(Book-2)အမြင့်မြတ်ဆုံး ကောင်း...

By Xiao_Yiii

714K 153K 8.6K

ပါရမီရှင်အဖြစ်မွေးဖွားလာသူ လင်ရွှမ်းဇီသည် သူ့အတိတ်ဘဝမှာ ကမ္ဘာကြီးကို မလွှမ်းမိုးခဲ့သော်လည်း ယန်ထျန်းဟန်အပေါ် သစ္စာ... More

Chapter(199) - ညီငယ်လေးကိုငြင်းပယ်ခြင်း
Chapter(200) - ညီမျှတဲ့လဲလှယ်မှု
Chapter(201) - အရူးဟွမ်ဖူ
Chapter(202) - ကူညီလက်ကမ်းပေးခြင်း
Chapter(203) - မက်မွန်ပန်းလေး
Chapter(204) - ပြောဖို့ခက်တယ်
Chapter(205) - တော်တော်လေးမသင့်တော်ဘူး
Chapter(206) -ငါတကယ်မလုပ်ဘူး
Chapter(207) - ယွန်ဝေရဲ့ပြန်တိုက်ခိုက်မှု
Chapter(208) - မြေခွေးပေါက်လေး
Chapter(209) - ငါ့မှာအာကာသအဆင့်ဆေးလုံးရှိတယ်
Chapter(210) - စကားလုံးတိုင်းကနှလုံးသားကို ထိုးစိုက်သွားတယ်
Chapter(211) - The Reason Within
Chapter(212) - ဆေးလုံးကန့်သတ်လျို့ဝှက်ဆန်းကြယ်မြေ
Chapter(213) - သခင်မလေးရှန်
Chapter(214) - လျို့ဝှက်မြေသို့ဝင်ပေါက်
Chapter(215) - အရာအားလုံးပြန်ပေးမယ်
Chapter(216) - မိုးရေထဲမှာလမ်းခွဲ
Chapter(217) - Chaotic Sky ခေါင်းလောင်းထွက်ပေါ်လာပြီ
Chapter(218) - ဖန့်ဖေးနှင့်လင်းဟွား
Chapter(219) - အကျိုးကျေးဇူးတစ်ချို့ရရှိလိမ့်မယ်။
Chapter(220) - သူဆန္ဒမရှိဘူး
Chapter(221) - ကြေးမုံထဲကအသွင်အပြင်
Chapter(222) - ယန္တရားအသက်ဝင်လာပြီ
Chapter(223) - ပိတ်မိခြင်း
Chapter(224) - အခင်းအကျင်းအားသွေးနဲ့ယဇ်ပူဇော်ခြင်း
Chapter(225) - ချီအာ့ရဲ့လက်စားခြေမှု
Chapter(226) - ဓားကိုပေးဆပ်ခြင်း၏ကျေးဇူးတော်
Chapter(227) - အသေးစားအသွင်ပြောင်းအရိုးနဂါး
Chapter(228) - ဒီလိုလူမှုရေးလှေကားကိုတော့ မတတ်နိုင်ဘူး
Chapter(229) - လူတိုင်းသူတို့ရဲ့ကိုယ်ပိုင် စွမ်းရည်ပေါ်မှာမှီခိုသည်
Chapter(230) - လျို့ဝှက်မြေရဲ့အရှင်သခင်
Chapter(231) - ယွီယန်ရဲ့သဘောထား
Chapter(232) - နှစ်ကိုယ်တွဲကျင့်ကြံခြင်းနည်းလမ်း
Chapter(233) - အာကာသအဆင့်ဆေးလုံး
Chapter(234) - ရှန်မိသားစုရဲ့ဝိုင်းရံထားမှု
Chapter(235) - အနောက်ဘက်ဖီးနစ်ဧကရာဇ်
Chapter(236) - ဖီးနစ်ရဲ့ပြင်းထန်သောကျိန်ဆိုမှု
Chapter(237) - လိမ္မာပါးနပ်ပြီးစကားပြောကျွမ်းကျင်တယ်
Chapter(238) - ဒီငှက်,အဲ့ဒီငှက်
Chapter(239) - ကျောထောက်နောက်ခံအားလုံးလာကြပြီ
Chapter(240) - အောင်မြင်စွာအန္တာရယ်ထဲမှထွက်လာပြီ
Chapter(241) - အထီးကျန်ကြယ်
Chapter(242) - အမှားအယွင်း
Chapter(243) - Even More Exposed
Chapter(244) - နက်ရှိုင်းကောင်းကင်ရဲ့ဖိတ်ကြားလွှာ
Chapter(245) - လင်မိသားစုသို့အပြန်
Chapter(246) - ကလေးတွေကိုလမ်းလွဲအောင်ဦးဆောင်ပြနေတယ်
Chapter(247) - မိခင်နဲ့သားကြားကကွဲလွဲမှု
Chapter(248) - သေတာတောင်နောင်တမရဘူး
Chapter(249) - အိမ်ရှေ့စံရာထူးအတွက်ရုန်းကန်ခြင်း
Chapter(250) - အားဟန်ရဲ့နောက်ခံ
Chapter(251) - Escape Through the Night
Chapter(252) - နှစ်ယောက်တည်းစကားပြောမယ်
Chapter(253) - နေရာလေးခု
Chapter(254) - ယွမ်ပေါင်ရဲ့အကူအညီတောင်းခံမှု
Chapter(255) - အချိန်မီကယ်ဆယ်
Chapter(256) - ယွမ်မိသားစုရဲ့ရောက်ရှိလာမှု
Chapter(257) - ချစ်သူများရဲ့ပြန်လည်စုံစည်းမှု
Chapter(258) - ယွမ်မိသားစုရဲ့အတွင်းရေး
Chapter(259) - ဟန်မိသားစုရဲ့ခက်ခဲသောအခြေအနေ
Chapter(260) - အားကောင်းတဲ့နောက်ခံ
Chapter(261) - တစ်ခြား 'အမေ'
Chapter(262) - လင်မိသားစုရဲ့သခင်လေး
Chapter(263) - သခင်လေးဟုခေါ်သည်။
Chapter(264) - တောင်သခင်လေးကျန်း
Chapter(265) - ထင်ယောင်မှားအခင်းအကျင်းသခင်
Chapter(266) - နက်ရှိင်းကောင်းကင်ရဲ့ဓားလေးဖော်
Chapter(267) - နတ်ဘုရားကိုသတ်ခြင်းနှင့်ကောင်းကင်ဘုံကိုတိုက်ခိုက်ခြင်း
Chapter(268) - အားဟန်ရဲ့ကံကြမ္မာ
Chapter(269) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(270) - ပထမဆုံးတွေ့ဆုံခြင်းလက်ဆောင်
Chapter(271) - တောင်စည်းကမ်းများကိုကူးရေးခြင်းဖြင့်အပြစ်ပေးခြင်း
Chapter(272) - မွေးဇာတာတွင်ကြီးမားစွာပြောင်းလဲခြင်း
Chapter(273) - ကံကြမ္မာပြောင်းလဲခြင်းကံတရား
Chapter(274) - ပေ့ရှီနဲ့လျှန်လျှန်
Chapter(275) - ဆရာလက်ဆောင်ပေးတဲ့ဓား
Chapter(276) - ရင်သပ်ရှုမောဖွယ်ဓားသိုင်း
Chapter(277) - ကျင့်ကြံခြင်းမြေပြင်
Chapter(278) - အခွင့်အရေးအားခြေချော်ရသွားခြင်းအကြောင်းအရင်း
Chapter(279) - မဟာအကြီးအကဲဟွိုင်ယွီ
Chapter(280) - မရေမတွက်နိုင်သောဝိညာဉ်ပင်များ
Chapter(281) - တစ်ခြားတောင်ထွတ်
Chapter(282) - ဥခိုးမှုကျရှုံးခြင်း
Chapter(283) - အမြင်ကျဉ်းမြောင်းတယ်
Chapter(284) - အားကောင်းတဲ့ကျင့်ကြံမှု
Chapter(285) - ပုံရိပ်ယောင်အခင်းအကျင်းနှစ်ဆ
Chapter(286) -《Profound Book of Poisons》
Chapter(287) - ဟွိုင်ယွီကသွားရောက်လည်ပတ်ခြင်း
Chapter(288) - သူ့ကိုအသိအမှတ်ပြုမှာမဟုတ်ဘူး
Chapter(289) - ခြင်္သေ့၏ဝေစုကိုတောင်းခံသည်
Chapter(290) - ဟွိုင်ယွီ၏အကဲဖြတ်မှု
Chapter(291) - ဆရာဦးလေးကို အပြစ်ပြုမိထားလို့များလား?
Chapter(292) - လင်မိသားစုရဲ့စည်းမျဉ်းအသစ်
Chapter(293) - အားကုရဲ့ ငိုကြွေးမှု
Chapter(294) - လင်ကျန်၏ ကိုယ်ပိုင် ပိုင်ဆိုင်မှု
Chapter(295) - ချင်းကျူရဲ့အတိတ်
Chapter(297) - စက်ဆုတ်ဖွယ်ဇာတ်ကောင်
Chapter(298) - ချင်းကျူရဲ့ စိတ်ခံစားချက် ပေါက်ကွဲမှု
