ARAGI : Son Of Set
By Ginkgo_San
76.1K 10.6K 369
EGYPT BL 27.7.2021 »» 9.10.2021 More
Son Of Seth
01
02
03
04
05
06
07
08
10
11
12
13
14
15
16
17
18
19
20 [END]
09
2.6K 471 13
By Ginkgo_San
[  Zawgyi  ]
"အင်း"
...........
"မနက်စာပြင်ပေးမယ် ၊ လာ"
"မဖြစ်ဘူး"
"ဒီမှာထိုင်စောင့်နေ"
" စားလို့ရပြီ "
"အင်း မင်းရော"
"စားမှာပေါ့"
"သြော်"
အရာဂီက ဘာမှမပြော။ ခေါင်းသာညိတ်၏။
ထို့အပြင် ပခုံးကျယ်ကျယ် ၊ ရင်အုပ်တောင့်တောင့် ၊ လက်မောင်းကလဲ တောင့်တင်းနေပြီး အကျီင်္ကတောင်ကြပ်နေသလိုမျိုး။
"ဘာလဲ"
"နော့ရာမန်ဂီကိုသိလား"
"သိလား"
"ငါ့အကိုတော်"
အရာဂီကခေါင်းခါရင်း
"မသိဘူး နာမည်ပဲသိတယ်"
"ဟင်"
ကတ်နက်ဖေးသည် အရာဂီ၏ ပုံစံကိုကြည့်ကာ မူမမှန်တော့မှန်းသိတာကြောင့် အရာဂီ၏ အနားသို့သွားပြီး အကျီင်္ရင်ဘက်အား ဆွဲဖြဲပစ်လိုက်သည်။
ကတ်နက်ဖေးသည် အံ့သြနေစဉ် ခပ်မာမာအရာက ကြမ်းပြင်ပေါ်ပြုတ်ကျသလိုမျိုး ဒေါက်ခနဲ့အသံကြားလိုက်ရ၍ အရာဂီ၏ လက်ကိုကြည့်ရာ ထပ်မံအံ့သြသွားရပြန်သည်။
♥️♥️♥️
3.9.2021
Note_ the key of life 
__________________________
[  Unicode ]
မွေ့ရာမှာ King size ဖြစ်ကာကျယ်လွန်းသည့်အတွက်ကြောင့် လူ၃ယောက်ပင်အေးအေးဆေးဆေးအိပ်လို့ရသည်။ ထို့ကြောင့် အရာဂီအားသီးသန့် မွေ့ရာလုပ်ပေးမနေတော့ဘဲ သူ၏ မွေ့ရာပေါ်တွင်သာအိပ်စေလိုက်သည်။
ယောကျာ်းလေးချင်းပဲ ..... ဘာမှမဖြစ်ဘူး .... လော်ရီနဲ့တောင်အိပ်သေးတာပဲ .....
ကတ်နက်ဖေးသည် ညမအိပ်ခင် ရေချိုးခန်းထဲသို့ဝင်ကာ ကိုယ်လက်သန့်ရှင်းလိုက်သည်။ မျက်နှာသစ်သွားတိုက်ပြီးသည့်နောက် သူသည်အခန်းထဲမှထွက်လာလိုက်သည်။
အခန်းအပြင်သို့ရောက်သောအရာသူသည် မွေ့ရာပေါ်တွင်ထိုင်နေသော အရာဂီအားကြည့်လိုက်၏။
အရာဂီသည် မွေ့ရာပေါ်တွင်ထိုင်ကာ အောက်သို့ ခြေထောက်ချရင်း သူ့အားကြည့်လာလေသည်။
ဆံပင်အားစုစည်းပေးထားသည့်အတွက်ကြောင့် အရာဂီ၏ မျက်နှာသည်ရှင်းရှင်းလင်းလင်းပေါ်လွင်နေကာ အတော်ပင်ကြည့်ကောင်းသည်။
အရာဂီ၏ မျက်နှာသည် ချောမောသည်ထက်ယောကျာ်းဆန်သည်။ မျက်နှာပေါက်သည် Dennis Oh လိုမျိုးဖြစ်သည်။
