For..

Gael_2001 tarafından

547K 37.9K 3.9K

မင်း အဆင်ပြေဖို့အတွတ် ငါ နာကျင်ပေးရလဲ ဖြစ်တယ် ကိုကို။ Daha Fazla

For...
For...
For...
For...
For..
For..
For...
For...
For...
For...
For...
For...
For..
For...
For...
For...
For....
For...
For..
For...
For...
For...
For..
For...
For...
For...⚠⚠⚠
For...
For...
For...
For..
For...
For...
For...
For...
For..
For...
For...
For...
For..
For..
For..
For...⚠️⚠️⚠️
For..
For...
For...⚠⚠⚠
For...
For...⚠⚠⚠
For...
For...⚠⚠⚠
For...
Final

For....

8.5K 718 39
Gael_2001 tarafından

*ဒီနေ့ ရာထူးအပြောင်းအရွှေ့တွေ ရှိမှာနော်။ ပြီးတော့ ညကျရင် ဘော့စ်က အားလုံးကို ညစာလိုက်ကျွေးမယ်တဲ့။ ညစာဆိုတာထက် အပီဟဲ အပီကဲလို့ ရတဲ့နေရာမှာပေါ့*

*ဟေး..*

အခြား ဝန်ထမ်းတွေကတော့ တဟေးဟေးနှင့် ပျော်နေပေမယ့် ထိုအထဲတွင်တော့ ရိပေါ် မပါဝင်ပေ။ ရိပေါ် ညကျရင် အချိန်ပိုင်း ရှိသေးသည်။ အချိန်ပိုင်းကို ရုံးဆင်းချိန်နှင့် တွဲယူထား၍ ညပိုင်းဆို ရိပေါ် မအား။

ရိပေါ် တို့ စီးပွားရေး ပျက်စီးသွားပေမယ့် ဆင်ပိန်တော့ ကျွဲလောက်တော့ ရှိပါသေးသည်။ သို့ပေမယ့် ထိုပိုက်ဆံတွေကို ရိပေါ် စုထား၏။ အချိန်ပိုင်းက ရတဲ့လစာနဲ့တင် ထမင်းစားသည်။

ဒီအလုပ်က ရတာကို စုပြီး ဝမ်အိမ်တော်ကို ပြန်ရယူချင်သည်။ မားမဆုံးခင်က ပြောခဲ့တဲ့ စကားလေးက နားထဲက မထွက်၍။

*ဒီအိမ်ကြီးက မားနဲ့ဝမ်လီယိနှစ်ယောက် ကြိုးကြိုးစားစား စုပြီး ဆောက်ခဲ့တဲ့ အိမ်ကြီး*တဲ့။ ရိပေါ် မားရဲ့ချွေးနည်းစာလေးနဲ့ ရလာတဲ့ အိမ်ကြီးကိုတော့ ပြန်လိုချင်သည်။

အဲ့အိမ်ကြီး ပြန်ရရင်တော့ ရိပေါ်အေးအေးဆေးဆေးပဲ နေတော့မည်ဟု ဆုံးဖြတ်ထားသည်။

*ဝမ်လေး..*

*ဗျ..ဗျာ..ကျဲ*

ရှန်းရှန်းကျဲက လက်မောင်းကို ကိုင်ပြီးခေါ်မှပင် ရိပေါ် အတွေးထဲက ထွက်လာနိုင်ခဲ့၏။

*ညကျရင် လိုက်မှာမလားလို့ မေးနေတာလေ။ အရင်ကလဲ တစ်ခါမှ မလိုက်ဘူး။ ဒီတစ်ခါတော့ လိုက်ရမယ်နော်*

ရိပေါ် ရယ်ရင်း ခေါင်းအသာခါကာ

*မလိုက်တော့ဘူး ကျဲရဲ့။ ညကျရင် အချိန်ပိုင်း ရှိသေးတယ်။ ကျွန်တော် မအားလို့ပါ*

*ရိပေါ်က လုပ်ပြီနော်။ တစ်ယောက်ထဲလေး ရှိတာကို ဘာတွေ ဒီလောက် ကုပ်ခြစ်ပြီး စုနေမှန်း မသိဘူး*

ကျဲက စိတ်ဆိုးသွားကာ အလုပ်ပြန်လုပ်နေသည်။ ရိပေါ် ဘဝက အခြားသူတွေလို မဟုတ်၍ ပို၍ ကြိုးစားရမည်ဆိုတာကို မပြောပြဖြစ်တော့။

ငယ်ငယ်ကထဲက ဒဏ်ရာတွေကို တစ်ယောက်ထဲ ကြိတ်ခံစားပါများတော့ ဘယ်လောက်ပင်ပန်းနေပါစေ ရိပေါ် ထုတ်မပြော‌ဖြစ်တော့။

ပြီးတော့ ရိပေါ် သူနဲ့တွေ့ရန် အဆင်သင့်မဖြစ်သေး။

_______________________

*ကိုကိုက ပြန်ရောက်တာနဲ့ ကျွန်တော့်ဆီ ဖုန်းတောင် မဆက်တော့ဘူးနော်*

ရိပေါ် ၇လွှာက စာရင်းစစ်ဌာနဆီ လကုန်စာရင်းချုပ်တွေကို လာပို့ရင်း လမ်းမှာတွေ့လိုက်ရသည့် လူနှစ်ယောက်ကြောင့် ကြက်သေသေနေကာ လက်တွေကလဲ ဖိုင်လေးကို တင်းတင်းကြပ်ကြပ် ကိုင်ထားမိသည်။

