ရေပြင်ပေါ်၌ လမ်းလျှောက်ခြင်း...

By MrDerick

613K 31.6K 579

About the life and love of Gay Porn Actors Total 62 Chapters + 4 extra Chapters More

Chapter 1 (Unicode)
Chapter 2 (Zawgyi)
Chapter 1 (Zawgyi)
Chapter 2 (Unicode)
Chapter 3 (Unicode)
Chapter 3 (Zawgyi)
Chapter 4 (Unicode)
Chapter 4 (Zawgyi)
Chapter 5 (Unicode)
Chapter 5 (Zawgyi)
Chapter 6 (Unicode)
Chapter 6 (Zawgyi)
Chapter 7 (Unicode)
Chapter 7 (Zawgyi)
Chapter 8 (Unicode)
Chapter 8 (Zawgyi)
Chapter 9 (Unicode)
Chapter 9 (Zawgyi)
Chapter 10 (Unicode)
Chapter 10 (Zawgyi)
Chapter 11 (Unicode)
Chapter 11 (Zawgyi)
Chapter 12 (Unicode)
Chapter 12 (Zawgyi)
Chapter 13 (Unicode)
Chapter 13 (Zawgyi)
Chapter 14 (Unicode)
Chapter 14 (Zawgyi)
Chapter 15 (Unicode)
Chapter 15 (Zawgyi)
Chapter 16 (Unicode)
Chapter 16 (Zawgyi)
Chapter 17 (Unicode)
Chapter 17 (Zawgyi)
Chapter 18 (Unicode)
Chapter 18 (Zawgyi)
Chapter 19 (Unicode)
Chapter 19 (Zawgyi)
Chapter 20 (Unicode)
Chapter 20 (Zawgyi)
Chapter 21 (Unicode)
Chapter 21 (Zawgyi)
Chapter 22 (Unicode)
Chapter 22 (Zawgyi)
Chapter 23 (Unicode)
Chapter 23 (Zawgyi)
Chapter 24 (Unicode)
Chapter 24 (Zawgyi)
Chapter 25 (Unicode)
Chapter 25 (Zawgyi)
Chapter 26 (Unicode)
Chapter 26 (Zawgyi)
Chapter 27 (Unicode)
Chapter 27 (Zawgyi)
Chapter 28 (Unicode)
Chapter 28 (Zawgyi)
Chapter 29 (Unicode)
Chapter 29 (Zawgyi)
Chapter 30 (Unicode)
Chapter 30 (Zawgyi)
Chapter 31 (Unicode)
Chapter 31 (Zawgyi)
Chapter 32
Chapter 32 (Zawgyi)
Chapter 33 (Unicode)
Chapter 33 (Zawgyi)
Chapter 34 (Unicode)
Chapter 34 (Zawgyi)
Chapter 35 (Unicode)
Chapter 35 (Zawgyi)
Chapter 36 (Unicode)
Chapter 36 (Zawgyi)
Chapter 37 (Unicode)
Chapter 37 (Zawgyi)
Chapter 38 (Unicode)
Chapter 38 (Zawgyi)
Chapter 39
Chapter 39 (Zawgyi)
Chapter 40 (Unicode)
Chapter 40 (Zawgyi)
Chapter 41 (Unicode)
Chapter 41 (Zawgyi)
Chapter 42 (Unicode)
Chapter 42 (Zawgyi)
Chapter 43 (Unicode)
Chapter 43 (Zawgyi)
Chapter 44 (Unicode)
Chapter 44 (Zawgyi)
Chapter 45 (Unicode)
Chapter 45 (Zawgyi)
Chapter 46 (Unicode)
Chapter 46 (Zawgyi)
Chapter 47 (Unicode)
Chapter 47 (Zawgyi)
Chapter 48 (Unicode)
Chapter 48 (Zawgyi)
Chapter 49 (Unicode)
Chapter 49 (Zawgyi)
Chapter 50 (Unicode)
Chapter 50 (Zawgyi)
Chapter 51 (Unicode)
Chapter 51 (Zawgyi)
Chapter 52 (Unicode)
Chapter 52 (Zawgyi)
Chapter 53 (Unicode)
Chapter 53 (Zawgyi)
Chapter 54 (Unicode)
Chapter 54 (Zawgyi)
Chapter 55 (Unicode)
Chapter 55 (Zawgyi)
Chapter 56 (Unicode)
Chapter 56 (Zawgyi)
Chapter 57 (Unicode)
Chapter 57 (Zawgyi)
Chapter 58 (Unicode)
Chapter 58 (Zawgyi)
Chapter 59 (Zawgyi)
Chapter 60 (Unicode)
Chapter 60 (Zawgyi)
Chapter 61 (Unicode)
Chapter 61 (Zawgyi)
Final Chapter (Unicode)
Final Chapter (Zawgyi)
Extra Chapter 1 (Unicode)
Extra Chapter 1 (Zawgyi)
Extra Chapter 2 (U+Z)
Extra Chapter 3 (U+Z)
Final Extra Chapter
Concerning WOW

