Uni
"အဒေါ်တို့ ဒီပုံထဲကကောင်လေးများတွေ့မိသေးလားဗျာ..ကျွန်တော့်ချစ်သူပါဗျာ...တွေ့ရင်ပြောပေးကြပါဗျာ..ကျွန်တော် တအားစိတ်ပူနေပါပြီလို့...တအားလည်းလွမ်းနေပါပြီလို့..."
ဦးအာဏာလွှမ်းတစ်ယောက်ဖုန်းတစ်လုံးကိုင်ကာ အသူလေးဓာတ်ပုံကို လမ်းမှာတွေ့သည့်လူတိုင်းအားထုတ်ပြကာ အရူးတစ်ယောက်လိုမေးနေသော သားဖြစ်သူကိုကြည့်ရင်းမျက်ရည်ဝဲနေရသည်...။
အသူလေးပျောက်နေတာ ၃လ ကျော်ပြီ..။မြို့တိုင်းနယ်တိုင်းကို ဂိုဏ်းသားတွေလွှတ်ပြီး ခွေးတိုးချောင်ပါမကျန်ရှာခဲ့ပေမယ့်အရိပ်တောင်မတွေ့ရ..။
ပြည်ပခေါ်သွားဖို့ဆိုတာကလည်း လေဆိပ်မှန်သမျှစုံစမ်းထားပြီးပြီ..။ထို့အပြင်အသူလေးမှတ်ပုံတင်ကပါမသွားတော့ပြည်ပကိုထွက်ဖို့မဖြစ်နိုင်ချေ...။
ဖမ်းခေါ်သွားသူက အသူ့ကိုအိမ်အပြင်တောင် ထွက်ခွင့်ပေးသည်မထင်..။ပြန်ပေးဆွဲသည်က ငွေညှစ်ဖို့မဟုတ်ပဲ အသူလေးဆီက တစ်ခုခုလိုချင်တာရှိတာကြောင့်ဖြစ်မည်...။
သတ်ဖို့မဟုတ်ပဲအနားခေါ်ထားဖို့သာဖြစ်ဖို့များပေမယ့် တစ်ဖက်လူကို အထင်သေးလို့တော့မရ...။
သေချာတာတော့ ပြန်ပေးဆွဲမှူမှာ အသူလေးအဒေါ် ထွေးငယ်ပါနေသည်ထင်၏..။
အသူလေးမေမေဆုံးသည့်နေ့ကတည်းကယခုချိန်ထိ ရွာအိမ်ဆီပြန်မလာခဲ့သည့်အတွက်ကြောင့်မတ္တရာကိုလည်း လိုက်စုံစမ်းကြည့်တော့ရောက်မလာခဲ့ဘူးဆိုသည့်သတင်းသာပြန်ကြားရ၏။
အသူလေးဖေဖေ သူ့မအစ်ကိုဖြစ်သူ ဆုံးတာတောင်ပြန်ရောက်မလာတော့စဥ်းစားရခက်သည့်အခြေအနေဖြစ်နေ၏။
ဒီနေ့ ဦးအာဏာလွှမ်းမူဆယ်ဘက် အလုပ်ကိစ္စလာရင်း သားဖြစ်သူအားစိတ်မချခဲ့နိုင်တာကြောင့်တစ်ပါတည်းခေါ်လာခဲ့ရသည်..။
အသူလေးပျောက်သွားကတည်းက ဂိုဏ်းအလုပ်တွေ ဦးအာဏာလွှမ်း ပြန်ဦးစီးနေရ၏..။
အစားမမှန်..အသောက်မမှန်..အအိပ်မမှန်နဲ့ သားဖြစ်သူက မျက်ကွင်းဟောက်ပတ်နဲ့..။
ဟိုပြေးဒီလွှားကာလူတိုင်းအားဓာတ်ပုံပြရင်းမေးနေငည့်သားဖြစ်သူကို သွားခေါ်ဖို့ဉာဏ်ကို မျက်ရိပ်ပြလိုက်သည်..။
မနက်ကတည်းက Hotel ကနေပျောက်သွားလို့ လိုက်ရှာလိုက်ရတာအမော...။စျေးနားက လူအုပ်တွေကြားထဲမှာအရူးတစ်ယောက်လိုပြေးလွှားနေတာမြင်တော့ရင်နာနာနဲ့သာကြည့်နေရသည့်အဖြစ်။
"Boss သခင်ကြီး လာခေါ်နေပြီ"
"ဟင်..ဉာဏ်..ပုသေးဖောင်းလေးကို တွေ့ပြီလား..ကလေးနေကောင်းရဲ့လားဟင်...ကလေးဒဏ်ရာတွေရသေးလား.."
