Clarity || Minsung FF||

By ReddyBombax

19.3K 2.5K 506

Warning: This story is not as simple as you think. Read at your own risk cos' it might leave you dizzy. I d... More

Prologue
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 21
Chapter 22
Chapter 22 (Part 2) / SPIN-OFF1
Chapter 23 // FINAL
Clarity ရှင်းတမ်း
Spin-Off2// All About The Daddy's Admirer

Chapter 20

585 87 9
By ReddyBombax

"အဖေ"

ကုတင်ပေါ်၌ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော Changbin အား မနှောင့်ယှက်မိစေရန်အလို့ငှာ Chan အသံအား အတတ်နိုင်ဆုံးတိုး၍ ဖုန်းကိုထူးလိုက်သည်။

"သတင်းတွေ့ပြီးပြီလား သား။"

တစ်ဖက်မှ ပြောလာသော စိုးရိမ်စိတ်အပြည့်နှင့် မေးခွန်းကိုကြားရချိန် Chan စိတ်မောစွာ အသက်ပြင်းပြင်းရှိုက်ရှူလိုက်မိ၏။

"အခုပဲ ဖတ်လိုက်ရတယ်။"

မိုးလင်းပေါက် game ဆော့နေရင်းမှ Changbin အိပ်ပျော်သွားသော်လည်း သူကိုယ်တိုင်မှာ အိပ်မပျော်နိုင်သေးသောကြောင့် ဖုန်းဖွင့်ကြည့်ချိန်တွင် စိတ်မချမ်းမြေ့ဖွယ် သတင်းတစ်ပုဒ်အားတွေ့ရသည်။ သတင်းအားဖတ်ပြီးပြီးချင်းတွင်ပင် Mr.Bang ထံမှ ဖုန်းအားလက်ခံရရှိခြင်းဖြစ်သည်။

"တစ်ခုခုများ ထူးခြားလို့လား အဖေ။"

Chan မေးသော မေးခွန်းကို ဖခင်ဖြစ်သူက ချက်ချင်းအဖြေမပေး။ ခေတ္တမျှတွေးတောနေပြီးမှ လေသံအေးအေးနှင့်ပြောသည်။

"အဖေ့လုပ်သက်တစ်လျှောက် အမှုတွေထဲ သေချာပေါက် အသေးစိတ်မှတ်မိနေတဲ့အမှုတွေမှာ Oh Jin Lee ရဲ့အမှုကိစ္စပါတယ်။ အဖေအရမ်းမရင်းနှီးခဲ့ပေမဲ့ သိနေတဲ့ ရှေ့နေ Lee ပါ သေဆုံးခဲ့တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။"

"အဖေ့ စိတ်ထဲခုနေတာများ ရှိနေတာလား။"

"Oh Jin Lee ကျူးလွန်ခဲ့တာကလည်း သာမန်သုံးလောင်းပြိုင် လူသတ်မှုနဲ့ ကလေးနှစ်ယောက်ကို ဖမ်းချုပ်ခဲ့တဲ့အမှု၊ အခု အမှုကလည်း အမေတစ်ယောက်နဲ့ ကလေးတစ်ယောက် အသတ်ခံရတဲ့ သာမန်လို့သတ်မှတ်ရတဲ့ အမှုပဲ။ ဆက်စပ်စရာသိပ်မရှိလှပေမဲ့ ဘာလို့ရယ်မသိ၊ ဒီအမှုနှစ်ခုမှာ တစ်ခုခုဆက်သွယ်မှုရှိတယ်လို့ခံစားနေရတယ်။"

Mr.Bang ၏ မရေမရာကောက်ချက်ချစကားကို ကြားရသည့်အချိန် Chan ၏စိတ်ထဲတွင်လည်း ရှုပ်ထွေးမှုတစ်ခုပေါ်ပေါက်လာသည်။ လွန်ခဲ့သောရက်ပိုင်းကမှ Jisung တွင်လည်း ပြဿနာတစ်ခုပေါ်ပေါက်ခဲ့သည်မို့ အတွေးလွန်နေလေသလားဟုလည်း ချက်ချင်းဆိုသလို ​ဖြေသိမ့်လိုက်မိပါ၏။

"အခုအမှုမှာ အသတ်ခဲ့ရတာက Jisung ကို ​ကြည့်ပေးနေတဲ့ ဆရာဝန်ရဲ့ ချွေးမနဲ့မြေးဖြစ်နေတယ် သား။"

"ဘယ်လို?"

Chan အထိတ်တလန့်ဖြစ်ရပါ၏။ တိုက်ဆိုင်မှုဆိုလျှင်တောင် ထိတ်လန့်စရာကောင်းလောက်သည့် တိုက်ဆိုင်မှုပေမို့ Chan တုန်လှုပ်သွားမိပါ၏။

"Minho နဲ့ Jisung ကို ဒီကိစ္စမပြောပါနဲ့ဦး။ မနက်ဖြန်မနက် ပြန်လာကြမယ်မလား။ ဂရုစိုက်ပါ။ နှစ်ဆပိုပြီး ဂရုစိုက်ပါ။ အရာရှိ Park ကိုလည်း အဖေဆက်သွယ်ထားမယ်။ သတိထားရမယ်ဆိုပေမဲ့ ပျော်ရမယ့်အချိန်မှာ လွတ်လွတ်လပ်လပ်နေနော်။"

"ဟုတ်ကဲ့ပါ အဖေ။"

"လူသတ်သမားကို အမြန်ဆုံးမိအောင် အဖေတို့ကြိုးစားမှာမို့ သားက သားသူငယ်ချင်းတွေကို ဂရုစိုက်ပေးပါဦး။"

စကားတစ်ခွန်းကို အကူအညီတောင်းသကဲ့သို့ ဆိုပြီးနောက် ဖုန်းချသွားရာ Chan ဖုန်းကိုလက်ထဲ တင်းတင်းဆုပ်ကိုင်ထားရင်းကပင် ငေးငိုင်နေမိသည်။

လောကကြီးထဲတွင် နေရကံကုန်သွားလေပြီဖြစ်သော တရားခံ Oh Jin Lee မှာ သူငယ်ချင်းဖြစ်သူ Minho နှင့် Jisung တို့ကို မည်သည့်အချိန်အထိ ဒုက္ခပေးနေလေဦးမည်လဲဟူသော ဖြေသူမဲ့ မေးခွန်းအား စိတ်ထဲတွင် မေးနေမိရင်း Chan အကြိမ်ပေါင်းမရေမတွက်နိုင်အောင် သက်ပြင်းချမိပါ၏။

.........................................................

"ပင်လယ်လေက ကောင်းလိုက်တာ။"

ကမ်းခြေတစ်လျှောက်တွင် ရှစ်ယောက်သား ယှဥ်ရပ်နေရင်း ပင်လယ်၏ လတ်ဆတ်အေးမြသော လေကို ရှူရှိုက်မိကြချိန် Seungmin က ခပ်တိုးတိုးရေရွတ်သည်။

"ဘယ်လိုလဲ။ ပင်လယ်ကို အလွမ်းပြေသွားပြီလား။"

Hyunjin ဘေးတွင်ရပ်ရင်း ပင်လယ်အား ခပ်ပြုံးပြုံးငေးကြည့်နေသော သူ၏တပည့်ဟောင်းဖြစ်သူကိုမေးတော့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်။

"အများကြီး အများကြီး လွမ်းနေတာ။"

"ဟုတ်လား အများကြီး အများကြီး လွမ်းနေတာလား။"

တွေးတွေးဆဆ ပြောသော Jeongin ၏စကားကို Chan က စနောက်လိုက်ပြီး Jeongin အား ပင်လယ်ရေထဲသို့ တွန်းရန်ကြိုးစားသည်။ သို့သော်ငြား Jeongin မှာ လေးလက်မခန့်ပင် မရွေ့သွား။

"မင်းဘယ်တုန်းက အဲ့လောက်ကြီးသွားတာလဲ။ ရေထဲတွန်းချချင်တာတောင်မရတော့ဘူးလား။"

"အရပ်ကိုပဲယှဥ်ကြည့်လေ။ မင်းထက် Jeongin က အရပ်ပိုရှည်နေပြီ။"

ဘောင်းဘီအိတ်ကပ်ထဲသို့ လက်နှစ်ဖက်ကိုထည့်ထားရင်း သူတို့အား ရပ်ကြည့်နေသည့် Changbin ကပြောလာတော့ Chan နှင့် Jeongin တို့၏ အကြည့်များမှာ သူ့ဆီသို့ ကျရောက်သွားသည်။

"ဘာကြည့်တာလဲ။"

"ဟုတ်လား ပိုရှည်သွားပြီလား။"

"Hyung ထက်လည်းပိုရှည်နေပြီမလား။"

"တကယ်လား။ အဲ့ဒါဆို သူ့ကိုရေထဲတွန်းချလို့ရမှာပေါ့။ စမ်းကြည့်ကြမလား။"

"မလာနဲ့နော် ဟေ့ကောင်တွေ။ Hotel က ဒီနေရာနဲ့အဝေးကြီး။ အင်္ကျီရေစိုကုန်လို့မဖြစ်ဘူး။ ငါရေထဲမဆင်းဘူးနော်။ ဟေ့ကောင်တွေ။"

အော်ဟစ်ပြောရင်း ပြေးလွှားနေသော Changbin ၏နောက်သို့ ခပ်ညစ်ညစ်ရယ်ရင်း လိုက်နေသော Chan နှင့် Jeongin တို့အားကြည့်၍ ရယ်မိကြသည်။ ရယ်နေသော Jisung ၏ လက်ကို ရယ်နေသော Minho က ဆုပ်ကိုင်ရင်း။ ရယ်နေသော Seungmin ၏ပုခုံးကို ရယ်နေသော Hyunjin က လက်တစ်ဖက်တင်ကာဖက်ထားရင်း။

Felix မှာတော့ သူ၏ခြေထောက်ကလေးကို ရေအတက်အကျကြောင့် စိုထိုင်းထိုင်းဖြစ်နေသော သဲပြင်ထဲသို့ ထိုးသွင်းမွှေနှောက်ရင်း နှုတ်ခမ်းကလေးအား ရှေ့သို့တစ်လက်မခန့် ဆူထော်ထားလို့နေ၏။

ဤသည်ကို သတိပြုမိသော Seungmin မှာ သူ၏ပုခုံးပေါ်မှ Hyunjin ၏လက်အား ဖယ်ပစ်လိုက်၍ Felix အနားသို့ ချဥ်းကပ်သွားသည်။

"Yongbok"

Seungmin မှာ စကားစရန်ကြိုးစား၍ သူ၏နာမအား ခေါ်လိုက်သော်လည်း Felix ကမူ သူ့အားရှောင်ဖယ်သွားကာ ခပ်လှမ်းလှမ်းတွင်ရှိနေသော ခုံတန်းတစ်ခုသို့ ဦးတည်သွားသည်။

ထိုအ​ခြေအနေကိုမြင်ရချိန်တွင် မျက်နှာနုနုပေါ်သို့ ဝမ်းနည်းမှုတို့ ကြီးစိုးလာကြောင်း တွေ့ရသဖြင့် Hyunjin မှာလည်းစိတ်မကောင်း။