အသားနည်းနည်းညိုကာ တောင့်တောင့်ဖြောင့်ဖြောင့်ပင်။ အထူးသဖြင့်  ကျောတွင်ရှိသော ဆေးမင်ကြောင်များက ပိုပြီးဆွဲဆောင်မှုရှိ၏။
ကတ်နက်ဖေးသည် အတန်ကြာငေးပြီးမှအသိဝင်လာလေသည်။ သူသည်မျက်နှာအားရေစင်အောင်သုတ်ပြီးနောက် အခန်းမီးကိုပိတ်ကာ ညမီးသီးကိုထွန်းလိုက်သည်။
သူသည် မွေ့ရာပေါ်သို့တတ်လိုက်သောအခါ အရာဂီက စိုက်ကြည့်လာလေသည်။
အမြဲတမ်းတမ်းလိုလို စိုက်ကြည့်လာတတ်၍ သူသည် စိတ်ထဲ တစ်မျိုးဖြစ်လာသည်။
ပထမတွင် စိတ်ရှုပ်သည်၊ ကြောက်သည်။ သို့သော် တဖြည်းဖြည်းနှင့် ရှက်လာလေသည်။
သူသည် ဖြူစွတ်သောအသားအရည်နှင့် အရပ်ရှည်ရှည်ဖြစ်သောကြောင့် တောင့်တောင့်ဖြောင့်ဖြောင့် Gay တချို့၏ စိတ်ဝင်စားစရာဖြစ်လာသည်။
ထိုလူတချို့သည် သူ့အား စိုက်ကြည့်လာလျှင်စိတ်ထဲ ဘယ်လိုမှမရှိပေ။ ဒေါသလဲ မထွက်ဖြစ်သလို စိတ်လဲမဝင်စားမိ။
သူတောင် တစ်ခါတရံချောမောလှသော မိန်းကလေးအားမြင်လျှင် ကြည့်တတ်သေးသည်ပဲ။ ထွေထွေထူးထူးစိတ်ထဲ ထားစရာမလိုပေ။ ရှက်ခြင်းလည်းလုံးဝမဖြစ်။
သို့သော် အရာဂီစိုက်ကြည့်ခြင်းခံရလျှင် ကတ်နက်ဖေးသည်အတန်ငယ်ရှက်လာမိသည်။ သူ၏ တစ်ကိုယ်လုံးသည် ဖိန်းရှိန်းလာတာ နေရထိုင်ရခက်လာ၏။
စူးရှသော မျက်ဝန်များအား သူအကြာကြီးမကြည့်နိုင်ပေ။ အရာဂီ၏ မျက်ဝန်းသည်အတော်ပင်စူးရှကာ ညို့ဓာတ်ပြင်းသည်။ဩဇာအာဏာရှိသည်။ ရက်စက်သည်။ မောက်မာသည်။
ကတ်နက်ဖေးသည် စောင်အဖြူကြီးအား ခါးအောင်ပိုင်းနားအထိ ဆွဲကာခြုံလိုက်၏။ထို့နောင်သူသည် ဘေးနားမှ အရာဂီကိုပါ စောင်ခြုံပေးလိုက်သည်။
"စောင်ခြုံနော် ၊ ရာသီဥတုက နည်းနည်းအေးချင်တယ်"
"အင်း"
အရာဂီသည် သူ၏ စကားကိုနားထောင်ပြီးစောင်အဖြူကြီးအားဆွဲခြုံသည်။ ကတ်နက်ဖေးသည်လည်း အရာဂီအားလှည့်မကြည့်တော့ဘဲကျောခိုင်းကာ မျက်လုံးမှိတ်ထားလိုက်သည်။
သူသည် ခေါင်းအုံးနှင့်ခေါင်းထိလျှင်အိပ်ပျော်သွားတတ်သည့်လူမျိုးမဟုတ်။ အိပ်ဖို့တော်တော်လေးအချိန်ယူရသည်။
ဖုန်းမသုံးတော့ဘဲ စောင်ကိုခါးအထိခြုံထားရင်းငြိမ်နေလိုက်၏။ ကတ်နက်ဖေးသည် အိပ်ပျော်ခါနီးဆဲဆဲတွင် သူ၏ နားသယ်စသည် တစ်စုံတစ်ခု၏ ထိကပ်ခြင်းကိုခံလိုက်ရသည်။
သူသည် လုံးလုံးလျားလျားအိပ်မပျော်သေးတာကြောင့် ထိုခံစားမှုအားသိလိုက်ရသည်။ အသက်ပင်အောင့်ထားမိသည့်အထိ ၊  မျက်လုံးပြူးသွားတဲ့အထိပင်။