ဉာဏ် သခင်ဖြစ်သူကို ကြည့်ရင်း မျက်ရည်တွေကျနေမိသည်..။
အသူလေးကို အမြန်တွေ့မှ ဖြစ်တော့မည်..။မဟုတ်ရင်းသခင့်အခြေအနေက ရူးသွားနိုင်၏..။
သက်ပြင်းအသာချကာဉာဏ် သခင်ကြီးကို လှမ်းကြည့်တော့ ခေါင်းငြိမ့်ပြသည်မို့ သခင့်ကိုစိတ်ထဲတိုင်တည်ကာ တောင်းပန်လိုက်ပြီး လည်ပင်းက မေ့ကြောကိုတစ်ချက်ရိုက်ကာ ကုန်းပိုးခေါ်လာလိုက်သည်..။
Hotel ကို ခေါ်လာလိုက်ပြီး ဆရာဝန်တစ်ယောက်အားခေါ်ပေးဖို့ Hotel ဝန်ထမ်းအားအကူအညီတောင်းလိုက်၏..။
ဆေးရှိန်နှင့်နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသောသားဖြစ်သူကို ဦးအာဏာလွှမ်း တစိမ့်စိမ့်ထိုင်ကြည့်ရင်းတောင်းပန်နေမိသည်..။
ဒယ်ဒီ ညံ့လို့ပါသားရယ်..။တောင်းပန်ပါတယ်ကွာ...။
အသူလေးမေမေကို ရင်ခွဲစစ်ကြည့်တော့ စားထားတဲ့အစာထဲမှာဆေးတစ်မျိူးရောနယ်ကာကျွေးထားသည်ကို တွေ့ရသည်..။
ထို့အပြင် Accidentဖြင့်သေတာမဟုတ်ပဲ ခါးစပ်နှင့်ရင်ညွန့်နေရာဆီ ထိုးသွင်းထားသောဓားဒဏ်ရာကြောင့် သေဆုံးရခြင်းသာဖြစ်၏..။
လူသတ်မှူကျူးလွန်တာပဲဖြစ်လေသည်..။
လူသတ်သမား၏လက်ရဲဇာတ်ရဲအခြေအနေကိုသိရတော့အသူလေးတစ်ယောက်တော့အသက်ရှင်နေဖို့သာဆုတောင်းရတော့သည်..။
.........
အသူ ဒီအိမ်ကြီးထဲမှာ ပိတ်မိနေတာ လချီကြာနေပြီ..။
ကိုကြီးလည်းစိတ်ပူနေရော့မည်...။
မေမေရော ကောင်းကောင်းမွန်မွန်ဘဝကူးရရဲ့လားမသိ..။
ကိုကြီးကကောင်းကောင်းမွန်မွန်လုပ်ပေးမယ်ဆိုတာတော့ အသူအကြွင်းမဲ့ယုံပါသည်..။
ပြန်ပေးဆွဲသူတွေကအဒေါ်ဖြစ်သူဒေါ်ထွေးငယ်ကိုယ်တိုင်ဖြစ်ပြီးနေ့တိုင်းလိုလိုမေမေထားခဲ့သောပိုင်ဆိုင်မှူတွေအကြောင်းကိုရိုက်နှက်ကာအသူ့ကို လာမေးလာသည်..။
အသူထိုပစ္စည်းတွေအကြောင်းဘာမှမသိ..။
မေမေမှာဘာပိုင်ဆိုင်မှုမှမရှိကိုတော့ အသူသိ၏.။
ဒါကို ဘာတွေလာမေးနေကြပါလိမ့်..။
အသူ့ကိုပြန်ပေးဆွဲတာဒေါ်လေးအပြင်တစ်ခြားလူတစ်ယောက်ရှိနေသေး၏..။
နေ့တိုင်းအဒေါ်ဖြစ်သူအကိုကြီးဟုခေါ်သည့်လူကဖုန်းထဲကနေအမိန့်ပေးပြီးအသူ့ဆီကအဖြေကို မရ ရအောင်မေးခိုင်းနေသံကိုကြားနေရသည်..။
အသူ့တကိုယ်လုံးမှာရိုက်နှက်မှုတွေကြောင့်အမာရွတ်တွေကြည့်ပဲ..။
စိတ်ကူးပေါက်သလိုရိုက်မေး....ဓားနဲ့ခြစ်မေး အမျိုးမျိုးသောနည်းလမ်းတို့ဖြင့်နှိပ်စက်မေးကြ၏..။ထို့နောက်မသေရုံတမယ်အစာကျွေးပြီး ဒဏ်ရာတွေကိုပျောက်အောင်ပြန်ကုပေးပြန်သည်..။
အနာပေးလိုက်ဆေးပေးလိုက်လုပ်နေကြတာမို့ အသူ့ကိုသတ်မည့်ဟန်တော့မရှိ။
ဒီတစ်သက် အသူဒီကနေလွတ်မြောက်နိုင်ပါအုံးမလား..။
ကိုကြီးလည်း ရှာနေမှာ...။ပြီးတော့ဘယ်လောက်တောင် စိတ်ပူနေလိုက်မလဲ...။
"ကျွီ...ဂျောက်.."
တံခါးဖွင့်သံနှင့်အတူဒေါ်လေးဝင်လာသည်မို့အသူ မျက်နှာကို တင်းလိုက်ကာ စူးရှသည့်မျက်လုံးတွေဖြင့်မော့ကြည့်လိုက်သည်..။
ထိုစဥ် ဒေါ်လေးနောက်ကပါလာသောလူတစ်ယောက်ကြောင့်အသူ့မျက်လုံးတွေပြူးသွားရသည်..။
ထိုလူကလည်း အသူ့ကိုမြင်တော့ အံ့သြသွားလေ၏..။ထို့နောက်အသာခေါင်းယမ်းပြကာခပ်တိုးတိုးနေဖို့သတိပေးလာသည်..။
ကိုကြီးဘေးကလက်ရုံးဖြစ်သူဉာဏ်၏အမြွှာအစ်ကို ညိုးဆိုသည့်လူပင်..။
"အသူ..နင်ဆီပေးထားတဲ့ ဘဏ်ကဒ်ကို ငါ့ဆီအပ်စမ်းပါဟယ်..ငါနင့်ကိုလွှတ်ပေးမယ်..တကယ်ပြောတာ..."
