For..

By Gael_2001

549K 37.9K 3.9K

မင်း အဆင်ပြေဖို့အတွတ် ငါ နာကျင်ပေးရလဲ ဖြစ်တယ် ကိုကို။ More

For...
For...
For...
For...
For..
For..
For...
For...
For...
For...
For...
For...
For....
For..
For...
For...
For...
For...
For..
For...
For...
For...
For..
For...
For...
For...⚠⚠⚠
For...
For...
For...
For..
For...
For...
For...
For...
For..
For...
For...
For...
For..
For..
For..
For...⚠️⚠️⚠️
For..
For...
For...⚠⚠⚠
For...
For...⚠⚠⚠
For...
For...⚠⚠⚠
For...
Final

For....

9.6K 783 116
By Gael_2001

ရှယ်ယာရှင်တွေ လာသည်နှင့် ကွမ့်ကျွင်းနှင့် ရိပေါ်က ရှောင်းကျန့် အနောက်နားမှာ ဖိုင်အချို့ပိုက်ပြီး မတ်တပ်ရပ်နေရသည်။ ရိပေါ်ကသာ ဖိုင်အချို့ ပွေ့ထားပေမယ့် ကွမ့်ကျွင်းက လက်ချင်းယှက်ကာ သတိအနေအထားနှင့်မတ်တပ်ရပ်နေပြီး ရှောင်းကျန့်ခိုင်းလျှင် လုပ်ပေးရန် အသင့်။

*ကိုးရီးယားမှာ လုပ်ငန်းတိုးချဲ့ဖို့ စဉ်းစားပေးတာ ကျေးဇူးပါ Mr.Sean*

ရှောင်းကျန့်သည် နှုတ်ခမ်းထောင့်စွန်း ကော့တက်ရုံ ပြုံးလိုက်၏။ ပြီးမှ အားလုံးကို ကြည့်လိုက်ကာ

*ကျွန်တော်ကလဲ ပြန်ကျေးဇူးတင်ရမှာပါ။ဒီနေ့မပြန်ဖြစ်ကြသေးရင် ညစာကို ကျွန်တော် လိုက်ကျွေးပါရစေ*

*ကျွန်တော်တို့က တရုတ်စာဆို သိပ်ကြိုက်ဗျာ*

လုပ်ငန်းရှင်အချင်းချင်း ပြောဆို ရယ်မောနေကြတုန်း ရှောင်းကျန့် ကိုယ်ကိုယ်အနောက်အနည်းငယ် လှန်လိုက်ကာ ကွမ့်ကျွင်းကို သူ့အနား ခေါ်လိုက်၏။

*××××ဟိုတယ်မှာ ညစာ ကြိုပြင်ဆင်ထားခိုင်းလိုက်။ အကောင်းဆုံးဆိုတာတွေပဲ ဖြစ်ချင်တယ်လို့*

*ဟုတ်ကဲ့ပါ ဘော့စ်*

ကွမ့်ကျွင်းက ထွက်သွား၍ ရိပေါ်သာ သူ့အနား ကျန်ခဲ့သည်။ လုပ်ငန်းရှင်တွေဆိုပေမယ့် အသက်ကြီးကြီးတွေတော့ မဟုတ်။ အလွန်ဆုံး အသက်၅၀လောက်သာ ပါပြီး အရွယ်ကောင်းတွေ ကြည့်ပင်။

ထိုအထဲက လူကြီးတစ်ယောက်သည် စရောက်ကထဲက ရိပေါ်ကို ကြည့်နေကာ ဝါးစားမလိုပင်။ တစ်ခုခုများ မှားနေသလားဆိုပြီး ရိပေါ် ပြန်စမ်းစစ်ပေမယ့် ဘာမှမတွေ့။ ထိုလူကြီးက သူနဲ့စကားပြောနေပေမယ့် အကြည့်တွေက ရိပေါ်ဆီမှာ။

မူမမှန်မှန်း သိပေမယ့် ဘာမှလုပ်လို့မရ။ ရိပေါ်က သူ့နောက်လိုက် အတွင်းရေးမှူး။ တစ်ခုခု ထပြောလိုက်လျှင် သူ့စီးပွားရေးထိပြီး နာမည်ဆိုး ထွက်လာနိုင်၏။

*အတွင်းရေးမှူး အသစ်လား  Mr.*

ရိပေါ်ကိုပဲ ကြည့်နေသည့် လုပ်ငန်းရှင်လူကြီးက ထမေးလာသည်။ ရှောင်းကျန့် ရိပေါ်ဘက် အနည်းငယ် ငဲ့စောင်းကြည့်ကာ

*ဟုတ်ပါတယ် Mr.။ တစ်ခုခုများ အလိုမကျလို့လား*

*မဟုတ်ပါဘူး အဆင်ပြေပါတယ်။ တိကျလွန်းလို့ Mr.က အတွင်းရေးမှူး ကောင်းလေးရထားတာပဲ*

ရိပေါ် ဒေါသထွက်နေ၍ ဖိုင်ကိုသာ တင်းနေအောင်ကိုင်ထားရင်း မျက်နှာကတော့ ပြုံးကာ

*ကျေးဇူးတင်ပါတယ်*

ရှောင်းကျန့် မေးရိုးတွေက တင်းခနဲဖြစ်သွားကာ သူ့အရှေ့က ရှယ်ယာရှင်ကို သေချာကြည့်နေမိသည်။ နှုတ်ခမ်းတွေက ပြုံးနေပေမယ့် မျက်လုံးတွေက လူသတ်ချင်သည့် အရိပ်အယောင်အပြည့်။