Chapter 59 (Unicode)

3.7K 294 21
By MrDerick

Chapter 59

" Mcqueen က သူ Porn လောက ကနေ ထွက်ချင်တယ်လို့တောင် ပြောလာတယ် Edd... "

ဂျနီဖာ၏ အသံက အလေးအနက်ဖြစ်နေလေသည် ။

" သူ အရင်ထဲကလည်း Porn လောက ကနေ ထွက်ဖို့ စဥ်းစားနေတာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် အခုအချိန်က အချိန်ကောင်းလို့ သူ တွေးလိုက်ပုံပဲ Edd... "

" .... "

" သူကတော့ သူ့ကုမ္ပဏီကို သူ စွန့်ပစ်လိုက်တာ မဟုတ်ပါဘူးလို့ ပြောပေမယ့် သူ့လုပ်ငန်းတွေ အားလုံးကို သူသာ တခြားတစ်ယောက်ကို လွှဲလိုက်မယ်ဆိုရင်... ငါတို့တော့ ဘာလုပ်လို့ လုပ်ရမလဲတောင် မသိတော့ဘူး... "

ဂျနီဖာ၏ အသံက ခုနကလို ခပ်စွာစွာ ဖြစ်မနေတော့ဘဲ တကယ့်ကို စိတ်ဓာတ်ကျကာ ဝမ်းနည်းနေပုံ ပေါ်လေသည် ။

" ငါလည်း ဒီအကြောင်းကို ခုမှ ပထမဆုံး ကြားဖူးတာပဲ ဂျနီဖာ  ... "

" ဟင်... မင်းတောင်မှ မသိဘူးပေါ့လေ... မင်းတို့နှစ်ယောက် ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘာမှ မပြောကြဘူးပေါ့လေ... ဟုတ်လား Edd... "

ကျွန်တော်တို့ ကြားတွင် ဖြစ်ခဲ့ကြသည့် များစွာသော ကိစ္စရပ်တို့သည် ကျွန်တော့်ကို ပြောင်းလဲစေခဲ့သလို Mcqueen ကိုလည်း အများကြီး ပြောင်းလဲစေခဲ့ဟန် တူသည် ။

Mcqueen သည် အမှန်ပင် ပြောင်းလဲခဲ့ပြီး ဤသို့ ကြီးမားကာ ဆုံးဖြတ်ရခက်သည့် ဆုံးဖြတ်ချက်ကို အမှန်ပင် ချနိုင်ပါ့မလားဟုတော့ ကျွန်တော် သံသယ ဝင်မိသည် ။

" Mcqueen ဒီလိုတွေ တွေးနေလိမ့်မယ်ဆိုတာ ငါ တကယ်ကို မသိခဲ့ဘူး ဂျနီဖာ... "

အမှန်တော့ ကျွန်တော်လည်း ဂျနီဖာနှင့် ထပ်တူပင် အလွန်သိချင်နေမိသည် ။

ထို့နောက်တွင် အပေါ်ထပ်မှ တံခါး ဆောင့်ဖွင့်သံ ကြားလိုက်ရပြီး သုန်မှုန်ကာ ဆင်းလာသည့် ချန်းလျှို့ကို တွေ့လိုက်ရသည် ။
ကျွန်တော် လှေကားနားသို့ သွားကာ ချန်းကောကို မေးလိုက်သည် ။

" ခင်ဗျားတို့ ဘာတွေ ပြောခဲ့ကြတာလဲ... "

" ဘာမှ များများစားစား မပြောဖြစ်ပါဘူး... ပြီးတော့ မင်း စိုးရိမ်စရာကိစ္စမျိုးလည်း မပါပါဘူး ယော့ဝန်း... "

"  .... "

ကျွန်တော် ခေါင်းငုံ့ထားလိုက်မိသည် ။

ချန်းကောက သူ့လက်ထဲက အထုပ်တစ်ထုပ်ကို ကျွန်တော့်ကို ပေးလာသည် ။

" ဒါတွေ ယူထားလိုက်... "

