ခွင့် (Unicode+Zawgyi)

By mg-yoe-shin

16.8K 978 864

တစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။ More

Intro(U+Z)
Chapter-1(U+Z)
Chapter-2(U+Z)
Chapter-3(U+Z)
Chapter-4(U+Z)
Chapter-5(U+Z)
Chapter-6(U+Z)
Chapter-7(U+Z)
Chapter-8(U+Z)
Chapter-9(U+Z)
Chapter-10(U+Z)
Chapter-11(U+Z)
Chapter-12(U+Z)
Chapter-13(U+Z)
Chapter-14(U+Z)
Chapter-15(U+Z)
Chapter-16(U+Z)
Chapter-17(U+Z)
Chapter-18(U+Z)
Chapter-19(U+Z)
Chapter-20(U+Z)
Chapter-21(U+Z)
Chapter-22(U+Z)
Chapter-23(U+Z)
Chapter-24(U+Z)
Chapter-25(U+Z)
Chapter-26(U+Z)
Chapter-27(U+Z)
Chapter-28(U+Z)
Chapter-29(U+Z)
Chapter-30(U+Z)
Chapter-31(U+Z)
Chapter-32(U+Z)
Chapter-34(U+Z)
Chapter_35(U+Z)
Chapter-36(U+Z)
Chapter-37(U+Z)
Chapter_38(U+Z)
Chapter-39(U+Z)
Chapter-40(U+Z)
Chapter_41(U+Z)
Chapter-42(U+Z)
Chapter-43(U+Z)
Chapter-44(U+Z)
Chapter-45(U+Z)
Chapter-46(U+Z)
Chapter-47(U+Z)
Chapter-48(U+Z)

Chapter-33(U+Z)

239 19 30
By mg-yoe-shin

ညကတည်းက အငြိုးတကြီးရွာချလာသည့် မိုးနှင့်အတူ လေးလံနေခဲ့သော စိတ်အစုံတို့ကြောင့် မနက်လင်းအားကြီးမှ နိုးလာခဲ့ရသည်။

သူ အိပ်ယာနိုးတော့ ဖေဖေ အိမ်မှာရှိမနေတော့ပေ။ ယာထဲသွားပြီထင်သည်။ညကရွာချထားသည့် မိုးကြောင့် အိမ်အဝန်းထဲတွင် ရေများဗွက်ပေါက်နေသည်။

ဒီမိုးနဲ့ဆို တောင်သူတွေ လယ်စိုက်လို့ရချေပြီ။

အိမ်ခေါင်ရင်း ပြတင်းပေါက်မှတစ်ဆင့် ကောင်းကင်ကြီးကို မော့ကြည့်မိပြန်တော့ ကြည်ကြည်လင်လင်မရှိ။ ထို့နည်းအတူ သူ့စိတ်တွေသည်လည်း လေးလံကာ ကြည်လင်ခြင်းမရှိ။

အိမ်ပေါ်မှ ကပျာကယာဆင်းလာကာ
အိမ်ရှေ့ထွက်၍ မျက်နှာက သစ်လိုက်သည်။ ပြီးနောက် ပုဆိုးအထက်နားစဖြင့် မျက်နှာသုတ်ရင်း အိမ်ထဲဝင်လာခဲ့သည်။

ဧည့်ခန်းထဲတွင် အငြိမ်သားထိုင်နေသည့် မေမေ့မျက်နှာက မသာမယာ။ အင်းလေ မေမေ့အတိုးပေးထားတဲ့ ငွေတွေမရလို့နေမှာ။

"မေမေ ဖေဖေယာထဲသွားပြီလား"

"ရွာထဲ ခဏသွားတယ် သား။ ဟို ဟိုလေ"

မေမေ့မျက်နှာက ပူဆွေးသောကဖြစ်နေဟန်။တစ်ခုခုကို ပြောဖို့ကိုလည်း တွန့်ဆုတ်နေသည်ဟု ထိန်လင်းအောင် ထင်မှတ်မိသည်။

"ဘာလဲ မေမေ။ ပြောလေ"

"ဟို....."

"ကဲပါမေမေရယ် သားအမိချင်းပြောတာပဲ။
ဘာတွေဖြစ်နေရတာလဲ မေမေဘာပြောချင်လို့လဲ ပြောလေ"

"သားသူငယ်ချင်းနောင်...နောင်ရိုး နောင်ရိုးလေး"

"အင်း နောင်ရိုး ဘာဖြစ်လို့လဲ မေမေ"

"ဆုံးပြီတဲ့"

"ဘယ် ဘယ်လို"

"အင်း သားသူငယ်ချင်းနောင်ရိုးဆုံးပြီးတဲ့ သားရယ်"

မေမေရဲ့ မချိတင်ကဲပြောလာသည့် ဟန်က အလိမ်အညာမဟုတ်ဟန်။ကြားလိုက်ရသည့် စကားကြောင့် ခေါင်းထဲမိုက်ခနဲ ဖြစ်သွားရသည်။ နှလုံးခုန်နှုန်းတဖြည်းဖြည်းမြန်လာပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ ဆောက်တည်ရာမရဖြစ်ကာ နေရာမှပင် ရပ်လျက်သား နေနေမိသည်။

ဟင့်အင်း။
မေမေ ညာတာ။ နောင်ရိုးက သေမှာမဟုတ်ဘူး။
ဒီကောင်က ကျွန်တော့်ကို တစ်ယောက်တည်းထားခဲ့မှာ မဟုတ်ဘူး။ မနေ့ကထိ ကျွန်တော်နဲ့ စကားတွေအတူပြောပြီး ရယ်မောနေခဲ့တာ။

မဖြစ်နိုင်ဘူး။
လုံးဝမဖြစ်နိုင်ဘူး။ ဒီကောင့်ကို ကျွန်တော် ချစ်တယ်ဆိုတဲ့ အကြောင်းပြောရဦးမှာ။ ကျွန်တော် သူနဲ့‌တွေ့ဖို့ ချိန်းထားသေးတာ မေမေရဲ့။

"မေမေ မေမေစနေတာမလား"

"သားရယ် ဒါက စ,စရာ နောက်စရာမှ မဟုတ်ပဲကွယ်"

"ဟင့်အင်း ကျွန်တော်မယုံဘူး မေမေ
မဟုတ်ဘူးလို့ ကျွန်တော့်ကို ပြောစမ်းပါ မေမေရယ်...နောင်ရိုး သေတာမဟုတ်ဘူးလို့ ကျွန်တော့်ကို ပြောလိုက်ပါ...။မေမေ စနေတာပါလို့ ပြောလိုက်ပါ မေမေရယ် နော်"

မေမေ့ပုခုံးအား ခပ်တင်းတင်းဆုပ်ကိုင်ရင်း အငမ်းမရပြောနေမိသည်။မျက်ဝန်းအိမ်မှ မျက်ရည်ဥများသီကာ တသွင်သွင်စီးကျလာရလေသည်။

"ဖေဖေ"

အိမ်ထဲသို့ ဝင်လာသည့် ဖေဖေ့အားမြင်သည်နှင့်ထိန်လင်း ကလေးငယ်တစ်‌ယောက်လို ဖေဖေ့ရင်ခွင်ထဲသို့ ပြေးဝင်ကာ ဆွေးလျလျခေါ်မိသည်။ ဖေဖေသည် နားလည်ဟန်ဖြင့် သူ့ကိုယ်လေးအား ပွေ့ပိုက်ထားလေသည်။ ပြီးနောက် ဖေဖေ့ဆီမှ စကားသံတစ်ချို့ သူ့ နားထဲသို့ ခပ်ဖြည်းဖြည်းဝင်လာသည်။

"ဟုတ်တယ် သား နောင်ရိုးလေး ညကပဲ ဆုံးသွားတာ ဟိုဘက်ရွာကဆရာပြောတာတော့ အစာအိမ်အူအတက်ပေါက်ပြီးဖြစ်တာတဲ့။ ၂၄နာရီအတွင်း မခွဲစိတ်နိုင်လို့ အသက်ဆုံးရှုံးသွားရတာတဲ့"

ဟင့်အင်း။ မဟုတ်ဘူး။
ဖေဖေလည်း မေမေ့လိုပဲ ကျွန်တော့်ကိုညာနေတာ။ ဖေဖေကျွန်တော့်ကို ညာနေတာ။
ဖေဖေမကောင်းဘူး‌ဗျာ။ ကျွန်တော့် သူငယ်ချင်း မဟုတ်သေးဘူး ကျွန်တော့်ရဲ့ ချစ်သူကောင်လေးဖြစ်လာမယ့် သူက ကျွန်တော့်ကို ထားပြီး တစ်ယောက်တည်း ထားသွားမတဲ့လား ဖေဖေရာ။