*ဒါဆို ပြန်ခွင့်ပြုပါအုံး Mr.Sean*

*ဟုတ်ကဲ့ပါ။ ဒါဆို ည ၆နာရီလောက် တွေ့ကြတာပေါ့*

အချင်းချင်းပွေ့ဖက်ကာ နှုတ်ဆက်ကြပြီး ကားပါကင်အထိ ပြန်လိုက်ပို့ပေးရသည်။ လိုက်ပို့သည့် တစ်လျှောက် ရှောင်းကျန့်သည် ရိပေါ်၏ ခန္ဓာကိုယ်လေးကို သူ့ကိုယ်နှင့် မရရအောင် ကာထား၏။ ဓာတ်လှေကားထဲ ဝင်သည်နှင့် ရိပေါ်ကို နံရံသို့ ဘယ်သူမှ မသိအောင် အသာတွန်းလိုက်ရင်း ရိပေါ်ရှေ့က ပိတ်ရပ်လိုက်၏။

တစ်ခါမှ သရုပ်မပျက်စဖူး ဝမ်ရိပေါ်ကို အခြားသူမြင်မှာစိုး၍ လိုက်ကာနေသည့် ရှောင်းကျန့်ကို အခြားသူတွေ အံ့ဩနေပေမယ့် ဘာမှမပြောရဲကြ။

ထိုလူသည် Mr.Seanလေ။ လုပ်ငန်းပေါင်းများစွာ ပိုင်ဆိုင်ထားပြီး ပြတ်သားသည့်သူ။ ရှောင်းကျန့်၏ ပုံစံကို ကြည့်သည်နှင့် Mr.Seanနဲ့ သူ့အတွင်းရေးမှူး၏ ပတ်သတ်မှုသည် ပုံမှန်မဟုတ်မှန်း သိလိုက်၏။ Mr.Sean၏ အတွင်းရေးမှူး ရာထူးနှင့် ဝင်ငွေသည် ဘယ်လောက်တောင် နေရာယူနိုင်ကြောင်း အားလုံးအသိ။

အဲ့တာကြောင့်လဲ ဒီလိုနေရာရဖို့ Mr.Sean၏ အတွင်းရေးမှူးသည် Mr.Seanဆီကို ခန္ဓာကိုယ်ပေးပြီး ဒီနေရာကို ရယူထားသည်ဟု အားလုံးက ထင်လိုက်ကြ၏။

ရှောင်းကျန့်နှင့်ရိပေါ် ရှယ်ယာရှင်တွေကို လိုက်ပို့ပြီး ပြန်အလာ ကွမ့်ကျွင်း ဝင်လာသည်နှင့် တည့်တည့်တိုးလေသည်။ ကွမ့်ကျွင်းသည် ရှောင်းကျန့်ကို အရိုအသေပေးကာ

*အားလုံး အဆင်ပြေပါတယ် ဘော့စ်*

*အင်း*

တည်တင်းနေသည့် ဘော့စ်မျက်နှာကြောင့် ကွမ့်ကျွင်း ရာသီဉတုမသာယာသလို ခံစားလိုက်ရ၏။ သူ မထွက်သွားခင်ကမှ အကောင်းကြီးကို ဘာဖြစ်သွားလဲ မသိ။ ဘော့စ်စိတ်တိုလျှင် ကွမ့်ကျွင်းမှာ နေစရာမရှိ။ ဘေးက ဘော့စ်၏ အတွင်းရေးမှူး ရိပေါ်ကို ကြည့်လိုက်ကာ

*ဘာဖြစ်နေတာလဲ*

*ဘယ်သူလဲ*

ကွမ့်ကျွင်းမေးသည်က အဆက်အစပ်မရှိ၍ ရိပေါ် မျက်ခုံးလေး ပင့်ကာ ကွမ့်ကျွင်းအနား ပြန်ကပ်ကာ မေးလိုက်၏။

ကွမ့်ကျွင်း ရှေ့ကဘော့စ်ဆီ မျက်စပစ်ပြလိုက်မှ ရိပေါ်က သူ့ဆီ လှမ်းကြည့်လိုက်ပြီး ခေါင်းအသာခါလိုက်သည်။

*ကျွန်တော်လဲ မသိဘူး*

________________________

*အပြင်မှာ နေခဲ့လိုက်*

ကွမ့်ကျွင်း အထဲလိုက်ဝင်ဖို့ ပြင်လိုက်တော့ အေးစက်စက်ကြီး ထွက်လာသည့် ဘော့စ်စကားကြောင့် အထဲဝင်ခါနီး ခြေလှမ်းတွေကို တုံ့ခနဲ ရပ်ပစ်ရသည်။ ဘော့စ်အတွင်းရေးမှူးကလဲ ကွမ့်ကျွင်းနား ရပ်နေခဲ့၏။

ကျစ် ခနဲ စုပ်သပ်ကာ အတွင်းရေးမှူး၏ လက်ကို ဆောင့်ဆွဲလိုက်သည့် ဘော့စ်ကြောင့် ခပ်သေးသေး အတွင်းရေးမှူး၏ ခန္ဓာကိုယ်လေးသည် ဘော့စ်ရုံးခန်းထဲ ရောက်သွားကာ တံခါးကလဲ ဝုန်းခနဲမြည်အောင် ပိတ်သွား၏။

ကွမ့်ကျွင်းပင် လန့်သွားကာ ပုခုံးကျုံ့မိသွားသည်အထိ။ ဘော့စ်နှင့်အတွင်းရေးမှူးကို ကြည့်ရတာ ပုံမှန်မဟုတ်မှန်း ကွမ့်ကျွင်းသိသည်။ တစ်ခုခုတော့ တစ်ခုခုပဲ ဆိုတာသည် ဟိုဟာတွေများလားလို့ တွေးလိုက်မိတော့ ကွမ့်ကျွင်း ခေါင်းအတင်းခါကာ အတွေးတွေကို ပြန်ထုတ်လိုက်မိသည်။