" ဘာတွေတုန်း... "

" ပေးစာတွေ... ငါ မင်းကို လာရှာတာ အမှန်တော့ ဒီစာတွေ ပေးဖို့...  "

ချန်းကောက နာကျင်နေဟန်ဖြင့် သူ့ကုတ်အင်္ကျီ ကို ပြန်ယူလိုက်ပြီး ဒီနေရာမှ ပြန်သွားဖို့ ပြင်နေလေပြီ ။

ကျွန်တော် ချန်းကော ပေးသော အထုတ်ကို ဖွင့်ကြည့်လိုက်သည် ။
ထိုပေးစာများသည် အဖွားလင်းပေါင် သက်ကြီးစောင့်ရှောက်ရေး ဂေဟာတွင် ရှိနေစဥ် ကျွန်တော်နှင့် အဖွားတို့ အပြန်အလှန် ရေးခဲ့ကြသော စာများပင် ဖြစ်လေသည် ။

" ဒါတွေကို ချန်းကော သိမ်းထားတာ ဘယ်လောက် ကြာပြီလဲ... အရင်တုန်းကကော... ဘာလို့ ကျွန်တော့်ကို မပေးခဲ့တာလဲ... "

ချန်းကောက ပြန်မဖြေပေ ။
ထိုအစား ကျွန်တော့်ကို ဝမ်းနည်း နာကျင်နေသော မျက်လုံးများဖြင့် အတော်ကြာအောင် စိုက်ကြည့်နေပြီးမှ တစ်ဖက်သို့ လှည့်ကာ တံခါးကို ဖွင့်ပြီး ပြန်သွားလေတော့သည် ။

Mcqueen ဆင်းလာသည်ကို မြင်သည်နှင့် ဂျနီဖာ ၊ Janine နှင့် တေလာတို့က စကားတွေ စပြောကြတော့သည် ။

" အမလေး... ငါ အိမ်ကို ဘယ်လို ပြန်ရပါ... "

" ဟုတ်တယ်... အပြင်မှာလည်း နှင်းတွေက မတရား ကျနေတာ... "

" ဟုတ်တယ်... ဒီပုံအတိုင်းဆို ပြန်လို့ မလွယ်ဘူး... ဒီမှာပဲ ညအိပ်လိုက်ကြရင်ကော... "

" ကောင်းတယ်... ကောင်းတယ်... ငါလည်း ဒီမှာပဲ အိပ်မယ်... "

" အင်း... တို့ရောပဲ... "

Mcqueen က အနှီ ၃ ယောက်ကို စိတ်မသက်သာသလို ကြည့်ပြီး သက်ပြင်းချလိုက်လေသည် ။

" ကောင်းပါပြီ... အိပ်ချင်လည်း အိပ်သွားတော့... "

" ယေး... ကောင်းတယ်  ... ဒါဆို ငါတို့ အတူ ​ကဒ်ကစားကြမယ်လေ.... "

" ကောင်းလိုက်တဲ့ အကြံ... "

နဂိုထဲက ကဒ်ကစားရသည်ကို မကျွမ်းကျင်သော ကျွန်တော်က ခဏလောက် ကစားပြီးသည်နှင့် အပေါ်တက်သွားပြီး Mcqueen အိပ်ယာပေါ် သွားလှဲကာ ချန်းကော ပေးခဲ့သော စာများကို ပြန်ဖတ်နေမိလေသည် ။

ခဏနေတော့ Mcqueen ကပါ အပေါ်လိုက်တက်လာသည် ။

" ယော့ဝန်း... "

" သူတို့တွေ ဆော့နေကြတုန်းပဲလား... "

" ဟုတ်တယ်... ဆော့နေတုန်းပဲ... "

Mcqueen က ကုတင်ပေါ်တွင် ကျွန်တော့်ဘေး ဝင်ထိုင်လေသည် ။

" ဒါပေမယ့် ဒီမှာတော့ ကိုယ်တို့ နှစ်ယောက်ပဲ ရှိတော့တာနော်... "

Mcqueen က ပြုံးပြီး ကျွန်တော့် ဆံပင်များကို ပွတ်သပ်ပေးနေလေသည် ။

" ယော့ဝန်းလေး... ဆံပင်တွေတောင် ရှည်နေပြီ... မညှပ်ရသေးဘူးလား... "

" ဟုတ်တယ်... "

