နှလုံးသားစေရာ
အပိုင်း ၂၆
" ဒီဟာ ဝတ်ကြည့်... ဒီဟာလေးရော... "
"ဝယ်ထားတာ ၂ထည်ရှိပြီလေကွာ... တော်ရောပေါ့"
"မတော်ရပါဘူး... ခင်ဗျားမှာရှိတဲ့အင်္ကျီတွေက နေ့တိုင်းဝတ်လို့အဆင်မပြေဘူး... ရော့... ဒီသုံးထည်ဝတ်ကြည့် အရောင်ကြိုက်တယ်မလား"
သူ့လက်ထဲကို တီရှပ်တစ်ထည်နဲ့ ရှပ်အင်္ကျီအစင်းလေးတွေကို ထိုးပေးသည်။ မင်းဆက် ယူလိုက်ပေမယ့် ထိုနေရာမှာတင် ရပ်နေမိခြင်း...
" ဝတ်ကြည့်လေဗျာ..."
" တန်မှာပါ... ဝတ်မကြည့်တော့ဘူး"
"ဟေ့ အေး... လင်းဝယ်ပေးတာအဖိုးနည်းတယ်ဆိုပြီး အလေးမထားတာလား"
ခါးထောက်ကာ နှုတ်ခမ်းစူပြနေတဲ့ကောင်မလေးက ဘာလို့ဒီလောက်ထိချစ်ဖို့ကောင်းနေတာပါလိမ့်...
" ဒီမှာ မဝတ်ရဲဘူး ကလေးရဲ့..."
နားနားကပ်ကာ တိုးတိုးပြောတော့ သူမက တခစ်ခစ်ရယ်သည်။
"ထားပါတော့ တန်မှာပါ။ လင်းမျက်စိထဲမှာ ကိုကြီးနဲ့သိပ်လိုက်လို့ဝယ်ပေးတာ... သိတယ်မလား လင်းကဖက်ရှင်အမြင်ရှိတယ်လေ"
မင်းဆက် ပြုံးမိသည်။ ဝယ်လိုက်ရင် တီရှပ်တွေနဲ့ အင်္ကျီပွပွကြီးတွေကလွဲလို့ လှလှပပအင်္ကျီတစ်ခါမှ မဝယ်ဖူးတဲ့သူကများ...
" ဂျင်းဘောင်းဘီက ရှိတယ်မလား... ဒါပေမယ့် လင်းဒီအရောင်လေးကြိုက်လို့ ဝယ်ပေးမယ်နော်"
မဝယ်ပေးနဲ့လို့ပြောရင်လည်း အဖိုးနည်းလို့လားဆိုပြီး စိတ်မကောင်းဖြစ်နေအုံးမည်။ ဒါပေမယ့် ဒီနေ့ ဒီကလေးမဝယ်ပေးတာတွေများနေပြီ။ သူပြောင်းလာခါစနေ့ကလည်း မွေ့ယာကအစ ခေါင်းအုံး၊ မျက်နှာသုတ်ပဝါ၊ ပစ္စည်းပစ္စယ အကုန်အသစ်ဝယ်ထား ပေးပြီးပြီ။ အခုလည်း လခထုတ်တဲ့နေ့မို့ဆိုပြီး သူ့ကို Martတစ်ခုဆီ ခေါ်လာပြီးအဝတ်အစားတွေ ဝယ်ပေးနေပြန်သည်။ အဝတ်အစားတွေ ရွေးနေတဲ့အချိန်မှာဆို သူမမျက်နှာလေးဟာ ဝင်းလက်လို့...
" ခါးဆိုဒ်ဘယ်လောက်လဲ... မသိလည်းကိစ္စမရှိပါဘူး"
ပြောရင်း ဂျင်းဘောင်းဘီလေးကို သူ့ရှေ့ယူလာသည်။
"ခါးဆိုဒ်က..."
မင်းဆက် ဆက်မပြောဖြစ်တော့...။ သူမက ဘောင်းဘီကိုကိုင်ကာ သူ့ရှေ့မှာခြေဖျားထောက်ရပ်ကာ လည်ပင်းကို သိုင်းလိုက်သည်။ မင်းဆက် တကယ်အံ့ဩသွားမိပြီး သူမကိုငုံ့ကြည့်ပေမယ့် ချာတိတ်မကတော့ မျက်မှောင်ကုပ်လျက်...
" ဟေ့ လူကြီး... ခါးနည်းနည်းကိုင်းပေးအုံးလေဗျာ... ဒီမှာခြေဖျားထောင်တာတောင် အရပ်ကမမီဘူး"
မင်းဆက် အသာခေါင်းကိုရှေ့ကိုင်းပေးတော့ သူမက သူ့ပခုံးကိုကျော်ကာ နောက်ကိုကျော်ကြည့်ပြီး
" ဒီတစ်ထည်နဲ့ ကိုက်လောက်တယ်... လင်း You Tubeမှာကြည့်ဖူးတယ်... ခါးဆိုဒ်မသိရင်ဒီလိုတိုင်းရတယ်တဲ့"
သူမက ဘောင်းဘီကိုပြန်ယူသွားကာ အေးအေးဆေးဆေးပင်... မင်းဆက်မှာသာ ရင်ဘက်ထဲမှာ ဝုန်းဒိုင်းကျဲလို့...
" အမ ဒီဘောင်းဘီနဲ့ အင်္ကျီသုံးထည်ယူမယ်နော်။ တွက်ပေးပါအုံး..."
"ဟုတ်ပြီ ညီမလေး..."
အရောင်းဝန်ထမ်းက အထည်တွေယူကာ အိတ်နဲ့ထည့်နေသည်။
" ကလေးအတွက်ရော... မဝယ်တော့ဘူးလား"
သူမက နှာခေါင်းလေးအသာရှုံ့ပြရင်း ခေါင်းခါသည်။
" ဟင့်အင်... အရင်ကိုကြီးဝယ်ပေးထားတာတွေတောင် တစ်ခါမှမဝတ်ရတာတွေရှိသေးတယ်"
သူမက ပြောပြီး ငွေရှင်းကောင်တာမှာ ငွေရှင်းပြီး အထုပ်တွေဆွဲလာသည်။ ဆိုင်အပြင်ဘက်ထွက်လာကြတော့ မင်းဆက်က သူမလက်ထဲကအထုပ်တွေပြောင်းယူလိုက်ရင်း...
" အဲဒီအင်္ကျီတွေ ဘာလို့မဝတ်တာလည်း... လှရဲ့သားနဲ့"
ချာတိတ်မက သူ့ကိုမော့ကြည့်ကာ သွားစေ့ရယ်ပြသည်။ တကယ့်ကြောင်မလေးလို...
" တအားကြီး လှနေလို့ပေါ့။ အဲဒီဂါဝန်တွေနဲ့ စကပ်တွေက လင်းရဲ့စတိုင်မဟုတ်ဘူး"
မင်းဆက် ဘာမှမပြောတော့ပဲ သူမဦးဆောင်ရာနောက် လိုက်ခဲ့သည်။ ဂျင်းစကပ်တိုလေးရယ်... အင်္ကျီအစင်းကျားတီရှပ်ပွကြီးရယ်... ဆံပင်နှစ်ဖက်ခွဲစည်းလေးနဲ့ သူ့ရှေ့က ပုတက်တက် ကောင်မလေး။ ဝေါကင်းရှူးကလေးစီးပြီး ဂျင်းသားလွယ်အိတ်လေးကို လွယ်ထားတဲ့ ချာတိတ်မလေးကို ၁၀တန်းကျောင်းသူလို့ပြောလည်း ယုံကြမှာ။ ၈တန်းကျောင်းသူလို့ပြောလည်း ယုံကြမှာ...
" ဟေ့ကြည့်အုံး ဟိုအကိုကြီးကချောလိုက်တာ..."
"ဟယ်... အရပ်က အရှည်ကြီးပဲနော်"
"ရှေ့က ကောင်မလေးက သူ့ရည်းစားလားမသိဘူး"
"မဖြစ်နိုင်ပါဘူး... ဟိုကောင်မလေးက ကလေးပဲရှိသေးတာ... သူ့ညီမ ဒါမှမဟုတ် သူ့တူမပဲနေမှာပါ"
မင်းဆက် လမ်းလျောက်ရတာ ခက်ခဲလာချင်သည်။ လမ်းတစ်လျောက် တွေ့တဲ့လူတိုင်းပြောနေကြတဲ့ စကားတွေက သူ့ဆီကို ဦးတည်လာနေကြတာလေ...
