For..

By Gael_2001

549K 37.9K 3.9K

မင်း အဆင်ပြေဖို့အတွတ် ငါ နာကျင်ပေးရလဲ ဖြစ်တယ် ကိုကို။ More

For...
For...
For...
For...
For..
For..
For...
For...
For...
For...
For...
For...
For....
For..
For...
For...
For....
For...
For..
For...
For...
For...
For..
For...
For...
For...⚠⚠⚠
For...
For...
For...
For..
For...
For...
For...
For...
For..
For...
For...
For...
For..
For..
For..
For...⚠️⚠️⚠️
For..
For...
For...⚠⚠⚠
For...
For...⚠⚠⚠
For...
For...⚠⚠⚠
For...
Final

For...

9.1K 759 45
By Gael_2001

ရှောင်းကျန့်၏ ကားလေးသည် ရိပေါ်၏ တိုက်ခန်းအလွှာရှေ့ ရပ်တန့်ပေးလာလေသည်။ ဘာမှမပြောပဲ ရိပေါ် ကားပေါ်က ဆင်းမည်အလုပ် လက်ကောက်ဝတ်ကို ဆက်ခနဲ ပြန်ဆွဲခံရပြန်သည်။

*အာ့.!*

သူ အားနဲ့ဆွဲထား၍ ရိပေါ်၏ လက်ကောက်ဝတ်မှာ နာကျင်နေတာကို ထပ်ပြီး ဆောင့်ဆွဲခံလိုက်ရ၍ မျက်ရည်ပင် ကျချင်လာသည်။ ရိပေါ်သည် သူ့ရှေ့ဆို အလိုလိုကို ပျော့ညံ့လာ၏။

*ငါ နာတယ် ရှောင်းကျန့်။ ဘာလို့ ဆွဲထားပြန်တာလဲ*

ရိပေါ် နာလွန်းလို့ ထုတ်ပြောမိသည်အထိ။ ရိပေါ်ပြောမှပင် ပို၍ ဖိဆုပ်ကိုင်လာသည့် ရှောင်းကျန့်ကြောင့် ရိပေါ် မျက်ခုံးလေးတွေ စုကြုံ့သွားကာ မျက်ရည်ပင် ကျလာမိသည်။

*ငါ့အိမ်မှာ လာနေမလား..ငါ့ဝေယျာဝစ္စလုပ်ပေးတဲ့ သူအနေနဲ့။ အခု မင်းနေနေရတဲ့ ဒီစုတ်ပြတ်နေတဲ့ အခြေအနေထက်စာရင်တော့ စောက်ရမ်း နေပျော်ဖို့ ကောင်းမှာပါ*

ရှောင်းကျန့် ဘာကို ဆိုလိုမှန်း ရိပေါ်သိသည်။ သူ့ကို အိမ်အကူတစ်ယောက်လို သူ့အိမ်ခေါ်ပြီး အလုပ်တွေ လုပ်ခိုင်းချင်နေပုံပင်။

*ငါက ငါ့ဘဝကငါ အကောင်းဆုံး ရပ်တည်နိုင်ပါတယ်။ မင်း စိတ်ပူပေးစရာ မလိုပါဘူး*

ရှောင်းကျန့်ဆီမှ ဟက်ခနဲ ရယ်သံ ကြားလိုက်ရကာ လက်ကောက်ဝတ်ကို ပို၍ ဆောင့်ဆွဲလာ၍ ရိပေါ်မျက်နှာသည် သူနှင့် နီးကပ်သွားရ၏။

သူ့အသက်ရှူသံတွေကတောင် ရိပေါ် မျက်နှာကို ရိုက်ခတ်နေသည်။ ဆေးလိပ်နံ့နှင့် အရက်နံ့တွေ ထွက်နေသည့် ကြားက ကိုယ်သင်းနံ့ သင်းသင်းလေးက ရိပေါ်နှာခေါင်းထဲသို့ တိုးဝင်လာလေသည်။

*စိတ်ပူတယ်..ငါကလား မင်းကို။ မင်းနဲ့ငါက ဘာပတ်သတ်မှု ရှိလို့ စိတ်ပူရမှာလဲ ဝမ်ရိပေါ်ရ။ ငါ့အိမ်မှာ အိမ်အကူတွေ လိုနေလို့ မင်းကို ခေါ်တာ*

ရိပေါ် ဖြတ်ခနဲ ရှောင်းကျန့်ကို ကြည့်လိုက်သည်။ အရည်ရွှမ်းနေသည့် အကြည့်တွေက မထီမဲ့မြင်။ နှုတ်ခမ်းပေါ်က အပြုံးတွေက ခနဲ့တဲ့တဲ့။ ရိပေါ် ကို အထင်သေးသလို ကြည့်နေသည့် သူ့လက်ထဲကနေ ပြန်ဆောင့်ရုန်းလိုက်ပေမယ့် သူက မလွှတ်ပေးပဲ ပြန်ဆုပ်ကိုင်လာသည်။

*မင်း အိမ်အကူ ငါလုပ်နိုင်ဘူး..မင်း ပြောချင်တာ ဒါပဲမလား။ ငါ့လက်ကို လွှတ်ပေးပါတော့ ရှောင်းကျန့်*