" ကိုယ်တို့ ပြဿနာတွေ တက်ခဲ့တဲ့ အချိန်တွေက အတော်လေး ရှည်လျားခဲ့သလိုပဲနော်... "

ကျွန်တော် Mcqueen လက်ကို အပေါ်က ပြန်ပြီး ဖွဖွလေး ဆုပ်ကိုင်ထားလိုက်သည် ။

" ယော့ဝန်း... မနက်ဖြန် ဟို ကျူးကျော်ကောင် ၃ ကောင် ပြန်သွားရင် ကိုယ်တို့ ဘာလုပ်ကြမလဲ... "

Mcqueen စကားကြောင့် ကျွန်တော် ရယ်လိုက်မိသည် ။

" မနက်ဖြန် ကျွန်တော့် သူငယ်ချင်းနဲ့ သွားတွေ့ပြီး အလုပ်လျှောက်လွှာ သွားတင်ရမယ်... "

" သက်တော်စောင့် အလုပ်ပဲလား... "

" ဟုတ်တယ်... မနက်ဖြန် သွားတွေ့ရမယ့် သူငယ်ချင်းက အရင်အလုပ်က သူငယ်ချင်း... "

Mcqueen က ကျွန်တော့် မျက်နှာ အနှံ့ကို ပွတ်သပ်ပြီး ကျီစယ်နေလေသည် ။

" သူ့နာမည်က Derek တဲ့... ကျွန်တော့်ငယ်သူငယ်ချင်း... တစ်နေ့လောက်တော့ Mcqueen ကို သူနဲ့ မိတ်ဆက်ပေးရမယ်... "

" အဲ့တာက မင်းအတွက် ခက်နေမလား ယော့ဝန်း... မင်းသူငယ်ချင်းက မင်းမှာ ယောကျ်ားလေး ချစ်သူ ရှိနေတာကို ကြိုက်ပါ့မလား... "

" ကျွန်တော် အကြိုက်တွေ့တဲ့ ပုံစံကိုတော့ ဒီကောင် အံ့သြသွားမှာ သေချာတယ်... သူ့စိတ်ထဲမှာ ကျွန်တော့် ရည်းစားက ကျွန်တော့်ထက် အကောင်သေးတဲ့ အလှလေး လို့ ထင်ထားမိမှာပဲ... ဒါပေမယ့် Mcqueen က အဲ့လို type မျိုး မဟုတ်ဘူးလေ... "

" မင်းအကြိုက်ပုံစံက ဘာများ မှားနေလို့လဲ ယော့ဝန်း... "

Mcqueen က ကျွန်တော့် ခါးကို ကလိထိုးရင်း ကျွန်တော့်ကို ရယ်လာရအောင် ကျီစယ်နေလေသည် ။

" ကိုယ်က အလှလေး မဟုတ်ပေမယ့် ချောပြီး ခန့်တာပဲ မဟုတ်လား... "

ကျွန်တော် တခစ်ခစ်ရယ်ပြီး Mcqueen ကို အရှုံးပေးလိုက်ရသည် ။

" ဟုတ်ပါပြီ... မှန်ပါတယ်... "

" Mcqueen ကော ဘာလုပ်မှာလဲ... "

" ကိုယ်က လောလောဆယ် ဘာမှ လုပ်ဖို့တော့ အစီစဥ် မရှိသေးဘူး... ဒီမှာရှိတဲ့ ကိုယ့်ပစ္စည်းတွေ သိမ်းဖို့ အတွက်တော့ အချိန်တစ်ခု ယူရဦးမယ်... "

Mcqueen က ကျွန်တော့်ကို ကြင်နာစွာ ကြည့်လာပြီး ဆက်ပြောလေသည် ။

" ကိုယ် အမှန်တော့ အခြားသူတွေကို စိတ်ပျက်တာတွေ အံ့အားသင့်တာတွေ ဘယ်တုန်းကမှ မဖြစ်စေချင်ခဲ့ဘူး ... အတိတ်မှာတုန်းက ကိုယ့်စိတ်ထဲ မှန်ကန်တယ်လို့ ထင်တဲ့ အရာတွေကိုပဲ ကိုယ်လုပ်ခဲ့ရုံပါပဲ ယော့ဝန်း... "

