ဒုတိယဇာတ်လိုက် အတွက် ရွှေပေါင...

By Joyareans

39.6K 4.2K 163

Author - Joyareans🐰🥕 English name -The resurrection mission(system 1061)👾 Cover photo crd Own creation 📝 ... More

Introduction
Secondchance
Arc1 characters
Arc 1.1 အန်းရီချန်း
Arc 1.2 အန်းရီချန်း
Arc 1.3 အန်းရီချန်း
Arc 1.4 အန်းရီချန်း
Arc 1.5 အန်းရီချန်း
Arc 1.6 အန်းရီချန်း
Arc 1.7 အန်းရီချန်း
Arc 1.8 အန်းရီချန်း
Arc 1.9 အန်ရီချန်း
Arc 1.10 အန်းရီချန်း
Arc 1.11 အန်းရီချန်း
Arc 1.13 အန်းရီချန်း
Arc 1.14 အန်းရီချန်း
Arc 1.15 အန်းရီချန်း
Arc 1.16 အန်းရီချန်း
Arc 1.17 အန်းရီချန်း

Arc 1.12 အန်းရီချန်း

1.5K 205 13
By Joyareans

Unicode

အန်းရီချန်းဟာ သူ့ထံသို့ရေဇလုံနှင့်လာနေတဲ့ ကျောင်းသူကို တွေ့ခဲ့သည်။ ထိုသူတွေဟာ သူ့ကိုအမြဲဒုက္ခပေးနေတတ်တဲ့ ကျပ်မပြည့်တဲ့ကျောင်းသူတွေဆိုသည်ကို သူသိလိုက်သည်။ သို့သော် သူ့တွင် ခုခံဖို့ရာ မဖြစ်နိုင်။ ထိုကျောင်းသူလေးတွေဟာ နောက်ခံ ခိုင်ခိုင်မာမာရှိကြပြီး သူနှင့် တစ်ခြားစီပင်။ သူသည် ဒီကျောင်းကို ပညာသင်ဆုနှင့် တတ်ရောက်နေတာဖြစ်ပြီး သူဟာ ထိုမိန်းကလေးတွေရဲ့ ဒုက္ခပေးမှုကို ခုခံပါက သူ့ဟာကျောင်းထွက်ရနိုင်သည်။ ထိုအခါ သူ၏သနားစရာကောင်းတဲ့ အဖွားယဲ့ဟာလဲ နေမကောင်းသည့်ကြားကနေ သူ့ကိုကူညီရလိမ့်မည်။ ထို့ကြောင့် ငြိမ်ခံဖို့သာ သူရွှေးချယ်လိုက်သည်။

ကန်တင်းမှ သူမရဲ့ချိုသာတဲ့အသံကိုကြားလိုက်ရသည်။ သူမလေးဟာ သူမခြေထိုးခံသည်ကို မြင်တဲ့သူရှိလားဟု မေးခဲ့သည်။

ပြောင်တင်းလွန်းတယ်?

အန်းရီချန်းဟာသူ့ကို ကူညီပေးတဲ့ အနှီမိန်းကလေးကို ဒုက္ခတွင်းထဲ တွန်းပို့စရာလား။ ထို့ကြောင့် သူဟာ နှုတ်ဆိတ်နေခဲ့သည်။ သို့သော် သူသည် ထိုမိန်းကလေးကို နှုတ်ဆိတ်ခြင်းထက် ပိုကောင်းသော အကူအညီကို ပေးချင်တယ်။ ထို့ကြောင့် အန်းရီချန်းဟာ ထိုင်ခုံမှ ထလိုက်ပြီးနောက် သူမရှိရာသို့ ခြေလှမ်းများ ဉီးတည်ဖို့ ကြိုးစားခဲ့သည်။ သို့သော် အဆုံးမှာ သူ့၏ ခြေလှမ်းကို ရွှဲလျန်းသွဲ့၏ စကားဟာ ရပ်တန့်စေလိုက်သည်။

လီယောင်းဟန်ဟာ ကျောင်းကန်တင်းသို့ ခြေလှမ်းမှန်မှန်နှင့် ဝင်ရောက်လာခဲ့တယ်။ သို့သော် ကန်တင်းရဲ့ လေထုဟာ မူမမှန်သည်ကို သူစတင်ဝင်လာကတည်းက ခံစားမိသည်။ ထို့နောက် လေထု မူမမှန်မှုဟာ ဘာကြောင့်မှန်း သိလိုက်ရသည်။

သူမပဲလား??

သူမက ပြဿနာကောင်မလေးပဲ??

ပြဿနာကောင်မလေး-:". . ."

ဇာတ်လိုက်မဟာ ဇာတ်လိုက်ကောင်လာသည်ကို မြင်သည်နှင့် ပြဿနာကို ချက်ချင်း အဆုံးသတ်စေခဲ့သည်။ "ကျန်းချီ သူမ မလုပ်ဘူးလို့ ပြောနေပြီပဲ ပြဿနာကို ဒီလောက်နဲ့ရပ်လိုက်ကြရအောင်"ဇာတ်လိုက်မဟာ ဇာတ်လိုက်၏ရှေ့တွင် ပြဿနာမဖြစ်ချင်ပေ။ သူမဟာ ကျောင်းတွင် မည်မျှ ဆိုးသွမ်းစေကာမူ သူမချစ်ရသူ၏ ရှေ့တွင် ဆိုးသွမ်းသူဟု မမြင်စေချင်ပါဘူး။ ဒါဟာ လူတိုင်းရဲ့ သဘောထားဖြစ်သည်။

ကျန်းချီဟာ ဇာတ်လိုက်မကို ကြည့်လိုက်ချိန်တွင် ဒေါသကိုဖိနှိပ်ထားသည်ကို တွေ့လိုက်ရသည်။ သူသည် အရိပ်အကဲသိသူမို့ ဇာတ်လိုက်မပြောသည့်အတိုင်း နာခံလိုက်သည်။ ထို့နောက် နွမ်ရှီအာဟာ ထိုမိန်းကလေးသုံးဉီးကို မျက်ခုံးပင့်ကာကြည့်လိုက်ရင်း အောင်နိုင်သူ အပြုံးဖြင့် မျက်စိ တစ်ဖက်မှိတ်ပြလိုက်သည်။