*ဘာလုပ်တာလဲ..အာ့*

ရိပေါ် ခန္ဓာကိုယ်လေးသည် ဆောင့်တွန်းခံလိုက်ရ၍ စားပွဲနှင့် ခါးစောင်းရိုက်မိကာ နာကျင်သွားရသည်။ ရိပေါ် ဘာလုပ်မိလို့ ဒီလိုတွေ လာလုပ်နေရတာလဲ။ စူးရဲကာ ကြောက်မက်ဖွယ် အကြည့်တွေကြောင့် ရိပေါ် စိတ်ထဲ အနည်းငယ်တော့ သူ့ကို ကြောက်မိသွားသည်။

*သိပ်ကို သာယာနေတာလား ဟမ်*

*ဘာ.!*

ရှောင်းကျန့်ဆိုလိုတာကို နားမလည်၍ ရိပေါ် ဘာ ဟုပင် အသံထွက်သွားရသည်။ ရိပေါ်ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ အားနှင့် လှုပ်ရမ်းလိုက်၍ အိပ်ချိန်တွေ၊စားချိန်တွေ မမှန်သည့် ရိပေါ်အဖို့ မိုက်ခနဲ ဖြစ်သွားကာ ခေါင်းမူးသွားရသည်။

*ဟိုကောင်က ဒီလောက်ကြည့်နေတာတောင် ကျေးဇူးတင်ပါတယ်က လာလိုက်သေးတယ်။ ဟ..မင်း တကယ်ကို*

အတင်း ဖိဆုပ်ထား၍ ရိပေါ် ပုခုံးက နာလာ၍ မျက်ရည်တွေဝေ့သီလာသည်။ စားပွဲစောင်းနဲ့ အရိုက်ခံလိုက်ရသည့် ခါးကလဲ နာကျင်နေ၏။

*ငါက ကျေးဇူးတင်ပါတယ် မပြောလို့ ဘာပြောရမှာလဲ။ ငါ့ကို သပ်သပ် ပြဿနာလာမရှာနဲ့ ရှောင်းကျန့်*

*ဘာကွ..!*

အားနဲ့ ပိုဖိညှစ်လာသည့် ရှောင်းကျန့်ကြောင့် ရိပေါ် မျက်ရည်က ပါးဖောင်း‌ေဖာင်းလေးအပေါ် စီးကျလာသည်။

*ဖယ်..လွှတ်..ငါ နာနေပြီ*

ရှောင်းကျန့်၏ ရင်ဘတ်ကြီးကို ထုရိုက်ကာ လွှတ်ပေးဖို့ ပြောပေမယ့် တကယ်တမ်း ထပ်ပြီးအဖိညှစ်ခံလိုက်ရသည်က ရိပေါ်၏ ပါးဖောင်းဖောင်းလေးနှစ်ဖက်။ စူထွက်လာသည့် နှုတ်ခမ်းရဲရဲစိုစိုလေးကို စိုက်ကြည့်နေသည့် ရှောင်းကျန့်ကြောင့် ရိပေါ် ခေါင်းထဲ အချက်ပေးသံတွေ မြည်လာ၏။

ဖြတ်ခနဲ ငုံ့လာကာ နှုတ်ခမ်းကို ငုံစုပ်လာသည့် သူကြောင့် ရိပေါ် ရုန်းပေမယ့် နာကျင်နေသည့် ခန္ဓာကိုယ်ကြောင့် သိပ်မရုန်းနိုင်။ သူ့လျှာကြီးဖြင့် အတင်းတိုးဝင်ကာ အသက်ရှူရပ်မတတ်ပင် အတင်းအကြပ်နမ်းနေ၍ ရိပေါ်လက်တွေသည် ရှောင်းကျန့်၏ ကျောပြင်ကြီးကို ထုရိုက်ရတော့ရသည်။

*အင့်..အွင်း*

အောက်နှုတ်ခမ်းလေးကို ဆွဲစုပ်လိုက်၍ ပြွတ်စ်ခနဲ မည်လာကာ ရှောင်းကျန့်၏ လျှာသည် ရိပေါ်၏ နှုတ်ခမ်းတစ်ခုလုံးကို သိမ်းကြုံးလျက်လာလေသည်။ လက်တွေကလဲ ပါးတွေကို အတင်းဖိညှစ်ထား၍ ရိပေါ် နာကျင်လာရကာ မျက်ရည်တွေ စီးကျလာပြန်သည်။

*မ..မလုပ်..အာ့*

ရိပေါ်၏ လျှာလေးကို အပြင်ထိဆွဲခေါ်လာကာ အတင်းစုပ်ယူနေ၍ ရိပေါ် အသက်ရှူမဝတော့။ သေတော့မလိုပင် ခံစားလာရ၍ သူ့ကို အတင်းထုရိုက်နေပေမယ့် အကြမ်းပတမ်း နမ်းခံနေရ၍ လူတစ်ကိုယ်လုံး ပျော့ခွေနေသည်။

ရှောင်းကျန့်၏ လက်တွေသည် ရိပေါ်၏ ခါးသိမ်လေးကို ဆွဲဖက်လိုက်ရ၍ ရိပေါ် အင့်ခနဲမြည်ကာ သူ့ရင်ခွင်ထဲ ရောက်သွားရပြန်သည်။ လက်ထဲက ဖိုင်တွေရော၊ စားပွဲပေါ်က ဖိုင်အချို့ပါ ကြမ်းပြင်ပေါ် ပြုတ်ကျကုန်၏။

