[Unicode]
စကားဦးရိပ်သမ်းခြင်းနှင့် အံ့သြလောက်ဖွယ် တိုးတက်မှုအဟုန်
"မင်း ဒီကို ဘယ်လိုရောက်နေတာလဲ?" ဆုနို အံ့သြသွားသည့်ပုံစံ သရုပ်ဆောင်လိုက်သည်။
တကယ့်လိမ်ဆင်ကြီးပါပဲ!
"ကျွန်တော် အကိုကျိရန်နဲ့ အတူတူလာခဲ့တာ"
ထန်ရှောင်းယွီက "ကျွန်တော် အခု သူ့ဒရိုင်ဘာလုပ်နေတာလေ "
"ဒရိုင်ဘာ?" ဆုနို တကယ်အံ့သြသွားရ၏။
ပြီးခဲ့အချိန်တုန်းကတော့ ကာစီနိုဝိုင်းမှာ အလုပ်လုပ်နေခဲ့တာမဟုတ်ဘူးလား? အခု ဘယ်လိုလုပ်ပြီး abs မန်းရဲ့ ဒရိုင်ဘာ ဖြစ်သွားရတာလဲ? ဒါ လုံးဝ မဖြစ်နိုင်ဘူး! လျို့ဝှက်အကြံအစည်တွေ ရှိနေတာများလား?
ကြောက်စရာကောင်းလိုက်တာ !
သူ ဆက်ပြီး မေးချင်နေသော်လည်း သူ့ဘေးနားတွင် ရုတ်တရက်နှုတ်ဆက်သံတစ်ခု ပေါ်လာသည်မို့ စကားစပြတ်သွားရသည်။
"မင်းတို့ ဘာအကြောင်းတွေ ပြောနေကြတာလဲ?"
"အမ်,ဒါရိုက်တာကြီးတို့ရဲ့ အစည်းအဝေးက ပြီးသွားပြီလား ?" ဆုနို ဆိုဖာအတွင်းပိုင်းကို ရွေ့ပေးလိုက်ရင်း သူ့ကို နေရာပေးလိုက်သည်။
မစ္စတာဒါရိုက်တာက လိမ္မာပါးနပ်စွာဖြင့် ဝင်ထိုင်လိုက်ပြီး စိတ်ထဲမှာတော့ ပေါက်ကွဲထွက်တော့မလို ခံစားနေရသည်။ မကြာသေးခင်ကပဲ သူ့လုပ်ငန်းရှင်တွေနဲ့ စီးပွားရေးအကြောင်းတွေ ဆွေးနွေးနေစဥ်မှာ သူ့ကို
လှည့်ကြည့်လိုက်တော့ ဆုနိုနဲ့ ထန်ရှောင်းယွီတို့ စကားပြောနေတာကို တွေ့လိုက်ရသည်။
သူ့ခန္ဓာကိုယ်တစ်ခုလုံးက သနားစရာကောင်းစွာ ရှာလကာရည်အိုးထဲကို နစ်ကျသွားခဲ့သလိုပဲ!
ပုံမှန်အားဖြင့် ဆုနိုက တုံးအပေမယ့် အခု သူ့ရဲ့အချစ်ပြိုင်ဘက်က သူ့ဆီကို အရင်လာ ချဉ်းကပ်တယ်ဆိုတာ သူသိနေတယ်! ဒါ သူ့ကို အရမ်းစိတ်ဆိုးစေလိမ့်မယ်! ပြီးတော့လည်း အချစ်ပြိုင်ဘက်ဆိုတဲ့စကားလုံးက.....သူ့ကို တကယ်ပဲ ချဥ်စေတယ်!
"သူက Renrui အုပ်စုရဲ့ မားကတ်တင်း ဒါရိုက်တာအိုးရန်လုံလေ " ထန်ရှောင်းယွီ အနည်းငယ်ရှုပ်ထွေးနေသည့်ပုံကို မြင်တော့ ဆုနိုက အလျောက်အထိုက်မိတ်ဆက်ပေးလိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ် ,ဒါ ကျွန်တော့်လိပ်စာကဒ်ပါ " မစ္စတာဒါရိုက်တာက ကြီးမားတဲ့အရှိန်အဝါနဲ့ ထန်ရှောင်းယွီကို ပြုံးပြလိုက်သည်။
".......တွေ့ရတာ ဝမ်းသာပါတယ်" ထန်ရှောင်းယွီက ဒီလိုရာထူးကြီးတစ်ယောက်ကို အရင်က မတွေ့ဖူးသည့်အတွက် အနည်းငယ်တော့ မနေတတ်မထိုင်တတ်ဖြစ်နေရသည်။ " ကျွန်တော်မှာတော့ လိပ်စာကဒ်မရှိပါဘူး "
“ရပါတယ်" အိုးရန်လုံ သူ့ကို အရက်တစ်ခွက် ကမ်းလိုက်ပြီး "ခုနတုန်းက ချိုးကျီယန်နဲ့ မင်းကို အတူတူတွေ့လိုက်တယ် သူငယ်ချင်းတွေလား ?"