သူမရဲ့အမူအယာကို မြင်သည့် ကျန်းချီဟာ သွေးပွက်ပွက်ဆူသွားပြီးနောက် ဒေါသများဟာ လည်မျိုတွင် တစ်ဆို့ပြီး ပြူထွက်လာမည့် ဒေါသတွေကို ဖိနှိပ်ထားရသည်။ ထိုအရာက လည်ချောင်းတွင် အသားလုံးတစ်နေသည်နှင့်တူသည်။ အသားလုံးကို ပြန်အန်ထုတ်ဖို့ရာ နှမြောလွန်းနေပြီး မျိုချဖို့ရာလဲ တစ်ဆို့လို့နေသည်။ ထို့အတူစွာ ဒေါသကို အထိန်းအကွပ်မရှိ လွတ်လိုက်လျှင် သူမဟာ ထိုလှောင်ပြောင်နေတဲ့ မျက်နှာဖြူမလေးရဲ့ ပါးပြင်ပေါ်တွင် လက်ငါးချောင်းမည်သည့် တံဆိပ်ကို ရိုက်ခတ်မိလိမ့်မည်။ ထိုအခါ ရွှဲ့လျန်းသွဲ့ဟာ သူမကို ပိုပြီးဖိနှိပ်လိမ့်မည်။ ဒေါသများကို ပြန်မျိုချပြန်လျှင်လဲ သူမရဲ့ရှေ့က အောင်နိုင်သူအပြုံးနဲ့ လှောင်ပြောင်နေသော မျက်နှာဖြူမလေးကြောင့် မျိုချဖို့ရာ လုံးဝ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူမရဲ့ဒေါသဟာ လည်မျိုတွင်အသားလုံးလို တစ်ဆို့နေသည်။

ရှီအာဟာ သူမရဲ့နှုတ်ခမ်းထောင့်စွန်း တစ်ဖက်ဟာ အပေါ်သို့တတ်သွားပြီး မဲ့ပြုံးပြုံးကာ ထိုသုံးယောက်ကို ကြည့်လိုက်တယ်။ ပြီးတဲ့နောက်သူမဟာ ကန်တင်းမှ ကြာကြာမနေချင်တော့၍ ထွက်လာခဲ့သည်။ ကန်တင်းရှိလူတိုင်းဟာလဲ ပြဿနာက ဘာမှလဲမဟုတ်ဘူး ဆိုသည့်ပုံစံနှင့် သူတို့ရဲ့ စားသောက်ခြင်းအလုပ်ကိုသာ အာရုံစိုက်လိုက်ကြတယ်။ ကန်တင်းမှ ကျောင်းသားများဟာ ကျန်းချီရဲ့ ရေဇလုံကို စိတ်ဝင်စားနေခဲ့ကြတာဖြစ်တယ်။ တစ်စုံတစ်ယောက်ကို လောင်းချဖို့ သယ်လာသည်မှာ သေချာသည်။ သို့သော် ကျောင်းရဲ့ လူဆိုးမ အပေါ်မတော်တဆ လောင်းချမိမယ်လို့ မထင်ထားပေ။

သူတို့တွေးထင်သည်မှာ ကျောင်းလူဆိုးမဟာ ထသောင်းကျန်းလိမ့်မည်ဟုပင်။ သို့သော် ထိုလူဆိုးမဟာ ဒီနေ့မှ ထူးဆန်းစွာ ငြိမ်သက်နေသည်။ သို့ပေမယ့် ဒါဟာလီယောင်းဟန်ရောက်လာချိန်မှာတော့ မထူးဆန်းတော့ပါဘူး။ သူမဟာ လီယောင်းဟန်အနောက်ကို တစ်ကောက်ကောက်လိုက်နေပြီး လီယောင်းဟန်စိတ်အနှောက်အယှက်ဖြစ်စေသူများကို သူမဟာ ဖယ်ရှားမည်ဟု ကြောညာထားသည်။ လီယောင်းဟန်ရန်သူဟာ သူမရဲ့ရန်သူဟု ကြေညာထားခဲ့သည်လေ။ သူမဟာထိုသို့ ငြိမ်သက်နေလဲ သူမရဲ့ ဆိုးသွမ်းမှုတွေကို ဖုံးကွယ်လို့မရပါဘူး။ ဆင်သေကို ဆိတ်သားရေနှင့်ဖုံးကွယ်ဖို့ မလွယ်ကူပေ။

အန်းရီချန်းဟာ ကန်တင်းမှ ထွက်ခဲ့ပြီးနောက် လူရှင်းပြီး လူသိနည်းသည့် အပင်လေးအောက်တွင် အမြဲလိုလိုနေနေခဲ့သည်။ ယခုဟာ သူဟာ ထိုကြီးမားသည့် သစ်ပင်ကြီးရဲ့ အရိပ်အောက်နှင့် အေးမြနူးညံ့သည့် မြက်ခင်းပြင်ပေါ်တွင် တိတ်ဆိတ်ကာ ထိုင်နေပြီး မျက်လုံးတို့ကို မှိတ်ထားလေတယ်။ သူစိတ်ညစ်နေချိန် ဝမ်းနည်းနေချိန်တိုင်း ထိုသစ်ပင်အောက်တွင်လာထိုင်နေတတ်သည်။ မျက်လုံးတို့မှိတ်ထားနေပေမယ့် ပတ်ဝန်းကျင်က လှုပ်ရှားမှုတွေကို သူသိနေသည်။ သို့နှင့် မျက်မှောင်ကြုတ်သွားကာ သူ့ကိုအနှောက်အယှက်ပေးသူကို သိရန် မျက်လုံးကို ဖြေးညှင်းစွာဖွင့်လိုက်သည်။

!!!

