"L... Lady..."
Eckartစံအိမ်တော်ကိုEcliseနဲ့ပြန်ရောက်တဲ့အချိန်ကမိုးလင်းလုနီးပါးဖြစ်နေခဲ့ပြီ၊အိမ်ထိန်းနဲ့Emily တို့ကငါတို့ကိုတေွ့တာနဲ့ ချက်ချင်းပြေးလာကြတယ်၊
"Lady Penelope... ဘယ်ကိုများ..."
"ညလယ်ခေါင်ကြီးမှာဘယ်ကိုများသွားနေခဲ့တာပါလဲ..."
Emily ကအိမ်ထိန်းစကားကိုပြီးအောင်မပြောနိုင်ခင် အော်ပြီးမေးလိုက်တယ်၊သူ့တို့ရဲ့အမူအယာတေွကိုကြည့်ပြီး Ecliseကိုလျှို့ဝှက်ပြီးခေါ်လာဖို့မဖြစ်နိုင်တာကို သိလိုက်တယ်၊
"အဖေရောသိသွားတာလား... "
"ဒါပေါ့ အကုန်လုံးရှုပ်ယှက်ခတ်ကုန်ပြီ၊ ကျွန်ကုန်သည်က ညလယ်ကြီးရောက်လာတာကြောင့်သခင်လေးနှစ်ယောက်လုံးက သူရဲကောင်းတေွကိုခေါ်ပြီး သခင်မလေးကိုရှာဖို့ကြိုးစားနေကြတယ်၊"
Emily ရဲ့စကားကြောင့်ငါ့နှဖူးငါပြန်ရိုက်လိုက်တယ်
ကျွန်ရောင်းတဲ့ အဲ့ခေွးကောင်...
နေထွက်တာနဲ့ငေွချေမယ်ဆိုတာကို ငါဘယ်သူဆိုတာကိုသံသယဖြစ်နေတာဘဲ၊
ငါမသေခင် Derrick၊ Rennaldနဲ့အတူသွားခဲ့တာကိုစဥ်းစားမိတယ်...
'ချီး... အဲ့နှစ်ကောင်ကို ငါမခေါ်လာခဲ့သင့်ဘူး၊ Emilyကတစ်စက္ကန့်တောင်အချိန်ဖြုန်းမနေတော့ဘဲ ဂိတ်တံခါးဝဆီရောက်အောင် တွန်းပို့ခဲ့တယ်
"မြန်မြန်အထဲဝင်ပါ သခင်မလေး... မြန်မြန်..."
"Lady... သူကဘယ်သူလဲ..."
အိမ်ထိန်းက ငါ့ရဲ့နောက်ကနေစံအိမ်တော်ထဲကုိအတူပါလာတဲ့ Ecliseကိုပိတ်ရပ်ပြီးမေးလိုက်တယ်၊
"သူကအခုကစပြီး ငါ့ရဲ့ကိုယ်ပိုင်အစောင့်ရေှာက်ဖြစ်လာတော့မှာ၊ သူနားလို့ရအောင် အခန်းတစ်ခန်းပြင်ဆင်ပြီးလိုက်ပြပေးလိုက်၊"
"L... Lady... ဒါက..."
အိမ်ထိန်းကမျက်လုံးပြူ
းသွားပြီး၊ Ecliseကိုခေါင်းအစခြေအဆုံးစစ်ဆေးနေတော့တယ်၊
"အဲ့လိုလုပ်လို့မရပါဘူး... Lady... ကျွန်တော်တို့ခွင့်မပြုနိုင်ဘူး ဒီလူရဲ့အချက်အလက်တေွတောင်မသိဘဲနဲ့..."
"အိမ်တော်ထိန်း... အဲ့နေ့ပြီးသွားတာရက်အနည်းငယ်ဘဲရှိသေးပေမဲ့ ကြည့်ရတာရှင်ကကျမရဲ့စကားတေွကိုအပြောင်အပျက်လိုထပ်ပြီးသဘောထားနေသေးတာဘဲ..."
ငါအရမ်းပင်ပန်းနေတာကြောင့် အထိမခံဖြစ်နေခဲ့တယ်၊ ငါ့ကိုယ်ငါအိပ်ရာပေါ်ကို ချက်ချင်းလွှင့်ပစ်လိုက်ချင်ပေမဲ့ ငါကြိုပြီးဖြေရှင်းရမဲ့အရာတေွကတောင်ပုံရာပုံရှိနေသေးတယ်၊ငါဒီမှာအစေခံတေွနဲ့ငြင်းခုံနေဖို့အချိန်မရှိဘူး၊
"Ecliseအတွက်သက်တော့သက်သာဖြစ်အောင် ကောင်းကောင်းပြင်ဆင်ဖို့မေးနေတာ..."
"နားလည်ပါပြီ... Lady..."
