ငြိမ့် (COMPLETED)

By Kattamkaung

1.6M 151K 6.9K

(အချစ်က ငြိမ့် / အခ်စ္က ၿငိမ့္) Both Zawgyi and Unicode Available More

စာရေးသူ၏အမှာစာ
Chapter - 1
Chapter-2
Chapter-3
Chapter-5
Chapter -6
Chapter-7
Chapter-8
Chapter-9
Chapter - 10
Chapter - 11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18
Chapter-19
Chapter-20
Chapter-21
Chapter-22
လက်ဆောင် 🎁
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-35
Chapter-36
Chapter-37
Chapter-38
Chapter-39
Final Chapter
ကျေးဇူးတင်လွှာ/ေက်းဇူးတင္လႊာ
Special Chapter
Physical Book Announcement
Book Detail

Chapter-4

46.2K 4.4K 72
By Kattamkaung

Unicode

ရုတ်ချည်းပြောင်းလဲသွားမှု

မနက်မိုးသောက်အလင်းသည်
ဖျော့တော့သေးသော်လည်း  နွေးနွေးထွေးထွေးရှိကာ၊
ရပ်ကွက် ကလည်းတော်လေးတိတ်တိတ်ဆိတ်ဆိတ် ဖြစ်သည်မို့ မနက်ခင်းဟာ အနှောက်ယှက်မဲ့လှသည်။

ပြတင်းတံခါးက တဆင့်တိုးဝှေ့လာသော
လေပြေညှင်းက အမွှေးနံ့သာတိုင်ရနံ့များ
သယ်ယူဆောင်လာတာကြောင့်
မေမေ ဘုရားခန်းမှာ ရောက်နေပြီဆိုတာ
လှိုင်းဆက်သိလိုက်ရသည်။

အချိန်အားဖြင့် ၇ နာရီ။
မကြာမီ မေမေ ဘုရားကန်တော့ပြီးသည်နှင့်
မနက်စာစားဖို့ သူ့ကိုခေါ်လိမ့်မည်။
ကိုယ်တိုင်လာခေါ်တာလည်း ဖြစ်နိုင်သလို
တစ်ယောက်‌ယောက်နှင့် အခေါ်လွှတ်တာမျိုး
လည်းဖြစ်နိုင်သည်။ ထိုကိစ္စတွေကို
လှိုင်းဆက် သေချာပင်မမှတ်မိနိုင်။
သူအိမ်နဲ့ ကင်းကွာနေတာ တော်တော်ကြာပြီမို့ ကိုယ့်အိမ်ကဲသို့ ခံစားချက်မျိုးနှင့်
သိပ်ရင်းနှီးမနေတော့ပေ။

လှိုင်းဆက် ကိုက ဒီလိုပါပဲ။
သူက သူ့အတွက် အတည်တကျ နေထိုင်စရာနေရာအကြောင်း မစဉ်းစားမိခဲ့ပါ။
အစိုးရဝန်ထမ်းဖြစ်ခဲ့တဲ့တစ်လျှောက်
နယ်ပေါင်းစုံသွားလာခဲ့ရပြီး နေရာတိုင်းမှာ
သူကဧည့်သည်တစ်ယောက်သာ ဖြစ်ခဲ့သည်မှာ ဆယ်စုနှစ်တချို့ကြာခဲ့ပြီဖြစ်သည်။
မိတ်ဆွေပေါင်းများစွာနဲ့ တွေ့ဆုံရင်း
သူကဖြစ်စေ ထိုသူများကဖြစ်စေ
ဝေးကွာကြဖို့ နှုတ်ဆက်ရသည်ချည်းသာ။
အမြဲတမ်းအတွက် သူ့အနားက
သူငယ်ချင်း မိတ်ဆွေသည်ကား
ရှားပါးလွန်းလှပါသည်။

ဒေါက် ဒေါက်*
အတွေးကြောထဲ ဖြတ်ဝင်လာသော
တံခါး‌ခေါက်သံ သဲ့သဲ့။
လှိုင်းဆက်က ‌စောစောကတည်းက
ကြိုပြင်ဆင်ထားတာမို့ ပုဆိုးထဲထည့်ကာ
ဝတ်ထားသည့် အဖြူရောင် ချည်သားလက်တို ရှပ်အင်္ကျီလေးကို သပ်ရပ်အောင်
ဆွဲ့ဆန့်လိုက်ရင်း ကျွန်းတံခါးဆီ ညင်သာစွာ
လျှောက်လာခဲ့လိုက်သည်။ သူ့ပုံစံက  မသိလျှင် ကြမ်းခင်းရှိ နီညိုရောင် ကတ္တီပါ
ကောဇောတို့ကသူ့ခြေလှမ်းများကြောင့် ပျက်စီးနိုင်သည့်နှယ်။ သူနှင့်မဆိုင်သော လမ်းပေါ်တွင်လျှောက်နေရပါသည့်နှယ် ရဲရဲဝင့်ဝင့် သိပ်မရှိခဲ့ပါ‌ချေ။

"သားငယ် လာပြီ"

ကျွီခနဲ တံခါးပွင့်သံနှင့်အတူ ကြာရသည့်
မေမေ့အသံက နူးညံ့စွာ ၊ ချိုသာစွာ။
လှိုင်းဆက် စစချင်း မြင်လိုက်ရတာကတော့
နက်ပြာရောင် ရှပ်အင်္ကျီလက်ရှည်နှင့်
ယောပုဆိုးကို တွဲဖက်ဝတ်ဆင်ထားသည့်
ခပ်ပြည့်ပြည့် ကောင်လေးပင်ဖြစ်သည်။
မျက်နှာထက်ကမူ မနေ့ကထက် ပိုပြီး ကြည်လင်နေကာ ပါးပြင်ထက်ရှိ
တချို့နေရာလေးများမှာ
သနပ်ခါးစက်ကလေးများ ပုံတင်‌ကာထား၏။
လူပျိုပေါက်ကလေးက  သူ့ဝက်ခြံများကို
ဖုံးကွယ်ထားဟန်တူသည်။

အပြုံးတစ်ခုနှင့် ခေါင်းလေးငြိမ့်လျက်
နှုတ်ဆက်တဲ့ ကောင်လေး။
လှိုင်းဆက်သည်လည်း အပြုံးတစ်ခုနှင့်သာ
တုန့်ပြန်ဖြစ်ပါသည်။
ကောင်လေး ဘေးနားက မေမေကတော့
ဆင်စွယ်ရောင် မြန်မာဝတ်စုံဝတ်ထားပြီး
ဆံထုံးမို့မို့ နှင့်ဖြစ်ကာ ကျက်သရေရှိလှသည်။

မေမေက လှိုင်းဆက်ရဲ့ ခါးပြင်ကနေ
အသာ‌ပွေ့ဟန် ထိထားရင်းဖြင့်
ကောင်လေးဆီ မျက်နှာချင်းဆိုင်တဲ့အခါ
ထူးထူးခြားခြား ရှက်ရွံ့သလိုခံစားရပြီး
တစ်ချိန်ထဲမှာပဲ ‌နွေးထွေးမှုကို ခံစားရသည်။
သူ့အား ပွေ့ဖက်ထားပုံက ဂုဏ်ယူသည့်ဟန်။
ဒီလို ပွေ့ဖက်မှုမျိုးက သိပ်ရှားပါးခဲ့သည်မို့
လက်လှုပ်ရှားမှုကပင် သူ့စိတ်ထဲမှာ သိပ်ကို
သိသာလွန်းနေပါသလို။

" မေမေ ငြိမ့်ကိုခေါ်ရင်း ဘုရားသွားချင်တယ်။ သားငယ်ပါ လိုက်ခဲ့တော့။
မနက်စာကို အပြင်မှာစားကြတာပေါ့"
မေမေ့ အသံက ပျော်ရွှင်မှုများပြည့်လျက်။
အသာယာ လွှတ်လို့သွားသော လှိုင်းဆက်ရဲ့
ကျောပြင်ထင်မှာတော့ နူးညံ့မှုတို့က
ကျန်ရစ်နေခဲ့ပါသေးသည်။

"သား ငြိမ့် ကို စောစောနှိုးပြီး ပြင်ခိုင်းရတယ်။ အိပ်ရေးရော ဝရဲ့လား ကလေးရဲ့။
သား အစ်ကိုကတော့ စောစောထသမားမို့
ကြီးကြီးက အထူးထွေ နှိုးမနေတော့ဘူး"

မေမေက လှိုင်းဆက်ကို အမြဲတမ်း
သိနေပါသည့်ဟန် အကျင့်စရိုက်တို့ကို
တိကျ ယုံကြည်မှုရှိစွာ ပြောပြလို့နေသည်။

" ဝ ပါတယ်ကြီးကြီး။
ကျွန်တော်လဲ အလုပ်စ ကတည်းက
နည်းနည်းစောစောထရတယ်ဗျ"

ကောင်လေး အသံက ကြည်လင်လှစွာ။
အနားယူထားသည်မို့ ဖြစ်မည်။
မနေ့ကထက်စာရင် ပိုတက်ကြွနေသည့်ပုံနှင့်။
နားထင်စပ်က မှဲ့နက်ကလေးကို မြင်မိတော့
လှိုင်းဆက် ခဏငေးမိသည်။
ခပ်ညိုညို အသားအရေထက်တွင်
မဲနက်လို့နေသည့် အမှတ်သားကလေးက
တစ်သားထဲ နစ်ဝင်နေပါသလိုမျိုး။
ခပ်သင်းသင်း အမွှေးရနံ့တချို့ဟာလည်း
လှိုင်းဆက် ဆီရောက်ရှိလို့လာသည်။
ထူးခြားသည့် ရနံ့မျိုးမဟုတ်ပေမဲ့
သင်းပျံ့ပျံ့နှင့် စိတ်ကိုယဉ်ပါးစေ‌သောရနံ့။

မေမေ့ ဦးဆောင်မှုနှင့်
အောက်ထပ်ဆင်းချိန်မှာတော့
သွက်လက်သည့် ကောင်လေးက
မေမေ့လက်မောင်းတို့ကို ခပ်ဖွဖွထိန်းကိုင်ရင်း
ဖြေးဖြေးချင်းဆင်းစေကာ မေမေ့စကားတချို့ကို ခေါင်းတငြိမ့်ငြိမ့်နားထောင်သည်။
တစ်ခါတစ်လေ ပြုံးလျက်၊ တစ်ခါတစ်လေ
ခွန်းတုံ့ပြန်လျက်နှင့်။
လှိုင်းဆက်ကတော့ နောက်မှနေ၍
ထိုနှစ်ယောက်ကို ကြည့်ရင်း အသာယာလေး
လိုက်ပါခဲ့ရပါသည်။

...........................................

