[Unicode]
အနုပညာရှင် ဝိညာဥ်နှင့် သိုင်းလောကရဲ့မကောင်းဆိုးဝါးဂိုဏ်း ခေါင်းဆောင်
မိနစ်တွေ,စက္ကန့်တွေ ကြာလာသည်နှင့်အမျှ ကျုံးလီဖုန်းပိုင်သည် သူရဲ့ အနုပညာဆန်တဲ့အတွေးများက ရေပူစမ်းထဲက ရေတွေလိုမျိုး ထွက်လာသည်ဟု ခံစားမိလာသည်။ ထို့ကြောင့် ချက်ချင်းပင် ipadကို ယူလိုက်ပြီး ကုတင်ပေါ်တွင် သူ့ခြေထောက်များကို ဆန့်ထိုင်ကာ သူရဲ့ အတွေးထင်မြင်ချက်တို့ကို ဖွဲ့နွဲ့ခဲ့သည်။
မှောင်မိုက်နေတဲ့ညအလယ်မှာ!
ကြယ်တွေက!
တလက်လက်တောက်ပ ကွန့်မြူးနေ!
ငါက တွေးမိ!
ဘဝရဲ့ အခြေခံအကျဆုံး!
ရသတစ်ခုအကြောင်းကိုပေါ့!
မုချိုး သူ့ဘေးမှာထိုင်နေရင်း နောင်တအကြီးအကျယ်ရနေကာ တကယ်တမ်းတော့ သူက ကျုံးလီဖုန်းပိုင်ကို သန့်ရှင်းသပ်ရပ်တဲ့ ခြံဝင်းကိုခေါ်သွားချင်ခဲ့တာပင်။ အဲ့ဒီနေရာမှာ တံတားတွေ,ကြာပန်းတွေ,မိုးမခပင်တွေနဲ့ လှေငယ်လေးရှိပြီး အရမ်းကို ကဗျာဆန်တဲ့ ပန်းချီကားတစ်ချပ်လို။
လေထုကလည်း ပိုကောင်းလာစေပြီးတော့ သူက
"အချိန်ကုန်မြန်ပြီးတော့ ခဏလေးနဲ့ ပျောက်ကွယ်သွားတယ် (သို့မဟုတ်) ဘဝက တိုတောင်းပြီးတော့ ကြမ်းတမ်းတာမို့ ခဏတော့ ပျော်လိုက်ပါ " အစရှိသည့် စာကြောင်းတွေကိုသုံးပြီး ခံစားချက်တွေ မြင့်တက်လာစေပြီး အိပ်ယာခင်းပေါ်မှာ နူးညံ့သိမ်မွေ့စွာဖြင့် လှဲချလိုက်လို့လည်းရတယ်။
သူ့ရဲ့ စိတ်ကူးစိတ်သန်းက ကောင်းခဲ့ပေမယ့် လက်တွေ့ဘဝကတော့ နာကျင်စရာကောင်းလွန်းပါတယ်!သူတို့နှစ်ယောက်လုံး ထိုခြံဝန်းကို ဖြတ်သွားတော့ ကျုံးလီဖုန်းပိုင်က ရပ်နေပြီး ထွက်ခွာဖို့ ငြင်းဆန်ခဲ့တယ်လေ!
"...ဒီအိမ်က ဟောင်းနေပြီမို့ ကိုယ်တို့ အဲဒါကိုပြန်ပြင်ဆောက်ဖို့ ပြင်ဆင်နေတုန်းရှိသေးတယ်”
မုချိုး သူ့ကိုရှင်းပြလိုက်ကာ "ကြည့်ပါလား ခေါင်မိုးတောင်ပြိုကျနေပြီ"
ကျုံးလီဖုန်းပိုင်ကတော့ သူ့စကားတွေကို မကြားသလိုနေနေလိုက်ရင်း ထိုအိမ်ဘက်ကို ခြေဦးလှည့်လိုက်ပြီး တံခါးကိုတွန်းဖွင့်ကာ ဝင်သွားလိုက်သည်။
လရောင်က ပြိုကျနေတဲ့အမိုးကို ဖြတ်ပြီး အိမ်ထဲမှာရှိနေတဲ့ ကျိုးပဲ့နေတဲ့ပရိဘောဂတွေပေါ်မှာ တောက်ပနေတာက သူ့ကို တကယ်ပဲ စိတ်ဝင်စားစေခဲ့၏။ကျုံးလီဖုန်းပိုင် ချက်ချင်းပင် ရင်ထဲထိသွားရသည်။
ဒီလို ရှေးဆန်တဲ့!
သဘာဝရဲ့ ရိုးစင်းမှုက!
အကုန်လုံးထက်သာ၍!
ခမ်းနားကြီးကျယ်ပေစွ!
"မင်းအဆင်ပြေရဲ့လား?" မုချိုး အံ့သြသွား၏။
သူ့မျက်လုံးတွေက ဘာလို့ ရုတ်တရက်ကြီးနီရဲလာရတာလဲ!