သူ..။ သူ့ဘေးနားမှာတော့ ရိပေါ်ထက် ငယ်ပုံရသည့် ကောင်လေးတစ်ယောက်။ သူ့လက်ကို ခိုတိုကာ ကလေးလေးတစ်ယောက်လိုပင် တတွတ်တွတ်ပြောနေပုံက ချစ်စဖွယ်လေး။

သူကလဲ ပြုံးပြီး ကြည့်နေတာ ရိပေါ်ကို မမြင်။ ဘာကြောင့်မှန်းမသိ ရင်ပေါ် ရင်ဘတ်ထဲက နာလာ၏။ Hoodieအဖြူလေးကို ဘောင်းဘီဒူးကျ အနက်လေးဖြင့်တွဲဝတ်ထားကာ ဆံပင်လိမ်လိမ်လေးတွေ နဖူးပေါ် ဝဲကျနေပုံက ထိုကောင်လေး၏ ချစ်စဖွယ်ပုံစံလေးကို ပံ့ပိုးပေးနေလေသည်။

ဘာရယ်မဟုတ် ရိပေါ် သူ့ကိုယ်သူ ပြန်ကြည့်မိသွားသည်။ စတိုင်လ်ပန်အနက်နှင့် ရှပ်လက်ရှည် အဖြူလေးကို လက်ခေါက်ကာ ဝတ်ထားသည့် သူ့ပုံက အသက်၂၅နှစ်နှင့် မလိုက်ဖက်စွာ အသက်ကြီးသည့် အကိုကြီးတစ်ယောက်လိုပင် ဖြစ်နေသည်ထင်သည်။

ခပ်ဝေးဝေးကနေ တစ်ဖြေးဖြေး နီးကပ်လာ၍ ရိပေါ် ခေါင်းငုံ့လိုက်သည်။ ခေါင်းမငုံ့ခင် မြင်လိုက်ရသည်က စုကြုံ့သွားသည့် သူ့ မျက်ခုံးတွေ။ ရိပေါ်ကို မြင်ရ၍ စိတ်ရှုပ်သွားသည့်ပုံ။

ဘာရယ်မဟုတ် ထိုလိုအကြည့်ခံလိုက်ရ၍ ရိပေါ် ကိုယ်လေး သေးကြုံ့သွားသလိုပင်။

*ညကျရင် ကျွန်တော်ပါ လိုက်မှာနော် ကိုကို။ ခေါ်မယ်မလားဟင်*

*ခေါ်ပါ့မယ်ကွာ..မခေါ်လဲ မင်းက ကိုကို့နောက် လိုက်မှာပဲ မလား*

ကိုကိုတဲ့။ ထိုအခေါ်အဝေါ်တွေနဲ့ အပြုံးတွေ၊ အကြည့်တွေကို ကြည့်လိုက်သည်နှင့် သူနဲ့ထိုကောင်လေး၏ ပတ်သတ်မှုသည် ခန့်မှန်းနေစရာပင် မလိုလောက်အောင် ပေါ်ထင်နေသည်။

ရိပေါ် မျက်ရည်ကျလာပေမယ့် နှုတ်ခမ်းကတော့ ပြုံးနေမိသည်။ သူ လူကောင်းလေးနှင့် တွေ့နေသည်ပဲ။ ရိပေါ် အတွတ်လို့ သတ်မှတ်ထားသည့်သူကို သူကိုယ်တိုင် လက်တွဲဖြုတ်ချခဲ့သည်ပဲ။

ရိပေါ် သူ့အတွတ် ပျော်ပေးသင့်သည်။ ရိပေါ်လို လူနဲ့ မပေါင်းဖက်ရပဲ ထိုကောင်လေးနဲ့ ပေါင်းဖက်ရသည့် သူ့ကို ရိပေါ် ဂုဏ်ပြုပေးသင့်ပါသည်။

ပြန်အဆင်ပြေဖို့ မျှော်လင့်ထားခဲ့တဲ့ စိတ်လေးကြောင့် ရိပေါ် ကိုယ့်ကိုယ်ကိုပင် ရှက်သွားမိ၏။ ပြန်လဲအဆင်ပြေဖို့ မမျှော်လင့်တော့သလို သူ့ဆီကနေ မကြည်ဖြူသည့် အကြည့်တွေကို မြင်လိုက်ရရုံနှင့် ရိပေါ်ဟာ အရှုံးသမားမှန်း လက်ခံထားလိုက်ပါသည်။

_______________________

*ဒီလချုပ်လား ရိပေါ်*

*ဟုတ်ကဲ့ ကော..ဒါက ဒီဇိုင်းဌာနဘက်က လချုပ်၊ဒါကတော့ စီမံရေး ဘက်ကပါ*

ရိပေါ် လက်ထဲက ဖိုင်တွေကို တာဝန်ခံအကိုဆီ တစ်ခုချင်းစီသေချာရှင်းပြပြီး လွှဲပြောင်းပေးလိုက်သည်။ ၇လွှာသည် သူနှင့် အနီးကပ်ဆုံး နေရာဖြစ်သည်။ ၇လွှာကနေ ဘယ်ဘက် ထောင့်ချိုးလေးကို ကွေ့ဝင်လိုက်သည်နှင့် သူ၏ ရုံးခန်းဆီရောက်လေပြီ။