"နောင်ရိုး သေတာမဟုတ်ဘူးမလားဟင် ဖေဖေ။ ဖေဖေသားကို ညာနေတာမလားဟင် ဖေဖေ...နောင်ရိုးသေတာမဟုတ်ဘူးလို့ သားကို ပြောလိုက်စမ်းပါ"

"သား မင်းစိတ်ကို ထိန်းမှပေါ့ကွာ"

သူ့အား ခပ်တင်းတင်း‌ပွေ့ဖက်ရင်းပြောလာသည့် ဖေဖေ့စကားတွေက သူ့ရင်ကို ဓားနဲ့ထိုးဆွခံရသလို...တစိမ့်စိမ့်နဲ့ နာကျင်နေရပြန်သည်။

"ညက ဗိုက်တအားထိုးအောင့်လို့ ဆေးခန်းသွားမယ်လုပ်တော့ မိုးက သဲကြီးမဲကြီးရွာချတော့ မနက်မှ သွားမယ် လုပ်ထားတာတဲ့။ အချိန်နောက်ကျသွားလို့ ဖြစ်မယ်"

ညက သဲကြီးမဲကြီးရွာချလာသည့် မိုးကြောင့်တဲ့လား။ ဒီမိုးရွာမှ ကျွန်တော်ကိုယ်တိုင်ညနေ‌နေဝင်ရိုးရီချိန်က မိုးခေါ်လွန်ဆွဲပွဲ လုပ်ခဲ့တာလေ။ ဒီလိုဖြစ်မှန်းသိရင် ကျွန်တော့်ရင်ကိုခွဲမယ့်မိုးကို ကျွန်တော် ဘယ်ခေါ်ပါ့မလဲ။

"သတ္တဝါတစ်ခုကံတစ်ခုပေါ့ သားရယ်...သေတစ်နေ့မွေးတစ်နေ့မဟုတ်လား လူတိုင်းတစ်နေ့ဒီလမ်းသွားကြရမှာပဲလေ..."

ဟင့်အင်း မဖြစ်နိုင်ဘူး။
ဘယ်လိုမှ မဖြစ်နိုင်ဘူး။
နောင်ရိုးက သေသွားမယ့်လူမဟုတ်ဘူး ဖေဖေ။
ကျွန်တော်နဲ့ အဘိုးကြီးဖြစ်တဲ့အထိ နေသွားမှာလို့ ကတိပေးထားတာ...။ဒီကောင်က ကတိတည်တဲ့ကောင်ဖေဖေရ။ ဖေဖေညာနေတာ....ပြီးတော့ မေမေရော။

ထိန်လင်းတစ်ယောက် အရူးမီးဝိုင်းသလို ဘယ်သူ့စကားမှ လက်မခံနိုင်။အားလုံးကို အကြောက်အကန်ငြင်းကာ လက်မခံနိုင်ပဲ ဖြစ်နေသည်။

"ခွေးကောင်"လို့ခေါ်သံ၊ ပါးလေးခွက်သွားသည်အထိ ရယ်မောသံနှင့် နောင်ရိုး၏ လှုပ်ရှားမှုပုံစံမျိုးစုံ၊အသံမျိုးစုံက အဝေးတစ်နေရာပြန်ကြားရသလို နားထဲ မှ ရင်ထဲသို့ဒုန်းစိုင်းဝင်လာသည်။

"သား "

"သား"

မေမေ့ရဲ့ အော်ခေါ်သံဟာ သူ့နားထဲမှ လျှံထွက် နေကာ မကြားရတော့။ ခြေလှမ်းများက ရွာ မြောက်ပိုင်းရှိ နောင်ရိုးတို့အိမ်လေးဆီသို့ ဦးတည်ကာ ပြေး‌ေနမိသည်။ရင်ဘတ်ထဲမှ နာကျင်ရသည့် ဝေဒနာကြောင့် ဖိနပ်စီးဖို့ပင် မေ့လျော့နေခဲ့ရသည်။

မင်း မသေရဘူး နောင်ရိုး...။
မင်း မသေရဘူး။

မင်းငါ့ကို တစ်ယောက်တည်း ထားမသွားရဘူး။

ဒရောသောပါးပြေးလာသည့် ခြေအစုံသည့် နောင်ရိုးတို့အိမ်ရှေ့တွင် ထိုးထားသည့် ကနားဖျင်းနား အရောက်တွင် အလိုလိုရပ်တန့်သွားရသည်။

သေချာသွားပြီ...။
တကယ်ကို သေချာသွားပြီ။
မင်း ငါ့ကို ထားခဲ့ပြီပေါ့...။

မင်း...မင်းသိပ်ရက်စက်တယ် နောင်ရိုးရာ။
ဘယ်လို့ ငါ့ကို... ငါ့ကိုမှ တစ်ယောက်တည်း ချန်ထားရစ်ခဲ့ရတာလဲ။

ကုတင်လေးပေါ်ရှိ အသက်ဝိညာဉ်ချုပ်ငြိမ်းသွားသော နောင်ရိုးသစ်၏ ခန္ဓာကိုယ်လေးက မဖြစ်နိုင်ဘူးဟု အတန်တန်ငြင်းဆန်ခဲ့မိသော သူ့ရဲ့ရင်အစုံအား ခြေစုံကန်လိုက်သလိုပင်။

သူ့ခြေထောက်အစုံက ရှေ့တိုးဖို့လည်း မရဲလှတော့။ နေရာမှာတင်ကြက်သေသေကာ စုံရပ်နေမိသည်။

အတွင်းကလီစာမရှိတော့သည့် လူတစ်ယောက်လို ရင်ခွင်တစ်ခုလုံး ဟာခနဲဖြစ်သွားရသည်။

အားယူရင်း ကုတင်နံဘေးသို့ ဖြည်းဖြည်းချင်း လျှောက်သွားမိသည်။

အားလုံး ကျွန်တော့်ကို ဝိုင်းလိမ်နေကြတာဟု ငြင်းဆန်၍ မရတော့ကြောင့် သိရသည့်အခိုက်အတန့် အားအင်တစ်ခုလုံး ချိနဲ့ကာ စိတ်တစ်ခုလုံး ဒုန်းဒုန်းချရင်း ကုတင်ဘေးနား အရုပ်ကြိုးပျက် ထိုင်ချလိုက်မိတော့သည်။

ပြန်နိုးထလာပါစေလို့ ဆုတောင်းနေမိသော်လည်း အချည်းနှီးသာပင်။

"ခွေးကောင်"

"ကျွန်တော် မောင်နောင်ရိုးသစ်သည် ကျွန်တော့်၏ ဘေးတွင်ရပ်နေသော အရပ်ရှည်ရှည်နှင့် လောရှည်ကောင်ထိန်လင်းနှင့်အတူ အသက်ကြီးလာသည့်အခါ အတူနေပါမည်ဟု ကတိသစ္စာပြုပါသည်။ ကျွန်တော်နောင်ရိုးသစ်သည် ထိန်လင်းနှင့်အတူ အသက်ကြီးလာသည့်အခါ အတူနေပါမည်ဟု ပြောခဲ့ခြင်းသည် စိတ်ရင်းစကားအမှန်ဖြစ်ပါသည်။ အကယ်၍ ဤသစ္စာစကားမှန်ကန်ခဲ့‌ေသာ ဘယ်နေရာ ဘယ်အရပ်ဒေရောက်ရောက် ကျွန်တော်နောင်ရိုးသစ်သည်
ရောက်‌ရာအရပ်မှ ‌သကောင့်သားထိန်လင်းဆီသို့ ပြန်လာခွင့်ရပါစေ အမြဲလည်း အတူရှိနေခွင့်ရပါစေ"
သူ့စကားသံတွေက နားထဲ အလိုလို ပြန်ကြားလာရသည်။

မင်း ညာတယ် နောင်ရိုး...။
မင်း ငါ့ကို ညာတယ်။

အသက်ကြီးလာရင် ငါနဲ့အတူနေပါမယ်ဆို။
ခုတော့ ငါ့ကိုထားပြီး ထွက်သွားပြီ။

ငါမင်းကို ပြောပြမယ့် တိတ်တခိုးချစ်ခဲ့ရတဲ့အကြောင်းတွေကိုတော့ နားထောင်သွားသင့်ပါရဲ့...။

မင်းကြားနိုင်မယ်ဆို ငါပြောချင်တယ်...ငါမင်းကိုချစ်တယ်နောင်ရိုး။

****************

ဩကာသ ဩကာသ ဩကာသ ကာယကံ ဝစီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော.....

