မောင့်ကိုမှ ချစ်မိနေပါတယ် >

De klwin1234

2.5K 181 68

ေမာင္က လူလည္ေလး။ ႏွလံုးသားတစ္ခုလံုးကို တိတ္တိတ္ေလး ၊ တတိတိနဲ႔ ခိုးယူသြားတာမ်ား... ။ မောင်က လူလည်လေး။ နှလုံး... Mai multe

1
2
3
4
5
6
8
9
10

7

90 14 5
De klwin1234

ဒီနေ့က ကျောင်းနောက်ဆုံးနှုတ်ဆတ်ပွဲနေ့။
အတန်းတိုင်းကိုယ်စီကိုယ်စီ ပျော်ပွဲရွှင်ပွဲနှင့် ကျောင်းသားကျောင်းသူတို့ရဲ့ ရယ်သံကတသောသောညံနေလေသည်။ အလက်ာတို့ကအတန်းငယ်တွေမို့ပိုဆိုး၏။ ဆရာ၊ ဆရာမတို့ကလည်း ဒီနေ့တစ်ရက်အတွက်မသိချင်ယောင်ဆောင်ပေးကြရှာသည်။ ယနေ့သည် အလက်ာတို့ သတ္တမတန်းအားလုံးရဲ့နှုတ်ဆတ်ပွဲနေ့သည်သာ။

ဖေဖော်ဝါရီလရဲ့ ဒုတိယအပတ်တွေက မေးချင်းရိုက်အောင်ကိုအေးသည်။ မနက်ပိုင်းကျောင်းခေါ်ချိန်တွေက တကယ်စိတ်ညစ်စရာကောင်းလှသည်။ ကျောင်းအဆောင်ရှေ့ မြေကွက်လပ်တွင် မီးဖိုကြီးဖိုလို့ ကြာဇံချက်ကိုပီပီပြင်ပြင်ချက်နေကြသည်ကို ကျောင်းသူအချို့ကကူနေကြ၏။ ကြက်သွန်ခွာသူကခွာ ၊ နံနံပင်ရေဆေးသူကဆေး၊ ရှောက်သီးလှီးသူကလှီးနှင့်။ အတန်းခေါင်းဆောင်နှင့် အပေါင်းအပါအချို့ကတော့ ရေဆွဲ၊ ထင်းထိုးပေါ့။

အလက်ာကတော့ အနွေးထည်ထဲနစ်နေပြီး ကျောင်းစိမ်းပုဆိုးနှင့်ခေါင်းမြှီးပင်ခြုံထားချင်နေမိသည်။ အဲ့လိုအသင်းအဖွဲဲ့နဲ့လုပ်ရတာ တကယ့်ကိုသူ့ဝါသနာမဟုတ်ဘူး။ သူကအချိန်ပြည့် အစ်ကို့နားပဲကပ်နေချင်တာ။ ဒါကသာသူ့ဝါသနာ။ အခုတောင် နဝမတန်းဘက်ရောက်ချင်နေသည့်ခြေလှမ်းတို့ကိုမနည်းထိန်းချုပ်ထားရသည်။ အစ်ကိုတို့က စာသင်နေပါသည်တဲ့။

"အလက်ာ ။ ငါတို့ကို နှုတ်ဆတ်စာရေးပေး"

အော်တိုစာအုပ် ပန်းရောင်ဖျော့ဖျော့လေးကိုအလက်ာ့ဆီထိုးပေးလာတဲ့ အတန်းထဲက စသုံးလုံး တို့တစ်သိုက်။ အလက်ာ နှာခေါင်းရှုံ့ပြီး ထိုစာအုပ်များအားဆွဲယူလိုက်သည်။

"ဘာကိုနှုတ်ဆက်စာလဲ။ နောက်နှစ်ကျရင်လဲ ဒီအခွက်တွေပြန်တွေ့ရအုံးမှာပဲကို "

ပြောသာပြောနေ၏။ လက်ကတော့ ဘောပင်အပြာလေးကိုကိုင်လို့ စာတိုအချို့ကိုရေးချနေလိုက်သည်။ ထို စသုံးလုံး တို့ကတော့ အလက်ာ့စကားကိုစိတ်ဆိုးဟန်ပင်မပြ။ ဤသည်ကား ကျောင်းသားဘဝပင်။ စသုံးလုံး ဆိုသည်မှာကား 'စပ်စုစိန်' ၏အတိုကောက်ဖြစ်သည်။ အတန်းတိုင်း၌ စသုံးလုံး များကအမြဲရှိသည်။

