ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း...

By MrDerick

613K 31.6K 579

About the life and love of Gay Porn Actors Total 62 Chapters + 4 extra Chapters More

Chapter 1 (Unicode)
Chapter 2 (Zawgyi)
Chapter 1 (Zawgyi)
Chapter 2 (Unicode)
Chapter 3 (Unicode)
Chapter 3 (Zawgyi)
Chapter 4 (Unicode)
Chapter 4 (Zawgyi)
Chapter 5 (Unicode)
Chapter 5 (Zawgyi)
Chapter 6 (Unicode)
Chapter 6 (Zawgyi)
Chapter 7 (Unicode)
Chapter 7 (Zawgyi)
Chapter 8 (Unicode)
Chapter 8 (Zawgyi)
Chapter 9 (Unicode)
Chapter 9 (Zawgyi)
Chapter 10 (Unicode)
Chapter 10 (Zawgyi)
Chapter 11 (Unicode)
Chapter 11 (Zawgyi)
Chapter 12 (Unicode)
Chapter 12 (Zawgyi)
Chapter 13 (Unicode)
Chapter 13 (Zawgyi)
Chapter 14 (Unicode)
Chapter 14 (Zawgyi)
Chapter 15 (Unicode)
Chapter 15 (Zawgyi)
Chapter 16 (Unicode)
Chapter 16 (Zawgyi)
Chapter 17 (Unicode)
Chapter 17 (Zawgyi)
Chapter 18 (Unicode)
Chapter 18 (Zawgyi)
Chapter 19 (Unicode)
Chapter 19 (Zawgyi)
Chapter 20 (Unicode)
Chapter 20 (Zawgyi)
Chapter 21 (Unicode)
Chapter 21 (Zawgyi)
Chapter 22 (Unicode)
Chapter 22 (Zawgyi)
Chapter 23 (Unicode)
Chapter 23 (Zawgyi)
Chapter 24 (Unicode)
Chapter 24 (Zawgyi)
Chapter 25 (Unicode)
Chapter 25 (Zawgyi)
Chapter 26 (Unicode)
Chapter 26 (Zawgyi)
Chapter 27 (Unicode)
Chapter 27 (Zawgyi)
Chapter 28 (Unicode)
Chapter 28 (Zawgyi)
Chapter 29 (Unicode)
Chapter 29 (Zawgyi)
Chapter 30 (Unicode)
Chapter 30 (Zawgyi)
Chapter 31 (Unicode)
Chapter 31 (Zawgyi)
Chapter 32
Chapter 32 (Zawgyi)
Chapter 33 (Unicode)
Chapter 33 (Zawgyi)
Chapter 34 (Unicode)
Chapter 34 (Zawgyi)
Chapter 35 (Unicode)
Chapter 35 (Zawgyi)
Chapter 36 (Unicode)
Chapter 36 (Zawgyi)
Chapter 37 (Unicode)
Chapter 37 (Zawgyi)
Chapter 38 (Unicode)
Chapter 38 (Zawgyi)
Chapter 39
Chapter 39 (Zawgyi)
Chapter 40 (Unicode)
Chapter 40 (Zawgyi)
Chapter 41 (Unicode)
Chapter 41 (Zawgyi)
Chapter 42 (Unicode)
Chapter 42 (Zawgyi)
Chapter 43 (Unicode)
Chapter 43 (Zawgyi)
Chapter 44 (Unicode)
Chapter 44 (Zawgyi)
Chapter 45 (Unicode)
Chapter 45 (Zawgyi)
Chapter 46 (Unicode)
Chapter 46 (Zawgyi)
Chapter 47 (Unicode)
Chapter 47 (Zawgyi)
Chapter 48 (Unicode)
Chapter 48 (Zawgyi)
Chapter 49 (Unicode)
Chapter 49 (Zawgyi)
Chapter 50 (Unicode)
Chapter 50 (Zawgyi)
Chapter 51 (Unicode)
Chapter 51 (Zawgyi)
Chapter 52 (Unicode)
Chapter 52 (Zawgyi)
Chapter 53 (Unicode)
Chapter 53 (Zawgyi)
Chapter 54 (Unicode)
Chapter 54 (Zawgyi)
Chapter 55 (Unicode)
Chapter 55 (Zawgyi)
Chapter 56 (Unicode)
Chapter 56 (Zawgyi)
Chapter 57 (Unicode)
Chapter 57 (Zawgyi)
Chapter 58 (Unicode)
Chapter 58 (Zawgyi)
Chapter 59 (Unicode)
Chapter 59 (Zawgyi)
Chapter 60 (Unicode)
Chapter 60 (Zawgyi)
Chapter 61 (Unicode)
Final Chapter (Unicode)
Final Chapter (Zawgyi)
Extra Chapter 1 (Unicode)
Extra Chapter 1 (Zawgyi)
Extra Chapter 2 (U+Z)
Extra Chapter 3 (U+Z)
Final Extra Chapter
Concerning WOW

