ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာ...

By BI_BI_DAA

360K 64K 1.4K

This is just a fan translation.I don't own this novel.All Credit to Original Author & Eng Translator \^•^/ Ti... More

Description
[1]
[2]
[3]
[4]
[5]
[6]
[7]
[8]
[9]
[10]
[11]
[12]
[13]
[14]
[15]
[16]
[17]
[18]
[19]
[20]
[21.1]
[21.2]
[22.1]
[22.2]
[23.1]
[24.1]
[24.2]
[25.1]
[25.2]
[26.1]
[26.2]
[27.1]
[27.2]
[28.1]
[28.2]
[29.1]
[29.2]
[30.1]
[30.2]
[31.1]
[31.2]
[32.1]
[32.2]
[33.1]
[33.2]
[34.1]
[34.2]
[35.1]
[35.2]
[36.1]
[36.2]
[37.1]
[37.2]
[38.1]
[38.2]
[39]
[40]
[41]
[42]
[43]
[44]
[45]
[46]
[47]
[48]
[49.1]
[49.2]
[49.3]
[50]
[51]
[52]
[53.1]
[53.2]
[53.3]
[53.4]
[53.5]
[54]
[55]
[56]
[57]
[58]
[59]
[60]
[61]
[62]
[63]
[64]
[65]
[66]
[67]
[68]
[69]
[70]
[71]
[72]
[73]
[74]
[75]
[76]
[77]
[78]
[79]
[80]
[81]
[82]
[83]
[84]
[85]
[86]
[87]
[88]
[89]
[90]
[91]
[92]
[93]
[94]
[95]
[96]
[97]
EXTRA-1
EXTRA-2
EXTRA-3
EXTRA-4
EXTRA-5
EXTRA-6
EXTRA-7
EXTRA-8
EXTRA-9
EXTRA-10
EXTRA-11
EXTRA-12
EXTRA-13[END]

[23.2]

3K 638 10
By BI_BI_DAA

[Unicode]

ချိုသာသည့်စကားလုံး​တွေနှင့် အရူးတစ်​ယောက်


မုချိုး မနာလိုဖြစ်​နေရသော်လည်း တစ်ချက်​တော့ ဝင်ပြောလိုက်သေးသည်။ "ဇာတ်လိုက်မင်းသားတွေက ရုပ်ရှင်တော်​တော်များများမှာ လူဆိုးအဖြစ် ပြောင်းသွားကြတာပဲ,မဆန်းပါဘူး"

အချက်အလက်​တွေကသာ ကြုံရာကျပန်းစကား​တွေကို အနိုင်ရနိုင်တယ် !

"မင်းမှား​နေပြီ " အိုးရန်လုံ ခေါင်းကို ခါယမ်းလိုက်ရင်း " အဓိကဇာတ်လိုက်​တွေက တကယ်​တော့ လူဆိုး​တွေမဟုတ်ပါဘူး။ သူတို့မှာ နောက်​ကြောင်း​တွေ​ကြောင့် ချောင်ပိတ်မိ​နေရပြီး​တော့ လူဆိုးအဖြစ်ကို ပြောင်းသွားရတာ "

"ကျွန်တော်က ဒါရိုက်တာအိုးရန်ကို ဒီ​လောက်နားလည်မယ် ဆိုတာကို​ မ​တွေးမိခဲ့ဘူး" ကျုံးလီဖုန်းပိုင်က သူ့ကို လက်နှစ်ဖက်ဖြင့် လိပ်စာကဒ်​လေး​ ပေးလိုက်ကာ "အချိန်ရမယ်ဆိုရင် လက်ဖက်ရည်​ အတူတူ​သောက်ဖို့ မျှော်လင့်ပါတယ်ဗျာ"

မုချိုး လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး သူ့မျက်လုံးများဖြင့် အိုးရန်လုံကို သတိလှမ်း​ပေး​နေသည်။

သူငယ်ချင်းရဲ့ဇနီးကို!မခိုးယူ!သင့်ဘူးကွ!

"ဒါ​ပေါ့ဗျာ" အိုးရန်လုံက ဥက္ကဋ္ဌမုကို လုံးလုံး လျစ်လျူရှုထားလိုက်ပြီး ယဥ်​ကျေးစွာဖြင့် ကျုံးလီဖုန်းပိုင်နဲ့ လိပ်စာကဒ်တွေ လဲလိုက်သည်။ " ကျွန်​တော်လည်း ဒါရိုက်တာကျုံးကို Gold Lotusဆု ထပ်ရပါ​စေလို့ တကယ် မျှော်လင့်ပါတယ် "

"ပ​လော့​ကောင်း​တွေထွက်လာရင် ကျွန်တော် ထပ်ဆွေး​နွေးချင်ပါတယ်,ကျေးဇူးတင်ပါတယ်"

ကျုံးလီဖုန်းပိုင် မတ်တပ်ရပ်လိုက်ပြီး သာမန်သ​ဘောဖြင့် သူ့ကို လှမ်းဖက်လိုက်​သော်လည်း မုချိုးက အတင်းအကြပ်ကို လိုက်ဖျက်​နေသည့်အတွက် အရှုံးပေးလိုက်ရသည်။

သူ့တို့တွေက!

