ကျောင်းထဲကို ရောက်ရောက်ချင်း လူအများက တမေ့တမော ငေးကြည့်နေကြသည်။
ထို့နောက် တီးတိုးပြောဆိုနေကြသည် ။
သေချာသည်က ဂျွန်ဆန်းရဲ့အတင်းအဖျင်းတွေကို ပြောနေကြတာဖြစ်မည်။
ကားတံခါးဖွင့်ပေးလာသည့် Bodyguard ကို ပြုံးပြရင်း ကားပေါ်က ဆင်းလာလိုက်သည် ။
သွယ်လျသည့် ခြေတံရှည်တွေနဲ့ ချမ်းသာသည့် ထိပ်တန်းသူဋ္ဌေးသားတစ်ချို့တောင် အနားမကပ်နိုင်သည့် အဖိုးတန်
ဖိနပ်ကိုစီးထားသည့် ဂျွန်ဆန်းက အများအမြင်မှာ အံ့သြစရာဖြစ်နေသည်။
အကောင်းစား နာရီကလည်း Limit နဲ့ထုတ်ထားတဲ့အတွက် ချမ်းသာရက်နဲ့ မဝယ်လိုက်ရသူတွေအများသား ။
တစ်ကိုယ်လုံးကို ဆင်မြန်းထားသည့် အရာတွေက တန်ဖိုးကြီးတဲ့ အဆင်တန်ဆာတွေ ဖြစ်တာမို့ အတင်းပြောနေကြသည့် လူအများစုကပါးစပ်ပိတ်သွားကြသည်။
နူးညံ့သော အညိုရောင်ဆံပင်ခွေခွေလေးက ဂျွန်ဆန်းရဲ့မျက်နှာချောချောအား ပိုမို ချစ်ဖို့ကောင်းအောင် ပံ့ပိုးပေးနေသည်။
ခပ်ချေချေနဲ့ အပြုံးလေးတစ်ခုက သူ့၏ နူတ်ခမ်းဖျားမှာ ဖြစ်ပေါ်လာသည်။
"အစ်ကိုလေး ''
ခြေလှမ်းကျဲကြီးတွေနဲ့ လျှောက်လှမ်းဖို့ လုပ်နေတုန်း ခေါ်လာသည့် Bodyguard က ခေါင်းကို ငုံ့ထားသည်။
"အင်း ငါက ကလေးမဟုတ်ဘူး အဲ့တော့ မင်းတို့ ပြန်လို့ရပြီ ညနေမှ လာကြို ''
"ဟုတ်ကဲ့ အစ်ကိုလေး ''
ပြန်ထွက်သွားသည့် ကားကို ကြည့်ပြီး သူထိုနေရာမှာ ရပ်နေမိသေးသည်။
"ဂျွန်ဆန်း ''
"အော ''
အနားရောက်လာသည့် မိန်းကလေးကို ပြန်မကြည့်ဘဲထူးလိုက်သည်။
"နင်ကဘယ်လိုယောကျ်ားလေးလဲ အော် Gay ဆိုတော့ အခုလို Attention ယူတာပေါ့ အဲ့လိုလား ''
"မင်းကရော ဘယ်လိုမိန်းကလေးလဲ ယောကျာ်းလေးတစ်ယောက်ကို ထားပါတော့ မင်းပြောတဲ့ Gay ပေါ့ အဲ့ဒီ Gay ကို ဘာလို့ လာပြီး အဖက်လုပ်နှောက်ယှက်နေတာလဲ အာ ငါသိပြီ မင်းက ငါ့ကို မနာလိုနေတာမလား ငါ့လို မဝတ်နိုင်လို့လေ ဟုတ်လား ''
"နင် ဂျွန်ဆန်း ဟင့် ငါ့ကို အဲ့လိုမပြောနဲ့''
ရုတ်တရက် ထငိုလာသည့် ဇာတ်လိုက်မက သူ့စကားကြောင့် အရှိုက်ထိသွားတာတော့မဖြစ်နိုင်။ သူ့ကို အနိုင်ပိုင်းနေတဲ့အကြည့်ကနေချက်ချင်း မျက်ရည်တွေ ကျလာတဲ့အတွက် သူစဉ်းစားကြည့်နေစဉ်
"ဟေးရင် ''
စိုးရိမ်တကြီးနဲ့ ရောက်လာသည့် ဟာမင်ယောင်း။
"ဂျွန်ဆန်း မင်းကို ငါအပြတ်ပြောထားပြီးသားလေ မင်းကို ငါမချစ်ဘူး စိတ်မဝင်စားဘူး ဟေးရင်ကို ပြဿနာ မရှာနဲ့လို့ ''
"အဟက် ''
