The Goddess of Love

By AlexJ298

254K 30.5K 4.2K

နှစ်ရာပေါင်းများစွာထောင်ပေါင်းများစွာတိုင် မင်းကိုချစ်တဲ့ အချစ်က ပြောင်းလဲသွားမှာမဟုတ်ဘူး... ကမ္ဘာကြီးကဘယ်လို... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
52
53
54
55
56
57
58
59
60
61
62
63
64
65
66
67
68
69
70
71
72
73
73 song
74
75
76
77
78
New Fic Announcement
79
80
81
82
83
84
85
86
87
New Fic
88
89

51

2.1K 332 38
By AlexJ298

Tomorrow ကျရင်၂ပုဒ်တောင်ဖတ်ရမျက်လုံးကိုက်မှာစိုးလို့ ဒီနေ့ကြိုပြီးတစ်ပိုင်းအရင်တင်ပေးလိုက်တယ်နော်..😅
နက်ဖြန် မှနောက်တစ်ပိုင်းဖတ်တော့😍

💜💙💛❤🖤💚🖤❤💛💙💜

မာနိုဘန် အပျော်ကြီးပျော်နေကြသော တပ်သားများအား စိတ်မပူစေရန် ဘာမှမဖြစ်သလိုအားတင်းပြီး

"အားလုံး စစ်သူကြီး Chaeyoung နဲ့ ဆုံမယ့်နေရာကို ထွက်ခွာကြရအောင်.....
ငါ့ကိုမစောင့်နဲ့ ငါဖြည်းဖြည်းချင်းလိုက်ခဲ့မယ်....
ပြီးတော့ ငါဒဏ်ရာရပြီးပျောက်နေတယ်လို့ မြို့တော်ကို သတင်းလွှင့်ထားပါ.....
ညီအကိုတို့ ညကျရင် အောင်ပွဲကိုစိတ်တိုင်းကျကျင်းပဖို့ သေရည်တွေပြင်ထားပြီးပြီ....”

"ဟေး.....”

သူ့စကားကြောင့် ပင်ပန်းနွမ်းနယ်နေကြသော ရဲမက်များဝမ်းသာအားရထအော်ကြလေသည်
နေပြည်တော်မှဘုရင်မင်းမြတ်နတ်ရွာစံသည်ကိုမသိသေးသဖြင့်သာ ထိုကဲ့သို့ ပျော်နေကြခြင်းပင်.....

အားလုံးအသီးသီးထွက်သွားတော့မှ မာနိုဘန် သစ်တုံးငုတ်တိုလေးတခုပေါ်တွင်အသာထိုင်ချလိုက်သည်
သူ့ဝမ်းဗိုက်မှ သွေးများတစိမ့်စိမ့်ထွက်နေသဖြင့် ဒဏ်ရာ အား လက်ဖြင့် အသာဖိထားရင်း နေထွက်လာမည့် အာရုဏ်တက်သည့်ရှုခင်းကို စောင့်စားလိုက်သည်

သို့သော်နေထွကမလာချိန်ပင်မရောက်သေး သူလဲကျသွားလေတော့သည်...

🥀🌼🌸🌻🌺💐🌺🌻🌹🌷🌾🌸🌻🌺

မာနိုဘန် မျက်လုံးကိုအားယူပြီးဖွင့်လိုက်တော့ မရင်းနှီးသည့် ဂူအမိုးတစ်ခုကိုတွေ့လိုက်ရသည်
ထို့​ကြောင့်ခါးတွင်အမြဲချိတ်ထားသည့်ဓားကိုသတိတရစမ်းလိုက်တော့ ဓားကရှိမနေသဖြင့် ဝမ်းဗိုက်မှဒဏ်ရာကိုမေ့ပြီး အလောတကြီး ထထိုင်လိုက်တော့နာကျင်သွားသဖြင့် မျက်လုံးမှိတ်ပြီးအသက်အောင့်ထားလိုက်မိသည်
ထို့နောက် ပတ်ဝန်းကျင်ကိုအသာအကဲခတ်ကြည့်ပြီးမှ မိမိ၏ ဝမ်းဗိုက်ဒဏ်ရာ ဆေးစည်းထားသည်ကိုတွေ့လိုက်သဖြင့် သူ့အား Chaeyoung က  ဆေးထည့်ထားပေးသည်ဟုထင်လိုက်ပြီး Chaeyoung ကိုရှာ​ေနစဥ်

"သတိရလာပြီလား......”

သူကြားလိုက်ရသည့် အသံလွင်လွင် ချိုချိုလေးကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ အဖြူရောင်ဝတ်စုံဝတ်ထားသည့် မိန်းမပျိုတစ်ဦးကိုတွေ့လိုက်ရသည်

သူမ၏ ဖြူဝင်သောအသားအရည်နှင့် ဆန့်ကျင်စွာ ဆံနွယ်လေးများက နက်မှောင်ကာ ကျောလယ်ထိဖြာကျလို့နေလေသည်....
ထို ပိတုန်းရောင်ဆံနွယ်ထက်တွင် လခြမ်းပုံသဏ္ဍာန် ကျောက်စိမ်းဆံထိုးကလေးကိုထိုးပန်ထားသည်....
မျက်နှာတစ်ဝက် ပုဝါပါးအမဲလေးအုပ်ထားသဖြင့် ထိုအမျိုးသမီး၏ မျက်နှာကိုမတွေ့ရ.....
ထိုမိန်းမပျို၏ ဖြူလွလွလက်ကလေးများက
ဆေးရည်ခွက်ကိုလဲကိုင်ထားသည်ကိုတွေ့လိုက်ရသည်

ဒါဆို သူ့ကိုဆေးထည့်ထားပေးတာ Chaeyoung မဟုတ်ဘူးပေါ့....
သူတွေးနေစဥ်

"ဒါလေးကိုသောက်လိုက်ပါ...... ”

သူမကမ်းပေးသည့်ဆေးခွက်ကိုသာလှမ်းယူလိုက်ပြီး ဆေးရည်ကိုမော့သောက်လိုက်သည်
ခါးသက်လှသည့်ဆေးကြောင့် သူမျက်နှာရှုံ့မဲ့သွားကာ

"ခါးလိုက်တာ....” ဟုဆိုလိုက်မိတော့

"ဆေးကခါးမှ အာနိသင်ရှိတာပေါ့.....” သူမကတလုံးချင်းပြန်ပြောလာသည်

"ဒါနဲ့မင်းကဘယ်သူလဲ .....”