“အမ်,ကျွန်တော်က သူ့ဒရိုင်ဘာပါ " ထန်ရှောင်းယွီ ပြောလိုက်သည်။
“ဒရိုင်ဘာ?" အိုးရန်လုံ အံ့သြသွားကာ " ကိုယ်က မင်းကို မော်ဒယ်တစ်ယောက်ဖြစ်မယ်လို့ ထင်ခဲ့တာ "
"မဟုတ်ပါဘူး" ထန်ရှောင်းယွီ သူ့ခေါင်းကိုခါလိုက်သည်။
"မင်းကို ဒရိုင်ဘာလုပ်ခွင့်ပြုထားတာ ဂျက်ဆန် ဘယ်လိုတွေ တွေးနေတာလဲ?" အိုးရန်လုံ ဂျက်ဆန်အပေါ်ကို သနားစိတ်လေးတော့ဝင်သွားရသည်။
သူက မော်ဒယ်ကုမ္ပဏီရဲ့ဘော့စ်တစ်ယောက် ဖြစ်တဲ့အပြင် အိုးရန်လုံနဲ့လည်း သူငယ်ချင်းကောင်းတွေ ဖြစ်ကြသေးသည်။
အမ်,အမ် ဒီ အဓိပ္ပါယ်က ဘာသဘောလဲ? ဆုနို ဒီစကားကိုကြားတော့ မကျေမနပ်ဖြစ်သွားပြီး သူ့ဘောတွေ အောင့်သွားသလိုခံစားလိုက်ရသည်။
သူက အရမ်းကို ကြည့်ကောင်းနေချိန်မှာ ,အိုးရန်လုံက သူ့ရှေ့ကလူကို ချီးမွမ်းနေတယ်,ဒီလိုကိစ္စက.......သူ့ကို တကယ်ပဲ မကျေမနပ်ဖြစ်စေတယ်!
"အကိုကျိရန် ကျွန်တော်ကို ခေါ်နေလို့ အရင်သွားလိုက်ပါအုံးမယ်" ထန်ရှောင်းယွီ သူတို့ကိုနှုတ်ဆက်လိုက်သည်။
အိုးရန်လုံ ခေါင်းညိတ်ပြလိုက်ကာ ထန်ရှောင်းယွီတစ်ယောက် ချိုးကျီယန်ဆီကို ရောက်သွားသည်အထိ ကြည့်နေပြီးမှ တစ်ဖက်လူကို လှည့်ကြည့်လိုက်သည်။
မျော်လင့်ထားသလိုပဲ....ဆုနို မပျော်ရွှင်နေပေ!
သူ့စိတ်ထဲမှာ ရူးရူးမူးမူး အော်ဟစ်ပြောလိုက်ချင်သည်။ သူတောင် ထွက်သွားပြီးပြီပဲ! အခုထိ သူ့နောက်ကျောကို ဘာလို့လိုက်ကြည့်နေရသေးတာလဲ!!
သူ့မျက်နှာကိုကြည့်ရတာ တိုက်တေနီယမ်နဲ့ ပစ်ပေါက်ခံလိုက်ရသလို ဖြစ်နေပြီး မစ္စတာဒါရိုက်တာက နောက်တစ်ကြိမ် အထင်လွဲသွားပြန်ပြီ! ဆုနိုက ချိုးကျီယန်ကြောင့်ဖြစ်တယ်လို့ သူထင်သွားပြန်ပြီ!
လေထဲမှာရှိနေတဲ့ သဝန်တိုမှုတွေက တော်တော်လေးအားပြင်းပြီး နှစ်ယောက်လုံးက ဘေးချင်းကပ် ထိုင်နေပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက် ဘာစကားမှမပြောကြပေ။ ဒါကြီးက အတော်ကို ကို့ယို့ကားယားဖြစ်လွန်းတယ်! အရင်က တစ်ခါမှမဖြစ်ခဲ့ဖူး,သလိုပဲ!
ဆုနို စိတ်ဓါက်ကျကာ သူ့ဖုန်းကိုထုတ်လိုက်ပြီး ကမ္ဘာကြီးရဲ့ ရှုပ်ထွေးအလီလီကို ကြည့်ရှုရန် စဥ်းစားလိုက်သည်။ ဒါမှ သူ့နှလုံးသားလေး နာကျင်နေတာ သက်သာမှာ!
သို့ပေမယ့် အိုးရန်လုံက သူ့ရဲ့ဖုန်းစက်ခရင်ကို ပိတ်လိုက်၏။
"ခင်ဗျား ဒါဘာလုပ်တာလဲ?" ဆုနို မေးလိုက်သည်။
"ကိုယ့် ရုံးခန်းထဲလိုက်ခဲ့ "အိုးရန်လုံ ပြောလိုက်သည်။
"ရုံးခန်းထဲ ဘာလိုက်လုပ်ရမှာလဲ?" ဆုနို ထူးဆန်းသလိုခံစားလိုက်ရသည်။
"အဲ့ကို ရောက်ပြီဆို ပြောပြမယ် " အိုးရန်လုံ သူ့ကို ဆွဲထားလိုက်ရင်း ပြောလိုက်သည်။
ဆုနို စိတ်ရှုပ်ထွေးစွာဖြင့် ၁၈ ထပ်ရှိ သူရဲ့ရုံးခန်းကို လိုက်သွားခဲ့သည်။ "ကျွန်တော့်ကို ဒီကိုခေါ်လာတာ...အမ် ဒီအနံ့ကဘာအနံ့လေးလဲ ?"
သူရဲ့မျက်လုံးများက ရုတ်တရက်တောက်ပလာသည်။ ဒါက foodie တစ်ယောက်ရဲ့ စွမ်းရည်ပဲ!
မစ္စတာဒါရိုက်တာသည် အားကိုးရာမဲ့သွားရသည်။
"Honey Jujube အသားကင်၊ ကျွန်တော် အရင်ကပြောခဲ့ဖူးတဲ့အသား"
ဆုနို စားပွဲရှေ့ကို တိုက်ရိုက်ပြေးသွားပြီး မျှော်လင့်ချက်အပြည့်ဖြင့်. ခေါင်းကိုပြန်လှည့်ကြည့်လိုက်သည်။ "ကျွန်တော်စားလို့ရလား?"