ဝမ်းနည်းမှုကြောင့် ရိပေါ် အသံက တုန်ယင်နေသည်။ အရင်က ရိပေါ် မျက်နှာတစ်ချက် မညှိုးအောင် ထားခဲ့သူသည် အခုများတော့ ရိပေါ်ကို မျက်ရည်ကျအောင် ဖန်တီးနေလေပြီ။

ရိပေါ် သူ့ကို စိတ်ဆိုးချင်ပေမယ့် မဆိုးရက်။ ဒီလမ်းသည် ရိပေါ် ရွေးချယ်ခဲ့သည့် လမ်းပဲ။ သူအခုလို ရိပေါ်အပေါ် မုန်းတီးသွားအောင် ရိပေါ်ပဲ လုပ်ခဲ့တာပဲ။

*ငါ့ကို လွှတ်ပေးပါတော့*

ထပ်ပြီး ငိုမလို တောင်းပန်လာသည့် ရိပေါ်ကြောင့် ရှောင်းကျန့် သူ ဆုပ်ကိုင်ထားသည့် လက်လေးကို လွှတ်ပေးလိုက်သည်။ ငိုအောင် လုပ်ပေမယ့် အခုလို မျက်ရည်တွေနဲ့ ရိပေါ်၏ မျက်နှာကို မြင်ရတော့လဲ ရှောင်းကျန့် မလုပ်ရက်ပြန်။

*အား..မင်း ဘာဖြစ်နေတာလဲ။ မင်း ဘာဖြစ်နေတာလဲ ရှောင်းကျန့် ဟမ်.! သူက မင်းကို နှိမ်ပြီးရစရာမရှိအောင် လုပ်ခဲ့တဲ့ ကောင်ကွ*

စတီယာရင်ကို တဒုန်းဒုန်းထုကာ စိတ်တိုနေသလို ရိပေါ်သည် တိုက်ခန်းက လှေခါးပေါ်တွင် ဆက်ပြီးအပေါ်ကို တက်နိုင်စွမ်းပင် မရှိတော့ပဲ ထိုနေရာတွင် ထိုင်ကာ ငိုနေလေသည်။
______________________

ညက အတော်သောက်စားထား၍ အလုပ်လာသည့် ဌာနက လူတွေအားလုံး မျက်နှာတွေမှာ မှုန်ကုပ်နေလေသည်။ အချို့က အိပ်ရေးမဝသလို ပုံစံတွေ ဖြစ်နေကာ မျက်လုံးတွေလဲ ရဲနေလေသည်။

*ရှန်းရှန်း..နင့်မျက်နှာလဲ ပြန်ကြည့်အုံး အိပ်ရေးမဝသလိုနဲ့*

ကော်ဖီယူလာသည့် ယန်ကောက ရှန်းကျဲရှေ့တွင်လဲ တစ်ခွက်ချပေးလိုက်သည်။ ထိုအခါမှပင် မျက်လုံးပြူးကာ ယန်ကောကို ကြည့်လာပြီး

*အိပ်ရေးက တကယ်မဝတာလေ အကောင်ရဲ့*

ယန်ကော ယူလာပေးသည့် ကော်ဖီကို ဇိမ်ခံသောက်ကာ ရိပေါ် ဘက်ကိုလဲ ကြည့်လာသေးသည်။ ရိပေါ် စာရင်းချုပ်စရာတွေ ရှိသေးသည့်အတွတ် ရှန်းကျဲနှင့် စကားမပြောနိုင်သေး။

*ရိပေါ်လေးပဲ မိုက်တယ်။ သွက်လက်နေတာပဲ အမြဲတမ်း*

*ကလေးက နင့်လို အရက်သမားမှ မဟုတ်တာ*

ယန်ကောနှင့် ရှန်းကျဲက ရန်ဖြစ်နေကြပြန်သည်။ ယန်ကောသည် ကျဲကို ချစ်ရဲ့နဲ့ အမြဲ လိုက်စသည်။ ဟိုက မခံချင်လို့ ရိုက်လျှင်လဲ အမြဲ ရယ်ပြီးသာ ဘာမှမပြော။

*ညက ဘော့စ်နဲ့ပါလာတဲ့ ကောင်လေးက အရမ်းသွက်တယ်နော်။ ဘော့စ်နဲ့ ဘာဘာညာညာတွေ ထင်တယ်*

ရှန်းရှန်းကျဲနောက်က အမတစ်ယောက်ကပါ စကားဝိုင်းထဲ ဝင်လာကာ ညကအကြောင်း ပြန်ပြောလာသည်။ ရိပေါ် mouseပေါ်က လက်တွေ ခနရပ်တန့်သွားကာ ခနနေမှခေါင်းကို ခါလိုက်၏။

*ဘော့စ်ဟာလေးမလို့ပေါ့ဟဲ့။ ဘော့စ်ကို ဖက်လိုက်၊ လက်ကိုင်လိုက် လုပ်နေတာ။ ဘော့စ် မျက်နှာကိုလဲ ကြည့်အုံးလေ။ သူ့ကောင်လေး မျက်နှာ တစ်ကမ္ဘာပဲ စောက်ရမ်းချစ်တတ်တာဟာ*

ရိပေါ် လက်တွေတုန်လာသည်။ လေးနှစ်ကြားပြီးသည်အထိ သူ့အပေါ်မှာ ရှိနေသည့် ရိပေါ်၏ ဒီခံစားချက်က မပြောင်းလဲသေး။