*အိုခေ ဒါဆို ကိုယ် လက်မှတ်ထိုးပေးလိုက်မယ်နော်*

*ဟုတ်ကဲ့*

ရိပေါ်လဲ လက်မှတ်ထိုးရသလို တာဝန်ခံ အကိုကလဲ လက်မှတ်ထိုးပေးလိုက်လေသည်။ ဒီအလွှာတွင် လူအများကြီး မရှိ။ အကိုကြီး၃ယောက်နှင့် အမကြီး၅ယောက်သာ ရှိသည်။

ရှေ့တွင်တော့ အတွင်းရေးမှူး အမတစ်ယောက်ရှိလေသည်။

*ရိပေါ်ရဲ့ သတင်းတွေကို အကိုကြားသားပဲ။ အလုပ်ကြိုးစားတယ်၊ သွက်တယ် ဆိုတာ။ ဒီကိုတောင် ရာထူးပြောင်းလာနိုင်ချေ ရှိနေတာပဲ*

ရိပေါ်ခေါင်းခါလိုက်ကာ

*အဲ့လောက်မဟုတ်ပါဘူးဗျ။ရှန်းရှန်းကျဲနဲ့ ယန်ကောကသာ ပိုတော်တာပါ*

ရိပေါ် လက်မှတ်ထိုးပြီးသည့် ဖိုင်လေးကို ယူကာ နှုတ်ဆက်ပြီး ပြန်လာခဲ့သည်။ ရိပေါ် ကြားထားတာတွေအရ ဒီအကိုသည် ရာထူးကြီးသလောက် ကိုယ်ကျင့်တရားမကောင်း။ အချို့ကောင်လေးတွေဆို ရာထူတိုးပေးအောင် လုပ်ပေးမယ်ဆိုပြီး သူနဲ့ အိပ်ခိုင်းတာတွေ ရှိသည်တဲ့။

အရင်က ရိပေါ်သည် ရိုင်းသည်ဆိုးသည်ဆိုပေမယ့် မယုတ်မာတတ်။ သူများအပေါ်တွင်လဲ မဟုတ်တာ မလုပ်ဖူးသလို သူများ မျက်ရည်ကျအောင်လဲ မလုပ်ခဲ့ဖူးပါ။ သူ့ကို မထိခင်အထိပေါ့။

ဓာတ်လှေကားစောင့်နေတုန်း ဖုန်းမြည်လာ၍ ရိပေါ် ကိုင်လိုက်သည်။

*သူငယ်ချင်းလေး*

ဟယ်ရီ့၏ အသံက ဟိန်းထွက်လာသည်။ ဟယ်ရီသည် ဘွဲ့ယူပြီးသည်နှင့် သူ့အဖေလွှတ်သည့် နိုင်ငံခြားကို သွားရကာ ထိုမှာပင် နေနေရလေသည်။ ဒီကိုပင် ပြန်မလာနိုင်ခဲ့ပေ။

*အဆင်ပြေလား ဟယ်ရီ*

*ငါက မင်းကို မေးရမှာ။ အဆင်ပြေလား ရိပေါ်..ဘာလိုလဲ။ ငါ ဘာလုပ်ပေးရအုံးမလဲ။ Joeကလဲ ညမှ မင်းဆီ ဖုန်းခေါ်အုံးမယ်တဲ့*

ရိပေါ် သူတို့မမြင်နိုင်သည့် တစ်ဖက်ခြမ်းကနေ ပြုံးလိုက်သည်။ ရိပေါ် ဒီအချိန် ရင်ဖွင့်ဖို့ လိုနေသည်။ ရိပေါ် ရင်ထဲတစ်စို့ကာ နာကျင်နေသည်။

*လူက အဆင်ပြေပေမယ့်..စိတ်က အဆင်မပြေဘူး*

*ဘာဖြစ်လို့လဲ အလုပ်ကလား*

*ဟင့်အင်း သူနဲ့ငါ ပြန်တွေ့တယ် ဟယ်ရီ*

ဟယ်ရီ့ဘက်က ခနငြိမ်သွားကာ

*သူဆိုတာ..ဘယ်သူ့ကို ရှောင်းကျန့်လား*

အော်လာသည့် ဟယ်ရီ့ကြောင့် ရိပေါ်မှာ နားပင် အူသွားရသည်။ ဟယ်ရီလဲ ရိပေါ်ပြောတာကို အတော်ပင် အံ့ဩသွားလေသည်။

*ဘယ်မှာတွေ့တာလဲ အလုပ်မှာလား။ သူက အဲ့မှာ အလုပ်လုပ်တာလားရိပေါ်*

*အင်း ဒီအလုပ်မှာပဲ.!ဒါပေမယ့် သူက ငါ့ရဲ့ဘော့စ် ဟယ်ရီ*

*What the..!*

ထိုအချိန် ဓာတ်လှေကားလဲ ပွင့်လာ၍ ရိပေါ် ဌာနဆီကိုလဲ ရောက်ပြီမို့

*ညမှ ငါ အားလုံးပြောပြမယ်။ အခုတော့ အလုပ်လုပ်လိုက်အုံးမယ်*

*အေးအေး ညကို ငါစောင့်နေပြီဟျောင့်*

ရိပေါ် ရယ်ကာ ဖုန်းချလိုက်ပြီး ဌာနဆီအရောက် ရိပေါ်ရှေ့တွင် ရပ်နေသော သူ့ကြောင့် ခြေလှမ်းတွေကို တုံ့ခနဲ ရပ်လိုက်ကာ မော့ကြည့်လိုက်သည်။