"ကျွန်တော် ဒီမှာနေချင်တယ်," ကျုံးလီဖုန်းပိုင် ပြတ်သားစွာ ပြောလိုက်သည်။
“ဒါပေမယ့် ဒီမှာကုတင်တစ်လုံးမှ မရှိဘူးလေ” မုချိုး ထိုစကားကိုကြားရသောအခါ ကြောင်အသွားသည်။
ဒါပေမယ့် အနုပညာရှင်လူငယ်လေးဖြစ်တဲ့ဒါရိုက်တာကျုံးက အရမ်းကိုခိုင်ခိုင်မာမာပင်!
ဒါကြောင့် ဥက္ကဌမုခင်ဗျာ သက်ပြင်းသာချလိုက်ရပြီး အလုပ်သမားတွေကို ခေါ်လိုက်ကာ နေရာကို နည်းနည်းသန့်ရှင်းခိုင်းလိုက်ပြီး နောက်ဆုံးမှာတော့ ကုတင်တစ်လုံးကိုရွှေ့ခိုင်းလိုက်ရတော့သည်။
"Good night " ကျုံးလီဖုန်းပိုင် ကုတင်ပေါ်မှာ ထိုင်ရင်းဖြင့် အလွန်ကျေနပ်နေလေသည်။
သူက ဘာလို့အစောကြီး Goodnightလို့ပြောရတာလဲ? မုချိုး အရမ်းကို စိတ်ကသိကအောက် ဖြစ်သွားပေမယ့်လည်း ပေါက်ကွဲလို့လည်း မတတ်နိုင်ပေ။
ဒါကြောင့် သူ တိုက်ရိုက်သာ ပြောချလိုက်သည်။
" ကိုယ် မင်းနဲ့ အတူအိပ်ချင်တယ်"
"ဘာ?!" ကျုံးလီဖုန်းပိုင် အံ့သြသွားပြီး သူ့မျက်နှာသည်လည်း ဖြူဖျော့သွားကာ “ မရဘူး!”
“ ဒါက ကိုယ့်နေရာပဲလေ” မုချိုးက လွန်စွာ အရှက်မရှိပေ။
".....ကျွန်တော်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက တစ်ကုတင်ပေါ်မှာ အတူတူအိပ်လို့ရတဲ့အဆင့်နဲ့ အဝေးကြီးပဲ ” ကျုံးလီဖုန်းပိုင်ရဲ့ ဦးရေပြားက ထုံကျင်လာရသည်။
အနည်းဆုံးတော့ ခင်ဗျားရဲ့ နှာဘူးထလွန်းတဲ့နှလုံးသားကို ခင်ဗျားဖင်ထဲသာ ထိုးထည့်ထားလိုက်စမ်းပါ!! ဒီလိုမျိုး တိုက်ရိုက်ကြီး ပြောတာကို တကယ် သည်းမခံနိုင်တော့ဘူး!
"ကိုယ်က တကယ် မင်းနဲ့ ဘဝရဲ့ထင်မြင်ချက်တွေကို ဝေမျှချင်ခဲ့တာပါ " မုချိုး ကုတင်ဘေးမှာထိုင်လိုက်ပြီး "မကြာသေးခင်က ကိုယ်အများကြီးတွေးခဲ့ဖူးတယ် တကယ့်အနုပညာဆိုတာ ဘာလဲပေါ့..."
သူက တကယ်ကို လိမ်ဆင်တွေချည်းပဲ!!
ခင်ဗျားက ငွေရှာနိုင်တဲ့သူတစ်ယောက်ဖြစ်နေပြီး အနုပညာစိတ်ဓါက်အကြောင်းကို တွေ့နိုင်သေးတယ်ပေါ့?!
ကျုံးလီဖုန်းပိုင် သူ့ကို အထင်သေးလိုက်သည်။
ဒီလိုမျိုး နည်းစနစ်မကျတဲ့ အကြောင်းပြချက်တွေက သူ့ကို လုံးဝ ပြောစရာစကားမဲ့သွားစေတယ်!
"သွား,ရေချိုးလိုက်တော့ .. " မုချိုး ရေချိုးခန်းတံခါးကိုဖွင့်ပေးလိုက်သည်။
“ ခင်ဗျား -”
"မဝင်လာဘူးလို့ ကတိပေးတယ်!" ဥက္ကဌမုက အရမ်းကို လူကြီးလူကောင်းပီသစွာဖြင့် ချက်ချင်းပြောလိုက်သည်။
"ကျွန်တော်ပြောချင်တာ ဒါမဟုတ်ဘူး" ကျုံးလီဖုန်းပိုင် သူ့နဖူးကို ထိန်းကိုင်လိုက်ရသည်။
"မင်းက ကိုယ့်ကို မင်းနဲ့အတူတူ ရေချိုးစေချင်တာလား? " မုချိုး စိတ်လှုပ်ရှားသွားပြီး တစ်ဖက်လူကို ခုန်အုပ်လုနီးပါးပင် ဖြစ်သွားသည်။
အပြင်ဘက်မှာတော့ အေးစက်ပြီး အတွင်းမှာတော့ နွေးထွေးတဲ့ စကားမျိုးကို သူကြားရလိုက်တဲ့အခါ မြူစွယ်ခံလိုက်ရသလိုပဲ!