Mcqueen က သက်ပြင်းတစ်ချက် ချသည် ။

" ဒါပေမယ့် တဖြည်းဖြည်းနဲ့ ကိုယ့်လုပ်ရပ်တွေဟာ မှားနေသလို ကိုယ် ခံစားလာခဲ့ရတယ်... ကိုယ့်ကိုယ်ကို Porn နဲ့ ပတ်သတ်ပြီး အနုပညာ လုပ်နေတာပါလို့ ဆင်ခြေပေးရင်း အမှန်တရားကို လစ်လျှူရှုခဲ့တယ်... နောက်ဆုံးတော့ အမှန်တရားက ကိုယ့်ကို တိုက်စားသွားခဲ့တာပါပဲလေ... "

"   ....  "

" ကိုယ့်ရဲ့ အပြစ်တွေကို ကိုယ် လက်ခံပြီး အသိအမှတ်ပြုရမယ် ယော့ဝန်း... တချို့အရာတွေက အနုပညာဆိုတဲ့ စကားနဲ့ ဖုံးကွယ်လို့ မရခဲ့ဘူး... "

" .... "

" ကိုယ့်ကို Ryan က ဘာပြောခဲ့သလဲ သိလား... ကိုယ်ဟာ ကိုယ့်ကိုယ်ကို အနုပညာရှင်လို့ ထင်ယောင်ထင်မှား ဖြစ်နေပြီး အခြားသူတွေရဲ့ ဘဝတွေကို အသုံးချပြီး အမှိုက်တွေကိုပဲ ဖန်တီးခဲ့တဲ့သူတဲ့... "

" ... "

" ကိုယ် မင်းကို နောက်ခံ အသံပြောပေးဖို့ တောင်းဆိုခဲ့တဲ့ Documentry short film ကို သိတယ်မလား ... ကိုယ် Ryan ပေါ်ကို လုပ်ခဲ့မိတဲ့ အမှားတွေကို ပြန်ပြင်ချင်လို့ ကိုယ် အဲ့တာကို လုပ်ခဲ့တာ ယော့ဝန်း... ဘာလို့လဲ ဆိုတော့ Ryan နဲ့ ရိုက်ခဲ့စဥ်က ကိုယ်ဟာ ဇာတ်ကြောင်းထဲက မတရား ခံရသူဆီကိုပဲ ဇာတ်လမ်းတစ်ခုလုံးရဲ့ အပြစ်တွေ ပုံချခဲ့မိလို့ပဲ... ကိုယ် victim blaming လုပ်ခဲ့မိတယ်... "

" ... "

" ကိုယ် လုပ်ခဲ့တဲ့ အမှားတွေကို ကိုယ် လက်ခံနိုင်ခဲ့တဲ့ အချိန်မှာတော့ Ryan ဟာ ကိုယ့် အမှားကြောင့် အများကြီး နာကျင်ခံစားခဲ့ရပြီးပြီ  ..  "

Mcqueen ၏ မျက်နှာသည် နောင်တကြောင့် နာကျင်နေပုံပေါ်လေသည် ။
Ryan ကျွန်တော့်ကို သူ့ဘဝ အကြောင်း ပြောပြခဲ့စဥ်က Ryan မျက်နှာပေါ်မှ နာကျင်နေသော အရိပ်အယောင်တို့ကို ကျွန်တော် ပြန်လည် သတိရမိသည် ။

" ပြီးတော့ မင်းအပေါ်ကိုလည်း ကိုယ် မှားခဲ့မိတယ် ယော့ဝန်း... ကိုယ် မင်းအပေါ်ကို ဒီလိုမျိုး မပြုမူ မဆက်ဆံခဲ့သင့်ဘူး... "


ကျွန်တော် နောင်တရနေသော Mcqueen ကို ဆက်မကြည့်ရက်တော့အောင် နှလုံးသားက နာကျင် လာသောကြောင့် ထိုလူသားကို နည်းနည်းလေး ဖြစ်ဖြစ် နှစ်သိမ့်မှု ရစေရန် ပွေ့ဖက်လိုက်မိသည် ။

" ကျွန်တော့် ခံစားချက်တွေကိုကော ဖွင့်ဟ ဝန်ခံပေးဖို့ လိုသေးလား Mcqueen... "

Mcqueen က ကျွန်တော့်ကို လွတ်ထွက်သွားမည်ကို စိုးသည့်အလား တင်းတင်းကျပ်ကျပ် ပြန်ဖက်လာလေသည် ။

" ဒီလို ပွေ့ဖက်မှုလေးကို ကိုယ် ဘယ်လောက်အထိ တမ်းတနေလဲ ဆိုတာ မင်းသိရဲ့လား ယော့ဝန်း... "

