'ဘ... ဘာတေွလဲ... အဲ့တာဘာတေွ...'
ငါရုတ်တရက်လန့်သွားမိတယ်၊
ဟိုင်အီးနားကောင်တေွက ရက်အတော်ကြာအငတ်ခံထားရတဲ့ပုံနဲ့သွားရည်တများများကျနေပြီး နေရာမှာဘဲရပ်နေတဲ့ Ecliseရဲ့နားကိုလျေှာက်လာကြတယ်၊ လှုပ်ရှားမှုအများကြီးမလူပ်နိုင်အောင်ကန့်သတ်ခံထားရတယ်၊
သူ့ကိုပေးထားတာဆိုလို့သစ်သားဓားတစ်ချောင်းပဲရှိတာ၊ အားလုံးခြံုကြည့်ရရင် သူကခန္ဓာကိုယ်အောက်ပိုင်းမှာ အဝတ်အပိုင်းတစ်ခုဝတ်ထားတာကလွဲလို့ တခြားဘာမှမဝတ်ထားဘူး၊ ဘာအကာကွယ်မှမရှိဘူး၊
'ဒါကလွန်လွန်းသွားပြီ'
ငါ့နှလုံးသားခုန်လေးပြုတ်ကျသွားတယ်၊ သူတို့ရဲ့ရည်ရွယ်ချက်က Ecliseကိုဟိုင်အီးနားကောင်တေွစားသွားတာကိုမြင်ချင်နေတာဘဲ၊
'ငါဘာလုပ်ရမလဲ...'
သူဘာမှမဖြစ်ခင် ငါဝယ်မယ်လို့အော်ပြောလိုက်ရမလားလို့စဥ်းစားမိတယ်၊
"ဂရား..."
အဲ့အချိန်မှာအကြီးဆုံးဟိုင်အီနားအကောင်ကEcliseကိုခုန်အုပ်လိုက်တယ်၊ တချိန်တည်းမှာဘဲ Ecliseကသူ့ရဲ့ကိုယ်ကိုနှိမ့်လိုက်ပြီး သစ်သားဓားရှိတဲ့နေရာကိုလှိမ့်ချလိုက်တယ်၊ ပြီးတော့အဲ့ဒီဟိုင်အီးနားရဲ့မျက်လုံးကို အလျှင်အမြန်ထိုးချလိုက်တယ်၊
သူကအဲ့အကောင်ကို ကန်ချက်တစ်ခုနဲ့အဆုံးသတ်လိုက်တော့တယ်၊
'ရာ း...'
ဟိုင်အီးနားကအော်ရင်းနဲ့ကြမ်းပြင်ပေါ်ကျသွားခဲ့တယ်၊သိပ်မကြာခင်ဘဲအဲ့အကောင်ကအသိစိတ်မဲ့ပြီး ငြိမ်ကျသွားတော့တယ်၊
"အား..."
ငါ့ရဲ့အော်ဟစ်မိလိုက်တယ်၊ သူကအဲ့အကောင်တေွနဲ့တစ်ကောင်ချင်းတိုက်နိုင်တယ်ဆိုရင်တောင် တချိန်တည်းနဲ့အများကြီးကိုတော့ထိန်းနိုင်ဖို့မလွယ်ဘူး၊
ဒါပေမဲ့လည်းငါ့ရဲ့စိုးရိမ်စိတ်တေွအားလုံးကိုပြောင်းလဲသွားစေခဲ့တယ်၊
Ecliseက ထိန်းချုပ်ခံထားရတဲ့အခြေနေမှာတောင် ဟိုင်အီးနားတေွရဲ့ချွန်ထက်တဲ့သွားတေွ၊ လက်သည်းတေွနဲ့ တိုက်ခိုက်လာသမျှကိုရေှာင်နိုင်ခဲ့တယ်၊
သစ်သားဓားတစ်ခုတည်းနဲ့နော်
စက္ကန့်ပိုင်းအတွင်း နှစ်ကောင်သုံးကောင်ကျသွားခဲ့တယ်၊ နှစ်ကောင်တည်းကျန်ခဲ့ပြီး တစ်ကောင်ကEcliseအရေှ့ကအကောင်နဲ့တိုက်ခိုက်ရင်း အလုပ်များနေတဲ့အချိန် နောက်ကနေခုန်အုပ်ဖို့ရွယ်နေခဲ့တယ်၊
Ecliseကသူ့ကိုတိုက်ခိုက်နေတဲ့ဟိုင်အီးနားရဲ့လည်ပင်းကိုလိမ်ချိုးလိုက်ပြီးတာနဲ့တပြိုင်နက် တခြားတစ်ကောင်ဘက်ကိုလှည့်ပြီးမျက်နှာချင်းဆိုင်လိူက်တယ်၊
"ရာ၊ း..."