ဆွမ်းသွပ် ရက်လည်တရားဟောရန် ဩကာသ ကန်တော့ချိုး အရင်ဆုံးဆိုရ‌ေလသည်။ ပြီးနောက် ငါးပါးသီလ ခံယူကြသည်။ထို့နောက် ရွာဦးကျောင်းဆရာတော်မှ ဆင်ခြင်ဖွယ်အတိကောင်းလှသည့် မရဏနုဿတိ ဘာဝနတရားဟော‌ကြားလေသည်။

"သေခြင်းတရားဆိုတာ ကွေးသောလက်မဆန့်ခင်၊ ဆန့်သောလက်မကွေးခင် ကျရောက်လာနိုင်တယ်လို့ ဘုန်းဘုန်းတို့ရဲ့ မြတ်စွာဘုရားဟာ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည်မှ ရလာတဲ့ သဗ္ဗညုတဉာဏ်နဲ့ ဟောထားတယ်။ သေခြင်းအကြောင်းတရားလေးမျိုးရှိတယ်။ အာယုက္ခယ သက်တမ်းကုန်လို့လည်းသေနိုင်တယ်။ ကမ္မက္ခယ သက်တမ်းမပြည့်သေးသော်လည်း လူ့ဘဝဆက်နေဖို့ ကုသိုလ်ကံကုန်လို့ သေနိုင်တယ်။ ဥဘယက္ခယ သက်တမ်းရော ကုသိုလ်ကံရောနှစ်မျိုးလုံးကုန်လို့ သေနိုင်တယ်။ နောက်ဆုံးတစ်ခုက
ဥပစ္ဆေဒကတဲ့။ သူတစ်ပါးပယောဂကြောင့်လည်း သေနိုင်တယ်။ ဒီတော့ ဘုန်းဘုန်းတို့ ဗုဒ္ဓမြတ်စွာစွာဘုရားဟာ သက်ရှိသတ္တဝါအားလုံးအတွက် တစ်တန်းစားတည်ဟောထားတဲ့ တရားဟာ ကွေးသောလက်မဆန့်ခင်၊ ဆန့်သောလက်မကွေးခင် သေနိုင်တယ်ဆိုတာပဲ......"

ရွာဦးကျောင်းဆရာတော်၏ မရဏ နုဿတိ ဘာဝနာတရားသံက နားထံသို့ ဝင်တစ်ချက်၊ မဝင်တစ်ချက်။ စိတ်သည် အဝေးသို့ပျံ့လိုက်၊ တရားဆီရောက်လိုက်နှင့်ပင်ဖြစ်သည်။

တရားနာနေရင်းမှပင် မျက်ဝန်းအိမ်မှ မျက်ရည်ပေါက်ငယ်များ တသွင်သွင်စီးကျလာရသည်။

လွမ်းတယ် နောင်ရိုးရာ။
မင်းမို့ ငါ့ကို ထားရက်ခဲ့တယ်။

ကွေးသောလက်မဆန့်ခင် ဆန့်သောလက်မကွေးခင် ‌သေခြင်းတရားရောက်လာနိုင်တယ်ဆိုသည့်အရာကို သတိမပြုမိခဲ့တာ ကျွန်တော်မှားသွားသလား။ ခုဆို ကျွန်တော့်အနားမှာ နောင်ရိုးမရှိတော့ဘူး....။

"အားလုံး အားလုံး အမျှ အမျှ ယူတော်မူကြပါကုန်လော့ သာဓု သာဓု သာဓု "

ကြေးစည်သံနှင့်အတူ ထွက်ပေါ်လာသည့် သာဓု ခေါ်သံညီညီက ရင်ထဲတွင် ဆောက်တည်၍ မရနိုင်အောင်ပင် မွန်းကြပ်လှပေသည်။

"သာ... ဓု"

"သာ...ဓု"

"သာ...ဓု"

သာဓုဟူသော စကားကိုပင် အသံထိန်းကာ ပြောရသည်။ နှုတ်ခမ်းများ တုန်ရီကာ ဖြစ်နိုင်လျှင် လူပင် ခွေကျချင်နေပြီဖြစ်သည်။ နုံးချိယိုင်ခွေနေသည်။

ရောက်ရာအရပ်က သာဓုခေါ်ပါ။
ပြီးရင် ရောက်ရာအရပ်က ငါ့ဆီ အမြန်ပြန်လာခဲ့ပါ။

ရက်လည်တရားနာပြီး၊ ကနားဖျင်းများသိမ်းဆည်းပြီးသည်အထိ နောင်ရိုးတို့အိမ်မှာသာ ထိန်လင်းရှိနေခဲ့သည်။ သတိရနေသူအဖို့ သူ့အငွေ့အသက်များစွာ ထုံမွှမ်းနေသည့် နေရာလေးသည်သာ စိတ်ကျေနပ်စရာတစ်ခုပဲ မဟုတ်လား။

"သား ထိန်လင်း သားလည်း ကျန်းမာရေးဂရုစိုက်နော် စိတ်ထောင်းတော့ ကိုယ်ကြေတဲ့ သေတဲ့သူက သေသွားပြီ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်နော်"

"ဟုတ်ကဲ့ အရီးခင်"

ကျန်းမာရေးဂရုစိုက်ဖို့ တဖွဖွပြောနေသည့် သူငယ်ချင်းဖြစ်သူ၏ အမေကြောင့် နောင်ရိုးကို ပို၍ သတိရမိပြန်သည်။

"မင်း သူငယ်ချင်း နောင်ရိုးကလေ.."ဟူ၍ အစချီကာ နောင်ရိုးအကြောင်းများကို တစီတသန်းကြီး ရှေးဟောင်းနှောင်းဖြစ်များ ပြောပြနေသည့် အရီးခင်ကို ကြည့်ကာ ထိန်လင်း စိတ်မကောင်းဖြစ်မိသည်။

သူ့အကြောင်းတွေ ပြန်ကြားရတဲ့အခါ ရင်ကတဆစ်ဆစ်ပိုနာရပြန်သည်။ဖြစ်နိုင်ရင် နောင်ရိုး ကို ကျွန်တော့်ဆီ ပြန်ခေါ်ပေးကြပါဗျာ။

"ကဲ မင်းနှမနဲ့ စကားပြောဦး အရီး ဘုရားရှိခိုးဦးမယ်" ဟုဆိုကာ အရီးခင်အနားမှ ထွက်သွားလေသည်။

နောင်ရိုး၏ နှမငယ်နှင့် ပြောဖြစ်သည့် အကြောင်းအရာများသည်လည်း နောင်ရိုးသစ်၏ အကြောင်းများသာ ဖြစ်‌ေနခဲ့သည်။

"ကိုကို့ချစ်သူကိုရော ကိုကြီးထိန်လင်း သိလား"

အင်း။ ကျွန်တော်မသိခဲ့ဘူး။ အရင်းနှီးဆုံး အနီးကပ်ဆုံး နေရာမှာ နေခဲ့ရတာတောင် မသိခဲ့ဘူး။ မင်းပြောပြမယ့် မင်းချစ်သူအကြောင်း
နားထောင်ခွင့်တောင် မရှိတော့ပါဘူးကွာ။

"အင်း မသိဘူး။ ညီမလေးအစ်ကိုက သိပ်မြုံစိစိနိုင်တာ အရမ်းလျိုတာ ကိုကြီး မသိခဲ့ဘူး"

"ကိုကြီး တကယ် မသိတာလား"

ခေါင်းကလေးအသာအယာပင် ညိတ်ပြလိုက်သည်။

"ဒါဆို ညီမလေးပြောပြရမလား"

ထပ်၍ပင် ခေါင်းညိတ်လိုက်မိသည်။ ‌မရှိတော့တဲ့သူရဲ့အကြောင်းကို အရမ်းသိချင်ပြီး စပ်စုရာကျနေမလား မသိတော့။ ဘာပဲဖြစ်ဖြစ် ကျွန်တော် သိချင်မိတယ်။

"ညီမလေးက ကိုကြီးထိန်လင်း
သိမယ်တောင်ထင်နေတာ "

ထိန်လင်း ဘာမှထပ်မပြောခင်မှာပင် ဖြူနှင်းဖွေးက ဆက်ပြောလေသည်။

"ကိုကိုက သိပ်လျိုတာ ဘယ်သူမှမပြောပြဘူး ညီမလေးတောင် မနေ့ကမှ ကိုကို့အခန်းထဲဝင်ရှင်းရင်း ကိုကို့ဒိုင်ယာရီတွေ့လို့....ဖတ်ကြည့်မိရင်းက သိခဲ့ရတာ"

ဟုတ်တယ် မင်းက သိပ်လျိုတတ်တဲ့ကောင် နောင်ရိုး။

"ခဏနော် ညီမလေးသွားယူပေးမယ်"ဟုဆိုကာ အနားမှ ထကာ အိမ်လေးထဲသို့ ဝင်သွားလေသည်။တစ်အောင့်ကြာသည်နှင့် စာအုပ်ထူထူလေးနှင့် အမှတ်တရပစ္စည်းများ သိမ်းဆည်းထားဟန်ရှိသည့် ယွန်းသေတ္တာငယ်လေးအား လက်တွင် ကိုင်လျက်ရောက်လာလေသည်။