ရှီအာဟာ ပန်းရောင်မုန့်ဆိုင်လေးတွင် စတော်ဘယ်ရီနို့ဗူးနှင့် စတော်ဘယ်ရီဘီစကွတ်လေးကို ဝယ်ယူခဲ့သည်။ သူမဟာ စတော်ဘယ်ရီဘီစကွတ်လေးကို အလွန်နှစ်ခြိုက်၍ နှစ်ခုလောက်ပိုဝယ်ခဲ့သည်။ သူမဟာ တစ်ခြားသောနေရာမှာ လောဘမရှိနိုင်သော်ငြားလဲ အစားအသောက်နှင့်ပတ်သတ်လျှင် လောဘကြီးသည်ကိုတော့ လက်ခံရပေမည်။ သူမဟာ ကျောင်းပထမဆုံးတတ်သည့်နေမှာပဲ ပြဿနာတွေနှင့်ကြုံခဲ့ရသည်။ သူမတွင် အနားယူဖို့လိုအပ်သည်။ ထို့ကြောင့် လူသူကင်းသည့်နေရာကို သူမဟာရှာဖွေလိုက်သည်။ သူမဟာ ခြေလှမ်းပေါင်းများစွာ လှမ်းခဲ့မိမှန်း သဘောပေါက်ချိန်တွင် သူမဟာ လမ်းပျောက်နေခဲ့သည်။ သူမဟာ လမ်းပျောက်သည့်ပြဿနာကို ဖြေရှင်းရန် လမ်းရှာနေခဲ့သည်။ သို့နှင့် အရိပ်ကောင်းသည့် သစ်ပင်ကြီးနှင့် စိမ်းစိုနူးညံ့မြက်ခင်းစိမ်းကို တွေ့လိုက်၍ သူမရဲ့ မျက်ဝန်းတွေဟာ တောက်ပသွားခဲ့သည်။ သူမဟာ ထိုနေရာကို သဘောကျ၍ သစ်ပင်အောက်တွင် အနားယူရန်အနီးနားသို့သွားခဲ့စဉ် သူမ မမျှော်လင့်ထားသည့် ဗီလိန်ပေါက်စလေးကို တွေ့လိုက်ရသည်။ ထိုကောင်လေးဟာ တိတ်ဆိတ်အေးချမ်းစွာ လဲလျောင်းနေရင်း ဘယ်အရာကမှ သူ့ကို အန္တာရယ်မပြုနိုင်သည့်ပုံပေါက်နေသည်။ သူရဲ့ နှာတံလေးဟာ ဖြောင့်တန်းပြီး ချွန်ထွက်နေသည်။ သူ၏မျက်တောင်မွှေးများကလဲ ယောကျာ်းလေးတစ်ယောက်၏ မျက်နှာနှင့် ဆန်ကျင့်စွာပင် ရှည်လျားနက်မှောင်နေပြီး ထူထဲသည့်မျက်ခုံးဟာ သူ၏မျက်နှာကို ပိုပြီး လေးနက်စေသည်။ သူဟာ နှုတ်ခမ်းတို့ကို တင်းတင်းစေ့ထားတာတောင် ဆွဲဆောင်မှုရှိနေသည်။ နေမင်းရဲ့ပူနွေးတဲ့အလင်းရောင်နှင့် သစ်ပင် မြက်ခင်းစိမ်း နှင့် ငြိမ်သက်စွာလှဲလျောင်းနေသည့် အလှလေး ထိုအရာတွေပေါင်းစပ်လိုက်လျှင် အနုစိပ်ပြီး လှပလွန်းတဲ့ ပန်းချီကားတစ်ချက်နဲ့တူပေတယ်။ သူမဟာ အသက်ရူဖို့မေ့လျော့နေခဲ့သည်။ သေချာသည်မှာ သူဟာ နှစ်အနည်းငယ်အတွင်း ချောမောလွန်းတဲ့ နတ်ဘုရားဖြစ်လာမည်ပင်။

ဘယ်လိုတောင် ချောမောလွန်းတဲ့ မျက်နှာလဲ???

အိုကေ!!! လုံလောက်ပြီ ကြည့်နေတဲ့မျက်လုံးတွေကို ရုတ်သိမ်းလိုက်တော့!!!

ရှီအာဟာ သူမရှေ့က ကျောက်ဆစ်ပန်းပုလေးကို မျက်စိမလွှဲချင်လောက်အောင်ပင် ငေးမောကြည့်နေခဲ့သည်။ သူမကိုယ်သူမ သတိပေးနေပေမယ့် သစ္စာဖောက်မျက်လုံးတွေဟာ သူမရဲ့အမိန့်တွေကို ဆန့်ကျင်နေတယ်။ သူမဟာ ထိုကောင်ငယ်လေးကို အနှောက်အယှက်မဖြစ်စေလို၍ သူမရဲ့ တည်ရှိမှုကို ထိုကောင်လေး သတိမထားမိခင်မှာပဲ ထွက်သွားရန်ပြင်လိုက်တယ်။ ဒါပေမယ့် ဘယ်သူထင်မှာလဲ ပါးနပ်လျင်မြန်တဲ့ကောင်လေးဟာ သူမရဲ့ တည်ရှိမှုကို သတိမူမိသွားသည်လေ။

"အတန်းဖော် ငါမင်းကို အနှောက်အယှက်ပေးဖို့ မရည်ရွယ်ပါဘူး တောင်းပန်ပါတယ်.."သူမဟာ ထိုနေရာမှ အလျင်အမြန်ထွက်သွားချင်နေလေပြီ။ ထို့ကြောင့် ထိုကောင်လေးရဲ့ တုံ့ပြန်မှုကို မရခင်မှာပဲသူမရဲ့ ခြေလှမ်းတွေကို စတင်လှုပ်ရှားလိုက်သည်။ သို့သော်ထိုကောင်လေးရဲ့ စကားသံဟာ သူမရဲ့ ခြေလှမ်းတွေကို ဟန့်တားလိုက်သည်။