ညက ရိပေါ်လဲ မြင်သည်ပဲ။ သူ့ကောင်လေးသောက်ဖို့ ဝိုင်ထည့်ပေးမည် ပြင်တော့ ရိပေါ်ကို ခပ်တင်းတင်း ငေါက်ခဲ့တာကို။

*အဲ့ကောင်လေးကလဲ ဘောစိတဲ့နော်။ ငါတော့ ကြားတာပဲ။ ဘယ်လိုပဲ နေနေ ဘော့စ်နဲ့အရမ်းလိုက်တယ်ဟာ*

မကြားချင်ပဲ ကြားနေရသည့် စကားတွေကို ရိပေါ် မုန်းတီးစွာ နားထောင်နေရသည်။ စွန့်လွှတ်ပြီးသား လူတစ်ယောက်ကို ရိပေါ် လောဘတက်မိနေတာပဲ။

သူ့ခေါင်းသူ အသာပြန်ထုကာ ခေါင်းကို မျက်နှာကျတ်ဆီ မော့လိုက်သည်။ ကျချင်လာသည့် မျက်ရည်တွေကို တားဆီးလိုက်ခြင်းပင်။

*ဘော့စ်ကောင်လေးက အရမ်းသဘောကောင်းတာပဲ။ မာနလဲ မကြီးဘူးနော်။ အရမ်းခင်တတ်တယ်။ စိတ်ထားလေးလဲ အရမ်းကောင်းတယ်*

ရိပေါ် ဆက်မကြားချင်တော့၍ toiletဘက်ကိုသာ ထွက်လာခဲ့၏။ ရိပေါ် သူ့ကို ဘယ်သူမှ မသိအောင် ချစ်မည်ဟု ဆုံးဖြတ်ထားလဲ သူနဲ့အခြားတစ်ယောက်အကြောင်း ကြားလိုက်ရရင် ဝမ်ရိပေါ် မဟုတ်တော့ သလိုကို ခံစားရသည်။

ဝမ်လီယိသည် သေသွားတာတောင် ရိပေါ်အတွတ် စိတ်ဆင်းရဲမှုတွေကို ချန်ခဲ့ပေးသည်။ ဝမ်လီယိသာ ရှောင်းကျန့်ဆီက ရိပေါ်ကို ဆွဲမထုတ်ခဲ့လျှင် သူလဲ အခြားတစ်ယောက် ရှိမှာ မဟုတ်သလို ရိပေါ်လဲ အခုလို ခံစားနေရမည်မဟုတ်။

ရိပေါ်အတွတ် ကံကြမ္မာဟာ ဘယ်တော့မှမျက်နှာသာ မပေးခဲ့ပေ။ ဘယ်တော့မှပျော်ရွှင်မှုဆိုတာကို မပေးခဲ့။
ရိပေါ် တစ်ခါတစ်လေ စောက်ရူးလိုပင် တွေးမိသေးသည်။

သူဟာ တစ်ကယ်ပဲ ပျော်ရွှင်မှုနဲ့ မထိုက်တန်တဲ့ ကောင်လားဟူ၍ပင်။

________________________

မလာချင်ပဲ ထပ်လာခဲ့ရသည်က သူရှိနေသည့် ၇လွှာကိုပင်။ ရှောင်ပါမည်ဟု ဆုံးဖြတ်လိုက်လျှင် သူရှိရာနေရာသို့ တိုက်တိုက်ဆိုင်ဆိုင်ကို လာရပြန်၏။

၇လွှာက ဌာနအားလုံး၏ စာရင်းချုပ်အခန်းကို ရောက်တော့ ရိပေါ်တို့ ဌာန၏ စာရင်းတွေကို ကိုင်သည့်လူက အလုပ်မလာပဲ ခွင့်ယူသည်တဲ့။

*မောင်လေး CEOဆီကိုပဲ တိုက်ရိုက်ပို့လိုက်နော်။ ဒါက အခုနေ့လည် ထုတ်ရမယ့် ပိုက်ဆံတွေမို့လို့။ အမတို့တာဝန်ယူထားတဲ့ အပိုင်းမဟုတ်လို့ သွားပို့ပေးလို့မရလို့*

*ဟုတ်ကဲ့*

ထပ်ပြီး ဆိုးဝါးသည်က ရိပေါ် သူ့အခန်းထဲ သွားရမည်တဲ့။ ဘယ်လောက်တောင် ဆိုးဝါးလိုက်သည့် ကံတရားလဲ။

*အမ ဒါက အခုနေ့လည်ထုတ်ရမယ့် စာရင်းပါ။ အဲ့တာ တာဝန်ယူတဲ့အကိုက ခွင့်ယူထားလို့ CEOလက်မှတ် လိုနေလို့ပါ*

*အော် ခနနေနော် မောင်လေး အဲ့တာဆို*

သူ့အတွင်းရေးမှူးသည် သူ့ဆီကို ဖုန်းလှမ်းဆက်၏။ ခနကြာမှ ရိပေါ်ဆီကြည့်လာကာ

*ဝင်သွားလိုက်နော် မောင်လေး။ ဒီထောင့်ချိုးက အခန်းက CEOအခန်းပါ*

ရိပေါ် ခေါင်းညိမ့်ပြပြီး ထောင့်ချိုးက မှန်အထူကြီးတွေ ကာရံထားသည့် အခန်းဆီ လျှောက်လာခဲ့သည်။ မှန်က အထဲက ကြည့်လျှင်သာ မြင်နိုင်သည်မို့ ရိပေါ်ကို သူ မြင်လား မမြင်ဘူးလားဆိုတာ မသေချာ။