ခြိမ်းခြောက်မရတော့ ချော့မော့တောင်းလာပြန်၏။
"ဘာ.ဘဏ်ကဒ်လဲ..ဘာမှမရှိဘူး..ရှိလည်း မအပ်ဘူး..မေမေ ချွေတာစားပြီးစုဆောင်းထားတဲ့ဟာတွေ...ခင်ဗျားကအဆင်သင့် စံစားရအောင် တန်လို့လား..."
ခါးခါးသီးသီးငြင်းကာပစ်ပစ်ခါခါပြောတော့ ဒေါ်လေးလက်၀ါးတစ်ဖက်ကပါးပေါ်အရှိန်ပြင်းပြင်းရောက်လာ၏။
နောက်ပါးတစ်ဖက်ကိုထပ်ရိုက်ဖို့မြှောက်လာစဥ် အသူမျက်လုံးတွေမှိတ်ပစ်လိုက်မိ၏။
"ဒီနေ့ မရိုက်ဖို့ အကိုကြီးက မှာလိုက်ပါတယ် အမကြီး...လက်ကိုပြန်ချလိုက်ပါ.."
ပြောသံနှင့်အတူပါးပြင်ပေါ်ရောက်မလာသည့်အတွက်ကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တော့ညိုးကရိုက်မည့်လက်ကို ဆီးဖမ်းတားရင်းလေသံမာမာပြောလိုက်လေ၏။
ဒေါ်လေးကနှာတစ်ချက်မှူတ်ကာမကျေမနပ်ဖြင့်ငြိမ်သွားသည်..။
"ငါ..အပြင်သွားမလို့...အန်န်...သေချာစောင့်ကြည့်ထား..."
"ဟုတ်ကဲ့...အစ်မကြီး.."
ဒေါက်ဖိနပ်သံတစ်ဂွပ်ဂွပ်မြည်အောင်ခြေဆောင့်ထွက်သွားသူကို ညိုးတစ်ချက်စိုက်ကြည့်ရင်းဘေးကတပည့်နှစ်ယောက်ကိုအပြင်ထွက်ခိုင်းလိုက်ကာအပေါက်ကိုပိတ်ကာလော့လိုက်၏..။
ထို့နောက်ကြမ်းပြင်ပေါ်လဲကျနေသူအားပြေးထူရင်းအလောတကြီးမေးလိုက်၏။
"အကိုလေး...အာ...ဘယ်လိုဖြစ်ရတာလဲ..."
ပြေးထူလာသူ၏လက်အားအသူကပုတ်ထုတ်တော့ တအံ့တသြကြည့်လာ၏။
"အသူက မေးရမှာလေ....ကိုညိုးက ဘယ်လိုလုပ်ဒီရောက်နေတာလဲ...ကိုကြီးတို့ကိုသစ္စာဖောက်တာလား..."
ညိုး ဒေါသသံလေးစွက်ကာအော်မေးလာသူကို ကြည့်ရင်းညိုးပြုံးလိုက်မိ၏..။
သစ္စာဖောက်စရာလားဗျာ..။
ကြည့်အုံးမေးပုံက။အဖမ်းခံထားရတာကို မျက်နှာကြောကတင်းနေရော...။နည်းနည်းမှမလျော့ဘူး..။
ညိုးသက်ပြင်းတစ်ချက်ချရင်းအထင်လွဲမှုအားဖြေရှင်းရတော့၏။
"အာ..ကျွန်တော်ကသခင်ကြီးအမိန့်နဲ့ ဒီရောက်နေတာ...ကျွန်တော်တို့ရန်ပုံငွေတွေကို အလွှဲသုံးစားလုပ်ပြီး ပုန်းနေတဲ့သူကို လာရှာရင်းနဲ့ လူယုံအဖြစ်နဲ့ ဒေါ်ထွေးငယ်အနားကပ်နေတာ..."
သူ့အပြောအားမယုံဟန်ဖြင့်ကြည့်ကာမေးလာ၏။
"ဒေါ်လေးက ကိုညိုးကို မမှတ်မိဘူးလား..အိမ်ကို ပရဟိတအနေနဲ့ လာဖူးတယ်မဟုတ်လား..."
မျက်လုံးလေးပြူးကာဒေါသသံကလည်းရောယှက်လို့နေ၏..။
ညိုး အကိုလေးလက်ကကြိုးတွေကိုဖြည်ပေးလိုက်ပြီးကုတင်ပေါ်ကိုတွဲခေါ်ကာတင်ပေးလိုက်သည်..။
"ကျွန်တော်က မရောက်ဖူးဘူးလေ...ရေတွင်းက ရေကိုပဲ ရေစည်ထဲခပ်ထည့်ပေးရသူမို့ ကျွန်တော့်ကိုမသိဘူးလေ...အဲ့တော့အိမ်ကိုမရောက်ဖူးဘူး..မြင်လည်းမမြင်ဖူးဘူးလေ.."
ထိုအခါမှတင်းနေသည့်မျက်နှာကလျော့ကျသွား၏။
"ဪ...ကိုကြီး..ကိုကြီးရောဟင်...အဆင်ပြေရဲ့လား..."
မျက်နှာလေးငယ်ကာစိုးရိမ်နေသောမျက်ဝန်းလေးနှင့်ကြည့်ကာမေးလာသည်..။
အင်း...မျက်နှာကြောတင်းတာတော်တော်လျော့သွားပြီ။
သခင်ကိုလည်းအတော်စိတ်ပူနေတာပဲ...။
"ကျွန်တော်တို့ အဆက်အသွယ်ပျက်နေတာကြာပြီ...ဒီထဲကို ရောက်ကတည်းက ပါလာတဲ့ပစ္စည်းတွေအကုန်အသိမ်းခံလိုက်ရတယ်....ရောက်နေတာလည်း ခြောက်လလောက်ရှိပြီ....ဆက်သွယ်ဖို့ ပစ္စည်းတွေကိုအစကတည်းက မယူလာခဲ့တာ...သခင်ကြီးက လူအင်အား...လက်နက်အင်အားအခြေအနေ...ခေါင်းဆောင်ဘယ်သူဆိုတာ ပဲစုံစမ်းခိုင်းလိုက်တာမို့ နောက်တစ်လလောက်နေမှ အပြီးပြန်ရမှာ..."