ဟေးရင်၏ Drama ခင်းမှုကို အော် ဒါ့ကြောင့်ကိုး ဟု သြချနေသည့် ရှောင်းကျန့်အတွေးမှာ ဟာမင်ယောင်း၏ စကားကိုကြားလိုက်ရချိန် ထရယ်တော့သည်။
ဘာမှ ထပ်မပြောချင်တာကြောင့် ထိုနေရာကနေ လှည့်ထွက်တော့ ဆွဲထားသည့် လက်တစ်ဖက် ။
"ငါ ပြောနေတာ မပြီးသေးဘူးလေ ဂျွန်ဆန်း ''
"မင်းရဲ့ အရေမရအဖက်မရစကားတွေကို
ငါ့ကို နားထောင်ခိုင်းအုန်းမှာလား ငါက ငါဆိုတဲ့ ဆောဂျွန်ဆန်း က မင်းလို အဆင့်မရှိတဲ့ကောင်ရဲ့စကားကို ဘာကိစ္စ အချိန်ကုန်ခံပြီးနားထောင်ရမှာလဲ မင်းရဲ့ လက်ကိုခုချက်ချင်းလွှတ် ''
မယုံနိုင်စွာ တအံ့တသြဖြစ်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်လာသည့် ဟာမင်ယောင်းက သူ့လက်ကိုလွှတ်လိုက်သည်။
ဘေးနားကနေ ဖြတ်သွားတဲ့ ကျောင်းသူလေးရဲ့ရေဘူးကိုယူကာ လက်ဆေးပစ်လိုက်သည်။ ဘောင်းဘီအိတ်ကပ်ထဲက တစ်ရှုးစကိုထုတ်ကာ သုတ်လိုက်ပြီး
အနားက အမှိုက်ပုံးထဲ ပစ်ထည့်လိုက်သည်။
ထို့နောက် ရေဘူးပိုင်ရှင်မိန်းကလေးကိုကြည့်ကာပြုံးပြလိုက်တော့ သူမက အတောင့်လိုက် ရပ်နေသည်။
"ရေဘူးဖိုး ယူမှာလား ''
ထိုမိန်းကလေးက ခေါင်းကို အသာရမ်းသည်။
တစ်ဖန်ထပ်ပြုံးပြရင်း ထိုနေရာကနေ လှည့်ထွက်ခဲ့သည်။
"ဟေးရင် ဘာဖြစ်သွားသေးလဲ ''
"ဟင့်အင်း သူကငါ့ကို နိုမ်တယ် ''
"အာ ဟုတ်လား စိတ်ထဲမှာ ထားမနေနဲ့''
ဟေးရင် သည် မင်ယောင်းကို ပြုံးပြလိုက်ပြီး အတူတူ အတန်းဘက်ကို ထွက်လာခဲ့ကြသည်။
မင်ယောင်းစိတ်ထဲမှာ ဂျွန်ဆန်းရဲ့အပြုအမူကြောင့် တစ်ခုခုကို ဆုံးရှုံးလိုက်ရသလို တနုံ့နုံ့ခံစားနေရသည်။
နှလုံးသားကလည်း တစ်ဆစ်ဆစ်နဲ့နာကျင်နေသည်။
-------
"ဂျွန်ဆန်း ''
ခုံတန်းလေးမှာ ထိုင်ပြီး စာအုပ်ဖတ်နေတုန်း ရောက်လာသူကြောင့် စာကြည့်မပျက် ဖြေလိုက်သည် ။
"အော ''
"ငါ တောင်းပန်ပါတယ် ''
အထူးတဆန်း လုပ်နေတဲ့ ဇာတ်လိုက်ကြောင့် မျက်လုံးကို လှန်ကာ ကြည့်လိုက်သည်။ အတော်ကြေကွဲနေပုံရသည့် ဇာတ်လိုက်ကြောင့် သူ့မှာ အံ့သြသလို မျက်ခုံးပင့်သွားရသည်။ စာအုပ်ကို ပိတ်လိုက်ပြီး ထိုင်နေရာမှ ထလိုက်သည်။
"ဘာအတွက်လဲ မင်းကတောင်းပန်ပါတယ် ဆိုတဲ့စကားပြောရလောက်တဲ့ အထိ ဘာအမှားလုပ်ထားလဲ ငါမသိဘူး ဒါကြောင့် ငါက မင်းရဲ့ တောင်းပန်စကားကိုလက်မခံဘူး သွားတော့မယ် ''
"ဂျွန်ဆန်း ''
ရုတ်တရက် ဒူးထောက်ချလိုက်သည့် ဟာမင်ယောင်း၏ အပြုအမူကြောင့် ဂျွန်ဆန်း ကြက်သေသေသွားရသည်။
