ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း...

By MrDerick

612K 31.5K 579

About the life and love of Gay Porn Actors Total 62 Chapters + 4 extra Chapters More

Chapter 1 (Unicode)
Chapter 2 (Zawgyi)
Chapter 1 (Zawgyi)
Chapter 2 (Unicode)
Chapter 3 (Unicode)
Chapter 3 (Zawgyi)
Chapter 4 (Unicode)
Chapter 4 (Zawgyi)
Chapter 5 (Unicode)
Chapter 5 (Zawgyi)
Chapter 6 (Unicode)
Chapter 6 (Zawgyi)
Chapter 7 (Unicode)
Chapter 7 (Zawgyi)
Chapter 8 (Unicode)
Chapter 8 (Zawgyi)
Chapter 9 (Unicode)
Chapter 9 (Zawgyi)
Chapter 10 (Unicode)
Chapter 10 (Zawgyi)
Chapter 11 (Unicode)
Chapter 11 (Zawgyi)
Chapter 12 (Unicode)
Chapter 12 (Zawgyi)
Chapter 13 (Unicode)
Chapter 13 (Zawgyi)
Chapter 14 (Unicode)
Chapter 14 (Zawgyi)
Chapter 15 (Unicode)
Chapter 15 (Zawgyi)
Chapter 16 (Unicode)
Chapter 16 (Zawgyi)
Chapter 17 (Unicode)
Chapter 17 (Zawgyi)
Chapter 18 (Unicode)
Chapter 18 (Zawgyi)
Chapter 19 (Unicode)
Chapter 19 (Zawgyi)
Chapter 20 (Unicode)
Chapter 20 (Zawgyi)
Chapter 21 (Unicode)
Chapter 21 (Zawgyi)
Chapter 22 (Unicode)
Chapter 22 (Zawgyi)
Chapter 23 (Unicode)
Chapter 23 (Zawgyi)
Chapter 24 (Unicode)
Chapter 24 (Zawgyi)
Chapter 25 (Unicode)
Chapter 25 (Zawgyi)
Chapter 26 (Unicode)
Chapter 26 (Zawgyi)
Chapter 27 (Unicode)
Chapter 27 (Zawgyi)
Chapter 28 (Unicode)
Chapter 28 (Zawgyi)
Chapter 29 (Unicode)
Chapter 29 (Zawgyi)
Chapter 30 (Unicode)
Chapter 30 (Zawgyi)
Chapter 31 (Unicode)
Chapter 31 (Zawgyi)
Chapter 32
Chapter 32 (Zawgyi)
Chapter 33 (Unicode)
Chapter 33 (Zawgyi)
Chapter 34 (Unicode)
Chapter 34 (Zawgyi)
Chapter 35 (Unicode)
Chapter 35 (Zawgyi)
Chapter 36 (Unicode)
Chapter 36 (Zawgyi)
Chapter 37 (Unicode)
Chapter 37 (Zawgyi)
Chapter 38 (Unicode)
Chapter 38 (Zawgyi)
Chapter 39
Chapter 39 (Zawgyi)
Chapter 40 (Unicode)
Chapter 40 (Zawgyi)
Chapter 41 (Unicode)
Chapter 41 (Zawgyi)
Chapter 42 (Unicode)
Chapter 42 (Zawgyi)
Chapter 43 (Unicode)
Chapter 43 (Zawgyi)
Chapter 44 (Unicode)
Chapter 44 (Zawgyi)
Chapter 45 (Unicode)
Chapter 45 (Zawgyi)
Chapter 46 (Unicode)
Chapter 46 (Zawgyi)
Chapter 47 (Unicode)
Chapter 47 (Zawgyi)
Chapter 48 (Unicode)
Chapter 48 (Zawgyi)
Chapter 49 (Unicode)
Chapter 49 (Zawgyi)
Chapter 50 (Unicode)
Chapter 50 (Zawgyi)
Chapter 51 (Unicode)
Chapter 51 (Zawgyi)
Chapter 52 (Unicode)
Chapter 52 (Zawgyi)
Chapter 53 (Unicode)
Chapter 53 (Zawgyi)
Chapter 54 (Unicode)
Chapter 54 (Zawgyi)
Chapter 55 (Unicode)
Chapter 55 (Zawgyi)
Chapter 56 (Unicode)
Chapter 56 (Zawgyi)
Chapter 57 (Unicode)
Chapter 57 (Zawgyi)
Chapter 58 (Unicode)
Chapter 58 (Zawgyi)
Chapter 59 (Unicode)
Chapter 59 (Zawgyi)
Chapter 60 (Unicode)
Chapter 60 (Zawgyi)
Chapter 61 (Unicode)
Chapter 61 (Zawgyi)
Final Chapter (Zawgyi)
Extra Chapter 1 (Unicode)
Extra Chapter 1 (Zawgyi)
Extra Chapter 2 (U+Z)
Extra Chapter 3 (U+Z)
Final Extra Chapter
Concerning WOW