သူသည် စောင်စကိုတင်းတင်းဆုပ်ကိုင်ထားမိသည်။ အောက်နှုတ်ခမ်းအာဖိကိုက်ကာ မျက်လုံးပြူးရင်း လူသေပမာ တောင့်တောင့်ကြီးဖြစ်နေလေသည်။
အမှန်တကယ်ပင် အရာဂီသည်နားသယ်စအား သူ၏ နှာခေါင်းဖြင့်ပွတ်ဆွဲသွားခြင်းပင်။ ကတ်နက်ဖေး၏ ရင်ထဲတွင် ဝုန်းဒိုင်းကြဲနေလေ၏။
သူသည် တော်တော်ပင်နေရခက်လာသည်။ နောက်ကိုလှည့်ပြီး ခင်ဗျားဘာလုပ်တာလဲလို့မေးပစ်ချင်ပေမဲ့ လှည့်တောင်မကြည့်ရဲ။
ယောကျာ်းတစ်ယောက်ဆီက ရတဲ့ အနမ်းကြောင့် ကြက်သီးများထလာသည်။ သူသည် အမှန်တကယ် Gay မဟုတ်။ မိန်းကလေးတွေကိုသာကြိုက်တတ်သော  လူတစ်ယောက်သာဖြစ်၏။ သို့သော် သူသည် gay များအား ခွဲခြားဆက်ဆံတာမျိုးမလုပ်ပေ။
သို့သော် သူ့အား ယောကျာ်းတစ်ယောက်က အခုလိုဆက်ဆံလာသည်ကို တော်တော်လေး စိတ်ထဲ မလုံသလိုခံစားရ၏။
ခဏကြာသောအခါ အရာဂီသည် အနည်းငယ်မျှလှုပ်သွားပြီးနောက်ပြန်လည်ငြိမ်သက်သွားလေသည်။ နောက်ထပ် ထပ်ပြီး မလှုပ်တော့ ။ ကြည့်ရတာ အိပ်သွားပုံရ၏။
ကတ်နက်ဖေးသည် အသက်ဝဝရှူလိုက်ပြီးမျက်လုံးအား ဖျစ်ညှစ်ပြီးမှိတ်ထားလိုက်သည်။
အရာဂီသည်  သူ့အား မိဖုရားဝင်စားသည်ဟုထင်မှတ်ကာ ဂရုစိုက်နေသည်၊သဘောကျနေသည်ဟုသာ ထင်မိသည်။
...........
မနက်သို့ရောက်သာအခါ ကတ်နက်ဖေး ရေချိုးခန်းထဲသို့ဝင်ကာ မှန်ရှေ့တွင်မတ်တတ်ရပ်နေလိုက်၏။
ညကအဖြစ်အပျက်သည် သူ၏ ခေါင်းထဲသို့ အစီအရီဝင်လာသည်။ သူသည် လက်နှင့် နားသယ်စလေးအား ဖွဖွကိုင်လိုက်၏။
အဖြစ်အပျက်အားပြန်တွေးမိသောအခါ သူသည် ကြက်သီးများတဖြန်းဖြန်းထသွားလေသည်။နှစ်ပေါင်း ၃၀၀၀ကျော်ရှိတဲ့ ထူးဆန်းလူသားတစ်ယောက်က သူ၏ နားသယ်စအား လာနမ်းသည်။ ထိတွေ့မှုသည် တအားညင်သာလှသည်။
သူနိုးသွားမည်ကို စိုးရိမ်နေပုံရ၏။ ကတ်နက်ဖေးသည် လက်ဝါးနှင့် ပါးအား ခပ်ဆက်ဆက်ရိုက်လိုက်သည်။
သူ၏ အသားအရည်သည် တအားဖြူ၍ အနည်းငယ်ရဲတတ်လာ၏။ သို့သော် သူသည်အရမ်းကြီး အနုအယွမဟုတ်။ ထို့ကြောင့် ရဲနေသည်ကို ဂရုမစိုက်ဘဲ မျက်နှာသစ်၊ သွားတိုက်လိုက်၏။
သေသေချာချာသန့်ရှင်းပြီးမှ ကတ်နက်ဖေး ချိုးခန်းထဲကထွက်လာလိုက်သည်။ မွေ့ရာအနားတွင် အရာဂီမရှိပေ။
အရာဂီက စောနကမှ မျက်နှာသစ်ပြီးသွားတာဖြစ်၍ အိမ်ရှေ့ရောက်နေလောက်သည်။ ကတ်နက်ဖေးသည် မျက်နှာရေသုတ်ကာ အခန်းထဲမှထွက်လာလိုက်သည်။