ပြဿနာ၏အစမှာ လွန်ခဲ့သောညက Seungmin နှင့်သူ ခြံဝန်းထဲ တွေ့ကြရာမှစသည်ဟု ဆိုရမည်။

"အထဲပြန်ဝင်ရအောင်။ ဒီမှာ ခြင်တွေနဲ့။"

မှိန်ပျပျသာ ထွန်းလင်းထားသော ခြံမီးရောင်၏အောက်တွင် ချစ်ရသူ၏ ခါးကိုဖက်ထားရင်း ချစ်ရသူမျက်နှာအား ငေးကြည့်နေရာမှ ထိုစကားကိုကြားလိုက်ရချိန်တွင် Hyunjin ရင်ခံသွားရသည်။

"မခွဲချင်သေးဘူး။"

"ဘယ်သူကခွဲခိုင်းနေလို့လဲ။ ကိုယ့်နေရာကိုယ်သွားပြီး အိပ်ရုံပဲလေ။ မနက်ကျ ပြန်တွေ့မှာပဲကို။"

Hyunjin နှုတ်ခမ်းကိုမဲ့ရွဲ့လိုက်ကာ ထိုသို့ပြုလုပ်ရန် ဆန္ဒမရှိကြောင်း မျက်နှာအမူအရာနှင့်ဖော်ပြတော့ Seungmin မှာ ခပ်ဟဟရယ်သည်။

ထို့နောက် ဆူပုတ်မဲ့ရွဲ့နေသော သူ၏ နှုတ်ခမ်းအား တစ်ချက်နမ်းလိုက်သည်မို့ ကြောင်အသွားရ၏။

"ကျေနပ်တော့။ ငါအိပ်ငိုက်နေပြီ။"

"အိုကေ။ အိုကေ။ လာ။ ဝင်ကြရအောင်။"

သတိမပြုမိပါဘဲ Seungmin ၏လက်အား ဆုပ်ကိုင်ကာ အိမ်ထဲသို့ဝင်ရောက်လာမိသည်မှာ မီးဖိုခန်းထဲရှိ အုတ်ခုံပေါ်တွင်ထိုင်ရင်း Minho ၏ပုခုံးပေါ်သို့သူ၏လက်နှစ်ဖက်အား သိုင်းတင်ထားသော Jisung နှင့် သူ၏ခါးအားဖက်ရင်း ရပ်နေသော Minho တို့ကို ဆုံမိသည့်အချိန်အထိ မလွှတ်ပေးမိ။

"ဒီအချိန်ကြီး အပြင် ဘာသွားလုပ်တာလဲ။ ပြီးတော့ ဘာလို့လက်ကိုင်ထားတာလဲ။"

Minho မေးလာသော မေးခွန်းအား ချက်ချင်းပြန်မဖြေမိပါဘဲ Hyunjin ထစ်ထစ်အအနှင့်သာ တန်ပြန်မေးခွန်းအားပြန်မေးမိသည်။

"Hyung တို့နှစ်ယောက်ကရော...ဒီအချိန်ကြီး...မီးဖိုချောင်ထဲဘာလုပ်နေတာလဲ..ပြီးတော့ ဘာလို့ အဲ့လိုအနေအထားကြီးနဲ့ရှိနေတာလဲ။"

"ဗိုက်ဆာလို့ မုန့်စားဖို့ မီးဖိုချောင်ထဲလာတာ။ ပြီးတော့ ငါတို့က ရည်းစားတွေပဲ။ ဒီအနေအထားနဲ့ရှိနေတာ ထူးဆန်းလား။"

Minho ကမူ ဘာမထီလေသံနှင့် ပြန်ဖြေသော်ငြား Jisung မှာ အုတ်ခုံပေါ်မှထကာ အနေအထားကို ပြန်ပြင်ရန်ကြိုးစားနေသည်။

"မင်းတို့ကရော ဘာလို့လက်ကိုင်ထားတာလဲ။"

"ကျွန်တော်တို့လည်း..."

Minho အားမကျေနပ်သည်ကြောင့် ပြိုင်ဆိုင်ငြင်းဆိုရန်ပြင်သော်လည်း ခေတ္တမျှ တုန့်ဆိုင်းသွားသည်။ Minho ၏မျက်နှာပေါ်မှ ခပ်တည်တည်အကြည့်ကိုမြင်မှ စိတ်ပိုင်းဖြတ်၍ ဆိုလိုက်မိ၏။

"ကျွန်တော်တို့လည်း ရည်းစားတွေမို့လို့ ကိုင်တာဘာဖြစ်လဲ။"

"ဘာ"

"ဘယ်လို"

"ဘာပြောလိုက်တယ်?"

Minho နှင့် Jisung ၏ အာမေဋိတ်အသံအဆုံး တတိယမြောက် စကားသံအား လှေကားထိပ်မှကြားလိုက်ရသဖြင့် လေးဦးလုံး လှမ်းကြည့်မိချိန်တွင် အိပ်မှုန်စုပ်ဖွားအနေအထားနှင့် ကြက်သေသေနေသော Felix အားတွေ့ရ၏။

ထိုအချိန်မှစ၍ Felix ကိုစကားပြောရန်ကြိုးစားနေသော Seungmin နှင့် Hyunjin တို့ ယနေ့မနက် ပင်လယ်ဘက်သို့ထွက်လာသည့်အချိန်အထိ မအောင်မြင်နိုင်သေးချေ။

"ခဏလောက် လွှတ်ထားလိုက်ပါလား။ Hyung တို့ဝိုင်းချော့ပေးပါ့မယ်။"

အနေအထားကိုရိပ်မိချိန်တွင် ပြေးလွှားနေသည်ကိုရပ်လိုက်ပြီး Seungmin နှင့် Hyunjin အနားသို့သွားကာ လေသံကလေးနှင့်ဖြေသိမ့်ပေးသော Chan ကြောင့် Seungmin အားတင်း၍တော့ ပြုံးလိုက်မိပါ၏။

ထို့နောက် ရေလှိုင်းကလေးများ ကမ်းပေါ်သို့ တလိပ်လိပ်​တက်လာသည်တွင် သူ၏ခြေထောက်ကလေးများအား ရေအေးအေးတို့နှင့် ထိတွေ့စေရင်း ငူငူငိုင်ငိုင်ရပ်နေလေသော Seungmin ၏ဘေးတွင် Jisung နှင့် Hyunjin တို့မှာလည်း အားပေးရင်း ရပ်နေ၏။

"ငါ့နောက်လိုက်ခဲ့။"

Jeongin နှင့်စနောက်နေရင်းမှ ရုတ်တရက်ဆွဲခေါ်သွားခံရခြင်းကြောင့် Changbin မှာ ဘုမသိဘမသိအနေအထားဖြင့် ခုံရှည်တွင်ထိုင်နေသည့် Felix အနီးသို့ရောက်လာရသည်။

"Felix"

Chan သူ၏အမည်အား နူးနူးညံ့ညံ့ခေါ်၍ စကားစတော့ Felix မှာ အရည်ကြည်တို့ဝေ့ဝိုက်နေသည့် မျက်ဝန်းကလေးများနှင့် မော့ကြည့်လာလေသည်။

"Hyunjin နဲ့ Seungmin ကိုစိတ်ဆိုးနေတာလား။"

"စိတ်မဆိုးပါဘူး။"

Felix ၏အဖြေစကားကိုကြားရချိန် Chan နှုတ်ခမ်းတို့ တွန့်ချိုးလာကာ ပြုံးလိုက်မိသည်။ ထို့နောက် သူ၏ဘေး ခုံတန်းပေါ်ဝင်ထိုင်ရင်း စကားကိုဆက်သည်။

"ဒါဆို စိတ်ကောက်နေတာလား။"

"အင်း ကောက်တယ်။"

"သူတို့ချစ်သူတွေဖြစ်သွားတာကို သဘောမကျလို့လား။"

"မဟုတ်ပါဘူး။ သူတို့အတွက် ဝမ်းသာပါတယ်။"

"ဒါဆို?"

ဘေးတွင် ခပ်ငြိမ်ငြိမ်သာရပ်နေသော Changbin ကဝင်မေးလာတော့ Felix သက်မတစ်ချက်ရှိုက်လိုက်ကာ သူ့ မကျေနပ်ချက်ကို စိတ်ဆိုးမာန်ဆိုးထုတ်ပြောသည်။

"ကျွန်တော့်ကိုမပြောကြလို့လေ။ သူတို့ ကျွန်တော့်ကိုဖယ်ထားတာ ဘယ်လောက်ကြာပြီထင်လဲ။ တစ်ခုခုများဖြစ်နေသလားဆိုပြီး ထုတ်မမေးဘဲ တစ်ယောက်တည်းစိတ်ပူနေရတာ ဘယ်လောက်ခံရခက်တယ်ထင်လဲ။ "Felix ရေ ငါတို့နှစ်ယောက်တော့ ချစ်သူတွေဖြစ်နေကြပြီ" လို့ပြောပြီး အရင်လို သူငယ်ချင်းတွေပျော်ပျော်နေရင် ဘယ်သူကဘာပြောမှာမို့လို့လဲ။ အခုတော့ နားစွန်နားဖျားကြားရတဲ့ဘဝ"

"ဒါတော့ မင်းမှန်တယ်။ သူငယ်ချင်းတွေ အချင်းချင်းကို ပုန်းလျှိုးကွယ်လျှိုးလုပ်နေတော့ ဗျာများပြီး တော်တော်စိတ်ရှုပ်ခဲ့ရမှာ။ စိတ်ကောက်သင့်တယ်။"

Changbin ၏ မီးလောင်ရာ လောင်စာထည့်နေသော စ​ကားကိုကြားရချိန်တွင် Chan မှာ မျက်လုံးပြူးမတတ်လန့်သွားရသည်။ သူတို့နှစ်ယောက်အား ယုံကြည်၍ ခပ်လှမ်းလှမ်းမှသာ အကဲခတ်ကြည့်နေသော Seungmin နှင့် Hyunjin အား မချိပြုံးလေးသာ လှမ်းပြုံးပြလိုက်ရင်း Changbin အား မျက်စနှင့်ထိန်းရန်ပြင်သည်။

"ဒါပေမဲ့..."