ပုံမှန်ဆို အေးစက်စက်နိုင်ပေမယ့် အိပ်ယာပေါ်မှာဆိုရင်တော့ နူးနူးညံ့ညံ့လေး လုပ်တတ်တာများလား? နွေးထွေးနူးညံ့မှုက အရမ်းကို များလွန်းတော့ သူ သည်းမခံနိုင်တော့ဘူး!
"ကျွန်တော် ဒီလိုကိစ္စမျိုးကိုတော့ လုံးဝမပြောချင်ပါဘူး!"
ကျုံးလီဖုန်းပိုင် သူ့အား ရေအေးဖြင့်လောင်းချလိုက်သည်။ "ခင်ဗျား ဘယ်အချိန်ထွက်သွားဖို့ စိတ်ကူးရှိလဲလို့ ပြောနေတာ!"
ဘယ်လောက်တောင် စိတ်အနှောက်အယှက်ဖြစ်ချင်စရာလဲ!
"ကိုယ် မသွားဘူး "မုချိုးက အရမ်းခေါင်းမာစွာ
ဖြင့်...
"ကောင်းပြီ ဒါဆို ကျွန်တော်သွားတော့မယ်" ကျုံးလီဖုန်းပိုင် မတ်တတ်ထရပ်လိုက်သည်။
မုချိုး ထခြိမ်းခြောက်လိုက်သည်။ “ ဒါဆို ကိုယ် ရင်းနှီးမြှုပ်နှံထားတာတွေကို ပြန်ထုတ်လိုက်မယ် "
ကျုံးလီဖုန်းပိုင် ချက်ချင်းပင် ငိုချင်လာရသည်။
သူက ဒီဓားကိုပဲအချိန်တိုင်း သုံးနေတာပဲ!
အနုပညာက မြင့်မြတ်လွန်းတယ်ဆိုပေမယ့်လည်း ထောက်ပံပေးဖို့ စုတ်ပဲ့တဲ့ ပိုက်ဆံတွေကိုတော့ လိုသေး၏။ ဆွေးနွေးမှုရလဒ်ကြောင့် နှစ်ဦးစလုံးနောက်ပြန်ဆုတ်ခဲ့လိုက်ရသည်။
ကျုံးလီဖုန်းပိုင်က နောက်ဆုံးတော့ ဒီနေရာမှာပဲ နေလိုက်ဖို့ လက်ခံလိုက်တော့သည်။ မုချိုးက ... သူရဲ့သားရဲဆန်တဲ့ သဘောထားတွေကိုထုတ်မပြရန် ကတိပေးခဲ့ရသည်။
အရမ်း အရမ်းကိုရှက်စရာကောင်းလိုက်တာ!
သူ ဘာမှလုပ်လို့မရနိုင်တော့ဘူးဆိုပေမယ့်လည်း အနည်းဆုံးတော့ သူ့ကို တစ်ညလုံးဖက်အိပ်လို့ရသေးတာပဲ; မုချိုး အရမ်းကို ကျေနပ်နေမိ၏။
သူ ရေချိုးပြီးနောက်မှာတော့ ကျုံးလီဖုန်းပိုင် သူ့ရဲ ညအိပ်ဝတ်စုံကို ဝတ်ထားပြီး ပြိုကျနေတဲ့ ခေါင်မိုးကို လေးနက်သည့်မျက်နှာအမူအယာဖြင့်စိုက်ကြည့်နေသည်ကို သတိထားမိလိုက်သည်။
".....မင်းဘာတွေကြည့်နေရတာလဲ?" မုချိုး အရမ်းကို သောကရောက်သွားရသည်။
"လေတွေကို " ကျုံးလီဖုန်းပိုင် သူ့ကိုယ်သူရေရွတ်နေဟန်ဖြင့်.....
"........."
မုချိုး သူ့နဖူးရဲ့ အပူချိန်ကိုစမ်းသပ်ရန် လက်ကိုဆန့်ထုတ်လိုက်သည်။
"ခင်ဗျား နားမလည်ပါဘူး" ကျုံးလီဖုန်းပိုင်ရဲ့ မျက်လုံးများက နူးညံ့မှုတွေနဲ့ ပြည့်နှက်နေသည်။
"လေတွေက ကမ္ဘာကြီးကို နွေးထွေးတဲ့ လက်တစ်စုံနဲ့ အချိန်တိုင်း ပွေ့ဖက်ထားသလိုပဲ !"
ကိုယ်လည်း မင်းကို အချိန်တိုင်းပွေ့ဖက်ထားနိုင်ပါတယ်!
မုချိုးရဲ့ မျက်လုံးများက ပူလာရသည်။
ဒီလို ခံစားချက်တွေနဲ့ ပြည့်နှက်နေတဲ့ အကြည့်လေးနဲ့ လေကိုကျ ကြည့်ပေးနေတယ် ဒါ နှမြောစရာပဲ!