ဌာန၏ ထောင့်ချိုးမှာမို့ အခြားသူတွေလဲ မရှိသလို ၇လွှာက ဆင်းလာသည့်သူတွေနဲ့ပဲ တွေ့နိုင်သည်။ သို့ပေမယ့် ၇လွှာက လူတွေသည် ဒီကို အလုပ်ကိစ္စရှိလျှင်တောင် မလာရပဲဒီကသူတွေကပဲ သွားရသည်။

*မတွေ့ရတာ ကြာပြီနော် ဝမ်ရိပေါ်*

*ဟုတ်ကဲ့ပါ ဘော့စ်*

ရိပေါ်၏ အဖြေကြောင့် သူ့မျက်ခုံးတွေ ဒုတိယအကြိမ် စုကြုံ့သွားပြန်သည်။ ရိပေါ်နှင့် သူ့ရဲ့ဆက်ဆံရေးသည် သူဋေးနဲ့ ဝန်ထမ်း ဆက်ဆံရေးပဲလေ။ သူ့အနားမှာ အခြားသူတစ်ယောက်ရှိနေတာကို ရိပေါ်က သူ့ကို ဘယ်လိုဆက်ဆံရမည်နည်း။

*ဘယ်လိုကနေ ဘယ်လို ဒီပုံစံ ဖြစ်သွားရတာလဲ ဝမ်ရိပေါ်။ အစားကောင်းတွေရော စားရမှာပါနော်။ အသားတွေနဲ့လေ*

ရိပေါ်၏ အရင်ကထက်စာရင် ပို၍သေးကွေးသွားသော ခန္ဓာကိုယ်ကို ကြည့်ကာ သူက ခနဲ့တဲ့တဲ့ပြုံးရင်း ဆိုလာလေသည်။ ရိပေါ် ပြုံးမိသွားသည်။ ရှောင်းကျန့်သည် ရိပေါ် ပြောသည့် စကားတွေကို စိတ်ထဲစွဲနေအောင် မှတ်ထားသည်ပဲ။

*ဟင့်အင်း မစားရပါဘူး ဘော့စ်။ အရင်က ဝမ်ရိပေါ်မှ မဟုတ်တော့ပဲ ကိုယ်နဲ့လိုက်ဖက်ညီမယ့် မရာတွေပဲ စားရတာပေါ့*

*ငါ့ကိုတော့ မင်းမြင်တဲ့အတိုင်းပဲနော်။ မင်း စောက်ရမ်းနှိမ်ခဲ့တဲ့ကောင်က မင်းရှေ့မှာ ဘယ်လိုရပ်ပြနေလဲဆိုတာ*

*ဂုဏ်ယူပါတယ်။ ဒါပေမယ့် အလုပ်လေး ရှိလို့ သွားပါရစေ*

ရှောင်းကျန့် ရှေ့မှာ ရိပေါ် ဆက်ပြီး ရပ်နိုင်စွမ်းမရှိတော့၍ ရှောင်ပြေးရန် ဆုံးဖြတ်လိုက်သည်။ ဂုဏ်ယူပါတယ် အခုလို ဖြစ်သွားတဲ့အတွတ်။ ငါ မင်းအတွတ် အများကြီး ဂုဏ်ယူပါတယ်။

သို့ပေမယ့် ရိပေါ် လက်ကိုဆောင့်ဆွဲလိုက်၍ သူ့ရင်ခွင်ထဲ ရောက်သွားရသည်။ခနဲ့တဲ့တဲ့ပြုံးကာ ရိပေါ် မျက်နှာအနား ကပ်လာပြီး

*ညကျမှတွေ့မယ် ဝမ်ရိပေါ်*

ခနဲ့တဲ့တဲ့ အပြုံးတွေနဲ့ ဆိုလာသည့် သူ့ကို ကြည့်ရင်း သူ့လက်တွေကနေ ရုန်းထွက်လိုက်ကာ ခေါင်းငုံ့ အရိုအသေပေးလိုက်ပြီး ရိပေါ် ထွက်လာခဲ့သည်။ညကျရင် သူ မလာဖြစ်တဲ့အကြောင်းကိုတော့ ရှောင်းကျန့်ကို မပြောပြဖြစ်ခဲ့။

______________ဆက်ရန်_____________





*ဒီေန႔ ရာထူးအေျပာင္းအေရႊ႕ေတြ ရွိမွာေနာ္။ ၿပီးေတာ့ ညက်ရင္ ေဘာ့စ္က အားလုံးကို ညစာလိုက္ေကၽြးမယ္တဲ့။ ညစာဆိုတာထက္ အပီဟဲ အပီကဲလို႔ ရတဲ့ေနရာမွာေပါ့*

*ေဟး..*

အျခား ဝန္ထမ္းေတြကေတာ့ တေဟးေဟးႏွင့္ ေပ်ာ္ေနေပမယ့္ ထိုအထဲတြင္ေတာ့ ရိေပၚ မပါဝင္ေပ။ ရိေပၚ ညက်ရင္ အခ်ိန္ပိုင္း ရွိေသးသည္။ အခ်ိန္ပိုင္းကို ႐ုံးဆင္းခ်ိန္ႏွင့္ တြဲယူထား၍ ညပိုင္းဆို ရိေပၚ မအား။