ယခု သူတို့ရောက်နေတာ ကျောင်းပန်းခြံဖြစ်ပြီး ဟိုတစ်စုဒီတစ်စု ဝိုင်းဖွဲ့နေသည့် ကျောင်းသူ ကျောင်းသားများလည်း ရှိနေသည်။
"မင်းကငါ့ကို ထပ်ပြီး သူများအမြင်မှာ အရှက်ရအောင် လုပ်တာလား မင်းတော်သင့်နေပြီ မင်းရဲ့ ခုလို လုပ်ရပ်တွေ ရပ်တန်းကရပ်လိုက်ပါတော့ ''
"ငါ ငါတို့ အရင်လို ပြန်နေကြမယ်နော် ငါ့ကို ခုလို မဆက်ဆံပါနဲ့ ငါ ငါမခံစားနိုင်ဘူး ''
"ဟာမင်ယောင်း မင်း ဦးနှောက်က ဘာတွေပိတ်ဆို့နေတာလဲ မင်းရူးသွားတာလား ငါ့ကို အခုလိုလာပြီးတောင်းပန်စရာမလိုဘူး ငါတို့နှစ်ယောက် မပတ်သတ်ကြဘူး OKAY ''
ထွက်သွားတဲ့ ဂျွန်ဆန်း ကျောပြင်ကို ငေးကြည့်ရင်း ဒူးထောက်ရက်သားကျန်နေခဲ့တဲ့ ဟာမင်ယောင်း ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေသည့် ကျောင်းသူကျောင်းသား များ က တတွတ်တွတ်ပြောနေကြသေးသည်။
ကျောင်းစာမေးပွဲနီးပြီမို့ အေးဆေးနေနေတာကို လာနှောက်ယှက်တဲ့ ဇာတ်လိုက်စုံတွဲကို သူအနေနဲ့ သိပ်တော့မကြည်ဖြူ။
---------
'ချစ်သူက ဘယ်ရောက်နေလဲ မသိသေးဘူး'
ရှောင်းကျန့် မှာ စိတ်ညစ်ညူးတိုင်း ချစ်သူကိုသာ သတိတရတွေးလိုက်သည်။
ထိုအခါ သူ့စိတ်ထဲ အနည်းငယ် သက်တောင့်သက်သာဖြစ်တဲ့ အထိ အေးချမ်းသွားသည်။
ဟိုတစ်နေ့က ကိစ္စပြီးနောက် ဟာမင်ယောင်းသည် သူ့အနားကို ထပ်ရောက်မလာတော့ပေ။
သူ့၏ နေ့ရက်တိုင်းမှာ ပုံမှန် လေး လည်ပတ်နေသည်။ သို့သော် တစ်ခါတစ်ရံမှာ သူ့အတွက် နောက်ကျောမလုံသလိုခံစားရသည်။ သူ့အား တစ်ယောက်ယောက်က လိုက်ကြည့်နေသလိုမျိုး ခံစားရသည်။
ကုတင်ပေါ်မှာ လှဲချလိုက်ပြီး အိပ်စက်လိုက်သည်။
--------
"လက်နက်တွေ ဘယ်လိုလဲ ''
အသက် ၂၁ အရွယ် ကောင်လေးက လက်ထဲကအရက်ခွက်ကို လှုပ်ပြီး ကြည့်ရင်းမေးလိုက်သည်။
သူ၏လူယုံဟုပြောနိုင်သည့် လက်အောက်ငယ်သားက အရိုအသေပေးရင်း ဆက်ပြောသည် ။
" အားလုံး အဆင်ပြေပါတယ် သခင်လေး အရည်အသွေးလည်းကောင်းပါတယ် ''
"အင်း ဒါဆို မဆိုးဘူး ဟိုနေ့က သစ္စာဖောက်တွေ မိပြီလား ''
"ဟုတ်ကဲ့ မိပါပြီ သခင်လေး ''
"အင်း သွားကြရအောင် သူတို့ကို ငရဲကဘာလဲသိအောင်ပြပေးရမယ်''
ရှေ့ကနေ အရက်ခွက်ကို မော့လိုက်ပြီး ကြောက်စရာအပြုံးကြီးကို ပြုံးလိုက်သည့် သခင်လေးကို ဂျယ်ဆော့ မအံ့သြတော့ပေ။
သခင်လေးသည် ၁၄နှစ်အရွယ် ကစပြီး ဖခင်၏ လက်ငုတ်လက်ရင်းဖြစ်သည့်