နောက်ပိုင်းအထိ ကျုံးလီဖုန်းပိုင်က လေထုကနေ ကောင်းကင်ပေါ်ရှိ တလက်လက်တောက်ပနေတဲ့ကြယ်တွေ ; ဘဝကနေ အဆုံးမရှိတဲ့အထိ....
တစ်စက္ကန့်မျှပင် ရပ်တန့်မသွားဘဲ အလွန်စိတ်လှုပ်ရှားနေခဲ့သည်။
မုချိုးရဲ့ နှလုံးသားကတော့ ခါးသီးမှုများနှင့် ပြည့်နှက်နေကာ သူရဲ့မျက်နှာမှာလည်း မှေးမှိန်သွားပြီး ထင်ယောင်ထင်မှားပင် ဖြစ်လာရသည်။
အဲ့လိုမှမဟုတ်ရင် သူ ဒီလို ပျင်းစရာကောင်းတဲ့ မေးခွန်းမျိုးကို မေးရမှာလား။ "ဂျာမန်ရုပ်ရှင်အတွက်
<Obermillison Declaration> ရဲ့တွန်းအားကို မင်း ဘယ်လိုထင်လဲ ဒါမှမဟုတ် အနုပညာနဲ့ လူတွေကို ရုပ်ရှင်ထဲမှာ ဘယ်လို ပေါင်းစပ်လို့ရမလဲ "
အဲ့လိုမေးရတာက သေရတာထက် ပိုဆိုးတယ်!
အလုပ်လုပ်ရတာထက်တောင် ပိုပင်ပန်းရပါတယ်.....
ဥက္ကဌမုက နာရီပေါင်းများစွာ အော်ဟစ်ပြီး နောက်ဆုံးမနက် ၆ နာရီမှာတော့ လဲပြိုသွားတော့၏။ စောင်ကြီးကို ဖက်တွယ်ရင်း လုံးဝသတိလစ်သွားသလိုပင်။
ကျုံးလီဖုန်းပိုင် အေးစက်စက်ဖြင့် သူ့ကို ကြည့်လိုက်သည်။
ပျင်းရိတဲ့ ဝိညာဥ်လေးက!
မှောင်မိုက်တဲ့ညကို ကြံ့ကြံ့ခံ!
မြင်ဖို့ကမတက်နိုင်!
မျှော်လင့်ချက်တွေကို!
မနက်ခင်းမှာတော့ ပိုင်ဆိုင်ခွင့်ရပြီ!
နေရောင်ခြည်ရဲ့ ပထမဦးဆုံးလင်းရောင်ခြည်ကိုပေါ့!
လူတွေက မနက်ခင်းမှာ ပထမဆုံး ထွက်လာတဲ့ နေရောင်ခြည်ကို သဘောမကျ,ကျချေ။မှန်ပါတယ်, ထိုလူတွေထဲမှာလည်း အိုးရန်လုံရော ဆုနိုပါ,ပါတာပေါ့။
နေ့လည်ခင်း နေရောင်ခြည်က ပြတင်းပေါက်ကနေ ဝင်လာတော့ ဆုနို သူ့လက်တွေနဲ့ သူ့မျက်လုံးတွေကို ကာလိုက်ရင်း မကျေမနပ်ဖြင့် တစ်ခုခုကိုလည်း တတွတ်တွတ်ပြောနေသေးသည်။
အိုးရန်လုံ ရယ်လိုက်ပြီး နှိုးလိုက်သည်။ " ထဖို့ အချိန် ရောက်ပြီ"
"ပင်ပန်းနေတယ် " ဆုနိုက အိပ်ယာပေါ်မှာ ပျင်းရိခြင်း ဘုရင်တစ်ပါးပင်ဖြစ်သည်။
"နေ့လည် ထမင်းစားချိန်တောင်ရောက်နေပြီ" အိုးရန်လုံ စောင်ကို ဆွဲဖယ်လိုက်ပြီး " ပြန်မအိပ်သွားနဲ့နော် အရင်စားရမယ် "
▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤▪︎¤
[Zawgyi]
အႏုပညာ႐ွင္ ဝိညာဥ္ႏွင့္ သိုင္းေလာကရဲ႕မေကာင္းဆိုးဝါးဂိုဏ္း ေခါင္းေဆာင္
မိနစ္ေတြ,စကၠန္႔ေတြ ၾကာလာသည္ႏွင့္အမွ် က်ံဳးလီဖုန္းပိုင္သည္ သူရဲ႕ အႏုပညာဆန္တဲ့အေတြးမ်ားက ေရပူစမ္းထဲက ေရေတြလိုမ်ိဳး ထြက္လာသည္ဟု ခံစားမိလာသည္။ ထို႔ေၾကာင့္ ခ်က္ခ်င္းပင္ ipadကို ယူလိုက္ၿပီး ကုတင္ေပၚတြင္ သူ႕ေျခေထာက္မ်ားကို ဆန္႔ထိုင္ကာ သူရဲ႕ အေတြးထင္ျမင္ခ်က္တို႔ကို ဖြဲ႕ႏြဲ႕ခဲ့သည္။
ေမွာင္မိုက္ေနတဲ့ညအလယ္မွာ!