အလုပ်ရှုပ်တဲ့​သူ​တွေ!

ဒါပေမယ့်စဉ်းစားတွေးခေါ်မှု ကွာဟချက်တွေကို!

ကျော်ဖြတ်ဖို့မဖြစ်နိုင်ပါဘူး!

စကားလုံး​တွေနဲ့ ဖော်ပြလို့မရနိုင်တဲ့ စိုးရိမ်မှုက!

မီးခိုး​​ငွေ​တွေလို ဘေးနံရံမှာ ထူထဲ​နေ​လေရဲ့!

လေထဲမှာနဲ့!

ပြီး​တော့!

နှလုံးသားရဲ့ အနက်ရှိုင်းဆုံး တ​​နေရာမှာ​ပေါ့!

တစ်ဖက်မှာလည်း ဆုနိုတစ်ယောက် မိတ်ကပ်ပြင်ပြီးချိန်မှာ ကျုံးလီဖုန်းပိုင်က နောက်တစ်ခန်းအတွက် ရိုက်ကူး​ရေး​ကို ယာယီ ဖျက်သိမ်းလိုက်ပြီးတော့ ထပ်မံရိုက်ကူးမယ့်ရက်ကို​တော့ မတည်မပြုရ​သေးကြောင်း
အလျင်အမြန် လာ​ပြော​လေသည်။ 

ဆုနို ကြားကြားခြင်းမှာပဲ ဒေါသ​တွေထွက်ပြီး "ငါ့အချိန်​​တွေက တန်ဖိုးရှိတယ်"ဆိုပြီး အော်ပစ်လိုက်ချင်သည်။

ဒါပေမယ့် ဘေးပတ်လည်မှာ သူစိမ်း​တွေ အများကြီးရှိ​နေတဲ့အတွက် ကုန်းမြင်​ပေါ်ကပန်းပွင့်​ငယ်​လေးလို သိမ်သိမ်​မွေ့​မွေ့ဖြင့် မေးလိုက်သည်။ "ဘာလို့လဲ?"
 
ကျုံးလီဖုန်းပိုင်က "ဇာတ်ညွှန်းကို ပိုပြီး နည်းလမ်းတကျဖြစ်သွား​အောင် ပြောင်းချင်လို့"
ဆုနို စိတ်ထဲ၌ အော်ဟစ်​နေသည်မှာပင် ရပ်တန့်သွားရသည်။

'ဇာတ်ညွှန်းက နည်းလမ်းမကျဘူးဆိုရင် ငါ့ကို လာရိုက်ဖို့ ဘာလို့ ကမ်းလှမ်းခဲ့ရတာလဲ? ဒီလို မယုံနိုင်စရာ​ကောင်းတဲ့ ဒါရိုက်တာမျိုး ရှိ​သေးတာလား? Golden lotus ဆုကိုလည်း ငွေနဲ့ ဝယ်ထားတာပဲ ဖြစ်ရမယ် ဟုတ်တယ်မလား? သူ ဒီလိုဒါရိုက်တာမျိုးနဲ့ ဘာလို့သိ​နေရတာလဲ?'

သူ မ​ကျေနပ်​သော်လည်း ဒါရိုက်တာက ရိုက်ကူး​ရေး​နေရာမှာ အဓိကကျတဲ့သူတစ်​ယောက်ဖြစ်တာမို့ ဆုနိုက မကျေမနပ်ဖြင့်သာ လက်ခံရ​တော့သည်။ သူ့မိတ်ကပ်​တွေကို ဖျက်လိုက်ပြီး ကောင်းတဲ့ အစားအ​သောက်​လေး​တွေ သွားစားဖို့ အစီအစဉ်ဆွဲလိုက်သည်။

"အိမ်ပြန်ပြီး သွားစားရ​အောင် စားပြီးရင်​တော့ ခဏ​လောက်နားလိုက် ညကျရင် ညစာစားပွဲ တစ်ခုတက်ရမယ် "

"ဘာပွဲ? " ဆုနိုက သူ့ရဲ့ အလုပ်အချိန်ဇယားကို အမြဲလိုလို မသိ​ပေ။

“Ren Rui ရဲ့ ဆိုင်သစ်ဖွင့်ပွဲ အခမ်းအနား"  အိုးရန်လုံ မိတ်ကပ်ခန်းထဲကို ဝင်လာရင်းဖြင့် မန်​နေဂျာကိုယ်စား ဖြေ​ပေးလိုက်သည်။

“အော်..” ဆုနို စိတ်ညစ်သွားရသည်။"ကျွန်တော် သွားဖို့လိုလား?"