Chapter(299) - တိမ်ထွတ်ဖျား
Chapter(300) - အမြစ်ကနေဖယ်ရှား
Chapter(301) - ချီယွင်ရဲ့ တောင်းဆိုချက်များ
Chapter(302) - သဘောတူညီမှုရပြီ
Chapter(303) - ကျောင်းမိသားစုရဲ့ ရှင်းပြမှု
Chapter(304) - ထူးချွန်တဲ့တပည့်
Chapter(305) - သီးသန့်မိသားစုမှတပည့်များ
Chapter(306) - ဆက်ဆံရေးအချို့
Chapter(307) - လက်ထဲကဓားနဲ့ တောင်ကိုစိန်ခေါ်ခြင်း
Chapter(308) - တစ်သီးတစ်သန့်မိသားစုများ
Chapter(309) - အရှက်မဲ့လွန်းတယ်
Chapter(310) - လန်ယွဲ့အား လေးစားမှုပြ၍ ဂါရဝပြုခြင်း
Chapter(311) - နီစွေးရောင်သတ်ဖြတ်ခြင်းအမိန့်
Chapter(312) - တိုက်ကြီးငါးတိုက်၏အကျပ်ရိုက်မှု
Chapter(313) - လူဆိုးများ အတူတကွ ပူးပေါင်းကြံစည်ခြင်း။
Chapter(314) - 《စိမ်းပြာရောင်ကြာပန်းပုံစံကိုးမျိုး》
Chapter(315) - ကောင်းကင်နှင့်မြေကြီး၏ကွဲလွဲမှု
Chapter(316) - ဆေးလုံးမီးဖိုသန့်စင်ခြင်း
Chapter(317) - ဆေးလုံးမီးဖို ဖြစ်တည်ခြင်း
Chapter(318) - ကောင်းကင်ဘုံရဲ့ ရွေးချယ်ခံရသော သားတော်
Chapter(319) - ရတနာကိရိယာဆေးလုံးမီးဖို
Chapter(320) - ကြာပင်လယ်တံလျှပ်
Chapter(321) - ကောင်းကောင်းလေး ဆဲပေးလိုက်တယ်
Chapter(322) - အပြန်အလှန် မယုံကြည်မှု
Chapter(323) - ကိုယ်တိုင်သွားရောက်လည်ပတ်ခြင်း
Chapter(324) - သွမ့်မိသားစုက သခင်ပြောင်းသွားပြီ
Chapter(325) - မိသားစုခေါင်းဆောင်အဖြစ် ထိုက်တန်စွာ ရာထူးတက်သွားခြင်း
Chapter(326) - ချီယွင်ရဲ့သတင်း
Chapter(327) - ချင်းကျူရဲ့ အတိတ်
Chapter(328) - အရမ်းရက်စက်တယ်
Chapter(329) - ဆိုင်ရှင်များကို အနိုင်ယူပါ။
Chapter(330) - မောက်မောက်အား အသုံးချခြင်း
Chapter(331) - ဒေါသထွက်လွန်းလို့ သွေးအန်တော့မယ်
Chapter(332) - ငါ့အမှားပါ, ငါ့အမှား
Chapter(333) - ဆေးလုံးသန့်စင်ခြင်း
Chapter(334) - ဆုတောင်းပြည့်လမ်းသွယ်၏သခင်
Chapter(335) - မျက်နှာသာမပေးဘူး
Chapter(336) - လျှပ်စီးကို ဆွဲဆောင်သည့် မှော်ကိရိယာ
Chapter(337) - အားဟန်ရဲ့ ဆေးလုံးလက်ဆောင်
Chapter(338) - ဂျူနီယာညီငယ်လေး ကျင်းလော့
Chapter(339) - Falling Out
Chapter(340) - မြက်စားပိုးကောင်
Chapter(341) - လူသတ်သမားများ ငှားယမ်းခြင်း
Chapter(342) - ညမိုးချုပ် သတ်ဖြတ်ခြင်း
Chapter(343) - ကုပိုးသခင် ကျွော်ယဲ့
Chapter(344) - အလောင်းရုပ်သေး၏ ဝိညာဉ်
Chapter(345) - သေးငယ်သောအမြတ်အစွန်းတစ်ခု ပြုလုပ်ခြင်း
Chapter(346) - မျက်နှာသာ မပေးဘူး
Chapter(347) - လျှို့ဝှက်ခန်းထဲက သီးသန့်စကားပြောမှု
Chapter(348) - ချင်းယွင် တံခါးပိတ် တရားကျင့်မှုသို့ ဝင်ရောက်ပြီ
Chapter(349) - အားကုကို ရှာဖွေခြင်း
Chapter(350) - 《မြောက်အောက်ကမ္ဘာက ငရဲကြီး ဆယ့်ရှစ်ထပ်》
Chapter(351) - စိတ်ထဲက သံသယများ
Chapter(352) - အေျမာက္အမ်ားဝယ္ယူ
Chapter(353) - အကျပ်အတည်းကို ဖြေရှင်းခြင်း
Chapter(354) - ဟွိုင်ယွီနိုးလာပြီ
Chapter(355) - စာဝိညာဉ်အပိုင်းလေး
Chapter(356) - အအထောက်အထား အစစ်အမှန်ပေါ်ပြီထောက်အထား အစစ်အမှန်ပေါ်ပြီ
Chapter(357) - ရှင်းလင်းချက်တစ်ခုတောင်းဆိုသည်။
Chapter(358) - စေ့စပ်ပွဲ ဖျတ်သိမ်းခြင်း
Chapter(359/360) - အတူတူသွားဖို့​တောင်းဆိုခြင်း
Chapter(361) - တစ်ယောက်သွားရင် တစ်ယောက်က နောက်ကလိုက်မယ်
Chapter(362) - အိမ်တံခါးဝဆီ သွားရောက်ခြင်း
Chapter(363) - မှော်ရတနာကို ရှာဖွေခြင်း။
Chapter(364) - မကောင်းတာလုပ်ဖို့ ပူးပေါင်းခြင်း
Chapter(365) - သူ့ရဲ့ ကိုယ်လုပ်တော်အဖြစ်
Paid Group
Chapter(366) - မက်မွန်သီးလက်ဆောင်
Chapter(367) - ကြည့်ဖို့တောင် ကြောက်စရာကောင်းလွန်းတယ်
Chapter(368) - မျိုးစိတ်အသစ်
Chapter(369) - လျှပ်စီးကို ဆွဲဆောင်နိုင်တဲ့ မှော်ရတနာ
Chapter(370) - ဇီဂဲက နေရာမှန်ကို ပြန်ရောက်လာပြီ
Chapter(371) - သဲလွန်စ မကျန်အောင် ပျောက်ကွယ်သွားသည်
Chapter(372) - အနောက်ဘက် တိုက်မကြီးကိုရောက်ပြီ
Chapter(373) - လျှိုမိသားစုကလူ
Chapter(374) - လျှိုမိသားစု၏ တောင်ပေါ်ဗီလာ
Chapter(375) - ဒေါသထွက်လွန်းလို့ သေလုနီးပါးပဲ
Chapter(376) - ညီအစ်ကိုတွေ လွတ်လွတ်လပ်လပ် စကားပြောကြသည်။
Chapter(377) - ချီမြို့သို့ ရောက်ရှိခြင်း
Chapter(378) - ကြီးမြတ်တဲ့ နတ်ဆိုး-စည်းတံဆိပ် အခင်းအကျင်း
Chapter(379) - ဝိညာဉ်ချီ စုဆောင်းတဲ့ မှော်ရတနာ
Chapter(380) - အားကျူ၏သတိပေးမှု
Chapter(381) - နတ်ဆိုးသားရဲ အင်္သေချေ တောအုပ်ထဲက ပြောင်းလဲမှု
Chapter(382) - အမတ မသေမျိုး လမ်းစဉ် ရှာဖွေခြင်းမြက် အမြူတေ
Chapter(383) - ယွမ်မိသားစုရဲ့ အရိပ်သက်တော်စောင့်များ
Chapter(384) - အမြီးကိုးချောင်းမြေခွေး
Chapter(385) - အမြီးကိုးချောင်းမြေခွေးရဲ့ ကတိကဝတ်
Chapter(386) - ဖြေဆေးသန့်စင်ခြင်း
Chapter(387) - ဖုံးကွယ်ထားသော ကောင်းချီးတစ်ခု
Chapter(388) - အချိန်မှီကယ်ဆယ်
Chapter(389) - မြောက်မြားလှသည့် မစ်ရှင်များ
Chapter(390) - အကြီးအကျယ် ရန်ဖြစ်ကြခြင်း
Chapter(391) - တိုက်ကြီးငါးတိုက်ရဲ့ စည်းတံဆိပ်
Chapter(392) - အနောက်ဘက်စွန်း
Chapter(393) - အတိတ်ဘဝဆက်ဆံရေး
Chapter(394) - ကန်တစ်ခုလုံး အေးခဲပစ်ခြင်း
Chapter(395) - သဟဇာတဖြစ်လှသည့် အဖွဲ့လိုက်တိုက်ပွဲ
Chapter(396) - ချောက်ကမ်းပါးစွန်း၏ တစ်ဘက်
Chapter(397) - ချောက်ကမ်းပါးအောက်မှာ ပိတ်မိခြင်း
Let's go to book (3)