*အား..အင်း*

ရိပေါ်မျက်နှာတစ်ခုလုံးကို အတင်းပွတ်သပ်နမ်းရှိုက်နေ၍ ရိ‌ပေါ် ကြက်သီးတွေပင် ထလာမိကာ သူ့ရင်ဘတ်ကို အတင်းဆွဲစုပ်ထားမိသည်။

*Boss...Boss..Bamလေး ရောက်နေပါတယ်*

အတင်းနမ်းရှိုက်နေသည့် သူသည် အပြင်က တံခါးခေါက်သံနှင့်အတူ ခနရပ်တန့်သွားသလို ရိပေါ်လဲ သူ့ရင်ခွင်အောက်က ထွက်မလိုပြင်လိုက်ပေမယ့် လက်ကနေပြန်ဆွဲကာ အတင်းနမ်းရှိုက်လာပြန်သည်။

ရိပေါ် လန့်လာသည်။ အပြင်မှာက သူ့သက်ဆိုင်သူ ရောက်နေလေပြီ။

*ဖယ်..အင့်*

*Boss..Boss..*

*ကျစ်..ဒီကောင်.!*

အလိုက်ကန်းစိုးမသိသည့် ကွမ့်ကျွင်းကို ရှောင်းကျန့် ဒေါသထွက်လာပြီး ရင်ခွင်အောက်က မျက်ရည်တွေပေတလူးကာ အတင်းရုန်းနေသည့် ရိပေါ်ကြောင့် လွှတ်ပေးလိုက်သည်။ ရှောင်းကျန့် လွှတ်ပေးလိုက်သည်နှင့် တုန်ယင်နေသော လက်တွေဖြင့် ဖိုင်တွေကို လိုက်ကောက်ကာ အဝတ်အစားတွေကို ပြင်နေသည့် ရိပေါ်ကြောင့် ရှောင်းကျန့်ရင်ထဲ စပ်ဖျဉ်းဖျဉ်း။

ဘာကိုဒေါသထွက်သွားမှန်းမသိ၍ နက်ခ်တိုင်ကို အတင်းဆွဲဆောင့်ပစ်ကာ

*ဝင်လာခိုင်းလိုက်*

*ကိုကို့..!*

ရုံးခန်းထဲ ဝင်လာသည်နှင့် ရှောင်းကျန့်ကို ပြေးဖက်လာသည့် ဘမ်။ ဘမ့်ခါးကို ခပ်တင်းတင်း ဖက်ထားသည့် သူ့လက်တွေ။ ရိပေါ် မျက်ဝန်းထဲ မျက်ရည်တွေ ပြည့်လာသည်။

ဒီလက်တွေသည် စောနက ရိပေါ်ခန္ဓာကိုယ်ကို နာကျင်အောင်လုပ်ထားပေမယ့် အခုကျ ကောင်ငယ်လေးကို ဖက်ထားသည်မှာ နုနုယွယွ။ ရိပေါ် စိတ်ထဲကနေ သူ့ခေါင်းသူ အခါခါပြန်ရိုက်ကာ

*မင်းက သူ့အတွတ်ဘာကောင်မလို့ မင်းကို နုယွနေရမှာလဲ။ မင်း နေရာမင်း သိစမ်းပါ ဝမ်ရိပေါ်။ မင်းက သူ့အတွတ် ဘာမှမဟုတ်ဘူး*

*ကိုကို့ကို လွမ်းနေတာ*

သူ့ရင်ခွင်ထဲ ကြောင်လေးတစ်ကောင်လို ပွတ်သပ်ကာ ချွဲနေသည့် ဘမ့်နှင့် ဘမ့်ကို အပြုံးနုနုတွေ ပေးကာ ခပ်ဖွဖွ ခေါင်းလေးကို ပွတ်သပ်နေသည့် သူ့ကို ကြည့်ရင်း ရိပေါ် လက်ထဲက ဖိုင်ကိုသာ ခပ်တင်းတင်း ဖျစ်ညှစ်လိုက်ရင်း သေချာသည့် အတွေးတစ်ခုကို ဆုံးဖြတ်ချတ်ချလိုက်သည်။

ပိုင်ရှင်ရှိနေသည့် လူတစ်ယောက်ကို ရိပေါ် ထပ်မမျှော်လင့်သင့်တော့၍ ခြေလှမ်းကို အနည်းငယ် နောက်ဆုတ်လိုက်ကာ သူ့မျက်နှာကိုသာ ခနမျှ တွေတွေလေး ငေးပြီး ကိုယ့်နေရာကို ပြန်ထိုင်လိုက်သည်။

ခန္ဓာကိုယ်က နာကျင်မှုသည် ရင်ဘတ်က ဒဏ်ရာကို မမှီခဲ့။

_________________ဆက်ရန်_____________








ရွယ္ယာရွင္ေတြ လာသည္ႏွင့္ ကြမ့္ကၽြင္းႏွင့္ ရိေပၚက ေရွာင္းက်န႔္ အေနာက္နားမွာ ဖိုင္အခ်ိဳ႕ပိုက္ၿပီး မတ္တပ္ရပ္ေနရသည္။ ရိေပၚကသာ ဖိုင္အခ်ိဳ႕ ေပြ႕ထားေပမယ့္ ကြမ့္ကၽြင္းက လက္ခ်င္းယွက္ကာ သတိအေနအထားႏွင့္မတ္တပ္ရပ္ေနၿပီး ေရွာင္းက်န႔္ခိုင္းလၽွင္ လုပ္ေပးရန္ အသင့္။

