103
Chapter-104
Chapter-105
Chapter-106
Chapter-107
Chapter-108
//Plz Read//
//not update//
Chapter-109
Chapter -110
Chapter-111
Chapter-112
Chapter-113
Chapter -114
Chapter-115
Chapter-116
Chapter-117
Chapter-118
Chapter-119
Chapter-120
Hello//
Chapter-121
Chapter -122
Chapter-123
Chapter-124
Chapter-125
Chapter -126
Chapter -127
Chapter-128
Chapter-129
Chapter-130
//spoils//
Chapter-131
Chapter-132.1
Chapter-132.2
about Season-2

Chapter-6.1

10.6K 1.5K 48
By Neko_san_ZP

Zawgyi

ဒန္နာရီတို႔ ႐ိုစဲဆလပ္အိမ္ေတာ္ကို ျပန္ေရာက္လာၿပီးေနာက္မွာ ဒန္နာရီလည္း သူရဲ႕အိမ္ေဆာင္ဘက္ကို ျပန္လာေတာ့ သူရဲ႕အထိန္းေတာ္ဟာ သူ႔ကိုေစာင့္ႀကိဳေနသည္။ထိုေနာက္ ကိုယ္လက္သန္႔စင္ၿပီးေနာက္မွာ အန္နာဟာ သူ႔ကိုညဝတ္ဝတ္စံုဆင္ေပးရင္း

"သခင္ေလး ေပ်ာ္ရႊင္ခဲ့ရဲ႕လား" လို႔ ့ျပံဳးကာေမးလာေတာ့ ဒန္နာရီရဲ႕မ်က္ႏွာေလးဟာ အျပံဳးေလးမ်ားေဝဆာသြားၿပီး

"ေပ်ာ္ခဲ့ပါတယ္... အန္နာ"လို႔ ဒန္နာရီေျပာလိုက္သည္၊

တကယ္ေတာ့ ေပ်ာ္ရႊင္မႈဆုိတာ ဘာမွန္းေတာင္ ကြၽန္ေတာ္မသိေတာ့ဘူး၊အရင္ဘဝတည္းက သူမ်ားေတြရဲ႕ေပ်ာ္ရႊင္မႈကိုသာ တရိပ္ရိပ္နဲ႔ၾကည့္ေနၿပီး ထိုလူေပ်ာ္ရႊင္တာျမင္ရင္ ကြၽန္ေတာ္လည္းေပ်ာ္ရႊင္ပါတယ္ဆုိၿပီး ကိုယ့္ကိုယ္ကိုယ္လိမ္လည္မိခဲ့တယ္ေလ၊ဒါေၾကာင့္ ဒီဘဝမွာ ကြၽန္ေတာ္ ဘယ္လိုေပ်ာ္ရမလဲေတာင္ မသိေတာ့ဘူး၊အရင္ဘဝက မသင္ယူမိခဲ့လို႔ပဲလား။

ဒါေပမယ့္ အန္နာကို သူဘယ္ေတာ့မွ ေျပာမည္မဟုတ္ေပ၊အန္နာဆုိတာ သူရဲ႕မိခင္လိုပဲမလား၊ဒန္နာရီရဲ႕မိခင္ဟာ ေမြးေမြးခ်င္းေပ်ာက္သြားခဲ့ၿပီး ဖခင္ဟာလည္း ပစ္ပယ္ထားခဲ့ကာ အန္နာကသာ သူ႔ကိုေစာင့္ေ႐ွာက္ေကြၽးေမြးခဲ့သည္၊ဒါျပင္ အရင္ဘဝကလည္း သူ႔ကိုကယ္တင္ရင္း ေသဆံုးခဲ့ေသးသည္၊ထိုအတိတ္ကအေၾကာင္းအရာေတြ ေတြးရံုျဖင့္ သူရဲ႕ႏွလံုးသားကို တစ္စံုတစ္ေယာက္ဟာ ဆြဲဖ်စ္ညစ္ထားသလို တင္းၾကပ္ေနသည့္ခံစားခ်က္မ်ိဳး ခံစားေနရသည္။

အန္နာရဲ႕ရင္ခြင္ထဲကို ဒန္နာရီတိုးေခြ႔လိုက္ၿပီး
"အန္နာ...ကြၽန္ေတာ့္ကို မထားခဲ့ပါနဲ႔ေနာ္" လို႔ ေျပာလိုက္ေတာ့ အန္နာဆီကေန ခပ္တိုးတိုးရယ္သံကို ၾကားလိုက္ရတာေၾကာင့္ သူေမာ့ၾကည့္လိုက္ေတာ့ အန္နာရဲ႕ပယင္းေရာင္မ်က္ဝန္းမ်ားဟာ ႏူးညံကာခ်စ္ရိပ္မ်ားျပည့္သိပ္ေနၿပီး အန္နာရဲ႕ဝိုင္းစက္စက္မ်က္ႏွာနဲ႔လိုက္ဖက္လြန္းလွသည္၊အန္နာဟာ သူ႔ကိုေစာင့္ေ႐ွာက္ရရံုသာမက တျခားအလုပ္မ်ားကိုပါ သိမ္းက်ံဳးလုပ္ရတာေၾကာင့္ ႐ွိရင္းစြဲအသက္ထက္ ပိုကာ အသက္ငါးဆယ္ေက်ာ္အမ်ိဳးသမီးတစ္ေယာက္နဲ႔တူသည္။

"သခင္ေလးရယ္...ကြၽန္မက ဘယ္လိုလုပ္ထားရက္ခဲ့မွာလဲ" လို႔ ေျပာလာသည့္အန္နာရဲ႕စကားေတြဟာ သူ႔ကိုေႏြးေထြးေစသည္၊ေနာက္ဆံုးခ်ိန္ထိ အန္နာသာ သူ႔ဘက္မွာ ႐ွိေနခဲ့ျခင္းျဖစ္သည္။တျခားလူေတြ သူ႔အေပၚမယုံၾကည္ခဲ့ေပမယ့္ အန္နာကေတာ့ သူ႔ကိုယုံၾကည္ခဲ့သည္၊အန္နာဟာ သူရဲ႕မိခင္လိုပင္၊

ေက်းဇူးပါ...အန္နာ၊ဒီဘဝေတာ့ အန္နာကို ကြၽန္ေတာ္ ရေအာင္ကယ္တယ္ေပးမယ္၊အန္နာကို မွားယြင္းစြပ္စြဲတဲ့လူေတြေရာ၊တကယ့္တရားခံအစစ္ကိုေရာ ကြၽန္ေတာ္ျပန္ထုတ္ေဖာ္ျပမယ္၊