Chapter(296) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်

3.3K 773 23
By Xiao_Yiii

Unicode

အခန်း(၂၉၆) - ဆေးဘက်ဝင် ဝိညာဉ်ပင် အရောင်းဆိုင်

ယန်ထျန်းဟန်က တံခါးဝကို ခြေချတာနဲ့ အော်တော့သည်။

"အားကု, ငါရေသောက်ချင်တယ်!"

အိမ်စောင့်နေတဲ့ လင်းချီကုက ရေတစ်ခွက်ယူလာပြီး ယန်ထျန်းဟန်ကို ပေးလေသည်။ အခုဆိုရင် သူယန်ထျန်းဟန်ရဲ့ စကားများအား အခက်အခဲမရှိ ရှင်းရှင်း လင်းလင်း နားလည် နိုင်နေပြီဖြစ်သည်။

ယန်ထျန်းဟန်က တစ်ငုံ သောက်လိုက်ပြီးနောက် နှာမှုတ်ပြီး ထွေးထုတ်သည်။

"အားကု, ငါရေနွေးလိုချင်တာ"

လင်းချီကုက ခဏလောက် စဉ်းစားနေကာ ရေနွေးဘယ်လိုမျိုးရအောင်လုပ်ရမလဲ နားမလည်နိုင်ပုံပေါ်နေသည်။

ရေက ဒီအတိုင်း ရေပဲ မဟုတ်ဘူးလား?

"ဒီငတုံးကြီးကို အနိုင်မကျင့်နဲ့" ဖုန်ကျင်းယွီက နှာခေါင်းရှုံ့၍ ပျံသန်းလာသည်။

"သူက အခု အလောင်း ရုပ်သေးရုပ်ဖြစ်နေတာ, သူ့မှာ အာရုံငါးပါး မရှိသလို ထိတွေ့မှု အာရုံလည်း မရှိဘူး, အကယ်၍ ငါသူ့ကို မီးရှို့လိုက်ရင်တောင် ပြာသာဖြစ်သွားမယ် သူဘာမှ ခံစားရမှာ မဟုတ်ဘူး"

ဒါ့အပြင် အလောင်းရုပ်သေးရုပ်များအား ဆိုးဝါးပြီး ဘေးဥပါဒ် ဖြစ်စေသည် နည်းစနစ်ဟု ခေါ်ရသည့် အကြောင်းအရင်းမှာ တစ်စုံတစ်ယောက်က ဘယ်လိုပဲ သူတို့ကို မီးတွေ ထက်ရှတဲ့ လက်နက်တွေနဲ့ တိုက်ခိုက်နေပါစေ လက်မောင်းတွေ ခုတ်ဖြတ်ခံရတာတို့၊ ခြေထောက်တွေ ကျိုးသွားတာတို့၊ လည်ပင်းကျိုးသွားတာတို့ ဖြစ်ရင်တောင် ဘာမှ မခံစားရတာကြောင့်ပင်။ သူတို့က သူတို့သခင်ရဲ့ အမိန့်ကို နာခံပြီး အရူးအမူး ဆက်လက် တိုက်ပွဲဝင်ကြလိမ့်မည်။ သို့သော်လည်း ဒီလို လူသတ်စက်မျိုးက ယန်ထျန်းဟန် လိုချင်တဲ့ အရာမဟုတ်ပေ။

"အာ" ယန်ထျန်းဟန်က အတော်လေး စိတ်ဓာတ်ကျသွားမိသည်။

"အားကုရဲ့ ဘဝတစ်လျှောက်လုံး ဒီလိုပဲ ဖြစ်သွားတော့မယ်လို့တော့ မပြောနဲ့နော်?"

ဖုန်ကျင်းယွီက အေးစက်စက် တုန့်ပြန်သည်။

"လင်းချီကုရဲ့ ဘဝတစ်ခုလုံးက အဲ့ဒီမင်းသားအတွက် စိတ်အားထက်သန်စွာနဲ့ သေဆုံးပေးပြီးကတည်းက အဆုံးသတ် သွားခဲ့ပြီ, သူကအခု ဒီအတိုင်း အသေကောင် မဟုတ်တာပဲ ရှိတယ်၊ သေတာလည်း မဟုတ်သလို အသက်ရှင်နေတာလည်း မဟုတ်ဘူး, ဒီလိုမျိုး ထာဝရ နေသွားရတော့ရော ဘာများ ဆိုးဝါးနေလို့လဲ?"