*ကိုးရီးယားမွာ လုပ္ငန္းတိုးခ်ဲ႕ဖို႔ စဥ္းစားေပးတာ ေက်းဇူးပါ Mr.Sean*

ေရွာင္းက်န႔္သည္ ႏွုတ္ခမ္းေထာင့္စြန္း ေကာ့တက္႐ုံ ျပဳံးလိုက္၏။ ၿပီးမွ အားလုံးကို ၾကည့္လိုက္ကာ

*ကၽြန္ေတာ္ကလဲ ျပန္ေက်းဇူးတင္ရမွာပါ။ဒီေန႔မျပန္ျဖစ္ၾကေသးရင္ ညစာကို ကၽြန္ေတာ္ လိုက္ေကၽြးပါရေစ*

*ကၽြန္ေတာ္တို႔က တ႐ုတ္စာဆို သိပ္ႀကိဳက္ဗ်ာ*

လုပ္ငန္းရွင္အခ်င္းခ်င္း ေျပာဆို ရယ္ေမာေနၾကတုန္း ေရွာင္းက်န႔္ ကိုယ္ကိုယ္အေနာက္အနည္းငယ္ လွန္လိုက္ကာ ကြမ့္ကၽြင္းကို သူ႔အနား ေခၚလိုက္၏။

*××××ဟိုတယ္မွာ ညစာ ႀကိဳျပင္ဆင္ထားခိုင္းလိုက္။ အေကာင္းဆုံးဆိုတာေတြပဲ ျဖစ္ခ်င္တယ္လို႔*

*ဟုတ္ကဲ့ပါ ေဘာ့စ္*

ကြမ့္ကၽြင္းက ထြက္သြား၍ ရိေပၚသာ သူ႔အနား က်န္ခဲ့သည္။ လုပ္ငန္းရွင္ေတြဆိုေပမယ့္ အသက္ႀကီးႀကီးေတြေတာ့ မဟုတ္။ အလြန္ဆုံး အသက္၅၀ေလာက္သာ ပါၿပီး အရြယ္ေကာင္းေတြ ၾကည့္ပင္။

ထိုအထဲက လူႀကီးတစ္ေယာက္သည္ စေရာက္ကထဲက ရိေပၚကို ၾကည့္ေနကာ ဝါးစားမလိုပင္။ တစ္ခုခုမ်ား မွားေနသလားဆိုၿပီး ရိေပၚ ျပန္စမ္းစစ္ေပမယ့္ ဘာမွမေတြ႕။ ထိုလူႀကီးက သူနဲ႔စကားေျပာေနေပမယ့္ အၾကည့္ေတြက ရိေပၚဆီမွာ။

မူမမွန္မွန္း သိေပမယ့္ ဘာမွလုပ္လို႔မရ။ ရိေပၚက သူ႔ေနာက္လိုက္ အတြင္းေရးမွူး။ တစ္ခုခု ထေျပာလိုက္လၽွင္ သူ႔စီးပြားေရးထိၿပီး နာမည္ဆိုး ထြက္လာနိုင္၏။

*အတြင္းေရးမွူး အသစ္လား  Mr.*

ရိေပၚကိုပဲ ၾကည့္ေနသည့္ လုပ္ငန္းရွင္လူႀကီးက ထေမးလာသည္။ ေရွာင္းက်န႔္ ရိေပၚဘက္ အနည္းငယ္ ငဲ့ေစာင္းၾကည့္ကာ

*ဟုတ္ပါတယ္ Mr.။ တစ္ခုခုမ်ား အလိုမက်လို႔လား*

*မဟုတ္ပါဘူး အဆင္ေျပပါတယ္။ တိက်လြန္းလို႔ Mr.က အတြင္းေရးမွူး ေကာင္းေလးရထားတာပဲ*

ရိေပၚ ေဒါသထြက္ေန၍ ဖိုင္ကိုသာ တင္းေနေအာင္ကိုင္ထားရင္း မ်က္ႏွာကေတာ့ ျပဳံးကာ

*ေက်းဇူးတင္ပါတယ္*

ေရွာင္းက်န႔္ ေမးရိုးေတြက တင္းခနဲျဖစ္သြားကာ သူ႔အေရွ႕က ရွယ္ယာရွင္ကို ေသခ်ာၾကည့္ေနမိသည္။ ႏွုတ္ခမ္းေတြက ျပဳံးေနေပမယ့္ မ်က္လုံးေတြက လူသတ္ခ်င္သည့္ အရိပ္အေယာင္အျပည့္။

*ဒါဆို ျပန္ခြင့္ျပဳပါအုံး Mr.Sean*

*ဟုတ္ကဲ့ပါ။ ဒါဆို ည ၆နာရီေလာက္ ေတြ႕ၾကတာေပါ့*

အခ်င္းခ်င္းေပြ႕ဖက္ကာ ႏွုတ္ဆက္ၾကၿပီး ကားပါကင္အထိ ျပန္လိုက္ပို႔ေပးရသည္။ လိုက္ပို႔သည့္ တစ္ေလၽွာက္ ေရွာင္းက်န႔္သည္ ရိေပၚ၏ ခႏၶာကိုယ္ေလးကို သူ႔ကိုယ္ႏွင့္ မရရေအာင္ ကာထား၏။ ဓာတ္ေလွကားထဲ ဝင္သည္ႏွင့္ ရိေပၚကို နံရံသို႔ ဘယ္သူမွ မသိေအာင္ အသာတြန္းလိုက္ရင္း ရိေပၚေရွ႕က ပိတ္ရပ္လိုက္၏။