ဆလွန်းကား အဖြူလေးဟာ
ဘုရား ပရဝဏ်အတွင်း ခပ်ဖြည်းဖြည်း
ဝင်ရောက်မောင်းနှင်လာပြီးနောက်
ကားရပ်ရာနေရာတွင် ရပ်တန့်လိုက်သည်။
မနက်စာ ဝင်စားနေခဲ့ကြတာမို့
ဘုရားရောက်ချိန်မှာ မနက်၉နာရီကျော်ပြီ
ဖြစ်သည်။ နောက်ခန်းက ကောင်လေးက
ခပ်သွက်သွက်ဆင်းလာရင်း မေမေရှိရာ
ရှေ့တခါးကို ခပ်သွက်သွက်ဖွင့်ပေးလာခဲ့တာမို့ လှိုင်းဆက်က ဘေးကနေသာရပ်စောင့်နေလိုက်ရတော့၏။

ပထမဆုံးအကြိမ် အဖြစ် လှိုင်းဆက်ကားကို
စီးဖူးတဲ့ မေမေက ကားထဲကအခြေနေတွေကို စေ့စေ့စပ်စပ်လိုက်ကာကြည့်ရင်း
အသစ်လဲဖို့ ပြောဆိုနေခဲ့ပြီးနောက်
ကောင်လေးနဲ့ စကားလက်ဆုံကျနသေးတာမို့
ဘုရားရောက်မှပင် အပြောရပ် တော့သည်။
ရွှေအိုရောင် တဘက်ပါးလွှလွှဟာ
မေမေ့ ပုခုံးထက်ဖြာကျလို့နေပြီး
ကောင်လေးလက်တွေကတော့
မေမေ့ ညာဘက်လက်မောင်းအား
မိမိရရဖြင့် အသာယာဆုပ်ကိုင်လို့ထားသည်။

"သားငယ်က ဒီဘက်က မေမေ့ကိုတွဲ"
ဘယ်ဘက်လက်တစ်ဖက်အား
လှိုင်းဆက်ဆီ လှမ်းကာ ပေးလာပါသော
မေမေ။
တွဲရန်ပြင်တဲ့အခါ မေမေ့ဖက်ကအရင်
လှိုင်းဆက် လက်မောင်းတို့အား
ဆုပ်ကိုင်လာသည်မှာ အားကိုးတကြီး။

အသက်ကြီးပြီဆိုသော်ငြား
မေမေ က ဒီလောက်ထိ လမ်းလျှောက်ရ
ပင်ပန်းနေမည်လို့ လှိုင်းဆက်မထင်ခဲ့။
ပြီးခဲ့လေသော နှစ်တွေအတွင်းမှာ
ဒီအမျိုးသမီးကြီးဟာ တစ်‌ယောက်လောက်တော့ ကူတွဲဖို့လိုတဲ့ အနေအထားဆီ
ရောက်မှန်းမသိ ရောက်လာခဲ့ပြီး
တစ်ဦးတည်းသော သားဖြစ်သူ၏
လက်မောင်းခိုင်ခိုင်တို့အား မိမိရရ
လှမ်းကာ ဆွဲကိုင်ဖူးသည်မှာကား
ပထမဆုံး အကြိမ်ပင်ဖြစ်၏။

ပုံမှန်အားဖြင့် လမ်းလျှောက်ရမခက်သော်လည်း သူမဘေးက ကောင်လေးနှစ်ယောက်၏ညထိန်းကိုင်ဖေးမ မှုတို့ကြားတွင်
ကြည်နူးစွာ၊ စိတ်ချမ်းမြေ့စွာဖြင့်
လိုက်ပါလာခဲ့ရခြင်းကြောင့် လွန်ခဲ့သော
နှစ်ပိုင်းတွေမှာ စိတ်သဘောထားချင်း
မတိုက်ဆိုင်မှုများ၊ ပင်ပန်းခဲ့ရလေသော
နွမ်းလျမှုတို့ဟာ ဖျော့တော့သွားစေခဲ့သည်။

ဘုရားရင်ပြင်ထက်တွင်ကား
စည်ကားလှစွာဖြင့် မိသားစုတချို့ဟာ
နေရာယူကာထားကြပြီး တရားစာများ
ရွတ်ဆိုလို့နေကြသည်။
ဖြေးညှင်းစွာ လျှောက်လာတဲ့ သူတို့သုံးဦးဟာလဲ မိသားစုတစ်ခုသဖွယ် ထိုနေရာတွင်
ရှိနေခဲ့ကြကာ  တချို့သူများ၏
မတော်တဆဖြစ်စေ ရည်ရွယ်လျက်သားဖြစ်စေ ရောက်ရှိလာသော အကြည့်တို့ကိုလည်း
လက်ခံရရှိခဲ့ပါသေးသည်။

ဘုရားစောင်းတန်း တစ်ခုဆီ ရောက်သည်နှင့်
မေမေ့အား နေရာချပေးကာ လှိုင်းဆက်က
ဘုရားပန်းများဝယ်ရန် တစ်ခေါက်ပြန်
နောက်လှည့်သွားရတော့သည်။
နှင်းဆီပန်းအစည်းကြီးများဟာ
ရေပေါက်ရေစက်များသီးလျက်
ရဲရဲစိုနီလျက်တစ်မျိုး ဝါဝါရင့်စိုလျက်တစ်ဖုံ
ဝင့်ကားလျက်ရှိပြီး လှိုင်းဆက်၏
လက်ဝါးကြီးများထဲတွင် ပါလာခဲ့လေပြီ။

မေမေတို့ဆီရောက်ချိန်မှာတော့
ဘုရားစာရွတ်ဆိုနေသည့် မေမေ့အနားတွင်
ဆောင့်ကြောင့်ထိုင်လျက်သားဖြင့်
လက်အုပ်ကို နှဖူးထက်တင်ချီကာ
တတွတ်တွတ်ရွတ်ဆိုနေသည့် ကောင်လေး။
လှိုင်းဆက်က ထိုင်နေသောလူစုများကြား
ခါးကို ရို့ကာ ရို့ကာဖြင့် တဖြေးဖြေးချင်း
ထိုနေရာဆီလျှောက်လာပြီးနောက်
မေမေ့ တစ်ဖက်ဘေးဆီအသာတိုးကာ
ထိုင်ချလိုက်သည်။
နောက်တော့ သူလည်း ဘုရားကန်တော့ရန်
လက်အုပ်ချီမိုးလျက် ကန်တော့ချိုးနှင့်
ပန်းကပ်ခြင်းအား လုပ်ဆောင်လိုက်တော့၏။

မိနစ်အနည်းငယ် ကြာပြီး
လှိုင်းဆက် ကန်တော့ပြီးချိန်မှာတော့
မေမေက လဲ့ပြောင်နေသည့် ရှားညိုရောင်
စိတ်ပုတီးကိုကိုင်လျက် တစ်ချက်ချင်းစီ
ပုတီးစေ့များချလျက်ရှိသည်။
မျက်စိမှိတ်ရာမှ ဖွင့်လာတဲ့မေမေက
လှိုင်းဆက်လက်ထဲက နှင်းဆီပန်းစည်းများအားမြင်တဲ့အခါမှ မေးလေးဆတ်လျက် သွားကပ်ဖို့ ပြောလာသည်ကြောင့် အသာထရင်း
မေမေ့ဘေးမှဖြတ်ကာ လျှောက်ခဲ့လိုက်သည်။

ခပ်တိုးတိုး မရေမရာ အသံသဲ့သဲ့အား
ကြားလိုက်ရသလိုလို မသဲကွဲ။
"သားငြိမ့် ကိုကိုကြီးနဲ့ လိုက်သွား" ဆိုတာ
မေမေ့အသံပေးလား တခြားအသံပေလား။
များပြားလှတဲ့လူတွေကြား လှိုင်းဆက်က
လှည့်ကာကြည့်ဖို့ အဆင်မပြေနိုင်။
သူဟာ ' ငြိမ့် 'ဆိုသော အမည်နာမအား
သိရှိနေပါသည့်တိုင် ခြေလှမ်းတို့ဟာ
ဘုရားပန်းစင်ဆီ၌သာ ဦးတည်ခဲ့လိုက်တော့သည်။

ရွှေရောင်လက်လွန်းနေသော
ရွှေတိဂုံစေတီတော်ကြီးဟာ
နေရောင်အောက်တွင် သပ္ပာယ်လှစွာ။
ပန်းရနံ့များ၊ ဖယောင်းနံ့၊ အ‌မွှေးရနံ့များဟာ
ဘုရားရင်ပြင်တစ်ခုလုံး ထုံမွှမ်းလျက်။

ဂျောက်ခနဲ ပြုတ်ကျခဲ့လေသော
သော့ကလေးဟာ ဘုရားရင်ပြင်ရှိ
ကျောက်ပြားများထက် ကျန်ခဲ့လေပြီ။
ခြေလှမ်းမျိုးစုံတို့ကြား လျှင်မြန်စွာ
ဝင်ရောက်လာလေသော လက်ကလေး။
ဖြောင့်တန်းသပ်ရပ်သော လက်ဆစ်များ
နီညိုရောင် လက်ပတ်ကြိုးကွင်းကလေးဟာ
ညိုဝါစိမ့်နေသော အသားရည်ထက်တွင် ကပ်လျက်ရှိနေသည်။

လှစ်ခနဲ ဆွဲယူလိုက်တဲ့အခါ
ကွေးစုသွားတဲ့ လက်ချောင်းငယ်တွေ။
ပန်းနုရောင်သမ်းနေသည့်
လက်သည်းတွေဟာ ရှင်းသန့်ကြည်လျက်။
ခပ်သင်းသင်းရနံ့ပိုင်ရှင်လေးက
ခပ်သွက်သွက်ပင် လူစုများကြား
ခါးလေးရို့ကာဖြင့် သူနဲ့အလှမ်းဝေးဆီ
ဖြေးဖြေးချင်း လျှောက်ကာသွားနေသည့်
ကျောပြင်ကျယ်ကြီးဆီ ရှေးရှုလို့ထားကာ လိုက်ရပါတော့သည်။

ခြေဖဝါး တစ်ချက်ချင်းစီ အချတိုင်းမှာ
ထိုကျောပြင်ဆီ ခပ်မြန်မြန်လေး
သွားချင်နေခဲ့ပါ သလိုမျိုး။

ဘုရားပန်းစင်အနားမှာတော့
မြင့်တက်လာတဲ့နေအပူချိန်ကြောင့်
ကြွေပြားတို့က အနည်းငယ် ပူနေကြကာ
လူသူကား ကျဲပါးသွားပြီဖြစ်သည်။
ဘုရားဖူး လာသူအပေါင်းတို့ဟာ
အရိပ်အာဝါသ ရရာနေရာများတွင်
နေရာယူသွားကြတာကြောင့် အသံဗလံများ
တိုးတိတ်သွားက လေအဝေ့တွင် လှုပ်ခတ်လေသော ဆည်းလည်းသံတချွင်ချွင်ဟာ
စိတ်ကြည်နူးစရာ ထွက်ပေါ်နေတော့သည်။