ထင်ထားသည့်အတိုင်းပင် အရာဂီသည် ဧည့်ခန်းထဲမှဆိုဖာပေါ်တွင် ငြိမ်သက်စွာထိုင်နေလေသည်။ ကတ်နက်ဖေး ရောက်လာသည်ကိုပင်အာရုံမထားမိသလို။
သူ အနည်းငယ်တော့ အံ့ဩသွားသေးသည်။ အရာဂီက အမြဲတမ်းလိုလို သူ့အားစိုက်ကြည့်နေတတ်၏။ သူဘာလုပ်လုပ်အမြဲတမ်းကြည့်နေတတ်သည်။
ယခုတွင်မူ လုံးဝလှည့်ကြည့်မလာပေ။ သူသည် ခြေသံအားပုံမှန်နင်းလာ၍ အသံတော့သိသာသည်။ သို့သော်အရာဂီက လုံးဝလှည့်မကြည့်ဘဲ ကျောခိုင်းကာထိုင်နေလေသည်။
သူသည် ရှေ့အားတိုးကာ အရာဂီ၏ နောက်သို့သွားလိုက်သည်။
"မနက်စာပြင်ပေးမယ် ၊ လာ"
ထိုအခါမှ အရာဂီက လှည့်ကြည့်လာသည်။ပြီးတော့မှခေါင်းညိတ်လာသည်။
သို့သော် ပုံစံသည် မမှန်ပေ။ တစ်ခုခုဖြစ်နေသလိုခံစားရတာကြောင့်။
"ဘာဖြစ်နေတာလဲ တစ်ခုခုဖြစ်နေတာလား"
"မဖြစ်ဘူး"
"တစ်ခုခုဖြစ်ရင် ကျွန်တော့်ကိုအသိပေး ၊ အခါချိန်မှာ ခင်ဗျားကိုအကူအညီပေးနိုင်တာ ကျွန်တော်နဲ့ လော်ရီပဲရှိတယ်"
အရာဂီက ခေါင်းညိတ်သည်။ ထို့နောက် ကတ်နက်ဖေးလည်း ဘာမှဆက်မပြောတော့ဘဲ ထမင်းစားခန်းထဲသို့ဝင်လာလိုက်၏။
သူသည်လည်း အီဂျစ်စကားအား ပြောနေရသည်မှတော်တော်ကြာပြီဖြစ်သည်။ ကနဦးတွင် အီဂျစ်စကားအား လေ့လာထားသောကြောင့်တတ်ကျွမ်းသော်လည်း အရမ်းကြီးမဟုတ်။
အနည်းငယ်မျှသာ။ လေ့လာသာထားပြီး ထုတ်မပြောဖူးသောကြောင့် အနည်းငယ်အခက်တွေ့သည်။
သို့သော် ယခုတွင်မူ အရာဂီအား အီဂျစ်စကားဖြင့်ပြောနေရသောကြောင့်သူ၏ စကားစွမ်းရည်သည်လည်း တော်တော်ပင်တိုးတတ်လာပြီဖြစ်သည်။
စစချင်းတွင် အားယူကာ လိပ်ကဲ့သို့ပြောနေရသော်လည်း ယခုတွင် ပုံမှန်စကားကဲ့သို့ပြောတတ်ပြီဖြစ်၏။
ထမင်းစားခန်းသည် အနည်းငယ်ကျယ်ဝန်းသည်။ လေးထောင့်စားပွဲကြီးနှင့် ထိုင်ခုံများသည် နေရာတကျရှိ၏။
ကတ်နက်ဖေးသည် သူ၏ နောက်မှ ဝင်လာသော အရာဂီအားကြည့်ပြီး  ထိုင်ခုံကိုထုတ်ပေးလိုက်သည်။
"ဒီမှာထိုင်စောင့်နေ"
အရာဂီက စကားနားထောင်ပြီး အေးအေးဆေးဆေးထိုင်စောင့်နေသည်။
ကတ်နက်ဖေးလည်း ဗီဒိုထဲမှ ပန်းကန်တွေကိုထုတ်ပြီး တင်ရင်း ရေခဲသေတ္တာထဲက ပေါင်မုန့်၊  ချိစ်ဗူးနှင့် ယိုဗူးများကို ထုတ်လိုက်သည်။