ကမ်းပေးလာသည့် စာအုပ်လေးနှင့် ယွန်းသေတ္တာငယ်လေးအား ထိန်လင်း အသာအယာပင် ယူလိုက်သည်။ပြီးနောက် ‌စာအုပ်လေးအား ပထမဦးဆုံးကြည့်မိသည်။

"ကိုကြီး အေးဆေးဖတ်ကြည့်နော် ညီမလေး အဖေနဲ့အမေကို အိပ်ယာခင်းပေးလိုက်ဦးမယ်နော်"

"အေးအေး"

စာအုပ်လေးမှာ အနည်းငယ်ပင် နွမ်းလျလျဖြစ်နေပြီဖြစ်သည်။စာအုပ်အဖုံးမှာ ဟောင်းနွမ်းဟန်ဖြစ်နေသော်လည်း တွန့်ကြေနေခြင်းမရှိ။ စာအုပ်လေးအား သားရေလျှော်စည်းလေးဖြင့် အကျအနစည်းထားသည်။ စည်းထားသည့် လျှော်စည်းလေးအား အသာအယာ ဖြည်လိုက်သည်။ထို့နောက်စာအုပ်အဖုံးပေါ်တွင် ကပ်နေသော ဖုန်မှုန့်လေးများအား ထိန်လင်းအောင် ပါးစပ်ဖြင့် မှုတ်ထုတ်လိုက်သည်။

စာအုပ်လေး၏ ပထမစာမျက်နှာတွင် ကျောင်းစုံညီပွဲတော်ရက်က ရိုက်ထားခဲ့သည့်အပုံလေးအား ကော်ဖြင့် ကပ်ထားလေသည်။ ဘေးမှတခြားသူများ၏ ရုပ်ပုံများအား ကိုက်ထုတ်ထားဟန်ရှိပြီး သူနှင့် ကျွန်တော့်အပုံကိုသာ ဖြတ်ထုတ်ထား၍ ကပ်ထားခြင်းဖြစ်သည်။

စာရွက်တစ်ရွက်ချင်းဆီတွင် ကျွန်တော်နှင့် ပတ်သတ်သော အမှတ်တရများ၊ကျွန်တော်ကြိုက်တတ်သော အရာများအား ရေးထားလေသည်။ဘာကြောင့် ရေးထားမှန်း နားမလည်သော်လည်း စာတွေဖတ်ရင်း ရင်တွေပူလာရပြန်သည်။

"သဘာဝတရားကြီးကို လွန်ဆန်ပြီး မင်းနဲ့ငါချစ်လို့မရဘူးလားကွာ"

တွေ့ပါပြီ။ ကျွန်တော်သိပ်ချစ်ရသည့် နောင်ရိုး၏ ချစ်သူအကြောင်း။ စာအုပ်လေး၏ အလယ်စာမျက်နှာ လောက်တွင် ရေးထားသည့် စာအားဖတ်ကြည့်သော်လည်း ကျွန်တော် ချက်ချင်းနားလည်နိုင်စွမ်းမရှိသေးပေ။
သဘာဝတရားကြီးကို လွန်ဆန်ပြီး ချစ်လို့မရဘူးတဲ့လား။ မင်း အချစ်က ဘယ်လိုမျိုးလဲ နောင်ရိုး။
မင်း ချစ်ရသူက ဘယ်သူလဲနောင်ရိုး။

"ငါ မင်းကိုချစ်တယ် ထိန်လင်း"

နောက်ဆုံးစာမျက်နှာအရောက်တွင် ခပ်သော့သော့လက်ရေးဖြင့် ရေးထားသည့် စာက‌ေလးတစ်‌ေကြာင်းကြောင့် ထိန်လင်း ကြက်သေ သေသွားရသည်။
စာအုပ်ကိုင်ထားမိသည့် လက်များပင် တဆတ်ဆတ်တုန်လာသည်။ ဘယ်ဆီကမှန်းမသိရောက်လာသည့် မျက်ရည်များက တသွင်သွင်စီးကျလာပြန်သည်။ ဝမ်းနည်း ဝမ်းသာမှုတို့ အစုံရောထွေးကာဖြင့် ရင်အား မီးအုံးဖြင့် ထိုးခံရသကဲ့သို့ ရင်တစ်ခုလုံး မွန်းကြပ် ပူလောင်လာသည်။

ငါ ...ငါ တောင်းပန်ပါတယ် နောင်ရိုး။
မင်းအချစ်တွေ မမြင်ခဲ့မိလို့ ငါတောင်းပန်ပါတယ်ကွာ။ တကယ်ဆို ငါဆိုတဲ့ကောင်ကလည်း မင်းကို သူငယ်ချင်းတစ်ယောက်ထက်ပိုပြီး တိတ်တခိုး ချစ်နေမိခဲ့သူပါ။

အလင်းရောင်ကင်းမဲ့နေသည့် လကွယ်ရက်သည် လွမ်းဆွေးနေသူကိုပင် ပို၍ ဆွေးမြေ့စေရပြန်သည်။

တကယ်ပါ ဘဝဆိုတာ အစမ်းတစ်ခါလျှောက်ပြီးမှ နောက်တစ်ခေါက်များ အတည်ပြန်လျှောက်လို့ရခဲ့ရင် " ငါမင်းကိုချစ်တယ်"ဆိုတဲ့စကားကို အချိန်တွေစောင့်ဆိုင်းမနေပဲ ပြောခဲ့မိမှာပါ။

ချစ်တယ်ဆိုတဲ့စကားကို ဖွင့်ပြောဖို့ တွန့်ဆုတ်ခဲ့တဲ့ကောင်၊ အဖြူရောင်ကြိုးလေးကို ဖြတ်ကျော်ပြီး ဖွင့်မပြောရဲခဲ့တဲ့ကောင်.....မင်းရင်ထဲက အချစ်တွေကို မမြင်ခဲ့တဲ့ ငါ့ကို ဘယ်တော့မှ
ခွင့်မလွှတ်နဲ့ နောင်ရိုး။

ဖြစ်နိုင်ရင် ငါ့ဆီ ပြန်လာပြီး ငါပြောပြမယ့် ငါချစ်ရသူအကြောင်းကို မင်းနားထောင်ပါ။ငါလည်းမင်းကို ချစ်နေခဲ့ပါတယ်ဆိုတဲ့စကားကို ငါ မင်းကြားအောင် ပြောပြချင်သေးတယ်။

ငါ မင်းကိုချစ်တယ် နောင်ရိုး။

မင်းက ကတိမတည်ဘူး နောင်ရိုး။
တစ်သက်လုံး ငါနဲ့ပဲ အတူနေမှာပြောပြီး ငါ့ကို တစ်ယောက်တည်း ချန်ထားရက်ခဲ့တယ်။

အိပ်မပျော်သူအဖို့ ညတာဟာ ရှည်တယ်။

ဒီလိုနဲ့ မနက်ဖြန်ရောက်ရင် ကျွန်တော်လည်း နောင်ရိုးကို လွမ်းနေရဦးမယ်။

Zawgyi Version-

ညကတည္းက အၿငိဳးတႀကီး႐ြာခ်လာသည့္ မိုးႏွင့္အတူ ေလးလံေနခဲ့ေသာ စိတ္အစုံတို႔ေၾကာင့္ မနက္လင္းအားႀကီးမွ နိုးလာခဲ့ရသည္။

သူ အိပ္ယာနိုးေတာ့ ေဖေဖ အိမ္မွာရွိမေနေတာ့ေပ။ ယာထဲသြားၿပီထင္သည္။ညက႐ြာခ်ထားသည့္ မိုးေၾကာင့္ အိမ္အဝန္းထဲတြင္ ေရမ်ားဗြက္ေပါက္ေနသည္။

ဒီမိုးနဲ႕ဆို ေတာင္သူေတြ လယ္စိုက္လို႔ရေခ်ၿပီ။

အိမ္ေခါင္ရင္း ျပတင္းေပါက္မွတစ္ဆင့္ ေကာင္းကင္ႀကီးကို ေမာ့ၾကည့္မိျပန္ေတာ့ ၾကည္ၾကည္လင္လင္မရွိ။ ထို႔နည္းအတူ သူ႕စိတ္ေတြသည္လည္း ေလးလံကာ ၾကည္လင္ျခင္းမရွိ။

အိမ္ေပၚမွ ကပ်ာကယာဆင္းလာကာ
အိမ္ေရွ႕ထြက္၍ မ်က္ႏွာက သစ္လိုက္သည္။ ၿပီးေနာက္ ပုဆိုးအထက္နားစျဖင့္ မ်က္ႏွာသုတ္ရင္း အိမ္ထဲဝင္လာခဲ့သည္။

ဧည့္ခန္းထဲတြင္ အၿငိမ္သားထိုင္ေနသည့္ ေမေမ့မ်က္ႏွာက မသာမယာ။ အင္းေလ ေမေမ့အတိုးေပးထားတဲ့ ေငြေတြမရလို႔ေနမွာ။

"ေမေမ ေဖေဖယာထဲသြားၿပီလား"

"႐ြာထဲ ခဏသြားတယ္ သား။ ဟို ဟိုေလ"

ေမေမ့မ်က္ႏွာက ပူေဆြးေသာကျဖစ္ေနဟန္။တစ္ခုခုကို ေျပာဖို႔ကိုလည္း တြန႔္ဆုတ္ေနသည္ဟု ထိန္လင္းေအာင္ ထင္မွတ္မိသည္။

"ဘာလဲ ေမေမ။ ေျပာေလ"

"ဟို....."