ဒုစရိုက်အလုပ်မှာ ခေါင်းဆောင်တစ်ယောက်ဖြစ်လာခဲ့သည်။ မိဘနှစ်ပါး၏ ကားမတော်တဆ သေဆုံးမှုအပြီးမှာ တခြားကလေးတွေလို အဆော့ကစားမက်မနေနိုင်တော့ဘဲ ကုမ္မဏီကို တစ်လှည့် မြေအောက်လုပ်ငန်း တွေတစ်လှည့် မတောက်တစ်ခေါက်အသိလေးဖြင့် တတ်မြောက်အောင်လေ့လာသင်ယူခဲ့သည်။
အသက် ၂၁နှစ် နဲ့ မလိုက်ဖက်အောင် ရင့်ကျက်တည်ငြိမ်နေခဲ့ပြီး ကုမ္မဏီကလည်း Top Ten List ထဲမှာ ပါဝင်နေခဲ့သည်။
မိဘနှစ်ပါး၏ တရားမျှတမှုကိုလည်း ပြန်လည်ရှာဖွေနေရင်း သူသည် ကျားတစ်ကောင်လို ရက်စက်တတ်လာသည်။
"သခင်လေး ''
"အင်း ''
အခန်းထဲက ထွက်ထွက်ချင်း ခေါ်လာသည့် ငယ်ပေါင်းကြီး ဂျောင်မင်အာ ။
သူနှင့် ဂျယ်ဆော့ သည် ညီအစ်ကိုအရင်းအချာဖြစ်ပြီး ဘတ် မိသားစု၏ ကိုယ်ရံတော် မျိူးဆက်ဖြစ်သည်။
"ကြွက်တွေဆီသွားမလို့မလား ငါလိုက်ခဲ့မယ် ''
"သဘောပဲ ''
ထိုသို့ ပြောဆိုတတ်သည့် ဘတ်ဒုံဆူ ကို
မင်အာသဘောကျသည်။
ညီအစ်ကိုနှစ်ယောက်သည် ဘတ်ဒုံဆူနောက်မှ လိုက်ပါလာခဲ့သည်။ သူတို့သည် ယခု အိမ်ကြီး၏ မြေအောက်ခန်းထားရှိရာ အခန်းဆီသို့ ဦးတည်နေခဲ့ကြသည်။
-------
"Kitty မင်းဘယ်ရောက်နေလဲ ''
အိပ်ယာက နိုးနိုးချင်း Kitty ကို ခေါ်ကြည့်လိုက်သည် ။
"သခင့်အနားမှာ တွမ်တီဖိုးဟာဝါ(24hrs) တာဝန်ထမ်းဆောင်ဖို့ အသင့်ရှိနေကြောင်းပါ''
ဘေးနားကနေ ဖျက်ခနဲ ပေါ်လာသည့် ကြောင်ပေါက်လေး အား ပွေ့ကာ ပေါင်ပေါ်တင်လိုက်သည့် ရှောင်းကျန့်။
"အော် ငါ့ကို ပြောစမ်း အခု ဟာမင်ယောင်းက ဘာဖြစ်နေတာလဲ ''
"မသိဘူးလေ သူက နောင်တရတယ် ထင်ရတာပဲ ''
"အင်း ဒါနဲ့ ဟိုဂန်ဟေးရင်.. သူရော သူဘာလုပ်နေလဲ သူတို့နှစ်ယောက် အဆင်ပြေတယ်မလား ''
"လောလောဆယ်အဆင်ပြေတယ်ဆိုရမယ် ဒါပေမယ့် ဟာမင်ယောင်းကထူးဆန်းနေတယ် သခင် ''
"အင်း မင်းဗိုက်ဆာနေပြီလား Kitty ''
"အမ် သခင် သဘောကောင်းနေတာပါလား ပြောရမယ်ဆိုရင် ဆာပြီ အမဲသားနှပ်နဲ့ ငါးထမင်းနယ် စားချင်တာ ''
"အင်း ခဏစောင့် ''
အိမ်တွင်းဆက်သွယ်ရေးကိရိယာကိုယူကာ စားဖိုဆောင်ကို စေခိုင်းလိုက်သည်။
"အမဲသားနှပ်နဲ့ ငါးထမင်းနယ် အရိုးမပါစေနဲ့ သေချာပြင်ဆင်ပြီး ကျွန်တော့်အခန်းထဲ လာပို့ပေးပါ မကြာစေနဲ့နော်''
Kitty သည် အနည်းငယ် ဂုဏ်ဆာမိသည်။ သခင်က ကောင်းစားမှုကြောင့် သူ့မှာ အခု စပယ်ရှယ် စားရပြီ ဟူ၍သာ။
မင်းတို့ မန့်လေးတွေ ငါမျှော်နေပါတယ်