Chapter 61 (Zawgyi)

1.8K 70 0
By MrDerick

Chapter 61

ကျွန်တော် ရုတ်တရက် အဖွားလင်းပေါင် မဆုံးမီ တစ်ပတ်အလိုက ညနေခင်းကို သတိရလိုက်မိသည် ။

" ချန်းကော  ... စောင့်ရှောက်ရေး ဂေဟာက ဖုန်းဆက်လာတယ်... အဖွားလင်းပေါင် နေမကောင်းဘူးတဲ့... ကျွန်တော်တို့ အတူ သွားကြည့်ကြရအောင်လေ... နော်... ကျွန်တော့်ကို ခေါ်သွားပေးနော်.. "

ထိုစဉ်က ကလေးသာသာ အရွယ်သာ ရှိသေးသော ကျွန်တော်သည် စောင့်ရှောက်ရေး ဂေဟာကို တစ်ယောက်ထဲ မသွားတတ်သောကြောင့် ချန်းကောကို အကူညီတောင်းခဲ့ရသည် ။

အဖွာလင်းပေါင် ထိုနေရာတွင် တစ်ယောက်ထဲ ဖြစ်နေမည်ကို ကျွန်တော် စိုးရိမ်ခဲ့မိသည် ။
သူ့မြေးအရင်း အဖြစ် ဟန်ဆောင်ရင်းပဲ ဖြစ်ဖြစ် အဖွားအနားတွင် နေပေးချင်ခဲ့မိသည် ။

" သူက ဖျားတာပဲလေ... သေခါနီး ဖြစ်နေတာမှ မဟုတ်တာ... မင်းသွားချင်ရင် မင်းဘာသာမင်း သွားပေါ့... "
ချန်းကော အသံက အေးစက်လျက် ။

" ချန်းကော... ဘာလို့ အဖွားကို မုန်းရတာလဲ... ဘာပဲ ဖြစ်ဖြစ် အဖွားက ကောရဲ့ မိသားစုဝင်ပဲလေ... "

" ငါ့မှာ မိသားစု ဆိုတာ မရှိဘူး... ငါက တစ်ကောင်ကြွက်  ... "

ထို့နောက် ကျွန်တော့်ကို စပ်ဆုတ်သလို ကြည့်ပြီး ပြောလာလေသည် ။

" မင်းရောပဲ... မင်းကလည်း ငါ့အတွက် ဘာမှ မဟုတ်ဘူး... ငါတို့ ကြားထဲကို ဝင်ရှုပ်နိုင်တာနဲ့ပဲ မင်းကိုယ်မင်း ငါတို့ရဲ့ မိသားစုဝင် ဖြစ်လာလိမ့်မယ်လို့ တွေးမနေနဲ့ ... ဘယ်သူကမှ ဒီလို အတုအယောင်ကို မလိုချင်ဘူး..   "

ကျွန်တော် ထိုစဉ်က ချန်းကောကို ဝမ်းနည်းစွာ ပြန်ကြည့်ခဲ့မိသည် ။
ထိုအချိန်မှစ၍ ကျွန်တော့်ဘဝတွင် ချန်းကောကို ဘယ်သောအခါမှ မလိုအပ်တော့ဘူးဟု တွေးခဲ့မိပုံပင် ။