ကျွန်တော်တို့ ထို့နောက် အိပ်ယာပေါ် အတူလှဲရင်း စကားဆက်ပြောကြသည် ။

" ဒါနဲ့ Mcqueen... ချန်းလျှို့နဲ့ ဘာအကြောင်းတွေ ပြောခဲ့တာလဲ... "

ကျွန်တော် Mcqueen ၏ မျက်နှာကို လက်ချောင်းများဖြင့် ထိတွေ့ ဆော့ကစားရင်း မေးလိုက်မိသည် ။

" လူတစ်ယောက်ထဲကို လုဖို့အတွက် ရန်ဖြစ်ကြတဲ့ ယောကျ်ားနှစ်ယောက်က ဘာတွေ ပြောလိမ့်မယ်လို့ မင်းထင်နေလဲ ယော့ဝန်း... "

Mcqueen က ကျွန်တော့် လက်ကို ဆုပ်ကိုင်လာလေသည် ။

" ကိုယ်က မရင့်ကျက်သေးဘဲ ရိုင်းစိုင်းကြမ်းတမ်းတဲ့ လူတစ်ယောက်ပါ ယော့ဝန်း... "

ကျွန်တော် ရယ်လိုက်မိတော့ Mcqueen က ရှက်သွားလေသည် ။

" ကိုယ့်ကို မလှောင်ပါနဲ့ ယော့ဝန်း... "

" ... "

" သူမေးတာက ကိုယ်က မင်းကို အတည် ချစ်တာလားတဲ့... ကိုယ်လည်း ဟုတ်တယ်လို့ ပြန်ဖြေခဲ့တယ်... "

" သူက ဆက်မေးတယ်  ... မင်းနဲ့ ရိုက်ထားတဲ့ Porn တွေကို ရောင်းပြီး ငွေရှာတာက ကိုယ့်အချစ်ကို ဖော်ပြတဲ့ နည်းလမ်းလားတဲ့... ယော့ဝန်း... ကိုယ် မင်းနဲ့ နောက်ဆုံး Porn DVD အခွေကို ရိုက်ခဲ့တာ တကယ့်ကို မ​ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘူးဆိုတာ ကိုယ် ကျိန်းသေပေါက် ပြောရဲတယ်... "

Mcqueen က ကျွန်တော့်လက်ဖဝါးလေးကို သူ့လက်ဖဝါးနှင့် ဆုပ်ကိုင်ထားလေသည် ။

" ဒီ Porn လောက က အခြားသူတွေ လုပ်သလိုပဲ ကိုယ်လည်း ကိုယ်တို့ရဲ့ စုံတွဲ Porn အခွေလေးကို ထုတ်ချင်ခဲ့ရုံပါပဲ... အဲ့ဒါကို အဆင်ပြေမယ်လို့ တွေးခဲ့မိတာ ကိုယ် ရူးနေလို့ပဲ... "

Mcqueen က ကျွန်တော့်ကို သူ့လက်မောင်းထဲ ဖက်ထားရင်း ဆက်ပြောလာသည် ။

" အဲ့ကောင်ကို လူကောင်းပါလို့ ကိုယ် မပြောချင်ပေမယ့်လည်း လက်ခံပေးရလိမ့်မယ်.... သူ ဘာပြောခဲ့လဲ သိလား... မင်းပါနေတဲ့ Porn တွေကို ရောင်းတာ ရပ်ပေးပါတဲ့... အဲ့အတွက် ငွေကြေး ဘယ်လောက်နဲ့ပဲ ဖြစ်ဖြစ် သူ အဲ့သည့် ရုပ်ရှင်တွေကို ပြန်ဝယ်ပါ့မယ်တဲ့... သူ ကိုယ့်ဆီကို လာခဲ့တာ အဲ့စကားတွေ ပြောဖို့ လာခဲ့တာ ယော့ဝန်း... "

" ... "

" အမှန်တော့ သူ မပြောခင်ထဲက အဲ့တာကို ကိုယ်စဥ်းစားထားခဲ့ပြီးသားပါ... ချန်းလျှို့ ပြောလို့ မဟုတ်ဘဲ အစထဲက အဲ့တာကို ကိုယ် တွေးထားခဲ့တာပါ ယော့ဝန်း... "

Mcqueen က ကျွန်တော့် လက်ဖဝါးလေးကို ဆွဲယူပြီး နမ်းရှိုက်လာသည် ။

Mcqueen သည် ယခုအချိန်အထိ ကျွန်တော်နှင့် ချန်းလျှို့အကြားက ဆက်ဆံရေးကို စိတ်ပူနေဆဲ ဖြစ်သည် ။