ပြီးတော့ ငါက အားတဲ့အချိန်လေးရေးရတာမို့ ဆေးလေးတွေကျွေးသွားကြပါ
Zawgyi
ေက်ာင္းထဲကို ေရာက္ေရာက္ခ်င္း လူအမ်ားက တေမ့တေမာ ေငးၾကည့္ေနၾကသည္။
ထို႔ေနာက္ တီးတိုးေျပာဆိုေနၾကသည္ ။
ေသခ်ာသည္က ဂြၽန္ဆန္းရဲ႕အတင္းအဖ်င္းေတြကို ေျပာေနၾကတာျဖစ္မည္။
ကားတံခါးဖြင့္ေပးလာသည့္ Bodyguard ကို ၿပဳံးျပရင္း ကားေပၚက ဆင္းလာလိုက္သည္ ။
သြယ္လ်သည့္ ေျခတံရွည္ေတြနဲ႕ ခ်မ္းသာသည့္ ထိပ္တန္းသူ႒ေးသားတစ္ခ်ိဳ႕ေတာင္ အနားမကပ္နိုင္သည့္ အဖိုးတန္
ဖိနပ္ကိုစီးထားသည့္ ဂြၽန္ဆန္းက အမ်ားအျမင္မွာ အံ့ၾသစရာျဖစ္ေနသည္။
အေကာင္းစား နာရီကလည္း Limit နဲ႕ထုတ္ထားတဲ့အတြက္ ခ်မ္းသာရက္နဲ႕ မဝယ္လိုက္ရသူေတြအမ်ားသား ။
တစ္ကိုယ္လုံးကို ဆင္ျမန္းထားသည့္ အရာေတြက တန္ဖိုးႀကီးတဲ့ အဆင္တန္ဆာေတြ ျဖစ္တာမို႔ အတင္းေျပာေနၾကသည့္ လူအမ်ားစုကပါးစပ္ပိတ္သြားၾကသည္။
ႏူးညံ့ေသာ အညိုေရာင္ဆံပင္ေခြေခြေလးက ဂြၽန္ဆန္းရဲ႕မ်က္ႏွာေခ်ာေခ်ာအား ပိုမို ခ်စ္ဖို႔ေကာင္းေအာင္ ပံ့ပိုးေပးေနသည္။
ခပ္ေခ်ေခ်နဲ႕ အၿပဳံးေလးတစ္ခုက သူ႕၏ ႏူတ္ခမ္းဖ်ားမွာ ျဖစ္ေပၚလာသည္။
"အစ္ကိုေလး ''
ေျခလွမ္းက်ဲႀကီးေတြနဲ႕ ေလွ်ာက္လွမ္းဖို႔ လုပ္ေနတုန္း ေခၚလာသည့္ Bodyguard က ေခါင္းကို ငုံ႕ထားသည္။
"အင္း ငါက ကေလးမဟုတ္ဘူး အဲ့ေတာ့ မင္းတို႔ ျပန္လို႔ရၿပီ ညေနမွ လာႀကိဳ ''
"ဟုတ္ကဲ့ အစ္ကိုေလး ''
ျပန္ထြက္သြားသည့္ ကားကို ၾကည့္ၿပီး သူထိုေနရာမွာ ရပ္ေနမိေသးသည္။
"ဂြၽန္ဆန္း ''
"ေအာ ''
အနားေရာက္လာသည့္ မိန္းကေလးကို ျပန္မၾကည့္ဘဲထူးလိုက္သည္။
"နင္ကဘယ္လိုေယာက်္ားေလးလဲ ေအာ္ Gay ဆိုေတာ့ အခုလို Attention ယူတာေပါ့ အဲ့လိုလား ''
"မင္းကေရာ ဘယ္လိုမိန္းကေလးလဲ ေယာက်ာ္းေလးတစ္ေယာက္ကို ထားပါေတာ့ မင္းေျပာတဲ့ Gay ေပါ့ အဲ့ဒီ Gay ကို ဘာလို႔ လာၿပီး အဖက္လုပ္ႏွောက္ယွက္ေနတာလဲ အာ ငါသိၿပီ မင္းက ငါ့ကို မနာလိုေနတာမလား ငါ့လို မဝတ္နိုင္လို႔ေလ ဟုတ္လား ''
"နင္ ဂြၽန္ဆန္း ဟင့္ ငါ့ကို အဲ့လိုမေျပာနဲ႕''
႐ုတ္တရက္ ထငိုလာသည့္ ဇာတ္လိုက္မက သူ႕စကားေၾကာင့္ အရွိုက္ထိသြားတာေတာ့မျဖစ္နိုင္။ သူ႕ကို အနိုင္ပိုင္းေနတဲ့အၾကည့္ကေနခ်က္ခ်င္း မ်က္ရည္ေတြ က်လာတဲ့အတြက္ သူစဥ္းစားၾကည့္ေနစဥ္
"ေဟးရင္ ''
စိုးရိမ္တႀကီးနဲ႕ ေရာက္လာသည့္ ဟာမင္ေယာင္း။
"ဂြၽန္ဆန္း မင္းကို ငါအျပတ္ေျပာထားၿပီးသားေလ မင္းကို ငါမခ်စ္ဘူး စိတ္မဝင္စားဘူး ေဟးရင္ကို ျပႆနာ မရွာနဲ႕လို႔ ''