မင်းဆက် ခြေလှမ်းသွက်သွက်လှမ်းလိုက်ပြီး ချာတိတ်မဆီမီအောင်လိုက်ပေမယ့် သူမကတော့ ဖုန်းတစ်လုံးနဲ့အေးဆေးပင်... ဘာမှကြားမယ့်ပုံ လည်းမပေါ်။ တကယ်နေနိုင်လွန်းတဲ့ ကလေးမ... ချေတတ်တာကလည်း လွန်ရော။ ဒီလို ဘာကိုမှ ဂရုမစိုက်တာကိုပဲ ကြွေခဲ့မိတာဆိုပေမယ့် သူ့အပေါ် သဝန်တိုတာလေးတွေ မြင်ဖူးချင်မိသည်။
" ချောလိုက်တာ... သူ့ကိုဘယ်မှာမြင်ဖူးတာပါလိမ့်"
" မသိဘူး... စိတ်ကူးယဉ်ချင်စရာကြီး"
မင်းဆက် သူမဘေးမှာ တိုးကပ်ကာရပ်တော့ သူမမော့ကြည့်သည်။
" သူတို့က ကိုကြီးကိုပြောနေကြတာလားဟင်"
ဒီတစ်ခါ ကြားသွားပြီထင်ပါရဲ့... မင်းဆက်ခေါင်းငြိတ်ပြတော့ သူမက ခေါင်းငုံ့သွားသည်။
" အဲဒါကြောင့်ပြောပါတယ်... ကိုကြီးနဲ့ လင်းနဲ့ကမလိုက်ပါဘူးဆို..."
သူမ ခပ်သွက်သွက်လျောက်တဲ့အတိုင်း မင်းဆက်လိုက်လျောက်ကာ ရင်ခွင်နားထိ တိုးတိုးကပ်ကပ်ဖက်လိုက်တော့ သူမက သူ့ကိုမျက်နှာငယ်လေးနဲ့ မော့ကြည့်ရှာသည်။ သူမပခုံးပေါ် လက်တင်လိုက်ပြီး...
" ကိုယ့်မျက်နှာကိုပဲကြည့်... ဘယ်သူ့စကားမှ နားမထောင်နဲ့"
ဤမိန်းကလေးကို ပိုင်ဆိုင်ရတဲ့အတွက် သူဂုဏ်ယူနေပါတယ်ဆိုတဲ့ မျက်နှာထားနဲ့ မင်းဆက်လမ်းပေါ်မှာ ခေါင်းမော့လျှောက်ခဲ့သည်။ မင်းလည်း ဒီလိုမျိုး ဂုဏ်ယူတတ်စေချင်တယ် ကလေးရယ်...
… … … …
" လင်းငယ် ငါဝင်ခဲ့မယ်..."
အသံနဲ့အတူဝင်လာတဲ့ ဒီဒီကို လင်းလှည့်ကြည့်ပြီး ဆွဲလက်စပုံကို ပြန်အာရုံစိုက်လိုက်သည်။ လင်း အလုပ်ကြိုးစားရမယ်လေ...
" အဝတ်ခေါက်ပြီးသားတွေလာပို့တာ... ဒီမှာ ကိုမင်းဆက်သာအဝတ်တွေရော... ပြီးကျ အပေါ်ထပ်ကိုသွားပေးလိုက်အုံးနော်"
" အယ်... ဒီဒီကလဲ... လင်းဘာသာခေါက်မှာပေါ့။ လျောက်လုပ်နေတာပဲ..."
" ငါလည်း အားနေလို့ပါ... အလုပ်အသစ်ထပ်ရှာရအုံးမှာ... အရင်အလုပ်က ထွက်လိုက်ရပြီ... အရင်အထည်ချုပ်စက်ရုံမှာပဲ ပြန်လုပ်ရမယ်ထင်တယ်..."
လင်း စားပွဲပေါ်က ကိုက်လက်စဝေဖာချောင်းကို ပါးစပ်ထဲထည့်လိုက်ပြီး...
" ကိုကိုမင်းသစ်ကိုပြောပေးရမလား... လင်းတို့အရင်လုပ်တဲ့အထည်ချုပ်စက်ရုံက သူဦးစီးတာဆို..."
မစန္ဒီက ခေါင်းကိုအသာရမ်းလျက်...
" ရပါတယ်... ငါ့ဘာသာရှာပါ့မယ်"
မစန္ဒီက ပြောပြီး သူမအခန်းမှန်ချပ်တွေကနေ လမ်းဆီကို လှမ်းကြည့်နေသည်။ လမ်းမီးတိုင်လေးနဲ့... အောက်ထပ်က ကော်ဖီဆိုင်ကိုလာတဲ့ ကားလေးတစ်ချို့...။ မစန္ဒီဆီက လေဝတစ်ဝကြီး ရှိုက်သံကြားလိုက်ရပြီး...
" လင်းငယ်..."
"ဟုတ်..."
"ငါ တောင်းပန်စရာရှိလို့..."
လင်း သူမကိုလှည့်ကြည့်လိုက်သည်။
" အိမ်ပြောင်းဖို့ကိစ္စကလွဲရင် ရတယ်နော်"
" အိမ်ပြောင်းဖို့ဆိုတာထက်... လင်းငယ်စိတ်ဆိုးမှာပဲ ငါကြောက်တာ။ ကိုမင်းဆက်သာ အမြင်မကြည်မှာရောပေါ့..."
" အဲ့လူကြီးက ဘာလို့ဒီဒီ့ကို အမြင်မကြည်ရမှာလဲ"
"ဇော်မင်းနိုင်... သင်္ကြန်တုန်းက လင်းငယ်အိမ်ရှေ့မှာ လာသောင်းကျန်းပြီး လင်းရည်းစားဆိုပြီး လင်းကို ဒုက္ခလာပေးတဲ့လူလေ... အဲဒါကလေ..."
မျက်လွှာချကာ လင်းရှေ့မှာအပြစ်သားတစ်ဦးလို ခေါင်းငုံ့နေတဲ့ မစန္ဒီပခုံးကို အသာပုတ်ပေးလိုက်ပြီး...
" သိပါတယ်... အဲ့ဒီပုံတွေဘယ်လိုဖြစ်ပြီး အဲဒီလူလက်ထဲရောက်သွားလည်း မသိပေမယ့် ဒီဒီ့ဖုန်းထဲကပုံတွေမှန်း လင်းသိပါတယ်။ ပြီးတော့ ဒီဒီသူ့ကို မပေးလိုက်ဘူးဆိုတာလည်း လင်းယုံတယ်..."
မစန္ဒီက လင်းကို အားနာစွာမော့ကြည့်လာသည်။
" ငါတောင်းပန်ပါတယ်... တကယ်ပါ။ သူက အိမ်နဲ့ခင်တော့ လာနေကျလေ... အဲ့နေ့က ငါ့ဆီက ဇာတ်ကားကူးမယ်ဆိုလို့ ဖုန်းပေးပြီး ငါလည်းလက်ဘက်သုပ်ဖို့အိမ်ထဲဝင်သွားလိုက်တာ။ သူဒီလိုလုပ်မယ်လို့ လုံးဝထင်မထားတာ... ကိုမင်းဆက်သာသိရင်တော့ ငါ့ကိုဘာပြောမယ်မသိဘူး..."
" လင်းက အဆင်ပြေတယ်လို့ပြောပြီးပြီလေ... သူနဲ့ဘာဆိုင်တာမှတ်လို့... အဲဒီကိစ္စကြောင့် အိမ်ပြောင်းမယ်စိတ်ကူးနေတာဆိုရင် မပြောင်းရဘူးနော်"
မစန္ဒီက သူမကို အားနာခြင်းများစွာနဲ့ငေးကြည့်လျက်
" ငါ အဲ့ဒီကိစ္စကို လင်းငယ်ကိုမပြောပြရလို့ စိတ်ထဲမှာ မလုံနေတာ..."
လင်း penကို စားပွဲပေါ်ချလိုက်သည်။
" အဲ့ဒီကိစ္စကို လင်းကိုမပြောတာ စိတ်ဆိုးမှာ မဟုတ်ဘူးနော်။ ရည်းစားရတဲ့အကြောင်း မပြောရင်တော့ စိတ်ဆိုးမှာ..."
လင်းနဲ့ မစန္ဒီနှစ်ယောက် အခန်းထဲမှာ အော်ရယ်မိကြသည်။
" ဒီတစ်သက် ငါတော့ ရည်းစားရပါ့မလား မသိဘူး..."
ပြောရင်း ထပ်ရယ်မိကြပြန်သည်။ ဒီလိုမျိုး စိတ်လွတ်ကိုယ်လွတ်နေရတာလည်း ပျော်စရာ...