"ရော့ပြီးပြီ။ "

"ဒီမှာငါပြောမယ်မှတ်ထား။ ဒါတွေကအမှတ်တရတွေဟဲ့သိလား။ နောင်တစ်ချိန်နင်ပြန်လိုချင်ပါတယ်ဆိုတာတောင်မရနိုင်တော့မယ့်အမှတ်တရတွေ။ ငါတို့ကနင့်ကိုအမှတ်တရတွေဖန်တီးပေးနေတာ။ ကျေးဇူးတင်လိုက်။"

"အပိုစကားမပြောကြပါနဲ့။ နောက်တစ်နှစ်ကူးရင် လမ်းထိပ်က ဘာဘူကြီးဆီရောက်သွားမှာငါမသိတာကျ။ ဟိုမှာနင်တို့ကို ဆရာမခေါ်နေတယ်သွားကြ"

"အေး။ သွားမှာပါ။ "

ကော့ပတ် ကော့ပတ်နှင့်ထွက်သွားကြသောတစ်သိုက်ကိုမျက်နှာလွှဲလို့ အခန်းပြတင်းမှတစ်ဆင့် အစ်ကိုရှိရာအဆောင်သို့ လှမ်းမျှော်ငေးကြည့်နေလိုက်သည်။ အစ်ကိုကိုမမြင်ရပေမယ့်လည်း အစ်ကိုရှိကာအရပ်ကိုမျက်နှာမူနေရခြင်းမှာတောင် ပျော်ရွှင်ရပါတယ် အစ်ကို။

အမှတ်တရတွေတဲ့။ အမှတ်တရဆိုတဲ့အရာမှာ ဝမ်းနည်းမှုလည်းရှိနိုင်သလို ပျော်ရွှင်မှုလည်းရှိနိုင်၏။ ကိုယ်အမှတ်ရနေသ၍ အမှတ်တရအဖြစ်ကျန်ရှိနေလိမ့်မည်။ အမှတ်တရတွေဆိုတာ ဝိုင်နဲ့တူတယ်။ နှစ်ချို့လေ ပိုပြီး တန်ဖိုးရှိလာလေပါပဲ။

အစ်ကိုကတော့ ကျွန်တော့်အတွက် အလှပဆုံး မှတ်ဥာဏ်၊ တန်ဖိုးဖြတ်မရတဲ့ အမှတ်တရ တစ်ခု။ အစ်ကိုနဲ့သက်ဆိုင်ပါသော အမှတ်တရဟူသရွေ့ ချိုမြိန်သည်ဖြစ်စေ၊ ခါးသက်သည်ဖြစ်စေ ၊ အမြတ်တနိုးထုတ်ပိုးထားမယ့် ကျွန်တော်ရယ်ပါ။ 

"အလက်ာ ဆရာမက ကိုးတန်းဘက်က ဆရာမနားနေခန်းဆီ ကြာဇံချက်သွားပို့ပေးတဲ့။ "

အလက်ာ့မျက်လုံးလေးတွေထဲ ကြယ်တွေကလတ်ခနဲပဲ။ အလက်ာလေး ညတိုင်းဘုရားရှိခိုးအိပ်လို့ ကံကောင်းနေလေရဲ့။ အဆိုပါတာဝန်အား ဝမ်းမြောက်စွာဖြင့် လက်ခံရရှိလိုက်ပါသည်။

ငါးဆင့်ချိုင့်လေးဆွဲလို့ နဝမတန်းဘက်ခြေလှမ်းလှည့်ခဲ့လေ၏။ နားနေခန်းက ပထမထပ်တွင်ဖြစ်ပြီး အစ်ကို့အခန်းကတော့ မြေညီထပ်တွင်ဖြစ်သည်။ ပုံမှန်ဆို အပေါ်ကိုတန်းတက်သွားရမှာဖြစ်ပါသော်ငြား အလက်ာ ကွေ့ပတ်လို့ အစ်ကို့အတန်းရှေ့ကဖြတ်ကာအစ်ကို့ကို လျှပ်တပြတ်လေးခိုးကြည့်ရပါသေးတယ်။ ခိုးကြည့်ပါများတော့  အစ်ကိုထိုင်နေကျနေရာလေးကို မျက်လုံးကဆိုက်ဆိုက်မြိုက်မြိုက်ကိုရောက်ရှာလေသည်။