ပြည့်နှက်နေပါသော ပန်းအိုးတွေကြောင့်
ဟိုဟိုဒီဒီပတ်ရှာရင်း နေ့နံဘုရားတစ်ဆူ၏
ရှေ့တော်မှောက်ရောက်မှသာ
ပန်းထိုးရန် တွေ့ရတော့သည်။
များပြားလှသော နှင်းဆီတွေက ဖူးတစ်ချို့
ပွင့်တချို့နှင့် လှပနေပြီး လှိုင်းဆက်ကမူ
ထိုပန်းပွင့်ခိုင်များအား ပန်းအိုးထဲသို
အသာလေးထည့်နေခဲ့သည်။

တရှပ်ရှပ်ရောက်လာသော ခြေသံလေး...
သဘောကျမိသော ရနံ့ဟာ လှိုင်းဆက်ဘေးတွင် ရောက်လို့လာခဲ့သည်။
အသာလေးစောင်းငဲ့ကြည့်လာသော
မျက်ဝန်းဝိုင်းတွေထဲဝယ် မျက်ဆံကလေးများက ကြည်လင်လှသည်မှာ ရုတ်တရက်
လှိုင်းဆက်၏ ပုံရိပ်ကိုတောင် မြင်နိုင်သည့်အထ။ မျက်နှာတို့ကလည်း အတော်လေး
နီးကပ်လို့သွားသည်။

သနပ်ခါးစက်ကလေးနှင့် မျက်နှာဟာ အမြန်လေး သူ့ဆီကနေနောက်ဆုတ် ဝေးကွာပြီးနောက် ကောင်လေးက အားတုံ့ အားနာဟန်ဖြင့် သွားတန်းလေးများပေါ်သည်အထိ
ရယ်ပြလို့လာခဲ့ ပေသည်။
ဆံပင်တိုလေးများက နှဖူးထက်ကျနေပြီး
ပါးပြင်ထက်တွင်မူ သနပ်ခါးလေး
ဟိုတစ်စက်ဒီတစ်စက်။

" ကိုလှိုင်းဆက် သော့ကျခဲ့တယ်ဗျ"

ကားသော့လေးဟာ မျက်စိရှေ့သို့
ရောက်လာခဲ့ပြီး လက်ချောင်းရှည်တွေက
လှိုင်းဆက်ဆီသို့ ကမ်းလျက်ရှိတယ်။

" ဆောရီး ကိုယ်ပြုတ်ကျသွားတာ"

ကောင်လေးက အပြုံးလေးတစ်ခုနှင့်။
နှုတ်ခမ်းညိုညိုတို့ဟာ ရိုးရှင်းလွန်းသည်။

လှိုင်းဆက်က ပန်းတို့ကို ‌နေရာချပြီးသည်နှင့်
သော့အား အသာယူလိုက်ကာ
သူထားနေကြအတိုင်း ခါးနောက်ဘက်ရှိ
ပုဆိုးကြားထဲသို့ အသာထိုးထည့်လိုက်၏။
သော့ချိတ်ရှိ ချိန်းကြိုးလေးက နေရောင်အောက်မှာ တလက်လက်တောက်ပသွားသည်။

အသာယာလေး လိုက်ကြည့်နေတဲ့
ကောင်လေးနှင့် အကြည့်ချင်းတချက်
ဆုံပြန်တော့
"ကျေးဇူး .." ဆိုသောစကားဆို လှိုင်းဆက်
မဆိုင်းမတွပြောမိပါသည့်တိုင် တဖက်သူအား မည်သို့မည်ပုံ ခေါ်ရမည်ကိုကား
မစဉ်းစားနိုင်ခဲ့။

"ရပါတယ် ဗျ"
သွက်သွက်လက်လက် ကောင်လေးသည်
ပြုံးရွှင်လျက်သားလေးပင်
လှိုင်းဆက်ဘေးသို့ ကပ်ကာဖြတ်သွားရင်း
ဘုရားရေသပ္ပာယ်ရာဆီ သွားနေခဲ့သည်။

'တနင်္လာသားလေး'

မေမေခေါ်သော 'သား ငြိမ့်'ဆိုသည့်
အမည်နှင့် ကောင်‌လေး။
နီညိုရောင် ‌ယောပုဆိုး၊နက်ပြာရောင်
ရှပ်အင်္ကျီရှည်။ ထို ခပ်ပြည့်ပြည့် ကောင်လေးမှာ ညိုစိမ့်စိမ့်နှင့် ကြည်လင်နေသည်။

လှိုင်းဆက်ဟာ အသားညိုပါသည့်တိုင်၊
ပိန်ပါးမနေပါသည့်တိုင် ကြည့်လို့ကောင်းသည့် ထို ကောင်ငယ်လေးအား မသိလိုက်
မသိဘာသာ မနေနိုင်ခဲ့ပါချေ။
ဧည့်သည်တစ်ယောက်အပေါ်
ဧည့်ဝတ်ကျေရမည့် အိမ်ရှင်တစ်ဦးသဖွယ်
အနားမှ နေကာ စောင့်ဆိုင်းဖို့တွေးလိုက်သည်။
သိပ်တော့ ဆန်းပြားနေသည်မဟုတ်ခဲ့ပါ
လေ။ သူ့ဝန်ထမ်း ဘဝတစ်လျှောက်
ဒီလိုမျိုး ပျူငှာခဲ့ရဖူးသည်ပင်။

လက်အုပ်ချီကာ ခပ်တိုးတိုးရွတ်ဆိုပြီးနောက်
ကောင်လေးက ‌ငွေရောင်လက်နေသည့်
ငွေဖလားငယ်လေးအားကိုင်ကာ
ရေပိုက်တန်းအောက်ရှိ မြေအိုးကန်ထဲမှ
ရေများအား တစ်ခွက်ချင်းစီ ခပ်ယူပြီး
သပ္ပာယ်လှစွာသော ကျောက်သားဘုရားရုပ်ထု၏ ဦးခေါင်းထက်မှတစ်ဆင့် တဖြည်းဖြည်းချင်း လောင်းချကာ ပူဇော်တော့သည်။

တစ်ခွက်..နှစ်ခွက်..တဖြည်းဖြည်းနှင့်
နှစ်ဆယ့်နှစ်ခွက်မြောက်တွင်မူ
အသာရပ်တန့်ရင်း ရေဖလားအားချလိုက်ကာ
လက်ဆယ်ဖြာထိစပ်လျက် နောက်တစ်ကြိမ်
ခပ်တိုးတိုးရွတ်ဆိုပြန်သည်။

အကုန်ပြီးစီးချိန်မှာတော့
သူတို့နှစ်ယောက်သားက ခပ်ခွာခွာကလေး ရှေ့နောက်ကွာလျက် စောင်းတန်းအောက်တွင် ပုတီးစိပ်နေသော မေမေ့ဆီ လျှောက်ခဲ့ကြသည်။

မြင်ခဲ့ရဖူးသော ရက်ပေါင်းများစွာထက်
ပြုံးကာ နေသော ထိုအမျိုးသမီးဟာ
သူတို့နှစ်ဦးအား သေချာလေး စိုက်ကာ
ကြည့်ရှုနေခဲ့သည်လား။

"ကျွန်မ ဆုံးဖြတ်ချက်ကို ပြင်မှာမဟုတ်ဖူး"
ခပ်တိုးတိုး ပဲ ပြောမိလေသလား။
စိတ်ထဲမှာပဲ ရေရွတ်မိလေသလား မသိနိုင်။
ဆုံးပါးသွားရှာလေပြီဖြစ်သော ခင်ပွန်းသည်အား သူမပြောပြချင်ခဲ့သည်။

ဘာတွေပဲ ဖြစ်နေပါစေ အဆုံး မှာတော့
သူမဟာ သားကိုလည်း ပျော်ရွှင်စေချင်သလို
မိသားစုကိုလည်း နောက်ဆုံး အချိန်ထိ
လက်ညှိုးထိုးကင်းကင်းဖြင့် ရှင်သန်စေချင်ခဲ့တာပါပဲ။

................................

"ဘယ်လိုဖြစ်ပြီး "

"...."

ကြက်သေသေခြင်း ၊ ပြောစရာပျောက်ဆုံးခြင်း စသော ငြိမ်သက်မှုတို့ဟာ
မုန်တိုင်းမလာခင် ဖြစ်တည်နေသော
ပင်လယ်ပြင်ကဲ့သို့။

စာရွက်နံ့များ အမွှေးနံ့တချို့
မှင်နံ့များနှင့် အခန်းငယ်အတွင်းရှိ
လေထုဟာ မသက်မသာဖြစ်လို့လာသည်။
တဒီးဒီးကြားနေရပါသော
လေအေးပေးစက်သံ ဒီးဒီးသာလျှင်
တစ်ခန်းလုံးကို ပိုင်စိုးထားပါသည့်နှယ်။

" မမကြီး ကလေးတွေကိုရော
တိုင်ပင်ခဲ့ရဲ့လား"
နူးညံ့ရှင်းလင်းသော အမျိုးသားကြီးရဲ့
အသံချိုချိုက အစားထိုးဝင်ရောက်လာသည်။

လှိုင်းဆက်ဆီရောက်လာသည့်
ထိုမျက်ဝန်းများက မင်းရော သဘောပါရဲ့လားဟု ခပ်တိုးတိုးမေးနေသယောင်။
တကယ်ဆို ဘယ်တုန်းကမှ သူ့ရဲ့
သဘောထားကို ရှေ့တန်းတင်တာမျိုး
ရှိခဲ့ဖူးသည်လည်း မဟုတ်။

ခပ်ရို့ရို့လေး ထိုင်နေပါသည့်
ညိုစိမ့်စိမ့် ကောင်လေးကမူ
မျက်လုံးဝိုင်းလေးများပင် မှိတ်ကျမတက်
မျက်လွှာကိုချထားရင်း တစ်ခုခုကို
စောင့်ဆိုင်းနေရပါသည့်ဟန် ငြိမ်သက်လျက်။

ဟုတ်ပါသည်လေ မေမေစီစဉ်သည်
ဆိုကတည်းက မပြောမဆိုလုပ်ခဲ့သည်တော့
မဖြစ်နိုင်။ သို့သော်လည်း ဘယ်လိုများ အဲ့ဒီ
ငယ်ငယ်ရွယ်ရွယ်ကလေးက
ဒီအစီစဉ်ရဲ့ အဓိကလူဖြစ်နေရတာလဲ။

ဒီကောင်လေးက လှိုင်းဆက်ကို
မနေ့ကမှတွေ့မြင်ဖူးတာ ဖြစ်ပြီး
လှိုင်းဆက်ကိုယ်တိုင်ကလည်း ဒီကိစ္စဟာ
ဒီလောက်အမြန်ကြီး ရောက်လာမယ်လို့
မထင်ထားခဲ့ပါချေ။