"ငါက ခရီးသွားတစ်ဦးလို့ဘဲမှတ်ထားပါ...
အမှတ်မထင်ဖြတ်သွားရင်း မင်းဆီက ညည်းသံကြားလို့ ဒီကိုခေါ်လာပြီးဆေးထည့်ထားပေးတာ.... ငါက သမားတော် တော့မဟုတ်ပေမဲ့ ငါ့ဆေးတွေက ဆေး..ဘု...အဲ သမားတော်ကြီးတွေဆီကရထားတာဖြစ်လို့ မကြာခင်သက်သာသွားမှာပါ....လောလောဆယ်လှုပ်လှုပ်ရှားရှားမလုပ်နဲ့ဦး....”

"ကိုယ့်အသက်ကိုကယ်ထားပေးလို့ ကျေးဇူးတင်ပါတယ် မိန်းကလေး....
ကိုယ့်နာမည်က မာနိုဘန် ပါ......ကိုယ်က....”

"ဂွီ........”
အရေးထဲ ထအော်လာသည့်ဗ်ိုက်ကြောင့် မာနိုဘန်ရှက်သွားကာ

"ဟို...အကျီ်တွေ့မိသေးလား.....” ဟုပြောမိပြောရာပြောလိုက်သည်

"အင်း မင်း အကျီ်မှာ သွေးတွေပေနေလို့ ငါလျှော်ထားပြီး လှမ်းထားပေးတယ် ခနနေခြောက်တော့မှာပါ.... မင်းလဲ ဗိုက်ဆာနေတာဆိုတော့လောလောဆယ် စမ်းချောင်းထဲမှာ ငါးတွေတွေ့လို့ဖမ်းပြီးကင်ထားပေးတယ်....စားလိုက်ပါဦး.... ”
သူမကပြောပြီး ဝါးဖြင် တံစို့ထိုးကင်ထားသည့် ငါးကင်ကို ကမ်းပေးပြီး အပြင်သို့ထွက်သွားလေသည်

မာနိုဘန် မီးကျွမ်းနေသည့် ငါးကင်ကို
ယူပြီးသေချာကြည့်လိုက်မိသည်.....
သူတပါးစေတနာနှင့်ကင်ထားပေးသည်ဖြစ်သည်ကတစ်ကြောင်း ဟာနေသည့်ဝမ်းကိုဖြည့်ရန် ကတစ်ကြောင်း တစ်ဖဲ့ဖဲ့စားလိုက်သည်
အနဲငယ်ခါးသက်သက်ဖြစ်သည်မှလွဲ၍ အဆင်ပြေပါသည်

ဆာဆာနှင့်စားလိုက်တာ ငါးကင်တစ်ကောင်ကုန်သွားလေတော့သည်
ခနအကြာသူမက ဝါးကျဥ်တောက်လေးတစ်ခုကို သယ်လာပြီး ကမ်းပေးလာပြန်သည်

"ရေသောက်လိုက်ဦး.....”

သူသတိရကတည်းက လည်ချောင်းခြောက်ကာရေဆာနေခဲ့ရသဖြင့် ရေဟူသည့်အသံကြောင့် ထိုကျဥ်တောက်ကိုလှမ်းယူကာ သူအငမ်းမရမော့သောက်လိုက်သည်.....

ရေကိုတဂွပ်ဂွပ်မော့သောက်လိုက်ပြီးပင် သူနေသာထိုင်သာရှိသွားလေတော့သည်

သူမက သူ့အားစိုက်ကြည့်နေသဖြင့် သူ့မှာ သူစိမ်းမိန်းမပျိုတစ်ဦးက စိုက်ကြည့်နေသည်ဟူသော အသိကြောင့် ရှက်သွားကာ

"ဟို.... အကျီ်မခြောက်သေးဘူးလား....
နဲနဲလောက်စိုလဲ ကိစ္စမရှိပါဘူး..... ”

ထိုအခါမှသူမက မျက်နှာလွှဲကာ
"အော်....အင်း.....ဒီမှာ​ခြောက်နေပြီ...”
ဟု ဆိုပြီး သူမလက်ထဲမှ ဘယ်အချိန်ကကိုင်ထားမှန်းမသိ အကျီ်ကိုကမ်းပေးပြီး ဂူပြင်သို့ပြန်ထွက်သွားလေတော့သည်

မာနိုဘန် လဲအကျီ်ကိုအမြန်ပြန်ဝတ်ပြီးမှ ထိုမိန်းမပျို၏ မျက်ဝန်း များနှင့် ဆံထိုး၏ပုံသဏ္ဍာန်ကို သူရင်နှီးနေကြောင်းသတိပြုမိလေသည်.....