ယန်ထျန်းဟန်က ချက်ချင်းပင် သူ့ပါးစပ်လေးကို ဖိကပ်လိုက်ပြီး ဖုန်ကျင်းယွီအား စိုက်ကြည့်သည်။

"ငါ့မိသားစုရဲ့ အားကုလေး သေဆုံးခြင်းက အဓိပ္ပါယ်ရှိတယ်; သူ့အကြောင်းဘာလို့ လာပြောနေတာလဲ?"

ဖုန်ကျင်းယွီကတော့ အတော်လေးကို အာရုံစိုက်ဖို့ မထိုက်တန်ဘူးဟု ထင်မိသည်။

"အဲ့ဒါကို မိုက်မိုက်မဲမဲ သစ္စာရှိတယ်လို့ ခေါ်တယ်, ငါ, ဖုန်ကျင်းယွီ, အမုန်းတီးဆုံးက ကိုယ့်ရဲ့ စဉ်းစားမှု ပုံစံကို မပြောင်းလဲပဲ ဘဝတစ်လျှောက်လုံးမှာ ကိုယ့်အတွက်ကိုယ် ရှင်သန်နေထိုင်ခြင်း မပြုတဲ့ သူလို အရူးမျိုးကိုပဲ, ငါသူ့ကို လေးစားတယ် ဆိုပေမယ့်လည်း တစ်ချိန်တည်းမှာ အထင်လည်း သေးမိတယ်, အဲ့ဒီကာလတွေမှာ အဲ့ဒီ တတိယမင်းသားလို့ခေါ်တဲ့ အားနည်းပြီး အရည်အချင်းမရှိတဲ့ ခွေးကောင်က လင်းချီကုရဲ့ အရူးအမူး သစ္စာရှိမှုအပေါ်မှာ အသုံးချနေတယ်ဆိုတာကို နယ်မြေကြီး ကိုးခုမှာရှိတဲ့ ဘယ်တော်ဝင်မိသားစုက မသိခဲ့လို့လဲ? ဒါပေမဲ့ ဒီငတုံးကောင်ကတော့ အကြံပေးတာတွေကို နားမထောင်ပဲ ရလဒ်ကတော့ သူ့မိသားစုတစ်ခုလုံး ပျက်စီးသွားတာပဲလေ, အဲ့ဒါကို အပြစ်မတင်ရဘူးလားပြော?"

ယန်ထျန်းဟန်က ပြန်လည်ချေပ ချင်သော်လည်း လင်ရွှမ်းဇီက ဆွဲခေါ်လိုက်သည်။

လင်ရွှမ်းဇီက ဖုန်ကျင်းယွီအား စူးစူးရဲရဲ စိုက်ကြည့်၏။

"အဲ့ဒီစကားတွေထဲမှာ အမှန်တရားတစ်ချို့ ရှိနေတယ် ဆိုရင်တောင် လင်းချီကု ရှေ့မှာတော့ အဲ့ဒီစကားတွေ ပြောခွင့်မရှိဘူး"

ထို့နောက် လင်ရွှမ်းဇီက အဝေးကို ကြည့်လိုက်ပြီး ယန်ထျန်းဟန်နဲ့ ဖုန်ကျင်းယွီတို့က သူ့အကြည့်နောက် လိုက်ကြည့်လိုက်သောအခါ လင်းချီကုရဲ့ မျက်လုံးထဲကနေ တကယ်ပဲ သွေးမျက်ရည် စီးကြောင်းနှစ်ခု ကျဆင်းလာသည်ကို မြင်လိုက်ကြရသည်။

သူ့ခန္တာကိုယ်က အနည်းငယ် တုန်ယင်နေပြီး သူ့ရဲ့ခရမ်းရောင် နှုတ်ခမ်းပါးကတော့ ညင်သာစွာ ဖိကပ်ထားကာ ဝမ်းနည်းကြေကွဲမှုကို တိတ်တဆိတ် သည်းခံနေသလိုပင်။

ဖုန်ကျင်းယွီက အံ့အားသင့်သွားပြီး အတော်လေး အံအားသင့်မှု တစ်ချို့နဲ့ပြောလာသည်။

"ဒီလောက် မဆိုးဝါးသင့်ဘူးလားလို့? ငါက အဲ့ဒီ တတိယမင်းသားဆိုတဲ့ အကောင် အကြောင်းကို ပြောလိုက်တာနဲ့ သူက ဒီလောက် အကြီးအကျယ် တုန့်ပြန်လာတယ်ပေါ့လေ? အခုတော့ အဲ့ဒီ တတိယမင်းသားက ဘယ်လောက်တောင် မြင့်မြတ်တဲ့ နတ်ဘုရားမျိုးလဲဆိုတာကို ငါတကယ်ပဲ မြင်ချင်လာပြီ"

ယန်ထျန်းဟန်က လင်းချီကုနဲ့ စာချုပ် ချုပ်ထားတာကြောင့် အနည်းနဲ့အများတော့ လင်းချီကုရဲ့ ခံစားချက်တွေကို ခံစားလို့ရနေသည်။ သူက မျက်မှောင်ကျုံ့လိုက်ပြီး သူ့မျက်လုံးထဲမှာ ဝမ်းနည်းမှုတစ်ချို့ ပေါ်လာ၏။

"အားကု, မငိုပါနဲ့" ယန်ထျန်းဟန်က အနားကို လျှောက်သွားပြီး လင်းချီကုရဲ့ သွေးမျက်ရည်အား သူ့လက်ကိုင်ပဝါလေးနဲ့ သုတ်ပေးလိုက်သည်။ သူကစိတ်မကောင်းဖြစ်စွာနဲ့ ဆက်ပြောလေသည်။

"မင်းက သေဆုံးသွားပြီ ဆိုပေမယ့်လည်း ဆက်ပြီး အတူတူ ကျင့်ကြံကြမယ်လေ, အနှေးနဲ့အမြန် မင်းက အသက်ရှင်သန်နေတဲ့ လူတစ်ယောက်လို ဖြစ်လာမှာပါ အဲ့ဒါဆို ခြားနားမှု မရှိတော့ဘူး"

ဖုန်ကျင်းယွီက လင်ရွှမ်းဇီရဲ့ ပုခုံးပေါ် နားလိုက်သည်။

"သူက သေချာပေါက် ငိုနေတာမဟုတ်ဘူး ; သူကသေသွားပြီ"

လင်ရွှမ်းဇီက မေးသည်။

"သူဘာလို့ ငိုတာလဲ မင်းသိလား?"

ဖုန်ကျင်းယွိက နှာခေါင်းရှုံ့သည်။

"သူက ငါ တတိယမင်းသား အကြောင်းပြောတာနဲ့ အဲ့ဒီလို ဖြစ်သွားတာလေ, သူနဲ့ အဲ့ဒီ အာဏာကနေ ပြုတ်ကျသွားတဲ့ တတိယမင်းသားရဲ့ ခွေးသွေးအကြောင်းကို ဘယ်သူက မသိလို့လဲ?"