လှိုင်းဆက် စိတ်ထဲတွင်မူ
လွန်ဆွဲရ ခက်လှသော အတွေးတွေက
သူ့အား တင်းကြပ်နေစေပြီး အသက်ရှူဖို့ပင်
အာရုံကောင်းကောင်း မစိုက်ချင်တော့သလို။
ပူနွေးလာတဲ့ သူ့လက်ဝါးပြင်တွေ။
ဘယ်လောက်ပဲ သူက ကိုယ့်ကိုယ်ကိုယ်
သူများသဘောထားတွေ လိုက်နာရုံ
လူပိုလိုပဲ တွေးထားပါသည့်တိုင်
ယခုလိုမျိုး တစ်ဘဝလုံးနှင့်ဆိုင်သည့်
အရေးတစ်ခုအား လွယ်လင့်တကူ
ခေါင်းငြိမ့်ရန်မှာ ဘယ်လိုမှမလွယ်ပါချေ။

ရေဓာတ်ကုန်ခမ်းသွား သလိုမျိုး
သူ့နှုတ်ခမ်းတို့က ခြောက်ကပ်လာသည်။
မေမေ့ရဲ့ လောကွတ်ပြု ပြောဆိုသံ၊
တစ်ဖက်ကောင်လေး အကြောင်း
တချို့ပြောပြနေပုံတွေက သူ့အား
ရင်အုံရှိရာကို ဖိနှိပ်ထားပါသည့်နှယ်
မွန်းကျပ်လို့လာခဲ့သည်။

နောက်ဆုံးအထိ ၃၅နှစ်အရွယ်
ယောက်ျားတစ်ယောက်က ဘာကိုမှ..
ဘာကိုမှ သူ့သဘောကျ မလုပ်နိုင်ခဲ့ဘူး။
သူဟာ ထပ်ပြီး ဒီမိသားစုရဲ့
အတင်းကြပ်တွန်းပို့ ခြင်းကို ခံရပြန်သည်။
မေမေရဲ့ အသံ တဖြေးဖြေးနဲ့ ဝေးလာလိုက်
နီးလာလိုက်။ သူ ဂေးတစ်ယောက်
ဖြစ်နေမိတာ ဒီလောက်မှားသလား။

သူက ဒီတိုင်း ယောက်ျားတစ်‌ယောက်ပါပဲ။
လူတစ်ယောက်အနေနဲ့တောင်မှ
သူ့မှာ ဘာဆုံးဖြတ်ပိုင်ခွင့်မှ မရှိတော့ဘူးလား။
စကားတစ်ခွန်းလေးတောင် မပြောပြပဲ
ဒီလိုမျိုး ရုတ်တရက်ဆန်ဆန်
အဖြစ်အပျက် ရောက်လာတာဟာ သိပ်ကို
တရားလွန်လှပါသည်။

သို့သော်လည်း ဘာမှမတတ်နိုင်။
ပထမဆုံး အကြိမ်အဖြစ်
သူဒူးထောက်ခဲ့ကတည်းက တစ်သက်လုံးစာ
ဘယ်တော့မှ ဦးပြန်မော့မလာနိုင်တော့ပေ။

ချစ်ခြင်း တရားဆိုတာကိုတောင်
သူမေ့နေခဲ့တာကြာပါပြီ။
အရာအားလုံးက သူ့ကိုယ်သူ
ဖိနှိပ်ထားဖို့ဆီကိုသာ တွန်းအားပေးခဲ့ကြသည်။ သူ့ကိုယ်သူ ရပ်တည်နိုင်စွမ်းမရှိတဲ့
အသုံးမကျတဲ့သူတစ်ယောက်လို။
အရာရာကို ကမောက်ကမလုပ်မဲ့
အမှိုက်တစ်ခုလိုမျိုး အားလုံးက
သူ့ကို တွန်းပို့ခဲ့ကြသည်။

နှစ်ဦးသဘောတူ စာချုပ်သည်ကား
မိုးပြာရောင် နုနုလေး သန်းလျက်
တလက်လက်တောက်နေသော
ငွေရောင်အမှုန်ကလေးများက
တလဲ့လဲ့ နေရာယူလို့ထားသေး၏။

လှိုင်းဆက်လက်ထဲရှိ
ရွှေရောင် ဘောပင် သည် ခပ်သော့သော့လေး
စာရွက်ထဲ လှုပ်ရှားသွားရသည်မှာ
သူ့နှလုံးအိမ်ထဲရှိ လေးပင်မှုတို့နှင့်
လားလားမျှပင်ဆိုင်မနေခဲ့။

သူဘယ်တုန်းကများ တစ်စုံတစ်ယောက်ကို
မဖြစ်မနေပိုင်ဆိုင်ချင်ကြောင်း
ပြောခဲ့ဖူးပါသလဲ။ သူ့ဘဝမှာ ဘယ်သူ့ကိုများ
လိုအပ်နေကြောင်း ပြောခဲ့ဖူးပါသလဲ။

စိတ်မချခြင်း အကြောင်းတရားများစွာမှာ
သူ့ရဲ့လိင်တူသဘောကျမှုဟာ
ရောဂါတစ်ခုလိုမျိုး သတ်မှတ်ပြီး
အဖက်ဖက်ကနေ သူ့ကို သတိတကြီးနဲ့
ဖေးမထိန်းကျောင်း ချင်နေကြသူတွေ‌။
တကယ်ဆိုရင် သူ တစ်ကြိမ်ထဲ
အဲ့ဒီတစ်ကြိမ်လေးပဲ သူ့စိတ်သူသိခဲ့တာပါ။

အရာရာက ဘာလို့များ
လွဲမှားသွားရပြန်တာလဲ။
ဒီနေ့ကို ရောက်လာဖို့ သူဘာမှပင်
ပြင်ဆင်ချိန်မရလိုက်ပါချေ။
တစ်ခေါက်ထက် တစ်ခေါက် အိမ်ပြန်ရတာ
သူပိုကြောက်ရွံ့လာခဲ့ပြီ။

သူ့ဘဝထဲက ဒီမိသားစုကိုပင်
သူမရင်းနှီးခဲ့ပေ။ နည်းနည်းတောင်မှလည်း
မရင်းနှီးချင်ခဲ့ပေ။
ယခုတွင်ကား တစ်စုံတစ်‌ယောက်ဟာ
သူ့ဆီသို့ ထပ်မံရောက်ရှိလာခဲ့လေပြီ။

ငြိမ့်တည်......
နှစ်လုံးတည်းသော အမည်နာမ
'ငြိမ့်' ဟုသည့် တစ်လုံးတည်းသော
အပြာရောင် အမှတ်သားလေးက
စာရွက်ပေါ်မှာ ထင်ဟပ်လျက်။

ဘေးနားက အသက်ရှူသံတိုးတိုးကိုပင်
သူလှည့်မကြည့်ချင်ခဲ့ပါပေ။
ရုတ်တရက်ဆန်လွန်းလို့ ကိုယ်တိုင်တောင်
ဘာကိုမှ ဝေဖန်သုံးသပ်နိုင်တာမရှိ။

" ကို သာထူးကို ကျေးဇူးတင်ပါတယ်ရှင်။
ကျွန်မ မှာလည်း ဒါလေးကိုစီစဉ်ချင်ခဲ့တာ။
ကလေးတွေလည်း အဆင်ပြေကြရှာမှာပါ
ဘာပဲဖြစ်ဖြစ် ဒါက ပေါ့ပေါ့ပါးပါးနဲ့
ဖြတ်သန်းလိုက်ရတာပါပဲ"
မေမေ့အသံက အခန်းထဲပျံ့လွင့်လျက်။
လေအေးပေးစက်သံ တဒီးဒီးက
ထပ်မံဆူညံလာပြန်သည်။

ပေါ့ပေါ့ပါးပါး...ပေါ့ပေါ့ပါးပါးတဲ့လား။

.......................................................
စာရေးသူ၏ အမှာစာ :
တရားဝင်ထိမ်းမြှားလက်ထပ်ခြင်းဆိုင်ရာ
ဥပဒေများ လက်ရှိအချိန်ထိမရှိသေးပါ။
ဤ အခန်းတွင်ပါဝင်သော စာချုပ်သည်
နှစ်ဦးသဘောသူ စာချုပ်သဘောတရားသာဖြစ်ပြီး တရားဝင်ဟူသည်ထက် လွတ်လပ်သော နှစ်ဖက်ဆန္ဒအရဟုသာ သုံးနှုန်းဖော်ပြလိုပါသည်။

အစ်ကိုကြီး လှိုင်းဆက်က ၃၅နှစ်
ညီလေး ငြိမ့်တည်က ၂၂နှစ် ပါ
ညီလေးက မန္တလေးသားလေး
ညိုညို ပြည့်ပြည့်ကလေးပေါ့ ❤️

Zawgyi

႐ုတ္ခ်ည္းေျပာင္းလဲသြားမႈ

မနက္မိုးေသာက္အလင္းသည္
ေဖ်ာ့ေတာ့ေသးေသာ္လည္း  ေႏြးေႏြးေထြးေထြးရွိကာ၊
ရပ္ကြက္ ကလည္းေတာ္ေလးတိတ္တိတ္ဆိတ္ဆိတ္ ျဖစ္သည္မို႔ မနက္ခင္းဟာ အေႏွာက္ယွက္မဲ့လွသည္။

ျပတင္းတံခါးက တဆင့္တိုးေဝွ႕လာေသာ
ေလေျပညွင္းက အေမႊးနံ႕သာတိုင္ရနံ႕မ်ား
သယ္ယူေဆာင္လာတာေၾကာင့္
ေမေမ ဘုရားခန္းမွာ ေရာက္ေနၿပီဆိုတာ
လွိုင္းဆက္သိလိုက္ရသည္။

အခ်ိန္အားျဖင့္ ၇ နာရီ။
မၾကာမီ ေမေမ ဘုရားကန္ေတာ့ၿပီးသည္ႏွင့္
မနက္စာစားဖို႔ သူ႕ကိုေခၚလိမ့္မည္။
ကိုယ္တိုင္လာေခၚတာလည္း ျဖစ္နိုင္သလို
တစ္ေယာက္‌ေယာက္ႏွင့္ အေခၚလႊတ္တာမ်ိဳး
လည္းျဖစ္နိုင္သည္။ ထိုကိစၥေတြကို
လွိုင္းဆက္ ေသခ်ာပင္မမွတ္မိနိုင္။
သူအိမ္နဲ႕ ကင္းကြာေနတာ ေတာ္ေတာ္ၾကာၿပီမို႔ ကိုယ့္အိမ္ကဲသို႔ ခံစားခ်က္မ်ိဳးႏွင့္
သိပ္ရင္းႏွီးမေနေတာ့ေပ။