ထိုနေ့က ကျွန်တော် လွန်စွာ အရှက်ရခဲ့ပြီး ချန်းကောကို ဘယ်သောအခါမှ တစ်သက်လုံး ပြန်မတွေ့တော့ဟု ဆုံးဖြတ်ချက် ချခဲ့သည် ။

သို့သော်လည်း ကျွန်တော်က သူ့ကို ရှောင်ခဲ့သောအခါ ချန်းကောက ကျွန်တော့်ကို ပြန်လာရှာခဲ့ပြီး ကြင်နာမှုတို့ ပြခဲ့ ပြန်လေသည် ။

" ယော့ဝန်း... အိပ်နေတာလား... ရော့  .. ငါမင်းအတွက် ဒါလေး ယူလာပေးတယ်  ... ဒါ ရှောင်လင်း အခန်းမှာ ချိတ်ထားတဲ့ ပိုစတာ   ... မင်း အမြဲတမ်းလိုချင်နေခဲ့တာလေ... "

ထိုပိုစတာသည် ကျွန်တော့်အခန်းတွင် ယခင်က အမြဲ ချိတ်ထားခဲ့သော ဘရုစလီပုံ ပိုစတာပင် ဖြစ်လေတော့သည် ။

**************

ကျွန်တော် ချန်းကော အိမ်ရှေ့တွင် အတန်ကြာ ရပ်နေရင်း လူခေါ်ဘဲလ်ကို နှိပ်သင့် မနှိပ်သင့် စဉ်းစားနေခဲ့မိသည် ။

ထို့နောက်တွင်မူ စိတ်ကို ပိုင်းဖြတ်ပြီး နှိပ်လိုက်လေသည် ။

ခဏအကြာ၌ ချန်းကော တံခါးလာဖွင့်ပြီး ကျွန်တော့်ကို မြင်တော့ အံ့သြသွားပုံရလေသည် ။

" မင်း...  ယော့ဝန်း...  "

" ယော့ဝန်း... မင်း ဘယ်လို ရောက်လာတာလဲ... "

ကျွန်တော် အိမ်ထဲ ဝင်သွားလိုက်တော့ ချန်းကောက အနောက်က လိုက်လာလေသည် ။
မို့အစ်နေသော ကျွန်တော့်မျက်လုံးများကို ကြည့်ပြီး စိတ်ပူစွာ မေးလေသည် ။

" မင်း... မင်းငိုထားတာလား... "

ကျွန်တော် ပြန်မဖြေတော့ ကျွန်တော့် ပါးနှစ်ဖက်ကို ကိုင်ရင်း ကြင်နာစွာ ထပ်မေးလေသည် ။

" ယော့ဝန်း... ဘာလို့ ငိုထားတာလဲဟင်  ... "


" ချန်းကော အင်္ကျီလေးက အရောင်လှသားပဲ... "
ကျွန်တော် စကားလွှဲ၍ ပြောလိုက်သည် ။

" မင်း သဘောကျလို့လား  ... သဘောကျရင် ယူလေ... ငါပေးမယ်  ... "

ချန်းကောက သူ့ အပေါ်အင်္ကျီကို ချက်ချင်း ချွတ်ပြီး ကျွန်တော့်လက်ထဲ ထည့်ပေးလာလေသည် ။

" တော်ပါပြီ... ကျွန်တော် မလိုပါဘူး... "

" ယော့ဝန်း ဒီကို ဘာလို့ လာတာလဲ ငါ့ကို ပြောပြပါဦး... "

ကျွန်တော် ဘာကြောင့် လာတာ တဲ့လဲ ။
ကျွန်တော် အကြွေးတွေ ချန်းကော အပေါ် မရှိတော့ကြောင်း အော်ဟစ် ကြွားဝါချင်သောကြောင့်လည်း ဖြစ်နိုင်သည် ။
ကျွန်တော် ချန်းကောကို အော်ဟစ် ကျိန်ဆဲ ပစ်ချင်သောကြောင့် လာသည်လည်း ဖြစ်နိုင်သည် ။