"ကဲပါေမေမရယ္ သားအမိခ်င္းေျပာတာပဲ။
ဘာေတြျဖစ္ေနရတာလဲ ေမေမဘာေျပာခ်င္လို႔လဲ ေျပာေလ"

"သားသူငယ္ခ်င္းေနာင္...ေနာင္ရိုး ေနာင္ရိုးေလး"

"အင္း ေနာင္ရိုး ဘာျဖစ္လို႔လဲ ေမေမ"

"ဆုံးၿပီတဲ့"

"ဘယ္ ဘယ္လို"

"အင္း သားသူငယ္ခ်င္းေနာင္ရိုးဆုံးၿပီးတဲ့ သားရယ္"

ေမေမရဲ႕ မခ်ိတင္ကဲေျပာလာသည့္ ဟန္က အလိမ္အညာမဟုတ္ဟန္။ၾကားလိုက္ရသည့္ စကားေၾကာင့္ ေခါင္းထဲမိုက္ခနဲ ျဖစ္သြားရသည္။ ႏွလုံးခုန္ႏႈန္းတျဖည္းျဖည္းျမန္လာၿပီး ဘာလုပ္လို႔ ဘာကိုင္ရမွန္းမသိ။ ေဆာက္တည္ရာမရျဖစ္ကာ ေနရာမွပင္ ရပ္လ်က္သား ေနေနမိသည္။

ဟင့္အင္း။
ေမေမ ညာတာ။ ေနာင္ရိုးက ေသမွာမဟုတ္ဘူး။
ဒီေကာင္က ကြၽန္ေတာ့္ကို တစ္ေယာက္တည္းထားခဲ့မွာ မဟုတ္ဘူး။ မေန႕ကထိ ကြၽန္ေတာ္နဲ႕ စကားေတြအတူေျပာၿပီး ရယ္ေမာေနခဲ့တာ။

မျဖစ္နိုင္ဘူး။
လုံးဝမျဖစ္နိုင္ဘူး။ ဒီေကာင့္ကို ကြၽန္ေတာ္ ခ်စ္တယ္ဆိုတဲ့ အေၾကာင္းေျပာရဦးမွာ။ ကြၽန္ေတာ္ သူနဲ႕ေတြ႕ဖို႔ ခ်ိန္းထားေသးတာ ေမေမရဲ႕။

"ေမေမ ေမေမစေနတာမလား"

"သားရယ္ ဒါက စ,စရာ ေနာက္စရာမွ မဟုတ္ပဲကြယ္"

"ဟင့္အင္း ကြၽန္ေတာ္မယုံဘူး ေမေမ
မဟုတ္ဘူးလို႔ ကြၽန္ေတာ့္ကို ေျပာစမ္းပါ ေမေမရယ္...ေနာင္ရိုး ေသတာမဟုတ္ဘူးလို႔ ကြၽန္ေတာ့္ကို ေျပာလိုက္ပါ...။ေမေမ စေနတာပါလို႔ ေျပာလိုက္ပါ ေမေမရယ္ ေနာ္"

ေမေမ့ပုခုံးအား ခပ္တင္းတင္းဆုပ္ကိုင္ရင္း အငမ္းမရေျပာေနမိသည္။မ်က္ဝန္းအိမ္မွ မ်က္ရည္ဥမ်ားသီကာ တသြင္သြင္စီးက်လာရေလသည္။

"ေဖေဖ"

အိမ္ထဲသို႔ ဝင္လာသည့္ ေဖေဖ့အားျမင္သည္ႏွင့္ထိန္လင္း ကေလးငယ္တစ္ေယာက္လို ေဖေဖ့ရင္ခြင္ထဲသို႔ ေျပးဝင္ကာ ေဆြးလ်လ်ေခၚမိသည္။ ေဖေဖသည္ နားလည္ဟန္ျဖင့္ သူ႕ကိုယ္ေလးအား ေပြ႕ပိုက္ထားေလသည္။ ၿပီးေနာက္ ေဖေဖ့ဆီမွ စကားသံတစ္ခ်ိဳ႕ သူ႕ နားထဲသို႔ ခပ္ျဖည္းျဖည္းဝင္လာသည္။

"ဟုတ္တယ္ သား ေနာင္ရိုးေလး ညကပဲ ဆုံးသြားတာ ဟိုဘက္႐ြာကဆရာေျပာတာေတာ့ အစာအိမ္အူအတက္ေပါက္ၿပီးျဖစ္တာတဲ့။ ၂၄နာရီအတြင္း မခြဲစိတ္နိုင္လို႔ အသက္ဆုံးရႈံးသြားရတာတဲ့"

ဟင့္အင္း။ မဟုတ္ဘူး။
ေဖေဖလည္း ေမေမ့လိုပဲ ကြၽန္ေတာ့္ကိုညာေနတာ။ ေဖေဖကြၽန္ေတာ့္ကို ညာေနတာ။
ေဖေဖမေကာင္းဘူးဗ်ာ။ ကြၽန္ေတာ့္ သူငယ္ခ်င္း မဟုတ္ေသးဘူး ကြၽန္ေတာ့္ရဲ႕ ခ်စ္သူေကာင္ေလးျဖစ္လာမယ့္ သူက ကြၽန္ေတာ့္ကို ထားၿပီး တစ္ေယာက္တည္း ထားသြားမတဲ့လား ေဖေဖရာ။

"ေနာင္ရိုး ေသတာမဟုတ္ဘူးမလားဟင္ ေဖေဖ။ ေဖေဖသားကို ညာေနတာမလားဟင္ ေဖေဖ...ေနာင္ရိုးေသတာမဟုတ္ဘူးလို႔ သားကို ေျပာလိုက္စမ္းပါ"

"သား မင္းစိတ္ကို ထိန္းမွေပါ့ကြာ"

သူ႕အား ခပ္တင္းတင္းေပြ႕ဖက္ရင္းေျပာလာသည့္ ေဖေဖ့စကားေတြက သူ႕ရင္ကို ဓားနဲ႕ထိုးဆြခံရသလို...တစိမ့္စိမ့္နဲ႕ နာက်င္ေနရျပန္သည္။

"ညက ဗိုက္တအားထိုးေအာင့္လို႔ ေဆးခန္းသြားမယ္လုပ္ေတာ့ မိုးက သဲႀကီးမဲႀကီး႐ြာခ်ေတာ့ မနက္မွ သြားမယ္ လုပ္ထားတာတဲ့။ အခ်ိန္ေနာက္က်သြားလို႔ ျဖစ္မယ္"

ညက သဲႀကီးမဲႀကီး႐ြာခ်လာသည့္ မိုးေၾကာင့္တဲ့လား။ ဒီမိုး႐ြာမွ ကြၽန္ေတာ္ကိုယ္တိုင္ညေနေနဝင္ရိုးရီခ်ိန္က မိုးေခၚလြန္ဆြဲပြဲ လုပ္ခဲ့တာေလ။ ဒီလိုျဖစ္မွန္းသိရင္ ကြၽန္ေတာ့္ရင္ကိုခြဲမယ့္မိုးကို ကြၽန္ေတာ္ ဘယ္ေခၚပါ့မလဲ။

"သတၱဝါတစ္ခုကံတစ္ခုေပါ့ သားရယ္...ေသတစ္ေန႕ေမြးတစ္ေန႕မဟုတ္လား လူတိုင္းတစ္ေန႕ဒီလမ္းသြားၾကရမွာပဲေလ..."