စားပွဲပေါ်ကိုအားလုံးတင်ပြီး ပေါင်မုန့်ကို ချိစ်နှင့်ယိုရောသုတ်ပေးပြီး ပန်းကန်ထဲထည့်ပေးလိုက်သည်။ ထို့နောက်ပန်းကန်ကို ရှေ့သို့တွန်းပို့ရင်း
" စားလို့ရပြီ "
"အင်း မင်းရော"
"စားမှာပေါ့"
သူလည်း ထိုင်လိုက်ပြီး ပေါင်မုန့်ကိုသာအာရုံစိုက်စားလိုက်၏။နှစ်ယောက်စလုံးတိတ်ဆိတ်နေရင်းမှ အရာဂီက စတင်ကာပြောလာသည်။
"မင်းဟိုတစ်နေ့ကတွေ့တဲ့ စာအုပ်ကဘာထူးလဲ"
ကတ်နက်ဖေးက ပေါင်မုန့်စားရင်းဖြေလိုက်၏။
"အင်း သိပ်တော့မထူးခြားပါဘူး ၊ အဖိုးရဲ့ဒိုင်ရာရီသက်သက်ပါ"
"ဩော်"
"စိတ်မပူပါနဲ့ ၊ မကြာခင် ခင်ဗျားအကြာင်းကိုသိရမှာပါ"
အရာဂီက သူ့အားစိုက်ကြည့်လာသာကြောင့် ကတ်နက်ဖေးပြုံးပြီး
" လော်ရီကလဲ စုံစမ်းနေတယ် ၊ သူက ရှေးဟောင်းသုတေသန မျိုးရိုးကလူလေ၊ ပြီးတော့ သူ့အသိထဲမှာ တော်တော်လေးကိုတော်တဲ့ ပညာရှင်တွေရှိတယ်။ အဲ့တာသူစုံစမ်းနေတယ်၊ ပြီးရင် ခင်ဗျားရဲ့ ခေါင်းတလားကိုပြပြီး ကျွန်တော်တို့အတိတ်ကိုရှာလို့ရပြီ"
အမှန်ပင်။ သူတို့သည် ယခုမှလူငယ်များဖြစ်ကာ ပညာရှင်အဆင့်မရောက်သေး။ ထို့ကြောင့် အရာဂီ၏ ခေါင်းတလားကိုသေချာမဖော်ထုတ်နိုင်။
ထို့ကြောင့် ကျွမ်းကျင်သော ရှေးဟောင်းသုတေသန ပညာရှင်တစ်ယောက်ကိုရှာကာ ခေါင်းတလားကိုပြပြီး အရာဂီ၏ အကြောင်းအား စုံစမ်းရနိုင်သည်။
အရာဂီသည် မပုတ်မသိုးသည့်အပြင် လူကောင်းအတိုင်းဖြစ်နေ၍ ထူးဆန်းသောအကြောင်းမရာများဖြစ်လာမည်ကို သူကြိုတင်သိသည်။
ကတ်နက်ဖေးက စားနေရင်း မှ
"ခင်ဗျားကို Engish စကားသင်ပေးမယ် ၊ ဒီမှာနေဦးမယ်ဆို ဒါတော့တတ်ထားသင့်တယ်"
အရာဂီက ဘာမှမပြော။ ခေါင်းသာညိတ်၏။
ကတ်နက်ဖေးသ ပေါင်မုန့်ကို တစ်ကိုက်ဝါးက အချိုရည်ကိုမော့လိုက်၏။
" ဉာဏ်ကောင်းမဲ့ပုံပါ ၊ သင်လွယ်မယ်ထင်တယ်"
စားသောက်ပြီးသောအခါ ကတ်နက်ဖေးသည် အရာဂီအား သိသင့်သိထိုင်သည်များကိုသင်ပြရတော့သည်။ အရာဂီသည်လည်း စိတ်ပါလက်ပါနှင့် ကတ်နက်ဖေးပြောသမျှအား နားထောင်၏။
ထူးဆန်းသည်က အရာဂီသည် ၁ပတ်အတွင်းပင်English စကားကိုကျွမ်းကျွမ်းကျင်ကျင်ပြောတတ်ပြီဖြစ်သည်။ ဒီအချိန်တိုအတွင် ကျွမ်းကျင်သွားသော အရာဂီကြောင့်ကတ်နက်ဖေး အံ့ဩရုံသာတတ်နိုင်သည်။
ပုံမှန်မဟုတ်ဘူးပဲ .... ထင်တော့ထင်သား .... ပုံမှန်မဟုတ်ဘူးလို့ ..... တခြားဘာတွေကိုလဲ တတ်ထားသေးလဲ မသိဘူး ....