ၾကယ္ေတြက!
တလက္လက္ေတာက္ပ ကြန္႔ျမဴးေန!
ငါက ေတြးမိ!
ဘဝရဲ႕ အေျခခံအက်ဆုံး!
ရသတစ္ခုအေၾကာင္းကိုေပါ့!
မုခ်ိဳး သူ႕ေဘးမွာထိုင္ေနရင္း ေနာင္တအႀကီးအက်ယ္ရေနကာ တကယ္တမ္းေတာ့ သူက က်ံဳးလီဖုန္းပိုင္ကို သန္႔႐ွင္းသပ္ရပ္တဲ့ ျခံဝင္းကိုေခၚသြားခ်င္ခဲ့တာပင္။ အဲ့ဒီေနရာမွာ တံတားေတြ,ၾကာပန္းေတြ,မိုးမခပင္ေတြနဲ႔ ေလွငယ္ေလး႐ွိၿပီး အရမ္းကို ကဗ်ာဆန္တဲ့ ပန္းခ်ီကားတစ္ခ်ပ္လို။
ေလထုကလည္း ပိုေကာင္းလာေစၿပီးေတာ့ သူက
"အခ်ိန္ကုန္ျမန္ၿပီးေတာ့ ခဏေလးနဲ႔ ေပ်ာက္ကြယ္သြားတယ္ (သို႔မဟုတ္) ဘဝက တိုေတာင္းၿပီးေတာ့ ၾကမ္းတမ္းတာမို႔ ခဏေတာ့ ေပ်ာ္လိုက္ပါ " အစ႐ွိသည့္ စာေၾကာင္းေတြကိုသုံးၿပီး ခံစားခ်က္ေတြ ျမင့္တက္လာေစၿပီး အိပ္ယာခင္းေပၚမွာ ႏူးညံ့သိမ္ေမြ႕စြာျဖင့္ လွဲခ်လိုက္လို႔လည္းရတယ္။
သူ႕ရဲ႕ စိတ္ကူးစိတ္သန္းက ေကာင္းခဲ့ေပမယ့္ လက္ေတြ႕ဘဝကေတာ့ နာက်င္စရာေကာင္းလြန္းပါတယ္!သူတို႔ႏွစ္ေယာက္လုံး ထိုျခံဝန္းကို ျဖတ္သြားေတာ့ က်ံဳးလီဖုန္းပိုင္က ရပ္ေနၿပီး ထြက္ခြာဖို႔ ျငင္းဆန္ခဲ့တယ္ေလ!
"...ဒီအိမ္က ေဟာင္းေနၿပီမို႔ ကိုယ္တို႔ အဲဒါကိုျပန္ျပင္ေဆာက္ဖို႔ ျပင္ဆင္ေနတုန္း႐ွိေသးတယ္”
မုခ်ိဳး သူ႕ကို႐ွင္းျပလိုက္ကာ "ၾကည့္ပါလား ေခါင္မိုးေတာင္ၿပိဳက်ေနၿပီ"
က်ံဳးလီဖုန္းပိုင္ကေတာ့ သူ႕စကားေတြကို မၾကားသလိုေနေနလိုက္ရင္း ထိုအိမ္ဘက္ကို ေျခဦးလွည့္လိုက္ၿပီး တံခါးကိုတြန္းဖြင့္ကာ ဝင္သြားလိုက္သည္။
လေရာင္က ၿပိဳက်ေနတဲ့အမိုးကို ျဖတ္ၿပီး အိမ္ထဲမွာ႐ွိေနတဲ့ က်ိဳးပဲ့ေနတဲ့ပရိေဘာဂေတြေပၚမွာ ေတာက္ပေနတာက သူ႕ကို တကယ္ပဲ စိတ္ဝင္စားေစခဲ့၏။က်ံဳးလီဖုန္းပိုင္ ခ်က္ခ်င္းပင္ ရင္ထဲထိသြားရသည္။
ဒီလို ေ႐ွးဆန္တဲ့!
သဘာဝရဲ႕ ႐ိုးစင္းမႈက!
အကုန္လုံးထက္သာ၍!
ခမ္းနားႀကီးက်ယ္ေပစြ!
"မင္းအဆင္ေျပရဲ႕လား?" မုခ်ိဳး အံ့ၾသသြား၏။
သူ႕မ်က္လုံးေတြက ဘာလို႔ ႐ုတ္တရက္ႀကီးနီရဲလာရတာလဲ!
"ကြၽန္ေတာ္ ဒီမွာေနခ်င္တယ္," က်ံဳးလီဖုန္းပိုင္ ျပတ္သားစြာ ေျပာလိုက္သည္။
“ဒါေပမယ့္ ဒီမွာကုတင္တစ္လုံးမွ မ႐ွိဘူးေလ” မုခ်ိဳး ထိုစကားကိုၾကားရေသာအခါ ေၾကာင္အသြားသည္။
ဒါေပမယ့္ အႏုပညာ႐ွင္လူငယ္ေလးျဖစ္တဲ့ဒါ႐ိုက္တာက်ံဳးက အရမ္းကိုခိုင္ခိုင္မာမာပင္!