"ခေါင်းဆောင်က ဘယ်သူလဲ...သိပြီလား"
ညိုးအသာခေါင်းယမ်းလိုက်ပြီး...
"စုံစမ်းတုန်းပဲ အဲ့ဒါသိရင် ကျွန်တော် ပြန်လို့ရပြီ...ဒါပေမယ့်..အကိုလေး အရင်ရအောင်ထွက်ရမယ်...သခင်စိတ်ပူနေမယ်..ကျွန်တော်ကူညီမှာမို့ အကိုလေးက ပြေးနိုင်အောင် အားတင်းထားပါ အတူတူမလိုက်ပေးနိုင်တာကို တောင်းပန်ပါတယ်..ကျွန်တော့်တာဝန်မပြီးသေးလို့..."
အသူခေါင်းတဆတ်ဆတ်ငြိမ့်ပြလိုက်မိ၏။
အသူ ကိုကြီးကိုတွေ့ချင်လှပြီ..။
"ကျေးဇူးတင်တယ်...ကျေးဇူးပါ..ကိုကြီးစိတ်ပူနေတော့မှာ..."
ကျေးဇူးစကားပြောလာတော့ ညိုး လက်ကိုယမ်းပြမိ၏။
အကိုလေးကတော့ သခင် သူ့ကိုအရေခွံနွှာအောင်လုပ်နေပြန်ပါပြီ..။
"ကျေးဇူးတင်စရာ မလိုပါဘူးအကိုလေးရာ...သခင်က ကျွန်တော်တို့အတွက် အကိုကြီးတစ်ယောက်လို..သခင်ကြီးက အဖေလိုပါ...အကိုလေးက သူတို့မိသားစုဝင်ဖြစ်လာမယ့်လူပဲ...ကျွန်တော်တို့က စောင့်ရှောက်ပေးရမှာပေါ့..."
အသူ ညိုးစကားတွေကြောင့်ပြုံးလိုက်မိသည်..။
ကိုကြီးကညီအကိုကောင်းတွေရထားတာပဲ..။
"ဒီနေ့ည စလှူပ်ရှားမယ်အကိုလေး..ပြေးနိုင်ပါ့မလား..."
မြန်လေကောင်းလေအခြေအနေမို့ ညိုးချက်ချင်းထွက်သွားနိုင်ဖို့စီစဥ်ရလေ၏။
"ရတယ်..ရတယ်...ဒဏ်ရာက ဓားနဲ့ခြစ်ထားတာတွေပဲ ရှိတာသွေးတွေလည်းခြောက်နေပြီ..."
ဒဏ်ရာတွေအားထိကိုင်ရင်းအေးအေးဆေးဆေးဟန်ဖြင့်ပြောလာတော့ ညိုးသက်ပြင်းခိုးချရပြန်သည်..။
ဒီလိုဒဏ်ရာရဖို့နေနေသာသာချွေးစို့တာတောင်မကြည့်ရက်သည့်သခင်ဖြစ်သူကအကိုလေး၏ဒီပုံစံကိုမြင်ရင်တော့သူ့ကိုယ်သူအပြစ်တင်နေတော့မည်မှာအသေအချာ..။
"ဟုတ်ကဲ့.. ဒါဆိုမြေပုံနဲ့ ပြေးမယ့်လမ်းကြောင်းပြောပြမယ်....အကိုလေး.."
"အခုက ဘယ်နေရာလဲ..."
"မူဆယ်ဘက်မှာ....ဒီနေရာနဲ့ ခပ်လှမ်းလှမ်းမှာ ကျွန်တော်တို့ ဂိုဏ်းအခြေချစခန်းတစ်ခုရှိတယ်..အဲ့အထိတော့ ပြေးရလိမ့်မယ်...အဆင်ပြေပါ့မလား..အကိုလေး.."
"အင်း..အင်း..ရတယ်..."
အသူအားတက်သရောခေါင်းငြိမ့်ပြမိ၏။
"ဒါဆိုည ကျွန်တော်လာခေါ်မယ်..အစားဝအောင်စားထားအကိုလေး..ကျွန်တော် အထုတ်အပိုးတွေပြင်ပေးထားမယ်...ဒေါ်ထွေးငယ်က မနက်ဖြန်မနက်မှပြန်ရောက်မှာဖဲဝိုင်းသွားတာမို့...သူ မရှိတဲ့အချိန်အဆင်အပြေဆုံးမို့ချက်ချင်းထွက်မှရမယ်"
အသူ ထပ်ခေါင်းငြိမ့်ပြလိုက်၏။
"အင်းအင်း...အဆင်ပြေပါ့မလား...ကျန်ခဲ့လို့...အသူ့ကိုလွှတ်ပေးလို့နှိပ်စက်ရင်ရော...ဘယ်လိုလုပ်မလဲ..."
"စိတ်ချပါ..ကျွန်တော့်အတွက်က ...သူတို့မလုပ်ရဲပါဘူး...အခုတစ်ခေါက် မူးယစ်ဆေးတွေကို ကျွန်တော့နာမည်နဲ့မှာထားတာမို့ လက်စဖျောက်ဖို့မလုပ်သေးပါဘူး...မပူပါနဲ့..အရောက်ပြန်လာပြီးအကိုလေးတို့ ကလေးတွေ လာထိန်းအုံးမှာမို့..."