"ကျေးဇူး.." ထိုကောင်ငယ်လေးရဲ့ အသံတွေဟာ တိုးညှင်းနေပြီး နူးညံ့နေသည်။ သူမဟာ ထိုကောင်လေးကို လှည့်ကြည့်လိုက်ချိန် ထိုကောင်လေးငယ် ခေါင်းကို ငုံ့ထားသည်။ ထိုကောင်လေးရဲ့ မျက်နှာ အမူအယာကို သူမ ကောင်းစွာ မမြင်ရပေ။ ဒါ့အပြင်ထိုကောင်လေးရဲ့ တိုးလျတဲ့ အသံကို သူမကောင်းကောင်းမကြား လိုက်ပေ။

"အမ်..ဘာ..ဘာပြောတာလဲ..!"သူမဟာ ထိုကောင်လေးကို ခေါင်းစောင်းစွာကြည့်လိုက်ပြီး နားမလည်သည့်မျက်လုံးလေးများဖြင့် ပြန်မေးလိုက်သည်။

နောက်တစ်ခါမှာတော့ ထိုကောင်ငယ်လေးဟာ သူမျက်နှာတွင် မခံစားချက်မှ မဖော်ပြထားပဲ"မနက်ကအတွက်ရော ကန်တင်းကကိစ္စအတွက် ကျေးဇူးတင်ပါတယ်.." ထိုကောင်လေးရဲ့ အသံဟာ အစောကလို တိုးညှင်းမနေတော့ သူမသေသေချာချာ ကြားနိုင်လောက်မည့် အသံနှင့်ပြောလိုက်သည်။

"အာ..ကန်တင်းက ကိစ္စက ဘာကိုဆိုလိုမှန်းမသိဘူး.."သူမဟာ ကန်တင်းတွင် သူမမရှိခဲ့သည့်အတိုင်း မသိချင်ယောင်ဆောင်လိုက်သည်။ ထို့နောက် သူမဟာ အင်္ကျီအိတ်ကပ်ထဲမှ စတော်ဘယ်ရီ ဘီစကွက်ထုပ်ကို သူ့ဆီကမ်းပေးလိုက်ပြီး "အတန်းဖော် စားအုံးမလား" သူမရဲ့အသံဟာ နူးညံ့နေပြီး ကလေးတစ်ယောက်ကို မုန့်ပေးနေသလိုပင်။

ထိုကောင်လေးရဲ့ မျက်တောင်များဟာ အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။ကောင်ငယ်လေးဟာ သူ့မျက်စိရှေ့မှာ ဖြူသွယ်ပြီး သွေးကြောပြာတွေပေါ်နေတဲ့ နူးညံ့တဲ့လက်ကလေးကို အတန်ကြာစိုက်ကြည့်နေမိသည်။ သူမဟာ ကျိုးပဲ့လွယ်သည့် အဖိုးတန်ရတနာလေးနှင့်တူပေသည်။ သူမဟာ ယုန်ဖြူလေးနှင့်လဲ တူနေပြန်သည်။

အတန်ကြာတုန့်ပြန်မှုမရှိတာကြောင့် သူမဟာ ထိုကောင်ငယ်လေးက အချိုမကြိုက်သည်ဟု ထင်လိုက်ပြီး သူမရဲ့လက်တွေကို ရုတ်သိမ်းဖို့ပြင်လိုက်ချိန် တစ်ဖက်ကကောင်လေးဟာ ထိုမုန့်ထုပ်ပန်းရောင်လေးကို ညင်သာစွာ ဆွဲယူလိုက်လေတယ်။ "ကျေးဇူး"ဆိုတဲ့ တိုးညှင်းတဲ့ စကားလေးပြောဖို့လဲ မမေ့ဘူးပေါ့။

"ဒါနဲ့ မင်းရဲ့ဒဏ်ရာ သက်သာသွားပြီလား" ထိုကောင်လေးဟာ သူမရဲ့ နဖူးပေါ်မှ ပလာစတာလေးအပေါ် အကြည့်ရောက်သွားခဲ့သည်။ ထိုကောင်လေးရဲ့ မျက်ဝန်းတွင် အမျိုးအမည်မသိတဲ့ ခံစားချက်တို့ရှိလို့နေသည်။

"ဒါလား!!....အဆင်ပြေပါတယ်" သူမဟာ သူမရဲ့ နဖူးထောင့်ဘက်က ပလာစတာကို လက်နဲ့ထိလိုက်ပြီး နှုတ်ခမ်းဖူးလေးဟာ ကွေးတတ်အောင် ပြုံးလိုက်ရင်းပြောလိုက်သည်။

မကြာခင်မှာပဲ ကျောင်းမှ ဘဲလ်တီးသံကြားသည်နှင့် စာသင်ခန်းထဲသို့ အတူတူပြန်လာခဲ့ကြသည်။

Zawgyi

အန္းရီခ်န္းဟာ သူ႕ထံသို႔ေရဇလုံႏွင့္လာေနတဲ့ ေက်ာင္းသူကို ေတြ႕ခဲ့သည္။ ထိုသူေတြဟာ သူ႕ကိုအၿမဲဒုကၡေပးေနတတ္တဲ့ က်ပ္မျပည့္တဲ့ေက်ာင္းသူေတြဆိုသည္ကို သူသိလိုက္သည္။ သို႔ေသာ္ သူ႕တြင္ ခုခံဖို႔ရာ မျဖစ္နိုင္။ ထိုေက်ာင္းသူေလးေတြဟာ ေနာက္ခံ ခိုင္ခိုင္မာမာရွိၾကၿပီး သူႏွင့္ တစ္ျခားစီပင္။ သူသည္ ဒီေက်ာင္းကို ပညာသင္ဆုႏွင့္ တတ္ေရာက္ေနတာျဖစ္ၿပီး သူဟာ ထိုမိန္းကေလးေတြရဲ႕ ဒုကၡေပးမႈကို ခုခံပါက သူ႕ဟာေက်ာင္းထြက္ရနိုင္သည္။ ထိုအခါ သူ၏သနားစရာေကာင္းတဲ့ အဖြားယဲ့ဟာလဲ ေနမေကာင္းသည့္ၾကားကေန သူ႕ကိုကူညီရလိမ့္မည္။ ထို႔ေၾကာင့္ ၿငိမ္ခံဖို႔သာ သူေ႐ႊးခ်ယ္လိုက္သည္။

ကန္တင္းမွ သူမရဲ႕ခ်ိဳသာတဲ့အသံကိုၾကားလိုက္ရသည္။ သူမေလးဟာ သူမေျခထိုးခံသည္ကို ျမင္တဲ့သူရွိလားဟု ေမးခဲ့သည္။

ေျပာင္တင္းလြန္းတယ္?