"အင်း.... တနေရာရာမှာ မြင်ဖူးပါတယ်.....
ဘယ်မှာပါလိမ့်.....”
စဥ်းစားမရသဖြင့် ခေါင်းကိုတစ်ချက်ခါယမ်းလိုက်သည်
ပြီးမှ သူသတိရလာကာ သူ့လက်တွင်ပတ်ထားသည့် လခြမ်းပုံ ကျောက်စိမ်းလေးကို ကြည့်ကာ

"မင်းက..... အိပ်မက်နတ်သမီး.....လား.... ဒါကြောင့် ငါရင်နှီးနေပါတယ်လို့.....”
ရေရွတ်ပြီး ဂူပြင်ရှိ မိန်းမပျိုထံသို့သွားရန်ထရပ်လိုက်သည်

ဝမ်းဗိုက်ထက်မှ နာကျင်မှုကိုလစ်လျူရှု့ကာ ဂူပြင်ထွက်လာတော့ ခပ်လှမ်းလှမ်းရှိ စမ်းချောင်းတွင် ငါးမျှားတံတစ်ချောင်းဖြင့် ငါမျှားနေသောမိန်းမပျိုကိုသူငေးကြည့်မိသည်
ရင်ဘက်ထဲ လှိုင်းကလေးတစ်ခုဖြတ်သွားသကဲ့သို့ ငြိမ့်ခနဲဖြစ်သွားသည်ကို သူသတိထားမိလိုက်သည်

သူစိုက်ကြည့်နေသည်ကိုရိပ်မိသည့်အလား ထိုမိန်းမပျိုက လှည့်ကြည့်ပြီး ဝမ်းဗိုက်ကလေးကိုလက်တစ်ဖက်ဖြင့်အုပ်ရင်းရပ်ကြည့်နေသည့်သူ့ကိုတွေ့တော့ အလိုမကျသလို မျက်မှောင်ကြုတ်ကာ သူ့အနီးထလာပြီး

"မင်းက ဒဏ်ရာကြီးနဲ့ အထဲမှာဘဲ အနားယူသင့်တယ်..... ”ဟုပြောပြီး သူ့လက်ကို ပိုင်စိုးပိုင်နင်းဆွဲကာဂူထဲသို့ခေါ်လာလေသည်

"မမနတ်သမီး..... ”
သူခေါ်လိုက်တော့ သူမက ခြေလှမ်းများရပ်ပြီး သူ့လက်ကိုလွှတ်ကာ မော့ကြည့်လာသည်

"ဟို....မင်းနာမည်မသိလို့.....
ကိုယ်......”

"Jennie. ....”

"ဟင်.....”

"အဲ့ဒါ ငါ့နာမည်.....”

"ကိုယ့်အသက်ကယ်တင်ပေးခဲ့လို့မင်းကိုကျေးဇူးတင်ပါတယ်....
ကိုယ်ကခုတော့ဘာမှမပါလာသေးလို့....
ဒီလက်ပတ်လေးက ကိုယ့်အတွက်အရမ်းကိုတန်ဖိုးမဖြတ်နိုင်တဲ့အရာလေးပါ....
ဒါလေးကိုယူထား.....”
သူလက်မှအမြဲပတ်ထားသည့် လခြမ်းပုံလက်ပတ်ကလေးကိုဖြုတ်ပြီးပေးရန်ပြင်လိုက်စဥ်.....

"မင်းဆီက ကျေးဇူးတင်ခံချင်လို့ ကူညီခဲ့တာမှမဟုတ်ဘဲ..... နောက်ပြီးဒါက ငါ့အတွက်  အသုံးမဝင်ပါဘူး.... မင်းဘဲ ပြန်ယူထားပါ.....”

"ကိုယ်မင်းကိုတနေ့ပြန်ပြီးကျေးဇူးဆပ်ပါမယ်..”

"ကဲပါနက်ဖြန်လောက်ကျရင် မင်းလဲတော်တော်လေးသက်သာပါပြီ မင်းလဲ သွားချင်တဲ့နေရာဆက်သွား..... ငါလဲ ငါ့ခရီးငါဆက်ရမယ်.....”

"မင်းကို ကိုယ်ဘယ်မှာရှာလို့ရမလဲ.....”

"ငါက အတည်တကျနေတာရယ်လို့မရှိဘူး... ဘာလို့လဲ...... ”

"အဲ့ဒါ ဆိုလဲ နောက်၁လနေရင် ကိုယ့်ကို ဂိုဂူလျော နန်းတော်မှာလာတွေ့ပါ...... ”

". ...........”
သူမ ထံမှ စကားစထွက်မလာသဖြင့်

"ကိုယ်က ဂိုဂူလျော က စစ်သူကြီး ပါ......
မင်းကိုကိုယ်ကျေးဇူးဆပ်ချင်လို့ မငြင်းပါနဲ့နော်...”

မင်းသားဟုပြောလိုက်လျှင် သူမကလေးကြောက်ရွံ့မည်စိုးသဖြင့် စစ်သူကြီး ဟုသာပြောလိုက်ခြင်းဖြစ်သည်....
နောက်တစ်လနေလျှင်တော့ သူ ဂိုဂူလျော ဘုရင်ဖြစ်နေလိမ့်မည်.....
ပြန်ရောက်တာနဲ့ သစ္စာဖောက်သားအမိကို သုတ်သင်ပြီးလျှင် သူဘုရင်ဖြစ်လာပေလိမ့်မည်မဟုတ်ပါလား.....

သူမကအတော်ကြာစဥ်းစားပြီးမှ

"ကောင်းပြီလေ....... နောက်တစ်လနေရင် ဂိုဂူလျော နန်းတော်မှာရှင့်ကိုလာရှာပါ့မယ်..... ”

ထိုအခါသူက သူ၏ လက်ပတ်လေးကိုဖြုတ်ကာ

"ဒါလေးယူထားပါ..... မင်းလာတဲ့အခါမှကိုယ့်ကိုပြန်ပေးပေါ့.... နန်းတော်အစောင့်တွေကို ဒီလက်ပတ်လေးပြပေးလိုက်ရင် မင်းကို ကိုယ့်ဆီသူတို့လိုက်ပို့ပေးပါလိမ့်မယ်....”

မိန်းမပျိုက သူ့ကိုတစ်ချက်စိုက်ကြည့်ပြီး လက်ပတ်လေးကိုလှမ်းယူလိုက်လေသည်...

"ဒါနဲ့ မင်းရဲ့ဆံထိုးက လခြမ်းပုံ က ကိုယ့် လက်ပတ်ကလခြမ်းနဲ့တော်တော်လေးတူတယ်လို့မထင်ဘူးလား...... မင်းဆံထိုးကိုဘယ်ကရခဲ့လဲ....”