ဒါေၾကာင့္ ဥကၠဌမုခင္ဗ်ာ သက္ျပင္းသာခ်လိုက္ရၿပီး အလုပ္သမားေတြကို ေခၚလိုက္ကာ ေနရာကို နည္းနည္းသန္႔႐ွင္းခိုင္းလိုက္ၿပီး ေနာက္ဆုံးမွာေတာ့ ကုတင္တစ္လုံးကိုေ႐ႊ႕ခိုင္းလိုက္ရေတာ့သည္။
"Good night " က်ံဳးလီဖုန္းပိုင္ ကုတင္ေပၚမွာ ထိုင္ရင္းျဖင့္ အလြန္ေက်နပ္ေနေလသည္။
သူက ဘာလို႔အေစာႀကီး Goodnightလို႔ေျပာရတာလဲ? မုခ်ိဳး အရမ္းကို စိတ္ကသိကေအာက္ ျဖစ္သြားေပမယ့္လည္း ေပါက္ကြဲလို႔လည္း မတတ္ႏိုင္ေပ။
ဒါေၾကာင့္ သူ တိုက္႐ိုက္သာ ေျပာခ်လိုက္သည္။
" ကိုယ္ မင္းနဲ႔ အတူအိပ္ခ်င္တယ္"
"ဘာ?!" က်ံဳးလီဖုန္းပိုင္ အံ့ၾသသြားၿပီး သူ႕မ်က္ႏွာသည္လည္း ျဖဴေဖ်ာ့သြားကာ “ မရဘူး!”
“ ဒါက ကိုယ့္ေနရာပဲေလ” မုခ်ိဳးက လြန္စြာ အ႐ွက္မ႐ွိေပ။
".....ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕ဆက္ဆံေရးက တစ္ကုတင္ေပၚမွာ အတူတူအိပ္လို႔ရတဲ့အဆင့္နဲ႔ အေဝးႀကီးပဲ ” က်ံဳးလီဖုန္းပိုင္ရဲ႕ ဦးေရျပားက ထုံက်င္လာရသည္။
အနည္းဆုံးေတာ့ ခင္ဗ်ားရဲ႕ ႏွာဘူးထလြန္းတဲ့ႏွလုံးသားကို ခင္ဗ်ားဖင္ထဲသာ ထိုးထည့္ထားလိုက္စမ္းပါ!! ဒီလိုမ်ိဳး တိုက္႐ိုက္ႀကီး ေျပာတာကို တကယ္ သည္းမခံႏိုင္ေတာ့ဘူး!
"ကိုယ္က တကယ္ မင္းနဲ႔ ဘဝရဲ႕ထင္ျမင္ခ်က္ေတြကို ေဝမွ်ခ်င္ခဲ့တာပါ " မုခ်ိဳး ကုတင္ေဘးမွာထိုင္လိုက္ၿပီး "မၾကာေသးခင္က ကိုယ္အမ်ားႀကီးေတြးခဲ့ဖူးတယ္ တကယ့္အႏုပညာဆိုတာ ဘာလဲေပါ့..."
သူက တကယ္ကို လိမ္ဆင္ေတြခ်ည္းပဲ!!
ခင္ဗ်ားက ေငြ႐ွာႏိုင္တဲ့သူတစ္ေယာက္ျဖစ္ေနၿပီး အႏုပညာစိတ္ဓါက္အေၾကာင္းကို ေတြ႕ႏိုင္ေသးတယ္ေပါ့?!
က်ံဳးလီဖုန္းပိုင္ သူ႕ကို အထင္ေသးလိုက္သည္။
ဒီလိုမ်ိဳး နည္းစနစ္မက်တဲ့ အေၾကာင္းျပခ်က္ေတြက သူ႕ကို လုံးဝ ေျပာစရာစကားမဲ့သြားေစတယ္!
"သြား,ေရခ်ိဳးလိုက္ေတာ့ .. " မုခ်ိဳး ေရခ်ိဳးခန္းတံခါးကိုဖြင့္ေပးလိုက္သည္။
“ ခင္ဗ်ား -”
"မဝင္လာဘူးလို႔ ကတိေပးတယ္!" ဥကၠဌမုက အရမ္းကို လူႀကီးလူေကာင္းပီသစြာျဖင့္ ခ်က္ခ်င္းေျပာလိုက္သည္။
"ကြၽန္ေတာ္ေျပာခ်င္တာ ဒါမဟုတ္ဘူး" က်ံဳးလီဖုန္းပိုင္ သူ႕နဖူးကို ထိန္းကိုင္လိုက္ရသည္။
"မင္းက ကိုယ့္ကို မင္းနဲ႔အတူတူ ေရခ်ိဳးေစခ်င္တာလား? " မုခ်ိဳး စိတ္လႈပ္႐ွားသြားၿပီး တစ္ဖက္လူကို ခုန္အုပ္လုနီးပါးပင္ ျဖစ္သြားသည္။
အျပင္ဘက္မွာေတာ့ ေအးစက္ၿပီး အတြင္းမွာေတာ့ ေႏြးေထြးတဲ့ စကားမ်ိဳးကို သူၾကားရလိုက္တဲ့အခါ ျမဴစြယ္ခံလိုက္ရသလိုပဲ!