စိတ်သက်သာရာ ရမှု ။
ဒေါသတရား ။
အမုန်းတရား ။

ကျွန်တော့်တွင် အချိန်အတော်ကြာ ဖြစ်တည်ခဲ့သော အဆိပ်အတောက် နှစ်များစွာ တို့အတွက် မည်သည့်ခံစားချက်ကို တစ်ခုတည်းအနေဖြင့် ရွေးခြယ်ရမှန်း မသိနိုင်တော့ပေ ။

" အရာအားလုံး ပြီးဆုံးသွားပြီဆိုတာ ကျွန်တော် သိပါတယ်... ဒါပေမယ့် ဒီနေရာကို ဘာလို့ လာမိမှန်း ကျွန်တော့်ကိုယ် ကျွန်တော်လည်း သေချာမသိဘူး... "

" အရာအားလုံး... ဟုတ်လား... "
ချန်းကောက နာကျင်စွာ ရယ်မောလာလေသည် ။

ကျွန်တော် သူ့ ဘဏ်အကောင့်ထဲသို့ အကြွေးများ အားလုံး ဆပ်ပြီး ဖြစ်ကြောင်း ချန်းကော မသိသေးသည်လည်း ဖြစ်နိုင်ပါသည် ။

" ချန်းကော ပေးခဲ့တဲ့ စာတွေ ဖတ်ပြီး ကျွန်တော် အရင်က နေ့ရက်တွေကို သတိရခဲ့တယ်... "

" ဟုတ်လား... ဘယ်လိုမျိုးလဲ... "

" ကျွန်တော် ချန်းကော အပေါ်မှာ ဆိုးခဲ့မိတယ်... ကောရဲ့ ညီနဲ့ တူအောင်လည်း ဟန်ဆောင်ခဲ့မိတယ်  ... ကျွန်တော် ရှက်မိပါတယ်... ကျွန်တော် မကျော်သင့်တဲ့စည်းကို ကျော်ခဲ့မိပုံပါပဲ... ဒါပေမယ့်... ဒါပေမယ့် ကျွန်တော် နားမလည်နိုင်ခဲ့ဘူး.. ချန်းကော ဘာကြောင့်မို့ ကျွန်တော့်ပေါ် ရုတ်တရက် စိမ်းကားပြီး သူစိမ်းတစ်ယောက်လို ကြမ်းတမ်းသွားခဲ့ရသလဲ ဆိုတာကို  ... "

" မင်းရဲ့ အချစ်ကို ဖုံးကွယ်ဖို့ ကြိုးစားလေ... မင်းက ပိုကြမ်းတမ်းလာလေပဲ ဆိုတဲ့စကားကို မင်း နားလည်နိုင်မလား ယော့ဝန်း... "

" ဒါကျွန်တော် ခင်ဗျားကို နားလည်ပေးရမယ့် အကြောင်းပြချက်တဲလား ချန်းလျှို့... ခင်ဗျား ဘာလို့ ကိစ္စတွေကို ရှုပ်ထွေးအောင် လုပ်ခဲ့ရတာလဲ... ဘာလို့ ကျွန်တော့်အပေါ် ဒီလို လုပ်ရက်ခဲ့ရတာလဲ... "
ပြောရင်း ကျွန်တော့် အသံတို့ ကျယ်လာလေသည် ။
" ခင်ဗျားက ဘာလို့ အဲ့လောက်တောင် ရှုပ်ထွေးတဲ့လူ ဖြစ်နေရတာလဲ ချန်းလျှို့... "

" ငါလည်း သေချာ မသိဘူး ယော့ဝန်း... မင်းမေးတဲ့ မေးခွန်းကို ဖြေဖို့ ငါ့မှာလည်း တိကျတဲ့ အဖြေမရှိဘူး... အမှန်အတိုင်း ပြောရရင် ငါ့ကိုယ်ငါတောင်မှ နားမလည်နိုင်ခဲ့ဘူး... "

ချန်းကောသည် ဝမ်းနည်းစွာဖြင့် ခေါင်းကို ငုံ့ထားကို ကျွန်တော့်အကြည့်များကို ရှောင်နေခဲ့လေသည် ။

" ဟုတ်တာပေါ့  ... သေချာတာပေါ့... "