".......ဒါပေါ့ " အိုးရန်လုံမှာ ရယ်ရမှာလားငိုရမှာလားမသိတော့ပေ၊ အမှန်တော့ သူ ချစ်ရေးဆိုပြီး သူ့ကို အတင်းအကြပ်နမ်းမယ့် မဟာအခွင့်အရေးကို ရဖို့ စီစဥ်ထားတာဖြစ်ပြီး အခုတော့ ဆိုဖာပေါ်မှာထိုင်ရင်းဖြင့် ဆုနိုတစ်ယောက် ဝက်သားကင်ကို ထိုင်စားနေသည်ကိုသာ ထိုင်ကြည့်နေရတော့သည်။
သူ့နှလုံးသားလေး ဆုံးရှုံးသွားရသလို ခံစားလိုက်ရတယ်!
အနံ့မွှေးပျံ့လွန်းသည့် အသားကင်ဝက်သားနှစ်ဖက်ကိုစားပြီးသောအခါ ဆုနိုရဲ့စိတ်အခြေအနေက အနည်းငယ်သက်သာလာပြီး နေ့လည်စာဘူးကို ယူလာရင်းဖြင့် အိုးရန်လုံရဲ့ ဘေးတွင်ထိုင်ကာ လေသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
"ဒါရိုက်တာကြီးလည်း ထန်ရှောင်းယွီကို ကြည့်ကောင်းတယ်လို့ ထင်တယ်မလား? တကယ်လည်း ထန်ရှောင်းယွီက တချက်ကြည့်ရုံနဲ့တင် သူမှာ ကြည့်ကောင်းတဲ့ ရုပ်ရည်ရှိတာကို ကျွန်တော် သိသားပဲ။ ပြီးတော့ သူ့မှာ ဆွဲငင်နိုင်တဲ့ ညို့ဓါတ်တွေရှိနေသလိုပဲ။ ဝက်သားကင်က အရသာအရမ်းရှိတယ် တစ်ခုစားကြည့်အုံးမလား?"
ဆုနို အသက်တစ်ချက်မှ မရှူဘဲ ဆက်တိုက်ပြောလိုက်ခြင်း ဖြစ်သည်။
အိုးရန်လုံ သူရဲ့မျက်လုံးများနဲ့ အကြည့်ချင်း ဆုံလိုက်ကာ "ပြောချင်တာ ဘာကိုလဲ?"
ဒီလိုမျိုး အနီးကပ် အကြည့်ချင်း ဆုံလိုက်တာက ......ဆုနိုရဲ့ မျက်နှာကို ချက်ချင်းပင်ရဲသွားစေ၏။
သူ့ကိုယ်သူ ရှက်သွားရတယ်! သူက တစ်နေရာကို အမှတ်တမဲ့ ဝင်တိုက်မိတဲ့ မိန်းကလေးဆန်တဲ့ကောင်လေးတစ်ယောက်လိုမျိုး အကြည့်ခံလိုက်ရသလိုပဲ!
ဒါ ရိုးရှင်းပြီးယောကျ်ားဆန်တဲ့ ပုံရိပ်နဲ့ လုံးဝအံ
ဝင်ဂွင်ကျဖြစ်မနေဘူး !
“ပြောချင်တာက....” ဆုနို ပြောရခက်နေဟန်ဖြင့်, "ဒါရိုက်တာကြီး ဝက်သားကင်ကိုစားချင်လား? မစားဘူးလား မေးချင်တာပါ " ဆုနို နေလည်စာဘူးလေးကို တိုးပေးလိုက်သည်။
အိုးရန်လုံ သူ့ရဲ့နီရဲနေတဲ့ မျက်နှာလေးနဲ့ လည်ပင်းကို ကြည့်နေရင်း သူ့ရဲ့ နောက်ကျောနဲ့ တင်းပါးလေးတွေပါ နီရဲနေလိမ့်မည်ဆိုတာ မြင်ယောင်နေမိတယ်.....
သူက အရမ်းကို အရှက်လွယ်နေတာတောင်မှ သူ့ရဲ့အချစ်ပြိုင်ဘက်အပေါ်မှာ ထားရှိတဲ့ တစ်ဖက်လူရဲ့ ထင်မြင်ချက်ကိုတောင် သိချင်နေသေးတယ်!
"ပြောကြည့်လေ,ဘာ...."