"အဟက္ ''
ေဟးရင္၏ Drama ခင္းမႈကို ေအာ္ ဒါ့ေၾကာင့္ကိုး ဟု ၾသခ်ေနသည့္ ေရွာင္းက်န့္အေတြးမွာ ဟာမင္ေယာင္း၏ စကားကိုၾကားလိုက္ရခ်ိန္ ထရယ္ေတာ့သည္။
ဘာမွ ထပ္မေျပာခ်င္တာေၾကာင့္ ထိုေနရာကေန လွည့္ထြက္ေတာ့ ဆြဲထားသည့္ လက္တစ္ဖက္ ။
"ငါ ေျပာေနတာ မၿပီးေသးဘူးေလ ဂြၽန္ဆန္း ''
"မင္းရဲ႕ အေရမရအဖက္မရစကားေတြကို
ငါ့ကို နားေထာင္ခိုင္းအုန္းမွာလား ငါက ငါဆိုတဲ့ ေဆာဂြၽန္ဆန္း က မင္းလို အဆင့္မရွိတဲ့ေကာင္ရဲ႕စကားကို ဘာကိစၥ အခ်ိန္ကုန္ခံၿပီးနားေထာင္ရမွာလဲ မင္းရဲ႕ လက္ကိုခုခ်က္ခ်င္းလႊတ္ ''
မယုံနိုင္စြာ တအံ့တၾသျဖစ္ေနတဲ့ မ်က္ဝန္းေတြနဲ႕ ၾကည့္လာသည့္ ဟာမင္ေယာင္းက သူ႕လက္ကိုလႊတ္လိုက္သည္။
ေဘးနားကေန ျဖတ္သြားတဲ့ ေက်ာင္းသူေလးရဲ႕ေရဘူးကိုယူကာ လက္ေဆးပစ္လိုက္သည္။ ေဘာင္းဘီအိတ္ကပ္ထဲက တစ္ရႈးစကိုထုတ္ကာ သုတ္လိုက္ၿပီး
အနားက အမွိုက္ပုံးထဲ ပစ္ထည့္လိုက္သည္။
ထို႔ေနာက္ ေရဘူးပိုင္ရွင္မိန္းကေလးကိုၾကည့္ကာၿပဳံးျပလိုက္ေတာ့ သူမက အေတာင့္လိုက္ ရပ္ေနသည္။
"ေရဘူးဖိုး ယူမွာလား ''
ထိုမိန္းကေလးက ေခါင္းကို အသာရမ္းသည္။
တစ္ဖန္ထပ္ၿပဳံးျပရင္း ထိုေနရာကေန လွည့္ထြက္ခဲ့သည္။
"ေဟးရင္ ဘာျဖစ္သြားေသးလဲ ''
"ဟင့္အင္း သူကငါ့ကို နိုမ္တယ္ ''
"အာ ဟုတ္လား စိတ္ထဲမွာ ထားမေနနဲ႕''
ေဟးရင္ သည္ မင္ေယာင္းကို ၿပဳံးျပလိုက္ၿပီး အတူတူ အတန္းဘက္ကို ထြက္လာခဲ့ၾကသည္။
မင္ေယာင္းစိတ္ထဲမွာ ဂြၽန္ဆန္းရဲ႕အျပဳအမူေၾကာင့္ တစ္ခုခုကို ဆုံးရႈံးလိုက္ရသလို တႏုံ႕ႏုံ႕ခံစားေနရသည္။
ႏွလုံးသားကလည္း တစ္ဆစ္ဆစ္နဲ႕နာက်င္ေနသည္။
-------
"ဂြၽန္ဆန္း ''
ခုံတန္းေလးမွာ ထိုင္ၿပီး စာအုပ္ဖတ္ေနတုန္း ေရာက္လာသူေၾကာင့္ စာၾကည့္မပ်က္ ေျဖလိုက္သည္ ။
"ေအာ ''
"ငါ ေတာင္းပန္ပါတယ္ ''
အထူးတဆန္း လုပ္ေနတဲ့ ဇာတ္လိုက္ေၾကာင့္ မ်က္လုံးကို လွန္ကာ ၾကည့္လိုက္သည္။ အေတာ္ေၾကကြဲေနပုံရသည့္ ဇာတ္လိုက္ေၾကာင့္ သူ႕မွာ အံ့ၾသသလို မ်က္ခုံးပင့္သြားရသည္။ စာအုပ္ကို ပိတ္လိုက္ၿပီး ထိုင္ေနရာမွ ထလိုက္သည္။
"ဘာအတြက္လဲ မင္းကေတာင္းပန္ပါတယ္ ဆိုတဲ့စကားေျပာရေလာက္တဲ့ အထိ ဘာအမွားလုပ္ထားလဲ ငါမသိဘူး ဒါေၾကာင့္ ငါက မင္းရဲ႕ ေတာင္းပန္စကားကိုလက္မခံဘူး သြားေတာ့မယ္ ''
"ဂြၽန္ဆန္း ''
႐ုတ္တရက္ ဒူးေထာက္ခ်လိဳက္သည့္ ဟာမင္ေယာင္း၏ အျပဳအမူေၾကာင့္ ဂြၽန္ဆန္း ၾကက္ေသေသသြားရသည္။
