52

2.2K 339 32
                                    

လကွေးကွေးလေး၏အလင်းရောင်မှုန်ဖျဖျကသစ်ပင်ရိပ်များကြား တစွန်းတစထွက်ပေါ်လျှက်ရှိသည်
ဂူထဲတွင်တော့ ထင်းခြောက်မီးလောင်ကျွမ်းသံတဖျောက်ဖျောက်နှင့်အတူ မီးပုံမှအလင်းရောင်ကြောင့် လင်းလင်းကျင်းကျင်းရှိနေသည်

သူမက မီးပုံနားတွင် ထိုင်ကာ တုတ်တချောင်းဖြင့် မြေပြင်ထက် ဟိုခြစ်ဒီခြစ်နှင့်အတွေးလွန်နေပုံရ၏

"အဟမ်း....."
သူချောင်းတစ်ချက်ဟန့်လိုက်တော့ သူမကမော့ကြည့်လာပြီး

"အော်...မင်းမအိပ်သေးဘူးလား....
အိပ်တော့လေ...."
သူကကျောက်ဖျာထက်တွင်ထိုင်ကာ

"မင်းရောမအိပ်ဘူးလား.... ဒီကျောက်ဖျာမှာအိပ်လိုက်ပါလား..... ကိုယ်ကတနေကုန်အိပ်ထားတော့အိပ်မငိုက်တော့ပါဘူး...."

"ရပါတယ်.... ငါကလူနာမှမဟုတ်တာ.... မင်းဘဲအိပ်ပါ...."

သူက ကျောက်ဖျာမှဆင်းလာပြီး သူမအနီးတွင်ဝင်ထိုင်ကာ

"Jennie. ....."
ဟုခေါ်လိုက်တော့ သူမကသူ့ကိုလှည့်ကြည့်ကာ

"သေရည်သောက်ကြမလား......" ဟုဆိုကာ သူမအကျီ်ထဲမှ ဘူးသီးခြောက်ဖြင့်ထည့်ထားသော သေရည်ဘူးကိုထုတ်ပေးလေသည်

သူကသေရည်ဘူးကိုမယူဘဲ ကြည့်နေသဖြင့်
သူမကဘူးကိုဖွင့်ကာ တစ်ငုံမော့သောက်ပြလိုက်ပြီး

"ငါအဆိပ်မခပ်ထားပါဘူး...."
ထိုအခါမှသူက အားနာသွားသည်ထင်

"အာ.....ကိုယ်ကအဲ့လိုသဘောမဟုတ်ပါဘူး.. သောက်ကျင့်မရှိလို့ပါ...." ဟုပြောပြသူမထံမှ သေရည်ဘူးကိုယူကာ မော့သောက်လိုက်သည်

"အဟွတ်...အဟွတ်....."
အလောတကြီးမော့လိုက်သဖြင့်သေရည်တီးသွားလေသည်
တခနချင်းပင် သူ့မျက်နှာများပူလာသည်ဟုသူထင်လိုက်မိသည်

"ဟား...ဟား...ဟား..မင်းကတော့လေ.... ခုချိန်ထိသေရည်မသောက်နိုင်သေးဘဲကိုး..... မျက်နှာတောင်ရဲလာပြီ..... ပေးပါ...ဆက်မသောက်နဲ့တော့...."

"မင်းပြောနေပုံက မသိရင်ကိုယ့်အကြောင်းသိ
တဲ့လိုဘဲနော်... ကိုယ်တို့အရင်ကဆုံခဲ့ဖူးလား... ဒါမှမဟုတ် မင်းကိုယ့်ကိုတခြားသူနဲ့လူမှားနေတာလား...."
သူမက ဘာမှမပြောဘဲ သေရည်ကိုသာသောက်နေသဖြင့်

The Goddess of LoveNơi câu chuyện tồn tại. Hãy khám phá bây giờ