Final Chapter (Unicode)

6.2K 335 11
By MrDerick

Chapter 62 (Final Chapter)

မနက် နှိုးစက်သံကြောင့် ကျွန်တော် နိုးလာတော့ ကျွန်တော့်ကို ကုတင်ပေါ်တွင် ဘေးက ထိုင်ပြီး ကြည့်နေသော Mcqueen ကို ဦးဆုံးမြင်လိုက်ရသည် ။

ကျွန်တော့်ဘေးတွင် Cecil လေးက ကြောင်ကို ဖက်ပြီး အိပ်နေလေသည် ။

ညက Cecil လေးကို သိပ်ရင်း ပင်ပန်းသောကြောင့် ကျွန်တော်ပါ ဘေးတွင် အိပ်ပျော်သွားခဲ့ခြင်း ဖြစ်သည် ။

" ကောင်းကောင်း အိပ်ပျော်တယ် မဟုတ်လား ... "

Mcqueen က ကျွန်တော့်ကို ကြင်နာစွာ ကြည့်ရင်း ဆိုလာလေသည် ။

" Mcqueen ညက အိမ်မပြန်ဘူးလား... "
ကျွန်တော် အပျင်းကြောဆန့်ရင်း မေးလိုက်သည် ။

" ညက မင်း အိပ်ပျော်နေတာလေးကို ခဏလာကြည့်မယ် ဆိုပြီး ပြန်ခါနီး လာကြည့်လိုက်တာ... မင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာလေးကို ထိုင်ကြည့်ရင်း မနက်မိုးလင်းသွားတာပဲ  ... "

" Ryan နဲ့ စကားပြောတာကော... အဆင်ပြေခဲ့လား... "

" အင်း ... ဒါနဲ့ ဒီနေ့ ယော့ဝန်း ပထမဆုံး အလုပ်သွားရမယ့်ရက် မဟုတ်လား  ... အဆင်သင့် ပြင်ထားဦး...  ကိုယ် မနက်စာ စားပြီးရင် လိုက်ပို့ပေးမယ်လေ... "

ကျွန်တော်တို့ မနက်စာ စားဖို့အတွက် Ryan က ပြင်ဆင်ပေးထားသည်ကို ကြည့်ခြင်းအားဖြင့် Ryan နှင့် Mcqueen ကြားက ဆက်ဆံရေးသည် အရင်ကထက် အဆင်ပြေသွားပြီဟု ကျွန်တော် ခန့်မှန်းနိုင်လေသည် ။

" Ryan... ဒါတွေအကုန် မင်းလုပ်ထားတာလား... "

" ဟုတ်တယ်... စားကြည့်ပါဦး... ဘယ်လို နေလဲ လို့... "

" ဟုတ်တယ်... အကုန် Ryan ချက်ထားတာ... "
Mcqueen က ခုံတွင် ဝင်ထိုင်ရင်း ပြောလိုက်သည် ။
" အစက သူ မုန့်စျေးကား ရောင်းမယ်ဆိုတော့ ကိုယ်က စိတ်ပူသွားခဲ့တာ... ဒါပေမယ့် အခုမြည်းကြည့်လိုက်တော့ အရမ်းကြီး မဆိုးပါဘူး... မင်း အရမ်းဗိုက်ဆာနေတဲ့အချိန်မျိုးဆိုရင်တော့ စားလို့ရလောက်ပါတယ်... "

Mcqueen က စနောက်လိုက်တော့ Ryan က သူ့လက်ထဲက ယောင်းမကို ကိုင်ပြီး Mcqueen ကို ရွယ်ကာ လှမ်းရိုက်ချင်နေလေသည် ။

" တိတ်တိတ်နေစမ်းပါ... အော်... ဒါနဲ့ မင်း မပြန်ခင် ငါ့ကို မင်းရဲ့ ပါစတာလုပ်နည်း အညွှန်းရေးပေးခဲ့ဦးနော်... "