"ငါက ေနရာစုံလိုက်သွားနေတော့ ဘယ်က ဝယ်ထားမှန်းတောင်မမှတ်မိတော့ပါဘူး.....
ဘာလဲ မင်းက မင်းရဲ့ချစ်သူကိုဒါမျိုးဝယ်ပေးချင်လို့လား.....”
သူမအသံခပ်ဆက်ဆက်ထွက်လာသည်

"မဟုတ်ပါဘူး..... ကိုယ်ကအံ့သြသွားလို့ပါ....
ပြီးတော့ကိုယ့်မှာ ဝယ်ပေးစရာချစ်သူလဲမရှိပါဘူး......”

"မင်းအိပ်လိုက်ဦး နိုးရင်စားဖို့ ငါးသွားမျှားလိုက်ဦးမယ်....”

ကျောခိုင်းထွက်သွားသည့်သူမကျောပြင်လေးကိုငေးပြီး သူရှေ့ဆက်ရမည့်လုပ်ငန်းများကိုစဥ်းစားကာ မျက်လုံးမှိတ်လိုက်လေတော့သည်

ညှော်နံ့နှင့်အတူ မီးခိုးအနံ့တို့ကြောင့် သူနိုးလာသည်
ဂူပြင်ထွက်လာတော့ သူမက မီးခိုးတလူလူထွက်နေသော မီးပုံတွင်ငါးကိုတံစိုးထိုးကင်ရင်း တဟွတ်ဟွတ်ချောင်းဆိုးနေလေသည်

သူက သူမအနီးတွင်ထိုင်ကာ မီးတောက်လာစေရန်အလို့ငှာ မီးပုံကို မှုတ်ပေးလိုက်တော့ မိးကတောက်လာလေသည်

"မင်းကဒဏ်ရာကြီးနဲ့ဒီပုံအတိုင်းဆို အနာကမကျက်ဘဲနေလိမ့်မယ်.... အထဲမှာသွားနားနေလေ... ဒါမှမဟုတ် ဗိုက်ဆာလို့လား.....…”

"မဆာသေးပါဘူး..... ဒါနဲ့မင်းက ငါးကင်တာသိပ်မကျွမ်းကျင်ဘူးထင်တယ်.... ကျန်တဲ့တစ်ကောင် ကိုယ်ဘဲဆက်ကင်လိုက်မယ်..... ပေးပါ...”

"ဘာလဲ.... ငါကင်ပေးတာစားမကောင်းလို့လား...”

"အာ...မဟုတ် ကိုယ်ကအဲ့လိုဆိုလိုတာမဟုတ်ပါဘူး..... မင်းကင်တာစားကောင်းပါတယ်.... နဲနဲလေးတူးသွားတာမဟုတ်ရင် ပိုတောင်စားကောင်းမှာ..... ပေးပါ... ကိုယ်မင်းကိုကင်ကျွေးချင်လို့ပါ..... မင်းက ကိုယ့်ကိုဆေးကုထားပေးတာဆိုတော့ ကိုယ်တခုခုပြန်လုပ်ပေးပါရစေ..”
သူမက ဘာမှဆက်မပြောဘဲ တံဆို့သီထားသည့်ငါးကိုကမ်းပေးပြီး ဂူထဲ ဝင်သွားလေသည်

ခနအကြာ နီရဲကြွပ်ရွနေသည့်ငါးကင်ကိုကိုင်ကာ ဂူထဲ ပြန်ဝင်လာသည့် သူ့ကိုသူမက ထိုင်နေ
ရာမှမော့ကြည့်လာသည်

သူကငါးကင်ကိုလှမ်းပေးပြီး

"ကဲ မြည်းကြည့်ပါဦး.... ”

သူမကငါးကင်တစ်ဖဲ့ကိုစားကြည့်လိုက်ပြီးပြုံးလိုက်မိသည်

"အရင်အတိုင်းဘဲ....”
သူမစကားကြောင့်

"ဟမ်..... မင်းပြောပုံက ကိုယ်ကင်ကျွေးတာစားဖူးနေကြလိုဘဲ....
ဒါကိုယ်သူစိမ်းတစ်ယောက်အတွက်လုပ်ပေးတာ ပထမဆုံးအကြိမ်ဘဲ....
Chaeyoung ကိုတောင်တခါမှမကင်ကျွေးဖူးဘူး..... ”

သူမကခပ်ဟဟရီကာ
"မဟုတ်ပါဘူး..... ငါစားဖူးနေကြအရသာနဲ့တူတယ်လို့ပြောတာပါ...”

"အော်...... ”
သူထိုမျှသာပြောလိုက်နိုင်သည်...

Next. ....
8.9.21








Zawgyi. ..

Tomorrow က်ရင္၂ပုဒ္ေတာင္ဖတ္ရမ်က္လုံးကိုက္မွာစိုးလို႔ ဒီေန႕ႀကိဳၿပီးတစ္ပိုင္းအရင္တင္ေပးလိုက္တယ္ေနာ္..😅
နက္ျဖန္ မွေနာက္တစ္ပိုင္းဖတ္ေတာ့😍

မာနိုဘန္ အေပ်ာ္ႀကီးေပ်ာ္ေနၾကေသာ တပ္သားမ်ားအား စိတ္မပူေစရန္ ဘာမွမျဖစ္သလိုအားတင္းၿပီး

"အားလုံး စစ္သူႀကီး Chaeyoung နဲ႕ ဆုံမယ့္ေနရာကို ထြက္ခြာၾကရေအာင္.....
ငါ့ကိုမေစာင့္နဲ႕ ငါျဖည္းျဖည္းခ်င္းလိုက္ခဲ့မယ္....
ၿပီးေတာ့ ငါဒဏ္ရာရၿပီးေပ်ာက္ေနတယ္လို႔ ၿမိဳ႕ေတာ္ကို သတင္းလႊင့္ထားပါ.....
ညီအကိုတို႔ ညက်ရင္ ေအာင္ပြဲကိုစိတ္တိုင္းက်က်င္းပဖို႔ ေသရည္ေတြျပင္ထားၿပီးၿပီ....