ရိေပၚ တို႔ စီးပြားေရး ပ်က္စီးသြားေပမယ့္ ဆင္ပိန္ေတာ့ ကၽြဲေလာက္ေတာ့ ရွိပါေသးသည္။ သို႔ေပမယ့္ ထိုပိုက္ဆံေတြကို ရိေပၚ စုထား၏။ အခ်ိန္ပိုင္းက ရတဲ့လစာနဲ႔တင္ ထမင္းစားသည္။

ဒီအလုပ္က ရတာကို စုၿပီး ဝမ္အိမ္ေတာ္ကို ျပန္ရယူခ်င္သည္။ မားမဆုံးခင္က ေျပာခဲ့တဲ့ စကားေလးက နားထဲက မထြက္၍။

*ဒီအိမ္ႀကီးက မားနဲ႔ဝမ္လီယိႏွစ္ေယာက္ ႀကိဳးႀကိဳးစားစား စုၿပီး ေဆာက္ခဲ့တဲ့ အိမ္ႀကီး*တဲ့။ ရိေပၚ မားရဲ့ေခၽြးနည္းစာေလးနဲ႔ ရလာတဲ့ အိမ္ႀကီးကိုေတာ့ ျပန္လိုခ်င္သည္။

အဲ့အိမ္ႀကီး ျပန္ရရင္ေတာ့ ရိေပၚေအးေအးေဆးေဆးပဲ ေနေတာ့မည္ဟု ဆုံးျဖတ္ထားသည္။

*ဝမ္ေလး..*

*ဗ်..ဗ်ာ..က်ဲ*

ရွန္းရွန္းက်ဲက လက္ေမာင္းကို ကိုင္ၿပီးေခၚမွပင္ ရိေပၚ အေတြးထဲက ထြက္လာနိုင္ခဲ့၏။

*ညက်ရင္ လိုက္မွာမလားလို႔ ေမးေနတာေလ။ အရင္ကလဲ တစ္ခါမွ မလိုက္ဘူး။ ဒီတစ္ခါေတာ့ လိုက္ရမယ္ေနာ္*

ရိေပၚ ရယ္ရင္း ေခါင္းအသာခါကာ

*မလိုက္ေတာ့ဘူး က်ဲရဲ့။ ညက်ရင္ အခ်ိန္ပိုင္း ရွိေသးတယ္။ ကၽြန္ေတာ္ မအားလို႔ပါ*

*ရိေပၚက လုပ္ၿပီေနာ္။ တစ္ေယာက္ထဲေလး ရွိတာကို ဘာေတြ ဒီေလာက္ ကုပ္ျခစ္ၿပီး စုေနမွန္း မသိဘူး*

က်ဲက စိတ္ဆိုးသြားကာ အလုပ္ျပန္လုပ္ေနသည္။ ရိေပၚ ဘဝက အျခားသူေတြလို မဟုတ္၍ ပို၍ ႀကိဳးစားရမည္ဆိုတာကို မေျပာျပျဖစ္ေတာ့။

ငယ္ငယ္ကထဲက ဒဏ္ရာေတြကို တစ္ေယာက္ထဲ ႀကိတ္ခံစားပါမ်ားေတာ့ ဘယ္ေလာက္ပင္ပန္းေနပါေစ ရိေပၚ ထုတ္မေျပာ‌ျဖစ္ေတာ့။

ၿပီးေတာ့ ရိေပၚ သူနဲ႔ေတြ႕ရန္ အဆင္သင့္မျဖစ္ေသး။

_______________________

*ကိုကိုက ျပန္ေရာက္တာနဲ႔ ကၽြန္ေတာ့္ဆီ ဖုန္းေတာင္ မဆက္ေတာ့ဘူးေနာ္*

ရိေပၚ ၇လႊာက စာရင္းစစ္ဌာနဆီ လကုန္စာရင္းခ်ဳပ္ေတြကို လာပို႔ရင္း လမ္းမွာေတြ႕လိုက္ရသည့္ လူႏွစ္ေယာက္ေၾကာင့္ ၾကက္ေသေသေနကာ လက္ေတြကလဲ ဖိုင္ေလးကို တင္းတင္းၾကပ္ၾကပ္ ကိုင္ထားမိသည္။

သူ..။ သူ႔ေဘးနားမွာေတာ့ ရိေပၚထက္ ငယ္ပုံရသည့္ ေကာင္ေလးတစ္ေယာက္။ သူ႔လက္ကို ခိုတိုကာ ကေလးေလးတစ္ေယာက္လိုပင္ တတြတ္တြတ္ေျပာေနပုံက ခ်စ္စဖြယ္ေလး။

သူကလဲ ျပဳံးၿပီး ၾကည့္ေနတာ ရိေပၚကို မျမင္။ ဘာေၾကာင့္မွန္းမသိ ရင္ေပၚ ရင္ဘတ္ထဲက နာလာ၏။ Hoodieအျဖဴေလးကို ေဘာင္းဘီဒူးက် အနက္ေလးျဖင့္တြဲဝတ္ထားကာ ဆံပင္လိမ္လိမ္ေလးေတြ နဖူးေပၚ ဝဲက်ေနပုံက ထိုေကာင္ေလး၏ ခ်စ္စဖြယ္ပုံစံေလးကို ပံ့ပိုးေပးေနေလသည္။