ရိပေါ် တံခါးခေါက်လိုက်တော့ ဝင်ခဲ့ ဆိုသည့် အေးစက်စက်အသံက ထွက်လာခဲ့သည်။ ရိပေါ် တံခါးဖွင့်ကာ ဝင်လိုက်သည်နှင့် အေးစိမ့်နေသည့် အခန်းနှင့် မွှေးပျံ့နေသည့် အနံ့လေးကြောင့် စိတ်တွေပင် ကြည်သွားရသည်။

သူ့အခန်းထဲက အမွှေးနံ့သည် လွန်ခဲ့သည့် လေးနှစ်ခန့်က ရိပေါ်အရမ်းကြိုက်သည့် ရေမွှေးနံ့နှင့် သွားတူသည်။ သို့ပေမယ့် အခုများတော့ ရိပေါ် ထိုရေမွှေးကို ဝယ်မသုံးနိုင်တော့ပေ။ အရင်ကထက် အဆပေါင်းများစွာ ဈေးကြီးလာ၍။

အပေါ်ကုတ်ကို ချွတ်ထားကာ အောက်က လက်ရှည်အဖြူကို လက်ခေါက်တင်ထားပြီး MacBookနှင့် အလုပ်ရှုပ်နေသည့် သူကြောင့် ရိပေါ် အသံပြုလိုက်သည်။

*CEOလက်မှတ်လေး ထိုးပေးပါအုံး*

ရိပေါ်ကို မော့မကြည့်လာ၍ သူ့ရှေ့သို့ ဖိုင်လေးချလိုက်မှပင် မော့ကြည့်လာလေသည်။ ရိပေါ် သူ့ကို ပြန်စိုက်ကြည့်ကာ ခနနေမှ အကြည့်လွှဲလိုက်သည်။ သူ့အကြည့်တွေက ရိပေါ်၏ မျက်နှာကနေ ပတ်တီးအဖြူလေး စည်းထားသည့် လက်ကို အကြည့်ရောက်သွား၏။

အပေါ်ကနေ စီးကြည့်နေ၍ သူ့မျက်ခုံးတွေ စုကြုံ့သွားတာကို ရိပေါ် မြင်လိုက်ရသည်။ ဘာကို အလိုမကျပြန်တာလဲ မပြောတတ်ပေ။

*မင်းတို့ဌာနမှူးကို ခနနေ ငါ့ဆီ လွှတ်လိုက်*

လက်မှတ်ထိုးပြီး ရိပေါ်ဆီပြန်ကမ်းပေးလာသည့် ဖိုင်ကြောင့် အမြန်ယူလိုက်ကာ

*ဟုတ်ကဲ့ပါ CEO*

ထွက်သွားသည့် ကျောပြင်ကို ကြည့်ကာ ရှောင်းကျန့် မျက်ခုံးကို အသာလက်နှင့် ခြစ်လိုက်ရင်း

*ဘယ်တော့မှကိုယ့်ကိုယ်ကို ဂရုမစိုက်ဘူး*

ထိုနေ့က CEO၏ ရုံးခန်းက ပြန်လာပြီးသည်နှင့် ရိပေါ် ဘာအလုပ်မှပင် မလုပ်ရပဲ ထိုင်ပဲ ထိုင်နေရလေသည်။ ဌာနမှူး၏ ဒီနေ့ ရိပေါ်တာဝန်ယူရသည့် အပိုင်းမရှိသေးဘူးဟူ၍ ပြောလာသောကြောင့် အားလုံးက ဘာအထွန့်မှ မတက်ရဲသလို ရိပေါ်ပင် ကြောင်သွားရသည်။

စာရင်းချုပ်ဌာနမှာ နေသည့် ရိပေါ်ဖို့ ဘာမှလုပ်စရာမရှိဘူးဆိုတာကတော့ မဟုတ်သေးဘူးဟု တွေးနေပေမယ့် ရိပေါ် ဘာကြောင့်မှန်းအကြောင်းပြချက်မသိ၍ ငြိမ်ပဲငြိမ်လိုက်ရသည်။

_______________ဆက်ရန်___________

ကျွန်တော်လဲ ရိပေါ်နေရာကနေ မခံစားနိုင်တော့ဘူးဗျာ။









ေရွာင္းက်န႔္၏ ကားေလးသည္ ရိေပၚ၏ တိုက္ခန္းအလႊာေရွ႕ ရပ္တန႔္ေပးလာေလသည္။ ဘာမွမေျပာပဲ ရိေပၚ ကားေပၚက ဆင္းမည္အလုပ္ လက္ေကာက္ဝတ္ကို ဆက္ခနဲ ျပန္ဆြဲခံရျပန္သည္။