လွိုင္းဆက္ ကိုက ဒီလိုပါပဲ။
သူက သူ႕အတြက္ အတည္တက် ေနထိုင္စရာေနရာအေၾကာင္း မစဥ္းစားမိခဲ့ပါ။
အစိုးရဝန္ထမ္းျဖစ္ခဲ့တဲ့တစ္ေလွ်ာက္
နယ္ေပါင္းစုံသြားလာခဲ့ရၿပီး ေနရာတိုင္းမွာ
သူကဧည့္သည္တစ္ေယာက္သာ ျဖစ္ခဲ့သည္မွာ ဆယ္စုႏွစ္တခ်ိဳ႕ၾကာခဲ့ၿပီျဖစ္သည္။
မိတ္ေဆြေပါင္းမ်ားစြာနဲ႕ ေတြ႕ဆုံရင္း
သူကျဖစ္ေစ ထိုသူမ်ားကျဖစ္ေစ
ေဝးကြာၾကဖို႔ ႏႈတ္ဆက္ရသည္ခ်ည္းသာ။
အၿမဲတမ္းအတြက္ သူ႕အနားက
သူငယ္ခ်င္း မိတ္ေဆြသည္ကား
ရွားပါးလြန္းလွပါသည္။

ေဒါက္ ေဒါက္*
အေတြးေၾကာထဲ ျဖတ္ဝင္လာေသာ
တံခါး‌ေခါက္သံ သဲ့သဲ့။
လွိုင္းဆက္က ‌ေစာေစာကတည္းက
ႀကိဳျပင္ဆင္ထားတာမို႔ ပုဆိုးထဲထည့္ကာ
ဝတ္ထားသည့္ အျဖဴေရာင္ ခ်ည္သားလက္တို ရွပ္အကၤ်ီေလးကို သပ္ရပ္ေအာင္
ဆြဲ႕ဆန႔္လိုက္ရင္း ကြၽန္းတံခါးဆီ ညင္သာစြာ
ေလွ်ာက္လာခဲ့လိုက္သည္။ သူ႕ပုံစံက  မသိလွ်င္ ၾကမ္းခင္းရွိ နီညိုေရာင္ ကတၱီပါ
ေကာေဇာတို႔ကသူ႕ေျခလွမ္းမ်ားေၾကာင့္ ပ်က္စီးနိုင္သည့္ႏွယ္။ သူႏွင့္မဆိုင္ေသာ လမ္းေပၚတြင္ေလွ်ာက္ေနရပါသည့္ႏွယ္ ရဲရဲဝင့္ဝင့္ သိပ္မရွိခဲ့ပါ‌ေခ်။

"သားငယ္ လာၿပီ"

ကြၽီခနဲ တံခါးပြင့္သံႏွင့္အတူ ၾကာရသည့္
ေမေမ့အသံက ႏူးညံ့စြာ ၊ ခ်ိဳသာစြာ။
လွိုင္းဆက္ စစခ်င္း ျမင္လိုက္ရတာကေတာ့
နက္ျပာေရာင္ ရွပ္အကၤ်ီလက္ရွည္ႏွင့္
ေယာပုဆိုးကို တြဲဖက္ဝတ္ဆင္ထားသည့္
ခပ္ျပည့္ျပည့္ ေကာင္ေလးပင္ျဖစ္သည္။
မ်က္ႏွာထက္ကမူ မေန႕ကထက္ ပိုၿပီး ၾကည္လင္ေနကာ ပါးျပင္ထက္ရွိ
တခ်ိဳ႕ေနရာေလးမ်ားမွာ
သနပ္ခါးစက္ကေလးမ်ား ပုံတင္‌ကာထား၏။
လူပ်ိဳေပါက္ကေလးက  သူ႕ဝက္ၿခံမ်ားကို
ဖုံးကြယ္ထားဟန္တူသည္။

အၿပဳံးတစ္ခုႏွင့္ ေခါင္းေလးၿငိမ့္လ်က္
ႏႈတ္ဆက္တဲ့ ေကာင္ေလး။
လွိုင္းဆက္သည္လည္း အၿပဳံးတစ္ခုႏွင့္သာ
တုန႔္ျပန္ျဖစ္ပါသည္။
ေကာင္ေလး ေဘးနားက ေမေမကေတာ့
ဆင္စြယ္ေရာင္ ျမန္မာဝတ္စုံဝတ္ထားၿပီး
ဆံထုံးမို႔မို႔ ႏွင့္ျဖစ္ကာ က်က္သေရရွိလွသည္။

ေမေမက လွိုင္းဆက္ရဲ႕ ခါးျပင္ကေန
အသာ‌ေပြ႕ဟန္ ထိထားရင္းျဖင့္
ေကာင္ေလးဆီ မ်က္ႏွာခ်င္းဆိုင္တဲ့အခါ
ထူးထူးျခားျခား ရွက္႐ြံ႕သလိုခံစားရၿပီး
တစ္ခ်ိန္ထဲမွာပဲ ‌ေႏြးေထြးမႈကို ခံစားရသည္။
သူ႕အား ေပြ႕ဖက္ထားပုံက ဂုဏ္ယူသည့္ဟန္။
ဒီလို ေပြ႕ဖက္မႈမ်ိဳးက သိပ္ရွားပါးခဲ့သည္မို႔
လက္လႈပ္ရွားမႈကပင္ သူ႕စိတ္ထဲမွာ သိပ္ကို
သိသာလြန္းေနပါသလို။

" ေမေမ ၿငိမ့္ကိုေခၚရင္း ဘုရားသြားခ်င္တယ္။ သားငယ္ပါ လိုက္ခဲ့ေတာ့။
မနက္စာကို အျပင္မွာစားၾကတာေပါ့"
ေမေမ့ အသံက ေပ်ာ္႐ႊင္မႈမ်ားျပည့္လ်က္။
အသာယာ လႊတ္လို႔သြားေသာ လွိုင္းဆက္ရဲ႕
ေက်ာျပင္ထင္မွာေတာ့ ႏူးညံ့မႈတို႔က
က်န္ရစ္ေနခဲ့ပါေသးသည္။

"သား ၿငိမ့္ ကို ေစာေစာႏွိုးၿပီး ျပင္ခိုင္းရတယ္။ အိပ္ေရးေရာ ဝရဲ႕လား ကေလးရဲ႕။
သား အစ္ကိုကေတာ့ ေစာေစာထသမားမို႔
ႀကီးႀကီးက အထူးေထြ ႏွိုးမေနေတာ့ဘူး"

ေမေမက လွိုင္းဆက္ကို အၿမဲတမ္း
သိေနပါသည့္ဟန္ အက်င့္စရိုက္တို႔ကို
တိက် ယုံၾကည္မႈရွိစြာ ေျပာျပလို႔ေနသည္။

" ဝ ပါတယ္ႀကီးႀကီး။
ကြၽန္ေတာ္လဲ အလုပ္စ ကတည္းက
နည္းနည္းေစာေစာထရတယ္ဗ်"

ေကာင္ေလး အသံက ၾကည္လင္လွစြာ။
အနားယူထားသည္မို႔ ျဖစ္မည္။
မေန႕ကထက္စာရင္ ပိုတက္ႂကြေနသည့္ပုံႏွင့္။
နားထင္စပ္က မွဲ႕နက္ကေလးကို ျမင္မိေတာ့
လွိုင္းဆက္ ခဏေငးမိသည္။
ခပ္ညိုညို အသားအေရထက္တြင္
မဲနက္လို႔ေနသည့္ အမွတ္သားကေလးက
တစ္သားထဲ နစ္ဝင္ေနပါသလိုမ်ိဳး။
ခပ္သင္းသင္း အေမႊးရနဲ႕တခ်ိဳ႕ဟာလည္း
လွိုင္းဆက္ ဆီေရာက္ရွိလို႔လာသည္။
ထူးျခားသည့္ ရနံ႕မ်ိဳးမဟုတ္ေပမဲ့
သင္းပ်ံ့ပ်ံ့ႏွင့္ စိတ္ကိုယဥ္ပါးေစ‌ေသာရနံ႕။

ေမေမ့ ဦးေဆာင္မႈႏွင့္
ေအာက္ထပ္ဆင္းခ်ိန္မွာေတာ့
သြက္လက္သည့္ ေကာင္ေလးက
ေမေမ့လက္ေမာင္းတို႔ကို ခပ္ဖြဖြထိန္းကိုင္ရင္း
ေျဖးေျဖးခ်င္းဆင္းေစကာ ေမေမ့စကားတခ်ိဳ႕ကို ေခါင္းတၿငိမ့္ၿငိမ့္နားေထာင္သည္။
တစ္ခါတစ္ေလ ၿပဳံးလ်က္၊ တစ္ခါတစ္ေလ
ခြန္းတုံ႕ျပန္လ်က္ႏွင့္။
လွိုင္းဆက္ကေတာ့ ေနာက္မွေန၍
ထိုႏွစ္ေယာက္ကို ၾကည့္ရင္း အသာယာေလး
လိုက္ပါခဲ့ရပါသည္။

...........................................

ဆလြန္းကား အျဖဴေလးဟာ
ဘုရား ပရဝဏ္အတြင္း ခပ္ျဖည္းျဖည္း
ဝင္ေရာက္ေမာင္းႏွင္လာၿပီးေနာက္
ကားရပ္ရာေနရာတြင္ ရပ္တန႔္လိုက္သည္။
မနက္စာ ဝင္စားေနခဲ့ၾကတာမို႔
ဘုရားေရာက္ခ်ိန္မွာ မနက္၉နာရီေက်ာ္ၿပီ
ျဖစ္သည္။ ေနာက္ခန္းက ေကာင္ေလးက
ခပ္သြက္သြက္ဆင္းလာရင္း ေမေမရွိရာ
ေရွ႕တခါးကို ခပ္သြက္သြက္ဖြင့္ေပးလာခဲ့တာမို႔ လွိုင္းဆက္က ေဘးကေနသာရပ္ေစာင့္ေနလိုက္ရေတာ့၏။

ပထမဆုံးအႀကိမ္ အျဖစ္ လွိုင္းဆက္ကားကို
စီးဖူးတဲ့ ေမေမက ကားထဲကအေျခေနေတြကို ေစ့ေစ့စပ္စပ္လိုက္ကာၾကည့္ရင္း
အသစ္လဲဖို႔ ေျပာဆိုေနခဲ့ၿပီးေနာက္
ေကာင္ေလးနဲ႕ စကားလက္ဆုံက်နေသးတာမို႔
ဘုရားေရာက္မွပင္ အေျပာရပ္ ေတာ့သည္။
ေ႐ႊအိုေရာင္ တဘက္ပါးလႊလႊဟာ
ေမေမ့ ပုခုံးထက္ျဖာက်လိဳ႕ေနၿပီး
ေကာင္ေလးလက္ေတြကေတာ့
ေမေမ့ ညာဘက္လက္ေမာင္းအား
မိမိရရျဖင့္ အသာယာဆုပ္ကိုင္လို႔ထားသည္။