ညေကာင္းကင္ဟာ ၾကယ္ေတြေၾကာင့္ ပိုမိုလွပေနသေယာင္၊တိတ္ဆိတ္ေနသည့္အေနာက္ဘက္အိမ္ေတာ္ေလးထဲ အမ်ိဳးသမီးတစ္ဦးဟာ ငါးႏွစ္အရြယ္ကေလးေလးရဲ႕ေက်ာကို ပုတ္ေပးရင္း ေတးသိပ္သီခ်င္း တီက်ဴးေနေတာ့သည္၊ဒါေပမယ့္ ကေလးတစ္ေယာက္ရဲ႕ရင္ထဲက အမုန္းကိုေတာ့ ထိုအမ်ိဳးသမီးဟာ ဘယ္ျမင္ႏိုင္မလဲ၊သူမမ်က္ဝန္းထဲမွာ ဒန္နာရီဟာ ျဖဴစင္ကာ ေမတၱာငတ္ေနသည့္သနားစရာေကာင္းသည့္ကေလးေလးတစ္ေယာက္ထက္ မပိုေခ်၊
----------------

အင္ပါယာရဲ႕နန္းေတာ္ရဲ႕တစ္ေနရာ၌ ဆယ္ႏွစ္အရြယ္ေကာင္ေလးဟာ ဖင္ထိုင္သည့္ေနရာကလြဲ၍ က်န္သည့္ေနရာေတြဟာ ေရႊသားနဲ႔ျပဳလုပ္ထားသည့္ အနီေရာင္ဆုိဖာခံုေပၚတြင္ မွီကာထိုင္ေနရင္း သူေ႐ွ႕႐ွိ အစီရင္ခံစာတင္လာသည့္လူကို စိုက္ၾကည့္ရင္း

"မင္းေျပာခ်င္တာက သူက ႐ိုစဲဆလပ္အိမ္ေတာ္ရဲ႕အပယ္ခံသားေပါ့..." ကေလးငယ္တစ္ေယာက္ရဲ႕အသံေပမယ့္ အာဏာျပည့္ဝေနတာေၾကာင့္ ၾကားသူတိုင္းကို ႐ွိန္ေစတာအမွန္ေပ၊

"မွန္ေၾကာင္းပါ မင္းသား႐ွစ္" သက္ေတာ္ေစာင့္ဟာ သူရဲ႕ေၾကာက္ရြံေနသည့္အမူအရာကိုထိန္းသိမ္းေရးအေၾကာင္းျပန္လိုက္သည္။မင္းသား႐ွစ္ ေဂ်ာ့ဖေရးဟာ ငယ္ေသးေပမယ့္ အဆိပ္ျပင္းလွသည္။မင္းသားနန္းေဆာင္ေတာ္က လူေတြသာ မင္းသားရဲ႕ဆိုးသြမ္းမႈေတြ၊ရက္စက္မႈေတြကုိ သိက်ၿပီး အျပင္ဘက္ကလူေတြကေတာ့ မင္းသား႐ွစ္ကို သာမန္ကေလးငယ္တစ္ေယာက္ဟုသာ ထင္က်သည္။ဒါေပမယ့္ ရက္စ္ထရစ္အိမ္ေတာ္ရဲ႕ေနာက္ခံ႐ွိသည့္ မင္းသား႐ွစ္ကို ဧကရီေတာင္ ေပၚတင္ျပသာနာမ႐ွာရဲတာ အမွန္ေပ၊

"အနက္ေရာင္ဆံပင္နဲ႔မ်ိဳးႏြယ္ေတြက ႐ွားပါးက်တယ္..." ေဂ်ာ့ဖေရးဟာ သူၾကားရံုသာအသံျဖင့္ေျပာလိုက္သည္။ေတာ္ဝင္မ်ိဳးႏြယ္ေတြဟာ ေနကို ကိုယ္စားျပဳကာ သူတို႔ရဲ႕စြမ္းအားမ်ားဟာ Destruction Fire (ဖ်က္ဆီးျခင္း မီးစြမ္းအား) နဲ႔ အမတ္ႀကီး႐ိုစဲဆလပ္အိမ္ေတာ္ကေတာ့ လကို ကိုယ္စားျပဳကာ Protection ice (ခုခံကာကြယ္ျခင္း ေရခဲစြမ္းအား) ျဖစ္ၿပီး ေရႊေရာင္မ်က္ဝန္းမ်ားကို ပိုင္ဆိုင္က်သည့္ ရက္စ္ထရစ္အိမ္ေတာ္ကေတာ့ Gravity aura (ကမာၻေျမထုဆြဲငင္အားေအာ္ရာ)ကို ပိုင္ဆုိင္ထားက်သည္၊ အနက္ေရာင္ဆံပင္ပိုင္ဆိုင္ထားသည့္မ်ိဳးႏြယ္ကေတာ့ ဒီကမာၻမွာ ႐ွားပါးလွသည္။ေဂ်ာ့ဖေရး သူအဘိုးငယ္ငယ္တုန္းက ေျပာဖူးသည့္အေၾကာင္းအရာတစ္ခုကို ေတြးေတာေနမိသည္။

'ပထမဆံုးေသာဧကရာဇ္ရဲ႕ခ်စ္သူကလည္း အနက္ေရာင္ဆံေကသာနဲ႔..."

မျဖစ္ႏိုင္ဘူးမလား၊ၾကည့္ရတာ ထိုကေလးေလးရဲ႕မိခင္ေနာက္ေၾကာင္းကို သူ႐ွာေဖြရမယ္ထင္သည္။

"ဇက္စ္!"

"အမိန္႔႐ွိပါ သခင္" ေဂ်ာ့ဖေရးေ႐ွ႕မွာ အနက္ေရာင္အရိပ္တစ္ခုဟာ ဒူးေထာက္လာေတာ့သည္၊ေဂ်ာ့ဖေရးဟာ သူ႔ေဘး႐ွိ အနက္ေရာင္ႏွင္းဆီပြင့္ကို ေျခြလိုက္ၿပီး

"အမတ္ႀကီး႐ိုစဲဆလပ္ရဲ႕ေသဆံုးသြားတဲ့ဇနီးေတြအေၾကာင္း စံုစမ္းလိုက္...ခုႏွစ္ေယာက္ေျမာက္သားရဲ႕အေမအေၾကာင္းကို ပိုၿပီး႐ွင္း႐ွင္းလင္းလင္းစံုစမ္းခဲ့" လို႔ အမိန္႔ေပးလိုက္ေတာ့ အရိပ္ဟာ အ႐ိုအေသေပးကာ အနက္ေရာင္အေငြ႔မ်ားအျဖစ္ေျပာင္းကာ ေပ်ာက္သြားေတာ့သည္။

"ဒန္နာရီ..... ဒန္နာရီ"

ဆယ္ႏွစ္အရြယ္ကေလးေလးဟာ ထိုနာမည္ကို ႏွလံုးသားထဲထိ ေရာက္ေအာင္ အႀကိမ္ႀကိမ္ရြတ္ဆုိေနေတာ့သည္။