လင်းချီကုက စက်တစ်ခုလို သူ့ခေါင်းကို ဖြည်းညှင်းစွာဖြင့် မြင့်လာပြီး သူ့ရဲ့ အနက်ရောင် မျက်လုံးတစ်စုံကတော့ ဖုန်ကျင်းယွိအပေါ်မှာ တည်ရှိနေသည်။

လင်းချီကုရဲ့ အကြည့်က အမြဲတမ်း သေခြင်း အရှိန်အဝါများ သယ်ဆောင်ထားသည်။ သူ့ကို တစ်ချက်ကြည့်တာနဲ့တင် သူက အသက်ရှင်နေတဲ့သူ မဟုတ်ကြောင်း သိနိုင်သည်။ ထို့ကြောင့်လည်း ယန်ထျန်းဟန်က သူ့အကြည့်အား 'သေခြင်းတရားအကြည့်' ဟု နာမည်ပြောင်ပေးထားခြင်းပင်။

ဖုန်ကျင်းယွီသည် ယခင်တုန်းက လင်းချီကုရဲ့ မျက်လုံးများကို မကြည့်ဘူးသော်လည်း အခုတော့ လင်းချီကုရဲ့ အနက်ရောင်မျက်လုံးတစ်စုံအား ဂရုမစိုက်တဲ့ အပြုံးတစ်ခုနဲ့ ပြန်စိုက်ကြည့်လိုက်ပြီး လှောင်ပြောင်မှု တစ်ချို့နဲ့ ပြောလာသည်။

"ကတ္တီပါနီကြိုးချည် နှင်းဝတ်ရုံလူငယ်က တတိယမင်းသားရဲ့ အိပ်ယာ နွေးထွေးသူဆိုတာကို နယ်မြေကြီးကိုးခုမှာ ဘယ်သူက မသိလို့လဲ? သူတို့တွေက ကလေးဘဝကတည်းက တစ်ယောက်နဲ့ တစ်ယောက် သိခဲ့ကြပြီး တစ်ယောက်နဲ့ တစ်ယောက် ချစ်ခင် ရင်းနှီးကြတယ်; အဲ့ဒီလူက သူ့စိတ်ဝိညာဉ်ထဲမှာတောင် ထွင်းထားပြီးနေပြီ, အခုလောလောဆယ်မှာ သူနဲ့ သူ့ချစ်သူက အခြေအနေတွေကြောင့် ဝေးကွာနေကြရတာ, သူ့ဝိညာဉ်က အဝေးကို လွင့်ပါးသွားပြီ ဆိုပေမယ့်လည်း သူ့ခန္တာကိုယ်ပေါ်မှာတော့ အတိတ်က ကျန်ခဲ့တဲ့ အမှတ်တရတွေ ရှိနေသေးတာပဲလေ, တတိယ မင်းသားအကြောင်းကို နောက်တစ်ခေါက် ပြန်ပြောတာ ကြားတော့ မခံမရပ်နိုင်တဲ့ ဝမ်းနည်းကြေကွဲခြင်းကို ခံစားရတာက သဘာဝပါပဲ"

ထိုနေရာအရောက်မှာ ဖုန်ကျင်းယွီက မနေနိုင်စွာဖြင့် သက်ပြင်းချမိသည်။ လင်းချီကုက အရမ်းသနားစရာ ကောင်းတယ်လို့ သူခံစားရသည်လေ။ တတိယမင်းသားအပေါ် နက်နက်ရှိုင်းရှိုင်း ချစ်ခဲ့တဲ့ ချစ်ခြင်းတရားကြောင့်သာ မဟုတ်ဘူးဆိုရင် အခုချိန်မှာ သူသေချာပေါက် သူ့ရဲ့ မြောက်ပိုင်းနယ်စပ်မှာ လုံခြုံစိတ်ချစွာ နေနိုင်လိမ့်မည်။

သူ့အနေနဲ့ မြောက်ပိုင်းစွန်း ပင်လယ်တွေနဲ့ တောတောင်တွေကို စောင့်ရှောက်ပေးပြီး တစ်ခြားတိုင်းပြည်တွေက နတ်ဆိုးနယ်မြေတွေရဲ့ ကျူးကျော်ခြင်းကိုလည်း ကာကွယ်ပေးရင်းနဲ့ စစ်သူကြီးလင်းဆိုတဲ့သူ အဖြစ် ဆက်ပြီး နေနိုင်ခဲ့မှာ၊ သူ့က ချင်းယွမ်မင်းဆက်က လူတွေရဲ့ စိတ်နှလုံးသားထဲမှာ နှိုင်းယှဉ်မရနိုင်တဲ့ စစ်နတ်ဘုရားတစ်ပါးအဖြစ်လည်း ဆက်ပြီး ရှိနေနိုင်လိမ့်မယ်။

စစ်မြေပြင်မှာ တိုက်ပွဲဝင်တဲ့ သူတွေဟာ နိုင်ငံရေးတိုက်ပွဲတွေမှာ ပါဝင်ဖို့မသင့်တော်ဘူး။

ဒါပေမဲ့ ကံမကောင်စွာနဲ့ လင်းချီကုက တတိယမင်းသားအတွက်နဲ့ ဦးဆောင်မှု လုပ်ခဲ့ရတယ်လေ။

သူက လင်းမိသားစုရဲ့ တရားဝင် အမွေဆက်ခံသူ ဖြစ်တာကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်တိုင်းက လင်းမိသားစုအပေါ် ခန့်မှန်းလို့မရအောင် အကျိုးသက်ရောက်မှု ရှိသွားမှာပဲ ဖြစ်သည်။

"အဆုံးသတ်လိုက်တော့ လင်းချီကုက စိတ်ခံစားချက်ကို အရမ်းတန်ဖိုးထားတဲ့ သူတစ်ယောက်ဖြစ်ခဲ့တယ်" ဖုန်ကျင်းယွိက သက်ပြင်းချရင်း စကားဆက်သည်။

"အဲ့ဒီလို စိတ်ထားမျိုးက နယ်မြေကြီးကိုးခုရဲ့ မြတ်မြတ်တဲ့ မျိုးနွယ်စုတွေနဲ့ လုံးဝကို ကိုက်ညီမှု မရှိဘူး, ကျင့်ကြံသူတွေဆိုတာ စတင်ကတည်းက နှလုံးသားထဲမှာ သန့်စင်ပြီး လိုအင်ဆန္ဒနည်းပါးရတယ်, ဒါပေမဲ့ သူ့အတွက်တော့ မဖြစ်နိုင်ခဲ့ဘူး, အခုတော့ သူဒီလို အဆုံးသတ်မျိုးကို ကြုံလိုက်ရတာ တကယ့်ကို သနားစရာပဲ"

"ဟုတ်ပ" ယန်ထျန်းဟန်သည်လည်း နက်နက်နဲနဲ သက်ပြင်းချမိသည်။

"အားကုက ဒီလိုမျိုး စိတ်ခံစားချက် ပြည့်ဝပြီး ဖြောင့်မတ်တဲ့သူမျိုး ဖြစ်နေမယ်လို့ မထင်ထားမိဘူး, ဒီလိုလူမျိုးက ကျင့်ကြံခြင်းလောကမှာ ရှားပါးတယ်"

ယန်ထျန်းဟန်က လင်းချီကုအား အတော်လေး လေးစားနေတာကို ကြားသောအခါ ဖုန်ကျင်းယွီသည် မနေနိုင်စွာဖြင့်ပင် အေးစက်စက် ရယ်မောမိတော့သည်။

"အဲ့ဒါက တုံးအတာ, အဲ့ဒီလို ကျပ်မပြည့်တဲ့သူမျိုးက ကျင့်ကြံခြင်းလောကမှာ မပြောနဲ့ လူ့လောကမှာတောင် ရှားပါးတယ်"

ယန်ထျန်းဟန် , "...."