ကျောင်းစိမ်းအဖြူရောင်လက်ရှည်ပေါ်ဝယ် နီညိုရောင်အကွက်စိပ် ရှပ်အကျီလက်ရှည်ကိုထပ်ဝတ်ထားပါသောအစ်ကိုရဲ့ အသားအရောင်က ဖြူဖြူအုအုလေး။ ပိုင်းလော့ ဘောပင်ကိုဆုပ်ကိုင်ထားပါသောလက်တစ်စုံထက် စိမ်းပြာရောင်သွေးကြောမျှင်လေးတွေက ထိတွေ့ချင်စရာ။ မျက်မှန်လေးအောက်က စာကိုသာ စူးစိုက်နေပါသည့် မျက်ဝန်းတစ်စုံ ။ အရှေ့သို့ခပ်အုပ်အုပ်လေး ကျနေသည့် ဆံနွယ်နက်နက်လေးတွေ။ စက္ကန့်ပိုင်းအတွင်း အဏ္ဏဝါ ရဲ့ပုံရိပ်သည် အလက်ာ၏ နှလုံးသားထက် ထပ်မံ၍စွဲမြဲသွားပြန်လေသည်။

အစ်ကိုက စက္ကန့်နဲ့အမျှငေးမောချင်စရာ ဂန္ဓဝင်ပန်းချီကားတစ်ချပ်လို။

အလက်ာ အဏ္ဏဝါ့အခန်းကိုလွန်တော့ နားနေခန်းဆီခြေလှမ်းသွက်သွက်လှမ်းလို့သွားပေးလိုက်သည်။ အလက်ာ ပြန်လာတော့လဲ အဏ္ဏဝါ့အခန်းရှေ့ကဖြတ်လျှောက်ပြန်ဖို့ရွယ်သည်။ ကံကောင်းသည်လားမသိ အဏ္ဏဝါ့ အခန်းထဲရှိဆရာသည်ထွက်သွားလေပြီ။ အလက်ာ ခြေလှမ်းအမြန်နှုန်းကိုနှေးချလိုက်သည်။

"ဟေ့ ဗိုက်ပူ။ ငါ့ကိုခိုးကြည့်သွားတာလား မင်း "

အခန်းထဲကထွက်လာသည့် အဏ္ဏဝါ က အလက်ာ့ကို ပြုံးစိစိလေးနှင့်စလေသည်။ သူခိုး လူမိသွားသည့်အလက်ာမှာတော့ ပါးတွေ နားတွေပါနီရဲလို့။

"အစ်ကိုက ချောတာကိုးဗျ။ ကျွန်တော် ခိုးကြည့်တာအပြစ်လား။ ကျွန်တော်တင်မဟုတ်ဘူး။ အစ်ကို့ အနောက်ခုံမျက်စောင်းထိုးကအစ်မကြီးတွေပါအစ်ကို့ကို ခိုးကြည့်နေတာ "

"ဟေ့!မင်းသူများကိုလွှဲမချနဲ့။ ခိုးကြည့်ရင်ကြည့်တယ်ပေါ့။ ဘာလဲ ယောကျ်ားပီပီသသဝန်ခံစမ်းပါကွ"

"ခိုးကြည့်တော့ဘာလုပ်ချင်လဲ။ ချမလား ။ လာလေ "

"မင်းတော့"

အဏ္ဏဝါ ရီလို့ အလက်ာ့ခေါင်းကိုခပ်ဖွဖွလေးရိုက်လိုက်လေသည်။ အလက်ာကတော့ ဟန်ဆောင်ကာမူပိုလို့ မဲ့ရွဲ့ပြလေသည်။

"မင်းတို့ခုနှစ်တန်းတွေ ဒီနေ့ နှုတ်ဆတ်ပွဲဆို။ မင်းတို့အခန်းကဘာကျွေးလဲ "

"ကြာဇံချက်"

"ကြာဇံချက်လား။ "

"ဘာလို့လဲ အစ်ကိုစားချင်လို့လား။ အစ်ကိုစားချင်ရင် ကျွန်တော့်ဟာစားလေ။ ကျွန်တော်မကြိုက်ဘူး "

"တကယ်လား "