အိမ်ထိန်းက ရေွးချယ်စရာမရှိတော့ဘဲ၊ ဦးညွတ်လိုက်တယ်...ငါမေးနေတာဆိုပြီးကြိမ်းဝါးလိုက်တဲ့နောက်မှာပေါ့... ဒါပေမဲ့ သူ့ကိုချိန်းခြောက်လိုက်ရုံနဲ့ပြီးသွားတာကိုဘဲ ကျေးဇူးတင်ရမယ်၊
ငါဝင်ပေါက်ကိုခြေလှမ်းလှမ်းနေတုန်းမှာဘဲ...
" ဟေ့... မင်း... "
အရေှ့အနောက်ကို ခေါက်တုန့်ခေါက်ပြန်လျေှာက်နေတဲ့ Rennaldကပထမဆုံးသတိပြုမိသွားတယ်၊
Rennaldကအော်လိုက်တဲ့အခါ ထိုင်ခုံမှာထိုင်နေတဲ့ Dukeကရုတ်ချည်းထရပ်လိုက်တယ်၊
"Penelope..."
"အဖေ..."
Dukeရဲ့စူးရှရှအကြည့်တေွကြောင့် စိတ်မပါဘဲခြေလှမ်းအနည်းငယ်လောက်ဆုတ်လိုက်တယ်၊
Duke ကြည့်ရတာ ငါ့ကိုRennaldလိုမျိုး အော်ပစ်လိုက်ချင်တဲ့ပုံဘဲ ဒါပေမဲ့အဲ့အစား သူကဒီတိုင်းထိန်းထားခဲ့တယ်၊
"ငါ့ရဲ့ရုံးခန်းကိုလာခဲ့... ခုချက်ချင်း..."
Dukeထွက်သွားတာကိုကြည့်နေရင်းနဲ့ သက်ပြင်းအကြီးကြီးချမိပြန်တယ်၊
'ဟား... ဒီတစ်ခါ ငါဘယ်လိုတောင်းပန်သင့်လဲ'
ဒါတေွအကုန်လုံးက Ecliseကိုရဖို့အတွက်ဘဲ၊ ငါမကျေမနပ်ဖြစ်နေပြီး Ecliseကိုမျက်နှာချင်းဆိုင်လိုက်တယ်၊ ဒါပေမဲ့ငါ သူ့ရဲ့ခေါင်းပေါ်ကဟာကို ဖတ်လိုက်မိတဲ့အခါ ငါ့ရဲ့မကေျနပ်မှုတေွကချက်ချင်းအရည်ပျော်ကျသွားတော့တယ်၊
[ Interest.18% ]
ငါ့ကိုယ်ငါထိန်းချုပ်ဖို့လိုတယ်၊ သူကငါနဲ့အတူရှိနေတဲ့ ငါ့ရဲ့တစ်ခုတည်းသေးမျေှာ်လင့်ချက်လေးဘဲ၊
အဲ့အချိန်လေးမှာဘဲ Rennaldကငါ့နောက်မှာရှိနေတဲ့Ecliseကိုစစ်ဆေးလိုက်ပြီး ရွံရှာနေတဲ့အသံနဲ့ကြိတ်ပြောလိုက်တယ်၊
"ဒီသူတောင်းစားက ဒီမှာဘာလုပ်နေတာလဲ၊"
"Eclise... အိမ်ထိန်းနောက်ကိုလိုက်သွား..."
ပြသနာဖြစ်မှာကြောက်တာမလို့ ငါအမြန်ဘဲအမိန့်ပေးလိုက်တယ်၊
"ငါ့ခြေထောက်ကို အိမ်ထိန်းနောက်ကိုလိုက်သွား...! ဒါကEckartစံအိမ်တော်ကွ..."
Rennaldရဲ့မျက်နှာကပြောစရာစကားတေွအများကြီးရှိနေတဲ့ပုံဘဲ... ဒါပေမဲ့ သူကဆက်မပြောခဲ့ဘူး၊ ငါချက်ချင်းDukeရဲ့ရုံးခန်းကိုသွားရမှာကြောင့် ဖြစ်နိုင်တယ်၊ Ecliseလည်းအဲ့လိုဘဲ၊
သူ့ရဲ့ပါးစပ်ကိုဖွင့်ထားတယ်၊ ကြည့်ရတာသူတစ်ခုခုပြောချင်နေတဲ့ပုံဘဲ ဒါပေမဲ့မပြောခဲ့ဘူး...
"မြန်မြန်သွား... လိမ္မာစမ်းပါ..."
သူတစ်ခုခုပြောချင်နေတာကို မသိချင်ယောင်ဆောင်လိုက်တယ်၊ အခုငါ့မှာအချိန်မရှိဘူး...
ငါလက်မှာကိုင်ထားတဲ့ မျက်နှာဖုံးကိုEmilyဆီကိုလှမ်းပေးလိုက်တယ်၊ ပြီးတာနဲ့ ထွက်သွားတာနည်းနည်းကြာသွားပြီဖြစ်တဲ့ Dukeရဲ့နောက်ကိုလိုက်သွားလိုက်တယ်၊
ကလစ်ခ်~~(တံခါးဖွင့်သံ)
ငါရုံးခန်းထဲကိုခြေချလိုက်တဲ့အချိန်မှာဘဲ အေးစက်ပြီးစူးရှတဲ့အသံတစ်ခုက ငါ့နားထဲကိုထိုးဖောက်လာခဲ့တယ်၊
"Penelope Eckart..."