ဘာရယ္မဟုတ္ ရိေပၚ သူ႔ကိုယ္သူ ျပန္ၾကည့္မိသြားသည္။ စတိုင္လ္ပန္အနက္ႏွင့္ ရွပ္လက္ရွည္ အျဖဴေလးကို လက္ေခါက္ကာ ဝတ္ထားသည့္ သူ႔ပုံက အသက္၂၅ႏွစ္ႏွင့္ မလိုက္ဖက္စြာ အသက္ႀကီးသည့္ အကိုႀကီးတစ္ေယာက္လိုပင္ ျဖစ္ေနသည္ထင္သည္။

ခပ္ေဝးေဝးကေန တစ္ေျဖးေျဖး နီးကပ္လာ၍ ရိေပၚ ေခါင္းငုံ႔လိုက္သည္။ ေခါင္းမငုံ႔ခင္ ျမင္လိုက္ရသည္က စုၾကဳံ႕သြားသည့္ သူ႔ မ်က္ခုံးေတြ။ ရိေပၚကို ျမင္ရ၍ စိတ္ရွုပ္သြားသည့္ပုံ။

ဘာရယ္မဟုတ္ ထိုလိုအၾကည့္ခံလိုက္ရ၍ ရိေပၚ ကိုယ္ေလး ေသးၾကဳံ႕သြားသလိုပင္။

*ညက်ရင္ ကၽြန္ေတာ္ပါ လိုက္မွာေနာ္ ကိုကို။ ေခၚမယ္မလားဟင္*

*ေခၚပါ့မယ္ကြာ..မေခၚလဲ မင္းက ကိုကို႔ေနာက္ လိုက္မွာပဲ မလား*

ကိုကိုတဲ့။ ထိုအေခၚအေဝၚေတြနဲ႔ အျပဳံးေတြ၊ အၾကည့္ေတြကို ၾကည့္လိုက္သည္ႏွင့္ သူနဲ႔ထိုေကာင္ေလး၏ ပတ္သတ္မွုသည္ ခန႔္မွန္းေနစရာပင္ မလိုေလာက္ေအာင္ ေပၚထင္ေနသည္။

ရိေပၚ မ်က္ရည္က်လာေပမယ့္ ႏွုတ္ခမ္းကေတာ့ ျပဳံးေနမိသည္။ သူ လူေကာင္းေလးႏွင့္ ေတြ႕ေနသည္ပဲ။ ရိေပၚ အတြတ္လို႔ သတ္မွတ္ထားသည့္သူကို သူကိုယ္တိုင္ လက္တြဲျဖဳတ္ခ်ခဲ့သည္ပဲ။

ရိေပၚ သူ႔အတြတ္ ေပ်ာ္ေပးသင့္သည္။ ရိေပၚလို လူနဲ႔ မေပါင္းဖက္ရပဲ ထိုေကာင္ေလးနဲ႔ ေပါင္းဖက္ရသည့္ သူ႔ကို ရိေပၚ ဂုဏ္ျပဳေပးသင့္ပါသည္။

ျပန္အဆင္ေျပဖို႔ ေမၽွာ္လင့္ထားခဲ့တဲ့ စိတ္ေလးေၾကာင့္ ရိေပၚ ကိုယ့္ကိုယ္ကိုပင္ ရွက္သြားမိ၏။ ျပန္လဲအဆင္ေျပဖို႔ မေမၽွာ္လင့္ေတာ့သလို သူ႔ဆီကေန မၾကည္ျဖဴသည့္ အၾကည့္ေတြကို ျမင္လိုက္ရ႐ုံႏွင့္ ရိေပၚဟာ အရွုံးသမားမွန္း လက္ခံထားလိုက္ပါသည္။

_______________________

*ဒီလခ်ဳပ္လား ရိေပၚ*

*ဟုတ္ကဲ့ ေကာ..ဒါက ဒီဇိုင္းဌာနဘက္က လခ်ဳပ္၊ဒါကေတာ့ စီမံေရး ဘက္ကပါ*

ရိေပၚ လက္ထဲက ဖိုင္ေတြကို တာဝန္ခံအကိုဆီ တစ္ခုခ်င္းစီေသခ်ာရွင္းျပၿပီး လႊဲေျပာင္းေပးလိုက္သည္။ ၇လႊာသည္ သူႏွင့္ အနီးကပ္ဆုံး ေနရာျဖစ္သည္။ ၇လႊာကေန ဘယ္ဘက္ ေထာင့္ခ်ိဳးေလးကို ေကြ႕ဝင္လိုက္သည္ႏွင့္ သူ၏ ႐ုံးခန္းဆီေရာက္ေလၿပီ။

*အိုေခ ဒါဆို ကိုယ္ လက္မွတ္ထိုးေပးလိုက္မယ္ေနာ္*

*ဟုတ္ကဲ့*

ရိေပၚလဲ လက္မွတ္ထိုးရသလို တာဝန္ခံ အကိုကလဲ လက္မွတ္ထိုးေပးလိုက္ေလသည္။ ဒီအလႊာတြင္ လူအမ်ားႀကီး မရွိ။ အကိုႀကီး၃ေယာက္ႏွင့္ အမႀကီး၅ေယာက္သာ ရွိသည္။