ယခု သူတို႔ေရာက္ေနတာ ေက်ာင္းပန္းၿခံျဖစ္ၿပီး ဟိုတစ္စုဒီတစ္စု ဝိုင္းဖြဲ႕ေနသည့္ ေက်ာင္းသူ ေက်ာင္းသားမ်ားလည္း ရွိေနသည္။
"မင္းကငါ့ကို ထပ္ၿပီး သူမ်ားအျမင္မွာ အရွက္ရေအာင္ လုပ္တာလား မင္းေတာ္သင့္ေနၿပီ မင္းရဲ႕ ခုလို လုပ္ရပ္ေတြ ရပ္တန္းကရပ္လိုက္ပါေတာ့ ''
"ငါ ငါတို႔ အရင္လို ျပန္ေနၾကမယ္ေနာ္ ငါ့ကို ခုလို မဆက္ဆံပါနဲ႕ ငါ ငါမခံစားနိုင္ဘူး ''
"ဟာမင္ေယာင္း မင္း ဦးႏွောက္က ဘာေတြပိတ္ဆို႔ေနတာလဲ မင္း႐ူးသြားတာလား ငါ့ကို အခုလိုလာၿပီးေတာင္းပန္စရာမလိုဘူး ငါတို႔ႏွစ္ေယာက္ မပတ္သတ္ၾကဘူး OKAY ''
ထြက္သြားတဲ့ ဂြၽန္ဆန္း ေက်ာျပင္ကို ေငးၾကည့္ရင္း ဒူးေထာက္ရက္သားက်န္ေနခဲ့တဲ့ ဟာမင္ေယာင္း ကို ကြက္ၾကည့္ကြက္ၾကည့္လုပ္ေနသည့္ ေက်ာင္းသူေက်ာင္းသား မ်ား က တတြတ္တြတ္ေျပာေနၾကေသးသည္။
ေက်ာင္းစာေမးပြဲနီးၿပီမို႔ ေအးေဆးေနေနတာကို လာႏွောက္ယွက္တဲ့ ဇာတ္လိုက္စုံတြဲကို သူအေနနဲ႕ သိပ္ေတာ့မၾကည္ျဖဴ။
---------
'ခ်စ္သူက ဘယ္ေရာက္ေနလဲ မသိေသးဘူး'
ေရွာင္းက်န့္ မွာ စိတ္ညစ္ၫူးတိုင္း ခ်စ္သူကိုသာ သတိတရေတြးလိုက္သည္။
ထိုအခါ သူ႕စိတ္ထဲ အနည္းငယ္ သက္ေတာင့္သက္သာျဖစ္တဲ့ အထိ ေအးခ်မ္းသြားသည္။
ဟိုတစ္ေန႕က ကိစၥၿပီးေနာက္ ဟာမင္ေယာင္းသည္ သူ႕အနားကို ထပ္ေရာက္မလာေတာ့ေပ။
သူ႕၏ ေန႕ရက္တိုင္းမွာ ပုံမွန္ ေလး လည္ပတ္ေနသည္။ သို႔ေသာ္ တစ္ခါတစ္ရံမွာ သူ႕အတြက္ ေနာက္ေက်ာမလုံသလိုခံစားရသည္။ သူ႕အား တစ္ေယာက္ေယာက္က လိုက္ၾကည့္ေနသလိုမ်ိဳး ခံစားရသည္။
ကုတင္ေပၚမွာ လွဲခ်လိဳက္ၿပီး အိပ္စက္လိုက္သည္။
--------
"လက္နက္ေတြ ဘယ္လိုလဲ ''
အသက္ ၂၁ အ႐ြယ္ ေကာင္ေလးက လက္ထဲကအရက္ခြက္ကို လႈပ္ၿပီး ၾကည့္ရင္းေမးလိုက္သည္။
သူ၏လူယုံဟုေျပာနိုင္သည့္ လက္ေအာက္ငယ္သားက အရိုအေသေပးရင္း ဆက္ေျပာသည္ ။
" အားလုံး အဆင္ေျပပါတယ္ သခင္ေလး အရည္အေသြးလည္းေကာင္းပါတယ္ ''
"အင္း ဒါဆို မဆိုးဘူး ဟိုေန႕က သစၥာေဖာက္ေတြ မိၿပီလား ''
"ဟုတ္ကဲ့ မိပါၿပီ သခင္ေလး ''
"အင္း သြားၾကရေအာင္ သူတို႔ကို ငရဲကဘာလဲသိေအာင္ျပေပးရမယ္''
ေရွ႕ကေန အရက္ခြက္ကို ေမာ့လိုက္ၿပီး ေၾကာက္စရာအၿပဳံးႀကီးကို ၿပဳံးလိုက္သည့္ သခင္ေလးကို ဂ်ယ္ေဆာ့ မအံ့ၾသေတာ့ေပ။
သခင္ေလးသည္ ၁၄ႏွစ္အ႐ြယ္ ကစၿပီး ဖခင္၏ လက္ငုတ္လက္ရင္းျဖစ္သည့္