" ဒါ​ပေါ့ မင်း သွားရမှာ​ပေါ့ "

အိုးရန်လုံရဲ့ မျက်နှာအမူအယာက လေး​လေးနက်နက်ဖြင့် "မင်းက ကိုယ်တို့ ရှော့ပင်းမဂ္ဂဇင်းရဲ့ မော်ဒယ်တစ်​ယောက်​လေ "

"ဒါဆိုရင် ချိုးကျီယန်လည်း လာမှာ​လား?" ဆုနို ဆက်​မေးလိုက်သည်။

မစ္စတာဒါရိုက်တာရဲ့ဘော​တွေက ခံစားလို့မ​ကောင်း​တော့​ပေ။ ဒါ​ပေမယ့် သူ အမူအယာကို ထုတ်မပြဘဲ " မင်း သူ့ကို မ​တွေ့ချင်လို့လား?"

"...တကယ်​တော့ ကျွန်​တော်အတွက် ကိစ္စမရှိပါဘူး"

ဆုနို မေးရိုးနားကို ကုတ်လိုက်ပြီး သူ့ကို လေးစား
သ​ဘောကျတယ်ဆိုတဲ့အချက်ကို ဖုံးကွယ်ဖို့ဆုံးဖြတ်လိုက်သည်။

Abs မန်းက မိန်းမလို ဝတ်ဆင်တဲ့ သူတစ်​ယောက်!Abs မန်းက မိန်းမလို ဝတ်ဆင်တဲ့ သူတစ်​ယောက်!
Abs မန်းက မိန်းမလို ဝတ်ဆင်တဲ့ သူတစ်​ယောက်!Abs မန်းက မိန်းမလို ဝတ်ဆင်တဲ့ သူတစ်​ယောက်!

အကြိမ်အနည်းငယ်​လောက် ရေရွတ်လိုက်မှ မော်ဒယ်ဆုသည် ချက်ချင်းပင် နေလို့ထိုင်လို့ကောင်းသွားသည်ဟုခံစားလိုက်ရသည်။

"ဒါဆိုရင် ကျွန်တော်တို့ အရင်သွားလိုက်ပါအုံးမယ်။ ညကျမှ တွေ့ကျတာ​ပေါ့  " ဒိုင်အန်း အိုးရန်လုံကို နှုတ်ဆက်လိုက်သည်။

"ညကျမှ တွေ့ကျတာ​ပေါ့" အိုးရန်လုံ ကြင်နာစွာ ပြောလိုက်သော်လည်း ဆုနိုကဖြင့် သတိမထားမိပေ။

သူက ထပ်တင်ထားသည့် ကြွက်သား​တွေပြထားသည့် ပုံအောက်တွင် သူ့ရဲ့ အ​ကောင့်တုကို သုံးရင်းဖြင့် သွားဆဲ​နေခြင်းဖြစ်ကာ သူအရမ်းကိုလည်း စိတ်လှုပ်ရှားနေသည်။

"လမ်း​လျှောက်ရင်း ဖုန်းမသုံးရဘူး။အဲ့ဒါ မင်းမျက်လုံးအတွက်လည်း မ​ကောင်းဘူး။ ပြီး​တော့လည်း ချော်လဲလိမ့်မယ် "အိုးရန်လုံ သူ့ဖုန်းကို ယူလိုက်ပြီး သူ့ရဲ့ အင်္ကျီအိတ်ကပ်ထဲကို ထည့်ပေးလိုက်သည်။

သူက မအားလပ်တဲ့လူတစ်ယောက်ဖြစ်နေရင်တောင် ... ဒါပေမယ့်လည်း သူက လူကောင်းကဒ်တစ်ဝက်လောက်နဲ့​တော့ ထိုက်တန်ပါတယ်!

ဆုနို သူ့ကိုလက်ဆွဲနှုတ်ဆက်လိုက်ပြီး မန်နေဂျာနှင့်အတူကားပါကင်ကို သွားခဲ့သည်။

မစ္စတာဒါရိုက်တာက သူ့နောက်ကျောကိုကြည့်ပြီး ခေါင်းကိုက်လာရသည်။
တစ်စုံတစ်ယောက်က ဘာလို့ ဒီလောက်တောင် တုံးအ,နိုင်ရတာလဲ?

"ကိုယ် ဒီညမင်းအိမ်ကို တကယ်လိုက်လို့ မရဘူးလား?" မုချိုးက ကျုံးလီဖုန်းပိုင်ရဲ့နောက်ကို တ​ကောက်​ကောက်လိုက်​နေပြီး ခွာချလို့မရသည့် အိမ်​မွေးတိရိစ္ဆာန်အ​ကောင်ကြီးနဲ့ တူလှသည်။

"မရဘူး!" ဒါရိုက်တာကျုံးက ယတိပြတ်ပင် !