"ေဟး.....

သူ႕စကားေၾကာင့္ ပင္ပန္းႏြမ္းနယ္ေနၾကေသာ ရဲမက္မ်ားဝမ္းသာအားရထေအာ္ၾကေလသည္
ေနျပည္ေတာ္မွဘုရင္မင္းျမတ္နတ္႐ြာစံသည္ကိုမသိေသးသျဖင့္သာ ထိုကဲ့သို႔ ေပ်ာ္ေနၾကျခင္းပင္.....

အားလုံးအသီးသီးထြက္သြားေတာ့မွ မာနိုဘန္ သစ္တုံးငုတ္တိုေလးတခုေပၚတြင္အသာထိုင္ခ်လိဳက္သည္
သူ႕ဝမ္းဗိုက္မွ ေသြးမ်ားတစိမ့္စိမ့္ထြက္ေနသျဖင့္ ဒဏ္ရာ အား လက္ျဖင့္ အသာဖိထားရင္း ေနထြက္လာမည့္ အာ႐ုဏ္တက္သည့္ရႈခင္းကို ေစာင့္စားလိုက္သည္

သို႔ေသာ္ေနထြကမလာခ်ိန္ပင္မေရာက္ေသး သူလဲက်သြားေလေတာ့သည္...

မာနိုဘန္ မ်က္လုံးကိုအားယူၿပီးဖြင့္လိုက္ေတာ့ မရင္းႏွီးသည့္ ဂူအမိုးတစ္ခုကိုေတြ႕လိုက္ရသည္
ထို႔ေၾကာင့္ခါးတြင္အၿမဲခ်ိတ္ထားသည့္ဓားကိုသတိတရစမ္းလိုက္ေတာ့ ဓားကရွိမေနသျဖင့္ ဝမ္းဗိုက္မွဒဏ္ရာကိုေမ့ၿပီး အေလာတႀကီး ထထိုင္လိုက္ေတာ့နာက်င္သြားသျဖင့္ မ်က္လုံးမွိတ္ၿပီးအသက္ေအာင့္ထားလိုက္မိသည္
ထို႔ေနာက္ ပတ္ဝန္းက်င္ကိုအသာအကဲခတ္ၾကည့္ၿပီးမွ မိမိ၏ ဝမ္းဗိုက္ဒဏ္ရာ ေဆးစည္းထားသည္ကိုေတြ႕လိုက္သျဖင့္ သူ႕အား Chaeyoung က ေဆးထည့္ထားေပးသည္ဟုထင္လိုက္ၿပီး Chaeyoung ကိုရွာေနစဥ်

"သတိရလာၿပီလား......

သူၾကားလိုက္ရသည့္ အသံလြင္လြင္ ခ်ိဳခ်ိဳေလးေၾကာင့္ မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ အျဖဴေရာင္ဝတ္စုံဝတ္ထားသည့္ မိန္းမပ်ိဳတစ္ဦးကိုေတြ႕လိုက္ရသည္

သူမ၏ ျဖဴဝင္ေသာအသားအရည္ႏွင့္ ဆန့္က်င္စြာ ဆံႏြယ္ေလးမ်ားက နက္ေမွာင္ကာ ေက်ာလယ္ထိျဖာက်လိဳ႕ေနေလသည္....
ထို ပိတုန္းေရာင္ဆံႏြယ္ထက္တြင္ လျခမ္းပုံသ႑ာန္ ေက်ာက္စိမ္းဆံထိုးကေလးကိုထိုးပန္ထားသည္....
မ်က္ႏွာတစ္ဝက္ ပုဝါပါးအမဲေလးအုပ္ထားသျဖင့္ ထိုအမ်ိဳးသမီး၏ မ်က္ႏွာကိုမေတြ႕ရ.....
ထိုမိန္းမပ်ိဳ၏ ျဖဴလြလြလက္ကေလးမ်ားက
ေဆးရည္ခြက္ကိုလဲကိုင္ထားသည္ကိုေတြ႕လိုက္ရသည္

ဒါဆို သူ႕ကိုေဆးထည့္ထားေပးတာ Chaeyoung မဟုတ္ဘူးေပါ့....
သူေတြးေနစဥ္

"ဒါေလးကိုေသာက္လိုက္ပါ......

သူမကမ္းေပးသည့္ေဆးခြက္ကိုသာလွမ္းယူလိုက္ၿပီး ေဆးရည္ကိုေမာ့ေသာက္လိုက္သည္
ခါးသက္လွသည့္ေဆးေၾကာင့္ သူမ်က္ႏွာရႈံ႕မဲ့သြားကာ

"ခါးလိုက္တာ.... ဟုဆိုလိုက္မိေတာ့

"ေဆးကခါးမွ အာနိသင္ရွိတာေပါ့..... သူမကတလုံးခ်င္းျပန္ေျပာလာသည္

"ဒါနဲ႕မင္းကဘယ္သူလဲ .....

"ငါက ခရီးသြားတစ္ဦးလို႔ဘဲမွတ္ထားပါ...
အမွတ္မထင္ျဖတ္သြားရင္း မင္းဆီက ညည္းသံၾကားလို႔ ဒီကိုေခၚလာၿပီးေဆးထည့္ထားေပးတာ.... ငါက သမားေတာ္ ေတာ့မဟုတ္ေပမဲ့ ငါ့ေဆးေတြက ေဆး..ဘု...အဲ သမားေတာ္ႀကီးေတြဆီကရထားတာျဖစ္လို႔ မၾကာခင္သက္သာသြားမွာပါ....ေလာေလာဆယ္လႈပ္လႈပ္ရွားရွားမလုပ္နဲ႕ဦး....