"သူက အရမ်းကို ထူးခြားတယ် ထင်တယ် " အိုးရန်လုံ ရှေ့ဆက်ပြီး အရှက်မဲ့ဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ရဲ့ အရုပ်လေးကို ချိုးကျီယန်အား ဆက်ကြိုက်ခွင့် မပြုနိုင်တော့ပေ။
ခင်ဗျားက သူကထူးခြားတယ်လို့တောင် တွေးရဲသေးတယ်ပေါ့ ! ဆုနို ဒီစကားကို ကြားတော့ ဒေါသတွေထွက်လာပြီး ဝက်သားကင်အပေါ်တောင် စိတ်ဝင်စားမှု မရှိတော့ပေ။
အိုးရန်လုံ သူရဲ့ ဖြစ်သွားမယ့်အမူအရာကို
ကြည့်ဖို့ ခံနိုင်ရည်မရှိခဲ့ပေမဲ့လည်း ... နောက်ဆုံးတော့ သူ့နှလုံးသားလေးကို သံယောဇဉ်ရှိနေဆဲဖြစ်သည်။
"ဒီလို ရုပ်ရည်မျိုးက လူတွေ အလွယ်တကူမှတ်မိလွယ်တယ်။ တကယ်လို့ သူသာ မော်ဒယ်လောကထဲ ဝင်ခဲ့ရင် နာမည်ကြီးတစ်ယောက်ဖြစ်လာလိမ့်မယ်။ ဒါပေမယ့် သူက ဒရိုင်ဘာလုပ်ဖို့ပဲ လိုလားတယ်ဆိုတော့ သူ့ရဲ့ ပင်ကိုယ်စရိုက်က ရိုးရှင်းပြီး မဆိုးတဲ့သူတစ်ယောက်ပဲ။ အနည်းဆုံးတော့ သူက အပေါ်ယံသမားတစ်ယောက်တော့ မဟုတ်ဘူး"
သူနဲ့ မစ္စတာချိုးက ကောင်းကင်က တွဲပေးတဲ့ ဖူးစာဖက်တွေပဲ! မင်းကတော့ နာနာခံခံနဲ့ ကိုယ့်အိမ်ကိုလိုက်ခဲ့သင့်တယ်! သူ ဆက်ပြောချင်တဲ့ ဒီစာကြောင်းကတော့ ချန်ခဲ့လိုက်သည်။
ဖြစ်နိုင်ရင် 'သူကိုပဲ အခုထိ ဆက်ပြီးချီးကျူးနေတုန်းပဲလား' ဆိုပြီး သူ့ရဲ့ ကော်လံကို ဆွဲကိုင်ပြီး လှုပ်ရမ်းလိုက်ချင်သည်။
ခင်ဗျား သူ့အကြောင်းကို စကားနည်းနည်းပဲ ပြောရသေးတာကိုမှ ပြောသမျှစကားတွေအကုန်လုံးက သူ့ကို ချီးမွမ်းတဲ့စကားတွေချည်းပဲ! ဒဏ္ဍာရီထဲကလို မြင်မြင်ချင်းချစ်မိသွားတယ် ဆိုတာ အသိသာကြီးပဲ!ဒီလို ပြောင်းလဲလွယ်တဲ့ယောက်ျားတွေက မုန်းစရာအကောင်းဆုံးပဲ!
"မင်းဘာလို့ ထပ်မစားတော့တာလဲ?" သူ့ရဲ့မျက်နှာ မကောင်းသည်ကို မြင်တော့ အိုးရန်လုံ ညင်သာစွာမေးလိုက်သည်။
"ကျွန်တော် ထပ်မစားတော့ဘူး!" ဆုနို နေ့လည်စာဘူးကို အိုးရန်လုံဆီကို ကြမ်းကြမ်းတမ်းတမ်းပင် အတင်းထိုးပေးလိုက်သည်မှာ သူ့အပေါ်ကို ဆီတွေတောင် စွန်းသွားစေ၏။
"မင်း မပျော်ဘူးလား ?" အိုးရန်လုံ သူ့ပါးလေးကို ဖျစ်ညစ်လိုက်ပြီး မျက်လုံးတွေကလည်း နူးညံ့စွာဖြင့် ကြည့်နေသည်။
"ဘာလို့ ကျွန်တော်က မပျော်ရမှာလဲ?" ဒါရိုက်တာတစ်ယောက် ဆုနိုရဲ့ ရှက်ဒေါသကို သွားထိမိလိုက်ပြီ! ငါက ဘာမှ မနာလိုဖြစ်နေတာ မဟုတ်ဘူး!
"ဒါဆိုရင် ကိုယ်ယူ....."
"ကျွန်တော်ပြောစရာရှိလို့ ဒိုင်အန်းကို သွားရှာလိုက်
အုံးမယ် "ဆုနို စကားကို ဖြတ်လိုက်ပြီး မတ်တပ်ရပ်ကာ ပြေးထွက်သွားလိုက်သည်။
အိုးရန်လုံ ချက်ချင်းတုံ့ပြန်နိုင်စွမ်းမရှိဘဲ ဆုနိုတစ်ယောက် ရုံးခန်းထဲမှအမြန်ပြေးထွက်သွားသည်ကို ကြည့်ရင်း ကြောင်အပြီး ကျန်နေခဲ့သည်။
ဘာဖြစ်သွားတာလဲ?!
________________________________
[Zawgyi]
စကားဦးရိပ္သမ္းျခင္းႏွင့္ အံ့ၾသေလာက္ဖြယ္ တိုးတက္မႈအဟုန္
"မင္း ဒီကို ဘယ္လိုေရာက္ေနတာလဲ?" ဆုႏို အံ့ၾသသြားသည့္ပုံစံ သ႐ုပ္ေဆာင္လိုက္သည္။
တကယ့္လိမ္ဆင္ႀကီးပါပဲ!
"ကြၽန္ေတာ္ အကိုက်ိရန္နဲ႔ အတူတူလာခဲ့တာ"
ထန္ေ႐ွာင္းယြီက "ကြၽန္ေတာ္ အခု သူ႕ဒ႐ိုင္ဘာလုပ္ေနတာေလ "
"ဒ႐ိုင္ဘာ?" ဆုႏို တကယ္အံ့ၾသသြားရ၏။
ၿပီးခဲ့အခ်ိန္တုန္းကေတာ့ ကာစီႏိုဝိုင္းမွာ အလုပ္လုပ္ေနခဲ့တာမဟုတ္ဘူးလား? အခု ဘယ္လိုလုပ္ၿပီး abs မန္းရဲ႕ ဒ႐ိုင္ဘာ ျဖစ္သြားရတာလဲ? ဒါ လုံးဝ မျဖစ္ႏိုင္ဘူး! လ်ိဳ႕ဝွက္အၾကံအစည္ေတြ ႐ွိေနတာမ်ားလား?