ေရွ႕တြင္ေတာ့ အတြင္းေရးမွူး အမတစ္ေယာက္ရွိေလသည္။

*ရိေပၚရဲ့ သတင္းေတြကို အကိုၾကားသားပဲ။ အလုပ္ႀကိဳးစားတယ္၊ သြက္တယ္ ဆိုတာ။ ဒီကိုေတာင္ ရာထူးေျပာင္းလာနိုင္ေခ် ရွိေနတာပဲ*

ရိေပၚေခါင္းခါလိုက္ကာ

*အဲ့ေလာက္မဟုတ္ပါဘူးဗ်။ရွန္းရွန္းက်ဲနဲ႔ ယန္ေကာကသာ ပိုေတာ္တာပါ*

ရိေပၚ လက္မွတ္ထိုးၿပီးသည့္ ဖိုင္ေလးကို ယူကာ ႏွုတ္ဆက္ၿပီး ျပန္လာခဲ့သည္။ ရိေပၚ ၾကားထားတာေတြအရ ဒီအကိုသည္ ရာထူးႀကီးသေလာက္ ကိုယ္က်င့္တရားမေကာင္း။ အခ်ိဳ႕ေကာင္ေလးေတြဆို ရာထူတိုးေပးေအာင္ လုပ္ေပးမယ္ဆိုၿပီး သူနဲ႔ အိပ္ခိုင္းတာေတြ ရွိသည္တဲ့။

အရင္က ရိေပၚသည္ ရိုင္းသည္ဆိုးသည္ဆိုေပမယ့္ မယုတ္မာတတ္။ သူမ်ားအေပၚတြင္လဲ မဟုတ္တာ မလုပ္ဖူးသလို သူမ်ား မ်က္ရည္က်ေအာင္လဲ မလုပ္ခဲ့ဖူးပါ။ သူ႔ကို မထိခင္အထိေပါ့။

ဓာတ္ေလွကားေစာင့္ေနတုန္း ဖုန္းျမည္လာ၍ ရိေပၚ ကိုင္လိုက္သည္။

*သူငယ္ခ်င္းေလး*

ဟယ္ရီ့၏ အသံက ဟိန္းထြက္လာသည္။ ဟယ္ရီသည္ ဘြဲ႕ယူၿပီးသည္ႏွင့္ သူ႔အေဖလႊတ္သည့္ နိုင္ငံျခားကို သြားရကာ ထိုမွာပင္ ေနေနရေလသည္။ ဒီကိုပင္ ျပန္မလာနိုင္ခဲ့ေပ။

*အဆင္ေျပလား ဟယ္ရီ*

*ငါက မင္းကို ေမးရမွာ။ အဆင္ေျပလား ရိေပၚ..ဘာလိုလဲ။ ငါ ဘာလုပ္ေပးရအုံးမလဲ။ Joeကလဲ ညမွ မင္းဆီ ဖုန္းေခၚအုံးမယ္တဲ့*

ရိေပၚ သူတို႔မျမင္နိုင္သည့္ တစ္ဖက္ျခမ္းကေန ျပဳံးလိုက္သည္။ ရိေပၚ ဒီအခ်ိန္ ရင္ဖြင့္ဖို႔ လိုေနသည္။ ရိေပၚ ရင္ထဲတစ္စို႔ကာ နာက်င္ေနသည္။

*လူက အဆင္ေျပေပမယ့္..စိတ္က အဆင္မေျပဘူး*

*ဘာျဖစ္လို႔လဲ အလုပ္ကလား*

*ဟင့္အင္း သူနဲ႔ငါ ျပန္ေတြ႕တယ္ ဟယ္ရီ*

ဟယ္ရီ့ဘက္က ခနၿငိမ္သြားကာ

*သူဆိုတာ..ဘယ္သူ႔ကို ေရွာင္းက်န႔္လား*

ေအာ္လာသည့္ ဟယ္ရီ့ေၾကာင့္ ရိေပၚမွာ နားပင္ အူသြားရသည္။ ဟယ္ရီလဲ ရိေပၚေျပာတာကို အေတာ္ပင္ အံ့ဩသြားေလသည္။

*ဘယ္မွာေတြ႕တာလဲ အလုပ္မွာလား။ သူက အဲ့မွာ အလုပ္လုပ္တာလားရိေပၚ*

*အင္း ဒီအလုပ္မွာပဲ.!ဒါေပမယ့္ သူက ငါ့ရဲ့ေဘာ့စ္ ဟယ္ရီ*

*What the..!*

ထိုအခ်ိန္ ဓာတ္ေလွကားလဲ ပြင့္လာ၍ ရိေပၚ ဌာနဆီကိုလဲ ေရာက္ၿပီမို႔

*ညမွ ငါ အားလုံးေျပာျပမယ္။ အခုေတာ့ အလုပ္လုပ္လိုက္အုံးမယ္*

*ေအးေအး ညကို ငါေစာင့္ေနၿပီေဟ်ာင့္*

ရိေပၚ ရယ္ကာ ဖုန္းခ်လိုက္ၿပီး ဌာနဆီအေရာက္ ရိေပၚေရွ႕တြင္ ရပ္ေနေသာ သူ႔ေၾကာင့္ ေျခလွမ္းေတြကို တုံ႔ခနဲ ရပ္လိုက္ကာ ေမာ့ၾကည့္လိုက္သည္။