"ဟုတ်ကဲ့... အဖေ..."
ငါသူ့ရဲ့ရေှ့မှာ သိမ်သိမ်မေွ့မေွ့လေးရပ်လိုက်တယ်၊ Dukeကသူ့ရဲ့စားပွဲကိုကျောပေးပြီးထိုင်နေခဲ့တယ်
"အစကနေအဆုံးထိ အားလုံးကိုစရှင်းပြ..."
Dukeရဲ့အသံကြီးကလေးနက်ပြီးအေးစက်နေခဲ့တယ်၊ ငါ့သူ့ရဲ့မျက်နှာကိုမမြင်ရဘူး၊ ဒါကြောင့်လည်းဒီအခြေနေကနေအောင်အောင်မြင်မြင်ထွက်သွားနိုင်ဖို့ကို ယုံကြည်ချက်လျော့နည်းနေခဲ့တယ်၊
ဟိုအကိုနှစ်ယောက်ရဲ့ Interestကိုမထိခိုက်သရေွ့တကယ်လို့ ငါသိက္ခာကျသွားရင်တောင်ဂရုမစိုက်ဘူး၊အချိန်အနည်းငယ်ခက်ခက်ခဲခဲ စဥ်းစားပြီးတဲ့နောက်မှာတော့ ငါအရင်ကတည်းကခုထိသုံူလာတဲ့နည်းလမ်းကိုကြိုးစားကြည့်ဖို့ ဆုံးဖြတ်လို်က်တယ်၊
"အဖေ့ကိုမပြောဘဲ အပြင်ထွက်သွားခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်"
"ဒီစကားတေွက ခုတလောမင်းဆီကခဏခဏကြားနေရတာတေွချည်းဘဲ..."
အဲ့တာပထမနဲ့ဒုတိယအကြိမ်ထိ အလုပ်ဖြစ်ခဲ့ပေမဲ့ တတိယအကြိမ်ကျ မရတော့ဘူးလား၊
ငါပြောစရာစကားတေွပျောက်ကုန်ပြီ၊
"မင်းကဒီလိုမျိုးအမြဲတမ်းတောင်းပန်နေပေမဲ့ အဲ့တာကိုပြန်တေွးတဲ့ပုံမပေါ်ဘူး...
မင်းဘယ်လိုထင်လဲ... "
"အဲ့ဒါက... "
ငါ့ရဲ့အောက်နှုတ်ခမ်းကိုဖိကိုက်ပြီး Duke အမြဲတမ်းPenelopeဆီကကြားချင်နေတဲ့စကားတေွကိုပြောလိုက်တယ်၊
"ကျမကျိန်ဆိုပါတယ်... မိသားစုရဲ့ဂုဏ်သိက္ခာညှိုးနွမ်းစေမဲ့ဘယ်အရာကိုမှ ကျမလုပ်ခဲ့ပါဘူး... "
"ငါတစ်ညလုံးစောင့်နေတာ မင်းပြောတဲ့ဒီလိုစကားတေွကိုကြားရဖို့မဟုတ်ဘူး..."
ဒုန်း(ထုရိုက်*)
ငါ့ရဲ့စကားဆုံးသွားတာနဲ့ ပထမဆုံးအကြိမ် Dukeကစားပွဲကိုရိုက်ချလိုက်တယ်၊
"ဟင့်... "
ငါလေထဲကနေဖျတ်ခနဲကြည့်လိုက်တယ်၊
ူသူကအမြဲတမ်းPenelopeအပေါ်မယဥ်ကျေးခဲ့ဘူး၊ ဒါကြောင့် Dukeဒီလိုဒေါသထွက်တာကိုပထမဆုံးအကြိမ်မြင်ရခြင်းဘဲ၊ ငါဒီလိုမမျေှာ်လင့်ထားတဲ့ တုန့်ပြန်မှုကြောင့် ကြောက်လန့်လာခဲ့တယ်၊
'ငါဘာလုပ်ရမလဲ... "
ငါ့ရဲ့စိတ်တေွဗလာဖြစ်သွားခဲ့တယ်၊
ဒီတစ်ခါတောင်းပန်တာက အဆင်မပြေဖြစ်မယ်လို့မျေှာ်လင့်ထားပြီးသား....
THE END. 💚
P.s/zawgyiကဘယ်လိုပြောင်းရမလဲမသိသေးလို့လောလောဆယ်unicodeဘဲတင်ထားပါတယ်၊တကယ်လို့များသိတဲ့သူရှိရင်လည်းလမ်းညွှန်ပေးခဲ့လို့ရပါတယ်.🙂