သေချာပေါက်ဘယ်ဟုတ်မလဲ။ ကြာဇံချက်များဆို အလက်ာတို့သိပ်သိပ်ကြိုက်။ ဒါပေမယ့် ကြာဇံချက်ထက် အစ်ကို့ကိုပိုကြိုက်တော့လည်း မုသားပါးပါးလေးပုတ်လိုက်ရရှာတယ်။ တွေ့လား အစ်ကိုကပြုံးသွားတာကို။ ကြာဇံချက်ထက်တောင်အရသာရှိတဲ့အပြုံးတွေ။ စွဲမက်စရာပါပဲ။

"အစ်ကိုမုန့်စားဆင်းရင် ကျွန်တော်လာပို့လှည့်မယ်။ လောလောဆယ် ဒါစား"

အဏ္ဏဝါ့ လက်ထဲရောက်လာတာက ပူရှိန်းစုပ်လုံးလေး။ ဝတ္တရားမပျက်ပါပဲ။ အလက်ာ နှလုံးသားလေးက အဏ္ဏဝါ ရေပြင်ကျယ်ဝယ် ငြိမ့်ငြိမ့်လေး မြောပါနေလျက်သား။

အစ်ကို့ကိုအရမ်းချစ်ရပါကြောင်း။





__________________________

#klwin1234












<<zawgyi >>




ဒီေန႕က ေက်ာင္းေနာက္ဆုံးႏႈတ္ဆတ္ပြဲေန႕။
အတန္းတိုင္းကိုယ္စီကိုယ္စီ ေပ်ာ္ပြဲ႐ႊင္ပြဲႏွင့္ ေက်ာင္းသားေက်ာင္းသူတို႔ရဲ႕ ရယ္သံကတေသာေသာညံေနေလသည္။ အလက္ာတို႔ကအတန္းငယ္ေတြမို႔ပိုဆိုး၏။ ဆရာ၊ ဆရာမတို႔ကလည္း ဒီေန႕တစ္ရက္အတြက္မသိခ်င္ေယာင္ေဆာင္ေပးၾကရွာသည္။ ယေန႕သည္ အလက္ာတို႔ သတၱမတန္းအားလုံးရဲ႕ႏႈတ္ဆတ္ပြဲေန႕သည္သာ။

ေဖေဖာ္ဝါရီလရဲ႕ ဒုတိယအပတ္ေတြက ေမးခ်င္းရိုက္ေအာင္ကိုေအးသည္။ မနက္ပိုင္းေက်ာင္းေခၚခ်ိန္ေတြက တကယ္စိတ္ညစ္စရာေကာင္းလွသည္။ ေက်ာင္းအေဆာင္ေရွ႕ ေျမကြက္လပ္တြင္ မီးဖိုႀကီးဖိုလို႔ ၾကာဇံခ်က္ကိုပီပီျပင္ျပင္ခ်က္ေနၾကသည္ကို ေက်ာင္းသူအခ်ိဳ႕ကကူေနၾက၏။ ၾကက္သြန္ခြာသူကခြာ ၊ နံနံပင္ေရေဆးသူကေဆး၊ ေရွာက္သီးလွီးသူကလွီးႏွင့္။ အတန္းေခါင္းေဆာင္ႏွင့္ အေပါင္းအပါအခ်ိဳ႕ကေတာ့ ေရဆြဲ၊ ထင္းထိုးေပါ့။

အလက္ာကေတာ့ အႏြေးထည္ထဲနစ္ေနၿပီး ေက်ာင္းစိမ္းပုဆိုးႏွင့္ေခါင္းျမႇီးပင္ၿခဳံထားခ်င္ေနမိသည္။ အဲ့လိုအသင္းအဖြဲဲ့နဲ႕လုပ္ရတာ တကယ့္ကိုသူ႕ဝါသနာမဟုတ္ဘူး။ သူကအခ်ိန္ျပည့္ အစ္ကို႔နားပဲကပ္ေနခ်င္တာ။ ဒါကသာသူ႕ဝါသနာ။ အခုေတာင္ နဝမတန္းဘက္ေရာက္ခ်င္ေနသည့္ေျခလွမ္းတို႔ကိုမနည္းထိန္းခ်ဳပ္ထားရသည္။ အစ္ကိုတို႔က စာသင္ေနပါသည္တဲ့။

"အလက္ာ ။ ငါတို႔ကို ႏႈတ္ဆတ္စာေရးေပး"