"ကိုယ် ဂျာမန်ရဲ့ရုပ်ရှင်သမိုင်းကိုကြည့်ဖို့ သုံးညလုံးလုံး အချိန်ယူနေခဲ့ရတယ်" မုချိုးရဲ့မျက်လုံးထဲတွင် မျက်ရည်များဖြင့်ဝဲ​နေကာ အ​လေးနက်ထားပြောလိုက်သည်။

"အဲ့ဒီ​တော့ ဘာဖြစ်လဲ?" ကျုံးလီဖုန်းပိုင် ပြန်​မေးလိုက်သည်။

"ကိုယ်နဲ့ စကား​ပြောဖို့ မလိုလားဘူးလား? မုချိုးရဲ့မျက်လုံးများထက် ရိုးသားမှုတွေအပြည့်ဖြင့် မေးလိုက်သည်။

"လုံးဝ မလိုလားဘူး "ကျုံးလီဖုန်းပိုင် တည့်ပင် ပြောလိုက်သည်။ "ဒီည ဇာတ်ညွှန်းရေးဆရာနဲ့ ချိန်းထားတယ် ကျွန်​တော်အလုပ်ကို လာမ​နှောက်ယှက်နဲ့ "

မုချိုး ကားတံခါးကို မလိုလားသည့်ပုံစံဖြင် ပြန်ဖွင့်​ပေးလိုက်ပြီး "ကိုယ် မနက်ဖြန်ကျရင် ဖုန်း​ခေါ်လိုက်မယ်​နော် "

ကျုံးလီဖုန်းပိုင်က အေးစက်စွာဖြင့် အရှိန်မြန်မြန်ဖြင့် ထွက်သွားလိုက်ပြီး ဥက္ကဌမုကို နောက်မှာချန်ရစ်ခဲ့လိုက်သည်။

ရက်စက်လိုက်တာ!

အိုးရန်လုံ ကားပါကင်ထဲကို ဝင်လာသည်နှင့် ထို မြင်ကွင်းကို မြင်လိုက်ရပြီး တစ်ဖက်လူရဲ့ပုခုံးကို အလွန်သနား​နေသည့်ပုံစံဖြင့် ပုတ်​ပေးလိုက်သည်။

"မင်း ငါ့ကိုဘယ်လိုပုံစံနဲ့ ကြည့်နေတာလဲ?"
မုချိုး၏မျက်နှာမှာ မနာလိုမှုများနှင့် ပြည့်နေသည်။
"မင်း ငါ့ထက် အ​ခြေအ​နေအများကြီး ပိုမကောင်းနိုင်ပါဘူး!"

အိုးရန်လုံသည် အလွန်တည်ငြိမ်စွာဖြင့် "ဒီလိုကိစ္စမျိုးတွေဆိုတာ အလျင်စလိုလုပ်လို့မရဘူး"

"အနည်းဆုံးတော့ ဒါရိုက်တာကျုံးက ငါသူ့ကိုကြိုက်နေပြီဆိုတာသိတယ်ကွ!" မုချိုးက စပယ်ရှယ် လှောင်ပြောင်ခဲ့သည်။

"မင်းလူ​လေးက​တော့ ဘာမှမသိရသေးဘူးမလား!" 
တစ်ဖက်သတ်ကြိုက်​နေရတဲ့ အသက် ၃၀ အရွယ်ကြီးဖြစ်​နေတဲ့ မင်းကို လှောင်ရတာ​တောင် သနားလာပြီ hahahaha!

"မင်း ပြောချင်ရာ​ပြော ” အိုးရန်လုံ ကားတံခါးကိုဆွဲဖွင့်လိုက်ပြီး ကားကို ဥက္ကဌမုဆီ ဦးတည်မောင်းလာခဲ့သည်။

ဖာ့ခ်!

မုချိုးရဲ့မျက်နှာမှာ ဖြူ​ဖျော့သွားရသည်။

ဒီစကားလုံးလေး​တွေ​ကြောင့်​တော့ သူ့ကို တိုက်မ​ပြေးသွား​လောက်ဘူးမလား?

ကားက အရှိန်ဖြင့် ရေအိုင်ကို ဖြတ်မောင်းလိုက်ကာ ဥက္ကဌမုရဲ့အ​ရောင်​ဖျော့ ဝတ်စုံကို ပြောက်ကျား​ဘောင်းဘီ ဖြစ်သွား​အောင် အောင်မြင်စွာ လုပ်လိုက်နိုင်ခဲ့လေသည်။

"အိုးရန်လုံ!!!!!” မုချိုး ကျယ်​လောင်စွာ အော်ဟစ်လိုက်သည်။

မစ္စတာဒါရိုက်တာက  CDချပ်ကိုဖွင့်လိုက်ကာ, သူ အလွန်စိတ်သက်သာရာရသွားပြီး သူရဲ့အပြုံးတွေက​တော့ တကယ့်ကို အရှက်မဲ့လွန်းသည်။

ဒါကြောင့် လူတစ်ယောက်ရဲ့မာနကို ..... အမှတ်တမဲ့ တိုက်ခိုက်လို့မရဘူးလို့ ပြောကြတာပဲ!

▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤

[Zawgyi]

ခ်ိဳသာသည့္စကားလုံး​ေတြႏွင့္ အ႐ူးတစ္​ေယာက္

မုခ်ိဳး မနာလိုျဖစ္​ေနရေသာ္လည္း တစ္ခ်က္​ေတာ့ ဝင္ေျပာလိုက္ေသးသည္။ "ဇာတ္လိုက္မင္းသားေတြက ႐ုပ္႐ွင္ေတာ္​ေတာ္မ်ားမ်ားမွာ လူဆိုးအျဖစ္ ေျပာင္းသြားၾကတာပဲ,မဆန္းပါဘူး"

အခ်က္အလက္​ေတြကသာ ၾကဳံရာက်ပန္းစကား​ေတြကို အႏိုင္ရႏိုင္တယ္ !