ကျွန်တော် ထွက်သွားဖို့ လုပ်တော့ ချန်းကောက ကျွန်တော့် လက်ကို ဆွဲလာလေသည် ။

" ပတ်ယော့ဝန်း... "


" ဒါပေမယ့် မင်းကို Mcqueen ဆိုတဲ့အကောင်နဲ့ အတူတူ တွဲတွေ့ပြီးနောက်မှာ ကိုယ့်ကိုယ်ကို ပို နားလည်လာခဲ့တယ်... အရင်တုန်းက ငါ မင်းအပေါ် အရမ်း ဆိုးခဲ့မိတယ်... မင်းကို ပျက်စီးအောင် လုပ်ဖို့အတွက်ကိုတောင်မှ ဝန်မလေးခဲ့ဘူး... ဒါပေမယ့် ကိုယ့်လုပ်ရပ်တွေကို ပြန်တွေးမိတဲ့ အခါမှာ ... ကိုယ် ဘာအတွက် ဒါတွေကို လုပ်ခဲ့မိတာလဲလို့ တွေးခဲ့မိတဲ့အခါမှာ... အကြောင်းအရင်းကို ငါ ကိုယ်တိုင်တောင် လက်မခံနိုင်ခဲ့ဘူး ယော့ဝန်း... "

ကျွန်တော် ချန်းကော ဆုပ်ကိုင်ထားသော လက်ကို ပြန်ရုန်းလိုက်သည် ။

" ခင်ဗျားရဲ့ အကြောင်းပြချက်တွေကို ကျွန်တော် တစ်ခုမှ အသိအမှတ် မပြုနိုင်ဘူး ချန်းလျှို့... အခုအချိန်မှတော့ ဘာတစ်ခုမှလည်း ပြောင်းလဲသွားမှာ မဟုတ်တော့ဘူး... "

" ဒါပေမယ့် ငါမက်မောခဲ့ရတဲ့ မင်းကတော့ ငါ့ဘဝမှာ ဘယ်တော့မှ ရှိလာတော့မှာ မဟုတ်ဘူးလေ... "

ချန်းလျှို့က ကျွန်တော့်ကို ဝမ်းနည်းသော မျက်လုံးများဖြင့် မော့ကြည့်လာကာ စကား ဆိုလေသည် ။

" ရှောင်လင်း သေပြီးနောက်မှာ အဖွားလင်းပေါင်က ဆိုးဆိုးဝါးဝါးကို ပြောင်းလဲသွားခဲ့တယ်... သူ့ဘဝမှာ အသက်ရှင်စရာ အကြောင်း မရှိတော့သလို နေခဲ့ပြီး ငါ့ကိုလည်း အရမ်းကို မုန်းတီးခဲ့တယ်... "

" .... "

" ဒါပေမယ့် နောက်တော့ မင်းရောက်လာခဲ့တယ်... မင်းက ရှောင်လင်းလိုမျိုး ဟန်ဆောင်ပြီး နေနေတာဟာ ငါ့အတွက်တော့ တကယ့်ကို အဆင်မပြေခဲ့ဘူး... ငါ့ရဲ့ နာကျင်စရာ အတိတ်တွေကို ပြန်ဆွပေးနေခဲ့သလိုပဲ... ပြီးတော့အဖွားလင်းပေါင်က မင်းကို ရှောင်လင်းအမှတ်နဲ့ ဆက်ဆံခဲ့တယ်... "

" .... "

" မင်းဟာ မင်းရဲ့ ကိုယ်ပိုင်ဘဝဆိုတာ မရှိလောက်တော့တဲ့အထိ ရှောင်လင်းနဲ့ တူအောင် လိုက်လုပ်နေတာကို ငါ သည်းမခံနိုင်ခဲ့ဘူး... မင်း ရှောင်လင်း သဘောကျတယ်ဆိုတဲ့ ဘရုစလီကိုလည်း လိုက်သဘောကျခဲ့တယ်... မင်းဟာ ရယ်စရာ ကောင်းလောက်အောင်ကို အက်ရှင်မင်းသားတောင် ဖြစ်ချင်ခဲ့လိုက်သေးတယ်.. "

" .... "