ညိုးအားစိတ်ပူနေသည့်အကြည့်တို့ကြောင့်ရယ်ရယ်မောမောစနောက်လိုက်၏။
"အာ...ဘာတွေလာပြောနေတာလဲ..."
ညိုး ရှက်သွားသည့်အကိုလေး၏မျက်နှာကို ကြည့်ရင်းပြုံးလိုက်မိသည်..။
ပြန်ရောက်နိုင်ကောင်းပါရဲ့...အကိုလေး..။
ကျွန်တော်တစ်ခုခုဖြစ်သွားရင်တောင် စိတ်မကောင်းမဖြစ်ပါနဲ့...။
ကိုဉာဏ်ကိုတော့သတိရကြောင်းပြောပြချင်ပါသေးရဲ့..။
.........
မိုက် အိပ်မက်ကောင်းလေးကြောင့်မျက်လုံးတို့ဖွင့်ရင်းပြုံးလိုက်မိသည်..။
အိပ်မက်ထဲမှာပုသေးဖောင်းလေးကမိုက်ဆီပြန်ရောက်လာပြီတဲ့..။
မိုက်မျှော်လင့်ချက်ရှိလာပြီ...။။
ကို အရမ်းလွမ်းနေပြီမို့ ပြန်လာသင့်နေပြီ ကိုယ့်ကောင်လေးရယ်..။
ကုတင်ပေါ်ကထလိုက်တော့ ဒယ်ဒီကပြေးလာထူကာမေးလာ၏။
"သက်သာလား..သား.."
"အင်း..သားတအားအိပ်ပျော်သွားတာပဲ..ဒယ်ဒီ...ဒါနဲ့ ဦးထူးရော.."
အခန်းထဲမျက်လုံးဝေ့ကြည့်ရင်းမေးတော့ ဒယ်ဒီကကုတင်ဘေး၀င်ထိုင်ရင်းပြောလာ၏။
"အခြေစိုက်စခန်းခွဲဆီသွားတယ်...အလုပ်ကိစ္စလေးနည်းနည်းရှိလို့..."
"ဪ..ကျွန်တော်တို့လည်းသွားရအောင်လေ..ဦးထူးတစ်ယောက်တည်းနိုင်မှာမဟုတ်ဘူး..လက်နက်တွေဒီနေ့ဝင်မှာမဟုတ်လား..."
စိတ်အခြေအနေကောင်းနေသည့်ဟန်ဖြင့်ပြောနေသောသားဖြစ်သူကြောင့်ဦးအာဏာလွှမ်းစိတ်သက်သာရာရသွား၏။
"အင်း...အဆင်ပြေရဲ့လားသား.."
"ပြေတယ်ဒယ်ဒီ...ပုသေးဖောင်းလေးသားဆီပြန်ရောက်လာတယ်လို့ အိပ်မက်မက်တယ်...မကြာခင်သားပျော်ရတော့မှာ..."
မျက်ရည်တွေကျကာစကားဆိုနေသူကိုကြည့်ရင်း ဦးအာဏာလွှမ်း သက်ပြင်းမောတစ်ချက်ချလိုက်သည်..။
ဂိုဏ်းခေါင်းဆောင်ကသူတောင်းစားရုပ်ထွက်နေပြီ...။
တကယ်ပါပဲ...။
သားလေးအိပ်မက်မှန်ရင်သိပ်ကောင်းပေမည်..။
သားအဖနှစ်ယောက်အခြေစိုက်စခန်းဆီထွက်လာခဲ့သည်..။
လက်နက်တွေဝင်မှာမို့ ဂိုဒေါင်ဆီ သိမ်းဖို့ ရောဂိုထောင်အသစ်ဆောက်နေတာရော သူတို့ကြီးကြပ်ဖို့လို၏..။
.......
အသူ ညနေ ၆နာရီခွဲမှောင်ရိပ်သန်းတော့အဆင်သင့်ဖြစ်နေပြီ...။
ယူစရာဘာမှမရှိတာမို့ ကိုညိုးလာအောင်စောင့်နေရုံသာ...။
လက်ထဲမှာ အခြေစိုက်စခန်းဆီအရောက်သွားနိုင်မယ့် မြေပုံကို မနက်ကတည်းက အသေအချာကြည့်ထားရ၏..။
မျက်လုံးထဲမြင်ယောင်မိသည့်အထိ အလွတ်ကျက်ထားတာမို့အမြန်ရောက်ဖို့သေချာသည်..။
"ဒေါက်..ဒေါက်..အကိုလေး..ကျွန်တော်ဝင်လာပြီနော်..."
တံခါးခေါက်အသံပေးပြီးနောက်ကျောပိုးအိတ်တစ်လုံးနှင့် ကိုညိုးရောက်လာသည်..။
"ဒီထဲမှာ ရေဘူး..စားစရာအကုန်ပါတယ်အကိုလေး..အကိုလေးမြန်မြန်သွားနိုင်ရင် ၄နာရီလောက်လမ်းလျှောက်ရုံနဲ့ ရောက်နိုင်တယ်...ရောက်အောင်သွားပါနော်..အကိုလေး.."
အားတက်သွားစေသောအားပေးစကားပင်..။
"အင်း..အင်း..စိတ်ချပါ..ဘယ်ကနေထွက်မလဲ..."