သူ၏စကားကို ထိုစကားလုံးနှင့် ပြန်ဆက်လာတော့ Felix ရော Chan ပါ စိတ်ဝင်တစား အာရုံစိုက်လာသည်။

"သူတို့အတွက်လည်း ခက်ခဲခဲ့မှာပဲ။ အမြဲတမ်းအတူသွား၊ အတူစားနေကြတဲ့ သူငယ်ချင်းသုံးယောက်မှာ နှစ်ယောက်ကချစ်သူတွေဖြစ်သွားပြီဆိုတဲ့အကြောင်းကို ပြီးစလွယ်အသိပေးလိုက်ရင် မင်းများမနေတတ်ဖြစ်နေမလားလို့ စိုးရိမ်ခဲ့ကြမှာပဲ။"

"လိုလို့လား။"

"စိုးရိမ်စိတ်ဆိုတာ လိုအပ်တာတွေ၊ မလိုအပ်တာတွေမသိဘဲ အလိုအလျောက်ပေါ်လာတတ်တဲ့ လူတွေရဲ့ ကြိုကာမှုတစ်ခုပါ။ အခု မင်းသိသွားတဲ့အချိန် သူတို့ကိုစိတ်ကောက်နေတော့ သူတို့လည်းစိတ်မကောင်းဖြစ်ကြမှာပဲ။ တွဲလိုက်တာများ မှားပြီလား။ မင်းအပေါ်များ အပြစ်ကျူးလွန်မိပြီလားလို့ တွေးချင်တွေးနေမှာ။ Seungmin ၏ ညှိုးနေတဲ့မျက်နှာကိုကြည့်ပါဦး။"

Changbin ပြောလာတော့ Felix မှာ သူ၏သူငယ်ချင်းဖြစ်သူအား မသိမသာလှမ်းကြည့်သည်။ ဝမ်းနည်းနေသော Seungmin နှင့် စိတ်မကောင်းဖြစ်ရင်း ငေးငိုင်နေသော Hyunjin အားတွေ့ရချိန် သူ၏စိတ်ထဲနဲ့ အားနာခြင်းတို့ စတင်ကြီးစိုးလာသည်။

"ပျော်ပျော်ပါးပါး ခရီးထွက်လာတဲ့အချိန် သူငယ်ချင်းတွေကိုစိတ်မညစ်စေချင်ဘူးမလား။ အခုသွားပြန်ခေါ်လိုက်တော့။ အခုသွားပြန်ခေါ်မယ်ဆိုရင် Hyung လိုလက်မောင်းကြီးရအောင် ဘာလေ့ကျင့်ခန်းတွေလုပ်ရမလဲဆိုတာ သင်ပေးမယ်။"

"တကယ်လား။"

"အင်း တကယ်။ မင်းသိချင်နေတာမဟုတ်လား။"

"ဟုတ်တယ် ဟုတ်တယ်။ Hyung ကိုတွေ့တိုင်း မေးချင်နေတာ။ သေချာပေါက်သင်ပေးရမယ်နော်။"

Changbin ထံမှ ကတိရလိုက်ချိန်တွင် နေရာမှ ခုန်ပေါက်ထသွားကာ သူတို့အနားသို့ လျှောက်လာနေကြောင်း တွေ့ရချိန် Hyunjin မှာ Seungmin အား မသိမသာလက်တို့၍ အသိပေးလိုက်သည်။ ထို့နောက် Felix ၏ရှေ့တွင် အပြစ်သားကလေးနှစ်ယောက်နှယ် လက်ပိုက်ခေါင်းငိုက်၍ ရပ်နေလေ၏။

"မင်းတို့ မင်္ဂလာတော့မဆောင်ထားဘူးမလား။"

"ဟင်?"

"မသိဘူးလေ။ ငါမသိအောင် ပုန်းလျှိုးကွယ်လျှိုးတွဲနေကြတာဆိုတော့ ငါမသိအောင်များ ယူထားကြလားလို့။"

"မယူထားပါဘူး။"

"ယူထားစရာလားကွာ။"

အငြင်းစကားကိုကြားရသည့်တိုင်အောင် Felix မှာ အနည်းငယ်တော့ ဆူပုတ်နေဆဲ။

"Hwang Hyunjin"

"အင်း..."

"ငါ့သူငယ်ချင်း Minnie ကို စိတ်ချမ်းသာအောင်မထားဘူးဆိုရင် ငါ့လက်သီးနဲ့တွေ့မယ်၊ မနက်ဖြန်ကစပြီး ငါ Gym သွားတော့မှာ။"

"အေ..အေးပါကွာ။"

"Kim Seungmin"

"အေး.."

"ငါ့သူငယ်ချင်း Hyunjin ကို စိတ်ညစ်အောင်လုပ်ရင် မင်းကိုနုတ်နုတ်စင်းပစ်မယ်။"

"အေးပါ။ အဲ့ဒါဆို မင်းငါတို့ကို စိတ်မဆိုးတော့ဘူးပေါ့။ ငါတို့ချစ်သူတွေဖြစ်နေတာကို အဆင်ပြေတယ်ပေါ့။"

"မပြေစရာအကြောင်းရှိလို့လား။"

ထိုအခါမှ Seungmin မှာသက်ပြင်းချနိုင်၍ Felix အား တင်းကြပ်နေအောင် ဆွဲဖက်လိုက်မိသည်။

"Minho Hyung"

Seungmin ဖက်ထားသည်ကို ခံထားရရင်းနှင့်ပင် Minho ဘက်သို့လှည့်ကာ အော်ခေါ်တော့ Minho မှာ သဲပြင်ပေါ်မှ ပိုးကောင်လေးအား Jisung နှင့်အတူ စူးစမ်းနေရင်း လှည့်ကြည့်လာသည်။

"ကျွန်တော့်သူငယ်ချင်း JiJi ကို ကောင်းကောင်းကာကွယ်ပေးရမယ်နော်။ မကာကွယ်ပေးရင် Hyung ကိုလည်းရိုက်မှာ။"

ပိုးကောင်ငယ်အား အာရုံစိုက်နေမိခြင်းကြောင့် မည်သည့်အရာများဖြစ်ပျက်သွားသည်ကို မသိလိုက်သော်ငြား Felix ပြောသော စကားကိုကြားရချိန်တွင် Minho ခေါင်းထဲ အတွေးတစ်ခုဝင်ရောက်လာသည်မို့ ဆောင့်ကြောင်ကလေးထိုင်နေသော ကလေးငယ်အား ကြည့်ရင်း ပြုံးလိုက်သည်။

"သေချာပေါက် ကာကွယ်ပေးရမှာပေါ့။ ဒီကောင်ငယ်လေးကို ငါ့ရဲ့အချစ်တွေနဲ့​ သေချာပေါက်ကာကွယ်ပေးရမှာပေါ့။"

.............................................................

"အလယ်တန်းတုန်းက ကျောင်းကပြန်လာတိုင်း အိမ်ကိုတန်းမပြန်ဘဲ ဒီနေရာမှာ စက်ဘီးရပ်ပြီး နေဝင်တာကိုကြည့်ပြီးမှ အိမ်ပြန်တတ်တယ်။"

တောင်ကုန်းမို့မို့ကလေးပေါ် နှစ်ဦးသား ထိုင်ရင်း အနောက်ဘက်သို့ဝင်ရောက်ပျောက်ကွယ်တော့မည့် နေလုံးနီနီအား ငေးကြည့်၍ Minho စမြုံ့ပြန်မိသည်။

သူတို့၏သူငယ်ချင်းဖြစ်သူများမှာ မြို့၏အမြင့်ဆုံး Tower ပေါ်သို့ သွားရောက်လည်ပတ်လိုကြောင်း ပြောချိန် မြင့်လွန်းသောနေရာများ၌ အဆင်ပြေလေ့မရှိသည့် Minho နှင့် Jisung တို့မှာတော့ ထိုကုန်းမြင့်လေးတွင်သာ ကျန်ရစ်၍ စောင့်နေမည်ဖြစ်ကြောင်း အဆိုတင်သွင်းရသည်။

ရဲသား Park မှာ​တော့ မလှမ်းမကမ်းတွင်ရပ်ရင်း သူတို့နှစ်ဦးအား​ စောင့်ရှောက်ပေးနေလေ၏။

"ကိုတို့နေခဲ့တဲ့အိမ်ကလေးက ချစ်စရာလေး။"

မလှမ်းမကမ်းတွင်မြင်နေရသော နှစ်ထပ်တိုက်အဖြူရောင်ကလေးအား ကြည့်၍ Jisung မှတ်ချက်ပေးသည်။ Minho မှာလည်း ထိုအိမ်ကလေးအား လွမ်းမောစွာ ငေးကြည့်မိပါ၏။

"ဝရန်တာသေးသေးလေးပါတဲ့ အခန်းတွေ့လား။ အဲ့ဒါကိုယ်နဲ့ Jeongin မျှသုံးခဲ့တဲ့အခန်း။ အိမ်အောက်ထပ်မှာ ဦးလေးငယ်က စီးပွားရေးလုပ်တာမို့လို့ ကိုယ်တို့က အပေါ်ထပ်အခန်းကိုပဲ တူတူသုံးရတာ။ အဲ့အပေါ်ထပ်ကနေပြီး လေတိုက်တဲ့အချိန်တွေဆို ကိုယ်နဲ့ Jeongin စက္ကူလေယာဥ်တွေခေါက်ပြီး လွှတ်နေကျ။"

ထို့နောက် Minho မှာ မြက်ပင်သေးသေးလေးများပေါက်နေသော မြေပြင်ပေါ်တွင် ကျောခင်းလှဲချလိုက်တော့ Jisung သည်လည်း သူ၏လက်မောင်းကို ခေါင်းအုံးရင်းလှဲအိပ်လာသည်။ ပုစွန်ဆီရောင် ကောင်းကင်ယံပေါ်တွင်တော့ ငှက်ငယ်ကလေးများ အိပ်တန်းပြန်ရန် ပြေးလွှားနေသည်ကို မြင်တွေ့နေရပါ၏။

"အဲ့အချိန်တုန်းက ကိုယ့်ရဲ့ဘဝအကြောင်း ပြန်တွေးလိုက်ရင် မင်းအတွက်ပိုပြီး ယူကျုံးမရဖြစ်ရတယ် အချစ်ရယ်။ ခြံဝန်းကြီးထဲ ဘယ်လိုများ ပိတ်လှောင်ပြီးနေနိုင်ခဲ့ရတာလဲ။"

"ကျွန်တော် အဲ့လိုသာ ပိတ်လှောင်ပြီးမနေခဲ့ရင် ကျွန်တော့်ပုံစံက ဘယ်လိုဖြစ်နေမယ်လို့ထင်လဲ ကို။"

"သေချာပေါက် ပေါ့ပေါ့ပါးပါးနဲ့ သူငယ်ချင်းတွေဝိုင်းချစ်ရတဲ့၊ ဆရာ၊ဆရာမတွေသဘောကျရတဲ့၊ ကျောင်းမှာနာမည်ကြီးတဲ့ မင်းသားလေးဖြစ်နေမှာပေါ့။"

"ကျွန်တော်ကတော့ အဲ့လိုမထင်ပါဘူး။"

"ဘာလို့လဲ။"

"အဲ့လို ဝိုင်းအချစ်ခံရတာထက် ကိုချစ်တာကိုခံပြီး ကိုနဲ့အတူတူရှိနေရတာကိုပိုသဘောကျတာမို့။ ဘယ်နေရာကိုမဆို ကို့ရဲ့လက်ကိုကိုင်ပြီးသွားမယ်။ နားမလည်တဲ့စာတွေရှိရင် senior ဖြစ်တဲ့ကို့ကိုခေါင်းစားမယ်။ ကျောင်းကနေ အိမ်ပြန်တဲ့အခါတိုင်း ကိုနဲ့အတူတူ စက်ဘီးစီးပြီးပြန်မယ်။"

Jisung ၏ထိုစကားကိုကြားရတော့ Minho မှာ ဟာသတစ်ခုကိုကြားလိုက်ရသည့်နှယ် ထရယ်လေသည်။

"ဘာရယ်တာလဲ။"

"ဘာမှမဟုတ်ပါဘူး။"

"ဘာရယ်တာလဲလို့။"

"အခုထိ စက်ဘီးမစီးရဲသေးဘူးမဟုတ်လား။ ဘယ်လိုလုပ် ကိုယ်နဲ့အတူတူ စက်ဘီးစီးပြီးအိမ်ပြန်မှာတုန်း။"

သူ၏စိတ်ကူးအတိုင်း ဖြစ်ချင်သည့်အရာကိုပြောလိုက်မိသည်မို့ Minho ၏စကားကိုကြားမှ သတိရကာ ရှက်သွေးများ မျက်နှာပေါ်သို့ ဆောင့်တက်လာသည်ကိုခံစားလိုက်ရသည်။

"အဲ့ဒါက...အဲ့ဒါက ခင်ဗျားမှမသင်ပေးတာ။"

"သင်ပေးမလို့ပဲလေ။ သင်ပေးမယ်လို့ပြောတဲ့နေ့မှာ မင်းပဲကိုယ့်ကိုရည်းစားစကားပြောလိုက်ပြီးတော့။ အဲ့ဒါနဲ့ကိုယ်လည်း ကြောက်ပြီး မေ့သွားတာ။"

"ကြောက်တယ်? ခင်ဗျားက ကြောက်တယ်လား။"

"အင်း အဲ့တုန်းက ကြောက်တာ။ အခုတော့မကြောက်ဘူး။ ချစ်တာ။"

Minho ၏ ရိသဲ့သဲ့စနောက်စကားကြောင့် နှစ်ဦးသားပြိုင်တူရယ်မိကြကာ မြေပြင်ပေါ် လူးလိမ့်နေမိသည်။

"ရော့..."