" ငါ စိတ်ပူခဲ့မိတယ်... မင်းမှာ ကိုယ်ပိုင် ဖြစ်တည်မှု ဆိုတာတောင် ရှိပါ့တော့မလား ဆိုပြီးတော့... "

" ဒါတွေအားလုံး ကျွန်တော်သိတယ်... "

" အဖွားလင်းပေါင်က ဘယ်လိုတွေးလဲ ငါ မသိပေမယ့် ငါ့အတွက်တော့ ငါ့ကို မုန်းတဲ့လူကို မိသားစုအဖြစ် မလိုအပ်ခဲ့ဘူး... "

" ကျွန်တော် သိပါတယ်... ဒါပေမယ့် အဲ့ဒါတွေက ပြီးခဲ့တာ ကြာပြီလေ  ... "

" ကံမကောင်းစွာနဲ့ပဲ ငါ့အတွက်တော့ မပြီးဆုံးနိုင်ခဲ့ဘူး... "

" ဒါဆို ခင်ဗျား ကျွန်တော့်ကို မုန်းရတဲ့ အကြောင်းအရင်းက ကျွန်တော်က ခင်ဗျားညီလို ဟန်ဆောင်ပြီး ခင်ဗျား မိသားစုဝင်လို ပြုမူခဲ့မိလို့တဲ့လား... "

" မဟုတ်ဘူး... အဲ့တာတွေက ငါ မင်းကို သဘောကျစေခဲ့မိတဲ့ အချက်တွေပဲ ယော့ဝန်း... "

" ..... "

" အဲ့တာက ငါ့ကို ပိုပြီး နာကျင်ခံစားစေရတယ်... ဒါကြောင့်လည်း ငါမင်းကို လစ်လျှူရှုပြီး မုန်းတီးဖို့ ကြိုးစားခဲ့မိတယ်နဲ့ တူပါရဲ့... "

" ... "

" ငါ မင်းကို ချစ်တယ်... ယော့ဝန်း... ပတ်ယော့ဝန်း... "

" ..... "

ချန်းလျှို့၏ မျက်လုံးထဲတွင် ကလေးဘဝက သူ့ကို အမြဲ ချစ်ခင်စွာ ပြုံးပြပြီး သူ့အနား အမြဲ ရှိခဲ့သော ကလေးငယ်လေး ပတ်ယော့ဝန်းကိုသာ မြင်ယောင်နေမိခဲ့လေသည် ။

" ငါမင်းကို ချစ်တယ်  ... နားလည်ရဲ့လား ယော့ဝန်း... ဒါပေမယ့် ငါမင်းကို ချစ်တယ်ဆိုတဲ့စကားက အခုအချိန်မှာ ဘာမှ အဓိပ္ပါယ်မရှိတော့တဲ့စကားဖြစ်သွားပြီလေ... "

ချန်းလျှို့သည် နာကျင်စွာဖြင့် ညည်းတွားလိုက်ရင်း သူ့ဆံပင်ကိုသူ ဆွဲဖွနေခဲ့လေသည် ။

နောက်ဆုံးတွင်တော့ ချန်းကော၏ ချစ်သည်ဟူသော ဝန်ခံမှုသည် ကျွန်တော့်အပေါ်တွင် ဘာမှ သက်ရောက်မှု မရှိခဲ့ပေ ။

လွန်ခဲ့သောနှစ်များစွာ...  ကျွန်တော် ကားအက်ဆီးဒင့် မဖြစ်မီ နှစ်များကသာ ထိုစကားကို ကျွန်တော် ကြားခဲ့မိလျှင် ကျွန်တော်တို့ နှစ်ယောက်ကြားတွင် လှပသော နေ့ရက်များ ရှိကောင်း ရှိလာခဲ့နိုင်ပေသည် ။

ချန်းကောသည် သူ့အချစ်ကိုသူ ဖော်ပြဖို့ ငြင်းဆန်ခဲ့သည် ။
သူ့ကိုယ်သူအပေါ် သူသည် မရိုးသားခဲ့ပေ ။
သူသည် သူ့ကိုယ်သူ သန်မာသောကြောင့် အရာရာကို သည်းခံ ဖြတ်ကျော်နိုင်သည်ဟု ယုံကြည်ခဲ့ပုံ ရလေသည် ။