မည်သို့ပင် ဖြစ်နေပါစေ ဖုန်ကျင်းယွီသည် လင်းချီကုက စကားမပြောနိုင်ဘူးဆိုတဲ့ အဖြစ်မှန်အား အနိုင်ယူ၍ ထိုသူ့ကို သက်သက်မဲ့ အသရေ ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်များကို ငြင်းဆန်လိုက်ခြင်းပင်။

*****

ခရမ်းမြို့တော်တွင် အလွန်ကြီးမားတဲ့ ရှေ့မျက်နှာစာရှိသည့် ဝိညာဉ်ပင် အရောင်းဆိုင်ရှိသည်။

ချင်းကျူက အထဲဝင်သွားပြီး အရောင်းစာရေး တစ်ယောက်က သူ့ဆီရောက်လာ၏

"ဖောက်သည်ခင်ဗျ, ဝိညာဉ်ပင်တစ်ချို့လောက် ဝယ်ယူချင်လို့ပါလား? ဒီကိုလာတာမှန်သွားပြီဗျ, ကျွန်တော်တို့ရဲ့ 'ငြိမ်းအေးခြင်းဆေးပင်စံအိမ်'က တိုက်ကြီးငါးတိုက်လုံးမှာ အကောင်းဆုံး အရည်အသွေးရှိတယ် ဒါပေမဲ့ ဈေးကလည်း အရမ်းမကြီးဘူး, ဘာကိုလိုချင်တာပါလဲ? ကျွန်တော် အပင်တွေ ရွေးပေးနိုင်ပါတယ်"

ချင်းကျူက အရောင်းစာရေးငယ်လေးအား ကြည့်ပြီးနောက် ဒီကောင်လေးက အတော်လေး စကားပြောကောင်းတယ်လို့ ထင်မိသည်။ အနည်းဆုံးတော့ သူက ပုံကြီးချဲ့ ပြောရဲတယ်လေ။ ဒီ  'ငြိမ်းအေးခြင်းဆေးပင်စံအိမ်' မှာ ဘယ်လိုအရည်အသွေးအဆင့်ရှိတဲ့ ဆေးပင်မျိုးတွေ ရှိလဲဆိုတာကို ချင်းကျူက အတော်လေး ရှင်းရှင်းလင်းလင်း သိထားသည်။ အရည်အသွေးက မဆိုးဘူး ဆိုပေမယ့်လည်း တိုက်ကြီးငါးတိုက်ရဲ့ အဆင့်ကိုတော့ လုံးဝ မတက်နိုင်ပေ။

ချင်းကျူသည် သူတို့တွေဒီ  'ငြိမ်းအေးခြင်းဆေးပင်စံအိမ်' ကို ပြန်ယူပြီးသွားရင် ဒီကောင်လေးကို ဒီမှာ ဆက်ခန့်ထားဖို့တောင် စဉ်းစားမိသည်။

သို့သော် အခုလောလောဆယ်တော့ ချင်းကျူက သူ့ကို ပေါ့ပေါ့ပါးပါးသာ စကားစလိုက်သည်။

"ငါမင်းတို့ရဲ့ ဆိုင်ရှင်သုန်ကို ရှာနေတာ, သူ့ကို ငါ့ဆီ လာတွေ့ခိုင်းလိုက်"

ကောင်လေးက အံ့အားသင့်သွားပြီး ကျင့်ကြံရေး အဆင့်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သည့် ထိုလူအား တိတ်တဆိတ် ခြုံကြည့်လိုက်သည်။ 

ဒီလူက ဝင်လာတာနဲ့ ဆိုင်ရှင်သုန်ကို နာမည်တပ်ပြီး မေးရဲတာ, ကြည့်ရတာ သူ့ဇာစ်မြစ်က သေးပုံမရဘူး

အရောင်းစာရေးလေးက အလျင်စလိုပင် လေးလေးစားစားနဲ့ စကားပြန်သည်။

"လူကြီးမင်း, ကျေးဇူးပြုပြီး ခဏလေး စောင့်ပေးပါနော်, ကျွန်တော်သွားပြီး ဆိုင်ရှင်သုန်ထွက်လာဖို့ မေးလိုက်ပါ့မယ်"

ချင်းကျူက ခေါင်းညိတ်ပြလိုက်ပြီး အရောင်းစာရေးလေး ထွက်ခွာ သွားသည်အား ကြည့်နေသည်။

ဆိုင်ထဲမှာ တစ်ခြားအရောင်ဝန်ထမ်း များလည်းရှိနေသည်။ သူတို့အကုန်လုံး ချင်းကျူရဲ့ အသံကို ကြားလိုက်တာကြောင့် သူ့အား သိချင်စိတ်များဖြင့် မကြည့်ပဲ မနေနိုင်ကြတော့ပေ။

ချင်းကျူက စင်ပေါ်က ဝိညာဉ်ပင်တစ်ခုအား သာမာန်ကာလျှံကာ ကြည့်နေသည်။ အနည်းငယ်လောက် လေ့လာပြီးနောက်မှာတော့ သူ့မျက်နှာက မဲမှောင်သွားတော့၏။

ချင်းကျူက ပထမတန်းစား အဆင့်နိမ့် ဝိညာဉ်ပင်တစ်ခုအား ကောက်ယူလိုက်ပြီး သူ့နဲ့ နီးနေသည့် အရောင်းဝန်ထမ်းအား လှမ်းမေးသည်။

"မတိုင်ခင်တုန်းက 'ငြိမ်းအေးခြင်းဆေးပင်စံအိမ်' မှာ အဆင့်နိမ့် ဝိညာဉ်ပင်တစ်ပင်တောင် မရောင်းရဘူးဆိုတဲ့စည်းမျဉ်းရှိတာကို ငါမှတ်မိပါတယ်, ဒါပေမဲ့အခုတော့ အဆင့်နိမ့် ဝိညာဉ်ပင် စီးပွားရေး ဖြစ်နေပြီလား?"

ထိုစကားကိုကြားပြီးနောက် အညိုရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် အရောင်းဝန်ထမ်းလေးက အတန်ငယ် မှင်သက်သွားသည့် ပုံစံကို ပြသလာသည်။

"ကျွန်တော်, ကျွန်တော်ဒီကို ရောက်တာ တော်တော်လေး ကြာသွားပြီ, ဒီလို စည်းမျဉ်းမျိုးရှိတယ်လို့ တစ်ခါမှ မကြားဘူးပါဘူး, ကျွန်တော်တို့ 'ငြိမ်းအေးခြင်းဆေးပင်စံအိမ်' မှာ အမြဲတမ်း ဒီလို ဝိညာဉ်ပင်မျိုးပဲ ရောင်းချနေတာ ပြီးတော့ ဘယ်သူမှလည်း ဘာမှမပြောကြဘူး"

တစ်ခြားသူများသည်လည်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ်နေကြပြီး ဘယ်သူမှ ဒီကိစ္စကို မသိတာ ရှင်းလင်းနေသည်။

ချင်းကျူရဲ့ အမူအယာကတော့ ပိုပြီးအေးစက်လာသည်။

လင်ကျန်က ဝိညာဉ်ပင်များနဲ့ ဝိညာဉ်ပင်မျိုးစေ့များကို ထောက်ပံ့ပေးနိုင်ရန်အတွက် ဒီ 'ငြိမ်းအေးခြင်းဆေးပင်စံအိမ်' ကိုဖွင့်ဖို့ ဆုံးဖြတ်ခဲ့တဲ့အချိန်မှာ ဂရုတစိုက် အစီအစဉ်များ ဆွဲခဲ့သည်။ သူကြော်ညာခဲ့တဲ့ ဆောင်ပုဒ်က 'အဆင့်နိမ့်ဝိညာဉ်ပင် တစ်ပင်တောင် မရောင်းပါဘူး' ဆိုတာပင်။