*အာ့.!*

သူ အားနဲ႔ဆြဲထား၍ ရိေပၚ၏ လက္ေကာက္ဝတ္မွာ နာက်င္ေနတာကို ထပ္ၿပီး ေဆာင့္ဆြဲခံလိုက္ရ၍ မ်က္ရည္ပင္ က်ခ်င္လာသည္။ ရိေပၚသည္ သူ႔ေရွ႕ဆို အလိုလိုကို ေပ်ာ့ညံ့လာ၏။

*ငါ နာတယ္ ေရွာင္းက်န႔္။ ဘာလို႔ ဆြဲထားျပန္တာလဲ*

ရိေပၚ နာလြန္းလို႔ ထုတ္ေျပာမိသည္အထိ။ ရိေပၚေျပာမွပင္ ပို၍ ဖိဆုပ္ကိုင္လာသည့္ ေရွာင္းက်န႔္ေၾကာင့္ ရိေပၚ မ်က္ခုံးေလးေတြ စုၾကဳံ႕သြားကာ မ်က္ရည္ပင္ က်လာမိသည္။

*ငါ့အိမ္မွာ လာေနမလား..ငါ့ေဝယ်ာဝစၥလုပ္ေပးတဲ့ သူအေနနဲ႔။ အခု မင္းေနေနရတဲ့ ဒီစုတ္ျပတ္ေနတဲ့ အေျခအေနထက္စာရင္ေတာ့ ေစာက္ရမ္း ေနေပ်ာ္ဖို႔ ေကာင္းမွာပါ*

ေရွာင္းက်န႔္ ဘာကို ဆိုလိုမွန္း ရိေပၚသိသည္။ သူ႔ကို အိမ္အကူတစ္ေယာက္လို သူ႔အိမ္ေခၚၿပီး အလုပ္ေတြ လုပ္ခိုင္းခ်င္ေနပုံပင္။

*ငါက ငါ့ဘဝကငါ အေကာင္းဆုံး ရပ္တည္နိုင္ပါတယ္။ မင္း စိတ္ပူေပးစရာ မလိုပါဘူး*

ေရွာင္းက်န႔္ဆီမွ ဟက္ခနဲ ရယ္သံ ၾကားလိုက္ရကာ လက္ေကာက္ဝတ္ကို ပို၍ ေဆာင့္ဆြဲလာ၍ ရိေပၚမ်က္ႏွာသည္ သူႏွင့္ နီးကပ္သြားရ၏။

သူ႔အသက္ရွူသံေတြကေတာင္ ရိေပၚ မ်က္ႏွာကို ရိုက္ခတ္ေနသည္။ ေဆးလိပ္နံ့ႏွင့္ အရက္နံ့ေတြ ထြက္ေနသည့္ ၾကားက ကိုယ္သင္းနံ့ သင္းသင္းေလးက ရိေပၚႏွာေခါင္းထဲသို႔ တိုးဝင္လာေလသည္။

*စိတ္ပူတယ္..ငါကလား မင္းကို။ မင္းနဲ႔ငါက ဘာပတ္သတ္မွု ရွိလို႔ စိတ္ပူရမွာလဲ ဝမ္ရိေပၚရ။ ငါ့အိမ္မွာ အိမ္အကူေတြ လိုေနလို႔ မင္းကို ေခၚတာ*

ရိေပၚ ျဖတ္ခနဲ ေရွာင္းက်န႔္ကို ၾကည့္လိုက္သည္။ အရည္ရႊမ္းေနသည့္ အၾကည့္ေတြက မထီမဲ့ျမင္။ ႏွုတ္ခမ္းေပၚက အျပဳံးေတြက ခနဲ႔တဲ့တဲ့။ ရိေပၚ ကို အထင္ေသးသလို ၾကည့္ေနသည့္ သူ႔လက္ထဲကေန ျပန္ေဆာင့္႐ုန္းလိုက္ေပမယ့္ သူက မလႊတ္ေပးပဲ ျပန္ဆုပ္ကိုင္လာသည္။

*မင္း အိမ္အကူ ငါလုပ္နိုင္ဘူး..မင္း ေျပာခ်င္တာ ဒါပဲမလား။ ငါ့လက္ကို လႊတ္ေပးပါေတာ့ ေရွာင္းက်န႔္*

ဝမ္းနည္းမွုေၾကာင့္ ရိေပၚ အသံက တုန္ယင္ေနသည္။ အရင္က ရိေပၚ မ်က္ႏွာတစ္ခ်က္ မညႇိုးေအာင္ ထားခဲ့သူသည္ အခုမ်ားေတာ့ ရိေပၚကို မ်က္ရည္က်ေအာင္ ဖန္တီးေနေလၿပီ။

ရိေပၚ သူ႔ကို စိတ္ဆိုးခ်င္ေပမယ့္ မဆိုးရက္။ ဒီလမ္းသည္ ရိေပၚ ေရြးခ်ယ္ခဲ့သည့္ လမ္းပဲ။ သူအခုလို ရိေပၚအေပၚ မုန္းတီးသြားေအာင္ ရိေပၚပဲ လုပ္ခဲ့တာပဲ။

*ငါ့ကို လႊတ္ေပးပါေတာ့*

ထပ္ၿပီး ငိုမလို ေတာင္းပန္လာသည့္ ရိေပၚေၾကာင့္ ေရွာင္းက်န႔္ သူ ဆုပ္ကိုင္ထားသည့္ လက္ေလးကို လႊတ္ေပးလိုက္သည္။ ငိုေအာင္ လုပ္ေပမယ့္ အခုလို မ်က္ရည္ေတြနဲ႔ ရိေပၚ၏ မ်က္ႏွာကို ျမင္ရေတာ့လဲ ေရွာင္းက်န႔္ မလုပ္ရက္ျပန္။