ဌာန၏ ေထာင့္ခ်ိဳးမွာမို႔ အျခားသူေတြလဲ မရွိသလို ၇လႊာက ဆင္းလာသည့္သူေတြနဲ႔ပဲ ေတြ႕နိုင္သည္။ သို႔ေပမယ့္ ၇လႊာက လူေတြသည္ ဒီကို အလုပ္ကိစၥရွိလၽွင္ေတာင္ မလာရပဲဒီကသူေတြကပဲ သြားရသည္။

*မေတြ႕ရတာ ၾကာၿပီေနာ္ ဝမ္ရိေပၚ*

*ဟုတ္ကဲ့ပါ ေဘာ့စ္*

ရိေပၚ၏ အေျဖေၾကာင့္ သူ႔မ်က္ခုံးေတြ ဒုတိယအႀကိမ္ စုၾကဳံ႕သြားျပန္သည္။ ရိေပၚႏွင့္ သူ႔ရဲ့ဆက္ဆံေရးသည္ သူေဋးနဲ႔ ဝန္ထမ္း ဆက္ဆံေရးပဲေလ။ သူ႔အနားမွာ အျခားသူတစ္ေယာက္ရွိေနတာကို ရိေပၚက သူ႔ကို ဘယ္လိုဆက္ဆံရမည္နည္း။

*ဘယ္လိုကေန ဘယ္လို ဒီပုံစံ ျဖစ္သြားရတာလဲ ဝမ္ရိေပၚ။ အစားေကာင္းေတြေရာ စားရမွာပါေနာ္။ အသားေတြနဲ႔ေလ*

ရိေပၚ၏ အရင္ကထက္စာရင္ ပို၍ေသးေကြးသြားေသာ ခႏၶာကိုယ္ကို ၾကည့္ကာ သူက ခနဲ႔တဲ့တဲ့ျပဳံးရင္း ဆိုလာေလသည္။ ရိေပၚ ျပဳံးမိသြားသည္။ ေရွာင္းက်န႔္သည္ ရိေပၚ ေျပာသည့္ စကားေတြကို စိတ္ထဲစြဲေနေအာင္ မွတ္ထားသည္ပဲ။

*ဟင့္အင္း မစားရပါဘူး ေဘာ့စ္။ အရင္က ဝမ္ရိေပၚမွ မဟုတ္ေတာ့ပဲ ကိုယ္နဲ႔လိုက္ဖက္ညီမယ့္ မရာေတြပဲ စားရတာေပါ့*

*ငါ့ကိုေတာ့ မင္းျမင္တဲ့အတိုင္းပဲေနာ္။ မင္း ေစာက္ရမ္းႏွိမ္ခဲ့တဲ့ေကာင္က မင္းေရွ႕မွာ ဘယ္လိုရပ္ျပေနလဲဆိုတာ*

*ဂုဏ္ယူပါတယ္။ ဒါေပမယ့္ အလုပ္ေလး ရွိလို႔ သြားပါရေစ*

ေရွာင္းက်န႔္ ေရွ႕မွာ ရိေပၚ ဆက္ၿပီး ရပ္နိုင္စြမ္းမရွိေတာ့၍ ေရွာင္ေျပးရန္ ဆုံးျဖတ္လိုက္သည္။ ဂုဏ္ယူပါတယ္ အခုလို ျဖစ္သြားတဲ့အတြတ္။ ငါ မင္းအတြတ္ အမ်ားႀကီး ဂုဏ္ယူပါတယ္။

သို႔ေပမယ့္ ရိေပၚ လက္ကိုေဆာင့္ဆြဲလိုက္၍ သူ႔ရင္ခြင္ထဲ ေရာက္သြားရသည္။ခနဲ႔တဲ့တဲ့ျပဳံးကာ ရိေပၚ မ်က္ႏွာအနား ကပ္လာၿပီး

*ညက်မွေတြ႕မယ္ ဝမ္ရိေပၚ*

ခနဲ႔တဲ့တဲ့ အျပဳံးေတြနဲ႔ ဆိုလာသည့္ သူ႔ကို ၾကည့္ရင္း သူ႔လက္ေတြကေန ႐ုန္းထြက္လိုက္ကာ ေခါင္းငုံ႔ အရိုအေသေပးလိုက္ၿပီး ရိေပၚ ထြက္လာခဲ့သည္။ညက်ရင္ သူ မလာျဖစ္တဲ့အေၾကာင္းကိုေတာ့ ေရွာင္းက်န႔္ကို မေျပာျပျဖစ္ခဲ့။

______________ဆက္ရန္_____________

Okumaya devam et

Bunları da Beğeneceksin

19.8K 1.2K 13
ကျေးဇူးပြုပြီး ကျွန်တော့်ကို လုံခြုံနွေးထွေးတဲ့ အရပ်ဆီ ခေါ်ဆောင်သွားပေးပါ ' Sean ' ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို လုံၿခဳံေႏြးေထြးတဲ့ အရပ္ဆီ ေခၚေဆာင္သြာ...
2.8K 134 39
English version from Original story "Wedding Dress" Don't forget to follow me :) Indonesia Ver. Start : 20 July 2017 End : 31 January 2018 English Ve...
653K 32.6K 24
↳ ❝ [ ILLUSION ] ❞ ━ yandere hazbin hotel x fem! reader ━ yandere helluva boss x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, a powerful d...
779K 36.6K 59
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...