မနက္ခင္းအေစာပိုင္းအခ်ိန္ကာလ၊႐ိုစဲဆလပ္အိမ္ေတာ္မွာေတာ့ ဒန္နာရီဟာ အင္းကြက္တကြက္ကို ေရးဆြဲေနေတာ့သည္၊ေရႊအိုေရာင္မွင္ ​ေလထဲမွာေရးဆြဲေနသည့္ မၿပီးျပည့္စံုေသးသည့္ေမွာ္အင္းကြက္ကို ဒန္နာရီဟာ ဂ႐ုတစိုက္ေရးဆြဲေနရင္း ႐ုတ္တရက္ႀကီး ၾကမ္းျပင္ေပၚ ဒူးတဖက္ေထာက္သြားကာ သူရဲ႕နားထင္ေတာက္ေလ်ွာက္ ေခြၽးစက္မ်ားဟာ စီးက်ေနၿပီး မွင္တံကိုင္ထားသည့္လက္ေသးေသးေလးေတြဟာ တုန္ယင္ေနေတာ့သည္။

'ငါ ဒီအထိေရာက္လာၿပီပဲ...က်စ္ ငါ့ခႏၶာကိုယ္ထဲက manaေတြက ကုန္ခမ္းေတာ့မယ္ ပထမအစ္ကိုေပးထားတဲ့လက္စြပ္ကလည္း ထပ္ၿပီး မထိန္းႏိုင္ေတာ့ဘူး...'

ဒန္နာရီတစ္ေယာက္ အၾကပ္ေတြ႔ေနတာ အမွန္ေပ၊လက္႐ွိသူေရးဆြဲေနသည့္ေမွာ္အင္းကြက္ဟာ အလယ္အလတ္အဆင့္ ကာကြယ္ေရးေမွာ္အင္းကြက္ျဖစ္သည္။ထို​ေမွာ္အင္းကြက္ဟာ အသက္ဝင္လာသည္နဲ႔ ေမွာ္အင္းကြက္အတြင္း႐ွိ သက္႐ွိသက္မဲ့မ်ားကို ထိခိုက္မႈမ႐ွိ ကာကြယ္ေပးႏိုင္သည္။ ေတာ္ရံုအဆင့္ျမႇင့္ေမွာ္ေပါက္ကြဲမႈေတြကိုေတာင္ ကာကြယ္ေပးႏိုင္သည္။ဒါေပမယ့္ အရမ္းကိုေရးဆြဲရ ခက္ခဲတာေၾကာင့္ ေမွာ္အင္းကြက္ေရးဆြဲသည့္ေမွာ္ဆရာေတြပင္ ဆယ္ႏွစ္မွာ တစ္ႀကိမ္ေရးဆြဲက်ေလ့မ႐ွိေပ၊

ဒါေပမယ့္ အရင္ဘဝထဲက ပါရမီ႐ွင္ျဖစ္ခဲ့သည့္ဒန္နာရီအတြက္က​ေတာ့ ခက္ခဲမဟုတ္ေပမယ့္ ငါးႏွစ္အရြယ္သာ႐ွိေသးတာေၾကာင့္ mana(စြမ္းအား)မလံုမေလာက္ျဖစ္ေနေတာ့သည္။အင္းကြက္သာ ပ်က္စီးသြားရင္ သူကုန္ခဲ့သည့္ေမွာ္ေက်ာက္တံုးေတြက ႏွေျမာစရာပင္၊

"ရက္အန္နီပက္ရက္အန္နီဆန္႔နက္ေတာ့ဆန္႔ ေတာ့ေဟးဘအန္နီ ဘင္ဒီအိုင္နက္ေဒါ့"
(ေလကို ကိုယ္စားျပဳ...)
"ပက္ရက္အိုအီးေတာ့အန္နီ႐ွားဇီယားတက္ တက္ေဟးဘအန္နီ မက္အိုအီးအိုအီးနက္"
(လမင္းကို ကာကြယ္...)

ေရြေရာင္မွင္တံျဖင့္ ေရးဆြဲရင္း ရြတ္ဆိုလိုက္ေတာ့ ေရးဆြဲေနသည့္ ေရႊေရာင္မွင္မ်ားဟာ ေလထဲမွာ ေတာက္ပေနကာ တျဖည္းျဖည္းစက္ဝိုင္းပံုသ႑ာန္ျဖစ္လာၿပီး ေ႐ွးစကားလံုးမ်ားနဲ႔ေရးသားထားသည့္ စကားလံုးနဲ႔ ပထမအကြက္ဟာ ထင္ထင္႐ွား႐ွားေပၚလာေတာ့သည္၊

"ဒက္လက္နက္ဂိုအန္နီရက္ ေတာ့အိုအီး ေတာ့ေဟးဘအန္နီ အန္အာရက္ေတာ့ေဟးဘ"
(ကမာၻေျမကို အန္တု...)

"အိုအန္နက္ေဒါ့ေတာ့အန္နီရက္ ေတာ့ေဟးဘအန္ ပက္ရက္အိုေတာ့အန္နီ ႐ွားဇီယားေတာ့အိုင္ဒီအိုနက္ အိုေဖာ့ ေဟးဘအန္နီအာေဘးဒါအန္နက္"
(ေကာင္းကင္ရဲ႕ ကာကြယ္မႈကို ခံယူရင္း...)

"အိုင္ဒီ ေဘးဘအိုအန္အိုင္ဒီေလအာေတာ့ ေတာ့ေဟးဘအန္ မက္အာဂိုအိုင္ဒီ႐ွားဇီယား ေဘးအိုကက္႐ွ"
(ဒီေမွာ္အင္းကြက္ကို ငါဒန္နာရီ တည္ေဆာက္သည္)

ေတာက္ပလာသည့္ ေရႊေရာင္ေမွာ္အင္းကြက္ဟာ ဒန္နာရီရဲ႕အိပ္ေဆာင္တေဆာင္လံုး ဖံုးလႊမ္းသြားၿပီး ေရႊေရာင္အလင္းတန္းတတန္းဟာ ေကာင္းကင္ကထိုးစိုက္လာၿပီး ေမွာ္အင္းကြက္ဟာ အသက္ဝင္သြားေတာ့သည္။ဒါေပမယ့္ ငါးႏွစ္အရြယ္ကေလးေလးကေတာ့ ၾကမ္းျပင္ေပၚ ကိုယ္လံုးနဲ႔ပစ္က်ကာ လဲက်သြားၿပီး မ်က္လံုးမ်ားမွိတ္ကာ အိပ္စက္သြားေတာ့သည္။စြမ္းအားအကုန္ အသံုးျပဳလိုက္တာေၾကာင့္ ဒန္နာရီဟာ ပင္ပန္းကာ ထပ္ပင္မထိန္းႏိုင္ေတာ့ပဲ ခႏၶာကိုယ္ကို အနားေပးရန္ အလိုလိုအိပ္စက္သြားျခင္းျဖစ္သည္။ဆိုရက္စ္ေပးထားသည့္ ဒန္နာရီရဲ႕လက္ထဲ႐ွိ လက္စြပ္ေလးကလည္း ထူးဆန္းစြာ ေရႊေရာင္တလက္လက္ထေနေတာ့သည္။