Ryan က မကျေမချမ်း အသံဖြင့် ပြောလေသည် ။

ပါစတာက Mcqueen ၏ စပယ်ရှယ် လက်ရာ ဖြစ်ပြီး သူ့ဆီသွားတိုင်း ကျွန်တော့်ကို Mcqueen က လုပ်ကျွေးလေ့ရှိသည် ။

" ဒီတစ်ခါ ချက်ထားတာ အရင်ဟာတွေနဲ့ အရသာ မတူဘူး... Daddy... ဒီတစ်ခါ တော်တော်လေး စားကောင်းတယ်... "
Cecil လေးက အားရပါးရ စားရင်း Ryan ကို ချီးကျူးနေလေသည် ။

" တကယ်လား... Cecil... Daddy လက်ရာ တိုးတက်လာတယ်ပေါ့... ဟုတ်လား... "
Ryan က ဝမ်းသာနေလေသည် ။

Ryan တစ်ယောက် အတိတ်အရိပ်များထဲတွင် ပိတ်မိခဲ့စဥ်က သူ့ကိုယ်သူပင် မကယ်တင်နိုင်ခဲ့သည့် အချိန်တို့ကို ကျွန်တော် မြင်ခဲ့ဖူးသည် ။
သို့သော်လည်း ယခုတွေ့နေရသော Ryan သည် အတိတ်မှ Ryan နှင့် လုံးဝ မတူတော့ဘဲ မျှော်လင့်ချက်များ ပြည့်နေသည့် တက်ကြွသည့် Single Father တစ်ယောက်အဖြစ် တွေ့နေရလေသည် ။

လူသားနှစ်ဦး တစ်ဦးကို တစ်ဦး မှီခိုရင်း ချစ်ခင်စွာ အတူတူနေထိုင်ကြခြင်းသည် သာမန်မိသားစု ဘဝလေးနှင့် မခြား ကောင်းမွန်ပျော်ရွှင်ဖွယ်ရာအတိ ဖြစ်လေသည်ကို နောက်ဆုံးတော့ ကျွန်တော် နားလည်နိုင်ခဲ့လေပြီ ။


*******************

ယနေ့ ပထမဆုံး အလုပ်သည် နာမည်ကြီး ရုပ်ရှင် ရိုက်ကွင်းတစ်ခု၏ လုံခြုံရေးအတွက် တာဝန်ယူရခြင်း ဖြစ်သည် ။

မင်းသားက အာရှသားတစ်ယောက် ဖြစ်ပြီး အမေရိကားတွင် နာမည်ကြီးကာ သူ့ Fan ပေါင်းများစွာလည်း ရှိလေသည် ။

သူ့ အရင်ရုပ်ရှင်ကားက အတော်လေး ပေါက်သွားခဲ့ပြီး တဟုန်ထိုး နာမည်ကြီးသွားခဲ့ခြင်း ဖြစ်လေသည် ။

လူအုပ်ကြားတွင် ဝံ့ကြွားစွာ မတ်တပ်ရပ်နေသော ဖော်ရွေသည့် မျက်နှာနှင့်အမျိုးသားသည် သူ့ ပရိသတ်များကို လက်ပြနှုတ်ဆက်နေလေသည် ။

ဤနေရာသည် တစ်ချိန်က ကျွန်တော် ရူးသွပ်စွာ လိုချင်ခဲ့မိသည့် နေရာတစ်ခုဖြစ်သည် ။
သို့သော်လည်း ယခုအခါတွင်တော့ ထိုမြင်ကွင်းမျိုးသည် ကျွန်တော့်ကို မည်သည့်ခံစားချက်မှ မပေးနိုင်တော့ပါပေ ။

" အဲ့တစ်ယောက်က ဂေး Porn ရိုက်တယ်ဆိုတဲ့ တစ်ယောက်မလား... "

ဘေးဘက်က နှစ်ယောက်က ကျွန်တော့်အကြောင်း ခပ်တိုးတိုး အတင်းပြောနေကြသည်ကို ကြားနေရသည် ။
ဤအလုပ်သည် အလုပ်သစ် ဖြစ်သောကြောင့် အလုပ်မှ လူများသည်လည်း ကျွန်တော်နှင့် မရင်းနှီးကြသေးရာ ကျွန်တော့်အတိတ်သည် သူတို့အတွက် ပြောစရာ ခေါင်းစဥ်ကောင်း တစ်ခု ဖြစ်နေလေသည် ။