*အား..မင္း ဘာျဖစ္ေနတာလဲ။ မင္း ဘာျဖစ္ေနတာလဲ ေရွာင္းက်န႔္ ဟမ္.! သူက မင္းကို ႏွိမ္ၿပီးရစရာမရွိေအာင္ လုပ္ခဲ့တဲ့ ေကာင္ကြ*

စတီယာရင္ကို တဒုန္းဒုန္းထုကာ စိတ္တိုေနသလို ရိေပၚသည္ တိုက္ခန္းက ေလွခါးေပၚတြင္ ဆက္ၿပီးအေပၚကို တက္နိုင္စြမ္းပင္ မရွိေတာ့ပဲ ထိုေနရာတြင္ ထိုင္ကာ ငိုေနေလသည္။
______________________

ညက အေတာ္ေသာက္စားထား၍ အလုပ္လာသည့္ ဌာနက လူေတြအားလုံး မ်က္ႏွာေတြမွာ မွုန္ကုပ္ေနေလသည္။ အခ်ိဳ႕က အိပ္ေရးမဝသလို ပုံစံေတြ ျဖစ္ေနကာ မ်က္လုံးေတြလဲ ရဲေနေလသည္။

*ရွန္းရွန္း..နင့္မ်က္ႏွာလဲ ျပန္ၾကည့္အုံး အိပ္ေရးမဝသလိုနဲ႔*

ေကာ္ဖီယူလာသည့္ ယန္ေကာက ရွန္းက်ဲေရွ႕တြင္လဲ တစ္ခြက္ခ်ေပးလိုက္သည္။ ထိုအခါမွပင္ မ်က္လုံးျပဴးကာ ယန္ေကာကို ၾကည့္လာၿပီး

*အိပ္ေရးက တကယ္မဝတာေလ အေကာင္ရဲ့*

ယန္ေကာ ယူလာေပးသည့္ ေကာ္ဖီကို ဇိမ္ခံေသာက္ကာ ရိေပၚ ဘက္ကိုလဲ ၾကည့္လာေသးသည္။ ရိေပၚ စာရင္းခ်ဳပ္စရာေတြ ရွိေသးသည့္အတြတ္ ရွန္းက်ဲႏွင့္ စကားမေျပာနိုင္ေသး။

*ရိေပၚေလးပဲ မိုက္တယ္။ သြက္လက္ေနတာပဲ အျမဲတမ္း*

*ကေလးက နင့္လို အရက္သမားမွ မဟုတ္တာ*

ယန္ေကာႏွင့္ ရွန္းက်ဲက ရန္ျဖစ္ေနၾကျပန္သည္။ ယန္ေကာသည္ က်ဲကို ခ်စ္ရဲ့နဲ႔ အျမဲ လိုက္စသည္။ ဟိုက မခံခ်င္လို႔ ရိုက္လၽွင္လဲ အျမဲ ရယ္ၿပီးသာ ဘာမွမေျပာ။

*ညက ေဘာ့စ္နဲ႔ပါလာတဲ့ ေကာင္ေလးက အရမ္းသြက္တယ္ေနာ္။ ေဘာ့စ္နဲ႔ ဘာဘာညာညာေတြ ထင္တယ္*

ရွန္းရွန္းက်ဲေနာက္က အမတစ္ေယာက္ကပါ စကားဝိုင္းထဲ ဝင္လာကာ ညကအေၾကာင္း ျပန္ေျပာလာသည္။ ရိေပၚ mouseေပၚက လက္ေတြ ခနရပ္တန႔္သြားကာ ခနေနမွေခါင္းကို ခါလိုက္၏။

*ေဘာ့စ္ဟာေလးမလို႔ေပါ့ဟဲ့။ ေဘာ့စ္ကို ဖက္လိုက္၊ လက္ကိုင္လိုက္ လုပ္ေနတာ။ ေဘာ့စ္ မ်က္ႏွာကိုလဲ ၾကည့္အုံးေလ။ သူ႔ေကာင္ေလး မ်က္ႏွာ တစ္ကမၻာပဲ ေစာက္ရမ္းခ်စ္တတ္တာဟာ*

ရိေပၚ လက္ေတြတုန္လာသည္။ ေလးႏွစ္ၾကားၿပီးသည္အထိ သူ႔အေပၚမွာ ရွိေနသည့္ ရိေပၚ၏ ဒီခံစားခ်က္က မေျပာင္းလဲေသး။

ညက ရိေပၚလဲ ျမင္သည္ပဲ။ သူ႔ေကာင္ေလးေသာက္ဖို႔ ဝိုင္ထည့္ေပးမည္ ျပင္ေတာ့ ရိေပၚကို ခပ္တင္းတင္း ေငါက္ခဲ့တာကို။

*အဲ့ေကာင္ေလးကလဲ ေဘာစိတဲ့ေနာ္။ ငါေတာ့ ၾကားတာပဲ။ ဘယ္လိုပဲ ေနေန ေဘာ့စ္နဲ႔အရမ္းလိုက္တယ္ဟာ*