"ကိုယ့္အသက္ကိုကယ္ထားေပးလို႔ ေက်းဇူးတင္ပါတယ္ မိန္းကေလး....
ကိုယ့္နာမည္က မာနိုဘန္ ပါ......ကိုယ္က....

"ဂြီ........
အေရးထဲ ထအော်လာသည့်ဗ်ိုက်ကြောင့် မာနိုဘန္ရွက္သြားကာ

"ဟို...အက်ီ္ေတြ႕မိေသးလား..... ဟုေျပာမိေျပာရာေျပာလိုက္သည္

"အင္း မင္း အက်ီ္မွာ ေသြးေတြေပေနလို႔ ငါေလွ်ာ္ထားၿပီး လွမ္းထားေပးတယ္ ခနေနေျခာက္ေတာ့မွာပါ.... မင္းလဲ ဗိုက္ဆာေနတာဆိုေတာ့ေလာေလာဆယ္ စမ္းေခ်ာင္းထဲမွာ ငါးေတြေတြ႕လို႔ဖမ္းၿပီးကင္ထားေပးတယ္....စားလိုက္ပါဦး....
သူမကေျပာၿပီး ဝါးျဖင္ တံစို႔ထိုးကင္ထားသည့္ ငါးကင္ကို ကမ္းေပးၿပီး အျပင္သို႔ထြက္သြားေလသည္

မာနိုဘန္ မီးကြၽမ္းေနသည့္ ငါးကင္ကို
ယူၿပီးေသခ်ာၾကည့္လိုက္မိသည္.....
သူတပါးေစတနာႏွင့္ကင္ထားေပးသည္ျဖစ္သည္ကတစ္ေၾကာင္း ဟာေနသည့္ဝမ္းကိုျဖည့္ရန္ ကတစ္ေၾကာင္း တစ္ဖဲ့ဖဲ့စားလိုက္သည္
အနဲငယ္ခါးသက္သက္ျဖစ္သည္မွလြဲ၍ အဆင္ေျပပါသည္

ဆာဆာႏွင့္စားလိုက္တာ ငါးကင္တစ္ေကာင္ကုန္သြားေလေတာ့သည္
ခနအၾကာသူမက ဝါးက်ဥ္ေတာက္ေလးတစ္ခုကို သယ္လာၿပီး ကမ္းေပးလာျပန္သည္

"ေရေသာက္လိုက္ဦး.....

သူသတိရကတည္းက လည္ေခ်ာင္းေျခာက္ကာေရဆာေနခဲ့ရသျဖင့္ ေရဟူသည့္အသံေၾကာင့္ ထိုက်ဥ္ေတာက္ကိုလွမ္းယူကာ သူအငမ္းမရေမာ့ေသာက္လိုက္သည္.....

ေရကိုတဂြပ္ဂြပ္ေမာ့ေသာက္လိုက္ၿပီးပင္ သူေနသာထိုင္သာရွိသြားေလေတာ့သည္

သူမက သူ႕အားစိုက္ၾကည့္ေနသျဖင့္ သူ႕မွာ သူစိမ္းမိန္းမပ်ိဳတစ္ဦးက စိုက္ၾကည့္ေနသည္ဟူေသာ အသိေၾကာင့္ ရွက္သြားကာ

"ဟို.... အက်ီ္မေျခာက္ေသးဘူးလား....
နဲနဲေလာက္စိုလဲ ကိစၥမရွိပါဘူး.....

ထိုအခါမွသူမက မ်က္ႏွာလႊဲကာ
"ေအာ္....အင္း.....ဒီမွာေျခာက္ေနၿပီ...
ဟု ဆိုၿပီး သူမလက္ထဲမွ ဘယ္အခ်ိန္ကကိုင္ထားမွန္းမသိ အက်ီ္ကိုကမ္းေပးၿပီး ဂူျပင္သို႔ျပန္ထြက္သြားေလေတာ့သည္

မာနိုဘန္ လဲအက်ီ္ကိုအျမန္ျပန္ဝတ္ၿပီးမွ ထိုမိန္းမပ်ိဳ၏ မ်က္ဝန္း မ်ားႏွင့္ ဆံထိုး၏ပုံသ႑ာန္ကို သူရင္ႏွီးေနေၾကာင္းသတိျပဳမိေလသည္.....

"အင္း.... တေနရာရာမွာ ျမင္ဖူးပါတယ္.....
ဘယ္မွာပါလိမ့္.....
စဥ္းစားမရသျဖင့္ ေခါင္းကိုတစ္ခ်က္ခါယမ္းလိုက္သည္
ၿပီးမွ သူသတိရလာကာ သူ႕လက္တြင္ပတ္ထားသည့္ လျခမ္းပုံ ေက်ာက္စိမ္းေလးကို ၾကည့္ကာ

"မင္းက..... အိပ္မက္နတ္သမီး.....လား.... ဒါေၾကာင့္ ငါရင္ႏွီးေနပါတယ္လို႔.....
ေရ႐ြတ္ၿပီး ဂူျပင္ရွိ မိန္းမပ်ိဳထံသို႔သြားရန္ထရပ္လိုက္သည္

ဝမ္းဗိုက္ထက္မွ နာက်င္မႈကိုလစ္လ်ဴရႈ႕ကာ ဂူျပင္ထြက္လာေတာ့ ခပ္လွမ္းလွမ္းရွိ စမ္းေခ်ာင္းတြင္ ငါးမွ်ားတံတစ္ေခ်ာင္းျဖင့္ ငါမွ်ားေနေသာမိန္းမပ်ိဳကိုသူေငးၾကည့္မိသည္
ရင္ဘက္ထဲ လွိုင္းကေလးတစ္ခုျဖတ္သြားသကဲ့သို႔ ၿငိမ့္ခနဲျဖစ္သြားသည္ကို သူသတိထားမိလိုက္သည္

