Part 10

4.9K 483 19
                                    

Uni

ကုတင်ပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသောပုသေးဖောင်းလေး၏လက်ကလေးအားဆုပ်ကိုင်ကာမျက်နှာသေးသေးလေးအားငေးကြည့်နေမိသည်..။

ရောက်တဲ့နေ့ကတည်းကအဖျားတွေတက်ကာ သတိခဏခဏလစ်နေသည်..။

အသက်အန္တရာယ်မရှိတော့ပေမယ့်တစ်ပတ်ကြာတဲ့အထိနိုးမလာသေး..။

"သား...အသူလေး ကျောပိုးအိတ်ထဲကဟာတွေ ထုတ်ကြည့်တော့..ဒါတွေပါလာတယ်.."

ဦးထူးကစာလိပ်လေးနှစ်လိပ်ကို ထုတ်ပေးလာသည်..။

"အင်း..ဦးထူးကြည့်လိုက်လေ..."

"သားကြည့်ဖို့လိုတယ်..အသူလေးက ညိုးနဲ့တွေ့လာတာ..."

"ဟင်..."

ဦးထူးရဲ့လက်ထဲကစာလိပ်တွေကို ဆွဲယူကာ ဖတ်ကြည့်လိုက်၏..။

နေရာမြေပုံအပါအဝင် အသူလေးကို ပြန်ပေးဆွဲတာ ဒေါ်ထွေးငယ်ဆိုသည့်သက်သေရောပါ၏။ထို့အပြင်နောက်ထပ်ကြံရာပါရှိသေးတဲ့အကြောင်းရယ်စုံစမ်းနေဆဲဖြစ်ကြောင်းတို့အားရေးသားထားသည်..။

ကိုဉာဏ်သို့ ဆိုတဲ့စာကြောင့်မိုက်ဉာဏ်ဆီပစ်ပေးလိုက်သည်..။

"မင်းအတွက်တဲ့..ဒီနားမှာပဲဖတ်..."

ဉာဏ့်စာထဲမှာတစ်ခုခုဖုံးကွယ်ထားတာပါမည်စိုးတာမို့ အနားမှာသာဖတ်ခိုင်းရသည်..။

ကိုယ်ရေးကိုယ်တာမို့ မိုက်စည်းကျော်ကာဖွင့်မဖတ်ချင်..။

"သခင်..အကိုလေးကို သူကယ်လွှတ်လိုက်တာဟုတ်တယ်....နောက်ပြီး ညိုး အသက်အန္တရာယ်ရှိနေပြီထင်တယ်..."

"ပြစမ်း..."

မိုက်ယူဖတ်လိုက်တော့စာထဲမှာ မိုက်တို့အားလုံးကို နှူတ်ဆက်ကြောင်းသူတစ်ခုခုဖြစ်သွားပါက အသူလေးတစ်ယောက်သူ့ကိုယ်သူအပြစ်မတင်အောင်နှစ်သိမ့်ပေးဖို့ရေးထားသည်..။

"ဉာဏ်..မင်းသွားကယ်မလား.."

မြေပုံရှိတယ်..လူအင်အားပြည့်တယ် ဒါဆိသွားမကယ်စရာဘာအကြောင်းရှိလဲ..။လက်ထဲကစာကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ရင်းဉာဏ့်အားမေးတော့အမြန်ပင်ဖြေကြားလာ၏။

လမိုက်လွှမ်းညပိုင်တဲ့ပုသေးဖောင်းလေး (M Preg)(Completed)Where stories live. Discover now