… … … …
" အဆင်ပြေတယ်ဆိုလည်းပြီးတာပဲ... ယွန်းမီကိုလည်း ဂရုစိုက်။ ဘဘကြီးတို့ကတော့ လက်လျော့မှာမဟုတ်သေးဘူး... အခုလောလောဆယ် မင်းတို့ပုန်းနေတာပဲကောင်းမယ်... "
လှေကားထိပ်မှာ အဝတ်တွေတစ်ထပ်နဲ့ ကလေးမလေးကိုမြင်တာကြောင့် စကားလက်စသတ်လိုက်သည်။
" အခြေနေတွေတည်တည်ငြိမ်ငြိမ်ဖြစ်သွားတဲ့အခါ ယွန်းမီကို ကျောင်းဆက်တက်ဖို့ပြင်ဆင်အုံး... ဒါပဲ ငါမအားသေးဘူး"
မင်းဆက်ဖုန်းချလိုက်တော့ သူမက စူးစမ်းသလိုမျက်ဝန်းများနှင့် အနားရောက်လာသည်။
" ရော့... အဝတ်တွေခေါက်ထားတာ လာပေးတာ"
မင်းဆက် ယူလိုက်ပြီး အခန်းထဲကဗီရိုမှာ သွားထားလိုက်သည်။ အခန်းကျဉ်းလေးရဲ့ အပေါက်ဝထိ လိုက်လာပြီးမှ...
" အဲဒါဆို ပြန်တော့မယ်..."
နှုတ်ခမ်းပါးလေးက အနည်းငယ်စူချိတ်နေသလိုလို... ဘာတွေအလိုမကျဖြစ်နေပြန်တာလဲ...
" နေအုံးလေ..."
သူမလက်ကိုဆွဲတော့ လက်ကို အသာဖြုတ်ချသည်။
" မနက်ဖြန် အလုပ်သွားရအုံးမှာ... ညနေက ဈေးတွေလျောက်ပတ်ထားရတာပင်ပန်းတယ်... အိပ်တော့မယ်"
"နေပါအုံးဆို... ကိုယ်တို့စကားပြောရအောင်လေ။ ရှေ့ထွက်ပြောမယ်... ဒီမှာ သစ်သားကွပ်ပျစ်လေးရှိတယ်"
သူမလက်ကို အတင်းဆွဲချကာ ထိုင်ခိုင်းတော့ မျက်မှောက်ကုပ်လျက်
" မနက်အစောကြီးထရအုံးမှာပါဆို... ခင်ဗျားလို အလုပ်မရှိအကိုင်မရှိတဲ့သူ မဟုတ်ဘူးဗျ..."
"ကဲပါ... ဘယ်သူက ဘာပြောလို့လဲ။ ခဏလေးကို... ဟိုမှာ ကောင်းကင်ကိုကြည့်။ ကြယ်တွေနဲ့လှလိုက်တာ" မ
င်းဆက် ကောင်းကင်ကို လက်ညှိုးထိုးပြကာ ဂျစ်ကန်ကန်ကလေးမကို အာရုံလွှဲရသည်။
" ဟိုမှာ အဲဒါက ဓူဝံကြယ် ဟိုဟာက သောကြကြယ်..."
လက်ညှိုးညွှန်ရာ ခေါင်းလေးလိုက်ရွှေ့ကာ လိုက်ကြည့်နေတဲ့ ကောင်မလေးကို ရင်ခွင်ထဲဆွဲသွင်းတော့ ပခုံးလေးအသာကျုံ့သွားသည်။
" ကိုကြီးက ကြောက်စရာကောင်းလို့လား"
မင်းဆက် မျက်မှောင်ကုပ်ကာ မေးတော့ သူမက မော့ကြည့်လျက်...
" ဟင့်အင်..."
"အဲဒါဆို သက်တောင့်သက်သာနေ... ကိုကြီးဘာမှမလုပ်ဘူး... နော်"
"ဟုတ်..."
သူမက ခေါင်းကိုရှေ့လှည့်သွားက မင်းဆက်ရင်ခွင်ကိုစိတ်ရှိတိုင်းမှီလျက် ကောင်းကင်ကို ငေးကြည့်နေတော့သည်။
" ခုနှစ်စင်ကြယ်မထွက်သေးဘူးလား"
" ဒီလထဲ ခုနှစ်စဉ်ကြယ်ကြည့်ချင်ရင်တော့... သန်းခေါင်လောက်ထိနေရလိမ့်မယ်... နေမှာလား"
" မနေချင်ပါဘူး..."
ဘောက်ဆက်ဆက် ပြန်ဖြေပုံလေးကိုက ချစ်စရာ။ မင်းဆက်တိုးကာ ထွေးပွေ့တော့ ငြိမ်ငြိမ်လေးသူ့ကို မှီလျော့ကာ ထိုင်နေဆဲ...
" ကြယ်တွေက လှတယ်နော်"
"ကလေးက ပိုလှတာပါကွာ..."
မင်းဆက် သူမမျက်နှာကို မမြင်ရပေမယ့် နှုတ်ခမ်းလေးစူကာ ထော်ထားမှာမြင်ယောင်နေသည်။ မင်းဆက် သူမကိုဖက်ထားတဲ့လက်တွေကို အောက်ကကြမ်းပြင်ပေါ် ပြောင်းထောက်လိုက်ပြီး နောက်ကို အနည်းငယ်လှန်ချသည့်တိုင် ချာတိတ်မက မှီထားဆဲ...
" အပျင်းမလေး... ကိုကြီးကိုအတင်းတွေမှီထားတယ်"
သူမက ဆတ်ကနဲ့ရုန်းထကာ...
" မကြိုက်ဘူးလားပြော... အရင်ကဆို သူပဲ လင်းရဲ့ပေါင်ပေါ်မှာအမြဲအိပ်နေပြီးတော့... တအားကို ဗိုလ်ကျချင်တဲ့လူကြီး... လင်းက အငယ်သာပြောတယ်။ သူ့ပဲ ပြန်ပြီးယုယနေခဲ့ရတာကိုများ..."
နှုတ်ခမ်းလေး ထော်ကာထော်ကာ ရန်တွေ့နေတဲ့ကောင်မလေးကို မင်းဆက် အူယားလာကာ ဆွဲချလိုက်ပြီး သူ့လက်မောင်းပေါ် အိပ်စေလိုက်သည်။
" အင်းပါ... ကိုကြီးက မကောင်းတာနော... ကလေးအပေါ်... ကလေးကြီးလိုဒုက္ခပေးတော့ ကလေးက ဘယ်ကြိုက်မှာတုန်း... အင်းပါ အင်းပါ။ အခု ကျနော်ကပဲ ကလေးမကြီးကို ဂရုစိုက်ပေးတော့မယ်... "
သူမဆီက ပွစိပွစိလေသံတိုးတိုးလေး ကြားရသည်။ အရင်တုန်းကဆို သူနဲ့ပတ်သတ်လို့စကားများများစားစား မပြောတတ်တဲ့သူမလေးက အခုဆို စကားတွေတစာစာ ပြောတတ်လာသည်။ မင်းသစ်ပြောဖူးတဲ့စကားလိုပဲ... 'အသေးလေးက သူသဘောကျသွားပြီဆိုရင် နားညီးနေအောင်စကားပြောတာ"တဲ့။ ပြောပါစေ။
အသက်ကြီးတဲ့ထိ ဒီလို သူမရဲ့ပွစိပွစိသံလေးတွေ နားထောင်ပြီးပဲ အိုမင်းသွားချင်တယ်။
" ကိုကြီး"
"အင်း..."
"ကိုကိုညီလေ... သူ့ကိုမတွ့ပါလား..."
" သူ စင်္ကာပူသွားတယ်..."
"ဪ..."
ထို့နောက် အကြာကြီးအသံတိတ်နေသည်။ မင်းဆက် အိပ်ချင်လာတာမို့မျက်လုံးမှိတ်လိုက်သည်။
" ကိုကြီး..."
"အင်း..."
သူ့လေသံ နည်းနည်းရှည်သွားတော့ သူမဆီက ခပ်အောင့်အောင့်လေသံဖြင့်...
" စိတ်မရှည်တာလား... ငြိုငြင်တာလား..."
မင်းဆက် တိတ်တဆိတ် ပြုံးလိုက်ပြီး
" မဟုတ်ပါဘူးဗျ... ပြောပါဗျ။ ကျနော်နားထောင်နေပါတယ်"
သူမ မျက်စောင်းလေးချီနေမှာကိုလည်း မျက်လုံးဖွင့်စရာမလိုပဲ သိနေသည်။
" စပ်စုတာတော့မဟုတ်ဘူးလေ... "
" ကိုကြီးကို စိတ်ဝင်စားနေတာမို့လား ကောင်မလေး"
" စကားကောင်းပြောမလို့ပါဆိုဗျာ..."