တစ္ခါမွ သ႐ုပ္မပ်က္စဖူး ဝမ္ရိေပၚကို အျခားသူျမင္မွာစိုး၍ လိုက္ကာေနသည့္ ေရွာင္းက်န႔္ကို အျခားသူေတြ အံ့ဩေနေပမယ့္ ဘာမွမေျပာရဲၾက။

ထိုလူသည္ Mr.Seanေလ။ လုပ္ငန္းေပါင္းမ်ားစြာ ပိုင္ဆိုင္ထားၿပီး ျပတ္သားသည့္သူ။ ေရွာင္းက်န႔္၏ ပုံစံကို ၾကည့္သည္ႏွင့္ Mr.Seanနဲ႔ သူ႔အတြင္းေရးမွူး၏ ပတ္သတ္မွုသည္ ပုံမွန္မဟုတ္မွန္း သိလိုက္၏။ Mr.Sean၏ အတြင္းေရးမွူး ရာထူးႏွင့္ ဝင္ေငြသည္ ဘယ္ေလာက္ေတာင္ ေနရာယူနိုင္ေၾကာင္း အားလုံးအသိ။

အဲ့တာေၾကာင့္လဲ ဒီလိုေနရာရဖို႔ Mr.Sean၏ အတြင္းေရးမွူးသည္ Mr.Seanဆီကို ခႏၶာကိုယ္ေပးၿပီး ဒီေနရာကို ရယူထားသည္ဟု အားလုံးက ထင္လိုက္ၾက၏။

ေရွာင္းက်န႔္ႏွင့္ရိေပၚ ရွယ္ယာရွင္ေတြကို လိုက္ပို႔ၿပီး ျပန္အလာ ကြမ့္ကၽြင္း ဝင္လာသည္ႏွင့္ တည့္တည့္တိုးေလသည္။ ကြမ့္ကၽြင္းသည္ ေရွာင္းက်န႔္ကို အရိုအေသေပးကာ

*အားလုံး အဆင္ေျပပါတယ္ ေဘာ့စ္*

*အင္း*

တည္တင္းေနသည့္ ေဘာ့စ္မ်က္ႏွာေၾကာင့္ ကြမ့္ကၽြင္း ရာသီဉတုမသာယာသလို ခံစားလိုက္ရ၏။ သူ မထြက္သြားခင္ကမွ အေကာင္းႀကီးကို ဘာျဖစ္သြားလဲ မသိ။ ေဘာ့စ္စိတ္တိုလၽွင္ ကြမ့္ကၽြင္းမွာ ေနစရာမရွိ။ ေဘးက ေဘာ့စ္၏ အတြင္းေရးမွူး ရိေပၚကို ၾကည့္လိုက္ကာ

*ဘာျဖစ္ေနတာလဲ*

*ဘယ္သူလဲ*

ကြမ့္ကၽြင္းေမးသည္က အဆက္အစပ္မရွိ၍ ရိေပၚ မ်က္ခုံးေလး ပင့္ကာ ကြမ့္ကၽြင္းအနား ျပန္ကပ္ကာ ေမးလိုက္၏။

ကြမ့္ကၽြင္း ေရွ႕ကေဘာ့စ္ဆီ မ်က္စပစ္ျပလိုက္မွ ရိေပၚက သူ႔ဆီ လွမ္းၾကည့္လိုက္ၿပီး ေခါင္းအသာခါလိုက္သည္။

*ကၽြန္ေတာ္လဲ မသိဘူး*

________________________

*အျပင္မွာ ေနခဲ့လိုက္*

ကြမ့္ကၽြင္း အထဲလိုက္ဝင္ဖို႔ ျပင္လိုက္ေတာ့ ေအးစက္စက္ႀကီး ထြက္လာသည့္ ေဘာ့စ္စကားေၾကာင့္ အထဲဝင္ခါနီး ေျခလွမ္းေတြကို တုံ႔ခနဲ ရပ္ပစ္ရသည္။ ေဘာ့စ္အတြင္းေရးမွူးကလဲ ကြမ့္ကၽြင္းနား ရပ္ေနခဲ့၏။

က်စ္ ခနဲ စုပ္သပ္ကာ အတြင္းေရးမွူး၏ လက္ကို ေဆာင့္ဆြဲလိုက္သည့္ ေဘာ့စ္ေၾကာင့္ ခပ္ေသးေသး အတြင္းေရးမွူး၏ ခႏၶာကိုယ္ေလးသည္ ေဘာ့စ္႐ုံးခန္းထဲ ေရာက္သြားကာ တံခါးကလဲ ဝုန္းခနဲျမည္ေအာင္ ပိတ္သြား၏။

ကြမ့္ကၽြင္းပင္ လန႔္သြားကာ ပုခုံးက်ဳံ႕မိသြားသည္အထိ။ ေဘာ့စ္ႏွင့္အတြင္းေရးမွူးကို ၾကည့္ရတာ ပုံမွန္မဟုတ္မွန္း ကြမ့္ကၽြင္းသိသည္။ တစ္ခုခုေတာ့ တစ္ခုခုပဲ ဆိုတာသည္ ဟိုဟာေတြမ်ားလားလို႔ ေတြးလိုက္မိေတာ့ ကြမ့္ကၽြင္း ေခါင္းအတင္းခါကာ အေတြးေတြကို ျပန္ထုတ္လိုက္မိသည္။