"မင္းမွား​ေနၿပီ " အိုးရန္လုံ ေခါင္းကို ခါယမ္းလိုက္ရင္း " အဓိကဇာတ္လိုက္​ေတြက တကယ္​ေတာ့ လူဆိုး​ေတြမဟုတ္ပါဘူး။ သူတို႔မွာ ေနာက္​ေၾကာင္း​ေတြ​ေၾကာင့္ ေခ်ာင္ပိတ္မိ​ေနရၿပီး​ေတာ့ လူဆိုးအျဖစ္ကို ေျပာင္းသြားရတာ "

"ကြၽန္ေတာ္က ဒါ႐ိုက္တာအိုးရန္ကို ဒီ​ေလာက္နားလည္မယ္ ဆိုတာကို​ မ​ေတြးမိခဲ့ဘူး" က်ံဳးလီဖုန္းပိုင္က သူ႕ကို လက္ႏွစ္ဖက္ျဖင့္ လိပ္စာကဒ္​ေလး​ ေပးလိုက္ကာ "အခ်ိန္ရမယ္ဆိုရင္ လက္ဖက္ရည္​ အတူတူ​ေသာက္ဖို႔ ေမွ်ာ္လင့္ပါတယ္ဗ်ာ"

မုခ်ိဳး လက္သီးကို တင္းတင္းဆုပ္လိုက္ၿပီး သူ႕မ်က္လုံးမ်ားျဖင့္ အိုးရန္လုံကို သတိလွမ္း​ေပး​ေနသည္။

သူငယ္ခ်င္းရဲ႕ဇနီးကို!မခိုးယူ!သင့္ဘူးကြ!

"ဒါ​ေပါ့ဗ်ာ" အိုးရန္လုံက ဥကၠ႒မုကို လုံးလုံး လ်စ္လ်ဴ႐ႈထားလိုက္ၿပီး ယဥ္​ေက်းစြာျဖင့္ က်ံဳးလီဖုန္းပိုင္နဲ႔ လိပ္စာကဒ္ေတြ လဲလိုက္သည္။ " ကြၽန္​ေတာ္လည္း ဒါ႐ိုက္တာက်ံဳးကို Gold Lotusဆု ထပ္ရပါ​ေစလို႔ တကယ္ ေမွ်ာ္လင့္ပါတယ္ "

"ပ​ေလာ့​ေကာင္း​ေတြထြက္လာရင္ ကြၽန္ေတာ္ ထပ္ေဆြး​ေႏြးခ်င္ပါတယ္,ေက်းဇူးတင္ပါတယ္"

က်ံဳးလီဖုန္းပိုင္ မတ္တပ္ရပ္လိုက္ၿပီး သာမန္သ​ေဘာျဖင့္ သူ႕ကို လွမ္းဖက္လိုက္​ေသာ္လည္း မုခ်ိဳးက အတင္းအၾကပ္ကို လိုက္ဖ်က္​ေနသည့္အတြက္ အ႐ႈံးေပးလိုက္ရသည္။

သူ႕တို႔ေတြက!

အလုပ္႐ႈပ္တဲ့​သူ​ေတြ!

ဒါေပမယ့္စဥ္းစားေတြးေခၚမႈ ကြာဟခ်က္ေတြကို!

ေက်ာ္ျဖတ္ဖို႔မျဖစ္ႏိုင္ပါဘူး!

စကားလုံး​ေတြနဲ႔ ေဖာ္ျပလို႔မရႏိုင္တဲ့ စိုးရိမ္မႈက!

မီးခိုး​​ေငြ​ေတြလို ေဘးနံရံမွာ ထူထဲ​ေန​ေလရဲ႕!

ေလထဲမွာနဲ႔!

ၿပီး​ေတာ့!

ႏွလုံးသားရဲ႕ အနက္႐ိႈင္းဆုံး တ​​ေနရာမွာ​ေပါ့!

တစ္ဖက္မွာလည္း ဆုႏိုတစ္ေယာက္ မိတ္ကပ္ျပင္ၿပီးခ်ိန္မွာ က်ံဳးလီဖုန္းပိုင္က ေနာက္တစ္ခန္းအတြက္ ႐ိုက္ကူး​ေရး​ကို ယာယီ ဖ်က္သိမ္းလိုက္ၿပီးေတာ့ ထပ္မံ႐ိုက္ကူးမယ့္ရက္ကို​ေတာ့ မတည္မျပဳရ​ေသးေၾကာင္း
အလ်င္အျမန္ လာ​ေျပာ​ေလသည္။ 

ဆုႏို ၾကားၾကားျခင္းမွာပဲ ေဒါသ​ေတြထြက္ၿပီး "ငါ့အခ်ိန္​​ေတြက တန္ဖိုး႐ွိတယ္"ဆိုၿပီး ေအာ္ပစ္လိုက္ခ်င္သည္။

ဒါေပမယ့္ ေဘးပတ္လည္မွာ သူစိမ္း​ေတြ အမ်ားႀကီး႐ွိ​ေနတဲ့အတြက္ ကုန္းျမင္​ေပၚကပန္းပြင့္​ငယ္​ေလးလို သိမ္သိမ္​ေမြ႕​ေမြ႕ျဖင့္ ေမးလိုက္သည္။ "ဘာလို႔လဲ?"
 