သူ၏ဘောင်းဘီအိတ်ကပ်ထဲမှ ဖဲကြိုးကလေးချည်ထားသော ဘူးတစ်ခုအား ထုတ်ပေးလာတော့ Jisung ကြောင်အအဖြစ်ရကာ လှမ်းယူလိုက်ရင်း ထထိုင်၍ ဖွင့်ကြည့်လိုက်၏။

"ကိုယ်မင်းကိုလက်ဆောင်ပေးချင်နေတာကြာပြီ။ ဘာပေးရမှန်းမသိဖြစ်နေလို့ အခုမှပေးဖြစ်တာ။"

ဘူးကလေးအားဖွင့်ကြည့်လိုက်ချိန်တွင် တွေ့ရသော ငွေရောင်လက်ကောက်ကလေး၏ အသွင်အပြင်မှာ သိပ်ကိုခမ်းနားပါ၏။

"စျေးကြီးတာတွေတော့ ကိုယ်လည်းမတတ်နိုင်ပေမဲ့ မင်းသဘောကျမယ်လို့ထင်တာပဲ။"

ငွေရောင်ချိန်းကြိုးကလေးတွင် မှန်ပြားကလေးကဲ့သို့ကြည်လင်နေသော crystal ပြားလေးတစ်ခုနှင့် အိမ်ပုံသဏ္ဍာန် အနက်ရောင်ကလေးအား ချိတ်ဆွဲထားသော ထိုလက်ကောက်ကလေးအား အမြတ်တနိုးကြည့်ရင်း Jisung သိပ်သ​ဘောကျမိပါသည်။

"ကိုယ်မင်းအိမ်ကို ပထမဆုံးအကြိမ်ရောက်ဖူးတဲ့နေ့က မင်းပြောခဲ့တဲ့စကားကိုမှတ်မိလား။"

သူ၏လက်ပေါ်တွင် ထိုလက်ကောက်ကလေးအား ဝတ်ဆင်ပေးနေရင်း ထိုမေးခွန်းကိုမေးလာတော့ Jisung ဦးနှောက်ကို အလုပ်ပေးရပြန်သည်။

"ကိုယ်က မင်းအတွက် မှန်တစ်ချပ်လိုလူသားဆိုတာလေ။ ကိုယ်မင်းဘဝထဲဝင်လာမှ အချစ်ဆိုတဲ့အရာကို ထိုးဖောက်ပြီးမြင်နိုင်တယ်ဆိုတာ။"

"အင်း မှတ်မိတယ်။"

"ဒီ မှန်ပြားလေးက အဲ့ဒီစကားကို ကိုယ်စားပြုတယ်။"

"ဒါဆို ဒီအိမ်လေးကရော?"

သူ့လက်ပေါ်မှ လက်ကောက်အား သဘောတကျနှင့်ကြည့်နေသော ကောင်ငယ်လေး၏ နဖူးပေါ်မှ ဆံစနုနုကလေးကို သပ်တင်ပေးရင်း Minho ပြန်ဖြေသည်။

"အချစ်...အချစ်အတွက် ကိုယ် အိမ်ကလေးဖြစ်ချင်တယ်။"

ထိုစကားကိုဆိုလိုက်သောသူ့အား မျက်လုံးဝိုင်းကလေးများမှာ အံ့သြလေဟန် ငေးမောကြည့်လာသည်။

"ကမ္ဘာအနှံ့ အချစ်သွားချင်တဲ့ ဘယ်နေရာကိုမဆိုသွား။ ကိုယ်က မင်းလုံလုံခြုံခြုံရှိနေမယ့်အိမ်ကလေးအနေနဲ့ မင်းနောက်ကနေလိုက်လာမယ်။ အန္တရာယ်တွေအားလုံးကနေ ကာကွယ်ပေးပြီး နွေးနွေးထွေးထွေးရှိစေမယ်။ မင်းလွတ်လွတ်လပ်လပ်နားနေလို့ရမယ့် Safe place လေးတစ်ခုအဖြစ် ကိုယ်ရှိနေပေးမယ်။"

သူ၏စကားကိုအဆုံးသတ်လိုက်တော့ မှင်သက်နေသော Jisung မှာ သူ၏မျက်ဝန်းထဲမှ ကျဆင်းလာလုနီးပါး အရည်ကြည်စကလေးများကို ထိန်းထားလိုက်ရင်း ပြုံးပြသည်။

"အဟမ်း အဟမ်း.."

Jisung ၏နှုတ်ခမ်းကလေးများအား နမ်းရန်ကြံစည်လိုက်သော်လည်း မလှမ်းမကမ်းတွင်ရပ်ရင်း ဖုန်းသုံးနေသော အရာရှိ Park ထံမှ ချောင်းဟန့်သံအားကြားလိုက်ရသဖြင့် Minho လက်လျှော့လိုက်ရသည်။

မကျေမနပ်ဖြစ်သွားရသော Minho ၏ မျက်နှာအနေအထားကိုကြည့်ရင်း Jisung မှာတော့ ခပ်ဟဟပြုံးရယ်နေပါ၏။

"ချစ်တယ် ကို။ အများကြီးချစ်တယ်။"

"ကိုယ်လည်း မင်းကို အများကြီး အများကြီး အများကြီးချစ်တယ်။ အဲ့ဒီ့အချစ်တွေကို ကိုယ့်ဘဝရဲ့ နောက်ဆုံးအချိန်အထိ သက်သေပြသွားမယ်။"

Minho ၏ ကတိစကားမှာ Jisung ရင်ကိုနွေးစေပါ၏။ ထိုလူသားအား ချစ်မိခဲ့ခြင်းမှာ ဘယ်သောအခါမှ နောင်တမရစေပါဘဲ သူ့ဘဝ၏ အမှန်ကန်ဆုံးသော ရွေးချယ်မှုဖြစ်ခဲ့ပါကြောင်း တွေးမိရင်း Jisung ရင်ထဲနွေးရပါ၏။

.........................................................

Here's the gift for our boys' first win.

လက်ကောက်က JYPE ကိုအားကျလို့ ရှိသမျှပစ္စည်း merchandise ထုတ်ရောင်းဖို့ ဒီဇိုင်းဆွဲထားတာပါ။

အလကားစတာ။ RB ကပုံဆွဲတော်တဲ့သူတော့မဟုတ်ပါဘူး။ အဲ့ထက်ပိုပြီး ဒီဇိုင်းတစ်ခုခုကို စာနဲ့ရှင်းပြရတဲ့အခါ ပိုပြီးမတော်ပါဘူး။ မြင်ယောင်အောင်မရေးပြနိုင်လောက်ဘူးလို့ထင်တဲ့အတွက် စိတ်ထဲပေါ်လာတဲ့ဒီ bracelet လေးကို inspo မရှိဘဲ ဆွဲထားတာပါ။ သည်းခံကြည့်ပေးပြီး နားလည်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။

ဒီနေ့တော့ အရှည်ဆုံးအပိုင်းဖြစ်သွားတာမို့ Quiz မထည့်ပေးတော့ပါဘူး။ အဲ့အစား တောင်းဆိုချင်တာကတော့ ကိုယ့်သူငယ်ချင်း Minsunger လေးတွေများရှိရင် RB ရဲ့ Clarity လေးကို recommend ပေးကြပါလို့ပါ။ ကျေးဇူးတင်ပါတယ်။

#ReddyBombax

"အေဖ"

ကုတင္ေပၚ၌ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနေသာ Changbin အား မႏွောင့္ယွက္မိေစရန္အလို႔ငွာ Chan အသံအား အတတ္နိုင္ဆုံးတိုး၍ ဖုန္းကိုထူးလိုက္သည္။

"သတင္းေတြ႕ၿပီးၿပီလား သား။"

တစ္ဖက္မွ ေျပာလာေသာ စိုးရိမ္စိတ္အျပည့္ႏွင့္ ေမးခြန္းကိုၾကားရခ်ိန္ Chan စိတ္ေမာစြာ အသက္ျပင္းျပင္းရွိုက္ရႉလိုက္မိ၏။

"အခုပဲ ဖတ္လိုက္ရတယ္။"

မိုးလင္းေပါက္ game ေဆာ့ေနရင္းမွ Changbin အိပ္ေပ်ာ္သြားေသာ္လည္း သူကိုယ္တိုင္မွာ အိပ္မေပ်ာ္နိုင္ေသးေသာေၾကာင့္ ဖုန္းဖြင့္ၾကည့္ခ်ိန္တြင္ စိတ္မခ်မ္းေျမ့ဖြယ္ သတင္းတစ္ပုဒ္အားေတြ႕ရသည္။ သတင္းအားဖတ္ၿပီးၿပီးခ်င္းတြင္ပင္ Mr.Bang ထံမွ ဖုန္းအားလက္ခံရရွိျခင္းျဖစ္သည္။

"တစ္ခုခုမ်ား ထူးျခားလို႔လား အေဖ။"

Chan ေမးေသာ ေမးခြန္းကို ဖခင္ျဖစ္သူက ခ်က္ခ်င္းအေျဖမေပး။ ေခတၱမွ်ေတြးေတာေနၿပီးမွ ေလသံေအးေအးႏွင့္ေျပာသည္။

"အေဖ့လုပ္သက္တစ္ေလွ်ာက္ အမႈေတြထဲ ေသခ်ာေပါက္ အေသးစိတ္မွတ္မိေနတဲ့အမႈေတြမွာ Oh Jin Lee ရဲ႕အမႈကိစၥပါတယ္။ အေဖအရမ္းမရင္းႏွီးခဲ့ေပမဲ့ သိေနတဲ့ ေရွ႕ေန Lee ပါ ေသဆုံးခဲ့တာေၾကာင့္လည္း ျဖစ္ေကာင္းျဖစ္နိုင္တယ္။"

"အေဖ့ စိတ္ထဲခုေနတာမ်ား ရွိေနတာလား။"