ေအာ္တိုစာအုပ္ ပန္းေရာင္ေဖ်ာ့ေဖ်ာ့ေလးကိုအလက္ာ့ဆီထိုးေပးလာတဲ့ အတန္းထဲက စသုံးလုံး တို႔တစ္သိုက္။ အလက္ာ ႏွာေခါင္းရႈံ႕ၿပီး ထိုစာအုပ္မ်ားအားဆြဲယူလိုက္သည္။

"ဘာကိုႏႈတ္ဆက္စာလဲ။ ေနာက္ႏွစ္က်ရင္လဲ ဒီအခြက္ေတြျပန္ေတြ႕ရအုံးမွာပဲကို "

ေျပာသာေျပာေန၏။ လက္ကေတာ့ ေဘာပင္အျပာေလးကိုကိုင္လို႔ စာတိုအခ်ိဳ႕ကိုေရးခ်ေနလိုက္သည္။ ထို စသုံးလုံး တို႔ကေတာ့ အလက္ာ့စကားကိုစိတ္ဆိုးဟန္ပင္မျပ။ ဤသည္ကား ေက်ာင္းသားဘဝပင္။ စသုံးလုံး ဆိုသည္မွာကား 'စပ္စုစိန္' ၏အတိုေကာက္ျဖစ္သည္။ အတန္းတိုင္း၌ စသုံးလုံး မ်ားကအၿမဲရွိသည္။

"ေရာ့ၿပီးၿပီ။ "

"ဒီမွာငါေျပာမယ္မွတ္ထား။ ဒါေတြကအမွတ္တရေတြဟဲ့သိလား။ ေနာင္တစ္ခ်ိန္နင္ျပန္လိုခ်င္ပါတယ္ဆိုတာေတာင္မရနိုင္ေတာ့မယ့္အမွတ္တရေတြ။ ငါတို႔ကနင့္ကိုအမွတ္တရေတြဖန္တီးေပးေနတာ။ ေက်းဇူးတင္လိုက္။"

"အပိုစကားမေျပာၾကပါနဲ႕။ ေနာက္တစ္ႏွစ္ကူးရင္ လမ္းထိပ္က ဘာဘူႀကီးဆီေရာက္သြားမွာငါမသိတာက်။ ဟိုမွာနင္တို႔ကို ဆရာမေခၚေနတယ္သြားၾက"

"ေအး။ သြားမွာပါ။ "

ေကာ့ပတ္ ေကာ့ပတ္ႏွင့္ထြက္သြားၾကေသာတစ္သိုက္ကိုမ်က္ႏွာလႊဲလို႔ အခန္းျပတင္းမွတစ္ဆင့္ အစ္ကိုရွိရာအေဆာင္သို႔ လွမ္းေမွ်ာ္ေငးၾကည့္ေနလိုက္သည္။ အစ္ကိုကိုမျမင္ရေပမယ့္လည္း အစ္ကိုရွိကာအရပ္ကိုမ်က္ႏွာမူေနရျခင္းမွာေတာင္ ေပ်ာ္႐ႊင္ရပါတယ္ အစ္ကို။

အမွတ္တရေတြတဲ့။ အမွတ္တရဆိုတဲ့အရာမွာ ဝမ္းနည္းမႈလည္းရွိနိုင္သလို ေပ်ာ္႐ႊင္မႈလည္းရွိနိုင္၏။ ကိုယ္အမွတ္ရေနသ၍ အမွတ္တရအျဖစ္က်န္ရွိေနလိမ့္မည္။ အမွတ္တရေတြဆိုတာ ဝိုင္နဲ႕တူတယ္။ ႏွစ္ခ်ိဳ႕ေလ ပိုၿပီး တန္ဖိုးရွိလာေလပါပဲ။

အစ္ကိုကေတာ့ ကြၽန္ေတာ့္အတြက္ အလွပဆုံး မွတ္ဥာဏ္၊ တန္ဖိုးျဖတ္မရတဲ့ အမွတ္တရ တစ္ခု။ အစ္ကိုနဲ႕သက္ဆိုင္ပါေသာ အမွတ္တရဟူသေ႐ြ႕ ခ်ိဳၿမိန္သည္ျဖစ္ေစ၊ ခါးသက္သည္ျဖစ္ေစ ၊ အျမတ္တနိုးထုတ္ပိုးထားမယ့္ ကြၽန္ေတာ္ရယ္ပါ။

"အလက္ာ ဆရာမက ကိုးတန္းဘက္က ဆရာမနားေနခန္းဆီ ၾကာဇံခ်က္သြားပို႔ေပးတဲ့။ "