" အင်း နားထောင်နေတယ်လေဗျာ"
မင်းဆက် မျက်လုံးတွေမှိတ်ရင်း ပြုံးနေမိသည်။
" ခုနက ဖုန်းပြောနေတာလေ... ယွန်းမီလေးဆိုလားလေ... ဘယ်သူလဲဟင်"
" ကိုယ့်တူမ... သိင်္ဂီ့သမီး"
"ဪ... ဂီဂီကရော... ဘယ်ပြောင်းသွားလို့လဲ"
"ဘယ်သူ..."
"ဂီဂီ... ဂီဂီလေ..."
"သိင်္ဂီ့ကိုခေါ်တာလား ဂီဂီဆိုတာက"
"အင်းလေ... အဲဒါထားပါအုံး။ ဂီဂီကရောဘယ်သွားတာလဲလို့..."
မင်းဆက် ဘယ်ကနေ ဘယ်လိုစဖြေရမယ် မသိတော့...
" ဒီလိုကွာ... သိင်္ဂီနဲ့ ညီညီနဲ့က ဘယ်လိုပြောရမလဲ.... ဆိုတော့... သူတို့ကချစ်သူတွေတော့မဟုတ်ဘူး။ ဒါပေမယ့် တစ်ယောက်ကိုတစ်ယောက် တအားချစ်ကြတာပေါ့... ဒါပေမဲ့ ဘဘကြီးကြောင့် သိင်္ဂီက တစ်ခြားလူနဲ့အိမ်ထောင်ပြုလိုက်ရတယ်ပေါ့ကွာ။ ပြီးတော့ သူ့ယောက်ျားကဖောက်ပြန်ရော... ပြီးတော့ သူချစ်နေဆဲညီညီက စင်္ကာပူသွားရမယ်လည်းသိရော... သူက အိမ်ကို ကိုကြီးလိုပုန်ကန်ချင်တယ်တဲ့... အဲဒါနဲ့... "
"အဲဒါနဲ့ ကိုကြီက ကူညီပေးလိုက်တာပေါ့"
"အင်း မင်းသစ်နဲ့ ကိုကြီးက စုထားတဲ့ပိုက်ဆံတွေပေးလိုက်ပြီး ဒီကနေထွက်သွားလို့ရအောင် ကူညီပေးလိုက်တယ်။ ဟိုကျတော့ ဘဘကြီးလူတွေမမိအောင်ဆို မင်းခေတ်က လုံခြုံတဲ့နေရာကိုပို့ပေးလိုက်ပြီးမှ အဲဒီကောင်လည်း ဒီကိုပြန်လာတာ"
" အံ့ဩစရာကြီးပဲ... ကိုယ့်အမကို ယောက်ျားခိုးပေးတဲ့ ညီအကိုတွေကို ခုမှမြင်ဖူးတယ်"
"ကိုယ်တို့ မကူညီလည်း သိင်္ဂီကရအောင်လိုက်မှာပဲကို။ အဆင်ပြေသွားတာပေါ့... ကိုယ်တို့ကူညီလိုက်တော့။ ပြီးတော့ ယွန်းမီရဲ့အဖေရင်းကလည်း ညီညီပဲတဲ့လေ..."
"ဟမ်..."
"မယုံနိုင်စရာဆိုပေမယ့် အဲဒါကလည်း တကယ်ပဲတဲ့"
"ရှုပ်နေတာပဲနော်..."
မင်းဆက် မျက်လုံးဖွင့်လိုက်တော့ သူ့လက်မောင်းတွေပေါ် အိပ်နေရင်းက သူ့ကိုငေးစိုက်ကြည့်နေတဲ့ ကောင်မလေးရဲ့မျက်ဝန်းတွေနဲ့ ဆုံမိသည်။ ခိုးကြည့်နေတာမိသွားတဲ့ကောင်မလေးခမျာ... ရှက်သွားပြီး တစ်ဖက်ကို လှည့်သွားကာ...
" အဲဒါနဲ့... အလုပ်... အလုပ်ကရော... ရပြီလား"
"အင်း..."
"တကယ်... "
သူမက ရုတ်တရင် ပြန်လှည့်လာကာ အရောင်တစ်လက်လက် မျက်ဝန်းလေးတွေနဲ့ စကားဆိုသည်။
" အင်း... တကယ်။ အောက်ထပ်က ကော်ဖီဆိုင်မှာ..."
သူမက အံ့သြသလိုလို မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နဲ့ ကြည့်နေပုံလေးက ငုံထားလိုက်ချင်စရာ...
" ကံကောင်းတာပဲ... အဝေးကြီးမဟုတ်တော့ ကောင်းတာပေါ့..."
" အင်း..."
မင်းဆက် သူမလေးကိုရင်ခွင်ထဲမြုပ်အောင် ပွေ့ဖက်တော့ တံတောင်လေးနဲ့တွက်ကာ
" ပြန်တော့မယ်... "
ရုန်းကာထတော့ မင်းဆက်ပါလိုက်ထရသည်။
" အာဘွားပေး... အဲဒါဆိုပြန်ခိုင်းမယ်"
"ဟာဗျာ..."
"မပေးဘူးလား..."
သူမမျက်နှာနားထိ တိုးကပ်လိုက်တော့ နှုတ်ခမ်းကိုတင်းတင်းပိတ်ကာ မျက်လုံးလေးပြူးထားသည်။
" အာဘွား.... ပေးမယ်နော်"
ပြောပြီး ပါးကိုမရဲတရဲနမ်းနေပုံလေးကိုက မင်းဆက်အတွက် ရူးလောက်စရာ... မင်းဆက် ပြန်ပြီး ဆံရစ်ညီညီလေးတွေနဲ့နဖူးပြင်ကို မြတ်နိုးစွာ နမ်းရှိုက်တော့ သူ့ရှေ့မှာ သူမက ကျုံ့ကျုံ့ကလေး...
" Good night ကလေးလေး"
သူမက မျက်လုံးလေးတွေမှေးသွားအောင် ပြန်ရယ်ပြသည်။
" အဟမ်း... လင်းငယ်။ မနက်ထရအုံးမှာမို့ လာခေါ်တာ" လှေကားထိပ်က မစန္ဒီအသံကြားတာနဲ့ ကွပ်ပစ်လေးပေါ်နေ သူမ ဆက်ကနဲ့ခုံဆင်းလိုက်သည်။
" လာပြီ ဒီဒီ"
သွားချွန်လေးနဲ့ နတ်သူငယ်လေး လေထဲလွင့်နေသလို လှစ်ကနဲ့ပေါ့ပါးစွာပင် လှေကားထိပ်နား ရောက်သွားသည်။
" ဟေ့ လူကြီး... အပြင်ဘက်မအိပ်နဲ့နော်။ အိုက်တယ်ဆိုပေမယ့်... အခန်းထဲမှာပဲအိပ်"
လှေကားကနေ တဒုံးဒုံးဆင်းသွားတဲ့ခြေသံလေးကို နားဆင်ပြီးတာနဲ့ မင်းဆက်အခန်းထဲကို ပြန်ဝင်ခဲ့သည်။
ချာတိတ်မစကား နားထောင်ရမယ်လေ...
#ပိုမိုငြိမ်းအေး
ZawGyi
ႏွလုံးသားေစရာ
အပိုင္း ၂၆
" ဒီဟာ ဝတ္ၾကည့္... ဒီဟာေလးေရာ... "
"ဝယ္ထားတာ ၂ထည္ရွိၿပီေလကြာ... ေတာ္ေရာေပါ့"
"မေတာ္ရပါဘူး... ခင္ဗ်ားမွာရွိတဲ့အကၤ်ီေတြက ေန႕တိုင္းဝတ္လို႔အဆင္မေျပဘူး... ေရာ့... ဒီသုံးထည္ဝတ္ၾကည့္ အေရာင္ႀကိဳက္တယ္မလား"
သူ႕လက္ထဲကို တီရွပ္တစ္ထည္နဲ႕ ရွပ္အကၤ်ီအစင္းေလးေတြကို ထိုးေပးသည္။ မင္းဆက္ ယူလိုက္ေပမယ့္ ထိုေနရာမွာတင္ ရပ္ေနမိျခင္း...
" ဝတ္ၾကည့္ေလဗ်ာ..."
" တန္မွာပါ... ဝတ္မၾကည့္ေတာ့ဘူး"
"ေဟ့ ေအး... လင္းဝယ္ေပးတာအဖိုးနည္းတယ္ဆိုၿပီး အေလးမထားတာလား"
ခါးေထာက္ကာ ႏႈတ္ခမ္းစူျပေနတဲ့ေကာင္မေလးက ဘာလို႔ဒီေလာက္ထိခ်စ္ဖို႔ေကာင္းေနတာပါလိမ့္...