*ဘာလုပ္တာလဲ..အာ့*

ရိေပၚ ခႏၶာကိုယ္ေလးသည္ ေဆာင့္တြန္းခံလိုက္ရ၍ စားပြဲႏွင့္ ခါးေစာင္းရိုက္မိကာ နာက်င္သြားရသည္။ ရိေပၚ ဘာလုပ္မိလို႔ ဒီလိုေတြ လာလုပ္ေနရတာလဲ။ စူးရဲကာ ေၾကာက္မက္ဖြယ္ အၾကည့္ေတြေၾကာင့္ ရိေပၚ စိတ္ထဲ အနည္းငယ္ေတာ့ သူ႔ကို ေၾကာက္မိသြားသည္။

*သိပ္ကို သာယာေနတာလား ဟမ္*

*ဘာ.!*

ေရွာင္းက်န႔္ဆိုလိုတာကို နားမလည္၍ ရိေပၚ ဘာ ဟုပင္ အသံထြက္သြားရသည္။ ရိေပၚပုခုံးႏွစ္ဖက္ကို ဆုပ္ကိုင္ကာ အားႏွင့္ လွုပ္ရမ္းလိုက္၍ အိပ္ခ်ိန္ေတြ၊စားခ်ိန္ေတြ မမွန္သည့္ ရိေပၚအဖို႔ မိုက္ခနဲ ျဖစ္သြားကာ ေခါင္းမူးသြားရသည္။

*ဟိုေကာင္က ဒီေလာက္ၾကည့္ေနတာေတာင္ ေက်းဇူးတင္ပါတယ္က လာလိုက္ေသးတယ္။ ဟ..မင္း တကယ္ကို*

အတင္း ဖိဆုပ္ထား၍ ရိေပၚ ပုခုံးက နာလာ၍ မ်က္ရည္ေတြေဝ့သီလာသည္။ စားပြဲေစာင္းနဲ႔ အရိုက္ခံလိုက္ရသည့္ ခါးကလဲ နာက်င္ေန၏။

*ငါက ေက်းဇူးတင္ပါတယ္ မေျပာလို႔ ဘာေျပာရမွာလဲ။ ငါ့ကို သပ္သပ္ ျပႆနာလာမရွာနဲ႔ ေရွာင္းက်န႔္*

*ဘာကြ..!*

အားနဲ႔ ပိုဖိညႇစ္လာသည့္ ေရွာင္းက်န႔္ေၾကာင့္ ရိေပၚ မ်က္ရည္က ပါးေဖာင္း‌ေဖာင္းေလးအေပၚ စီးက်လာသည္။

*ဖယ္..လႊတ္..ငါ နာေနၿပီ*

ေရွာင္းက်န႔္၏ ရင္ဘတ္ႀကီးကို ထုရိုက္ကာ လႊတ္ေပးဖို႔ ေျပာေပမယ့္ တကယ္တမ္း ထပ္ၿပီးအဖိညႇစ္ခံလိုက္ရသည္က ရိေပၚ၏ ပါးေဖာင္းေဖာင္းေလးႏွစ္ဖက္။ စူထြက္လာသည့္ ႏွုတ္ခမ္းရဲရဲစိုစိုေလးကို စိုက္ၾကည့္ေနသည့္ ေရွာင္းက်န႔္ေၾကာင့္ ရိေပၚ ေခါင္းထဲ အခ်က္ေပးသံေတြ ျမည္လာ၏။

ျဖတ္ခနဲ ငုံ႔လာကာ ႏွုတ္ခမ္းကို ငုံစုပ္လာသည့္ သူေၾကာင့္ ရိေပၚ ႐ုန္းေပမယ့္ နာက်င္ေနသည့္ ခႏၶာကိုယ္ေၾကာင့္ သိပ္မ႐ုန္းနိုင္။ သူ႔လၽွာႀကီးျဖင့္ အတင္းတိုးဝင္ကာ အသက္ရွူရပ္မတတ္ပင္ အတင္းအၾကပ္နမ္းေန၍ ရိေပၚလက္ေတြသည္ ေရွာင္းက်န႔္၏ ေက်ာျပင္ႀကီးကို ထုရိုက္ရေတာ့ရသည္။

*အင့္..အြင္း*

ေအာက္ႏွုတ္ခမ္းေလးကို ဆြဲစုပ္လိုက္၍ ႁပြတ္စ္ခနဲ မည္လာကာ ေရွာင္းက်န႔္၏ လၽွာသည္ ရိေပၚ၏ ႏွုတ္ခမ္းတစ္ခုလုံးကို သိမ္းၾကဳံးလ်က္လာေလသည္။ လက္ေတြကလဲ ပါးေတြကို အတင္းဖိညႇစ္ထား၍ ရိေပၚ နာက်င္လာရကာ မ်က္ရည္ေတြ စီးက်လာျပန္သည္။

*မ..မလုပ္..အာ့*

ရိေပၚ၏ လၽွာေလးကို အျပင္ထိဆြဲေခၚလာကာ အတင္းစုပ္ယူေန၍ ရိေပၚ အသက္ရွူမဝေတာ့။ ေသေတာ့မလိုပင္ ခံစားလာရ၍ သူ႔ကို အတင္းထုရိုက္ေနေပမယ့္ အၾကမ္းပတမ္း နမ္းခံေနရ၍ လူတစ္ကိုယ္လုံး ေပ်ာ့ေခြေနသည္။

ေရွာင္းက်န႔္၏ လက္ေတြသည္ ရိေပၚ၏ ခါးသိမ္ေလးကို ဆြဲဖက္လိုက္ရ၍ ရိေပၚ အင့္ခနဲျမည္ကာ သူ႔ရင္ခြင္ထဲ ေရာက္သြားရျပန္သည္။ လက္ထဲက ဖိုင္ေတြေရာ၊ စားပြဲေပၚက ဖိုင္အခ်ိဳ႕ပါ ၾကမ္းျပင္ေပၚ ျပဳတ္က်ကုန္၏။