ဒုစရိုက္အလုပ္မွာ ေခါင္းေဆာင္တစ္ေယာက္ျဖစ္လာခဲ့သည္။ မိဘႏွစ္ပါး၏ ကားမေတာ္တဆ ေသဆုံးမႈအၿပီးမွာ တျခားကေလးေတြလို အေဆာ့ကစားမက္မေနနိုင္ေတာ့ဘဲ ကုမၼဏီကို တစ္လွည့္ ေျမေအာက္လုပ္ငန္း ေတြတစ္လွည့္ မေတာက္တစ္ေခါက္အသိေလးျဖင့္ တတ္ေျမာက္ေအာင္ေလ့လာသင္ယူခဲ့သည္။
အသက္ ၂၁ႏွစ္ နဲ႕ မလိုက္ဖက္ေအာင္ ရင့္က်က္တည္ၿငိမ္ေနခဲ့ၿပီး ကုမၼဏီကလည္း Top Ten List ထဲမွာ ပါဝင္ေနခဲ့သည္။
မိဘႏွစ္ပါး၏ တရားမွ်တမႈကိုလည္း ျပန္လည္ရွာေဖြေနရင္း သူသည္ က်ားတစ္ေကာင္လို ရက္စက္တတ္လာသည္။
"သခင္ေလး ''
"အင္း ''
အခန္းထဲက ထြက္ထြက္ခ်င္း ေခၚလာသည့္ ငယ္ေပါင္းႀကီး ေဂ်ာင္မင္အာ ။
သူႏွင့္ ဂ်ယ္ေဆာ့ သည္ ညီအစ္ကိုအရင္းအခ်ာျဖစ္ၿပီး ဘတ္ မိသားစု၏ ကိုယ္ရံေတာ္ မ်ိဴးဆက္ျဖစ္သည္။
"ႂကြက္ေတြဆီသြားမလို႔မလား ငါလိုက္ခဲ့မယ္ ''
"သေဘာပဲ ''
ထိုသို႔ ေျပာဆိုတတ္သည့္ ဘတ္ဒုံဆူ ကို
မင္အာသေဘာက်သည္။
ညီအစ္ကိုႏွစ္ေယာက္သည္ ဘတ္ဒုံဆူေနာက္မွ လိုက္ပါလာခဲ့သည္။ သူတို႔သည္ ယခု အိမ္ႀကီး၏ ေျမေအာက္ခန္းထားရွိရာ အခန္းဆီသို႔ ဦးတည္ေနခဲ့ၾကသည္။
-------
"Kitty မင္းဘယ္ေရာက္ေနလဲ ''
အိပ္ယာက နိုးနိုးခ်င္း Kitty ကို ေခၚၾကည့္လိုက္သည္ ။
"သခင့္အနားမွာ တြမ္တီဖိုးဟာဝါ(24hrs) တာဝန္ထမ္းေဆာင္ဖို႔ အသင့္ရွိေနေၾကာင္းပါ''
ေဘးနားကေန ဖ်က္ခနဲ ေပၚလာသည့္ ေၾကာင္ေပါက္ေလး အား ေပြ႕ကာ ေပါင္ေပၚတင္လိုက္သည့္ ေရွာင္းက်န့္။
"ေအာ္ ငါ့ကို ေျပာစမ္း အခု ဟာမင္ေယာင္းက ဘာျဖစ္ေနတာလဲ ''
"မသိဘူးေလ သူက ေနာင္တရတယ္ ထင္ရတာပဲ ''
"အင္း ဒါနဲ႕ ဟိုဂန္ေဟးရင္.. သူေရာ သူဘာလုပ္ေနလဲ သူတို႔ႏွစ္ေယာက္ အဆင္ေျပတယ္မလား ''
"ေလာေလာဆယ္အဆင္ေျပတယ္ဆိုရမယ္ ဒါေပမယ့္ ဟာမင္ေယာင္းကထူးဆန္းေနတယ္ သခင္ ''
"အင္း မင္းဗိုက္ဆာေနၿပီလား Kitty ''
"အမ္ သခင္ သေဘာေကာင္းေနတာပါလား ေျပာရမယ္ဆိုရင္ ဆာၿပီ အမဲသားႏွပ္နဲ႕ ငါးထမင္းနယ္ စားခ်င္တာ ''
"အင္း ခဏေစာင့္ ''
အိမ္တြင္းဆက္သြယ္ေရးကိရိယာကိုယူကာ စားဖိုေဆာင္ကို ေစခိုင္းလိုက္သည္။
"အမဲသားႏွပ္နဲ႕ ငါးထမင္းနယ္ အရိုးမပါေစနဲ႕ ေသခ်ာျပင္ဆင္ၿပီး ကြၽန္ေတာ့္အခန္းထဲ လာပို႔ေပးပါ မၾကာေစနဲ႕ေနာ္''
Kitty သည္ အနည္းငယ္ ဂုဏ္ဆာမိသည္။ သခင္က ေကာင္းစားမႈေၾကာင့္ သူ႕မွာ အခု စပယ္ရွယ္ စားရၿပီ ဟူ၍သာ။
မင္းတို႔ မန့္ေလးေတြ ငါေမွ်ာ္ေနပါတယ္
ၿပီးေတာ့ ငါက အားတဲ့အခ်ိန္ေလးေရးရတာမို႔ ေဆးေလးေတြေကြၽးသြားၾကပါ