ေၾကာက္စရာေကာင္းလိုက္တာ !
သူ ဆက္ၿပီး ေမးခ်င္ေနေသာ္လည္း သူ႕ေဘးနားတြင္ ႐ုတ္တရက္ႏႈတ္ဆက္သံတစ္ခု ေပၚလာသည္မို႔ စကားစျပတ္သြားရသည္။
"မင္းတို႔ ဘာအေၾကာင္းေတြ ေျပာေနၾကတာလဲ?"
"အမ္,ဒါ႐ိုက္တာႀကီးတို႔ရဲ႕ အစည္းအေဝးက ၿပီးသြားၿပီလား ?" ဆုႏို ဆိုဖာအတြင္းပိုင္းကို ေ႐ြ႕ေပးလိုက္ရင္း သူ႕ကို ေနရာေပးလိုက္သည္။
မစၥတာဒါ႐ိုက္တာက လိမၼာပါးနပ္စြာျဖင့္ ဝင္ထိုင္လိုက္ၿပီး စိတ္ထဲမွာေတာ့ ေပါက္ကြဲထြက္ေတာ့မလို ခံစားေနရသည္။ မၾကာေသးခင္ကပဲ သူ႕လုပ္ငန္း႐ွင္ေတြနဲ႔ စီးပြားေရးအေၾကာင္းေတြ ေဆြးေႏြးေနစဥ္မွာ သူ႕ကို
လွည့္ၾကည့္လိုက္ေတာ့ ဆုႏိုနဲ႔ ထန္ေ႐ွာင္းယြီတို႔ စကားေျပာေနတာကို ေတြ႕လိုက္ရသည္။
သူ႕ခႏၶာကိုယ္တစ္ခုလုံးက သနားစရာေကာင္းစြာ ႐ွာလကာရည္အိုးထဲကို နစ္က်သြားခဲ့သလိုပဲ!
ပုံမွန္အားျဖင့္ ဆုႏိုက တုံးအေပမယ့္ အခု သူ႕ရဲ႕အခ်စ္ၿပိဳင္ဘက္က သူ႕ဆီကို အရင္လာ ခ်ဥ္းကပ္တယ္ဆိုတာ သူသိေနတယ္! ဒါ သူ႕ကို အရမ္းစိတ္ဆိုးေစလိမ့္မယ္! ၿပီးေတာ့လည္း အခ်စ္ၿပိဳင္ဘက္ဆိုတဲ့စကားလုံးက.....သူ႕ကို တကယ္ပဲ ခ်ဥ္ေစတယ္!
"သူက Renrui အုပ္စုရဲ႕ မားကတ္တင္း ဒါ႐ိုက္တာအိုးရန္လုံေလ " ထန္ေ႐ွာင္းယြီ အနည္းငယ္႐ႈပ္ေထြးေနသည့္ပုံကို ျမင္ေတာ့ ဆုႏိုက အေလ်ာက္အထိုက္မိတ္ဆက္ေပးလိုက္သည္။
“ေတြ႕ရတာ ဝမ္းသာပါတယ္ ,ဒါ ကြၽန္ေတာ္႕လိပ္စာကဒ္ပါ " မစၥတာဒါ႐ိုက္တာက ႀကီးမားတဲ့အ႐ွိန္အဝါနဲ႔ ထန္ေ႐ွာင္းယြီကို ျပဳံးျပလိုက္သည္။
".......ေတြ႕ရတာ ဝမ္းသာပါတယ္" ထန္ေ႐ွာင္းယြီက ဒီလိုရာထူးႀကီးတစ္ေယာက္ကို အရင္က မေတြ႕ဖူးသည့္အတြက္ အနည္းငယ္ေတာ့ မေနတတ္မထိုင္တတ္ျဖစ္ေနရသည္။ " ကြၽန္ေတာ္မွာေတာ့ လိပ္စာကဒ္မ႐ွိပါဘူး "
“ရပါတယ္" အိုးရန္လုံ သူ႕ကို အရက္တစ္ခြက္ ကမ္းလိုက္ၿပီး "ခုနတုန္းက ခ်ိဳးက်ီယန္နဲ႔ မင္းကို အတူတူေတြ႕လိုက္တယ္ သူငယ္ခ်င္းေတြလား ?"
“အမ္,ကြၽန္ေတာ္က သူ႕ဒ႐ိုင္ဘာပါ " ထန္ေ႐ွာင္းယြီ ေျပာလိုက္သည္။
“ဒ႐ိုင္ဘာ?" အိုးရန္လုံ အံ့ၾသသြားကာ " ကိုယ္က မင္းကို ေမာ္ဒယ္တစ္ေယာက္ျဖစ္မယ္လို႔ ထင္ခဲ့တာ "
"မဟုတ္ပါဘူး" ထန္ေ႐ွာင္းယြီ သူ႕ေခါင္းကိုခါလိုက္သည္။
"မင္းကို ဒ႐ိုင္ဘာလုပ္ခြင့္ျပဳထားတာ ဂ်က္ဆန္ ဘယ္လိုေတြ ေတြးေနတာလဲ?" အိုးရန္လုံ ဂ်က္ဆန္အေပၚကို သနားစိတ္ေလးေတာ့ဝင္သြားရသည္။
သူက ေမာ္ဒယ္ကုမၸဏီရဲ႕ေဘာ့စ္တစ္ေယာက္ ျဖစ္တဲ့အျပင္ အိုးရန္လုံနဲ႔လည္း သူငယ္ခ်င္းေကာင္းေတြ ျဖစ္ၾကေသးသည္။
အမ္,အမ္ ဒီ အဓိပၸါယ္က ဘာသေဘာလဲ? ဆုႏို ဒီစကားကိုၾကားေတာ့ မေက်မနပ္ျဖစ္သြားၿပီး သူ႕ေဘာေတြ ေအာင့္သြားသလိုခံစားလိုက္ရသည္။
သူက အရမ္းကို ၾကည့္ေကာင္းေနခ်ိန္မွာ ,အိုးရန္လုံက သူ႕ေ႐ွ႕ကလူကို ခ်ီးမြမ္းေနတယ္,ဒီလိုကိစၥက.......သူ႕ကို တကယ္ပဲ မေက်မနပ္ျဖစ္ေစတယ္!