ဤအခြေအနေသည် ကျွန်တော် ကြိုတင်မျှော်လင့်ထားပြီးသော အခြေအနေ တစ်ခုပင်ဖြစ်သည် ။

သို့သော်လည်း ကြာလာလျှင် ပို၍ အဆင်ပြေလာမည်ဖြစ်ပြီး လူအများသည်လည်း ဤအကြောင်းအရာကို ပြောဖို့ ပျင်းလာသည်နှင့်အမျှ သူ့တို့ကို မထိခိုက်သ၍တော့ မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြမည်သာ ။

" အားလုံး ဒီနေ့အတွက် တာဝန်ကျေပါတယ်... "

Ash က အားလုံးကို အနားယူနိုင်ပြီ ဖြစ်ကြောင်း ပြောလာတော့မှ ကျွန်တော် ဖုန်းကို စက်ဖွင့်လိုက်သည် ။

ဖုန်းဖွင့်လိုက်သည်နှင့် Mcqueen ဆီမှ ဖုန်းကောလ် ဝင်လာလေသည် ။

" Mc..."

" ယော့ဝန်း... အလုပ်ပြီးပြီလား... "

" အင်း... ပြီးပြီ  ... "

" မင်းအလုပ်က မင်းကို နောက်ကျတဲ့အထိတော့ မခိုင်းဘူးမလား... ဒီနေ့ ပထမဆုံးအလုပ်စလုပ်ရတာ ဆိုတော့ ဘယ်လိုနေလဲ... "

" မဆိုးပါဘူး... "

" ဒါနဲ့ ဒီနေ့က ရုပ်ရှင် ရိုက်ကွင်း တစ်ခုမှာ တာဝန်ကျတာဆို... ဘာရုပ်ရှင်လဲ ယော့ဝန်း... "

" အက်ရှင်ကား တစ်ကားပါပဲ... ဒီနေ့က ကား ပေါက်ကွဲတဲ့အခန်းရိုက်တာ  ... "

" အိုး... ကြားရတာ အန္တရာယ်များမယ့်ပုံပဲ... "

" .... "

" ဒါနဲ့ အလုပ်က လုပ်ဖော်ကိုင်ဖက်တွေကကော... "

" ဒီနေ့က ပထမဆုံးနေ့ဆိုတော့ သေချာတော့ မသိသေးဘူး.... "

" မနက်ဖြန်ကော အလုပ်စောစော သွားရဦးမှာလား... "

" မနက်ဖြန်က နေ့လည်မှ ကျွန်တော့ အဆိုင်း ရှိတာ... Mcqueen ကော... "

" ကိုယ်ကတော့ မနက်ဖြန် ကုမ္ပဏီ လွှဲဖို့ ကိစ္စအတွက် ရှေ့နေတွေနဲ့ တွေ့ရဦးမယ်... အလုပ်က ထင်တာထက်ကို ပိုများပြီး ရှုပ်ထွေးတာပဲ... မနက်ဖြန်လည်းကိုယ် အလုပ်များဦးမယ် ထင်တယ်... "

" အားလုံး အဆင်ပြေတယ်မလား... "

" အားလုံး အဆင်ပြေအောင်တော့ လုပ်နေရတာပါပဲ... Janine တို့ ဂျနီဖာတို့ တေလာတို့အတွက်ပါ အဆင်ပြေအောင် စီစဥ်ပေးနေရတော့ အတော်လေး ခက်ခဲနေတာ... "

" .... "

" ယော့ဝန်း...  အခု အိမ်ပြန်နေတာလား... "

" မဟုတ်ဘူး... လမ်းလျှောက်နေတာ... "

" ဟ ဟ... ဘယ်ကိုလဲ... "

" တောင်ဘက်ကို ဦးတည်ပြီး လျှောက်နေတာ   ... "

" ဟားဟား... စိတ်ဝင်စားစရာပဲ... ကိုယ်ကတော့ မြောက်ဘက်ကို ဦးတည်ပြီး လျှောက်နေတာ... "