က်ံဳးလီဖုန္းပိုင္က "ဇာတ္ၫႊန္းကို ပိုၿပီး နည္းလမ္းတက်ျဖစ္သြား​ေအာင္ ေျပာင္းခ်င္လို႔"
ဆုႏို စိတ္ထဲ၌ ေအာ္ဟစ္​ေနသည္မွာပင္ ရပ္တန္႔သြားရသည္။

'ဇာတ္ၫႊန္းက နည္းလမ္းမက်ဘူးဆိုရင္ ငါ့ကို လာ႐ိုက္ဖို႔ ဘာလို႔ ကမ္းလွမ္းခဲ့ရတာလဲ? ဒီလို မယုံႏိုင္စရာ​ေကာင္းတဲ့ ဒါ႐ိုက္တာမ်ိဳး ႐ွိ​ေသးတာလား? Golden lotus ဆုကိုလည္း ေငြနဲ႔ ဝယ္ထားတာပဲ ျဖစ္ရမယ္ ဟုတ္တယ္မလား? သူ ဒီလိုဒါ႐ိုက္တာမ်ိဳးနဲ႔ ဘာလို႔သိ​ေနရတာလဲ?'

သူ မ​ေက်နပ္​ေသာ္လည္း ဒါ႐ိုက္တာက ႐ိုက္ကူး​ေရး​ေနရာမွာ အဓိကက်တဲ့သူတစ္​ေယာက္ျဖစ္တာမို႔ ဆုႏိုက မေက်မနပ္ျဖင့္သာ လက္ခံရ​ေတာ့သည္။ သူ႕မိတ္ကပ္​ေတြကို ဖ်က္လိုက္ၿပီး ေကာင္းတဲ့ အစားအ​ေသာက္​ေလး​ေတြ သြားစားဖို႔ အစီအစဥ္ဆြဲလိုက္သည္။

"အိမ္ျပန္ၿပီး သြားစားရ​ေအာင္ စားၿပီးရင္​ေတာ့ ခဏ​ေလာက္နားလိုက္ ညက်ရင္ ညစာစားပြဲ တစ္ခုတက္ရမယ္ "

"ဘာပြဲ? " ဆုႏိုက သူ႕ရဲ႕ အလုပ္အခ်ိန္ဇယားကို အၿမဲလိုလို မသိ​ေပ။

“Ren Rui ရဲ႕ ဆိုင္သစ္ဖြင့္ပြဲ အခမ္းအနား"  အိုးရန္လုံ မိတ္ကပ္ခန္းထဲကို ဝင္လာရင္းျဖင့္ မန္​ေနဂ်ာကိုယ္စား ေျဖ​ေပးလိုက္သည္။

“ေအာ္..” ဆုႏို စိတ္ညစ္သြားရသည္။"ကြၽန္ေတာ္ သြားဖို႔လိုလား?"

" ဒါ​ေပါ့ မင္း သြားရမွာ​ေပါ့ "

အိုးရန္လုံရဲ႕ မ်က္ႏွာအမူအယာက ေလး​ေလးနက္နက္ျဖင့္ "မင္းက ကိုယ္တို႔ ေ႐ွာ့ပင္းမဂၢဇင္းရဲ႕ ေမာ္ဒယ္တစ္​ေယာက္​ေလ "

"ဒါဆိုရင္ ခ်ိဳးက်ီယန္လည္း လာမွာ​လား?" ဆုႏို ဆက္​ေမးလိုက္သည္။

မစၥတာဒါ႐ိုက္တာရဲ႕ေဘာ​ေတြက ခံစားလို႔မ​ေကာင္း​ေတာ့​ေပ။ ဒါ​ေပမယ့္ သူ အမူအယာကို ထုတ္မျပဘဲ " မင္း သူ႕ကို မ​ေတြ႕ခ်င္လို႔လား?"

"...တကယ္​ေတာ့ ကြၽန္​ေတာ္အတြက္ ကိစၥမ႐ွိပါဘူး"

ဆုႏို ေမး႐ိုးနားကို ကုတ္လိုက္ၿပီး သူ႕ကို ေလးစား
သ​ေဘာက်တယ္ဆိုတဲ့အခ်က္ကို ဖုံးကြယ္ဖို႔ဆုံးျဖတ္လိုက္သည္။

Abs မန္းက မိန္းမလို ဝတ္ဆင္တဲ့ သူတစ္​ေယာက္!Abs မန္းက မိန္းမလို ဝတ္ဆင္တဲ့ သူတစ္​ေယာက္!
Abs မန္းက မိန္းမလို ဝတ္ဆင္တဲ့ သူတစ္​ေယာက္!Abs မန္းက မိန္းမလို ဝတ္ဆင္တဲ့ သူတစ္​ေယာက္!