" ချန်းလျှို့ ဘာပဲ ပြောပြော ကျွန်တော် ဂရုမစိုက်ပါဘူး... ကျွန်တော် ဂရုစိုက်တာ ခင်ဗျား တစ်ယောက်ထဲပဲ...  Mcqueen... "

" ဒီနေ့ ကိုယ် မင်းကို တွေ့ချင်တဲ့ အကြောင်းကလည်း ချန်းလျှို့နဲ့ သိပ်ပြီးတော့ မကွာပါဘူး ယော့ဝန်း... ကိုယ်တို့ နှစ်ယောက် အစကနေ ပြန်မစခင်မှာ အရာအားလုံးကို ရှင်းရှင်းလင်းလင်း လုပ်ထားချင်လို့ပဲ... "

" ... "

" အဲ့ ရုပ်ရှင်နဲ့ ပတ်သတ်သမျှတွေကို ကိုယ် အကုန် ပြန်သိမ်းမယ်... ဖြန့်ဝေသူတွေဆီ ပို့ပြီးသားတွေကော ​... ပြီးတော့ ဆိုင်တွေပေါ် ရောက်ပြီးသားတွေကော အကုန်လုံးကိုပေါ့... အတော်လေး နောက်ကျနေပြီး သိပ်မထူးတော့ဘူး ဆိုတာ ကိုယ်သိပေမယ့် ကိုယ် တတ်နိုင်သလောက်တော့ ကြိုးစားချင်သေးတယ် ယော့ဝန်း... "

Mcqueen က ကျွန်တော့် ပါးလေးကို နမ်းလာပြီး ဆက်ပြောလေသည် ။

" အခုပြောမှာက မင်းနဲ့ သိပ်မဆိုင်ဘူး ဆိုပေမယ့် ကိုယ် ပြောပြချင်တယ် ယော့ဝန်း... လွန်ခဲ့တဲ့ အပတ်က ကိုယ် Porn ထုတ်လုပ်ရေး ကုမ္ပဏီကြီး တစ်ခုနဲ့ စကားပြောဖြစ်ခဲ့တယ်... သူတို့က ကိုယ့်ကုမ္ပဏီကို ဝယ်ချင်ကြောင်း ကမ်းလှမ်းလာတယ်... မနှစ်မြို့စရာ အခြေအနေ ဆိုပေမယ့် ဒါဟာ ဖြေရှင်းနည်း တစ်ခု ဖြစ်လာမယ်ဆိုတာ ကိုယ် လက်ခံလိုက်ရတယ်... "

Mcqueen က သူ့အလုပ်နှင့် သူ့ဝန်ထမ်းများအပေါ် မည်မျှ သံယောဇဥ်ကြီးကြောင်း ကျွန်တော် နားလည်ပါသည် ။

" ဂျနီဖာက ကုမ္ပဏီကို ဆက်ပြီး ကြီးကြပ်ပေးပြီး ကျန်တဲ့လူတွေကလည်း သူတို့ လုပ်စရာတွေကို ဆက်လုပ်ကြလိမ့်မယ်... ဘယ်သူမှ အလုပ်ထုတ်မခံရစေဖို့ပါ ကိုယ် ဆွေးနွေးခဲ့တယ်... ဒါဟာ ဘယ်သူမှ ကိုယ့်ကို တွန်းအားပေးလို့ မဟုတ်ဘဲ ကိုယ့်ရဲ့ ကိုယ်ပိုင် ဆုံးဖြတ်ချက်ပါပဲ ယော့ဝန်း... "

" ... "

" ကိုယ် တကယ်ကို Porn လောက က ထွက်ချင်နေတာပါ ယော့ဝန်း... ပြီးတော့ ကိုယ်က ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိတဲ့သူဆိုတော့ နောက်အလုပ်တစ်ခု ပြန်စဖို့အတွက် ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်ရှိပြီးသားပါ... "

ကျွန်တော် Mcqueen ကို တဟီးဟီး ရယ်ရင်း စနောက်လိုက်သည် ။

" ဒါပေမယ့် လောလောဆယ်တော့ Mcqueen လည်း ကျွန်တော့်လိုပဲ အလုပ်လက်မဲ့ ဖြစ်နေတော့မှာပဲ... ဟ ဟ ဟ... "

" မနက်ဖြန် မင်းရဲ့ ဘဏ်အကောင့်ကို စစ်ကြည့်လိုက် ယော့ဝန်း... "

" ကျွန်တော့်အကောင့်... အာ... ဘာလို့လဲ... "