မၾကားခ်င္ပဲ ၾကားေနရသည့္ စကားေတြကို ရိေပၚ မုန္းတီးစြာ နားေထာင္ေနရသည္။ စြန႔္လႊတ္ၿပီးသား လူတစ္ေယာက္ကို ရိေပၚ ေလာဘတက္မိေနတာပဲ။

သူ႔ေခါင္းသူ အသာျပန္ထုကာ ေခါင္းကို မ်က္ႏွာက်တ္ဆီ ေမာ့လိုက္သည္။ က်ခ်င္လာသည့္ မ်က္ရည္ေတြကို တားဆီးလိုက္ျခင္းပင္။

*ေဘာ့စ္ေကာင္ေလးက အရမ္းသေဘာေကာင္းတာပဲ။ မာနလဲ မႀကီးဘူးေနာ္။ အရမ္းခင္တတ္တယ္။ စိတ္ထားေလးလဲ အရမ္းေကာင္းတယ္*

ရိေပၚ ဆက္မၾကားခ်င္ေတာ့၍ toiletဘက္ကိုသာ ထြက္လာခဲ့၏။ ရိေပၚ သူ႔ကို ဘယ္သူမွ မသိေအာင္ ခ်စ္မည္ဟု ဆုံးျဖတ္ထားလဲ သူနဲ႔အျခားတစ္ေယာက္အေၾကာင္း ၾကားလိုက္ရရင္ ဝမ္ရိေပၚ မဟုတ္ေတာ့ သလိုကို ခံစားရသည္။

ဝမ္လီယိသည္ ေသသြားတာေတာင္ ရိေပၚအတြတ္ စိတ္ဆင္းရဲမွုေတြကို ခ်န္ခဲ့ေပးသည္။ ဝမ္လီယိသာ ေရွာင္းက်န႔္ဆီက ရိေပၚကို ဆြဲမထုတ္ခဲ့လၽွင္ သူလဲ အျခားတစ္ေယာက္ ရွိမွာ မဟုတ္သလို ရိေပၚလဲ အခုလို ခံစားေနရမည္မဟုတ္။

ရိေပၚအတြတ္ ကံၾကမၼာဟာ ဘယ္ေတာ့မွမ်က္ႏွာသာ မေပးခဲ့ေပ။ ဘယ္ေတာ့မွေပ်ာ္ရႊင္မွုဆိုတာကို မေပးခဲ့။
ရိေပၚ တစ္ခါတစ္ေလ ေစာက္႐ူးလိုပင္ ေတြးမိေသးသည္။

သူဟာ တစ္ကယ္ပဲ ေပ်ာ္ရႊင္မွုနဲ႔ မထိုက္တန္တဲ့ ေကာင္လားဟူ၍ပင္။

________________________

မလာခ်င္ပဲ ထပ္လာခဲ့ရသည္က သူရွိေနသည့္ ၇လႊာကိုပင္။ ေရွာင္ပါမည္ဟု ဆုံးျဖတ္လိုက္လၽွင္ သူရွိရာေနရာသို႔ တိုက္တိုက္ဆိုင္ဆိုင္ကို လာရျပန္၏။

၇လႊာက ဌာနအားလုံး၏ စာရင္းခ်ဳပ္အခန္းကို ေရာက္ေတာ့ ရိေပၚတို႔ ဌာန၏ စာရင္းေတြကို ကိုင္သည့္လူက အလုပ္မလာပဲ ခြင့္ယူသည္တဲ့။

*ေမာင္ေလး CEOဆီကိုပဲ တိုက္ရိုက္ပို႔လိုက္ေနာ္။ ဒါက အခုေန႔လည္ ထုတ္ရမယ့္ ပိုက္ဆံေတြမို႔လို႔။ အမတို႔တာဝန္ယူထားတဲ့ အပိုင္းမဟုတ္လို႔ သြားပို႔ေပးလို႔မရလို႔*

*ဟုတ္ကဲ့*

ထပ္ၿပီး ဆိုးဝါးသည္က ရိေပၚ သူ႔အခန္းထဲ သြားရမည္တဲ့။ ဘယ္ေလာက္ေတာင္ ဆိုးဝါးလိုက္သည့္ ကံတရားလဲ။

*အမ ဒါက အခုေန႔လည္ထုတ္ရမယ့္ စာရင္းပါ။ အဲ့တာ တာဝန္ယူတဲ့အကိုက ခြင့္ယူထားလို႔ CEOလက္မွတ္ လိုေနလို႔ပါ*

*ေအာ္ ခနေနေနာ္ ေမာင္ေလး အဲ့တာဆို*

သူ႔အတြင္းေရးမွူးသည္ သူ႔ဆီကို ဖုန္းလွမ္းဆက္၏။ ခနၾကာမွ ရိေပၚဆီၾကည့္လာကာ

*ဝင္သြားလိုက္ေနာ္ ေမာင္ေလး။ ဒီေထာင့္ခ်ိဳးက အခန္းက CEOအခန္းပါ*

ရိေပၚ ေခါင္းညိမ့္ျပၿပီး ေထာင့္ခ်ိဳးက မွန္အထူႀကီးေတြ ကာရံထားသည့္ အခန္းဆီ ေလၽွာက္လာခဲ့သည္။ မွန္က အထဲက ၾကည့္လၽွင္သာ ျမင္နိုင္သည္မို႔ ရိေပၚကို သူ ျမင္လား မျမင္ဘူးလားဆိုတာ မေသခ်ာ။