ယခုဆိုလျှင်အရာဂီသည် သူတို့နည်းတူခေတ်မှီသောလူတစ်ယောက်ဖြစ်နေလေသည်။  အီဂျစ်စကားအားမပြောဖြစ်တော့ဘဲ ပုံမှန်အတိုင်းသာပြောဖြစ်သွားကြသည်။
ကတ်နက်ဖေးသည် အခန်းထဲတွင် စာဖတ်လေ့ရှိသည်။ သူသည် စာအုပ်များရှာဖတ်လိုက် ၊ website ပေါင်းသောင်းခြောက်ထောင်မှာ အရာဂီအကြောင်းရှာလိုက် ၊ ဖာရိုတွေအကြောင်းကိုရှာလိုက်နှင့် တော်တော်ပင်အလုပ်ရှုပ်နေလေသည်။
ကတ်နက်ဖေးသည်Laptopအားကြည့်နေရာမှ  နောက်သို့လှည့်ကြည့်လိုက်ရာအရာဂီကိုမြင်လိုက်ရသည်။
အရာဂီသည် သူနှင့် မလှမ်းမကမ်းတွင်ထိုင်နေကာ စာအုပ်ဖတ်နေလေသည်။ ထိုစာအုပ်သည်အီဂျစ်နတ်ဘုရားများအကြောင်းဖြစ်လေသည်။
ကတ်နက်ဖေးသည် laptop အားမကြည့်မိဘဲ အရာဂီအားကြည့်နေမိသည်။ အနီရောင်ဆံပင်ကပေါ်လွင်နေပြီး မဲနက်နေသော ဆံပင်များကြားတွင် ရှိနေ၏။
ထို့အပြင် ပခုံးကျယ်ကျယ် ၊ ရင်အုပ်တောင့်တောင့် ၊ လက်မောင်းကလဲ တောင့်တင်းနေပြီး အကျင်္ီကတောင်ကြပ်နေသလိုမျိုး။
တစ်ခါတစ်ခါလှုပ်ခက်သွားတဲ့ လည်စိ။ စာအုပ်အားကိုင်ထားသည့်လက်တွင် သွေးကြောများထောင်နေပြီး ကြမ်းပြင်ပေါ်မှာ ဒူးတစ်ဖက်ထောင်ပြီး ထိုင်စာဖတ်နေသည့်ပုံက တော်တော်လေးကို ကြည့်ကောင်းနေ၏။
ကြည့်နေရင်းပင် ကတ်နက်ဖေး၏ မျက်နှာသည် အနည်းငယ်ဖိန်းတိန်းရှိန်းတိန်းဖြစ်လာလေသည်။ သူသည် ချက်ချင်းပင် အကြည့်လွှဲကာ laptop ကိုပြန်ကြည့်လိုက်သည်။
သူသည် ပူကျစ်လာသည့်နားဖျားလေးအား လက်နှင့်အသာကိုင်ကာ စိတ်ငြိမ်အောင်နေမိသည်။
ဘာလဲ .... အရမ်းခံ့လွန်းပြီး ယောကျာ်းဆန်တဲ့လူတစ်ယောက်နဲ့ အတူတူနေရတော့ ငါ့စိတ်တွေအရမ်းကိုယိုင်နဲ့ သွားတာလား .... ကွေးချင်နေပြီလား  ...