အႀကိမ္အနည္းငယ္​ေလာက္ ေရ႐ြတ္လိုက္မွ ေမာ္ဒယ္ဆုသည္ ခ်က္ခ်င္းပင္ ေနလို႔ထိုင္လို႔ေကာင္းသြားသည္ဟုခံစားလိုက္ရသည္။

"ဒါဆိုရင္ ကြၽန္ေတာ္တို႔ အရင္သြားလိုက္ပါအုံးမယ္။ ညက်မွ ေတြ႕က်တာ​ေပါ့  " ဒိုင္အန္း အိုးရန္လုံကို ႏႈတ္ဆက္လိုက္သည္။

"ညက်မွ ေတြ႕က်တာ​ေပါ့" အိုးရန္လုံ ၾကင္နာစြာ ေျပာလိုက္ေသာ္လည္း ဆုႏိုကျဖင့္ သတိမထားမိေပ။

သူက ထပ္တင္ထားသည့္ ႂကြက္သား​ေတြျပထားသည့္ ပုံေအာက္တြင္ သူ႕ရဲ႕ အ​ေကာင့္တုကို သုံးရင္းျဖင့္ သြားဆဲ​ေနျခင္းျဖစ္ကာ သူအရမ္းကိုလည္း စိတ္လႈပ္႐ွားေနသည္။

"လမ္း​ေလွ်ာက္ရင္း ဖုန္းမသုံးရဘူး။အဲ့ဒါ မင္းမ်က္လုံးအတြက္လည္း မ​ေကာင္းဘူး။ ၿပီး​ေတာ့လည္း ေခ်ာ္လဲလိမ့္မယ္ "အိုးရန္လုံ သူ႕ဖုန္းကို ယူလိုက္ၿပီး သူ႕ရဲ႕ အက်ႌအိတ္ကပ္ထဲကို ထည့္ေပးလိုက္သည္။

သူက မအားလပ္တဲ့လူတစ္ေယာက္ျဖစ္ေနရင္ေတာင္ ... ဒါေပမယ့္လည္း သူက လူေကာင္းကဒ္တစ္ဝက္ေလာက္နဲ႔​ေတာ့ ထိုက္တန္ပါတယ္!

ဆုႏို သူ႕ကိုလက္ဆြဲႏႈတ္ဆက္လိုက္ၿပီး မန္ေနဂ်ာႏွင့္အတူကားပါကင္ကို သြားခဲ့သည္။

မစၥတာဒါ႐ိုက္တာက သူ႕ေနာက္ေက်ာကိုၾကည့္ၿပီး ေခါင္းကိုက္လာရသည္။
တစ္စုံတစ္ေယာက္က ဘာလို႔ ဒီေလာက္ေတာင္ တုံးအ,ႏိုင္ရတာလဲ?

"ကိုယ္ ဒီညမင္းအိမ္ကို တကယ္လိုက္လို႔ မရဘူးလား?" မုခ်ိဳးက က်ံဳးလီဖုန္းပိုင္ရဲ႕ေနာက္ကို တ​ေကာက္​ေကာက္လိုက္​ေနၿပီး ခြာခ်လို႔မရသည့္ အိမ္​ေမြးတိရိစၧာန္အ​ေကာင္ႀကီးနဲ႔ တူလွသည္။

"မရဘူး!" ဒါ႐ိုက္တာက်ံဳးက ယတိျပတ္ပင္ !

"ကိုယ္ ဂ်ာမန္ရဲ႕႐ုပ္႐ွင္သမိုင္းကိုၾကည့္ဖို႔ သုံးညလုံးလုံး အခ်ိန္ယူေနခဲ့ရတယ္" မုခ်ိဳးရဲ႕မ်က္လုံးထဲတြင္ မ်က္ရည္မ်ားျဖင့္ဝဲ​ေနကာ အ​ေလးနက္ထားေျပာလိုက္သည္။

"အဲ့ဒီ​ေတာ့ ဘာျဖစ္လဲ?" က်ံဳးလီဖုန္းပိုင္ ျပန္​ေမးလိုက္သည္။

"ကိုယ္နဲ႔ စကား​ေျပာဖို႔ မလိုလားဘူးလား? မုခ်ိဳးရဲ႕မ်က္လုံးမ်ားထက္ ႐ိုးသားမႈေတြအျပည့္ျဖင့္ ေမးလိုက္သည္။

"လုံးဝ မလိုလားဘူး "က်ံဳးလီဖုန္းပိုင္ တည့္ပင္ ေျပာလိုက္သည္။ "ဒီည ဇာတ္ၫႊန္းေရးဆရာနဲ႔ ခ်ိန္းထားတယ္ ကြၽန္​ေတာ္အလုပ္ကို လာမ​ေႏွာက္ယွက္နဲ႔ "

မုခ်ိဳး ကားတံခါးကို မလိုလားသည့္ပုံစံျဖင္ ျပန္ဖြင့္​ေပးလိုက္ၿပီး "ကိုယ္ မနက္ျဖန္က်ရင္ ဖုန္း​ေခၚလိုက္မယ္​ေနာ္ "

က်ံဳးလီဖုန္းပိုင္က ေအးစက္စြာျဖင့္ အ႐ွိန္ျမန္ျမန္ျဖင့္ ထြက္သြားလိုက္ၿပီး ဥကၠဌမုကို ေနာက္မွာခ်န္ရစ္ခဲ့လိုက္သည္။

ရက္စက္လိုက္တာ!