"ပြတင်းပေါက်ကနေဆင်းရအောင်..ကျွန်တော့်တပည့်တွေကရန်သူဘက်သားတွေမှောက်အောင်လုပ်ပေးထားပြီးပြီ...လှေကားနဲ့ဆင်းရဲလား.."
အသူ အောက်ကို ငုံ့ကြည့်မိတော့မျက်လုံးကပြာကနဲ..။
အမြင့်ကြီးပဲ...အသူဆင်းနိုင်ပါ့မလား..။အရင်ကတည်းကအမြင့်ကြောက်တက်တက်တဲ့ရောဂါရှိတာကို..။အခုဘယ်လိုလုပ်ရပါ့..။
တံတွေးတစ်ချက်မြိုချလိုက်ပြီး ကိုညိုးကို မော့ကြည့်ကာထစ်ထစ်အအပြောမိ၏။
"ကိုညိုး..အသူ..အသူ...အာ..ရအောင်ဆင်းမယ်...ကြိုးနဲ့လျောဆင်းရမှာမလား.."
ကြောက်လန့်နေမိပေမယ့် ကိုကြီးမျက်နှာမြင်ယောင်မိတော့စိတ်ထဲကြောက်စိတ်တို့ကဘယ်ရောက်လို့ဘယ်လွင့်မှန်းမသိ..။
"ဟုတ်..အကိုလေး..."
"ရတယ်..ရတယ်...ကြိုးစားဆင်းမယ်..."
ဂိုဏ်းရောက်ရင်အသူကိုကြီးဆီကသင်စရာတွေများနေပြီ...။
ကိုညိုးက ကြိုးနဲ့လျောဆင်းပုံကို အရင်ဆင်းပြသည်...။
အသူ ကိုညိုးဆင်းသွားပုံကိုသေချာကြည့်ပြီး သက်ပြင်းလေးတစ်ချက်ချကာကြိုးစကိုလက်ဖြင့်မြဲအောင်ကိုင်၍ခြေနှစ်ချောင်းဖြင့်လည်းကြိုးကိုညှပ်လိုက်ကာမျက်စိစုံမှိတ်ပြီးလျောဆင်းလိုက်၏..။
လျောကနဲလူကကျသွားတာကြောင့် လန့်အော်ချင်စိတ်ကိုထိန်းထားရသည်..။
ထွက်ပြေးပါတယ်ဆိုမှ သူ့အော်သံကြောင့် မိကုန်လို့မဖြစ်...။
"အကိုလေး..ရပြီ..အောက်ရောက်ပြီ..စိတ်လျော့လိုက်တော့..."
မြေပေါ်ကျခါနီးခြေထောက်ကို မချပဲကြိုးအားခိုစီးထားသူအား ညိုး ကြည့်ကာ ခပ်တိုးတိုးရယ်လိုက်ရင်းသခင်မျက်နှာမြင်ယောင်မိတော့ ချက်ချင်းတည်သွားရသည်..။
သခင့်ဇနီးလောင်းကိုကြည့်ရယ်ခဲ့တာသာသခင်သိရင် ညိုးတစ်ယောက်သေလမ်းဆီ Auto ရောက်မှအသေအချာ..။
"ဟူး..အမလေး..မဟာစွန့်စားခန်းပဲ..."
ခပ်တိုးတိုးရေရွတ်ကာခြေထောက်ကို မြေကြီးဆီစမ်းထောက်ရင်းအသူဆင်းလိုက်သည်..။
အသူတစ်ဆင့်ကိုကျော်ဖြတ်နိုင်ပြီ..။
အဆောက်အဦးနံရံဆီကျောကပ်ကာမှောင်ရိပ်ခိုပြီးခြံနောက်ပေါက်ဆီလျှောက်လာတော့တံခါးစောင့်တွေအကုန်အိပ်ပျော်လို့..။
ခြေသံလုံလုံလျှောက်လာရင်းအခန်းတစ်ခုဘေးကနေဖြတ်အလျှောက် မျက်စိကအလိုလို အထဲကြည့်မိလိုက်တာမို့ မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အသူ မျက်လုံးတွေ ပြူးသွားရသည်..။
ဘယ်လိုလုပ်..သူက..သူက...။
ညိုး တစ်နေရာဆီကြောင်တောင်ငေးကြည့်နေသောအကိုလေးကြောင့်လိုက်ကြည့်မိတော့သူပါမျက်လုံးတွေပြူးသွားရသည်..။
မဟုတ်မှ..သူလား...ခေါင်းဆောင်က..။
"အကိုလေး..သွားရအောင်..."
"ဟင်..အင်း..သွားကြတာပေါ့..."
အသူ စူးစိုက်ကြည့်လိုက်ပြီးအံတစ်ချက်ကြိတ်ကာ လှည့်ထွက်လာခဲ့သည်..။
မေမေသေတာ ခင်ဗျားလက်ချက်ဆိုရင် အကျိူးဆက်ကို ခံယူဖို့ပြင်ထား..။
ခြံအပြင်ရောက်တော့ညိုးကသူ့အားဦးညွှတ်အရိုအသေပေးလာ၏။
"ကောင်းကောင်းသွားပါအကိုလေး..ပြန်ဆုံကြတာပေါ့...အိတ်ထဲမှာ စာတွေ..အချက်အလက်တချိူ့ထည့်ပေးလိုက်တာမို့ သခင့်ဆီ အပ်ပေးပါ..."
အသူမျက်ရည်စတို့၀ဲရင်းခေါင်းငြိမ့်ပြရင်းပြောလိုက်၏။
"ကောင်းကောင်းအရောက်ပြန်လာပါ့မယ်လို့ကတိပေးပါ..ဘယ်လက်ရုံးတစ်...ဒါငါ့အမိန့်ပဲ..ကိုကြီးရဲ့လက်တွဲဖော်အဖြစ်ပထမဆုံး ငါပေးတဲ့အမိန့်ကို ခံယူပါ..."