ရပ္ေဝးေဒသ ေမွာ္ေက်ာင္းေတာ္ရဲ႕ခန္းမေဆာင္တစ္ေဆာင္၌ တစ္ဆယ့္ကိုးႏွစ္အရြယ္လူငယ္ေလးဟာ ေမွာ္ဓာတ္လံုးေပၚမွာ ျပသလာသည့္ ေမွာ္အင္းကြက္ကို ၾကည့္ရင္း မွင္သက္သြားၿပီးေနာက္မွာေတာ့ အေရးေပၚအခ်က္ေပးေမွာ္စြမ္းအင္ကို အသံုးျပဳလိုက္ေတာ့သည္။ထိုေနာက္ခန္းမေဆာင္ထဲကို အသက္ႀကီးႀကီးေမွာ္ဆရာမ်ားနဲ႔တျခားပုဂၢိဳလ္ေတြ ဝင္ေရာက္လာကာ ထိုထဲက အနီေရာင္ဦးထုပ္နဲ႔ဝတ္ရံုအနက္ဝတ္ထားသည့္လူႀကီးဟာ ထိုလူငယ္ကို စိုက္ၾကည့္ကာ

"ဘာအေရးအေၾကာင္းေပၚလာလို႔ အေရးေပၚေမွာ္ကို အသံုးျပဳရတာလဲ ဂ်က္ကာ"

"ဆရာေရးနက္စ္! ေမွာ္အင္းကြက္တစ္ကြက္ ေပၚလာလို႔" ဂ်က္ကာဆုိသည့္လူငယ္ေလးက ဆုိလိုက္ေတာ့ ဆရာေရးနက္စ္ဟာ မ်က္ေမွာင္ၾကဳတ္သြားကာ

"သာမန္အေရးအခင္းကိစၥကို ဘာလို႔ အေရးေပၚေမွာ္သံုးရတာလဲ...ဟမ္၊" ဂ်က္ကာဟာ သူ႔ဆရာရဲ႕ေဒါသထြက္သံေၾကာင့္ အနည္းငယ္ေၾကာက္ရြံသြားေသာ္လည္း

"မဟုတ္ဘူး ဆရာေရးနက္စ္...အခု ေမွာ္အင္းကြက္က ေကာင္းကင္ကအသိအမွတ္ျပဳခံလိုက္ရတဲ့ေရႊအဆင့္ေမွာ္အင္းကြက္ပါ!" လို႔ေျပာလိုက္မွ ဆရာေရးနက္စ္ဟာ ေမွာ္ဓာတ္လံုးဆီ အေျပးသြားကာ

"ေနာက္ျပန္ဆုတ္ေစ" လို႔ ေမွာ္ဓာတ္လံုးကို အမိန္႔ေပးလိုက္ေတာ့ လြန္ခဲ့တဲ့အခ်ိန္အပိုင္းကို ျပန္ေရာက္သြားေတာ့သည္။ အင္ပါယာတစ္ခုရဲ႕ေကာင္းကင္ကေန ေရႊေရာင္အလင္းတန္းႀကီးဟာထိုးက်သြားကာ ႀကီးမားသည့္ေရႊေရာင္အင္းကြက္ႀကီးေပၚထြက္လာသည့္ျမင္ကြင္းျဖစ္သည္။

"ဒါကာကြယ္ေရးေမွာ္အင္းကြက္ပဲ...အလယ္အလတ္အဆင့္ေပမယ့္ ေကာင္းကင္ရဲ႕အသိအမွတ္ျပဳျခင္းကို ခံရတယ္ဆုိေတာ့..... ဘယ္ပါရမီ႐ွင္မ်ားလဲ" လို႔ ဆရာေရးနက္စ္ဟာ ေျပာဆုိၿပီးေနာက္မွာ သူရဲ႕လူေတြကို ၾကည့္ကာ...

"ေမွာ္ေက်ာင္းေတာ္က အႀကီးအကဲတစ္ေထာင္ကို အမိန္႔ေပးလိုက္" ၾသဇာအာဏာေညာင္းသည့္အသံ ဟိန္းထြက္လာခ်ိန္မွာ ဂ်က္ကာအပါအဝင္ တျခားလူေတြလည္း အမိန္႔နာခံေနေၾကာင္း လက္တစ္ဖက္ကိုေနာက္ပစ္ကာ တဖက္ကိုရင္ဖက္ေပၚတင္ထားၿပီး ေခါင္းငုတ္ကာ ကိုယ္ကိုကိုင္းရင္း ဆရာေရးနက္စ္ရဲအမိန္႔ကို ေစာင့္ေနက်ေတာ့သည္။

"အေ႐ွ႕ဘက္ အင္ပါယာကို သြားက် ၊ ဒီပါရမီ႐ွင္ကို အရင္ဆံုးေတြ႔ေအာင္႐ွာႏိုင္တဲ့သူကို ေမွာ္ေက်ာင္းေတာ္ရဲ႕အဆင့္ေလးအႀကီးအကဲအျဖစ္ရာထူးတိုးေပးၿပီး ဂန္ႏိုရာနယ္ေျမမွာ ေလ့က်င့္ဖို႔တႏွစ္အခြင့္အေရးေပးမယ္" လို႔ အမိန္႔ေပးလိုက္သည့္ခ်ိန္မွာ ေမွာ္ေက်ာင္းေတာ္က အႀကီးအကဲတစ္ေထာင္ဟာ ထိုပါရမီ႐ွင္ကို ႐ွာေဖြရန္ စိတ္အားထက္သန္စြာ အေ႐ွ႕ဘက္ရပ္ဝန္းေဒသကို ထြက္ခြာလာက်ေတာ့သည္။

-----------------
ကာကြယ္ေရးေမွာ္အင္းကြက္ဂါထာ

ေလကိုကိုယ္စားျပဳ(ေလစြမ္းအား)၊လမင္းကိုကာကြယ္(ကာကြယ္ျခင္းစြမ္းအား)၊ကမာၻေျမကို အန္တု(ေျမစြမ္းအား)၊ေကာင္းကင္ရဲ႕ကာကြယ္မႈကို ခံယူရင္း ဒီေမွာ္အင္းကြက္ကို ငါတည္ေဆာက္သည္။

စြမ္းအင္သံုးမ်ိဳးပါသည့္ အလယ္အလတ္အဆင့္ေမွာ္စြမ္းအားျဖစ္ၿပီး ေကာင္းကင္ရဲ႕အသိအမွတ္ျပဳမႈေပၚမူတည္ၿပီး ကာကြယ္ေရးေမွာ္အင္းကြက္ဟာ ပံုစံမ်ိဳးစံုကြဲထြက္သြားတတ္သည္၊စတင္ေရးဆြဲသည့္အခါမွာေတာ့ ႐ုီးဏီးဆုိသည့္ေရႊေရာင္ျမက္ရဲ႕အရည္ကို မွင္အျဖင့္အသံုးျပဳကာ ဆြဲရၿပီး ေမွာ္အင္းကြက္ၿပီးဆံုးသြားသည့္ခ်ိန္မွာေတာ့ အဝါ၊လိေမၼာ္၊အနီ၊ေရႊေရာင္ဆိုၿပီး အဆင့္သတ္မွတ္သြားတတ္သည္။