ကတ်နက်ဖေးသည်တွေးရင်းနှင့်မျက်လုံးထဲတွင် အရာဂီ၏ အဝတ်ဗလာနှင့်ပုံစံကို မြင်ယောင်မိသည်။
တောင့်တင်းတဲ့ဝမ်းဗိုက်ကြွက်သားအရစ်ရစ်တွေ ၊ကျောပြင်တစ်လျောက်မှရှိတဲ့ ဆေးမင်ကြောင်တွေ။
အိုး သူအပျိုဖြန်းလေးလိုရှက်သွေးဖြာနေမိပြီ။
ကတ်နက်ဖေးသည် စားပွဲပေါ်သို့ခဏကြာအောင်ခေါင်းတင်ကာစိတ်အေးအေးထားမိသည်။ ၅မိနစ်လောက်ကြာမှသူသည် ခေါင်းထောင်လိုက်ပြီး ထိုင်ခုံမှထကာ အရာဂီ၏ အနားသို့ လျောက်လာလိုက်သည်။
သူလျောက်လာသည်နှင့် အရာဂီကမော့ကြည့်လာ၏။
" မေးစရာရှိတယ် ခင်ဗျားကို"
"ဘာလဲ"
အရာဂီ၏ လေသံသည့်တော်ပင် နားထောင်ကောင်းသည်။ ရှေးအီဂျစ်စကားကို ပြောတုန်းကလည်း အောရှရှနှင့်နားထောင်ကောင်းသည်။
ယခု English လိုပြောတော့လည်း တစ်မျိုးတစ်ဖုံ နားထောင်ကောင်းနေပြန်၏။
ကတ်နက်ဖေးသည် ကြမ်းပြင်တွင်တင်ပျဉ်ခွေကာထိုင်လိုက်သည်။ သူထိုင်လိုက်သောအခါ အရာဂီက ကြည့်လာသည်။
"နော့ရာမန်ဂီကိုသိလား"
သူ၏ စကားအဆုံ အရာဂီကမျက်မှောင်ကြုတ်သွားသည်။
"သိလား"
"ငါ့အကိုတော်"
"အိုး ခင်ဗျားသိနေတာပဲ သူ့အကြောင်းရောသိလား"
အရာဂီကခေါင်းခါရင်း
"မသိဘူး နာမည်ပဲသိတယ်"
"ဟင်"
ကတ်နက်ဖေး နည်းနည်းတော့ စိတ်ညစ်သွားသည်။အရာဂီ၏ မှတ်ဉာဏ်သည် နာမည်များလူများသာမှတ်မိပြီး အဖြစ်အပျက်များကို မမှတ်မိဖြစ်နေသည်။
ကတ်နက်ဖေးသည် ဘေးနားမှ သူ၏ လွယ်အိတ်ကိုလှမ်းယူကာ အထဲမှ သူသိမ်းထားသောအရာကိုထုတ်လိုက်၏။
၎င်းမှာ အဖိုး၏အိမ်မှ ရွှေပြားဖြစ်သည်။ ဤအရာအား အရာဂီကိုတစ်ခါမှမပြဖူးသး။ အရာဂီမျာ တစ်ခုခုသိနေမလား အားတင်းကာ သူထုတ်ပြလိုက်၏။
"ဒါလေးကိုတစ်ချက်ကြည့်ပေး"
သူသည်  ထိုရွှေပြားလေးကို အရာဂီအားပေးလိုက်သည်။ အရာဂီက ရွှေပြားကိုယူကာ စိုက်ကြည့်၏။
ကတ်နက်ဖေးသည် အခြေအနေကို အကဲခက်နေလိုက်သည်။ တစ်ခုခုထူးခြားမည်ဟုထင်မိသည်။
သူ၏ ခန့်မှန်ချက်သည် သွေးထွက်အောင်မှန်သည်။
ရုတ်တရက်ပဲ အရာဂီ၏ မျက်နှာ အမူအရာသည်ပြောင်းလဲပြီး လက်ဝါးပေါ်မှ ရွှေပြားသည်အငွ့များထွက်လာ၏။အပူပေးသကဲ့သို့ အငွေ့များသည် ဖြည်းဖြည်းချင်းထွက်လာသည်။
ကတ်နက်ဖေးသည် အရာဂီ၏ ပုံစံကိုကြည့်ကာ မူမမှန်တော့မှန်းသိတာကြောင့် အရာဂီ၏ အနားသို့သွားပြီး အကျင်္ီရင်ဘက်အား ဆွဲဖြဲပစ်လိုက်သည်။