ကျွန်တော်နှင့် Mcqueen တို့ ရောက်တတ်ရာရာ စကားများ ဆက်ပြောကြရင်း အချိန်တွေ ဘယ်လောက်တောင် ကြာသွားသည် မသိ ။
နောက်ဆုံးတော့ ကျွန်တော့်ဖုန်း အားကုန်ပြီး ပိတ်သွားလေတော့သည် ။

သို့သော်လည်း Mcqueen နှင့် တွေ့ရမည်ဟု ယုံကြည်နေသ၍ ကျွန်တော် တခြားအရာများကို စိတ်မပူမိပေ ။

ကျွန်တော်တို့ တစ်နေရာထဲသို့ အတူ ဦးတည်၍ တစ်ဖက်စီမှ လျှောက်လာကြခြင်း ဖြစ်သောကြောင့် မလွဲမသွေ ဆုံတွေ့ကြရမည်သာ ။

ကျွန်တော် အရှေ့ကို ကြည့်လိုက်တော့ ကျွန်တော့်ဆီ ဦးတည်ပြီး လျှောက်လာနေသော Mcqueen ။
ကျွန်တော်ကလည်း သူ့ဆီ ဦးတည်ပြီး သွားနေခဲ့သည်သာ ။

" ယော့ဝန်း... မအေးဘူးလား... "

Mcqueen က ကျွန်တော့်ပါးနှစ်ဖက်ကို သူ့လက်ဖဝါးဖြင့် ကိုင်ထားရင်း မေးလာလေသည် ။

" ခုနကတော့ အေးတယ်... ဒါပေမယ့် အခုတော့ မအေးတော့ဘူး... "

ကျွန်တော်တို့ နှစ်ယောက် မြစ်ကမ်းနံဘေးက ပန်းခြံလေးသို့ သွားရင်း အတူထိုင်ကြသည် ။

ဤ ပန်းခြံလေးသည် ကျွန်တော်တို့ နှစ်ယောက်ကြား အမှတ်တရ များစွာ ရှိခဲ့သော နေရာပင် ။

ဤ ပန်းခြံထဲသို့ ချစ်သူမဖြစ်ခင်ကလည်း အတူလျှောက်ဖူးခဲ့ကြသည် ။
ချစ်သူဖြစ်စဥ်ကာလတစ်လျှောက်လည်း အကြိမ်များစွာ ရောက်ခဲ့ကြသည် ။
ဤ ပန်းခြံ၌ပင် ညဘက် အတူတူ စက်ဘီးစီးခဲ့ကြသည် ။

ဤ ပန်းခြံ၌ပင် ကျွန်တော်တို့ စကားများ ရန်ဖြစ်ပြီး ပြတ်ဆဲခဲ့ကြဖူးသည် ။

ယခုတော့လည်း မုန်တိုင်းထန်သော နေ့များသည် ဘယ်တုန်းကမှ မရှိခဲ့ဖူးသလို သာယာကြည်လင်နေလေတော့သည် ။

" Mcqueen... ခင်ဗျားသိလား... ကျွန်တော် အရင်က ပြောဖူးတဲ့ ဆပ်ဖို့ ကျန်တဲ့ အကြွေးဆိုတာလေ... အဲ့တာ အကုန်ဆပ်ပြီးသွားပြီ... "

ကျွန်တော် စကားစလိုက်သည် ။ Mcqueen ကတော့ ပြုံးရင်း ကြည့်နေလေသည် ။

" ကျွန်တော် အကြွေးဆပ်ပြီးကြောင်း ပြေစာလည်း ရလာခဲ့ပြီ ... သိလား... အခုတော့ အရာအားလုံး ခက်ခဲခဲ့တဲ့ နေရက်တွေ ပြီးသွားခဲ့ပြီ ... "

" အားလုံး အဆင်ပြေသွားပြီပေါ့ ယော့ဝန်း... "

" အင်း... "

" မင်းကိုယ့်ကို ပြောဖူးတာ မင်း အသက် ၂၀ ထဲက စပြီး အကြွေးတွေ ဆပ်ခဲ့ရတယ် လို့ ပြောခဲ့တာနော်... ဒါဆိုရင် ယော့ဝန်း အကြွေးဆပ်ခဲ့ရတဲ့ နှစ်က ငါးနှစ်ကျော် ကြာခဲ့တာပေါ့... "

" ကျွန်တော့်ကို အကြွေးအကုန် ဆပ်နိုင်အောင် ကူညီပေးခဲ့လို့လည်း Mcqueen ကို ကျေးဇူးတင်ပါတယ်... "