"အကိုက်ိရန္ ကြၽန္ေတာ္ကို ေခၚေနလို႔ အရင္သြားလိုက္ပါအုံးမယ္" ထန္ေ႐ွာင္းယြီ သူတို႔ကိုႏႈတ္ဆက္လိုက္သည္။
အိုးရန္လုံ ေခါင္းညိတ္ျပလိုက္ကာ ထန္ေ႐ွာင္းယြီတစ္ေယာက္ ခ်ိဳးက်ီယန္ဆီကို ေရာက္သြားသည္အထိ ၾကည့္ေနၿပီးမွ တစ္ဖက္လူကို လွည့္ၾကည့္လိုက္သည္။
ေမ်ာ္လင့္ထားသလိုပဲ....ဆုႏို မေပ်ာ္႐ႊင္ေနေပ!
သူ႕စိတ္ထဲမွာ ႐ူး႐ူးမူးမူး ေအာ္ဟစ္ေျပာလိုက္ခ်င္သည္။ သူေတာင္ ထြက္သြားၿပီးၿပီပဲ! အခုထိ သူ႕ေနာက္ေက်ာကို ဘာလို႔လိုက္ၾကည့္ေနရေသးတာလဲ!!
သူ႕မ်က္ႏွာကိုၾကည့္ရတာ တိုက္ေတနီယမ္နဲ႔ ပစ္ေပါက္ခံလိုက္ရသလို ျဖစ္ေနၿပီး မစၥတာဒါ႐ိုက္တာက ေနာက္တစ္ႀကိမ္ အထင္လြဲသြားျပန္ၿပီ! ဆုႏိုက ခ်ိဳးက်ီယန္ေၾကာင့္ျဖစ္တယ္လို႔ သူထင္သြားျပန္ၿပီ!
ေလထဲမွာ႐ွိေနတဲ့ သဝန္တိုမႈေတြက ေတာ္ေတာ္ေလးအားျပင္းၿပီး ႏွစ္ေယာက္လုံးက ေဘးခ်င္းကပ္ ထိုင္ေနေပမယ့္လည္း တစ္ေယာက္နဲ႔တစ္ေယာက္ ဘာစကားမွမေျပာၾကေပ။ ဒါႀကီးက အေတာ္ကို ကို႔ယို႔ကားယားျဖစ္လြန္းတယ္! အရင္က တစ္ခါမွမျဖစ္ခဲ့ဖူး,သလိုပဲ!
ဆုႏို စိတ္ဓါက္က်ကာ သူ႕ဖုန္းကိုထုတ္လိုက္ၿပီး ကမ႓ာႀကီးရဲ႕ ႐ႈပ္ေထြးအလီလီကို ၾကည့္႐ႈရန္ စဥ္းစားလိုက္သည္။ ဒါမွ သူ႕ႏွလုံးသားေလး နာက်င္ေနတာ သက္သာမွာ!
သို႔ေပမယ့္ အိုးရန္လုံက သူ႕ရဲ႕ဖုန္းစက္ခရင္ကို ပိတ္လိုက္၏။
"ခင္ဗ်ား ဒါဘာလုပ္တာလဲ?" ဆုႏို ေမးလိုက္သည္။
"ကိုယ့္ ႐ုံးခန္းထဲလိုက္ခဲ့ "အိုးရန္လုံ ေျပာလိုက္သည္။
"႐ုံးခန္းထဲ ဘာလိုက္လုပ္ရမွာလဲ?" ဆုႏို ထူးဆန္းသလိုခံစားလိုက္ရသည္။
"အဲ့ကို ေရာက္ၿပီဆို ေျပာျပမယ္ " အိုးရန္လုံ သူ႕ကို ဆြဲထားလိုက္ရင္း ေျပာလိုက္သည္။
ဆုႏို စိတ္႐ႈပ္ေထြးစြာျဖင့္ ၁၈ ထပ္႐ွိ သူရဲ႕႐ုံးခန္းကို လိုက္သြားခဲ့သည္။ "ကြၽန္ေတာ္႕ကို ဒီကိုေခၚလာတာ...အမ္ ဒီအနံ႔ကဘာအနံ႔ေလးလဲ ?"
သူရဲ႕မ်က္လုံးမ်ားက ႐ုတ္တရက္ေတာက္ပလာသည္။ ဒါက foodie တစ္ေယာက္ရဲ႕ စြမ္းရည္ပဲ!
မစၥတာဒါ႐ိုက္တာသည္ အားကိုးရာမဲ့သြားရသည္။
"Honey Jujube အသားကင္၊ ကြၽန္ေတာ္ အရင္ကေျပာခဲ့ဖူးတဲ့အသား"
ဆုႏို စားပြဲေ႐ွ႕ကို တိုက္႐ိုက္ေျပးသြားၿပီး ေမွ်ာ္လင့္ခ်က္အျပည့္ျဖင့္. ေခါင္းကိုျပန္လွည့္ၾကည့္လိုက္သည္။ "ကြၽန္ေတာ္စားလို႔ရလား?"