ဒန္နာရီတို႔ေနတဲ့အင္ပါယာက အေ႐ွ႕ဘက္ရပ္ဝန္းေဒသ၊ ေမွာ္ေက်ာင္းေတာ္တည္႐ွိရာက အလယ္ပိုင္းေဒသျဖစ္ၿပီး အေ႐ွ႕၊ေနာက္၊ေျမာက္၊ေတာင္ ဆံုရာအလယ္ပိုင္းျဖစ္သည္။

ဒီအပိုင္းက နည္းနည္းထြင္လိုက္ရတာမ်ားလို႔ တိုသြားတယ္ဗ် ဒါေၾကာင့္ Chapter-6.1လို႔ပဲ သတ္မွတ္လိုက္တယ္။

-------------------
Chapter-6.2ေမ်ွာ္

--------

Unicode

Chapter -6.1

ဒန်နာရီတို့ ရိုစဲဆလပ်အိမ်တော်ကို ပြန်ရောက်လာပြီးနောက်မှာ ဒန်နာရီလည်း သူရဲ့အိမ်ဆောင်ဘက်ကို ပြန်လာတော့ သူရဲ့အထိန်းတော်ဟာ သူ့ကိုစောင့်ကြိုနေသည်။ထိုနောက် ကိုယ်လက်သန့်စင်ပြီးနောက်မှာ အန်နာဟာ သူ့ကိုညဝတ်ဝတ်စုံဆင်ပေးရင်း

"သခင်လေး ပျော်ရွှင်ခဲ့ရဲ့လား" လို့ ့ပြုံးကာမေးလာတော့ ဒန်နာရီရဲ့မျက်နှာလေးဟာ အပြုံးလေးများဝေဆာသွားပြီး

"ပျော်ခဲ့ပါတယ်... အန်နာ"လို့ ဒန်နာရီပြောလိုက်သည်၊

တကယ်တော့ ပျော်ရွှင်မှုဆိုတာ ဘာမှန်းတောင် ကျွန်တော်မသိတော့ဘူး၊အရင်ဘဝတည်းက သူများတွေရဲ့ပျော်ရွှင်မှုကိုသာ တရိပ်ရိပ်နဲ့ကြည့်နေပြီး ထိုလူပျော်ရွှင်တာမြင်ရင် ကျွန်တော်လည်းပျော်ရွှင်ပါတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်လိမ်လည်မိခဲ့တယ်လေ၊ဒါကြောင့် ဒီဘဝမှာ ကျွန်တော် ဘယ်လိုပျော်ရမလဲတောင် မသိတော့ဘူး၊အရင်ဘဝက မသင်ယူမိခဲ့လို့ပဲလား။

ဒါပေမယ့် အန်နာကို သူဘယ်တော့မှ ပြောမည်မဟုတ်ပေ၊အန်နာဆိုတာ သူရဲ့မိခင်လိုပဲမလား၊ဒန်နာရီရဲ့မိခင်ဟာ မွေးမွေးချင်းပျောက်သွားခဲ့ပြီး ဖခင်ဟာလည်း ပစ်ပယ်ထားခဲ့ကာ အန်နာကသာ သူ့ကိုစောင့်ရှောက်ကျွေးမွေးခဲ့သည်၊ဒါပြင် အရင်ဘဝကလည်း သူ့ကိုကယ်တင်ရင်း သေဆုံးခဲ့သေးသည်၊ထိုအတိတ်ကအကြောင်းအရာတွေ တွေးရုံဖြင့် သူရဲ့နှလုံးသားကို တစ်စုံတစ်ယောက်ဟာ ဆွဲဖျစ်ညစ်ထားသလို တင်းကြပ်နေသည့်ခံစားချက်မျိုး ခံစားနေရသည်။

အန်နာရဲ့ရင်ခွင်ထဲကို ဒန်နာရီတိုးခွေ့လိုက်ပြီး
"အန်နာ...ကျွန်တော့်ကို မထားခဲ့ပါနဲ့နော်" လို့ ပြောလိုက်တော့ အန်နာဆီကနေ ခပ်တိုးတိုးရယ်သံကို ကြားလိုက်ရတာကြောင့် သူမော့ကြည့်လိုက်တော့ အန်နာရဲ့ပယင်းရောင်မျက်ဝန်းများဟာ နူးညံကာချစ်ရိပ်များပြည့်သိပ်နေပြီး အန်နာရဲ့ဝိုင်းစက်စက်မျက်နှာနဲ့လိုက်ဖက်လွန်းလှသည်၊အန်နာဟာ သူ့ကိုစောင့်ရှောက်ရရုံသာမက တခြားအလုပ်များကိုပါ သိမ်းကျုံးလုပ်ရတာကြောင့် ရှိရင်းစွဲအသက်ထက် ပိုကာ အသက်ငါးဆယ်ကျော်အမျိုးသမီးတစ်ယောက်နဲ့တူသည်။

"သခင်လေးရယ်...ကျွန်မက ဘယ်လိုလုပ်ထားရက်ခဲ့မှာလဲ" လို့ ပြောလာသည့်အန်နာရဲ့စကားတွေဟာ သူ့ကိုနွေးထွေးစေသည်၊နောက်ဆုံးချိန်ထိ အန်နာသာ သူ့ဘက်မှာ ရှိနေခဲ့ခြင်းဖြစ်သည်။တခြားလူတွေ သူ့အပေါ်မယုံကြည်ခဲ့ပေမယ့် အန်နာကတော့ သူ့ကိုယုံကြည်ခဲ့သည်၊အန်နာဟာ သူရဲ့မိခင်လိုပင်၊

ကျေးဇူးပါ...အန်နာ၊ဒီဘဝတော့ အန်နာကို ကျွန်တော် ရအောင်ကယ်တယ်ပေးမယ်၊အန်နာကို မှားယွင်းစွပ်စွဲတဲ့လူတွေရော၊တကယ့်တရားခံအစစ်ကိုရော ကျွန်တော်ပြန်ထုတ်ဖော်ပြမယ်၊

ညကောင်းကင်ဟာ ကြယ်တွေကြောင့် ပိုမိုလှပနေသယောင်၊တိတ်ဆိတ်နေသည့်အနောက်ဘက်အိမ်တော်လေးထဲ အမျိုးသမီးတစ်ဦးဟာ ငါးနှစ်အရွယ်ကလေးလေးရဲ့ကျောကို ပုတ်ပေးရင်း တေးသိပ်သီချင်း တီကျူးနေတော့သည်၊ဒါပေမယ့် ကလေးတစ်ယောက်ရဲ့ရင်ထဲက အမုန်းကိုတော့ ထိုအမျိုးသမီးဟာ ဘယ်မြင်နိုင်မလဲ၊သူမမျက်ဝန်းထဲမှာ ဒန်နာရီဟာ ဖြူစင်ကာ မေတ္တာငတ်နေသည့်သနားစရာကောင်းသည့်ကလေးလေးတစ်ယောက်ထက် မပိုချေ၊
----------------