အဲ့နောက်သူကဟိုင်အီးနားကောင်ရဲ့ ဝမ်းဗိုက်ကိုဓားနဲ့ထိုးလိုက်တယ်၊ တကယ်ဆိုသစ်သားဓားကအဲ့လောက်တောင်မထက်တဲ့ဟာကို၊ နောက်ဆုံးဟိုင်အီးနားက သေွးတေွနဲ့ကြမ်းပြင်ပေါ်ပြုတ်ကျသွားပြီး
တိုက်ပွဲရဲ့အပြီးသတ်ဖြစ်သွားခဲ့တယ်၊
"ဟာ... ဟင်..."
ပုခုံးတေွတဆတ်ဆတ်တုန်နေတဲ့Ecliseရဲ့လက်ကနေသေွးတေွကျလာခဲ့တယ်၊ ပွဲတစ်ခုလုံးတိတ်ဆိတ်သွားတယ်၊ ပြီးတော့တစ်ယောက်ပြီးတစ်ယာက်
လူတိုင်းကအားပေးချီးကျူးသံတေွ ပေးလာခဲ့တယ်၊
"ကျေးဇူးတင်ပါတယ်"
လေလံပစ်တဲ့သူကပွဲရဲ့အဆုံးမှာကြေညာလုိက်တယ်၊
"ရား...."
Ecliseကသေွးတေွကိုမြင်လိုက်တဲ့အချိန် အရမ်းတေွစိတ်ကြွသွားပြီး တိုက်ပွဲကပြီးဆုံးသွားတာတောင် သူ့ရဲ့ဓားကိုတော့ဆက်ပြီးလွှဲယမ်းနေခဲ့တယ်၊
သူ့ကိုထိန်းချုပ်ဖို့အနားကပ်လာတဲ့သူတိုင်းကို အန္တရာယ်ရှိတဲ့သူ့ရဲ့ဓားနဲ့လွှဲယမ်းနေခဲ့တယ်၊
ဒါပေမဲ့၊
သူအားလုံးကိုမရိုက်ခင်မှာဘဲ ရပ်သွားပြီးသတိလစ်လဲကျသွားခဲ့တယ်၊ အဲ့နောက်မှာတော့ စင်ပေါ်ကနေတရွတ်တိုက်ဆွဲခေါ်ခြင်းကိုခံလိုက်ရတော့တယ်၊
ကြည့်ရတာသူတို့က Ecliseကိုတစ်ခုခုနဲ့ဆက်သွယ်ထားပုံရပြီး ဖြစ်နိုင်တာက ကျွန်တေွတုန့်ပြန်တိုက်ခိုက်လာမှာကိုတားတဲ့အရာဖြစ်မယ်၊
"ဟာဟ... သူကတော်တော်လေးကိုအားစိုက်ရတဲ့တစ်ယောက်ဘဲ သူ့ကိုသာမာန်အတိုင်းထိန်းချုပ်ဖို့ကတော်တော်ခက်တယ်ဗျ..."
အဲ့ဒီ့လူက လန့်ဖျပ်သွားတဲ့လေလံသမားတေွစိတ်အေးသွားအောင်ရယ်ပြီးပြောလိုက်တယ်
"ဒါဆိုအခု... ကျွနု်ပ်တို့အေးဆေးပြီး အဆင်ပြေသွားအောင် ကြမ်းခင်းစျေးကို ရေွစ50000နဲ့စလိုက်ကြမလားဗျ... "
(50000)
Ecliseအတွက်လေလံကတရားဝင်စတင်ခဲ့ပြီ၊အစပိုင်းမှာတောင် သူကတခြားသူတေွနဲ့မတူတဲ့တန်ကြေးမှာရှိနေခဲ့တယ်၊
ငါစိတ်ရှုပ်လာပြီး လေလံပွဲကိုသေချာအာရုံစိုက်လိုက်တယ်၊
"60000...."
"90000...."
"100000...100000ကိုကျွနု်ပ်မြင်လိုက်တယ်...."
Ecliseရဲ့တန်ကြေးကရုတ်ချည်းမြင့်တက်သွားခဲ့တယ်၊ ဒီနှုန်းအတိုင်းဆို10million အထိအလွယ်လေးရောက်သွားမယ်လို့ထင်နေတယ်
"200000...!အာ....ဟိုဘက်ကလည်း400000ပေးနေပြီဗျို့..."
ကျေးဇူးပဲ... ဒီလူတေွကစစ်ရှုံးနိုင်ငံကလာတဲ့ ကျွန်တစ်ယောက်ကို ရေွှစ 500000 ပေးပြီးတောင်ဝယ်နေကြတယ်ပေါ့လေ၊ အထူးသဖြင့်သူ့ကိုညအဖော်အဖြစ်သုံးရင်... သူကအရမ်းရိုင်းစိုင်းလွန်းတယ်လေ
အဲ့လိုလုပ်ရအောင်လောက်တော့ သူတို့မရူးလောက်ပါဘူးနော်...