ဒါ့အပြင် အတိအကျကို ထိုဆောင်ပုဒ်ကြောင့် 'ငြိမ်းအေးခြင်းဆေးပင်စံအိမ်'က နှစ်နှစ်ကနေ သုံးနှစ်အတွင်း နာမည်ကျော်ကြားလာခဲ့ပြီး အဂ္ဂီရတ်ပညာရှင်များစွာရဲ့ မျက်နှာသာပေးမှုကို ခံယူခဲ့ရကာ ကျော်ကြားတဲ့ မိသားစုများစွာနဲ့ ရေရှည် စီးပွားရေး ပြုလုပ်နိုင်ခဲ့သည်။

စီးပွားရေး သမားဆိုတာ သူတို့ရဲ့ အရင်းခံဖြစ်သော ရိုးသားမှုနှင့် စိတ်ရင်းမှန်မှုကို မှီခိုရတာဖြစ်ပြီး လင်ကျန်က အမြဲတမ်း ကြင်နာခဲ့သည်။ ထို့ကြောင့်လည်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက  'ငြိမ်းအေးခြင်းဆေးပင်စံအိမ်' ရဲ့ အထွတ်အထိပ်ကိုရောက်ခဲ့စဉ်မှာ နေ့စဉ်နေ့တိုင်းသည် ဒီနေ့က အရင်နေ့ထက် ပိုပြီး ချမ်းသာကြွယ်ဝတယ်လို့ပြောတာက ချဲ့ကားပြောခြင်း မဟုတ်ခဲ့ပေ။

အခုတော့, ချင်းကျူသည်  'ငြိမ်းအေးခြင်းဆေးပင်စံအိမ်' ထဲကို ပထမဆုံး ခြေချခဲ့တဲ့ အချိန်ကစပြီး အခုချိန်ထိ ဝယ်သူများရဲ့ စီးဆင်းမှု အခြေခံကို ကြည့်ရမယ်ဆိုရင် ဒီ  'ငြိမ်းအေးခြင်းဆေးပင်စံအိမ်' က အရင်တုန်းက ဂုဏ်ကျက်သရေမျိုး မရှိတော့တာ သေချာနေသည်။

ဆိုင်ရဲ့ အရောင်းစာရေးငယ်များက ဘာဖြစ်နေမှန်း နားမလည်နိုင်ကြပေ။ တစ်ချို့က ဒီသိမ်မွေ့နူးညံ့ပုံပေါ်သော ဧည့်သည်က သူ့အမူအယာ မဲမှောင်သွားတဲ့ အချိန်မှာ အလွန်ကြောက်စရာ ကောင်းတယ်ဟုပင် ခံစားနေကြရသည်။ ထို့ကြောင့် အကုန်လုံး တိတ်တိတ်လေးသာ နေနေကြ၏။

အခန်းတစ်ခုလုံးက ခဏလောက်တော့ တိတ်ဆိတ်ငြိမ်သက်နေသည်။

ချင်းကျူသည် အသက်ရှင်နေထိုင်ဖို့အတွက် ဒီအလုပ်ပေါ်ပဲ မှီခိုနေကြရသည့် ထိုလူများအား ခက်ခဲအောင် မလုပ်ပေ။ သူကတစ်ခြားဝိညာဉ်ပင်များကိုသာ ဆက်ပြီးကြည့်နေသည်။

သူပိုပြီးကြည့်မိလေလေ သူ့အမူအယာက ပိုပြီး ရုပ်ဆိုးလာလေလေပင်။

ဆိုင်ရှင်သုန်ရောက်လာတဲ့ အချိန်မှာတော့ ချင်းကျူရဲ့ အမူအယာက အိုးဖင်လိုပင် မဲမှောင်နေလေပြီ။

ဆိုင်ရှင်သုန်က ကိုယ်တိုင်ကပင် အဂ္ဂီရတ်ပညာရှင် တစ်ယောက်ဖြစ်ပြီး အသက်ကြီးနေပြီဟု သတ်မှတ်လို့မရပေ။ သူ့မျက်လုံးအောက်မှာတော့ အမည်းကွင်းများ ရှိနေပြီး ကောင်းကောင်း အနားမယူရတာ သိသာထင်ရှားနေသည်။

ထိုလူက ချင်းကျူကို မြင်တာနဲ့ မထိန်းချုပ်နိုင်စွာဖြင့်ပင် စိတ်လှုပ်ရှားမှုတစ်ချို့နဲ့ သူ့အရှိန်ကို မြင့်မိသည်။ သူကအနားကို အပြေးလေး ရောက်လာသည်။

"သူဌေး, ခင်ဗျားတို့ နောက်ဆုံးတော့ ရောက်လာပြီပေါ့, ဒီ (၂)နှစ် အတောအတွင်းမှာ ကျွန်တော်တို့ 'ငြိမ်းအေးခြင်းဆေးပင်စံအိမ်'က သေလောက်အောင် အနိုင်ကျင့်ခံရလုနီးပါး ဖြစ်ခဲ့တာ,အကယ်၍ သူဌေးသာ နည်းနည်းနောက်ကျမှ လာမယ်ဆိုရင် ဒီဆိုင်ကိုတောင် ဆက်ပြီး ထိန်းသိမ်း ထားနိုင်မှာ မဟုတ်တော့ဘူး!"

ချင်းကျူက လင်ကျန်ရဲ့ ပိုင်ဆိုင်မှုများအား အချိန်အကြာကြီး ထိန်းသိမ်းခဲ့တာဖြစ်သည်။ သဘာဝကျကျပင် သူက ဆိုင်ရှင်သုန်အား သိနေသည်။ သူ့အမူအယာက အနည်းငယ် ပျော့ပြောင်းသွား၏။

"သူဌေးက မတော်တဆဖြစ်သွားတဲ့အပြင် သူဌေးလေးဆီမှာလည်း တစ်စုံတစ်ခု ဖြစ်သွားခဲ့ရတယ်, ကျုပ်ကလည်း အဲ့ဒီအချိန်တုန်းက ဘာသတင်းမှ မရခဲ့တော့ ပြန်မလာနိုင်ခဲ့ဘူး, ဒါပေမဲ့အခုတော့ ကိစ္စတွေကို ဖြေရှင်းလို့ ပြီးသွားပါပြီ, 'ငြိမ်းအေးခြင်းဆေးပင်စံအိမ်'အကြောင်း ပြောပြစမ်းပါဦး, ပိုင်ရှင် ထွက်သွားပြီးနောက်မှာ ဘာတွေဖြစ်ခဲ့တာလဲ ပြီးတော့ ဘာလို့ 'ငြိမ်းအေးခြင်းဆေးပင်စံအိမ်' က အဆင့်နိမ့် ဝိညာဉ်ပင်တွေကို စရောင်းနေရတာလဲ?"