အင်ပါယာရဲ့နန်းတော်ရဲ့တစ်နေရာ၌ ဆယ်နှစ်အရွယ်ကောင်လေးဟာ ဖင်ထိုင်သည့်နေရာကလွဲ၍ ကျန်သည့်နေရာတွေဟာ ရွှေသားနဲ့ပြုလုပ်ထားသည့် အနီရောင်ဆိုဖာခုံပေါ်တွင် မှီကာထိုင်နေရင်း သူရှေ့ရှိ အစီရင်ခံစာတင်လာသည့်လူကို စိုက်ကြည့်ရင်း

"မင်းပြောချင်တာက သူက ရိုစဲဆလပ်အိမ်တော်ရဲ့အပယ်ခံသားပေါ့..." ကလေးငယ်တစ်ယောက်ရဲ့အသံပေမယ့် အာဏာပြည့်ဝနေတာကြောင့် ကြားသူတိုင်းကို ရှိန်စေတာအမှန်ပေ၊

"မှန်ကြောင်းပါ မင်းသားရှစ်" သက်တော်စောင့်ဟာ သူရဲ့ကြောက်ရွံနေသည့်အမူအရာကိုထိန်းသိမ်းရေးအကြောင်းပြန်လိုက်သည်။မင်းသားရှစ် ဂျော့ဖရေးဟာ ငယ်သေးပေမယ့် အဆိပ်ပြင်းလှသည်။မင်းသားနန်းဆောင်တော်က လူတွေသာ မင်းသားရဲ့ဆိုးသွမ်းမှုတွေ၊ရက်စက်မှုတွေကို သိကျပြီး အပြင်ဘက်ကလူတွေကတော့ မင်းသားရှစ်ကို သာမန်ကလေးငယ်တစ်ယောက်ဟုသာ ထင်ကျသည်။ဒါပေမယ့် ရက်စ်ထရစ်အိမ်တော်ရဲ့နောက်ခံရှိသည့် မင်းသားရှစ်ကို ဧကရီတောင် ပေါ်တင်ပြသာနာမရှာရဲတာ အမှန်ပေ၊

"အနက်ရောင်ဆံပင်နဲ့မျိုးနွယ်တွေက ရှားပါးကျတယ်..." ဂျော့ဖရေးဟာ သူကြားရုံသာအသံဖြင့်ပြောလိုက်သည်။တော်ဝင်မျိုးနွယ်တွေဟာ နေကို ကိုယ်စားပြုကာ သူတို့ရဲ့စွမ်းအားများဟာ Destruction Fire (ဖျက်ဆီးခြင်း မီးစွမ်းအား) နဲ့ အမတ်ကြီးရိုစဲဆလပ်အိမ်တော်ကတော့ လကို ကိုယ်စားပြုကာ Protection ice (ခုခံကာကွယ်ခြင်း ရေခဲစွမ်းအား) ဖြစ်ပြီး ရွှေရောင်မျက်ဝန်းများကို ပိုင်ဆိုင်ကျသည့် ရက်စ်ထရစ်အိမ်တော်ကတော့ Gravity aura (ကမ္ဘာမြေထုဆွဲငင်အားအော်ရာ)ကို ပိုင်ဆိုင်ထားကျသည်၊ အနက်ရောင်ဆံပင်ပိုင်ဆိုင်ထားသည့်မျိုးနွယ်ကတော့ ဒီကမ္ဘာမှာ ရှားပါးလှသည်။ဂျော့ဖရေး သူအဘိုးငယ်ငယ်တုန်းက ပြောဖူးသည့်အကြောင်းအရာတစ်ခုကို တွေးတောနေမိသည်။

'ပထမဆုံးသောဧကရာဇ်ရဲ့ချစ်သူကလည်း အနက်ရောင်ဆံကေသာနဲ့..."

မဖြစ်နိုင်ဘူးမလား၊ကြည့်ရတာ ထိုကလေးလေးရဲ့မိခင်နောက်ကြောင်းကို သူရှာဖွေရမယ်ထင်သည်။

"ဇက်စ်!"

"အမိန့်ရှိပါ သခင်" ဂျော့ဖရေးရှေ့မှာ အနက်ရောင်အရိပ်တစ်ခုဟာ ဒူးထောက်လာတော့သည်၊ဂျော့ဖရေးဟာ သူ့ဘေးရှိ အနက်ရောင်နှင်းဆီပွင့်ကို ခြွေလိုက်ပြီး

"အမတ်ကြီးရိုစဲဆလပ်ရဲ့သေဆုံးသွားတဲ့ဇနီးတွေအကြောင်း စုံစမ်းလိုက်...ခုနှစ်ယောက်မြောက်သားရဲ့အမေအကြောင်းကို ပိုပြီးရှင်းရှင်းလင်းလင်းစုံစမ်းခဲ့" လို့ အမိန့်ပေးလိုက်တော့ အရိပ်ဟာ အရိုအသေပေးကာ အနက်ရောင်အငွေ့များအဖြစ်ပြောင်းကာ ပျောက်သွားတော့သည်။

"ဒန်နာရီ..... ဒန်နာရီ"

ဆယ်နှစ်အရွယ်ကလေးလေးဟာ ထိုနာမည်ကို နှလုံးသားထဲထိ ရောက်အောင် အကြိမ်ကြိမ်ရွတ်ဆိုနေတော့သည်။

မနက်ခင်းအစောပိုင်းအချိန်ကာလ၊ရိုစဲဆလပ်အိမ်တော်မှာတော့ ဒန်နာရီဟာ အင်းကွက်တကွက်ကို ရေးဆွဲနေတော့သည်၊ရွှေအိုရောင်မှင် ​လေထဲမှာရေးဆွဲနေသည့် မပြီးပြည့်စုံသေးသည့်မှော်အင်းကွက်ကို ဒန်နာရီဟာ ဂရုတစိုက်ရေးဆွဲနေရင်း ရုတ်တရက်ကြီး ကြမ်းပြင်ပေါ် ဒူးတဖက်ထောက်သွားကာ သူရဲ့နားထင်တောက်လျှောက် ချွေးစက်များဟာ စီးကျနေပြီး မှင်တံကိုင်ထားသည့်လက်သေးသေးလေးတွေဟာ တုန်ယင်နေတော့သည်။

'ငါ ဒီအထိရောက်လာပြီပဲ...ကျစ် ငါ့ခန္ဓာကိုယ်ထဲက manaတွေက ကုန်ခမ်းတော့မယ် ပထမအစ်ကိုပေးထားတဲ့လက်စွပ်ကလည်း ထပ်ပြီး မထိန်းနိုင်တော့ဘူး...'