အန္းရီခ်န္းဟာသူ႕ကို ကူညီေပးတဲ့ အႏွီမိန္းကေလးကို ဒုကၡတြင္းထဲ တြန္းပို႔စရာလား။ ထို႔ေၾကာင့္ သူဟာ ႏႈတ္ဆိတ္ေနခဲ့သည္။ သို႔ေသာ္ သူသည္ ထိုမိန္းကေလးကို ႏႈတ္ဆိတ္ျခင္းထက္ ပိုေကာင္းေသာ အကူအညီကို ေပးခ်င္တယ္။ ထို႔ေၾကာင့္ အန္းရီခ်န္းဟာ ထိုင္ခုံမွ ထလိုက္ၿပီးေနာက္ သူမရွိရာသို႔ ေျခလွမ္းမ်ား ဉီးတည္ဖို႔ ႀကိဳးစားခဲ့သည္။ သို႔ေသာ္ အဆုံးမွာ သူ႕၏ ေျခလွမ္းကို ႐ႊဲလ်န္းသြဲ႕၏ စကားဟာ ရပ္တန့္ေစလိုက္သည္။

လီေယာင္းဟန္ဟာ ေက်ာင္းကန္တင္းသို႔ ေျခလွမ္းမွန္မွန္ႏွင့္ ဝင္ေရာက္လာခဲ့တယ္။ သို႔ေသာ္ ကန္တင္းရဲ႕ ေလထုဟာ မူမမွန္သည္ကို သူစတင္ဝင္လာကတည္းက ခံစားမိသည္။ ထို႔ေနာက္ ေလထု မူမမွန္မႈဟာ ဘာေၾကာင့္မွန္း သိလိုက္ရသည္။

သူမပဲလား??

သူမက ျပႆနာေကာင္မေလးပဲ??

ျပႆနာေကာင္မေလး-:". . ."

ဇာတ္လိုက္မဟာ ဇာတ္လိုက္ေကာင္လာသည္ကို ျမင္သည္ႏွင့္ ျပႆနာကို ခ်က္ခ်င္း အဆုံးသတ္ေစခဲ့သည္။ "က်န္းခ်ီ သူမ မလုပ္ဘူးလို႔ ေျပာေနၿပီပဲ ျပႆနာကို ဒီေလာက္နဲ႕ရပ္လိုက္ၾကရေအာင္"ဇာတ္လိုက္မဟာ ဇာတ္လိုက္၏ေရွ႕တြင္ ျပႆနာမျဖစ္ခ်င္ေပ။ သူမဟာ ေက်ာင္းတြင္ မည္မွ် ဆိုးသြမ္းေစကာမူ သူမခ်စ္ရသူ၏ ေရွ႕တြင္ ဆိုးသြမ္းသူဟု မျမင္ေစခ်င္ပါဘူး။ ဒါဟာ လူတိုင္းရဲ႕ သေဘာထားျဖစ္သည္။

က်န္းခ်ီဟာ ဇာတ္လိုက္မကို ၾကည့္လိုက္ခ်ိန္တြင္ ေဒါသကိုဖိႏွိပ္ထားသည္ကို ေတြ႕လိုက္ရသည္။ သူသည္ အရိပ္အကဲသိသူမို႔ ဇာတ္လိုက္မေျပာသည့္အတိုင္း နာခံလိုက္သည္။ ထို႔ေနာက္ ႏြမ္ရွီအာဟာ ထိုမိန္းကေလးသုံးဉီးကို မ်က္ခုံးပင့္ကာၾကည့္လိုက္ရင္း ေအာင္နိုင္သူ အၿပဳံးျဖင့္ မ်က္စိ တစ္ဖက္မွိတ္ျပလိုက္သည္။

သူမရဲ႕အမူအယာကို ျမင္သည့္ က်န္းခ်ီဟာ ေသြးပြက္ပြက္ဆူသြားၿပီးေနာက္ ေဒါသမ်ားဟာ လည္မ်ိဳတြင္ တစ္ဆို႔ၿပီး ျပဴထြက္လာမည့္ ေဒါသေတြကို ဖိႏွိပ္ထားရသည္။ ထိုအရာက လည္ေခ်ာင္းတြင္ အသားလုံးတစ္ေနသည္ႏွင့္တူသည္။ အသားလုံးကို ျပန္အန္ထုတ္ဖို႔ရာ ႏွေျမာလြန္းေနၿပီး မ်ိဳခ်ဖိဳ႕ရာလဲ တစ္ဆို႔လို႔ေနသည္။ ထို႔အတူစြာ ေဒါသကို အထိန္းအကြပ္မရွိ လြတ္လိုက္လွ်င္ သူမဟာ ထိုေလွာင္ေျပာင္ေနတဲ့ မ်က္ႏွာျဖဴမေလးရဲ႕ ပါးျပင္ေပၚတြင္ လက္ငါးေခ်ာင္းမည္သည့္ တံဆိပ္ကို ရိုက္ခတ္မိလိမ့္မည္။ ထိုအခါ ႐ႊဲ႕လ်န္းသြဲ႕ဟာ သူမကို ပိုၿပီးဖိႏွိပ္လိမ့္မည္။ ေဒါသမ်ားကို ျပန္မ်ိဳခ်ျပန္လွ်င္လဲ သူမရဲ႕ေရွ႕က ေအာင္နိုင္သူအၿပဳံးနဲ႕ ေလွာင္ေျပာင္ေနေသာ မ်က္ႏွာျဖဴမေလးေၾကာင့္ မ်ိဳခ်ဖိဳ႕ရာ လုံးဝ မျဖစ္နိုင္ေပ။ ထို႔ေၾကာင့္ သူမရဲ႕ေဒါသဟာ လည္မ်ိဳတြင္အသားလုံးလို တစ္ဆို႔ေနသည္။