" ဒီမွာ မဝတ္ရဲဘူး ကေလးရဲ႕..."
နားနားကပ္ကာ တိုးတိုးေျပာေတာ့ သူမက တခစ္ခစ္ရယ္သည္။
"ထားပါေတာ့ တန္မွာပါ။ လင္းမ်က္စိထဲမွာ ကိုႀကီးနဲ႕သိပ္လိုက္လို႔ဝယ္ေပးတာ... သိတယ္မလား လင္းကဖက္ရွင္အျမင္ရွိတယ္ေလ"
မင္းဆက္ ၿပဳံးမိသည္။ ဝယ္လိုက္ရင္ တီရွပ္ေတြနဲ႕ အကၤ်ီပြပြႀကီးေတြကလြဲလို႔ လွလွပပအကၤ်ီတစ္ခါမွ မဝယ္ဖူးတဲ့သူကမ်ား...
" ဂ်င္းေဘာင္းဘီက ရွိတယ္မလား... ဒါေပမယ့္ လင္းဒီအေရာင္ေလးႀကိဳက္လို႔ ဝယ္ေပးမယ္ေနာ္"
မဝယ္ေပးနဲ႕လို႔ေျပာရင္လည္း အဖိုးနည္းလို႔လားဆိုၿပီး စိတ္မေကာင္းျဖစ္ေနအုံးမည္။ ဒါေပမယ့္ ဒီေန႕ ဒီကေလးမဝယ္ေပးတာေတြမ်ားေနၿပီ။ သူေျပာင္းလာခါစေန႕ကလည္း ေမြ႕ယာကအစ ေခါင္းအုံး၊ မ်က္ႏွာသုတ္ပဝါ၊ ပစၥည္းပစၥယ အကုန္အသစ္ဝယ္ထား ေပးၿပီးၿပီ။ အခုလည္း လခထုတ္တဲ့ေန႕မို႔ဆိုၿပီး သူ႕ကို Martတစ္ခုဆီ ေခၚလာၿပီးအဝတ္အစားေတြ ဝယ္ေပးေနျပန္သည္။ အဝတ္အစားေတြ ေ႐ြးေနတဲ့အခ်ိန္မွာဆို သူမမ်က္ႏွာေလးဟာ ဝင္းလက္လို႔...
" ခါးဆိုဒ္ဘယ္ေလာက္လဲ... မသိလည္းကိစၥမရွိပါဘူး"
ေျပာရင္း ဂ်င္းေဘာင္းဘီေလးကို သူ႕ေရွ႕ယူလာသည္။
"ခါးဆိုဒ္က..."
မင္းဆက္ ဆက္မေျပာျဖစ္ေတာ့...။ သူမက ေဘာင္းဘီကိုကိုင္ကာ သူ႕ေရွ႕မွာေျခဖ်ားေထာက္ရပ္ကာ လည္ပင္းကို သိုင္းလိုက္သည္။ မင္းဆက္ တကယ္အံ့ဩသြားမိၿပီး သူမကိုငုံ႕ၾကည့္ေပမယ့္ ခ်ာတိတ္မကေတာ့ မ်က္ေမွာင္ကုပ္လ်က္...
" ေဟ့ လူႀကီး... ခါးနည္းနည္းကိုင္းေပးအုံးေလဗ်ာ... ဒီမွာေျခဖ်ားေထာင္တာေတာင္ အရပ္ကမမီဘူး"
မင္းဆက္ အသာေခါင္းကိုေရွ႕ကိုင္းေပးေတာ့ သူမက သူ႕ပခုံးကိုေက်ာ္ကာ ေနာက္ကိုေက်ာ္ၾကည့္ၿပီး
" ဒီတစ္ထည္နဲ႕ ကိုက္ေလာက္တယ္... လင္း You Tubeမွာၾကည့္ဖူးတယ္... ခါးဆိုဒ္မသိရင္ဒီလိုတိုင္းရတယ္တဲ့"
သူမက ေဘာင္းဘီကိုျပန္ယူသြားကာ ေအးေအးေဆးေဆးပင္... မင္းဆက္မွာသာ ရင္ဘက္ထဲမွာ ဝုန္းဒိုင္းက်ဲလို႔...
" အမ ဒီေဘာင္းဘီနဲ႕ အကၤ်ီသုံးထည္ယူမယ္ေနာ္။ တြက္ေပးပါအုံး..."
"ဟုတ္ၿပီ ညီမေလး..."
အေရာင္းဝန္ထမ္းက အထည္ေတြယူကာ အိတ္နဲ႕ထည့္ေနသည္။
" ကေလးအတြက္ေရာ... မဝယ္ေတာ့ဘူးလား"
သူမက ႏွာေခါင္းေလးအသာရႈံ႕ျပရင္း ေခါင္းခါသည္။
" ဟင့္အင္... အရင္ကိုႀကီးဝယ္ေပးထားတာေတြေတာင္ တစ္ခါမွမဝတ္ရတာေတြရွိေသးတယ္"
သူမက ေျပာၿပီး ေငြရွင္းေကာင္တာမွာ ေငြရွင္းၿပီး အထုပ္ေတြဆြဲလာသည္။ ဆိုင္အျပင္ဘက္ထြက္လာၾကေတာ့ မင္းဆက္က သူမလက္ထဲကအထုပ္ေတြေျပာင္းယူလိုက္ရင္း...
" အဲဒီအကၤ်ီေတြ ဘာလို႔မဝတ္တာလည္း... လွရဲ႕သားနဲ႕" ခ်ာတိတ္မက သူ႕ကိုေမာ့ၾကည့္ကာ သြားေစ့ရယ္ျပသည္။ တကယ့္ေၾကာင္မေလးလို...
" တအားႀကီး လွေနလို႔ေပါ့။ အဲဒီဂါဝန္ေတြနဲ႕ စကပ္ေတြက လင္းရဲ႕စတိုင္မဟုတ္ဘူး"
မင္းဆက္ ဘာမွမေျပာေတာ့ပဲ သူမဦးေဆာင္ရာေနာက္ လိုက္ခဲ့သည္။ ဂ်င္းစကပ္တိုေလးရယ္... အကၤ်ီအစင္းက်ားတီရွပ္ပြႀကီးရယ္... ဆံပင္ႏွစ္ဖက္ခြဲစည္းေလးနဲ႕ သူ႕ေရွ႕က ပုတက္တက္ ေကာင္မေလး။ ေဝါကင္းရႉးကေလးစီးၿပီး ဂ်င္းသားလြယ္အိတ္ေလးကို လြယ္ထားတဲ့ ခ်ာတိတ္မေလးကို ၁၀တန္းေက်ာင္းသူလို႔ေျပာလည္း ယုံၾကမွာ။ ၈တန္းေက်ာင္းသူလို႔ေျပာလည္း ယုံၾကမွာ...
" ေဟ့ၾကည့္အုံး ဟိုအကိုႀကီးကေခ်ာလိုက္တာ..."
"ဟယ္... အရပ္က အရွည္ႀကီးပဲေနာ္"
"ေရွ႕က ေကာင္မေလးက သူ႕ရည္းစားလားမသိဘူး"
"မျဖစ္နိုင္ပါဘူး... ဟိုေကာင္မေလးက ကေလးပဲရွိေသးတာ... သူ႕ညီမ ဒါမွမဟုတ္ သူ႕တူမပဲေနမွာပါ"
မင္းဆက္ လမ္းေလ်ာက္ရတာ ခက္ခဲလာခ်င္သည္။ လမ္းတစ္ေလ်ာက္ ေတြ႕တဲ့လူတိုင္းေျပာေနၾကတဲ့ စကားေတြက သူ႕ဆီကို ဦးတည္လာေနၾကတာေလ...