အလက္ာ့မ်က္လုံးေလးေတြထဲ ၾကယ္ေတြကလတ္ခနဲပဲ။ အလက္ာေလး ညတိုင္းဘုရားရွိခိုးအိပ္လို႔ ကံေကာင္းေနေလရဲ႕။ အဆိုပါတာဝန္အား ဝမ္းေျမာက္စြာျဖင့္ လက္ခံရရွိလိုက္ပါသည္။

ငါးဆင့္ခ်ိဳင့္ေလးဆြဲလို႔ နဝမတန္းဘက္ေျခလွမ္းလွည့္ခဲ့ေလ၏။ နားေနခန္းက ပထမထပ္တြင္ျဖစ္ၿပီး အစ္ကို႔အခန္းကေတာ့ ေျမညီထပ္တြင္ျဖစ္သည္။ ပုံမွန္ဆို အေပၚကိုတန္းတက္သြားရမွာျဖစ္ပါေသာ္ျငား အလက္ာ ေကြ႕ပတ္လို႔ အစ္ကို႔အတန္းေရွ႕ကျဖတ္ကာအစ္ကို႔ကို လွ်ပ္တျပတ္ေလးခိုးၾကည့္ရပါေသးတယ္။ ခိုးၾကည့္ပါမ်ားေတာ့  အစ္ကိုထိုင္ေနက်ေနရာေလးကို မ်က္လုံးကဆိုက္ဆိုက္ၿမိဳက္ၿမိဳက္ကိုေရာက္ရွာေလသည္။

ေက်ာင္းစိမ္းအျဖဴေရာင္လက္ရွည္ေပၚဝယ္ နီညိုေရာင္အကြက္စိပ္ ရွပ္အက်ီလက္ရွည္ကိုထပ္ဝတ္ထားပါေသာအစ္ကိုရဲ႕ အသားအေရာင္က ျဖဴျဖဴအုအုေလး။ ပိုင္းေလာ့ ေဘာပင္ကိုဆုပ္ကိုင္ထားပါေသာလက္တစ္စုံထက္ စိမ္းျပာေရာင္ေသြးေၾကာမွ်င္ေလးေတြက ထိေတြ႕ခ်င္စရာ။ မ်က္မွန္ေလးေအာက္က စာကိုသာ စူးစိုက္ေနပါသည့္ မ်က္ဝန္းတစ္စုံ ။ အေရွ႕သို႔ခပ္အုပ္အုပ္ေလး က်ေနသည့္ ဆံႏြယ္နက္နက္ေလးေတြ။ စကၠန့္ပိုင္းအတြင္း အဏၰဝါ ရဲ႕ပုံရိပ္သည္ အလက္ာ၏ ႏွလုံးသားထက္ ထပ္မံ၍စြဲၿမဲသြားျပန္ေလသည္။

အစ္ကိုက စကၠန့္နဲ႕အမွ်ေငးေမာခ်င္စရာ ဂႏၶဝင္ပန္းခ်ီကားတစ္ခ်ပ္လို။

အလက္ာ အဏၰဝါ့အခန္းကိုလြန္ေတာ့ နားေနခန္းဆီေျခလွမ္းသြက္သြက္လွမ္းလို႔သြားေပးလိုက္သည္။ အလက္ာ ျပန္လာေတာ့လဲ အဏၰဝါ့အခန္းေရွ႕ကျဖတ္ေလွ်ာက္ျပန္ဖို႔႐ြယ္သည္။ ကံေကာင္းသည္လားမသိ အဏၰဝါ့ အခန္းထဲရွိဆရာသည္ထြက္သြားေလၿပီ။ အလက္ာ ေျခလွမ္းအျမန္ႏႈန္းကိုႏွေးခ်လိဳက္သည္။

"ေဟ့ ဗိုက္ပူ။ ငါ့ကိုခိုးၾကည့္သြားတာလား မင္း "

အခန္းထဲကထြက္လာသည့္ အဏၰဝါ က အလက္ာ့ကို ၿပဳံးစိစိေလးႏွင့္စေလသည္။ သူခိုး လူမိသြားသည့္အလက္ာမွာေတာ့ ပါးေတြ နားေတြပါနီရဲလို႔။