"Oh Jin Lee က်ဴးလြန္ခဲ့တာကလည္း သာမန္သုံးေလာင္းၿပိဳင္ လူသတ္မႈနဲ႕ ကေလးႏွစ္ေယာက္ကို ဖမ္းခ်ဳပ္ခဲ့တဲ့အမႈ၊ အခု အမႈကလည္း အေမတစ္ေယာက္နဲ႕ ကေလးတစ္ေယာက္ အသတ္ခံရတဲ့ သာမန္လို႔သတ္မွတ္ရတဲ့ အမႈပဲ။ ဆက္စပ္စရာသိပ္မရွိလွေပမဲ့ ဘာလို႔ရယ္မသိ၊ ဒီအမႈႏွစ္ခုမွာ တစ္ခုခုဆက္သြယ္မႈရွိတယ္လို႔ခံစားေနရတယ္။"

Mr.Bang ၏ မေရမရာေကာက္ခ်က္ခ်စကားကို ၾကားရသည့္အခ်ိန္ Chan ၏စိတ္ထဲတြင္လည္း ရႈပ္ေထြးမႈတစ္ခုေပၚေပါက္လာသည္။ လြန္ခဲ့ေသာရက္ပိုင္းကမွ Jisung တြင္လည္း ျပႆနာတစ္ခုေပၚေပါက္ခဲ့သည္မို႔ အေတြးလြန္ေနေလသလားဟုလည္း ခ်က္ခ်င္းဆိုသလို ​ေျဖသိမ့္လိုက္မိပါ၏။

"အခုအမႈမွာ အသတ္ခဲ့ရတာက Jisung ကို ​ၾကည့္ေပးေနတဲ့ ဆရာဝန္ရဲ႕ ေခြၽးမနဲ႕ေျမးျဖစ္ေနတယ္ သား။"

"ဘယ္လို?"

Chan အထိတ္တလန့္ျဖစ္ရပါ၏။ တိုက္ဆိုင္မႈဆိုလွ်င္ေတာင္ ထိတ္လန့္စရာေကာင္းေလာက္သည့္ တိုက္ဆိုင္မႈေပမို႔ Chan တုန္လႈပ္သြားမိပါ၏။

"Minho နဲ႕ Jisung ကို ဒီကိစၥမေျပာပါနဲ႕ဦး။ မနက္ျဖန္မနက္ ျပန္လာၾကမယ္မလား။ ဂ႐ုစိုက္ပါ။ ႏွစ္ဆပိုၿပီး ဂ႐ုစိုက္ပါ။ အရာရွိ Park ကိုလည္း အေဖဆက္သြယ္ထားမယ္။ သတိထားရမယ္ဆိုေပမဲ့ ေပ်ာ္ရမယ့္အခ်ိန္မွာ လြတ္လြတ္လပ္လပ္ေနေနာ္။"

"ဟုတ္ကဲ့ပါ အေဖ။"

"လူသတ္သမားကို အျမန္ဆုံးမိေအာင္ အေဖတို႔ႀကိဳးစားမွာမို႔ သားက သားသူငယ္ခ်င္းေတြကို ဂ႐ုစိုက္ေပးပါဦး။"

စကားတစ္ခြန္းကို အကူအညီေတာင္းသကဲ့သို႔ ဆိုၿပီးေနာက္ ဖုန္းခ်သြားရာ Chan ဖုန္းကိုလက္ထဲ တင္းတင္းဆုပ္ကိုင္ထားရင္းကပင္ ေငးငိုင္ေနမိသည္။

ေလာကႀကီးထဲတြင္ ေနရကံကုန္သြားေလၿပီျဖစ္ေသာ တရားခံ Oh Jin Lee မွာ သူငယ္ခ်င္းျဖစ္သူ Minho ႏွင့္ Jisung တို႔ကို မည္သည့္အခ်ိန္အထိ ဒုကၡေပးေနေလဦးမည္လဲဟူေသာ ေျဖသူမဲ့ ေမးခြန္းအား စိတ္ထဲတြင္ ေမးေနမိရင္း Chan အႀကိမ္ေပါင္းမေရမတြက္နိုင္ေအာင္ သက္ျပင္းခ်မိပါ၏။

.........................................................

"ပင္လယ္ေလက ေကာင္းလိုက္တာ။"

ကမ္းေျခတစ္ေလွ်ာက္တြင္ ရွစ္ေယာက္သား ယွဥ္ရပ္ေနရင္း ပင္လယ္၏ လတ္ဆတ္ေအးျမေသာ ေလကို ရႉရွိုက္မိၾကခ်ိန္ Seungmin က ခပ္တိုးတိုးေရ႐ြတ္သည္။

"ဘယ္လိုလဲ။ ပင္လယ္ကို အလြမ္းေျပသြားၿပီလား။"

Hyunjin ေဘးတြင္ရပ္ရင္း ပင္လယ္အား ခပ္ၿပဳံးၿပဳံးေငးၾကည့္ေနေသာ သူ၏တပည့္ေဟာင္းျဖစ္သူကိုေမးေတာ့ ေခါင္းတဆတ္ဆတ္ၿငိမ့္ျပသည္။

"အမ်ားႀကီး အမ်ားႀကီး လြမ္းေနတာ။"

"ဟုတ္လား အမ်ားႀကီး အမ်ားႀကီး လြမ္းေနတာလား။"

ေတြးေတြးဆဆ ေျပာေသာ Jeongin ၏စကားကို Chan က စေနာက္လိုက္ၿပီး Jeongin အား ပင္လယ္ေရထဲသို႔ တြန္းရန္ႀကိဳးစားသည္။ သို႔ေသာ္ျငား Jeongin မွာ ေလးလက္မခန့္ပင္ မေ႐ြ႕သြား။

"မင္းဘယ္တုန္းက အဲ့ေလာက္ႀကီးသြားတာလဲ။ ေရထဲတြန္းခ်ခ်င္တာေတာင္မရေတာ့ဘူးလား။"

"အရပ္ကိုပဲယွဥ္ၾကည့္ေလ။ မင္းထက္ Jeongin က အရပ္ပိုရွည္ေနၿပီ။"

ေဘာင္းဘီအိတ္ကပ္ထဲသို႔ လက္ႏွစ္ဖက္ကိုထည့္ထားရင္း သူတို႔အား ရပ္ၾကည့္ေနသည့္ Changbin ကေျပာလာေတာ့ Chan ႏွင့္ Jeongin တို႔၏ အၾကည့္မ်ားမွာ သူ႕ဆီသို႔ က်ေရာက္သြားသည္။

"ဘာၾကည့္တာလဲ။"

"ဟုတ္လား ပိုရွည္သြားၿပီလား။"

"Hyung ထက္လည္းပိုရွည္ေနၿပီမလား။"

"တကယ္လား။ အဲ့ဒါဆို သူ႕ကိုေရထဲတြန္းခ်လိဳ႕ရမွာေပါ့။ စမ္းၾကည့္ၾကမလား။"

"မလာနဲ႕ေနာ္ ေဟ့ေကာင္ေတြ။ Hotel က ဒီေနရာနဲ႕အေဝးႀကီး။ အကၤ်ီေရစိုကုန္လို႔မျဖစ္ဘူး။ ငါေရထဲမဆင္းဘူးေနာ္။ ေဟ့ေကာင္ေတြ။"

ေအာ္ဟစ္ေျပာရင္း ေျပးလႊားေနေသာ Changbin ၏ေနာက္သို႔ ခပ္ညစ္ညစ္ရယ္ရင္း လိုက္ေနေသာ Chan ႏွင့္ Jeongin တို႔အားၾကည့္၍ ရယ္မိၾကသည္။ ရယ္ေနေသာ Jisung ၏ လက္ကို ရယ္ေနေသာ Minho က ဆုပ္ကိုင္ရင္း။ ရယ္ေနေသာ Seungmin ၏ပုခုံးကို ရယ္ေနေသာ Hyunjin က လက္တစ္ဖက္တင္ကာဖက္ထားရင္း။

Felix မွာေတာ့ သူ၏ေျခေထာက္ကေလးကို ေရအတက္အက်ေၾကာင့္ စိုထိုင္းထိုင္းျဖစ္ေနေသာ သဲျပင္ထဲသို႔ ထိုးသြင္းေမႊႏွောက္ရင္း ႏႈတ္ခမ္းကေလးအား ေရွ႕သို႔တစ္လက္မခန့္ ဆူေထာ္ထားလို႔ေန၏။

ဤသည္ကို သတိျပဳမိေသာ Seungmin မွာ သူ၏ပုခုံးေပၚမွ Hyunjin ၏လက္အား ဖယ္ပစ္လိုက္၍ Felix အနားသို႔ ခ်ဥ္းကပ္သြားသည္။

"Yongbok"

Seungmin မွာ စကားစရန္ႀကိဳးစား၍ သူ၏နာမအား ေခၚလိုက္ေသာ္လည္း Felix ကမူ သူ႕အားေရွာင္ဖယ္သြားကာ ခပ္လွမ္းလွမ္းတြင္ရွိေနေသာ ခုံတန္းတစ္ခုသို႔ ဦးတည္သြားသည္။

ထိုအ​ေျခအေနကိုျမင္ရခ်ိန္တြင္ မ်က္ႏွာႏုႏုေပၚသို႔ ဝမ္းနည္းမႈတို႔ ႀကီးစိုးလာေၾကာင္း ေတြ႕ရသျဖင့္ Hyunjin မွာလည္းစိတ္မေကာင္း။

ျပႆနာ၏အစမွာ လြန္ခဲ့ေသာညက Seungmin ႏွင့္သူ ၿခံဝန္းထဲ ေတြ႕ၾကရာမွစသည္ဟု ဆိုရမည္။

"အထဲျပန္ဝင္ရေအာင္။ ဒီမွာ ျခင္ေတြနဲ႕။"

မွိန္ပ်ပ်သာ ထြန္းလင္းထားေသာ ၿခံမီးေရာင္၏ေအာက္တြင္ ခ်စ္ရသူ၏ ခါးကိုဖက္ထားရင္း ခ်စ္ရသူမ်က္ႏွာအား ေငးၾကည့္ေနရာမွ ထိုစကားကိုၾကားလိုက္ရခ်ိန္တြင္ Hyunjin ရင္ခံသြားရသည္။

"မခြဲခ်င္ေသးဘူး။"

"ဘယ္သူကခြဲခိုင္းေနလို႔လဲ။ ကိုယ့္ေနရာကိုယ္သြားၿပီး အိပ္႐ုံပဲေလ။ မနက္က် ျပန္ေတြ႕မွာပဲကို။"

Hyunjin ႏႈတ္ခမ္းကိုမဲ့႐ြဲ႕လိုက္ကာ ထိုသို႔ျပဳလုပ္ရန္ ဆႏၵမရွိေၾကာင္း မ်က္ႏွာအမူအရာႏွင့္ေဖာ္ျပေတာ့ Seungmin မွာ ခပ္ဟဟရယ္သည္။

ထို႔ေနာက္ ဆူပုတ္မဲ့႐ြဲ႕ေနေသာ သူ၏ ႏႈတ္ခမ္းအား တစ္ခ်က္နမ္းလိုက္သည္မို႔ ေၾကာင္အသြားရ၏။

"ေက်နပ္ေတာ့။ ငါအိပ္ငိုက္ေနၿပီ။"