ဒန်နာရီတစ်ယောက် အကြပ်တွေ့နေတာ အမှန်ပေ၊လက်ရှိသူရေးဆွဲနေသည့်မှော်အင်းကွက်ဟာ အလယ်အလတ်အဆင့် ကာကွယ်ရေးမှော်အင်းကွက်ဖြစ်သည်။ထို​မှော်အင်းကွက်ဟာ အသက်ဝင်လာသည်နဲ့ မှော်အင်းကွက်အတွင်းရှိ သက်ရှိသက်မဲ့များကို ထိခိုက်မှုမရှိ ကာကွယ်ပေးနိုင်သည်။ တော်ရုံအဆင့်မြှင့်မှော်ပေါက်ကွဲမှုတွေကိုတောင် ကာကွယ်ပေးနိုင်သည်။ဒါပေမယ့် အရမ်းကိုရေးဆွဲရ ခက်ခဲတာကြောင့် မှော်အင်းကွက်ရေးဆွဲသည့်မှော်ဆရာတွေပင် ဆယ်နှစ်မှာ တစ်ကြိမ်ရေးဆွဲကျလေ့မရှိပေ၊

ဒါပေမယ့် အရင်ဘဝထဲက ပါရမီရှင်ဖြစ်ခဲ့သည့်ဒန်နာရီအတွက်က​တော့ ခက်ခဲမဟုတ်ပေမယ့် ငါးနှစ်အရွယ်သာရှိသေးတာကြောင့် mana(စွမ်းအား)မလုံမလောက်ဖြစ်နေတော့သည်။အင်းကွက်သာ ပျက်စီးသွားရင် သူကုန်ခဲ့သည့်မှော်ကျောက်တုံးတွေက နှမြောစရာပင်၊

"ရက်အန်နီပက်ရက်အန်နီဆန့်နက်တော့ဆန့် တော့ဟေးဘအန်နီ ဘင်ဒီအိုင်နက်ဒေါ့"
(လေကို ကိုယ်စားပြု...)
"ပက်ရက်အိုအီးတော့အန်နီရှားဇီယားတက် တက်ဟေးဘအန်နီ မက်အိုအီးအိုအီးနက်"
(လမင်းကို ကာကွယ်...)

ရွေရောင်မှင်တံဖြင့် ရေးဆွဲရင်း ရွတ်ဆိုလိုက်တော့ ရေးဆွဲနေသည့် ရွှေရောင်မှင်များဟာ လေထဲမှာ တောက်ပနေကာ တဖြည်းဖြည်းစက်ဝိုင်းပုံသဏ္႑ာန်ဖြစ်လာပြီး ရှေးစကားလုံးများနဲ့ရေးသားထားသည့် စကားလုံးနဲ့ ပထမအကွက်ဟာ ထင်ထင်ရှားရှားပေါ်လာတော့သည်၊

"ဒက်လက်နက်ဂိုအန်နီရက် တော့အိုအီး တော့ဟေးဘအန်နီ အန်အာရက်တော့ဟေးဘ"
(ကမ္ဘာမြေကို အန်တု...)

"အိုအန်နက်ဒေါ့တော့အန်နီရက် တော့ဟေးဘအန် ပက်ရက်အိုတော့အန်နီ ရှားဇီယားတော့အိုင်ဒီအိုနက် အိုဖော့ ဟေးဘအန်နီအာဘေးဒါအန်နက်"
(ကောင်းကင်ရဲ့ ကာကွယ်မှုကို ခံယူရင်း...)

"အိုင်ဒီ ဘေးဘအိုအန်အိုင်ဒီလေအာတော့ တော့ဟေးဘအန် မက်အာဂိုအိုင်ဒီရှားဇီယား ဘေးအိုကက်ရှ"
(ဒီမှော်အင်းကွက်ကို ငါဒန်နာရီ တည်ဆောက်သည်)

တောက်ပလာသည့် ရွှေရောင်မှော်အင်းကွက်ဟာ ဒန်နာရီရဲ့အိပ်ဆောင်တဆောင်လုံး ဖုံးလွှမ်းသွားပြီး ရွှေရောင်အလင်းတန်းတတန်းဟာ ကောင်းကင်ကထိုးစိုက်လာပြီး မှော်အင်းကွက်ဟာ အသက်ဝင်သွားတော့သည်။ဒါပေမယ့် ငါးနှစ်အရွယ်ကလေးလေးကတော့ ကြမ်းပြင်ပေါ် ကိုယ်လုံးနဲ့ပစ်ကျကာ လဲကျသွားပြီး မျက်လုံးများမှိတ်ကာ အိပ်စက်သွားတော့သည်။စွမ်းအားအကုန် အသုံးပြုလိုက်တာကြောင့် ဒန်နာရီဟာ ပင်ပန်းကာ ထပ်ပင်မထိန်းနိုင်တော့ပဲ ခန္ဓာကိုယ်ကို အနားပေးရန် အလိုလိုအိပ်စက်သွားခြင်းဖြစ်သည်။ဆိုရက်စ်ပေးထားသည့် ဒန်နာရီရဲ့လက်ထဲရှိ လက်စွပ်လေးကလည်း ထူးဆန်းစွာ ရွှေရောင်တလက်လက်ထနေတော့သည်။

ရပ်ဝေးဒေသ မှော်ကျောင်းတော်ရဲ့ခန်းမဆောင်တစ်ဆောင်၌ တစ်ဆယ့်ကိုးနှစ်အရွယ်လူငယ်လေးဟာ မှော်ဓာတ်လုံးပေါ်မှာ ပြသလာသည့် မှော်အင်းကွက်ကို ကြည့်ရင်း မှင်သက်သွားပြီးနောက်မှာတော့ အရေးပေါ်အချက်ပေးမှော်စွမ်းအင်ကို အသုံးပြုလိုက်တော့သည်။ထိုနောက်ခန်းမဆောင်ထဲကို အသက်ကြီးကြီးမှော်ဆရာများနဲ့တခြားပုဂ္ဂိုလ်တွေ ဝင်ရောက်လာကာ ထိုထဲက အနီရောင်ဦးထုပ်နဲ့ဝတ်ရုံအနက်ဝတ်ထားသည့်လူကြီးဟာ ထိုလူငယ်ကို စိုက်ကြည့်ကာ

"ဘာအရေးအကြောင်းပေါ်လာလို့ အရေးပေါ်မှော်ကို အသုံးပြုရတာလဲ ဂျက်ကာ"

"ဆရာရေးနက်စ်! မှော်အင်းကွက်တစ်ကွက် ပေါ်လာလို့" ဂျက်ကာဆိုသည့်လူငယ်လေးက ဆိုလိုက်တော့ ဆရာရေးနက်စ်ဟာ မျက်မှောင်ကြုတ်သွားကာ