Porn လောကကြောင့်ပင် ကျွန်တော်သည် ဘဝတွင် အဆိုးဆုံး အခြေအနေသို့ ရောက်ခဲ့ရပြီး တစ်ဖန် ထို Porn လောကကြောင့်ပင် ကျွန်တော့်ဘဝ၌ အခက်ခဲဆုံးသော ​ကိစ္စရပ်ကို ကျော်ဖြတ်နိုင်ခဲ့ပြန်လေသည် ။

" ဒီအကြောင်းတွေ ထပ်မပြောပါနဲ့တော ယော့ဝန်း... ပြီးတော့လည်း မင်း ကိုယ့်အပေါ် အကြွေးတင်နေတယ်လို့လည်း မတွေးပါနဲ့... ပြီးတော့ မင်းလည်း ကိုယ့်ကို ဒေါ်လာ ငါးသောင်း ပြန်ပေးခဲ့တယ်လေ... ကိုယ်တို့ ကျေပြီပေါ့ ... မဟုတ်ဘူးလား... "

ကျွန်တော် Mcqueen ကို ကျေးဇူးတင်စွာ ကြည့်ပြီး ပြုံးပြလိုက်မိသည် ။

" ဒါနဲ့ ယော့ဝန်း... ကိုယ် မင်းကို တစ်ခါပြောဖူးတဲ့ HERE ဆိုတဲ့ TV Channel ကို သိတယ်မလား... "

" အော်... LGBT ရုပ်ရှင် ကားတွေ သီးသန့်လွှင့်တဲ့ ချန်နယ် မဟုတ်လား ... "

" အင်း... ဟုတ်တယ်... ကိုယ် အဲ့က ဒါရိုက်တာ တစ်ယောက်နဲ့ ဆုံခဲ့တယ်... သူတို့က ကိုယ့်ကို Short Gay Film တစ်ခုအတွက် ထုတ်လုပ်သူ လုပ်ချင်လား ဆိုပြီး မေးလာခဲ့တယ်... "

" .... "

" အစကတော့ ကိုယ် ငြင်းခဲ့သေးတယ်  ... ဒါပေမယ့် နောက်ဆုံးတော့ သူတို့က ကိုယ့်ကို ဆွဲဆောင်နိုင်ခဲ့တယ်... ကိုယ် အဲ့ ချန်နယ်ရဲ့ တခြား ဒါရိုက်တာတွေနဲ့ပါ တွေ့ပြီး ကိုယ့် ဇာတ်ညွှန်းဟောင်း တချို့ကိုပါ ပြခဲ့တယ်... အမ်း... အဲ့တာလေးတွေက ကိုယ့်အသက် ၂၀ အရွယ်လောက်မှာ ရေးခဲ့တဲ့ ဇာတ်ညွှန်းတွေ ဆိုတော့ နည်းနည်းတော့ ကလေးဆန်တယ် ပြောရမလားဘဲ... "

" .... "

" အဲ့ထဲက အဆင်ပြေတဲ့ တစ်ပုဒ်ကို ကိုယ်ရွေးရမှာ... ဘယ်အပုဒ်ကို ရွေးရမယ်မှန်း ကိုယ် တွေးလို့ မရသေးဘူး... ယော့ဝန်း... ကိုယ့်ကို ကူရွေးပေးမယ် မလား ဟင်... "

" သေချာတာပေါ့... "

ကျွန်တော်တို့ အတူ ကြည်နူးစွာ ပြုံးမိကြသည် ။

" အဲ့တာက အက်ရှင်ကားတော့ မဟုတ်ဘူး... ဒီတိုင်း တေးဂီတရုပ်ရှင် အမျိုးအစားပဲ... ဒါပေမယ့် မင်း ရိုက်ဖို့အတွက် စိတ်ဝင်စားလား ယော့ဝန်း... "

" ... "

" အမှန်တော့ မင်းရဲ့ ဖြစ်ချင်တဲ့ အိပ်မက်တွေကို ဖြည့်ဆည်းပေးဖို့ ကိုယ် အမြဲတမ်း တွေးနေခဲ့မိတာ   ... အခြေအနေတွေကြောင့် မင်းရဲ့ အိပ်မက်တွေကို စွန့်လွှတ်ခဲ့ရတဲ့အတွက်လည်း ကိုယ် အမြဲတမ်း စိတ်မကောင်း ဖြစ်ခဲ့ရတာ ယော့ဝန်း... "