*အား..အင္း*

ရိေပၚမ်က္ႏွာတစ္ခုလုံးကို အတင္းပြတ္သပ္နမ္းရွိုက္ေန၍ ရိ‌ေပၚ ၾကက္သီးေတြပင္ ထလာမိကာ သူ႔ရင္ဘတ္ကို အတင္းဆြဲစုပ္ထားမိသည္။

*Boss...Boss..Bamေလး ေရာက္ေနပါတယ္*

အတင္းနမ္းရွိုက္ေနသည့္ သူသည္ အျပင္က တံခါးေခါက္သံႏွင့္အတူ ခနရပ္တန႔္သြားသလို ရိေပၚလဲ သူ႔ရင္ခြင္ေအာက္က ထြက္မလိုျပင္လိုက္ေပမယ့္ လက္ကေနျပန္ဆြဲကာ အတင္းနမ္းရွိုက္လာျပန္သည္။

ရိေပၚ လန႔္လာသည္။ အျပင္မွာက သူ႔သက္ဆိုင္သူ ေရာက္ေနေလၿပီ။

*ဖယ္..အင့္*

*Boss..Boss..*

*က်စ္..ဒီေကာင္.!*

အလိုက္ကန္းစိုးမသိသည့္ ကြမ့္ကၽြင္းကို ေရွာင္းက်န႔္ ေဒါသထြက္လာၿပီး ရင္ခြင္ေအာက္က မ်က္ရည္ေတြေပတလူးကာ အတင္း႐ုန္းေနသည့္ ရိေပၚေၾကာင့္ လႊတ္ေပးလိုက္သည္။ ေရွာင္းက်န႔္ လႊတ္ေပးလိုက္သည္ႏွင့္ တုန္ယင္ေနေသာ လက္ေတြျဖင့္ ဖိုင္ေတြကို လိုက္ေကာက္ကာ အဝတ္အစားေတြကို ျပင္ေနသည့္ ရိေပၚေၾကာင့္ ေရွာင္းက်န႔္ရင္ထဲ စပ္ဖ်ဥ္းဖ်ဥ္း။

ဘာကိုေဒါသထြက္သြားမွန္းမသိ၍ နက္ခ္တိုင္ကို အတင္းဆြဲေဆာင့္ပစ္ကာ

*ဝင္လာခိုင္းလိုက္*

*ကိုကို႔..!*

႐ုံးခန္းထဲ ဝင္လာသည္ႏွင့္ ေရွာင္းက်န႔္ကို ေျပးဖက္လာသည့္ ဘမ္။ ဘမ့္ခါးကို ခပ္တင္းတင္း ဖက္ထားသည့္ သူ႔လက္ေတြ။ ရိေပၚ မ်က္ဝန္းထဲ မ်က္ရည္ေတြ ျပည့္လာသည္။

ဒီလက္ေတြသည္ ေစာနက ရိေပၚခႏၶာကိုယ္ကို နာက်င္ေအာင္လုပ္ထားေပမယ့္ အခုက် ေကာင္ငယ္ေလးကို ဖက္ထားသည္မွာ ႏုႏုယြယြ။ ရိေပၚ စိတ္ထဲကေန သူ႔ေခါင္းသူ အခါခါျပန္ရိုက္ကာ

*မင္းက သူ႔အတြတ္ဘာေကာင္မလို႔ မင္းကို ႏုယြေနရမွာလဲ။ မင္း ေနရာမင္း သိစမ္းပါ ဝမ္ရိေပၚ။ မင္းက သူ႔အတြတ္ ဘာမွမဟုတ္ဘူး*

*ကိုကို႔ကို လြမ္းေနတာ*

သူ႔ရင္ခြင္ထဲ ေၾကာင္ေလးတစ္ေကာင္လို ပြတ္သပ္ကာ ခၽြဲေနသည့္ ဘမ့္ႏွင့္ ဘမ့္ကို အျပဳံးႏုႏုေတြ ေပးကာ ခပ္ဖြဖြ ေခါင္းေလးကို ပြတ္သပ္ေနသည့္ သူ႔ကို ၾကည့္ရင္း ရိေပၚ လက္ထဲက ဖိုင္ကိုသာ ခပ္တင္းတင္း ဖ်စ္ညႇစ္လိုက္ရင္း ေသခ်ာသည့္ အေတြးတစ္ခုကို ဆုံးျဖတ္ခ်တ္ခ်လိုက္သည္။

ပိုင္ရွင္ရွိေနသည့္ လူတစ္ေယာက္ကို ရိေပၚ ထပ္မေမၽွာ္လင့္သင့္ေတာ့၍ ေျခလွမ္းကို အနည္းငယ္ ေနာက္ဆုတ္လိုက္ကာ သူ႔မ်က္ႏွာကိုသာ ခနမၽွ ေတြေတြေလး ေငးၿပီး ကိုယ့္ေနရာကို ျပန္ထိုင္လိုက္သည္။

ခႏၶာကိုယ္က နာက်င္မွုသည္ ရင္ဘတ္က ဒဏ္ရာကို မမွီခဲ့။

_________________ဆက္ရန္_____________








Continue Reading

You'll Also Like

2.9K 134 39
English version from Original story "Wedding Dress" Don't forget to follow me :) Indonesia Ver. Start : 20 July 2017 End : 31 January 2018 English Ve...
301K 6.7K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
31.3K 377 4
❛ he set fire to the world around him but 𝒏𝒆𝒗𝒆𝒓 let a flame touch her. ❜
120K 3.4K 43
Korra is a new kid to Republic City High. She instantly clicks with Asami's new friend group. While Korra is all smiles and bouncy around them she ha...