".......ဒါေပါ့ " အိုးရန္လုံမွာ ရယ္ရမွာလားငိုရမွာလားမသိေတာ့ေပ၊ အမွန္ေတာ့ သူ ခ်စ္ေရးဆိုၿပီး သူ႕ကို အတင္းအၾကပ္နမ္းမယ့္ မဟာအခြင့္အေရးကို ရဖို႔ စီစဥ္ထားတာျဖစ္ၿပီး အခုေတာ့ ဆိုဖာေပၚမွာထိုင္ရင္းျဖင့္ ဆုႏိုတစ္ေယာက္ ဝက္သားကင္ကို ထိုင္စားေနသည္ကိုသာ ထိုင္ၾကည့္ေနရေတာ့သည္။
သူ႕ႏွလုံးသားေလး ဆုံး႐ႈံးသြားရသလို ခံစားလိုက္ရတယ္!
အနံ႔ေမႊးပ်ံ႕လြန္းသည့္ အသားကင္ဝက္သားႏွစ္ဖက္ကိုစားၿပီးေသာအခါ ဆုႏိုရဲ႕စိတ္အေျခအေနက အနည္းငယ္သက္သာလာၿပီး ေန႔လည္စာဘူးကို ယူလာရင္းျဖင့္ အိုးရန္လုံရဲ႕ ေဘးတြင္ထိုင္ကာ ေလသံတိုးတိုးေလးျဖင့္ ေျပာလိုက္သည္။
"ဒါ႐ိုက္တာႀကီးလည္း ထန္ေ႐ွာင္းယြီကို ၾကည့္ေကာင္းတယ္လို႔ ထင္တယ္မလား? တကယ္လည္း ထန္ေ႐ွာင္းယြီက တခ်က္ၾကည့္႐ုံနဲ႔တင္ သူမွာ ၾကည့္ေကာင္းတဲ့ ႐ုပ္ရည္႐ွိတာကို ကြၽန္ေတာ္ သိသားပဲ။ ၿပီးေတာ့ သူ႕မွာ ဆြဲငင္ႏိုင္တဲ့ ညိဳ႕ဓါတ္ေတြ႐ွိေနသလိုပဲ။ ဝက္သားကင္က အရသာအရမ္း႐ွိတယ္ တစ္ခုစားၾကည့္အုံးမလား?"
ဆုႏို အသက္တစ္ခ်က္မွ မ႐ွဴဘဲ ဆက္တိုက္ေျပာလိုက္ျခင္း ျဖစ္သည္။
အိုးရန္လုံ သူရဲ႕မ်က္လုံးမ်ားနဲ႔ အၾကည့္ခ်င္း ဆုံလိုက္ကာ "ေျပာခ်င္တာ ဘာကိုလဲ?"
ဒီလိုမ်ိဳး အနီးကပ္ အၾကည့္ခ်င္း ဆုံလိုက္တာက ......ဆုႏိုရဲ႕ မ်က္ႏွာကို ခ်က္ခ်င္းပင္ရဲသြားေစ၏။
သူ႕ကိုယ္သူ ႐ွက္သြားရတယ္! သူက တစ္ေနရာကို အမွတ္တမဲ့ ဝင္တိုက္မိတဲ့ မိန္းကေလးဆန္တဲ့ေကာင္ေလးတစ္ေယာက္လိုမ်ိဳး အၾကည့္ခံလိုက္ရသလိုပဲ!
ဒါ ႐ိုး႐ွင္းၿပီးေယာက်္ားဆန္တဲ့ ပုံရိပ္နဲ႔ လုံးဝအံ
ဝင္ဂြင္က်ျဖစ္မေနဘူး !
“ေျပာခ်င္တာက....” ဆုႏို ေျပာရခက္ေနဟန္ျဖင့္, "ဒါ႐ိုက္တာႀကီး ဝက္သားကင္ကိုစားခ်င္လား? မစားဘူးလား ေမးခ်င္တာပါ " ဆုႏို ေနလည္စာဘူးေလးကို တိုးေပးလိုက္သည္။
အိုးရန္လုံ သူ႕ရဲ႕နီရဲေနတဲ့ မ်က္ႏွာေလးနဲ႔ လည္ပင္းကို ၾကည့္ေနရင္း သူ႕ရဲ႕ ေနာက္ေက်ာနဲ႔ တင္းပါးေလးေတြပါ နီရဲေနလိမ့္မည္ဆိုတာ ျမင္ေယာင္ေနမိတယ္.....
သူက အရမ္းကို အ႐ွက္လြယ္ေနတာေတာင္မွ သူ႕ရဲ႕အခ်စ္ၿပိဳင္ဘက္အေပၚမွာ ထား႐ွိတဲ့ တစ္ဖက္လူရဲ႕ ထင္ျမင္ခ်က္ကိုေတာင္ သိခ်င္ေနေသးတယ္!
"ေျပာၾကည့္ေလ,ဘာ...."