"ကျေပွန်စေရပါမယ် အကိုလေး.."
ဒူးထောက်ကာအရိုအသေပေးရင်းလှည့်ထွက်သွားသော အကိုလေးကိုငေးကြည့်ကာထပ်ပြီး ဦးညွှတ်လိုက်သည်..။
လမ်းခရီးချောမွေ့ပါစေ...အကိုလေး...။
......
မိုက် ဂိုထောင်ထဲလက်နက်တွေသွင်းပြီးတော့ စိတ်ပြေလက်ပျောက်အနီးနားဆီလမ်းလျှောက်ထွက်လာခဲ့သည်. ။
စိတ်မပူဖို့ ဒယ်ဒီ့အားအသိပေးခဲ့ရသေး၏..။
မဟုတ်ရင် ရှာနေမှာ...။
ကောင်လေးရေ..။
ဘယ်ရောက်နေလဲကွာ...
ကို ကအရမ်းလွမ်းနေပြီ..သတိရနေပြီ..ကောင်လေးရေ...။
ကို့ကို မေ့ပစ်လိုက်တာတော့မဟုတ်ဘူးမလား..။
မေ့ပစ်ရင် အပြစ်အကြီးကြီးပေးမယ်..။ကိုယ့်ဘဝကို ဆွဲသွင်းပစ်ပြီး ထောင်ချပစ်မယ်..။
ပြန်လာပါတော့အချစ်ဆုံးရယ်..။
"ကို.."
မိုက် ပြုံးလိုက်မိသည်..။
သူ ပုသေးဖောင်းလေးကို ဘယ်လောက်တောင်လွမ်းနေသလဲဆိုရင် နားထဲ၌ ကို ဆိုသည့်ခေါ်သံတွေတောင်ကြားယောင်လို့...။
ကိုယ်တော့ အပီအပြင်ရူးနေပြီပဲ..။
"ကို..အသူ့ကို လာခေါ်ပါ..."
"ဟင်..."
မိုက် ထပ်ကြားလိုက်ရသည့်ခပ်တိုးတိုးခေါ်သံကြောင့် အသံကြားရာဆီလှည့်ကြည့်လိုက်၏..။
"အသူ...ကိုယ့်ကောင်လေး.."
ခြေထောက်တွေမှာရောအက်ျီတွေမှာပါ သွေးတွေရွှဲနစ်နေပြီး ယိုင်နဲ့နဲ့လျှောက်လာနေသူဆီ အော်ခေါ်ကာပြေးပွေ့လိုက်၏။
"ကို..အသူအိပ်ချင်နေပြီ...ကို့ဆီအရောက်လာရတာပင်ပန်းလိုက်တာ..ကိုရယ်"
ခပ်တိုးတိုးစကားဆိုကာငြိမ်ကျသွားသူကိုပွေ့ချီရင်းအရူးလိုအော်ခေါ်မိ၏။
"အသူ..အသူ...ကောင်လေး..မျက်လုံးဖွင့်အုံး..ဒယ်ဒီရေ...ဦးထူးရေ...အား....အသူ့ကို ကယ်ပါ.."
ဦးအာဏာလွှမ်းနှင့်ဦးထူးတို့နှစ်ယောက်လုံးမိုက်အော်သံကြောင့်နားနေတဲထဲမှပြေးထွက်လာခဲ့လိုက်သည်..။
သားဖြစ်သူကသွေးတွေနဲ့လူတစ်ယောက်ကိုပွေ့ကာအော်ငိုနေသည်မို့သူတို့အံ့သြသွားရ၏။
မဟုတ်မှ...။
အတွေးတို့မဆုံးခင်ပြေးကြည့်လိုက်တော့သတိလစ်လဲကျနေသောအသူလေးကငြိမ်သက်လို့..။
"သား..ကုတင်ပေါ်ရွေ့ရအောင်..ညီညီ..ဂိုဏ်းဆရာဝန်ခေါ်...ဉာဏ်လေယာဥ်လှမ်းခေါ် မြို့ပေါ် ကဆေးရုံချက်ချင်းသွားမယ်.."
"ဟုတ်..သခင်ကြီး.."
"ဟုတ်အကိုကြီး.."
ဦးထူးရော ဉာဏ်ရောပြေးထွက်သွားတော့ ဦးအာဏာလွှမ်းသွေးခုန်နှူန်းစမ်းကြည့်လိုက်၏...။
အသက်ရှိသေးသည်....။
"သား..ဒယ်ဒီတို့ အချိန်မှီဆေးကုဖို့လိုတယ်..ကုတင်ပေါ်ရွေ့ရအောင်..."
တင်းကြပ်စွာပွေ့ဖက်ထားသူ၏လက်ကိုအားဖြင့်ဆွဲဖြုတ်ရင်းပြောတော့ မျက်ရည်တွေကျကာကယ်ဖို့တတွတ်တွတ်မှာနေ၏။
"အသူ့ကို ကယ်ပါ..ဒယ်ဒီ..အသူမရှိရင် သားမနေနိုင်ဘူး..အရမ်းနာနေမှာ..."
သွေးစတို့ပေနေသည့်နေရာတို့အားမထိရက်မကိုင်ရက်စွာဖြင့်တုန်တုန်ရီရီပြောလာ၏။
"okok..သားကိုယ်တိုင်ပွေ့ခေါ်ခဲ့ စခန်းထဲသွားရအောင်..."