မင္းဆက္ ေျခလွမ္းသြက္သြက္လွမ္းလိုက္ၿပီး ခ်ာတိတ္မဆီမီေအာင္လိုက္ေပမယ့္ သူမကေတာ့ ဖုန္းတစ္လုံးနဲ႕ေအးေဆးပင္... ဘာမွၾကားမယ့္ပုံ လည္းမေပၚ။ တကယ္ေနနိုင္လြန္းတဲ့ ကေလးမ... ေခ်တတ္တာကလည္း လြန္ေရာ။ ဒီလို ဘာကိုမွ ဂ႐ုမစိုက္တာကိုပဲ ေႂကြခဲ့မိတာဆိုေပမယ့္ သူ႕အေပၚ သဝန္တိုတာေလးေတြ ျမင္ဖူးခ်င္မိသည္။
" ေခ်ာလိုက္တာ... သူ႕ကိုဘယ္မွာျမင္ဖူးတာပါလိမ့္"
" မသိဘူး... စိတ္ကူးယဥ္ခ်င္စရာႀကီး"
မင္းဆက္ သူမေဘးမွာ တိုးကပ္ကာရပ္ေတာ့ သူမေမာ့ၾကည့္သည္။
" သူတို႔က ကိုႀကီးကိုေျပာေနၾကတာလားဟင္"
ဒီတစ္ခါ ၾကားသြားၿပီထင္ပါရဲ႕... မင္းဆက္ေခါင္းၿငိတ္ျပေတာ့ သူမက ေခါင္းငုံ႕သြားသည္။ " အဲဒါေၾကာင့္ေျပာပါတယ္... ကိုႀကီးနဲ႕ လင္းနဲ႕ကမလိုက္ပါဘူးဆို..."
သူမ ခပ္သြက္သြက္ေလ်ာက္တဲ့အတိုင္း မင္းဆက္လိုက္ေလ်ာက္ကာ ရင္ခြင္နားထိ တိုးတိုးကပ္ကပ္ဖက္လိုက္ေတာ့ သူမက သူ႕ကိုမ်က္ႏွာငယ္ေလးနဲ႕ ေမာ့ၾကည့္ရွာသည္။ သူမပခုံးေပၚ လက္တင္လိုက္ၿပီး...
" ကိုယ့္မ်က္ႏွာကိုပဲၾကည့္... ဘယ္သူ႕စကားမွ နားမေထာင္နဲ႕"
ဤမိန္းကေလးကို ပိုင္ဆိုင္ရတဲ့အတြက္ သူဂုဏ္ယူေနပါတယ္ဆိုတဲ့ မ်က္ႏွာထားနဲ႕ မင္းဆက္လမ္းေပၚမွာ ေခါင္းေမာ့ေလွ်ာက္ခဲ့သည္။ မင္းလည္း ဒီလိုမ်ိဳး ဂုဏ္ယူတတ္ေစခ်င္တယ္ ကေလးရယ္...
" လင္းငယ္ ငါဝင္ခဲ့မယ္..."
အသံနဲ႕အတူဝင္လာတဲ့ ဒီဒီကို လင္းလွည့္ၾကည့္ၿပီး ဆြဲလက္စပုံကို ျပန္အာ႐ုံစိုက္လိုက္သည္။ လင္း အလုပ္ႀကိဳးစားရမယ္ေလ...
" အဝတ္ေခါက္ၿပီးသားေတြလာပို႔တာ... ဒီမွာ ကိုမင္းဆက္သာအဝတ္ေတြေရာ... ၿပီးက် အေပၚထပ္ကိုသြားေပးလိုက္အုံးေနာ္"
" အယ္... ဒီဒီကလဲ... လင္းဘာသာေခါက္မွာေပါ့။ ေလ်ာက္လုပ္ေနတာပဲ..."
" ငါလည္း အားေနလို႔ပါ... အလုပ္အသစ္ထပ္ရွာရအုံးမွာ... အရင္အလုပ္က ထြက္လိုက္ရၿပီ... အရင္အထည္ခ်ဳပ္စက္႐ုံမွာပဲ ျပန္လုပ္ရမယ္ထင္တယ္..."
လင္း စားပြဲေပၚက ကိုက္လက္စေဝဖာေခ်ာင္းကို ပါးစပ္ထဲထည့္လိုက္ၿပီး...
" ကိုကိုမင္းသစ္ကိုေျပာေပးရမလား... လင္းတို႔အရင္လုပ္တဲ့အထည္ခ်ဳပ္စက္႐ုံက သူဦးစီးတာဆို..."
မစႏၵီက ေခါင္းကိုအသာရမ္းလ်က္...
" ရပါတယ္... ငါ့ဘာသာရွာပါ့မယ္"
မစႏၵီက ေျပာၿပီး သူမအခန္းမွန္ခ်ပ္ေတြကေန လမ္းဆီကို လွမ္းၾကည့္ေနသည္။ လမ္းမီးတိုင္ေလးနဲ႕... ေအာက္ထပ္က ေကာ္ဖီဆိုင္ကိုလာတဲ့ ကားေလးတစ္ခ်ိဳ႕...။ မစႏၵီဆီက ေလဝတစ္ဝႀကီး ရွိုက္သံၾကားလိုက္ရၿပီး...
" လင္းငယ္..."
"ဟုတ္..."
"ငါ ေတာင္းပန္စရာရွိလို႔..."
လင္း သူမကိုလွည့္ၾကည့္လိုက္သည္။
" အိမ္ေျပာင္းဖို႔ကိစၥကလြဲရင္ ရတယ္ေနာ္"
" အိမ္ေျပာင္းဖို႔ဆိုတာထက္... လင္းငယ္စိတ္ဆိုးမွာပဲ ငါေၾကာက္တာ။ ကိုမင္းဆက္သာ အျမင္မၾကည္မွာေရာေပါ့..."
" အဲ့လူႀကီးက ဘာလို႔ဒီဒီ့ကို အျမင္မၾကည္ရမွာလဲ"
"ေဇာ္မင္းနိုင္... သၾကၤန္တုန္းက လင္းငယ္အိမ္ေရွ႕မွာ လာေသာင္းက်န္းၿပီး လင္းရည္းစားဆိုၿပီး လင္းကို ဒုကၡလာေပးတဲ့လူေလ... အဲဒါကေလ..."
မ်က္လႊာခ်ကာ လင္းေရွ႕မွာအျပစ္သားတစ္ဦးလို ေခါင္းငုံ႕ေနတဲ့ မစႏၵီပခုံးကို အသာပုတ္ေပးလိုက္ၿပီး...
" သိပါတယ္... အဲ့ဒီပုံေတြဘယ္လိုျဖစ္ၿပီး အဲဒီလူလက္ထဲေရာက္သြားလည္း မသိေပမယ့္ ဒီဒီ့ဖုန္းထဲကပုံေတြမွန္း လင္းသိပါတယ္။ ၿပီးေတာ့ ဒီဒီသူ႕ကို မေပးလိုက္ဘူးဆိုတာလည္း လင္းယုံတယ္..."
မစႏၵီက လင္းကို အားနာစြာေမာ့ၾကည့္လာသည္။
" ငါေတာင္းပန္ပါတယ္... တကယ္ပါ။ သူက အိမ္နဲ႕ခင္ေတာ့ လာေနက်ေလ... အဲ့ေန႕က ငါ့ဆီက ဇာတ္ကားကူးမယ္ဆိုလို႔ ဖုန္းေပးၿပီး ငါလည္းလက္ဘက္သုပ္ဖို႔အိမ္ထဲဝင္သြားလိုက္တာ။ သူဒီလိုလုပ္မယ္လို႔ လုံးဝထင္မထားတာ... ကိုမင္းဆက္သာသိရင္ေတာ့ ငါ့ကိုဘာေျပာမယ္မသိဘူး..."
" လင္းက အဆင္ေျပတယ္လို႔ေျပာၿပီးၿပီေလ... သူနဲ႕ဘာဆိုင္တာမွတ္လို႔... အဲဒီကိစၥေၾကာင့္ အိမ္ေျပာင္းမယ္စိတ္ကူးေနတာဆိုရင္ မေျပာင္းရဘူးေနာ္"
မစႏၵီက သူမကို အားနာျခင္းမ်ားစြာနဲ႕ေငးၾကည့္လ်က္
" ငါ အဲ့ဒီကိစၥကို လင္းငယ္ကိုမေျပာျပရလို႔ စိတ္ထဲမွာ မလုံေနတာ..."
လင္း penကို စားပြဲေပၚခ်လိဳက္သည္။
" အဲ့ဒီကိစၥကို လင္းကိုမေျပာတာ စိတ္ဆိုးမွာ မဟုတ္ဘူးေနာ္။ ရည္းစားရတဲ့အေၾကာင္း မေျပာရင္ေတာ့ စိတ္ဆိုးမွာ..."
လင္းနဲ႕ မစႏၵီႏွစ္ေယာက္ အခန္းထဲမွာ ေအာ္ရယ္မိၾကသည္။
" ဒီတစ္သက္ ငါေတာ့ ရည္းစားရပါ့မလား မသိဘူး..."
ေျပာရင္း ထပ္ရယ္မိၾကျပန္သည္။ ဒီလိုမ်ိဳး စိတ္လြတ္ကိုယ္လြတ္ေနရတာလည္း ေပ်ာ္စရာ...