"အိုေက။ အိုေက။ လာ။ ဝင္ၾကရေအာင္။"

သတိမျပဳမိပါဘဲ Seungmin ၏လက္အား ဆုပ္ကိုင္ကာ အိမ္ထဲသို႔ဝင္ေရာက္လာမိသည္မွာ မီးဖိုခန္းထဲရွိ အုတ္ခုံေပၚတြင္ထိုင္ရင္း Minho ၏ပုခုံးေပၚသို႔သူ၏လက္ႏွစ္ဖက္အား သိုင္းတင္ထားေသာ Jisung ႏွင့္ သူ၏ခါးအားဖက္ရင္း ရပ္ေနေသာ Minho တို႔ကို ဆုံမိသည့္အခ်ိန္အထိ မလႊတ္ေပးမိ။

"ဒီအခ်ိန္ႀကီး အျပင္ ဘာသြားလုပ္တာလဲ။ ၿပီးေတာ့ ဘာလို႔လက္ကိုင္ထားတာလဲ။"

Minho ေမးလာေသာ ေမးခြန္းအား ခ်က္ခ်င္းျပန္မေျဖမိပါဘဲ Hyunjin ထစ္ထစ္အအႏွင့္သာ တန္ျပန္ေမးခြန္းအားျပန္ေမးမိသည္။

"Hyung တို႔ႏွစ္ေယာက္ကေရာ...ဒီအခ်ိန္ႀကီး...မီးဖိုေခ်ာင္ထဲဘာလုပ္ေနတာလဲ..ၿပီးေတာ့ ဘာလို႔ အဲ့လိုအေနအထားႀကီးနဲ႕ရွိေနတာလဲ။"

"ဗိုက္ဆာလို႔ မုန့္စားဖို႔ မီးဖိုေခ်ာင္ထဲလာတာ။ ၿပီးေတာ့ ငါတို႔က ရည္းစားေတြပဲ။ ဒီအေနအထားနဲ႕ရွိေနတာ ထူးဆန္းလား။"

Minho ကမူ ဘာမထီေလသံႏွင့္ ျပန္ေျဖေသာ္ျငား Jisung မွာ အုတ္ခုံေပၚမွထကာ အေနအထားကို ျပန္ျပင္ရန္ႀကိဳးစားေနသည္။

"မင္းတို႔ကေရာ ဘာလို႔လက္ကိုင္ထားတာလဲ။"

"ကြၽန္ေတာ္တို႔လည္း..."

Minho အားမေက်နပ္သည္ေၾကာင့္ ၿပိဳင္ဆိုင္ျငင္းဆိုရန္ျပင္ေသာ္လည္း ေခတၱမွ် တုန့္ဆိုင္းသြားသည္။ Minho ၏မ်က္ႏွာေပၚမွ ခပ္တည္တည္အၾကည့္ကိုျမင္မွ စိတ္ပိုင္းျဖတ္၍ ဆိုလိုက္မိ၏။

"ကြၽန္ေတာ္တို႔လည္း ရည္းစားေတြမို႔လို႔ ကိုင္တာဘာျဖစ္လဲ။"

"ဘာ"

"ဘယ္လို"

"ဘာေျပာလိုက္တယ္?"

Minho ႏွင့္ Jisung ၏ အာေမဋိတ္အသံအဆုံး တတိယေျမာက္ စကားသံအား ေလွကားထိပ္မွၾကားလိုက္ရသျဖင့္ ေလးဦးလုံး လွမ္းၾကည့္မိခ်ိန္တြင္ အိပ္မႈန္စုပ္ဖြားအေနအထားႏွင့္ ၾကက္ေသေသေနေသာ Felix အားေတြ႕ရ၏။

ထိုအခ်ိန္မွစ၍ Felix ကိုစကားေျပာရန္ႀကိဳးစားေနေသာ Seungmin ႏွင့္ Hyunjin တို႔ ယေန႕မနက္ ပင္လယ္ဘက္သို႔ထြက္လာသည့္အခ်ိန္အထိ မေအာင္ျမင္နိုင္ေသးေခ်။

"ခဏေလာက္ လႊတ္ထားလိုက္ပါလား။ Hyung တို႔ဝိုင္းေခ်ာ့ေပးပါ့မယ္။"

အေနအထားကိုရိပ္မိခ်ိန္တြင္ ေျပးလႊားေနသည္ကိုရပ္လိုက္ၿပီး Seungmin ႏွင့္ Hyunjin အနားသို႔သြားကာ ေလသံကေလးႏွင့္ေျဖသိမ့္ေပးေသာ Chan ေၾကာင့္ Seungmin အားတင္း၍ေတာ့ ၿပဳံးလိုက္မိပါ၏။

ထို႔ေနာက္ ေရလွိုင္းကေလးမ်ား ကမ္းေပၚသို႔ တလိပ္လိပ္​တက္လာသည္တြင္ သူ၏ေျခေထာက္ကေလးမ်ားအား ေရေအးေအးတို႔ႏွင့္ ထိေတြ႕ေစရင္း ငူငူငိုင္ငိုင္ရပ္ေနေလေသာ Seungmin ၏ေဘးတြင္ Jisung ႏွင့္ Hyunjin တို႔မွာလည္း အားေပးရင္း ရပ္ေန၏။

"ငါ့ေနာက္လိုက္ခဲ့။"

Jeongin ႏွင့္စေနာက္ေနရင္းမွ ႐ုတ္တရက္ဆြဲေခၚသြားခံရျခင္းေၾကာင့္ Changbin မွာ ဘုမသိဘမသိအေနအထားျဖင့္ ခုံရွည္တြင္ထိုင္ေနသည့္ Felix အနီးသို႔ေရာက္လာရသည္။

"Felix"

Chan သူ၏အမည္အား ႏူးႏူးညံ့ညံ့ေခၚ၍ စကားစေတာ့ Felix မွာ အရည္ၾကည္တို႔ေဝ့ဝိုက္ေနသည့္ မ်က္ဝန္းကေလးမ်ားႏွင့္ ေမာ့ၾကည့္လာေလသည္။

"Hyunjin နဲ႕ Seungmin ကိုစိတ္ဆိုးေနတာလား။"

"စိတ္မဆိုးပါဘူး။"

Felix ၏အေျဖစကားကိုၾကားရခ်ိန္ Chan ႏႈတ္ခမ္းတို႔ တြန့္ခ်ိဳးလာကာ ၿပဳံးလိုက္မိသည္။ ထို႔ေနာက္ သူ၏ေဘး ခုံတန္းေပၚဝင္ထိုင္ရင္း စကားကိုဆက္သည္။

"ဒါဆို စိတ္ေကာက္ေနတာလား။"

"အင္း ေကာက္တယ္။"

"သူတို႔ခ်စ္သူေတြျဖစ္သြားတာကို သေဘာမက်လိဳ႕လား။"

"မဟုတ္ပါဘူး။ သူတို႔အတြက္ ဝမ္းသာပါတယ္။"

"ဒါဆို?"

ေဘးတြင္ ခပ္ၿငိမ္ၿငိမ္သာရပ္ေနေသာ Changbin ကဝင္ေမးလာေတာ့ Felix သက္မတစ္ခ်က္ရွိုက္လိုက္ကာ သူ႕ မေက်နပ္ခ်က္ကို စိတ္ဆိုးမာန္ဆိုးထုတ္ေျပာသည္။

"ကြၽန္ေတာ့္ကိုမေျပာၾကလို႔ေလ။ သူတို႔ ကြၽန္ေတာ့္ကိုဖယ္ထားတာ ဘယ္ေလာက္ၾကာၿပီထင္လဲ။ တစ္ခုခုမ်ားျဖစ္ေနသလားဆိုၿပီး ထုတ္မေမးဘဲ တစ္ေယာက္တည္းစိတ္ပူေနရတာ ဘယ္ေလာက္ခံရခက္တယ္ထင္လဲ။ "Felix ေရ ငါတို႔ႏွစ္ေယာက္ေတာ့ ခ်စ္သူေတြျဖစ္ေနၾကၿပီ" လို႔ေျပာၿပီး အရင္လို သူငယ္ခ်င္းေတြေပ်ာ္ေပ်ာ္ေနရင္ ဘယ္သူကဘာေျပာမွာမို႔လို႔လဲ။ အခုေတာ့ နားစြန္နားဖ်ားၾကားရတဲ့ဘဝ"

"ဒါေတာ့ မင္းမွန္တယ္။ သူငယ္ခ်င္းေတြ အခ်င္းခ်င္းကို ပုန္းလွ်ိုးကြယ္လွ်ိုးလုပ္ေနေတာ့ ဗ်ာမ်ားၿပီး ေတာ္ေတာ္စိတ္ရႈပ္ခဲ့ရမွာ။ စိတ္ေကာက္သင့္တယ္။"

Changbin ၏ မီးေလာင္ရာ ေလာင္စာထည့္ေနေသာ စ​ကားကိုၾကားရခ်ိန္တြင္ Chan မွာ မ်က္လုံးျပဴးမတတ္လန့္သြားရသည္။ သူတို႔ႏွစ္ေယာက္အား ယုံၾကည္၍ ခပ္လွမ္းလွမ္းမွသာ အကဲခတ္ၾကည့္ေနေသာ Seungmin ႏွင့္ Hyunjin အား မခ်ိၿပဳံးေလးသာ လွမ္းၿပဳံးျပလိုက္ရင္း Changbin အား မ်က္စႏွင့္ထိန္းရန္ျပင္သည္။

"ဒါေပမဲ့..."

သူ၏စကားကို ထိုစကားလုံးႏွင့္ ျပန္ဆက္လာေတာ့ Felix ေရာ Chan ပါ စိတ္ဝင္တစား အာ႐ုံစိုက္လာသည္။

"သူတို႔အတြက္လည္း ခက္ခဲခဲ့မွာပဲ။ အၿမဲတမ္းအတူသြား၊ အတူစားေနၾကတဲ့ သူငယ္ခ်င္းသုံးေယာက္မွာ ႏွစ္ေယာက္ကခ်စ္သူေတြျဖစ္သြားၿပီဆိုတဲ့အေၾကာင္းကို ၿပီးစလြယ္အသိေပးလိုက္ရင္ မင္းမ်ားမေနတတ္ျဖစ္ေနမလားလို႔ စိုးရိမ္ခဲ့ၾကမွာပဲ။"

"လိုလို႔လား။"

"စိုးရိမ္စိတ္ဆိုတာ လိုအပ္တာေတြ၊ မလိုအပ္တာေတြမသိဘဲ အလိုအေလ်ာက္ေပၚလာတတ္တဲ့ လူေတြရဲ႕ ႀကိဳကာမႈတစ္ခုပါ။ အခု မင္းသိသြားတဲ့အခ်ိန္ သူတို႔ကိုစိတ္ေကာက္ေနေတာ့ သူတို႔လည္းစိတ္မေကာင္းျဖစ္ၾကမွာပဲ။ တြဲလိုက္တာမ်ား မွားၿပီလား။ မင္းအေပၚမ်ား အျပစ္က်ဴးလြန္မိၿပီလားလို႔ ေတြးခ်င္ေတြးေနမွာ။ Seungmin ၏ ညွိုးေနတဲ့မ်က္ႏွာကိုၾကည့္ပါဦး။"