မိုက် ပေါ့သေးသေးခန္ဓာကိုယ်လေးကို စွေ့ကနဲပွေ့ချီကာစခန်းထဲပြေး၀င်လာခဲ့တော့သည်..။
ဂိုဏ်းဆရာဝန်ကနှင့်အတူအက်ျီတွေချွတ်ကာ ဒဏ်ရာတွေစစ်ဆေးတော့ ကျောပြင်မှာဓားဖြင့်ခြစ်ရာတွေ ရိုက်နှက်ရာတွေမှအများကြီး..။
ဓားဒဏ်ရာတွေကရင်းပြီးသွေးတွေထွက်နေသည်မှာလွယ်ထားသည့်ကျောပိုးအိတ်မှာတောင်ရွှဲနစ်လို့..။
မိုက် တောက်တစ်ချက်ခေါက်ကာအနီးနားကခုံကိုပစ်ကန်လိုက်သည်..။
"စိတ်လျော့သား..ဒယ်ဒီတို့ လက်စားပြန်ချေချိန်ရှိတယ်...အခုက အသူလေးကို ကယ်ရမယ်..အဲ့ဒါအဓိကအချက်ပဲ..."
"သွေး..သွေးလိုတယ်..သခင်ကြီး..သွေးသွင်းရမယ်.."
ဆရာ၀န်၏အလောတကြီးပြောသံကြောင့်အားလုံးရုတ်ရုတ်သဲသဲဖြစ်ကုန်၏။
"ဘာသွေးလဲ..."
"B+"
"ငါ့ဆီကယူ..."
ပြောပြောဆိုဆိုသူ့လက်မောင်းအားထိုးပေးတော့ဆရာ၀န်ကကြောင်ကြည့်နေ၏။
"မဖြစ်ဘူး..သား.."
"လုပ်ခွင့်ပေးပါ..ဒယ်ဒီ... သားကို လုပ်ခွင့်ပေးပါ..."
မျက်ရည်တွေကျကာတောင်းဆိုလာသူကြောင့် ဦးအာဏာလွှမ်း သက်ပြင်းချကာခွင့်ပြုလိုက်ရတော့သည်..။
"အစားတော့သေချာပြန်စားပါ့မယ်လို့ကတိပေးသား...အသူလေးသတိမရသေးလို့ မစားသေးဘူးဘာညာ ဆင်ခြေမကြားချင်ဘူး..လက်ခံလား.."
"အင်း..အင်း..လက်ခံတယ်.."
"ရပြီသွေးဖောက်တော့..."
မိုက် သူ့သွေးတို့တစ်စက်ချင်းစီးဆင်းနေသောဆေးပိုက်လေးကို ငေးကြည့်ရင်း မျက်လုံးကိုအသာမှိတ်လိုက်သည်..။
သူ အားရှိအောင်နေရတော့မည်..။အခုဆိုအသူကလေး အသက်အန္တရာယ်ကင်းပြီ..။
ခဏနေ မြို့ဆေးရုံကိုပို့ကြတော့မှာမို့သူ့စိတ်ကိုအနားပေးလိုက်တော့၏..။
"အင့်...အချစ်ဆုံးရာ...ဘယ်လိုအခြေအနေတွေကြုံခဲ့ရလဲကွာ..ကို ကတောင်းပန်ပါတယ် တွေ့အောင်မရှာနိုင်ခဲ့လို့...ကိုယ့်ညံ့လို့ပါကွာ..."
မိုက်ခပ်တိုးတိုး ရေရွတ်ကာအင့်ကနဲအသံထွက်အောင်ငိုရှိူက်နေမိသလိုတတွတ်တွတ် တောင်းပန်စကားလည်းဆိုမိတော့သည်..။
.........
kwaypu
Edit..22.2.23
Zaw
ဉီးအာဏာလွှမ်းတစ်ယောက်ဖုန်းတစ်လုံးကိုင်ကာ အသူလေးဓာတ်ပုံကို လမ်းမှာတွေ့သည့်လူတိုင်းအားထုတ်ပြကာ အရူးတစ်ယောက်လိုမေးနေသော သားဖြစ်သူကိုကြည့်ရင်းမျက်ရည်ဝဲနေရသည်...။
အသူလေးပျောက်သွားကတည်းက ဂိုဏ်းအလုပ်တွေ ဉီးအာဏာလွှမ်း ပြန်ဉီးစီးနေရ၏..။
ဆေးရှိန်နှင့်နှစ်နှစ်ခြိုက်ခြိုက် အိပ်နေသောသားဖြစ်သူကို ဉီးအာဏာလွှမ်း တစိမ့်စိမ့်ထိုင်ကြည့်ရင်းတောင်းပန်နေမိသည်..။
အသူလေးမေမေကို ရင်ခွဲစစ်ကြည့်တော့ စားထားတဲ့အစာထဲမှာဆေးတစ်မျိုးရောနယ်ကာကျွေးထားသည်ကို တွေ့ရသည်..။
.........
"ကျွီ...ဂျောက်.."
တံခါးဖွင့်သံနှင့်အတူဒေါ်လေးဝင်လာသည်မို့အသူ မျက်နှာကို တင်းလိုက်ကာ စူးရှသည့်မျက်လုံးတြွေဖင့်မော့ကြည့်လိုက်သည်..။
ထိုစဉ် ဒေါ်လေးနောက်ကပါလာသောလူတစ်ယောက်ကြောင့်အသူ့မျက်လုံးတြွေပူးသွားရသည်..။
"ဟုတ်ကဲ့...အစ်မကြီး.."
သစ္စာဖောက်စရာလားဗျာ..။