" ကျွန်တော် ဒီအတောအတွင်း အများကြီး တွေးခဲ့ပြီးပါပြီ Mcqueen... လူ တစ်ယောက်ဟာ သူ စိုက်ပျိုးတဲ့အတိုင်း ပြန်ရိတ်သိမ်းရမှာပါပဲ... အကြောင်းကြောင့် အကျိုး ဖြစ်လာတာပါပဲ... လူတိုင်းကတော့ Mc လိုမျိုး သူတို့ ဖြစ်ချင်တဲ့ အိပ်မက်အတိုင်း ဖြစ်မလာနိုင်ပါဘူး ... ပြီးတော့ ကျွန်တော်က ဆင်းရဲတယ်... အရည်အချင်း မရှိဘူး... ပြီးတော့ သာမန်အရမ်းဆန်တယ်... "

" .... "

" ဖြစ်ချင်တဲ့ အိပ်မက်အတိုင်း ဖြစ်လာရတာ လှပတယ် ဆိုပေမယ့် မဖြစ်လာခဲ့ရင်လည်း အကျည်းတန်တယ်လို့ ပြောလို့ မရပါဘူး Mc... ဘာတွေပဲ ဖြစ်ဖြစ် ကျွန်တော့်ကိုယ်ကျွန်တော် တရားမျှတတဲ့ဘက်မှာပဲ ရှိဖို့ အမြဲ ကြိုးစားခဲ့တယ်... "

" ... "

" အခုချိန်ကစပြီး ကျွန်တော် ဘာကိုမှ ရှောင်မပြေးတော့ဘဲ ဘဝကို ကြိုးစားသွားမှာပါ... ပြီးတော့ ကျွန်တော် သာမန်လူတွေလို ဘဝလေးနဲ့ပဲ Mcqueen နဲ့ တစ်သက်လုံး အတူနေသွားချင်တယ်...  "

ကျွန်တော် Mcqueen ၏ ပုခုံးပေါ်တွင် မှီနွဲ့လိုက်သည် ။

" ကောင်းပါပြီ ယော့ဝန်း... ကိုယ် နားလည်ပါတယ်... "

Mcqueen က ကျွန်တော့်ကို ပွေ့ဖက်ရင်း ဆံပင်များကို သပ်ပေးနေလေသည် ။


" ယော့ဝန်း...  ကိုယ်မင်းနဲ့ အတူရှိတိုင်း အမြဲ ချိုမြိန်တဲ့ အရသာကို ခံစားရတယ်... "

" ကျွန်တော်ရောပဲ... "

နှစ်ယောက်သား တစ်ယောက်မျက်နှာကို တစ်ယောက် ကြည်နူးစွာ ကြည့်မိကြသည် ။

" Mcqueen.... ရုပ်ရှင်စရိုက်တော့မယ်ဆို ကျွန်တော့်ကို ပြောလေ... နော်... ကျွန်တော် ကူပေးချင်တယ်... နောက်ဆုံး ပစ္စည်းသယ်တာပဲ ဖြစ်ဖြစ်ပေါ့... "

" ကောင်းပါပြီဗျာ... "

Mcqueen က လူချင်းခွာလိုက်ပြီး ကျွန်တော့် မျက်လုံးများကို ကြည့်ကာ အလေးအနက် ပြောလာလေသည် ။

" ယော့ဝန်း... ကိုယ်တို့ အစကနေ ပြန်စကြရအောင်နော်... ကိုယ့်ရဲ့ ကျန်ရှိတဲ့ ဘဝ တစ်လျှောက်ကိုလည်း မင်းနဲ့ပဲ ဖြတ်သန်းဖို့ ကိုယ့်ကို အခွင့်ရေး ပေးပါနော်... ကိုယ် ဒီအချိန်ကစပြီး ကိုယ့်ကိုယ်ကိုထက် ယော့ဝန်းကို ဦးစားပေးမယ်လို့ ကတိပေးပါတယ်...  "

ကျွန်တော် ထိုလူသားကို ကြည်နူးစွာ ကြည့်ရင်း ခေါင်းငြိတ်လိုက်မိသည် ။

" ယော့ဝန်း... ကိုယ့်ကို ပြန်စဖို့အတွက် အခွင့်ရေး ပေးမယ် မဟုတ်လား ဟင်... "