ဟင့္အင္း မျဖစ္နိုင္ဘူး။
ဘယ္လိုမွ မျဖစ္နိုင္ဘူး။
ေနာင္ရိုးက ေသသြားမယ့္လူမဟုတ္ဘူး ေဖေဖ။
ကြၽန္ေတာ္နဲ႕ အဘိုးႀကီးျဖစ္တဲ့အထိ ေနသြားမွာလို႔ ကတိေပးထားတာ...။ဒီေကာင္က ကတိတည္တဲ့ေကာင္ေဖေဖရ။ ေဖေဖညာေနတာ....ၿပီးေတာ့ ေမေမေရာ။

ထိန္လင္းတစ္ေယာက္ အ႐ူးမီးဝိုင္းသလို ဘယ္သူ႕စကားမွ လက္မခံနိုင္။အားလုံးကို အေၾကာက္အကန္ျငင္းကာ လက္မခံနိုင္ပဲ ျဖစ္ေနသည္။

"ေခြးေကာင္"လို႔ေခၚသံ၊ ပါးေလးခြက္သြားသည္အထိ ရယ္ေမာသံႏွင့္ ေနာင္ရိုး၏ လႈပ္ရွားမႈပုံစံမ်ိဳးစုံ၊အသံမ်ိဳးစုံက အေဝးတစ္ေနရာျပန္ၾကားရသလို နားထဲ မွ ရင္ထဲသို႔ဒုန္းစိုင္းဝင္လာသည္။

"သား "

"သား"

ေမေမ့ရဲ႕ ေအာ္ေခၚသံဟာ သူ႕နားထဲမွ လွ်ံထြက္ ေနကာ မၾကားရေတာ့။ ေျခလွမ္းမ်ားက ႐ြာ ေျမာက္ပိုင္းရွိ ေနာင္ရိုးတို႔အိမ္ေလးဆီသို႔ ဦးတည္ကာ ေျပးေနမိသည်။ရင်ဘတ်ထဲမှ နာက်င္ရသည့္ ေဝဒနာေၾကာင့္ ဖိနပ္စီးဖို႔ပင္ ေမ့ေလ်ာ့ေနခဲ့ရသည္။

မင္း မေသရဘူး ေနာင္ရိုး...။
မင္း မေသရဘူး။

မင္းငါ့ကို တစ္ေယာက္တည္း ထားမသြားရဘူး။

ဒေရာေသာပါးေျပးလာသည့္ ေျခအစုံသည့္ ေနာင္ရိုးတို႔အိမ္ေရွ႕တြင္ ထိုးထားသည့္ ကနားဖ်င္းနား အေရာက္တြင္ အလိုလိုရပ္တန႔္သြားရသည္။

ေသခ်ာသြားၿပီ...။
တကယ္ကို ေသခ်ာသြားၿပီ။
မင္း ငါ့ကို ထားခဲ့ၿပီေပါ့...။

မင္း...မင္းသိပ္ရက္စက္တယ္ ေနာင္ရိုးရာ။
ဘယ္လို႔ ငါ့ကို... ငါ့ကိုမွ တစ္ေယာက္တည္း ခ်န္ထားရစ္ခဲ့ရတာလဲ။

ကုတင္ေလးေပၚရွိ အသက္ဝိညာဥ္ခ်ဳပ္ၿငိမ္းသြားေသာ ေနာင္ရိုးသစ္၏ ခႏၶာကိုယ္ေလးက မျဖစ္နိုင္ဘူးဟု အတန္တန္ျငင္းဆန္ခဲ့မိေသာ သူ႕ရဲ႕ရင္အစုံအား ေျခစုံကန္လိုက္သလိုပင္။

သူ႕ေျခေထာက္အစုံက ေရွ႕တိုးဖို႔လည္း မရဲလွေတာ့။ ေနရာမွာတင္ၾကက္ေသေသကာ စုံရပ္ေနမိသည္။

အတြင္းကလီစာမရွိေတာ့သည့္ လူတစ္ေယာက္လို ရင္ခြင္တစ္ခုလုံး ဟာခနဲျဖစ္သြားရသည္။

အားယူရင္း ကုတင္နံေဘးသို႔ ျဖည္းျဖည္းခ်င္း ေလွ်ာက္သြားမိသည္။

အားလုံး ကြၽန္ေတာ့္ကို ဝိုင္းလိမ္ေနၾကတာဟု ျငင္းဆန္၍ မရေတာ့ေၾကာင့္ သိရသည့္အခိုက္အတန႔္ အားအင္တစ္ခုလုံး ခ်ိနဲ႕ကာ စိတ္တစ္ခုလုံး ဒုန္းဒုန္းခ်ရင္း ကုတင္ေဘးနား အ႐ုပ္ႀကိဳးပ်က္ ထိုင္ခ်လိဳက္မိေတာ့သည္။

ျပန္နိုးထလာပါေစလို႔ ဆုေတာင္းေနမိေသာ္လည္း အခ်ည္းႏွီးသာပင္။

"ေခြးေကာင္"

"ကြၽန္ေတာ္ ေမာင္ေနာင္ရိုးသစ္သည္ ကြၽန္ေတာ့္၏ ေဘးတြင္ရပ္ေနေသာ အရပ္ရွည္ရွည္ႏွင့္ ေလာရွည္ေကာင္ထိန္လင္းႏွင့္အတူ အသက္ႀကီးလာသည့္အခါ အတူေနပါမည္ဟု ကတိသစၥာျပဳပါသည္။ ကြၽန္ေတာ္ေနာင္ရိုးသစ္သည္ ထိန္လင္းႏွင့္အတူ အသက္ႀကီးလာသည့္အခါ အတူေနပါမည္ဟု ေျပာခဲ့ျခင္းသည္ စိတ္ရင္းစကားအမွန္ျဖစ္ပါသည္။ အကယ္၍ ဤသစၥာစကားမွန္ကန္ခဲ့ေသာ ဘယ္ေနရာ ဘယ္အရပ္ေဒေရာက္ေရာက္ ကြၽန္ေတာ္ေနာင္ရိုးသစ္သည္
ေရာက္ရာအရပ္မွ သေကာင့္သားထိန္လင္းဆီသို႔ ျပန္လာခြင့္ရပါေစ အၿမဲလည္း အတူရွိေနခြင့္ရပါေစ"
သူ႕စကားသံေတြက နားထဲ အလိုလို ျပန္ၾကားလာရသည္။

မင္း ညာတယ္ ေနာင္ရိုး...။
မင္း ငါ့ကို ညာတယ္။

အသက္ႀကီးလာရင္ ငါနဲ႕အတူေနပါမယ္ဆို။
ခုေတာ့ ငါ့ကိုထားၿပီး ထြက္သြားၿပီ။

ငါမင္းကို ေျပာျပမယ့္ တိတ္တခိုးခ်စ္ခဲ့ရတဲ့အေၾကာင္းေတြကိုေတာ့ နားေထာင္သြားသင့္ပါရဲ႕...။

မင္းၾကားနိုင္မယ္ဆို ငါေျပာခ်င္တယ္...ငါမင္းကိုခ်စ္တယ္ေနာင္ရိုး။

****************

ဩကာသ ဩကာသ ဩကာသ ကာယကံ ဝစီကံ မေနာကံ သဗၺေဒါသ ခပ္သိမ္းေသာ.....

ဆြမ္းသြပ္ ရက္လည္တရားေဟာရန္ ဩကာသ ကန္ေတာ့ခ်ိဳး အရင္ဆုံးဆိုရေလသည်။ ၿပီးေနာက္ ငါးပါးသီလ ခံယူၾကသည္။ထို႔ေနာက္ ႐ြာဦးေက်ာင္းဆရာေတာ္မွ ဆင္ျခင္ဖြယ္အတိေကာင္းလွသည့္ မရဏႏုႆတိ ဘာဝနတရားေဟာၾကားေလသည္။

"ေသျခင္းတရားဆိုတာ ေကြးေသာလက္မဆန႔္ခင္၊ ဆန႔္ေသာလက္မေကြးခင္ က်ေရာက္လာနိုင္တယ္လို႔ ဘုန္းဘုန္းတို႔ရဲ႕ ျမတ္စြာဘုရားဟာ ေလးသေခၤ်နဲ႕ကမၻာတစ္သိန္း ပါရမီျဖည္မွ ရလာတဲ့ သဗၺၫုတဉာဏ္နဲ႕ ေဟာထားတယ္။ ေသျခင္းအေၾကာင္းတရားေလးမ်ိဳးရွိတယ္။ အာယုကၡယ သက္တမ္းကုန္လို႔လည္းေသနိုင္တယ္။ ကမၼကၡယ သက္တမ္းမျပည့္ေသးေသာ္လည္း လူ႕ဘဝဆက္ေနဖို႔ ကုသိုလ္ကံကုန္လို႔ ေသနိုင္တယ္။ ဥဘယကၡယ သက္တမ္းေရာ ကုသိုလ္ကံေရာႏွစ္မ်ိဳးလုံးကုန္လို႔ ေသနိုင္တယ္။ ေနာက္ဆုံးတစ္ခုက
ဥပစ္ေဆဒကတဲ့။ သူတစ္ပါးပေယာဂေၾကာင့္လည္း ေသနိုင္တယ္။ ဒီေတာ့ ဘုန္းဘုန္းတို႔ ဗုဒၶျမတ္စြာစြာဘုရားဟာ သက္ရွိသတၱဝါအားလုံးအတြက္ တစ္တန္းစားတည္ေဟာထားတဲ့ တရားဟာ ေကြးေသာလက္မဆန႔္ခင္၊ ဆန႔္ေသာလက္မေကြးခင္ ေသနိုင္တယ္ဆိုတာပဲ......"