Changbin ေျပာလာေတာ့ Felix မွာ သူ၏သူငယ္ခ်င္းျဖစ္သူအား မသိမသာလွမ္းၾကည့္သည္။ ဝမ္းနည္းေနေသာ Seungmin ႏွင့္ စိတ္မေကာင္းျဖစ္ရင္း ေငးငိုင္ေနေသာ Hyunjin အားေတြ႕ရခ်ိန္ သူ၏စိတ္ထဲနဲ႕ အားနာျခင္းတို႔ စတင္ႀကီးစိုးလာသည္။

"ေပ်ာ္ေပ်ာ္ပါးပါး ခရီးထြက္လာတဲ့အခ်ိန္ သူငယ္ခ်င္းေတြကိုစိတ္မညစ္ေစခ်င္ဘူးမလား။ အခုသြားျပန္ေခၚလိုက္ေတာ့။ အခုသြားျပန္ေခၚမယ္ဆိုရင္ Hyung လိုလက္ေမာင္းႀကီးရေအာင္ ဘာေလ့က်င့္ခန္းေတြလုပ္ရမလဲဆိုတာ သင္ေပးမယ္။"

"တကယ္လား။"

"အင္း တကယ္။ မင္းသိခ်င္ေနတာမဟုတ္လား။"

"ဟုတ္တယ္ ဟုတ္တယ္။ Hyung ကိုေတြ႕တိုင္း ေမးခ်င္ေနတာ။ ေသခ်ာေပါက္သင္ေပးရမယ္ေနာ္။"

Changbin ထံမွ ကတိရလိုက္ခ်ိန္တြင္ ေနရာမွ ခုန္ေပါက္ထသြားကာ သူတို႔အနားသို႔ ေလွ်ာက္လာေနေၾကာင္း ေတြ႕ရခ်ိန္ Hyunjin မွာ Seungmin အား မသိမသာလက္တို႔၍ အသိေပးလိုက္သည္။ ထို႔ေနာက္ Felix ၏ေရွ႕တြင္ အျပစ္သားကေလးႏွစ္ေယာက္ႏွယ္ လက္ပိုက္ေခါင္းငိုက္၍ ရပ္ေနေလ၏။

"မင္းတို႔ မဂၤလာေတာ့မေဆာင္ထားဘူးမလား။"

"ဟင္?"

"မသိဘူးေလ။ ငါမသိေအာင္ ပုန္းလွ်ိုးကြယ္လွ်ိုးတြဲေနၾကတာဆိုေတာ့ ငါမသိေအာင္မ်ား ယူထားၾကလားလို႔။"

"မယူထားပါဘူး။"

"ယူထားစရာလားကြာ။"

အျငင္းစကားကိုၾကားရသည့္တိုင္ေအာင္ Felix မွာ အနည္းငယ္ေတာ့ ဆူပုတ္ေနဆဲ။

"Hwang Hyunjin"

"အင္း..."

"ငါ့သူငယ္ခ်င္း Minnie ကို စိတ္ခ်မ္းသာေအာင္မထားဘူးဆိုရင္ ငါ့လက္သီးနဲ႕ေတြ႕မယ္၊ မနက္ျဖန္ကစၿပီး ငါ Gym သြားေတာ့မွာ။"

"ေအ..ေအးပါကြာ။"

"Kim Seungmin"

"ေအး.."

"ငါ့သူငယ္ခ်င္း Hyunjin ကို စိတ္ညစ္ေအာင္လုပ္ရင္ မင္းကိုႏုတ္ႏုတ္စင္းပစ္မယ္။"

"ေအးပါ။ အဲ့ဒါဆို မင္းငါတို႔ကို စိတ္မဆိုးေတာ့ဘူးေပါ့။ ငါတို႔ခ်စ္သူေတြျဖစ္ေနတာကို အဆင္ေျပတယ္ေပါ့။"

"မေျပစရာအေၾကာင္းရွိလို႔လား။"

ထိုအခါမွ Seungmin မွာသက္ျပင္းခ်နိဳင္၍ Felix အား တင္းၾကပ္ေနေအာင္ ဆြဲဖက္လိုက္မိသည္။

"Minho Hyung"

Seungmin ဖက္ထားသည္ကို ခံထားရရင္းႏွင့္ပင္ Minho ဘက္သို႔လွည့္ကာ ေအာ္ေခၚေတာ့ Minho မွာ သဲျပင္ေပၚမွ ပိုးေကာင္ေလးအား Jisung ႏွင့္အတူ စူးစမ္းေနရင္း လွည့္ၾကည့္လာသည္။

"ကြၽန္ေတာ့္သူငယ္ခ်င္း JiJi ကို ေကာင္းေကာင္းကာကြယ္ေပးရမယ္ေနာ္။ မကာကြယ္ေပးရင္ Hyung ကိုလည္းရိုက္မွာ။"

ပိုးေကာင္ငယ္အား အာ႐ုံစိုက္ေနမိျခင္းေၾကာင့္ မည္သည့္အရာမ်ားျဖစ္ပ်က္သြားသည္ကို မသိလိုက္ေသာ္ျငား Felix ေျပာေသာ စကားကိုၾကားရခ်ိန္တြင္ Minho ေခါင္းထဲ အေတြးတစ္ခုဝင္ေရာက္လာသည္မို႔ ေဆာင့္ေၾကာင္ကေလးထိုင္ေနေသာ ကေလးငယ္အား ၾကည့္ရင္း ၿပဳံးလိုက္သည္။

"ေသခ်ာေပါက္ ကာကြယ္ေပးရမွာေပါ့။ ဒီေကာင္ငယ္ေလးကို ငါ့ရဲ႕အခ်စ္ေတြနဲ႕​ ေသခ်ာေပါက္ကာကြယ္ေပးရမွာေပါ့။"

.............................................................

"အလယ္တန္းတုန္းက ေက်ာင္းကျပန္လာတိုင္း အိမ္ကိုတန္းမျပန္ဘဲ ဒီေနရာမွာ စက္ဘီးရပ္ၿပီး ေနဝင္တာကိုၾကည့္ၿပီးမွ အိမ္ျပန္တတ္တယ္။"

ေတာင္ကုန္းမို႔မို႔ကေလးေပၚ ႏွစ္ဦးသား ထိုင္ရင္း အေနာက္ဘက္သို႔ဝင္ေရာက္ေပ်ာက္ကြယ္ေတာ့မည့္ ေနလုံးနီနီအား ေငးၾကည့္၍ Minho စၿမဳံ႕ျပန္မိသည္။

သူတို႔၏သူငယ္ခ်င္းျဖစ္သူမ်ားမွာ ၿမိဳ႕၏အျမင့္ဆုံး Tower ေပၚသို႔ သြားေရာက္လည္ပတ္လိုေၾကာင္း ေျပာခ်ိန္ ျမင့္လြန္းေသာေနရာမ်ား၌ အဆင္ေျပေလ့မရွိသည့္ Minho ႏွင့္ Jisung တို႔မွာေတာ့ ထိုကုန္းျမင့္ေလးတြင္သာ က်န္ရစ္၍ ေစာင့္ေနမည္ျဖစ္ေၾကာင္း အဆိုတင္သြင္းရသည္။

ရဲသား Park မွာ​ေတာ့ မလွမ္းမကမ္းတြင္ရပ္ရင္း သူတို႔ႏွစ္ဦးအား​ ေစာင့္ေရွာက္ေပးေနေလ၏။

"ကိုတို႔ေနခဲ့တဲ့အိမ္ကေလးက ခ်စ္စရာေလး။"

မလွမ္းမကမ္းတြင္ျမင္ေနရေသာ ႏွစ္ထပ္တိုက္အျဖဴေရာင္ကေလးအား ၾကည့္၍ Jisung မွတ္ခ်က္ေပးသည္။ Minho မွာလည္း ထိုအိမ္ကေလးအား လြမ္းေမာစြာ ေငးၾကည့္မိပါ၏။

"ဝရန္တာေသးေသးေလးပါတဲ့ အခန္းေတြ႕လား။ အဲ့ဒါကိုယ္နဲ႕ Jeongin မွ်သုံးခဲ့တဲ့အခန္း။ အိမ္ေအာက္ထပ္မွာ ဦးေလးငယ္က စီးပြားေရးလုပ္တာမို႔လို႔ ကိုယ္တို႔က အေပၚထပ္အခန္းကိုပဲ တူတူသုံးရတာ။ အဲ့အေပၚထပ္ကေနၿပီး ေလတိုက္တဲ့အခ်ိန္ေတြဆို ကိုယ္နဲ႕ Jeongin စကၠဴေလယာဥ္ေတြေခါက္ၿပီး လႊတ္ေနက်။"

ထို႔ေနာက္ Minho မွာ ျမက္ပင္ေသးေသးေလးမ်ားေပါက္ေနေသာ ေျမျပင္ေပၚတြင္ ေက်ာခင္းလွဲခ်လိဳက္ေတာ့ Jisung သည္လည္း သူ၏လက္ေမာင္းကို ေခါင္းအုံးရင္းလွဲအိပ္လာသည္။ ပုစြန္ဆီေရာင္ ေကာင္းကင္ယံေပၚတြင္ေတာ့ ငွက္ငယ္ကေလးမ်ား အိပ္တန္းျပန္ရန္ ေျပးလႊားေနသည္ကို ျမင္ေတြ႕ေနရပါ၏။

"အဲ့အခ်ိန္တုန္းက ကိုယ့္ရဲ႕ဘဝအေၾကာင္း ျပန္ေတြးလိုက္ရင္ မင္းအတြက္ပိုၿပီး ယူက်ဳံးမရျဖစ္ရတယ္ အခ်စ္ရယ္။ ၿခံဝန္းႀကီးထဲ ဘယ္လိုမ်ား ပိတ္ေလွာင္ၿပီးေနနိုင္ခဲ့ရတာလဲ။"

"ကြၽန္ေတာ္ အဲ့လိုသာ ပိတ္ေလွာင္ၿပီးမေနခဲ့ရင္ ကြၽန္ေတာ့္ပုံစံက ဘယ္လိုျဖစ္ေနမယ္လို႔ထင္လဲ ကို။"

"ေသခ်ာေပါက္ ေပါ့ေပါ့ပါးပါးနဲ႕ သူငယ္ခ်င္းေတြဝိုင္းခ်စ္ရတဲ့၊ ဆရာ၊ဆရာမေတြသေဘာက်ရတဲ့၊ ေက်ာင္းမွာနာမည္ႀကီးတဲ့ မင္းသားေလးျဖစ္ေနမွာေပါ့။"

"ကြၽန္ေတာ္ကေတာ့ အဲ့လိုမထင္ပါဘူး။"

"ဘာလို႔လဲ။"

"အဲ့လို ဝိုင္းအခ်စ္ခံရတာထက္ ကိုခ်စ္တာကိုခံၿပီး ကိုနဲ႕အတူတူရွိေနရတာကိုပိုသေဘာက်တာမို႔။ ဘယ္ေနရာကိုမဆို ကို႔ရဲ႕လက္ကိုကိုင္ၿပီးသြားမယ္။ နားမလည္တဲ့စာေတြရွိရင္ senior ျဖစ္တဲ့ကို႔ကိုေခါင္းစားမယ္။ ေက်ာင္းကေန အိမ္ျပန္တဲ့အခါတိုင္း ကိုနဲ႕အတူတူ စက္ဘီးစီးၿပီးျပန္မယ္။"