"500000...!600000...!600000ပေးတဲ့သူရှိနေပြီနော်"
အဲ့လောက်ငေွတေွနဲ့ဆို နင်အိမ်အသေးတစ်လုံးလောက်တန်နေပြီနော်၊ အခုအဲ့မှာအလောင်းစားလုပ်နေတဲ့လူနှစ်ယောက်ကိုတေွ့နေရတယ်၊ သူတို့ရဲ့မျက်နှာဖုံးတေွကြောင့် သူတို့ကိုသေချာမမြင်ရဘူးဆိုပေမဲ့ တစ်ယောက်ရဲ့လည်ပင်းနားကအရေးကြောင်းတေွကိုတေွ့ရပြီးတခြားတစ်ယောက်ကတော့လူဝကြီးတစ်ယောက်ဖြစ်တယ်၊
သူတို့ရဲ့စိတ်အားထက်သန်နေတဲ့ မျက်လုံးတေွလောဘစိတ်တေွကြောင့်အရောင်လက်နေခဲ့တယ်
သူတို့Ecliseကိုလိုချင်နေရတဲ့အကြောင်းပြချက်ကိုငါပြောနိုင်တယ်...
"900000...."
အသက်ကြီးကြီးနဲ့မိန်းမတစ်ယောက်က 300000ထပ်တိုးပြီး တန်ကြေးကိုမြှင့်လိုက်တယ်၊ အခုဆုိစျေးက900000ဖြစ်နေပြီ၊
"10million....!10million ဖြစ်သွားပြီ..."
ဒါပေမဲ့လည်း လူဝကြီးကပြန်မထိုင်လိုကဩဘူး၊ လေလံပစ်တဲ့သူက မေးရိုးပြုတ်ကျသွားပြီး(အံ့သြတာကိုပြောတာ) မိန်းမကြီးရဲ့ဘက်ကိုအကြည့်လွှဲလိုက်တယ်၊ သူမကြည့်ရတာလက်လျော့လိုက်တဲ့ပုံဘဲ သူမစျေးပေးတဲ့ဘုတ်ပြားကို ကြမ်းပြင်ပေါ်ကိုဒေါသတကြီးလွှင့်ပစ်လိုက်တော့တယ်၊
"10million...!တခြားသူများရှိဦးမလား...5...!4...!..."
လေလံပစ်တဲ့သူကစပြီးရေတွက်နေပြီ...
ငါဘေးပတ်လည်ကိုသတိထားပြီးကြည့်လိုက်တယ်၊ အဲ့တာကအဲ့လူကြီးလို စိန်ခေါ်မဲ့တခြားသူများရှိသေးလားဆိုတာကိုစစ်ကြည့်လိုက်တာဖြစ်တယ်၊
"3....!2...!"
တခြားစေျးမြှင့်ပေးမဲ့သူမရှိတော့တာသေချာမှ ငါ့ရဲ့ဘုတ်ပြားကိုလေထဲကိုထောင်လိုက်တယ်၊
"100million..."
သေသူတေွလို တိတ်ဆိတ်သွားကြတယ်၊
အနားမှာရှိတဲ့သူတေွက အသံလာရာကိုလှည့်ကြည့်လာကြတယ်... သေချာတယ် ဒါကပွက်လောရိုက်သွားမှာပဲ...
"1....!"
လေလံသမားက ထပ်ပြီးမေးရိုးပြုတ်ကျသွားပြန်တယ်၊ သူကစကားလုံးတေွကို အကြိမ်အနည်းငယ်လောက်ထိရေတွက်နေပြီး သူကြားနေရတာကိုမယုကြည်နိုင်လောက်အောင်ဖြစ်နေခဲ့တယ်၊ ပြီးမှရွှင်မြူးတဲ့လေသံနဲ့အော်လိုက်တယ်၊
"100million...!100million....!လို့သူမပြောခဲ့တယ်၊တခြားဘယ်သူမှမရှိတော့ဘူးနော်..."
တခြားတစ်ယောက်ရှိစရာအကြောင်းကိုမရှိတော့ဘူး၊ တကယ်လို့ရှိလာခဲ့ရင်တောင် ကိစ္စမရှိဘူး၊
ဘာလို့ဆိုအစတည်းက နောက်ဆုံးအော်တဲ့သူထက် ပုိတဲ့ဂဏန်းတေွကို အော်ဖို့ဆုံးဖြတ်ထားပြီးသား
(နောက်ဆုံးစျေးပေးတဲ့သူထက်ပိုပေးမယ်လို့ဆိုလိုတာပါ)
ငါ့ရဲ့ဘဝက ဒီပေါ်မှာမူတည်နေပြီ၊
100millionမရဘူးဆိုရင် 10billionဘဲ...
CHAPTER.21
END😉