႐ြာဦးေက်ာင္းဆရာေတာ္၏ မရဏ ႏုႆတိ ဘာဝနာတရားသံက နားထံသို႔ ဝင္တစ္ခ်က္၊ မဝင္တစ္ခ်က္။ စိတ္သည္ အေဝးသို႔ပ်ံ့လိုက္၊ တရားဆီေရာက္လိုက္ႏွင့္ပင္ျဖစ္သည္။

တရားနာေနရင္းမွပင္ မ်က္ဝန္းအိမ္မွ မ်က္ရည္ေပါက္ငယ္မ်ား တသြင္သြင္စီးက်လာရသည္။

လြမ္းတယ္ ေနာင္ရိုးရာ။
မင္းမို႔ ငါ့ကို ထားရက္ခဲ့တယ္။

ေကြးေသာလက္မဆန႔္ခင္ ဆန႔္ေသာလက္မေကြးခင္ ေသျခင္းတရားေရာက္လာနိုင္တယ္ဆိုသည့္အရာကို သတိမျပဳမိခဲ့တာ ကြၽန္ေတာ္မွားသြားသလား။ ခုဆို ကြၽန္ေတာ့္အနားမွာ ေနာင္ရိုးမရွိေတာ့ဘူး....။

"အားလုံး အားလုံး အမွ် အမွ် ယူေတာ္မူၾကပါကုန္ေလာ့ သာဓု သာဓု သာဓု "

ေၾကးစည္သံႏွင့္အတူ ထြက္ေပၚလာသည့္ သာဓု ေခၚသံညီညီက ရင္ထဲတြင္ ေဆာက္တည္၍ မရနိုင္ေအာင္ပင္ မြန္းၾကပ္လွေပသည္။

"သာ... ဓု"

"သာ...ဓု"

"သာ...ဓု"

သာဓုဟူေသာ စကားကိုပင္ အသံထိန္းကာ ေျပာရသည္။ ႏႈတ္ခမ္းမ်ား တုန္ရီကာ ျဖစ္နိုင္လွ်င္ လူပင္ ေခြက်ခ်င္ေနၿပီျဖစ္သည္။ ႏုံးခ်ိယိုင္ေခြေနသည္။

ေရာက္ရာအရပ္က သာဓုေခၚပါ။
ၿပီးရင္ ေရာက္ရာအရပ္က ငါ့ဆီ အျမန္ျပန္လာခဲ့ပါ။

ရက္လည္တရားနာၿပီး၊ ကနားဖ်င္းမ်ားသိမ္းဆည္းၿပီးသည္အထိ ေနာင္ရိုးတို႔အိမ္မွာသာ ထိန္လင္းရွိေနခဲ့သည္။ သတိရေနသူအဖို႔ သူ႕အေငြ႕အသက္မ်ားစြာ ထုံမႊမ္းေနသည့္ ေနရာေလးသည္သာ စိတ္ေက်နပ္စရာတစ္ခုပဲ မဟုတ္လား။

"သား ထိန္လင္း သားလည္း က်န္းမာေရးဂ႐ုစိုက္ေနာ္ စိတ္ေထာင္းေတာ့ ကိုယ္ေၾကတဲ့ ေသတဲ့သူက ေသသြားၿပီ ကိုယ့္ကိုယ္ကိုယ္လည္း ဂ႐ုစိုက္ေနာ္"

"ဟုတ္ကဲ့ အရီးခင္"

က်န္းမာေရးဂ႐ုစိုက္ဖို႔ တဖြဖြေျပာေနသည့္ သူငယ္ခ်င္းျဖစ္သူ၏ အေမေၾကာင့္ ေနာင္ရိုးကို ပို၍ သတိရမိျပန္သည္။

"မင္း သူငယ္ခ်င္း ေနာင္ရိုးကေလ.."ဟူ၍ အစခ်ီကာ ေနာင္ရိုးအေၾကာင္းမ်ားကို တစီတသန္းႀကီး ေရွးေဟာင္းႏွောင္းျဖစ္မ်ား ေျပာျပေနသည့္ အရီးခင္ကို ၾကည့္ကာ ထိန္လင္း စိတ္မေကာင္းျဖစ္မိသည္။

သူ႕အေၾကာင္းေတြ ျပန္ၾကားရတဲ့အခါ ရင္ကတဆစ္ဆစ္ပိုနာရျပန္သည္။ျဖစ္နိုင္ရင္ ေနာင္ရိုး ကို ကြၽန္ေတာ့္ဆီ ျပန္ေခၚေပးၾကပါဗ်ာ။

"ကဲ မင္းႏွမနဲ႕ စကားေျပာဦး အရီး ဘုရားရွိခိုးဦးမယ္" ဟုဆိုကာ အရီးခင္အနားမွ ထြက္သြားေလသည္။

ေနာင္ရိုး၏ ႏွမငယ္ႏွင့္ ေျပာျဖစ္သည့္ အေၾကာင္းအရာမ်ားသည္လည္း ေနာင္ရိုးသစ္၏ အေၾကာင္းမ်ားသာ ျဖစ္ေနခဲ့သည်။

"ကိုကို႔ခ်စ္သူကိုေရာ ကိုႀကီးထိန္လင္း သိလား"

အင္း။ ကြၽန္ေတာ္မသိခဲ့ဘူး။ အရင္းႏွီးဆုံး အနီးကပ္ဆုံး ေနရာမွာ ေနခဲ့ရတာေတာင္ မသိခဲ့ဘူး။ မင္းေျပာျပမယ့္ မင္းခ်စ္သူအေၾကာင္း
နားေထာင္ခြင့္ေတာင္ မရွိေတာ့ပါဘူးကြာ။

"အင္း မသိဘူး။ ညီမေလးအစ္ကိုက သိပ္ၿမဳံစိစိနိုင္တာ အရမ္းလ်ိဳတာ ကိုႀကီး မသိခဲ့ဘူး"

"ကိုႀကီး တကယ္ မသိတာလား"

ေခါင္းကေလးအသာအယာပင္ ညိတ္ျပလိုက္သည္။

"ဒါဆို ညီမေလးေျပာျပရမလား"

ထပ္၍ပင္ ေခါင္းညိတ္လိုက္မိသည္။ မရွိေတာ့တဲ့သူရဲ႕အေၾကာင္းကို အရမ္းသိခ်င္ၿပီး စပ္စုရာက်ေနမလား မသိေတာ့။ ဘာပဲျဖစ္ျဖစ္ ကြၽန္ေတာ္ သိခ်င္မိတယ္။

"ညီမေလးက ကိုႀကီးထိန္လင္း
သိမယ္ေတာင္ထင္ေနတာ "

ထိန္လင္း ဘာမွထပ္မေျပာခင္မွာပင္ ျဖဴႏွင္းေဖြးက ဆက္ေျပာေလသည္။

"ကိုကိုက သိပ္လ်ိဳတာ ဘယ္သူမွမေျပာျပဘူး ညီမေလးေတာင္ မေန႕ကမွ ကိုကို႔အခန္းထဲဝင္ရွင္းရင္း ကိုကို႔ဒိုင္ယာရီေတြ႕လို႔....ဖတ္ၾကည့္မိရင္းက သိခဲ့ရတာ"

ဟုတ္တယ္ မင္းက သိပ္လ်ိဳတတ္တဲ့ေကာင္ ေနာင္ရိုး။

"ခဏေနာ္ ညီမေလးသြားယူေပးမယ္"ဟုဆိုကာ အနားမွ ထကာ အိမ္ေလးထဲသို႔ ဝင္သြားေလသည္။တစ္ေအာင့္ၾကာသည္ႏွင့္ စာအုပ္ထူထူေလးႏွင့္ အမွတ္တရပစၥည္းမ်ား သိမ္းဆည္းထားဟန္ရွိသည့္ ယြန္းေသတၱာငယ္ေလးအား လက္တြင္ ကိုင္လ်က္ေရာက္လာေလသည္။

ကမ္းေပးလာသည့္ စာအုပ္ေလးႏွင့္ ယြန္းေသတၱာငယ္ေလးအား ထိန္လင္း အသာအယာပင္ ယူလိုက္သည္။ၿပီးေနာက္ စာအုပ္ေလးအား ပထမဦးဆုံးၾကည့္မိသည္။