ရွီအာဟာ သူမရဲ႕ႏႈတ္ခမ္းေထာင့္စြန္း တစ္ဖက္ဟာ အေပၚသို႔တတ္သြားၿပီး မဲ့ၿပဳံးၿပဳံးကာ ထိုသုံးေယာက္ကို ၾကည့္လိုက္တယ္။ ၿပီးတဲ့ေနာက္သူမဟာ ကန္တင္းမွ ၾကာၾကာမေနခ်င္ေတာ့၍ ထြက္လာခဲ့သည္။ ကန္တင္းရွိလူတိုင္းဟာလဲ ျပႆနာက ဘာမွလဲမဟုတ္ဘူး ဆိုသည့္ပုံစံႏွင့္ သူတို႔ရဲ႕ စားေသာက္ျခင္းအလုပ္ကိုသာ အာ႐ုံစိုက္လိုက္ၾကတယ္။ ကန္တင္းမွ ေက်ာင္းသားမ်ားဟာ က်န္းခ်ီရဲ႕ ေရဇလုံကို စိတ္ဝင္စားေနခဲ့ၾကတာျဖစ္တယ္။ တစ္စုံတစ္ေယာက္ကို ေလာင္းခ်ဖိဳ႕ သယ္လာသည္မွာ ေသခ်ာသည္။ သို႔ေသာ္ ေက်ာင္းရဲ႕ လူဆိုးမ အေပၚမေတာ္တဆ ေလာင္းခ်မိမယ္လို႔ မထင္ထားေပ။

သူတို႔ေတြးထင္သည္မွာ ေက်ာင္းလူဆိုးမဟာ ထေသာင္းက်န္းလိမ့္မည္ဟုပင္။ သို႔ေသာ္ ထိုလူဆိုးမဟာ ဒီေန႕မွ ထူးဆန္းစြာ ၿငိမ္သက္ေနသည္။ သို႔ေပမယ့္ ဒါဟာလီေယာင္းဟန္ေရာက္လာခ်ိန္မွာေတာ့ မထူးဆန္းေတာ့ပါဘူး။ သူမဟာ လီေယာင္းဟန္အေနာက္ကို တစ္ေကာက္ေကာက္လိုက္ေနၿပီး လီေယာင္းဟန္စိတ္အႏွောက္အယွက္ျဖစ္ေစသူမ်ားကို သူမဟာ ဖယ္ရွားမည္ဟု ေၾကာညာထားသည္။ လီေယာင္းဟန္ရန္သူဟာ သူမရဲ႕ရန္သူဟု ေၾကညာထားခဲ့သည္ေလ။ သူမဟာထိုသို႔ ၿငိမ္သက္ေနလဲ သူမရဲ႕ ဆိုးသြမ္းမႈေတြကို ဖုံးကြယ္လို႔မရပါဘူး။ ဆင္ေသကို ဆိတ္သားေရႏွင့္ဖုံးကြယ္ဖို႔ မလြယ္ကူေပ။

အန္းရီခ်န္းဟာ ကန္တင္းမွ ထြက္ခဲ့ၿပီးေနာက္ လူရွင္းၿပီး လူသိနည္းသည့္ အပင္ေလးေအာက္တြင္ အၿမဲလိုလိုေနေနခဲ့သည္။ ယခုဟာ သူဟာ ထိုႀကီးမားသည့္ သစ္ပင္ႀကီးရဲ႕ အရိပ္ေအာက္ႏွင့္ ေအးျမႏူးညံ့သည့္ ျမက္ခင္းျပင္ေပၚတြင္ တိတ္ဆိတ္ကာ ထိုင္ေနၿပီး မ်က္လုံးတို႔ကို မွိတ္ထားေလတယ္။ သူစိတ္ညစ္ေနခ်ိန္ ဝမ္းနည္းေနခ်ိန္တိုင္း ထိုသစ္ပင္ေအာက္တြင္လာထိုင္ေနတတ္သည္။ မ်က္လုံးတို႔မွိတ္ထားေနေပမယ့္ ပတ္ဝန္းက်င္က လႈပ္ရွားမႈေတြကို သူသိေနသည္။ သို႔ႏွင့္ မ်က္ေမွာင္ၾကဳတ္သြားကာ သူ႕ကိုအႏွောက္အယွက္ေပးသူကို သိရန္ မ်က္လုံးကို ေျဖးညွင္းစြာဖြင့္လိုက္သည္။

!!!