ရိေပၚ တံခါးေခါက္လိုက္ေတာ့ ဝင္ခဲ့ ဆိုသည့္ ေအးစက္စက္အသံက ထြက္လာခဲ့သည္။ ရိေပၚ တံခါးဖြင့္ကာ ဝင္လိုက္သည္ႏွင့္ ေအးစိမ့္ေနသည့္ အခန္းႏွင့္ ေမႊးပ်ံ႕ေနသည့္ အနံ့ေလးေၾကာင့္ စိတ္ေတြပင္ ၾကည္သြားရသည္။

သူ႔အခန္းထဲက အေမႊးနံ့သည္ လြန္ခဲ့သည့္ ေလးႏွစ္ခန႔္က ရိေပၚအရမ္းႀကိဳက္သည့္ ေရေမႊးနံ့ႏွင့္ သြားတူသည္။ သို႔ေပမယ့္ အခုမ်ားေတာ့ ရိေပၚ ထိုေရေမႊးကို ဝယ္မသုံးနိုင္ေတာ့ေပ။ အရင္ကထက္ အဆေပါင္းမ်ားစြာ ေဈးႀကီးလာ၍။

အေပၚကုတ္ကို ခၽြတ္ထားကာ ေအာက္က လက္ရွည္အျဖဴကို လက္ေခါက္တင္ထားၿပီး MacBookႏွင့္ အလုပ္ရွုပ္ေနသည့္ သူေၾကာင့္ ရိေပၚ အသံျပဳလိုက္သည္။

*CEOလက္မွတ္ေလး ထိုးေပးပါအုံး*

ရိေပၚကို ေမာ့မၾကည့္လာ၍ သူ႔ေရွ႕သို႔ ဖိုင္ေလးခ်လိုက္မွပင္ ေမာ့ၾကည့္လာေလသည္။ ရိေပၚ သူ႔ကို ျပန္စိုက္ၾကည့္ကာ ခနေနမွ အၾကည့္လႊဲလိုက္သည္။ သူ႔အၾကည့္ေတြက ရိေပၚ၏ မ်က္ႏွာကေန ပတ္တီးအျဖဴေလး စည္းထားသည့္ လက္ကို အၾကည့္ေရာက္သြား၏။

အေပၚကေန စီးၾကည့္ေန၍ သူ႔မ်က္ခုံးေတြ စုၾကဳံ႕သြားတာကို ရိေပၚ ျမင္လိုက္ရသည္။ ဘာကို အလိုမက်ျပန္တာလဲ မေျပာတတ္ေပ။

*မင္းတို႔ဌာနမွူးကို ခနေန ငါ့ဆီ လႊတ္လိုက္*

လက္မွတ္ထိုးၿပီး ရိေပၚဆီျပန္ကမ္းေပးလာသည့္ ဖိုင္ေၾကာင့္ အျမန္ယူလိုက္ကာ

*ဟုတ္ကဲ့ပါ CEO*

ထြက္သြားသည့္ ေက်ာျပင္ကို ၾကည့္ကာ ေရွာင္းက်န႔္ မ်က္ခုံးကို အသာလက္ႏွင့္ ျခစ္လိုက္ရင္း

*ဘယ္ေတာ့မွကိုယ့္ကိုယ္ကို ဂ႐ုမစိုက္ဘူး*

ထိုေန႔က CEO၏ ႐ုံးခန္းက ျပန္လာၿပီးသည္ႏွင့္ ရိေပၚ ဘာအလုပ္မွပင္ မလုပ္ရပဲ ထိုင္ပဲ ထိုင္ေနရေလသည္။ ဌာနမွူး၏ ဒီေန႔ ရိေပၚတာဝန္ယူရသည့္ အပိုင္းမရွိေသးဘူးဟူ၍ ေျပာလာေသာေၾကာင့္ အားလုံးက ဘာအထြန႔္မွ မတက္ရဲသလို ရိေပၚပင္ ေၾကာင္သြားရသည္။

စာရင္းခ်ဳပ္ဌာနမွာ ေနသည့္ ရိေပၚဖို႔ ဘာမွလုပ္စရာမရွိဘူးဆိုတာကေတာ့ မဟုတ္ေသးဘူးဟု ေတြးေနေပမယ့္ ရိေပၚ ဘာေၾကာင့္မွန္းအေၾကာင္းျပခ်က္မသိ၍ ၿငိမ္ပဲၿငိမ္လိုက္ရသည္။

_______________ဆက္ရန္___________

ကၽြန္ေတာ္လဲ ရိေပၚေနရာကေန မခံစားနိုင္ေတာ့ဘူးဗ်ာ။











Continue Reading

You'll Also Like

664K 33.1K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
563K 34.4K 98
Kira Kokoa was a completely normal girl... At least that's what she wants you to believe. A brilliant mind-reader that's been masquerading as quirkle...
1.9K 67 5
(Side note I am aging up Ichigo and the other humans to adults, they are all 18 and older) (It is also an au) (Name) Kurosaki is a substitute soul re...
31.3K 377 4
❛ he set fire to the world around him but 𝒏𝒆𝒗𝒆𝒓 let a flame touch her. ❜