ရုတ်တရက်ပင် ဆေးမင်ကြောင်များသည် အရာဂီ၏ ရှေ့ရင်ဘက်အထိပါ ပေါ်လာလေသည်။ ထိုဆေးမင်ကြောင်များသည် အပြာရင့်ရင့်တောက်ပနေပြီး မီးလောင်နေသလိုဖြစ်နေလေသည်။
ဆေးမင်ကြောင်များသည် တဖြည်းဖြည်းလှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။ နေရာရွေ့လျားနေတာမျိုးမဟုတ်ဘဲ တုန်လှုပ်နေသလိုဖြစ်နေလေသည်။
ပထမဆုံး အဖိုး၏ အိမ်တွင်စတွေ့တုန်းကအရာဂီတွင် ဆေးမင်ကြောင်များမရှိပေ။သူသတိမထားမိသော်ငြား မရှိတာသေချာသည်။
ဒုတိယအကြိမ် အရာဂီအဝတ်လဲတုန်းကသူ၏ နောက်ကျောဘက်တွင် ဆေးမင်ကြောင်များကိုတွေ့လိုက်ရသည်။
ယခုတွင်မူ ရှေ့ရင်ဘက်တွင်ပါ ပေါ်လာပြန်သည်။
ဒါကဘာသဘောလဲ ၊၊ အရာဂီပြောတဲ့စကားအရ ဤဆေးမင်ကြောင်များသည် သစ္စာများ၊ကျိန်စာများဖြစ်ပြီး ဖာရိုများထိုးလေ့ရှိသော ဆေးမင်ကြောင်များဖြစ်သည်။
ပထမတုန်းက မရှိဘဲ ပျောက်နေပြီး အခုမှပေါ်လာတာ ဘာသဘောလဲ။
ကတ်နက်ဖေးသည် အံ့ဩနေစဉ် ခပ်မာမာအရာက ကြမ်းပြင်ပေါ်ပြုတ်ကျသလိုမျိုး ဒေါက်ခနဲ့အသံကြားလိုက်ရ၍ အရာဂီ၏ လက်ကိုကြည့်ရာ ထပ်မံအံ့ဩသွားရပြန်သည်။
အရာဂီ၏ လက်ထဲတွင်ရှိသောရွှေပြားသည် တစ်စတစ်စကျိုးကြေကွာကျသွားပြီးနောက် သေသပ်သော ပုံဏ္ဍာန်တစ်ခုပေါ်လာလေသည်။
ကတ်နက်ဖေးသည် ကြောင်အ, လျက် ထိုအရာကိုကြည့်နေမိသည်။ ထိုအရာသည် သော့တစ်ချောင်းဖြစ်ကာ လက်ညှိုးအရွယ်လောက်သာရှိ၏။
ရွှေသော့တစ်ချောင်းသည် အရာဂီလက်ပေါ်တွင်ရှိနေလေသည်။
"ဒါက The Key Of Life  ရဲ့ သင်္ကေတမဟုတ်လား"
♥️♥️♥️
3.9.2021
Note_ the key of life 
__________________________
Continue Reading
You'll Also Like
1.1M 62K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...
224K 26K 76
Author. - Ye Yilou English translator. - Yuel-23 Status - Complete Genre . - Fanta...
6.7K 1.3K 40
ලෝකයාගෙන් සැඟවී ගිය දක්ෂයන් රජ කරවන ඉන්ද්‍රජාලික රජදනක්. 🔮🪄 ලෝකයේ අති දක්ෂ ඉන්ද්‍රජාලිකයන් බිහි කරන තෝතැන්නක්. වසර දහසකට පෙර හිස එසවූ අඳුරු මායාවක...
21.6K 1.9K 20
Cover Photo From Pinterest. Credit to Original Uploader. "စာမရီ ကဘယ်အခြေအနေ ဘယ်ဘဝရောက်ရောက်မောင်မောင့်အပိုင်ပဲ။ ဒါကိုကံကြမ္မာကတားမြစ်ရင်တောင်မရနိုင...