အိုးရန္လုံ ကားပါကင္ထဲကို ဝင္လာသည္ႏွင့္ ထို ျမင္ကြင္းကို ျမင္လိုက္ရၿပီး တစ္ဖက္လူရဲ႕ပုခုံးကို အလြန္သနား​ေနသည့္ပုံစံျဖင့္ ပုတ္​ေပးလိုက္သည္။

"မင္း ငါ့ကိုဘယ္လိုပုံစံနဲ႔ ၾကည့္ေနတာလဲ?"
မုခ်ိဳး၏မ်က္ႏွာမွာ မနာလိုမႈမ်ားႏွင့္ ျပည့္ေနသည္။
"မင္း ငါ့ထက္ အ​ေျခအ​ေနအမ်ားႀကီး ပိုမေကာင္းႏိုင္ပါဘူး!"

အိုးရန္လုံသည္ အလြန္တည္ၿငိမ္စြာျဖင့္ "ဒီလိုကိစၥမ်ိဳးေတြဆိုတာ အလ်င္စလိုလုပ္လို႔မရဘူး"

"အနည္းဆုံးေတာ့ ဒါ႐ိုက္တာက်ံဳးက ငါသူ႕ကိုႀကိဳက္ေနၿပီဆိုတာသိတယ္ကြ!" မုခ်ိဳးက စပယ္႐ွယ္ ေလွာင္ေျပာင္ခဲ့သည္။

"မင္းလူ​ေလးက​ေတာ့ ဘာမွမသိရေသးဘူးမလား!" 
တစ္ဖက္သတ္ႀကိဳက္​ေနရတဲ့ အသက္ ၃၀ အ႐ြယ္ႀကီးျဖစ္​ေနတဲ့ မင္းကို ေလွာင္ရတာ​ေတာင္ သနားလာၿပီ hahahaha!

"မင္း ေျပာခ်င္ရာ​ေျပာ ” အိုးရန္လုံ ကားတံခါးကိုဆြဲဖြင့္လိုက္ၿပီး ကားကို ဥကၠဌမုဆီ ဦးတည္ေမာင္းလာခဲ့သည္။

ဖာ့ခ္!

မုခ်ိဳးရဲ႕မ်က္ႏွာမွာ ျဖဴ​ေဖ်ာ့သြားရသည္။

ဒီစကားလုံးေလး​ေတြ​ေၾကာင့္​ေတာ့ သူ႕ကို တိုက္မ​ေျပးသြား​ေလာက္ဘူးမလား?

ကားက အ႐ွိန္ျဖင့္ ေရအိုင္ကို ျဖတ္ေမာင္းလိုက္ကာ ဥကၠဌမုရဲ႕အ​ေရာင္​ေဖ်ာ့ ဝတ္စုံကို ေျပာက္က်ား​ေဘာင္းဘီ ျဖစ္သြား​ေအာင္ ေအာင္ျမင္စြာ လုပ္လိုက္ႏိုင္ခဲ့ေလသည္။

"အိုးရန္လုံ!!!!!” မုခ်ိဳး က်ယ္​ေလာင္စြာ ေအာ္ဟစ္လိုက္သည္။

မစၥတာဒါ႐ိုက္တာက  CDခ်ပ္ကိုဖြင့္လိုက္ကာ, သူ အလြန္စိတ္သက္သာရာရသြားၿပီး သူရဲ႕အျပဳံးေတြက​ေတာ့ တကယ့္ကို အ႐ွက္မဲ့လြန္းသည္။

ဒါေၾကာင့္ လူတစ္ေယာက္ရဲ႕မာနကို ..... အမွတ္တမဲ့ တိုက္ခိုက္လို႔မရဘူးလို႔ ေျပာၾကတာပဲ!

Continue Reading

You'll Also Like

599K 99.7K 66
Myanmar translation (ျမန္မာဘာသာျပန္) Genre- comedy, drama, romance, school life, yaoi author- Yu Wu Xiao Tian Bing 雨雾小甜饼 Type- web novel Chapters- 61...
564K 56.5K 85
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
917K 138K 71
▪️Title - Rebirth to become the president omega's wife ▪️Associated name - 重生豪门总裁的O妻 ▪️Original Author - Hanmen Yatou( 寒门丫头) ▪️English Translator(s)...
2.2M 145K 91
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...