" အဆင္ေျပတယ္ဆိုလည္းၿပီးတာပဲ... ယြန္းမီကိုလည္း ဂ႐ုစိုက္။ ဘဘႀကီးတို႔ကေတာ့ လက္ေလ်ာ့မွာမဟုတ္ေသးဘူး... အခုေလာေလာဆယ္ မင္းတို႔ပုန္းေနတာပဲေကာင္းမယ္... "
ေလွကားထိပ္မွာ အဝတ္ေတြတစ္ထပ္နဲ႕ ကေလးမေလးကိုျမင္တာေၾကာင့္ စကားလက္စသတ္လိုက္သည္။
" အေျခေနေတြတည္တည္ၿငိမ္ၿငိမ္ျဖစ္သြားတဲ့အခါ ယြန္းမီကို ေက်ာင္းဆက္တက္ဖို႔ျပင္ဆင္အုံး... ဒါပဲ ငါမအားေသးဘူး"
မင္းဆက္ဖုန္းခ်လိဳက္ေတာ့ သူမက စူးစမ္းသလိုမ်က္ဝန္းမ်ားႏွင့္ အနားေရာက္လာသည္။
" ေရာ့... အဝတ္ေတြေခါက္ထားတာ လာေပးတာ"
မင္းဆက္ ယူလိုက္ၿပီး အခန္းထဲကဗီရိုမွာ သြားထားလိုက္သည္။ အခန္းက်ဥ္းေလးရဲ႕ အေပါက္ဝထိ လိုက္လာၿပီးမွ...
" အဲဒါဆို ျပန္ေတာ့မယ္..."
ႏႈတ္ခမ္းပါးေလးက အနည္းငယ္စူခ်ိတ္ေနသလိုလို... ဘာေတြအလိုမက်ျဖစ္ေနျပန္တာလဲ...
" ေနအုံးေလ..."
သူမလက္ကိုဆြဲေတာ့ လက္ကို အသာျဖဳတ္ခ်သည္။
" မနက္ျဖန္ အလုပ္သြားရအုံးမွာ... ညေနက ေဈးေတြေလ်ာက္ပတ္ထားရတာပင္ပန္းတယ္... အိပ္ေတာ့မယ္"
"ေနပါအုံးဆို... ကိုယ္တို႔စကားေျပာရေအာင္ေလ။ ေရွ႕ထြက္ေျပာမယ္... ဒီမွာ သစ္သားကြပ္ပ်စ္ေလးရွိတယ္"
သူမလက္ကို အတင္းဆြဲခ်ကာ ထိုင္ခိုင္းေတာ့ မ်က္ေမွာက္ကုပ္လ်က္
" မနက္အေစာႀကီးထရအုံးမွာပါဆို... ခင္ဗ်ားလို အလုပ္မရွိအကိုင္မရွိတဲ့သူ မဟုတ္ဘူးဗ်..."
"ကဲပါ... ဘယ္သူက ဘာေျပာလို႔လဲ။ ခဏေလးကို... ဟိုမွာ ေကာင္းကင္ကိုၾကည့္။ ၾကယ္ေတြနဲ႕လွလိုက္တာ" မင္းဆက္ ေကာင္းကင္ကို လက္ညွိုးထိုးျပကာ ဂ်စ္ကန္ကန္ကေလးမကို အာ႐ုံလႊဲရသည္။
" ဟိုမွာ အဲဒါက ဓူဝံၾကယ္ ဟိုဟာက ေသာၾကၾကယ္..."
လက္ညွိုးၫႊန္ရာ ေခါင္းေလးလိုက္ေ႐ႊ႕ကာ လိုက္ၾကည့္ေနတဲ့ ေကာင္မေလးကို ရင္ခြင္ထဲဆြဲသြင္းေတာ့ ပခုံးေလးအသာက်ဳံ႕သြားသည္။
" ကိုႀကီးက ေၾကာက္စရာေကာင္းလို႔လား"
မင္းဆက္ မ်က္ေမွာင္ကုပ္ကာ ေမးေတာ့ သူမက ေမာ့ၾကည့္လ်က္...
" ဟင့္အင္..."
"အဲဒါဆို သက္ေတာင့္သက္သာေန... ကိုႀကီးဘာမွမလုပ္ဘူး... ေနာ္"
"ဟုတ္..."
သူမက ေခါင္းကိုေရွ႕လွည့္သြားက မင္းဆက္ရင္ခြင္ကိုစိတ္ရွိတိုင္းမွီလ်က္ ေကာင္းကင္ကို ေငးၾကည့္ေနေတာ့သည္။
" ခုႏွစ္စင္ၾကယ္မထြက္ေသးဘူးလား"
" ဒီလထဲ ခုႏွစ္စဥ္ၾကယ္ၾကည့္ခ်င္ရင္ေတာ့... သန္းေခါင္ေလာက္ထိေနရလိမ့္မယ္... ေနမွာလား"
" မေနခ်င္ပါဘူး..."
ေဘာက္ဆက္ဆက္ ျပန္ေျဖပုံေလးကိုက ခ်စ္စရာ။ မင္းဆက္တိုးကာ ေထြးေပြ႕ေတာ့ ၿငိမ္ၿငိမ္ေလးသူ႕ကို မွီေလ်ာ့ကာ ထိုင္ေနဆဲ...
" ၾကယ္ေတြက လွတယ္ေနာ္"
"ကေလးက ပိုလွတာပါကြာ..."
မင္းဆက္ သူမမ်က္ႏွာကို မျမင္ရေပမယ့္ ႏႈတ္ခမ္းေလးစူကာ ေထာ္ထားမွာျမင္ေယာင္ေနသည္။ မင္းဆက္ သူမကိုဖက္ထားတဲ့လက္ေတြကို ေအာက္ကၾကမ္းျပင္ေပၚ ေျပာင္းေထာက္လိုက္ၿပီး ေနာက္ကို အနည္းငယ္လွန္ခ်သည့္တိုင္ ခ်ာတိတ္မက မွီထားဆဲ...
" အပ်င္းမေလး... ကိုႀကီးကိုအတင္းေတြမွီထားတယ္"
သူမက ဆတ္ကနဲ႕႐ုန္းထကာ...
" မႀကိဳက္ဘူးလားေျပာ... အရင္ကဆို သူပဲ လင္းရဲ႕ေပါင္ေပၚမွာအၿမဲအိပ္ေနၿပီးေတာ့... တအားကို ဗိုလ္က်ခ်င္တဲ့လူႀကီး... လင္းက အငယ္သာေျပာတယ္။ သူ႕ပဲ ျပန္ၿပီးယုယေနခဲ့ရတာကိုမ်ား..."
ႏႈတ္ခမ္းေလး ေထာ္ကာေထာ္ကာ ရန္ေတြ႕ေနတဲ့ေကာင္မေလးကို မင္းဆက္ အူယားလာကာ ဆြဲခ်လိဳက္ၿပီး သူ႕လက္ေမာင္းေပၚ အိပ္ေစလိုက္သည္။
" အင္းပါ... ကိုႀကီးက မေကာင္းတာေနာ... ကေလးအေပၚ... ကေလးႀကီးလိုဒုကၡေပးေတာ့ ကေလးက ဘယ္ႀကိဳက္မွာတုန္း... အင္းပါ အင္းပါ။ အခု က်ေနာ္ကပဲ ကေလးမႀကီးကို ဂ႐ုစိုက္ေပးေတာ့မယ္... "
သူမဆီက ပြစိပြစိေလသံတိုးတိုးေလး ၾကားရသည္။ အရင္တုန္းကဆို သူနဲ႕ပတ္သတ္လို႔စကားမ်ားမ်ားစားစား မေျပာတတ္တဲ့သူမေလးက အခုဆို စကားေတြတစာစာ ေျပာတတ္လာသည္။ မင္းသစ္ေျပာဖူးတဲ့စကားလိုပဲ... 'အေသးေလးက သူသေဘာက်သြားၿပီဆိုရင္ နားညီးေနေအာင္စကားေျပာတာ"တဲ့။ ေျပာပါေစ။
အသက္ႀကီးတဲ့ထိ ဒီလို သူမရဲ႕ပြစိပြစိသံေလးေတြ နားေထာင္ၿပီးပဲ အိုမင္းသြားခ်င္တယ္။
" ကိုႀကီး"
"အင္း..."
"ကိုကိုညီေလ... သူ႕ကိုမတြ႕ပါလား..."
" သူ စကၤာပူသြားတယ္..."
"ဪ..."
ထို႔ေနာက္ အၾကာႀကီးအသံတိတ္ေနသည္။ မင္းဆက္ အိပ္ခ်င္လာတာမို႔မ်က္လုံးမွိတ္လိုက္သည္။
" ကိုႀကီး..."
"အင္း..."