ကျွန်တော်တို့ နှစ်ယောက်သည် မမျှော်လင့်သော အခြေအနေတွင် အကြောင်းမလှစွာ ဆုံခဲ့ကြသည် ။
သို့သော်လည်း လှပသော အတိတ်များကို အတူဖန်တီးခဲ့ကြသည် ။

ထိုလူသားကြောင့် ကျွန်တော် ငိုခဲ့ရဖူးသည် ၊ ဒေါသထွက်ခဲ့ရဖူးသည် ၊ ကြည်နူးခဲ့ရဖူးသည် ၊ အချစ်ဆိုသည်ကို နားလည်ခဲ့ရဖူးသည် ၊ ကြမ်းတမ်းသော အခြေအနေများကို ရင်ဆိုင်ခဲ့ရဖူးသည် ။

ထို့အပြင် ကျွန်တော်တို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ဒဏ်ရာတွေ ပေးရင်း နာကျင်စွာ ကျောခိုင်းခဲ့ကြဖူးသည် ။

သို့သော်လည်း အဆုံးတွင်မူကား တစ်ဦးကို တစ်ဦး မခွဲနိုင် မခွာရက်လေမှန်း သေချာစွာ နားလည်ခဲ့ကြရသည် ။
ယခုတော့ ကျွန်တော် ထိုလူသားနှင့် အတူ ဘဝကို ဖြတ်သန်းသွားဖို့ အသင့်ဖြစ်ပြီဟု ထင်မိပါသည် ။

ကျွန်တော် Mcqueen ကို မျက်လုံးများ မှေးသွားသည်အထိ ပြုံးလိုက်ရင်း ပြန်ဖြေမိလိုက်လေသည် ။

" ကောင်းပြီလေ... ကျွန်တော်တို့ အစကနေ ပြန်စကြရအောင်... "

ယခုအခါတွင်မူ နှစ်​ယောက်သား တစ်ယောက်ကို တစ်ယောက် ယခင်ထက် တောက်ပ ကြီးမားသော အပြုံးတို့ဖြင့် ပြုံးပြနိုင်ခဲ့လေပြီ ။

ကျွန်တော်တို့ တစ်ဦးကို တစ်ဦး မွတ်သိပ်စွာ နမ်းရှိုက်မိကြသည် ။

မြစ်ကမ်းနဘေးမှ လေပြည်တို့သည် ကျွန်တော်တို့ဆီသို့ တိုးဝင် တိုက်ခတ်လျက်... ။

ယခုည အခိုက်အတန့်လေးသည် ကျွန်တော့် နှလုံးသားထဲတွင် အစဥ်သဖြင့် မပျောက်မပျက် စွဲမြဲစွာ တည်ရှိနေပေတော့မည် ဖြစ်သည် ။

နောက်ဆုံးတွင်တော့ ကျွန်တော်တို့ နှစ်​ဦးသည် တစ်ဦး၏ နှလုံးသားဆီသို့ တစ်ဦးက လက်လှမ်းမှီကာ ရောက်ရှိနိုင်ခဲ့ကြလေသည်မှာ အသေအချာပင် ဖြစ်လေတော့သည် ။


ပြီးပါပြီ.... ။

(T/N... extra လေးတွေ လာပါဦးမယ်... Mcqueen နဲ့ ယော့ဝန်းတို့ရဲ့ rated အခန်းလေးတွေ မတွေ့ရတာ ကြာပြီမို့ မျှော်လင့်နေကြသူတွေအတွက်တော့ သတင်းကောင်းပါ 😂😂😂 ... ဒါပြီးရင်တော့ Yours to Claim ရယ်... System တစ်ပုဒ်ရယ်ကို ပြီးတဲ့အထိ ဆက်ရေးသွားပါမယ်...

ဇာတ်သိမ်းအထိ အတူ စီးမျော ခံစားပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ... )



Continue Reading

You'll Also Like

357K 32.5K 31
Zawgyi Title - ငါ့အစ်ကိုက ငါ့ရည်းစားအဖြစ်ကနေ ငါ့ယောက်ျားအဖြစ်ကိုရောက်သွားခဲ့တယ်။ Iris_Zhu ဆိုတဲ့ ညီမလေး ဘာသာပြန်ထားတာပါ။ Iris_Zhu ဆိုတဲ့ ညီမလေး ဘာသာ...
292K 10.6K 43
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
378K 9.3K 83
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."