ပုံမွန္ဆို ေအးစက္စက္ႏိုင္ေပမယ့္ အိပ္ယာေပၚမွာဆိုရင္ေတာ့ ႏူးႏူးညံ့ညံ့ေလး လုပ္တတ္တာမ်ားလား? ေႏြးေထြးႏူးညံ့မႈက အရမ္းကို မ်ားလြန္းေတာ့ သူ သည္းမခံႏိုင္ေတာ့ဘူး!
"ကြၽန္ေတာ္ ဒီလိုကိစၥမ်ိဳးကိုေတာ့ လုံးဝမေျပာခ်င္ပါဘူး!"
က်ံဳးလီဖုန္းပိုင္ သူ႕အား ေရေအးျဖင့္ေလာင္းခ်လိုက္သည္။ "ခင္ဗ်ား ဘယ္အခ်ိန္ထြက္သြားဖို႔ စိတ္ကူး႐ွိလဲလို႔ ေျပာေနတာ!"
ဘယ္ေလာက္ေတာင္ စိတ္အေႏွာက္အယွက္ျဖစ္ခ်င္စရာလဲ!
"ကိုယ္ မသြားဘူး "မုခ်ိဳးက အရမ္းေခါင္းမာစြာ
ျဖင့္...
"ေကာင္းၿပီ ဒါဆို ကြၽန္ေတာ္သြားေတာ့မယ္" က်ံဳးလီဖုန္းပိုင္ မတ္တတ္ထရပ္လိုက္သည္။
မုခ်ိဳး ထၿခိမ္းေျခာက္လိုက္သည္။ “ ဒါဆို ကိုယ္ ရင္းႏွီးျမႇဳပ္ႏွံထားတာေတြကို ျပန္ထုတ္လိုက္မယ္ "
က်ံဳးလီဖုန္းပိုင္ ခ်က္ခ်င္းပင္ ငိုခ်င္လာရသည္။
သူက ဒီဓားကိုပဲအခ်ိန္တိုင္း သုံးေနတာပဲ!
အႏုပညာက ျမင့္ျမတ္လြန္းတယ္ဆိုေပမယ့္လည္း ေထာက္ပံေပးဖို႔ စုတ္ပဲ့တဲ့ ပိုက္ဆံေတြကိုေတာ့ လိုေသး၏။ ေဆြးေႏြးမႈရလဒ္ေၾကာင့္ ႏွစ္ဦးစလုံးေနာက္ျပန္ဆုတ္ခဲ့လိုက္ရသည္။
က်ံဳးလီဖုန္းပိုင္က ေနာက္ဆုံးေတာ့ ဒီေနရာမွာပဲ ေနလိုက္ဖို႔ လက္ခံလိုက္ေတာ့သည္။ မုခ်ိဳးက ... သူရဲ႕သားရဲဆန္တဲ့ သေဘာထားေတြကိုထုတ္မျပရန္ ကတိေပးခဲ့ရသည္။
အရမ္း အရမ္းကို႐ွက္စရာေကာင္းလိုက္တာ!
သူ ဘာမွလုပ္လို႔မရႏိုင္ေတာ့ဘူးဆိုေပမယ့္လည္း အနည္းဆုံးေတာ့ သူ႕ကို တစ္ညလုံးဖက္အိပ္လို႔ရေသးတာပဲ; မုခ်ိဳး အရမ္းကို ေက်နပ္ေနမိ၏။
သူ ေရခ်ိဳးၿပီးေနာက္မွာေတာ့ က်ံဳးလီဖုန္းပိုင္ သူ႕ရဲ ညအိပ္ဝတ္စုံကို ဝတ္ထားၿပီး ၿပိဳက်ေနတဲ့ ေခါင္မိုးကို ေလးနက္သည့္မ်က္ႏွာအမူအယာျဖင့္စိုက္ၾကည့္ေနသည္ကို သတိထားမိလိုက္သည္။
".....မင္းဘာေတြၾကည့္ေနရတာလဲ?" မုခ်ိဳး အရမ္းကို ေသာကေရာက္သြားရသည္။
"ေလေတြကို " က်ံဳးလီဖုန္းပိုင္ သူ႕ကိုယ္သူေရ႐ြတ္ေနဟန္ျဖင့္.....
"........."
မုခ်ိဳး သူ႕နဖူးရဲ႕ အပူခ်ိန္ကိုစမ္းသပ္ရန္ လက္ကိုဆန္႔ထုတ္လိုက္သည္။
"ခင္ဗ်ား နားမလည္ပါဘူး" က်ံဳးလီဖုန္းပိုင္ရဲ႕ မ်က္လုံးမ်ားက ႏူးညံ့မႈေတြနဲ႔ ျပည့္ႏွက္ေနသည္။
"ေလေတြက ကမ႓ာႀကီးကို ေႏြးေထြးတဲ့ လက္တစ္စုံနဲ႔ အခ်ိန္တိုင္း ေပြ႕ဖက္ထားသလိုပဲ !"