ရွီအာဟာ ပန္းေရာင္မုန့္ဆိုင္ေလးတြင္ စေတာ္ဘယ္ရီနို႔ဗူးႏွင့္ စေတာ္ဘယ္ရီဘီစကြတ္ေလးကို ဝယ္ယူခဲ့သည္။ သူမဟာ စေတာ္ဘယ္ရီဘီစကြတ္ေလးကို အလြန္ႏွစ္ၿခိဳက္၍ ႏွစ္ခုေလာက္ပိုဝယ္ခဲ့သည္။ သူမဟာ တစ္ျခားေသာေနရာမွာ ေလာဘမရွိနိုင္ေသာ္ျငားလဲ အစားအေသာက္ႏွင့္ပတ္သတ္လွ်င္ ေလာဘႀကီးသည္ကိုေတာ့ လက္ခံရေပမည္။ သူမဟာ ေက်ာင္းပထမဆုံးတတ္သည့္ေနမွာပဲ ျပႆနာေတြႏွင့္ႀကဳံခဲ့ရသည္။ သူမတြင္ အနားယူဖို႔လိုအပ္သည္။ ထို႔ေၾကာင့္ လူသူကင္းသည့္ေနရာကို သူမဟာရွာေဖြလိုက္သည္။ သူမဟာ ေျခလွမ္းေပါင္းမ်ားစြာ လွမ္းခဲ့မိမွန္း သေဘာေပါက္ခ်ိန္တြင္ သူမဟာ လမ္းေပ်ာက္ေနခဲ့သည္။ သူမဟာ လမ္းေပ်ာက္သည့္ျပႆနာကို ေျဖရွင္းရန္ လမ္းရွာေနခဲ့သည္။ သို႔ႏွင့္ အရိပ္ေကာင္းသည့္ သစ္ပင္ႀကီးႏွင့္ စိမ္းစိုႏူးညံ့ျမက္ခင္းစိမ္းကို ေတြ႕လိုက္၍ သူမရဲ႕ မ်က္ဝန္းေတြဟာ ေတာက္ပသြားခဲ့သည္။ သူမဟာ ထိုေနရာကို သေဘာက်၍ သစ္ပင္ေအာက္တြင္ အနားယူရန္အနီးနားသို႔သြားခဲ့စဥ္ သူမ မေမွ်ာ္လင့္ထားသည့္ ဗီလိန္ေပါက္စေလးကို ေတြ႕လိုက္ရသည္။ ထိုေကာင္ေလးဟာ တိတ္ဆိတ္ေအးခ်မ္းစြာ လဲေလ်ာင္းေနရင္း ဘယ္အရာကမွ သူ႕ကို အႏၱာရယ္မျပဳနိုင္သည့္ပုံေပါက္ေနသည္။ သူရဲ႕ ႏွာတံေလးဟာ ေျဖာင့္တန္းၿပီး ခြၽန္ထြက္ေနသည္။ သူ၏မ်က္ေတာင္ေမႊးမ်ားကလဲ ေယာက်ာ္းေလးတစ္ေယာက္၏ မ်က္ႏွာႏွင့္ ဆန္က်င့္စြာပင္ ရွည္လ်ားနက္ေမွာင္ေနၿပီး ထူထဲသည့္မ်က္ခုံးဟာ သူ၏မ်က္ႏွာကို ပိုၿပီး ေလးနက္ေစသည္။ သူဟာ ႏႈတ္ခမ္းတို႔ကို တင္းတင္းေစ့ထားတာေတာင္ ဆြဲေဆာင္မႈရွိေနသည္။ ေနမင္းရဲ႕ပူႏြေးတဲ့အလင္းေရာင္ႏွင့္ သစ္ပင္ ျမက္ခင္းစိမ္း ႏွင့္ ၿငိမ္သက္စြာလွဲေလ်ာင္းေနသည့္ အလွေလး ထိုအရာေတြေပါင္းစပ္လိုက္လွ်င္ အႏုစိပ္ၿပီး လွပလြန္းတဲ့ ပန္းခ်ီကားတစ္ခ်က္နဲ႕တူေပတယ္။ သူမဟာ အသက္႐ူဖို႔ေမ့ေလ်ာ့ေနခဲ့သည္။ ေသခ်ာသည္မွာ သူဟာ ႏွစ္အနည္းငယ္အတြင္း ေခ်ာေမာလြန္းတဲ့ နတ္ဘုရားျဖစ္လာမည္ပင္။

ဘယ္လိုေတာင္ ေခ်ာေမာလြန္းတဲ့ မ်က္ႏွာလဲ???

အိုေက!!! လုံေလာက္ၿပီ ၾကည့္ေနတဲ့မ်က္လုံးေတြကို ႐ုတ္သိမ္းလိုက္ေတာ့!!!

ရွီအာဟာ သူမေရွ႕က ေက်ာက္ဆစ္ပန္းပုေလးကို မ်က္စိမလႊဲခ်င္ေလာက္ေအာင္ပင္ ေငးေမာၾကည့္ေနခဲ့သည္။ သူမကိုယ္သူမ သတိေပးေနေပမယ့္ သစၥာေဖာက္မ်က္လုံးေတြဟာ သူမရဲ႕အမိန့္ေတြကို ဆန့္က်င္ေနတယ္။ သူမဟာ ထိုေကာင္ငယ္ေလးကို အႏွောက္အယွက္မျဖစ္ေစလို၍ သူမရဲ႕ တည္ရွိမႈကို ထိုေကာင္ေလး သတိမထားမိခင္မွာပဲ ထြက္သြားရန္ျပင္လိုက္တယ္။ ဒါေပမယ့္ ဘယ္သူထင္မွာလဲ ပါးနပ္လ်င္ျမန္တဲ့ေကာင္ေလးဟာ သူမရဲ႕ တည္ရွိမႈကို သတိမူမိသြားသည္ေလ။

"အတန္းေဖာ္ ငါမင္းကို အႏွောက္အယွက္ေပးဖို႔ မရည္႐ြယ္ပါဘူး ေတာင္းပန္ပါတယ္.."သူမဟာ ထိုေနရာမွ အလ်င္အျမန္ထြက္သြားခ်င္ေနေလၿပီ။ ထို႔ေၾကာင့္ ထိုေကာင္ေလးရဲ႕ တုံ႕ျပန္မႈကို မရခင္မွာပဲသူမရဲ႕ ေျခလွမ္းေတြကို စတင္လႈပ္ရွားလိုက္သည္။ သို႔ေသာ္ထိုေကာင္ေလးရဲ႕ စကားသံဟာ သူမရဲ႕ ေျခလွမ္းေတြကို ဟန့္တားလိုက္သည္။

"ေက်းဇူး.." ထိုေကာင္ငယ္ေလးရဲ႕ အသံေတြဟာ တိုးညွင္းေနၿပီး ႏူးညံ့ေနသည္။ သူမဟာ ထိုေကာင္ေလးကို လွည့္ၾကည့္လိုက္ခ်ိန္ ထိုေကာင္ေလးငယ္ ေခါင္းကို ငုံ႕ထားသည္။ ထိုေကာင္ေလးရဲ႕ မ်က္ႏွာ အမူအယာကို သူမ ေကာင္းစြာ မျမင္ရေပ။ ဒါ့အျပင္ထိုေကာင္ေလးရဲ႕ တိုးလ်တဲ့ အသံကို သူမေကာင္းေကာင္းမၾကား လိုက္ေပ။