"သားငယ္က ဒီဘက္က ေမေမ့ကိုတြဲ"
ဘယ္ဘက္လက္တစ္ဖက္အား
လွိုင္းဆက္ဆီ လွမ္းကာ ေပးလာပါေသာ
ေမေမ။
တြဲရန္ျပင္တဲ့အခါ ေမေမ့ဖက္ကအရင္
လွိုင္းဆက္ လက္ေမာင္းတို႔အား
ဆုပ္ကိုင္လာသည္မွာ အားကိုးတႀကီး။

အသက္ႀကီးၿပီဆိုေသာ္ျငား
ေမေမ က ဒီေလာက္ထိ လမ္းေလွ်ာက္ရ
ပင္ပန္းေနမည္လို႔ လွိုင္းဆက္မထင္ခဲ့။
ၿပီးခဲ့ေလေသာ ႏွစ္ေတြအတြင္းမွာ
ဒီအမ်ိဳးသမီးႀကီးဟာ တစ္‌ေယာက္ေလာက္ေတာ့ ကူတြဲဖို႔လိုတဲ့ အေနအထားဆီ
ေရာက္မွန္းမသိ ေရာက္လာခဲ့ၿပီး
တစ္ဦးတည္းေသာ သားျဖစ္သူ၏
လက္ေမာင္းခိုင္ခိုင္တို႔အား မိမိရရ
လွမ္းကာ ဆြဲကိုင္ဖူးသည္မွာကား
ပထမဆုံး အႀကိမ္ပင္ျဖစ္၏။

ပုံမွန္အားျဖင့္ လမ္းေလွ်ာက္ရမခက္ေသာ္လည္း သူမေဘးက ေကာင္ေလးႏွစ္ေယာက္၏ညထိန္းကိုင္ေဖးမ မႈတို႔ၾကားတြင္
ၾကည္ႏူးစြာ၊ စိတ္ခ်မ္းေျမ့စြာျဖင့္
လိုက္ပါလာခဲ့ရျခင္းေၾကာင့္ လြန္ခဲ့ေသာ
ႏွစ္ပိုင္းေတြမွာ စိတ္သေဘာထားခ်င္း
မတိုက္ဆိုင္မႈမ်ား၊ ပင္ပန္းခဲ့ရေလေသာ
ႏြမ္းလ်မႈတို႔ဟာ ေဖ်ာ့ေတာ့သြားေစခဲ့သည္။

ဘုရားရင္ျပင္ထက္တြင္ကား
စည္ကားလွစြာျဖင့္ မိသားစုတခ်ိဳ႕ဟာ
ေနရာယူကာထားၾကၿပီး တရားစာမ်ား
႐ြတ္ဆိုလို႔ေနၾကသည္။
ေျဖးညွင္းစြာ ေလွ်ာက္လာတဲ့ သူတို႔သုံးဦးဟာလဲ မိသားစုတစ္ခုသဖြယ္ ထိုေနရာတြင္
ရွိေနခဲ့ၾကကာ  တခ်ိဳ႕သူမ်ား၏
မေတာ္တဆျဖစ္ေစ ရည္႐ြယ္လ်က္သားျဖစ္ေစ ေရာက္ရွိလာေသာ အၾကည့္တို႔ကိုလည္း
လက္ခံရရွိခဲ့ပါေသးသည္။

ဘုရားေစာင္းတန္း တစ္ခုဆီ ေရာက္သည္ႏွင့္
ေမေမ့အား ေနရာခ်ေပးကာ လွိုင္းဆက္က
ဘုရားပန္းမ်ားဝယ္ရန္ တစ္ေခါက္ျပန္
ေနာက္လွည့္သြားရေတာ့သည္။
ႏွင္းဆီပန္းအစည္းႀကီးမ်ားဟာ
ေရေပါက္ေရစက္မ်ားသီးလ်က္
ရဲရဲစိုနီလ်က္တစ္မ်ိဳး ဝါဝါရင့္စိုလ်က္တစ္ဖုံ
ဝင့္ကားလ်က္ရွိၿပီး လွိုင္းဆက္၏
လက္ဝါးႀကီးမ်ားထဲတြင္ ပါလာခဲ့ေလၿပီ။

ေမေမတို႔ဆီေရာက္ခ်ိန္မွာေတာ့
ဘုရားစာ႐ြတ္ဆိုေနသည့္ ေမေမ့အနားတြင္
ေဆာင့္ေၾကာင့္ထိုင္လ်က္သားျဖင့္
လက္အုပ္ကို ႏွဖူးထက္တင္ခ်ီကာ
တတြတ္တြတ္႐ြတ္ဆိုေနသည့္ ေကာင္ေလး။
လွိုင္းဆက္က ထိုင္ေနေသာလူစုမ်ားၾကား
ခါးကို ရို႔ကာ ရို႔ကာျဖင့္ တေျဖးေျဖးခ်င္း
ထိုေနရာဆီေလွ်ာက္လာၿပီးေနာက္
ေမေမ့ တစ္ဖက္ေဘးဆီအသာတိုးကာ
ထိုင္ခ်လိဳက္သည္။
ေနာက္ေတာ့ သူလည္း ဘုရားကန္ေတာ့ရန္
လက္အုပ္ခ်ီမိုးလ်က္ ကန္ေတာ့ခ်ိဳးႏွင့္
ပန္းကပ္ျခင္းအား လုပ္ေဆာင္လိုက္ေတာ့၏။

မိနစ္အနည္းငယ္ ၾကာၿပီး
လွိုင္းဆက္ ကန္ေတာ့ၿပီးခ်ိန္မွာေတာ့
ေမေမက လဲ့ေျပာင္ေနသည့္ ရွားညိုေရာင္
စိတ္ပုတီးကိုကိုင္လ်က္ တစ္ခ်က္ခ်င္းစီ
ပုတီးေစ့မ်ားခ်လ်က္ရွိသည္။
မ်က္စိမွိတ္ရာမွ ဖြင့္လာတဲ့ေမေမက
လွိုင္းဆက္လက္ထဲက ႏွင္းဆီပန္းစီးမ်ားအား
ျမင္တဲ့အခါမွ ေမးေလးဆတ္လ်က္ သြားကပ္ဖို႔ ေျပာလာသည္ေၾကာင့္ အသာထရင္း
ေမေမ့ေဘးမွျဖတ္ကာ ေလွ်ာက္ခဲ့လိုက္သည္။

ခပ္တိုးတိုး မေရမရာ အသံသဲ့သဲ့အား
ၾကားလိုက္ရသလိုလို မသဲကြဲ။
"သားၿငိမ့္ ကိုကိုႀကီးနဲ႕ လိုက္သြား" ဆိုတာ
ေမေမ့အသံေပးလား တျခားအသံေပလား။
မ်ားျပားလွတဲ့လူေတြၾကား လွိုင္းဆက္က
လွည့္ကာၾကည့္ဖို႔ အဆင္မေျပနိုင္။
သူဟာ ' ၿငိမ့္ 'ဆိုေသာ အမည္နာမအား
သိရွိေနပါသည့္တိုင္ ေျခလွမ္းတို႔ဟာ
ဘုရားပန္းစင္ဆီ၌သာ ဦးတည္ခဲ့လိုက္ေတာ့သည္။

ေ႐ႊေရာင္လက္လြန္းေနေသာ
ေ႐ႊတိဂုံေစတီေတာ္ႀကီးဟာ
ေနေရာင္ေအာက္တြင္ သပၸာယ္လွစြာ။
ပန္းရနံ႕မ်ား၊ ဖေယာင္းနံ႕၊ အ‌ေမႊးရနံ႕မ်ားဟာ
ဘုရားရင္ျပင္တစ္ခုလုံး ထုံမႊမ္းလ်က္။

ေဂ်ာက္ခနဲ ျပဳတ္က်ခဲ့ေလေသာ
ေသာ့ကေလးဟာ ဘုရားရင္ျပင္ရွိ
ေက်ာက္ျပားမ်ားထက္ က်န္ခဲ့ေလၿပီ။
ေျခလွမ္းမ်ိဳးစုံတို႔ၾကား လွ်င္ျမန္စြာ
ဝင္ေရာက္လာေလေသာ လက္ကေလး။
ေျဖာင့္တန္းသပ္ရပ္ေသာ လက္ဆစ္မ်ား
နီညိုေရာင္ လက္ပတ္ႀကိဳးကြင္းကေလးဟာ
ညိုဝါစိမ့္ေနေသာ အသားရည္ထက္တြင္ ကပ္လ်က္ရွိေနသည္။

လွစ္ခနဲ ဆြဲယူလိုက္တဲ့အခါ
ေကြးစုသြားတဲ့ လက္ေခ်ာင္းငယ္ေတြ။
ပန္းႏုေရာင္သမ္းေနသည့္
လက္သည္းေတြဟာ ရွင္းသန႔္ၾကည္လ်က္။
ခပ္သင္းသင္းရနံ႕ပိုင္ရွင္ေလးက
ခပ္သြက္သြက္ပင္ လူစုမ်ားၾကား
ခါးေလးရို႔ကာျဖင့္ သူနဲ႕အလွမ္းေဝးဆီ
ေျဖးေျဖးခ်င္း ေလွ်ာက္ကာသြားေနသည့္
ေက်ာျပင္က်ယ္ႀကီးဆီ ေရွးရႈလို႔ထားကာ လိုက္ရပါေတာ့သည္။

ေျခဖဝါး တစ္ခ်က္ခ်င္းစီ အခ်တိဳင္းမွာ
ထိုေက်ာျပင္ဆီ ခပ္ျမန္ျမန္ေလး
သြားခ်င္ေနခဲ့ပါ သလိုမ်ိဳး။

ဘုရားပန္းစင္အနားမွာေတာ့
ျမင့္တက္လာတဲ့ေနအပူခ်ိန္ေၾကာင့္
ေႂကြျပားတို႔က အနည္းငယ္ ပူေနၾကကာ
လူသူကား က်ဲပါးသြားၿပီျဖစ္သည္။
ဘုရားဖူး လာသူအေပါင္းတို႔ဟာ
အရိပ္အာဝါသ ရရာေနရာမ်ားတြင္
ေနရာယူသြားၾကတာေၾကာင့္ အသံဗလံမ်ား
တိုးတိတ္သြားက ေလအေဝ့တြင္ လႈပ္ခတ္ေလေသာ ဆည္းလည္းသံတခြၽင္ခြၽင္ဟာ
စိတ္ၾကည္ႏူးစရာ ထြက္ေပၚေနေတာ့သည္။