ကိုယ္လည္း မင္းကို အခ်ိန္တိုင္းေပြ႕ဖက္ထားႏိုင္ပါတယ္!
မုခ်ိဳးရဲ႕ မ်က္လုံးမ်ားက ပူလာရသည္။
ဒီလို ခံစားခ်က္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့ အၾကည့္ေလးနဲ႔ ေလကိုက် ၾကည့္ေပးေနတယ္ ဒါ ႏွေျမာစရာပဲ!
ေနာက္ပိုင္းအထိ က်ံဳးလီဖုန္းပိုင္က ေလထုကေန ေကာင္းကင္ေပၚ႐ွိ တလက္လက္ေတာက္ပေနတဲ့ၾကယ္ေတြ ; ဘဝကေန အဆုံးမ႐ွိတဲ့အထိ....
တစ္စကၠန္႔မွ်ပင္ ရပ္တန္႔မသြားဘဲ အလြန္စိတ္လႈပ္႐ွားေနခဲ့သည္။
မုခ်ိဳးရဲ႕ ႏွလုံးသားကေတာ့ ခါးသီးမႈမ်ားႏွင့္ ျပည့္ႏွက္ေနကာ သူရဲ႕မ်က္ႏွာမွာလည္း ေမွးမွိန္သြားၿပီး ထင္ေယာင္ထင္မွားပင္ ျဖစ္လာရသည္။
အဲ့လိုမွမဟုတ္ရင္ သူ ဒီလို ပ်င္းစရာေကာင္းတဲ့ ေမးခြန္းမ်ိဳးကို ေမးရမွာလား။ "ဂ်ာမန္႐ုပ္႐ွင္အတြက္
<Obermillison Declaration> ရဲ႕တြန္းအားကို မင္း ဘယ္လိုထင္လဲ ဒါမွမဟုတ္ အႏုပညာနဲ႔ လူေတြကို ႐ုပ္႐ွင္ထဲမွာ ဘယ္လို ေပါင္းစပ္လို႔ရမလဲ "
အဲ့လိုေမးရတာက ေသရတာထက္ ပိုဆိုးတယ္!
အလုပ္လုပ္ရတာထက္ေတာင္ ပိုပင္ပန္းရပါတယ္.....
ဥကၠဌမုက နာရီေပါင္းမ်ားစြာ ေအာ္ဟစ္ၿပီး ေနာက္ဆုံးမနက္ ၆ နာရီမွာေတာ့ လဲၿပိဳသြားေတာ့၏။ ေစာင္ႀကီးကို ဖက္တြယ္ရင္း လုံးဝသတိလစ္သြားသလိုပင္။
က်ံဳးလီဖုန္းပိုင္ ေအးစက္စက္ျဖင့္ သူ႕ကို ၾကည့္လိုက္သည္။
ပ်င္းရိတဲ့ ဝိညာဥ္ေလးက!
ေမွာင္မိုက္တဲ့ညကို ၾကံ့ၾကံ့ခံ!
ျမင္ဖို႔ကမတက္ႏိုင္!
ေမွ်ာ္လင့္ခ်က္ေတြကို!
မနက္ခင္းမွာေတာ့ ပိုင္ဆိုင္ခြင့္ရၿပီ!
ေနေရာင္ျခည္ရဲ႕ ပထမဦးဆုံးလင္းေရာင္ျခည္ကိုေပါ့!
လူေတြက မနက္ခင္းမွာ ပထမဆုံး ထြက္လာတဲ့ ေနေရာင္ျခည္ကို သေဘာမက်,က်ေခ်။မွန္ပါတယ္, ထိုလူေတြထဲမွာလည္း အိုးရန္လုံေရာ ဆုႏိုပါ,ပါတာေပါ့။
ေန႔လည္ခင္း ေနေရာင္ျခည္က ျပတင္းေပါက္ကေန ဝင္လာေတာ့ ဆုႏို သူ႕လက္ေတြနဲ႔ သူ႕မ်က္လုံးေတြကို ကာလိုက္ရင္း မေက်မနပ္ျဖင့္ တစ္ခုခုကိုလည္း တတြတ္တြတ္ေျပာေနေသးသည္။
အိုးရန္လုံ ရယ္လိုက္ၿပီး ႏိႈးလိုက္သည္။ " ထဖို႔ အခ်ိန္ ေရာက္ၿပီ"
"ပင္ပန္းေနတယ္ " ဆုႏိုက အိပ္ယာေပၚမွာ ပ်င္းရိျခင္း ဘုရင္တစ္ပါးပင္ျဖစ္သည္။
"ေန႔လည္ ထမင္းစားခ်ိန္ေတာင္ေရာက္ေနၿပီ" အိုးရန္လုံ ေစာင္ကို ဆြဲဖယ္လိုက္ၿပီး " ျပန္မအိပ္သြားနဲ႔ေနာ္ အရင္စားရမယ္ "