" ယူလိုက်ပါ ယော့ဝန်း... "

ချန်းကောက ခုနက သူ ချွတ်ပေးသော အပေါ်ဝတ် အင်္ကျီကို ကျွန်တော့်ဆီ လှမ်းပေးလေသည် ။

ကျွန်တော် မယူတော့ဘဲ တစ်ဖက်သို့ လှည့်လိုက်လေသည် ။

" ခင်ဗျားရဲ့ ဘဏ်အကောင့်ကို စစ်ကြည့်လိုက်ပါ... အဲ့တာ ကျွန်တော့်ရဲ့ အဖြေပဲ... "

ကျွန်တော် တံခါးဆီသို့ ဦးတည်ပြီး သွားလိုက်သည် ။

" အကယ်၍ ကျွန်တော်တို့ နောက်တစ်ခါ ထပ်တွေ့ဖြစ်ကြရင် ခင်ဗျားဆီက တောင်းပန်စကားကို အရင်ဆုံး ကြားရဖို့ မျှော်လင့်ပါတယ်... "

ချန်းလျှို့ ယော့ဝန်း၏ ကျောပြင်ကို ငေးကြည့်ရင်း မျက်ရည်များ ဝဲလာလေသည် ။

" ဒါမှ မဟုတ် ခင်ဗျားနဲ့ ကျွန်တော်နဲ့ နောက် ဘယ်တော့မှ ထပ်မတွေ့တော့တာလည်း ဖြစ်နိုင်ပါတယ် ချန်းလျှို့... "

ယော့ဝန်းက တံခါးကို ဖွင့်၍ ထွက်သွားလေပြီ ။
ချန်းလျှို့ တစ်ယောက် အပေါ်ဝတ် အင်္ကျီ ကို ကိုင်ရင်း မျက်ရည်ကျကာ တစ်ယောက်ထဲ ကျန်ခဲ့လေသည် ။

တံခါးဝမှ ပျောက်ကွယ်သွားသော ယော့ဝန်းကို ကြည့်ရင်း သူ နာကျင်စွာ ရယ်မောလိုက်သော်လည်း သူ့မျက်ရည်များသည် သူ့ခံစားချက်ကို မလှည့်ဖျားနိုင်ခဲ့ပါပေ ။

****************

ကျွန်တော်နေသော တိုက်အောက်ရောက်တော့ Mcqueen ၏ ကားကို လှမ်းတွေ့လိုက်ရသည်။

ဟင် ။ ကျွန်တော် Mcqueen နှင့် မချိန်းထားပါဘဲ Mcqueen က ဘာလို့ ရောက်နေရသလဲ ။

ကျွန်တော် တိုက်ပေါ်ရောက်တော့ Ryan ကို လှမ်းပြောဖို့ လုပ်လိုက်သည် ။

" Ryan... ငါ ပြန်ရောက်... "

" ရှူး... တိုးတိုး... "

Cecil လေးက ဘေးက ရောက်လာပြီး သူ့အသံ သေးသေးလေးဖြင့် ကျွန်တော့်ကို တိတ်တိတ်လေး နေဖို့ ပြောလေသည် ။

တစ်ဖက်အကွယ်တွင် Mcqueen နှင့် Ryan တို့ စကားပြောနေကြလေသည် ။


" Edd... Mcqueen က ခုနက ရောက်လာပြီး Daddy ကို စကားပြောစရာရှိတယ်ဆိုပြီး ပြောလာတယ်... ပြီးတော့ သူက Daddy ကို တောင်းပန်ပါတယ် ဆိုပြီးတော့လည်း ပြောတယ်... ဘာလဲ ယော့ဝန်း... သူတို့ ရန်ဖြစ်ထားကြတာလား... "

Cecil လေးက ကျွန်တော့်ကို စပ်စုပြီး မေးလာလေသည် ။
ကျွန်တော် ဘာပြန်ဖြေရမှန်းမသိ ။

" ဒါပေမယ့် Edd... အရင်ဆုံး တောင်းပန်စကား ပြောတယ်ဆိုတာ ရှုံးနိမ့်သွားတယ်လို့ မဆိုလိုဘူးလေ... ဟုတ်တယ်မလား... "

" အဲ့စကားကို Cecil လေး ဘယ်က ကြားလာတာတုန်း ..."