ဆိုင်ရှင်သုန်ရဲ့ နာမည်က သုန်ချွီဖြစ်သည်။ သူက လင်ကျန်နောက်ကနေ အစဦးပိုင်းကတည်းက လိုက်ပါခဲ့သည့် လူအုပ်စုထဲက တစ်ယောက်ဖြစ်ပြီး ခရမ်းမြို့တော်ရဲ့  'ငြိမ်းအေးခြင်းဆေးပင်စံအိမ်' အား အစကတည်းက တာဝန်ယူခဲ့သူပင်။ ထို့ကြောင့်လည်း သုန်ချွီက  'ငြိမ်းအေးခြင်းဆေးပင်စံအိမ်' နှင့်ပတ်သတ်ရင် ပြင်းထန်သည့် ခံစားချက်ရှိသည်။

သုန်ချွီက သက်ပြင်းချသည်။

"သခင်လေးကျူ, ကျေးဇူးပြုပြီး ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ"

ချင်းကျူက ခေါင်းညိတ်ပြပြီး သုန်ချွီနဲ့အတူ အထဲလိုက်ပါသွားလေသည်။

သူတို့ထွက်သွားပြီးနောက်မှာ အရောင်းစာရေးတစ်ချို့က စုဝေးလာကြပြီး စတင်အတင်းတုတ်ကြတော့သည်။

"အခုလေးတင် ငါတို့ရဲ့ ဆိုင်ရှင်က အဲ့ဒီလူကို သခင်လေးကျူလို့ ခေါ်လိုက်တယ် ပြီးတော့ သူက 'သူဌေး' တို့ 'သူဌေးလေး' တို့နဲ့ ပတ်သတ်တာတစ်ခုခုကိုလည်း ပြောလိုက်သေးတယ်, ကြည့်ရတာ ဒီလူက ငါတို့ရဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ သူဌေးနဲ့ ပတ်သတ်မှု ရှိနေတယ်ထင်တယ်"

"သိသာနေတာပဲလေ" တစ်ခြားတစ်ယောက်က သဘောတူသည်။

"ငါတို့ဆိုင်ရှင်ရဲ့ အမူအယာနဲ့ သဘောထားကို မမြင်လိုက်ဘူးလား? သူ့ပုံစံက ကယ်တင်ရှင်ကို တွေ့သလိုပဲ"

"ဟူး, ငါလည်းဒီကို မရောက်ခင်က ကြားဘူးတာရှိတယ်, 'ငြိမ်းအေးခြင်းဆေးပင်စံအိမ်' က ခရမ်းမြို့တော်မှာ အင်အားအကောင်းဆုံး ဆိုင်တွေထဲက တစ်ခုဖြစ်ပြီးတော့ လမ်းတစ်လျှောက်က ကျောင်းမိသားစုရဲ့ အရှိန်အဟုန်ကိုတောင် ချိုးနှိမ်နိုင်တယ်တဲ့ "

"တကယ်လား? ကျောင်းမိသားစုဆိုတာ ခရမ်းမြို့မှာ အကြီးမားဆုံး မိသားစုလေ, သူတို့ရောင်းတဲ့ ဝိညာဉ်ပင်တွေကလည်း အရည်အသွေးအရမ်းကောင်းတယ်"

"သူတို့က သိပ်မကောင်းသေးဘူးလားလို့? ငါတို့ဟာတွေကလည်း မဆိုးပါဘူး ပြီးတော့ အရမ်းကို ကောင်းမွန်တဲ့ မျိုးစေ့တွေလည်း အများကြီးရှိတယ်, အဲ့ဒါက ဒီအတိုင်း ငါတို့ရဲ့ ဆိုင်ရှင်က အဲ့ဒါတွေကို မရောင်းချင်ဘူး ဖြစ်နေတာ"

"ဘယ်လိုပဲဖြစ်ဖြစ်လေ  ကျောင်းမိသားစုက အဆင့်နိမ့်ဝိညာဉ်ပင်ကိုမှ မရောင်းတာ, အဲ့ဒီတစ်ခုတည်းနဲ့တင် ငါတို့ထက် သာနေပြီ"

အနောက်ဘက်ခြံဝင်းထဲက အခန်းထဲတွင်,

သုန်ချွီက တံခါးကို ပိတ်ပြီးတာနဲ့ ဒူးထောက်ချလိုက်သည်။

ချင်းကျူက အထိတ်တလန့်ဖြစ်သွားရ၏။

"ခင်ဗျား ဘာလုပ်တာလဲ?"

သုန်ချွီက မျက်ရည်များ ကျဆင်းလာလေသည်။

"သခင်လေးကျူ, ကျွန်တော်သူဌေးကို နိမ့်ကျသွားစေခဲ့ပြီ, သူဌေး ကျွန်တော့ကို ပေးခဲ့တဲ့ ဆိုင်ကို ကာကွယ်ဖို့ ရှုံးနိမ့်ခဲ့တယ်, ဒီ 'ငြိမ်းအေးခြင်းဆေးပင်စံအိမ်' က နာမည်နဲ့ ပိုင်ရှင်တောင် ပြောင်းလုနီးပါး ဖြစ်နေပြီ!"

ချင်းကျူက အေးခဲသွားပြီး သုန်ချွီအား အလျင်စလို ထူမပေးလိုက်သည်။

သုန်ချွီရဲ့ ပုံစံက သိပ်ပြီး မအိုသေးပုံပေါ်သော်လည်း တကယ်တမ်းတော့ သူ့အသက်က (၁၀၀) ပြည့်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

"ဘာလို့ 'ငြိမ်းအေးခြင်းဆေးပင်စံအိမ်' ကို မကာကွယ်နိုင်တာလဲ? အစကနေ စပြောရအောင်"

သုန်ချွီက ထိုင်ခုံပေါ်မှာ ခဏလောက် ထိုင်နေပြီးနောက်မှ မကျေမနပ်နဲ့ ပြောလာသည်။

"သူဌေးပျောက်သွားပြီးကတည်းက ကျွန်တော်တို့ ဝိညာဉ်ပင် စိုက်ခင်းတွေမှာ ထူးဆန်းတဲ့အရာတွေ ဖြစ်လာတယ်, ကျွန်တော်တို့တွေ, အောက်ကို နိမ့်ကျတဲ့အချိန်မှာ ကျောက်ခဲနဲ့ပစ်တဲ့ အဲ့ဒီလူယုတ်မာတွေက ဝိညာဉ်ပင် စိုက်ခင်းထဲကို ဝိညာဉ်ချီတွေ စားသုံးတဲ့ ပိုးကောင်တွေ ပစ်ထည့်ခဲ့တယ်, သူတို့တွေက ဝိညာဉ်ပင်မျိုးစေ့တွေကို တစ်ညလုံးနီးပါး စားပစ်လိုက်ကြတာ, တစ်ခြား အထောက်အပံ့ နေရာတွေလည်း ရှိသေးတယ် ဆိုပေမယ့် ကျွန်တော်တို့ရဲ့ ဝိညဉ်ပင် အများစုက ကိုယ်တိုင် ထုတ်လုပ်တာလေ, ရလဒ်ကတော့ အဲ့ဒီနှစ်က ဝိညာဉ်ပင်တွေက လုံးဝ အသုံးပြုလို့ မရတော့ဘူး, ကျွန်တော်လည်း အကောင်းဆုံး ကုစားဖို့ ကြိုးစားပေမယ့် အခြေအနေက ဒီအတိုင်းပဲ အဆုံးသတ်နေတယ်"

7.9.2021

=============

Next Episode

စက်ဆုတ်ဖွယ်ဇာတ်ကောင်

=============
Zawgyi
































လင်ရွှမ်းဇီက မေးသည်။



















ယန်ထျန်းဟန် , "...."


*****


















































"ခင်ဗျား ဘာလုပ်တာလဲ?"








7.9.2021

=============

Next Episode


=============

Continue Reading

You'll Also Like

101K 12.7K 106
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
547K 74.9K 111
Author: ကျွေ့ယို့ဟောဖန် Total: 89chapters + 17Extras E'translators: Penhappy(1- 43) and cheerio translation(44 -106) B'translator: JLicz This is jus...
564K 30.2K 81
ဤဘဝအတွက် တာဝန်ဟာ မောင့်ထံပါး ချစ်ခြင်းတို့နှင့် ခစား၍သာ အဆုံးသတ်ပေလိမ့်မည်။ ............. Start - 19.2.2022 End - 25.8.2022
11.1K 1.9K 52
#Author(s) -Bism #English Translator -IceCherry #Language -Korean #Associated Names -망나니는 살고 싶다 #Status in COO -85 Chapters (Ongoing) I got permissio...