သူ႕ေလသံ နည္းနည္းရွည္သြားေတာ့ သူမဆီက ခပ္ေအာင့္ေအာင့္ေလသံျဖင့္...
" စိတ္မရွည္တာလား... ၿငိဳျငင္တာလား..."
မင္းဆက္ တိတ္တဆိတ္ ၿပဳံးလိုက္ၿပီး
" မဟုတ္ပါဘူးဗ်... ေျပာပါဗ်။ က်ေနာ္နားေထာင္ေနပါတယ္"
သူမ မ်က္ေစာင္းေလးခ်ီေနမွာကိုလည္း မ်က္လုံးဖြင့္စရာမလိုပဲ သိေနသည္။
" စပ္စုတာေတာ့မဟုတ္ဘူးေလ... "
" ကိုႀကီးကို စိတ္ဝင္စားေနတာမို႔လား ေကာင္မေလး"
" စကားေကာင္းေျပာမလို႔ပါဆိုဗ်ာ..."
" အင္း နားေထာင္ေနတယ္ေလဗ်ာ"
မင္းဆက္ မ်က္လုံးေတြမွိတ္ရင္း ၿပဳံးေနမိသည္။
" ခုနက ဖုန္းေျပာေနတာေလ... ယြန္းမီေလးဆိုလားေလ... ဘယ္သူလဲဟင္"
" ကိုယ့္တူမ... သိဂႌ့သမီး"
"ဪ... ဂီဂီကေရာ... ဘယ္ေျပာင္းသြားလို႔လဲ"
"ဘယ္သူ..."
"ဂီဂီ... ဂီဂီေလ..."
"သိဂႌ့ကိုေခၚတာလား ဂီဂီဆိုတာက"
"အင္းေလ... အဲဒါထားပါအုံး။ ဂီဂီကေရာဘယ္သြားတာလဲလို႔..."
မင္းဆက္ ဘယ္ကေန ဘယ္လိုစေျဖရမယ္ မသိေတာ့... " ဒီလိုကြာ... သိဂႌနဲ႕ ညီညီနဲ႕က ဘယ္လိုေျပာရမလဲ.... ဆိုေတာ့... သူတို႔ကခ်စ္သူေတြေတာ့မဟုတ္ဘူး။ ဒါေပမယ့္ တစ္ေယာက္ကိုတစ္ေယာက္ တအားခ်စ္ၾကတာေပါ့... ဒါေပမဲ့ ဘဘႀကီးေၾကာင့္ သိဂႌက တစ္ျခားလူနဲ႕အိမ္ေထာင္ျပဳလိုက္ရတယ္ေပါ့ကြာ။ ၿပီးေတာ့ သူ႕ေယာက္်ားကေဖာက္ျပန္ေရာ... ၿပီးေတာ့ သူခ်စ္ေနဆဲညီညီက စကၤာပူသြားရမယ္လည္းသိေရာ... သူက အိမ္ကို ကိုႀကီးလိုပုန္ကန္ခ်င္တယ္တဲ့... အဲဒါနဲ႕... " "အဲဒါနဲ႕ ကိုႀကီက ကူညီေပးလိုက္တာေပါ့"
"အင္း မင္းသစ္နဲ႕ ကိုႀကီးက စုထားတဲ့ပိုက္ဆံေတြေပးလိုက္ၿပီး ဒီကေနထြက္သြားလို႔ရေအာင္ ကူညီေပးလိုက္တယ္။ ဟိုက်ေတာ့ ဘဘႀကီးလူေတြမမိေအာင္ဆို မင္းေခတ္က လုံၿခဳံတဲ့ေနရာကိုပို႔ေပးလိုက္ၿပီးမွ အဲဒီေကာင္လည္း ဒီကိုျပန္လာတာ"
" အံ့ဩစရာႀကီးပဲ... ကိုယ့္အမကို ေယာက္်ားခိုးေပးတဲ့ ညီအကိုေတြကို ခုမွျမင္ဖူးတယ္"
"ကိုယ္တို႔ မကူညီလည္း သိဂႌကရေအာင္လိုက္မွာပဲကို။ အဆင္ေျပသြားတာေပါ့... ကိုယ္တို႔ကူညီလိုက္ေတာ့။ ၿပီးေတာ့ ယြန္းမီရဲ႕အေဖရင္းကလည္း ညီညီပဲတဲ့ေလ..." " ဟမ္..."
"မယုံနိုင္စရာဆိုေပမယ့္ အဲဒါကလည္း တကယ္ပဲတဲ့"
"ရႈပ္ေနတာပဲေနာ္..."
မင္းဆက္ မ်က္လုံးဖြင့္လိုက္ေတာ့ သူ႕လက္ေမာင္းေတြေပၚ အိပ္ေနရင္းက သူ႕ကိုေငးစိုက္ၾကည့္ေနတဲ့ ေကာင္မေလးရဲ႕မ်က္ဝန္းေတြနဲ႕ ဆုံမိသည္။ ခိုးၾကည့္ေနတာမိသြားတဲ့ေကာင္မေလးခမ်ာ... ရွက္သြားၿပီး တစ္ဖက္ကို လွည့္သြားကာ...
" အဲဒါနဲ႕... အလုပ္... အလုပ္ကေရာ... ရၿပီလား"
"အင္း..."
"တကယ္... "
သူမက ႐ုတ္တရင္ ျပန္လွည့္လာကာ အေရာင္တစ္လက္လက္ မ်က္ဝန္းေလးေတြနဲ႕ စကားဆိုသည္။
" အင္း... တကယ္။ ေအာက္ထပ္က ေကာ္ဖီဆိုင္မွာ..."
သူမက အံ့ၾသသလိုလို မ်က္ေတာင္ေလး ပုတ္ခတ္ပုတ္ခတ္နဲ႕ ၾကည့္ေနပုံေလးက ငုံထားလိုက္ခ်င္စရာ...
" ကံေကာင္းတာပဲ... အေဝးႀကီးမဟုတ္ေတာ့ ေကာင္းတာေပါ့..."
" အင္း..."
မင္းဆက္ သူမေလးကိုရင္ခြင္ထဲျမဳပ္ေအာင္ ေပြ႕ဖက္ေတာ့ တံေတာင္ေလးနဲ႕တြက္ကာ
" ျပန္ေတာ့မယ္... "
႐ုန္းကာထေတာ့ မင္းဆက္ပါလိုက္ထရသည္။
" အာဘြားေပး... အဲဒါဆိုျပန္ခိုင္းမယ္"
"ဟာဗ်ာ..."
"မေပးဘူးလား..."
သူမမ်က္ႏွာနားထိ တိုးကပ္လိုက္ေတာ့ ႏႈတ္ခမ္းကိုတင္းတင္းပိတ္ကာ မ်က္လုံးေလးျပဴးထားသည္။
" အာဘြား.... ေပးမယ္ေနာ္"
ေျပာၿပီး ပါးကိုမရဲတရဲနမ္းေနပုံေလးကိုက မင္းဆက္အတြက္ ႐ူးေလာက္စရာ... မင္းဆက္ ျပန္ၿပီး ဆံရစ္ညီညီေလးေတြနဲ႕နဖူးျပင္ကို ျမတ္နိုးစြာ နမ္းရွိုက္ေတာ့ သူ႕ေရွ႕မွာ သူမက က်ဳံ႕က်ဳံ႕ကေလး...
" Good night ကေလးေလး"
သူမက မ်က္လုံးေလးေတြေမွးသြားေအာင္ ျပန္ရယ္ျပသည္။
" အဟမ္း... လင္းငယ္။ မနက္ထရအုံးမွာမို႔ လာေခၚတာ" ေလွကားထိပ္က မစႏၵီအသံၾကားတာနဲ႕ ကြပ္ပစ္ေလးေပၚေန သူမ ဆက္ကနဲ႕ခုံဆင္းလိုက္သည္။
" လာၿပီ ဒီဒီ"
သြားခြၽန္ေလးနဲ႕ နတ္သူငယ္ေလး ေလထဲလြင့္ေနသလို လွစ္ကနဲ႕ေပါ့ပါးစြာပင္ ေလွကားထိပ္နား ေရာက္သြားသည္။
" ေဟ့ လူႀကီး... အျပင္ဘက္မအိပ္နဲ႕ေနာ္။ အိုက္တယ္ဆိုေပမယ့္... အခန္းထဲမွာပဲအိပ္"
ေလွကားကေန တဒုံးဒုံးဆင္းသြားတဲ့ေျခသံေလးကို နားဆင္ၿပီးတာနဲ႕ မင္းဆက္အခန္းထဲကို ျပန္ဝင္ခဲ့သည္။
ခ်ာတိတ္မစကား နားေထာင္ရမယ္ေလ...
#ပိုမိုၿငိမ္းေအး