ျပည့္ႏွက္ေနပါေသာ ပန္းအိုးေတြေၾကာင့္
ဟိုဟိုဒီဒီပတ္ရွာရင္း ေန႕နံဘုရားတစ္ဆူ၏
ေရွ႕ေတာ္ေမွာက္ေရာက္မွသာ
ပန္းထိုးရန္ ေတြ႕ရေတာ့သည္။
မ်ားျပားလွေသာ ႏွင္းဆီေတြက ဖူးတစ္ခ်ိဳ႕
ပြင့္တခ်ိဳ႕ႏွင့္ လွပေနၿပီး လွိုင္းဆက္ကမူ
ထိုပန္းပြင့္ခိုင္မ်ားအား ပန္းအိုးထဲသို
အသာေလးထည့္ေနခဲ့သည္။

တရွပ္ရွပ္ေရာက္လာေသာ ေျခသံေလး...
သေဘာက်မိေသာ ရနံ႕ဟာ လွိုင္းဆက္ေဘးတြင္ ေရာက္လို႔လာခဲ့သည္။
အသာေလးေစာင္းငဲ့ၾကည့္လာေသာ
မ်က္ဝန္းဝိုင္းေတြထဲဝယ္ မ်က္ဆံကေလးမ်ားက ၾကည္လင္လွသည္မွာ ႐ုတ္တရက္
လွိုင္းဆက္၏ ပုံရိပ္ကိုေတာင္ ျမင္နိုင္သည့္အထ။ မ်က္ႏွာတို႔ကလည္း အေတာ္ေလး
နီးကပ္လို႔သြားသည္။

သနပ္ခါးစက္ကေလးႏွင့္ မ်က္ႏွာဟာ အျမန္ေလး သူ႕ဆီကေနေနာက္ဆုတ္ ေဝးကြာၿပီးေနာက္ ေကာင္ေလးက အားတုံ႕ အားနာဟန္ျဖင့္ သြားတန္းေလးမ်ားေပၚသည္အထိ
ရယ္ျပလို႔လာခဲ့ ေပသည္။
ဆံပင္တိုေလးမ်ားက ႏွဖူးထက္က်ေနၿပီး
ပါးျပင္ထက္တြင္မူ သနပ္ခါးေလး
ဟိုတစ္စက္ဒီတစ္စက္။

" ကိုလွိုင္းဆက္ ေသာ့က်ခဲ့တယ္ဗ်"

ကားေသာ့ေလးဟာ မ်က္စိေရွ႕သို႔
ေရာက္လာခဲ့ၿပီး လက္ေခ်ာင္းရွည္ေတြက
လွိုင္းဆက္ဆီသို႔ ကမ္းလ်က္ရွိတယ္။

" ေဆာရီး ကိုယ္ျပဳတ္က်သြားတာ"

ေကာင္ေလးက အၿပဳံးေလးတစ္ခုႏွင့္။
ႏႈတ္ခမ္းညိုညိုတို႔ဟာ ရိုးရွင္းလြန္းသည္။

လွိုင္းဆက္က ပန္းတို႔ကို ‌ေနရာခ်ၿပီးသည္ႏွင့္
ေသာ့အား အသာယူလိုက္ကာ
သူထားေနၾကအတိုင္း ခါးေနာက္ဘက္ရွိ
ပုဆိုးၾကားထဲသို႔ အသာထိုးထည့္လိုက္၏။
ေသာ့ခ်ိတ္ရွိ ခ်ိန္းႀကိဳးေလးက ေနေရာင္ေအာက္မွာ တလက္လက္ေတာက္ပသြားသည္။

အသာယာေလး လိုက္ၾကည့္ေနတဲ့
ေကာင္ေလးႏွင့္ အၾကည့္ခ်င္းတခ်က္
ဆုံျပန္ေတာ့
"ေက်းဇူး .." ဆိုေသာစကားဆို လွိုင္းဆက္
မဆိုင္းမတြေျပာမိပါသည့္တိုင္ တဖက္သူအား မည္သို႔မည္ပုံ ေခၚရမည္ကိုကား
မစဥ္းစားနိုင္ခဲ့။

"ရပါတယ္ ဗ်"
သြက္သြက္လက္လက္ ေကာင္ေလးသည္
ၿပဳံး႐ႊင္လ်က္သားေလးပင္
လွိုင္းဆက္ေဘးသို႔ ကပ္ကာျဖတ္သြားရင္း
ဘုရားေရသပၸာယ္ရာဆီ သြားေနခဲ့သည္။

'တနလၤာသားေလး'

ေမေမေခၚေသာ 'သား ၿငိမ့္'ဆိုသည့္
အမည္ႏွင့္ ေကာင္‌ေလး။
နီညိုေရာင္ ‌ေယာပုဆိုး၊နက္ျပာေရာင္
ရွပ္အကၤ်ီရွည္။ ထို ခပ္ျပည့္ျပည့္ ေကာင္ေလးမွာ ညိုစိမ့္စိမ့္ႏွင့္ ၾကည္လင္ေနသည္။

လွိုင္းဆက္ဟာ အသားညိုပါသည့္တိုင္၊
ပိန္ပါးမေနပါသည့္တိုင္ ၾကည့္လို႔ေကာင္းသည့္ ထို ေကာင္ငယ္ေလးအား မသိလိုက္
မသိဘာသာ မေနနိုင္ခဲ့ပါေခ်။
ဧည့္သည္တစ္ေယာက္အေပၚ
ဧည့္ဝတ္ေက်ရမည့္ အိမ္ရွင္တစ္ဦးသဖြယ္
အနားမွ ေနကာ ေစာင့္ဆိုင္းဖို႔ေတြးလိုက္သည္။
သိပ္ေတာ့ ဆန္းျပားေနသည္မဟုတ္ခဲ့ပါ
ေလ။ သူ႕ဝန္ထမ္း ဘဝတစ္ေလွ်ာက္
ဒီလိုမ်ိဳး ပ်ဴငွာခဲ့ရဖူးသည္ပင္။

လက္အုပ္ခ်ီကာ ခပ္တိုးတိုး႐ြတ္ဆိုၿပီးေနာက္
ေကာင္ေလးက ‌ေငြေရာင္လက္ေနသည့္
ေငြဖလားငယ္ေလးအားကိုင္ကာ
ေရပိုက္တန္းေအာက္ရွိ ေျမအိုးကန္ထဲမွ
ေရမ်ားအား တစ္ခြက္ခ်င္းစီ ခပ္ယူၿပီး
သပၸာယ္လွစြာေသာ ေက်ာက္သားဘုရား႐ုပ္ထု၏ ဦးေခါင္းထက္မွတစ္ဆင့္ တျဖည္းျဖည္းခ်င္း ေလာင္းခ်ကာ ပူေဇာ္ေတာ့သည္။

တစ္ခြက္..ႏွစ္ခြက္..တျဖည္းျဖည္းႏွင့္
ႏွစ္ဆယ့္ႏွစ္ခြက္ေျမာက္တြင္မူ
အသာရပ္တန႔္ရင္း ေရဖလားအားခ်လိဳက္ကာ
လက္ဆယ္ျဖာထိစပ္လ်က္ ေနာက္တစ္ႀကိမ္
ခပ္တိုးတိုး႐ြတ္ဆိုျပန္သည္။

အကုန္ၿပီးစီးခ်ိန္မွာေတာ့
သူတို႔ႏွစ္ေယာက္သားက ခပ္ခြာခြာကေလး ေရွ႕ေနာက္ကြာလ်က္ ေစာင္းတန္းေအာက္တြင္ ပုတီးစိပ္ေနေသာ ေမေမ့ဆီ ေလွ်ာက္ခဲ့ၾကသည္။

ျမင္ခဲ့ရဖူးေသာ ရက္ေပါင္းမ်ားစြာထက္
ၿပဳံးကာ ေနေသာ ထိုအမ်ိဳးသမီးဟာ
သူတို႔ႏွစ္ဦးအား ေသခ်ာေလး စိုက္ကာ
ၾကည့္ရႈေနခဲ့သည္လား။

"ကြၽန္မ ဆုံးျဖတ္ခ်က္ကို ျပင္မွာမဟုတ္ဖူး"
ခပ္တိုးတိုး ပဲ ေျပာမိေလသလား။
စိတ္ထဲမွာပဲ ေရ႐ြတ္မိေလသလား မသိနိုင္။
ဆုံးပါးသြားရွာေလၿပီျဖစ္ေသာ ခင္ပြန္းသည္အား သူမေျပာျပခ်င္ခဲ့သည္။

ဘာေတြပဲ ျဖစ္ေနပါေစ အဆုံး မွာေတာ့
သူမဟာ သားကိုလည္း ေပ်ာ္႐ႊင္ေစခ်င္သလို
မိသားစုကိုလည္း ေနာက္ဆုံး အခ်ိန္ထိ
လက္ညွိုးထိုးကင္းကင္းျဖင့္ ရွင္သန္ေစခ်င္ခဲ့တာပါပဲ။

................................

"ဘယ္လိုျဖစ္ၿပီး "

"...."

ၾကက္ေသေသျခင္း ၊ ေျပာစရာေပ်ာက္ဆုံးျခင္း စေသာ ၿငိမ္သက္မႈတို႔ဟာ
မုန္တိုင္းမလာခင္ ျဖစ္တည္ေနေသာ
ပင္လယ္ျပင္ကဲ့သို႔။

စာ႐ြက္နံ႕မ်ား အေမႊးနံ႕တခ်ိဳ႕
မွင္နံ႕မ်ားႏွင့္ အခန္းငယ္အတြင္းရွိ
ေလထုဟာ မသက္မသာျဖစ္လို႔လာသည္။
တဒီးဒီးၾကားေနရပါေသာ
ေလေအးေပးစက္သံ ဒီးဒီးသာလွ်င္
တစ္ခန္းလုံးကို ပိုင္စိုးထားပါသည့္ႏွယ္။

" မမႀကီး ကေလးေတြကိုေရာ
တိုင္ပင္ခဲ့ရဲ႕လား"
ႏူးညံ့ရွင္းလင္းေသာ အမ်ိဳးသားႀကီးရဲ႕
အသံခ်ိဳခ်ိဳက အစားထိုးဝင္ေရာက္လာသည္။

လွိုင္းဆက္ဆီေရာက္လာသည့္
ထိုမ်က္ဝန္းမ်ားက မင္းေရာ သေဘာပါရဲ႕လားဟု ခပ္တိုးတိုးေမးေနသေယာင္။
တကယ္ဆို ဘယ္တုန္းကမွ သူ႕ရဲ႕
သေဘာထားကို ေရွ႕တန္းတင္တာမ်ိဳး
ရွိခဲ့ဖူးသည္လည္း မဟုတ္။

ခပ္ရို႔ရို႔ေလး ထိုင္ေနပါသည့္
ညိုစိမ့္စိမ့္ ေကာင္ေလးကမူ
မ်က္လုံးဝိုင္းေလးမ်ားပင္ မွိတ္က်မတက္
မ်က္လႊာကိုခ်ထားရင္း တစ္ခုခုကို
ေစာင့္ဆိုင္းေနရပါသည့္ဟန္ ၿငိမ္သက္လ်က္။