သူစိုက္ၾကည့္ေနသည္ကိုရိပ္မိသည့္အလား ထိုမိန္းမပ်ိဳက လွည့္ၾကည့္ၿပီး ဝမ္းဗိုက္ကေလးကိုလက္တစ္ဖက္ျဖင့္အုပ္ရင္းရပ္ၾကည့္ေနသည့္သူ႕ကိုေတြ႕ေတာ့ အလိုမက်သလို မ်က္ေမွာင္ၾကဳတ္ကာ သူ႕အနီးထလာၿပီး

"မင္းက ဒဏ္ရာႀကီးနဲ႕ အထဲမွာဘဲ အနားယူသင့္တယ္..... ဟုေျပာၿပီး သူ႕လက္ကို ပိုင္စိုးပိုင္နင္းဆြဲကာဂူထဲသို႔ေခၚလာေလသည္

"မမနတ္သမီး.....
သူေခၚလိုက္ေတာ့ သူမက ေျခလွမ္းမ်ားရပ္ၿပီး သူ႕လက္ကိုလႊတ္ကာ ေမာ့ၾကည့္လာသည္

"ဟို....မင္းနာမည္မသိလို႔.....
ကိုယ္......

"Jennie. ....

"ဟင္.....

"အဲ့ဒါ ငါ့နာမည္.....

"ကိုယ့္အသက္ကယ္တင္ေပးခဲ့လို႔မင္းကိုေက်းဇူးတင္ပါတယ္....
ကိုယ္ကခုေတာ့ဘာမွမပါလာေသးလို႔....
ဒီလက္ပတ္ေလးက ကိုယ့္အတြက္အရမ္းကိုတန္ဖိုးမျဖတ္နိုင္တဲ့အရာေလးပါ....
ဒါေလးကိုယူထား.....
သူလက္မွအၿမဲပတ္ထားသည့္ လျခမ္းပုံလက္ပတ္ကေလးကိုျဖဳတ္ၿပီးေပးရန္ျပင္လိုက္စဥ္.....

"မင္းဆီက ေက်းဇူးတင္ခံခ်င္လို႔ ကူညီခဲ့တာမွမဟုတ္ဘဲ..... ေနာက္ၿပီးဒါက ငါ့အတြက္ အသုံးမဝင္ပါဘူး.... မင္းဘဲ ျပန္ယူထားပါ.....

"ကိုယ္မင္းကိုတေန႕ျပန္ၿပီးေက်းဇူးဆပ္ပါမယ္..

"ကဲပါနက္ျဖန္ေလာက္က်ရင္ မင္းလဲေတာ္ေတာ္ေလးသက္သာပါၿပီ မင္းလဲ သြားခ်င္တဲ့ေနရာဆက္သြား..... ငါလဲ ငါ့ခရီးငါဆက္ရမယ္.....

"မင္းကို ကိုယ္ဘယ္မွာရွာလို႔ရမလဲ.....

"ငါက အတည္တက်ေနတာရယ္လို႔မရွိဘူး... ဘာလို႔လဲ......

"အဲ့ဒါ ဆိုလဲ ေနာက္၁လေနရင္ ကိုယ့္ကို ဂိုဂူေလ်ာ နန္းေတာ္မွာလာေတြ႕ပါ......

". ...........
သူမ ထံမွ စကားစထြက္မလာသျဖင့္

"ကိုယ္က ဂိုဂူေလ်ာ က စစ္သူႀကီး ပါ......
မင္းကိုကိုယ္ေက်းဇူးဆပ္ခ်င္လို႔ မျငင္းပါနဲ႕ေနာ္...

မင္းသားဟုေျပာလိုက္လွ်င္ သူမကေလးေၾကာက္႐ြံ႕မည္စိုးသျဖင့္ စစ္သူႀကီး ဟုသာေျပာလိုက္ျခင္းျဖစ္သည္....
ေနာက္တစ္လေနလွ်င္ေတာ့ သူ ဂိုဂူေလ်ာ ဘုရင္ျဖစ္ေနလိမ့္မည္.....
ျပန္ေရာက္တာနဲ႕ သစၥာေဖာက္သားအမိကို သုတ္သင္ၿပီးလွ်င္ သူဘုရင္ျဖစ္လာေပလိမ့္မည္မဟုတ္ပါလား.....

သူမကအေတာ္ၾကာစဥ္းစားၿပီးမွ

"ေကာင္းၿပီေလ....... ေနာက္တစ္လေနရင္ ဂိုဂူေလ်ာ နန္းေတာ္မွာရွင့္ကိုလာရွာပါ့မယ္.....

ထိုအခါသူက သူ၏ လက္ပတ္ေလးကိုျဖဳတ္ကာ

"ဒါေလးယူထားပါ..... မင္းလာတဲ့အခါမွကိုယ့္ကိုျပန္ေပးေပါ့.... နန္းေတာ္အေစာင့္ေတြကို ဒီလက္ပတ္ေလးျပေပးလိုက္ရင္ မင္းကို ကိုယ့္ဆီသူတို႔လိုက္ပို႔ေပးပါလိမ့္မယ္....

မိန္းမပ်ိဳက သူ႕ကိုတစ္ခ်က္စိုက္ၾကည့္ၿပီး လက္ပတ္ေလးကိုလွမ္းယူလိုက္ေလသည္...

"ဒါနဲ႕ မင္းရဲ႕ဆံထိုးက လျခမ္းပုံ က ကိုယ့္ လက္ပတ္ကလျခမ္းနဲ႕ေတာ္ေတာ္ေလးတူတယ္လို႔မထင္ဘူးလား...... မင္းဆံထိုးကိုဘယ္ကရခဲ့လဲ....