"အစ္ကိုက ေခ်ာတာကိုးဗ်။ ကြၽန္ေတာ္ ခိုးၾကည့္တာအျပစ္လား။ ကြၽန္ေတာ္တင္မဟုတ္ဘူး။ အစ္ကို႔ အေနာက္ခုံမ်က္ေစာင္းထိုးကအစ္မႀကီးေတြပါအစ္ကို႔ကို ခိုးၾကည့္ေနတာ "

"ေဟ့!မင္းသူမ်ားကိုလႊဲမခ်နဲ႕။ ခိုးၾကည့္ရင္ၾကည့္တယ္ေပါ့။ ဘာလဲ ေယာက်္ားပီပီသသဝန္ခံစမ္းပါကြ"

"ခိုးၾကည့္ေတာ့ဘာလုပ္ခ်င္လဲ။ ခ်မလား ။ လာေလ "

"မင္းေတာ့"

အဏၰဝါ ရီလို႔ အလက္ာ့ေခါင္းကိုခပ္ဖြဖြေလးရိုက္လိုက္ေလသည္။ အလက္ာကေတာ့ ဟန္ေဆာင္ကာမူပိုလို႔ မဲ့႐ြဲ႕ျပေလသည္။

"မင္းတို႔ခုႏွစ္တန္းေတြ ဒီေန႕ ႏႈတ္ဆတ္ပြဲဆို။ မင္းတို႔အခန္းကဘာေကြၽးလဲ "

"ၾကာဇံခ်က္"

"ၾကာဇံခ်က္လား။ "

"ဘာလို႔လဲ အစ္ကိုစားခ်င္လို႔လား။ အစ္ကိုစားခ်င္ရင္ ကြၽန္ေတာ့္ဟာစားေလ။ ကြၽန္ေတာ္မႀကိဳက္ဘူး "

"တကယ္လား "

ေသခ်ာေပါက္ဘယ္ဟုတ္မလဲ။ ၾကာဇံခ်က္မ်ားဆို အလက္ာတို႔သိပ္သိပ္ႀကိဳက္။ ဒါေပမယ့္ ၾကာဇံခ်က္ထက္ အစ္ကို႔ကိုပိုႀကိဳက္ေတာ့လည္း မုသားပါးပါးေလးပုတ္လိုက္ရရွာတယ္။ ေတြ႕လား အစ္ကိုကၿပဳံးသြားတာကို။ ၾကာဇံခ်က္ထက္ေတာင္အရသာရွိတဲ့အၿပဳံးေတြ။ စြဲမက္စရာပါပဲ။

"အစ္ကိုမုန့္စားဆင္းရင္ ကြၽန္ေတာ္လာပို႔လွည့္မယ္။ ေလာေလာဆယ္ ဒါစား"

အဏၰဝါ့ လက္ထဲေရာက္လာတာက ပူရွိန္းစုပ္လုံးေလး။ ဝတၱရားမပ်က္ပါပဲ။ အလက္ာ ႏွလုံးသားေလးက အဏၰဝါ ေရျပင္က်ယ္ဝယ္ ၿငိမ့္ၿငိမ့္ေလး ေျမာပါေနလ်က္သား။

အစ္ကို႔ကိုအရမ္းခ်စ္ရပါေၾကာင္း။





__________________________

#klwin1234












Continuă lectura

O să-ți placă și

931K 51.3K 36
"လွမ်းစေသော် မင်းငါ့ကိုဘာလို့ ချစ်ငယ်လို့ခေါ်တာလဲ" "ချစ်ငယ်က ငါ့ထက်ငယ်တော့ အငယ်ပေါ့ ချစ်ငယ်လို့ခေါ်မှတော့ အခြားဘာရှိသေးလို့လဲ" "..." "ကိုကို မင်းကို...
House Slave Season4 De minoo44

Ficțiune adolescenți

157K 7.1K 38
နိုရာတို့ရဲ့ Married lifeလေးလာပြီနော် ကြိုက်ကြမယ်ထင်ပါတယ် သူတို့နှစ်ယောက်မှာကလေးလေးအပိုပါလာမယ်..မုန်တိုင်းတွေကလည်းလာပါလိမ့်မယ်..သူတို့ရဲ့အချစ်ရေးလေးဖ...
983K 185K 124
◆ Title - My Underachieving Seatmate Doesn't Need Any Comforting ◆ Author - Long Qi《龙柒》 ◆ Total Chapters - 122 ◆ Genre - Comedy , Modern , Fluffy , S...
403K 42.6K 43
The UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully cred...