ဟုတ္ပါသည္ေလ ေမေမစီစဥ္သည္
ဆိုကတည္းက မေျပာမဆိုလုပ္ခဲ့သည္ေတာ့
မျဖစ္နိုင္။ သို႔ေသာ္လည္း ဘယ္လိုမ်ား အဲ့ဒီ
ငယ္ငယ္႐ြယ္႐ြယ္ကေလးက
ဒီအစီစဥ္ရဲ႕ အဓိကလူျဖစ္ေနရတာလဲ။

ဒီေကာင္ေလးက လွိုင္းဆက္ကို
မေန႕ကမွေတြ႕ျမင္ဖူးတာ ျဖစ္ၿပီး
လွိုင္းဆက္ကိုယ္တိုင္ကလည္း ဒီကိစၥဟာ
ဒီေလာက္အျမန္ႀကီး ေရာက္လာမယ္လို႔
မထင္ထားခဲ့ပါေခ်။

လွိုင္းဆက္ စိတ္ထဲတြင္မူ
လြန္ဆြဲရ ခက္လွေသာ အေတြးေတြက
သူ႕အား တင္းၾကပ္ေနေစၿပီး အသက္ရႉဖို႔ပင္
အာ႐ုံေကာင္းေကာင္း မစိုက္ခ်င္ေတာ့သလို။
ပူေႏြးလာတဲ့ သူ႕လက္ဝါးျပင္ေတြ။
ဘယ္ေလာက္ပဲ သူက ကိုယ့္ကိုယ္ကိုယ္
သူမ်ားသေဘာထားေတြ လိုက္နာ႐ုံ
လူပိုလိုပဲ ေတြးထားပါသည့္တိုင္
ယခုလိုမ်ိဳး တစ္ဘဝလုံးႏွင့္ဆိုင္သည့္
အေရးတစ္ခုအား လြယ္လင့္တကူ
ေခါင္းၿငိမ့္ရန္မွာ ဘယ္လိုမွမလြယ္ပါေခ်။

ေရဓာတ္ကုန္ခမ္းသြား သလိုမ်ိဳး
သူ႕ႏႈတ္ခမ္းတို႔က ေျခာက္ကပ္လာသည္။
ေမေမ့ရဲ႕ ေလာကြတ္ျပဳ ေျပာဆိုသံ၊
တစ္ဖက္ေကာင္ေလး အေၾကာင္း
တခ်ိဳ႕ေျပာျပေနပုံေတြက သူ႕အား
ရင္အုံရွိရာကို ဖိႏွိပ္ထားပါသည့္ႏွယ္
မြန္းက်ပ္လို႔လာခဲ့သည္။

ေနာက္ဆုံးအထိ ၃၅ႏွစ္အ႐ြယ္
ေယာက္်ားတစ္ေယာက္က ဘာကိုမွ..
ဘာကိုမွ သူ႕သေဘာက် မလုပ္နိုင္ခဲ့ဘူး။
သူဟာ ထပ္ၿပီး ဒီမိသားစုရဲ႕
အတင္းၾကပ္တြန္းပို႔ ျခင္းကို ခံရျပန္သည္။
ေမေမရဲ႕ အသံ တေျဖးေျဖးနဲ႕ ေဝးလာလိုက္
နီးလာလိုက္။ သူ ေဂးတစ္ေယာက္
ျဖစ္ေနမိတာ ဒီေလာက္မွားသလား။

သူက ဒီတိုင္း ေယာက္်ားတစ္‌ေယာက္ပါပဲ။
လူတစ္ေယာက္အေနနဲ႕ေတာင္မွ
သူ႕မွာ ဘာဆုံးျဖတ္ပိုင္ခြင့္မွ မရွိေတာ့ဘူးလား။
စကားတစ္ခြန္းေလးေတာင္ မေျပာျပပဲ
ဒီလိုမ်ိဳး ႐ုတ္တရက္ဆန္ဆန္
အျဖစ္အပ်က္ ေရာက္လာတာဟာ သိပ္ကို
တရားလြန္လွပါသည္။

သို႔ေသာ္လည္း ဘာမွမတတ္နိုင္။
ပထမဆုံး အႀကိမ္အျဖစ္
သူဒူးေထာက္ခဲ့ကတည္းက တစ္သက္လုံးစာ
ဘယ္ေတာ့မွ ဦးျပန္ေမာ့မလာနိုင္ေတာ့ေပ။

ခ်စ္ျခင္း တရားဆိုတာကိုေတာင္
သူေမ့ေနခဲ့တာၾကာပါၿပီ။
အရာအားလုံးက သူ႕ကိုယ္သူ
ဖိႏွိပ္ထားဖို႔ဆီကိုသာ တြန္းအားေပးခဲ့ၾကသည္။ သူ႕ကိုယ္သူ ရပ္တည္နိုင္စြမ္းမရွိတဲ့
အသုံးမက်တဲ့သူတစ္ေယာက္လို။
အရာရာကို ကေမာက္ကမလုပ္မဲ့
အမွိုက္တစ္ခုလိုမ်ိဳး အားလုံးက
သူ႕ကို တြန္းပို႔ခဲ့ၾကသည္။

ႏွစ္ဦးသေဘာတူ စာခ်ဳပ္သည္ကား
မိုးျပာေရာင္ ႏုႏုေလး သန္းလ်က္
တလက္လက္ေတာက္ေနေသာ
ေငြေရာင္အမႈန္ကေလးမ်ားက
တလဲ့လဲ့ ေနရာယူလို႔ထားေသး၏။

လွိုင္းဆက္လက္ထဲရွိ
ေ႐ႊေရာင္ ေဘာပင္ သည္ ခပ္ေသာ့ေသာ့ေလး
စာ႐ြက္ထဲ လႈပ္ရွားသြားရသည္မွာ
သူ႕ႏွလုံးအိမ္ထဲရွိ ေလးပင္မႈတို႔ႏွင့္
လားလားမွ်ပင္ဆိုင္မေနခဲ့။

သူဘယ္တုန္းကမ်ား တစ္စုံတစ္ေယာက္ကို
မျဖစ္မေနပိုင္ဆိုင္ခ်င္ေၾကာင္း
ေျပာခဲ့ဖူးပါသလဲ။ သူ႕ဘဝမွာ ဘယ္သူ႕ကိုမ်ား
လိုအပ္ေနေၾကာင္း ေျပာခဲ့ဖူးပါသလဲ။

စိတ္မခ်ျခင္း အေၾကာင္းတရားမ်ားစြာမွာ
သူ႕ရဲ႕လိင္တူသေဘာက်မႈဟာ
ေရာဂါတစ္ခုလိုမ်ိဳး သတ္မွတ္ၿပီး
အဖက္ဖက္ကေန သူ႕ကို သတိတႀကီးနဲ႕
ေဖးမထိန္းေက်ာင္း ခ်င္ေနၾကသူေတြ‌။
တကယ္ဆိုရင္ သူ တစ္ႀကိမ္ထဲ
အဲ့ဒီတစ္ႀကိမ္ေလးပဲ သူ႕စိတ္သူသိခဲ့တာပါ။

အရာရာက ဘာလို႔မ်ား
လြဲမွားသြားရျပန္တာလဲ။
ဒီေန႕ကို ေရာက္လာဖို႔ သူဘာမွပင္
ျပင္ဆင္ခ်ိန္မရလိုက္ပါေခ်။
တစ္ေခါက္ထက္ တစ္ေခါက္ အိမ္ျပန္ရတာ
သူပိုေၾကာက္႐ြံ႕လာခဲ့ၿပီ။

သူ႕ဘဝထဲက ဒီမိသားစုကိုပင္
သူမရင္းႏွီးခဲ့ေပ။ နည္းနည္းေတာင္မွလည္း
မရင္းႏွီးခ်င္ခဲ့ေပ။
ယခုတြင္ကား တစ္စုံတစ္‌ေယာက္ဟာ
သူ႕ဆီသို႔ ထပ္မံေရာက္ရွိလာခဲ့ေလၿပီ။

ၿငိမ့္တည္......
ႏွစ္လုံးတည္းေသာ အမည္နာမ
'ၿငိမ့္' ဟုသည့္ တစ္လုံးတည္းေသာ
အျပာေရာင္ အမွတ္သားေလးက
စာ႐ြက္ေပၚမွာ ထင္ဟပ္လ်က္။

ေဘးနားက အသက္ရႉသံတိုးတိုးကိုပင္
သူလွည့္မၾကည့္ခ်င္ခဲ့ပါေပ။
႐ုတ္တရက္ဆန္လြန္းလို႔ ကိုယ္တိုင္ေတာင္
ဘာကိုမွ ေဝဖန္သုံးသပ္နိုင္တာမရွိ။

" ကို သာထူးကို ေက်းဇူးတင္ပါတယ္ရွင္။
ကြၽန္မ မွာလည္း ဒါေလးကိုစီစဥ္ခ်င္ခဲ့တာ။
ကေလးေတြလည္း အဆင္ေျပၾကရွာမွာပါ
ဘာပဲျဖစ္ျဖစ္ ဒါက ေပါ့ေပါ့ပါးပါးနဲ႕
ျဖတ္သန္းလိုက္ရတာပါပဲ"
ေမေမ့အသံက အခန္းထဲပ်ံ့လြင့္လ်က္။
ေလေအးေပးစက္သံ တဒီးဒီးက
ထပ္မံဆူညံလာျပန္သည္။

ေပါ့ေပါ့ပါးပါး...ေပါ့ေပါ့ပါးပါးတဲ့လား။

.......................................................
စာေရးသူ၏ အမွာစာ :
တရားဝင္ထိမ္းျမႇားလက္ထပ္ျခင္းဆိုင္ရာ
ဥပေဒမ်ား လက္ရွိအခ်ိန္ထိမရွိေသးပါ။
ဤ အခန္းတြင္ပါဝင္ေသာ စာခ်ဳပ္သည္
ႏွစ္ဦးသေဘာသူ စာခ်ဳပ္သေဘာတရားသာျဖစ္ၿပီး တရားဝင္ဟူသည္ထက္ လြတ္လပ္ေသာ ႏွစ္ဖက္ဆႏၵအရဟုသာ သုံးႏႈန္းေဖာ္ျပလိုပါသည္။

အစ္ကိုႀကီး လွိုင္းဆက္က ၃၅ႏွစ္
ညီေလး ၿငိမ့္တည္က ၂၂ႏွစ္ ပါ
ညီေလးက မႏၲေလးသားေလး
ညိုညို ျပည့္ျပည့္ကေလးေပါ့ ❤️

Continue Reading

You'll Also Like

442K 23.1K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
1.2M 85.8K 28
[This fiction is written with both Unicode and Zawgyi]
1.3M 44.6K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd
1.2M 90.2K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.