"ငါက ေနရာစုံလိုက်သွားနေတော့ ဘယ္က ဝယ္ထားမွန္းေတာင္မမွတ္မိေတာ့ပါဘူး.....
ဘာလဲ မင္းက မင္းရဲ႕ခ်စ္သူကိုဒါမ်ိဳးဝယ္ေပးခ်င္လို႔လား.....
သူမအသံခပ္ဆက္ဆက္ထြက္လာသည္

"မဟုတ္ပါဘူး..... ကိုယ္ကအံ့ၾသသြားလို႔ပါ....
ၿပီးေတာ့ကိုယ့္မွာ ဝယ္ေပးစရာခ်စ္သူလဲမရွိပါဘူး......

"မင္းအိပ္လိုက္ဦး နိုးရင္စားဖို႔ ငါးသြားမွ်ားလိုက္ဦးမယ္....

ေက်ာခိုင္းထြက္သြားသည့္သူမေက်ာျပင္ေလးကိုေငးၿပီး သူေရွ႕ဆက္ရမည့္လုပ္ငန္းမ်ားကိုစဥ္းစားကာ မ်က္လုံးမွိတ္လိုက္ေလေတာ့သည္

ေညွာ္နံ႕ႏွင့္အတူ မီးခိုးအနံ႕တို႔ေၾကာင့္ သူနိုးလာသည္
ဂူျပင္ထြက္လာေတာ့ သူမက မီးခိုးတလူလူထြက္ေနေသာ မီးပုံတြင္ငါးကိုတံစိုးထိုးကင္ရင္း တဟြတ္ဟြတ္ေခ်ာင္းဆိုးေနေလသည္

သူက သူမအနီးတြင္ထိုင္ကာ မီးေတာက္လာေစရန္အလို႔ငွာ မီးပုံကို မႈတ္ေပးလိုက္ေတာ့ မိးကေတာက္လာေလသည္

"မင္းကဒဏ္ရာႀကီးနဲ႕ဒီပုံအတိုင္းဆို အနာကမက်က္ဘဲေနလိမ့္မယ္.... အထဲမွာသြားနားေနေလ... ဒါမွမဟုတ္ ဗိုက္ဆာလို႔လား.....

"မဆာေသးပါဘူး..... ဒါနဲ႕မင္းက ငါးကင္တာသိပ္မကြၽမ္းက်င္ဘူးထင္တယ္.... က်န္တဲ့တစ္ေကာင္ ကိုယ္ဘဲဆက္ကင္လိုက္မယ္..... ေပးပါ...

"ဘာလဲ.... ငါကင္ေပးတာစားမေကာင္းလို႔လား...

"အာ...မဟုတ္ ကိုယ္ကအဲ့လိုဆိုလိုတာမဟုတ္ပါဘူး..... မင္းကင္တာစားေကာင္းပါတယ္.... နဲနဲေလးတူးသြားတာမဟုတ္ရင္ ပိုေတာင္စားေကာင္းမွာ..... ေပးပါ... ကိုယ္မင္းကိုကင္ေကြၽးခ်င္လို႔ပါ..... မင္းက ကိုယ့္ကိုေဆးကုထားေပးတာဆိုေတာ့ ကိုယ္တခုခုျပန္လုပ္ေပးပါရေစ..
သူမက ဘာမွဆက္မေျပာဘဲ တံဆို႔သီထားသည့္ငါးကိုကမ္းေပးၿပီး ဂူထဲ ဝင္သြားေလသည္

ခနအၾကာ နီရဲႂကြပ္႐ြေနသည့္ငါးကင္ကိုကိုင္ကာ ဂူထဲ ျပန္ဝင္လာသည့္ သူ႕ကိုသူမက ထိုင္ေန
ရာမွေမာ့ၾကည့္လာသည္

သူကငါးကင္ကိုလွမ္းေပးၿပီး

"ကဲ ျမည္းၾကည့္ပါဦး....

သူမကငါးကင္တစ္ဖဲ့ကိုစားၾကည့္လိုက္ၿပီးၿပဳံးလိုက္မိသည္

"အရင္အတိုင္းဘဲ....
သူမစကားေၾကာင့္

"ဟမ္..... မင္းေျပာပုံက ကိုယ္ကင္ေကြၽးတာစားဖူးေနၾကလိုဘဲ....
ဒါကိုယ္သူစိမ္းတစ္ေယာက္အတြက္လုပ္ေပးတာ ပထမဆုံးအႀကိမ္ဘဲ....
Chaeyoung ကိုေတာင္တခါမွမကင္ေကြၽးဖူးဘူး.....

သူမကခပ္ဟဟရီကာ
"မဟုတ္ပါဘူး..... ငါစားဖူးေနၾကအရသာနဲ႕တူတယ္လို႔ေျပာတာပါ...

"ေအာ္......
သူထိုမွ်သာေျပာလိုက္နိုင္သည္...

Next. ....
8.9.21










Continue Reading

You'll Also Like

35.3K 1.4K 26
နင္းျခခံရတဲ့မာနေတြရဲ႕ေနာက္ကြယ္မွာ ၿပိဳလဲျခင္းေတြ႐ွိတယ္။အဲ့လိုပဲခြင့္လႊတ္ျခင္းဆိုတဲ့အရာရဲ႕ေနာက္ကြယ္မွာလဲ ေႂကြမြသြားတဲ့ႏွလံုးသားေတြ႐ွိတယ္။ ...
82.3K 8K 34
အချစ်ဦးဆိုတာမျိုးကိုသိလား... လူတိုင်းလူတိုင်းဟာဘဝမှာလူတယောက်ကိုတော့ရူးရူးမူးမူးစွဲလန်းခဲ့ကြဖူးပါလိမ့်မယ်.. အဲ့လူကိုအချစ်ဦးလို့ခေါ်တယ်... Zawgyi # အ...
235K 26K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
180K 13.3K 68
ခပ်ဆိုးဆိုးကောင်မလေးနဲ့ ရိုးရိုးအေးအေးနေတတ်တဲ့ကောင်မလေးရဲ့ အချစ်ပုံပြင်🌈🌈🌈ဇာတ်အိမ်က Sanam Teri Kasam ကုလားကားထဲကဇာတ်အိမ်ကိုယူထားပါတယ်....