"ကိုႀကီး ေအးေဆးဖတ္ၾကည့္ေနာ္ ညီမေလး အေဖနဲ႕အေမကို အိပ္ယာခင္းေပးလိုက္ဦးမယ္ေနာ္"

"ေအးေအး"

စာအုပ္ေလးမွာ အနည္းငယ္ပင္ ႏြမ္းလ်လ်ျဖစ္ေနၿပီျဖစ္သည္။စာအုပ္အဖုံးမွာ ေဟာင္းႏြမ္းဟန္ျဖစ္ေနေသာ္လည္း တြန႔္ေၾကေနျခင္းမရွိ။ စာအုပ္ေလးအား သားေရေလွ်ာ္စည္းေလးျဖင့္ အက်အနစည္းထားသည္။ စည္းထားသည့္ ေလွ်ာ္စည္းေလးအား အသာအယာ ျဖည္လိုက္သည္။ထို႔ေနာက္စာအုပ္အဖုံးေပၚတြင္ ကပ္ေနေသာ ဖုန္မႈန႔္ေလးမ်ားအား ထိန္လင္းေအာင္ ပါးစပ္ျဖင့္ မႈတ္ထုတ္လိုက္သည္။

စာအုပ္ေလး၏ ပထမစာမ်က္ႏွာတြင္ ေက်ာင္းစုံညီပြဲေတာ္ရက္က ရိုက္ထားခဲ့သည့္အပုံေလးအား ေကာ္ျဖင့္ ကပ္ထားေလသည္။ ေဘးမွတျခားသူမ်ား၏ ႐ုပ္ပုံမ်ားအား ကိုက္ထုတ္ထားဟန္ရွိၿပီး သူႏွင့္ ကြၽန္ေတာ့္အပုံကိုသာ ျဖတ္ထုတ္ထား၍ ကပ္ထားျခင္းျဖစ္သည္။

စာ႐ြက္တစ္႐ြက္ခ်င္းဆီတြင္ ကြၽန္ေတာ္ႏွင့္ ပတ္သတ္ေသာ အမွတ္တရမ်ား၊ကြၽန္ေတာ္ႀကိဳက္တတ္ေသာ အရာမ်ားအား ေရးထားေလသည္။ဘာေၾကာင့္ ေရးထားမွန္း နားမလည္ေသာ္လည္း စာေတြဖတ္ရင္း ရင္ေတြပူလာရျပန္သည္။

"သဘာဝတရားႀကီးကို လြန္ဆန္ၿပီး မင္းနဲ႕ငါခ်စ္လို႔မရဘူးလားကြာ"

ေတြ႕ပါၿပီ။ ကြၽန္ေတာ္သိပ္ခ်စ္ရသည့္ ေနာင္ရိုး၏ ခ်စ္သူအေၾကာင္း။ စာအုပ္ေလး၏ အလယ္စာမ်က္ႏွာ ေလာက္တြင္ ေရးထားသည့္ စာအားဖတ္ၾကည့္ေသာ္လည္း ကြၽန္ေတာ္ ခ်က္ခ်င္းနားလည္နိုင္စြမ္းမရွိေသးေပ။
သဘာဝတရားႀကီးကို လြန္ဆန္ၿပီး ခ်စ္လို႔မရဘူးတဲ့လား။ မင္း အခ်စ္က ဘယ္လိုမ်ိဳးလဲ ေနာင္ရိုး။
မင္း ခ်စ္ရသူက ဘယ္သူလဲေနာင္ရိုး။

"ငါ မင္းကိုခ်စ္တယ္ ထိန္လင္း"

ေနာက္ဆုံးစာမ်က္ႏွာအေရာက္တြင္ ခပ္ေသာ့ေသာ့လက္ေရးျဖင့္ ေရးထားသည့္ စာကေလးတစ်ေကြာင်းကြောင့် ထိန္လင္း ၾကက္ေသ ေသသြားရသည္။
စာအုပ္ကိုင္ထားမိသည့္ လက္မ်ားပင္ တဆတ္ဆတ္တုန္လာသည္။ ဘယ္ဆီကမွန္းမသိေရာက္လာသည့္ မ်က္ရည္မ်ားက တသြင္သြင္စီးက်လာျပန္သည္။ ဝမ္းနည္း ဝမ္းသာမႈတို႔ အစုံေရာေထြးကာျဖင့္ ရင္အား မီးအုံးျဖင့္ ထိုးခံရသကဲ့သို႔ ရင္တစ္ခုလုံး မြန္းၾကပ္ ပူေလာင္လာသည္။

ငါ ...ငါ ေတာင္းပန္ပါတယ္ ေနာင္ရိုး။
မင္းအခ်စ္ေတြ မျမင္ခဲ့မိလို႔ ငါေတာင္းပန္ပါတယ္ကြာ။ တကယ္ဆို ငါဆိုတဲ့ေကာင္ကလည္း မင္းကို သူငယ္ခ်င္းတစ္ေယာက္ထက္ပိုၿပီး တိတ္တခိုး ခ်စ္ေနမိခဲ့သူပါ။

အလင္းေရာင္ကင္းမဲ့ေနသည့္ လကြယ္ရက္သည္ လြမ္းေဆြးေနသူကိုပင္ ပို၍ ေဆြးေျမ့ေစရျပန္သည္။

တကယ္ပါ ဘဝဆိုတာ အစမ္းတစ္ခါေလွ်ာက္ၿပီးမွ ေနာက္တစ္ေခါက္မ်ား အတည္ျပန္ေလွ်ာက္လို႔ရခဲ့ရင္ " ငါမင္းကိုခ်စ္တယ္"ဆိုတဲ့စကားကို အခ်ိန္ေတြေစာင့္ဆိုင္းမေနပဲ ေျပာခဲ့မိမွာပါ။

ခ်စ္တယ္ဆိုတဲ့စကားကို ဖြင့္ေျပာဖို႔ တြန႔္ဆုတ္ခဲ့တဲ့ေကာင္၊ အျဖဴေရာင္ႀကိဳးေလးကို ျဖတ္ေက်ာ္ၿပီး ဖြင့္မေျပာရဲခဲ့တဲ့ေကာင္.....မင္းရင္ထဲက အခ်စ္ေတြကို မျမင္ခဲ့တဲ့ ငါ့ကို ဘယ္ေတာ့မွ
ခြင့္မလႊတ္နဲ႕ ေနာင္ရိုး။

ျဖစ္နိုင္ရင္ ငါ့ဆီ ျပန္လာၿပီး ငါေျပာျပမယ့္ ငါခ်စ္ရသူအေၾကာင္းကို မင္းနားေထာင္ပါ။ငါလည္းမင္းကို ခ်စ္ေနခဲ့ပါတယ္ဆိုတဲ့စကားကို ငါ မင္းၾကားေအာင္ ေျပာျပခ်င္ေသးတယ္။

ငါ မင္းကိုခ်စ္တယ္ ေနာင္ရိုး။

မင္းက ကတိမတည္ဘူး ေနာင္ရိုး။
တစ္သက္လုံး ငါနဲ႕ပဲ အတူေနမွာေျပာၿပီး ငါ့ကို တစ္ေယာက္တည္း ခ်န္ထားရက္ခဲ့တယ္။

အိပ္မေပ်ာ္သူအဖို႔ ညတာဟာ ရွည္တယ္။

ဒီလိုနဲ႕ မနက္ျဖန္ေရာက္ရင္ ကြၽန္ေတာ္လည္း ေနာင္ရိုးကို လြမ္းေနရဦးမယ္။

Continue Reading

You'll Also Like

3.5M 360K 38
ခူးဆြတ္ဖို႔မေလာပါနဲ႔ တစ္ခ်ိန္မွာအလိုက္သင့္ေႂကြက်ေပးပါ့မယ္ အဲအခ်ိန္က်ရင္သာ တယုတယနဲ႔ေကာက္ယူပါ ေမာင္ရယ္
2.9M 156K 52
ချမ်းသာကြွယ်ဝမူတွေနဲ့ဂုဏ်ရှိန်ပြင်းတဲ့ မိုးထိခေါင်မှိုင်း ဟာအိမ်ထောင်ကွဲဖြစ်ပြီးငါးနှစ်အရွယ်သားလေးတစ် ယောက်ရှိပေမဲ့ သားလေးရဲ့ပူဆာမူကြောင့်ညီလေးတစ် ယေ...
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အေသမခြီးရေတာင္ တစ္ခ်က္ေတာ့ျပဳံးမိဖို႔...
228K 34.7K 87
»This is not my own story »Just translate for fun »All credits go to the original author and translator »Cover photo from pinterest