"သူက အရမ္းကို ထူးျခားတယ္ ထင္တယ္ " အိုးရန္လုံ ေ႐ွ႕ဆက္ၿပီး အ႐ွက္မဲ့ဖို႔ ဆုံးျဖတ္လိုက္ၿပီး သူ႕ရဲ႕ အ႐ုပ္ေလးကို ခ်ိဳးက်ီယန္အား ဆက္ႀကိဳက္ခြင့္ မျပဳႏိုင္ေတာ့ေပ။
ခင္ဗ်ားက သူကထူးျခားတယ္လို႔ေတာင္ ေတြးရဲေသးတယ္ေပါ့ ! ဆုႏို ဒီစကားကို ၾကားေတာ့ ေဒါသေတြထြက္လာၿပီး ဝက္သားကင္အေပၚေတာင္ စိတ္ဝင္စားမႈ မ႐ွိေတာ့ေပ။
အိုးရန္လုံ သူရဲ႕ ျဖစ္သြားမယ့္အမူအရာကို
ၾကည့္ဖို႔ ခံႏိုင္ရည္မ႐ွိခဲ့ေပမဲ့လည္း ... ေနာက္ဆုံးေတာ့ သူ႕ႏွလုံးသားေလးကို သံေယာဇဥ္႐ွိေနဆဲျဖစ္သည္။
"ဒီလို ႐ုပ္ရည္မ်ိဳးက လူေတြ အလြယ္တကူမွတ္မိလြယ္တယ္။ တကယ္လို႔ သူသာ ေမာ္ဒယ္ေလာကထဲ ဝင္ခဲ့ရင္ နာမည္ႀကီးတစ္ေယာက္ျဖစ္လာလိမ့္မယ္။ ဒါေပမယ့္ သူက ဒ႐ိုင္ဘာလုပ္ဖို႔ပဲ လိုလားတယ္ဆိုေတာ့ သူ႕ရဲ႕ ပင္ကိုယ္စ႐ိုက္က ႐ိုး႐ွင္းၿပီး မဆိုးတဲ့သူတစ္ေယာက္ပဲ။ အနည္းဆုံးေတာ့ သူက အေပၚယံသမားတစ္ေယာက္ေတာ့ မဟုတ္ဘူး"
သူနဲ႔ မစၥတာခ်ိဳးက ေကာင္းကင္က တြဲေပးတဲ့ ဖူးစာဖက္ေတြပဲ! မင္းကေတာ့ နာနာခံခံနဲ႔ ကိုယ့္အိမ္ကိုလိုက္ခဲ့သင့္တယ္! သူ ဆက္ေျပာခ်င္တဲ့ ဒီစာေၾကာင္းကေတာ့ ခ်န္ခဲ့လိုက္သည္။
ျဖစ္ႏိုင္ရင္ 'သူကိုပဲ အခုထိ ဆက္ၿပီးခ်ီးက်ဴးေနတုန္းပဲလား' ဆိုၿပီး သူ႕ရဲ႕ ေကာ္လံကို ဆြဲကိုင္ၿပီး လႈပ္ရမ္းလိုက္ခ်င္သည္။
ခင္ဗ်ား သူ႕အေၾကာင္းကို စကားနည္းနည္းပဲ ေျပာရေသးတာကိုမွ ေျပာသမွ်စကားေတြအကုန္လုံးက သူ႕ကို ခ်ီးမြမ္းတဲ့စကားေတြခ်ည္းပဲ! ဒ႑ာရီထဲကလို ျမင္ျမင္ခ်င္းခ်စ္မိသြားတယ္ ဆိုတာ အသိသာႀကီးပဲ!ဒီလို ေျပာင္းလဲလြယ္တဲ့ေယာက်္ားေတြက မုန္းစရာအေကာင္းဆုံးပဲ!
"မင္းဘာလို႔ ထပ္မစားေတာ့တာလဲ?" သူ႕ရဲ႕မ်က္ႏွာ မေကာင္းသည္ကို ျမင္ေတာ့ အိုးရန္လုံ ညင္သာစြာေမးလိုက္သည္။
"ကြၽန္ေတာ္ ထပ္မစားေတာ့ဘူး!" ဆုႏို ေန႔လည္စာဘူးကို အိုးရန္လုံဆီကို ၾကမ္းၾကမ္းတမ္းတမ္းပင္ အတင္းထိုးေပးလိုက္သည္မွာ သူ႕အေပၚကို ဆီေတြေတာင္ စြန္းသြားေစ၏။
"မင္း မေပ်ာ္ဘူးလား ?" အိုးရန္လုံ သူ႕ပါးေလးကို ဖ်စ္ညစ္လိုက္ၿပီး မ်က္လုံးေတြကလည္း ႏူးညံ့စြာျဖင့္ ၾကည့္ေနသည္။
"ဘာလို႔ ကြၽန္ေတာ္က မေပ်ာ္ရမွာလဲ?" ဒါ႐ိုက္တာတစ္ေယာက္ ဆုႏိုရဲ႕ ႐ွက္ေဒါသကို သြားထိမိလိုက္ၿပီ! ငါက ဘာမွ မနာလိုျဖစ္ေနတာ မဟုတ္ဘူး!
"ဒါဆိုရင္ ကိုယ္ယူ....."
"ကြၽန္ေတာ္ေျပာစရာ႐ွိလို႔ ဒိုင္အန္းကို သြား႐ွာလိုက္
အုံးမယ္ "ဆုႏို စကားကို ျဖတ္လိုက္ၿပီး မတ္တပ္ရပ္ကာ ေျပးထြက္သြားလိုက္သည္။
အိုးရန္လုံ ခ်က္ခ်င္းတုံ႔ျပန္ႏိုင္စြမ္းမ႐ွိဘဲ ဆုႏိုတစ္ေယာက္ ႐ုံးခန္းထဲမွအျမန္ေျပးထြက္သြားသည္ကို ၾကည့္ရင္း ေၾကာင္အၿပီး က်န္ေနခဲ့သည္။
ဘာျဖစ္သြားတာလဲ?!