" TV ထဲမှာ ပါတဲ့ စကားလေ... ဟီးဟီး... "

" အသက်ကြီးတဲ့လူတွေက အမှားလုပ်မိတဲ့အခါမှာ တောင်းပန်စကားပြောဖို့ အရမ်းခက်ခဲတတ်ကြတယ် Cecil... "

" လူကြီးတွေ ဖြစ်နေတာတောင်မှပေါ့လေ... "
Cecil လေးက နားမလည်နိုင်သလို မေးလာလေသည် ။

" ဟုတ်တယ်... လူကြီးတွေ ဖြစ်နေတာကြောင့်ပဲ...  ဘာလို့လဲ ဆိုတော့ လူကြီးတွေက သူတို့မှားတယ်ဆိုတာကို ဝန်ခံဖို့ ပိုပြီး သတ္တိ မွေးကြရလို့ပဲ  ... "

" ... "

" ဒါပေမယ့် ကိုယ့်မာနထက် ပိုပြီး  အရေးကြီးတဲ့အရာတွေကို မဆုံးရှုံးချင်တဲ့ အခါမှာ ဆိုရင်တော့ လူကြီးတွေလည်း တောင်းပန်တတ်ကြပါတယ် Cecil... "

" အင်း... သိပါပြီ... Edd... Cecil အိပ်ချင်ပြီ ... "

ကျွန်တော်ပြောသော စကားတို့က ကလေးတစ်ယောက်အတွက် ပျင်းစရာကောင်းသွားသောကြောင့် ဖြစ်ပေလိမ့်မည် ။

ကျွန်တော် Cecil လေးကို အိပ်ယာပေါ် သိပ်ပေးဖို့ ချီလိုက်သည် ။

" သူတို့ စကားပြောတာ ကြာဦးမယ်ထင်တယ်  ... ဦးဦး အခန်းမှာ  အိပ်မလား... "

" ယေး... ကောင်းတယ်... သမီး Edd ရဲ့ ကြောင်လေး Empa ကို ဖက်ပြီး အိပ်မယ်... "

( T/N... နောက်တစ်ပိုင်းဆို ဇာတ်သိမ်းပါပြီ... ဒါလေးပြီးရင် Yours To Claim လေးကို ဆက်ပြန်ပါမယ်... YTC မှာ ဆက်ဆုံကြမယ်နော်  ....
ဒီ နှစ်လကျော်အတွင်း ကိုယ်နဲ့အတူ WOW ကို Ongoing မှာ အတူ စီးမျောခံစားပေးကြတဲ့ သူတွေအားလုံးကို တကယ်ပဲ ကျေးဇူးတင်ပါတယ်... )

Continue Reading

You'll Also Like

42.4K 2.7K 42
လောကမှာအလိုအပ်ဆုံးက အချစ်တဲ့လား ရယ်ချင်လိုက်တာ.... အချစ်ကဘာမှလုပ်လို့မှမရတာ.... ဘာလို့လိုအပ်မှာလဲ (Zaw+Uni) ေလာကမွာအလိုအပ္ဆုံးက အခ်စ္တဲ့လား ရယ္ခ်င္လ...
170K 17.9K 34
သွေးလိုနီတဲ့ မင်္ဂလာဝတ်ရုံက သွေးသားတွေကို စားသောက်ရတာ နှစ်သက်တယ် ထိုဝတ်ရုံကို ဝတ်ဆင်ကာ ယစ်ပူဇော်ခံနေရတယ်.... မဖြစ်နိုင်ဘူး ယခုသူ့အလှည့်ကျလာခဲ့ပြီသူ...
16K 1.1K 76
အရင် acc @Matainyu မှာ up ထားတဲ့အပုဒ်ပါ။ စာလုံးပေါင်းသတ်ပုံစစ်ရင်း တစ်ပိုင်းချင်းပြန် up သွားပါမယ်။ #Chanbaek #One_One
4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...