"အမ္..ဘာ..ဘာေျပာတာလဲ..!"သူမဟာ ထိုေကာင္ေလးကို ေခါင္းေစာင္းစြာၾကည့္လိုက္ၿပီး နားမလည္သည့္မ်က္လုံးေလးမ်ားျဖင့္ ျပန္ေမးလိုက္သည္။

ေနာက္တစ္ခါမွာေတာ့ ထိုေကာင္ငယ္ေလးဟာ သူမ်က္ႏွာတြင္ မခံစားခ်က္မွ မေဖာ္ျပထားပဲ"မနက္ကအတြက္ေရာ ကန္တင္းကကိစၥအတြက္ ေက်းဇူးတင္ပါတယ္.." ထိုေကာင္ေလးရဲ႕ အသံဟာ အေစာကလို တိုးညွင္းမေနေတာ့ သူမေသေသခ်ာခ်ာ ၾကားနိုင္ေလာက္မည့္ အသံႏွင့္ေျပာလိုက္သည္။

"အာ..ကန္တင္းက ကိစၥက ဘာကိုဆိုလိုမွန္းမသိဘူး.."သူမဟာ ကန္တင္းတြင္ သူမမရွိခဲ့သည့္အတိုင္း မသိခ်င္ေယာင္ေဆာင္လိုက္သည္။ ထို႔ေနာက္ သူမဟာ အကၤ်ီအိတ္ကပ္ထဲမွ စေတာ္ဘယ္ရီ ဘီစကြက္ထုပ္ကို သူ႕ဆီကမ္းေပးလိုက္ၿပီး "အတန္းေဖာ္ စားအုံးမလား" သူမရဲ႕အသံဟာ ႏူးညံ့ေနၿပီး ကေလးတစ္ေယာက္ကို မုန့္ေပးေနသလိုပင္။

ထိုေကာင္ေလးရဲ႕ မ်က္ေတာင္မ်ားဟာ အနည္းငယ္ လႈပ္ခတ္သြားခဲ့သည္။ေကာင္ငယ္ေလးဟာ သူ႕မ်က္စိေရွ႕မွာ ျဖဴသြယ္ၿပီး ေသြးေၾကာျပာေတြေပၚေနတဲ့ ႏူးညံ့တဲ့လက္ကေလးကို အတန္ၾကာစိုက္ၾကည့္ေနမိသည္။ သူမဟာ က်ိဳးပဲ့လြယ္သည့္ အဖိုးတန္ရတနာေလးႏွင့္တူေပသည္။ သူမဟာ ယုန္ျဖဴေလးႏွင့္လဲ တူေနျပန္သည္။

အတန္ၾကာတုန့္ျပန္မႈမရွိတာေၾကာင့္ သူမဟာ ထိုေကာင္ငယ္ေလးက အခ်ိဳမႀကိဳက္သည္ဟု ထင္လိုက္ၿပီး သူမရဲ႕လက္ေတြကို ႐ုတ္သိမ္းဖို႔ျပင္လိုက္ခ်ိန္ တစ္ဖက္ကေကာင္ေလးဟာ ထိုမုန့္ထုပ္ပန္းေရာင္ေလးကို ညင္သာစြာ ဆြဲယူလိုက္ေလတယ္။ "ေက်းဇူး"ဆိုတဲ့ တိုးညွင္းတဲ့ စကားေလးေျပာဖို႔လဲ မေမ့ဘူးေပါ့။

"ဒါနဲ႕ မင္းရဲ႕ဒဏ္ရာ သက္သာသြားၿပီလား" ထိုေကာင္ေလးဟာ သူမရဲ႕ နဖူးေပၚမွ ပလာစတာေလးအေပၚ အၾကည့္ေရာက္သြားခဲ့သည္။ ထိုေကာင္ေလးရဲ႕ မ်က္ဝန္းတြင္ အမ်ိဳးအမည္မသိတဲ့ ခံစားခ်က္တို႔ရွိလို႔ေနသည္။

"ဒါလား!!....အဆင္ေျပပါတယ္" သူမဟာ သူမရဲ႕ နဖူးေထာင့္ဘက္က ပလာစတာကို လက္နဲ႕ထိလိုက္ၿပီး ႏႈတ္ခမ္းဖူးေလးဟာ ေကြးတတ္ေအာင္ ၿပဳံးလိုက္ရင္းေျပာလိုက္သည္။

မၾကာခင္မွာပဲ ေက်ာင္းမွ ဘဲလ္တီးသံၾကားသည္ႏွင့္ စာသင္ခန္းထဲသို႔ အတူတူျပန္လာခဲ့ၾကသည္။

Continue Reading

You'll Also Like

66K 15.3K 35
නිදුක් හාමු.........දන්නවද....හංසයෙක්ට ඉන්නෙ මුලු ජීවිත කාලෙටම එකම සහකාරයලු........ ම්න්......එතකොට....හංසකට ඉන්නෙ ජීවිත කාලෙටම මං විතරද?
76.4K 10.8K 52
کچ زوتر بە ڕێگا ئەڕوات ، زوتر بە قسـە دێت زوتر گـەورە ئەبێ.. ئەسـڵەن ئەڵێی هەر لە سـەرەتاوە پەلـەیەتی! ئەڵێی هیـچ کات کاتی بـۆ خۆی نییە..هەتـا یاریەک...
112K 26.8K 76
හීන ........ හැමෝගෙම හිත්වල හීන තියෙනවා .... ඒත් විවිධාකාරයි.... සමහර හීන අහසට පොළොව වගේ...... ඒත් කොතනකදි හරි මේ හීන එකට මුණගැහුනොත්...... එහෙම වෙ...
217K 40.4K 52
ඩේ අම්මු.... නා උන්නෙයි කාදිලික්කිරේන් ❤ (පරිනත අන්තර්ගතයකි...)