"သာမန်အရေးအခင်းကိစ္စကို ဘာလို့ အရေးပေါ်မှော်သုံးရတာလဲ...ဟမ်၊" ဂျက်ကာဟာ သူ့ဆရာရဲ့ဒေါသထွက်သံကြောင့် အနည်းငယ်ကြောက်ရွံသွားသော်လည်း

"မဟုတ်ဘူး ဆရာရေးနက်စ်...အခု မှော်အင်းကွက်က ကောင်းကင်ကအသိအမှတ်ပြုခံလိုက်ရတဲ့ရွှေအဆင့်မှော်အင်းကွက်ပါ!" လို့ပြောလိုက်မှ ဆရာရေးနက်စ်ဟာ မှော်ဓာတ်လုံးဆီ အပြေးသွားကာ

"နောက်ပြန်ဆုတ်စေ" လို့ မှော်ဓာတ်လုံးကို အမိန့်ပေးလိုက်တော့ လွန်ခဲ့တဲ့အချိန်အပိုင်းကို ပြန်ရောက်သွားတော့သည်။ အင်ပါယာတစ်ခုရဲ့ကောင်းကင်ကနေ ရွှေရောင်အလင်းတန်းကြီးဟာထိုးကျသွားကာ ကြီးမားသည့်ရွှေရောင်အင်းကွက်ကြီးပေါ်ထွက်လာသည့်မြင်ကွင်းဖြစ်သည်။

"ဒါကာကွယ်ရေးမှော်အင်းကွက်ပဲ...အလယ်အလတ်အဆင့်ပေမယ့် ကောင်းကင်ရဲ့အသိအမှတ်ပြုခြင်းကို ခံရတယ်ဆိုတော့..... ဘယ်ပါရမီရှင်များလဲ" လို့ ဆရာရေးနက်စ်ဟာ ပြောဆိုပြီးနောက်မှာ သူရဲ့လူတွေကို ကြည့်ကာ...

"မှော်ကျောင်းတော်က အကြီးအကဲတစ်ထောင်ကို အမိန့်ပေးလိုက်" သြဇာအာဏာညောင်းသည့်အသံ ဟိန်းထွက်လာချိန်မှာ ဂျက်ကာအပါအဝင် တခြားလူတွေလည်း အမိန့်နာခံနေကြောင်း လက်တစ်ဖက်ကိုနောက်ပစ်ကာ တဖက်ကိုရင်ဖက်ပေါ်တင်ထားပြီး ခေါင်းငုတ်ကာ ကိုယ်ကိုကိုင်းရင်း ဆရာရေးနက်စ်ရဲအမိန့်ကို စောင့်နေကျတော့သည်။

"အရှေ့ဘက် အင်ပါယာကို သွားကျ ၊ ဒီပါရမီရှင်ကို အရင်ဆုံးတွေ့အောင်ရှာနိုင်တဲ့သူကို မှော်ကျောင်းတော်ရဲ့အဆင့်လေးအကြီးအကဲအဖြစ်ရာထူးတိုးပေးပြီး ဂန်နိုရာနယ်မြေမှာ လေ့ကျင့်ဖို့တနှစ်အခွင့်အရေးပေးမယ်" လို့ အမိန့်ပေးလိုက်သည့်ချိန်မှာ မှော်ကျောင်းတော်က အကြီးအကဲတစ်ထောင်ဟာ ထိုပါရမီရှင်ကို ရှာဖွေရန် စိတ်အားထက်သန်စွာ အရှေ့ဘက်ရပ်ဝန်းဒေသကို ထွက်ခွာလာကျတော့သည်။

-----------------
ကာကွယ်ရေးမှော်အင်းကွက်ဂါထာ

လေကိုကိုယ်စားပြု(လေစွမ်းအား)၊လမင်းကိုကာကွယ်(ကာကွယ်ခြင်းစွမ်းအား)၊ကမ္ဘာမြေကို အန်တု(မြေစွမ်းအား)၊ကောင်းကင်ရဲ့ကာကွယ်မှုကို ခံယူရင်း ဒီမှော်အင်းကွက်ကို ငါတည်ဆောက်သည်။

စွမ်းအင်သုံးမျိုးပါသည့် အလယ်အလတ်အဆင့်မှော်စွမ်းအားဖြစ်ပြီး ကောင်းကင်ရဲ့အသိအမှတ်ပြုမှုပေါ်မူတည်ပြီး ကာကွယ်ရေးမှော်အင်းကွက်ဟာ ပုံစံမျိုးစုံကွဲထွက်သွားတတ်သည်၊စတင်ရေးဆွဲသည့်အခါမှာတော့ ရီုးဏီးဆိုသည့်ရွှေရောင်မြက်ရဲ့အရည်ကို မှင်အဖြင့်အသုံးပြုကာ ဆွဲရပြီး မှော်အင်းကွက်ပြီးဆုံးသွားသည့်ချိန်မှာတော့ အဝါ၊လိမေ္မာ်၊အနီ၊ရွှေရောင်ဆိုပြီး အဆင့်သတ်မှတ်သွားတတ်သည်။

ဒန်နာရီတို့နေတဲ့အင်ပါယာက အရှေ့ဘက်ရပ်ဝန်းဒေသ၊ မှော်ကျောင်းတော်တည်ရှိရာက အလယ်ပိုင်းဒေသဖြစ်ပြီး အရှေ့၊နောက်၊မြောက်၊တောင် ဆုံရာအလယ်ပိုင်းဖြစ်သည်။

ဒီအပိုင်းက နည်းနည်းထွင်လိုက်ရတာများလို့ တိုသွားတယ်ဗျ ဒါကြောင့် Chapter-6.1လို့ပဲ သတ်မှတ်လိုက်တယ်။
-------------------
Chapter-6.2မျှော်

Continue Reading

You'll Also Like

4.8K 647 5
#ChanBaek Mini Story {written by Oli_va_K_ay&your_syanxing}
1M 121K 178
Description မရေးတော့ဘူနော်။ရေးရင် တင်မရတော့လို့။ IQ team ထံမှ တစ်ဆင့်ပြန်တင်ပြီးဖော်ပြဖို့ ခွင့်ပြုချက်ရပြီးသားပါရှင့်။ဒီစာစဥ်လေးက IQ team အပိုင်ဖြစ်...
161K 16.3K 105
ဒီဘဝမှာ မင်းကိုမချစ်မိအောင် ကိုယ့်ကိုကိုယ် ထိန်းချုပ်တော့မယ် ဒီဘဝမွာ မင္းကိုမခ်စ္မိေအာင္ ကိုယ့္ကိုကိုယ္ ထိန္းခ်ဳပ္ေတာ့မယ္
459K 39.8K 137
အစားထိုးခံ အနေနဲ့ လှည့်စားလက်ထပ်ခံထားရတဲ့ သနားစရာ Shou ။ ချမ်းသာပီးအေးစက်စက်နဲ့ရက်စက်လွန်းသော Gong။ Book 1 ကို mm tran - jjkalix wp acc မှာ 1 - 74သွာ...