" DVD အခွေကနေ ရောင်းလို့ရသမျှ ငွေတွေအကုန်လုံးကို ကိုယ် မင်းအကောင့်ထဲ လွှဲထည့်ပေးထားတယ်... ဒါဆို ကိုယ်နဲ့ မင်းနဲ့ကြားမှာ ငွေကြေးဆိုင်ရာ ဘာပြဿနာမှ မကျန်တော့ဘူးလို့ ထင်တာပဲ... ဒီငွေကို လက်မခံဘဲတော့ မနေပါနဲ့နော်  ... မင်း ကြိုက်သလို သုံးပစ်ချင် သုံးပစ်... ဒါမှ မဟုတ် လှူချင်လည်းလှူ... ကိုယ့်ကိုတော့ ပြန်မပေးပါနဲ့နော်... အဲ့ငွေကို ​ကိုယ်လုံးဝ ပြန် လက်ခံမှာ မဟုတ်ဘူး... "

ကျွန်တော့်အကောင့်ထဲ Mcqueen ထည့်ပေးထားသည် ဆိုသော ငွေပမာဏကို ကျွန်တော် မသိလိုပါ ။
ထို့အတွက် ကျွန်တော် စိတ်လှုပ်ရှားခြင်း မရှိသလို တုန်လှုပ်ခြောက်ခြားသွားခြင်းလည်း မရှိပါပေ ။

" ကျွန်တော်လည်း ခင်ဗျားကို ပေးစရာ လက်ဆောင်တစ်ခု ရှိတယ် Mcqueen... မနက်ဖြန် ခင်ဗျားရဲ့ ဘဏ်အကောင့်ကို စစ်ကြည့်ပေးပါ..."

ထိုငွေပမာဏသည် တစ်ခါက Mcqueen ကျွန်တော့်ကို မပြောမဆိုဘဲ ကျွန်တော့် ဘဏ်အကောင့်ထဲသို့ အကြောင်းအရင်းမရှိထည့်ပေးခဲ့သော ငွေများ ဖြစ်ပြီး ကျွန်တော်တို့ ပြဿနာ တက်စဥ်က ထည့်ပြောဖြစ်ခဲ့ကြသည့် အဖုအထစ် တစ်ခုလည်း ဖြစ်လေသည် ။

သေချာသည်ကတော့ ကျွန်တော်တို့ ကြားထဲတွင် မည်သို့သော ပြဿနာမှ မရှိတော့ပေ ။

မုန်တိုင်းများ အားလုံး ပြီးဆုံးချိန်တွင် လေပြည်လေးတစ်ခုက တိုက်ခတ်လာလေပြီ မဟုတ်ပါလား ။

ကျွန်တော်တို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် တင်းကျပ်စွာ ဆုပ်ကိုင် ဖက်ထားရင်း နမ်းမိကြလေတော့သည် ။

( T/N... own creation ပေါ့ပေါ့ပါးပါးလေး တစ်ပုဒ် ရေးထားပါတယ်...
System ဇာတ်လမ်းလေးပါ...
အချိန်ရရင် ဝင်ဖတ်ပေးကြပါဦး...

WOW က အပိုင်း ၆၂ ပိုင်း ရှိပြီး extra ၄ ပိုင်း ရှိပါတယ်...
WOW ကိုလည်း တစ်ရက်ခြားပြီး ဆက်လက် Up ပေးသွားပါ့မယ်...
အခုဆို ပြီးဖို့ ၃ ပိုင်းပဲ ကျန်ပါတော့တယ်...
extra အပိုင်းတွေကော ပြန်ပေးစေချင်လား ဖြေပေးခဲ့ကြပါဦး... )

Continue Reading

You'll Also Like

4.7M 527K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
402K 15.3K 43
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
170K 17.9K 34
သွေးလိုနီတဲ့ မင်္ဂလာဝတ်ရုံက သွေးသားတွေကို စားသောက်ရတာ နှစ်သက်တယ် ထိုဝတ်ရုံကို ဝတ်ဆင်ကာ ယစ်ပူဇော်ခံနေရတယ်.... မဖြစ်နိုင်ဘူး ယခုသူ့အလှည့်ကျလာခဲ့ပြီသူ...
5.3K 711 15
(Both Zawgyi and Unicode) "အဲ့တော့ ငါကသူနဲ့ယူရမှာလား..." "ယူတာမယူတာ host အပိုင်းလေ... ဒါပေမယ့် မယူရင် သေမှာ..." "Yah...................." "Wae...