Jisung ၏ထိုစကားကိုၾကားရေတာ့ Minho မွာ ဟာသတစ္ခုကိုၾကားလိုက္ရသည့္ႏွယ္ ထရယ္ေလသည္။

"ဘာရယ္တာလဲ။"

"ဘာမွမဟုတ္ပါဘူး။"

"ဘာရယ္တာလဲလို႔။"

"အခုထိ စက္ဘီးမစီးရဲေသးဘူးမဟုတ္လား။ ဘယ္လိုလုပ္ ကိုယ္နဲ႕အတူတူ စက္ဘီးစီးၿပီးအိမ္ျပန္မွာတုန္း။"

သူ၏စိတ္ကူးအတိုင္း ျဖစ္ခ်င္သည့္အရာကိုေျပာလိုက္မိသည္မို႔ Minho ၏စကားကိုၾကားမွ သတိရကာ ရွက္ေသြးမ်ား မ်က္ႏွာေပၚသို႔ ေဆာင့္တက္လာသည္ကိုခံစားလိုက္ရသည္။

"အဲ့ဒါက...အဲ့ဒါက ခင္ဗ်ားမွမသင္ေပးတာ။"

"သင္ေပးမလို႔ပဲေလ။ သင္ေပးမယ္လို႔ေျပာတဲ့ေန႕မွာ မင္းပဲကိုယ့္ကိုရည္းစားစကားေျပာလိုက္ၿပီးေတာ့။ အဲ့ဒါနဲ႕ကိုယ္လည္း ေၾကာက္ၿပီး ေမ့သြားတာ။"

"ေၾကာက္တယ္? ခင္ဗ်ားက ေၾကာက္တယ္လား။"

"အင္း အဲ့တုန္းက ေၾကာက္တာ။ အခုေတာ့မေၾကာက္ဘူး။ ခ်စ္တာ။"

Minho ၏ ရိသဲ့သဲ့စေနာက္စကားေၾကာင့္ ႏွစ္ဦးသားၿပိဳင္တူရယ္မိၾကကာ ေျမျပင္ေပၚ လူးလိမ့္ေနမိသည္။

"ေရာ့..."

သူ၏ေဘာင္းဘီအိတ္ကပ္ထဲမွ ဖဲႀကိဳးကေလးခ်ည္ထားေသာ ဘူးတစ္ခုအား ထုတ္ေပးလာေတာ့ Jisung ေၾကာင္အအျဖစ္ရကာ လွမ္းယူလိုက္ရင္း ထထိုင္၍ ဖြင့္ၾကည့္လိုက္၏။

"ကိုယ္မင္းကိုလက္ေဆာင္ေပးခ်င္ေနတာၾကာၿပီ။ ဘာေပးရမွန္းမသိျဖစ္ေနလို႔ အခုမွေပးျဖစ္တာ။"

ဘူးကေလးအားဖြင့္ၾကည့္လိုက္ခ်ိန္တြင္ ေတြ႕ရေသာ ေငြေရာင္လက္ေကာက္ကေလး၏ အသြင္အျပင္မွာ သိပ္ကိုခမ္းနားပါ၏။

"ေစ်းႀကီးတာေတြေတာ့ ကိုယ္လည္းမတတ္နိုင္ေပမဲ့ မင္းသေဘာက်မယ္လို႔ထင္တာပဲ။"

ေငြေရာင္ခ်ိန္းႀကိဳးကေလးတြင္ မွန္ျပားကေလးကဲ့သို႔ၾကည္လင္ေနေသာ crystal ျပားေလးတစ္ခုႏွင့္ အိမ္ပုံသ႑ာန္ အနက္ေရာင္ကေလးအား ခ်ိတ္ဆြဲထားေသာ ထိုလက္ေကာက္ကေလးအား အျမတ္တနိုးၾကည့္ရင္း Jisung သိပ္သ​ေဘာက်မိပါသည္။

"ကိုယ္မင္းအိမ္ကို ပထမဆုံးအႀကိမ္ေရာက္ဖူးတဲ့ေန႕က မင္းေျပာခဲ့တဲ့စကားကိုမွတ္မိလား။"

သူ၏လက္ေပၚတြင္ ထိုလက္ေကာက္ကေလးအား ဝတ္ဆင္ေပးေနရင္း ထိုေမးခြန္းကိုေမးလာေတာ့ Jisung ဦးႏွောက္ကို အလုပ္ေပးရျပန္သည္။

"ကိုယ္က မင္းအတြက္ မွန္တစ္ခ်ပ္လိုလူသားဆိုတာေလ။ ကိုယ္မင္းဘဝထဲဝင္လာမွ အခ်စ္ဆိုတဲ့အရာကို ထိုးေဖာက္ၿပီးျမင္နိုင္တယ္ဆိုတာ။"

"အင္း မွတ္မိတယ္။"

"ဒီ မွန္ျပားေလးက အဲ့ဒီစကားကို ကိုယ္စားျပဳတယ္။"

"ဒါဆို ဒီအိမ္ေလးကေရာ?"

သူ႕လက္ေပၚမွ လက္ေကာက္အား သေဘာတက်ႏွင့္ၾကည့္ေနေသာ ေကာင္ငယ္ေလး၏ နဖူးေပၚမွ ဆံစႏုႏုကေလးကို သပ္တင္ေပးရင္း Minho ျပန္ေျဖသည္။

"အခ်စ္...အခ်စ္အတြက္ ကိုယ္ အိမ္ကေလးျဖစ္ခ်င္တယ္။"

ထိုစကားကိုဆိုလိုက္ေသာသူ႕အား မ်က္လုံးဝိုင္းကေလးမ်ားမွာ အံ့ၾသေလဟန္ ေငးေမာၾကည့္လာသည္။

"ကမၻာအႏွံ႕ အခ်စ္သြားခ်င္တဲ့ ဘယ္ေနရာကိုမဆိုသြား။ ကိုယ္က မင္းလုံလုံၿခဳံၿခဳံရွိေနမယ့္အိမ္ကေလးအေနနဲ႕ မင္းေနာက္ကေနလိုက္လာမယ္။ အႏၱရာယ္ေတြအားလုံးကေန ကာကြယ္ေပးၿပီး ႏြေးႏြေးေထြးေထြးရွိေစမယ္။ မင္းလြတ္လြတ္လပ္လပ္နားေနလို႔ရမယ့္ Safe place ေလးတစ္ခုအျဖစ္ ကိုယ္ရွိေနေပးမယ္။"

သူ၏စကားကိုအဆုံးသတ္လိုက္ေတာ့ မွင္သက္ေနေသာ Jisung မွာ သူ၏မ်က္ဝန္းထဲမွ က်ဆင္းလာလုနီးပါး အရည္ၾကည္စကေလးမ်ားကို ထိန္းထားလိုက္ရင္း ၿပဳံးျပသည္။

"အဟမ္း အဟမ္း.."

Jisung ၏ႏႈတ္ခမ္းကေလးမ်ားအား နမ္းရန္ႀကံစည္လိုက္ေသာ္လည္း မလွမ္းမကမ္းတြင္ရပ္ရင္း ဖုန္းသုံးေနေသာ အရာရွိ Park ထံမွ ေခ်ာင္းဟန့္သံအားၾကားလိုက္ရသျဖင့္ Minho လက္ေလွ်ာ့လိုက္ရသည္။

မေက်မနပ္ျဖစ္သြားရေသာ Minho ၏ မ်က္ႏွာအေနအထားကိုၾကည့္ရင္း Jisung မွာေတာ့ ခပ္ဟဟၿပဳံးရယ္ေနပါ၏။

"ခ်စ္တယ္ ကို။ အမ်ားႀကီးခ်စ္တယ္။"

"ကိုယ္လည္း မင္းကို အမ်ားႀကီး အမ်ားႀကီး အမ်ားႀကီးခ်စ္တယ္။ အဲ့ဒီ့အခ်စ္ေတြကို ကိုယ့္ဘဝရဲ႕ ေနာက္ဆုံးအခ်ိန္အထိ သက္ေသျပသြားမယ္။"

Minho ၏ ကတိစကားမွာ Jisung ရင္ကိုႏြေးေစပါ၏။ ထိုလူသားအား ခ်စ္မိခဲ့ျခင္းမွာ ဘယ္ေသာအခါမွ ေနာင္တမရေစပါဘဲ သူ႕ဘဝ၏ အမွန္ကန္ဆုံးေသာ ေ႐ြးခ်ယ္မႈျဖစ္ခဲ့ပါေၾကာင္း ေတြးမိရင္း Jisung ရင္ထဲႏြေးရပါ၏။

.........................................................

Here's the gift for our boys' first win.

လက္ေကာက္က JYPE ကိုအားက်လိဳ႕ ရွိသမွ်ပစၥည္း merchandise ထုတ္ေရာင္းဖို႔ ဒီဇိုင္းဆြဲထားတာပါ။

အလကားစတာ။ RB ကပုံဆြဲေတာ္တဲ့သူေတာ့မဟုတ္ပါဘူး။ အဲ့ထက္ပိုၿပီး ဒီဇိုင္းတစ္ခုခုကို စာနဲ႕ရွင္းျပရတဲ့အခါ ပိုၿပီးမေတာ္ပါဘူး။ ျမင္ေယာင္ေအာင္မေရးျပနိုင္ေလာက္ဘူးလို႔ထင္တဲ့အတြက္ စိတ္ထဲေပၚလာတဲ့ဒီ bracelet ေလးကို inspo မရွိဘဲ ဆြဲထားတာပါ။ သည္းခံၾကည့္ေပးၿပီး နားလည္ေပးနိုင္လိမ့္မယ္လို႔ေမွ်ာ္လင့္ပါတယ္ေနာ္။

ဒီေန႕ေတာ့ အရွည္ဆုံးအပိုင္းျဖစ္သြားတာမို႔ Quiz မထည့္ေပးေတာ့ပါဘူး။ အဲ့အစား ေတာင္းဆိုခ်င္တာကေတာ့ ကိုယ့္သူငယ္ခ်င္း Minsunger ေလးေတြမ်ားရွိရင္ RB ရဲ႕ Clarity ေလးကို recommend ေပးၾကပါလို႔ပါ။ ေက်းဇူးတင္ပါတယ္။

#ReddyBombax

Continue Reading

You'll Also Like

19.7K 1.6K 20
Oh shitt...! Are we In Love ? ┈┈┈┈┈┈┈┈ ꜰʟᴜꜰꜰ ꜰʀɪᴇɴᴅꜱ ᴛᴏ ʟᴏᴠᴇʀꜱ ᴍᴜᴛᴜᴀʟ ᴘɪɴɴɪɴɢ ʜᴜʀᴛ/ᴄᴏᴍꜰᴏʀᴛ Written in Burmese♡
11.1K 240 16
Gonna have to read to find out 🫂 Disclaimer: I don't own any pictures, images, gifs etc that are in this story they all belong to the original owner...
152K 6.9K 101
In the vast and perilous world of One Piece, where the seas are teeming with pirates, marines, and untold mysteries, a young man is given a second ch...
5.7K 458 8
A story in which Minho saw Jisung from a photo related with his EX girlfriend and he wanted to play around with him but things goes wrong. Can a liar...